Friday, July 29, 2011

“ရသ”ဒိုင်ယာရီ(၂)

By Yoe Khittaya· about an hour ago
ဌက်ဖျားဟာ တနေ့တခြား
ပိုပို ထွားလာသလို
အကိုက်အခဲမှာ
လိုက်ပွဲတွေနဲ့ ။

အသက်ကအို     
စိတ်မှာ ပျိုဆဲမို့
မနေ့က
နှလုံးသားကို”ချေနင်း”ခံလို​က်ရတယ်။  ။

ရိုး(ခေတ္တရာ)
(၁၈-၁၂-၉၅-ဘန်ကောက်)

လူ့ဘ၀တန်ဖိုး

ဘ၀ရဲ့အကြောင်းကို တစ်စေ့တစ်စောင်း ပြန်လည် ၍ စဉ်းစားမိဖို့ကောင်း

ပါသည် ။ လူဖြစ်လာရသည့် တစ်ခဏအတွင်း ယခုလက်ရှိ ဘဝ

ကျမှသာ ကိုယ့်ဘာသာ ကိုယ့်အကြောင်း ဟောင်းခဲ့တာ ၊ သစ်ခဲ့တာ ၊ ကောင်းခဲ့တာ ၊

မကောင်းခဲ့တာ တွေကို စောင်းငဲ့ပြီး တစ်ဖန်ပြန်လည် စဉ်းစားတွေးတောပြီး

စမ်းတစ်ဝါးဝါး သိနိုင်စဉ် ဘ၀ ရဲ့ အမျှင်အစတွေကို အဆင်ပြေသလို ဆွဲထုတ်ပြီး

ဝေဖန် ခွဲခြား ရှုမြင် ကြည့်ပြီး သိနိုင်သမျှတွေကို ဆင်ခြင်၍ ကြည့်ကြပါစို့ ။

ဝက်တကောင် ညီမျှခြင်း ကျောင်းဆရာ ၁၉ .ယောက်

[By Robina Lwin]

   သူတို့ အကြောင်းမပြောချင်ပါဘူးဆိုမှ ကိုယ်နဲ့ ထိပ်တိုက်လာတိုးရတယ်လို့ 
လမ်းတလျှောက်က ရှုခင်းတွေ ..တောတောင်လျှိမြှောင်တွေက အုပ်အုပ်ဆိုင်းဆိုင်း ပြာမှိုင်း
မှိုင်းနဲ့ ..လွမ်းသလို ဆွေးသလို ငေးငေးလေးနဲ့ အေးအေးလေး မျက်စိ တဆုံးကြည့်ပြီး မိန်း...
မောလာခဲ့တာ…ဘာကို ညာကို သတိယ သလိုလို..တွေးလို့ ကောင်း လွမ်းလို့ ကောင်းနေ
ကာမှ …ရုတ်တရက်….
` ကားရပ်  ´
`ဘုရား ´

Thursday, July 28, 2011

မြေဇာပင်တို့  ငိုညီးသံ

by Lu Cifer on Thursday, July 28, 2011 at 6:43am



ဘီလူးရုပ်နဲ့  ဇော်က ကနေကြ
ကြိုးဆွဲသူက ပေါရိသာရ
သောင်းသောင်းဖျဖျ ဇာတ်ပို့ ဇာတ်ရံ

အမျိုးသားအကျိုးစီးပွား တိုးတက်​ဖို့ဆိုရင် (၂)

Min Thant Syn created a doc.
အမျိုးသားအကျိုးစီးပွားတိုးတက်ဖို့ ကျွန်တော်တို့ ဘာတွေလုပ်သင့်သလဲ။
 
တိုင်းပြည်နဲ့ချီပြီး မစဉ်းစားခင် အခြေခံကျတဲ့ အိမ်ထောင်စုလေးတခုနဲ့ ဥပမာထားပြီးပဲ အရင် စဉ်းစာကြည်ကြရအောင်ပါ။

နိုင်ငံရေးသိပ္ပံပညာအပိုင်း(၂၀)

Min Thant Syn created a doc.
မြန်မာနိုင်ငံ သမိုင်းတလျောက် တိုင်းပြည်အား ... ပြန်လည် စုစည်းထူထောင်ခဲ့ကြသော ပုဂ္ဂိုလ်ကြီး (၄) ဦးရှိခဲ့ဘူးပါ၏ ... ။

၁။ အနော်ရထာ (ပုဂံခေတ်)
၂။ ဘုရင့်နောင် (ဟံသာဝတီခေတ်)
၃။ အလောင်းဘုရား (ကုန်းဘောင်ခေတ်)
... ၄။ ဗိုလ်ချုပ်အောင်ဆန်း ( မြန်မာ့လွတ်လပ်ရေး ဖခင်ကြီး)

နိုင်ငံရေးသည် ပကတိသဘောကို ပစ်ပယ်၍ မရ

in Thant Syn created a doc.
လောက၌ အရာရာ တိုင်းသည် နိစ္စဓူဝ မဟုတ်ပါ။ အနိစ္စ၊ အဓူဝ အမြဲတမ်း ပြောင်းလဲလျက် ရှိနေပေသည်။ ဤသည်မှာ သဘာဝ သဘော၊ ဓမ္မသဘော အစစ်အမှန်ပင် ဖြစ်သည်။ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု သို့မဟုတ် အရေးတော်ပုံ တစ်ရပ် ဖြစ်ထွန်း ပေါ်ပေါက် လာပါက ယေဘုယျ ရှုမြင်မှုနှင့် ခွဲခြမ်းစိတ်ဖြာ ရှုမြင်မှုဟူ၍ အမျိုးမျိုး လေ့လာကြပေသည်။

မြန်မာ့ ကျန်းမာရေး စနစ်

written by Juan Rama

by Ye Myint Thu on Thursday, July 28, 2011 at 6:19am
၁၉၄၈ ခုနှစ်မှ ၁၉၆၂ ခုနှစ်ထိ ကာလအတွင်း မြန်မာနိုင်ငံသည် ဗြိတိန် ကျန်းမာရေး စံနစ် (British National Health Service) ပုံစံအတိုင်း အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှု စံနစ်ကို ကျင့်သုံးခဲ့သည်။ Government Tax Revenue ခေါ် အခွန်အခကောက်ခံမှု မှ တစ်ဆင့် အစိုးရက အလုံးစုံ တာဝန်ယူပေးသည် အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှု (Free Health Care) သည် ထိုစဉ်က သန်းပေါင်းနှစ်ဆယ်မျှသော ပြည်သူ လူထု အတွက် ပြည့်စုံလုံလောက်သည့် ကျန်းမာရေး စံနစ် တစ်ခု ဖြစ်ခဲ့သည်။

ဝက်တကောင် ညီမျှခြင်း ကျောင်းဆရာ ၁၉ .ယောက်

by Robina Lwin on Wednesday, July 27, 2011 at 2:59pm
                သူတို့ အကြောင်းမပြောချင်ပါဘူးဆိုမှ ကိုယ်နဲ့ ထိပ်တိုက်လာတိုးရတယ်လို့ 
လမ်းတလျှောက်က ရှုခင်းတွေ ..တောတောင်လျှိမြှောင်တွေက အုပ်အုပ်ဆိုင်းဆိုင်း ပြာမှိုင်း
မှိုင်းနဲ့ ..လွမ်းသလို ဆွေးသလို ငေးငေးလေးနဲ့ အေးအေးလေး မျက်စိ တဆုံးကြည့်ပြီး မိန်း
မောလာခဲ့တာ…ဘာကို ညာကို သတိယ သလိုလို..တွေးလို့ ကောင်း လွမ်းလို့ ကောင်းနေ
ကာမှ …ရုတ်တရက်….
` ကားရပ်  ´
`ဘုရား ´

Wednesday, July 27, 2011

ဗိုလ်ချုပ်နှင့် ကျွန်တော်

Khu Daun
 ( ညိုမြ )

ဗိုလ်ချုပ်အောင်ဆန်းနှင့် မောင်သုမနတို့မှာ ကျောင်းနေဘက် သူငယ်ချင်းအရင်းအချာများ ဖြစ်ကြပေ သည်။ ကျောင်းနေဘက်ဟုဆိုရာ၌ ပုဆိုးကွင်းသိုင်းလျက် ဖင်မလုံ၊ ခေါင်းမလုံ ဘုန်းကြီးကျောင်းတွင် ခုံညင်းထိုးခဲ့ကြခြင်း မဟုတ်ပေ။ မြန်မာပြည်၌ အကြီးကျယ်ဆုံးဖြစ်သော အဓိပတိ ထိပ်သီးဧရာမ ရန်ကုန် တက္ကသိုလ်ကြီး၌ စာပေအတူသင်ကြား နေထိုင်ခဲ့ကြရာမှ သူနှင့် ကျွန်တော် ပူးပေါင်း၍ ထိုကျောင်းတော်ကြီး ကို မီးရှို့ကာ (၁၉၃၆) ခု သပိတ်ကြီးအား လှုံဆော်ပေါ်ပေါက်စေခဲ့သူ များ ဖြစ်ကြပေသည်။

"စတုတ္ထမဏ္ဍိုင်လို့ ဆိုရင် . .

