Monday, October 31, 2011
မြန်မာ့သမိုင်းကြောင်း သက်သေရှိခဲ့တဲ့ ... တရုပ်အတွင်းသဘော။
Thorn Nay Soe created a doc.
မြစ်ဆုံကိစ္စမှာ ကျွန်တော်တို့တွေ တရုပ် (အစိုးရ) ကို လန့်သွားခဲ့ပါတယ်။ ဒီ့နောက်မှာ တရုပ် (အစိုးရ)အကြောင်းတော်တော်ပြောဆိုလာ ကြချိန်မှာ ဘင်္ဂလားနယ်က လေလွင့်လာသူတွေကိစ္စက ရှေ့တန်းရောက်လာပြန်တယ်။ သယ်ဆောင်လာသူက BBC.ဒေါသတွေဖြစ်ရင်းနဲ့ ပဲ ကျွန်တော်တို့ကန့်ကွက်ကြရပြန်တယ်။ ကျွန်တော်လည်း အဲဒီဘင်္ဂလားက ကျူးကျော်သူတွေအကြောင်း တော်တော်ပြောဖြစ်လိုက်ပါ တယ်။ ဒါပေမဲ့ မျက်ခြေပြတ်သွားလို့ မဖြစ်တဲ့ အရာတွေရှိနေသေးကြောင်း လည်း... ကိုယ့်ကိုယ်ကို သတိပေးနေမိတယ်။
၁) ကချင်သွေးချင်းတွေကိစ္စ။
၂) တရုပ်လွှမ်းမိုးနိုင်မှုအခြေအနေ
၃) ကျန်ရှိနိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး 
၎) ဘင်္ဂလားဒေ့ရှ်ကလာလုနေတဲ့ မြန်မာ့ရေပိုင်နက်ကိစ္စ ... ကိစ္စတွေက အများကြီးပါပဲ။
۩۞۩♥ အစိုးရ၏အဓိပ္ပါယ်နှင့်အဓိပ္ပါယ်ရှိသောအစိုးရ♥۩۞۩♥
by Hlaing Bwa on Sunday, September 4, 2011 at 6:45am
အုပ်ချုပ်ရေးပေါ်ပေါက်ခြင်း
မနုဿဗေဒပညာရှင်များ၏အလိုအရ လွန်ခဲ့တဲ့ နှစ်ပေါင်းသုံသောင်းလောက်ကစပြီး လူဟာ
မရှိသလို အုပ်ချုပ်ပုံ စည်းမျဉ်းဥပဒေများလည်း မရှိခဲ့ပါ။ သို့ သော် လွန်ခဲ့သော နှစ်ပေါင်း
တသောင်းလောက်ကစပြီး အာရှမိုင်နား (Asia Minor) နဲ့ မက်ဆိုပိုတေးမီးယား
(Mesopotamia)  မြောက်ပိုင်းဒေသများမှာ လူမူရေးနဲ့ နိုင်ငံရေးဆိုင်ရာ အုပ်ချုပ်မူတွေ
ရှိလာခဲ့ပြီလို့ ဆိုပါတယ်။
တရုတ်နိုင်ငံအတွင်း မြန်မာထောက်လှမ်းရေး၏ အဖမ်းခံခဲ့ရသူ
by Mizzima မဇ္ဈိမ on Monday, October 31, 2011 at 6:17pm
ကိုဝိုင်း | တနင်္လာနေ့၊ အောက်တိုဘာလ ၃၁ ရက် ၂၀၁၁ ခုနှစ် ၁၆ နာရီ ၂၉ မိနစ်
   တရုတ်ပြည်၊ ရွှေလီမြို့၌ ၁၉၉၉ ခုနှစ်က အဖမ်းမခံရမှီ သမီးနှင့်အတူ တွေ့ရစဉ် (ဓါတ်ပုံ မိသားစုမှပေးပို့သည်)
ချင်းမိုင် (မဇ္ဈိမ) ။        ။ ကိုစိန်အေးသည် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF တွင် တာဝန်ထမ်းဆောင်နေရင်း တရုတ်- မြန်မာနယ်စပ် တရုတ်နိုင်ငံအတွင်း ရွှေလီနှင့် ကြယ်ခေါင် မြို့ အကြားတွင် ၁၉၉၉ ခုနှစ်က မြန်မာထောက်လှမ်းရေးများ၏ ဖမ်းဆီးခြင်းခံခဲ့ရသည်။
အင်းစိန်ထောင်၊ သရက်ထောင်တို့တွင် ထောင်ဒဏ် ၁၂ နှစ်ကျော် ကျခံခဲ့ပြီး အောက်တိုဘာ ၁၂ ရက် လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် ပြန်လွတ်လာသည်။ယခုအခါ ရှမ်းပြည်နယ်မြောက်ပိုင်း မိုးညင်းမြို့တွင် မိဘနှစ်ပါးနှင့် အတူ နေထိုင် လျက် ရှိသည်။
ကြောင်လိုလို ကြွက်လိုလို လုပ်မနေနဲ့
(မောင်ဝံသ)
by Maung Wuntha on Monday, October 31, 2011 at 12:46am
ယခု အပတ်ထုတ် True News သစ္စာဂျာနယ်မှာ ဖော်ပြခဲ့တဲ့ မှန်တာပြောသစ္စာ ဆောင်းပါး။
ဒီမိုကရေစီနိုင်ငံများက လွှတ်တော်တွေမှာ အဓိက အာဏာရပါတီနဲ့ ယင်းရဲ့ မဟာမိတ်များ၊  အဓိက အတိုက်အခံပါတီနဲ့ ယင်းရဲ့ မဟာမိတ်များဆိုတာ ရှိစမြဲပဲဗျ။ ]]အတိုက်အခံတို့ဘာတို့ ပြောမနေပါနဲ့၊ လွှတ်တော်ထဲမှာ ပါတီတွေ ညီညီညွတ်ညွတ်နဲ့ တိုင်းပြည်အကျိုးရှိမယ့်ကိစ္စတွေမှာ စည်းစည်းလုံးလုံး ပူးပေါင်းဆောင်ရွက်သွားရအောင်}}လို့ ပြောရင် အဲဒါဟာ စိတ်ကူးယဉ်တာပဲ ဖြစ်မယ်လို့ ကျွန်တော် ပြောချင်သဗျ။ ပါတီစုံဒီမိုကရေစီဟာ နာမည်အတိုင်းပဲ ပါတီစုံ ဖြစ်ရမယ်။ အသွင်သဏ္ဍာန်ရော အနှစ်သာရပါ တစ်ပါတီပုံစံ လုံးဝ မဖြစ်သင့်ဘူးလို့ စဉ်းစားမိပါတယ်။
    ဆိုလိုတာက လွှတ်တော်တွင်းရောက်နေတဲ့ နိုင်ငံရေးပါတီတွေအားလုံး တစ်သံတည်းထွက်ဖို့၊ တစ်ခုတည်းသော သဘောထားတွေ ဖော်ထုတ်ဖို့ဆိုတာ မဖြစ်လည်းမဖြစ်နိုင်၊ မဖြစ်လည်း မဖြစ်သင့်ဘူးလို့ ပြောချင်တာပါ။ မဖြစ်နိုင်ဘူးဆိုတာကိုတော့ အထူးရှင်းပြစရာလိုမည် မထင်ပါ။ မဖြစ်သင့်ဘူးဆိုတာကို နည်းနည်း ရှင်းပြချင်ပါတယ်။
ဒီမိုကရေစီနိုင်ငံရေး၏ အခြေခံအုတ်မြစ်များ အခန်း (၇) ၊ အပိုင်း(၁)
