Wednesday, August 31, 2011

အဂတိတရားနဲ့ မိုးခါးရေ


Min Thant Syn created a doc.


အိန္ဒိယနိုင်ငံမှာ ၂၀၁၁ ခုနှစ်၊ ဧပြီလ ၅ ရက်နေ့က အသက် ၇၄ နှစ်အရွယ် “အဲန်နာဟာဇာရီ”လို့ အမည်ရှိတဲ့ လူမှုရေးလှုပ်ရှားသူတဦးရဲ့ အစာငတ်ခံ ဆန္ဒပြမှုက စတင်တခဲ့တဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးလှုပ်ရှားမှုဟာ အခုဆို အရှိန်အဟုတ်အတော်ကြီးမားနေပြီ။ ဖောက်ပြန်တဲ့ နိုင်ငံရေးသမာ...းတွေနဲ့ ၀ိသမ စီးပွားရေးသမားတွေ၊ အကျင့်ပျက်ခြစားနေတဲ့ ဗျူရိုကရက်အရာရှိဝန်ထမ်းတွေရဲ့ အဂတိလိုက်စားမှုဒဏ်ကို နှစ်ပေါင်းများစွာ အလူးအလိမ့်ခံစားခဲ့ရတဲ့ အိန္ဒိယပြည်သူတွေဟာ အဲန်နာဟာဇာရီရဲ့ နောက်မှာ တညီတညာထဲ စုရုံးထောက် ခံနေခဲ့ကြပြီ။

တွေ့ဆုံဆွေးနွေးပွဲများ နောက်ကွယ်

[By The Irrawaddy (Burmese Version)]

အောင်လင်းထွဋ် Wednesday, 31 August 2011 17:49 သူ့အတွေး သူ့အမြင်

ပြည်တွင်းပြည်ပ မြန်မာတိုင်းရင်းသား လူမျိုးအားလုံး အတွက် သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည် တို့၏ တွေ့ဆုံ...ဆွေးနွေးပွဲ သတင်းသည် ဝမ်းသာ ပီတိဖြစ်စရာဖြစ်ပါသည်။ အောက်တန်းနောက်တန်း ရောက်နေသော မြန်မာနိုင်ငံအား နိုင်ငံတကာတွင် လူရာဝင်လာလေတော့မလားဟုလည်း မျှော်လင့်ချက်များ ဖြစ်နေကြပါသည်။ ထို့အတူ နိုင်ငံရေးကစားနေသလားဟုလည်း သံသယများလည်း ရှိသည်။ ယခုအချိန်အထိ ဘယ်လိုဖြစ်လာမလဲဆိုသည်ကို ဘာတခုမျှ သဲသဲကွဲကွဲ ပြော၍မရသေးပါ။

မြန်မာစစ်အစိုးရ၊ ပြည်ကြီးတရုတ်နှင့် နာကျင်နေသော ခံစားမှုများ

by Lu Cifer on Wednesday, August 31, 2011 at 11:04pm
 
မြန်မာပြည်မြောက်ပိုင်း မနောမြေ ကချင်ပြည်နယ်မှာ စစ်အစိုးရတပ်များက ကေအိုင်အို-ကေအိုင်အေ ကချင်လက်နက်ကိုင်အဖွဲ့တွေကို စစ်တိုက်နေတာတွေ ကြားသိနေရပါတယ်။ ဒီဒေသတွေမှာ စစ်မဖြစ်တာ ကြာပါပြီ။ အခုတော့ ကချင်တပ်ဖွဲ့တွေက စစ်အစိုးရရဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို လက်မခံလို့လား။ နယ်ခြားစောင့် တပ် ဖွဲ့မလုပ်လို့လား။ စစ်တိုက်ရတဲ့ ဖြစ်နိုင်တဲ့ အကြောင်းအရင်းတွေ စဉ်းစားစရာတွေ အများကြီးရှိပေမဲ့ တရုတ်အစိုးရနဲ့ မြန်မာကြံ့ဖွတ်သမ္မတ ဦးသိန်းစိန် အစိုးရရဲ့ မဟာဗျူဟာမြောက်မိတ်ဆွေဖွဲ့ ပူးပေါင်းဆောင်ရွက်ရေး ဆိုတာတွေနဲ့လဲ သက်ဆိုင်လိမ့်မယ် ထင်ပါတယ်။



သူတို့ရဲ့မဟာဗျူဟာမြောက် မိတ်ဆွေပြုမှုဟာ ပြည်သူလူထု အကျိုးစီးပွားနဲ့တော့ မသက်ဆိုင်ဘူးဆိုတာ လူတိုင်းသိရှိကြမှာပါ။

အမေရိကန် ပြည်ထောင်စုတွင် စီးပွားရေးပညာ ဘာသာရပ်ဖြင့် ပါရဂူဘွဲ့ရရှိခဲ့သူ ဒေါက်တာဇော်ဦးနှင့် တွေ့ဆုံခြင်း


Rozoner King created a doc.

[By Nyi Mg]

" လုပ်စရာရှိတာကို မြန်မြန်ဆန်ဆန် လုပ်ခြင်းဟာ၊ ကြိုတင်ကာကွယ်ခြင်းဟာ ဖြစ်မှ လုပ်ရတာထက် ပိုကောင်းပါတယ် "
... ဒေါက်တာဇော်ဦးသည် အမေရိကန်ပြည်ထောင်စု အမေရိကန်တက္ကသိုလ်မှ စီးပွားရေးပညာ ဘာသာရပ်ဖြင့် ပါရဂူဘွဲ့ (Ph.D) ရထားသည့် ပညာရှင်တစ်ဦး ဖြစ်ပြီး လောလောဆယ် မြန်မာနိုင်ငံသို့ ရောက်ရှိနေပါသည်။

"ဟိုရှေးအနှစ် ၂ဝ ကျော်က"


Min Thant Syn created the doc:

တပ်မတော်ဘက်က စတင်မီးမွှေးသည်ဟု စွပ်စွဲခံရသော ကိစ္စ ၂ ရပ်က စစ်အာဏာသိမ်းပွဲတွင် လမ်းစထွင်ပေးပုံ ရှိသည်။ ပထမကိစ္စတွင် စစ်ရုံးအနီး ဆန္ဒပြလူအုပ်ကို ဂိတ်ဝမှ ဖယ်ခိုင်းရာတွင် စစ်ကားတန်းနှင့် ရင်ဆိုင်ရသည်။ ဒေါသထွက်နေသော လူအုပ်က ဓားလှံများကိုင်၍ စစ်ရုံးဝ ရောက်လာသည်။ ကျောင်းသားခေါင်းဆောင်များနှင့် အတိုက်အခံလူကြီးများ အခြေအနေကို ဖြေရှင်းပေးရသည်။ စက်တင်ဘာ ၁၇ တွင်လည်း ကုန်သွယ်ရေးရုံးက တပ်သားတစု ဆန္ဒပြလူအုပ်ကို ပစ်ခတ်ရာ အနာတရရကြသည်။

Tuesday, August 30, 2011

"ဒီမိုကရေစီ တိုက်ပွဲအတွင်းမှာ ကျဆုံးသော …….."

Min Thant Syn created the doc:
(၁)
ပြီးခဲ့သော ဇူလိုင် ၂၅ရက်နေ့က တစ်ကြိမ်၊ သြဂုတ်လ ၁၂ရက်နေ့က တစ်ကြိမ် စစ်အုပ်စု ၀န်ကြီး ဦးအောင်ကြည်နှင့် ဒေါ်အောင်ဆန်းစုကြည် တစ်လမပြည့်မီ ၂ကြိမ် တွေ့ဆုံသည့်သတင်းများ ထွက်ပေါ်လာသည်နှင့် မရှေးမနှောင်းဆိုသလိုပင် ထိုသို့ တွေ့ဆုံမှုအပေါ် ပြည်တွင်းပြည်ပ နိုင်ငံရေးသမားများထံမှ သဘောထား အမြင်အမျိုးမျိုး ကြားလာရသည်။ စစ်အုပ်စုအ ပေါ် စန်ရှင်လုပ် စီးပွားရေး ပိတ်ဆို့ထားသည့် အမေရိကန်လို နိုင်ငံကြီးက ထိုသို့ တွေ့ဆုံမှုများကို ကြိုဆိုကြောင်း ဗွေဆော်ဦး ကြေညာလိုက်ရာ နောက်မှလိုက်၍ ကြိုဆိုသူများလည်း အတော်ကလေး ရှိလာခဲ့သည်။ အချို့ကတော့ သတိကြီးစွာထားပြီး ကြိုဆိုရမည်ဖြစ်ကြောင်း၊ ခြွင်းချက်ဖြင့် ကြိုဆိုကာ မျက်ခြည်မပြတ် စောင့်ကြည့်ရမည်ဖြစ်ကြောင်း ပြောကြသည်။

ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးခဲ့သော အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ဆိုင်ရာ အဆိုပြုချက်များ

by The Voice Weekly on Tuesday, August 30, 2011 at 3:37pm
နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အဆောက်အအုံတွင် ကျင်းပလျှက်ရှိသည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယအကြိမ် ပုံမှန်အစည်းအဝေး ပဉ္စမနေ့ (ဩဂုတ်လ ၂၆ ရက်နေ့)တွင် ပြည်သူ့လွှတ်တော်အမတ် ဦးသိန်းညွှန့်၏ "အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်များ ဆက်လက် ထုတ်ပြန်ရေးအတွက် နိုင်ငံတော်သမ္မတကြီးအား ဤလွှတ်တော်က မေတ္တာရပ်ခံရန် အဆို" နှင့်ပတ်သက်သည့် ဆွေးနွေးချက်များ၊ ထောက်ခံ အတည်ပြုချက်များနှင့် ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း၏ ကြီးကြပ်၊ ထိန်းသိမ်း အတည်ပြုချက် ရယူပုံများကို အရင်းအတိုင်း မချွင်းမချန် စုစည်းဖော်ပြအပ်ပါသည်။

၂၂နှစ်ဆိုတာ (မနှစ်ကရေးခဲ့တာကို ပြန်တင်ပေးတာပါ။ တစ်နှစ်အကြာမှ ထပ်ရေးဖြစ်တဲ့အဆက်ကိုလည်း တင်ပေးထားပါတယ်။)

by Eleven Media Group on Tuesday, August 30, 2011 at 5:28pm
ဒီအဖြစ်မှန်ဇာတ်လမ်းကို အစက Publicize လုပ်ဖို့မရှိပဲ ကိုယ့်ခံစားမှုအနေနဲ့ပဲ ရေးခဲ့တာပါ။ ဒါပေမယ့် လူငယ်တွေ၊ လူအများ သိသင့်တယ်ထင်လို့ ဆက်ရေးပါ့မယ်။

၂၂နှစ်ဆိုတာ
Friday, August 6, 2010
သန်းထွဋ်အောင်

"တည်ရှိခြင်း၏ ဆန်းကျယ်မှု "

