Tuesday, May 31, 2011

အတိုက်အခံတွေ ဒိတ်အောက်ကုန်ပြီလား

အခုတလော အပေါင်းအသင်းအချို့နဲ့ စကားပြောဖြစ်ပါတယ်။ အနာဂတ်မြန်မာ့နိုင်ငံရေးကိုလည်း ဆွေးနွေးဖြစ်ပါတယ်။ သူက ရွေးကောက်ပွဲကို ထောက်ခံသူ ဖြစ်ပြီး လက်ရှိလွှတ်တော်ကို ဒီမိုကရေစီရဲ့ အဆောက်အဦးလို့ မြင်ပါတယ်။ အခြေခံဥပဒေကို လက်မခံပေမယ့် ဒီအခြေခံဥပဒေကို ပြင်ဖို့ အနှစ်(၂၀) ပူးသတ်ဖို့ စဉ်းစားနေသူ ဖြစ်တယ်။


တိုင်းရင်းသားပါတီတွေထဲက ရခိုင်နဲ့ရှမ်းကို အားကျပြီး ကျားဖြူပါတီဟာ စောင့်ကြည့်ရမယ့်ပါတီဖြစ်ကြောင်း ပြောပါတယ်။ ကျားဖြူပါတီဟာ ပါတီရန်ပုံငွေအတွက် စီးပွားရေးကိုလည်း လုပ်မှာဖြစ်လို့ ကြံ့ဖွတ်အစိုးရကို ကောင်းကောင်းယှဉ်ပြိုင်နိုင်မယ်လို့ သူက ယုံတယ်။ ပါတီရန်ပုံငွေမရှိယင် ရေရှည်သွားဖို့ မဖြစ်ကြောင်း သူက သုံးသပ်ပြတယ်။ စီးပွားရေးမလုပ်တဲ့ အရွေးကောက်ခံမွန်ပါတီကိုတော့ ဝေဖန်သွားပါတယ်။

တရုတ်အချောင်သမားဝါဒနှင့် နားလည်ရခက်သောမြန်မာပြည်

by Kyi Win on Tuesday, May 31, 2011 at 4:19pm
မြန်မာပြည်နှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံ၏ အပြုအမူသည် နှစ်ပေါင်းများစွာပင် အငြင်းပွါးဖွယ် ဖြစ်နေခဲ့သည်။
 မြန်မာအစိုးရနှင့် ပြုလုပ်သော တရုတ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေး မှန်သမျှကို မြန်မာအစိုးရ၏ အတိုက်အခံတို့က အမြဲလိုပင် မြန်မာနိုင်ငံ၏ အာဏာရ အဝန်းအဝိုင်းကိုသာ ကြွယ်ဝချမ်းသာစေသည်၊
 လူ့အခွင့်ရေး ချိုးဖောက်မှုများကိုသာ ဖြစ်ပေါ်စေသည်၊ တိုင်းပြည်အဝှမ်း အခြေအနေများကို ပို၍သာဆိုးလာစေသည်ဟု ပြစ်တင်ဝေဖန်ခဲ့သည်။ ယခုမြန်မာသမ္မတ ဦးသိန်းစိန် တရုတ်ပြည် ခရီးစဉ် အပြီးတွင်လည်း မြန်မာဘလော့များနှင့် သတင်းများကို ကြည့်လိုက်ပါက လူ့အခွင့်အရေး အကြီးအကျယ် ချိုးဖောက်နေသာ အစိုးရများကို ထောက်ခံအားပေးနေသည်၊ ပီကင်းသည် မြန်မာနိုင်ငံကို ၂၁ ရာစု ကိုလိုနီသဖွယ် ဆက်ဆံနေသည်ဟု ပြစ်တင်ဝေဖန် ထားကြသည်ကိုသာ တွေ့ရသည်။

မြန်မာနိုင်ငံ ပညာရေးကဏ္ဍ တိုးတက်အောင် ဘာတွေ လုပ်နိုင်မလဲ

May 29th, 2011 | Author: Myat Shu Team

ပြည်သူ့ခေတ် ဂျာနယ်၊ အတွဲ ၁၊ အမှတ် ၄၄ (မေလ ၂၆ ရက်၊ ၂၀၁၁ ခုနှစ်) ထုတ် ဂျာနယ်မှ အထက်ပါ ခေါင်းစဉ်ဖြင့် ပညာရေး၊ နိုင်ငံရေး နယ်ပယ်မှ ပုဂ္ဂိုလ်များ၏ အမြင်ကို စုစည်းတင်ပြထားသည့် ကဏ္ဍမှ ကောက်နှုတ် ထားပါသည်။