နိုင်ငံသားတို့ ကိုယ်တိုင်အုပ်ချုပ်သည့် လူ့အဖွဲ့အစည်းတစ်ရပ်ဖြစ်သည့် ဒီမိုကရေစီလူ့အခွင့်အရေးနှင့် လူ့အခွင့်အရေးတို့ အမြဲတစေ ပတ်သက်မှုရှိကြသည် မဟုတ်ပါ။ လူ့အခွင့်အရေးဟု ယနေ့ခေတ်တွင် ကျွန်ုပ်တို့ နားလည်ထားသော အယူအဆသည် ရှေးခေတ်က အေသင်မြို့ပြနိုင်ငံတွင် ထွန်းကားခဲ့ခြင်း မရှိပါ။ နိုင်ငံသား အများစု၏ ဆန္ဒအရ ရေးဆွဲထားသော မူဝါဒများတည်ရှိသည့် သမတနိုင်ငံတစ်ခုတွင်  လူနည်းစုနှင့် လူပုဂ္ဂိုလ် တစ်ဦးချင်းစီ၏ ရပိုင်ခွင့်များကို ပုံမှန်အားဖြင့် မတရားကျူးလွန်ဖောက်ဖျက်ခြင်းမျိုး ရှိနိုင်ပါသည်။ ရှေးဂရိလူမျိုး များ ပိုင်ဆိုင်သော ကျွန်များတွင် မည်သည့်အခွင့်အရေးမျှ မရှိခဲ့ပါ။ ၁၉၆၀ ပြည့် လွန်နှစ်များမတိုင်မီက အမေရိ ကန်ပြည်ထောင်စု၏ တောင်ပိုင်းပြည်နယ်တို့တွင် လူဖြူနိုင်ငံသားများအနေ ဖြင့် နိုင်ငံသားအခွင့်အရေးနှင့် လူ့အခွင့်အရေးတို့ကို ခံစားနိုင်ခဲ့ကြသော်လည်း ဤအခွင့်အရေးများကို အမေရိကန်လူမည်းတို့အား ခံစားခွင့် မပေးခဲ့ကြချေ။
ခေါင်းဆောင်အရည်အသွေး
ပြည်သူ့ခေတ် ဂျာနယ် အတွဲ(၁)၊ အမှတ်(၃၅)မှ 
ခေါင်းဆောင်မှု-၁၀
အဝေဖန်ခံနိုင်ခြင်း
          ခေါင်းဆောင်ကောင်းတစ်ဦးသည် သူတစ်ပါးကို သူတပါးကို ဝေဖန်နိုင်သော ဥာဏ်ပညာ အရည်အချင်းနှင့် သတ္တိရှိဖို့ လိုသကဲ့သို့ မိမိကိုယ်လည်း မငဲ့ညာ ဝေဖန်ဆန်းစစ်ကာ အခြားသူတစ်ဦးဦးက မိမိကိုရစရာမရှိ အောင် ဝေဖန်ပြစ်တင် ပုတ်ခတ်သည်ကိုလည်း အိနြေ္ဒမပျက် အရည်ထူထူခံ နိုင်ရည်ရှိဖို့ လိုပေသည်။ မိမိအားဝေ ဖန်သူသည် မိမိကို လမ်းပြသူဟု မှတ်ယူသင့်ပေသည်။
          မိမိအားဝေဖန်မှုများ တိတ်ဆိတ်နေခြင်းသည် ကောင်းလို့ ငြိမ်နေတာပဲဟု ယူဆလျှင် အကောင်းမြင်ဝါဒကို လက်ကိုင်ပြုရာရောက်နေပေမည်။ သက္ကာယဒိဠိ ဖုံးလွှမ်းနေရာ လည်းရောက်ပေမည်။ ဝေဖန်သံများ ဆူညံ ကျယ်လောင်နေခြင်းသည် မိမိအတွက် လမ်းရှာပေးနေခြင်း၊ လမ်းမီးတိုင်များ ထွန်းညှို့ ပေးနေခြင်းဖြစ်၏။ တိတ် ဆိတ်နေခြင်းသည် မိမိကို ဥပက္ခာပြုရာရောက်၏။ ဖြစ်ချင်ရာဖြစ် တို့နှင့်မဆိုင်ဟု သဘောထားရာရောက်၏။ ဖန် တီးလုပ်ယူထားသော ချီးကျူးချက်များသည် အခြေအနေအခိုက်အတန့် တစ်ခုအတွက် သင့်လျော်သော်လည်း ရေရှည်တွင် အန္တရယ်များတတ်၏။
နိုင်ငံရေးနှင့် ကွဲပြားခြားနားမှုများ
စံပယ်ဖြူ၊ မဂ္ဂဇင်း ၊ အမှတ်(၅)၊ သြဂုတ်၊ ၂၀၀၆ မှ
ညီထက်အောင်
ဒေါက်တာဂျေဒီဘီမေလာ
ပါမောက္ခ ဒေါက်တာမေလာသည် လန်ဒန်စီးပွားရေးသင်တန်းကျောင်းနှင့် လိုက်စက်စတာ တက္ကသိုလ်တွင် စာပေများပို့ချခဲ့သည်။ နယူးဒေလီမြို့ရှိ အိန္တိယ နိုင်ငံတကာလေ့ကျင့်ရေးကျောင်းနှင့် နယူးယောက်မြို့ရှိ ကိုလံဘီယာ တက္ကသိုလ်တို့တွင် ဧည့်ပါမောက္ခအဖြစ် ဆောင်ရွက်ခဲ့သည်။ ထို့နောက် ကင်ဘာရာမြို့ရှိ သြစတေးလျ အမျိုးသားတက္ကသိုလ် နိုင်ငံတကာဆက်ဆံရေးဌာနတွင် ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင် ခဲ့သည်။ သူရေးသားခဲ့သော စာအုပ်များမှာ နိုင်ငံရေး၏ သဘောသဘာဝ၊ သြစတေးလျအစိုးရနှင့် နိုင်ငံရေး၊ ကမ္ဘာ့ဓနသာဟာယနိုင်ငံတို့ဖြစ်သည်။
ဒီမိုကရေစီ လေ့လာရေးစာစဉ် အခန်း(၆) အပိုင်း(၁)
ဒီမိုကရေစီနှင့် ဆန့်ကျင်သော အုပ်ချုပ်ရေးစနစ်များ
Anti-Democratic Regimes
၂၀ ရာစု နှစ်များအတွင်းတွင်း ဒီမိုကရေစီသည် အရှိန်အဟုန်နှင့် ကမ္ဘာတ၀ှမ်းတွင် တိုးတတ်ထွန်းကား လျက်ရှိကြသည်။ မည်သည့်နိုင်ငံ၊ မည်သည့် လူ့အဖွဲ့အစည်းမဆို ဒီမိုကရေစီကို ရှုထောင့်စုံ၊ ပုံစံပေါင်းစုံဖြင့် ပြောဆိုကြ၊ ကျင့်သုံးကြ၊ ချည်းကပ်ကြနှင့် ရှိနေကြသည်။ ပုသဏ္ဍာန် အမျိုးမျိုးဖြင့် အာဏာရှင်ဖြစ်နေသော လူပုဂ္ဂိုလ်၊ လူစု၊ အဖွဲ့သည်ပင်လျှင် ဒီမိုကရေစီဟူသော ဝေါဟာရကို ၄င်းတို့အကျိုးစီးပွား အာဏာကို မထိခိုက်စေအောင် ပြုပြင်ဖန်တီးကြပြီး နောက်တွင်ဒီမိုကရေစီကို ကျင့်သုံးကြောင်း ပြောဆိုနေကြသည်။ ထိုသို့သော ဒီမိုကရေစီသည် အုပ်ချုပ်သူလူတန်းစား အတွက်သာ ဖြစ်ပြီး ပြည်သူ့အုပ်ချုပ်ရေး စနစ်ဖြစ်သည့် ဒီမိုကရေစီ၏ အနှစ်သာရသည် မူရင်းနှင့် များစွာ ကွဲပြားလျက် ရှိကြသည်။ ထို့ကြောင့် ဒီမိုကရေစီကို ဆိုင်းဘုတ်တိုင်တာမျှဖြင့် ဖုံးကွယ်ထားတတ်ကြသော အာဏာရှင် အုပ်ချုပ်ရေးစနစ်များကို မြင်သာစေရန် နိုင်ငံရေး သိပ္ပံပညာရှင်များက လေ့လာဖော်ထုတ် ခဲ့ကြသည်။
