Wednesday, March 30, 2011

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦးနှင့်ကျမ၏ ကိုယ်တွေ့  မှတ်တမ်းဒိုင်ယာယီ အပိုင်း ( ၃ )

by Robina Lwin on Tuesday, March 29, 2011 at 4:35pm
 
          မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) အစောပိုင်းကာလနှင့်ပက်သက်သောကျမ၏၊ ကိုယ်တွေ့ မှတ်တမ်း  ဒိုင်ယာယီ အပိုင်း ( ၁ ) နှင့် အပိုင်း( ၂ ) ကိုရေးသားခဲ့ပြီးနောက်၊ ယခု အပိုင် (၃ ) ကို ဆက်လက်တင်ပြခြင်းဖြစ်ပါသည် ။ အပိုင်း (၃ )ပြီးပါက ရပ်နားလိုက်မည်ဖြစ်ပါသည်။
          အစောပိုင်းကျောင်းသားများထွက်လာခါစက ၊ ရှုပ်ရှက်ခက်နေသောအခြေအနေများနှင့်၊ (မကဒတ) ဗဟိုကော်မတီ ဖွဲ့ စည်းပြီးစ အခြေအနေများတွင် စံနစ်တကျ မလုပ်ဆောင်နိုင်ကြသေးသော်လည်း၊ နောက်ပိုင်းတွင် တဖြည်းဖြည်း ဗဟိုကော်မတီနှင့် စခန်းများအားလုံး ညှိနှိုင်း လုပ်ဆောင်မှုကြောင့်၊ ကျစ်လစ်ခိုင်မာသောအဖွဲ့ အစည်းတခု အသွင်ပြောင်းလဲ လုပ်ဆောင်နိုင်ပြီဖြစ်သောကြောင့်၊ နောက်ပိုင်းသမိုင်းမှတ်တမ်းများမှာလည်း ၊ (မကဒတ) ဗဟိုကောင်မတီမှ စုဆောင်းတင်ပြထားသော ၊ မှတ်တမ်းများနှင့် ဆက်စပ်တူညီနေမည်သာ ဖြစ်သည်။

Monday, March 28, 2011

*ရည်မှန်းချက်နီးရင် သွေးချင်းနီးတာပဲ*

ဟိုတလောက ဂျပန်ငလျင်ကြီးနဲ့ ဆူနာမီ ဒီလှိုင်းကြီး ကြုံတွေ့ခိုက်မှာ ဂျပန်ရောက် မြန်မာတွေချင်း ရိုင်းပင်း ကူညီကြပုံများကို ကြားရပြီး ၀မ်းမြောက်ဂုဏ်ယူမိတဲ့အကြောင်း ရေးခဲ့တယ်။ မရှေးမနှောင်းမှာပဲ မလေးရှားပြန်
လူငယ်တစ်ယောက်ရေးတဲ့ ကိုယ်တွေ့အဖြစ်အပျက် စာမူတွေကို အမှာစာရေးဖို့ ဖတ်ရင်းနဲ့ မြန်မာတွေချင်း အရေးကြီးတော့ သွေးနီးကြပုံအကြောင်းတွေ တွေးပြီး ကြည်နူးပီတိ ဖြစ်ရတယ်။

Sunday, March 27, 2011

အတွေးအခေါ်တော်လှန်ရေး (၂) A Revolution of The Mind by Jonathan Israe

 ဒေါက်တာအောင်ခင်

by စစ်မုန်း သူ on Tuesday, February 15, 2011 at 1:03am

ကမ္ဘာ့သမိုင်းမှာထင်ရှားတဲ့ အမေရိကန်နဲ့ ပြင်သစ်တော်လှန်ရေးဟာ အတွေးအခေါ်ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာရပုံကို ရှင်းပြထားပါတယ်။ အနှစ် (၂၀) အတွင်း ပြောင်းလဲသွားတဲ့ အတွေးအခေါ်ကြောင့် တော်လှန်ရေးဖြစ်ပေါ်လာတာလို့ ဆိုတယ်။

အသိဉာဏ်ပညာ ပွင့်လင်းလာတဲ့အတွက် နှစ်ပေါင်းများစွာ ခံစားခဲ့ရတဲ့ အနိဋ္ဌာရုံတွေကို ဖြေရှင်းဖို့ နည်းလမ်း တွေ့မြင်လာတာဟာ အတွေးအခေါ်တော်လှန်ရေးပဲလို့ ဆိုပါတယ်။

စတုတ္ထလှိုင်းလာနေပြီလော ... ငါတို့အရေးကော အသို့နည်း



[By Aung Myin Oo]


‘ဗမာ့အောင်ဆန်း’ စာအုပ်ထဲမှာ ဆရာမောင်ထင်က “တော်လှန်ရေးကြီးထဲတွင် တော်လှန်ရေးကလေးများ စ တေးခံရဖွယ်သာရှိသည်” လို့ ရေးခဲ့ပါတယ်။ သမိုင်းကို ပြန်ကြည့်လျှင်လည်း မြန်မာ့နိုင်ငံရေးဟာ ကမ္ဘာနိုင်ငံ ရေးလှိုင်းလုံးကြီးထဲက လှိုင်းကြက်ခွပ်ကလေးတခုမျှသာ ဖြစ်ခဲ့ပါတယ်။ ဆရာမောင်ထင် ပြောသလို စတေးခဲ့ ရတာက ခပ်များများလို့ ဆိုရမယ်ထင်တယ်။ ၁၉၉၁ ခုနှစ်က ထွက်ခဲ့တဲ့ တတိယလှိုင်း (The Third Wave) ဆိုတဲ့ စာအုပ်ပြုစုသူ ဆင်မြူရယ်ဟန်တင်တန် (Samuel Phillips Huntington) ရဲ့အလိုအရ လူ့သမိုင်းမှာ ဒီ မိုကရေစီလှိုင်း (၃) လှိုင်းဖြစ်ပေါ်ခဲ့တယ်။ အဲဒီလှိုင်းတွေကြောင့် ကမ္ဘာမှာ ဒီမိုကရေစီနိုင်ငံတွေ အလျှိုလျှို ပေါ် ပေါက်ခဲ့တယ်လို့ဆိုပါတယ်။ ဒီလှိုင်းလုံးတွေဟာ မြန်မာပြည်ကိုလည်း ဖြတ်သွားခဲ့ပါတယ်။ ဒါပေမယ့် ဟန်တင် တန်ရဲ့အလိုအရ တကမ္ဘာလုံးအတိုင်းအတာနဲ့ ဒီမိုကရေစီလှိုင်းတွေဟာ ရှေ့နှစ်လှမ်းတိုး နောက်တလှမ်းဆုတ် သဘောဖြစ်ပေါ်နေတာပါ၊ ဖြစ်ချင်တော့ မြန်မာပြည်ကျမှ ရှေ့ကို တလှမ်းတိုး (၁၉၄၈ - ၁၉၅၈ ဒီမိုကရေစီ ခေတ်) ပြီး နောက်ပြန်လှိုင်းနှစ်ဆင့် (၁၉၆၂၊ ၁၉၈၈ အာဏာသိမ်း) ခပ်ကြမ်းကြမ်း အပုတ်ခံလိုက်ရ ပြီးနောက် ဘက်ခပ်ဝေးဝေးမှာ သောင်တင်နေတာဖြစ်ပါတယ်။ ဒါပေမယ့် ကမ္ဘာကြီးတခုလုံးအနေနဲ့ ဒီမိုကရေစီလှိုင်းတွေ က ရှေ့ကို ခရီးဆက်နေတုန်းပါပဲ။