မျက်ရှု စာစုအဖွဲ့



(၁) “ ဟိုနားနည်းနည်း ဒီနားနည်းနည်း ပြင်လို့မရဘူး”
ဒေါက်တာ မြင့်မြင့်ခင်

ပညာရေးစနစ်ဆိုတာ တက်ရောက်သင်ကြားနေတဲ့ ကျောင်းသားတွေအတွက် သူတို့ရဲ့ဘ၀မှာ နေထိုင်ဖို့ ပြင်ဆင်မှုတစ်ခုပဲ ဖြစ်တယ်။ ဒီပညာရေးစနစ်က ထွက်သွားတဲ့သူဟာ ဘ၀မှာ ကြုံတွေ့လာတာတွေကို ရင်ဆိုင်တတ်ပြီး အလုပ်ကိုလည်း အဆင်ပြေချောမွေ့စွာ ၀င်ရောက်လုပ်ကိုင်နိုင်ဖို့ဆိုတဲ့ အခြေအနေမျိုး ရှိဖို့ ကောင်းတယ်။ အခုတော့ ဒီပညာရေးက ဒီလို မဟုတ်ဘူး။ Skill ဆိုတဲ့ အရည်အသွေးပိုင်းကို ဘာမှ လုံးဝ မပေးထားဘူး။ ဒါကြောင့် ဘေးက ပံ့ပိုးမှု program တွေ လိုတယ်ဆိုတာကို အဓိက ပြောချင်တယ်။ ကျောင်းသားတွေရဲ့ character ကလည်း မျိုးစုံ ရှိတဲ့အတွက်ကြောင့် သူတို့ အားလုံးရဲ့ လိုအပ်ချက်ကိုလည်း ပြန်ပြီး ရှုမြင်ပေးရမယ်။ ဥပမာ ပြေုာရရင် enrichment program မှာ ဧ၀ရတ်တောင်သည် ဘယ်လောက်လောက် မြင့်ပါသည်။ ဧရာဝတီမြစ်သည် ဘယ်လောက်ရှည်ပါသည် ဆိုတာနဲ့တော့ ဘာမှ ဖြစ်မလာဘူး။ Enrichment program ဆိုတာက Knowledge ကို မူတည်ပြီး ဘ၀မှာ ကြုံတွေ့ရမယ့် အတွေ့အကြုံကို  (critical thinking), (decision making), (problem solving) ဒါတွေကိုပါ သင်ပေးရမယ်။ ဒါကြောင့် teaching learning method က အရေးကြီးတယ်လို့ ကိုယ်ပြောတာ။ နံပါတ် (၁) ဟာ Teaching learning method ပဲ။ နောက်တစ်ခုက စာစစ်နည်း evaluaton က အရေးကြီးတယ်။ အခုက စာမေးပွဲ စစ်တဲ့အခါ စာတွေ ပြန်အန်ချ အမှတ်တွေက ၈၀၊ ၉၀ တွေရ၊ ဂုဏ်ထူးတွေ ၅ ခု ၆ ခု ရကြဆိုတော့ သူတို့က ဒါကိုပဲ လုပ်ကြတော့တယ်။ ဒီလိုမဖြစ်ထိုက်ဘူးဆိုတာကို message ပေးချင်တယ်။ နောက်တစ်ခု ပြောချင်တာ ပညာရေးမှာ ကွာဟမှု ဖြစ်ပေါ်နေတယ်။

"နိုင်ငံတော်အကြမ်းဖက်မှုနှင့် မြန်မာနိုင်ငံ"

(April 3, 2009 နေ့သစ်မှာတင်ခဲ့သော ဆောင်းပါးကို ပြန်လည်တင်ဆက်ခြင်း ဖြစ်ပါတယ်)
အကြမ်းဖက်မှု (Terrorism) ဆိုတဲ့ စကားလုံးလေးဟာ နှစ်ဆယ်ရာစုနှောင်းပိုင်းနဲ့ နှစ်ဆယ့်တစ်ရာစု ကာလတလျှောက်မှာ ရေပန်းအ တော်စားလာတဲ့ စကားလုံးလေးဖြစ်ပါတယ်။ ဒီစကားလုံးနဲ့ ပတ်သက်ပြီး အဓိပ္ပာယ်အမျိုးမျိုး ဖွင့်ဆိုခဲ့ကြသလို၊ အကြမ်းဖက်မှုပုံစံ အမျိုး မျိုးကိုလဲ လေ့လာသူတွေက လေ့လာသုံးသပ်ခဲ့ကြတယ်။ အချို့သော ပညာရှင်များက သမိုင်းရှုထောင့်က လေ့လာကြသလို၊ တချို့ကလဲ အတွေးအခေါ်ပိုင်းကနေ လေ့လာသုံးသပ်ကြတယ်။ နိုင်ငံရေးဘောဂဗေဒ ပညာရှင်များကလဲ ဂိမ်းသီအိုရီတွေ၊ time series analysis, econometric analysis နည်းလမ်းတွေကို အသုံးပြုပြီး၊ အကြမ်းဖက်မှုချေမှုန်းရေးဆိုင်ရာ ပေါ်လစီများရဲ့ ထိရောက်မှုစတာတွေကို ဆန်း စစ်ခဲ့ကြတယ်။