Min Thant Syn created the doc:

ကျွပ်န်ုပ်တို့ တည်ရှိနေကြတယ်။ ဒါပေမဲ့ အချိန်က တိုတောင်းနေတယ်။ ထိုအချိန်အတွင်းမှာပဲ လေ့လာ စူးစမ်းမှုတွေ ပြုလုပ်ကြတယ်။ ဒါပေမဲ့ စကြ၀ဠာကြီးရဲ့ သေးငယ်လွန်းတဲ့ အစိတ်အပိုင်း လောက်ကိုပဲ လေ့လာနိုင်တာ ဖြစ်ပါတယ်။
သို့သော် လူသားတွေဟာ စပ်စုတတ်တဲ့ မျိုးစိတ်တစ်မျိုးပါပဲ။ ကျွန်ုပ်တို့တွေဟာ လေ့လာစူးစမ်းကြတယ်။ အဖြေတွေကို ရှာဖွေကြတယ်။ ကျယ်ပြောလှတဲ့ ကမ္ဘာကြီးထဲက သက်ရှိတွေဟာ ကြင်နာတတ်သလို ရက်လည်းရက်စက်တတ်တယ်။ နက်ရှိုင်းလှတဲ့ အထက်မိုးကောင်းကင်ကြီးကို ငေးမောကြည့်နေတတ်တယ်။

"သမိုင်းတကွေ့မှ သခင်လွင်"

Min Thant Syn created the doc:
၁၉၄၅ ခုနှစ် မေလ ၃ ရက်နေ့တွင် ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ် ဗားကရာလမ်း၌ ဗမာပြည်ကွန်မြူနစ်ပါတီဌာနချုပ် ဆိုင်းဘုတ်ကြီး တရားဝင်ပေါ်ထွက်လာစဉ်မှာပင် ဆိုရှယ်လစ်ပါတီခေါင်းဆောင်များဖြစ်သည့် ဦးဗဆွေ၊ ဦးကျော်ငြိမ်းတို့ ဦးဆောင်သော ‘ဗမာပြည်ဆိုရှယ် လစ်ပါတီ’ ဆိုင်းဘုတ် ထူထောင်နိုင်ရေးအတွက် အားထုတ်ကြိုးပမ်းခဲ့ကြသည်။ ဗမာပြည်ဆိုရှယ် လစ်ပါတီ သည် ပြည်သူ့အရေးတော်ပုံ ပါတီအင်အားစုကိုအခြေတည်၍ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

Monday, August 29, 2011

ကျားတော့ ကျား ဒါပေမဲ့ ကိုးတောင်


 
by Robina Lwin on Monday, August 29, 2011 at 12:07pm
 
                `` ဟေ့ကောင်တွေ မင်းတို့ ပစ်လိုက်တဲ့ လောက်စာလုံးက..ငါ့အိမ်ပေါ်ကျတယ်ကွ..ဘယ်က
 မိမဆုံးမ ဖမဆုံးမတွေလည်း မသိဘူ´´
သရက်ပင်ပေါ်က သရက်သီးကို လောက်လေးဂွနဲ့ ပစ်နေတဲ့ ကလေးတအုပ် အဖေ့အသံကြားတာနဲ့  ၀ရုန်း
သုန်းကားပြေးလိုက်ကြတာ..
``ဟားဟား..တစ်ရပ်ကွက်လုံး အဖေကိုကြောက်လိုက်ကြတာ..ပူတူး အတွက်တော့ ရီစရာဘဲ´´

မြန်မာ့ရယ်သံ

Set Myo Oo created the doc:
 
မြန်မာကိုသိရန် လွယ်ကူသော်လည်း မြန်မာ့စိတ်ထားကိုသိရန်ခက်သည် ဟု နိုင်ငံခြားသား တို့ ပြောစမှတ်ပြုကြ လေသည်။

အချို့က မြန်မာသည် ပွင့်ပွင့်လင်းလင်း ပြုံးပြုံးရွှင်ရွှင်နှင့် ကမ္ဘာပေါ်တွင် နှစ်သက်ဖွယ်အကောင်းဆုံး လူတစ်မျိုးဖြစ် သည်ဟုဆိုကြသည်။ အချို့က မြန်မာများသည် ဒေါသမထွက်သည့်အခိုက်တွင် စိတ်နေစိတ်ထား အလွန်နူးညံ့ကြ သည်။ ဒေါသထွက်မိလျှင်မူကား ဘီးလူးသဘက်ကဲ့သို့ ဖြစ်လာသည်ဟု ဆိုကြလေသည်။ တစ်ခါက အိန္ဒိယတိုင်း သားမိတ်ဆွေတစ်ဦးက “ကျွန်တော်တို့ ကုလားလူမျိုးများမှာ ဒေါသထွက်၍ လူကိုရိုက်မိလျှင် သွေးထွက်သည် နှင့်တစ်ပြိုင်နက် ရပ်တန့်ကြသည်။

"လိင်ဈေးတန်းမှာ နင်းခြေခံလိုက်ရတဲ့ပန်းကလေး

Min Thant Syn created the doc:
 မြန်မာနိုင်ငံ အမျိုးသမီးရေးရာ ကော်မတီကနေ ထိုင်း - မြန်မာနယ်စပ်ကို အလုပ် လာလုပ်ကြတဲ့ အမျိုးသမီးလေးတွေနဲ့ ပတ်သက်ပြီး ပညာပေး ဇာတ်လမ်းတစ်ခုကို ဇူလိုင် (3) ရက်နေ့က မြန်မာ့အမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ်ပြသခဲ့ရာမှာ  အတော်ကို သဘာဝတရားနဲ့ ယုတ္တိ နည်းပါးလွန်းတယ်လို့ ဝေဖန်စရာတွေ ဖြစ်ပေါ်လာပါတယ်။

Sunday, August 28, 2011

ကမ္ဘာ့ငြိမ်းချမ်းရေး-


အမှားကို-အမှားတွေနဲ့ ပြန်လည်တုံ့ပြန်ခဲ့အခါ
အဆိပ်ကိုအဆိပ်ပြန်လည်ခတ်မိတဲ့အခါ
အမုန်းကိုအမုန်းတွေနဲ့ ပြန်ချေပမိတဲ့အခါ
စစ်ပွဲတွေဖြစ်လာတယ်။

အနေအထိုင်မတတ်မှုများ


ကြယ်တွေမရိုးမရွ
ကောင်းကင် ကျိုးကြတော့မယ်
မြေကြီးကိုရွှေ့ထားရရင် ကောင်းမလား။    ။

လမ်းဆိုးလို့ ယာဉ်ပျက်တာ
ဘယ်သူ့ကို စွဲချက်တင်ရမလဲ။   ။

Saturday, August 27, 2011

နိုင်ငံရေးဘ၀ ခြေလှမ်းသစ်မျှော်လင့်ချက်

by အား မာန် on Saturday, August 27, 2011 at 7:15pm
 
၁။ ကြွေပန်းအိုးကို ၀က်ဝံလက်ဖြင့်ကိုင်မည်လော
 ယနေ့မြန်မာနိုင်ငံ၏ အပြက်ထင် အပေါ်လွင်ဆုံး ရာဇ၀င်ရေးလမ်းကြောင်းသည် အမျိုးသားဒီမိုကရေစီနိုင်ငံတော်ထူထောင်ရေးဖြစ်ကြောင်း မည်သူမှအငြင်းပွားစရာမရှိ။ ပန်းတိုင်နှင့်အကွာအဝေးကိစ္စတွင်မူ၊ ဤအရေးနှင့်ပက်သက်ငြိတွယ်သူအားလုံး အားလုံး၏….

ကချင်ပြည်နယ်အရေးနှင့် ပင်လုံညီလာခံ (၂)

အဏ္ဏ၀ါစစ်သည်

ပင်လုံညီလာခံအစ

ကချင်ပြည်နယ် ပေါ်ပေါက်လာသော သမိုင်းသည် ပင်လုံညီလာခံမှ စတင်ခြင်း ဖြစ်သောကြောင့် ပင်လုံညီလာခံ အကြောင်း အနည်းငယ် ပြန်ပြောဖို့ လိုပါသည်။ အားလုံး သိပြီး ဖြစ်သည့် အတိုင်း ၁၉၄၇ ခုနှစ် ဇန်န၀ါရီလမှာ ဗိုလ်ချုပ်တို့ လန်ဒန်ကို သွားပြီး လွတ်လပ်ရေးအတွက် အရေးဆိုတဲ့ အချိန်တွင် နောက်ပိုင်းကနေ ရှမ်းစော်ဘွားများက ကန့်ကွက်စာ ပေးပို့ခဲ့တာ အားလုံး သိပြီး ဖြစ်ပါသည်။ သို့သော် ရှမ်းစော်ဘွားတွေလိုပင် ဗန်းမော် တောင်တန်း ဒေသက ကချင် ခေါင်းဆောင်များနဲ့ စော်ဘဦးကြီးရဲ့ ကရင် အမျိုးသား အဖွဲ့ချုပ်တို့က ဗိုလ်ချုပ်တို့ဟာ တောင်တန်းသားများကို ကိုယ်စား မပြုဘူး ဆိုပြီး ကန့်ကွက်တဲ့ ကြေးနန်းများ ပေးပို့ခဲ့သည်ကိုမူ သိသူ နည်းပါသည်။

ကချင်ပြည်နယ်အရေးနှင့် ပင်လုံညီလာခံ (၁)

အဏ္ဏ၀ါစစ်သည်

( ဒီဆောင်းပါးဟာ ၂၀၁၀ ဇန်န၀ါရီလ အတွင်းက ဖော်ပြပြီး ဆောင်းပါး ဖြစ်ပါတယ်။ အခြေအနေအရ မဖတ်လိုက်ရသူတွေ ဖတ်နိုင်အောင် ပြန်ပြီး ဖော်ပြပေး လိုက်ပါတယ်။ )

( အခုတစ်လော ကေအိုင်အိုအဖွဲ့ကို နယ်ခြားစောင့် တပ်ဖွဲ့အဖြစ် ပြင်ဆင် ဖွဲ့စည်းရေးနဲ့ ပတ်သက်ပြီး လူပြောသူပြော များနေတဲ့ ကချင်ပြည်နယ် ကိစ္စနဲ့ ပတ်သက်ပြီး သမိုင်းကြောင်းကို ပြည့်ပြည့် စုံစုံ ရှင်းပြထားတဲ့ ဆောင်းပါးကောင်း တစ်ပုဒ် ဖြစ်ပါတယ်။ လူငယ်တွေအတွက် မှတ်မှတ် သားသား လေ့လာ ရေးသား တင်ပြပေးတဲ့ ဆရာ အဏ္ဏ၀ါ စစ်သည်ရဲ့ စေတနာကို ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ ဆောင်းပါးက ရှည်နေလို့ အပိုင်းလိုက် ဖော်ပြပေးပါ့မယ်။ )