Thursday, March 24, 2011

အမျိုးသားပြန်လည်သင့်မြတ်ရေး : ပြည်ထောင်စုစိတ်ဓါတ် နှင့် ၂၁ ရာစု ပင်လုံညီလာခံ (၄)

ဖက်ဒရယ်ဆိုတာ တိုင်းပြည်ပြိုကွဲရေးလား။

ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးဆိုတဲ့ ဆောင်ပုဒ်မျိုးကို ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်ကြီးနေဝင်းအာဏာသိမ်းခဲ့တဲ့ အချိန်လောက်ကတည်းကကြားလာကြရတာပါ။ ပြည်ထောင်စုကြီး ပြိုကွဲ ပျက်စီးတော့မဲ့အရေးက ကယ်တင်လိုက်ရတာပါလို့ အာဏာသိမ်းစဉ်က စစ်ခေါင်းဆောင်များက အကြောင်းပြခဲ့ ပါတယ်။ သဘောကတော့ စစ်မှန်တဲ့ပြည်ထောင်စုနိုင်ငံတည်ဆောက်ဖို့ အထူးသဖြင့်ရှမ်းပြည်ခေါင်းဆောင်များ က အခြေခံဥပဒေကိုပြင်ဆင်ရန်တင်ပြတောင်းဆိုတာကို ပြည်ထောင်စုပြိုကွဲတော့မဲ့အရေးလို့ အကြောင်းပြတာ ပါ။ တနည်းအားဖြင့် ရှမ်းပြည်ခေါင်းဆောင်များတင်ပြတဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးမူဆိုတာကို တိုင်းပြည်ပြိုကွဲရေးလို့အကြောင်းပြတာဖြစ်ပါတယ်။ ဒါကြောင့်လည်း တော်လှန်ရေးကောင်စီခေတ်၊ မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်ဝါဒဖြန့်မှုအောက်မှာ ကြီးပြင်းလာရသူများအနေနဲ့ ဖက်ဒရယ်ဆိုတာ ပြည်ထောင် စုပြို ကွဲရေးလို့ထင်မှတ်လေ့ရှိကြတယ်။ တကယ်တော့ ဖက်ဒရယ်ပြည်ထောင်စုဆိုတာ အင်အားတောင့်တင်းမှု ကိုဖြစ်စေတဲ့ စုစည်းမှုလို့ဆိုနိုင်ပါတယ်။ ကမ္ဘာပေါ်ရှိ နယ်မြေကျယ်ပြန့် ကြီးမားတဲ့(အင်အားကြီး) နိုင်ငံ ၁၀ နိုင်ငံ မှာ ၈နိုင်ငံလောက်က ပြည်ထောင်စုနိုင်ငံ ထူထောင်ထားကြပါတယ်။

ဒိုင်းနမှိုင်းဖြင့် ဖေါက်ခွဲ ဖျောက်ဖျက်ပစ်၍ မရသော ၈၈၈၈ ကျောင်းသားများ၏ ပေးဆပ်မှု တစိတ်တပိုင်း (၄) ။



by Kyaing Tun on Wednesday, March 23, 2011 at 8:09pm

အရှေ့ တောင်တိုင်းစစ်ဋ္ဌာနချုပ်၊ စစ်ခုံရုံးနဲ့  ဒီနေ့ အမိန့် ချမယ်လို့ သိလိုက်ရတယ်၊ဒီသတင်းကို ကျုပ်တို့ တရားခံ အမှုကိုင်ဒုရဲအုပ်မြင့်လွင် ကပြောပြ  လို့ သိရတယ်၊ မဆလတစ်ပါတီစနစ်ပြုတ်ကျအောင်လုပ်ခဲ့ တဲ့ ကျောင်းသားခေါင်းဆောင်တွေဖြစ်တဲ့ ကျုပ်တို့ ကိုအသေသတ်ပြစ် ချင်တဲ့ မဆလပါတီက လူကြီးတွေက နောက်ကွယ်ကနေ ကျုပ်တို့ ကျောင်းသားတွေ မှတ်သားလောက်အောင် အပြစ်ပေး ဖို့တွန်းအားပေး ကြတယ်၊ ၊ ည(၈း၀၀)နာရီ၊ နေရာက ပြည်နယ်ကောင်စီရုံးမှာ စစ်တပ်၊ ရဲ လုံခြုံရေးအပြည့်နဲ့ ပါ၊ တရားခံ(၁၃)ဦးက ဆန်နီသိန်း(စက်မှု)၊ ကျော်ခင်(စက်မှု)၊ရန်ကြီးအောင်(ဓါတု)၊ကြိုင်ထွန်း(ပထဝီ)၊ဝင်းထူး၊ကျော်ဟိန်း၊ စန်းကို၊မြင့် ဦး၊ ဦအေးနွဲ(စည်ပင်)၊ဦးသောင်းလွင်၊ ဦးတင်မောင်၊ ဦးသောင်းမြင့် ၊ဦးလုံထော်၊ ဖြစ်တယ်၊ ထွက်ပြေးတရားခံ (၁၂)ဦး က သမန်းကျား၊ ဒစ္စကို၊ကျန်(၁၀)ဦးကို မမှတ်မိတော့ ပါ၊လက်ရှိ  တရားခံ(၁၃)ဦး ထဲမှတဦးဖြစ်တဲ့  လုံထော်ဆိုသူသာလျင်အပြစ်ရှိကြောင်းဝန်ခံတယ်၊ ကျန်သူများ ဘယ်လိုဖြောင့် ချက်ပေးတာ ကိုတော့ မသိပါ၊ အဲဒီအချိန်က နိုင်ငံတော်ငြိမ်ဝတ်ပိပြားရေးမှ တာဝန်ယူထားတဲ့ အချိန်ဖြစ်တယ်၊

