Thursday, June 30, 2011

နဂါးကြီးရဲ့ ပထ၀ီနိုင်ငံရေး

by Ye Thurein Min on Friday, June 10, 2011 at 3:12am
Oct 21, 2010
အိပ်နေတဲ့.. နဂါးကြီးကို မနှိုးပါနဲ့.. ဆိုတဲ့.. ပြင်သစ် စစ်သူကြီး နပိုလီယန် ရဲ့.. သတိပေး စကား က..ခုတော့.. လွန်ခဲ့ ပေ ပြီ။ တရုတ် နဂါးကြီးက.. နိုး သွား ခဲ့ ပါပြီ။ နိုးထ လူးလွန့် လာယုံ တင် မက..အနီးအပါး က.. အာရှကျားတွေ.. ခွေးခြင်္သေ့တွေ..ရှိသမျှ..အကောင်ဗလောင် တွေ ကို .. ၀ါးမြို ဖို့ ကြိုးစား နေပေ ပြီ။ ခပ်လှမ်းလှမ်း က.. အာဖရိက..တောဆင်ရိုင်း တွေ ကို တောင်.. အလွတ်မပေး .. အခိုးအငွေ့ တွေ ထုတ်လွှတ်ပြီး.. ညှိ့ငင်ထား ပြီးပြီ။

Wednesday, June 29, 2011

"အမေရိကန် ကလေးပညာရေးအစ"

ကျနော်နေထိုင်သော မြို့ကလေးတွင် မြန်မာနိုင်ငံ တိုင်းရင်းသားလူမျိုး စုစုပေါင်း ၁၈၀၀နီးပါးခန့်နေထိုင်ကြ သည်။ မြန်မာပြည၊် ထိုင်း၊ မလေးရှားနိုင်ငံတို့မှ လာရောက်ခါ အမေရိကန်တွင် အခြေချနေထိုင်နေကြသည်၊ သူတို့နှင့်အတူပါလာကြသူများ မှာ ကလေးအများစုဖြစ်သည်။ရောက်လာကြပြီဆို...ရင် နေထိုင်ဖို့စီစဉ်ရသည်မှ အရေးအကြီးဆုံးဖြစ်သည်။ နောက်မှစီစဉ်စရာရှိတာစီစဉ်။

ပွင့်လန်းလာတဲ့ပြောရေးဆိုခွင့်

by cherrymyodaw on Wednesday, June 29, 2011 at 2:51am
(၂၀၁၁ ခုနှစ် ဇွန်လ(၂၃) ရက်နေ့ထုတ် ပြည်သူ့ခေတ် ဂျာနယ်က ဆရာ မောင်ဝံသရဲ့ ဆောင်းပါး ဖြစ်ပါတယ်။ မြန်မာ သတင်း လောကမှာ ပွင့်လင်းမှု မရှိဘူး၊ အရင်အတိုင်းပဲလို့ ပြောနေသူများ အတွက် အခြေအနေကို သိစေဖို့ မျှဝေပေးလိုက ပါတယ်။ )

ဆရာမကြီး ဒေါက်တာ မြင့်မြင့်ခင်ရဲ့ ဆောင်းပါးတွေကို ပြည်သူ့ခေတ် ဂျာနယ်ပရိတ်သတ်များ သတိထား စောင့်ဖတ်နေကြတယ်ဆိုတာ သိရလို့ ကျေနပ်အားရ ဂုဏ်ယူမိပါတယ်ဗျာ။ ဆရာမကြီးက နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်ရဲ့ မိန့်ကြားချက်များကို ကြည်လင်ဖြောင့်မတ်တဲ့ စိတ်ထားနဲ့ ကြိုဆိုပြီး ပြောသင့် ပြောထိုက်တဲ့ အချက်တွေကို စေ့စေ့စပ်စပ် ရေးသား တင်ပြသွားတာ အင်မတန်မှ မှတ်သားထိုက်ပါ ပေတယ်ဗျာ။ ပြည်သူ့ခေတ် ဂျာနယ်ဟာ ဆရာမကြီး ဒေါ်မြင့်မြင့်ခင်ရဲ့ ဆောင်းပါးများကြောင့် ပို၍ ဂုဏ်တက်ခဲ့ ရပါတယ် ခင်ဗျ။

Tuesday, June 28, 2011

"ကလီယိုပါထရာ စုဖုရားလတ်နဲ့ မလိုတမာ မဟာပုရိသများ "


De Nay created the doc:
၂ဝ၁၁ ခုနှစ်၊ ဇွန်လထုတ် ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်း၊ အတွဲ ၂၇၊ အမှတ် -၆၊ စာ-၁၁၁ မှာ ဆရာမ ဒေါ်တင်တင်ဦးရေးတဲ့ ဟိုးလီးဝုဒ် ရွှေခေတ်၏ ဂန္ထဝင် မင်းသမီးချော အယ်လီဇဘက်တေလာ ကွယ်လွန်ရှာပြီ ဆောင်းပါးဖတ်နေတဲ့ လေဒီထူးက Cleopatra has gone လို့ အာမေဍိတ်လိုလိုနဲ့ ငမောင့်ကိုပြောတော့ ငမောင်ခေတ္တ ကြောင်တောင်တောင် ဖြစ်သွားပါတယ်။ တစ်လံပြမှ တစ်လက်မ မြင်နိုင်တဲ့ ငမောင်က ဘီစီ ၆၉ မှာ  Cleopatra ဘုရင်မက ခုမှ ဆုံးရှာတယ်တဲ့လား ဝိုးဝါးကြောင်စီ ဖြစ်ပုံကို ကောင်းကောင်းရိပ်မိတဲ့ လေဒီထူးက Liz taylor လို့ ထပ်ပြောပါတယ်။ တည့်တည့်ကြီးပြောတော့ ငမောင်ချက်ချင်း သိသွားပါတယ်။ ဟုတ်ပါရဲ့။

တိုင်းပြုပြည်ပြု လွှတ်တော်

၁၉၄၇ ခု၊ ဇွန်လ ၁၀ ရက်နေ့တွင် တိုင်းပြုပြည်ပြု လွှတ်တော် အစည်းအဝေးကို စတင် ကျင်းပခဲ့သည်။ ဇွန်လ ၁၆ ရက်နေ့ ကျင်းပသော လွှတ်တော် အစည်းအဝေးတွင် ဗိုလ်ချုပ်အောင်ဆန်းသည် လွတ်လပ်သည့် ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ဖွဲ့စည်း အုပ်ချုပ်ပုံ ရေးဆွဲရေး လမ်းညွှန် ပြဌာန်းချက်များကို အဆိုတင်သွင်း ဆွေးနွေးလေသည်။ ဇူလိုင်လ ၁၃ ရက်နေ့ မြို့တော်ခန်းမ၌ ကျင်းပသော ပြည်သူ့ အစည်းအဝေးကြီးတွင် လက်ရှိ တည်ရှိသော တိုင်းပြုပြည်ပြု လွှတ်တော် ၏ ပုံသဏ္ဍန်နှင့် လွတ်လပ်ရေးကို တနှစ် အတွင်း ရစေရန် အာမခံကြောင်း၊ လွတ်လပ်ရေး ရလျှင် လွတ်လပ်ရေးနှင့် ထိုက်တန် အောင် အလုပ်ကြိုးစား လုပ်ကြစေလိုကြောင်း ..... စသည်များကို ရှင်းလင်းပြောကြား သွား၏ ။ဤ ပြောကြားသော မိန့်ခွန်းမှာ ဗိုလ်ချုပ်အောင်ဆန်း၏ နောက်ဆုံး မိန့်ခွန်းပင် ဖြစ်သည်။ ဤ မိန့်ခွန်းပြောပြီး ဇူလိုင် ၁၉ ရက်နေ့တွင် လုပ်ကြံခံရ၍ ကျဆုံးခဲ့ရသည်။

နိုင်ငံရေးသိပ္ပံပညာ အပိုင်း (၁၀) အမေရိကန်ပြည်ထောင်စု

အင်္ဂလိပ်နှင့်ပြင်သစ်တို့သည် အမေရိကတိုက်၌လည်းကောင်း၊ အာရှရှိ အိန္ဒိယတိုက်ငယ်၌လည်းကောင်း ကိုလိုနီလုသော စစ်ပွဲကို ၁၇၅၆ မှစ၍ဆင်နွဲခဲ့ကြပေသည်။ ၁၇၆၃ တွင် ပြင်သစ်ကိုအင်္ဂလိပ်တို့က အနိုင်ရရှိခဲ့သဖြင့် အမေရိကတိုက်ပေါ်ရှိ နိုင်ငံ(၁၃) နိုင်ငံတို့မှာ အင်္ဂလိပ်တို့၏ ကိုလိုနီနိုင်ငံများဖြစ်လာခဲ့ပေသည်။

ပြည်တွင်းစစ် သံသရာ

[By Mizzima မဇ္ဈိမ]