31.10.2011 နေ့ဖတ်ရန်သတင်းများ
by Myanmar Journal on Monday, October 31, 2011 at 7:28am
KNU နဲ့ အစိုးရအကြား ဆွေးနွေးဖို့ ကြိုးပမ်းနေ
KNU က ကိုယ်စားလှယ် စေလွှတ်ဖို့ အထိကို ဆွေးနွေးနေတာ ဖြစ်ကြောင်း သိရ
ကရင်အမျိုးသား အစည်းအရုံး KNU နဲ့ အစိုးရအကြား ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ကြိုးပမ်းမှုတွေ ရှိနေတယ်ဆိုတဲ့ သတင်း တွေ ထွက်ရှိနေပါတယ်။
KNU ဘက်ကို မြန်မာ အစိုးရ ဘက်ကနေ စက်တင်ဘာလမှာ တကြိမ်၊ အောက်တိုဘာ လမှာ တကြိမ် လာဆက်သွယ်တာရှိတယ်လို့ သိရကြောင်း ဘီဘီစီ သတင်းထောက် ကိုအောင်ကျော်ဦးက ပြောပါတယ်။
ဒီအတွက် KNU ဗဟိုကော်မတီ အတွင်းမှာ ဆွေးနွေးမှုတွေ ရှိနေပြီး၊ KNU ကနေ ကိုယ်စားလှယ်အဖွဲ့ တဖွဲ့ စေလွှတ်ဖို့ အထိကို ဆွေးနွေးနေတာဖြစ်ကြောင်း သိရတယ်လို့ ဆိုပါတယ်။
Sunday, October 30, 2011
ကျနော်တို့ရဲ့ အတွင်းရန်
by Stephin Lee on Friday, October 28, 2011 at 2:29pm
နိုင်ငံရေး၊ တော်လှန်ရေးသမား အမည်ခံ (သို့မဟုတ်) ခံယူထားသူ အချို့၏ အမြင်များကို ဖေ့စ်ဘွတ်၊ ဘလော့ စတဲ့ အများမြင်သာသည့် အွန်လိုင်း လူမှုဆက်ဆံရေး နေရာများတွင် ရေးကြ၊ ပြောကြ၊ မှတ်ချက်ပေး ဆွေးနွေးကြသည်များမှာ အံ့မခန်းလိလိ မသတီဖွယ်ကောင်းသည်ကို တွေ့မြင်ရသည်မှာ စိတ်မချမ်းမြေ့ဖွယ်ရာပါ။ သူတို့ ဘာဆိုသည်ကို လက်တဆုံး မနှိုက်ကြည့်နိုင်သော်လည်း၊ စိတ်ပျက်ဖွယ် အလွန်ကောင်းသည်။
ထိုသူများတွင် နိုင်ငံရေး လုပ်သည့် အခါ လိုတဲ့အခါ ဆွဲတင်၊ မလိုတဲ့အခါ ရိုက်ချ၊ လိုတဲ့နေရာ ထုတ်သုံး စတဲ့ . စတဲ့ မရင့်ကျက်တဲ့ တွေးခေါ်မျှော်မြင်မှုမျိုးများနှင့် လုပ်ကိုင်နေကြသည်။ ဥာဏ်မကစား တတ်ကြတော့။ ဝှက်ဖဲနှင့်သာ ကစားတတ်ကြတော့သည်။ ထို အကျင့်ဗီဇများနှင့် နှစ်ကာလ ကြာမြင့်စွာ ရပ်တည်နေ ခဲ့ကြသည်။ ထိုသူတို့ ပတ်ဝန်းကျင်များကလည်း ထိုအကျင့်ကို ရှင်သန်ခွင့်ပေးသည်။ ရှက်ဖွယ်ကောင်း လှသည်။
ကန့်ကွက်မူများကြောင့် ဘီဘီစီမှတင်ထားသော မြန်မာမြေပုံကို အပြောင်းအလဲလုပ်
BBC-Inaccuate-Map ဘီဘီစီ အင်္ဂလိပ်ဆိုက်တွင် ယခင်ဖော်ပြခဲ့သည့် ပုံ
မောင်အေး
-----------
ဘီဘီစီ (အင်္ဂလိပ်ပိုင်း) သတင်း ၀က်ဆိုက်ဘ်ဆိုက်တွင် အန်နာဂျုံး ( Anna Jones) ဆိုသူ သတင်းသမား တစ်ယောက်ရေးသားသော သတင်း တပုဒ်ကို မြန်မာ နိုင်ငံ မြေပုံနှင့် တကွ ပူးတွဲ ဖေါ်ပြရာတွင် ရခိုင်ပြည်နယ်တွင် အဓိက နေထိုင်သော ရခိုင်လူမျိုးကို ထည့်သွင်း ဖေါ်ပြခြင်း မရှိဘဲ ရိုဟင်ဂျာပုံကို ထည့်သွင်း ဖေါ်ပြထားသဖြင့် မြန်မာနိုင်ငံသား အများအပြားက ပြင်းပြင်းထန်ထန် ဆန့်ကျင် ကန့်ကွက်ခဲ့ကြသည်။
အဆိုပါ ကန့်ကွက်မူများ ပေါ်ပေါက်ပြီးနောက် ဘီဘီစီ အင်္ဂလိပ်ပိုင်းမှ အဆိုပါ မြေပုံကို ဖြုတ်ချလိုက်ပြီး အသစ်တဖန် ရခိုင်လူမျိုး ဓါတ်ပုံ တစ်ပုံကို ထည့်သွင်းကာ ယခင် မြေပုံ အတိုင်း ပြန်လည်ဖေါ်ပြခဲ့သည်။
Civil Society ဆိုင်ရာအယူအဆ၊ ရှုထောင့်အမြင်(၆) ရပ်
                Civil Society ဆိုင်ရာအယူအဆ၊  အတွေးအမြင်များ၏ မျက်မှောက်ခေတ် ရေစီးကြောင်း (contemporary trends) များနှင့် ပတ်သက်လာလျှင် အယ်လီဆင်ဗန်းရွိုင်း (Alison Van Rooy) ရေးသားထားသော Civil Society and Industry (ပြည့်သူ့လူ့အဖွဲ့အစည်းများနှင့် အကူအညီပေးရေး လုပ်ငန်းများ) စာအုပ် တွင် သူမက  Civil Society ဆိုင်ရာ အတွေးအမြင်များကို လိုက်စု၍ အမျိုးအစား ခွဲခြားသတ်မှတ်ထားသည်မှာ အသုံးဝင်သည်ဟု ကျွန်ုပ်အနေနဲ့တွေ့ရှိရပါသည်။ ရွိုင်းက ယခုလက်ရှိကာလတွင် ဆွေးနွေးနေကြသော Civil Society ဆိုင်ရာ အတွေးအမြင်များကို အမြင်ရှုထောင့် (၆) ရပ်အဖြစ် အမျိုးအစား ခွဲခြားသတ်မှတ်ထားသည်။ ၎င်းတို့မှာ Civil Society ကို …
၁။ လူမှုတန်ဖိုးနှင့်စံနှုန်းဖြင့် မြင်သောအမြင် (Civil Society as  values and norms)
၂။ အစုပြနာမ်၊ သဗ္ဗဟနာမ်အဖြစ်မြင်သောအမြင် (Civil Society as collective noun)