Saturday, May 28, 2011

နိုင်ဝင်းဆွေ သို့မဟုတ် အနုပညာမှော်ဝင်စားသူ

 (အောင်ငြိမ်း)

Posted by admin on May 26, 2011 0 Comment
ဆရာနိုင်ဝင်းဆွေ
(တစ်)
ကိုနိုင်ဝင်းဘဝစာမျက်နှာများရဲ့ နောက်ဆုံးခရီးကို ပြည့်ပြည့်စုံစုံသိမှ ကိုနိုင်ဝင်းကို မှန်မှန်ကန်ကန် နားလည်နိုင်မှာ ဖြစ် တဲ့အတွက် နိုင်ဝင်းဆွေ ရုပ်ပုံလွှာကို အလွမ်းဓာတ်ခံနဲ့ ရေးပါတယ်။
ကိုနိုင်ဝင်းဟာ တကယ်တော့ အနုပညာမှော်ဝင်စားသူပါ။ သူ့ရုပ်ပုံလွှာ တစိတ်တပိုင်းကို ပြည်ပမှာ ထုတ်ဝေတဲ့ နိုင်ဝင်း ဆွေ အမှတ်တရ စာအုပ်မှာ ‘မိုင်းယန်းတိုက်ပွဲကြားက ကိုနိုင်ဝင်းဆွေ’ ဆိုတဲ့ ခေါင်းစည်းနဲ့ ကျွန်တော် ဆောင်းပါးတပုဒ် ရေးခဲ့တယ်။

Friday, May 27, 2011

စာရိတ္တ သတ္တိ(ဆရာ အောင်သင်း)

စာရိတ္တ သတ္တိ(ဆရာ အောင်သင်း)

"ရာဇ၀တ်သားရဲ့ အချစ်ပုံပြင်"



[By Robina Lwin]


     ကိုဖိုးရှုပ်…ကိုဖိုးရှုပ်..နေတော့ တဲစုတ်..စားတော့ ငပိဖုတ်..လုပ်တော့ မဟုတ်
တရုပ်..ပြောတော့ အချစ်တပုဒ်…..တဲ့
     ကွမ်း မပြတ်စားထားတဲ့သွား နီနီ ရဲရဲ ကျဲကျဲ ..အနားဖွာလန်ကျဲနေတဲ့ဆံပင်..
အသား ညိုညို ပုဆိုးတိုတိုတုပ်တုပ် ၀တ်ပြီး အလုပ်နဲ့ လက်မပြတ်အောင် လုပ်နေ
တက်တဲ့ ကိုဖိုးရှုပ်….
      ရွာအစွန် တောင်ဂမူလေးဘေးက တဲကုတ်လေးထဲမှာ သူချစ်ရလွန်းတဲ့ မဟေ
သီလေး လွန်းမေနဲ့ နေရတဲ့ ဘ၀က နန်းတော်ထဲမှာ ဘုရင်မရဲ့ယောင်္ကျား လုပ်ရတဲ့
ဘ၀နဲ့  မလဲနိုင်ပါဘူးလို့  ခဏခဏပြောတက်တဲ့ ကိုဖိုးရှုပ်…..
      ကိုဖိုးရှုပ်က ဆင်းရဲမွဲတေပေမဲ့ ချစ်တက်တဲ့ နှလုံးသားပိုင်ရှင်ဗျ လို့ လဲ ပြော
တက်သေးတယ်..

Thursday, May 26, 2011

"တရားခံဖြစ်သွားသောရှေ့နေ"

[By Mizzima မဇ္ဈိမ]

ကိုဖိုးဖြူ | ကြာသပတေးနေ့၊ မေလ ၂၆ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၂၅ မိနစ်

ညဆိုးရဲ့ နိဒါန်း

အချိန်ကား ည ၁၁းဝဝ နာရီ၊ နေရာကား မကွေးမြို့၊ နေ့ရက်ကား ၂ဝဝ၉ ခုနှစ်။ ၂ဝ၁ဝ အကြို နှစ်သစ်ကူးည။

ဆိုင်ကယ်တွေ တဝီဝီနဲ့ သူတကာ စုံတွဲတွေ ပျော်နေချိန်မှာ ကျနော်တယောက်ကတော့ မကွေးမြို့လမ်းမထက်မှာ လမ်းလျှောက်နေတုန်းပဲ။ တည်းခိုဖို့ လက်ခံမယ့် တည်းခိုခန်းကိုရှာနေရတုန်းပဲ။