WRITTEN BY နေထွန်းနိုင်"

ဇူလိုင်လ ၆ ရက်။ ဗြိတိန်ပါလီမန်မှာ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက ဆွေးနွေးမှုတစ်ရပ် ပြုလုပ်ခဲ့ပါ
တယ်။ချက်ချင်း ဆိုသလိုပါပဲ။ Tabloid သတင်းစာ News of the World ရဲ့ သတင်းတွေက ပျံ့နှံ့သွားပါတယ်။ ကျင့်ဝတ် မစောင့်ထိန်းမှု၊ လူ့ဂုဏ်သိက္ခာကို ထိပါးမှု၊ စက်ဆုပ် ရွံရှာဖွယ် ကောင်းသော အပြုအမူ။ ဒီလို မှတ်ချက်တွေက ပလူပျံသွားခဲ့ပါတယ်။

Monday, July 25, 2011

အတွေးအခေါ်နှင့် လမ်းစဉ် (အပိုင်း- ၁)

Aung Lat


နိဒါန်း
လူတယောက်၏ ဘ၀လမ်းကြောင်းတွင်ဖြစ်စေ၊ နိုင်ငံရေးလမ်းစဉ်များတွင်ဖြစ်ေ စ အတွေးအခေါ်က အဓိကကျလေသည်။ အတွေးအခေါ် ရှင်းလင်းမှသာ လုပ်ဆောင်ရမည့် လမ်းကြောင်းကို သတ်မှတ်ရွေးချယ်နိုင်သည်။ တိကျစွာ အကောင်အထည်ဖော်နိုင်သည်။ အတွေးအခေါ် ရှုပ်ထွေးနေလျှင် လမ်းစဉ်များကလည်းေ၀၀ါးနေတတ်သည်။ အကောင်အထည်ဖော်ဆောင်ရာတွင်လဲ တိကျပြတ်သားမှု မရှိဖြစ်တတ်သည်။ ကြံတိုင်းမမြောက်ပဲ လုပ်တိုင်း မအောင် ဖြစ်လေ့ရှိသည်။

“ငမိုးမသေသေး” (နတ်မောက်-ဘုန်းကျော်)

by Sein Khat Soe on Monday, July 25, 2011 at 7:22pm



 (ငမိုး)ကိုလူအများတကာက သေလေပြီဟုပြောကြသည် ။ အမှန်မှာကား ( ငမိုး )မသေသေးဟု ထင်ပါသည် ။ ယခု ဇန်န၀ါရီလ တစ်ခု သော နံက်ခင်း ချမ်းချမ်းစီးစီးထဲတွင် တပ်မတော်မော်ကွန်းတိုက်၏ အောက်ထပ်၌ “ငမိုး (ခေါ်)ဗိုလ်ချုပ်အောင်ဆန်း” ကိုအမှတ်မထင် ကျွန်တော် တွေ့ရ၏ ။တစ်ဦးနှ...င့်တစ်ဦး တွေ့ကြရာ၌ ယခင်တုန်းကလို ၀မ်းသာအယ်လဲမရှိကြ ။ သူကလည်း သူ့အတွေးနှင့်သူ ငိုင်နေ ၏ ။ ကျွန်တော့်မှာလည်း ရင်ထဲမှာ နာနေ၏ ။ဘာအတွက် အသဲနာ,ရင်နာ ဖြစ်ရသည်ကိုကား ကျွန်တော် ဖွင့်မပြောချင် ။

Sunday, July 24, 2011

မြန်မာ့အရေးလှုပ်ရှားမှု ပြဿနာများ

Min Thant Syn created a doc.
မလုပ်တာနဲ့စာလျှင် လုပ်တာကပိုကောင်းတယ်ဆိုတဲ့ အယူအဆသည် လုံးဝမှားယွင်းသော အယူအဆဖြစ်သည်။ No news is good news နှင့် “ ထိုင်နေရင်အကောင်းသား၊ ထသွားမှ အကျိုးမှန်းသိ ” ဆိုတဲ့ သဘောတရားများကိုလည်း နားလည်ဖို့ လိုပါတယ်။ ဘာမှ မလုပ်ဘဲ နေရမှာလားဆိုတဲ့ ခတ်တုံးတုံး ... အမေးမျိုးလည်း မေးတတ်ကြပါတယ်။ ဟုတ်ပြီ၊ အလုပ်လုပ်သည်၊ လှုပ်ရှားကြသည်ဆိုတဲ့ အခါမှာ ကိုယ်လုပ်တဲ့ လှုပ်ရှားမှုဟာ လူထုအတွက် အကျိုးဖြစ်မလား၊ အဆိုး ဖြစ်မလားဆိုတာ ပထမဆုံး ထည့်သွင်းစဉ်းစားရမယ့် အချက်ပါ။

အမျိုးသားအကျိုးစီးပွား တိုးတက်​ဖို့ဆိုရင် (၁)

Min Thant Syn created a doc.
တိုင်းပြည်ကောင်းအောင် ကျွန်တော်တို့ဘယ်လိုလုပ်ကြမလဲ။

တိုင်းပြည်ကောင်းအောင် ဘယ်လိုလုပ်ကြမလဲလို့ ဆွေးနွေးကြတဲ့အခါ ကျွန်တော့် အမြင်ကတော့တပ်ကို တပ်နဲ့တူအောင် ပြုပြင်ရန်က ပထမဦးဆုံးနဲ့ အရေးအကြီးဆုံးဟု မြင်ပါသည်။ ဒီပြင်ဌာနတွေ လာဘ်စားတာ၊ အစိုးရစက်ရုံတွေ စီးပွ...ားရေး ဆန်ဆန်မလုပ်တာ၊ နောက်ဆုံးကျောင်းသားတွေ စာခိုးချတာကအစ ပြုပြင်စရာများဟု ဆွေးနွေးခဲ့ကြပေမယ့်၊ တကယ်တန်း တိုင်းပြည်ရဲ့ စီးပွားရေး၊ အုပ်ချုပ်ရေးကစလို့ ပညာရေး၊ ကျန်းမာရေး အားလုံး အဓိကတာဝန်ခံ ဆောင်ရွက်နေတာတပ်ပါ။

"မြန်မာ့နိုင်ငံရေး မဟာဗျူဟာ"

created the doc: "မြန်မာ့နိုင်ငံရေး မဟာဗျူဟာ"
Min Thant Syn created the doc:
အာဏာဆက်ဆံရေး
၂၀-၁၀-၂၀၀၈ နေ့ထုတ် Weekly Eleven ဂျာနယ်၌ `ခေတ်ပြိုင်မြန်မာ့နိုင်ငံရေးကို အခြေခံမဟာ ဗျူဟာရှုထောင့်များဖြင့် စဉ်းစားခြင်း´ ဟူသော ခေါင်းစဉ်ဖြင့် ဆောင်းပါးတစ်ပုဒ်ရေးသားခဲ့သည်။

Friday, July 22, 2011

ကျောင်းသားဝတ္တရား


[By Kyaw Thurein]


ရေးသူ၊ မောင်အောင်ဆန်း၊ ဘီ-အေ
မြန်မာ နိုင်ငံလုံးဆိုင်ရာ၊ သမ္ဂအသင်းဥက္ကဌ


အင်္ဂလိပ်စာရေးဆရာကြီး ရှိတ်စပီးယားက ကမ္ဘာအလုံးစုံသည် ဇာတ်ခုံမျှသာတည်းဟု မိန့်
မြွတ်ဘူး၏။ ထိုကမ္ဘာ့ ဇာတ်ခုံတွင်၊ လူအမျိုးမျိုး၊ အရွယ်အမျိုးမျိုး၊ အတန်းအစား အမျိုးမျိုး
တို့သည် ကိုယ့်အခဏ်းကို ကိုယ်ကိုင်၍ ဇာတ်နိုင်အောင် ခင်းသွားရလေသည်။ သို့ဖြစ်ရာ
လူတိုင်းလူတိုင်းမှာ သိကြားတတ်သော အချိန်အရွယ်မှ စ၍ သေသည် ထိအောင် မိမိ၏ အ
လုပ်ဝတ္တရား အဖြစ်ရှိ၏။ ထိုဝတ္တရားကို ကြေပြွန်မှ သာလျှင် လောက၌ လူဖြစ်ကျိုးနပ်ပေ
မည်။ ကမ္ဘာ၏ နောင်ခေတ် အမွေခံဖြစ်ကြသော ကျွန်တော်တို့ ကျောင်းသားတို့မှာလည်း အ
ထူးသဖြင့် အသက် ၁၆နှစ်၊ ၁၇နှစ်မှ အထက်ရှိသော ကျောင်းသားများ မှာလည်း အဆိုပါ
ဝတ္တရားဥပဒေမှ မကင်းလွတ်ကြချေ။ ယင်းသို့ဖြစ်လျှင်-ကျောင်းသား၏ ဝတ္တရားသည် အ
ဘယ်နည်း။

အမျိုးသမီးတွေစဉ်းစားဘို့


by Ahtar Oo on Tuesday, July 19, 2011 at 6:23pm
အမျိုးသမီးအခွင့်ရေးဆိုတာ??????

Women right အမျိုးသမီးအခွင့်ရေးနဲ့ပတ်သက်ပြီးကျမအနေနဲ့အမျိုးသမီးတွေဆင်ခြင်နိင်ဘို့ဒီစာလေးကိုရေးခြင်းဖြစ်ပါတယ်မည်သူတဦးတယောက်ကိုမှရည်ဆူးပြီးရေးခြင်မဟုတ်ပါ
ကိုယ်ပိုင်လွတ်လပ်ခွင့်ဆိုတာလူတိုင်းမှာမွေးရာပါအခွင့်အရေးပါမည်သူတဦတယောက်ဆီကမှတောင်ယူစရာမလိုပါဘူးအဲဒီအခွင့်အရေးကိုသည်းကမ်းရှိရှိအသုံးချတတ်
ဖို့ဟာအရေးကြီးဆုံးအချက်ပါ။
ဘာကြောင့်လည်းဆိုတော့ကျမအတွေ့ကြုံတခုပေါ့နောကျမငယ်ငယ်ကအမေ့အဒေါ်ကျမအဖွာတွေနဲ့နေခဲ့ရပါတယ်ဖေဖေနိင်ငံရေးလုပ်လို့ထောင်ကျစဉ်ပေါ့အဖွားတွေက
မိန်းကလေးဘဲသေစာရှင်စာဖတ်တတ်ရင်တော်ဘီကျောင်းတတ်စရာမလိုဘူးယောကျာင်္လုပ်ကြွေးလေ့မယ်ဆိုတဲ့အယူအစ၊မိန်းမအပင်တတ်လို့မရဘူးဆိုတာမျိုးတွေပေါ့
အိမ်ရှေ့ကမာလကာပင်ကျမြုံမှာဆိုးလို့မတတ်ရဘူအိမ်နောက်ဖေးကမကျီးပင်တော့တတ်ခူးခိုင်တာတွေလေတိုတိုနဲ့လိုရင်းပြောရရင်အဲဒီစည်းကမ်းချက်တွေဟာအမျိုးသမီး
ချင်းထုပ်ပြန်တဲ့အချက်တွေပါအမျိုသမီးချင်နိမ့်ချခြင်းတွေစဉ်ကမ်းမစောင့်ထိမ်းမူတွေပါအဲတာကြောင့်လူမူရေးဖေါက်ပြန်မူတွေဟာအဲဒီကစတာဖြ
စ်ပါတယ်။

