Saturday, August 27, 2016

သစ်ထူးလွင် သတင်းစုစည်းမှု (၂၆-၈)

သစ်ထူးလွင်



Thursday, August 18, 2016

“ ဓာတ်ပုံဟောင်း ”

Min Ko Naing

သူငယ်ချင်းရယ်
ငါတဖန် ငတ်မွတ်ချင်တယ်
ကျောင်းပြန်ချိန် အစာအိမ်တွေလို
ဘာမဆို အငမ်းမရ ၀ါးမျိုဖို့
ချစ်မေတ္တာ၊ အနုပညာရှုခင်းတွေကို
ငတ်မွတ်ချင်ရဲ့
ဒါပေမယ့် ငါတို့
အခါလွန်လို့ အဆာလွန်ခဲ့ပြီလား။

ဒုတိယကမ္ဘာစစ်



ဒုတိယကမ္ဘာစစ် (၁၉၃၉ - ၁၉၄၅) ကို အတိုကောက်အားဖြင့် WW II သို့မဟုတ် World War II ဟုလည်း ခေါ်ကြပြီး ပထမကမ္ဘာစစ်ပွဲ၏ အဆက်အဖြစ် တိုက်ခိုက်ကြသော စစ်ပွဲအဖြစ် စစ်သမိုင်းပညာရှင်များက သုံးသပ်ကြသည်။ ကမ္ဘာ့အင်အားကြီး နိုင်ငံများက မဟာမိတ် နှစ်ဖွဲ့အပြိုင်ဖွဲ့၍ တိုက်ခိုက်ကြပြီး ၄င်းတို့မှာ မဟာမိတ်နိုင်ငံများနဲ့ ဝင်ရိုးတန်း နိုင်ငံများတို့ဖြစ်ကြသည်။ စစ်သားဦးရေ သန်း ၁၀ဝ ကျော် ပါဝင်တိုက်ခိုက်ကြပြီး အဓိက ဝင်ရောက်တိုက်ခိုက်ကြသူများသည် ၎င်းတို့၏ အလုံးစုံသော စီးပွားရေး၊ စက်မှုအလုပ်ရုံနှင့် သိပ္ပံနည်းပညာများကို သုံးစွဲကြကာ စစ်ပွဲအတွင်း အသာစီးရရန် ကြိုးစားခဲ့ကြသည်။ ထို့အတူ စစ်ပွဲအတွင်းတွင်လည်း စစ်ရေးပစ်မှတ်တွေအပြင် အရပ်ဖက်ပစ်မှတ်ကိုပါ ဖျက်ဆီးပစ်ကြသေးသည်။ လူပေါင်း သန်း ၇၀ လောက် သေကြေပျက်စီးခဲ့ရာမှာ အများစုမှာ အရပ်သားများဖြစ်သည်။

သစ်ထူးလွင် သတင်းစုစည်းမှု (၁၇-၈)

သစ်ထူးလွင်



Sunday, August 14, 2016

ပထမကမ္ဘာစစ်

ပထမကမ္ဘာစစ်သည် ၁၉၁၄ မှ ၁၉၁၈ အတွင်းဖြစ်ပွားခဲ့သည်။ ထိုကဲ့သော ကြီးမားသော စစ်ပွဲမျိုး သမိုင်းတွင် တစ်ခါမှ မဖြစ်ဖူးသောကြောင့် မဟာစစ်ပွဲကြီး(Great war) ဟုခေါ်ဆိုခဲ့သည်။ နောက် ၂၁ နှစ် အကြာတွင် နောက်တစ်ကြိမ်ကြီးကျယ်သော စစ်ပွဲကြီးပေါ်လာသောကြောင့် ပထမ ကမ္ဘာစစ်၊ ဒုတိယ ကမ္ဘာစစ်ဟု ခွဲခြားခေါ်ဆိုခဲ့သည်။ ပထမကမ္ဘာစစ်အတွင်းတွင် စစ်သည်ပေါင်း ၉ သန်းကျော်သေဆုံးခဲ့သည်။ ထိုစစ်သည်များသည် စစ်ကြီးမဖြစ်ခင်က သာမန်ပြည်သူများ အများဆုံးဖြစ်ကြသည်။ ကျဆုံးခဲ့သော စစ်သည်များအား ဦးခေါင်းမှနေ၍ခြေဖျားအထိဆက်လိုက်လျင် ၁၅၀၈၄ ကီလိုမီတာ၊ မိုင်အားဖြင့် ၉၃၇၅ ရှိသည်ဟု ပြောကြသည်။ ထိုအကွာအဝေးသည် ကမ္ဘာကြီးကို တစ်ပတ် ပတ်ပါက ထက်ဝက်နီးပါးခန့် ရှိမည်ဖြစ်သည်။