Friday, August 26, 2011

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး ၂


ထက်အောင်ကျော် Thursday, 25 August 2011 19:29
ကံဆိုးချင်းတော့ မြစ်လယ်တည့်တည့်မှာ စစ်သင်္ဘောကြီးတစီး ရပ်ထားတာကို တွေ့လိုက်ရပါတယ်။

“ဘုရားရေ။ သွားပြီထင်တယ်။ ဒီတခါတော့ ဆန္ဒပြပွဲအတွင်းမသေဘဲ ရေလယ်မှာ ပစ်သတ်ခံရတော့မယ်ထင်ပါတယ်” လို့ စိတ်ထဲက အတော်စိုးရိမ်ပြီး ဘုရားတလိုက်မိပါတယ်။ ဒါပေမယ့် ကံကောင်းတယ်လို့ ပြောရမလား၊ တမင် သိရက်နဲ့ လွှတ်ပေး လိုက်တာလားတော့ မပြောတတ်၊ အဲဒီသင်္ဘောကြီးက တချက်မှမလှုပ်ဘူး။ ဆလိုက်မီးနဲ့ ထိုးပြီး သတိပေးတာမျိုးလည်းမရှိဘူး။

Thursday, August 25, 2011

"လူတိုင်းမှာ စဉ်းစားဖို့ ခေါင်းတစ်လုံး ရှိတယ်"

Cloud Cuckoo Land created the doc

‘ မြန်မာတွေ ဒီမိုကရေစီအတွက် အဆင်သင့်ဖြစ်ရဲ့လား’ နိုင်ငံခြားသားမဟုတ်တဲ့ မြန်မာ လူမျိုး တစ်ယောက်ရဲ့ ပါးစပ်က ဒီလိုမေးခွန်းမျိုး ထွက်လာတာကြားရတော့ ပြုံးလိုက်မိတယ်။ ‘ ဒီပုတ် ထဲက ဒီပဲတွေချည့် ပါပဲလား’ လို့လည်း ကောက်ချက် ချလိုက်တယ်။

ဈေးကွက်ထဲမှာ ခင်မောင်ညို (ဘောဂဗေဒ)

by Khin Maung Nyo on Thursday, August 25, 2011 at 5:17pm


          အကြောင်းအားလျော်စွာ၊ အချိန်ကုန်သက်သာချင်၊ မြန်ချင်တဲ့အခါ၊ ၀န်ထုပ်ဝန်ပိုးတွေ ပါနေတဲ့အခါမျိုးမှာ၊ ကျွန်တော် အငှါးကား (Taxi)၊ စီးလေ့ရှိပါတယ်။ ဟိုတုံးက ကျွန်တော်နေတဲ့ ကျောင်းဝင်းထဲမှာ၊ အငှါးကားတွေဝင်ခဲလို့ အပြင်ထွက်စီးရတတ်တယ်။ အချိန်နည်းနည်းစောပြီး ထွက်ရတယ်။ လာတဲ့ကားရှားတော့၊ တခါတခါ ကိုယ်ပေးချင်တဲ့ဈေးထက် ပိုပေးရတတ်တယ်။

ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အလုပ်ရုံဆွေးနွေးပွဲ(၁)

by Kyaw Aye on Thursday, August 25, 2011 at 7:06pm

ဆောင်းပါးရှင် (ဒေါက်တာလှိုင်မြင့်)
စိတ်ထဲမကောင်းဘူး။ န.အ.ဖ. လက်ထက်တလျှောက်လုံး နိုင်ငံရေးသမားတွေက နိုင်ငံတော်က လုပ်တာကိုင်တာ လွဲမှားနေတာတွေကို ဝေဖန်ရင် ဒါရန်သူ။ အဖျက်သမား ဘေးထိုင်ဘုပြော။ အစိုးရလုပ်သမျှ အကောင်းမမြင်သူတွေ။ ပြည်ပအားကိုး ပုဆိန်ရိုး။ သူတို့လက်ထက် တစတစ တိုင်းသူပြည်သားတွေ မွဲလာတာကို လက်တွေ့ မျက်မြင် မြင်နေရတာကိုဘဲ မျက်စေ့ဇွတ်မှိတ်ငြင်းတယ်။ သူ တို့ လုပ်နေတာ အားလုံးကောင်း VERY GOOD။ ကိုယ့်အလုပ်ရဲ့ အခြေအနေကို အရှိကို အရှိအတိုင်း သတ္တိရှိရှိ မှန်မှန်ကန်ကန် မသုံးသပ်ရဲဘူး။

တစ်သက်တာ မျှော်လင့်ချက်

by Nine Nine Sanay @ နိုင်းနိုင်းစနေ on Thursday, August 25, 2011 at 8:02am
 
ကျွန်တော့်တစ်သက်မှာ မျှော်လင့်ချက်တစ်ခုပဲ ရှိတယ်။ အဲဒီမျှော်လင့်ချက်က အမိုးရှိတဲ့ အခန်းထဲမှာ ကုတင်တစ်လုံးနဲ့ အိပ်ရဖို့ပါပဲ။

ဘာဖြစ်လို့ ကျွန်တော့်မှာ ဒီလိုမျှော်လင့်ချက်မျိုးရှိရသလဲ? ကျွန်တော်က အိန္ဒိယနိုင်ငံ Kolkata (then Calcutta) မှာနေတဲ့ သူတောင်းစားဖြစ်လို့ပါပဲ။ ကျွန်တော်မွေးပြီးမကြာဘူး အဖေဆုံးသွားခဲ့တယ်။ အမေနဲ့ကျွန်တော် နှစ်ယောက်တည်းပဲနေတယ်။ ကျွန်တော်တို့က လမ်းကျဉ်းလေးတစ်နေရာမှာနေတဲ့ သူတောင်းစားတွေဖြစ်တယ်။

"လုံလောက်ပြီ၊ ဆက်ပြီး သည်းမခံနိုင်တော့ဘူး"

Cloud Cuckoo Land created the doc:
တခါတုန်းက အိမ်တအိမ်မှာ တံခါးနှစ်ချပ်ရှိပါတယ်။ တံခါးတချပ်က အရမ်းလှပတဲ့ ဧည့်ခန်းတံခါးဖြစ်ပြီး၊ နောက်ထပ် တံခါးတချပ်ကတော့ သာမန် ရေချိုးခန်းတံခါး ဖြစ်ပါတယ်။
ဒီတံခါးနှစ်ချပ်ဟာ သွင်ပြင်လက္ခဏာတွေ မတူညီပေမယ့် ဘ၀တူတွေ ဖြစ်ကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီအိမ်မှာ နေတဲ့ ကလေးတွေဟာ တံခါးတွေကို ဆောင့်ပိတ်လိုက်၊ ကန်ကျောက်လိုက် လုပ်လေ့ရှိတဲ့ ဆိုးသွမ်းကလေးတွေ ဖြစ်လို့ ပါပဲ။

တွေ့ဆုံဆွေးနွေးမှုများက အချိန်ကန့်သတ်ချက်မရှိသော်လည်း မြန်ဆန်လိမ့်မည်ဟု ထင်မြင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား

by 7Day News Journal on Wednesday, August 24, 2011 at 6:12am
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဦးဇော်ဇော်၏ ဘောလုံးပွဲကြည့်ရှုရန် ဖတ်ကြားမှုနှင့်ပတ်သက်ပြီး "ဘောလုံးဝါသနာပါတော့ သွားကြည့်ရင်လည်း ကြည့်ဖြစ်မှာပေါ့"ဟု ရယ်မောရင်းဖြေကြားနေသည့် ဒေါ်အောင်ဆန်းစုကြည်

Tuesday, August 23, 2011

ကြွက်ထောင်ချောက်

 
by Wai Maw on Tuesday, August 23, 2011 at 10:01am
 
တစ်ခါတုန်းက….
          ကြွက်တစ်ကောင်က လယ်သမားအိမ်ထဲ အိမ်နံရံပျဉ်နှစ်ချပ် စပ်ကြားက ဟနေတဲ့နေရာ အကြားကနေ  ချောင်းကြည့်တော့ လယ်သမားနဲ့ သူ့မယား အထုပ်တစ်ထုပ်ဖြေနေတာ တွေ့ရတယ်။
          အထဲမှာ စားစရာများပါလေမလား၊ ပါရင် ငါများ တနည်းနည်းနဲ့ စားရလေမလား၊ မျှော်လင့်တဲ့ စိတ်နဲ့ စောင့်ကြည့်တော့၊ လားလား..စားစရာမုန့်မဟုတ်၊ နာစရာ တုတ်ဖြစ်နေတယ်။ အဲ..စကားအဖြစ် ပြောတာ၊ တကယ်တုတ်မဟုတ်ဘူး။

အသက် ၃၀ မတိုင်ခင် လူတိုင်း ဖတ်သင့်တဲ့ နိုင်ငံတကာ စာအုပ် (၃၀)


Lightof Saw 11:30am Aug 23

http://www.facebook.com/l/bAQBvOWXqAQAiALICgpKk1odGd9E-4iGslTk2rmIKGDS_4w/www.maukkha.org/index.php?option=com_content&view=article&id=1748%3A2011-08-20-06-20-46&catid=92%3Alibrary-&Itemid=386

အင်တာနက်နှင့် ၀ဘ်ဆိုဒ်တွေက ခမ်းနားကြီးကျယ်သလောက် လူတိုင်းနေ့စဉ်ဘ၀မှာ နေရာ ၀င်ယူလာသည်။ အင်ဖော်မေးရှင်းတွေက ဖောင်းပွလွန်းပြီး၊ အွန်လိုင်းပေါ်မှာ စာဖတ်ဖို့၊ အလုပ်လုပ်ဖို့၊ မိတ်ဆွေတွေနဲ့ တွေ့ဆုံဖို့ အချိန်တွေ ပိုပေးလာကြရသည်။

မာလာဆောင်ကို မောင်မလာရ ( အပိုင်း ၃ )

 
by Robina Lwin on Monday, August 22, 2011 at 9:59pm
(၂ နှစ် ၃ နှစ်တာ ကျောင်းသားစခန်းမှ ရဲမေများ ဆင်းရဲစွာ လှုပ်ရှားမှုများ ကြားထဲမှ တခါတရံ  ရရှိလာခဲ့ဘူးသောကြည်နူးစရာ ရက်စွဲလေးများကို ကျမမှတ်မိသလောက် စုဆောင်းရေးသား ပေးပါသည် ၊ စာနာ၊ညှာတာ၊ နားလည်စွာ ဖတ်ရှုနိုင်ကြပါစေ )

``ဘာတဲ့ ´´
`` ရဲမေ ချစ်ချစ်က ..အမျိုးသား လိင်နဲ့ အမျိုးသမီးလိင် ၂ မျိုးလုံးပါတယ် ဟုတ်လား ´´
``ဟုတ်ရဲ့လား´´

