Friday, September 30, 2011

ဒီမိုကရေစီ လေ့လာရေးစာစဉ် အခန်း(၃) အပိုင်း(၃)


လူမှုရေးပဋိညာဉ်ပြုမှု သီအိုရီ
(Social Contract Theory) 

          အချို့သော နိုင်ငံရေးအတွေးအခေါ် ပညာရှင်များသည် ပြည်သူလူထု အကျိုးစီးပွားကို အထူးအလေးပေး တွေးခေါ် ဖော်ထုတ်ကြသည်။ နိုင်ငံရေး အတွေးအခေါ်ပညာရှင် ရူးဆိုး (Jean Jacques Rousseau, 1712-1788) က ပြည်သူလူထု အကျိုးစီးပွားဆိုသည်ကို အထွေထွေစိတ်ဆန္ဒ (General Will) ဟူ၍ ဖော်ထုတ် တင်ပြထားသည်။ အထွေထွေ စိတ်ဆန္ဒဆိုသည်မှာ  လူ့အဖွဲ့အစည်း တရပ်လုံးအတွက်  စုပေါင်းကာ တည်ရှိသည့် ဘုံအကျိုးစီးပွားဖြစ်ပြီး ၄င်းသည် အမြဲတမ်းမှန်ကန်နေသော အရာဖြစ်ကြောင်း ရူးဆိုးက ဆိုသည်။

ဒီမိုကရေစီနိုင်ငံရေး၏ အခြေခံအုတ်မြစ်များ အခန်း (၄) ၊ အပိုင်း(၁)


အာဏာ၊ လုပ်ပိုင်ခွင့်နှင့် တရားဝင်မှု (၁)

        အခန်း (၁) တွင်  ဦးစွာဖော်ပြခဲ့သည့် နိုင်ငံတော်ဟူသောစကားရပ်၏ ရှင်းလင်းလွယ်ကူသည့် အဓိပ္ပါယ် ဖွင့်ဆိုချက် အရလည်းကောင်း၊ ပြီးခဲ့သောအခန်းတွင် ထပ်မံရှင်းလင်းချက်အရလည်းကောင်း၊ အာဏာနှင့် အုပ်ချုပ်စီရင်ပိုင်ခွင့်တို့ အကြားရှိခြားနားချက်ကို ထင်ရှားစေခဲ့ပြီး ဖြစ်ပါသည်။ နိင်ငံတော်သည် ပိုင်နက်တစ်ခု အတွင်းရှိ လူတို့အပေါ် သက်ရောက်မှုရှိသော အချုပ်အခြာအာဏာကို ပြိုင်ဖက်ကင်းမဲ့စွာ ပိုင်ဆိုသည့်အပြင် ယင်းသို့ပိုင်ဆိုင်မှုကို သဘောတရားရေရာ အရဖြစ်စေ၊ အုပ်စုသဘောအရဖြစ်စေ၊ တူညီသော လူမှုရေးဦးတည် ချက် အရဖြစ်စေ၊ ဘာသာရေး အရဖြစ်စေ တရားဝင်ကြောင်း ထုတ်ဖော်ကြေငြာလေ့ ရှိသည်။

မြန်မာ့သမိုင်းတွင် အစားထိုးမရသော ဆုံးရှုံးနစ်နာမှု



 မြင်ကွန်းမင်းသား

မြင်ကွန်းမင်းသားသည် မင်းတုန်းမင်း အမရပူရမြို့၊ အိမ်နိမ့်စံအဖြစ်
စံတော်မူစဉ် ရွှေရေးဆောင်မိဖုရားမှ ဖွားမြင်တော်မူသော သားတော်ဖြစ်သည်။
ငယ်နာမည်မှာ မောင်မျိုးအေးဖြစ်ပြီး ပထမဆုံးရသောဘွဲ့တော်မှာ သီလ၀ ဖြစ်သည်။
မြင်ကွန်းမင်းသားသည် ပုဂံမင်းလက်ထက်ကပင် သတိုးမင်းလှကျော်စွာဘွဲ့နှင့်
မတဲးမြို့ကို စားရ၏။ ခမည်းတော် မင်းတုန်းမင်း နန်းတက်သောအခါ
သုမဟာသီရိဓမ္မရာဇာဘွဲ့နှင့် မြင်ကွန်းမြို့ကို စားရသောကြောင့်
မြင်ကွန်းမင်းသားဟု ခေါ်ဆိုကြလေသည်။

“ ဧရာဝတီပျောက်လျှင် မီးဟုန်းဟုန်းတောက်မည် ”

by Wai Maw on Friday, September 30, 2011 at 9:41am
 -ဦးဖိုးသာအောင်-၃၀-စက်တင်ဘာ -၂၀၁၁
ဧရာဝတီမြစ်ဆုံမှာ ရေကာတာဆောက်မည့် စီမံကိန်းသည် ရေရော မြေရော လူတွေပါ အကြီးအကျယ်ဆုံး ဆုံးရှုံး နှစ်နာပျက်စီးကြရတော့မှာဖြစ်ပြီး မြန်မာနှင့် တိုင်းရင်းသားများ တမျိုးလုံးအတွက် ယနေ့အဓိက ကျသည့် အန္တရယ်ကြီးတရပ် ဖြစ်နေပါသည်။နိုင်ငံရေးပါးစပ်နှင့် နိုင်ငံရေးစကား ဆိုနေကြသည့် နိုင်ငံရေးအစ်ရှုးများထဲမှ အစိတ်အပိုင်းလေးတစ်ခု မဟုတ်ပါ၊

တလှမ်းပြီးတလှမ်း ရှေ့တိုးလှမ်းကြရအောင်

by Khaing Min on Friday, September 30, 2011 at 8:02am

 
Posted by admin on September 29, 2011 1 Comment

ညနေအိမ်ပြန်ရောက်ရောက်ချင်းပဲ DVB ရုပ်မြင်သံကြားအစီအစဉ်ကိုဖွင့်ကြည့်လိုက်တော့ မနေ့က ဆန္ဒပြပွဲမှာပါဝင်ခဲ့ တဲ့သူတွေကို အစိုးရက လိုက်ဖမ်းနေကြောင်း၊ စစ်တွေမှာလည်း ရဟန်းသံဃာတချို့ကို ထိန်းသိမ်းလိုက်တယ်လို့ ကြေ ညာသွားတာတွေ့ရတယ်။ တပြိုင်တည်းမှာပဲ နေ့ခင်းကဖတ်လိုက်ရတဲ့ မဇ္ဒ္စ္ဏ္ဈိမသတင်းဌာနက သတင်းတပုဒ်ထဲမှာ KIO ပြောရေးဆိုခွင့်ရှိသူဦးလနန်က မြန်မာစစ်တပ်က အင်အား ၈၀၀ လောက်နဲ့ KIO တပ်မဟာ (၄) တို့ လေးရက်ကြာ တိုက် ပွဲဖြစ်နေကြောင်း၊ နှစ်ဘက်အကျအဆုံးများ ရှိနေကြောင်း၊ စစ်ရေးနဲ့ ဖိအားပေးပြီး နိုင်ငံရေးအရဆွေးနွေးဖို့ အကြပ်ကိုင် တာဖြစ်တာမို့ စစ်ပြေငြိမ်းရေး ဟာ မလွယ်တော့ဘူးလို့ မှတ်ချက်ချပြောဆိုတာကို ပြေးသတိရမိပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံမေးမြန်းခြင်း ။ ၂၀ စက်တင်ဘာ ၂၀၁၁ ပြည်သူ့ခေတ်ဂျာနယ်မှ

by Lu Maw on Thursday, September 29, 2011 at 9:10pm
 
မေး။  ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက အစ်မပြောလိုက်တာတခုရှိပါတယ် ၊ မြန်မာပြည်မှာ အပြောင်းအလဲတွေ ဖြစ်နိုင်တဲ့ အခြေအနေ ရှိနေပြီဆိုတာ၊ အဲဒါဟာ အစ်မ အစိုးရပိုင်းက ပုဂ္ဂိုလ်တွေနဲ့ ထိတွေ့ ပြောဆိုတာက မြင်လာတာလား ၊ ကျွန်တော်တို့အများပြည်သူတွေပါ မြင်နေရတဲ့အနေအထားတွေ ၊ ဥပမာ - သမ္မတ မိန့်ခွန်းတို့ ၊ လွှတ်တော်ဥက္ကဠ မိန့်ခွန်းတို့ ၊ လွှတ်တော်မှာဆွေးနွေးတာတို့ ၊ စီးပွားရေး အပါအ၀င် ကဏ္ဍတွေမှာ ဆွေးနွေးတာတို့ စတာတွေအရပြောတာလား။

ဖြေ။  ဆွေးနွေးပွဲတွေ ဘာတွေထက် တကယ်ထိထိရောက်ရောက် ဖြစ်နိုင်တဲ့ လုပ်ငန်းတွေကိုပဲ အလေးထားပါတယ် ။ ဥပမာဆိုရင် အလုပ်သမား သမဂ္ဂတွေနဲ့ ပတ်သတ်တဲ့ ထွက်လာတဲ့ ဥပဒေတွေ ၊ အဲ့ဒီဟာက ကျွန်မ နားလည်သလောက်ကတော့ ILO ကတင်ပြတဲ့ အတိုင်း ဒီစည်းမျဉ်း စည်းကမ်းတွေက ကိုက်ညီတယ်လို့ နားလည်ပါတယ် ။ အဲ့ဒါဆိုလို့ရှိရင်တော့ ဒါကတော့တကယ့်တိုးတက်မှုလို့ပြောနိုင်ပါတယ်။

ရည်မှန်းချက်ချင်းတူကြရင် ဆုံမှတ်တစ်ခုတော့ ရှိတတ်ပါတယ်။

မောင်ထွန်းလွင် (မိုးလေ၀သ)

by Save Irrawaddy on Thursday, September 29, 2011 at 11:50pm
 
နေပြည်တော်မှာ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် ဒုတိယအကြိမ်ဦးစီးကျင်းပခဲ့တဲ့ နိုင်ငံတော်စီးပွားရေး ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲမှာ ကျွန်တော်ဟာ ကျွမ်းကျင်သူပညာရှင်အဖြစ် ဒုတိယအကြိမ် ဖိတ်ကြားခံရလို့ တက်ရောက်ခွင့်ရရှိခဲ့ပါတယ်။ ပထမအကြိမ်တုံးကတော့ ဆင်းရဲမွဲတေမှုပပျောက်ရေးနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးပဲ ဖြစ်ပါတယ်။ အခုဒုတိယအကြိမ်မှာတော့ နိုင်ငံတော်ရဲ့ စီးပွားရေး တိုးတက် ဖွံ့ဖြိုးရေးနဲ့ ပတ်သက်တဲ့  အလုပ်ရုံဆွေးနွေးပွဲ ဖြစ်ပါတယ်။

ပြည်ထောင်စုမြန်မာနိုင်ငံ၏ ဒုတိယမြောက် နိုင်ငံတော်သမ္မတကြီး ဒေါက်တာဘဦး

by Min Thant Syn on Thursday, September 29, 2011 at 2:14pm
 
၁၉၅၂ ခုနှစ် မတ်လ၃ရက်မှ ၂၁ နေ့အထိ ပြည်ထောင်စုမြန်မာနိုင်ငံတော် ပါလီမန် ပြည်သူ့လွှတ်တော် ညီလာခံ ပထမအကြိမ်အစည်းအဝေးကို ကျင်းပနေစဉ်၌ မတ်လ ၁၂ ရက် နေ့တွင် ပြည်သူု့လွှတ်တော်နှင့် လူမျိုးစုလွှတ်တော်နှစ်ရပ်တွဲဖက် ညီလာခံမှ နိုင်ငံတော် တရားရေး ၀န်ကြီးချုပ်ဟောင်း ဒေါက်တာဘဦးအား ပြည်ထောင်စု မြန်မာနိုင်ငံတော် သမ္မတအဖြစ် ရွေးကောက်တင်မြောက်ခဲ့ကြသည်။

Thursday, September 29, 2011

ခေါင်းဆောင်

By Rozoner King · Last edited 10 hours ago · 



[By Ernesto Kee Ling]

ခေါင်းဆောင်သည် မူဝါဒ၊ လူ၊ ပစ္စည်းဥစ္စာ နှင့် လူထုလေးစားမှုတို့ အတွက်သာ လုပ်ရုံမှ တစ်ပါး အခြားလုပ်စရာမရှိ။ ခေါင်းဆောင်သည် အရာရာကို လိုက်လုပ်ပြီး သူများထက် အပင်ပန်း ခံရန် မဟုတ်ပေ။ အခြားသူများ လုပ်စရာမရှိ အောင် လိုက်လုပ်သော ခေါင်းဆောင်သည် ခေါင်းဆောင်ကောင်း မဟုတ်။ ခေါင်းဆောင်များ ကို လေးမျိုး လေးစား ခွဲခြား နိုင်သည်။
(၁) ဉာဏ်ပညာ ရှိပြီး ပျင်းသော ခေါင်းဆောင်
(၂) ဉာဏ်ပညာလည်း မရှိ ပျင်းလည်း ပျင်းသော ခေါင်းဆောင်
(၃) ဉာဏ်ပညာ ရှိပြီး လုံ့လရှိသော ခေါင်းဆောင်
(၄) ဉာဏ်ပညာ ရှိသော်လည်း လုံ့လ မရှိသော ခေါင်းဆောင်