“ညီလေး၊ လူကောင်း တယောက်ဆိုတာ မြင်ရုံနဲ့ သိပါတယ်။ ဒီမှာလည်း ညီလေးရဲ့ ရှေ့နေလိုင်စင်ကိုပြတော့ ဒီမြို့ကို အမှုလာလိုက်တာ မဟုတ်လား။ အကိုတို့ တည်းခိုခန်းမှာ လက်ခံလို့ မရလို့ပါ။ အကိုတို့ကို နားလည်ပေးပါ”

တည်းခိုခန်း မန်နေဂျာရဲ့ စိုးရိမ်ထိတ်လန့်စိတ်၊ အားနာစိတ်နဲ့ ပြောနေရတာကို နားလည်ပါတယ်။ နောက်တည်းခိုခန်း ပိုင်ရှင်ကတော့ “ခင်ဗျားက ရှေ့နေလား၊ ကျုပ်တို့ သိပြီးပါပြီ။ အခန်းမရဘူးဗျာ”

ဗိုလ်ချုပ်အား ဤသို့... လုပ်ကြံခဲ့သည်...


9 comments

အမည် ။ ။ ရန်ကြီးအောင် (ခေါ်) မောင်လှထွန်း
အသက် ။ ။ ၁၈နှစ်
လူမျိုး ။ ။မြန်မာ
ကိုးကွယ်သည့်ဘာသာ ။ ။ဗုဒ္ဓဘာသာ
အဘအမည် ။ ။ကိုမောင်ထွန်း




ဓါတ်ပုံအား (ဧရာဝတီ)ထံမှ ယူသုံးသည်။

ကျွန်တော်သည်အုတ်ဖိုမြို့ အရှေ့အလယ်ကုန်းရွာတွင် လွန်ခဲ့သော ၉-နှစ်၊၁၀-နှစ်လောက်ကစပြီး နေထိုင်ပါသည်။ ကျွန်တော်မွေးသည့်အရပ်မှာ အုတ်ဖိုမြို့ဖြစ်ပါသည်။ ငယ်စဉ်ကကျွန်တော်သည် အုတ်ဖိုမြို့ ဦးစံလှ၏ မြန်မာစာသင်ကျောင်းတွင် တတိယတန်းအထိ စာသင်ဘူးပါသည်။ လွန်ခဲ့သည့် ၄-လ က ဂဋ္ဌုန်ဦးစော အုပ်ဖိုမြို့သို့လာသောအခါ မင်းတိုင်ပင် အမတ်ဟောင်း ဦးဘရင်၏နေအိမ်တွင်တည်းခိုပါသည် ။ ဦးစော၏ နှမ၀မ်းကွဲတော်သူ မတင်ညိုက ကျွန်တော့်အား “နင့်ဦးလေး ဦးစောရောက်နေတယ် ၊ တခါမှမင်းကို မမြင်ဘူးသေးဘူး ၊ သွားကြည့်အုံး”ဟု ပြောပါ သည်။

ကိုလိုနီယားနာနှင့် အဆောင်အယောင် နိုင်ငံရေး

by Ahmad Zaw on Friday, April 29, 2011 at 10:07pm
  စနေနေ့၊ ဧပြီလ 30 ရက် 2011 ခုနှစ် ဘိုဘိုကျော်ငြိမ်း ဆောင်းပါး - မဇ္ဈိမသတင်းဌာနအင်္ဂလိပ်ဘုရင်မမြေး မင်္ဂလာဆောင်ကို ကမ္ဘာက အာရုံစိုက်ကြည့်နေကြသည့်အတွက်ပုဂ္ဂိုလ်ရေး ကိစ္စ ဇာချဲ့လွန်းသည်ဟု မျက်မွေးစူးစရာပင် ဖြစ်တော့သည်။ တချို့ကလည်း ကိုယ့်တိုင်းပြည်ကျွန်လုပ်သွေး စုပ်သွားသည့် ဘုရင်အမျိုးအနွယ်တွေကို ဤမျှ အလွမ်းပိုမနေသင့်ဟု စောကြောကြသည်။ပုဂ္ဂိုလ်ရေး သတင်းဆိုသည်က လူစိတ်ဝင်စားအာရုံစိုက်ခံရသူများသတင်းမှာ သတင်းအရ တန်ဖိုးတမျိုးတော့ရှိလေသည်။ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည် ဒီတခေါက်ပြန်လွတ်လာသည်ကအစ အခုထိသူသွားလာလှုပ်ရှား ဝတ်ဆင်သည်ကအစ သတင်းဖြစ်နေသည်မဟုတ်ပါလား။