Monday, August 22, 2011

အခြေခံနိုင်ငံရေးသိပ္ပံ အပိုင်း ၁၀ + ၁၁ + ၁၂

by Socretes Athenisian on Saturday, August 13, 2011 at 5:52am
// //HRDP ၀က်ဘ်ဆိုဒ် http://www.hrdpb.org/2010/02/basic-political-science-part.html မှ အခြေခံ နိုင်ငံရေးသိပွှံသဘောတရားများအား တဖြည်းဖြည်းချင်း တင်ဆက်ပေးသွားပါမည်။ ။//

အခြေခံနိုင်ငံရေးသိပ္ပံ အပိုင်း (၁၀)
နိုင်ငံရေး အတွေးအခေါ်နှင့် သဘောသဘာဝများ အပိုင်း (၇)
အရစ္စတိုတယ်လ် (Aristotle) (384-322BC)

သုခုမအနုပညာ သို့မဟုတ် ဒီမိုကရေစီနိမိတ်ပုံ ၊၊

by Aungzaw Win on Monday, August 22, 2011 at 6:44am
သုခုမအနုပညာ သည် fine arts ကို ရည်ရွယ် ၍ သုံးပါသည်၊၊ဒီမိုကရေစီ သည် ပြည့်ဝသော liberal democracyကို ရည်ညွှန်းပါသည်၊၊

မသင်မနေရစံနစ်ဖြင့် သင်ကြားခံရသော နိုင်ငံရေးသိပ္ပံ ကို တူးတူးခါးခါး ခြစ်အောင်မုန်းခဲ့ ၍ ထိုပညာ ကိုမတတ်ပါ၊၊ အကဲဆတ်သော လေ့လာသူတစ်ဦး၏အမြင်ကို ရိုးသားသော အခြေခံဖြင့်တင်ပြပါမည်၊၊

Sunday, August 21, 2011

"ပထ၀ီနိုင်ငံရေးနှင့် မြန်မာနိုင်ငံ"

created the doc: "ပထ၀ီနိုင်ငံရေးနှင့် မြန်မာနိုင်ငံ"
Min Thant Syn created the doc:
ကိုဂျူးက မြန်မာနိုင်ငံဟာ ဒေသတွင်းဘယ်လိုမှ အချက်အခြာမကျဘူး၊ ကုန်သွယ်ရေး လမ်းကြောင်း စစ်ရေးလမ်းကြောင်း ဘယ်ပေါ်မှာမှ မရှိပါဘူး။ ဘာမှအရာမရောက်တဲ့ ဘင်္ဂလားပင်လယ်အော် မြောက်ဘက် ဂျောင်ကလောင် ထဲမှာရောက်နေတဲ့အတွက် ဘယ်လမ်းကြောင်းကိုမှ စိုးမိုးထားတာမရှိပါဘူးလို့ ရေးထားပါတယ်။ ဒီလိုပဲ မြန်မာနိုင်ငံက ဘာအဖိုးတန်ပစ္စည်းမှလဲ ဟုတ်တိပတ်တိထွက်တာ မဟုတ်ဘူးလို့လဲဆိုတယ်။ ဒါကိုကြည့်ရင် ကိုဂျူးက မြန်မာနိုင်ငံ အနေအထားကို နိုင်ငံရေး ပထ၀ီဝင်အရ ပြောနေတာပဲ။ ပထ၀ီနိုင်ငံရေးအရပြောနေတာ မဟုတ်ဘူးဆိုတာ သိသာပါတယ်။ ဒီနှစ်ခုဟာ အတော်ခြားနားပါတယ်။

တရားဥပဒေစိုးမိုးမှုမရှိသေးသော မြန်မာပြည် ...

by Sai Naw Saing on Sunday, August 21, 2011 at 4:17pm


သန်းဝင်းလှိုင် သြဂုတ် ၂၁၊ ၂၀၁၁

လူသားသည် တရားမျှတမှုဖြင့် ပြည့်စုံနေချိန်တွင် အကောင်းမြတ်ဆုံးသတ္တ၀ါဖြစ်၏။ သို့သော် တရားမျှတမှုကင်းမဲ့သွားသောအခါတွင်မူ အဆိုးယုတ်ဆုံးသတ္တ၀ါဖြစ်သွားတော့သည်။ (အရစ္စတိုတယ်)

မြန်မာနိုင်ငံသည် သူ့ကျွန်ဘ၀မှ လွတ်မြောက်၍ လွတ်လပ်ရေးရရှိခဲ့သည်မှာ ယခုအခါ (၆၃)နှစ်တိုင်ခဲ့ပြီဖြစ်သည်။ သို့သော် ပြည်သူလူထု အဖို့ လွတ်လပ်ခွင့်နှင့် လုံခြုံမှုများကင်းမဲ့ နေသလို၊ ဥပဒေ၏ အကာအကွယ်ကို မရရှိခဲ့သည်မှာ ဆယ်စုနှစ်ပေါင်းကြာခဲ့ပြီဖြစ်သည်။

အထီးကျန်…သံလွင်“လမ်းခွဲ”

 
by Win Ko on Sunday, August 21, 2011 at 9:17am

နွေကြိုဥသြတို့၏ တွန်ကြူးသံသည် အတိတ်ကို မေ့နေသော၊ မေ့ရန်ကြိုးစားနေသော ကျနော့်အား အမြဲတစေ ခြောက်လှန့်လျှက်ရှိပါသည်။ တခါတရံ အတိတ်သို့ ခေါ်ဆောင်သွားတတ်ပါသည်။ အတိတ် ၏ပုံရိပ်တို့သည်လည်း တဖြည်းဖြည်းသက်ဝင်လှုပ်ရှားလျှက်…….

Saturday, August 20, 2011

ပြည်ပရောက်တော်လှန်ရေးမျိုးဆက်များက ဦးသိန်းစိန်၏ ဖိတ်ခေါ်မှုကို တုန့်ပြန်ချက်

by Htun Aung Gyaw on Saturday, August 20, 2011 at 11:13am

ဦးသိန်းစိန်အစိုးရမှ ပြည်ပသို့ ရောက်ရှိနေခဲ့သော မြန်မာများကို မြန်မာပြည်သို့ပြန် လာရန်လမ်း ဖွင့်ဖိတ်   ခေါ်သည့် သတင်းကို သြဂုတ်လ(၁၇) ရက်နေ့တွင်နေပြည်တော်မှသတင်း ထွက်ပေါ်လာခဲ့သည်။ ထိုသတင်းကို တရားဝင် ကြေညာချက်အဖြစ် ထုတ်ပြန်ပေးရန် လိုအပ်ပေသည်။
ကျွနုပ်တို့ ပြည်ပရောက်နေသော တော်လှန်ရေးမျိုးဆက် အသီးသီးက ထိုထွက်ပေါ်လာသော သတင်းနှင့် ပတ်သက်၍ တဦးချင်း အမြင်သဘောထားများကို ဆွေးနွေးညှိနှိုင်းကြပြီး အောက်ပါ အချက်များကိုသဘောတူ ထုတ်ပြန်လိုက်သည်။

Friday, August 19, 2011

8888

by Socretes Athenisian on Wednesday, August 17, 2011 at 10:35pm
// ၈၈၈၈ အကြောင်း စံနစ်တကျ ဝေဖန်သုံးသပ်ထားသော မဇ္ဈိမ မဂ္ဂဇင်းပါ..စာတမ်းတစ်ခု အားလည်းတင်ဆက်ပေးပါမည်။ လောလောဆယ်အားဖြင့် ၎င်းစာတမ်းမှာ ပထမပိုင်းသာလျှင်ပြီးသေးသောကြောင့်ဆက်လက်စောင့်မျှော်ကြပါရန်...ပထမပိုင်းအားဖတ်ရှုလိုသူများ..ဤလိပ်စာ၌သွားရောက်ဖတ်ရှုပါ http://www.mizzimaburmese.com/edop/songpa/8114-2011-08-10-10-22-37.html //

ဒေါက်တာအောင်ထွန်းသက်နှင့် တွေ့ဆုံခြင်း

by Socretes Athenisian on Thursday, August 18, 2011 at 7:46pm
Thursday, August 18, 2011
 
(၂၀၁၁ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့ထုတ် ပြည်သူ့ခေတ် ဂျာနယ်ရဲ့ တွေ့ဆုံ မေးမြန်းခန်း ဖြစ်ပါတယ်။ နိုင်ငံ တည်ဆောက်ရေးနဲ့ ပတ်သက်တဲ့ ထူးခြားတဲ့ ပြောဆိုချက်များ ပါတဲ့အတွက် မျှဝေပေးလိုက်ပါတယ်။)

မေး - အခု အစိုးရ အဖွဲ့သစ် တက်တာ ရက်ပေါင်း ၁၀၀ ပြည့်ပါပြီ။ ဒီအစိုးရ အဖွဲ့သစ်အနေနဲ့ အရင် အစိုးရဟောင်းနဲ့ မတူတဲ့ ဘယ်လို စီမံခန့်ခွဲမှုပုံစံ စတင် ကျင့်သုံးနေပြီလို့ ဆရာ မြင်ပါသလဲ၊ ရှင်းပြပေးစေလိုပါတယ်။

“ ငြိမ်းချမ်းရေး မလုပ်လို့ မဖြစ်တော့ ”

by Mizzima မဇ္ဈိမ on Friday, August 19, 2011 at 6:40pm
မဇ္ဈိမသတင်းဌာန| သောကြာနေ့၊ သြဂုတ်လ ၁၉ ရက် ၂၀၁၁ ခုနှစ် ၁၇ နာရီ ၃၄ မိနစ်


ဦးကိုလေး

(အင်းဝ ဂုဏ်ရည်နှင့် အင်တာဗျူး)

“လမ်းသစ်ကဗျာများ” ကဗျာစာအုပ်ဖြင့် အမျိုးသားစာပေဆုကို ၁၉၆၅ ခုနှစ်တွင် ရရှိခဲ့သူ ကဗျာဆရာကြီး ဦးကိုလေး (အင်းဝဂုဏ်ရည်က)၊ တိုင်းရင်းသားဒေသများတွင် တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် ငြိမ်းချမ်းရေးဖေါ်ဆောင်နိုင်ရန် အစိုးရအပါအဝင်၊ လက်နက်ကိုင် အဖွဲ့အစည်းများ၊ ပြည်သူလူထုတို့ကို စေ့ဆော် တိုက်တွန်းသွားမည်ဖြစ်ကြောင်း သူ၏ ယခုလ ၁၁ ရက်နေ့တွင် ကျရောက်သည့် ၇၅ နှစ်မြောက် မွေးနေ့တွင် ပြောဆိုသည်။