၃။ လှုပ်ရှားမှုများ ပြုလုပ်ဆောင်ရွက်ရန် နယ်ပယ်တစ်ခုအဖြစ်မြင်သောအမြင် (Civil Society as a space for action)
၎။ သမိုင်းကြောင်း၏ သီးသန့်ကာလတစ်ရပ်အဖြစ် မြင်သောအမြင် (Civil Society as a historical moment)
၅။ လွှမ်းမိုးချုပ်ကိုင်မှုများကို ဆန့်ကျင်ရေးအဖြစ်မြင်သောအမြင် (Civil Society as an anti-hegemony) နှင့်
၆။ နိုင်ငံတော်အစိုးရနှင့် ဖီလာအဖြစ်မြင်သောအမြင် (Civil Society as an antidote to the State) တို့ဖြစ်ကြသည်။
စွမ်းအားရှင်တို့၏ ပညာစစ်ပွဲ
စိုးအုပ်
ပညာသည်တန်ခိုး။ ပညာသည်စီးပွားရေးတန်ခိုးစွမ်းအား။ အဲဒီတန်ခိုးစွမ်းအားအတွက် ကျားကုတ်ကျားခဲ ပြိုင်ပွဲ ကြီးတစ်ခု ကမ္ဘာတစ်လွှာမှာ ပေါ်ပေါက်နေပါတယ်။ အမေရိကန်ပြည်ထောင်စု၊ ဥရောပနဲ့ တရုတ်လို ထွန်းသစ် စ အင်အားကြီး နိုင်ငံတွေမှာ အဆင့်မြင့် နည်းပညာလုပ်ငန်းနဲ့ တီထွင်ဆန်းသစ်မှုလုပ်ငန်းမှာ ရင်းနှီးမြုပ်နှံဖို့ ဖွံ့ဖြိုး တိုးတတ်မှုလုပ်ငန်းကို ဆာလောင်မွတ်သိပ်တဲ့ တွန်းအားတစ်ခု ပေါ်ပေါက်နေပါတယ်။
          သူတို့က ‘ဂူးဂဲ’ တို့လို ပါဝင်ပစ္စည်းအစိတ်အပိုင်းတွေက တက္ကသိုလ်စီမံချက်တစ်ခုကို ကော်ပိုရေး ရှင်းတခုအဖြစ်သို့ ပြောင်းလဲပစ်နိုင်မလားဆိုတာ ရှာဖွေစူးစမ်းနေကြပါတယ်။ သူတို့ ဘဏ္ဍာရေးအကျပ် ဆိုက်ကာလ အတွင်း ပျောက်ဆုံးသွားတဲ့ အလုပ်အကိုင်တွေ နေရာမှာ အစားထိုးနိုင်မယ့် အလုပ်အကိုင် တွေကို ရှာဖွေနေကြ ပါတယ်။
ပြည်ထောင်စုဝန်ကြီးဦးအောင်ကြည်နှင့် ဒေါ်အောင်ဆန်းစုကြည် ၄ ကြိမ်မြောက်တွေ့ဆုံ
by Thet Soe Lwin on Sunday, October 30, 2011 at 6:17pm
ပြည်ထောင်စုသမ်္မတ မြန်မာနိုင်တော်အစိုးရ၏ ဖိတ်ကြားချက်အရ ဒေါ်အောင်ဆန်းစုကြည်နှင့်
ပြည်ထောင်စု ၀န်ကြီး ဦးအောင်ကြည် တို့သည် စိမ်းလဲကန်သာ အစိုးရ ဧည့်ဂေဟာတွင်
အောင်တို့ဘာ ၃၀ရက်နေ့က တွေ့ဆုံခဲ့ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်တို့သည် မွန်းလွဲတစ်နာရီမှ ၁နာရီ ၅၅ ထိ တွေဆုံခဲ့သည်။ ယင်းသို့တွေ့ဆုံရာတွင် ယခင်ဆွေးနွေးခဲ့မှုများအပေါ် နိုင်ငံတော်က လိုအပ်သည်များ ကူညီဆောင်ရွက်ပြီး လုပ်ပေးနေသည့် အခြေအနေ၊ တိုင်းပြည်၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် လွတ်လပ်စွာကုန်သွယ်ခွင့်၊ ကူးသန်းရောင်းဝယ်ခွင့်ရရှိရေးနှင့် လွတ်လပ်စွာငွေကြေး လည်ပတ်သုံးစွဲခွင့်ရရှိရေးတို့ အရေးကြီးမှုနှင့် ပတ်သက်ပြီး အမြင်ခြင်း ဖလှယ်ဆွေးနွေးခဲ့ကြပါသည်။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ထုတ်ပြန်ပြီးလျှင် NLD ပါတီ မှတ်ပုံတင်ရေး စဉ်းစားမည် ဟုဆို
by The Voice Weekly on Sunday, October 30, 2011 at 5:13pm
ရန်ကုန် အောက်တိုဘာ ၃၀
အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့ပြီး ဖြစ်သော နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပြင်ဆင် အတည်ပြုပြီးလျှင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ထပ်မံ မှတ်ပုံတင်ရေး ကိစ္စကို ဆုံးဖြတ်ချက် ချမည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
နှမြောလိုက်တာ NLD
by Min Thant Syn on Sunday, October 30, 2011 at 6:48pm
၂၀၀၈ အခြေခံဥပဒေကို “ကာကွယ်စောင့်ရှောက်တာ” နဲ့ “လေးစားလိုက်နာတာ” အတူတူပဲ။ ကုလားကြီးနဲ့ အရာကြီး ဘာကွာလို့လဲ။ သဘောခွေ့ မနောမွေ့နေစရာလား။ တမတ်သားစစ်ဗိုလ်တွေ၊ အရင် နအဖသစ္စာ တော်ခံတွေ၊ ခါးပိုက်ဆောင် ဒီမိုကရက်အမတ်တချို့နဲ့ ခြေချင်းလိမ်နေကြတဲ့ နေပြည်တော်လွှတ်တော်ထဲ ဘာသွားလုပ်ဦးမလို့လဲ။ နှမြောလိုက်တာ NLD။
“၂၅ % အမတ်ကိစ္စ ပယ်ဖျက်ပေးရင် ရွေးကောက်ပွဲဝင်မယ်” ဆိုပြီး ကိုယ့်ကို လိုအပ်နေချိန်မှာ အတိုက်အခံ ပီပီသသနဲ့ သမိုင်းကြောင်းကို ဆက်ရမယ်။ NLD ရယ်လို့ ပြည်သူလူထုကြား ဟိုးလေးတကြော်ကြော် သတင်း မွှေးခဲ့တာ၊ စစ်ခေါင်းဆောင်အဆက်ဆက်ရဲ့ အညှိုးအတေးအကြီးဆုံး ဖြစ်လာခဲ့တာ၊ နိုင်ငံတကာက စံထားရ တဲ့ ဒီမိုကရက်တစ်ပါတီတခုအဖြစ် ဂုဏ်တင့်ခဲ့ရတာ ...