နိုင်ငံတော်သီချင်း ဖြစ်ပေါ်လာမှု သမိုင်းမှတ်တမ်း

by Sai Maungmaung on Thursday, September 29, 2011 at 11:14am

မြန်မာတို့ နှစ်ပေါင်းတစ်ရာကျော် ဗြိတိသျှအုပ်ချုပ်မှုလက်အောက်မှ လွတ်မြောက်သောနေ့၊ ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငှန်းကို ပြန်ရသောနေ့ ဇန်န၀ါရီ ၄ ရက် မြန်မာ့လွတ်လပ်ရေးနေ့သည် ၂၀၁၀ တွင်(၆၂)နှစ် ပြည့်ခဲ့ပြီဖြစ်သည်။
ထိုနေ့ထိုရက်တွင် အလံတော်တိုင်ထိပ်ဆီသို့ ငွားငွားစွင့်စွင့်၊ တလူလူလွင့်တက်လာသော နိုင်ငံတော်အလံနှင့်အတူ "ကမ္ဘာမကြေ" သီချင်းသံကို အများပြည်သူတို့ ကြည်နူးဆွတ်ပျံ့ စိတ်လှုပ်ရှားဖွယ် ကြားရမှာဖြစ်ပါသည်။ "ကမ္ဘာမကြေ" သီချင်းသည် လွတ်လပ်ရေးဂုဏ်ပြုတေးသီချင်း၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး လှုံ့ဆော်ပေးသည့် အမျိုးသားသီချင်း စသည် ဖြစ်သကဲ့သို့ နိုင်ငံတော်ကိုဂုဏ်ပြုသော "နိုင်ငံတော်သီချင်း" လည်း ဖြစ်ပါသည်။

Wednesday, September 28, 2011

တစ်မိန့်တစ်အာဏာ တော်ပါပြီ တန်ပါပြီ

ပြောချင်လွန်းလို့ / မောင်ဝံသ


ပြည်သူ့ခေတ်ဂျာနယ် (၆၂) ၂၉ စက်တင်ဘာ၂၀၁၁မှာ ဖော်ပြတဲ့ဆောင်းပါးဖြစ်ပါတယ်။

သည်ရက်ပိုင်းတွေအတွင်း စိတ်ဝင်စားစရာသတင်းတွေထဲမှာ နှစ် ၄၀ နှစ် ၃၀ သက်တမ်းရှိ ကားအိုကားဟောင်းတွေကို လာရောက်အပ်နှံရင် နိုင်ငံခြားက ဒေါ်လာ ၃၅၀၀ တန် ကား တင်သွင်းခွင့်ပေးမယ်ဆိုတဲ့ သတင်းဟာ အတော် ဂယက်ရိုက်ခဲ့တာ တွေ့ရတယ်ဗျ။
ကားဟောင်းတွေကို ကညန စစ်ဆေးခံပြီး ဆက်လက် အသုံးပြုချင်ရင်လည်း အသုံးပြုခွင့်ပေးမယ် ဆိုတဲ့ ရွေးချယ်ခွင့်ပေးထား တာကလည်း အတော်သဘောကျဖို့ကောင်းတယ်ဗျာ။
 (  ခေါင်းစဉ်ကိုကလစ်လိုက်ပါ ။)

လက်ဝါးကြီးအုပ် နိုင်ငံရေးစနစ်


By ဦးအောင်ခင် & မညိုညိုလွင် VOA 
  စက်တင်ဘာ (၁၅) ရက် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့မှာ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် နှစ်ရပ်ပေါင်းပြီး ဒီမိုကရေစီစနစ်ကောင်းကြောင်းတွေကို ပြောဆိုကြပါတယ်။ ဒီဖြစ်ရပ်မျိုးကို မကြုံစဘူး လွတ်လွတ်လပ်လပ် သတင်းယူနိုင်ကြတာ တွေ့ရပါတယ်။ စစ်အစိုးရ တည်ထောင်တဲ့ ပြည်ခိုင်ဖြိုး (ခေါ်) ကြံ့ဖွံ့ပါတီ ပြည်သူ့ဆက်ဆံရေး မျက်နှာပန်းလှနေပုံကို လွှတ်တော်မှာ တွေ့နိုင်ပါတယ်။ လွှတ်တော် ကိုယ်စားလှယ် (၈၀) ရာခိုင်နှုန်း နီးပါးရှိတဲ့ ကြံ့ဖွံ့ပါတီဟာ အဆုံးအဖြတ်ပေးနိုင်တဲ့အဖွဲ့ ဖြစ်ပါတယ်။

ပြည်သူက ဒဏ်ခတ်လိမ့်မယ်

by cherrymyodaw on Wednesday, September 28, 2011 at 6:42am
 
လွန်ခဲ့တဲ့နှစ်နှစ်လောက်ကစပြီး လူတိုင်းရဲ့ပါးစပ်ဖျားမှာ ဒီမိုကရေစီ ဆိုတဲ့စကား ရေပန်းစားလာခဲ့တယ်။ စကားဝိုင်းတွေမှာလည်း ဒီမိုကရေစီ၊ စာအုပ်တွေ၊ စာစောင်တွေထဲမှာလည်း ဒီမိုကရေစီ ဖြစ်နေကြတော့တယ်။

နှစ်ကိုယ်ကြားပဲပြောရ

ဒီမိုကရေစီဆိုတဲ့စကားကို နှစ် ပေါင်း ၅၀ လုံးလုံး ဘယ်သူမှကျယ်ကျယ် မပြောရဲကြဘူး။ တိုးတိုးတိတ်တိတ် နှစ်ကိုယ်ကြားပဲ ပြောကြရတယ်။ အစိုးရကိုယ်တိုင်က ရွေးကောက်ပွဲ တွေလုပ်ပေးတော့မယ်၊ ဒီမိုကရေစီ အစိုးရမျိုးကို အာဏာလွှဲပြောင်းပေးမယ်လို့ ကြေညာလိုက်တဲ့အချိန်ကစပြီး ဒီမိုကရေစီဆိုတဲ့စကားကို သွေးတိုးစမ်း ပြောလာကြတယ်။

အောင်ဆန်းအက်တလီစာချုပ်နဲ့  ဒေါ်စု-သိန်းစိန် ဆွေးနွေးပွဲခြားနားချက်

by Moethee Zun on Wednesday, September 28, 2011 at 4:49am

နေ့သစ်- 
ဒေါ်အောင်ဆန်းစုကြည်နဲ့  ဦးသိန်းစိန်အစိုးရ တို့ တွေ့ ဆုံပြီးတဲ့နောက်ဆက်တွဲအခြေအနေတွေကို ကျနော်တို့ ဆွေးနွေးခြင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့  သိန်းစိန် အစိုးရဆွေးနွေးနေရတဲ့ အခြေအနေက ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဗြိတိသျအစိုးရဆွေးနွေးနေရတဲ့အခြေအနေနဲ့ တူတယ်တဲ့။ ဟိုတုန်းက သခင်ဗစိန်တို့  ကွန်မြူနစ်ပါတီက သဘောထားတင်းမာတဲ့သူတွေက လက်မခံခဲ့ကြသလို မဖြစ်မိစေနဲ့လို့အကြံပြု ထောက်ပြတဲ့သူတွေလည်းပေါ်လာတယ်။ ဆွေးနွေးနေကြတယ်။ ဟိုတုန်းက အခြေအနေနဲ့ ဒီနေ အခြေအနေ တူတာရှိသလား ။ ဒါနဲ့ ပတ်သက်လို့ ကိုမိုးသီး ဘယ်လိုမြင်ပါသလဲ။

Sunday, September 25, 2011

လေ့လာစရာ စာအုပ်လေးများ

ကျနော့်မှာရှိတဲ့ မှတ်တမ်းစာအုပ်လေးများကို စုစည်းတင်ပြထားတာဖြစ်ပါတယ်။
မြန်မာနိုင်ငံရှေ့နေများကောင်စီ (BLC) မှ မူပိုင်စာအုပ်များပါ။ အထောက်အကူပြုနိုင်မယ်ထင်လို့ အခုလို တင်လိုက်တာပါ။။။။။။

Saturday, September 24, 2011

နိုင်ငံရေးပညာ သင်ကြားရေးနှင့် လေ့ကျင့်ကွင်း (မောင်ဝံသ)

by Maung Wuntha on Saturday, September 24, 2011 at 9:35pm
ပြည်သူ့ခေတ်ဂျာနယ် 21 09 11 မှာ ဖော်ပြပြီးတဲ့ ဆောင်းပါးပါ။

ခုတလော ညပိုင်းတွေမှာ ရုပ်သံက လွှင့်ပေးတဲ့ လွှတ်တော်အစည်းအဝေး သတင်းတွေ စောင့်ကြည့် နားထောင် ဖြစ်တယ်ဗျာ။ စိတ်ဝင်စားတဲ့ ဆွေးနွေး ချက်တွေဆိုရင် နောက်နေ့ သတင်းစာမှာ ထပ်ဖတ်ရ သေးတယ်ဗျ။ ဘယ်သူတွေ ဘာပဲပြောပြော ကျွန်တော်တို့က ကိုယ့်ကိုယ်ကိုယ် စတုတ္ထ မဏ္ဍိုင်လို့ခံယူ ထားလေတော့ သည်အလုပ်တွေကို ကြိုက်ကြိုက် မကြိုက်ကြိုက် လုပ်နေရတာပဲဗျ။   အခုဆိုရင် အစီအစဉ်အတိုင်း  ကျင်းပ လာနေတဲ့ လွှတ်တော် အစည်းအဝေးတွေမှာ မြန်မာပြည်သူတွေ စိတ်ဝင်စား နိုင်လောက်တဲ့ အမေးအဖြေတွေ အစည်းအဝေး တစ်ခုထက် တစ်ခု ပိုပိုပြီး ပါလာနေတာသတိထားမိ တယ်ဗျာ။

အမိုးသူကြီး

by Lu Cifer on Saturday, September 24, 2011 at 9:42pm
 


"---အိမ်တိုင်ရာရောက် ကိုယ်တိုင်လာပြီးတော့ ခိုင်းတယ်။ ရောက်တဲ့နေရာကနေ သေနတ်ဖောက်ပြီးတော့လည်း ခိုင်းတယ်။ ခေါ်တော့သာ အမိုး (အမေ) တဲ့၊ တမျိုးနဲ့တမျိုး မရိုးအောင်ကို ခိုင်းတတ်ကြပါပေတယ်---” 

ခေတ်ပျက်ကြီးထဲမှာ သူကြီးဖြစ်ရတဲ့ ကျုပ်တို့ဘ၀ကို ရင်ဖွင့်ချင်လွန်းလို့ပါ။ တခြားဒေသက သူကြီးတွေတော့ ဘယ်လိုနေမယ် မသိဘူး။ ကျုပ်တို့ကျေးရွာအုပ်စုက သူကြီးမတွေကတော့ စစ်တပ်ခိုင်းဖတ် ဖြစ်နေရတယ်။

ဖခင်တစ်ဦး၏မေတ္တာ

by Lu Bo on Saturday, September 24, 2011 at 8:54pm
 
 မိဘတို့၏မေတ္တာကား အလွန်ကြီးမားလှသည်။ မည်သည့်အရာနှင့်မျှ နိုင်းယှဉ်၍ မရနိုင်ပါ။ စာဖွဲ့၍လည်း ကုန်နိုင်မည်မထင်ပါ။ မိခင်၏မေတ္တာ ကြီးမားပုံကို အဖြစ်အပျက်ပေါင်းစုံ. သာဓကမျိုးစုံနှင့် ဖော်ပြခဲ့ကြသည်မှာ ရင်နင့်စရာ. ကရုဏာသက်စရာ. မှတ်ယူစရာများလှပါသည်။ မိခင်၏ကျေးဇူးမှာ မည်သို့မျှဆက်၍ မကုန်နိုင်ပါ။ ယခုကျွန်ုပ် ဖော်ပြလိုသည်မှာ ဟင်္သာတမြို့နယ်. ပဲကြီးကျွန်းကျေးရွာတွင် ဖြစ်သွားသော ဖခင်တစ်ယောက်၏ အဖြစ်အပျက် ဖြစ်ပါသည်။

ဒီမိုကရေစီ လေ့လာရေးစာစဉ် အခန်း(၃) အပိုင်း(၂)

ပြည်သူလူထု အကျိုးစီးပွား
(Public Interest)