Saturday, March 19, 2011

ကိုမောင်မောင် ( FTUB ) ခင်ဗျား


ကိုမောင်မောင် ( FTUB ) ခင်ဗျား

RFA သတင်းဋ္ဌာနနှင့် အင်တာဗျူးမှာ ကိုမောင်မောင်ဖြေကြားခဲ့တဲ့အဖြေဟာလုံလောက်တဲ့ အဖြေဟု ကျနော်မထင် ၊မယူဆ
ပါသောကြောင့် ဒီစာဖြင့်မေးမြန်းလိုက်ပါတယ် ၊တိကျ ၊ခိုင်မာ လုံလောက်သောအဖြေကိုပေးပါရန်တောင်းဆိုအပ်ပါသည် ။

Thursday, March 17, 2011

ရဲဘော်ညွှန့်ဝင်း၏ တော်လှန်ရေးရာဇဝင်အကျဉ်း။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး
ကျောင်းသားတပ်မတော်
အမှတ်(၂ဝ၇)တပ်ရင်း
မှ

ကိုယ်ပိုင်အမှတ် (၃၈၆၉) တပ်ကြပ်နှင့်-ယာယီတပ်စုတပ်ကြပ်ကြီးဟောင်း ရဲဘော်ညွှန့်ဝင်း၏ တော်လှန်ရေးရာဇဝင်အကျဉ်း။
ရဲဘော်ညွှန့်ဝင်းသည်-
          ၁၉၈၈ ခုနှစ် မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေးတောင်းဆိုတိုက်ပွဲတွင် ဆန္ဒပြသူတစ်ဦးအဖြစ် ပါဝင် ဆင်နွှဲခဲ့သည်။ စစ်တပ်မှ အာဏာသိမ်းပြီးနောက် မပြီးဆုံးသေးသော ဒီမိုကရေစီရရှိရေးတိုက်ပွဲအား ဆက်လက်ဆင်နွှဲရန်အတွက်  ၁၉၈၉ ခုနှစ်တွင် နယ်စပ်သို့ထွက်ခွာခဲ့ပြီး ကျောင်းသားတပ်မတော် အမှတ်(၂၀၇) တပ်ရင်းသို့ တပ်သားအဖြစ် ဝင်ရောက်ကာ တာဝန်ထမ်းဆောင်ခဲ့သည်။

စိန်နားကပ် ကဗျာနဲ့ အဆိုတော်မင်းအောင် (သို့မဟုတ်) တော်လှန်ရေးနဲ့ အနုပညာ ရောစပ်ထားတဲ့ ဗိုလ်တိုက်မောင်း (၃)

 ktm
ထောင်ကလွတ်လာပြီး နောက်တနေ့ရင်ထဲမှာ နာကျင် ထိခိုက်ခံစားလိုက်ရတဲ့အဖြစ် တခုက ဦးဇင်းဆီကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာတယ်။ ခုံပေါ်မှာထိုင် နေတဲ့ ဦးဇင်း အနားကိုကပ်လာတဲ့ မိသားစုနှစ်စုရဲ့ ငို ရှိုက်သံဟာ ရင်ထဲကို စူးစူးနစ်နစ် ခံစားရစေ တယ်။ အပျော်ဆုံးသုံးရက်လို့ လူတွေသတ်မှတ်ထားကြပေမယ့် ထောင်ကထွက်လာပြီး နောက်တရက်မှာ အပျော်ဆိုတာထက် သောကတွေက ရင်ထဲမှာ ပြည့်ကျပ်နေရုံမကဘူး၊ လျှံကျပွင့်ထွက်နေတယ်။ သောကရဲ့ အရှိန်ကြောင့် အသံတွေမှာတုန်ရီနေသလို မျက် ဝန်းမှာလည်း ဝေဝါးနေတယ်။
“အစ်ကိုကြီးရေ ဟီး”

စိန်နားကပ် ကဗျာနဲ့ အဆိုတော်မင်းအောင် (သို့မဟုတ်) တော်လှန်ရေးနဲ့ အနုပညာရောစပ်ထားတဲ့ ဗိုလ်တိုက်မောင်း (၂)


ktm
၂၃ ရက်နေ့ဟာ စိတ်ကို လှုပ်ရှားစေနေတယ်။ တမြို့ လုံး ဆေးရုံကြီးကို ရောက်ချင်စိတ် စောနေကြတယ်။ အဲ့ဒီနေ့က ဆေးရုံကြီးမှာလူတွေဟာ ချိန်းထားသလို ဆုံမိကြတယ်။ အနုပညာ သမားတွေ တော်တော်များများ လာရောက်ဟော ပြောကြတယ်။ ရုပ်ရှင်အနုပညာရှင်တွေ အဆိုတော် တွေ စာရေးဆရာတွေကို တွေ့ရတယ်။ မသန်းရွှေ တက်ဟောတယ်။ မေယု ဟောတယ်။ အဲ့ဒီနေ့ နေ့ခင်းပိုင်း မှာ ဗိုလ်ချုပ်ကြီးတင်ဦး ပါ လာဟောနေပြီ။

စိန်နားကပ် ကဗျာနဲ့ အဆိုတော်မင်းအောင် (သို့မဟုတ်) တော်လှန်ရေးနဲ့ အနုပညာရောစပ်ထားတဲ့ ဗိုလ်တိုက်မောင်း (၁)


Add caption

သူ့ အကြောင်းပြောမယ်ဆိုရင် ဦးဇင်းတို့မြို့မှာ ပြောမ ကုန်နိုင်တဲ့ ဇာတ်လမ်းတွေ အများ ကြီးပဲ။ သူနဲ့ ရင်းနှီး သူတိုင်းက သူ့ကို အမှတ်ရတိုင်း တဦးဆီနဲ့ပတ်သတ် ခဲ့တဲ့ ဇာတ်လမ်းလေးတွေကို ပြောပြီးအလွမ်းဖြေကြ တယ်။ ဒီဇာတ်လမ်းတွေကိုသာ စုစည်းထားနိုင်မယ် ဆိုရင် မြို့ရဲ့သားကောင်းတစ်ယောက် အကြောင်းကို တခမ်းတနားဖော်ပြတဲ့ စာအုပ်ကြီး တအုပ်ဖြစ်လိမ့်မယ်။ ဟုတ်တယ်။ သူဟာ ဦးဇင်းတို့မြို့ရဲ့ စံပြုထိုက်တဲ့ သားကောင်းတ ယောက်ပဲ။ သူ့မှာ နာမည်တွေများစွာရှိတယ်။ ငယ်သူငယ်ချင်း ကျောင်းနေဘက်တွေက စိန်နားကပ်လို့ပြောမှ သူတို့ရဲ့ စိတ်နဲ့ နှုတ်ထဲမှာ အရသာရှိရှိ ခေါ်လိုက်ရတယ်လို့ ခံစား ကြရတယ်။ ဒီနာမည်လေးဟာ သူတို့ ချစ်သူငယ်ချင်းရဲ့ ရိုးသားမှု၊ မာန်မာနမရှိမှုကို ကိုယ်စားပြုနေတယ်ဆိုတာ စိန်နားကပ်လို့ ခေါ်သူတိုင်းက ရင်ထဲမှာ ခံစားကြရတယ်။