ရဲဘော်ဖိုးသံချောင်း| အင်္ဂါနေ့၊ ဇွန်လ ၂၈ ရက် ၂၀၁၁ ခုနှစ် ၁၂ နာရီ ၀၇ မိနစ်

ဗမာနိုင်ငံ နေရာ အနှံ့အပြားမှာ စစ်ရိပ်စစ်ငွေ့တွေကို စိတ်မချမ်းမြေ့ဖွယ်ရာ တွေ့နေရပြန်ပါပြီ။ ကမ္ဘာပေါ်မှာပြည်တွင်းစစ် ဒဏ်ကို အရှည်ကြာဆုံး ခံရဖူးတဲ့ နိုင်ငံတခုနဲ့ ပြည်သူတရပ်အဖို့ ဒီအခြေအနေထက် ဆိုးတာ မရှိတော့ဘူးလို့တောင် ဆိုနိုင်ပါတယ်။ ဒီအခါမှာ ဘာကြောင့် သေနတ်သံတွေ ပြန်ကြားရတာလဲလို့ မေးသံတွေကိုပြည်တွင်း ပြည်ပ နေရာတကာက ကြားလာနေရပါတယ်။ အားလုံးက စိတ်မကောင်းစွာ၊ စိုးရိမ်ပူပန်ကြီးစွာနဲ့ မေးကြတာပါ။

လောကကိုစာင့်ရှောက်သောတရား တရားကိုစာင့်ရှောက်သောပြည်သူ

by cherrymyodaw on Monday, June 27, 2011 at 11:14pm
(၂၀၁၁ခုနှစ် ဇွန်လ (၉)ရက်နေ့ထုတ် ပြည်သူ့ခေတ်ဂျာနယ်မှာ ဖော်ပြထားတဲ့ အယ်ဒီတာ့ အာဘော် ဖြစ်ပါတယ်။)

တရားမျှတသော လွတ်လပ်ခြင်းနှင့် မသွေ၊ တို့ပြေ တို့မြေ ဟူသည်မှာ တိှု့ဗမာ အစည်းအရုံး စတင် ထူထောင်စဉ်က တို့ဗမာ သီချင်း၏ အစပိုဒ် ဖြစ်သည်။ ခုတော့ နိုင်ငံတော် သီချင်း ဖြစ်လာပြီ။ တရား မျှတခြင်း၊ လွတ်လပ်ခြင်းသည် လူသားတိုင်း၏ ဘဝမှာ အလိုချင်ဆုံး အတောင့်တဆုံး အရာ ဖြစ်ပါသည်။ တရားမမျှတခြင်း၊ ချုပ်ချယ်ခြင်းသည် လူတို့ အမုန်းတီးဆုံး မလိုချင်ဆုံး အရာ ဖြစ်ပါလိမ့်မည်။

အိုင်တီ၊ ပညာနဲ့ စိန်ခေါ်မှုများ (ဆရာကျော်ဝင်း)

အိုင်တီ၊ ပညာနဲ့ စိန်ခေါ်မှုများ (ဆရာကျော်ဝင်း)
စကားဝါမြေ - Thursday, 26 May 2011 

လူမှုကွန်ရက် တစ်ခုဖြစ်တဲ့ Myanmar Network ရဲ့ (၂) နှစ်ပြည့် အထိမ်းအမှတ် အဖြစ် အသင်းဝင်များ တွေ့ဆုံပွဲကို မေလ ၂၁ ရက်နေ့ နေ့လည် (၁၂) ကနေ ညနေ (၅)နာရီခွဲ ထိ ရန်ကုန်မြို့ရှိ ကမ်းနား ဟိုတယ်ခန်းမ မှာ ပြုလုပ်ခဲ့ပါတယ်။ အဲဒီအခမ်းအနားမှာ ဆရာကျော်ဝင်း ပြောသွားတဲ့ "အိုင်တီ၊ ပညာနဲ့ စိန်ခေါ်မှုများ" ပြောကြားချက်တွေထဲမှာ အယူအဆသစ်တွေ ပါလာတဲ့ အတွက် သဘောကျ ပါတယ်။ ဖမ်းထားတဲ့ အသံဖိုင်ကို စိတ်ဝင်စားတဲ့ မိတ်ဆွေတွေလည်း နားထောင်နိုင်အောင် တင်ပေးထားပါတယ်။
ယခု အသံဖိုင်ကို ဒီနေရာ ကနေ ရယူပါတယ် ခင်ဗျာ။ ကျွန်တော့်ရဲ့ မေးလ်ထဲကို ပို့လာပေးတဲ့ ZawNaingOo ကိုလည်း ကျေးဇူးတင်ပါတယ်။ ဒါအပြင် သူညွှန်းလိုက်တဲ့ Facebook စာမျက်နှာပေါ်မှာ မူရင်း တင်ပေးတဲ့ ကို Aung Myo Htun ကိုလည်း ကျေးဇူးတင်ပါတယ် ခင်ဗျာ။
De Nay 4:09pm Jun 28
အိုင်တီ၊ ပညာနဲ့ စိန်ခေါ်မှုများ (ဆရာကျော်ဝင်း)
စကားဝါမြေ - Thursday, 26 May 2011

လူမှုကွန်ရက် တစ်ခုဖြစ်တဲ့ Myanmar Network ရဲ့ (၂) နှစ်ပြည့် အထိမ်းအမှတ် အဖြစ် အသင်းဝင်များ တွေ့ဆုံပွဲကို မေလ ၂၁ ရက်နေ့ နေ့လည် (၁၂) ကနေ ညနေ (၅)နာရီခွဲ ထိ ရန်ကုန်မြို့ရှိ ကမ်းနား ဟိုတယ်ခန်းမ မှာ ပြုလုပ်ခဲ့ပါတယ်။ အဲဒီအခမ်းအနားမှာ ဆရာကျော်ဝင်း ပြောသွားတဲ့ "အိုင်တီ၊ ပညာနဲ့ စိန်ခေါ်မှုများ" ပြောကြားချက်တွေထဲမှာ အယူအဆသစ်တွေ ပါလာတဲ့ အတွက် သဘောကျ ပါတယ်။ ဖမ်းထားတဲ့ အသံဖိုင်ကို စိတ်ဝင်စားတဲ့ မိတ်ဆွေတွေလည်း နားထောင်နိုင်အောင် တင်ပေးထားပါတယ်။
ယခု အသံဖိုင်ကို ဒီနေရာ ကနေ ရယူပါတယ် ခင်ဗျာ။ ကျွန်တော့်ရဲ့ မေးလ်ထဲကို ပို့လာပေးတဲ့ ZawNaingOo ကိုလည်း ကျေးဇူးတင်ပါတယ်။ ဒါအပြင် သူညွှန်းလိုက်တဲ့ Facebook စာမျက်နှာပေါ်မှာ မူရင်း တင်ပေးတဲ့ ကို Aung Myo Htun ကိုလည်း ကျေးဇူးတင်ပါတယ် ခင်ဗျာ။
အိုင်တီ၊ ပညာနဲ့ စိန်ခေါ်မှုများ (ဆရာကျော်ဝင်း)
www.sagarwarmyae.info
မြန်မာစာအုပ်များကို အခမဲ့ တင်ဆက်နေသော Website တစ်ခုဖြစ်ပါသည်။

အမျိုးသမီးနဲ့ ပညာရေး

ဒေါ်အေးအေးခိုင်

အမျိုးသားများ အုပ်ချုပ်သည့် ခေတ်ကာလ မပေါ်မီ နှစ်ပေါင်း များစွာကတည်းကပင် အမျိုးသမီးများ စာပေသင်ကြားခွင့် မရခဲ့ကြပေ။ အမျိုးသမီးများ စာပေသင်ကြားခွင့်မှာ မစားကောင်းသည့် အရာ တစ်ခုကဲ့သို့ ပိတ်ပင် တားမြစ်ခံခဲ့ကြရသည်။ သို့သော်လည်း အမျိုးသမီးတို့၏ စွမ်းပကားသည်ကား ပိတ်ပင်တားဆီးများ အကြားမှပင် စွမ်းဆောင်နိုင်သူ များစွာ ပေါ်ထွက်လာခဲ့သည်မှာ ထူးခြားလှသော ဖြစ်ရပ်များ ဖြစ်ပေသည်။ ကမ္ဘာ့စာပေတွင် ၁၁ ရာစုအတွင်း ပထမဆုံး ၀တ္ထုရေးသားခဲ့သူမှာ ဂျပန်အမျိုးသမီး မူရာဇကီ ဖြစ်ပေသည်။

Monday, June 27, 2011

ကြိုးစင်ပေါ်မှ စကားများ

Human Right

 ကြိုးစင်။
ဒီစကားလုံးကို ကြားရသည့်အခါတိုင်း ရုရှားသူရဲကောင်းမလေး ဇိုယာက ကျွန်မရဲ့ အတွေးအိမ်ထဲသို့ ၀င်ရောက်လာတတ်သည်။ ခုနစ်တန်း ကျောင်းသူဘ၀၊ ပြင်ပ စာပေများ၊ ဗဟုသုတများကို သဲသဲမတ်မတ် လိုက်ရှာနေချိန်မှာ ဇိုယာက ကျွန်မနှလုံးသားထဲသို့ ရုတ်ခြည်း ၀င်ရောက်လာခဲ့တာဖြစ်သည်။ လည်ပင်းမှာ ကြိုးကွင်းစွပ်ခံထားရချိန်တွင် ဇိုယာ ပြောကြားလိုက်သော စကားလုံးများက ကျွန်မသွေးကြောများအတွင်းသို့ တစုံတရာ အင်အားတို့ကို စီးဝင်သွားစေခဲ့သည်။