မြန်မာနိုင်ငံနှင့်ဒီမိုကရေစီ (၂) [အမှတ် ၁ မှ အဆက်]

2011+ publishing

ဒီမိုကရေစီ အသွင်ကူပြောင်းနေတဲ့ မြန်မာနိုင်ငံအတွက် နံပါတ်(၁) အရေးအကြီးဆုံးအနေနဲ့ ပြုပြင်ပြောင်းလဲ အကောင်အထည်ဖော်သင့် တာကတော့ ဒီမိုကရေစီပညာရေးပါ။ ဒီမိုကရေစီမှာ ပညာရေး အရေးပါတဲ့အကြောင်း ပြောလာတာ ပလေတို တို့ခေတ် ကတည်းစပြီး နောက်ပိုင်းပညာရှင်တွေ ဖြစ်တဲ့ ရူးဆိုးRousseau နဲ့ တော့ဗီလ် Alexis De Tocqueville အပါအဝင်ဖြစ်ပါတယ်။ (၁၉) ရာစု ဒီမိုကရေစီ ရေချိန်မြှင့်လာတဲ့ အချိန်မှာ ဒီမိုကရေစီပညာရေးကနေ နိုင်ငံသားကောင်းတွေ ပေါ်ထွက်လာဖို့ အလေးထားလာကြပါတယ်။ နိုင်ငံသားကောင်းတွေ များလာလေလေ နိုင်ငံ ဖွံဖြိုးတိုးတက် လေ အေးချမ်း သာယာ ဝပြောလေ ဆိုတဲ့သဘောဆောင်သလို အုပ်ချုပ်ရတာတွေ လည်းပိုလွယ်ကူ လာလေ ဖြစ်လို့ပါ။

သစ်ထူးလွင် သတင်းစုစည်းမှု (၁၃-၈)

သစ်ထူးလွင်



Tuesday, August 9, 2016

* ဗျူဟာမြောက် လှုပ်ကွက် *

Daw Aung San Suu Kyi

ဆွေမျိုးပေါက်ဖော်ကြီးတို့..
ကျုပ်တို့ ခေါင်းဆောင် ခင်ဗျားတို့ နိုင်ငံဆီ လာတော့မယ်၊ ဘယ်လောက်အထိ လိုက်လျောဖို့ ဆုံးဖြတ်ထားကြပြီလဲ၊ မမျှတတဲ့ အခွင့်အရေးတွေ၊အပေါ်စီးအနေအထားတွေ နဲ့တော့ ဆက်ဆံလို့ မရဘူး ဆိုတာ နားလည်ထားကြပါ၊
ကမ္ဘာ့ ကုလ သမဂ္ဂ အထွေထွေ ညီလာခံကြီက ချမှတ်တဲ့ အရေးယူမှု့တွေကို ခင်ဗျားတို့ရဲ့ ဗီတိုအာဏာသုံး ပါယ်ချကာကွယ်ပေးမှု့နဲ့ ရှင်သန်ခဲ့ရတဲ့ ပုဂ္ဂိုလ် ၊ အစိုးရ မဟုတ်တော့ဘူး၊
ကမ္ဘာ့ ကုလ သမဂ္ဂ အထွေထွေ ညီလာခံကြီးမှာ ခင်ဗျားတို့ကို မိန့်ခွန်းခြွေမဲ့ အမျိုးသမီးကြီး ဆိုတာ သိထားကြပါ။