Civil Society ဆိုရာဝယ်

နိဒါန်း
နိုင်ငံရေးနဲ့ လူမှုရေးသိပ္ပံပညာရှင်များက paradigm of social orderမှာ မဏ္ဍိုင်သုံးမျိုးရှိတယ်လို့ ရှုမြင်သုံးသပ်ထားကြပါတယ်။ ဒီသုံးမျိုးကတော့ နိုင်ငံတော် (The state)၊ ဈေးကွက် (The Market) နဲ့ အရပ်ဘက် လူ့အဖွဲ့အစည်း (The Civil Society) တို့ပဲ ဖြစ်ပါတယ်။ နိုင်ငံတော်နဲ့ ဈေးကွက်ကို ပထမ မဏ္ဍိုင်နဲ့ ဒုတိယမဏ္ဍိုင်လို့ သတ်မှတ်ကြတဲ့အတွက် အရပ်ဘက်လူ့အဖွဲ့အစည်းကိုကျတော့ တတိယ မဏ္ဍိုင် လို့ သတ်မှတ်ကြပါတယ်။ Civil societyဆိုတဲ့ သဘောတရားကို လူမှု ဖွဲ့စည်းပုံအမျိုးမျိုးမှာ အဓိပ္ပာယ်ဖွင့်ဆိုထားကြပြီး၊ အထူးသဖြင့် နိုင်ငံတော်နဲ့ လူ့အဖွဲ့အစည်း အကြားက ဆက်နွယ်မှုတွေမှာ အကျိုးသက်ရောက်မှုရှိတဲ့ သဘောတရား တခုအဖြစ် ယူဆထားကြပါတယ်။ Civil society သဘောတရားကို အထင်ရှားဆုံး ကိုယ်စားပြုဖော်ဆောင်တဲ့ အဖွဲ့ အစည်းတွေကတော့ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ (non-government organizations or NGOs) တွေပဲ ဖြစ်ပြီး၊ အန်ဂျီအိုတွေကို (civil society organizations or CSOs) တွေအဖြစ်လဲ သတ်မှတ်ခေါ်ဆိုကြပါတယ်။

Wednesday, March 16, 2011

လူဗိုလ်ဟူသည်: တော်လှန်ရေးအထောက်အကူပြုစာအုပ်များ

လူဗိုလ်ဟူသည်: တော်လှန်ရေးအထောက်အကူပြုစာအုပ်များ: "၁။ ကြောက်ရွံ့ခြင်းမှလွတ်ကင်းရေး (အောင်ဆန်းစုကြည်) ၂။ အာဏာရှင်စနစ်မှသည် ဒီမိုကရေစီစနစ်ဆီသို့ ၃။ ပိုမိုအားကောင်းလာသော ပြည်သူ့အင်အား..."

လူဗိုလ်ဟူသည်: နိုင်ငံရေးစာအုပ်များ

လူဗိုလ်ဟူသည်: နိုင်ငံရေးစာအုပ်များ: "ဒီမိုကရေစီအရေး (အမေးအဖြေ)- ဘွဲ့ဖြူ ၂၀၀၉-နိုင်ငံရေးစစ်တမ်း (ဘိုဘိုကျော်ငြိမ်း) ရှစ်လေးလုံးအရေးတော်ပုံဖြစ်ရပ်များပြက္ခဒိန် ၁၉၈၇-၁၉၈၈ ၂၀၀၈-ဖွ..."

Nge Naing ဘလော့ဂ်အတုအတွက် ရှင်းလင်းချက်

by Nge Naing on Tuesday, March 15, 2011 at 7:49am
ဒီနေ့ အွန်လိုင်းပေါ်ကို စရောက်တော့ အီးမေးလ်နဲ့ face book မှာ မိတ်ဆွေတချို့က ကျွန်မဘလော့ဂ်ကို ပြန်ကြည့်ဖို့ အသိပေးထားတဲ့ Messge တချို့ကို လက်ခံရရှိပါတယ်။ ကျွန်မ ဘလော့ဂ်ကို ပြန်ကြည့်တော့လည်း ဘာမှမှားတာ မတွေ့ဘူး။ နောက်မှ ဘလော့ဂ်မှ C-Box မှာ Link တခုကို ဖွင့်ကြည့်လိုက်တော့ ရုတ်တရက်ကြည့်ရင် ကျွန်မဘလော့ဂ်နဲ့ ပုံစံတူ Nge Naing နာမည်နဲ့ ဘလော့ဂ် အတုတခုကိုတွေ့လိုက်မှ သဘောပေါက်သွားပါတယ်။ အဲဒီဘလော့ဂ် ပေါ်လာတာနဲ့ ပတ်သက်ပြီး Face book နဲ့ G-mail တို့ကတဆင့် ကျွန်မကို စိုးရိမ်ပြီး အသိပေးလာသူ မိတ်ဆွေ မောင်နှမများ အားလုံးကို ကျေးဇူးတင်ပါတယ်။

Sunday, March 13, 2011

နိုင်ငံတကာဥပဒေများကို လေ့လာခြင်း

နိဒါန်း

လွတ်လပ်ခြင်း၊ တရားမျှတခြင်းနှင့် ငြိမ်းချမ်းရေးတို့ကို  လူသားထုတရပ်လုံးအတွက် အသိအမှတ်ပြု ဖေါ် ဆောင်နိုင်ရန်ဖြစ်ကြောင်း ကုလသမဂ္ဂ၏ လူ့အခွင့်အရေးကြေညာစာတမ်းအစတွင် ရည်ညွှန်းဖွင့်ဆို ဖေါ်ပြခဲ့သည်။ လူ့အဖွဲ့ အစည်းတွင် လွတ်လပ်မှုမရှိလျင် တရားမျှတမှုကို ဖေါ်ဆောင်နိုင်မည် မဟုတ်ပေ။ တရားမျှတမှုမရှိလျင်လည်း ငြိမ်းချမ်းရေး ဆိုသည့်စကားရပ်မှာ မည်သို့မျှ အဓိပ္ပါယ်ရှိနိုင်တော့မည် မဟုတ်ပေ၊၊ တရားမျှတမှုကို ရှာဖွေရာတွင် ရွေးချယ်ရန် နည်းလမ်း များစွာရှိသည်။ ယခင်က တရားမျှတမှုကို ဂလဲ့စားချေခြင်း၊ အကြမ်းဖက်ဖြေရှင်းခြင်းစသည့် နည်းလမ်းများဖြင့် ရှာဖွေကြရာမှ ယခုအခါတွင် အမှန်တရားကို လူအများသိရှိလာအောင် သတင်းစာမီဒီယာလုပ်ငန်းများမှ၎င်း၊  အစိုးရအာဏာပိုင်အဖွဲ့ အစည်းများအား ဆွဲဆောင်စည်းရုံး၍သော်၎င်း၊ နိုင်ငံရေးအင်အားစုများက ဖိအားပေးခြင်းဖြင့်သော်၎င်း အစရှိသည့် နည်းလမ်းများဖြင့် တရားမျှတမှုကို ဖေါ်ဆောင်နိုင်ကြပြီဖြစ်သည်၊၊