Wednesday, May 25, 2011

အင်တာနက်ပေါ်မှ မြန်မာစာအုပ်များ

မြန်မာ့ရိုးရာဓလေ့၊ သဘောသဘာဝ၊ အရည်အသွေး၊ အနုပညာနှင့် ဗဟုသုတများ၊ အထူးသဖြင့် မြန်မာတို့၏ အစဉ်အလာ ဂုဏ်သိက္ခာများကို လေ့လာ၊ အတုယူ၊ ထိန်းသိမ်းနိုင်ကြစေရန် ရည်ရွယ်လျက် အင်တာနက်ပေါ်မှ ရရှိသော မြန်မာစာအုပ်များကို မူရင်းရရှိသည့်စာရင်းအတိုင်း ပြန်လည် ဖော်ပြလိုက်ပါသည်။
  1. အနာဂတ်မျက်လုံးရှင် (အောင်ခန်.)
  2. ကာလီဒေ၀ီ (အောင်ခန်.)
  3. လက်သုံးတော်ဓါး (အောင်ခန်.)
  4. နေဘုရားတော် (အောင်ခန်.)
  5. အမွေ အောင်သင်း
  6. သေကိန်းဆိုက်တဲ့ညနှင့်အခြားဝတ္တုတိုများ အောင်သင်း
  7. ဥာဏ်ပညာ ထက်မြက်သူတို.လက်စွဲ ချစ်နိုင် (စိတ်ပညာ)
  8. အနှစ်၃၀ ချစ်နိုင် (စိတ်ပညာ)
  9. သိပ္ပံမှသည် သစ္စာဆီသို. (ချစ်ငယ်)

Tuesday, May 24, 2011

- တော်လှန်ရေးမျိုးဆက်များ။ (Generations of the Revolution)-

-ထွန်းအောင်ကျော် -18,5, 2011
ထွန်းအောင်ကျော် နှင့် တင်မောင်ဦး


“တော်လှန်ရေးမျိုးဆက်များ (Generations of the Revolution)” ဆိုသည့် ခေါင်းစဉ်ဖြင့်မြန်မာ အင်္ဂလိပ် နှစ်ဘာသာနှင့်ရေး သားရန် ကြံစည်ခဲ့သည်မှာ၁၉၉၁ ခုနှစ်ကတည်းကဖြစ်သည်။

အကြောင်းအမျိုးမျိုးကြောင့် အကောင်အထည် မဖေါ်နိုင်ခဲ့၊ ကိုယ့်ကိုယ်ကိုလည်း မလုပ်နိုင်သည့် အတွက် ဒေါသ ဖြစ်ယုံမှ လွဲ၍ မတတ်နိုင်ခဲ့၊
နေ့ရွှေ့ညရွှေ့နှင့်အချိန်တရွှေ့ရွေ့ကုန်ဆုံးလာခဲ့ရသည်။

Friday, May 20, 2011

" ABSDF သမိုင်းမှန် ”(သို့) ”နိုဝင်္ဘာလ ၅ရက်သည် မွေးနေ့အမှန်

" ABSDF သမိုင်းမှန် ”(သို့) ”နိုဝင်္ဘာလ ၅ရက်သည် မွေးနေ့အမှန်       သမိုင်းဝင် ရှစ်လေးလုံး အရေးတော်ပုံကြီးကို စစ်တပ်မှ ၁၉၈၈-စက်တင်ဘာ ၁၈ ရက်မှစ၍ သတ်ဖြတ်ဖိနှိပ်ခဲ့သဖြင့်- နာကျည်းချက်များဖြင့် ထွက်ခွာလာကြသော ကျောင်းသားပြည်သူ ရဟန်းရှင်လူတို့သည် ယိုးဒယား နယ်စပ...်၊ တရုတ်နယ်စပ်၊ အိန္ဒိယနယ်စပ်၊ ဘင်္ဂလားဒေ့ရှ်နယ်စပ်များသို့ အသီးသီးရောက်ရှိ လာခဲ့ကြသည်။

Monday, May 16, 2011

ဆရာ့မွေးနေ့အတွက် ဆုတောင်း

by Nge Naing on Saturday, May 7, 2011 at 9:49pm

ဒီနေ့ 7/5/11 မှာ မွေးနေ့ကျရောက်တဲ့ ဆရာ့မွေးနေ့မှာ အများသူငှာ မွေးနေ့တွေအတွက် ကျွန်မ အမြဲဆုတောင်းနေတဲ့အတိုင်း မွေးနေ့ အနှစ်တရာတိုင်အောင် ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းရပါစေလို့ ဆုတောင်းပေးတဲ့အထိ လောဘတက်ပြီး ဆုမတောင်းလိုပါ။ Happy Birthday လို့ ပြောလို့မရလောက်အောင် မွေးနေ့မှာ Procedure တွေ လုပ်ရ၊ Scan တွေလုပ်နေရတဲ့ ဆရာ့မွေးနေ့မှာ ကျွန်မ ဆုတောင်းလိုတာကတော့ "မွေးနေ့ အနှစ်တရာ မတိုင်လည်း နေပါစေ နောက်ထပ်မွေးနေ့တွေ ဆက်လက်ရှင်သန်နိုင်ဖို့အတွက် နှလုံးအစားထိုးဖို့ စောင့်နေတဲ့နှလုံးကိုသာ မြန်မြန်ရပြီး ဆရာ့လိုရာဆန္ဒကို ပြည့်ဝအောင် ဖြည့်စွမ်းသွားနိုင်ဖို့အတွက် လုံလောက်တဲ့ သက်တမ်းအထိ မွေးနေ့တွေ ဆက်လက်ရှင်သန်နေပါစေ" လို့ပဲ ဆုတောင်းပေးပါတယ်။