ပြည်သူများအတွက် အုပ်ချုပ်သောအစိုးရဟူသော လမ်းညွှန်သဘောတရားသည် အစိုးရအဖွဲ့တွင် ပါဝင်သော ပုဂ္ဂိုလ်များ၏ အကျိုးစီးပွား(Interest) ထက်အအုပ်ချုပ်ခံ ပြည်သူလူထု၏ အကျိုးစီးပွားကို အဓိကထား၍ အုပ်ချုပ်ရေးချမှတ်ရမည်ဟူသော အဓိပ္ပါယ်ကိုရစေသည်။ ၁၉၉၁ ခုနှစ် ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေး အဖွဲ့၏ ဖမ်းဆီး ထိန်းသိမ်းခြင်းမခံရမီ ပြောကြားခဲ့သော မိန့်ခွန်းတစ်ခုတွင် “ပြည်သူလူထုဟာ အစိုးရနေစေချင်သလို နေဖို့မဟုတ်ဘူး၊ အစိုးရများက သာ ပြည်သူလူထုနေစေချင်သလို နေဖို့ဖြစ်တယ်” ဟုထည့်သွင်းပြောကြား ခဲ့သည်။ ထိုမိန့်ခွန်း၏ ဆိုလိုရင်း အဓိပ္ပါယ်သည် သမ္မတ အီဗရာဟမ်လင်ကွန်း၏ ပြည်သူများအတွက် အုပ်ချုပ်သော အစိုးရဆိုသည့် လမ်းညွှန် သဘောတရား၏ အဓိပ္ပါယ်နှင့် အတူတူပင်ဖြစ်သည်။ 

ဒီမိုကရေစီနိုင်ငံရေး၏ အခြေခံအုတ်မြစ်များ အခန်း (၃) ၊ အပိုင်း(၃)

နိုင်ငံတော်နှင့် လူမှုအဖွဲ့အစည်း
          ဤအခန်းကို နိဂုံးမချုပ်မီ နိုင်ငံတော်နှင့် (နိုင်ငံတော်အပါအ၀င်ဖြစ်သော) လူမှုအဖွဲ့အစည်းတို့ အကြားရှိ ဆက်နွယ်မှုကို ဆွေးနွေးလိုပါသည်။ ဆိုခဲ့ပြီးသည့်အတိုင်း နိုင်ငံတော်ကို ပဓာနထား၍ အာရုံစိုက်သည့် “နိုင်ငံရေး” သည် စင်စစ်အားဖြင့် လူအချင်းချင်းအကြား၌ တည်ရှိသည့် ဆက်ဆံရေး ပုံဏ္ဍာန်များစွာတို့အနက် တစ်ခုမျှသာ ဖြစ်ပါသည်။ နိုင်ငံတော်နှင့် ၄င်း၏လုပ်ငန်းဆောင်တာများမှာ နိုင်ငံတော်က အုပ်ချုပ်နေသော လူ့အသိုက်အ၀န်းတစ်ရပ်လုံး၏ တစ်စိတ်တစ်ပိုင်းသာ ဖြစ်ပါသည်။

Friday, September 23, 2011

မြေမြိုမှာ မကြောက်တော့ဘူး..အမေငိုမှာပဲ ကြောက်တယ်


Rozoner Kingposted toBig Brothers & Sisters

[By Young Tiger]

... ၀န်ခံချက်

ကျွန်တော် ဒီခေါင်းစဉ်နဲ့ ပိုစ့်ရေးမလို့လုပ်နေတာ လွန်ခဲ့တဲ့ ရက်ပေါင်း၇၀ ၀န်းကျင်လောက်ကတည်းကပါ။ ဒါပေမဲ့ အကြောင်းအမျိုးအမျိုး ကြောင့် မရေးဖြစ်ခဲ့ဘူး။နောက် ရမ်းသမ်းပြီး ဖြီးဖျန်းရေးလို့ မရတဲ့ သမိုင်းတစ်ခု ဖြစ်နေတာကြောင့်လည်း ရေးဖို့ လက်တွန့်နေခဲ့မိတယ်။ အဲဒီဒေသမှာ ပေါက်ဖွားကျင်လည်သူ မဟုတ်တာ ကြာင့်လည်း ပါပါတယ်။လက်တွေ့မဟုတ်ပဲ စာတွေ့ရေးရမဲ့အခါ ကျတော့ အမှားပါလာ နိုင်လို့ အွန်လိုင်းမှာ ဘလော့တကာလှည့်ပြီး  မွှေနှောက်ရှာဖွေရင်း လိုအပ်တာတွေ စုစည်းနေမိတယ်။ ပြည့်စုံပြီ ရယ်လို့မဟုတ်ပေမဲ့ ရေးဖို့ စိတ်ဆန္ဒရှိနေတဲ့အချိန်မှာပဲ ဆရာမရွှေစင်ဦးရဲ့ အားပေးအားမြှောက်ပြုမှုကြောင့် ကျွန်တော် ဒီနေ့ ရေး မိပါပြီ။ဒီထဲမှာပါတဲ့ အချက်အလက်တွေကို အွန်လိုင်းပေါ်မှာလည်းကောင်း၊ မြန်မာ့ စွယ်စုံကျမ်း အတွဲ(၁၅)မှ လည်းကောင်း၊(ဆရာ)တိုက်စိုး-ဧရာဝတီမှလည်းကောင်း ရှာဖွေရယူပါသည်။

ပြည်ရေးပြည်ရာ အလယ်တန်းများအတွက်

by The River Club on Friday, September 23, 2011 at 1:19am
 

 
ပြည်ရေးပြည်ရာ မူလတန်းကျောင်းအတွက် ပြဌာန်းချက် (အဆက် )

သတ္တမတန်း (တစ်ဆယ့်နှစ်နှစ် အထက်ကလေးများ) အတွက် ပြည်သူပြည်သားများ၏ တာဝန်ဝတ္တရားများတွင် ပါဝင်သော မိမိနိုင်ငံကို ချစ်ခင်စုံမက်ရခြင်း သင်ခန်းစာ နမူနာတစ်ခုကို ပြဆိုပေအံ့။
ဆရာသည် ကျောင်းသားတစ်ဦးကို ခေါ်၍ ၎င်း၏အိမ်သားများနှင့် သူစိမ်းများကို မည်သူ့အားပို၍ ချစ်ခင်ကြောင်း မေးရမည်။ မိမိ၏မြို့သားနှင့် အခြားမြို့သားများကိုလည်း အထက်ပါ နည်းအတိုင်း မေးရမည်။ ၎င်းနောက် မိမိတို့၏ မြန်မာနိုင်ငံသားများနှင့် အခြားနိုင်ငံသားများကို နှိုင်းယှဉ်၍ မေးရမည်။ ဤတွင် ကမ္ဘာပေါ်၌ ကွဲပြားလျက်ရှိသော “အမျိုးသားရေး” (Nationalism) နှင့် “ကမ္ဘာရေး” (Internationalism) ဟူသော အယူဝါဒနှစ်မျိုးကို အကျိုးအပြစ် ရှင်းလင်းပြောပြရမည်။

ကြောက်မပြဘဲ..ထောက်ပြကြပါစို့..။

by Aung Lat on Thursday, September 22, 2011 at 6:11pm
  • September 20, 2011 ရက် ၊ 1:30pm တွင် kyagee13 ရေးသားခဲ့သော ဘလော့ဖြစ်ပါသည် ။

           လက်ရှိကမ္ဘာနိုင်ငံ အသီးသီးမှာ  ယေဘုယျ နိုင်ငံ အုပ်ချုပ်ရေး မူဝါဒ စနစ် (၃)မျိုးရှိပါသည်.....။ ၎င်းစနစ်(၃) မျိုးမှာ........

၁။Democracy-(ဒီမိုကရေစီ) ဒီမိုကရေစီစနစ်။

၂။Communist-(ကွန်မြူနစ်) ကွန်မြူနစ်စနစ်။

၃။Socialist- (ဆိုရှယ်လစ်ဝါဒီ) ဆိုရှယ်လစ်စနစ်။

    မူဝါဒ တစ်ခုချင်းစီ၏  အကျဉ်းသဘော အဖွင့်မှာ......

[mrsorcerer:10932] ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခြင်း


daw aung san su kyi ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော် အစိုးရအဖွဲ့သစ်ခေါင်းဆောင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်တို့ သြဂုတ်လအတွင်းတွေ့ဆုံခဲ့ခြင်းက မြန်မာ့နိုင်ငံရေး အခင်းအကျင်းတွင် အရေးပါသည့် ပုံရိပ်တစ်ခုအဖြစ် ရှိခဲ့သလို ပြည်သူများအကြား အမျိုးသား ရင်ကြားစေ့ရေးအတွက် မျှော်လင့်ချက်ရောင်ခြည်လည်း ပေါ်ထွက်ခဲ့ရသည်။ နိုင်ငံတော်သမ္မတနှင့် ပထမဆုံးအကြိမ်တွေ့ဆုံမှုနှင့် ပတ်သက်၍ နှစ်ဖက်စလုံးက တစ်စုံတစ်ရာ ထုတ်ဖော်ပြောကြားခြင်း မရှိသေးသော်လည်း ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံမှုများကို အားရကျေနပ်ကြောင်းနှင့် နှစ်ဖက်ဆွေးနွေးမှုများက အချိန်ကန့်သတ်မထားသော်လည်း မြန်ဆန်လိမ့်မည်ဟု ယုံကြည်ကြောင်း ပြောကြားထားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ခဲ့သည်မှာ ၂၀၁၀ နိုဝင်ဘာ ၁၃ ရက်မှ ရက်ပေါင်း ၃၀၀ ကျော်ရှိပြီ ဖြစ်သည်။ ထိုကာလအတွင်း ၎င်း၏ပါတီဖြစ်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် ပါတီတစ်ရပ်အဖြစ် လှုပ်ရှားမှုများ ပိုမို အားကောင်းလာသည့်အပြင် သားဖြစ်သူနှင့်အတူ ရန်ကုန်ပြင်ပ မိသားစု အပန်းဖြေခရီးစဉ်အဖြစ် ပုဂံသို့ ရွေးချယ်သွားရောက်ခဲ့သည်။ ပထမဆုံး စည်းရုံးရေး ခရီးစဉ်ကိုလည်း ပဲခူးမြို့သို့ ရွေးချယ်သွားရောက်ခဲ့သည်။

Thursday, September 22, 2011

အမလေး၊ အမလေး ဘယ့်နှယ့် တစ်မိသားစုလုံး လူမသိသူမသိ နေလာရပါတယ်ဆိုမှ

by Kaung Myat Min on Thursday, September 22, 2011 at 4:44pm
 
"ကိုယ်မလုပ်ခဲ့တဲ့ ကိစ္စအတွက် ဒီလိုခံစားရတာကို စိတ်မကောင်းဘူး။ ကလေးတွေက  ဘာမှ လုပ်ခဲ့တာမှ မဟုတ်တာ။ သူတို့ အဘိုးကလည်း သူ့အပြစ်အတွက် ဥပဒေအရ ခံသွားပြီပဲ။   ကျန်တဲ့လူမှာ ဘာအပြစ်မှမရှိဘူး။ ဒီကလေးတွေကို အေးအေးချမ်းချမ်းနဲ့ နေစေချင်တယ်။ သူတို့ကိုယ်သူတို့လည်း အပြစ်ရှိတဲ့လူတွေရယ်လို့ မသတ်မှတ်သင့်ဘူး"
(ဒေါ်အောင်ဆန်းစုကြည်)

ဒီမိုကရေစီ လေ့လာရေးစာစဉ် အခန်း(၃) အပိုင်း(၁)

 နိုင်ငံတော်ဆိုသည်မှာ

        ပြီးခဲ့သောအခန်း၌ နိုင်ငံရေးနှင့်ပတ်သက်၍ အရစ္စတိုတယ်နှင့် မာခီယာဗယ်လီတို့၏ ရှုမြင်သုံးသပ်ချက် နှစ်ရပ်အကြား တည်ရှိသော ၀ိရောဓိအကြောင်းကို ဆွေးနွေးခဲ့ပြီး ဖြစ်ပါသည်။ နိုင်ငံရေးဟူသည် အရာများစွာတို့ လွန်ထိုး ယှက်နွယ်လျက်ရှိပြီး အဓိပ္ပါယ်အမျိုးမျိုးထွက်နိုင်သော သဘောတရားဖြစ်ပါသည်။ ဤအခန်းတွင် “နိုင်ငံရေး” ကဲ့သို့ အလားတူခက်ခဲသော သဘောတရား တစ်ရပ်ဖြစ်သည့် “နိုင်ငံတော်” နှင့် ပတ်သက်သော အဓိပ္ပါယ်ဖွင့်ဆိုချက် တစ်ခုသို့မဟုတ် အဓိပ္ပါယ် ဖွင့်ဆိုချက်တစ်ခုကို ကြိုးပမ်းဖော်ထုတ်သွားမည် ဖြစ်ပါသည်။ ဤတွင် “နို်င်ငံရေး” ၏ အဓိကအာရုံစူးစိုက် ရာသည် “နိုင်ငံတော်” ဖြစ်သည်ဆိုခြင်းကို ကျွန်ု့ပ်တို့ အဆိုင်းမတွ ပြောဆိုနိုင်ပါသည်။