ခလေးတို့ရဲ့ ဆရာမ


by Ahtar Oo on Friday, July 22, 2011 at 8:44am

ကျမကျောင်းသားတပ်မတော်မှာတာဝန်ထမ်ဆောင်စဉ်ကရှေ့တန်ထွက်ခဲ့ရပါတယ်စစ်သွေးကြွတဲ့ကျမစစ်တိုက်မယ်ပေါ့တိုက်ပွဲနစ်ခုလောက်
အပြီးကျမတို့ရှေ့တန်စခန်းအဖြစ်ရွေးချယ်လိုက်တဲ့ရွာကြီးမှာစခန်းချခဲ့ကြပါတယ်၊အဲဒီရွာဟာအိမ်ခြေသုံးထောင်ကျော်ရှိပြီးအလယ်တန်ကျောင်း
တကျောင်းရှိပြီးကျောင်းဆရာမရှိလို့ကလေးတွေစာမသင်နိင်တာကျမကိုယ်တွေပါရွာသူရွာသားတွေဟာကျမတို့ကိုတွေတော့အာရဝမ်းသာစွာနဲ့
ကြိုဆိုကြပါတယ်။

အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး (သို့မဟုတ်) ဧရာဝတီ

by We are Burmese! on Friday, July 22, 2011 at 1:44pm
 http://www.naytthit.net/?p=15625

ဧရာဝတီမြစ်ဝှမ်းဟာ ကချင်ပြည်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်းအနောက်ခြမ်း၊ ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းတို့ကို လွှမ်းခြုံနေပြီး မြန်မာနိုင်ငံတခုလုံးရဲ့ ၆၁% ကျယ်ဝန်းပါတယ်။ ဧရာဝတီတိုင်းက ကရင်၊ ဗမာ၊ မွန် နဲ့ ရခိုင် ၈ သန်းနီးပါး၊ ရန်ကုန်တိုင်းက လူမျိုးစုံ ၆ သန်း၊ ပဲခူးတိုင်းအနောက်ခြမ်းက ကရင်၊ ဗမာနဲ့ မြေပြန့်ချင်း ၂.၅ သန်း၊ မကွေးတိုင်းက ဗမာနဲ့ မြေပြန့် ချင်း ၄ သန်း၊ မန္တလေးတိုင်းက ဗမာ နဲ့ ရှမ်း ၅ သန်း၊ စစ်ကိုင်းတိုင်းက ဗမာ နဲ့ ရှမ်းနီ ၄ သန်း၊ ကချင်ပြည်က ကချင်နဲ့ ရှမ်းနီ ၁ သန်းနီးပါး၊ စုစုပေါင်း သန်း ၃၀ ကျော်ဟာ ဧရာဝတီကို မှီခိုနေရပါ တယ်။

"့ အင်္ဂလိပ်စာသင်ကြားရေး "

Lightof Saw created the doc:
www.nonstopenglish.com

           ဒီ website ကတော့ အင်္ဂလိပ်စာသင်ကြားရေး နဲ့ ပတ်သက်ပြီး
ကမ္ဘာ့အကောင်းဆုံး နံပါတ်(၁) website ဖြစ်ပါတယ်။ ဒီ website မှာ
အသုံးပြုသူ User တွေ အနေနဲ့။ ကိုယ့်ရဲ့ English Grammer and Vocabulary
Skill တွေကို Interactive Tests တွေနဲ့ စစ်ဆေးကြည့်လို့ ရပါတယ်။ ဒါ့အပြင်
Register လုပ်ပြီး User log-in နဲ့ ၀င် မယ်ဆိုရင်လည်း သူ့ဆီက အခမဲ့ Email
Test တွေ ရယူ ဖြေဆိုပြီး ကိုယ့်ရဲ့ရမှတ်ကိုလည်း ပြန်လည်ကြည့်ရှုလို့ ရပါ

တယ်။ ဒီ websites က သူ့ရဲ့ Tests တွေကို အပတ်စဉ် Update လုပ်ပေးပါတယ်။

သစ်ပင်စိုက်သူများ ခင်မောင်ညို (ဘောဂဗေဒ)

by Khin Maung Nyo on Friday, July 22, 2011 at 12:50pm

          ကျွန်တော် သစ်ပင်စိုက်ရကောင်းမှန်းသိတာ၊ ဘယ်အရွယ်ကလို့တောင် မမှတ်မိဘူး။ သစ်ပင်စိုက်ဖူးသလားလို့မေးရင်၊ စိုက်ဖူးတယ်လို့ပဲဖြေမယ်။ ဘယ်နှစ်ခါစိုက်ဖူးသလဲလို့ မေးရင်တော့၊ မမှတ်မိလောက်အောင် စိုက်ဖူးတယ်လို့ ဖြေပါမယ်။ ကတ်သီးကတ်သတ်ပြောရရင်၊ မစိုက်ဖြစ်ခဲ့တဲ့ ပွဲတစ်ပွဲကို မှတ်မိနေတယ်။ ကျွန်တော် (၁၉၇၁)ခုနှစ် ကျောင်းသားဘ၀ကစပြီး၊ အဆောင်နေတယ်။

Monday, July 18, 2011

အာဇာနည် ခေါင်းဆောင်ကြီးများနှင့် လူသတ်သမားများ

by စစ် ကိုနိုင် on Monday, July 18, 2011 at 6:19pm
 
အာဇာနည်များ ဗိုလ်ချုပ်အောင်ဆန်း (ခ) ဗိုလ်တေဇ (၃၂) နှစ် မြန်မာ့အမျိုးသားရေးလှုပ်ရှားမှု၏ ခေါင်းဆောင်ကြီး၊ ဘုရင်ခံအမှုဆောင်ကောင်စီ၏ ဒု-ဥက္ကဋ္ဌ (သို့) တကယ့်လက်တွေ့အားဖြင့် လွတ်လပ်ရေးမရမီ ဝန်ကြီးအဖွဲ့၏ ဝန်ကြီးချုပ်၊ ၎င်းအပြင် ထိုအစိုးရအဖွဲ့၏ ကာကွယ်ရေးနှင့် နိုင်ငံခြားရေးဝန်ကြီး၊ ကျည်ဆန် (၁၃) ချက်သင့်သော ဒဏ်ရာဖြင့် နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးခဲ့ရသည်။

ကံဆိုးမိုးမှောင် ကျတဲ့နေ့တနေ.

Rozoner King created a doc.
[By Minwunna Aung]

မိုးလင်းကတည်းကပင် ကောင်းကင်သည် အုံ့မှိုင်း ညိုမှိုင်းလျက်ရှိသည်။ တိမ်တိုက်ဟူ၍ ဘာမျှ ကြည်လင်စွာ မမြင်ရ။ မိုးကို ကြည့်ရသည်မှာ မြူသန်းနေသော ပင်လယ်ပြင်ကြီးလို ဝိုးဝိုးဝါးဝါး နေသည်။ မိုးသည် ကင်းကင်းလွတ်လွတ် စဲသည်ဟူ၍ မရှိဘဲ တဖွဲဖွဲ နေလိုက်...၊ တဖြိုင်ဖြိုင် ရွာချလိုက်နှင့်။ နောက် ...စွေ၍နေလေသည်။

ပြဿနာကို ပြဿနာရှာကြည့်ခြင်း (၁)

Rozoner King edited a doc.
ခင်မောင်ညို (ဘောဂဗေဒ)
...           တကယ်တော့၊ အားလှလို့မဟုတ်ပါဘူး။ ဒါပေမယ့် “ပြဿနာ” ဆိုတာ ဘာပါလိမ့်လို့၊ လိုက်ပြီး ပြဿနာ ရှာနေမိတယ်။
          တစ်နေ့က၊ ၀ါဆိုသင်္ကန်းကပ်တစ်ခုသွားတော့၊ ၀ါရင့်သံတမန်ဟောင်း ပုဂ္ဂိုလ်ကြီးတစ်ယောက်က၊ ကျွန်တော်တို့တတွေဟာ၊ ငြီးတွားတတ်ကြ၊ တိုင်တောတတ်ကြပေမယ့်၊ ပြဿနာကို ကောင်းကောင်း မသိဘူးလို့ ပြောတော့၊ ကျွန်တော် တော်တော် စဉ်းစားစရာဖြစ်သွားတယ်။

"ကျွန်တော်သိသော အခွန်အခ အကြောင်း "


Rozoner King created the doc:
[By Zegyo Mandalay]

၂၀၁၁ ခုနှစ် မေလ ၂၅ ရက်နေ့ထုတ် Weekly Eleven News အတွဲ(၆) အမှတ် (၃၄)ပါ 'တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရများကို အခွန်အခ ၁၉ မျိုး ကောက်ခံခွင့် ပြုထား'ဟူသော သတင်းကို အကြောင်းပြု၍ ဤဆောင်းပါးကို ရေးပါသည်။

တန်းတူဆက်ဆံခံရချင်ပါတယ်

[By Maung Wuntha]
(မောင်ဝံသ)ပြည်သူ့ခေတ်ဂျာနယ် ၁၉ ၀၇ ၂၀၁၁ တွင် ဖော်ပြသည့် ဆောင်းပါးဖြစ်ပါတယ်။
  
ဇူလိုင်လ (၇)ရက် ကြာသပတေးနေ့
ဝလုံးရေ..စင်ကာပူဆိုတဲ့ ကျွန်းနိုင်ငံသေးသေးလေးမှာ တနေ့တနေ့ အလုပ်သွားအလုပ်ပြန်နဲ့ အချိန်တွေ ကုန်နေကြတဲ့သူတွေအတွက် ပိတ်ရက်လေးတွေမှာ စိတ်အညောင်းပြေသွားဖို့ နေရာလေးတွေက အင်မတန် ရှားလှတယ်။ ရှော့ပင်းမောကြီးတွေ ဒါမှမဟုတ် သဘာဝအတိုင်း မဟုတ်ဘဲ သဘာဝလို့ ထင်ရအောင် ဖန်တီး လုပ်ယူ ထားတဲ့ အလည်အပတ် သွားဖို့နေရာတွေ ပန်းခြံတွေ ကြိုးတံတား တွေကိုဘဲ အလှည့်နဲ့ သွားရင်း ဘယ်လောက်မှတောင် မကြာခင်မှာဘဲ သွားစရာတွေက ကုန်သွားရော။ ဘယ်မှလဲ ထပ်သွားစရာ မရှိ တော့ဘူး။