ရဲဘော်စိတ်ဟူသည်

[By အား မာန်]

မိမိတို့နှလုံးသားထဲတွင် စွဲထင်နေသည်က ရဲဘော်စိတ် ပင်ဖြစ်သည်။
ရဲဘော်ရဲဘက်စကားနှစ်လုံးသည် မိမိတို့ဘ၀တလျှောက်လုံးတွင် တန်ဖိုးထားခြင်း မြင့်မားနေဆဲပင်။ ၁၉၂၀ မှ ဖက်ဆစ်တော်လှန်ရေး… လွတ်လပ်ရေးရသည်အထိ သမိုင်းမှတ်တမ်းများ ကြားခဲ့ရသော မျိုးချစ် တော်လှန်ရေး သမားကြီးများ၏ အတွေ့အကြုံများ၊ နှုတ်ဖျားတို့တွင် ၄င်း၏အဓိပ္ပါယ်မှာ နှစ်လုံးသားကို ထိခိုက်လွန်းသည်။ ကြေကွဲ ၀မ်းနည်းစရာ၊ စွန့်လွှတ်ဖြတ်သန်းမှု ဖြစ်စဉ်များတွင် စိတ်ဓါတ်ခွန်အားတိုးသည့် ဆေးများဖြစ်ခဲ့သည်။ သမိုင်းပေး တာဝန်များ၊ ၀တ္တရားများ၊ သစ္စာတရားများနှင့် စောင့်ထိန်းလာခဲ့ရသည့် ကျင့်ဝတ် ကျင့်စဉ်များဟု ယုံကြည်ခံယူ မိပါသည်။

အာဏာရှင်စနစ်၊ ဒို့တာဝန် အရေးသုံးပါးနှင့် ကျွန်ုပ်တို့တာဝန် (အပိုင်း – ၁)

Min Thant Syn

ပြည်ထောင်စု မပြိုကွဲရေး … ဒို့အရေး
တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး … ဒို့အရေး
 အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲရေး … ဒို့အရေး ဆိုတဲ့ စာတမ်းတွေကို မြို့အနှံ့၊ နယ်အနှံ့မှာ ဆိုင်းဘုတ်တင်ထားတာတွေ၊ တိုင်း၊ တပ်မ၊ တပ်ရင်းနဲ့ အစိုးရဌာနဆိုင်ရာ အသီးသီးမှာ ...ဆိုင်းဘုတ်တင် ချိတ်ဆွဲထားတာတွေ၊ ရုပ်မြင်သံကြား၊ ရေဒီယိုနဲ့ ဖျော်ဖြေရေး မီဒီယာတွေမှာ ထည့်သွင်း ထားတာတွေကို ကျွန်ုပ်တို့ အားလုံး တွေ့မြင်နေကြရပါတယ်။ နိုင်ငံတော်မူဝါဒဖြစ်တဲ့ ဒီစကားလုံးတွေဟာ အနှစ်သာရ အနေနဲ့ ကြည့်မယ်ဆိုရင် ကောင်းမွန်ပါတယ်။

စည်းကမ်း ဥပဒေနှင့် တာဝန်

ဒီမိုကရေစီ ဝါဒသည် ဝါဒ အသီးသီးတွင် အလွန် ကောင်းလှစွာသော ဝါဒတစ်ခု ဖြစ်သည်ကား မှန်၏။ သို့သော် ဤဝါဒ အတိုင်း အကျိုးရှိအောင် ဆောင်ရွက်ရန်ကား မလွယ်။ စည်းကမ်း ဥပဒေကို ရိုသေတတ်၍ မိမိတို့၏ တာဝန်ကို မိမိတို့ သိတတ်သူများ သာလျှင် ဤဝါဒကို နည်းလမ်းတကျ အသုံးပြုနိုင်ကြ ပေလိမ့်မည်။

”ကျနော့ သမီးကို သံလွင်မှာ မျှောခဲ့ရသော်လည်း...”


၂၀၁၁ ခုနှစ် မေလထဲတွင် ကျနော့ သူငယ်ချင်း သိန်းထိုက်ဦး (VOA)နှင့် ဇနီးသည် မသီရိတို့ရှိရာ ၀ါရှင်တန်ဒီစီ သို့ အလည်ရောက်ဖြစ်ခဲ့ရင်း၊ ၁၉၈၈ ကာလ ပြည်တွင်းတွင် ဖြတ်သန်းခဲ့မှုများနှင့် မိမိတို့ မတွေ့တော့သည့် အချိန်ကာလများအတွင်း မိမိတို့ ဖြတ်သန်း ဖြစ်ပျက်ခဲ့သည်များကို နောက်ကြောင်းပြန်ဖြစ်ခဲ့သည်၊။

"နိုင်ငံရေးသိပ္ပံပညာ အပိုင်း (၉) ၾသစေၾတးလ်"

Min Thant Syn created the doc:
ၾသစေၾတးလ် နိုင်ငံသည် ၁၇၇၀- ခုနှစ်မှစ၍ ဗြိတိသျှတို့၏ ကိုလိုနီနိုင်ငံဖြစ်ခဲ့ရသည်။ ၁၉၀၀ ခုနှစ်မတိုင်မှီ အတွင်း သြစတြေးလျတိုက်ပေါ်ရှိ ကိုလိုနီ ၆ နိုင်ငံတို့မှာ သီးခြားစီ တည်ရှိခဲ့ကြသည်။ သို့ရာတွင် ဗြိတိသျှတို့ထံမှ ဒိုမီနီယံ လွတ်လပ်ရေး ရကြသောအချိန်၌ ကမ္ဘာ့အရှေ့ဘက်ခြမ်းရှိ ဂျပန်နိုင်ငံမှာ တန်ခိုးပါဝါ ကြီးထွားနေချိန် ဖြစ်သောကြောင့် ကိုလိုနီ ၆ နိုင်ငံမှာ သီးခြားစွာ ရပ်တည်နိုင်ရန် ခဲယဉ်းပေသည်။ ဂျပန်သည် စက်မှုလက်မှု ထွန်းကားလာသည်နှင့် အမျှ ၎င်း၏ ထွက်ကုန်များကို ရောင်းချရန် ဈေးကွက်ရှာ နေချိန်ဖြစ်သည်။ ထို့ကြောင့် ပြည်ပရန်ကို ခုခံနိုင်ရန် အမျိုးသားအင်အားကို တောင့်တင်းခိုင်မှာစေပြီး မိမိတို့၏မူလ သီးခြားလွတ်လပ်မှုများလည်း မဆုံးရှုံးစေသော ပြည်ထောင်စုလည်းဖြစ် အချင်းချင်းပေါင်းစည်းကြသဖြင့် ၁၉၀၀ ခုနှစ်မှစ၍ ဓနသဟာယ ပြည်ထောင်စုနိုင်ငံဖြစ်လာခဲ့သည်

Sunday, June 26, 2011

နိုင်ငံရေးသိပ္ပံပညာ အပိုင်း (၈) ကနေဒါ ပြည်ထောင်စု

ကနေဒါ နိုင်ငံသည် ၁၆၈၀ ခုနှစ်မှ၍ ပြင်သစ်ကိုလိုနီဘ၀ဖြင့် နေလာခဲ့ရပြီး ၁၇၆၀-ခုနှစ်တွင်မူအင်္ဂလိပ်တို့က ပြင်သစ် လက်မှသိမ်းယူသဖြင့် ၎င်း ကနေဒါနိုင်ငံမှာ အင်္ဂလိပ်ကိုလိုနီနိုင်ငံ ဖြစ်ခဲ့ရပြန်သည်။ ၁၇၇၅- ခုနှစ်တွင် အမေရိကန်တို့ လွတ်လပ်ရေး စစ်ပွဲဆင်နွှဲ ၁၈၇၃ ခုနှစ်တွင်...လွတ်လပ်ရေးရသွားသောအခါ ကနေဒါ သားတို့နိုးကြားထကြွလာကြသည်။ အင်္ဂလိပ်များအနေဖြင့်လည်း “တခါသောဘူးပျဉ်ဘိုးနားလည်” ထားသည့်အလျှောက် ကနေဒါလူမျိုးတို့၏ လွတ်လပ်ရေးစစ်ပွဲဆင်နွှဲမည့်အချိန်ကို မစောင့်ဘဲ ၁၈၆၇-ခုနှစ်တွင်ကနေဒါအား ဒိုမီနီယံလွတ်လပ်ရေး ပေးလိုက်သည်။

မှန်တာပြောသစ္စာ ဗိုလ်ချုပ်အောင်ဆန်းနှင့် နိုင်ငံရေးဖိအား

၂၀၁၁ ပြည့်နှစ် ဇန်နဝါရီလ ၄ ရက် ဆိုရင် မြန်မာ့ လွတ်လပ်ရေး သက်တမ်း ၆၃ နှစ် ရှိပါပြီ။ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်းကို လွတ်လပ်ရေး ဗိသုကာကြီးလို့ ခေါ်ဆိုကြတာဟာ မည်ကာမတ္တ မဟုတ်ပါဘူး။ ထိုက်ထိုက်တန်တန် ခေါ်ဆိုကြတာ ဖြစ်ပါတယ်။