ဂျာမဏီနိုင်ငံ၏ သုံညနှစ်များမှ ပြည့်စုံကြွယ်ဝသောနှစ်များဆီသို့ 

by Robina Lwin on Friday, February 11, 2011 at 5:08pm
 
         ကျမ ယခင်ကသိကျွှမ်းခဲ့သော ဂျာမဏီနိုင်ငံသည်၊ ဟစ်တလာ၏ ဖက်ဆစ်နာဇီများက ၊ ဂျာမဏီမှဂျူးနှင့် နိုင်ငံခြားသားသန်းပေါင်းများစွာကို ရက်စက်စွာသတ်ဖြတ်သော ဂျာမဏီ ၊စစ်ရှုံး၍ ပြာပုံဘ၀ရောက်ခဲ့ရသော ဂျာမဏီသာဖြစ်သည်။ယခုခေတ္တအခွင့်အရေးကြုံခိုက်၊ ကိုယ်တိုင်တွေ့ မြင်လေ့လာခွင့်ရသောအချိန်၊ယနေ့ ဂျာမဏီသည် ကျမသိခဲ့သောဂျာမဏီမဟုတ်တော့ဘဲ၊တရားမျှတ၍ လူ့ အခွင့်ရေးကိုလေးစားတန်ဘိုးထားသော ၊ဒီမိုကရေစီကိုကျင့်သုံးသော၊ ခေတ်မှီတိုးတက်သော ဂျာမဏီ ဖြစ်နေပါတော့သည်။ ထို့ ကြောင့်စစ်ပြီးခေတ် ဂျာမဏီနိုင်ငံ ပြန်လည်ထူထောင်ပုံကို လေ့လာဖြစ်ပါ တော့သည်။

အကြွေစောသူများ အမှတ်တရ (၁) ကိုဖေသင်





ခွဲမှူးကို သူတို့ လာဖမ်းတဲ့ နေ့က သူသာ အဖမ်းမခံရင် စစ်တပ်က ဘယ်လိုမှ မမိနိုင်ဘူး၊ ရွာသားတွေဘယ်သူမှ ပြောတာမဟုတ်ဘူး ခွဲမှူးက ရွာသားတွေကို ညှင်းဆဲနေတာ မကြည့်ရက်လို့ သွားအဖမ်းခံလိုက်လို့သာ မိသွားပါတယ်” လို့ အစချီပြီး တပ်ခွဲမှူး ဦးဖေသင်ကို ရွာထဲမှာ စစ်တပ် ၀င်ဖမ်းတုန်းက အကြောင်းကို အဲဒီတုန်းက ရှိနေတဲ့ရွာသား တယောက်က သူ့အတွေ့အကြုံကို ပြန်ပြောပြနေခြင်း ဖြစ်ပါတယ်။ “စစ်တပ်က ရွာသားတွေ တယောက်ပြီးတယောက် ရမ်းပြီး မင်းကျောင်းသားတပ်ခွဲမှူး ဖေသင်လားလို့ မေးပြီး ရိုက်စစ်နေတယ်။ မဟုတ်ဘူးလို့ ပြောလည်းမရဘူး မင်းမဟုတ်ရင် ခွဲမှူးဖေသင် ဘယ်သူလဲပြ ငါတို့ သတင်း အတိအကျရထားတယ် ဒီလူအုပ်ထဲမှာ ခွဲမှူးဖေသင် အတိအကျရှိတယ်၊ မပြောပြရင် တရွာလုံးကို အကုန်သတ်ပစ်မယ် ရွာကိုလည်း မီးရှို့ပစ်ပြီးမှ ပြန်မယ်လို့ပြောပြီး ရွာသားတွေကို တယောက်ပြီးတယောက် ဆွဲထိုးဆွဲရိုက်ပြီး အကြပ်ကိုင်ပေမဲ့ ဘယ်သူမှ မပြောခဲ့ကြဘူး၊ ခွဲမှူးက ရွာသားတွေ တားနေတဲ့ ကြားထဲက ငါဖေသင်ပဲ ရွာသားတွေကို ဘာမှမလုပ်နဲ့လို့ ပြောပြီး သွားအဖမ်းခံလိုက်တယ်” လို့ ဆက်ပြောပြတော့ ကျွန်မ နားထောင်နိုင်စွမ်း မရှိဖြစ်ခဲ့ရတယ်။ (ဘယ်ဘက် အပေါ်ဒေါင့်ကပုံက ဦးဖေသင်ဖြစ်ပါတယ်။)

http://nge-naing.blogspot.com/2010/05/blog-post_30.html မှ ကူးယူဖေါ်ပြပါသည်။

သေနတ်တလက်ကို ငါလွယ်ထားတယ်... သူငယ်ချင်း

by Aung Tha Nge on Wednesday, January 19, 2011 at 6:30am
 
လွတ်လပ်မှုကိုတော့
သေနတ်နဲ့ပဲ...  ငါ...
ချိန်ရွယ်ထားရဖူးပြီးပြီပေါ့..

တခြားနည်းနဲ့လည်း...
ဘယ်လိုယူလို့ရမယ်ဆိုတာ...
ငါ မသိဘူး...