ဆရာလေး ၀င်းမြင့်သိန်း ကောင်းရာသုဂတိလားပါစေ

by Nge Naing on Monday, May 16, 2011 at 7:58pm

Sayalay Win Myint Thein lastday

ဆရာဝင်းမြင့်သိန်း ဆေးရုံမှာ နှလုံးအစားထိုး ကုသနိုင်ဖို့အတွက် နှလုံးစောင့်ဆိုင်းရင်း ဆစ်ဒနီမြို့ St.Vincent ဆေးရုံမှာ ကုသမှု ခံယူနေတာ မိတ်ဆွေများ အားလုံး သိပြီး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ပတ်က ဆရာဝန်နဲ့ ချိန်းထားချက်အရ ဒီနေ့ နေ့လည် ၁၂ နာရီမှာတော့ ဆရာဝန်ဦးဆောင်တဲံ Cardiology Health Care Team က လူနာရဲ့ မိသားစုနဲ့မိတ်ဆွေတွေကို တွေ့ဆုံပြီး ဆရာ့လေး အခြေအနေကို ရှင်းပြခဲ့ပါတယ်။

Saturday, May 14, 2011

ပထမမြန်မာနိုဗယ်ဆိုသောဝတ္ထုမှ

ပထမမြန်မာနိုဗယ်ဆိုသောဝတ္ထုမှ<br><font color="Blue">ရေးသူ-ဘိုဘိုလန်းစင်</font>

ဖတ်စေချင်သော စာအုပ်များ

 (အထွေထွေ ရသ၊ သုတ)

တချိန်က ရွှေထီးဆောင်းခဲ့တဲ့ မြန်မာ



                                                            (ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်)
                                                                                 
မြန်မာတွေရဲ့ ရွှေခေတ် ၁၉၅၄ခုနှစ် သြဂုတ်လ (၃၀)ရက်နေ့ထုတ် TIME မဂ္ဂဇင်းမျက်နှာဖုံးရှင် ဝန်ကြီးချုပ်ဦးနု
ဖေ့စ်ဘွတ်ပေါ်မှာ ဗိုလ်နေ၀င်း နှစ်အစိတ်လောက် အုပ်ချုပ်လိုက်တာ အာရှမှာ မြန်မာဆိုပြီး အာဆီယံ ဟောင်ကောင်တို့က မြန်မာဆိုရင် အထင်တကြီး မော်ကြည့်ရတာ ကနေ့ အာဆီယံ နိုင်ငံတွေမှာ မြန်မာလား အမေးခံရမှာ စိတ်မလုံနေရတဲ့ဘ၀ ရောက်နေရတော့ ကနေ့ မြန်မာလူငယ်လေးတွေကို တချိန်က အာရှမှာ မြန်မာဆိုပြီး အားလုံးက အထင်ကြီးကြ ရတယ်ပြောပြရင် ယုံနိုင်ပါ့မလားလို့ ဟုတ်ပါတယ်။ ဖေ့စ်ဘွတ်ပေါ်မှာ ပါလာတာ တကယ့် အခြေအနေ အမှန်တွေပါ။ Croon Pyai တင်ထားတာပါ။

Sunday, May 8, 2011

ဆရာ့မွေးနေ့အတွက် ဆုတောင်း

by Nge Naing on Saturday, May 7, 2011 at 9:49pm
ဒီနေ့ 7/5/11 မှာ မွေးနေ့ကျရောက်တဲ့ ဆရာ့မွေးနေ့မှာ အများသူငှာ မွေးနေ့တွေအတွက် ကျွန်မ အမြဲဆုတောင်းနေတဲ့အတိုင်း မွေးနေ့ အနှစ်တရာတိုင်အောင် ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းရပါစေလို့ ဆုတောင်းပေးတဲ့အထိ လောဘတက်ပြီး ဆုမတောင်းလိုပါ။ Happy Birthday လို့ ပြောလို့မရလောက်အောင် မွေးနေ့မှာ Procedure တွေ လုပ်ရ၊ Scan တွေလုပ်နေရတဲ့ ဆရာ့မွေးနေ့မှာ ကျွန်မ ဆုတောင်းလိုတာကတော့ "မွေးနေ့ အနှစ်တရာ မတိုင်လည်း နေပါစေ နောက်ထပ်မွေးနေ့တွေ ဆက်လက်ရှင်သန်နိုင်ဖို့အတွက် နှလုံးအစားထိုးဖို့ စောင့်နေတဲ့နှလုံးကိုသာ မြန်မြန်ရပြီး ဆရာ့လိုရာဆန္ဒကို ပြည့်ဝအောင် ဖြည့်စွမ်းသွားနိုင်ဖို့အတွက် လုံလောက်တဲ့ သက်တမ်းအထိ မွေးနေ့တွေ ဆက်လက်ရှင်သန်နေပါစေ" လို့ပဲ ဆုတောင်းပေးပါတယ်။