မြန်မာနိုင်ငံ ငလျင်ကော်မတီနာယက ဒေါ်လှလှအောင်နှင့် တွေ့ဆုံခြင်း

 မြန်မာနိုင်ငံအလယ်ပိုင်း ချောက်မြို့နှင့် ၁၂ မိုင်အကွာကို ဗဟိုပြု၍ သြဂုတ် ၂၄ ရက် ညနေ ၅ နာရီ ၄ မိနစ် ၅၅ စက္ကန့်က ရစ်ခ်ျတာစကေး ၆ ဒသမ ၈ အဆင့်ရှိ အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ခြင်းကြောင့် ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေရှိ စေတီပုထိုးများ ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့်အပြင် ဆက်စပ်မြို့နယ် အချို့၌လည်း စေတီ ပုထိုးများနှင့် လူနေ အဆောက်အအုံများပျက်စီးကာ လူ အသေအပျောက်များရှိခဲ့သည်။
အဆိုပါလှုပ်ခတ်ခဲ့သည့် ငလျင်နှင့်စပ်လျဉ်းပြီး ငလျင်စာတမ်းများ၊ ငလျင် သုတေသနများ ပြုလုပ်နေသည့် အကြီးတန်းသုတေသနပညာရှင် မြန်မာနိုင်ငံ ငလျင် ကော်မတီနာယက ဒေါ်လှလှအောင်နှင့် မြန်မာ့သတင်း စဉ်က တွေ့ဆုံမေးမြန်းခဲ့သည်။

ဘွန္တောတို့ရေ

Tin Nyunt

အစိုးရသစ် ရင်ဆိုင်နေရတဲ့ အခက်အခဲ ဒုက္ခတွေကို အားလုံးသိပြီး ဖြစ်မယ်ထင်ပါတယ်။ နှစ်ပေါင်းများစွာ စနစ်တကျ ဖျက်ဆီးခဲ့တဲ့ဒဏ် စုခံနေရတာ ကိုယ်ချင်းစာဖို့ လိုသဗျ။ အစိုးရဖြစ်လာတာနဲ့ ဥုံဖွဆိုပြီး မန်းမှုတ်လို့ ရသလားဗျာ။ ယခင်အစိုးရ နှစ်ပေါင်း ၅၀ ကျော် လုပ်သွားတာ တိုင်းပြည်ကြီး ဘယ်အခြေအနေရောက် နေပြီလဲဆိုတာ အားလုံးသိတော်မူကြတဲ့အတိုင်းပါ။
တစ်ခါတလေ အစိုးရဟောင်းအဖွဲ့ကလူတွေ ထထပြီးယောင်တာ အလွန်နားကြားပြင်းကပ်သဗျာ။ မနေ့ကလည်း ဘာတဲ့ ကိုဌေးဦးတစ်ယောက် ကယောင်ကတမ်းနဲ့
“ကျွန်တော်တို့ပြည်သူက ရွေးတဲ့ အစိုးရသည် နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို သူရအောင် လုပ်ရမှာပဲ။ သူလုပ်နေတာတွေနဲ့ ပတ်သက်လို့ အံချော်နေတယ်ဆိုရင် ကျွန်တော်တို့က တည့်မတ်ပေးရမှာပေါ့” တဲ့။
ဟဲ … ဟဲ … အပြောလည်းကျတဲ့ ကိုဌေးဦးရေ သေချာတာ တစ်ခုက ဒီအစိုးရကို ရွေးချယ်ပေးတဲ့ အထဲမှာ ခင်ဗျားတို့ အုပ်စု မပါဘူးဆိုတာ ပထမ ပြောချင်သဗျ။

`ကြောက်တတ်သူများ မဖတ်ရ´


သူတို့မှာ တူညီဝတ်စုံမရှိဘူး
သူတို့မှာ မိုဘိုင်းလ်ဖုန်းနဲ့ ဆိုရှယ်လ်နက်ဝက်မရှိဘူး
သူတို့မှာ လက်နက်ခဲယမ်းမရှိဘူး
သူတို့မှာ ဖောက်ခွဲရေးပစ္စည်းမရှိဘူး
သူတို့မှာ အာဏာသိမ်းဖို့ ရည်မှန်းချက်မရှိဘူး
သူတို့မှာ ဆူပူသောင်းကျန်းမှုနဲ့ အဓိကရုဏ်းဆန္ဒမရှိဘူး
သူတို့မှာ သမ္မတလုပ်ဖို့နဲ့ မဲဆွယ်စည်းရုံးဖို့မရှိဘူး
အရွယ်နဲ့မမျှတဲ့လောကဓံနဲ့
မဟုတ်မခံနှလုံးသားနုနုလေးတွေကလွဲရင်
သူတို့မှာ ကျည်ကာအကျီလည်း မရှိခဲ့ကြပါဘူး