ဒီမိုကရေစီ တတိယလှိုင်း ပါရာဒိုင်း

created the doc: "ဒီမိုကရေစီ တတိယလှိုင်း ပါရာဒိုင်း"
Htet Aung created the doc:
တင်ညွန့်
(၂၀၁၁ ခုနှစ် ဇွန်လ (၃) ရက်နေ့ထုတ် မြန်မာပို့စ် ဂလိုဘယ် သတင်းဂျာနယ်မှာ ဖော်ပြထားတဲ့ ဆောင်းပါး ဖြစ်ပါတယ်။ ဆရာ့ အဆိုအရဆိုရင် မြန်မာနိုင်ငံ ကတော့ အာဏာရှင် အဆင့်ကနေ Hybrid regimes ဒီမိုကရေစီ ကပြားအဆင့် ကို ကူးပြောင်းနေဆဲပဲ ရှိသေးတယ်လို့ ဆိုရမယ် ထင်ပါတယ်။)
၂၀ ရာစု ကုန်ခါနီးတွင် နိုင်ငံအများ၌ အနောက်တိုင်း စတိုင် ဒီမိုကရေစီနှင့် လွတ်လပ်သော ဈေးကွက် စီးပွားရေးစနစ် အကြောင်းတွေ လှုပ်ခတ်စ ပြုလာသည်။

"ညီမလေးရယ် စိုးရိမ်မိတယ် (မောင်ဝံသ)"


BigBrother Myanmar created the doc:
[By Maung Wuntha]

ယခု အပတ် ပြည်သူ့ခေတ်ဂျာနယ်မှာ ဖော်ပြမည့် မောင်ဝံသရဲ့ ပြောချင်လွန်းလို့ ဆောင်းပါး ဖြစ်ပါတယ်။
ညီမလေးရယ် စိုးရိမ်မိတယ်

ထိုင်းနိုင်ငံ ပါလီမန်ရွေးကောက်ပွဲမှာ ၀န်ကြီးချုပ်ဟောင်း သက်ဆင်ကို ထောက်ခံတဲ့ ဖြူထိုင်းပါတီက သက်ဆင်ရဲ့ နှမထွေးလေး ယင်းလတ် ရှင်နာဝပ်ထရကို ခေါင်းပေါ်တင်ပြီး ယှဉ်ပြိုင်အနိုင်ရခဲ့ကြလို့ ယင်းလတ်ဟာ မကြာခင်မှာပဲ ထိုင်းနိုင်ငံရဲ့ ၀န်ကြီးချုပ် ဖြစ်လာတော့မယ်ဗျ။ ယင်းလတ်ဟာ အသက် ၄၄ နှစ်ရှိပြီ ဖြစ်လို့ နိုင်ငံရေးသမားဆိုရင်တော့ လုပ်လို့ ကိုင်လို့ အကောင်းဆုံး အသက်အရွယ်လို့ ဆိုနိုင်ပါတယ်။

Sunday, July 17, 2011

ငြိမ်းချမ်းရေးစာပေများနှင့် နိုင်ငံရေးအမြင်

by အား မာန် on Sunday, July 17, 2011 at 8:02pm
နိုင်ငံရေးလှုပ်ရှားမှုဆိုတာ လွတ်လပ်မှု၊ ညီမျှမှု စတဲ့ အခွင့်အရေးတွေအတွက် ပေါ်ပေါက်တဲ့ အရာဖြစ်ပါတယ်။ အဲဒီလို လိုအပ်ချက်တွေ တောင်းဆိုခြင်းဟာ ဆိုးရွားတဲ့အနေအထား တခုခု ဒါမှမဟုတ် ဆိုးရွားမှုတွေက ကျော်လွှားနိုင်ဖို့ ဖြစ်ပါတယ်။ ဒါတွေအားလုံးရဲ့ အဆုံးသတ်ကတော့ ငြိမ်းချမ်းရေး ဖြစ်ပါတယ်။

မောင်မောင်တိတ် (သို့မဟုတ်) ၇၄ ကျောင်းသားခွပ်ဒေါင်း သူပုန်ကြီး


သူ့ကို ကြီးသူနှင့် ရွယ်တူများက “ကိုတိတ်” ဟု ခေါ်ကြသည်။ သူ့ထက်ငယ်သူ ကျနော်တို့ အားလုံးကတော့ အဘ တိတ် ဟု ခေါ်သည်။ ချာတိတ်တွေကလည်း ချစ်စနိုးနှင့် “အဘတိတ်” ထိုသို့ခေါ်ဝေါ်ခြင်းတွင် ချစ်ခင်လေးစားမှုနှင့် ရိုသေသ မှုများ ပါဝင်နေသလို၊ ဒါကို သူကလည်း သိပါသည်။

ရင့်ကျက်သော စိတ် (အပိုင်းတစ်)



လူ့ အဖွဲ့ အစည်းတခုမှာ အန္တရာယ်အရှိဆုံးသူတွေကတော့ သူငယ်နာမစင်တဲ့ လူကြီးတွေပဲ ဖြစ်တယ်လို့  နယူးယောက်စီးတီးတက္ကသိုလ်ရဲ့ ဒဿန ပါမောက္ခ
ဟာရီအိုဗာစထရီ (Harry Overstreet ) က ကောက်ချက်ချပါတယ်။  အသက်အရွယ်ကြီးပေမယ့် စိတ်ဓာတ်နဲ့ အသိ ဉာဏ်ပိုင်းဆိုင်ရာမှာ ကလေးသူငယ်တယောက် လိုပဲ  ဖြစ်နေတဲ့ သူတွေကြောင့် လူ့ လောက ဟာ ဘေးအန္တရာယ်တွေ ၀ိုင်းနေရတယ်လို့  ဆိုလိုချင်ပုံ ရပါတယ်။ သည်လို ကလေးကလား နိုင်တဲ့ လူကြီးတွေအတွက် အခေါ်အဝေါ်တွေက မနည်းပါဘူး။ ကျပ်မပြည့်တဲ့သူတဲ့။  အသက်ကြီးပြီး အချိန်မစီးသူတဲ့။ မကျက်တကျက်ပေါင်မုန့် တဲ့။

Saturday, July 16, 2011

ကိုတင်မောင်ဦးမှသည် လူမသေ ပြည်မပျက် အထိ (ဂ)

by Nyo Htet on Friday, July 15, 2011 at 12:40pm
ထို့အပြင် ပြောရန်ရှိသေးသည့် အတွေးစများသည်က … …
ကိုတင်မောင်ဦးအကြောင်းပြောလျှင် ဗမာပြည်ကျောင်းသားလှုပ်ရှားမှု၏ ထူးခြားမှုများကိုလည်း သတိထားမိသည်။ အထူးအားဖြင့် အချက် ၂ ချက်ကို သတိထားမိသည်။
ပြောခဲ့ပြီးသလို ကိုတင်မောင်ဦးသည် “ဒီအက်အို” အသိုင်းအ၀ိုင်းကလာသည့် ကျောင်းသားဖြစ်သည်။ “ဒီအက်အို” ဟုဆိုလျင် လက်ယာကျောင်းသားအင်အားစုအဖြစ် သိကြမည်။ ဦးနုတို့ ဖဆပလ က မွေးထုတ်ပေးခဲ့သည့် ကျောင်းသား အင်အားစုအဖြစ်သိကြမည်။

၂၁ ရာစု သိပ္ပံ ‘ဆင်နာဂျီ’ နှင့် လူငယ်

MONDAY, 11 JULY 2011 09:42 စိုးစိုး (အင်္ဂပူ)

ယခု ၂၁ ရာစုမှာ သိပ္ပံပညာရပ်ဆိုင်ရာ တော်လှန်ရေး သုံးခု ရှိပါတယ်။ (၁) ကွမ်တမ် တော်လှန်ရေး၊ (၂) မော်လီကျူး ဇီဝဗေဒ တော်လှန်ရေး၊ (၃) ကွန်ပျူတာတော်လှန်ရေး တို့ပါပဲ။
ထိုသုံးခုကို ဒြပ်ပစ္စည်း၊ အသက်နဲ့ အသိဥာဏ် တို့ကို လေ့လာခြင်းလို့လည်း ခေါ်ပါတယ်။ တစ်နည်းအားဖြင့် အက်တမ်၊ မျိုးရိုးဗီဇနဲ့ ကွန်ပျူတာ လို့လည်း အကျဉ်း ခေါ်ကြပါတယ်။ ၂၁ရာစုရဲ့ သိပ္ပံခေတ်မှာ ထိုသုံးခုကို တီးမိခေါက်မိမထားရင် ခေတ်နောက်ကျ ကျန်ရစ်ရပါလိမ့်မယ်။ ၀ိဇ္ဇာ သိပ္ပံပညာတွေကို မျှတစွာ လေ့လာသလိုပဲ၊ သိပ္ပံဆိုင်ရာမှာ ထိုသုံးခုကို အထူးလေ့လာရမှာ ဖြစ်ပါတယ်။

ကိုတင်မောင်ဦးမှသည် လူမသေ ပြည်မပျက် အထိ (ခ)

by Nyo Htet on Monday, July 11, 2011 at 11:14am
ထို့အပြင် ပြောရန်ရှိသေးသည့် အတွေးစများသည်က ကိုတင်မောင်ဦးအကြောင်း ရေးသားချက်များနှင့်အတူ အမျိုးသမီးကလောင်ရှင်တဦး၏ ကြိုးတိုက်ဆိုင်ရာ ရေးသားချက် တခုကို သတိထားမိသည်။ ကြိုးမိန့်ကျ ပြည်တွင်းဖြစ်သူရဲကောင်းတဦးအကြောင်း ဆွေးနွေးနေကြချိန်တွင် နိုင်ငံခြားဖြစ် ကြိုးသံတွေကို ရေးသားထားသဖြင့် သတိထားမိခြင်းလည်းဖြစ်ပေလိမ့်မည်။ သူ့ရည်ရွယ်ရင်းက မည်သည် ဆိုသည်ကို တော့ မသိ။ ရည်မှန်းချက်တခုခုတော့ ရှိပုံရသည်။ ထားတော့ သူမှာလည်း သူအကြောင်းနှင့်သူ။
ကျောင်းသားခေါင်းဆောင် ကိုတင်မောင်ဦးကို ကျနော် လေးစားရင်းစွဲရှိကြောင်း ပြောခဲ့သည်။