ABSDF ရဲဘော်တွေအတွက် ကျန်းမာရေးဖန်ဒ်

by Aung Nyeen on Saturday, January 15, 2011 at 4:51am
 
တလောက နယ်စပ်အိမ်ကို ပြန်ဖြစ်တယ်။ အရင်ရဲဘော်ဟောင်းတွေက အရွယ်လည်း ရလာပြီး၊
ရောဂါတွေနဲ့ တွေ့ရတယ်။ ရဲဘော်တယောက် ဇနီးက ဆင်ခြေထောက်ရောဂါ ဖြစ်နေတယ်။ ရဲဘော်တယောက်က ဖောလို့၊ မောလို့ နှလုံးရောဂါ ထင်တယ်။ တခါ နောက်တယောက်က ဗိုက်ကြီး တင်းကျပ်ခဲလို့၊ ဘာမှန်း မသိသေးဘူး။

ကျွန်တောတို့ လူငယ် ဘဝ ပထမပိုင်း

by Htay Tint on Monday, February 7, 2011 at 1:42pm
နေရာက ဖလူးစခန်း တဖက်ကမ်းက မက်ကိုကင်းရွာအစွန်က
ကရင့်တပ်မတော် လက်အောက်ခံ မူဆလင်တပ်ဖွဲ့ ဝင်တဦးရဲ့ တဲငယ် ။

အချိန်ကာလက ၁၉၈၉ အေးချမ်းလှတဲ့ ဒီဇင်ဘာ ၂၆ နံနက် ဝေလီဝေလင်းစ

အခြေအနေကတော့ အာဏာရှင်စစ်တပ်သည်
၁၉၈၈ကျောင်းသားများ လက်နက်ကိုင်တော်လှန်ရေး မလုပ်နိုင်ရန် နှင့်
အမြစ်ပြတ် ခြေမှုံးရန် လူမျိုးစုနယ်မြေ အားလုံးကို နည်းမျိုးစုံဖြင့် ထိမ်းချုပ်ရေး စီမံချက်ကာလ ...။

ကျွန်တော်တို့  လူငယ်ဘဝ ဒုတိယပိုင်း

by Htay Tint on Monday, February 7, 2011 at 1:40pm

အေးစက်နေတဲ့ သေနပ် ဖိုင်ဘာအစိတ်အပိုင်းကို ပူပန်နေစိတ်နဲ့  တင်းတင်းဖိကိုင်ရင်း ပူနွေးလာပါတယ် ။
၁၉၈၈ စက်တင်ဘာလက စစ်အာဏာသိမ်းပြီး စစ်ရူးတွေအမိန့် ကို အောက်ခြေကရဲဘော်လေးတွေက သေနပ်တွေနဲ့  ကျောင်းသားပြည်သူတွေကို ပစ်သတ်ခဲ့ပါတယ် ။ ကျောင်းသားတွေ အုပ်စုလိုက် လူမျိုးစုတွေဆီမှာ လက်နက်တောင်းဖို့ သွားခဲ့ကြပါတယ်။

ကျွန်တော်တို့  လူငယ် ဘဝ တတိယပိုင်း

by Htay Tint on Monday, February 7, 2011 at 1:37pm
တတိယပိုင်း
ရင်ခုံသံဟာ ကျောက်မီးသွေး ရထားခေါင်းတွဲကဲ့သို့ ခန္တာကိုယ်ကို မောင်းစေခဲ့ပါတယ် ။
သောင်ရင်းမြစ်ကမ်းပါး ၁၀မီတာကျော် ကို သူငယ်ချင်း ကျောင်းသားများအတွက်
နှလုံးသားလေးထဲက ပူပင်နေသော စိတ်တွေက တွန်းပို့ ပေးလိုက်ပါသည် ။
ဘယ်လို ရောက်သွားမှန်းမသိဘူး ။

Saturday, March 12, 2011

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦးနှင့်ကျမ၏ ကိုယ်တွေ့ မှတ်တမ်းဒိုင်ယာယီ အပိုင်း (၂ )


by Robina Lwin on Sunday, February 20, 2011 at 10:45pm

              မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(မကဒတ) သေဘောဘိုးစခန်း တွင် ကျမတွေ့ ကြုံခဲ့ရသော မှတ်တမ်းဒိုင်ယာယီ ပထမပိုင်းကိုဖော်ပြ ပြီး ၊ ယခု ဒုတိယပိုင်း အတွေ့ အကြုံ များကို ဆက်လက်ဝေငှလိုက်ခြင်းဖြစ်ပါသည်။ 
              သို့ ရာတွင်ကျမရေးသားသော အကြောင်းအရာများသည် (မကဒတ) ကျောင်းသားစခန်းတွင်
ရှိစဉ် အညတရ ရဲမေတဦး၏ နေ့ စဉ်တွေ့ ကြုံခဲ့ရသော အဖြစ်များကိုရေးသားခြင်းသာဖြစ်ပြီး ၊ သမိုင်း
ဟု ပြော၍ တော့ မရပါ ၊ ရဲမေတဦး၏ ကိုယ်တွေ့ မှတ်တမ်းသာဖြစ်ပါသည် ။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ပေါ်ပေါက်လာပုံနှင့်ကျမ၏အစောပိုင်းကာလ ဒိုင်ယာယီ (အပိုင်း ၁)



by Robina Lwin on Wednesday, February 2, 2011 at 6:21pm
       အချိန်တချိန်ထဲမှာပင် တဦးနှင့်တဦး Memoir မတူကြပါ၊ တဦးကရီနေသော်လည်း တဦးကငိုနေရသောအချိန်ဖြစ်ကောင်းဖြစ်မည်။
ထို့ ကြောင့်(မကဒတ)နှင့်ပက်သက်ပြီး အခြားသူများအတွေအကြုံကို၊ ကျမ မသိမှီလိုက်တာ ရှိသလို ၊ ကျမ၏အတွေ့ အကြုံကိုလည်း ၊
အခြားသူများ ကြုံချင်မှကြုံပေလိမ့်မည်။ (မကဒတ) အစောပိုင်းကာလ ဖြစ်စဉ်တချို့ ကို၊ ကျမ၏ ဒိုင်ယာယီ နှင့် ဆရာမစီစီမာ ၏ ဒိုင်ယာယီ နှစ်ခုအားပေါင်း ကာ ရေးသားတင်ပြပေးခြင်းဖြစ်ပါသည်။ 

Thursday, March 10, 2011

ဝေးကြပြီ ကရင်မလေး



(၁)
            မျက်လုံးတွေကိုလည်း မှတ်ထားလို့မရ။ လှဲအိပ်နေလို့လည်းမရ။ အတွေးများက ခြားရဟတ်ပမာ။ ရုတ်တရက် ထထိုင်လိုက်စဉ် မျက်ရည်တချို့လျှံထွက်လာ၏။ မျက်ရည်ကျခြင်းအဖြစ်ကို မနှစ်မြို့သော်လည်း ကျလာသည့်မျက် ရည်များအတွက် တားဆီးချင်စိတ်ကလည်း ကင်းမဲ့လျှက်။ နံဘေးတဖက်တချက်စီမှာ အပြစ်မဲ့စွာ အိပ်မောကျနေကြ သော ဇနီး၊ သမီးနှင့်သားကြီးတို...့မှာကား ငြိမ်းအေးပေစွ။ မိမိမှာသာ … ။