နိုင်ငံရေးဆိုတာ ကြီးမြတ်တဲ့ အလုပ်

ယုံကြည်ချက်ရှိတယ်
ဘယ်ပါတီမှ မဝင်ခဲ့ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ကောလိပ်ကျောင်း ရောက်စကတည်းက သတင်းစာ အလုပ်လုပ် မယ့်လို့ စိတ်ထဲမှာ ရည်ရွယ်ထား ပြီးဖြစ်လို့ပါ ။ သတင်းစာ သမားဆိုတော့ မှန်တာ ကိုသာ ရေးရမယ်။ ဘယ်သူ့ မျက်နှာကိုမှ မကြည့်ရဘူး။ စာဖတ်ပရိသတ် ပြည်သူလူထု မျက်နှာတစ်ခုတည်းကိုသာ ကြည့်ရမယ်လို့ နားလည် သဘောပေါက်ထားလို့ ဖြစ်ပါ တယ်။

နိုင်ငံရေးသမားများ လေ့လာစရာ စောမည်းသင်ခန်းစာ

ရှေ့နေလုပ်မည့်သူဟာ ဥပဒေပညာကို သင်ယူပြီး သတ်မှတ်ထားတဲ့ စာမေးပွဲတွေ အောင်ပြီးမှ ရှေ့နေဘွဲ့ရတယ်။ ပြီးတော့ ရှေ့နေမလိုက်ခင် ၀ါရင့် ရှေ့နေကြီးများထံမှာ နှစ်နဲ့ချီကာ လက်တွေ့ဆင်းပြီးမှ တရားရုံးမှာ အမှုလိုက်ခွင့် ရှိတဲ့ ရှေ့နေ လိုင်စင်ရတယ်။ အလားတူ ဗိသုကာ၊ အင်ဂျင်နီယာတွေလည်း သတ်မှတ်ထားတဲ့ သင်ရိုး ညွှန်းတမ်းတွေ ပြီးဆုံးအောင် သင်ယူပြီးမှ အောင်လက်မှတ်ရတယ်။

Wednesday, August 17, 2011

စစ်တပ် လက်ရှိ အခြေအနေများ

by Sai Maungmaung on Wednesday, August 17, 2011 at 8:18pm
 
မြန်မာတပ်မတော်အတွင်း နောက်ဆုံးအခြေအနေများ

[By The Irrawaddy (Burmese Version) ]

အောင်လင်းထွဋ် Wednesday, 17 August 2011 16:18 ဆောင်းပါး

မြန်မာ့တပ်မတော်တွင် ၂၀၁၁ ဇွန်လမှစ၍ ဒုတိယတန်း စစ်ဗိုလ်ချုပ်ကြီးများအတွင်း အာခံမှု၊ မကြေလည်မှုများ စတင်ပေါ်ပေါက်လျက်ရှိသည်။ ၂၀၀၇ စက်တင်ဘာလ သံဃာ့အရေး အခင်းမှစ၍ စစ်တပ်ထိပ်ပိုင်း ခေါင်းဆောင်များအတွင်း အေးချမ်းစွာ တွေ့ဆုံဆွေးနွေး ဖြေရှင်းလိုသော သဘောထား ပျော့ပြောင်းသည့် စစ်ဗိုလ်ချုပ်များနှင့် ကြမ်းတမ်းစွာ အင်အားသုံး ဖြေရှင်းလိုသော သဘောထား တင်းမာသည့် စစ်ဗိုလ်ချုပ်များဟူ၍ အမြင်နှစ်မျိုးကွဲခဲ့သည်။

ပညာရေး.. နှင့် မြန်မာပြည်...

by Soe Min on Wednesday, August 17, 2011 at 8:50pm
 
၁၉၀၀ ပြည့်နှစ်များဆီက ဂျွန်အဲလ်ဖလက် ၀က်တ်ကင်စ် ဆိုသူက လေဒီစ်ဟုမ်း ဂျာနယ်မှာ ၂၁ ရာစု လူသားတွေရဲ့ ဘ၀နဲ့သက်ဆိုင်တဲ့ ကြိုတင်ခန့်မှန်းချက်တွေကို အခန်းဆက် ရေးသားခဲ့ပါတယ်။
အဲဒီ မြောက်မြားလှတဲ့ ခန့်မှန်းချက်တွေထဲမှာ အနာဂတ် ကလေးတွေရဲ့ပညာရေးက ဘယ်လိုဖြစ်လာမှာလဲ ဆိုတာလည်း ပါဝင်ပါတယ်။

တော်လှန်သော အတွေးအခေါ် (ပါရဂူ)

by ကိုဝိုင် ဝိုင်ကေ on Wednesday, August 17, 2011 at 8:51pm
မရေမတွက်နိုင်သော နှစ်ပရိစ္ဆေဒကာလအတွင်း၌ မိမိ၏ အလိုဆန္ဒပြည့်ဝစေရန်အတွက် လူသည် ကြိုးပမ်းအားထုတ်မှု အသင်္ချေ အနန္တဖြင့် တဖြည်းဖြည်းတစတစ မိမိ၏ ဦးဏှောက်ကို တိုးတက်ဖွံ့ထွားအောင် ပြုလုပ်ခဲ့သည်၊ မိမိ၏ ရှေ့ခြေထောက်နှစ်ဖက်ကို လက်အဖြစ်ဖန်တီးခဲ့သည်။ မိမိ၏ မှောင်မိုက်နေသော ဦးဏှောက်ထဲ၌ ဆင်ခြင်စဉ်းစားခြင်းတည်းဟူသော လရောင်ကို နေရာပေးခဲ့သည်။

"သိကြပါစေ...အမိမြေ"

created the doc: "သိကြပါစေ...အမိမြေ"
Rozoner King created the doc:
[By Moe Hninphy]

နှိင်ငံခြားတွင် ထွက်၍လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများအဖို့မိမိကဲ့သို့ နိုင်ငံခြားတွင် ရေရှည်နေနိုင်သူများသာ မဟုတ်ပဲ ယာယီပါမစ်များဖြင့် နေထိုင်သူမှာ ၆၀-၈၀ ရာနှုန်းအထိရှိကာ ထိုကဲ့သို့ မြန်မာနိုင်ငံသားများ ပြန်လည်ရောက်ရှိပါက အောက်ပါ အကျိုးကျေးဇူးများလည်း မြန်မာနိုင်ငံသို့ ရရှိနိုင်ပါသည်။

"ကျွန်တော်မမေ့နိုင်တဲ့ ဩ၀ါဒ"

created the doc: "ကျွန်တော်မမေ့နိုင်တဲ့ ဩ၀ါဒ"
Cloud Cuckoo Land created the doc:
လူ့ဘ၀မှာ မွေးလာတယ်။ တစ်ချိန်ကျတော့ သေတယ်။ ဒီခရီးကို လူတိုင်း လျှောက်ကြရ ပါတယ်။ ငယ်စဉ်က ပညာရှာတယ်။ အရွယ်ရောက်တော့ စားဝတ်နေရေး အတွက် အလုပ်လုပ်ကြ၊ စီးပွား ရှာကြတယ်။ အချိန်တန်တော့ အနားယူတယ်။ အငြိမ်းစား ဘ၀မှာ တရားဘက် ဆက်လိုက်သူ ကလည်း လိုက်ကြတာပေါ့။ ဒီလိုနှင့် အိုလာတယ်။ နာလာတယ်။ နောက်ဆုံး သေတယ်။

လူနှင့်လောက၏ ဖြတ်ပိုင်းတစ်ခု

by Mike Hunter on Friday, August 20, 2010 at 4:22pm

ခပ်ကြမ်းကြမ်းခြေသံတစ်ခု ဝင်ရောက်လာသည်ကို သိသော်ညားလဲ ပညာရှင်ကြီးကလှည့်မကြည့် စက်ဝိုင်းကိုသာ ဆက်ဆွဲနေလေသည်။
ဂူတွင်းသို့ ဝင်ရောက်လာသော ရောမစစ်သားက မျက်နှာကြမ်းတမ်းသလို စကားပြောသည့်နေရာ တွင်လည်း ကြမ်းတမ်းလေသည်။

"ဘယ်သူနိုင်ငံရေး သမားလဲ"

Cloud Cuckoo Land created the doc:

နိုင်ငံရေး မလုပ်တဲ့ သဘော မဟုတ်ဘူး

ဒီလို မယူဆတာက နိုင်ငံရေးကို စိတ်မ၀င်စားလို့ မဟုတ်ဘူး။ မနှစ်သက် လို့လည်း မဟုတ်ဘူး။နိုင်ငံရေးနဲ့ လုံးဝ ကင်းကင်းရှင်းရှင်း နေလို့လည်း မဟုတ်ဘူး။ သတင်းစာ အလုပ် လုပ်ရင်းနဲ့ နိုင်ငံရေး သတင်းတွေ ရေးသလို သုံးသပ် ဝေဖန်ချက်၊ ထင်မြင် ယူဆချက်တွေလည်း ရေးခဲ့တယ်။နိုင်ငံရေး သမား မျိုးစုံနဲ့လည်း ထိတွေ့ ဆက်ဆံခဲ့တယ်။ နိုင်ငံရေး ပါတီ တစ်ခုထဲ ပါဝင်ပြီး အချိန်ပြည့် နိုင်ငံရေး လုပ်သူ မဟုတ်တာကြောင့် နိုင်ငံရေး သမား မဟုတ်ဘူးလို့ ယူဆထားတာ ဖြစ်တယ်။ လုံးဝ နိုင်ငံရေး မလုပ်ဘူးဆိုတဲ့ သဘော မဟုတ်ပါဘူး။

ဗုဒ္ဓအလိုကျမြတ်သောနေနည်း

by Maung Tha on Tuesday, August 16, 2011 at 11:22pm
 
ဗုဒ္ဓအလိုကျမြတ်သောနေထိုင်နည်းမှာ 'မြင့်မြတ်စွာနေထိုင်နည်း'(ဗြဟ္မစိုရ်တရား)ဖြစ်ပါသည်။
ဗြဟ္မစိုရ်တရား လေးပါးရှိပါသည်။

(၁) သူတစ်ပါးအပေါ် အကျိုးစီးပွားနှင့်ယှဉ်သော ချစ်ခင်စိတ်(မေတ္တာ)
(၂) မိမိထက် နိမ့်ကျသူများအပေါ် စာနာထောက်ထားစိတ်(ဂရုဏာ)
(၃) မိမိထက် သာလွန်သူများအပေါ် ဝမ်းမြောက်ဝမ်းသာဖြစ်မှု့(မုဒိတာ)
(၄)အချစ် အမုန်းတို့မှကင်းသော နှလုံးသွင်းနိုင်မှု့(ဥပေက္ခာ)
တို့ဖြစ်ပါသည်။

"နိုင်ငံရေးဆိုတာ ပြိုင်ပွဲမဟုတ်ဘူး"

Rozoner King created the doc:
[By အား မာန်]

ဂျာနယ်တွေမှာ လုပ်နေကြတဲ့ လူငယ်လေးတွေနဲ့ လုံမငယ်လေးတွေ နေ့စဉ်လိုလို ရောက်လာလေ့ ရှိပါတယ်။ တချို့က စကားစမြည် ပြောချင်လို့၊ တချို့က မေးချင် မြန်းချင်လို့၊ တချို့ကျတော့ သူတို့ သတင်းအတွက် အင်တာဗျူးချင်လို့ စတဲ့ အကြောင်းမျိုးစုံ ဖြစ်တယ်။ မနေ့ကတော့ အင်တာနက်က သတင်းတွေ ဘာသာပြန်ရတဲ့ ကလေးမလေး နှစ်ယောက်နဲ့ လူငယ် လေးယောက် ရောက်လာပြီး သတင်းစာသုံး ဗန်းစကားတချို့နဲ့ ဝေါဟာရ တချို့မေးကြပါတယ်။

သော့ ဖန်ဆင်းရှင်များ

 
 
 
ပိတ်ထားတဲ့ တံခါးတစ်ချပ်ကိုတွေ့တဲ့ အခါ...

