Monday, April 25, 2011

ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံမှုမှတ်တမ်း


၁။ ဒေါ်အောင် ဆန်းစုကြည်အနေဖြင့် ကျွန်တော့်အား အစိုးရကစေလွှတ်သည်ဟု ယူဆနေမည်စိုး၍ ကျွန်တော်သည် Interlocuter ဖြစ်ချင်သူ သာဖြစ်ပြီး Interlocuter မဟုတ်ကြောင်း မိမိအကြောင်း
အတိုချုပ်ပြော၍ မိတ်ဆက်ပါသည်။

၂။ မြန်မာနိုင်ငံနှင့် မြန်မာနိုင်ငံသားတို့၏ အခြေအနေတိုးတက်မြင့်မားလာရေးအတွ
က် ကိုယ်တိုင်စီမံခန့်ခွဲခွင့်ရရေး၊ တပ်မတော်ခေါင်းဆောင်များနှင့် Dialogue စသည်များကို မစောင့်ဘဲ မိမိဘက်မှတစ်ဖက်သတ်နိုင်ငံ တည်ဆောက်ရေးကို ကူညီသင့်ပါကြောင်း ပဏာမပြောကြား ရာတွင် ဒေါ်အောင်ဆန်းစုကြည်က
““အန်တီပြောနေတာ အန်တီတို့နဲ့ ပေါင်းလုပ်ဖို့ဆိုတာထက်နိုင်ငံတည်ဆောက်ရေးမှာ ပြည်သူမပါလို့မရဘူး။
ပြည်သူလူထုထောက်ခံမှုမရှိလို့မရဘူး။ ဒါကြောင့် ပြည်သူလူထုထောက်ခံမှု ရအောင်
လုပ်ပါလို့သာပြောနေတာပါ။ ကိုယ်တိုင်စီမံခန့်ခွဲခွင့်ရမှဆို တာမဟုတ်ပါဘူး”” ဟု ရှင်းပြပါသည်။

Sunday, April 24, 2011

ပညာရေးသည် နိုင်ငံရေးဖြစ်သည်

by Kyaw Thu Han on Friday, 15 April 2011 at 17:25


ကျွန်တော်သတင်းစာတွေ၊ ဂျာနယ်တွေမှာ မပြီးဆုံးနိုင်သေးတဲ့ စစ်ပွဲအကြောင်းတွေ၊ အသေခံဗုံးခွဲမှု သတင်းတွေ၊ AIDS ရောဂါဟာ ခုချိန်ထိ ထိန်းချုပ်လို့မရနိုင်သေးပဲ နိုင်ငံအများအပြားမှာ ကူးစက်ပျံ့နှံ့ နေတာတွေကို ဖတ်ရှုမိရင်း လူတွေဟာ ဒီပြဿနာတွေကို အမှန်တကယ်ပဲ မဖြေရှင်းနိုင်တော့ဘူးလား လို့တွေးမိပါတယ်။

တကယ်တော့ နိုင်ငံ့ခေါင်းဆောင်တွေ ၊ငြိမ်းချမ်းရေးအတွက် လှုပ်ရှားနေသူတွေနဲ့ ပရဟိတ အလုပ်တွေကို အားကြိုးမာန်တက်ဆောင်ရွက်နေကြသူတွေ အများအပြား ရှိနေကြပါလျှက်နဲ့ ဘာကြောင့်ဒီပြဿနာတွေ ဟာ လျော့နည်းမသွားတဲ့အပြင် တိုးပွားနေရတာလဲလို့ တွေးကြည့်မိပါတယ်။ လူတွေဟာ အသိပညာ မပြည့်ဝကြသေးလို့ ဒီပြဿနာတွေရှိကြတာလားလို့ တွေးမိပါတယ်။ တကယ်တော့လူ တန်းစားအလွှာ တစ်ခုလောက်ပဲ ပညာတတ်နေလို့မရပါဘူး။ လူတန်းစားအလွှာ အသီးသီးက လူတွေ ပညာပြည့်ဝကြပါမှ ကမ္ဘာကြီးအတွက် အဆင်ပြေပါလိမ့်မယ်။

နိုင်ငံ


Way Min Way Min

နိုင်ငံ ဆိုသည်မှာ နိုင်ငံရေး ပထ၀ီနှင့် နိုင်ငံတကာ နိုင်ငံရေးအရ နေရာ သတ်မှတ် ပိုင်းခြားထားသော အုပ်ချုပ်ခွင့်ရ နယ်မြေ ဖြစ်သည်။

1 နိုင်ငံများ ပေါ်ပေါက်လာပုံ
2 သမိုင်းဦး ဘုံမြေခေတ် လူသား ယဉ်ကျေးမှု တိုးတက်လာမှု
2.1 ပုဂ္ဂလိက ပိုင်ဆိုင်မှုများ တိုးတက် ပွားများလာမှု
2.2 နိုင်ငံများ ပေါ်ပေါက်လာခြင်း
3 ဝေါဟာရ
4 နိုင်ငံတစ်နိုင်ငံ၏ အခြေခံ အချက်အလက်များ
5 မှီငြမ်း

ပြည်ထောင်စု မြန်မာနိုင်ငံတော်၌ နေထိုင်ကြသော..


Way Min Way Min 6:48pm Apr 24
ပြည်ထောင်စု မြန်မာနိုင်ငံတော်၌နေထိုင်ကြသော တိုင်းရင်းလူမျိုး အပြားကို ဆိုလိုသည်။ ဤ၌ ရှေးဟောင်းရာဇ၀င်လာ ဆိတ်သုဉ်းလေပြီးသော လူမျိုးများနှင့် နောက်ပေါ်စာအုပ်စာတမ်း မှတ်သားချက်တို့တွင် ပါဝင်တွေ့ရှိရသော လက်ရှိပြည်ထောင်စုသား လူမျိုးများကိုပါ ရေတွက်ဖေါ်ပြလိုက်သော်လည်း များစွာ ကျန်ရှိပေသေး၏။