အမေစုရဲ့ အဓိက သော့ချက်
by Tun Wai on Saturday, October 29, 2011 at 7:03am
ကြောက်ရွံ့ခြင်းမှ ကင်းလွတ်ခြင်းသည် အဓိကသော့ချက်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား
အကြောက်တရားမှ ကင်းလွတ်ခြင်း (Freedom from Fear) သည် အခြားလွတ်လပ်ခြင်းများအတွက် လမ်းဖွင့်ပေးမည့် အဓိကသော့ချက် (master key) ဖြစ်ကြောင်း နိုဘယ်လ်ဆုရှင်နှင့် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အင်္ဂါနေ့နှောင်းပိုင်းတွင် မီချီဂန်တက္ကသိုလ်က သူမ အား ဂုဏ်ပြုပွဲတွင် ပြောကြားခဲ့သည်။
30.10.2011 နေ့ဖတ်ရန်သတင်းများ
by Myanmar Journal on Sunday, October 30, 2011 at 5:41am
ကွန်တက်စ် လေကြောင်းလိုင်း အားလုံး ရပ်နား
တကမ္ဘာလုံးမှာရှိတဲ့ ကွန်တက်စ်လေယာဉ်တွေ အကုန်လုံး ရပ်နားထားပါတယ်
သြစတြေးလျ နိုင်ငံ ကွန်တက်စ် လေကြောင်း လိုင်း နဲ့ အလုပ်သမား သမဂ္ဂတို့ အကြား အငြင်းပွားမှုတခု ဖြစ်ရာကနေ ကွန်တက်စ် လေကြောင်း လိုင်းက သူတို့ရဲ့ လေယာဉ်ခရီးစဉ် အားလုံးကို ရပ်ဆိုင်း ထားလိုက်ပြီး၊ လေယာဉ်ပျံ အားလုံးကိုလည်း ပျံသန်းမှု မလုပ်ဘဲ ရပ်နား ထားလိုက်ပါတယ်။
အလုပ်သမားသမဂ္ဂ နဲ့ သဘောတူညီမှု မရသေး သရွေ့ အလုပ်သမား ဝန်ထမ်းတွေကို အလုပ်ပေးဆင်းမှာ မဟုတ်ဘူးလို့လည်း ကွန်တက်စ်က ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို အချိန်ပေးကြပါ
by Save Irrawaddy on Sunday, October 30, 2011 at 12:18am
ရဲဘော်မျိုးထွဋ်
(ကိုးကိုးကျွန်ပြန်)
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစိုးရသစ်နဲ့ အမျိုးသား ရင်ကြားစေ့ရေး တွေ့ဆုံဆွေးနွေး စေ့စပ်ရေးပွဲဟာ ခရီးအတော်ပေါက်နေပါပြီဆိုတာ ဒေါ်အောင်ဆန်းစုကြည် ထုတ်ဖော်ပြောကြားမှုများနဲ့ နောက်ဆုံးအကြိမ်အစိုးရသစ် ကိုယ်စားလှယ် ဝန်ကြီးဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ပူးတွဲကြေညာချက်၊ ပူးတွဲသတင်းစာရှင်းပွဲ၊ သတင်းမီဒီယာတွေ အမေးပြန်လည်ဖြေကြားချက်များအရ သိရှိနားလည်နိုင်ပါတယ်။
Saturday, October 29, 2011
မဲဆောက်မြို့ ရှိ မြန်ဘုန်းတော်ကြီးကျောင်းအား ထိုင်းတချို့  က သေနတ်ကိုင်၊ ရဲခေါ်၍နည်းပေါင်းစုံဖြင့် ခြိမ်းခြောက်ပြီး အဓမ္မပြု မောင်း
by Yeyint Kyaw on Saturday, October 29, 2011 at 9:35pm
မဲဆောက်မြို့ ဘာဝနာနိရာမတောရကျောင်းဆရာတော် ဘဒ္ဒန္တမဟိန္ဒ အား ထိုင်းသတင်းစာ အယ်ဒီတာ တစ်ဦးက ဦးဆောင်၍ ခြိမ်းခြောက်နေမှု အား ဗုဒ္ဓဘာသာဝင် ထိုင်း-မြန်မာ အပေါင်းတို့ မှာ စိုးရိမ်ပူပန်နေ ရသည်။ ထိုကြောင်းမှာ အလွန်ကျယ်ဝန်းပြီး ဟိုးယခင်ကတည်းက မြန်မာ ဆရာတော်ကြီးများကိုယ်ပိုင် ပိုင်ဆိုင်ခဲ့သောကျောင်းဖြစ်ပါတယ်။ ဆရာတော်ကျောင်းထိုင်းလာ သည်မှာလည်း နှစ်ပေါင်း ၄၀ ရှိပြီဖြစ် ပါတယ်။ ဆရာတော်ကြီးဟာကရင်လူမျိုးဖြစ်ပြီး မဲဆောက်ရှိ မြန်မာ၊ ကရင်၊မွန်၊ မူစလင်၊ဟင်ဒီ ကျောင်းသား၊ အပေါင်းတို့ အားကိုးမှီခိုနေရသောတခုတည်းသောကျောင်းဖြစ်ပါတယ်။ နာဂစ်မုန်တိုင်း တိုက်ခတ်ခဲ့စဉ်က
ဆရာတော်ဦးစီးပြီး အလျူငွေများကောက်ခံပေးခြင်း၊ သပိတ်အိုင်ဆရာတော်ဦးညဏသာရ ကိုယ်တိုင်
လာရောက်တရားဟောခဲ့သောကြောင့်လည်းဖြစ်ပါတယ်။
တည်ထောင်ခြင်း (၂၃) နှစ်မြောက် ထုတ်ပြန်ကြေညာချက်
by Absdf Hq on Saturday, October 29, 2011 at 3:07pm
မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး
(ကျောင်းသားတပ်မတော်)
တည်ထောင်ခြင်း (၂၃) နှစ်မြောက် ထုတ်ပြန်ကြေညာချက်
၁၉၈၈ ခုနှစ် လူထုဒီမိုကရေစီ အရေးတော်ပုံကြီး၏ မပြီးဆုံးသေးသော တိုက်ပွဲရည်မှန်းချက်များ ဆက်လက် ဖေါ်ဆောင်နိုင်ရေးအတွက် မိမိတို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်) အား တည်ထောင်ခဲ့သည် မှာ (၂၃) နှစ် ပြည့်မြောက်ပြီ ဖြစ်သည်။ (၂၃) နှစ်တာ ကာလအတွင်း ကျဆုံး၊ သေဆုံး၊ ထိခိုက်ဒါဏ်ရာရခဲ့ကြသူများနှင့် ပြည်တွင်း အကျဉ်းထောင်အသီးသီးတွင် မတရား ဖမ်းဆီးထိမ်းသိမ်းခံနေရသော ရဲဘော်အပေါင်းတို့အား ဦးညွှတ်အလေးပြုလျှက် တပ်ဦးနှင့် တပ်မတော်မှ တိုက်ပွဲဝင် ရဲဘော်အပေါင်းတို့သည် အဖိနှိပ်ခံ တိုင်းရင်းသား ပြည်သူလူထုကြီးဘက်မှ ရပ်တည်ကာ စစ်အာဏာရှင်စနစ် အကုန်အစင် ဖျက်သိမ်းနိုင်ရေးအတွက် ခိုင်မာပြတ်သားစွာ ရပ်တည် တိုက်ပွဲဝင်နေဆဲ ဖြစ်သည်။
ဥပေဒအတည်ပြုပြီး ဒီလိုလုပ်လို့ဘယ်ရမလဲ -ဦးသိန်းညွန့်နှင့် မေးမြန်းချက်
by Kyaw Aye on Saturday, October 29, 2011 at 7:52pm
Published on October 28, 2011 by နေသွင်  
ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခွင့်နဲ့ပတ်သက်လို့ ပြည်သူ့လွှတ်တော်က အဆိုပြုထားတဲ့ မူကြမ်းကို အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်တွေနဲ့ အတည်ပြုလိုက်ပါတယ်။
ဦးသိန်းညွှန့်
လွှတ် တော်နှစ်ရပ်က မူကြမ်းမှာ ကွဲလွဲချက်တချို့ ရှိနေတဲ့အတွက် လွှတ်တော်နှစ်ရပ်ပေါင်းဖြစ်တဲ့ ပြည်ထောင်စုလွှတ်တော်ရဲ့ အဆုံးအဖြတ်ကို ခံယူရဦးမယ့်သဘော ဖြစ်ပါတယ်။
ဒါပေမယ့် ဒီမူကြမ်း နှစ်ရပ်လုံးမှာ ခွင့်ပြုထားတဲ့ လူထုရဲ့ ဆန္ဒထုတ်ဖော်ခွင့်မှာ အကန့်အသတ်တွေ ရှိနေတုန်းပါပဲ။ ပြည်သူ့လွှတ်တော်မှာ မူကြမ်းကို အဆိုပြုခဲ့တဲ့ ပြည်သူ့လွှတ်တော်အမတ် ဦးသိန်းညွန်ကို့ မေးမြန်းထားပါတယ်။
ငြိမ်းစေသောငြိမ်း
 (ဂါမဏိ)
by အား မာန် on Saturday, October 29, 2011 at 7:23pm
ကမ္ဘာ့စီးပွားပျက်ကပ်နဲ့ ပုန်ကန်ထကြွမှု
သမိုင်းမှာ အပြင်းထန်ဆုံး ကမ္ဘာ့စီးပွားပျက်ကပ်ဟာ ၁၉၂၉ ခုမှာ အမေရိကန်နိုင်ငံကစပြီး တကမ္ဘာလုံးကို ပျံ့နှံ့သွားခဲ့ ပါတယ်။ ဒီစီးပွားပျက်ကပ်ကြီးရဲ့ အကျိုး ဆက်ကတော့ အားလုံးသိကြတဲ့အတိုင်း မြန်မာပြည်မှာ ဆရာစံ လယ်သမား သူပုန်ကြီး ၁၉၃၀ ဒီဇင်ဘာ ၂၂ ရက် နေ့မှာ ဖြစ်ခဲ့ပါတယ်။ ဒို့ဗမာအစည်းအရုံးလဲ ၁၉၃၀ မေလ ၃၀ ရက်နေ့မှာ ပေါ်လာ ခဲ့ပါတယ်။
အင်္ဂလိပ်ကိုလိုနီအစိုးရဟာ ဆရာစံတို့ရဲ့ လက်နက်ကိုင် တော်လှန်ရေးကို မနိုင်တဲ့အတွက် အိန္ဒိယကနေ တပ်မ နှစ်ခု ခေါ်သွင်းပြီး တိုက်ခဲ့ရပါတယ်။
ဘာလို့ ပြည်တော် ပြန်မလာကြတာလဲ
Su Sukyi created a doc.