တစ်ချို့တွေက လှည့်ထွက်ပြီးတော့ ပြန်ကြတယ်...

တစ်ချို့တွေက ...လက်ကိုင်ကို လှည့်ကြည့်တယ်...
ဖွင့်ဖို့ ကြိုးစားတယ်...
ဒီလိုမှမပွင့်ဘူးဆိုရင်... လှည့်ထွက်သွားကြပြန်တယ်။

Monday, August 15, 2011

ငှက်တကောင်၏ ခြေရာ တစ်ပိုင်းတစ်စ

by Shwemaw Kunn on Sunday, August 14, 2011 at 10:41am
 
“ သူ ” သူ့ကိုစတင် သိရှိခဲ့တာက ၁၉၈၆ ခုနှစ်လောက်က ဖြစ်သည်။ နာရီသံတွေ ဆူညံလွန်းနေ၊ ငိုချင်ပါတယ် အချစ်ဆုံးရယ်၊ ရီ(ရယ်) ပုလဲ ၊ ငိုရင်ရွဲ စတဲ့ ပြောင်မြောက် ထိမိတဲ့ စကားလုံးတွေ အဖွဲ့အနွဲ့တွေနဲ့ လူငယ်တွေရဲ့ နှလုံးအိမ်ကို စေစားဖမ်းယူ ညို့ငင်နိုင်ခဲ့သူ။ ထူးအိမ်သင် ဆိုတဲ့ “ သူ ” ပါ။ အဲဒီနောက်မှာ မှော်ဆရာအိပ်မက်၊ သက်ငြိမ်၊ အတ္တပုံဆောင်ခဲများ၊ အကြင်နာအိပ်မက်၊ အရင်အတိုင်း၊ စကားလုံးမရှိတဲ့ ကောင်းကင်၊ ထူးအိမ်သင် (Unplugged Live) ၊ မြို့ပြလရောင် တမ်းခြင်း၊ သီချင်းခွေတွေနဲ့၊ သူရဲ့ ဂီတမှော်တွေနဲ့ ဖမ်းစားခဲ့ပြန်တယ်။

အနိုင်မခံကဗျာ မင်းသုဝဏ် ကိုအောင်ဆန်း ညိုမြနှင့် မောင်သော်က

[By Aung Moe Win]

ဤဒေါသ လောဘတို့ ကြီးစိုးရာ ဌာန၏ အခြားမဲ့၌ကား သေခြင်း တရားသည် ကြောက်မက်ဖွယ်ရာ ငန့်လင့်လျက် ရှိ၏။

... သို့သော် ငါ့အား မတုန်လှုပ် သည်ကိုသာ တွေ့ရအံ့။ နောင်ကိုလည်း ဘယ်တော့မျှ မကြောက်သည် ကိုသာ တွေ့ရအံ့။ သုဂတိသို့ သွားရာ တံခါးဝသည် မည်မျှကျဉ်းမြောင်း သည်ဖြစ်စေ၊ ယမမင်း၏ ခွေးရေ ပုရပိုက်၌ ငါ့အပြစ်တို့ကို မည်မျှပင် များစွာ မှတ်သားထားသည် ဖြစ်စေ ငါကား ဂရုမပြု၊ ငါသာလျှင် ငါ့ကံ၏ အရှင်သခင် ဖြစ်၍ ငါသာလျှင် ငါ့စိတ်၏ အကြီးအကဲ ဖြစ်လေသည်။

စစ်မှန်တဲ့  ချစ်ခြင်းဆိုတာ...

အလုပ်များတဲ့ တစ်ရက်မှာပေါ့.... နံနက် ၈ နာရီ ခွဲလောက်မှာ၊ ဆေးရုံ ထဲကို အဘိုးအိုတစ်ယောက်ရောက်လာပါတယ်။ အသက်အားဖြင့် ၈၀ ကျော်လောက်ရှိမဲ့ပုံပါပဲ။ သူက သူရဲ့ လက်မမှာဒဏ်ရာရထားလို့ ချုပ်ရိုးလာပြတာပါ။ သူက ကမန်းကတန်းနဲ့ဝင်လာပြီး ၉ နာရီကျရင် ချိန်းထားတာ ရှိလို့... ကျွန်တော်ကို သူ့လက်က ဒဏ်ရာကို ကြည့်ပေးဖို့ ပြောဆိုပါတယ်။

ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး - ခင်မမမျိုး

[By Aung Myin Oo]
ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ၊ အထူးသဖြင့် အာရှနိုင်ငံတွေနဲ့ အာဖရိကနိုင်ငံတွေမှာ ကျေးလက်ဒေသ ဆင်းရဲနွမ်းမှုရာခိုင်နှုန်းက အတော်များပြား ပါတယ်။ အာရှဒေသ ဆင်းရဲနွမ်းပါးသူတွေရဲ့ ၉၀ ရာခိုင်နှုန်းက ကျေးလက်ဒေသမှာ ရှိပြီး၊ အာဖရိကဒေသ ဆင်းရဲနွမ်းပါးသူတွေရဲ့ ၆၅ ရာခိုင်နှုန်း ကနေ ၉၀ ရာခိုင်နှုန်းအထိ ရှိကြောင်း ကမ္ဘာ့ဘဏ်ရဲ့ စစ်တမ်းတွေမှာ တွေ့ရှိရ ပါတယ်။ ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှု  မြင့်တက်လာတာနဲ့အမျှ မြို့ပြသို့ ပြောင်းရွှေ့နေထိုင် အခြေချမှုတွေ များပြားလာတဲ့ အတွက် မြို့ပြ ဆင်းရဲနွမ်းပါးမှု ရာခိုင်နှုန်း မြင့်မားလာစေနိုင်တဲ့ အချက်တချက်ဖြစ်ကြောင်း ပညာရှင်တွေက သုံးသပ်ပြောဆို ထားကြပါတယ်။

Sunday, August 14, 2011

မာလာဆောင်ကို မောင်မလာရ ( အပိုင်း ၂ )

 
by Robina Lwin on Sunday, August 14, 2011 at 9:42pm
 
( ၂ နှစ် ၃ နှစ်တာ ကျောင်းသား စခန်းမှ ရဲမေများ ခက်ခဲ ဆင်းရဲစွာ လှုပ်ရှားမှုများကြားတဲမှ တခါတရံ
ရရှိ လာခဲ့ဘူးသော နေ့ စွဲလေးများကို ကျမမှတ်မိသလောက် စုဆောင်းရေးသားပေးပါသည် ၊ စာနာ
ညှာတာ၊နားလည်စွာ ဖတ်ရှုနိုင်ကြပါစေ )

Saturday, August 13, 2011

အခွင့်အလမ်းချင်း နှိုင်းရ အားသာချက်

နိုင်ငံ တည်ဆောက်ရေး အတွက် နိုင်ငံ တစ်နိုင်ငံတွင် လုံလောက်စွာ ရှိနေရန် လိုအပ်သော အရင်းအမြစ် တစ်ခုမှာ နိုင်ငံ တည်ဆောက်ရေး ဘာသာရပ်များကို  အခြေခံ ကျကျ သဘောပေါက် နားလည်သည့် လူသား အရင်းအမြစ်များ ဖြစ်ပါသည်။ ဤကိစ္စသည် နိုင်ငံ၏ ပညာရေး စနစ်နှင့် သက်ဆိုင်ပြီး အချိန်ယူ၍ တည်ဆောက် ယူရမည့် အရင်းအမြစ်ကိစ္စ ဖြစ်သော်လည်း လွှတ်တော် ပေါ်တွင် ယခင်အစိုးရ ပညာရေး ဝန်ကြီးက ပညာရေး စနစ် ပြုပြင်ရန် မလိုပါ ဟူသော သဘော ဖြေဆိုခဲ့ရာ ပြုပြင် ပြောင်းလဲမှုများ လမ်းပိတ် သလို ဖြစ်သွား ခဲ့ပါသည်။

အခြေခံနိုင်ငံရေးသိပ္ပံ အပိုင်း ၇ + ၈ + ၉

by Socretes Athenisian on Wednesday, August 10, 2011 at 11:17am
// //HRDP ၀က်ဘ်ဆိုဒ် http://www.hrdpb.org/2010/02/basic-political-science-part.html မှ အခြေခံ နိုင်ငံရေးသိပွှံသဘောတရားများအား တဖြည်းဖြည်းချင်း တင်ဆက်ပေးသွားပါမည်။ ။//

အခြေခံနိုင်ငံရေးသိပ္ပံ အပိုင်း(၇)
နိုင်ငံရေး အတွေးအခေါ်နှင့် သဘောသဘာဝများ အပိုင်း (၄)

နိုင်ငံခြားငွေကြေး လဲနှုန်းကိုနှုန်းရှင် (သို့) နှုန်းသေ သတ်မှတ်မလား


မြန်မာနိုင်ငံ၏ ဆိုရှယ်လစ်ခေတ်က သတ်မှတ်ခဲ့သည့် တစ်ဒေါ်လာလျှင် ခြောက်ကျပ် ငွေလဲလှယ်နှုန်းကို 'မကြာမီ'ကာလ၌ ခေတ် စနစ်နှင့် လျော်ညီ အောင် ပြင်ဆင်ပြောင်းလဲသတ်မှတ်ရန် သက်ဆိုင်ရာက စီစဉ်နေရာ စီးပွားရေး လုပ်ငန်းရှင်များနှင့် ပညာရှင်များက ကြိုဆိုကြပြီး ဖြစ်ပေါ်လာဖွယ်ရှိသည့် ငွေလဲလှယ်နှုန်းထားသစ်နှင့် ပတ်သက် ၍ အကြံဉာဏ်အမျိုးမျိုးပေးကြသည်။

"သူပုန် ကျောင်းသားတဦးရဲ့ မာရသွန်ခရီး ၁"

[By The Irrawaddy (Burmese Version)]
ထက်အောင်ကျော် Thursday, 11 August 2011 18:47 အောက်မေ့ဖွယ်