ပြီးခဲ...့တဲ့ အပတ်က ' ဗိုလ်ချုပ်အောင်ဆန်း ဉာဏ်အသုံးရဆုံး ကာလ ' ခေါင်းစဉ်နဲ့ ကျွန်တော် ရေးခဲ့ရာမှာ ၁၉၄၅ မှ ၁၉၄၇ အကြား လွတ်လပ်ရေး လက်တစ်ကမ်း အချိန် ဗိုလ်ချုပ်ရဲ့ နိုင်ငံရေးဆောင်ရွက်မှုတွေကို ဘက်ပေါင်းစုံက ဝိုင်းဝန်း ထိုးနှက် တိုက်ခိုက်ခဲ့ကြတဲ့ အကြောင်းနဲ့ အဆုံးသတ်ခဲ့ပါတယ်။

Friday, June 24, 2011

"စာသင်ကျောင်းက ကယ်နိုင်ပါ့မလား - နိုင်ငံတော်ရဲ့ စံတန်ဖိုးတွေ မြှင့်တင်ခြင်း"

သိန်းနိုင်
ဝေဖန်ပိုင်းခြား စဉ်းစားတွေးခေါ်ခြင်းကဲ့သို့ပင် ဘ၀နှင့် တသားတည်း ရှိစေရန် ကျောင်းသားများအနေဖြင့် စံတန်ဖိုးများနှင့် ဒီမိုကရေစီ ယဉ်ကျေးမှုတို့ကို ကိုယ်တိုင် ကြုံတွေ့နိုင်ခွင့်များ ရရှိစေသင့်ပါသည်။

လူမှုအဖွဲ့အစည်းငယ် တစ်ခုအနေဖြင့် သတ်မှတ်နိုင်သည့် စာသင်ကျောင်း၏ ရည်ရွယ်ချက်များစွာထဲမှ အဓိက တစ်ခုမှာ လူသား စံတန်ဖိုးများကို လက်ဆင့်ကမ်း သင်ကြားပေးရန်ဖြစ်ပါ၏။ ကောင်းမွန်သော စံတန်ဖိုးများမှာ ရပ်ရွာ၊ လူအဖွဲ့အစည်း၏ စည်ပင် သာယာခြင်း၊ စည်းလုံး ညီညွတ်ခြင်းနှင့် မှီတင်းနေထိုင်ကြသူ ပြည်သူများအကြား သဟဇာတဖြစ်ခြင်းတို့အတွက် သော့ချက်ပင်ဖစ်သည်။

ဒီမိုကရေစီ တတိယလှိုင်း ပါရာဒိုင်း

by cherrymyodaw on Friday, June 24, 2011 at 3:07am

(၂၀၁၁ ခုနှစ် ဇွန်လ (၃) ရက်နေ့ထုတ် မြန်မာပို့စ် ဂလိုဘယ် သတင်းဂျာနယ်မှာ ဖော်ပြထားတဲ့ ဆောင်းပါး ဖြစ်ပါတယ်။ ဆရာ့ အဆိုအရဆိုရင် မြန်မာနိုင်ငံ ကတော့ အာဏာရှင် အဆင့်ကနေ Hybrid regimes ဒီမိုကရေစီ ကပြားအဆင့် ကို ကူးပြောင်းနေဆဲပဲ ရှိသေးတယ်လို့ ဆိုရမယ် ထင်ပါတယ်။)

Wednesday, June 22, 2011

ကျွန်မ၊ သမိုင်းနဲ့ ထော်လော်ကန့်လန့်ပညာရေး

သမိုင်းကို သင်တာ မအ အောင်လို့လို့ သမိုင်းပါရဂူ ဒေါက်တာ သန်းထွန်းက ပြောခဲ့ပါတယ်။ ဒီလိုနဲ့ မြန်မာနိုင်ငံ မှာ ကျွန်မတို့ တွေ သမိုင်း ဆိုတာကို တတိယတန်း ကျောင်းသူ ဘ၀က စပြီး သင်ကြားခဲ့ကြရပါတယ်။ ကျွန်မတို့ တွေ သမိုင်းကို မှန်မှန်ကန်ကန် သင်ကြားခံခဲ့ကြရရဲ့လား။ ကျောင်းများမှာ သမိုင်းကိုဖတ်ပြီး ကျောင်းသားများ ကိုယ့်အမြင်ကို ဆွေးနွေးတင်ပြ အတွေးဖလှယ်ခဲ့ကြရရဲ့လား။ စတုတ္တတန်း ဆရာမက လွဲလို့ တခြားဆရာများ ထံက တခါမှ မရခဲ့ ဖူးပါဘူး။ ဆရာမ ကျောက်သင်ပုန်းမှာ ရေးပေးတဲ့ မေး၊ ဖြေ သင်ခန်းစာများကိုလိုက်ကူးပြီး သမိုင်းကို သမိုင်း ကြောင်းလို မလေ့လာခဲ့ရဘဲ ကြောက်စရာ ကျက်စာတစ်ရပ် အနေနဲ့ အလွတ်ကျက်ပြီး ဖြေခဲ့ ကြရတဲ့ ကျောင်းသား တွေ ဒုနဲ့ဒေးပါ။

Tuesday, June 21, 2011

ဆေးရုံမှ လက်ဖက်ရည်ကြိုက်သူများ

by cherrymyodaw on Tuesday, June 21, 2011 at 6:59am

(၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့ထုတ် ပြည်သူ့ခေတ် ဂျာနယ်မှာ ဖော်ပြထားတဲ့ ကျန်းမာရေး ဝန်ကြီးဌာနနဲ့ ပတ်သက်တဲ့ နောက်ထပ် ဝေဖန်ရေးဆောင်းပါး တစ်ပုဒ်ပါ။ အရင်တုန်းက ဖော်ပြခွင့်မရတဲ့ ဆောင်းပါးမျိုး ဖြစ်ပါတယ်။)

အောက်ဖော်ပြပါ အချက်များသည် ယခင် တပ်မတော် အစိုးရ လက်ထက် ၂၀၁၁ မတ်လက သတင်းထောက် ပိုင်စိုးဦး ကြုံခဲ့ရတဲ့ ကိုယ်တွေ့ အဖြစ်အပျက် ဖြစ်ပါတယ်။ ယခု အစိုးရ အဖွဲ့သစ် လက်ထက်မှာ နိုင်ငံတော် သမ္မတ ကိုယ်တိုင် သန့်ရှင်းသော အစိုးရဖြစ်ရေး ဆော်သြနေချိန် ဖြစ်တာနဲ့အညီ ယခင် အဖြစ်အပျက်များမှ ပြုပြင်စရာများ ပြုပြင်နိုင်စေရန် တင်ပြလိုက်ခြင်း ဖြစ်ပါသည်။
(အယ်ဒီတာ)

ကွဲကြ၊ ပြဲကြ၊ အတင်းတုတ်ကြ၊ တော်လှန်ရေးကြီးအောင်လုနီးပြီလော

by cherrymyodaw on Wednesday, April 6, 2011 at 6:18pm
 တစ်နေ့က အောင်ထက်ဆောင်းပါး ဖတ်ရပါတယ်။ အင်န်အယ်လ်ဒီဟာ ပကတိ နိုင်ငံရေး အခြေအနေထက် အတင်းအဖျင်း သတင်းတွေ၊ ကောလဟာလ တွေမှာပဲ ပိုပြီး အာရုံကျ နေတဲ့အတွက် ဒုက္ခ ရောက်တော့မယ်လို့ သူကဆိုတယ်။ အောင်ထက်ဟာ ဒီချုပ်ကနေ သဘောထား ကွဲလာသူလို့ သူ့ကိုယ်သူ မိတ်ဆက်ခဲ့ဖူးတဲ့လူ ဖြစ်တယ်။ ဒါ့ကြောင့် သူ့ဆောင်းပါးထဲမှာ အထူးသဖြင့် စကားလုံး အသုံးအနှုန်းတွေမှာ အာဃာတ သဘောလေးတွေ ပါနေတတ် ပေမယ့် အင်န်အယ်လ်ဒီရဲ့ အားနည်းချက်တွေကို ထောက်ပြတဲ့ နေရာမှာတော့ အတော်လေး စဉ်းစားသင့်တဲ့ အချက်တွေ ပါလာတတ်တယ်။ အောင်ထက်ရေးတဲ့ စာတွေကို ပြန်ချုပ်လိုက်ရင် နှစ်ချက်ပဲ အဓိက ထားလေ့ရှိတယ်။

Monday, June 20, 2011

အင်တာနက်နှင့် ကိုယ်ပိုင်လွတ်လပ်ခွင့်

by Ainn Chann Myay on Thursday, May 12, 2011 at 4:03am
လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက Sony PlayStation Network ကို hackers တွေက hack လုပ်သွားခဲ့ပါတယ်။ လူသန်းပေါင်းများစွာရဲ့ ပါစင်နယ်ဒေတာတွေ ပါသွားပါတယ်။ ခရက်ဒစ်ကဒ် အင်ဖိုတွေပါ ပါသွားခဲ့ပါတယ်။ ဒီသတင်းလေးကို ဖတ်မိလို့ ဖဘပေါ်က လူငယ်တွေကို ၂၀၀၉ တုန်းက ကျမရေးသော စာတစ်ပုဒ်ကို ဒီမှာပြန်တင်ပေးလိုက်ပါတယ်။ အချက်အလက်တွေကတော့ ၂၀၀၉ တုန်းက အချက်အလက်တွေဖြစ်ပါတယ်ရှင်။ အချို့ဝါကျတွေကို ကိုယ်တိုင်ပဲ edit လုပ်လိုက်ပါတယ်...