(၁) ချင်းလူမျိုး-မြောက်ပိုင်းချင်း
များကား ချင်းတောင်နှင့် အထက်ချင်းတွင်းခရိုင်၌ နေကြ၍ အလယ်ပိုင်းချင်းနှင့် တောင်ပိုင်းချင်းတို့ကား ပခုက္ကူ, စစ်တွေခရိုင်, ချင်းတောင် နှင့် တောင်ဘက်ရှိ တောင်တန်းတခို၌ နေထိုင်ကြ၏၊ ချင်းမျိုးကွဲ များစွာရှိကြောင်းကိုလည်း သိရသေးသည်၊

ဗိုလ်ချုပ်အောင်ဆန်း




ဗိုလ်ချုပ်အောင်ဆန်း ၁၉၁၅ ၊ ဖေဖော်ဝါရီ (၁၃) - ၁၉၄၇ ၊ ဇူလိုင် (၁၉) အသက် ၃၂ နှစ်တွင် လုပ်ကြံခံခဲ့ရသည် မွေးသက္ကရာဇ် ၁၉၁၅-ခုနှစ်၊ဖေဖော်ဝါရီ(၁၃)ရက် မိဘများ ဦးဖာ + ဒေါ်စု ငယ်အမည် ထိန်လင်း မွေးဖွားရာဒေသ နတ်မောက်မြို့၊ မကွေးတိုင်း ကွယ်လွန်ရာဒေသ ရန်ကုန်၊ ရန်ကုန်တိုင်း ရာထူးအလုပ်အကိုင် ဗိုလ်ချုပ် လူသိများခြင်းမှာ မြန်မာပြည် ဗြိတိသျှ အုပ်ချုပ်မှု လက်အောက် နှင့် ဂျပန်များ အုပ်ချုပ်မှု လက်အောက်မှ လွတ်လပ်ရေးရအောင် ကြိုးပမ်းခဲ့သော အာဇာနည် တစ်ယောက်ဖြစ်သည်။ ကိုးကွယ်သည့် ဘာသာ ဗုဒ္ဓဘာသာ၊ တည်ထောင်ခဲ့သည့် အဖွဲ့အစည်း ဗမာ့လွတ်လပ်ရေးတပ်မတော်၊
ဗမာ့ကာကွယ်ရေး တပ်မတော်၊ ဖ.ဆ.ပ.လ တိုက်ခိုက်ခဲ့သည့် စစ်ပွဲများ အဖွဲ့အစည်း ဒုတိယကမ္ဘာစစ်၊ မြန်မာပြည်လွတ်မြောက်ရေး ကွန်ယက် http://www.aungsan.com/
ဗိုလ်ချုပ်အောင်ဆန်း (၁၉၁၅-ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက် - ၁၉၄၇-ခုနှစ် ဇူလိုင်‌ ၁၉ ရက်) သည် မြန်မာနိုင်ငံ၏ အမျိုးသားသူရဲကောင်း၊ တော်လှန်ရေးသမား၊ မျိုးချစ်ပုဂ္ဂိုလ်၊ တပ်မတော်၏ ဖခင်ကြီး၊ဗိုလ်ချုပ်နှင့် နိုင်ငံရေးသမား ဖြစ်သည်။ သူ၏ ဖခင်မှာ ရှေ့နေဦးဖာနှင့် မိခင်မှာ ဒေါ်ခင်စု ဖြစ်ကြပြီး ထိုစဉ်အခါ ဗြိတိသျှအိန္ဒိယနိုင်ငံတွင် ပါဝင်ခဲ့သော မြန်မာနိုင်ငံ အလယ်ပိုင်း၊ မကွေးခရိုင်၊ နတ်မောက်မြို့တွင် မွေးဖွားခဲ့သည်။ သူ၏ မိဘမျိုးရိုးတွင် အဖိုးဖြစ်သူမှာ ဗိုလ်မင်းရောင် ဖြစ်ပြီး ၁၈၈၆-ခုနှစ် နယ်ချဲ့ ဗြိတိသျှတို့အား တော်လှန်ရေး လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည်။ မွေးချင်း ၉ ယောက်အနက် အငယ်ဆုံး ဖြစ်သည်။

Saturday, April 23, 2011

ဆိုရှယ်လစ်ဘရယ်လစ်ဇင်(ဒီမိုကရေစီ အဖြေတစ်ခု)

ဘောဂသစ္စာ

ဒီမိုကရေစီသည် အများစုသဘောအဆုံးအဖြတ်ထက်ဘာမှမပိုသဖြင့် တစ်ဦးချင်း၏သဘောအခွင့်အရေးဆုံးရှုံးပြီးလက်တွေ့ကျေနပ်ပြည့်စုံမှု မရကြောင်း၊ တစ်ဦးချင်းသဘောထားအသံ၊ အလိုဆန္ဒများပြည့်စုံရန် လစ်ဘရယ်ဒီမိုကရစီတွင် ကိုယ်ကျိုးစီးပွားအုပ်စု interest groups များက အရပ်ဘက် လူ့ဘောင်အဖွဲ့အစည်း civil society များအဖြစ်ရွေးကောက်ပွဲများကို ထိန်းကျောင်းပေးခြင်း၊ပြည်သူကို အသိပညာပေးခြင်းမှ အစ လူမှုကူညီရေးများအထိ ပါဝင်လှုပ်ရှားခွင့်ရကြောင်းများ ရေးသားသည်။ သူတို့က လစ်ဘရယ်ဒီမိုကရေစီတွင် မျှတမှုများ မရှိသေးကြောင်း အားနည်းချက်အဖြစ် ဖော်ပြသည်။ 

Wednesday, April 20, 2011

ဆင်ဆာလုံးဝ ဖြတ်မထားသော အမှတ်တရလေးများ (၁)

by Breathing Linn on Tuesday, April 19, 2011 at 11:52pm


ဘာရယ်တော့ မဟုတ်ပါဘူး အပျော်လေးတွေ အမှတ်တရအနေနဲ့ Note မှာ သိမ်းထားချင်မိလို့ပါ။ :P
    • Johnny Goffy ဟင် ဒါဆို ကျုပ်တို့က အခြောက်လား
      November 18, 2010 at 12:32pm ·

    • ဝေသာလီ မိုးမောင် ဘာဆိုင်လို့တုန်းဗျာ .. ကျုပ်က “မွန်းခါး” ချက်စားနေကျ ဆိုတာကို သိလို့ တက်ဂ်သလား .. မိချစ်ကို တက်ဂ် တာကတော့ .. အဓိပ္ပါယ်ရှိပါတယ် ..
      November 18, 2010 at 12:33pm ·