အမျိုးသားပြန်လည်သင့်မြတ်ရေး: ပြည်ထောင်စုစိတ်ဓါတ်နှင့်၂၁ရာစု

ပင်လုံညီလာခံ(၃)


ခွဲထွက်ခြင်းနဲ့ တွဲဖက်ခြင်း (အဆက်)

ခွဲထွက်ရေးလှုပ်ရှားမှုများ။

ကမ္ဘာပေါ်ရှိပြည်ထောင်စုနိုင်ငံနဲ့လူမျိုးစုတွေနဲ့စုစည်းထားတဲ့တပြည်ထောင်နိုင်ငံတော်တော်များများမှာ
ကုလသမဂ္ဂပဋ္ဋိညာဉ်စာတမ်းပါကိုယ်ပိုင်ပြဌာန်းခွင့်ဆိုတဲ့အချက်ကိုကိုင်ပြီးခွဲထွက်ဖို့ကြိုးစားခဲ့ကြ
။ကြိုးစားနေ...ကြတာတွေရှိပါတယ်။
 လက်နက်ကိုင်လှုပ်ရှားမှုနဲ့ကြိုးစားနေတာရှိသလို၊လက်နက်ကိုင်မဟုတ်တဲ့နည်းလမ်းနဲ့ကြိုးစားနေတာတွေ
လည်းရှိပါတယ်။အောင်မြင်သွားတဲ့နိုင်ငံများ(ဖေါ်ပြခဲ့ပြီးဖြစ်တယ်)လည်းရှိသလို၊မအောင်မြင်ခဲ့တာတွေ၊
မ အောင်မြင်သေးတာတွေလည်းရှိပါတယ်။

ဦးလေးကိုဖထီး

(၁)
            “ကျနော်တို့ဖထီးကို ပိုက်ဆံတွေပို့ပို့ပေးနေလို့၊ ဖထီး အရက်တွေအများကြီးသောက်ဖြစ်သွားပြီး၊ ဖထီးကို သတ်လိုက်သလိုများဖြစ်သွားလား”ဆိုတဲ့ အမေရိကားရောက် ကိုစိန်ဒါးရဲ့စကားက ဖထီးရဲ့အကြောင်းတွေကို ကျနော့် အတွေးထဲ ဆွဲသွင်းစေခဲ့ပါတယ်။
ဖထီးကို ကျနော်တို့မမေ့ကြသေးပေမယ့် စကားလမ်းကြောင်းတွေမတိုက်ဆိုင်၊ အဖြစ်အပျက်တွေ မဟပ်စပ် ကြတော့လည်း မေ့မေ့ပျောက်ပျောက်ဆိုသလို ဖြစ်ဖြစ်နေကြတာပေါ့။

သခင်တွေရဲ့နိုင်ငံ

သခင်ဆိုသည်မှာ  
သခင်ဆိုသည်မှာ လူတိုင်းလူတိုင်း၏ အခွင့်အရေးကို ပိုင်ဆိုင်ရန်အတွက် ဆောင်ရွက် လုပ်ကိုင်သူများနှင့် လူတိုင်းလူတိုင်းတို့၏ လူတန်းစေ့နေရေးထိုင်ရေးတို့ကို ကြံစည်အားထုတ်သူတိုင်း သခင်ဟုခေါ်သည်။ လူတိုင်းလူတိုင်း အခွင့်အရေးတူညီသည့် သခင်ဖြစ်ရန်လိုသည်။

ဝိပဿနာ....(မသက်သက်လွင်)

ဟန္ဒ ဒါနိဘိက္ခဝေ၊ အာမန္တယာမိဝေါ၊
သယဓမ္မာသင်္ခါရာ၊ အပ္ပမာဒေန သမ္ပာဒေထ။
ရုပ်နာမ်ဓမ္မ၊ ခန္ဓာငါးပါးတည်းဟူသော ပြုပြင်၍ပေါ်ပေါက်လာရသော သင်္ခါရ တရားတို့သည် ကုန်ခြင်း၊ ဆုံးခြင်း၊ ပျက်ပြုန်းခြင်းသာ ရှိကြ၏။ မမေ့မလျော့ မပေါ့သောသတိဖြင့် နှလုံးသွင်းဆင်ခြင်ကြကုန်။

မထင်မရှား အပိုင်းအစများ

လူဗိုလ်

(၁) DYA ကိုမွေးဖွားခြင်း။
ရှစ်လေးလုံး ဒီမိုကရေစီလူထုလှုပ်ရှားမှုကြီးအပြီး၊ မြန်မာနိုင်ငံဒေသအသီးသီးရှိ ဒီမိုကရေစီလိုလားသူများ သည်၊ ဒီမိုကရေစီကို လက်နက်ကိုင်တော်လှန်ရေးဖြင့်သာ အရယူနိုင်မည်ဟူသော ယုံကြည်ချက်ကို ဆုပ်ကိုင်မိခဲ့ကြပေ သည်။ ထို့ကြောင့်ပင် ဖြစ်နိုင်သည့်လမ်းကြောင်းများရှာကာ တိုင်းရင်းသားတော်လှန်ရေးနယ်မြေအသီးသီးသို့ ပြေးဝင်ခိုလှုံခဲ့ကြသည်။ ထိုအထဲတွင် မိမိတို့ရှမ်းပြည်နယ်၊ ပအိုဝ့်နယ်မြေရောက်၊ ကျောင်းသားလူငယ်တစုလည်းအပါအ၀င်။

မြန်မာ့တော်လှန်ရေးနှင့် ပြည်ပရောက် မြန်မာများ၏ အခန်းကဏ္ဍ

နိဒါန်း

(၂၀၁၁) ခုနှစ်သည် မြန်မာ့နိုင်ငံရေးအတွက် ထူးခြားသော နှစ်တနှစ် ဖြစ်ပါသည်။ လက်ရှိအချိန်ကာလသည်လည်း နအဖ စစ်အုပ်စုက ကျင်းပသော (၂၀၁၀) အတုအယောင် ရွေးကောက်ပွဲ ရလဒ်အဖြစ် စစ်အုပ်စုကြိုးဆွဲ ရုပ်သေးအစိုးရ ပေါ်ထွက်လာစေရန် လွှတ်တော်ခေါ်ယူနေဆဲ ကာလဖြစ်ပါသည်။ တပြိုင်နက်တည်းမှာပင် နအဖစစ်ဝါဒီစနစ်ကို ထောက်ခံ အားပေးနေကြသည့် ပညာရှင်ဆိုသူများကလဲ (၂၀၁၁) သည် တော်...လှန်ရေး အင်အားစုများ အတွက် လမ်းဆုံးဖြစ်တော့ မယောင် အသံလွှင့်နေကြပါသည်။