+++++++++++++++++++++++


ဒီမိုကရေစီ ရေစီးကြောင်း


နိုင်ငံတော်၏ ဒီမိုကရေစီ ပြုပြင်ရေး ခရီးစဉ်ကို အလျှင်မပြတ် စီးဆင်းနေသော ရေစီးကြောင်း တစ်ခုနှင့် နိုင်းယှဉ်ချင် ပါသည်။ ခေတ်တွင်လည်း ရေစီးကြောင်း ရှိသည်။ ယဉ်ကျေးမှု တွင်လည်း ရေစီးကြောင်း ရှိသည်။ စီးပွားရေးတွင်လည်း ရေစီးကြောင်း ရှိသည်။ ထို့အတူ နိုင်ငံရေးတွင်လည်း ရေစီးကြောင်း ရှိပါသည်။ ရေစီးကြောင်းတွင် အင်အားများ၊ စွမ်းအင်များလည်း ပါဝင် စီးဆင်းနေပြီး တိုက်စားပါ များသော် ကမ်းပါး ကျောက်ဆောင်များကိုပင် တိုက်စား ဖြိုဖျက်နိုင်ပါသည်။ မိမိကလိမ္မာ ပါးနပ်စွာ အသုံးချ၍ စီးဆင်းနေသော ရေစီးကြောင်းထဲမှ အရင်းမြစ်များကို ထုတ်ယူ သုံးစွဲနိုင်ပါသည်။ ရေစီးကြောင်းသည် ဘယ်ကို ရွေ့နေသည် ဖြစ်ပါစေ ရေစီးနှင့်တူ အနယ်အနှစ်များ အမှိုက်သရိုက်များ ပါလာနိုင်သလို ရေစီးကြောင်းကို အသုံးချပြီး ကိုယ်ကျိုးစီးပွား အတွက် အသုံးချသူများလည်း ရှိပါသည်။ ရေစီးကြောင်းနှင့် အတူ လိုက်ပါ စီးမျောကြသူများ ရှိသကဲ့သို့ ရေစီးကြောင်းကို ပြောင်းလဲပစ်ရန် ကြိုးစား ကြသူများလည်း ရှိပါသည်။ အချိန်ကြောင့် နေရာကြောင့် လူကြောင့် စသော အကြောင်း အမျိုးမျိုးကြောင့် ရေစီးကြောင်း ပြောင်းလဲနိုင်သည်။
ရေစီးကြောင်းကို စိတ်အလိုမကျ သူများက မူလရေစီးကြောင်းကို ပြောင်းလဲ သွားအောင် ပြုလုပ်ခြင်း သို့မဟုတ် အမှိုက်သရိုက်များ ရောနှော ပျက်စီး သွားအောင် ပြုလုပ်ခြင်းများ ရှိလာနိုင်ပါသည်။ သို့သော် စီးဆင်းနေသော ရေစီးကြောင်း တစ်ခုကို ဗြုန်းစားကြီး ပြုပြင် ပြောင်းလဲရန် မဖြစ်နိုင်ပါ။ ထိုသို့ ကြိုးစားမည် ဆိုပါက ရေစီးကြောင်းထဲတွင် ကန့်လန့်ခံ နေသလိုသာ ဖြစ်ပါလိမ့်မည်။ ရေစီးကြောင်း အရှိန် ပြင်းထန်လာသည်နှင့် အမျှ ကန့်လန့်ခံ နေမိသော အတား အဆီးများသည် ဖရိုဖရဲ ပျက်စီး သွားကြရမည် ဖြစ်သည်။

- သိပ္ပံ၊ နိုင်ငံရေးနှင့် ဗုဒ္ဓဘာသာ

Wai Maw

  ATHEISM (အသယ်ဇင်) (ဂရိတ်ဘာသာ-A=မ, THEOS=ထာဝရဘုရား) ထာဝရဘုရား၌လည်းကောင်း၊ တန်ခိုးဗျာဓိဟာများနှင့် သေပြီးကာလ နောက်ဘဝရှိခြင်း စတဲ့ ဘာသာရေးနှင့် ပါတ်သက်သော အယူအဆများ၌ မယုံကြည်မှု ဖြစ်သည်၊ ၎င်းအယူအဆသည် သိပ္ပံပညာတိုးတက်သည့် ခေါမ တိုင်း၌ ဖြစ်ထွန်း ပေါ်ပေါက်ခဲ့သည်။   ရုပ်ဝါဒ၏ သန္ဓေယူမှုသည် ခရစ်တော်မပေါ်မီ ရှေးပဝေသဏီကပင် စခဲ့ပါသည်၊ လူသတ္တဝါတို့သည် သေပြီးနောက် ဘဝ မရှိတော့ဟု ယူသည့် ဥစ္ဆေဒဒိဌိသည် ရုပ်ဝါဒ၏ ပဓါန ခံယူချက်ဖြစ်လာသည်၊   ဤသို့ဖြစ်လာရခြင်းမှာလည်း ဘဝတို့သည် ဆက်နေ၏ ပြတ်သွားသည်မရှိ၊ ထို့ကြောင့် ဒုက္ခဖြစ်နေသည့် ဘဝမှ သုခဖြစ်စေမည့် ဘဝကို ရောက်ရန် GOD ကို လည်းကောင်း၊ မမြင်နိုင်ဘဲ တည်ရှိနေသည့် တန်ခိုးရှင်များကိုလည်းကောင်း၊ သူတို့၏ တန်ခိုးဗျာဓိဟာများကိုလည်းကောင်း၊ ယုံကြည်ခြင်း ကိုးကွယ်ခြင်းနှင့်အတူ ခံယူလိုက်နာကျင့်သုံးရန် လိုအပ်သည် ဆိုသော အချက်ကို လက်မခံနိုင် တော့သဖြင့် ဥစ္ဆေဒဒိဌိ ရုပ်ဝါဒ ဖြစ်ထွန်းပေါ်ပေါက် လာရခြင်း ပင်ဖြစ်ပါသည်။  

သင့်ကိုသင် မေးဖို့ မေးခွန်း ၁၀၀

သူတပါးကို ကိုယ်က ဝေဖန်အကဲဖြတ်ရသည်မှာ လွယ်သည်။ သို့ရာတွင် ကိုယ့်ကိုယ်ကိုယ် ဝေဖန်စိစ်ရသည့်အခါ ညှာတာခွင့်လွတ်တတ်ခြင်း၊ ဘက်လိုက်တတ်ခြင်း၊ အထင်ကြီးတတ်ခြင်း၊ လက်တွန့်တတ်ခြင်း၊ စသည်တို့ကြောင့် မှန်ကန်ပြတ်သားခြင်း မရှိတတ်ပေ။ ထိုသို့ဖြစ်တတ်သောကြောင့် ပြုပြင် ရာတွင်လည်း မထိရောက်၊ အမှန်မရောက်ဘဲ ရှိတတ်ပေသည်။

ဒီမိုကရေစီ၏ အဓိက ဗဟိုချက်


နိုင်ငံတကာ နိုင်ငံရေး နယ်ပယ်တွင် နှိုင်းယှဉ်လေ့လာပါက စီးပွားရေး ဖွံ့ဖြိုးသော နိုင်ငံများသည် ဆင်းရဲသော နိုင်ငံများထက် ဒီမိုကရေစီ ကျင့်သုံးသော နိုင်ငံဖြစ်ရန် အလားအလာ ပိုများသည်ဟု ဆိုခဲ့ကြသည်။ ၂၀၀၃ ခုနှစ် ကမ္ဘာ့ဘဏ်၏ ကမ္ဘာ့ဖွံ့ဖြိုး တိုးတက်မှု ညွှန်းကိန်းများ အရ ၂၀၀၂ ခုနှစ်တွင် ဒီမိုကရေစီ နိုင်ငံများ၏ ပျမ်းမျှ တစ်ဦးချင်း ၀င်ငွေမှာ အမေရိကန်ဒေါ်လာ ၉၅၀၃ ဒေါ်လာရှိ ပြီး ဒီမိုကရေစီ မဟုတ်သော နိုင်ငံများ၏ ပျမ်းမျှတစ်ဦးချင်း ၀င်ငွေမှာ ၁၆၅၃ ဒေါ်လာ သာဖြစ်ကြောင်း တွေ့ကြရသည် ဟုဆိုသည်။ ချမ်းသာသည့် နိုင်ငံများတွင် ဒီမိုကရေစီ ထွန်းကားကာ ဆင်းရဲသည့် နိုင်ငံများရှိ ဒီမိုကရေစီမှာ အခြေမခိုင်နိုင်ဟု ကောက်ချက် ဆွဲရမည့် အခြေအနေ ဖြစ်နေပါသည်။