    • ကမ္ဘာ့ ဖျာ လုပ်ချလိုက်ပြန်ပါပြီ အမခင်လေးတို့ ... ကျွန်တော်တို့ အခြောက် မဟုတ်ပါ ... အစို ... အစို ... ဟားဟား ... :D
      November 18, 2010 at 12:33pm ·

    • Johnny Goffy  ဖြစ်ရတယ် ကိုမိုးရယ်... ကျုပ်မယ်စိုလွန်းလို့ ခက်နေတာဘာလေ
      November 18, 2010 at 12:36pm ·

    • ကမ္ဘာ့ ဖျာ ဟုတ်ပ့ါဗျာ စိုလွန်းလို့ သားတစ်ယောက်တောင် ရနေပြီ ... ဟီးဟီး :D
      November 18, 2010 at 12:36pm ·
    • ဝေသာလီ မိုးမောင် မိချစ် - ဘာစိုတာတုန်း .. “သေးစို” တာလား .. သြော် .. သူငယ်နာ မစင်တဲ့ .. “ဒူးစ်” လည်း ရှိတာကိုး ..
      November 18, 2010 at 12:37pm ·

    • Khin Kalayah So မမ... ရောင်က မိန်းခလေးလေ.. အခြောက်ဟုတ်ဘူးးးနော်..း)
      November 18, 2010 at 12:38pm ·

    • Breathing Linn အဟမ်း အဟမ်းနိုင်ငံရေးတွေ မပါရ။။ :P အမှန်တွေ မဖွရ..။ :P :P
      November 18, 2010 at 12:38pm ·

စီမံခန့်ခွဲခြင်း ပညာ

စီမံခန့်ခွဲခြင်း

စီမံခြင်းနဲ့ ခန့်ခွဲခြင်း စကားနှစ်လုံးကို ပေါင်းပြီး `စီမံခန့်ခွဲခြင်း´ဆိုပြီး စကားလုံး တစ်လုံးတည်းအဖြစ် သုံးစွဲ ကြပါတယ်။ စီမံခန့်ခွဲခြင်းလို့ ဆိုလိုက်တာနဲ့ ထိရောက်မှုလည်း ရှိပါတယ်။ တိကျ ပြတ်သားမှုလည်း ရှိတယ်။ လေးနက်ထိရှတဲ့ အဓိပ္ပာယ်လည်းဆောင်တယ်။နှစ်လုံးပေါင်းတစ်လုံးဆိုပေမယ့်တစ်လုံးချင်းစီမှာလည်း ပြည့်စုံတဲ့ အဓိပ္ပာယ်ဆောင်ပါတယ်။ ...စီမံခြင်းဆိုတာ အစီအမံ ပြုတယ်၊ စီစဉ် မွမ်းမံတယ်၊ ခန့်ခွဲ ခြင်းဆိုတာ တွက်ချက်ခန့်မှန်း ခွဲခြမ်း စိတ်ဖြာတယ်။ စီမံခန့်ခွဲတယ်ဆိုတော့ စီစဉ်၊ မွမ်းမံ၊ တွက်ချက်၊ ခန့်မှန်း၊ ခွဲခြမ်း၊ စိတ်ဖြာတယ်ဆိုတဲ့ အဓိပ္ပာယ် အသွယ်သွယ် ပူးပေါင်း ပါဝင်သွားပါတယ်။ ဒီတော့ စကားလုံးကိုက လေးနက်၊တည်ကြည်၊ ပီပြင်၊ ထင်ရှား ဖြစ်သွားပါတော့တယ်။ ဒါက `စီမံခန့်ခွဲခြင်း´ ကို မြန်မာစာ ခက်ဆစ်အဓိပ္ပာယ် အလိုအရခွဲခြမ်းစိတ်ဖြာစိစစ်လေ့လာသိခြင်း ဖြစ်ပါတယ်။

လောကနီတိ


'နီတိ' ဟူသော ဝေါဟာရသည် သင်္သကရိုက်ပါဠိ ဘာသာစကားဖြစ်၍ 'လမ်းညွှန်'ဟု အဓိပ္ပါယ် ဖွင့်ဆိုနိုင်ပေသည်။ လောကလူသားတို့ လိုက်နာအပ်သည့် လူမှုကျင့်ဝတ် နှင့် လူမှုစည်းကမ်းများ ဆိုင်ရာလမ်းညွှန်ထားချက်များ ကို ပေါင်းရုံး၍ လောကနီတိ ဟုခေါ်ဝေါ်သုံးနှုန်းခြင်းဖြစ်သည်။ ရှေးလူကြီးတွေ ထားရစ်ခဲ့သော စကားပုံများ၊ မှတ်သားလိုက်နာဖွယ် အဆိုအမိန့်များ၊ သင်ခန်းစာရယူဖွယ် ဇ...ာတ်ကြောင်း ပုံပြင်တွေကနေ ကောင်းနိုးရာရာတွေကို စုစည်းထားတဲ့ လူမှုဆိုင်ရာ လောကနီတိကျမ်းသည် ဘာသာမရွေး၊ လူမျိုးမရွေး၊ အရွယ်သုံးပါး လိုက်နာဖွယ် ကောင်းလှပါသည်။

ကာကွယ်ရေးဝန်ကြီးဌာန သမိုင်း

ကာကွယ်ရေး ဝန်ကြီးဌာန
(Redirected from ကာကွယ်ရေး ၀န်ကြီးဌာန)


မြန်မာ့တပ်မတော် ၏ အလံတော်
... ၂၀၁၁ခုနှစ်တွင် ပြည်ထောင်စုလွှတ်တော်ဧ။် သဘောတူညီချက်ဖြစ် နိုင်ငံတော်သမ္မတ က ခန့် အပ်လိုက်သော ကာကွယ်ရေး ၀န်ကြီးဌာန ၀န်ကြီးမှာ ဗိုလ်ချုပ်လှမင်းဖြစ်ပြီး ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးမှာ ဗိုလ်ချုပ်ကျော်ညွန့်  ဖြစ်သည်။