ဒီမိုကရေစီနိုင်ငံရေး၏ အခြေခံအုတ်မြစ်များ အခန်း (၃) ၊ အပိုင်း(၂)

ပြိုင်ဖက်ကင်းမဲ့သော အချုပ်အခြာအာဏာ
          နိုင်ငံတော်၏ အဓိပ္ပါယ်သတ်မှတ်ချက်ကို ပထမပိုင်းတွင် ဖော်ပြထားသကဲ့သို့ (အင်အားချနဲ့၍ အရည်အ ချင်းမပြည့်မီသည့်နိုင်ငံမဟုတ်ဘဲ) စနစ်ကျနမှန်ကန်သည့် နိုင်ငံတော်တစ်ရပ်သည် သတ်မှတ် ထားသော ပိုင်နက်တစ်ခုတွင် နေထိုင်ကြသော လူတို့အပေါ်၌ သက်ရောက်မှုရှိသည့် ပြိုင်ဖက်မဲ့သော အချုပ်အခြာအာဏာ ကိုပိုင်ဆိုင်သည်။ ဤသို့ဖြစ်ရခြင်းမှာ နိုင်ငံတော်ကိုယ်၌က တုနှိုင်းမဲ့စွာ စွမ်းပကား ကြီးနေ၍ မဟုတ်ပါ။ နိုင်ငံတော် အာဏာတွင် တရားဥပဒေကြောင်းအရ လည်းကောင်း၊ သဘာဝအရလည်းကောင်း ကန့်သတ်ချက်များရှိပါသည်။

စစ်မှန်သည့် အပြောင်းအလဲများ ရှိလာမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

by The Irrawaddy (Burmese Version) on Thursday, September 22, 2011 at 2:29pm
ရန်ပိုင် Thursday, 22 September 2011 14:22

မြန်မာနိုင်ငံ၌ မကြာမီ ကာလအတွင်း စစ်မှန်သည့် အပြောင်းအလဲများဖြစ်မည့် လက္ခဏာများ တွေ့မြင်နေရသည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။

 

Clinton Global Initiative သို့ မိန့်ခွန်းပြောကြားနေသော ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ - Sophia Sofia Chan / Facebook)အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ကျင်းပနေသည့် Clinton Global Initiative (CGI) ၏ ၇ ကြိမ်မြောက် ညီလာခံသို့ ဗီဒီယိုကွန်ဖရင့်မှတဆင့် ယမန်နေ့က တိုက်ရိုက် ပြောဆိုခြင်းဖြစ်သည်။

“ကျမ အစိုးရအဖွဲ့ဝင်တချို့နဲ့ စကားပြောခဲ့တယ်။ သိပ်မကြာခင်မှာ စစ်မှန်တဲ့ အပြောင်းအလဲတွေဖြစ်မယ့် လက္ခဏာရှိတယ်လို့ မျှော်လင့်ထားပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ညီလာခံသို့ ပြောကြားသည်။

Wednesday, September 21, 2011

မြူခိုးကြားက သူပုန့်ရေဒီယို

by Mizzima မဇ္ဈိမ on Wednesday, September 21, 2011 at 6:56pm

သီယာ ဖော့ဘ် (Thea Forbes) | ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ ၂၁ ရက် ၂၀၁၁ ခုနှစ် ၁၄ နာရီ ၄၈ မိနစ်

စိုင်းဆန်က ရှမ်းတောင်တန်းများအကြား ဆိုင်းနေသည့် မြူခိုးကြားထဲမှ ဗွက်ထူထူ လူသွားလမ်းကလေးကို ဖြတ်၍ တဲ ကလေးတခုဆီသို့ တက်လာသည်။ ဤတဲငယ်ကလေးတွင်ပင် ‘တိုင်း’ လွတ်မြောက်ရေး ရေဒီယို (Tai Freedom Radio) အသံလွှင့် စက်ပစ္စည်းများ ထားရှိထားသည့် နေရာဖြစ်သည်။

လွိုင်တိုင်းလန်းရှိ ဤတော်လှန်ရေး ရေဒီယိုအသံလွှင့်ဌာနဆီမှ အသံက မည်မျှကြာအောင် အိပ်ပျော်နေမည် မှန်း မသိရသည့် အခြေအနေမှ နောက်ဆုံး စက်တင်ဘာလဆန်းပိုင်းတွင် ပြန်၍ကြားလာခဲ့ရသည်။

ကိုယ့်ကိုယ်ကိုယ် ကြင်နာသလား

Cloud Cuckoo Land created a doc.
တစ်နေ့က ကိုယ့်ကိုယ်ကိုယ် ကြင်နာ သလားဆိုတဲ့ ဆောင်းပါး တစ်ခု ဖတ်လိုက် ရတယ်။ ကိုယ့်ကိုယ် ကိုယ် ကြင်နာဖို့များ ဘာများ အထွေ အထူး လုပ်နေစရာ လိုသေးလို့လဲလို့ အရင်ဆုံး တွေးမိပါတယ်။ သူမေးထား တဲ့ မေးခွန်းကိုလည်း ကြည့်ဦးလေ။ ကိုယ့်မိတ်ဆွေ၊ ကိုယ့်မိသားစုတွေ အပေါ် ဆက်ဆံသလို ကိုယ့်ကိုယ် ကိုယ် ဆက်ဆံရဲ့လားတဲ့။ ဒီမေးခွန်းလေးကို စိတ်ပညာ ဆိုင်ရာ သုတေသနတစ်ခုလုပ်ဖို့ အခြေခံအနေနဲ့ သုံးတာပါ။

Tuesday, September 20, 2011

ဖက်ဒရယ်ပြည်ထောင်စု(၂)

by Kyaw Aye on Tuesday, September 20, 2011 at 2:51pm


(ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်)

ပြည်ထောင်စုစစ်စစ်မူကို အခုလိုပြည်နယ်တွေ ထပ်တိုးချင်တိုင်း တိုးရန် အတွက် ရာထားခြင်းကို ကြည့်လိုက်ရင်ကို ရှစ်ပြည်နယ်မူဆိုတာ လက်တွေ့မကျဘူးဆိုတာ ပြနေပါပြီ။ ရှစ်ပြည်နယ်ကနေ ဧရာဝတီအမျိုးသား (တနည်း ဧရာဝတီလူမျိုး) ဆိုတာလုပ်ပေးလာရပြီ။ အမေရိကန် ဖက်ဒရယ်မူကို နမူနာယူရင်လဲ အမေရိကန်မူကို ပုံတူနီးပါးကူးဖို့လိုပါတယ်။ အမေရိကန်မူနဲ့ အခြေခံကစပြီး ကွာခြားနေတဲ့မူကို ပြောချင်ရင် ရှင်းလင်းပြချင်ရင် အမေရိကန်မူကို ခိုင်းနိုင်းလို့ မရတော့ပါဘူး။ အမေရိကန်မူမကြိုက် အခြားကောင်းမယ်ထင်တဲ့ နိုင်ငံတခုခုကို ပုံစံယူစေချင်ပါတယ်။

နိုင်ငံရေးဘဝ ခြေလှမ်းသစ်မျှော်လင့်ချက်


သစ္စာနီ

by သစ္စာနီ on Tuesday, September 20, 2011 at 7:45pm


၁။ ကြွေပန်းအိုးကို ဝက်ဝံလက်ဖြင့်ကိုင်မည်လော

 ယနေ့မြန်မာနိုင်ငံ၏ အပြက်ထင် အပေါ်လွင်ဆုံး ရာဇဝင်ရေးလမ်းကြောင်းသည် အမျိုးသားဒီမိုကရေစီနိုင်ငံတော်ထူထောင်ရေးဖြစ်ကြောင်း မည်သူမှအငြင်းပွားစရာမရှိ။ ပန်းတိုင်နှင့်အကွာအဝေးကိစ္စတွင်မူ၊ ဤအရေးနှင့်ပက်သက်ငြိတွယ်သူအားလုံး အားလုံး၏….

(က) နိုင်ငံရေးသဘောတရား တတ်သိကျေမွန်မှု
(ခ) ရိုးသားသည့်စိတ်စေတနာ အရင်းခံမှန်ကန်မှု
(ဂ) အမြစ်တွယ်နေသော လှေနံဓားထစ်အယူအဆများနှင့် သံသယများကို အပြိုင်အဆိုင်စွန့်ပစ်နိုင်မှု
(ဃ) အမျိုးသားအကျိုးစီးပွားကို ရှေ့တန်းတင်မှု
(င) နိုင်ငံရေး အမြှော်အမြင်ကြီးမားမှု
(စ) အပြန်အလှန် အရေးထားလေးစားမှု

ဒီမိုကရေစီ လေ့လာရေး စာစဉ် အခန်း(၂) အပိုင်း(၃)

ပြည်သူလူထုအကျိုးစီးပွား
(Public Interest)
ပြည်သူများအတွက် အုပ်ချုပ်သောအစိုးရဟူသော လမ်းညွှန်သဘောတရားသည် အစိုးရအဖွဲ့တွင် ပါဝင်သော ပုဂ္ဂိုလ်များ၏ အကျိုးစီးပွား(Interest) ထက်အအုပ်ချုပ်ခံ ပြည်သူလူထု၏ အကျိုးစီးပွားကို အဓိကထား၍ အုပ်ချုပ်ရေးချမှတ်ရမည်ဟူသော အဓိပ္ပါယ်ကိုရစေသည်။ ၁၉၉၁ ခုနှစ် ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့၏ ဖမ်းဆီး ထိန်းသိမ်းခြင်းမခံရမီ ပြောကြားခဲ့သော မိန့်ခွန်းတစ်ခုတွင် “ပြည်သူလူထုဟာ အစိုးရနေစေချင်သလို နေဖို့မဟုတ်ဘူး၊ အစိုးရများက သာ ပြည်သူလူထုနေစေချင်သလို နေဖို့ဖြစ်တယ်” ဟုထည့်သွင်း ပြောကြားခဲ့သည်။ 

ဒီတခါ တကယ်သေပြီ


လူဗိုလ်
(၁)
တကယ် ဒီတခါ ကျနော်သေတော့မယ်လို့ကိုထင်နေတာ။ စဉ်းစားကြည့်လေ ထမင်းမစားနိုင်တာ တပတ်ကျော် ပြီ။ ငှက်ဖျားကလည်း နေ့တိုင်းတက်နေတယ်။ ၀မ်းကိုက်တာကလည်း ၃ ရက်ကျော်ပြီ။ ခဏနေ၀မ်းသွား ခဏ နေ ၀မ်းသွား၊ တကယ်တမ်းဝမ်းသွားတော့ နည်းနည်းလေး၊ ဗိုက်ထဲမှာရစ်ပြီ နာတာက များများ။ တနေ့တနေ့ကို ဘယ်နှကြိမ်လောက် ၀မ်းသွားတယ်ဆိုတာကိုတောင် မမှတ်မိလောက် အောင်ပါပဲ။ တနေကုန်ဝမ်းသွားတဲ့အပြင် ညဖက်ဆိုလည်း အိပ်မရပြန်ဘူးလေ။ အိမ်ပေါ်က ဆင်းလိုက် တက်လိုက်နဲ့ဆိုတော့ ညဖက် ညဖက် အိမ်ရှင်တွေ ကိုတောင် အားနာလာတယ်။

ဒီမိုကရေစီနိုင်ငံရေး၏ အခြေခံအုတ်မြစ်များ အခန်း (၃) ၊ အပိုင်း(၁)


 နိုင်ငံတော် ဆိုသည်မှာ
        ပြီးခဲ့သောအခန်း၌ နိုင်ငံရေးနှင့်ပတ်သက်၍ အရစ္စတိုတယ်နှင့် မာခီယာဗယ်လီတို့၏ ရှုမြင်သုံးသပ်ချက် နှစ်ရပ်အကြား တည်ရှိသော ၀ိရောဓိအကြောင်းကို ဆွေးနွေးခဲ့ပြီး ဖြစ်ပါသည်။ နိုင်ငံရေးဟူသည် အရာများစွာတို့ လွန်ထိုး ယှက်နွယ်လျက်ရှိပြီး အဓိပ္ပါယ်အမျိုးမျိုးထွက်နိုင်သော သဘောတရားဖြစ်ပါသည်။ ဤအခန်းတွင် “နိုင်ငံရေး” ကဲ့သို့ အလားတူခက်ခဲသော သဘောတရား တစ်ရပ်ဖြစ်သည့် “နိုင်ငံတော်” နှင့် ပတ်သက်သော အဓိပ္ပါယ်ဖွင့်ဆိုချက် တစ်ခုသို့မဟုတ် အဓိပ္ပါယ် ဖွင့်ဆိုချက်တစ်ခုကို ကြိုးပမ်းဖော်ထုတ်သွားမည် ဖြစ်ပါသည်။