Friday, May 6, 2011

လားတကောင် ဖတ်ဖို့ ဖတ်စာ


    ..အလို...အန္ဓတို့ ...။
မာနတွေကို ကင်စားကြ။
အတ္တ ကြွပ်ကြွပ်ရွရွလေးလေး
နောက်ဖေးလမ်းကြားမှာ ခိုးကြော်
ပျော်ပျော်ပါးပါးမြည်းကြ။

ကုလားထိုင် စိုက်ပျိုးရေး


... ရာသီဥတုဟာ
ကျန်းမာရေးမလိုက်စားသူ မျက်နှာနဲ့
ရောက်လာခဲ့တဲ့ ညပေါ့။

... ဦးနှောက်အပေါက်ကြီး တခုထဲက
ရှတတ လေတွေ
အခန့်သားလာနေ
ဒီလေဟာ တယ်ယဉ်ကျေးဆိုပဲ။

Sunday, May 1, 2011

ကျနော်နဲ့ ကဗျာ

ကျနော် ငယ်စဉ်ဘ၀ ဆယ်ကျော်သက်လောက်ကတည်းက ကဗျာရေးသည်။ ပြောမယ်ဆိုရင် ၁၀ တန်း ကျောင်းသားဘ၀မှာ ကျနော်တို့ ကျောင်းသားတွေစုပြီး ကဗျာစာအုပ်ထုတ်ဖို့ လုပ်ခဲ့ဖူးသည်။ နောက် တော်လှန်ရေးဒေသသို့ ရောက်လာသည်။ ရောက်သည့်နေရာက ကဗျာတွေ၊ စာတွေ ရှိသည့်နေရာ။ ကိုတိုက်မောင်းတို့နှင...့် ဆုံတွေ့ရသည်။ လက်ရေး ကဗျာစာအုပ်တွေကို ရှေ့တန်းစခန်းတွေမှာပင် ရေးသား ထုတ်ဝေဖြစ်ကြသည်။ ...“ရဲရင့်ဂလက်စီရဲ့ အထ္ထုပ္ပတ္တိ” …. စသည်။ တော်လှန်ရေး နယ်မြေတွင် ကျနော်ရေးသားခဲ့သည့် ပထမဆုံးကဗျာက “နေညိုညို ဧရာမငိုနဲ့” ဆိုသည့်ကဗျာ။ ထိုကဗျာကို ဒေါင်းအိုးဝေ စာစောင်သို့ပို့ခဲ့သည်။ သို့သော် ပါလာသည့် ထိုကဗျာကား ….. ထားတော့။ နောက်တော့ ပြည်မြိုသား အရှည်ကြီး တောခိုလာသည်။ သူနှင့်အတူ ပြည်မြို့သား ကဗျာဆရာ မောင်ချောနွယ်၏ ကဗျာတွေကို လက်ရေးနှင့် ကူးယူထားသည့် မှတ်စု စာအုပ်ပါလာသည်။ 

ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်ခြင်း

by Nyo Htet on Saturday, April 30, 2011 at 10:12am
ဆရာဂါရဲ့ ဆောင်းပါးဆိုလိုရင်းကို သဘောပေါက်အောင် တခေါက်လောက် သေသေချာချာ ပြန်ဖတ်စေချင်ပါတယ် ကိုကန့်လန့်။ ဆရာဂါ ဘာပြောချင်တယ် ဆိုတာကိုပေါ့။ ဆရာဂါ ပေးချင်တာနဲ့ ကိုကန့်လန့် ရနေတာ လွဲနေတယ်ထင်တယ်။

ကျနော် ဒီကဗျာကို ဒေါက်တာလွဏ်းဆွေဘလော့ခ်ကို အရင်ပို့တာပါ။ သူ့က ဒေါက်တာလွဏ်းဆွေက အထက်ပါအတိုင်း သဘောထားပေးခဲ့ပါတယ်။ ကျနော်ကပဲ စာရေးဆရာ - ဂါမဏိရဲ့ ဆောင်းပါးအပေါ် အမြင်လွဲခဲ့တာလား၊ စာရေးဆရာ - ဂါမဏိကပဲ ဆရာဒဂုန်တာရာရဲ့ တရားကို တလွဲသုံးခဲ့တာလား။ ကျနော်မှားတယ်ဆိုရင် ကျနော်တာဝန်ခံပါတယ်။ အမှားအမှန်ကို စာဖတ်သူများက ဆုံးဖြတ်ပေးရမှာပါပဲ။ ဒါ့ကြောင့် ဒိကဗျာကိုတင်ပြလိုက်ပါတယ်။