Sunday, April 17, 2011

ထိခိုက်ဒဏ်ရာရရှိ၊ ကျဆုံး၊ သေဆုံးစာရင်း

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး
ကျောင်းသားတပ်မတော်
(စစ်ရုံးချုပ်) မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး
(ကျောင်းသားတပ်မတော်)
တွင်
တာဝန်ထမ်းဆောင်ရင်း
၁၉၈၈ မှ ၂၀၀၈ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့အထိ
ထိခိုက်ဒဏ်ရာရရှိ၊ ကျဆုံး၊ သေဆုံးစာရင်း
ထိခိုင်ဒဏ်ရာစာရင်း
ကျဆုံးစာရင်း
သေဆုံးစာရင်း
စာရင်းချုပ်

Student Power - 38min documentary

ABSDF All Burma Students Democratic Front

Wednesday, April 13, 2011

လူထုခေါင်းဆောင်အား လက်တွေ့ကျကျ ၀န်းရံခြင်း


ခင်မမမျိုး

နိုင်ငံတခု၊ တိုင်းပြည်တခုမှာ ကိုလိုနီနယ်ချဲ့စနစ်၊ ဖက်ဆစ်စနစ်၊ စစ်အာဏာရှင်စနစ်၊ ရွေးကောက်ခံအာဏာရှင် စတဲ့ စနစ်ဆိုးတွေ ပေါ်ထွက်လာခဲ့ရင် နိုင်ငံအတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသား ပြည်သူတွေ ဒုက္ခရောက်ကြရပါတယ်။ နိုင်ငံရေး မတည်ငြိမ်မှုတွေ၊ စီးပွားရေးအခြေအနေ ပျက်ယွင်းယိမ်းယိုင်မှုတွေကြောင့် တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေး နှောင့်နှေးသွားလေ့ရှိပါတယ်။ အဲဒီလို အခြေအနေမျိုးမှာ ခေတ်ပျက်ကို အခွင့်ကောင်းယူပြီး နိုင်ငံရေးအာဏာ၊ စီးပွားရေး ချုပ်ကိုင်ခြယ်လှယ်နိုင်မှု စတဲ့ အခွင့်အလမ်းတွေကို ရယူလေ့ရှိတဲ့ မသူတော်လူတန်းစားတွေ ထွက်ပေါ် လာလေ့ရှိသလို၊ စနစ်ဆိုးကို တွန်းလှန်တဲ့ တော်လှန်သော လူတန်းစားတရပ်လည်း ပေါ်ထွက်လာတတ်ပါတယ်။ ဒီတော်လှန်သော လူတန်းစားထဲမှာလဲ ဖောက်ပြန်သော ကိုယ်ကျိုးရှာသမားတွေ ပေါ်လာတတ်သလို၊ ပြည်သူ့အကျိုးစီးပွားကို အမှန်တကယ် ရှေးရှုတဲ့ တော်လှန်ရေးသမားတွေလည်း ပေါ်ထွက်လာပါတယ်။

အနာဂတ် နိုင်ငံတော်



အချိန်က ၂၀၁၂ ခုနှစ် နှစ်ဆန်းပိုင်း ဖြစ်၏။ အရာရာ သစ်လွင်သော နိုင်ငံတော် အဖြစ်သို့ ရောက်ရှိရန် အစိုးရ အသစ်များ ကြိုးစားအားထုတ်နေကြချိန် ဖြစ်သည်။ ထုတ်ကုန်နှစ်ဆ တိုးမြှင့်ကြသလို ၊ ဆက်သွယ်ရေးနှင့် သတင်းကဏ္ဍများတွင်လည်း အချိန်နှင့်တပြေးညီ ဖြစ်အောင်လည်း ဆောင်ရွက်နေကြသည်။ ရေလှောင်တမံများမှ ထုတ်လုပ်သော လျှပ်စစ်ဓါတ်အားများဖြင့် နိုင်ငံအနှံ့ ထိန်ထိန်လင်း နေချိန်လည်း ဖြစ်သည်။

ခေတ်မှီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်အသစ်အတွက် ဌာနပေါင်းစုံမှ နေ့မအားညမအား ကြိုးစားနေကြချိန် အားလုံးထဲတွင် ထူးထူးခြားခြား နာမည်ထွက်လာသည်မှာ ဘဏ္ဍာရေး ဝန်ကြီး ဖြစ်သည်။ နိုင်ငံရဲ့ အရင်းအမြစ်များကို ဖော်ထုတ်ပြီး မသမာမှုများ လာဘ်ပေးလာဘ်ယူမှုများကို ပြင်းပြင်းထန်ထန် ကိုင်တွယ်နေသဖြင့် သူ့လက်ချက်ကြောင့် ရာထူးမှ ဖယ်ရှားခံရသူများ၊ ရာထူးလျောကျသူများ အများအပြား ပေါ်ထွက်လာသဖြင့် ပြည်သူအများ ကျေနပ်ပီတိ ဖြစ်နေကြရသည်။ သူ့ထံ ချဉ်းကပ်ပြီး လာဘ်ပေးရန် ကြံစည်သော စီးပွားရေး သမားများကို ကိုယ်တိုင် သက်သေ လုပ်ပြီး ပြစ်ဒဏ်ကျခံစေသောကြောင့် မသမာသည့် စီးပွားရေးသမားများ မလှုပ်ဝံ့တော့ပေ။ ရိုးရိုးသားသား လုပ်ကိုင်သူများကတော့ နှစ်ထောင်းအားရဖြစ်ကာ နိုင်ငံဆိုတာ ဒါမျိုးဖြစ်ရမှာဟု အချင်းချင်း လက်ဝါးရိုက်ပြီး အားပါးတရရေရွတ် ကြသည်။

Sunday, April 10, 2011

ဒိုင်းနမှိုင်းဖြင့် ဖေါက်ခွဲ ဖျောက်ဖျက်ပစ်၍မရသော ၈၈၈၈ ကျောင်းသားများ၏ ပေးဆပ်မှုတစိတ်တပိုင်း (၈) ။