ကိုတင်မောင်ဦးမှသည် လူမသေ ပြည်မပျက် အထိ (က)

by Nyo Htet on Sunday, July 10, 2011 at 7:10am
အခုတလော ကိုတင်မောင်ဦးအကြောင်းရေးသားတာတွေ ဖတ်နေရသည်။ ကိုတင်မောင်ဦး ကျဆုံးသည့်နေ့ကိုလည်း “မြန်မာပြည်နိုင်ငံရေးအကျဉ်းသားများနေ့” အဖြစ် သတ်မှတ်လိုက်ကြောင်းကိုလည်း သိရသည်။ ထို့အပြင် ကိုတင်မောင်ဦး နေ့ကို ဗဟိုပြုပြီးထင်သည် ကြိုးတိုက်အကြောင်းရေးသားချက်တွေကိုလည်း ဖတ်နေရသည်။ ထိုသည်များကို ဖတ်နေရသဖြင့် အတွေးပွားစရာများလည်း ၀င်လာသည်။

Friday, July 15, 2011

ဒီမိုးကရေစီးထဲ … ကျနော်တို့ ဘာလို့ မအောင်မြင်တာလဲ

ခေါင်းစဉ်ကတော့ ဖေမြင့်ရေးတဲ့ တက်ကျမ်းလိုလို နံမယ်ပဲ။ တကယ်ကတော့ တက်ကျမ်းမဟုတ်ဘူး။ ဇူလိုင် ၇ ရက်ဟာ မြန်မာပြည်အတွက် သမဂ္ဂနေ့ ဖြစ်တယ်လို့ ဆိုချင်တယ်။ မြန်မာပြည်မှာ သမဂ္ဂတွေ မရှိတဲ့နောက် အာဏာရှင်တွေက ပြည်သူတွေကို ကျွန်ပြုတော့တာပဲ။  

Monday, July 11, 2011

ချစ်သူ၊ ရန်သူများနဲ့ နိုင်ငံရေး

Min Thant Syn created a doc.


မုန်းသူမရှိ၊ ချစ်သူသာရှိ၊ ရန်သူမရှိ မိတ်ဆွေသာရှိ၊ နိုင်ငံရေး လုပ်တယ် ဆိုတာ ရန်သူကို မိတ်ဆွေ ဖြစ်အောင် လုပ်တာ ဆိုသည့် စကားများမှာ ဆရာကြီး ဒဂုန်တရာ၏ ဆောင်ပုဒ်ပါ။ ဆရာကြီးဟာ ဒီစကားကို အခွင့်သင့်တိုင်း ပြောလေ့ ရှိပါတယ်။ အထူးသဖြင့် ၂၀၀၇ ခုနောက်ပိုင်းမှာ ပိုပြောလာတယ်လို့ ထင်ပါတယ်။ အခု ပြည်တွင်း ဂျာနယ်တွေမှာ ဆရာကြီးရဲ့ စာအုပ် နိုင်ငံရေး အနုပညာကို ကြော်ငြာတဲ့ အခါ အဲဒီ ဆောင်ပုဒ်နဲ့ အသားပေးပြီး ကြော်ငြာလာတာလဲ တွေ့ရပါတယ်။

တိရ စ္ဆာန်ရုံကို မသွားချင်တော့ဘူး။ အပိုင်း (၂ )

by Htun Aung Gyaw on Sunday, July 10, 2011 at 3:51pm
 
နိုင်ငံရေးမှ တော်လှန်ရေးသို့ ပြောင်းလုပ်ခဲ့စဉ်က ထောင်ကျရင် ငါးနှစ်ဘဲ နေရမယ်ဆိုပြီး ကျွန်တော် ပြောခဲ့သည်က ကျွန်တော်ဘဲ နှုတ်စည်း၍လား မသိ၊ ဒက်ထိမှန်ခဲ့သည်မှာ တိုက်ဆိုင်မှုလား မသိ၊ နိုင်ငံရေးစလုပ်ကထဲကထောင်ငါးနှစ်ထက်ပိုမနေရဟုအလိုလိုသိနေသည်။ထူးဆန်းသလိုတော့ ရှိသည်။

"ဖြတ်သန်းခဲ့ဖူးတဲ့ ပညာတန်ဖိုး တိုက်ပွဲ"

Rozoner King created the doc

Tuesday, 05 July 2011 19:38 မောင်ကျောင်းသား

ပညာတန်ဖိုးအတွက် တိုက်ပွဲဝင်ရတဲ့ ပုံသဏ္ဍာန် အမျိုးမျိုး ကိုယ်စီမှာ ရှိကြ ပါလိမ့်မယ်။
ဇော်ထက် ပြောပြမှာကတော့ ဗမာပြည်ရဲ့ Top Ten စာရင်းဝင် ကုမ္ပဏီကြီးတခုမှာ လုပ်ခဲ့တုန်းက
ဇော်ထက်ကိုယ်တိုင် ကြုံခဲ့ရတဲ့ ဖြစ်စဉ်ကိုပါ။

တိရ စ္ဆာန်ရုံကို မသွားချင်တော့ဘူး။ အပိုင်း (၁)

by Htun Aung Gyaw on Sunday, July 10, 2011 at 3:41pm
အပိုင်း (၁)

နိဒါန်း။ ။

ကျွန်တော်၏ ကိုယ်တွေ့ခံစားချက်ကို အင်္ဂလိပ်ဘာသာဖြင့် ရေးသားပြီး “I Do not Want to Go to a  Zoo Any More” ခေါင်းစဉ်ဖြင့် အမေရိကန်နိုင်ငံထုတ် “Yellow Medicine Review” A Journal of Indigenous Literature, Art, and Thought စာစဉ်၏ (Spring) နွေဦးရာသီ ၂၀၀၈ ခုနှစ်တွင် ဖေါ်ပြခဲ့ပါသည်။

Sunday, July 10, 2011

"စာသင်ခန်းနှင့်အနာဂတ်"

created the doc: "စာသင်ခန်းနှင့်အနာဂတ်"
Cloud Cuckoo Land created the doc:
ဘုရားသခင်က ငါတို့ကို ငတုံးတွေ အဖြစ် ဖန်တီးခဲ့ခြင်း မဟုတ်။ ငါတို့ရဲ့ ပညာရေးစနစ်ကသာ ငါတို့ကို တုံးစေခြင်းဖြစ်တယ်' (God doesn't create stupid people- our educational system does.) လို့ Robert T Kiyosaki က သူ့ရဲ့ နာမည်ကျော် စာအုပ်တစ်အုပ်ဖြစ်တဲ့ If you want to be Rich and Happy don't go to school စာအုပ်ထဲမှာ ဖော်ပြထားပါတယ်။ အဲဒီစာအုပ် ထွက်လာတော့ တစ်ယောက် တစ်မျိုးစီ တော်တော်လေး အငြင်းပွားခဲ့ ကြပေမယ့် ကျွန်မကတော့ တစ်ချို့အခန်းတွေကို ဖတ်ရင်း ကျွန်မ ကိုယ်တိုင် တွေ့ကြုံခဲ့ရတဲ့ ငယ်ဘ၀က မြန်မာနိုင်ငံ ကျောင်းပညာရေးကို ပြန်လည်မြင်ယောင်လာသလို ခံစားခဲ့ရပါတယ်။

မြန်မာနိုင်ငံ၏ စိန်ခေါ်မှုများနှင့် ရှေ့ဆက်ရမည့်ခရီး Myanmar Challenges and way forward by Rajiv Bhatia

by Ye Myint Thu on Saturday, July 9, 2011 at 10:41pm
(4 July 2011 ရက်စွဲပါ The Hindu မှ Rajiv Bhatia ရေးသားသော Myanmar Challenges and way forward ကို   ဘာသာပြန်ဆိုသည်။)
(စာရေးသားသူသည် မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီးဟောင်းဖြစ်သည်။)

စစ်အစိုးရအုပ်ချုပ်သော ခေတ်ဟောင်းကုန်ဆုံးခဲ့ပြီး၊ အရပ်သားအုပ်ချုပ်သော ခေတ်သစ်သည် လိုအပ်ချက် များစွာ ရှိသော်လည်း မြန်မာနိုင်ငံ တွင် စတင်ခဲ့ပြီဖြစ်သည်။
  ကျွန်ုပ်တို့တိုင်းပြည်နှင့် ကြီးမားစွာ ဆက်စပ်ပတ်သက်နေသော အိမ်နီးချင်းမြန်မာနိုင်ငံသည် အမြဲတမ်း စောင့်ကြည့်နေရန် လိုအပ်သော နိုင်ငံ ဖြစ်သည်။

တခုသော 7 July မှာ ကျွန်မကြုံခဲ့ဖူးသော တိုက်ပွဲအကြောင်း


by Nge Naing on Sunday, July 10, 2011 at 2:09pm
"ကျွန်တော်တော့ 7 July ကိုပဲ ရွေးချင်တယ် အာဇာနည်နေ့မှာတော့ မမိုက်ပါဘူး ကျွန်တော်တို့လက်ချက်နဲ့ ရှောသွားတဲ့ မဆလ ကောင်တွေကို သူရဲကောင်းကြီးတွေအဖြစ် အာဇာနည်တွေနဲ့အတူတူ အလေးပြုခံနေရရင် မတန်ပါဘူး" လို့ တပ်မှူး တယောက်က ပြောလိုက်တာကို အိမ်ခန်းထဲမှာ အိပ်နေရင်းနဲ့ အိပ်မပျော်သေးလို့ ကျွန်မ ကောင်းကောင်း ကြားနေရတယ်။

Saturday, July 9, 2011

"ကိုယ့်ထူးကိုယ်ချွန်ရတော့မယ့် ပညာရေး"

Cloud Cuckoo Land created the doc:

ပညာရေးရဲ့အဓိပ္ပါယ်နဲ့ပတ်သက်ပြီး American Educator Robert Hutchins က ခုလိုပြောခဲ့ပါတယ် - “It must be remembered that the purpose of education is not to fill the minds of students with facts … it is to teach them to think” - - ပညာရေးရဲ့ရည်ရွယ်ချက်ဆိုတာ ကျောင်းသားတွေကို အချက်အလက်တွေနဲ့ပဲ ဖြည့်ပေးနေဖို့မဟုတ်ဘူး။ သူတို့ကို တွေးခေါ်တတ်အောင် သင်ကြားပေးဖို့ ဖြစ်တယ်ဆိုတာ အမြဲသတိရနေရမယ်။

အောင်ဆန်းစုကြည်နဲ့ အမေရိကန် နိုင်ငံခြားရေး မူဝါဒ ( အပိုင်း ၃)

မြန်မာနိုင်ငံက အသွင် ကူးပြောင်းရေး လမ်းပေါ် ရောက်နေ တာတော့ အမှန်ပဲ။ ဗိုလ်ချုပ်မှူးကြီးကတော့ ဒါဟာ စည်းကမ်း ပြည့်ဝတဲ့ ဒီမိုကရေစီ စနစ်ကို ဦးတည် နေတယ်လို့ ပြောတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေက ၂၀၁၀ နှစ်ကုန်မှာ လုပ်မယ့် ရွေးကောက်ပွဲတွေက ပေါ်လာမည့် လွှတ်တော်တွေ အစည်းအဝေးတွေကနေ အသက်ဝင် လာလိမ့်မယ်။

ဗိုလ်အိုက်ဒေါင်း ပြည်ရန်အေးတွင် ရှိသည်

by Nyo Htet on Friday, July 8, 2011 at 1:01pm
ဒီကနေ့ ဇူလိုင် ၅ ရက်နေ့။ ဗိုလ်အိုက်ဒေါင်းကွယ်လွန်ပြီးဖြစ်ကြောင်း ရဲဘော်နွမ်ဂျာမှ ပြောပြသည်။ ကျနော်ကမသိ။ ကျနော်က အမေရိကားတွင်နေသော်လည်း အင်တာနတ် မရှိ။ ထို့ကြောင့် ဗိုလ်အိုက်ဒေါင်းကွယ်လွန်သည်ကို မသိလိုက်။

Friday, July 8, 2011

အောင်ဆန်းစုကြည်နဲ့ အမေရိကန်နိုင်ငံခြားရေးမူဝါဒ ( အပိုင်း ၂)

Min Thant Syn created a doc.
ဒီနေရာမှ မေးဖို့ လိုလာတကာ အောင်ဆန်းစုကြည် အဓိက နေရာကပါပြီး ဆုံးဖြတ်ခဲ့တဲ့ အင်န်အယ်လ်ဒီရဲ့ ဆုံးဖြတ်ချက် တစ်ချို့ဟာ ဘယ်လောက် ထိရောက်မှု ရှိသလဲဆိုတဲ့ အချက်ပဲ။ ၁၉၉၅ ခုနှစ်မှာ ချုပ်ချယ်ကန့်သတ်မှု တွေများလို့ ဆိုပြီး အမျိုးသား ညီလာခံကနေ သပိတ်မှောက်တဲ့ ကိစ္စက ကျိုးကြောင်း ခိုင်လုံသလို ရှိပေမယ့် လက်တွေ့မှာတော့ အင်န်အယ်လ်ဒီကို ဘေးရောက် သွားစေခဲ့ပါတယ်။ ဒီလိုပဲ အောင်ဆန်းစုကြည်က မြန်မာနိုင်ငံကို ဒဏ်ခတ် အရေးယူဖို့၊ မြန်မာနိုင်ငံမှာ ပိတ်ဆို့မှုတွေ မလုပ်ဖို့၊ ကမ္ဘာလှည့် ခရီးသွားတွေ မလာဖို့ တောင်းဆိုတာ၊ လူသားချင်း စာနာမှု အကူအညီ တစ်ချို့ကိုတောင် စစ်အစိုးရကို အကျိုးရှိစေတယ် ဆိုပြီး မပေးဖို့ ကန့်ကွက် ခဲ့တာတွေဟာ ကျင့်ဝတ်ပိုင်း ဆိုင်ရာ အနေနဲ့ မှန်နိုင်ပေမယ့် နည်းဗျူဟာ အရတော့ မေးခွန်း ထုတ်စရာ ဖြစ်ခဲ့ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲကို ၀င်မပြိုင်ဘူး ဆိုတဲ့ သူ့ရဲ့ ဆုံးဖြတ်ချက် ဟာလည်း ဒီပုံစံပါပဲ။

နပိုလီယံစိတ္တဇ

သီဟ ပျံချီ
အရပ်ပုသူများသည် မကြာခဏဆိုသလို ဟာသလုပ်ခံရလေ့ရှိသဖြင့် “နပိုလီယံစိတ္တဇ” (Napoleon Complex) ဟု အမည်ရသည့် လူပုခြင်းနှင့် စိတ်တိုခြင်းကြား ဆက်နွယ်မှုအကြောင်း ပြောလေ့ရှိကြသည်မှာ ဆန်းတော့ မဆန်းလှပါ။

နိုင်ငံရေးပြဿနာ ကရွတ်ကင်းလျှောက်ပြဿနာ

[By Wai Maw]

နိုင်ငံရေးမှာဖြစ်ဖြစ်၊ စီးပွားရေးမှာဖြစ်ဖြစ် ရလဒ်က အရေးကြီးတယ်ဆိုတဲ့ အယူအဆတစ်ခုရှိပါတယ်။ ဟုတ်ပါတယ်။ ရလဒ်က အရေးကြီးပါတယ်။ ဒါပေမယ့် ရလဒ်ချည်းပဲ အရေးကြီးတယ်လို့ ဆိုလာရင်တော့ မဟုတ်သေးဘူးလို့ ထင်ပါတယ်။ ရလဒ်ကို ဘယ်လိုရအောင်လုပ်ရသလဲဆိုတဲ့ လုပ်နည...်းလုပ်ဟန်က တစ်ခါတရံ မှာ ပိုလို့တောင် အရေးကြီးပါသေးတယ်။ လုပ်နည်းလုပ်ဟန်မမှန်ရင် အဲဒီရလဒ်ဟာ တကယ့်ရလဒ်ကောင်း ဖြစ်မလာတော့ပါဘူး။

နိုင်ငံရေးဟူသည်

ဆရာဒဂုန်တာရာသည် အင်မတန်မှ ချစ်ဖွယ်ကောင်းပြီး ကြည်ညိုစရာပုဂ္ဂိုလ်ကြီးဖြစ်သည်။

ငြိမ်းချမ်းရေးစကားကို တွင်တွင်ကြီး ပြောတတ်၍ဖြစ်သည်။ လောကတွင် မေတ္တာတရားနှင့် ငြိမ်းချမ်းရေးလောက် အရေးကြီးသော အရာမရှိတော့ပါ။ မေတ္တာတရားလွှမ်းခြုံမှ လူ့ဘောင်ငြိမ်းချမ်းမည်။ လူ့ဘောင်...ငြိမ်းချမ်းမှ လူနေမှုဘ၀ကြီး ဖွံ့ဖြိုးတိုးတက်မည်။

Thursday, July 7, 2011

ပညာသိစွမ်းရည် တိုးတက်ဖွံ့ဖြိုးစေခြင်း

THURSDAY, 07 JULY 2011 02:30 မြန်မာသတင်းရပ်ဝန်း
စာရေးသူ - နေဇင်လတ်
စာမူခွင့်ပြုအမှတ် - ၃၁၀၀၆၂၆၀၁၀
ဆရာနေဇင်လတ်ရဲ့ ဆောင်းပါး ၂၁ ပုဒ်နဲ့ သူ့ရဲ့အင်တာဗျူးတစ်ပုဒ်ကို စုစည်းထုတ်ဝေ ထားတာဖြစ်ပါတယ်။ သိပ်မဝေးမကွာက မဂ္ဂဇင်းတွေ၊ ဂျာနယ်တွေမှာ ရေးထားတာ တွေဖြစ်လို့ ပညာရေးအကြောင်းရေးရင်း နိုင်ငံရေးထိပါအောင် ဆွဲယူအဆုံးသတ် တယ်။

၁၉၆၂ ကျောင်းသားသမဂ္ဂ ဖျက်ဆီးမှု၌ ဗိုလ်နေ၀င်း သရဲဘောကြောင်ပုံ

by Ye Thurein Min on Thursday, July 7, 2011 at 3:39pm
တော်လှန်ရေးကောင်စီ ဖွဲ.စည်ကြောင်း၊ လူထု အကျိုးစီးပွားအတွက် တပ်မတော်က တာဝန်ယူကြောင်း ကြေငြာချက်များနှင့် အတူ အများပြည်သူတို့အား စီတန်းလမ်းလျှောက်၍ ဆန္ဒပြပွဲများ မပြုကြရန် မေတ္တာရပ်ခံချက်စာတိုကလေးများကို သတင်း စာတိုက်များတွင်ဖော်ပြပါရှိခဲ့လေသည်။ဆန္ဒပြလျှင်အရေးယူမည်ဟု လည်းနောက်ဆက်တွဲ သတိပေးထားခဲ့၏။ စစ်တပ်က အာဏာသိမ်းကြောင်း ကြေငြာချက်ကို ဆန့်ကျင်မှုများပေါ်ပေါက် လာလေမည်ကို ဗိုလ်နေ၀င်းနှင့် စစ်ဗိုလ်ကြီးများ ကြောက်ရွံ.ကြသည်မှာ သိသာထင်ရှားသည်။

ဖိလစ်ပိုင်အမျိုးသားတို့၏ လူထုလှုပ်ရှားမှုအောင်ပွဲ


၁၉၈ဝ ပြည့်လွန်နှစ်များ၏ နှောင်းပိုင်းကာလ
တနည်းဆိုသော် တတိယအကြိမ်မြောက် ကမ္ဘာ့ဒီမိုကရေစီ လှုပ်ရှားမှု လှိုင်းလုံးကြီး ဖွံ့ဖြိုးဆဲ နိုင်ငံများသို့ရောက်ရှိ ပျံ့ နှံ့ချိန်။