by တိုင်းကျော်
လောလောဆယ် ပြည်တွင်း နိုင်ငံရေး အသိုင်းအဝိုင်းမှာ မေးနေကြတဲ့ မေးခွန်းတခုကတော့ သမ္မတဦးသိန်းစိန်က ဖိတ်ခေါ်နေတာတောင် ပြည်ပရောက် မြန်မာတွေ ဘာလို့ ပြန်မလာကြသေးတာလဲ ဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။ ဒီမေးခွန်းကို အဖြေပေးဖို့ ပြည်တွင်းနိုင်ငံရေးသမားတွေကလည်း အမျိုးမျိုး အဖြေရှာနေကြပါတယ်။
ဒီမေးခွန်းကို ဖြေဖို့အတွက် ပြည်ပရောက် မြန်မာ ဘယ်နှမျိုးလောက် ရှိသလဲဆိုတာ အရင် ခွဲခြမ်းစိတ်ဖြာ ကြည့်ဖို့ လိုပါတယ်။ အကြမ်းဖျဉ်းအားဖြင့် ပြောရရင် နိုင်ငံရေးသမားတွေ၊ အာဏာရအစိုးရ အဆက်ဆက်ကို လက်နက်ကိုင် တိုက်ခိုက်ခဲ့သူတွေ၊ မီဒီယာသမားတွေ၊ စီးပွားရေးအရ ရေကြည်ရာ မြက်နုရာ ထွက်ခွာသွားကြသူတွေ၊ ပညာနဲ့ အသက်မွေးဝမ်းကျောင်းမှု ပြုနေသူတွေ၊ ဒုက္ခသည်တွေနဲ့ ပြစ်မှုတခုခုကြောင့် တိမ်းရှောင်ထွက်ပြေးနေရသူတွေရယ်လို့ ခွဲခြားနိုင်ပါတယ်။
ဗိုလ်ချုပ်ရှိစဉ်ကတည်းက မြန်မာတွေအပေါ် သဘောထားမမှန်ခဲ့တဲ့ BBC.
by Kyaw Aye on Saturday, October 29, 2011 at 4:09pm
by Thorn Nay Soe on Saturday, October 29, 2011 at 4:32pm
{ဒီဆောင်းပါးဟာ ပြည်တွင်းဂျာနယ်တစ်ခုကို ပို့ဖို့ ရေးထားတာပါ။ အဲဒီမှာပါတာ စောင့်နေရရင် ကြာနေမှာမို့ Facebook ပေါ် ကနေဖြန့်ပါတယ်}
မကြာသေးခင်ကလေးကမှ BBC ရဲ့ ၀က်ဆိုဒ်စာမျက်နှာတစ်ခုပေါ်က သတင်းကြောင့် ကျွန်တော်အပါအ၀င်မြန်မာတွေ တော်တော်ကြီး လှုပ်လှုပ်ရှားရှား ဖြစ်သွားရပါတယ်။ ရိုဟင်ဂျာကိစ္စ ရိုဟင်ဂျာဘက်ပင်းပြီး ရေးလို့ပါ။ မသိသေးသူတွေကို ပြန်ဖောက်သည်ချရရင်တော့ မြန်မာပြည်လူမျိုးတွေအကြောင်း ပြတဲ့ မြေပုံမှာ ရခိုင်ဒေသက နေသူလူမျိုးတွေ နေရာမှာ ရိုဟင်ဂျာလို့ ဖော်ပြထားတဲ့ ကိစ္စပါ။ (ကိုးကား http://www.bbc.co.uk/news/world-asia-pacific-11595983)
ဘယ်နှယ့် ရခိုင်ပြည်မှာ ရခိုင်လူမျိုးတွေမပါပဲ ကလေက၀ ရိုဟင်ဂျာတွေကို တင်လာတော့ အားလုံးဒေါသဖြစ်ကုန်ပါတယ်။
ယုံကြည်ချက်ကြောင့် သုံးကြိမ်မြောက် အလည်ရောက်ပြီးနောက် ဗန်းမော်တင်အောင် ရုပ်ပုံလွှာ
( ရေးသားသူ- ချမ်းငြိမ်း)
by Lu Maw on Saturday, October 29, 2011 at 6:38pm
နိုင်ငံတော် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် ပြန်လည်လွတ်မြောက်လာသောအကျဉ်းသားများ၏ သတင်းမီဒီယာများတွင် မြင်တွေ့ဖတ်ရှုရပါသည် ။ နိုင်ငံရေး ယုံကြည်ချက်တစုံတရာကြောင့် ပြစ်ဒဏ်ကျခံနေရသော ပုဂ္ဂိုလ်တချို့ လွတ်မြောက်လာသောအခါ ၀မ်းသာရမလို မလွတ်မြောက်သေးသူတချို့ အတွက်လည်းတစ်နေ့ လွှတ်ပေးနိုးနိုး မျှော်လင့်နေဆဲမှာပင် အာက်တိုဘာနောက်ဆုံးအပတ်ရောက်လာသည်။
ထိုအောက်တိုဘာနောက်ဆုံး အပတ်မှ နေ့ရက်တစ်ရက်သည် အမှတ်ရစရာလူပုဂ္ဂိုလ် တစ်ဦး ၊ ဆိုရလျှင် ကိုယ်ကျိုးမဖက် ယုံကြည်ချက်ကြောင့် အစိုးရမင်အဆက်ဆက်တွင် မကြာခဏ ထောင်တွင်းပြစ်ဒဏ်ကျခံခဲ့ရသော သတင်းစာဆရာ ၊ စာရေးဆရာ ဗန်းမော်တင်အောင် ကွယ်လွန်သောနေ့ဖြစ်ပါသည်။ တိတိကျကျ ဆိုရပါလျှင် ၁၉၇၈ အောက်တိုဘာ ၂၃ သည် ဗန်းမော်တင်အောင်ကွယ်လွန်သောနေ့ဖြစ်ပြီး အောက်တိုဘာ ၂၇ သည် ဗန်းမော်တင်အောင် အားမီးသဂြိုဟ်၍ ဂူသွင်းမြှုပ်နှံသောနေ့ရက် ဖြစ်ခဲ့သည်။
သမ္မတ- ဦးသိန်းစိန်နှင့် အစိုးရတာဝန်ရှိသူများထံ ကျနော့်အမြင်- ကျနော့်အထင် နိုင်ငံရေးရှုထောင့် တစိတ်တဒေသအား တင်ပြဆွေးနွေးခြင်း..။
by Ko Baloi on Saturday, October 29, 2011 at 3:25pm
မြန်မာနိုင်ငံသည် ဗြိတိသျှကိုလိုနီအောက်မှ  လွတ်လပ်ရေးရပြီးသည်နှင့်တပြိုင်နက် နိုင်ငံရေးခေါင်းဆောင် ကြီးများ၏  နိုင်ငံရေးပဋိပက္ခ ကြီးထွားလာမှုကြောင့်   မြန်မာ့နိုင်ငံရေးသည်    အစိတ်စိတ်အမွှာမွှာ ပြိုကွဲပျက် ဆီးကာ   ပြည်တွင်းစစ်မီးသည်လည်း တဖြည်းဖြည်းနဲ့တောက်လောင်ကျွမ်း၍ လာခဲ့သည်မှာ ယနေ့အထိပင် ဖြစ်သည်ကို သမ္မတကြီးနှင့် အစိုးရတာဝန်ရှိသူများအသိပင်ဖြစ်သည်။