 မန်းကြိုင်ထွန်း ။

by Kyaing Tun on Saturday, April 9, 2011 at 11:04pm
နဝတ အစိုးရလက်ထက်၊ရန်ကုန်၊မန္တလေးကားအမြန်လမ်းဖေါက်လုပ်ရေး စီမံကိန်း၊ နောက်စီမံကိန်းတခုက ပဲစဉ်းငုံစိုက်ပျိုးရေးစီမံကိန်း၊ နောက် တခုက သီးထပ်စပါးစိုက်ပျိုးရေးစီမံကိန်းတွေဖြစ်ပါတယ်၊ ဒီစီမံကိန်းတွေကိုအကျဉ်းထောင်များမှထောင်ကျ အကျဉ်းသား တွေရဲချွေး၊သွေး၊ အ သက်ပေါင်းများစွာနဲ့  စီမံကိန်းတွေအောင်မြင်အောင်ဘယ်လိုပါဝင်ခဲ့ ၊ဘယ်လိုလုပ်ခဲ့ တယ်ဆိုတာ ပြည်သူတွေမသိကြလို့ သာ နဝတအစိုး ရ ကောင်းတယ်လို့ တချို့ ထင်ကောင်းထင်ကြမယ်၊တကယ်တော့ .....၊
အလျားပေ ၁၀၀×အနံပေ ၄၀ ရှိတဲ့ အိပ်ဆောင်တဆောင်မှာ၊ လူတွေဟာအလျားလိုက်တန်းစီပြီး အိပ်ကြရတယ်၊တယောက်နဲ တယောက်တ ကိုယ်စာနေရာသာရပြီး၊ အိပ်ဆောင်တဆောင်မှာ လူပေါင်း၁၀၀ကျော်ရှိတယ်၊မော်လမြိုင်ထောင်အိပ်ဝင်းဆောင်တဆောင်ထဲမှာတင်အဆောင်(၅)ဆောင်
ရှိတယ်၊

Saturday, April 9, 2011

"ပုဂံခေတ်အကြောင်းသိကောင်းစရာ"

ပုဂံခေတ် (အေဒီ ၁၀၄၄ - ၁၀၈၇)


ပုဂံခေတ်သည် မြန်မာနိုင်ငံတွင်းသို့ ဗမာတိုင်းရင်းသားတို့ရောက်လာပြီးနောက်တွင် တစစနှင့် အင်အားအကြီးဆုံး အနေအထားသို့ရောက်ချိန်ဖြစ်သကဲ့သို့ ယနေ့မြန်မာနိုင်ငံနီးပါးမျှရှိသည့် ပိုင်နက်ကို လည်းသိမ်းပိုက် အုပ်ချုပ်နိုင်ခဲ့ပြီး ပျူ တို့နောက်တွင် ပထမ ပြည်ထောင်စု မြန်မာနိုင်ငံတော်ကိုတည်ထောင်နိုင်ခြင်းဖြစ်သည်။ အစဦးတွင် ဗမာလူမျိုးတို့သည် ကျောက်ဆည်ခရိုင် ဒေသများတွင်အခြေချပြီး တစ်နယ်တစ်မင်းထူထောင်ကာ စုစည်းနေထိုင်ကြရာမှ အေဒီ ၁၀ ရာစုသို့ရောက်သော် ပုဂံမင်းသည် အင်အားအကြီးဆုံးအဖြစ်အသိအမှတ်ပြုခံရကာ မင်းကြီး ဖြစ်လာသည်။ သို့သော်အစောပိုင်း ပုဂံမင်းဆက်များအကြောင်းမှာ ပါးစပ်ပြောရာဇ၀င် သာရှိပြီးတိကျသည့်သမိုင်းအထောက်အထားများကိုမူ ရှာဖွေမတွေ့ရချေ။ အထောက်အထားတို့ကိုအစောဆုံး စတင်ကာတွေ့ရသည့် အနော်ရထာ မင်းလက်ထက်အရောက်တွင် ထေရဝါဒ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်လာကြပြီး၊ နိုင်ငံရေး သြဇာအရလည်း အထွတ်အထိပ်သို့ရောက်လာခဲ့သည်။ သို့သော် ၄င်းအလွန်တွင်နန်းတက်သည့် စောလူးမင်း၏ အရည်အချင်းညံ့ဖျင်းမှုများကြောင့် တိုင်းပြည်ပြိုကွဲလုနီးနီး အန္တရာယ်ကျ ရောက်ခဲ့ပြီး ၄င်းလည်း ရန်သူလက်ချက်ဖြင့် အနိစ္စရောက်ရသည်။

မြေအောင်းပွေး

by UZa Wana on Saturday, April 9, 2011 at 9:53pm


mole (နာမ်)။       ၁။ ပွေးသတ္တဝါ။
၂။ တဖက်ရန်သူအတွင်း အယုံသွင်းမြှုပ်နှံထားသော သူလျှို။
(ပညာရေးဝန်ကြီးဌာန မြန်မာစာအဖွဲ့ထုတ် အင်္ဂလိပ်-မြန်မာအဘိဓာန် မှ)
အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်ဟာ အာဏာရှင်ကက်စထရို အုပ်စိုးတဲ့ ကျူးဘားနိုင်ငံက မိုင် ၉၀ အကွာပင်လယ် ခြားလျက်ရှိတဲ့နယ်မြေဖြစ်ပါတယ်။ ကျူးဘားနိုင်ငံဟာ ရေပတ်လည်ဝိုင်းနေတဲ့ ကျွန်းနိုင်ငံဖြစ်တာကြောင့် ကျူးဘား ပြည်ထဲနေမရတဲ့ အတိုက်အခံတွေ ဒီမိုကရေစီသမားတွေ ဒုက္ခသည်တွေအတွက် ဖလော်ရီဒါပြည်နယ်မြို့တော် မိုင်ယာမီဟာ အချက်အခြာလွတ်မြောက်ဒေသဖြစ်နေရုံတင်မက စားဝတ်နေရေးအတွက်ထွက်လာသူ ကျူးဘား ရွှေ့ပြောင်းအလုပ်သမားတွေအဖို့လဲ အရေးပါတဲ့ အားကိုးခိုနားရာဖြစ်နေပါတယ်။ ဒီကနေ့ ထိုင်းနိုင်ငံ မဲဆောက်မြို့ဟာ မြန်မာအတိုက်အခံမျိုးစုံအတွက် ဗဟိုချက်ဖြစ်နေသလိုမျိုး ဖြစ်ပါတယ်။