အခု ကျနော်ရေးမယ့် အဖြစ်အပျက်တွေဟာ ကျနော်ကိုယ်တွေ့တွေကို ကိုယ်ပိုင် ရေးဟန်နဲ့ ရေးသား ထားခြင်းမျှသာ ဖြစ်ပါတယ်။ ABSDF (ကျောင်းသားတပ်မတော်) ရဲ့ သမိုင်းမဟုတ်ပါ။ ABSDF ရဲ့ သမိုင်း တစိတ်တပိုင်းလို့တော့ ပြောမယ်ဆို ပြောလို့ ရနိုင်ပါတယ်။

တရုပ်အင်အား အတွက် ပထ၀ီ

ရဲမြင့်ကျော်

by Aung Myin Oo on Thursday, August 11, 2011 at 10:21am
အင်္ဂလိပ်ပထဝီပညာရှင် ဆာဟယ်လ်ဖို့ဒ် မက်ကင်ဒါက ၁၉၀၄ ခုနှစ် သူရဲ့ ကျော်ကြားတဲ့ ဆောင်းပါး တစ်ပုဒ်ဖြစ်တဲ့ “သမိုင်း၏ ပထဝီဆိုင်ရာ ဆုံချက်”  (The GeographicalPivot of History) မှာ တရုတ်ကို သတိထားစရာအဖြစ် ရည်ညွှန်းရင်း အခုလို ရေးခဲ့ပါတယ်။ “အကယ်၍ တရုတ်သည် သူ့နယ်နိမိတ်ကို ကျော်လွန်ပြီး အင်အားချဲ့ကားလာပြီဆိုလျှင်၊  ဤအရာက ကမ္ဘာကြီး လွတ်လပ်မှု အတွက် အဝါရောင် အန္တရာယ်ဆိုး ဖွဲ့တည်လာခြင်းပင် ဖြစ်သည်။ အကြောင်းမှာ သူ၏ ပင်လယ်မျက်နှာစာကို ယူရေးရှား (Eurasia) တိုက်ကြီး တခုလုံးအထိ ဆွဲဆန့် ထည့်သွင်းလာပြီး၊ ရင်းမြစ်အားလုံး သုံးစွဲရင်း ရုရှားသြဇာ မကြီးနိုင်အောင် မျိုချပစ်မည်အထိ ဖြစ်သွားမည်။”

မာလာဆောင်ကို မောင်မလာရ (အပိုင်း ၁)

 
by Robina Lwin on Friday, August 12, 2011 at 10:08am
 ( ၂ နှစ် ၃ နှစ်တာ ကျောင်းသား စခန်းမှ ရဲမေများ ခက်ခဲ ဆင်းရဲစွာ လှုပ်ရှားမှုများကြားထဲမှ
တခါတရံ ရရှိလာခဲ့ဘူးသော ကြည်နူးစရာ နေ့ စွဲလေးများကို ကျမမှတ်မိသလောက်စုဆောင်း
ရေးသားပေးပါသည်၊ စာနာ၊ညှာတာ၊နားလည်စွာ ဖတ်ရှုနိုင်ကြ ပါစေ )

           အမျိုသမီး ဒုတပ်ခွဲမှူးတာဝန်ကနေ တပ်ခွဲမှူးအဖြစ် တာဝန် တိုးမြင့်ယူလိုက်တဲ့ နေ့ မှ ပြသနာ
နဲ့  စ ရပါပြီ….

Friday, August 12, 2011

ဘီလူးတိုရွာအပိုင်း(၁)...အခန်း(၁)

စစ်တပ်နည်းနှင့် သတင်းစာထုတ်ပုံ

`ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီး ဗိုလ်မှူးကြီးစိန်လွင်ကို တွေ့လိုက်ပါ။ (၉) နာရီမှာ စောင့်နေလိမ့်မယ်´ ဟု တင်မောင်၏ အထက်အရာရှိဖြစ်သော ပြန်ကြားရေးဝန်ကြီးက ဖုန်းဆက်ပါသည်။ ဗိုလ်မှူးကြီးစိန်လွင်မှာ တင်မောင် မတွေ့ချင်ဆုံးသော ပုဂ္ဂိုလ်ဖြစ်ပါ၏။ သူက ဘာကြောင့် တွေ့ချင်ပါလိမ့်။
တင်မောင်အဖို့ ပြန်ကြားရေးဝန်ကြီးဌာနတွင် ဒုတိယညွှန်ကြားရေးမှူး အဖြစ် သတင်းကိစ္စအ၀၀ကို တာဝန်ယူရ သူ ဖြစ်ပါသောကြောင့် ၀န်ကြီးများ၊ ပါတီခေါင်းဆောင်များက ဆင့်ခေါ်ကာ သတင်းပိတ်စေရန် အမိန့်ပေးခြင်း၊ သတင်းကြေညာချက် ပေးခြင်းများ ပြုသည်ကို ဆောင်ရွက်ရစမြဲ ဖြစ်ပါသည်။ သို့သော် ဗိုလ်မှူးကြီးစိန်လွင် က မခေါ်ဖူးပါ။

Thursday, August 11, 2011

"ပရဟိတ"

Htet Aung created the doc:
ဗုဒ္ဓအလိုကျအားဖြင့် အတ္တဟိတ (မိမိအကျိုး) နှင့် ပရဟိတ (အများအကျိုး) ကို အစဉ်အတိုင်း ဆောင်ရမည်ဟု ဟောတော်မူသည်။
ပရဟိတ (Philanthropy) ဆိုသော ဝေါဟာရသည် လူထုကို ချစ်သော တိုက်ရိုက်အနက်ရပြီး အခြေခံပြဿနာများကို အဓိကကျသည့် ဖြေရှင်းမှု့အတွက် ရင်းနှီးမြှုပ်နှံမှုဟု ပြန်ဆိုလေသည်။ အများပြည်သူအတွက် အချိန်၊ ငွေကြေးနှင့် အကူအညီပေးခြင်း ဖြစ်သည်။ ပရဟိတ ဝေါဟာရသည် ၂၁-ရာစုတွင် ပို၍ခေတ်စားလာသည်။ Duke တက္ကသိုလ်ဆရာကြီး Greg Dees က`ကျွန်တော်တို့အားလုံး နေထိုင်ကြတဲ့ ကမ္ဘာကြီး တိုးတက်ကောင်းမွန်ရေးအတွက် ငွေကြေး၊ အချိန်၊ လူမှုရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကျွမ်းကျင်သူများကို ရွှေ့ပြောင်းနေရာချထားခြင်း´ဟု အကောင်းဆုံး အနက်ပြန်ထားပေသည်။

Wednesday, August 10, 2011

ကျနော့်အမြင်ကတော့ စစ်ဖြစ်နေပြီ”


 ထွန်းထွန်း | အင်္ဂါနေ့၊ သြဂုတ်လ ၀၉ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၀၄ မိနစ်
(ဒဂုန်တာရာနှင့် အင်တာဗျူး)

နယူးဒေလီ (မဇ္ဈိမ) ။       ။ မြန်မာပြည် ငြိမ်းချမ်းရေးအတွက် ပြည်သူများက  ဒေသ အသီးသီး၌ နိုးနိုးကြားကြား၊ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ကြရန် စာရေးဆရာ ဒဂုန်တာရာက ပန်ကြားလိုက်သည်။

အခြေခံနိုင်ငံရေးသိပ္ပံ အပိုင်း ၄ + ၅ + ၆

by Socretes Athenisian on Tuesday, August 9, 2011 at 11:44pm
အခြေခံနိုင်ငံရေးသိပ္ပံ
အပိုင်း (၄)

နိုင်ငံရေး အတွေးအခေါ်နှင့် သဘောတရားများ အပိုင်း (၁)

တည်ထောင်သူ - Kong Fu Tzu(孔夫子)
အမည် - Kung Qiu,(…)or Kung Chin or Master Kung
လူမျိုး - တရုတ်လူမျိုး၊ - အရှေ့တိုင်းအတွေးအခေါ်ပညာရှင်
Shang မင်းဆက် မူးမတ်မျိုးရိုးမှဆင်းသက်လာသူဖြစ်သည်၊
ခေတ် -Zhou Era

Tuesday, August 9, 2011

နိုင်ငံရေး (Political )/ အခြေခံနိုင်ငံရေးသိပ္ပံ အပိုင်း ၁ + ၂ + ၃

by Socretes Athenisian on Monday, August 8, 2011 at 5:06pm
//HRDP ၀က်ဘ်ဆိုဒ် http://www.hrdpb.org/2010/02/basic-political-science-part.html မှ အခြေခံ နိုင်ငံရေးသိပွှံသဘောတရားများအား တဖြည်းဖြည်းချင်း တင်ဆက်ပေးသွားပါမည်။ ။//

အခန်း (၁)

နိုင်ငံရေးဆိုသည်မှာ အဘယ်နည်း။

နိုင်ငံရေးဆိုသည်မှာ လူသားတို့သည် မိမိတို့နေထိုင်သည့် နိုင်ငံတစ်နိုင်ငံအတွင်း၌လည်းကောင်း မိမိတို့နေထိုင်ရာ ဤကမ္ဘာမြေကြီး အတွင်း၌သော်လည်းကောင်း နေ့တဓူဝတွေ့ကြုံ ဖြတ်သန်းနေရသော စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး အစရှိသော အရေးအရာကိစ္စများအတွက် မိမိတို့ဘ၀တလျှောက် ရုန်းကန်လှုပ်ရှားရသော ဖြစ်စဉ်သာဖြစ်၏။

Monday, August 8, 2011

ကြယ်တွေ ကြွေနေတဲ့ တိုင်းပြည်

 
by Thant Ko Ko Maung on Sunday, August 7, 2011 at 12:06pm
 
၈၈၈၈ အရေးတော်ပုံကြီး နှစ်တစ်ပတ်လည်လို့ လာပြန်ပါပြီ။ အဲဒီ အချိန်က ၁၀ တန်းကျောင်းသား ကိုယ်တောင်အခုတော့ ဆံပင်ဖြူ ဟိုတစ်စ ဒီတစ်စ အဖိုးကြီးပေါက်စ ဖြစ်နေပြီ။ တကယ်တမ်း ရှစ်လေးလုံး အတွေ့အကြုံတွေပြန်ပြောကြစတမ်း ဆိုရင် ကိုယ့်မှာတော့ ဘာမှ ထွေထွေ ထူးထူး ပြောစရာမရှိ၊ အဲဒီတုန်းက ကိုယ်က ကျိုင်းတုံမှာ၁၀ တန်း ဖြေပြီးကာစ၊ ကျိုင်းတုံက အဲဒီတုန်းက အခုလိုမဟုတ်၊ အမဲရောင် နယ်မြေ၊ တယ်လီဖုန်းတွေ ဘာတွေမရှိ၊ ရုပ်မြင်သံကြားမရှိ၊ သတင်းစာတွေ ဘာတွေက လေယဉ် ဆင်းသည့် ရက်မှ ပါလာတတ်သည်။ အခုလိုရာသီမျိုးမှာ တောင်ကြီးကို သွားမယ် ဆိုရင် လနဲ့ချီပြီး သွားရသည်။

မှတ်မိနေတဲ့ အဖြစ်အပျက် (သို့) ၈.၈.၈၈

 
by Ninenine Sanay on Sunday, August 7, 2011 at 9:31pm
 
“ဒီနေ့ ကျောင်းမသွားနဲ့... ဆန္ဒပြကြမယ်လို့ ကြားတယ်”
“အာ.. အဘိုးကလဲ... ကျောင်းမသွားရင် စာမလိုက်နိုင်ဘဲ နေမှာပေါ့”
အဲဒီနေ့က အဘိုးနဲ့ အဘွားတားတဲ့ကြားက ကျောင်းကို ကျွန်မထွက်လာခဲ့တယ်။ အရင်နေ့တွေမှာ ကျောင်းသားတွေရဲ့ အသံတွေနဲ့ ဆူညံ့နေတဲ့ ကျောင်းက အဲဒီနေ့က တိတ်ဆိတ်လို့။ ကျောင်းဝင်းထဲမှာလည်း ကျောင်းသားတွေ ဟိုတစ်ယောက် ဒီတစ်ယောက် ကျိုးတိုကျဲတဲ....