ထို- ပြည်တွင်းစစ်မီးနှင့် နိုင်ငံရေးပဋိပက္ခကြီးထွားလာမှုကြောင့် တိုင်းပြည်၏ စီးပွါးရေး၊ လူမှု့ရေး၊ ပညာရေး၊ ကျမ္မာရေး အဆောက်အဦးများသည်လည်း အဖက်ဖက်မှ ယိုယွင်းပျက်စီးလာပြီး...တိုင်းပြည်သည်လည်း ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံစာရင်းဝင်ဖြစ်ခဲ့ရကာ- တိုင်းရင်းသားပြည်သူအများ၏ဘဝများစွာမှာလည်း ရစရာမရှိအောင် စုတ်ပြတ်သတ်ကာ လူရုပ်ပင်မပေါ်တော့ချေ။
လက်နက်ကိုင်တော်လှန်ရေး နှင့် ခံယူချက်ကင်းမဲ့သူအချောင်သမားများ။
ကျောင်းသားလက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ဟာဟိုးယ္ခင်ကတည်းကဗိုလ်ချုပ်အောင်ဆန်းတို့လို တကသ ကျောင်းသား ခေါင်းဆောင်တွေရွေးချယ်ခဲ့ကြပြီးဗြိတိသျှကိုလိုနီစံနစ်ကိုတော်လှန်ခဲ့ကြသည်၊ ပြည်သူတွေ တိုင်း တပါးကျွန်ဘဝကလွတ်အောင်လုပ်ခဲ့ကြသည်။ ဒေါ်အောင်ဆန်း စုကြည်က Non Violent လို့ကြွေးကြော်တာ ဟာ နိုဘယ်ငြိမ်းချမ်းရေးဆုရထားတဲ့သူရဲ့ လုပ်ရမဲ့လမ်းစဉ်ဘဲ၊ ဒါပေမဲ့ လက်နက်ကိုင်လမ်းစဉ်ကိုလုပ်နေ တဲ့သူ တွေထဲကပါသံယောင်လိုက်ပြီးသူတို့ပါ လက်နက်မဲ့ လမ်းစဉ်လို့ ကြွေး ကြော်လာတဲ့အတွက် စစ်အာဏာရှင်တွေ ကို ဂဏန်းလက်မလို နှစ်ဖက်ညှပ်ပြီးစစ်ရေးလုပ်ရပ်တွေ ကတဖက်၊ လက်နက်မဲ့လူထုအုံကြွ လှုပ်ရှားမှုကတဖက်၊ ညှပ်တိုက်ရမဲ့ မဟာဗျူ အရ လုပ်ဆောင်နိုင်မှု အလွန်အားနည်းနိမ့်ကျသွားခဲ့ရသည်။
“ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ ...”
မင်းဟန်
ဗုဒ္ဓဟူးနေ့၊ ဇွန်လ 17 ရက် 2009 ခုနှစ် 22 နာရီ 14 မိနစ်
၁၉၄၅ ခုနှစ် နှစ်ဦးမှစ၍ ဗိုလ်ချုပ်အောင်ဆန်းသည် ဖက်ဆစ်တော်လှန်ရေးလုပ်ငန်းတာဝန်များနှင့် ပိလျှက်ရှိသည်။ တပ်မတော်အတွင်းရှိ ပြည်သူ့အရေးတော်ပုံပါတီ (နောင်တွင်ဆိုရှယ်လစ်ပါတီဝင်)မှ ဗိုလ်အောင်ကြီး ၊ ဗိုလ်မောင်မောင်တို့အစု၏ ဂျပန်ဖက်ဆစ်တို့အား လက်နက်ကိုင်ထကြွမည့်အစီအစဉ်အား အချိန်မှီ တားရ၊ဆီးရသေး၏။ ဖက်ဆစ်တော်လှန်ရေးက တစုတဖွဲ့လေးနှင့် ထ၍၊တော်လှန်၍မရ…..။ လူထုအားစည်းရုံးရမည်။ ပြင်ဆင်ရမည်။ကျယ်ပြန့်သောအင်အားစုကြီးပါဝင်ရန်လိုသည်။ ပြီးလျှင် ….. အချိန်နှင့်အခြေအနေ…။ ပကတိဘဝက ရင့်မှည့်ဖို့လိုသည်။ ဤအတွက်ပင် ဗိုလ်ချုပ်က ဗိုလ်အောင်ကြီးတို့အားခေါ်၍ တားဆီးခဲ့ရခြင်းဖြစ်သည်။
29.10.2011 နေ့ဖတ်ရန်သတင်းများ
by Myanmar Journal on Saturday, October 29, 2011 at 6:49am
အမျိုးသမီး တွေလည်း ဗြိတိန် ထီးနန်း ဆက်ခံ နိုင်ခွင့် ရပြီ
သူတို့ ရဲ့ ပထမဆုံး ရင်သွေး က မိန်းကလေး ဖြစ်ရင် လည်း ထီးနန်း ဆက်ခံ ပိုင်ခွင့် ရှိ
ဗြိတိန် နိုင်ငံ မှာ ထီးနန်း ဆက်ခံ နိုင်ခွင့် ဥပဒေကို ပြောင်းလဲ တော့ မှာမို့ တော်ဝင် မိသားစုဝင် မိန်းကလေး တွေ အ‌နေနဲ့ ယောက်ျားလေး တွေလို ပဲ ထီးနန်း ဆက်ခံ ပိုင်ခွင့် အခွင့်အရေး ရသွား တော့မှာ ဖြစ် ပါတယ်။
ဗြိတိန် နိုင်ငံ က ဒုတိယမြောက် အဲလစ်ဇဘက် ဘုရင်မကြီးကို ထီးနန်း ဥသျှောင် အဖြစ် အသိ အမှတ်ပြု ထားတဲ့ ဓန သဟာယ ၁၆ နိုင်ငံ ရဲ့ သဘော တူညီချက် နဲ့ ထီးနန်း ဆက်ခံခွင့် ဆိုင်ရာ ဒီ ဥပဒေ အပြောင်း အလဲ ဖြစ်လာ တာပါ။
Friday, October 28, 2011
ကိုယ်ကျိုးရှာ NGO သတိထား
ဇိုဇမ်
မြန်မာပြည်တွင် NGOလုပ်ငန်းများ သိသိသာသာထွန်ုးကားလာသည်မှာ ၁၉၉၀ ကျော်နောက်ပိုင်းမှ ဖြစ်သည်ဟု ရေးလျှင်မှားမည်မထင်ပါ။ စာရေးသူကိုယ်တိုင် အထင်ကရINGOကြီးတစ်ခု၌ ၁၉၉၈ ခုနစ်တွင် စတင်ဝင်ရောက် အလုပ်လုပ်ပြီး ၂၀၀၉ ခုနစ်တွင် အငြိမ်းစားယူခဲ့ပါသည်။ အဖွဲ့အစည်း၏ စီမံချက်အရာရှိ တစ်ဦးနေဖြင့်NGOများ ၏ အတွင်းရေး၊ အပြင်ရေးများတစ်ချို့ သိသင်သိထိုက်သည်များကို သိရှိလေ့လာ ခဲ့ပါသည်။ ဆယ်နှစ်ကျော်ကြာ ခဲ့သည့်ကာလအတွင်း တွေ့ကြုံခဲ့သော NGOအတွေ့အကြုံများကို အများပြည်သူသိရှိစေလိုသည့် အာသီသပြင်း ထန်နေခဲ့ရာ  အခုလိုအချိန်အခါအခြေအနေမျိုး၌ အခွင့်အခါကြုံလာခဲ့ပါသည်။
လူ့ကပ်ပါး သံကောင်