အိုဘားမား မိန့်ခွန်းမှ ‘အိုဘားမား အယူအဆသစ်’ မွေးဖွားခြင်း


ရဲနွယ်မိုး ၊            ၊“လွတ်လပ်မှု အသာငမ်းငမ်း တောင့်တသူတွေရဲ့ တော်လှန်ရေး ထဲကနေ ကျနော်တို့ကို
မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ အခု သမိုင်းဟာ အရှေ့ အလယ်ပိုင်းနဲ့ မြောက်အာဖရိက ဘက်ကို
ရွေ့လျားနေတယ်၊ အဲဒီ ရွေ့လျားမှုကိုလူငယ်တွေ ဦးဆောင်နေတယ်ဆိုတဲ့ အချက်ကို ကျနော်တို့ ကြိုဆိုကြရမယ်”
“ဘာကြောင့်လဲ ဆိုတော့ ဘယ်တိုင်းပြည် ဘယ်နေရာမှာဖြစ်ဖြစ် လွတ်လပ်မှုကို တောင့်တသူ၊ တိုက်ပွဲဝင်နေသူတွေဟာ အမေရိကန် ပြည်ထောင်စုမှာ သူတို့ မိတ်ဆွေရှိတာကို တွေကြရလိမ့်မယ်။ ဒါက ကျနော်တို့ရဲ့ အဆုံးစွန် ယုံကြည်ချက် ဖြစ်ပြီး၊ အမေရိကန် ခေါင်းဆောင်မှုကို အစစ်အမှန်တိုင်းတာတဲ့ စံနှုန်းစံထား (ideals) တွေလည်း ဖြစ်ပါတယ်” 

"အစိုးရသစ် အပြောင်းအလဲအပေါ် အမြင်"


၇) ဧပြီ၊ ၂၀၁၁ခုနှစ်၊ ကြာသပတေးနေ့၊ ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ (၁) အမှတ် (၃၉)၊
ဒေါက်တာခင်မောင်ညို၊ စာရေးဆရာ
(ဇင်သီဟ တင်ပြသည်)

လောလောဆယ် နှစ်ပေါင်း (၅၀) လောက်ဒီတိုင်းပဲ ရှိလာခဲ့တာဆိုတော့ ရုတ်တရက်တော့ ပြောင်းလဲစရာ မရှိပါဘူး။ အထူးသဖြင့် ကျွန်တော်တို့မှာ နိုင်ငံရေးကို အထက် လမ်းညွှန်မှု အောက်မှာပဲ လုပ်နေကြတာများတယ်။ နိုင်ငံရေး Practice ကမရှိကြဘူး။

ကျွန်တော်တို့ ဆီမှာ ခေါင်းဆောင်ဆိုတာကလည်း တပ်မတော်က ခေါင်းဆောင်တွေပဲ။ သူတို့ကိုယ်တိုင်က နိုင်ငံရေး Practice မရှိဘူး။ သူတို့ကို Train လုပ်လာကတည်းက စစ်တိုက်ဖို့ Train လုပ်လာတာ၊ ဒီလူတွေရဲ့ ဘ၀ရည်မှန်းချက်က တပ်ရင်းမှုးလောက် ကိုရရင်ဆိုတဲ့ ရည်မှန်းချက်ပေါ့။ အဲဒီတော့ သူတို့ ဗိုလ်ချုပ်ကြီးတွေ ဖြစ်လာကြတယ်။ အဲဒီကနေမှ တိုင်းပြည်ကို အုပ်ချုပ်ရမယ်ဆိုတော့ သူတို့ အနေနဲ့ကလည်း တစ်ကယ့် တစ်ကယ် နိုင်ငံရေးနဲ့လုံးဝ မဆိုင်ဘူး။ နိုင်ငံရေး အတိအကျနားလည်တဲ့ ပုဂ္ဂိုလ်မရှိဘူး။ မရှိတဲ့အတွက် လောလောဆယ် အပြောင်းအလဲတွေ ဘယ်လိုမှ လုပ်သွားလို့ မရသေးဘူးလို့ ကျွန်တော် ထင်တယ်။

Thursday, April 7, 2011

In Memory of the Fallen

  • ဒီစာမျက်နှာဟာ မကဒတ မှာ ကျဆုံးသွားတဲ့ ရဲဘော်၊ရဲမေ များအတွက် တနေရာတည်းမှာ စုစုစည်းစည်း အမှတ်တရအဖြစ်ဖန်တီး ထားတာ ဖြစ်ပါတယ်။ သူတို့ရဲ့ ကျန်ရှိနေသေးသော မိသားစုဝင်များ သူတို့အကြောင်းကို သိရှိနိုင်အောင်လည်း ရည်ရွယ်ပါတယ်။ မည်သူမဆို မကဒတ မှ ကျဆုံး၊သေဆုံးသွားသော ရဲဘော်၊ရဲမေ များနှင့် ပါတ်သက်ပြီး ဒီစာမျက်နှာ မှာ ပါဝင်ရေးသားပေးကြဘို့ ဖိတ်ခေါ်ပါတယ်။

"Zulu" ရဲ့ နောက်ဆုံးနေ့ 

by In Memory of the Fallen on Thursday, February 3, 2011 at 2:44pm

Zulu ဆိုတာ တခြားလူမဟုတ်ပါ။ ABSDF တနည်း မကဒတ ဟုအမည်တွင်သော၊ ကျောင်းသားတပ်မတော်ရဲ့ စစ်ရေးကျွမ်းကျင်နှံ့ စပ်သူ၊ စစ်ဦးစီး အရာရှိချုပ် တာဝန်ထမ်းရွက်နေသော ရဲဘော်ထွန်းဦး (ခ) ဗိုလ်ထွန်းဦး ပင်ဖြစ်ပါသည်။

အသားအလွန်မဲပြီး၊ ပိန်ပိန်ပါးပါး၊ ဖြတ်ဖြတ်လပ်လပ်၊ တက်တက်ကြွကြွ၊ ရဲရဲရင့်ရင့်၊ တွေးခေါ်၊ပြောဆိုလှုပ်ရှားတတ်သူဖြစ်ပြီး ၊ တိုက်စိတ်ခိုက်စိတ် ပြင်းပြလွန်းသူမို့  တင်စားပြီး ခေါ်ဝေါ်ကြတာ ဖြစ်ပါသည်။  ဆက်သွယ်ရေးစက်ရဲ့ အမည်ဝှက်၊ သညာဝှက်လည်းဖြစ်သည်။