ကျနော့်ဘ၀နှင့် ဒီမိုကရေစီခရီး

 ဒီမိုကရေစီနှင့် စတင်ရင်းနှီးမိခြင်း
ရှစ်လေးလုံးအရေးတော်ပုံမတိုင်မီအထိ ဒီမိုကရေစီနှင့်ပတ်သက်သော ဗဟုသုတဟူ၍ မိမိတွင် လုံးဝနီးပါးမရှိခဲ့။ ကျောင်းပြီးသော ကျောင်းသားတဦး၊ ပညာတတ်တဦးအဖြစ်အမည်ခံကာ ရပ်တည်ခဲ့ရ ပေမယ့် ကျောင်းတွင်သင်ကြားခဲ့ရသော နိုင်ငံရေးသိပ္ပံဘာသာရပ်ကို (ကွန်မြူနစ်စနစ်သည် မကောင်း၊ အရင်း ရှင်စနစ်သ...ည် မကောင်း။ ဆိုရှယ်လစ်စနစ်သည်သာ အကောင်းဆုံးဖြစ်၍ မြန်မာနိုင်ငံနှင့် အသင့်တော်ဆုံး ဖြစ်သည်ဟု) စာမေးပွဲအောင်ရုံ လေ့လာခဲ့ရကြောင်းကို ကိုယ့်ကိုယ်ကိုသာ အသိဆုံး။

ဒီမိုကရေစီလိုလားသူများခင်ဗျား

ဒီမိုကရေစီလိုလားသူများခင်ဗျား

- မြန်မာ့ဒီမိုကရေစီတော်လှန်ရေးကာလဟာ အနှစ်(၂၀)ကျော်ပါပြီ၊၊
ဘာတွေတိုးတက်ပြောင်းလဲခဲ့ပြီလဲ၊ မျှော်လင့်ချက်တွေ ဘယ်လောက်အထိပြည့်ဝခဲ့ပြီလဲ၊၊
ဘယ်သူ့ကြောင့်၊ ဘယ်အဖွဲ့အစည်းကြောင့်လို့ လက်ညှိုးထိုးနေတာထက်၊ ဘာကြောင့်မအောင်မြင်သေး
တာလဲ၊ ဘာတွေလိုအပ်နေလို့လဲ၊ ဘာတွေများအခုအခံအားနည်းချက်တွေ ဖြစ်နေလို့လဲဆိုတာတွေကို ဆန်းစစ်ကြဖို့အထူးလိုအပ်နေပါပြီ။

ABSDF ရဲဘော်ဟောင်းများ၏ ဖြတ်သန်းမှုအတွေ့အကြုံများ (သို့) ဖြတ်သန်းမှုပဲ့တင်သံများ

ABSDF ရဲဘော်ဟောင်းများခင်ဗျာ

ABSDF ရဲဘော်ဟောင်းများ၏ ဖြတ်သန်းမှုအတွေ့အကြုံများ (သို့)
ဖြတ်သန်းမှုပဲ့တင်သံများ
ခေါင်းစဉ်နဲ့ စာအုပ်ထုတ်ဝေနိုင်ဖို့ ကြိုးစားနေပါတယ်။

ရည်ရွယ်ချက်များမှာ
၁။ မှတ်တမ်း အဖြစ် တင်ကျန်ရစ်စေရန်။
၂။ နောင်မျိုးဆက်အတွက် တစုံတရာ အထောက်အကူဖြစ်နိုင်စေရန်။
၃။ ဖြတ်သန်းမှု အတွေ့အကြုံများကို မျှဝေခံစားနိုင်စေရန်။ တို့ဖြစ်ပါတယ်။

အဖြူထည်


ငါ့ရဲ့
မျက်နှာပြင်ပေါ်
ဒါမှမဟုတ်ရင်လည်း
ဦးခေါင်းထက်ကို
ရဲရဲသာ နင်းဖြတ်လို့
ဟိုး … ဟို အမြင့်အရပ်ဆီ
တဆင့်ချင်း
တဆင့်ချင်းသာ
လှမ်းလို တက်သွားကြပါ  …

နှိုင်းရယဉ်ကျေးမှု



          မကြာသေးမီက “ယဉ်ကျေးမှုကိစ္စ” Culture Matters ဆိုသောစာအုပ်တစ်အုပ် ထွက်ပါသည်။ ထိုစာအုပ်၏ တွဲဘက်အယ်ဒီတာ “လောရင့် ဟယ်ရစ်ဆန်” Lawrence Harrison က သူ၏ အမှာတွင် ဤသို့ရေးသည်။ “၂၀ ရာစုအကုန်ကမ္ဘာကြီးဟာ ရာစုအလယ်က လူများစုမျှော်လင့်ခဲ့ကြတာတွေနဲ့ ယှဉ်လိုက်ရင်... ဆင်းရဲနေပါသေးတယ်။ တရားမျှတမှုမဲ့နေပါသေးတယ်။

Tuesday, March 1, 2011

နို့ဖိုးဒုက္ခသည်စခန်းရှိ ABSDF ရဲဘော်ဟောင်းများစာရင်း

တတိယနိုင်ငံရောက် ရဲဘော်တို့ ခင်ဗျာ

ကျနော်တို့နို့ဖိုးမှာရှိနေတဲ့ ရဲဘော်ဟောင်းတွေကို တတိယနိုင်ငံရောက်ရဲဘော်များက ရိက္ခာထောက်ပံ့ကြတဲ့အစဉ်အလာရှိပါတယ်။
ဥပမာ ဇော်လင်းထွေးတို့။ ကိုနွေအောင်တို့၊ ကိုကျော်ထင်တို့ပေါ့ဗျာ။
၃ လ တကြိမ်လောက် ရိက္ခာလေးတွေ ဝေဖြစ်ပါတယ်။ ကြက်သွန်၊ ကြက်ဥ၊ ဖယောင်းတိုင်၊ အချို့မှုန့်စသဖြင့်ပေါ့ခင်ဗျာ။ ယခုအချိန်မှာ ပိုဆိုးလာတဲ့အခြေအနေတွေကြောင့် ရဲဘော်များမှာ စိတ်ဓါတ်ကျဆင်းနေကြပါတယ်။ စခန်းထဲမှာနေရတဲ့ကာလ ကြာလာတာက တကြောင်း၊ ထွက်ခွာခွင့် ကြန့်ကြာနေရတာကတကြောင်း၊ ရိက္ခာကို ပေးနေကျထက်လျှော့ချလိုက်တာကတကြောင်းတို့ကြောင့် ဖြစ်ပါတယ်။
Related Posts Plugin for WordPress, Blogger...