Monday, September 19, 2011

တတိယ နိုင်ငံရဲ့ ဒုတိယ ဝေဒနာ။

၁၇၀၉၁၁ (ထက်အောင်ကျော်)

မနက်ဖြန် တနင်္ဂနွေ။ စက်တင်ဘာ ၁၈ ဆိုရင် မြန်မာနိုင်ငံမှာ စစ်တပ်ကအာနာသိမ်းခဲ့တာ။ ဒါမှ မဟုတ် အဲဒီ အာဏာသိမ်းစစ်တပ်ကို လက်နက်ကိုင်ပီး တော်လှန်မှရမယ်ဆိုပီး ကျနော်တို့တတွေ အိမ် ကနေထွက်ခွါ တောခိုလာခဲ့တာ ၂၃-နှစ်ပြည့်တော့မှာပါ။ အခု ၂၃-နှစ်ကြာပြီးတဲ့အခါမှာ ကျနော် အပါဝင် တောခိုကျောင်းသားတွေ ဘယ်ဆီရောက်ပီး ဘာတွေဆက်လုပ်နေကြသလဲ။



တော်လှန်ရေး ဆက်လုပ်နေသလား။ တိုင်းပြည်ပြန်လည်တည်ဆောက်ရေးအတွက် နိုင်ငံရပ် ခြားမှာ အဆင့်မြင့်ပညာတွေသင်ယူနေကြသလား။ ဒါမှမဟုတ် တိုင်းပြည်စီးပွါးတိုးတက်ရေးအတွက် ကူညီနိုင်အောင် စီးပွါးရေးလုပ်ငန်းပိုင်ရှင်တွေဖြစ်ဖို့ကျိုးစားနေသလား။

Sunday, September 18, 2011

မြန်မာ့ပညာရေး ကလိမ်ကကျစ်များ

by General Knowledge on Wednesday, September 14, 2011 at 9:29am
Monday, 12 September 2011 13:24 တင်ညွန့်

မြန်မာစကားမှာ ကလိမ်ကျတာကို ''မဖြစ်နိုင်သည်ကို လိမ်လည် လှည့်ဖြား ချဲ့ထွင်ပြောဆိုသည်'' လို့ အဓိပ္ပာယ် ဖွင့်ပါတယ်။ အင်္ဂလိပ်မှာကတော့ လိမ်တာကို "Fraud" လို့ပြောတယ်။ Fraud ကို အင်္ဂလိပ်လို အဓိပ္ပာယ်ဖွင့်ရင်

" Crime of cheating somebody: the crime of obtaining money or some other benefit by deliberate deception" လို့ဆိုထားပါတယ်။မကောင်းတဲ့စိတ်နဲ့ တစ်စုံတစ်ယောက် အကျိုးပျက်အောင် လုပ်တဲ့အလုပ်တွေကို ကလိမ်ကျတယ်လို့ ပြောတယ်



ဒီလို ကလိမ်ကျမှုတွေဟာ များသောအားဖြင့် လုပ်ငန်းတွေမှာသာ ရှိတယ်လို့ ထင်ရပေမယ့် ပညာရေးကို ဈေးကွက်စီးပွားရေးအသွင် ဖော်ဆောင်လာတဲ့ကာလတွေမှာလည်း ပညာရေးကို ခွင်ဆင်ပြီး ''ရိုက်စား'' လုပ်တာတွေ ပေါ်လာတယ်။ အဲဒီလို ရိုက်စားတွေကို တစ်နည်း အားဖြင့် ကလိမ်ကကျစ်တွေလို့ ခေါ်ဝေါ်သမုတ်ပါတယ်။

တခုခုကို အောင်မြင်အောင်ဘယ်လိုလုပ်မလဲ...

by Moenge Aung on Sunday, September 18, 2011 at 5:23pm


သင်ဟာ သင့်ရဲ့ အခြေခံကျတဲ့ ဓနဥစ္စာ၊ ချမ်းသာကြွယ်ဝမှု၊ ဆက်ဆံရေးနဲ့ အလုပ်အကိုင်မှာ အောင်မြင်ဖို့ ကြိုးစားတာ ရလား မရလားဆိုတာ အရေးမကြီးပါဘူး။ တရားဝင်အသိအမှတ် ပြုထားတဲ့ အာဟာရဗေဒပညာရှင်နဲ့ ဇီဝကမ္မဗေဒပညာရှင် Caitlin Reid က ဘယ်လိုအခြေအနေဖြစ်ဖြစ် လက်တွေ့အသုံးဝင်တဲ့ အကြံပေးစကား ၆ချက်နဲ့ အောင်မြင်အောင် ကူညီနိုင်လိမ့်မယ်လို့ ပြဌာန်းထားပါတယ်။
 (၁) သင်ဘာလိုချင်တယ်ဆိုတာ သိပါ။

ကြောက်စိတ်

By Cloud Cuckoo Land · Last edited 5 hours ago · 
 
ကြိမ်လုံးအကြောင်း စဉ်းစားမိတိုင်း အထက်တန်း ကျောင်းသား ဘ၀တုန်းက ကြုံခဲ့ရတာလေး တစ်ခုကို အမြဲ သတိရ နေမိပါတယ်။ မြန်မာစာ အချိန်မှာ ပင်ရင်း စကားပြေ လက်ရွေးစင်ထဲက မင်းတုန်းမင်းနှင့် ငါးခြောက်ပြား ဆောင်းပါးကို သင်ပြီးစပေါ့။ မင်းတုန်းမင်း ငယ်ရွယ်စဉ် မောင်လွင်ဘ၀က စံကျောင်း ဆရာတော်ဆီမှာ ပညာသင်ကြား ခဲ့ရတယ်။ တစ်နေ့မှာ အင်းသားကြီး ငကြူးက ငါးခြောက်ပြားကြီး တစ်ပြားလာပြီး လှူတယ်။ ဆရာတော်က ငါးခြောက်ကို သိပ်ကြိုက်ပါသတဲ့။ ကျောင်းမှာကလည်း ငါးခြောက် ပြတ်လပ်နေချိန် ဖြစ်တော့ ဆရာတော်က မောင်လွင်ကို ကျက်သရေခန်းထဲမှာ သေသေချာချာ သိမ်းခိုင်းလိုက် ပါတယ်။

ပြည်ရေးပြည်ရာ သင်ကြားနည်း [ ဦးသန့် ]

by The River Club on Sunday, September 18, 2011 at 12:36pm
 


ပြည်ရေးပြည်ရာ သင်ကြားနည်း

ပညာစာစောင်၊ ဒုတိယတွဲ။ ရန်ကုန်။ မြန်မာ့ဂုဏ်ရည် ပုံနှိပ်တိုက် ၁၉၄၂၊ ၁၉၄၂ အောက်တိုဘာ ၂၆ မှ နိုဝင်ဘာ ၆ အထိ ရန်ကုန်မြို့ပြည်တော်စည်ပင်ရေးရုံး ခန်းမကြီးတွင် ကျင်းပပြုလုပ်သော သီတင်းကျွတ်ကျောင်းပိတ်ရက် ခေတ်သစ်ပညာသင်တန်း တက်ရောက်သော ကျောင်းဆရာများအား ဟောပြောသော ဟောပြောချက်

ငြိမ်းချမ်းခြင်း၏ အလှ

by သစ္စာနီ on Sunday, September 18, 2011 at 3:34pm
သစ္စာနီရေးတဲ့ ပေါ်လိုကိုဟိုး၏ ဒဿန စာစုများ ပုံပြင်တစ်ပုဒ်ထဲမှ ငြိမ်းချမ်းရေးကို ပေါ်လွင်သော
ပုံပြင်တစ်ပုဒ်ကိုလည်း ဖတ်လိုက်ရပါသည်။ပုံပြင်မှာ ပန်းချီအနုပညာဖြင့်ပက်သက်သော်လည်း 
အဓိပ္ပာယ်မှာ လေးနက်လှပသောကြောင့် အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် ရှာဖွေ မျှဝေလိုက်ပါသည်။

ဧရာဝတီ မြစ်ဆုံဆည်ကိစ္စ သူတို့ ဘာတွေပြောကြသလဲ

by Lu Cifer on Sunday, September 18, 2011 at 1:22am
 
ဆောက်လုပ်ဆဲ ဧရာဝတီမြစ်ဆုံဆည် စီမံကိန်းနှင့် ပတ်သက်၍ နယ်ပယ် အသီးသီးမှ လူများ၏ ထပ်တူညီသော၊ ကွဲလွဲသော အမြင်များ၊ သဘောထားများကို ဧရာဝတီမဂ္ဂဇင်းက စုစည်းကောက်နုတ် တင်ပြခြင်း ဖြစ်ပါသည်။

(ဇေယျာသော်၊ ဟစ်ပ်ဟော့ပ် အဆိုတော်၊ နိုင်ငံရေးအကျဉ်းသားဟောင်း)



မြန်မာနိုင်ငံလို့ ဆိုလိုက်တိုင်းမှာ ဧရာဝတီဆိုတာ အမြဲတမ်းတွဲပြီး ပါလာခဲ့တာပါပဲ။ နိုင်ငံတွေ နိုင်ငံတွေရဲ့ တိုးတက်ဖွံ့ဖြိုးမှုတွေ ဆိုတာဟာလည်း ဟိုးသမိုင်း အစဉ်အဆက်ကိုပဲ ကြည့်ကြည့်၊ လက်ရှိအခြေအနေကိုပဲ ကြည့်ကြည့် အဓိက မြစ်ကြီးတွေ၊အဲဒီမြစ်ကြီးတွေရဲ့ မြစ်ဝှမ်းဒေသတွေ၊ အဲဒီနေရာကနေပဲ ယဉ်ကျေးမှုတွေ စတင်ပြီးပေါ်ပေါက်လာခဲ့တာပါ။

နိုင်ငံတော်သမ္မတရုံး၏ ထောက်ခံမှုပါရှိသော ဝန်ကြီး ဦးစိုးသိန်း၏ ကြေညာချက်အပြည့်အစုံ

by The Voice Weekly on Saturday, September 17, 2011 at 11:28pm
 


နေပြည်တော်တွင် စက်တင်ဘာလ ၁၇ ရက်နေ့တွင် ကျင်းပပြုလုပ်သော ဧရာဝတီ မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းဆိုင်ရာ ဆွေးနွေးပွဲတွင် ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိန်းက နိုင်ငံတော်သမ္မတရုံး၏ ထောက်ခံမှုရှိသော ကြေညာချက် တစ်ရပ် ထုတ်ပြန်လိုက်သည်။ အဆိုပါ ကြေညာချက် အပြည့်အစုံမှာ အောက်ပါတိုင်း ဖြစ်သည်။

Saturday, September 17, 2011

လူတော်လူကောင်း ဟူသည်

By May Hnin Phyu ·

ဟိုး.. တစ်ချိန်တစ်ခါတုန်းက တောင်ပေါ်မှာနေတဲ့ ပညာရှိတစ်ယောက် ရှိခဲ့ဖူးပါသည်။ တောင်အောက်မှာနေတဲ့ ရွာသားတွေက ရွာမှာ  ပြသနာဖြစ်တဲ့အချိန်တိုင်း တောင်ပေါ်တက်ပြီး ပညာရှိဆီမှာ အကြံဥာဏ်တွေ အမြဲတောင်းကြပါ၏။ တစ်နေ့တော့ လူငယ်လေးတစ်ယောက်က တောင်ပေါ်သို့တက်ပြီး ပညာရှိအဘိုးကြီးကို မေးခွန်းတစ်ခု မေးလေသည်။

" အဘိုးရေ … လူတစ်ယောက်ကို လူတော် လူကောင်းတစ်ယောက်ဖြစ်အောင် စွမ်းဆောင်စေနိုင်တဲ့ အရာက ဘယ်အရာလဲ "

"သမိုင်းက ဆုံးဖြတ်ပါလိမ့်မယ်"

Min Thant Syn created the doc:

သည်ကနေ့ အီးမေးလ် စစ်လိုက်တယ်ဆိုရင်ပဲ သတင်းဌာနတခုမှာ အယ်ဒီတာဝင်လုပ်နေတဲ့ သားလို၊ တူလိုရင်းနှီးသူ လုပ်ဖော်ကိုင်ဖက် ဟောင်းတဦးကပို့တဲ့ အီးမေးလ်မှာ ခေါင်းစဉ်မှာကိုက သိပ်အရေးကြီး တယ်လို့ ရေးထားတာတွေ့ရတော့ ဘာတွေများရယ်လို့ ကမန်းကတမ်း ဖွင့်ကြည့်မိတယ်။
သူက
အန်ကယ်ခင်ဗျား . . .
အရေးကြီးတဲ့ပေါ်လစီ မိန့်ခွန်းလို့ ထင်ပါတယ်။ ဒီနေ့ ဒီမိုကရေစီနေ့မှာ ပြောပါတယ်။ ဒီမိုကရေစီလှုပ်ရှားမှုတခုလုံး ဘယ်လိုရှေ့ဆက်သွားမယ် ဆိုတာကို လမ်းညွှန်မိန့်ခွန်းလို့လဲ ပြောနိုင်ပါတယ်လို့ ညွှန်းထားတာတွေ့ ရတာမို့ Attached file ကို ချက်ခြင်းပဲ ဖွင့်ကြည့်ရပြန်တယ်။