Sunday, June 19, 2011

ကျွန်တော်တို့ရဲ့ အကွဲအပြဲများ

 Min Thant Syn


ကျွန်တော်တို့ မြန်မာ့ နိုင်ငံရေး၏ အထင်ရှားဆုံး လက္ခဏာ တစ်ခုကို ပြပါဆိုလျှင် အကွဲအပြဲ ပြဿနာပင် ဖြစ်သည်။ လွတ်လပ်ရေး ကြိုးပမ်းမှု ကာလတွင်လည်း ရှေ့ဆောင် အသင်းကြီးများ ဖြစ်သည့် ဂျီစီဘီအေ၊ တို့ဗမာ အစည်းအရုံးတို့ နှစ်ခြမ်းကွဲ၊ သုံးခြမ်း ကွဲခဲ့ကြသည်။ လွတ်လပ်ရေး ရပြီးတော့ အာဏာရပါတီ ဖြစ်သည့် ဖဆပလ ကွဲသလို အစိုးရကို လက်နက်ကိုင် တိုက်ခိုက်နေသည့် အဖွဲ့များ အတွင်းတွင်လည်း အမျိုးမျိုး ကွဲခဲ့ကြသည်။ အလံဖြူ၊ အလံနီ၊ ရဲဘော်ဖြူ၊ ရဲဘော်နီ၊ ပအို့ဝ်ဖြူ၊ ပအို့ဝ်နီ အရောင်တွေ အမျိုးမျိုး တပ်ပြီး ခေါ်ကြလွန်းသဖြင့် နောက်ဆုံး သတင်းစာများက ရောင်စုံ သောင်းကျန်းသူများ ဟု နာမည် ပေးခဲ့ကြသည်။

နိုင်ငံသားမှန်လျင် နိုင်ငံရေးတွင်ပါဝင်ဆောင်ရွက်သင့်ပါသည်

by Kyi Win on Sunday, June 19, 2011 at 1:24pm
သဘာဝအရ၊ လူသည် မွေးရာပါ အတ္တဗဟိုလ်ပြု ဗီဇများနှင့်အတူ၊ လူ့လောက၌ ရှင်သန် ကြီးပြင်းလာခဲ့ကြရသည်။ သို့ဖြစ်ရကား လူသားအဖို့ မိမိတို့၏ အတ္တအကျိုးနှင့် ပတ်သက်၍ အထူးတလည် လေ့ကျင့် သင်ကြားပေးနေစရာမလိုအပ်ဘဲ အလိုအလျောက် တတ်မြောက် နားလည်ထားပြီး ဖြစ်သည်။

မျက်မှန်စိမ်းများပြိုင်တူဖြုတ်နိုင်မလား

by Wai Maw on Sunday, June 19, 2011 at 12:49pm
အဖြစ်အပျက်ကတော့ ကိုယ့်ပေါင်ကိုယ်ထောင်းရမှာပါဘဲ ။ ဘာအဖွဲ့ ၊ညာအဖွဲ့ ၊
ဘာပညာရှင်၊ ညာပညာရှင် ဆိုတာနဲ နိုင်ငံရေးမဟာဗျူဟာ ၊စီးပွားရေးမဟာဗျူဟာ၊
စစ်ရေးမဟာဗျူဟာနဲ အသီးသီးသော နယ်ပယ်က ပညာရှင်များတရေးနိုး ကာ
စာအုပ်တွေထဲက အကြောင်းတွေကို ဗဟုသုတအဖြစ်နဲ့ ငါတို့ ကွလို ပြောတဲ့
အချိန် မှာကျွန်တော်တို့  ရင်ဆိုင်တိုက်နေရတဲ့ အာဏာရှင်အစိုးရ လက်တွေ့နဲ့ 
ပေါင်းစပ်ပြီးတော့ မိမိတို့ အာဏာတည်မြဲရေးအတွက် သုံးနေပြီဆိုတာကို
မသိလိုက်ရတဲ့အဖြစ်တွေမျိုးက ခြေလှမ်းများစွာနောက်ကျပြီးမှ ဆူညံစွာပေါ်လာတာက မြန်မာ့နိုင်ငံရေ
မှာပြန်ကြည့်လျှင်၊ မှတ်မှတ်မိမိ၊ သိသိသာသာဆိုပါက ၁၉၈၈ နောက်ပိုင်းမှ
ယနေ့ ထိတိုင်ဖြစ်သည် ဟုပြောလိုပါသည်။

ဆေးတညို

Aung Zaw Bo

Civil society (စီဗဲဆိုစိုက်တီး) ဆိုတဲ့ "လူထုအခြေပြု လူမှုလှုပ်ရှားမှု" ဆိုတဲ့ အယူအဆဟာ နှစ်ပေါင်း တရာကျော် နှစ်ရာနီးပါး တိမ်မြုပ်နေရာကနေ ၁၉၆ဝ ကျော် ၁၉၇ဝ ကာလ လောက်ကစပြီး အနောက်နိုင်ငံ တွေမှာ ပြန်လည်ဆန်းသစ် လာခဲ့ပါတယ်။ ၂ဝ ရာစု ကုန်ခါနီး တဝိုက်ကနေ အခု ၂၁ ရာစု ထဲမှာတော့ စီဗဲ ဆိုစိုက်တီး အယူအဆနဲ့ သူရဲ့အသံဟာ ပိုမိုပြီး ကျယ်လောင် အားကောင်းလာပါတယ်။

နိုင်ငံရေးနှင့် နိုင်ငံရေးပါတီ

ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးပြီးနောက် လွတ်လပ်ရေး ကြိုးပမ်းမှု၏ မြန်မာ့ရှေ့ဆောင် အမျိုးသား မဏ္ဍိုင်ကြီး ဖြစ်သော ဖဆပလ သည် ၁၉၅၈ ခုနှစ် နှစ်လယ်ပိုင်းတွင် တည်မြဲ(ဆွေငြိမ်း) နှင့် သန့်ရှင်း(နုတင်) ဟူ၍ နှစ်ခြမ်းကွဲ ပြိုလဲသွားခဲ့သည်။ လွတ်လပ်ရေး ရကာနီးနှင့် ရပြီးစ ကာလများ ကတည်းက ဖဆပလ အဖွဲ့ချုပ်မှ ပြည်သူ့ ရဲဘော် (အဖြူပတ်)၊ ဆိုရှယ်နီ၊ ဗကသ၊ ဗမက စသည့် အဖွဲ့များ ပဲ့ထွက်ခဲ့ပြီး ဖြစ်သည်။ ဖဆပလကြီး တည်မြဲနှင့် သန့်ရှင်း ကွဲပြဲမှုမှာ သာမန် ပဲ့ထွက်သွားခြင်း မဟုတ်ဘဲ ထမင်းစား ကြွေပန်းကန် အလယ်မှ ထက်ခြမ်း ကွဲသကဲ့သို့ ပြန်ဆက်၍ မရအောင် ကွဲထွက်သွားခြင်း ဖြစ်သည်။ 

ရဲရင့်သူတို့ အောင်ပွဲ(သို့မဟုတ်) ကျနော်၏ မှတ်မှတ်ရရ ရဲဘော်များ

by Yoe Khittaya on Sunday, June 19, 2011 at 11:26am
ဒီနေ့ မနက်ဟာ ခါတိုင်းနေ့တွေနဲ့ မတူ ခြောက်သွေ့လွန်းလှတယ်။ လမ်းဘေး ပလက်ဖေါင်းပေါ် သွားလာသူက နှစ်ယောက် သုံးယောက်၊ လမ်းမပေါ်မှာလည်း “ကား” မပြောနဲ့ ဆိုက်ကား တောင် မတွေ့ရဘူး။ တမြို့လုံး တိတ်တိတ်လေး ကြေကွဲနေကြတယ်။ ဟုတ်တယ် ဒီနေ့ဟာ ဒီမြို့လေး တမြို့တည်းအတွက်တင် ၀မ်းနည်း ကြေကွဲဘွယ် နေ့တနေ့ မဟုတ် မြန်မာတနိုင် ငံလုံးအတွက် ဗိုလ်ချုပ် အောင်ဆန်းနဲ့အာဇာနည်တွေ အသက်ပေးခဲ့ရတဲ့ ဇူလိုင် ၁၉ ရက်နေ့ လည်း ဖြစ်တယ်။

Thursday, June 16, 2011

ကစ်ဆင်ဂျားပြောတဲ့ တရုတ်ရဲ့စိန်ခေါ်မှု

by Lu Cifer on Thursday, June 16, 2011 at 9:46pm


အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဟောင်း ဟင်နရီ ကစ်ဆင်ဂျားရဲ့ ‘On China’ ဆိုတဲ့ စာအုပ်သစ် ထွက်လာသည်။ ကစ်ဆင်ဂျားမှာ သမ္မတနစ်ဆင် လက်ထက်
အမျိုးသား လုံခြုံရေး အကြံပေး ထမ်းဆောင်စဉ် လွန်ခဲ့တဲ့ အနှစ် ၄၀ လောက်က ၀ါရှင်တန်အစိုးရနှင့် တရုတ်ကွန်မြူနစ် အစိုးရကြား ပုံမှန်ဆက်ဆံရေး ရရှိဖို့ လျှို့ဝှက်ခရီးဖြင့် စတင်လမ်းဖောက်ပေးခဲ့သူ ဖြစ်သည်။