အောင်ဆန်းစုကြည်နဲ့ အမေရိကန် နိုင်ငံခြားရေးမူဝါဒ

Min Thant Syn created a doc.
အသက် ထင်ရှားရှိနေတဲ့ ဘယ်နိုင်ငံရေး ခေါင်းဆောင်မှ အောင်ဆန်းစုကြည်လို အမေရိကန်နိုင်ငံရဲ့ နိုင်ငံတစ်ခု အပေါ် ထားတဲ့ မူဝါဒအပေါ် သြဇာ မသက်ရောက်ပါဘူး။ ဒလိုင်းလားမားတောင်မှ အမေရိကန် နိုင်ငံရဲ့ တရုတ်ဆိုင်ရာ မူဝါဒအပေါ် အောင်ဆန်းစုကြည်လောက် သြဇာ မရှိရှာပါဘူး။ ဒီလို... ဖြစ်ရတာဟာ အမေရိကန်ရဲ့ တရုတ်နိုင်ငံဆိုင်ရာ အကျိုးစီးပွားဟာ ပိုပြီး လေးနက်တာရယ်၊ တိဗက် အရေးက နိုင်ငံတကာ မျက်နှာစာမှ ပိုပြီး ရှုပ်ထွေး တာကြောင့်လည်း ပါပါတယ်။

လိုနေတဲ့ ကျောင်းသားလှုပ်ရှားမှုတွေ .....

by Hlaing Bwa Maung on Thursday, July 7, 2011 at 12:38pm
 


ဗမာပြည်နိုင်ငံရေးအခြေအနေကို လေ့လာကြည့်ရင် စစ်အာဏာရှင်တွေကို ထိပ်တိုက်ရင်ဆိုင် တွန်းလှန်တိုက် ပွဲဝင်မှုတွေ နည်းပါးနေသလို ယူနီဖောင်းချွတ်ပြထားတဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေနဲ့ စစ်တပ်ရဲ့လက်ကိုင်တုတ် ကြံ့ဖွတ်တွေက စစ်အာဏာရှင်စနစ်ကို သက်တမ်းတိုးဖို့ အစိုးရသစ်အမည်ခံပြီး နိုင်ငံတကာအလယ်မှာ ဝင်ဆံ့ အောင် တည်ဆောက်နေတာ တွေ့နေရပါတယ်။

နိုင်ငံရေးသမားနဲ့ နိုင်ငံပြုခေါင်းဆောင်

နိုင်ငံရေးဆောင်ရွက်သူကို အားလုံးလွှမ်းခြုံပြီး နိုင်ငံရေးသမား (Politician) လို့ပဲ ခေါ်ဆိုပါတယ်။ နိုင်ငံရေးသမားတွေဟာလည်း ပုထုဇဉ်တွေပဲဖြစ်လို့ လောဘ၊ ဒေါသ၊ မာန်မာနများ ရှိကြစမြဲ ဖြစ်ပါတယ်။ အနည်း- အများတော့ ကွာခြားကြမှာပေါ့။ အဲဒီအပေါ် တည်ပြီး နိုင်ငံရေးသမားဆိုး၊ နိုင်ငံရေးသမား ကောင်းရယ်လို့ ကွဲပြားလာကြတယ်။ ဆိုးတယ်၊ ကောင်းတယ်ဆိုတာကို သူတို့နဲ့ ဆက်ဆံနေရတဲ့လူထုက အကဲဖြတ် သတ်မှတ်ကြတာပါ။


ဇူလိုင် ၇ အရေးတော်ပုံ ၄၉ နှစ်တိုင် ခွပ်ဒေါင်းစိတ်ဓာတ် ရှင်သန်ဆဲ

 
by Ye Thurein Min on Thursday, July 7, 2011 at 10:18am
 By မသင်းသီရိ VOA
တင်းကျပ်တဲ့ စည်းကမ်းချက်တွေ တဖက်သတ် ထုတ်ပြန်လာတာကို မကျေနပ်လို့ ဆန္ဒပြခဲ့တဲ့ ရန်ကုန်တက္ကသိုလ် ကျောင်းသူကျောင်းသားတွေ သွေးမြေကျခဲ့ပြီး တကသ အဆောက်အဦး မိုင်းခွဲ ဖျက်ဆီးခံခဲ့ရတာ ဒီကနေ့ဆိုရင် ၄၉ နှစ် ရှိခဲ့ပြီ ဖြစ်ပါတယ်။

ဆီးပန်းနီ ဆရာတော်၊

 ဆရာကြီးနန်းညွန့်ဆွေ။

by De Nay on Thursday, July 7, 2011 at 4:43am


အင်္ဂလိပ်တက်၊ မန်းမြို့ပျက်၊ ရန်ဆက် တတီယ ဟူသော စကားအတိုင်း ၁၂၄၇ ခုနှစ် တန်ဆောင်မုန်းလဆုတ် ၈ ရက်နေ့တွင် သီပေါမင်းတရားအား အင်္ဂလိပ်တို့ ဖမ်းဆီး ခေါ်ဆောင်သွားသည်မှအစ မြန်မာ့ထီးနန်း ကြငှန်းထီးရိုး ဂုဏ်ရောင်ညှိုးလျှက် တမျိုးသားလုံး ကျွန်ဖြစ်ခဲ့ရသည်တွင် ပြင်းထန်လှသော မျိုးချစ်စိတ်ဓါတ်ဖြင့် မခံမရပ်နိုင်သူတို့အချို့လည်း ထ၍ တော်လှန်ကြကုန်၏။ တချို့ကလည်း အသေခံကြကုန်၏။ သို့သော် သူတို့ကို လူတိုင်း မသိကြပေ။ ထင်ရှားသော ဗန္ဓ္ဓကရသေ့၊ ဦးမင်းရောင်တို့လောက်သာ သိကြ၏။ ဦးမင်းရောင်ကို သိသည်မှာလည်း ဗိုလ်ချုပ်အောင်ဆန်း၏ အဖိုးဖြစ်ကြောင်း ဆရာကြီး သခင်ကိုယ်တော်မှိုင်းက သခင်ဋီကာတွင် ဖော်ထုတ်ခဲ့သောကြောင့် ဖြစ်၏။ ယင်းသို့ မထင်မရှား စွန့်စားသွားသူတို့အား ကျွန်ုပ်တို့သည် မမေ့မလျော့ ရှာဖွေ မှတ်တမ်းတင်သင့်လှ၏။

Monday, July 4, 2011

"Yesterday, Today and Tomorrow"


လူ့ဘဝသက်တမ်း ဘယ်နှစ်ရက်ရှိသလဲ?
မတူတဲ့လူတွေမှာ မတူတဲ့အဖြေတွေရှိကြတယ်။
ကျွန်တော့်အဖြေက လူ့ဘဝတစ်လျောက်မှာ ရက်(၃)ရက်ပဲရှိတယ်။ အဲဒီရက်တွေက မနေ့က၊ ဒီနေ့ နဲ့ မနက်ဖြန်ပဲဖြစ်တယ်။ ဒီသုံးရက်ကို သေချာအသုံးပြုတတ်ရင် ဘဝတစ်သက်တာလုံး အဆင်ပြေကောင်းမွန်နေလိမ့်မယ်။

Sunday, July 3, 2011

၈၈၈၈ … ၂၃ နှစ် (ကမာပုလဲ)

by Myo Myint on Sunday, July 3, 2011 at 12:05am
                       

     ၈၈၈၈ အရေးတော်ပုံကြီး ၂၃ နှစ်တိုင်ခဲ့၊ ပြည့်ခဲ့ပြီဖြစ်တယ်။ ၂၃ နှစ်တာ ခရီးဆိုတာ မျိုးဆက်တဆက်ကို ဖြတ်သန်းခဲ့ကြရတာ ဖြစ်တယ်။ ၂၃ နှစ်တာ အချိန်ကာလနဲ့ အရေးတော်ပုံ ခရီးကြမ်းဟာ ပြည်တွင်း မြေပေါ်နဲ့ မြေအောက်(ယူဂျီ) ဘ၀တွေရော၊ လွတ်မြောက် နယ်မြေလို့ခေါ်တဲ့ လက်နက်ကိုင်တော်လှန်ရေးနယ်မြေကဘ၀တွေအတွက်ပါ အရင်းအနှီးကြီးစွာပေးဆပ်ခဲ့ရတဲ့ သမိုင်းဖြစ်ခဲ့တယ်။

အာဏာရှင်စနစ်၊ ဒို့တာဝန် အရေးသုံးပါးနှင့် ကျွန်ုပ်တို့တာဝန် (အပိုင်း – ၃)

by Lu Cifer on Saturday, July 2, 2011 at 1:02pm


(၂) တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး
တိုင်းရင်းသားလူမျိုးစုတွေ စုဝေးနေထိုင်တဲ့ တိုင်းပြည်တခုမှာ စည်းလုံးညီညွတ်မှု ရှိရေးက အလွန်အရေးကြီးပါတယ်။ နိုင်ငံရေး လေ့လာသူတွေက တိုင်းရင်းသားလူမျိုးအရေးနဲ့ ပတ်သက်ပြီး ကဏ္ဍနှစ်ခု ခွဲခြားလေ့လာကြပါတယ်။ ပထမ ကဏ္ဍကတော့ တိုင်းရင်းသားလူမျိုးစုရေးရာ ပဋိပက္ခတွေ ဖြစ်ရတဲ့ အကြောင်းရင်းများနဲ့ ပဋိပက္ခဖြေရှင်းနည်းများကို လေ့လာခြင်းဖြစ်ပြီး၊ ဒုတိယကဏ္ဍကတော့ တိုင်းရင်းသားလူမျိုးစုရေးရာ ပဋိပက္ခတွေ ရှိနေတဲ့ နိုင်ငံတွေမှာ တရားမျှတ တဲ့ နိုင်ငံရေးစနစ်တွေကို ဖော်ဆောင်မှုတွေကို လေ့လာဖြင်းဖြစ်ပါတယ်။ ပထမကဏ္ဍဟာ နိုင်ငံရေးအဆောက်အုံ (political institutions) ဆိုင်ရာ နိုင်ငံရေးသိပ္ပံပညာက မြစ်ဖျားခံလာပြီး၊ ဒုတိယကဏ္ဍကတော့ လူမျိုးစု၊ တရားမျှတမှု နှင့် ဒီမိုကရေစီရေးရာ နိုင်ငံရေး သီအိုရီများ၊ နိုင်ငံရေးဒဿနိက အတွေးအခေါ်များကနေ မြစ်ဖျားခံလာတာ ဖြစ်ပါတယ်။