ရဲဘော် ဆန်းလင်း




အလယ်တန်းပြဆရာ ဦးမင်းဝေ နဲ့ အလယ်တန်းပြဆရာမ ဒေါ်ဘောက်ခွန်တို့ရဲ့ ဒုတိယမြောက်သား ကိ
ုဆန်းလင်း ကို ၁၉၆၃၊ ဒီဇင်ဘာလ ၃ ရက်နေ့မှာ ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့မှာ မွေးဖွားခဲ့ပါတယ်။ လားရှိုးမြို့မှာ ၁၀ တန်းအောင်ခဲ့ပြီး ၁၉၈၃ မန္တလေး GTI နောက်ဆုံးနှစ်က ကျောင်းရှေ့မှာ ရဲနဲ့ ကျောင်းသားတွေ ရန်ပွဲကတဆင့် ရုန်းရင်းဆန်ခတ်ဖြစ်တော့ သူက ကျောင်းသားတွေကို ဦးဆောင်ခဲ့လို့ ကျောင်းတနှစ် ထုတ်ခံရပါတယ်။ ဒါကြောင့် ၁၉၈၄ မှာမှ Civil Engineer ဘွဲ့ကို ရခဲ့ပါတယ်။

ရဲဘော်တိုင်းကျော် ကောင်းရာသုဂတိလားပါစေ


မတ်လ ၃၁ ရက်နေ့ မနက် နှစ်နာရီဝန်းကျင်၌ ဘ၀တပါးသို့ကူးပြောင်းသွားသော ကိုတိုင်းကျော် ပုံကို အမှတ် ၂၁၀ တပ်ရင်းမှရဲဘော်ဟောင်းများနှင့် ABSDF မှ ရဲဘော်များ ပြန်လည်မြင်တွေ့စေဖို့တင်ပေးလိုက်ပါသည်။

Monday, April 4, 2011

ဗိုလ်ချုပ်မြင်သော နိုင်ငံရေးသမား

    ဖြစ်နိုင်သည်ဆိုသောကိစ္စတိုင်း အလိုအလျောက် ဖြစ်လာမည်မဟုတ်။ ဖြစ်လာနိုင်မှုများ အပေါ်တွင်သာ မျှော်လင့်အားထားနေ၍ မရနိုင်၊ ကျွန်တော်တို့သည် ကျွန်တော်တို့၏ အောင်မြင်ရေးအတွက်သာမက အနိုင်မခံရရေးအတွက်ပါ ကျွန်တော်တို့၏ စွမ်းအား ၊လုံ့လ၊ အင်အားနှင့် ပြင်ဆင်မှုအပေါ် ယုံကြည်အား ထားရမည်။ 

* ဒီမိုကရေစီလမ်းကြောင်းက သွေဖည်အောင် မလုပ်ပါနဲ့*

by Aye Min on Monday, April 4, 2011 at 8:03pm
 ထိုင်းနိုင်ငံ ဘန်ကောက်မြို့က နိုင်ငံတကာ အဖွဲ့အစည်းတခုမှာ အလုပ်လုပ်နေတဲ့ အနောက်နိုင်ငံသူ အမျိုးသမီးတစ်ယောက် ရောက်လာပါတယ်။ တစ်ခါမှ မတွေ့ဖူးသူပါ။ မိတ်ဆွေတစ်ယောက်ရဲ့ မိတ်ဆက်လမ်းညွှန်မှုနဲ့ ရောက်လာတာ ဖြစ်ပါတယ်။

*လက်မ၀င်ဘူး*
သူက လိင်ခွဲခြားမှု (gender discrimination) နဲ့ ပတ်သက်တဲ့ သုတေသန လုပ်နေသူပါ။ မေးမြန်းဆွေးနွေးချင်တာတွေ မေးခွင့်ပြုပါလို့ မေတ္တာရပ်ခံတာကြောင့် စကားပြောဖြစ်ကြပါတယ်။ သူကိုယ်တိုင်က အလေးအနက် လေ့လာထားလို့ စကားပြောရတာ လက်မ၀င်ဘူး။ အဆင်ပြေတယ်။ ဘယ်လောက်ထိ လေ့လာထားသလဲဆိုရင် မဟာယနနဲ့ ဟိနာယန ဗုဒ္ဓဘာသာဂိုဏ်းတွေအကြောင်း ကောင်းကောင်းသိထားတယ်။ မြန်မာတို့ရဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေကို သူက အတော်ကြီး လေးစားတယ်။ တခြား အိမ်နီးချင်းနိုင်ငံတွေလို အမျိုးသမီးတွေကို ဒုတိယတန်းစား လူသားများအဖြစ် သဘောမထားဘဲ အိမ်ထောင်စုရဲ့ စီမံခန့်ခွဲသူ ငွေကိုင်အဖြစ် နေရာပေးတာကို သူက ချီးကျူးတယ်။

ကိုထွန်းအောင်ကျော်ရဲ့ တုန်ပြန်မှု

ကိုဝင်းမောင်
ဗမာလို ကွန်ပြူတာမှာ စာမရိုက်တတ်သေးလို နောက်ကျတာခွင့်လွှတ်စေချင်တယ်၊ အနောက်နိုင်ငံမှာနေလို မအားဘူးဆိုပေမဲ့ ခုလိုစာရှည်ရှည်ရေးနိုင်တာက ခင်ဗျားအတော်ပြောချင်နေပုံရတယ်လို ယူဆပါတယ်။ ကျွန်တော့်လုပ်ရပ်ကို အသိအမှတ်ပြုတယ်ဆိုလို ကျေးဇူးတင်ပါတယ်။
နိုင်ငံခြားတပ်တွေဝင်ရောက်ဘို့ တောင်းဆိုတာကိုလူမျိုးစုအဖွဲ့ အစည်းတွေက Initiate လုပ်တယ်ဆိုရင် ပိုကောင်းတာပေါ့လို ခင်ဗျားက ရေးတဲ့အတွက်ရယ်၊ သူတို့ က တကယ်စစ်တိုက်နေတဲ့သူတွေကိုး၊ သူတို က စတင်တယ်ဆိုရင် ပိုပြီး သဘာဝကျတာပေါ့လို ဆိုတာတွေဟာ လူမျိုးစုတွေ အကြောင်းခင်းဗျားသိပုံမပေါ်ဘူး ဆိုတာထင်ရှားနေပါတယ်၊ သူတို့ ရဲ့ သဘောထားကို အရင်တီးခေါက်ကြည့်ပါအုံးလို့ ပြောပါရစေ၊ နောက်ပြီး ဆရာကြီးလုပ်ပြီး ဒီကိစ္စကို တဦးတည်းသဘောနဲ့ တင်တယ်ထင်လို့ ခင်ဗျားကောက်ချက်ချတာဘဲဖြစ်လိမ် မယ်၊ ဒီစာမတင်ခင်လူမျိုးစု ခေါင်းဆောင်တချို့ နဲ့ အတူ ၈၈ မျိုးဆက်ခေါင်းဆောင်တွေနဲ့ ဆွေးနွေးခဲ့ကြတယ်၊ သူတို က Petition လုပ်ပါလို့ တာဝန်ပေးလို ကျွန်တော်ရေးတင်လိုက်တာဖြစ်တယ်၊ ဆရာကြီးလုပ်တယ်လို ခင်ဗျား ထင်တာမှားနေပြီ။