Wednesday, June 15, 2011

"တည်မိတဲ့ဘုရား ဠင်းတနားတော့မခံချင် (၁)"

created the doc: "တည်မိတဲ့ဘုရား ဠင်းတနားတော့မခံချင် (၁)"
“အပြောင်းအလဲတွေ များလေလေ နဂိုနေရာပဲ ပြန်ရောက်လေလေ”
"The more things change, the more they stay the same."
Jean-Baptiste Alphonse Karr (1808 – 1890) - French critic, journalist and novelist
ယခုနှစ် ဧပြီလ တစ်ရက်နေ့က စတင်ရုံးထိုင်သော မြန်မာ အစိုးရသစ်သည် သုံးလသား ရှိလာပြီဖြစ်ရာ ယင်း၏ သဘာဝကို စ၍ အကဲခတ် ကြည့်ဖို့ အချိန်သင့်ပေပြီ။
နှစ်ပေါင်း ငါးဆယ်လောက် မျက်ချေ ပြတ်ခဲ့သော အရပ်သား အုပ်ချုပ်ရေး စနစ်ကို ပြန်လည် အသက်သွင်း နေသည် ဖြစ်ရာ တကယ်စေတနာ အမှန်နှင့် လုပ်နေပါပြီ ဆိုပါက စမ်းတဝါးဝါး ဖြစ်နေတာလား အမှားအယွင်း နည်းအောင် သတိ ကြီးကြီးထား လုပ်နေတာလားတော့ မသိ၊ ပြည်သူတွေကော နိုင်ငံရေး သမားတွေပါ မည်သူမျှ အပြောင်းအလဲ၏ အရသာကို စတင် မခံစားမိကြသေး။
ပြည်ပရေးရာ၌ တရုတ်ဘက်ကို သိသိသာသာ ယိမ်းလာသည်ကို တွေ့ရသည်မှာ မှန်သော်လည်း ၎င်းမှာ ကိုယ်တိုင် ရွေးချယ်မှုထက် နှစ်ပေါင်းများစွာ ကြာအောင် အခြေအနေက တွန်းပို့ခံရမှု၏ ရလဒ် ဖြစ်သည်ဟု ယူဆသဖြင့် သိပ်တော့ အပြစ် တင်စရာမရှိ။

Monday, June 13, 2011

ပြည်သူ့ဝေဒနာသည် တော်လှန်ရေးသမားတို့ ဝေဒနာ

(မင်းမင်းထွေးငယ်)
by Nge Naing on Sunday, June 12, 2011 at 3:25pm
 
မိတ်ဆက်

ဒီသီချင်းနဲ့ ခရီးသွားဆာင်းပါးလေးက ၁၉၈၈ ခုနှစ်မှာ ငယ်ရွယ်နုပျိုတဲ့ ကာလမှာ တောတွင်းကို ရောက်သွားတဲ့ ကျောင်းသူတွေရဲ့ တော်လှန်ရေးမှာ ပါဝင်တဲ့ အခန်းကဏ္ဍနှင့် အာဏာရှင် အဆက်ဆက်လက်အောက်မှာ ခံစားနေရတဲ့ ကျေးလက်ဒေသ တိုင်းရင်းသား ပြည်သူများရဲ့ ဆင်းရဲဒုက္ခအပေါင်းကို ထင်ဟပ်ဖေါ်ပြနေလို့ ပြန်ဖေါ်ပြဖြစ်ပါတယ်။ ABSDF တပ်ရင်း ၂၀၄၊ သေ့ဘောဘိုးစခန်းမှ ရဲမေ မင်းမင်းထွေးငယ်က ၁၉၉၀ ခု မတ်လထုတ် ABSDF ရဲ့ ဒေါင်းအိုးဝေ အတွဲ (၁) အမှတ် (၁၁) မှာ ရေးသားတဲ့ ဆောင်းပါးကို နေ့သစ်မှ ကူးယူပြီး ဇော်ဂျီလက်ကွက်နဲ့ ပြန်ရိုက်ကာ ဖေါ်ပြထားပါတယ်။

Sunday, June 12, 2011

ဆင်းရဲနွမ်းပါးမှု ဖြစ်ပွားစေသော အကြောင်းရင်းများ

   Thursday, June 9, 2011  
ကောင်းကျိုး၊ ဆိုးကျိုးစတဲ့ အကျိုးတရားတွေရဲ့ နောက်ကွယ်မှာ ဖြစ်ပွားရတဲ့ အကြောင်းတရားတွေ ရှိပါတယ်။ စစ်ပွဲနဲ့ ပဋိပက္ခတွေ အဆုံးသတ်နိုင်ဖို့ ဖြစ်ပွားစေခဲ့တဲ့ အကြောင်းရင်းတွေကို ပြန်လည်ရှာဖွေပြီး၊ သင့်လျော်တဲ့ မဟာဗျူဟာ အခင်းအကျင်းတွေ၊ ညှိနှိုင်းမှုတွေကို ပဋိပက္ခထဲမှာ ပါဝင်ပတ်သက်တဲ့ ဘက်ပေါင်းစုံက ပြုလုပ်နိုင်မှသာ ငြိမ်းချမ်းရေးကို ဆောင်ကျဉ်းပေးနိုင်မှာ ဖြစ်ပါတယ်။ ဘက်တဘက်ထဲက ငြိမ်းချမ်းရေးကို လိုလားတောင်းဆိုရုံနဲ့ ငြိမ်းချမ်းရေးရလာမှာ မဟုတ်ပါဘူး။

Friday, June 10, 2011

"ဒီမိုကရေစီနှင့် တသီးပုဂ္ဂလ၀ါဒ".

[By Ye Thurein Min]

ဒီမိုကရေစီဆိုတာ လူအများစုရဲ့လက်ထဲမှာ ဆုံးဖြတ်ခွင့်တွေနဲ့ အချုပ်အချာအာဏာရှိတာကို ဆိုတယ်။
Collectivism ဆိုတာကတော့ အဖွဲ့အစည်း သို့မဟုတ် တိုင်းပြည်တစ်ခုဟာ စီးပွားရေး၊ ကုန်ထုတ်လုပ်ရေး တစ်ခုလုံးကို ချုပ်ကိုင်ထားခြင်းဖြစ်တယ်။ ဥပမာ.. နာဇီတွေနဲ့ ကွန်မြူနစ်တရုပ်တိုင်းပြည်တွေ။
Individualism ကတော့ တစ်ဦးတည်းရဲ့ မူပိုင် လုပ်ပိုင်ခွင့်တွေကို ပိုအားပေးတယ်။ လူအများစုရဲ့ ၀င်စွက်ဖက်မှုနဲ့ ပရောဂတွေ ကင်းတယ်။
အပေါ်က သုံးခုကိုယှဉ်ကြည့်ရင်………
ဒီမိုကရေစီ ဟာ Collectivism နဲ့ သွားနီးစပ်နေတယ်။ ကျမ တစ်ဦးထဲအမြင်မဟုတ်။ J.B. Wollstein ကလဲ ဒီလိုပဲမြင်ပါတယ်။

တို့ဗမာအစည်းအရုံး၏ သမိုင်းဝင် ဓါတ်ပုံများ(၁)

http://pyuland.blogspot.com/2008/04/blog-post_08.html

zzaag.jpg

ဆင်းရဲနွမ်းပါးမှုအား တိုင်းတာခြင်း


by Lu Bo on Friday, June 10, 2011 at 2:55am
တိုင်းပြည်တခုရဲ့ ဆင်းရဲနွမ်းပါးမှု အတိမ်အနက်ကို သိရှိဖို့ သင့်လျော်တဲ့ ဆင်းရဲနွမ်းပါးမှုဆိုင်ရာ အတိုင်းအတာ (Measures of poverty) များနဲ့ တိုင်းတာသတ်မှတ်ဖို့ လိုပါတယ်။ ဒါမှလဲ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး မဟာဗျူဟာ များ ချမှတ်ရေးဆွဲ အကောင်အထည်ဖော်ရာမှာ အခြေအနေမှန်နဲ့ လိုက်လျောညီထွေတဲ့ မဟာဗျူဟာတွေ ပါဝင်လာ မှာ ဖြစ်ပါတယ်။

ပန်းတိုင်ကို ဘာကြောင့် မရောက်ခဲ့သနည်း

by Lu Bo on Friday, June 10, 2011 at 2:41am

Min Thant Syn


ပြည်ထောင်စု မြန်မာနိုင်ငံ ပေါ်ထွန်းလာတဲ့ ၁၉၄၈ ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့ တိုင်းပြည်ပြု လွှတ်တော် အစည်းအဝေးမှာ သမ္မတ စ၀်ရွှေသိုက်က "လွတ်လပ်သော မြန်မာနိုင်ငံ၏ ပန်းတိုင်များ"ကို ကြေညာခဲ့ပါတယ်။ အဲဒီလို ကြေညာရာမှာ- "အမြဲ ထာဝစဉ် ရှေးရှု သုံးသပ်လျက် ရှိသော ကျွန်ုပ်တို့၏ မူလ ရည်ရွယ်ချက် သည်ကား မြန်မာ ပြည်ထောင်စုတွင် အရင်းရှင် ၀ါဒကို ပိတ်ပင် ပယ်ဖျက်၍ နိုင်ငံ၏ လုပ်ငန်း ဆောင်တာ အ၀၀ကို တိုင်းသူ ပြည်သားများသာ ပိုင်ဆိုင်ခွင့် ရှိသော ဆိုရှယ်လစ် နိုင်ငံ တည်ဆောက်ရန် ဖြစ်ပေသည်။ ထိုဝါဒတွင် ပိုင်ရှင် ရှိသော ပစ္စည်းများကို အတင်းအဓမ္မ လုယက် ယူသော ရည်ရွယ်ချက် လုံးဝ မပါဘဲ တိုင်းပြည်အတွင်း ရှိရှိသမျှ ပြည်သူ ပြည်သား အလုံးစုံတို့ကို ကျောသား ရင်သား မခွဲခြားဘဲ ပြည့်ဝ ချမ်းသာစေ လိုသော ၀ါဒသာလျှင် ဖြစ်လေသည်။