အားလုံးရှုံးပါတယ်

ကချင်ပြည်နယ်မှာ အစိုးရနဲ့ ကေအိုင်အို အကြား ငြိမ်းချမ်းရေး ပျက်ပြားပြီး တိုက်ပွဲတွေ ဖြစ်တဲ့ သတင်းတွေ ကြားရတော့ ကျောင်းသား ဘ၀က ကချင်ပြည်နယ် ခရီးကို သတိရမိပါတယ်။ ကျောင်းပိတ်လို့ မြစ်ကြီးနား ဒူကထောင်က သူငယ်ချင်းနဲ့ ကချင်ပြည်နယ် အလည်တစ်ခေါက် လိုက်သွားတဲ့ ကျွန်တော်ဟာ နဘား ဘူတာကျော်လို့ ကချင်ပြည်နယ်ထဲ ဝင်လာတာနဲ့ မမြင်ဘူးတာတွေ မြင်ရပါတော့တယ်။

Saturday, July 2, 2011

စာပေဟောပြောပွဲ စုစည်းမှု (၇၁) ပုဒ်




Myanmar IT Men:
Posted: 01 Jul 2011 12:19 PM PDT
အိုင်တီနဲ့တော့ မဆိုင်ပါဘူး။ ဒါပေမဲ့ အတတ်ပညာတွေချည်းပဲတတ်ပြီး အသိပညာမရှိတဲ့သူတွေ များသထက် များလာနေလို့ စိတ်ထားတွေ မြင့်မြတ်အောင် နားထောင်စေချင်လွန်းလို့ Forward Mail ကနေ ရလာတဲ့ စာပေဟောပြောပွဲ MP3 ဖိုင်တွေကို Re-Share လိုက်ပါတယ်။

၁၊ ဗုဒ္ဓပညာ (ရွှေညဝါ) နန္ဒာသိန်းဇံ
၂၊ အမေစားသော ထမင်းတနပ် ဦးသုခ
၃၊ အဘိဓမ္မာမှပေးသော ဘဝအမြင် (ရွှေညဝါ) ဒေါက်တာ မင်းတင်မွန်
၎၊ တန်ဖိုးရှိတဲ့လူ (မော်လမြိုင် ) အတ္တကျော်

နိုင်ငံရေးသိပ္ပံပညာ အပိုင်း(၁၃) တပြည်ထောင်စနစ်နိုင်ငံများ၏ အားသာချက်များ

၁။ Unitary State နိုင်ငံမှာ တနိုင်ငံနှင့်အထက် နိုင်ငံငယ်ပေါင်းများစွာ ပေါင်းစပ်ပါဝင်ပြီး တနိုင်ငံတည်းအဖြစ် ပေါင်းစည်း တည်ထောင်ထားခြင်းဖြစ်သောကြောင့်
ပထ၀ီနယ်မြေဆက်စပ်ခြင်း၊ လူမျိုးဓလေ့ထုံးစံ ညီညွတ်ခြင်း၊ မတူညီသော ယဉ်ကျေးမှုများ ပေါင်းစပ်လာခြင်း၊ လမ်းပန်း...ဆက်သွယ်ရေး ကောင်းခြင်းအစရှိသော အင်္ဂါရပ်များများနှင့် ပြည့်စုံပြီး အမျိုးသား စည်းလုံး ညီညွတ်မှုကို ရရှိနိုင်ခြင်း။

အာဏာရှင်စနစ်၊ ဒို့တာဝန် အရေးသုံးပါးနှင့် ကျွန်ုပ်တို့တာဝန် (အပိုင်း – ၂)

by Lu Cifer on Monday, June 27, 2011 at 8:27pm

ဒို့တာဝန် အရေးသုံးပါး

စစ်အာဏာရှင်စနစ်နဲ့ ယနေ့ လက်ရှိ ရွေးကောက်ခံ အာဏာရှင်စနစ်ကို အကောင်အထည်ဖော် နေကြသူများဟာ ဒို့တာဝန် အရေးသုံးပါးကို ဦးထိပ်ထားတယ်လို့ ဆိုကြပါတယ်။ သို့ပေမယ့် လက်တွေ့မှာ အမှန်တကယ် ဒီ မူဝါဒတွေကို ကျင့်သုံးပါရဲ့လားဆိုတာ ဆန်းစစ်ကြည့်ရအောင်ပါ။

Friday, July 1, 2011

ဆိုရှယ်နက်ဝေါ့ ၀က်ဆိုက်များမှာ မိမိ၏ နိုင်ငံရေးအမြင်ကို ထုတ်ဖေါ်နိုင်သည့် နေရာဖြစ်လာ

ရွက်လှ၊ ရန်ကုန်
ဇွန်လ ၁၉၊ ၂၀၁၁

အွန်လိုင်းပေါ်ကပြည်တွင်းစစ်၏ အသံ
” ကချင်ဒုက္ခသည်တွေအတွက် လက်တလောမှာ အရမ်းကို စိတ်ပူစရာကောင်းနေပါတယ် ကျတော်တို့ အားလုံးလည်း ၀န်းရံ ပံ့ပိုးပေးသင့်တယ် မဟုတ်လား အမြန်ဆုံးငြိမ်းချမ်းပါစေ ” စသဖြင့် ရဲရဲတောက်နေသည့် ဓားဖြူနှစ်လက်ကို ကြက်ခြေခတ်ထားပြီး အနီတ၀က် အစိမ်းတ၀က် ကချင်အလံများကို ဂျီတော့၏ status တွင်၎င်း ဖေ့ဘွတ် စာမျက်နှာ ပရိုဖိုင် ရုပ်ပုံ နေရာများတွင်၎င်း ကချင်ပြည်နယ်တွင် တိုက်ပွဲတွေဖြစ်ပြီး ရက်အနည်းငယ် အကြာတွင် ပလူပျံလျက် ရှိသည်ကို တွေ့ရသည်။

လမ်းပေါ်က အမှတ်တရများ

by Chan Myae on Friday, July 1, 2011 at 9:03am
ကျွန်မဘ၀မှာ စိတ်ဝင်စားတဲ့ အကြောင်းအရာများစွာ အနက် နှစ်ခုထဲကို ရွေးပါလို့ သူငယ်ချင်းတချို့က မေးလာတဲ့အခါတိုင်း စာဖတ်ခြင်းနဲ့ ခရီးထွက်ခြင်းကို ကျွန်မရွေးချယ်လေ့ရှိပါတယ်။ စာဖတ်၊ စာသင်၊ စာရေးရင်းက ခရီးတွေ ရံဖန်ရံခါ ထွက်ရတဲ့ တကိုယ်ရေတကာယ လွတ်လပ်တဲ့ ဘ၀လေးတခုကို ဖိနှိပ်မှုတွေ ကင်းဝေးသွားတဲ့ အမိမြေမှာ တည်ဆောက်ခွင့်ရရေးဟာ ကျွန်မရဲ့ ဘ၀ရည်မှန်းချက် ပန်းတိုင်လေးပါ။ ကျွန်မ ငယ်ငယ်လေးကတည်းက ခရီးထွက်ရတာကို အရမ်းနှစ်သက်ပါတယ်။ အိမ်က ရပ်ဝေးခရီးသွားမယ်ဆိုရင် ကျွန်မ သိပ်ပျော်တာပဲ။ အရွယ်ရောက်လာတဲ့အခါကျတော့လဲ အခါအခွင့်ကြုံတိုင်း ခရီးထွက်ပါတယ်။ ခရီးတွေထွက်ရင်း လမ်းပေါ်မှာ ကြုံရတဲ့ အမှတ်တရလေးတွေကလဲ အများအပြားပါပဲ။ ဒီအမှတ်တရ လေးတွေထဲမှာ ဖြစ်ရပ်လေး (၄) ခုကိုတော့ မှတ်မှတ်ရရ ပိုရှိနေတတ်ပါတယ်။

"သူရဲမွေးမိတဲ့ ဒို့ မြန်မာတွေ"

created the doc: "သူရဲမွေးမိတဲ့ ဒို့ မြန်မာတွေ"
Min Thant Syn created the doc:
အနှစ်ငါးဆယ်လောက် စစ်အစိုးရအဆက်ဆက် မှန်တယ်ထင်တာ လုပ်ခဲ့လို့ မြန်မာပြည်လဲ ဆင်းရဲဒုက္ခ ရောက်ခဲ့ရပါပြီ၊ မြန်မာပြည်သူတွေဟာ လက်တွေ့မှာ စစ်အစိုးရတွေ လုပ်ချင်ရာ လုပ်နေတာကို ဘာမှ မတားဆီးနိုင်ဘဲ ကြောက်ကြောက်နဲ့ ထိုင်တောင်းပန်နေရတဲ့ အဆင့်တော့ရောက်နေပါပြီ၊ ကုလသမဂ္ဂ အပါအ၀င် တကမ္ဘာလုံးက ၀ိုင်းပြော ၀ိုင်းတောင်းပန်နေလဲ နအဖကတော့ မလှုပ်ပါဘူး၊

ပဲပြုပ်နဲ့ နံပြား

“ကြည်
ပဲပြုတ်နဲ့ နံပြား စားချင်တယ်
အောင်ဆန်း”

လေးစားပါတယ်ဖေဖေ တိုင်းပြည်အတွက် သမီး သေသွားပြီ

by Robina Lwin on Friday, July 1, 2011 at 2:48am

အရာရာတိုင်းမှာ ကိုယ်ကျိုးက ပထမဖြစ်နေလေတော့
ဆုံးရှုံးမှူုကို အရင်းတည်ပြီး
အောင်မြင်မှုတခုကို ရအောင်လုပ်ပါမယ် ဖေဖေ…
တိုင်းပြည်ကိုချစ်တဲ့စိတ်က အခြားအရာအားလုံးထက်
တမူထူးတဲ့ အဖေတူ သမီးပါ…
Related Posts Plugin for WordPress, Blogger...