#‎အသံထွက်ဝတ္ထုများ‬

စာအုပ်လင့်ပေါင်းစုံ
‪#‎အသံထွက်ဝတ္ထုများ‬
Thardar Swe (သော်တာဆွေ - မှန်ကန်ခြင်း နှင့် ရဲရင့်ခြင်း).mp3
https://yadi.sk/d/iikk1qxBtxsud
Aung Thin အောင်သင်း - လိမ်ဖည်ဖည်တီးတဲ့မောင်ရယ်.mp3
https://yadi.sk/d/CpZVOSvltxstJ
အသံထွက်ဝတ္ထု- ဆောင်းလုလင် မိုက်တယ်ဆိုတာ ဒီလိုလား.mp3
https://yadi.sk/d/onehjb6Dtxsvg

ရယ်သံများ


ကလေးလေးတစ်ယောက်ရဲ့ လည်ပင်းက
"ကျွန်တော် သူခိုးပါ"ဆိုတဲ့
စာနာမှုကန်းတဲ့ စာတန်းကို ဖတ်ပြီး
အရှေ့တောင်အာရှ နိုင်ငံတစ်နိုင်ငံထဲက
သစ်ခုတ်သမားအချို့က ရယ်တယ်
ကျောက်တူးသမားအချို့က ရယ်တယ်။

နိုင်ငံခြားရင်းနှီးမြုပ်နှံမှု

စီးပွားရှင်

(၁)
ဒီမိုကရေစီခေတ်သစ်ရောက်လျင် နိုင်ငံခြားမှရင်းနှီးမြုပ်နှံမှုများ အလုံးအရင်း ၀င်ရောက်လာမည်ဟု ကျွန်တော် တို့ မျှော်လင့်ခဲ့ကြပါသည်၊ ၂၀၁၅ ဧပြီလနောက်ပိုင်း FDI ခေါ် ပြင်ပနိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုများမှာ လစဉ်ပျမ်းမျှ သန်း ၅၀၀ ကျော်သည်မရှိပါ၊ မြန်မာနိုင်ငံတွင် လက်ရှိအခြေအနေများနှင့် ရင်းနှီးမြှုပ်နှံကြရန်အတွက်နိုင်ငံခြား ကုမ္ပဏီကြီး များစွာကစိတ်ဝင်စားကြသည် ဟု ကျွန်တော်မထင်မိပါ၊

နိုင်ငံနှင့်လူမျိုးကို တကယ်ချစ်ရင်

No automatic alt text available.

အမျိုးသားရေးဝါဒီ သမားဆိုတာဟာ တခြား လူမျိုးစုငယ်တွေကိုလည်း မဖိနှိပ်ဘူး အမျိုးသားရေးဝါဒ မှာ နိုင်ငံရေးအရ ဆိုရင် လူမျိုးစု အသီးသီး ရဲ့ အမှီအခိုကင်း ရပ်တည်ခွင့်၊ ကိုယ့်ကြမ္မာ ကိုယ် ဖန်တီးခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ လွတ်လပ်ခွင့်၊ နှစ်သက်ရာ ကိုးကွယ်ယုံကြည်ခွင့် ကို အပြည့်အဝ ထောက်ခံအားပေးရတယ်။
စစ်မှန်တဲ့ အမျိုးသားရေးဝါဒီ တယောက်က တမျိုး၊ တဘာသာ တည်း သီးသန့် ပြောဆို ဆွေးနွေးမှုမျိုး၊ အမြင်မျိုး၊ ကျဉ်းမြောင်းမှုမျိုး ဘာအကြောင်းပြချက်နဲ့မှ မလုပ်ဘူး။

သစ်ထူးလွင် သတင်းစုစည်းမှု (၈-၈)