မြစ်ဆုံစီမံကိန်းကို ပြန်စဉ်းစားဖို့ ဒေါက်တာ ဦးမြင့် တိုက်တွန်း

by DVB TV News on Saturday, September 17, 2011 at 10:22pm
September 17, 2011 - နေသွင်

မြစ်ဆုံရေကာတာစီမံကိန်းကို လွတ်လပ်တဲ့စုံစမ်းမှုတွေလုပ်ပြီးမှ ဆက်လုပ်သင့်မသင့် စဉ်းစားသင့်တယ်လို့ သမ္မတ စီးပွားရေး အကြံပေးအဖွဲ့ခေါင်းဆောင် ဒေါက်တာ ဦးမြင့်က တိုက်တွန်းလိုက်ပါတယ်။



“မြစ်ဆုံစီမံကိန်း ကြောင့် ဖြစ်လာနိုင်တဲ့ စီးပွားရေး၊ လူမှုရေး သက်ရောက်မှုတွေကို ဘက်မလိုက်ဘဲ၊ လွတ်လပ်တဲ့ လေ့လာသုံးသပ်မှုတွေ ပြုလုပ်သင်တယ်လို့ ပညာရှင် တယောက်အနေနဲ့ ကျနော် အလေးအနက်ခံယူပါတယ်” လို့ ဒီဗွီဘီက လက်ခံရရှိတဲ့ ဦးမြင့်ရဲ့ စာမှာ ဖော်ပြထားပါတယ်။

ဧရာဝတီပုံပြင်

by ဂျူး - Ju on Saturday, September 17, 2011 at 2:46pm
 

Among the many rivers of Myanmar, the Ayeyarwaddy River (formerly known as Irrawaddy River) is the most important and by far the largest. An about 1,550 km (960 miles) long, with a total drainage area of about 158,700 square miles (411,000 square km), the river also serves as a commercial waterway to the whole nation stretching from the north to the south before meeting the Andaman Sea. People believed that the name "Ayeyarwaddy" meaning "elephant river" came from a Sanskrit word airavati".

               ကလေးများသည် လူကြီးများထက်ပို၍ စိတ်ကူးယဉ် တတ်ကြသည်။ တစ်နည်းအားဖြင့် လူကြီးများထက်ပို၍ စိတ်ကူးဥာဏ်ကွန့်မြူးတတ်ကြသည်ဟု ဆိုရပါလိမ့်မည်။ ထို့ကြောင့်လည်း ကလေးတို့၏ အိပ်မက်သည် လူကြီးတို့၏ အိပ်မက်ထက်ပို၍ လှပဆန်းကြယ်လေ့ရှိသည်။ ထို့ကြောင့်လည်း ကလေးတို့၏ အိပ်မက်ကို လက်မခံနိုင်သော လူကြီးများက ရယ်မောကာ မေ့ပျောက်ပစ်လိုက်ကြခြင်းဖြစ်သည်။ သို့သော် အဖေကတော့ အခြားလူကြီးများလို သား၏ အိပ်မက်ကို မမေ့နိုင်ခဲ့ပေ။

ဂေါ်ဘာချော့ သို့မဟုတ် မစစ်မှန်တဲ့အင်အားအတွင်းက မွေးထုတ်လိုက်တဲ့ အဖျက်သန္ဓေ

 (မောင်ဝံသ)

by Maung Wuntha on Friday, September 16, 2011 at 7:45pm
ပြည်သူ့ခေတ် ဂျာနယ် အမှတ် ၅၇၊ ၂၅ သြဂုတ်မှာ ဖော်ပြခဲ့တဲ့ ဆောင်းပါး။ ဖဘ မိတ်ဆွေတစ်ယောက်က တောင်းဆိုလို့ တင်ဆက်လိုက်ပါတယ်။ ဂေါ်ဘာချော့ သို့မဟုတ် မစစ်မှန်တဲ့အင်အားအတွင်းက မွေးထုတ်လိုက်တဲ့ အဖျက်သန္ဓေ(ဆိုဗီယက် အင်ပါယာကြီး ပြိုကွဲခြင်း နှစ် ၂၀ ပြည့်ချိန် လေ့လာ သုံးသပ်ချက်) ဒီနှစ် အေဒီ ၂၀၁၁ ခုနှစ်ဟာ အမေရိကန်နိုင်ငံဦးဆောင်တဲ့ အနောက်တိုင်း လစ်ဘရယ်ဒီမိုကရေစီနိုင်ငံတွေက ]]မကောင်းဆိုးဝါး အင်ပါယာ}} လို့  ခေါ်ဝေါ်ခဲ့ကြတဲ့ ဆိုဗီယက် ပြည်ထောင်စုကြီးပြိုကွဲသွားခဲ့မှု အနှစ်၂၀ တင်းတင်းပြည့်မြောက်ခဲ့တဲ့ နှစ်ဖြစ်တယ်ဗျ။

ဌေးကြွယ်


http://www.naytthit.net/?p=19640
 

အခုတလော နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ တောင်းဆိုသံတွေက ကျယ်ကျယ်လောင်လောင် မြည်ဟီးလာ နေပါတယ်။ အစိုးရကလည်း နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ အချိန်တခု စောင့်ရမယ်လို့ ပြောနေပြန်ပါတယ်။ ဒီလို ၂ ဘက် အငြင်းပွားနေရတဲ့ နိုင်ငံရေးအကျဉ်းသားဆိုတာဟာ ကိုယ်ရဲ့ကောင်းကျိုးတွေကို စွန့်လွှတ်ပြီး အများအ တွက် အနစ်နာခံနေကြတဲ့ သူတွေပဲ ဖြစ်ပါတယ်။ အဲဒီလို ကျမသိတဲ့လူတွေအကြောင်းထဲက ကိုဌေးကြွယ်အကြောင်းကို ထုတ်နှုတ် တင်ပြချင်ပါတယ်။ ကိုဌေးကြွယ်ဟာ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ရဲ့ ခေါင်းဆောင်တွေထဲက တယောက် ပါ။

ဗမာပြည်နိုင်ငံရေးအပေါ် ဒေါက်တာဇာနည်အမြင်

Rozoner King created a doc.
[By Ramanya Ravika ]

အမေ့ဗိုက်က ထွက်လာကတည်းက ကျုပ်တို့ ဗမာတွေဟာ မုသာဝါဒကို ရှောင်ကြဉ်ဖို့ သွန်သင် ဆုံးမတာ ခံခဲ့ရပါ တယ်။ အသက်လေး နည်းနည်းရလာပြီး ဘုရားကျောင်း ကန်ဆောက်၊ သံဃာများနဲ့ ထိတွေ့ ဆက်ဆံတဲ့ အခါကျ တော့လည်း “မုသာဝါဒါ ဝေရာမဏိ”ဆိုပြီး တတွတ်တွတ် ရွတ်တတ်ကြတယ်။ ဒါပေမယ့် တကယ်တော့ ဗမာ တမျိုးသားလုံးဟာ မုသာဝါဒ မှိုင်းတွေမိပြီး ဘိုးဘွားပိုင်တိုင်းပြည်ကြီးဆို
ပြီး ဇာတိသွေး ဇာတိမာန်တွေ တက်ကြွ နေတာပါ။ ရေထဲက ငါးတွေ ရေစိုတာ မသိသလိုပါဘဲ။ မိရိုးဖလာ မျိုးချစ်ကြီးတွေ ဖြစ်မှန်းမသိဖြစ်လို့ နိုင်ငံရေး အသိမရှိတဲ့ ဘ၀မှာ အားလုံးက အမျိုးသားဇာတ်ပျက်ကြီးထဲ “ကမ္ဘာမကြေ”ဆိုတာနဲ့ တက်အောင် ထကခဲ့၊ ထက နေကြတာပါ။

မြန်မာနိုင်ငံရေးအခင်းအကျဉ်းနဲ့ ရှေ့အလားအလာ


[By Htun Aung Gyaw ]


၂၀၀၈ နာဂစ်အခြေခံဥပဒေနှင့် ၂၀၁၀ တွင် တက်လာသော ဦးသိန်းစိန်အစိုးရသည် ဒီမိုကရေစီနည်းကျ တက်လာပါသည်ဟု ကြွေးကြော်ရင်း ဆင်းရဲမှု တိုက်ဖျက်ရေး အစည်းအဝေးကို နေပြည်တော်တွင် စက်တင်ဘာလက ပြုလုပ်ခဲ့ရာတွင် ဒေါ်အောင်ဆန်းစုကြည်ကိုပါ ဖိတ်ခေါ်၍ တက်ရောက်စေခဲ့ပါသည်။ ဒေါ်အောင်ဆန်းစုကြည်မှ မြန်မာနိုင်ငံသည် ပြောင်းလဲနိုင်သော အခြေအနေသို့ ရောက်နေပြီဟု ယုံကြည်ကြောင်းကမ္ဘာ့ဒီမိုကရေစီနေ့တွင်ထုတ်ဖေါ်ပြောကြားလိုက်ပြန်ပါသည်။

Friday, September 16, 2011

ဒီမိုကရေစီ အမြစ်တွယ်ခြင်းနှင့် အဖြေမရှိသေးသော မေးခွန်း

by Lu Cifer on Friday, September 16, 2011 at 7:05pm


မြန်မာပြည်မှာ ဒီမိုကရေစီကို အမြစ်မတွယ်အောင် လုပ်ဖို့ ကြိုးပမ်းသူတွေထဲမှာ ၀န်ကြီးချုပ်ဟောင်း ဦးနုကို အစောဆုံးအဖြစ် အမှတ်ပေးရမှာပါ။ ဗိုလ်ချုပ်အောင်ဆန်းဟာ တော်လှန်ရေး ကာလမှာပဲ လုပ်ကြံခံ လိုက်ရတဲ့အတွက် ဒီမိုကရေစီ အမြစ်တွယ်အောင် ဆောင်ရွက်ခွင့် မရခဲ့ပါဘူး။

ဒီမိုကရေစီ လေ့လာရေး စာစဉ် အခန်း(၃) အပိုင်း(၁)


ပြည်သူများအတွက် ပြည်သူများကအုပ်ချုပ်သော ပြည်သူ့အစိုးရ
Government of, by, for the People

        အမေရိကန်သမတ အီဗရာဟင်လင်ကွန်း (Abraham Lincolm, 1809-1856) က နိုင်ငံအစိုးရသည် ပ်ြသူများအတွက် ပြည်သူများကအုပ်ချုပ်သော ပြည်သူ့အစိုးရများ ဖြစ်ရမည်ဟု ၄င်း၏ ၁၈၆၃ ခုနှစ်က မိန့်ခွန်းတခုတွင် ပြောကြားခဲ့သည်။ အမေရိကန် ပြည်ထောင်စုသည် ဒီမိုကရေစီ ကွန်းကားမှုတွင် ကမ္ဘာ့ရှေ့ဆောင် နိုင်ငံတခုအဖြစ် ပါဝင်နေရကား သမတ အီဗရာဟင်ကွန်း၏ “ပြည်သူများအတွက် ပြည်သူများက အုပ်ချုပ်သော ပြည်သူ့အစိုးရ” ဆိုသည့် အခြေခံသဘောတရားသည် ရှေ့ခေတ် ဂရိမြို့ပြ နိုင်ငံငယ်ကလေးများတွင် ထွန်းကားခဲ့သော ဒီမိုကရေစီကဲ့သို့ပင် ခေတ်သစ်ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်များအတွက် အခြေခံလမ်းညွှန် သဘောတရားဖြစ်လာသည်။

ဒီမိုကရေစီ လေ့လာရေး စာစဉ် အခန်း(၁) အပိုင်း(၅)


ဒီမိုကရေစီကျင့်ဝတ်နှင့် နိုင်ငံရေးအတိုက်အခံပြုခြင်း သဘောတရား
(Political Opposition With Democratic Ethic)

        ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်သည် ပြည်သူလူထု အချုပ်အခြားအာဏာပိုင်သော အုပ်ချုပ်ရေးစနစ် ဖြစ်သည်။ အခြားသော အုပ်ချုပ်ရေးစနစ်များသကဲ့သို့ အာဏာကို လူတဦး သို့မဟုတ် လူတစုက လက်ဝါးကြီး အုပ်ထားခြင်းမျိုးကို ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်က ခွင့်ပြုသည်မဟုတ်ပေ။ သက်ဆိုင်ရာ လူ့အဖွဲ့အစည်း တရပ်ကို အုပ်ချုပ်ရာတွင် လိုအပ်မည့်အာဏာများကို ထိုလူ့အဖွဲ့အစည်းအတွင်း မှီတင်းနေထိုင်သူများအကြား ခွဲဝေဖြန့်ကြက်ထားပါမှ ဒီမိုကရေစီ အုပ်ချုပ်ရေး ဖြစ်သည်ဟု ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်၏ ၀ိသေသလက္ခဏာ ကို ထောက်ပြရပေမည်။ ၄င်းသည် ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်မှ အာဏာခွဲဝေ ကျင့်သုံးခြင်းဖြစ်သည်။

လွတ်မြောက်တဲ့ အနုပညာ ပန်းချီထိန်လင်းနဲ့ စကားလက်ဆုံ


မိုးမခ၊ စက်တင်ဘာ ၁၄၊ ၂၀၁၁

လွန်ခဲ့တဲ့ ရက်သတ္တပတ်က အင်္ဂလန်မှာ ခေတ္တနေထိုင်သူ ပန်းချီထိန်လင်း မိသားစုခရီးစဉ်နဲ့ အမေရိကန်ပြည်ထောင်စုကို လာရောက်လည်ပတ်တယ်။ တော်လှန်ရေးမိတ်ဆွေများ၊ စာပေအနုပညာမိတ်ဆွေများ ရှိရာ ဖို့ဝိန်းမြို့မှာ မိတ်ဆုံစကားပြောဆိုကြတယ်လို့ ဆိုတယ်။  သူတို့ရဲ့ နောက်ဆုံး လမ်းတထောက်က ကိုလိုရာဒိုပြည်နယ်၊ ဒင်းဗားမြို့အနီး …။ မိုးမခက ပန်းချီထိန်လင်းနဲ့ တွေ့ဆုံဖို့ ကြိုးစားပေးမယ့် အစဉ်မပြေတာကြောင့် ဖုံးဆက်ပြီးတော့ စကားလက်ဆုံ ပြောမကုန်လုပ်ခဲ့ရတယ်။ သူနဲ့ ပြောခဲ့တဲ့ စကားဝိုင်းတွေထဲက ပထမဆုံး ပြောဖြစ်တာက အချုပ်အနှောင် အတားအဆီးတွေကြားထဲက အနုပညာရှင်တဦးအဖြစ် ရပ်တည်ခဲ့သူ ယခု ပြင်ပမှာ အချုပ်အနှောင်မဲ့ အတားအဆီးမဲ့ အနုပညာတွေ ဖန်တီးနေသူတဦးဖြစ်နေပြီလား ဆိုတဲ့ မေးခွန်းက စတယ်။ အဲသည်မှာ စကားတွေ ပြောဖြစ်တယ်။

ကျခြင်းဝိရောဓိ

by Ramanya Ravika on Tuesday, August 16, 2011 at 3:51am

          မကြာသေးခင်က UTube မှာ လက်ရှိနယူးယောက်မြို့တော်ဝန်က မျက်ကန်းပုံစံနဲ့ တီဗွီအစီအစဉ်တစ်ခုမှာ လူပြက်ဝင်လုပ်ပါတယ်။ အလစကာပြည်နယ်အုပ်ချုပ်ရေးမှူးကို အားကျလို့ ထင်ပါရဲ့။ ဒါပေမယ့် ပရိသတ်အတော်များများက သူ့ကို ထောမနာမပြုကြဘဲ အပြစ်တင်ကြသတဲ့။
          အလစကာပြည်နယ်အုပ်ချုပ်ရေးမှူး ဆာရာပေလင်းတုန်းက လူတွေ ဘာကြောင့် အကြိုက်တွေ့ကြသလဲ။ သူ့ကိုကျတော့ ဘာကြောင့် မကြိုက်ကြသလဲ။ ဆာရာပေလင်းက မ၊ သူက ကျား ဖြစ်လို့လား။ အချိန်နဲ့အခါ အကြိုက်နဲ့အလိုက် ကွာလို့ပေါ့။

ဘောလုံးနိုင်ငံရေး

 
by Zaw Win on Friday, September 16, 2011 at 1:43pm

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင်၊ ဒေါ်အောင်ဆန်းစုကြည် .. ဦးဇော်ဇော် ဖိတ်ကြား သော မြန်မာ-လာအို ဘောလုံးပွဲ ကို သွားရောက် အားပေး ကြည့် ရှု ခဲ့ -  ဆိုသော သတင်း ကြောင့်..အားလုံး လို လို ..အနည်း နဲ့ အများ စိတ်ဝင်တစား မျက်ခုံးချီ မိသွားကြပေမည်။

ကျမ လည်း..ချီ မိ ပါသည်။ သို့သော်လည်း.. အတွေး မှတ်ညဏ် ထဲ ကို.. ချက်ခြင်း ဆိုသလို ပြန်လည်
ဝင်ရောက် လာ တဲ့ .. ရုပ်ရှင် ကား ကြီး တခု ကြောင့်..ကျမ မျက်ခုံး တွေ..ပြေလျော့ သွားသလို ရှိပေ တော့၏။

အဖိုးတန်ဆုံး ဘဝပညာ

Dear All Friends,
 
Pls go and visit following links and read once.
 
 
အဖိုးတန်ဆုံး ဘဝပညာ တက္ကသိုလ် အဘိဓမ္မာ အတွဲ ၁၊၂၊၃ ပေါင်းချုပ်,  http://dhammadownload.com/File-Library/DrMehmTinMon/DrMehmTinMon-AhPhoTanSoneBaWaPyanaAbidhamma123.pdf
 

Thursday, September 15, 2011

အမျိုးသမီးများ ပါရဂူဘွဲ့ယူဖို့ထက် အိမ်ထောင်ပြုဖို့ ကြိုးစားသင့်ကြောင်း လီကွမ်ယုတိုက်တွန်း

by Lu Cifer on Wednesday, September 14, 2011 at 7:52pm
 
စင်္ကာပူ ၀န်ကြီးချုပ်ဟောင်း လီကွမ်ယု၏ ပါရဂူဘွဲ့ ရရှိရန် ကြိုးစားနေသည့် ခေတ်ပညာတတ် အမျိုးသမီး များအပေါ် ထားရှိသော သဘောထားကိုအမျိုးသမီး အဖွဲ့အစည်းများမှ ဝေဖန် ပြစ်တင် လိုက်သည်။ လွန်ခဲ့သည့်အပတ်က နန်ယန်တက္ကသိုလ်တွင် ပြုလုပ်သည့် ဆွေးနွေးပွဲတခုအတွင်း ပါရဂူဘွဲ့ ယူရန် ကြိုးပမ်းနေသည့် ကျောင်းသူတဦးမှ စင်္ကာပူ နိုင်ငံအတွင်းသို့ နိုင်ငံခြားသား ၀င်ရောက်လာမှုနှင့် ပတ်သက်၍ မေးခွန်းကို ဖြေကြားရာတွင် “ ပါရဂူဘွဲ့ယူဖို့ အချိန်ဖြုန်း မနေနဲ့ အိမ်ထောင်ပြုဖို့ ကြိုးစားပါ၊ မိသားစု ဘ၀က သင့်ရဲ့ပါရဂူဘွဲ့ထက် အရေးပါတယ်၊ ကျနော် မျှော်လင့်တာက ပါရဂူဘွဲ့လည်းရ၊ အိမ်ထောင်ဖက်လည်းရဖို့ မျှော်လင့်ပါတယ်” ဟု ဖြေကြားခဲ့သည်။

နယ်ချဲ့ အစိုးရနှင့် တိုက်ပွဲဝင်ခဲ့သူ ဦးသန်းတင့် (ဓူဝံ)

by Thant Ko Ko Maung on Wednesday, September 14, 2011 at 7:08pm
 
ဦးသန်းတင့်၏ အကြောင်းကို မရေးမီ ရှေးဦးစွာ ဦးချစ်မောင် (ဂျာနယ်ကျော်) ၏ အကြောင်းကိုရေးဘို့ လိုပေ
လိမ့်မည်။ မြန်မာ့အလင်း သတင်းစာတိုက်တွင် ဦးချစ်မောင် အယ်ဒီတာချုပ်အဖြစ် တာဝန်ထမ်းဆောင်နေ စဉ် ဦးသန်းတင့်မှာဦးချစ်မောင်၏ လက်အောက်၌ အယ်ဒီတာတစ်ဦး ဖြစ်သည်။ မြန်မာ့အလင်းမှ ဦးချစ်မောင် နုတ်ထွက်သွားသောအခါကျမှ အယ်ဒီတာချုပ် တာဝန်ကို ဦးသန်းတင့်က ယူခဲ့ရ၏။ဦးချစ်မောင် နုတ်ထွက် သွားခဲ့ရခြင်းမှာ ဤသို့ဖြစ်သည်။

Wednesday, September 14, 2011

မြန်မာ့နိုင်ငံရေး ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခြင်း

by Yangon Times on Tuesday, September 13, 2011 at 9:47pm
 
ရန်ကုန်တိုင်းမ်   - အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးကိစ္စကအရင်က ထက်စာရင်တိုးတက်လာတယ်လို့တစ်ချို့ ကသုံးသပ်နေကြပါတယ်။ အန်တီနဲ့ ပြည်ထောင်စုဝန်ကြီးဦးအောင်ကြည်နဲ့  တွေ့ပြီးတဲ့နောက် နိုင်ငံတော်သမ္မတ ကြီးနဲ့တွေ့တာလည်းကျွန်တော်တို့ တွေ့ရတဲ့အတွက် လက်ရှိအစိုးရနဲ့ သွားနေတဲ့Dialogue အခြေအနေ အပေါ်ကို အန်တီဘယ်လိုသုံးသပ်ပါလဲ။

ယဉ်ကျေးမှုတော်လှန်ရေးသစ်

by Maung Maung Wann on Wednesday, September 14, 2011 at 12:33pm

“မော်ရဲ့ နောက်ဆုံး ကချေသည်” ( Mao’s Last Dancer) ဆိုတဲ့ ရုပ်ရှင်လေးကို အချိန်ရရင် ခံစားကြည့်စေချင်ပါတယ်။ တရုပ်ပြည်ကွန်မြူနစ်ပါတီဟာ ကလေးတွေကို ဘဲလေး ကချေသည်အဖြစ် ကခိုင်းဖို့အတွက် နယ်စွန်နယ်ဖျားကျေးရွာလေးတွေထိ သွားပြီး ရွေးချယ်ခဲ့တယ်။ ကလေးတွေကို အကသင်ခန်းစာတွေပေးတဲ့အခါ စစ်တပ်တတပ်လို မောင်းနှင်ခဲ့တယ်။ ကလေးတွေက တကယ့်ကို တိုင်းပြည်ဂုဏ်ဆောင်ဖြစ်ခဲ့ပါတယ်။ အဲ့ဒီထဲက အထူးချွန်ဆုံးကောင်လေးတယောက်ကတော့ အမေရိကန်   ပြည်ထောင်စုဆီသွားပြီး သူ့ရဲ့အနုပညာ အကစွမ်းရည်ကို ပြသခွင့်ရခဲ့တယ်။ နောက်ဆုံး နိုင်ငံရေးခိုလှုံခွင့်တောင်းပြီး နေထိုင်ဖို့ကြိုးစားခဲ့တယ်။

ဒီမိုကရေစီရပြီလား"

by U Nay Meinda on Wednesday, September 14, 2011 at 12:29pm


နယ်က စာဖတ်ပရိသတ်မိန်းကလေးတွေနဲ့ လူငယ်လေးတွေ ရောက်လာတဲ့ အခါတိုင်း ဒီမေးခွန်းကို မေးတတ် ကြတယ်။ စာစုံအောင် ဖတ်လေ့ရှိတဲ့ လူငယ် တချို့ကတော့ "ရွှေပြည်ကြီးကို ရောက်ပြီလား အဘ"လို့ မေးကြတယ်။

မှန်ရာကိုသာ ပြောချင်
တစ်ခါက လောကပါလတရားနဲ့ ပြည့်စုံတဲ့ ရွှေပြည်ကြီးကို ရောက်ဖို့ မဝေးတော့ပါဘူးလို့ ရေးခဲ့ ဖူးတာကို ရည်ညွှန်းပြီး 'ရွှေပြည်ကြီး' ရောက်ပြီလားလို့ မေးတာပါ။ သူတို့ ဒီလိုမေးတာဟာ တကယ်သိချင်လို့ မေးကြတာ ဖြစ်တယ်။ ခနဲ့ပြီး၊ ကလိပြီးမေးတာ မဟုတ်ပါဘူး။ အသက်အရွယ် ငယ်ကြသေးပြီး အတွေ့အကြုံ နုနယ်ကြလေတော့ ဝေဖန် ပိုင်းခြားမှုမှာ အားနည်းကြတယ်။ ဒါကြောင့် သူတို့ ယုံကြည် လေးစားမှု ရှိတဲ့ ပုဂ္ဂိုလ် တစ်ယောက် အဖြစ် သဘောထားပြီး လာရောက် မေးမြန်းကြတာ ဖြစ်တယ်။