Sunday, August 7, 2011

ကမ္ဘာလောကရဲ့ သမီး

 
by Tun Than on Sunday, August 7, 2011 at 8:26am
 
ဆီရွှဲပြီး နက်ပြောင်နေတဲ့ ဆံပင်ကို
အကျအနဖီးလို့
သနပ်ခါးကို မှုန်နေအောင် လိမ်းထားတဲ့
သမီးလေးဟာ
စိမ်းမြတဲ့ ရွက်နုတွေအကြား
ငုံနေတဲ့ စပယ်ဖြူလေးလို
လှပလန်းဆန်းနေတယ်။

အဲဒါ ရဟန်းတဲ့လား နဲ့ စတဲ့နံနက်ခင်း


[By Dhamma Ganga ]

ဟာ အစောကြီးကို နိုးနေပါရောလား...။ နံနက် ၄း၀၀ နာရီစွန်းရုံလေးရှိသေး၊ ငယ်စဉ်ကတော့ ဆရာဘုန်းတော်ကြီးက အိပ်ရာစောစော ထဖြစ်အောင် အလေ့အကျင့်လုပ်ပေးခဲ့ဖူးပါတယ်။ အိပ်ရာထဘုရားရှိခိုး ပရိတ်ပဌာန်းရွတ်ကြရပါတယ်။ ရဟန်းဆိုတာ လူတွေထက် ပိုပြီး နိုးနိုးကြားကြား ဖြစ်နေရမယ်လို့လည်း သြ၀ါဒလည်း ပေးခဲ့ဖူးပါရော။

ကြွေလွင့်သွားသော ခွပ်ဒေါင်းတို့ရဲ့အရှင်သခင်

ကျော်သူ

by Min Kyaw Khine on Sunday, August 7, 2011 at 6:58am
၅.၈.၂၀၁၁ ရက်နေ့ မွန်းလွဲ (၁၂း၃၀) နာရီတွင် ရွှေဗဟိုဆေးရုံ၌ မြန်မာ့ပန်းချီလောက၊ စာနယ်ဇင်းပန်းချီလောက၏ ထွန်းလင်းတောက်ပနေသော နေတစ်ဆင်းဖြစ်သူ ပန်းချီ မောင်မောင် သိုက် အသက် (၆၆)နှစ်သည် ကြွေလွင့်သွားရှာပြီဖြစ်သည်။

ဘ၀ရဲ့ ၈ လေးလုံး

by Robina Lwin on Sunday, August 7, 2011 at 5:50am
             
``ဂျာမဏီ နိုင်ငံကို ဖင်လန်နိုင်ငံက လာ လည်မဲ့  ကိုလင်း  ဆိုတာဘာလူမျိုးလဲ´´
` ရှင် ´
``ဘာ  ဘာသာကိုးကွယ်တာလဲ ´´
` ဟင် ´
ဒီလို မေးခွန်းမျိုး မေးလာလိမ့်မယ်လို့ မထင်ခဲ့မိပါဘူး..ကြောင်နေ ငေါင်နေမိတာ
တော့ အမှန်ဘဲ..ဘာပြောရမလဲ..အဖြေလည်း ကျမမှာ မရှိပါဘူးလေ..

"အချောင်သမားစိတ်ဓာတ်"

Rozoner King created the doc:
[By Hana San]

သဘာဝဘေးအန္တရာယ်တွေကြောင့်နဲ့ အခြားအကြောင်းအမျိုးမျိုးတို့ကြောင့် မိဘမဲ့ဖြစ်သွားတဲ့ ကလေးတွေကို နီးနီးကပ်ကပ်တွေ့မြင်ပြောဆိုရတဲ့အခါမှာ သူတို့လေးတွေဟာ အရင်တုန်းက ထင်ထားမိခဲ့သလို အလှူရှင်နဲ့ ကူညီပံ့ပိုးသူတွေအပေါ်မှာ လုံးလုံးလျားလျား မှီခိုမနေတာကို တွေ့ရတယ်။
ဒီအတွက် စိတ်ပူခဲ့တာတစ်ခု စိတ်အေးသွားခဲ့တယ်။

Saturday, August 6, 2011

အတိတ်မှသည် ပစ္စုပ္ပန်ဆီသို့


by Win Ko on Thursday, August 4, 2011 at 4:05pm

ကျနော်သည် ဘ၀ဇာတ်ဆရာရဲ့ ကကြိုးကကွက်ထဲတွင် ကျင်လည်ရင်း ဘ၀တိုက်ပွဲပေါင်းများစွာနှင့် ဆုံတွေ့ ဖူးခဲ့သည်။ ကံတရား၏ ညွှန်းစေရာအတိုင်း နို့ဖိုးဒုက္ခသည်စခန်းတွင် ၅ နှစ်တာကာလကို ခက်ခဲကြမ်းတမ်းစွာ ဖြတ်ကျော်နေရဆဲ။

Foot Protection အကြောင်း သိကောင်းစရာ

အရေးပါပုဂ္ဂိုလ်များ၏ လုံခြုံရေးကို တာဝန်ယူသူများအနေဖြင့် Foot Protection ဆိုင်ရာ အခြေခံ စည်းမျဉ်းများ၊ လုပ်နည်းလုပ်ဟန်များကို ကျွမ်းကျွမ်းကျင်ကျင် လေ့လာသိရှိထားရန် လိုအပ်ပါသည်။ အနီးကပ်လုံခြုံရေးအဖွဲ့တွင် ပါဝင်သူများသည် အရေးပါ ပုဂ္ဂိုလ်၏ အသက်အန္တရာယ်လုံခြုံရေးကို အများပြည်သူရှေ့တွင် ကာကွယ်စောင့်ရှောက်ရသူများ ဖြစ်သည့်အတွက် public image ကို မထိခိုက်စေရန် သတိပြုရမည် ဖြစ်သကဲ့သို့၊ အခြေအနေများ ရှုပ်ထွေးလာချိန်တွင် သင့်လျော်သော ဆုံးဖြတ်ချက်များ ကို မြန်မြန် ဆန်ဆန် ချမှတ်လုပ်ဆောင်နိုင်သူများလဲ ဖြစ်ရပါမည်။

Friday, August 5, 2011

ကျောပေါက်ကြီး



          ကျနော် ခပ်ငယ်ငယ် သတ္တမတန်းကျောင်းသားလောက်ကဖြစ်မည်ထင်ပါသည်။ တနေ့သာ ညနေကျောင်းဆင်းချိန်၊ ကျနော်တို့သူငယ်ချင်း သုံးလေးယောက်အုပ်စုသည် အခြားသူများနှင့်ရောနှော၍ စကားတပြောပြောဖြင့် ကျာင်းခန်းတွင်းမှထွက်လာခဲ့ကြသည်။ မှတ်မှတ်ရရ ကျာင်းဝင်းအပြင်ကိုပင် မရောက်သေး။ မိုးကလေးက တဖွဲဖွဲကျနေသည်။ ဘယ်ကနေ စကားဆက်သွားသည် မသိ၊ သူငယ်ချင်း တစ်ယောက်က ကောင်မလေးတစ်ယောက် သူရဲ ခြောက်ခံရပုံကို ပြောပြတော့သည်။

Monday, August 1, 2011

တော်လှန်ရေးအောင်ရာသော အကြောင်းများ

 February 24, 2011
ဂါမဏိ 
လွန်ခဲ့တဲ့ ၃၂ နှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ အီရန်တော်လှန်ရေး အောင်ပွဲ ခံကြောင်း ကြေညာ လိုက်ပါတယ်။ အမေရိကန် ကျောထောက် နောက်ခံ ပေးထားတဲ့ ရှားဘုရင်က ထွက်ပြေး သွားပြီ၊ စစ်တပ်က...လဲ ခေါင်းပြုတ် သွားပြီ၊ ဆိုတော့ ခေတ်သစ်တခု ပေါက်ဖွားတော့မယ် အခြေအနေ။ ဒါပေမဲ့ အများ သိကြတဲ့အတိုင်း အီရန်မှာ နောက်ပိုင်း ဖြစ်လာတာတွေက အခု အီဂျစ်၊ ကျူနီးရှား၊ လစ်ဗျား ပြည်သူတွေ မျှော်မှန်း နေသလို ဖြစ်မလာခဲ့ပါဘူး။ ဘယ်လိုပဲ ရှိပစေ၊ ၁၉၇၉ အီရန် တော်လှန်ရေးဟာ ၂၀ ရာစုရဲ့ အကြီးကျယ်ဆုံး တော်လှန်ရေး တခု ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ဒီကနေ့ အာရပ်ကမ္ဘာက အပြောင်းအလဲတွေမှာ အီရန်တော်လှန်ရေးက အသုံးဝင်တဲ့ သင်ခန်းစာ တချို့ ပေးနေပါတယ်။

ရုတ်တရက်ကြီးဆိုတော့---

by Jar Gyi on Monday, August 1, 2011 at 6:50pm


-(၁)
ဗြုန်းဆို--
ပြည်တွင်းငြိမ်းချမ်းရေးဆိုတဲ့
ကမ်းလှမ်းချက်ကြီးဝင်ရောက်လာတယ်။

"ပညာရေး... အရေးကြီးသည်။"

BigBrother Myanmar created the doc:

[By Zeyar Htun ]

၁၁-၆-၂၀၁၁ နေ့က ငါးလုပ်ငန်း အဖွဲ့ချုပ်၌ ကျင်းပသော ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်၏ The Wise Leader ဟောပြောပွဲသို့ တက်ရောက် နားထောင်ခဲ့ပါသည်။ ဆရာသည် တစ်ခါက တက္ကသိုလ် ဆရာတစ်ဦး ဖြစ်ခဲ့ပါသည်။ တက္ကသိုလ် စာသင်ခန်းများတွင် စာပေပို့ချပေးခဲ့သူ ဖြစ်ပါသည်။
Related Posts Plugin for WordPress, Blogger...