ဗိုလ်အောင်ရဲကျော်နှင့် ကျနော်

ထောင်ကျမှပဲနောင်တရတော့ တယ်၊ထောင်သာမကျခဲ့ ရင်ဘာတွေဆက်ဖြစ်အုံးမလဲမသိဘူးလို့ 
သူကပြောဆိုရင်း သူ့ ဘဝအကြောင်းကို စပြောပါတော့တယ်၊ အမှတ်(၅) စစ်ထောက်လှမ်းရေး တာဝန်နဲ့ သူတာဝန်ကျတဲ့ မြို့ က ပဲခူးမြို့ ဖြစ်ပါတယ်၊ လူငယ်တယောက်ဆိုတော့ လူငယ်တွေရဲ့ စိတ်ရှိတဲ့ အတိုင်းအမှန်အမှားကိုသိပ်မစဉ်းစားတော့ ဘဲလုပ်ချင်သလိုလုပ်ခဲ့ တယ်၊ သူ့ ကြောင့် လူတော်တော်များထောင်ထဲ ရောက်ကြရတယ်၊ဘုန်းကံ ရှိနေသေးတဲ့ အချိန်မှာ မကောင်းတာလုပ်နေလည်းမကောင်းမှုလုပ်ခဲ့ တဲ့ အကျိုးဆက်ကို ချက်ချင်းပြန်မခံရဘူး၊ ဘုန်းကံနိုမ့် ကျသွားတဲ့ အခါကျရင် မကောင်းမှုလုပ်ခဲ့ တဲ့ အကျိုးဆက်ကိုပြန်ခံရစမြဲ၊ထောင်မကျခင်ကသူလက်ဖျားမှာငွေသီးခဲ့ တယ်၊ သူပြောသလိုတော့ လည်းဖြစ်နိုင်ပါတယ်၊ 

ဆေးစက် ကျရာ ကောက်ကြောင်း ဆွဲကြည့် ခြင်း သို့မဟုတ် လပ်ဗျား ကို ခွဲခြမ်း စိတ်ဖြာခြင်း

[By Deper Aung]
မွန်မာကဒါဖီ ဆေးစက် ကျရာ ကောက်ကြောင်း ဆွဲကြည့် ခြင်း သို့မဟုတ် လပ်ဗျား ကို ခွဲခြမ်း စိတ်ဖြာခြင်း ဂဒါဖီ နဲ့ ဂဒါဖီ ဆန့်ကျင်ရေး သူပုန် အုပ်စုတွေ ဟာ အပ်ကွက် မိနေ ကြပါပြီ ။ အပျက် အစီး အဆုံး အရှုံး အနည်း ဆုံး “ ထွက်ပေါက် ” ကရော ဘယ်လို မျိုး ဖြစ်နိုင်ပါသလဲ ?   မဝေးလှ တဲ့ ဒုတိယကမ္ဘာစစ် ကာလ တုန်းက လပ်ဗျား နိုင်ငံ ဆီရန်နီကန် သဲကန္တရ နဲ့ လက်ဗီးယား ကမ်းရိုးတန်း လွင်ပြင် တလျောက်မှာ ဂျာမနီ နဲ့ ဗြိတိသျှ တပ်ဖွဲတွေ ဟာ အပြင်းအထန် တိုက်ခိုက် ခဲ့ကြ ဘူးပါတယ် ။ အခုလည်း မွန်မာကဒါဖီ သစွာခံ တပ်တွေ နဲ့ ဂဒါဖီ ဆန့်ကျင်ရေး သူပုန်တွေ ဟာ အလ်ယ်ဂျာဘီးယား ၊ ရစ်ပ်လမ်းဒေါ့ နဲ့ နိုင်ငံ ရဲ့ ကမ်းခြေ တစ်လျောက် မြို့ငယ် ရွာငယ်ဇနပုဒ်တွေ မှာ တိုက်ခိုက် နေကြပါတယ် ။ နိုင်ငံစုံ တပ်ဖွဲ့ ဟာ သူပုန်တွေ ဘက်က ပါဝင် တိုက်ခိုက်ပေးလျက် ရှိနေတယ် ဆိုစေဦးတော့ စစ်တုရင်စကားနဲ့ ပြောရင် နှစ်ဘက်စလုံး ဟာ ဆက်ေ၇ွှဖို့အကွက် မရှိတော့ပဲ “ အပ်ကွက် ” မိနေပြီလို့ ပြောရပါမယ်  ။ 
Related Posts Plugin for WordPress, Blogger...