အခြေခံ နိုင်ငံရေးသိပ္ပံ အပိုင်း (၃)ကွန်ဖြူးရှပ်၏နိုင်ငံရေးအတွေးအခေါ်


by Lu Bo on Friday, June 10, 2011 at 2:37am
လူကို တန်ဖိုးထား တွေးခေါ်တတ်သော ကွန်ဖြူးရှပ်သည် နိုင်ငံရေးဆိုင်ရာ ပြဿနာရပ်များကိုလည်း လူမှုဆက်ဆံရေး ရှုထောင့်မှ သုံးသပ် ရှုမြင်လေ၏ ... ။ လူ့အဖွဲ့အစည်း၏ အခြေခံမှာ ဖခင် အုပ်ချုပ်သော မိသားစုဖြစ်၏ ... ။ နိုင်ငံဆိုသည်မှာ မိသားစုကို တိုးချဲ့ထားခြင်းသာ ဖြစ်သည်ဟု ကွန်ဖြူးရှပ်က ယူဆ၏ ... ။

ကွန်ဖြူးရှပ်က နိုင်ငံတော် အစိုးရသည် တိုင်းသူ ပြည်သားများအပေါ် ကောင်းကျိုးချမ်းသာ ရရှိနိုင်စေရန် ကြိုးစား အားထုတ်ရမည် ... ။ ထိုသို့သော အစိုးရသည် စွမ်းရည်ရှိသူများဖြင့် ဖွဲ့စည်းထားသော အစိုးရမျိုး ဖြစ်ရမည် ... ။ စွမ်းရည်ရှိနိုင်ရန် မိဘမျိုးရိုးအပေါ် အခြေမခံဘဲ အကျင့်စာရိတ္တနှင့် အသိပညာပေါ်တွင် အခြေခံရမည် ... ။ အသိပညာနှင့် စာရိတ္တကောင်းမွန်းရေးမှာလည်း သင့်တော်သောပညာ သင်ကြားလေ့လားရေးတွင် အခြေခံသည် ဟုဆိုပါသည် ... ။

Thursday, June 9, 2011

သမီး ကျောင်းတက်ချင်တယ် ဖေဖေ . . .

D.မင်း၊ ဇင်သီဟန် ရေးသားသည်။


''သမီးလေး ကျောင်းအပ်ချင်လို့ပါ...
ဒါပေမဲ့ဗျာ...''
    ငါးနှစ်အရွယ် သမီးငယ်ရဲ့ လက်ကိုဆွဲရင်း ကျောင်းဝင်းထဲကထွက်လာသည့် ကိုဟန်ဝင်း(နာမည် လွှဲ)အသံက တုန်ယင်နေသည်။
    ''ကျွန်တော်က ဆင်းရဲပေမယ့် ကိုယ့်သားသမီး ကို ပညာတတ်ကြီးတစ်ယောက်ဖြစ်စေချင်တယ်။ ဒါပေမဲ့ ကျောင်းဝင်ကြေးက မတက်နိုင်ဘူးလေ''ဟု သူ၏စကား ကို ဆက်လိုက်သည်။
    ကျောင်းဝင်းထဲ တဖွဲဖွဲဝင်ရောက်လာသော မိဘနှင့် ကလေးငယ်များကိုကြည့်ရင်း ကိုဟန်ဝင်းရင်ထဲ ဆို့နင့်နေသည်။

Wednesday, June 8, 2011

ကျမတို့ နိုင်ငံခြားကျောင်းသားဘဝ

by Eingyin Khaine on Wednesday, June 8, 2011 at 9:53am
ကျမ မနက်က လမ်းမှာ လီလီနဲ့တွေ့သည်။
"ဟယ်လီလီရေ မတွေ့ရတာကြာလှပြီလှလာလိုက်တာ ဘယ်သွားမလို့လဲ" ဆိုတော့
"ငါအဆောင်ပြောင်းမလို့ အခန်းသွားကြည့်မလို့လေ လှအောင်တမင်ပြင်ထားတာဟ ငါ့ချစ်သူနဲ့ ကွဲသွားပြီ" "ဟင် ဟုတ်လား ဟိုနင်ပြောပြတဲ့ ကိုရီးယားကောင်လေးလား" " အေး.... ရီးစားနဲ့ ပြတ်တော့တမင်လှအောင်လုပ်ထားရတာ စိတ်တော့ညစ်တာပေါ့၊ နောက်မှနင်ငါ့အခန်းအသစ်ကိုလာလည် ထမင်းအတူစားကြမယ်"....

Tuesday, June 7, 2011

ဆင်းရဲနွမ်းပါးမှုဆိုင်ရာ ရှုထောင့်အမျိုးမျိုး

ဘောဂဗေဒပညာရှင်တွေက ဆင်းရဲနွမ်းပါးမှုဆိုင်ရာ ရှုထောင့် (Dimensions) များစွာ
ကို ခွဲခြားသတ်မှတ်ပြီး၊ ဒီရှုထောင့်တွေနဲ့ ကျားမကွဲပြားမှု(gender)၊ သဘာဝပတ်ဝန်းကျင် (environment) တို့အကြားက ဆက်နွယ်မှုတွေကို လေ့လာဆန်းစစ်ခဲ့ကြပါတယ်။ ဆင်းရဲနွမ်းပါးမှုဆိုင်ရာ ရှုထောင့်မျိုးစုံကို စီးပွားရေးစွမ်းရည် (economic capabilities)၊ လူသားစွမ်းရည် (human capabilities)၊ နိုင်ငံရေးစွမ်းရည် (political capabilities)၊ လူမှု-ယဉ်ကျေးမှုစွမ်းရည် (socio-cultural capabilities) နဲ့ ကာကွယ် စောင့်ရှောက်ရေးစွမ်းရည် (protective capabilities) ဆိုပြီး ငါးမျိုး ခွဲခြားသတ်မှတ်ကြပါတယ်။   

ဆင်းရဲနွမ်းပါးမှု (Poverty) ဆိုရာဝယ်

ဘောဂဗေဒပညာရှင် David Korten က ဆင်းရဲနွမ်းပါးမှု၊ လူမှုယှက်နွယ်ဆက်စပ်ခြင်း သဏ္ဍာန်များ ပျက်ယွင်းမှုနဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးမှု စတာတွေဟာ တကမ္ဘာလုံးက အလေးထားရမယ့် global threefold human crisis လို့ အဆိုရှိခဲ့ဖူးပါတယ်။ ဒီအချက်သုံးချက်ထဲမှာ ပါဝင်တဲ့ ဆင်းရဲနွမ်းပါးမှုဆိုတာကလဲ လူသားတဦးချင်းဆီကနေ တကမ္ဘာလုံးအတိုင်းအတာအထိ ပျံ့နှံ့ ရိုက်ခတ်နေတဲ့ သဘောတရားတခုပဲ ဖြစ်ပါတယ်။

Saturday, June 4, 2011

သမိုင်းတကွေ့မှ ဗကပ ဥက္ကဋ္ဌ သခင်သန်းထွန်း

သမိုင်းတကွေ့မှ ဗကပ ဥက္ကဋ္ဌ သခင်သန်းထွန်း
သန်းဝင်းလှိုင်
ဇွန် ၄၊ ၂၀၁၁
 သခင်သန်းထွန်းသည် မြန်မာနိုင်ငံ၏ နိုင်ငံရေးလှုပ်ရှားမှုသမိုင်းတွင် လွန်ခဲ့သော ၆၃ နှစ် အတွင်းက ထင်ရှားခဲ့သော နိုင်ငံရေးခေါင်းဆောင်တဦး ဖြစ်ခဲ့ပေသည်။ အထူးသဖြင့် လွန်ခဲ့သော ၅၄ နှစ်အတွင်းတွင် သခင်သန်းထွန်းသည် ဗမာပြည်ကွန်မြူနစ်ပါတီ၏ ခေါင်းဆောင်ကြီးတဦး အဖြစ် ထင်ပေါ်ကျော်ကြားခဲ့လေသည်။ သခင်သန်းထွန်း၏နာမည်ကို ဗမာပြည်ကွန်မြူနစ် လောကတွင်သာမက ကမ္ဘာ့ကွန်မြူနစ်လောကတွင်လည်း ထင်ရှားခဲ့သည်။
Related Posts Plugin for WordPress, Blogger...