သစ်ထူးလွင်



Thursday, August 4, 2016

သူခိုးတစ်ယောက်

Su Mg Mg

(၁)
ကျွန်တော်သူခိုးတစ်ယောက်ပါ
မနောက်ပါဘူး အတည်ပါ
ငယ်ငယ်က ကျောင်းမုန့်ဈေးတန်းမှာ
အာလူးကြော်တွေ ခိုးစားဖူးတယ်
သူများခြံက သရက်သီးခိုးဖူးတယ်
ဝက်သားတုတ်ထိုးသည်ကြီးဆီမှာ
တုတ်တွေမမြင်အောင်လွှင့်ပစ်ဖူးတယ်
ရထားနဲ့ဘတ်စကားတွေလည်း ခိုးစီးဖူးတယ်

“ကမ္ဘာ့ထိပ်တန်း ဖာနိုင်ငံ”

Min Myat Maung

အမိမြန်မာပြည်ဟာ ဗိုလ်ချုပ်ပြောခဲ့သလို ဖာနိုင်ငံကြီး ဖြစ်နေပါပြီဆိုပြီး ဝမ်းနည်းပက်လက် ယူကျုံးမရ ဖြစ်နေသူတွေကို အားပေးချင်ပါတယ်။ စိတ်ဓာတ်မကျနဲ့။ ပြည်သူအားလုံး ဝိုင်းဝန်းကြိုးစားရင် ကျနော်တို့ နိုင်ငံလည်း ကမ္ဘာမှာ ထိပ်တန်းဖြစ်အောင် တက်လှမ်းနိုင်ပါလိမ့်မယ်။
ကျနော်ပြောမယ့် ဖာနိုင်ငံကြီးအကြောင်း သိရအောင် ဆရာကြီး သော်တာဆွေရေးခဲ့တဲ့ စာတစ်ပိုဒ်ကို ဖတ်ကြည့်ပါ။ ၁၉၃၉ ခုနှစ် ရန်ကုန်မြို့ အခြေအနေကို တစ်စွန်းတစ်စ သိရပါမယ်။

ဒီမိုကရေစီ

Tin Maung Hlaing

ဒီမိုကရေစီ (Democracy) သည် ဤခေတ်သစ်နိုင်ငံရေး အတွေးအခေါ်အယူအဆများအနက် တန်ဖိုးအထားခံရဆုံးဖြစ်ပြီး၊ မပြတ်သားဆုံး နိုင်ငံရေးယူဆချက်လည်း ဖြစ်ကောင်းဖြစ်ဖွယ်ရှိသည်။ နိုင်ငံရေးစနစ်မျိုးစုံရှိကြရာတွင် အမေရိကန်ပြည်ထောင်စု၊ အာဖရိကတိုက်မှ တစ်ပါတီစနစ်ဖြင့် အုပ်စိုးသော နိုင်ငံမျိုးစုံနှင့် ကွန်မြူနစ်နိုင်ငံများသည် ၄င်းတို့ကို ၄င်းတို့ ဒီမိုကရေစီနိုင်ငံများအဖြစ် အားလုံးက ဖော်ပြလေ့ရှိသည်။
၁၉၅၀ ခုနှစ်တွင် ဒီမိုကရေစီရေးရာ ယူနက်စကိုညီလာခံ ကျင်းပသည့်အခါ၌ ဤအယူအဆ၏ မရှင်းလင်း မပြတ်သားသောစရိုက်လက္ခဏာကို တွေ့ရှိရသည်။

ကိုယ့်သေတွင်းကိုယ်မတူးကြပါနှင့်။ ။

Min Din

၁။ အိုင်အက်စ်တွေမိုက်လုံးကြီးလိုက်ပုံများ၊
မွတ်ဆလင်ဘာသာဝင်လူနည်းစုပဲရှိတဲ့၊မြန်မာနိုင်ငံက၊
လူထုခေါင်းဆောင်ကို အကြမ်းဖက်တိုက်ခိုက်ဖို့
ပစ်မှတ်ထားသတဲ့။
ဒါမှတို့မွတ်ဆလင်ကွဆိုပြီး၊ကျိတ်အားပေးနေတဲ့၊
မွတ်ဆလင်လူနည်းစု၊ပြည်တွင်းမှာရှိနေတာလည်းအမှန်ပဲ။

Related Posts Plugin for WordPress, Blogger...