Sunday, April 3, 2011

မြန်မာ့ ဒီမိုကရေစီအရေး ဘာကြောင့် မအောင်မြင်သေးတာလဲ

လူတွေကတော့ ဒေါက်တာ ဂျင်းရှပ် (Dr. Gene Sharp) အား အီဂျစ်သမ္မတ မူဘာရက်ကို ဖြုတ်ချခဲ့သူလို့ ပြောစမှတ်ပြုနေကြတယ်။ ဒီလို ပုံဖော်ပြောဆိုတာဟာ အာဏာရှင်အုပ်စိုးမှုကို ဆန့်ကျင်အန်တုခဲ့တဲ့ အီဂျစ်ပြည်သူတွေရဲ့ အုံကြွမှုကို အထင်သေးလိုက်တာပဲလို့ သူကတော့ မြင်ပါတယ်။ အဲဒီမတိုင်ခင်က ဒေါက်တာ ဂျင်းရှပ်ဟာ လူထုအုံကြွမှု မျက်နှာဖုံးစွပ်အောက်ကနေ အမေရိကန်လိုလားတဲ့ အစိုးရ အပြောင်းအလဲ ဖြစ်ရေးအတွက် လုပ်ပေးနေသူတယောက်လို့ တီးတိုးဝေဖန် ခံခဲ့ရသူ တယောက်ဖြစ်ပါတယ်။ သူက အဲဒီလိုစွပ်စွဲချက်တွေကို “ရယ်စရာ” လို့ ပြောဆိုလိုက်ပြီး အမေရိကန်ပြည်ထောင်စုမှာ ကိုရီးယားစစ်ပွဲအတွင်း စစ်မှုမထမ်းမနေရ ဥပဒေကို ဆန့်ကျင်လို့ အာဏာဖီဆန်မှုနဲ့ ထောင်ကျခံရဖူးတာကို အမှတ်ရပါတယ်လို့ ဆိုပါတယ်။

400x271
ဒေါက်တာ ဂျင်းရှပ်သည် သူ၏ အကြမ်းမဖက်တော်လှန်ရေး အယူအဆများကြောင့် ကျော်ကြားသည် (ဓာတ်ပုံ - AP)
“အာဏာရှင်စနစ်မှသည် ဒီမိုကရေစီစနစ်ဆီသို့” စာအုပ်ဟာ သူ့ရဲ့ လူသိအများဆုံးနဲ့ သြဇာတက္ကိမ အရှိဆုံး စာအုပ်လို့လည်း ဆိုနိုင်ပါတယ်။ ကမ္ဘာတလွှား မဟာဗျူဟာမြောက် နှလုံးရည်တိုက်ပွဲတွေအတွက် ထင်ရှားတဲ့ လက်စွဲစာအုပ်ဟာ အမှန်စင်စစ် ၁၉၉၀ အစောပိုင်းနှစ်များအတွင်း ဒေါက်တာ ရှပ် မြန်မာအတိုက်အခံများ၊ တိုင်းရင်းသားအုပ်စုများနဲ့ လက်တွဲလုပ်ဆောင်ရာမှ ထွက်ပေါ်လာသော စာအုပ်တအုပ်ဖြစ်ပါတယ်။ စစ်အာရှင်အုပ်ချုပ်မှုအောက်မှ တိုင်းပြည်တခု လွတ်မြောက်ရေးအတွက် စီမံချက်တခုသဖွယ် ရည်ရွယ်ရေးသားခဲ့တာ ဖြစ်ပါတယ်။

ကိုထွန်းအောင်ကျော်သို့ ပေးစာ


နယ်စပ်မှာ စစ်တိုက်နေတဲ့ အဖွဲ့အစည်းတွေက အားလုံးသဘောတူပြီး ဒီလိုတောင်းဆိုရင်တော့ တမျိုးပေါ့။  နိုင်ငံတကာ တပ်တွေဝင်တိုက်ပေးပါလို့ဆိုတာက ကိုယ်တွေ ညံ့ရာကျပါတယ်။

မြန်မာပြည်အခြေအနေဟာ အာဖဂန်၊ အီရပ်၊ လစ်ဗျားတို့နဲ့ အခြေအနေမတူပါဘူး။ အာဖဂန်တာလီဘန်က ၉-၁၁ မှာ ဝေါထ ရိတ်စင်တာကို တိုက်လို့၊ ဆဒမ်ဟူစိန်က အမေရိကန်နဲ့ အနောက်ကမ္ဘာကို အကြိမ်ကြိမ်ခြိမ်းခြောက်လို့၊ ကဒါဖီကလည်း အမေ ရိကန်ကိုခြိမ်းခြောက်လို့၊ ကဒါဖီဟာ ကုလသမဂ မှာ လွန်ခဲ့တဲ့နှစ်က ဘယ်သူ့ကိုမှ ဂရုမစိုက်ဘဲ မိန့်ခွန်းရှည်ကြီး ပြောခြင်ရာ ပြောတဲ့အတွက်သူ့ကို သူ့အာရပ်ကမ္ဘာကပါ အမြင်ကပ် ကြည့်မရတာတွေကြောင့်၊
Related Posts Plugin for WordPress, Blogger...