ဟန်ချက်ညီ

by သစ္စာ ပန်းခင်း on Wednesday, September 14, 2011 at 9:12am

၂၀၀၈ အခြေခံဥပဒေ ဆိုတာကို အုတ်အောင်သောင်းနင်း ကြော်ငြာပြီး ၂၀၁၀ ရွေးကောက်ပွဲကနေ ဒီမိုကရေ စီလမ်းကြောင်းဘက် အပြောင်းအလဲ စလိုက်ပြီဆိုပေမယ့် ရွေးကောက်ပွဲနေ့က စလိုက်တဲ့ သေနတ်သံဟာ ၂၀၁၁ ခုရောက်တော့ ပိုများ ပိုကျယ် ပိုပြင်းထန်လာပါတယ်။

မြန်မာမလေးများနှင့် ယမကာယဉ်ကျေးမှု .........(အတွေး)

              ဒီနေ့ ကျွန်တော် တစ်ယောက်ထဲ အားအား၇ှိတာနဲ့  East Point Ocean ဘက်ရောက်တော့ အထဲဝင်ပြီး window shopping လေးလုပ်၊ ပြီးတော့ အောက်ထပ်က မှန့် ဆိုင်မှာ ဂျာနယ်လေးဖတ် ၊မုန့် လေးစား နဲ့  တစ်ယောက်ထဲ အေးအေးဆေးဆေးနေနေတုန်း "အကို "ဆိုတဲ့ ခေါ်သံကြားလို့ ခေါင်းထောင်ကြည့်မိတော့ကျောင်းတုန်းက သူငယ်ချင်း မလေးတစ်ယောက်ဖြစ်နေတယ်။ သူငယ်ချင်းသာဆိုပေမဲ့  ကျွန်တော်ကသူတို့ ထက် ၂ နှစ်လောက်ကြီးတော့ အကိုလို့ ပဲခေါ်ကြတာပေါ့၊ မောင်နှမတွေလိုပါပဲ ။ အဲ့ ဒါနဲ့  ကျွန်တော်လဲ အေးဘာလဲညာလဲ နဲ့ နှုတ်ဆက်ပြီး စကားပြောတော့ အဲ့ ဒိ မမက ဘာမပြောညာမပြောနဲ့  ကျွန်တော့်ဘေးနား ဘုန်းခနဲ့ ပစ်ထိုင်လိုက်ပြီး ကျွန်တော့် ပုခုံးပေါ် သူ့ ခေါင်းကို ပစ်စလတ်ခတ်ကိုမှီထဲ့ လိုက်လေရဲ့ ။

တတိယ မှန်နန်းကော်မရှင်၂၂၊ ၂၃၊ ၂၄

တတိယ မှန်နန်းကော်မရှင်၂၂



လွတ်လပ်တဲ့အာရှအသံ
သောတရှင်များခင်ဗျား။ ဒီတပတ်ဆက်ပြောမှာက လွတ်လပ်ပီးခေတ် မြန်မာအစိုးရက မြန်မာသမိုင်းပြန်လည်ပြုစုရေးမှာ ပါဝင်ခဲ့တဲ့ သမိုင်းပညာရှင် အရာရှိကြီးများအကြောင်းနဲ့ မြန်မာသမိုင်းကော်မရှင်အကြောင်းဖြစ်ပါတယ်။
ဗိုလ်မှူးဘရှင်ဆိုတဲ့ ဗြိတိန်စစ်သံမှူးဟောင်း သမိုင်းပညာရှင် ဒေါက်တာလုစ်ရဲ့ တပည့်ရင်းပုဂ္ဂိုလ်ကြီးကို သောတရှင်များကြားဘူး ဖတ်ဖူးကြမယ်ထင်ပါတယ်။

Tuesday, September 13, 2011

ဒီမိုကရေစီနိုင်ငံရေး၏ အခြေခံအုတ်မြစ်များ အခန်း (၁) ၊ အပိုင်း(၄)

 

“နိုင်ငံရေး” ကို အရစ္စတိုတယ်က ရှုမြင်သုံးသပ်ပုံ


        ဒဿနိကပညာရှင် အရစ္စတိုတယ် (၄၈၄-၃၂၂ဘီစီ) ၏ ခေတ်ကာလတွင် ဂရိနိုင်ငံသည် အေသင် (Athens) သီးဘီးစ် (Fhebes)၊ ကိုရင်သ် (Corinth)၊ စပါတာ (Sparta) အစရှိသော သီးခြား မြို့ပြနိုင်ငံ ငယ်လေးများအဖြစ် တည်ရှိခဲ့သည်။ အင်္ဂလိပ် ဝေါဟာရဖြစ်သည့် Politics (နိုင်ငံရေး) သည်၊ ဂရိ ဝေါဟာရဖြစ် သည့် Polis (မြို့ပြနိုင်ငံ) မှ ဆင်းသက်လာခြင်းဖြစ်သည်။ အရစ္စတိုတယ်၏ အရေးအကြီးဆုံးသော သဘော တရား သုံးရပ်မှာ-

(၁)     တည်ရှိနေသမျှ အခါခပ်သိမ်းသည် ၄င်းတို့ကို ဖန်တီးထားသည့် ပုံစံအပေါ်မူတည်၍ “အဆုံးနိဂုံး” သို့ မဟုတ် “ရည်ရွယ်ချက်ပန်းတိုင်” (ဂရိဘာသာစကားအားဖြင့် telos) ရှိရစေစမြဲဖြစ်သည်။

ဒီမိုကရေစီ လေ့လာရေးစာစဉ် အခန်း(၁) အပိုင်း(၄)


ဒီမိုကရေစီနှင့် နိုင်ငံရေးညီမျှမှု

(Democracy and Political Equality)

          ဒီမိုကရေစီနိုင်ငံရေးစနစ်အတွင်းတွင် နိုင်ငံသားအားလုံး နိုင်ငံရေးညီမျှမှု ရှိရမည်သာဖြစ်သည်။ ဤနေရာတွင်နိုင်ငံရေး ညီမျှမှုဆိုသည်မှာ အဘယ်နည်း၊ ၄င်းတို့ကို မည်သည့်စံများအရ မည်သို့တိုင်းတာ မည်းနည်းဟူသော မေးခွန်းများမေးရန် ပေါ်ပေါက်လာပေလိမ့်မည်။

          ပညာရှင်များ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို ရေဘုယျတင်ပြရလျှင် နိုင်ငံရေးညီမျှဆိုသည်မှာမဲပေးခွင့်ရှိ သူတိုင်း တပြားစီ မဲပေးခွင့်ရှိပြီး ထိုမဲပြားတိုင်းသည် တူညီသောတန်ဖိုးရှိရမည်ဟူ၍ဖြစ်သည်။ ဆင်းရဲချမ်းသာ၊ ကျားမ၊ ဘာသာ၊ လူမျိုး၊ နိုင်ငံရေးယုံကြည်မှု ခွဲခြားမှုမရှိဘဲ နိုင်ငံရေးတွင် အဆင့်အတန်းတူညီစွာ ပူးပေါင်းဆောင်ရွက်ခွင့်ပင် ဖြစ်သည်။ မဲပေးပိုင်ခွင့်ရှိသာ မဲပြားနှင့်တန်ဖိုး တူညီခြင်းဖြစ်ရန် လိုသကဲ့သို့ ထိန်ချုပ်မှု၊ ခြိမ်းခြောက်မှုမရှိဘဲ မဲပေးခွင့်သည်လည်း နိုင်ငံရေးညီမျှမှုအတွက် မရှိမဖြစ်လိုအပ်သည်။

Sunday, September 11, 2011

ဒီမိုကရေစီ လေ့လာရေး စာစဉ် အခန်း(၁) အပိုင်း(၃)




အကျိုးတူအုပ်စုများနှင့် ပြည်သူ့ဆန္ဒ၊ ပြည်သူ့အသံ
(Interest Groups and Public Opinion)
          ဒီမိုကရေစီသည် ပြည်သူ့အုပ်ချုပ်ရေးစနစ် ဖြစ်သည်ဆိုသည်နှင့်အညီ ပြည်သူ့အသံ ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်တွင် ရှေ့တန်းမှ ပါဝင်လျက်ရှိသည်။ သို့ရာတွင် ပြည်သူ့ဆန္ဒ၊ ပြည်သူ့အသံဆိုသည်ကို တစုတစည်းတည်းအနေဖြင့် သတ်မှတ်ရန်ကား အခက်အခဲရှိပါသည်။ ပြည်သူလူထုကြီးတွင် အလွှားပေါင်းစုံ၊ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ ပါဝင်နေရကား ထိုသူအားလုံးသည် တထပ်လည်း၊ တသံတည်းဖြစ်သော ပြည်သူ့ဆန္ဒ၊ ပြည်သူ့အသံ ဆိုသည်ကို ထုတ်ဖော်ရန် များစွာ အခက်အခဲရှိတတ်ပါသည်။ ထိုအခါမျိုးတွင် ပြည်သူ့ဆန္ဒ ပြည်သူ့အသံမျိုးစုံသည် ကွဲပြားခြားနားသော အလွှာ၊ လူမျိုး၊ ဘာသာ စသည့်နယ်ပယ်များမှ ဆင်းသက်ခြင်း ဖြစ်လာရသည်။ ထိုအခါ ကိုယ်ကျိုးစီးပွားတူရာများဖြင့် ဖွဲ့စည်းထားသည့်အုပ်စုများသည် နိုင်ငံရေးတွင် စုပေါင်းပါဝင်လာကြသည်။

ဒီမိုကရေစီနိုင်ငံရေး၏ အခြေခံအုတ်မြစ်များ အခန်း (၂) ၊ အပိုင်း(၁)

 
နိုင်ငံရေးဆိုသည်မှာ
        ပြီးခဲ့သောအခန်းတွင် လူ့သဘော၏ယေဘုယျ သဘောတရားကို တင်ပြခဲ့ရာတွင် “လူ” သည် ဗီဇ အသိနှင့် ယဉ်ကျေးမှုကိုသာမက အသိဥာဏ်ကိုပါ ပိုင်ဆိုင်သည့် သတ္တ၀ါတစ်မျိုးဖြစ်ကြောင်း ဖော်ပြခဲ့ပြီး ဖြစ်သည်။ ထို့ပြင် “နိုင်ငံတော်”ဆိုသည်မှာ ပိုင်နက်တစ်ခုအတွင်းရှိ လူများအပေါ်တွင် သက်ရောက်မှုရှိသော အချုပ်အခြာအာဏာကို အကြွင်းမဲ့ ပိုင်ဆိုင်သည့် ဌာနတစ်ရပ်ဖြစ်ကြောင်းကိုလည်း အကျဉ်းရုံး၍ အဓိပ္ပါယ်သတ် မှတ်ခဲ့ပြီး ဖြစ်ပါသည်။ ထိုအကြောင်းအရာနှစ်ရပ် (လူနှင့် နိုင်ငံတော်) ကို အာဏာရှင်နိုင်ငံရေးတို့အားဖြင့် ဆက်စပ်ဖော်ပြ ခဲ့ပြီးလည်းဖြစ် ပါသည်။ ဒီမိုကရေစီနိုင်ငံရေးတွင် လူတစ်ဦးချင်းစီသည် ညီမျှသော်ဂုဏ်သိက္ခာနှင့် တန်းတူအခွင့်အရေးတို့ကို ရရှိကြသည်။  လူတစ်ဦးချင်းစီ၏ ညီမျှသောဂုဏ်သိက္ခာကို လေးစားသမှုရှိသည့် ၊ တစ်ပြေးညီ လူမှုဆက်ဆံရေး ဖြစ်သောကြောင့် နိုင်ငံရေးအသိုက်အ၀န်းရှိ လူအားလုံးတို့သည် ၎င်းတို့၏ဗီဇအသိ နှင့် ယဉ်ကျေးမှုကိုသာမက အသိဥာဏ်ကိုပါ အပြည့်အ၀ အသုံးချခွင့်ရှိကြသည်။ သို့သော် အာဏာရှင်နိုင်ငံရေး တွင်မူ ထက်အောက်စဉ်ဆက် စနစ်အရ အထက်လွှာမှ လူတို့က အောက်လွှာမှ လူများအား ၎င်းတို့၏ အသိဥာဏ်ပညာကို လွတ်လပ်စွာ အသုံးချခွင့်မရအောင် ပိတ်ပင်ထားကြလေသည်။  ထို့ကြောင့် အောက်လွှာမှ လူတို့မှာ သဘာဝဗီဇအသိနှင့် ယဉ်ကျေးမှုမျှ သာရှိကြသော သတ္တ၀ါများသဖွယ်ဖြစ်လာတော့သည်။
Related Posts Plugin for WordPress, Blogger...