ယခုအချိန်ကာလသည် တိုင်းပြည်တွင်း၌ အပြောင်းအလဲများ ဆက်တိုက် ဆိုသလို ပေါ်ပေါက်နေချိန်တွင် တော်လှန်ရေး သန့်စင်မှု လုပ်ငန်းတခု အနေဖြင့် စတင်ဖေါ်ဆောင်ရန် လိုအပ်သည်နှင့်အညီ မိမိ၏ အတွေ့အ ကြုံနှင့် ရရှိထားသည့် အချက်အလက်များအား တော်လှန်ရေး အသိုင်းအ ၀ိုင်းနှင့် ပြည်တွင်းရှိ နိုင်ငံရေးခေါင်းဆောင်ကြီးများအား အသိပေး သတိ ပေးခြင်း ပြုလိုက်ပါသည်။
နှစ်ပေါင်း (၂၀) ကျော်တွင် မြန်မာ့နိုင်ငံရေးကို အတိုက်အခံအုပ်စုများနှင့် စစ်တပ်လိုလားသည့် အုပ်စုများ ဖြတ်သန်းကြရာတွင် စစ်ဖက်လိုလား သည့် အုပ်စုသည် အချင်းချင်းစည်းလုံးညီညွတ်ပြီး အကျိုးတူစီးပွားကို ကာကွယ်စောင့်ရှောက်ကြသည်ကို တွေ့ရသည်။
ဥပမာပြရရလျင် စစ်တပ်အရာရှိကြီးများက စီးပွားရေးသမားများကို အခွင့် အရေးများပေး၍ စီးပွားရေးသမားများကလည်း စစ်တပ်အရာရှိကြီးများ အား ပြန်လည်၍ အမြတ်အစွန်းများခွဲဝေကာ အတူတကွစားသုံးကြသဖြင့် ယနေ့ထိ အင်အား တောင့်တင်းခိုင်မာလျှက် ၎င်းတို့၏ ရှေ့လုပ်ငန်းစဉ် များကို ဆက်လက် အကောင်အထည်ဖော်နိုင်ခဲ့သည်။
ဘာကြောင့် မြန်မာနိုင်ငံမှာ ကြီးကြီးမားမား အလားအလာရှိနေတာလဲ
[By Save Irrawaddy ]
(Money Week မှ 21 Oct 2011 ရက်စွဲပါ Why Burma has Huge potential သတင်းဆောင်းပါးကို ဘာသာပြန် ဆိုသည်)
မြန်မာနိုင်ငံ၏ ပကတိအခြေအနေကို အဂတိကင်းကင်းဖြင့် သုံးသပ်ထားသော ဆောင်းပါးဖြစ်သည်။
မနှစ်ကနှစ်ကုန်တွင် မြန်မာနိုင်ငံ၌ ကျင်းပသော ရွေးကောက်ပွဲများသည် နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ် ဖြစ်သော်လည်း ပြည်သူ အများစုက စိတ်ပါဝင်စားခြင်း မရှိခဲ့ကြပါ။ ထွက်ပေါ်လာမည့် ရလဒ်ကိုလည်း အများစုက ကြိုတင်သိရှိထားကြပြီး ဖြစ်နေသည်။
နိုင်ငံကို အချိန်ကြာကြာ အုပ်ချုပ်ခဲ့ကြသော စစ်ဖက်အုပ်ချုပ်သူများက ယူနီဖောင်းချွတ် အရပ်ဝတ်လဲခဲ့ကြသော်လည်း အုပ်ချုပ်ရေးအာဏာကို တပ်မတော်ကသာ ခိုင်ခိုင်မာမာ ဆက်လက်ဖက်တွယ်ထားပြီး အခြေခံ ဥပဒေကလည်း လွှတ်တော်အမတ်နေရာ လေးပုံတစ်ပုံကို တပ်မတော်အတွက် တိုက်ရိုက်သီးသန့် ဖယ်ထားပေးခဲ့သည်။ အဓိက အတိုက်အခံအများစုက ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ကြသောကြောင့်လည်း တပ်မတော် ကိုယ်စားပြု နိုင်ငံရေးပါတီက ပြိုင်ပွဲဝင် အမတ်နေရာ ၅ ပုံ ၄ ပုံကို အနိုင်ရရှိခဲ့သည်။
Civil Society ၏ မူလဘူတဇစ်မြစ်ကို ခြေရာကောက်ခြင်း (ပို၍အသေးစိတ်သော သမိုင်းကြောင်း)
          စတင်ဆွေးနွေးရမည်ဆိုလျှင် Civil Society ဟူသော အယူအဆ၊ သဘောတရားသည် ဥရောပ နိုင်ငံရေးဆိုင်ရာ ယဉ်ကျေးမှုတွင် မြစ်ဖျားတည်သည်။ အောက်တွင်ဖော်ပြထားသောအတွေးအခေါ်ပညာရှင်များက ကွဲ ပြားခြားနားသော ကာလဒေသနှင့် နိုင်ငံရေးအခင်းအကျင်းများ အတွင်း၌ Civil Society အပေါ်အကျယ်ဖွင့်ဆိုခြင်း အတွေး အခေါ် ဖြည့်စွက်တည်ဆောက်ခြင်းများ၊ ပြောင်းလဲပစ်ခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။
ဤပညာရှင်များမှာ…….
          Plato ပလေတို(ဘီစီ ၄၂၈-၃၄၈)
          Aristotle အရစ္စတိုတယ်လ်(ဘီစီ ၃၈၄-၃၂၂)
          Saint Augustine စိန့်အော်ဂါတ်စတင်(အေဒီ ၃၅၄-၄၃၀)
          Saint Thomas Aquinas စိန့်သောမတ်စ်အကွန်းနာ့စ်(၁၂၂၅-၁၂၇၄)
          Martin Luther မာတင်လူသာ(၁၄၈၃-၁၅၄၆)
          John Calvin ဂျွန်ကယ်လ်ဗင်(၁၅၀၉-၁၅၆၄)
          Niccolo Machiavelli နီကိုလိုမာခီယာဗယ်လီ(၁၄၆၉-၁၅၂၇)
          Thomas Hobbes သောမတ်စ်ဟော့ဘ်စ်(၁၅၈၈-၁၆၇၉)
          John Locke ဂျွန်လော့ခ် (၁၆၃၂-၁၇၀၄ဖဝ
ချိန်ညှိ၍ မရသော အဖြေသိ ပညာရေး ပုစ္ဆာတစ်ပုဒ် (သို့) ပညာရေး ဝန်ဆောင်မှုလုပ်ငန်းများ ပေါလာခြင်း၏ နောက်ဝယ်
Posted by မင်းတွယ်တာ on အောက်တိုဘာ 27, 2011 at 9:26am
ယနေ့ခေတ် အစိုးရ စာသင်ကျောင်းများရဲ့ အထက်တန်းအဆင့် စာသင်ခန်း (အထူးသဖြင့် တက္ကသိုလ်ဝင်တန်း) များဟာ ပုဂ္ဂလိက ဝန်ဆောင်မှု လုပ်ငန်းလို့ အမည်ပေးထားတဲ့ ဘော်ဒါများရဲ့ စားကျက်လုကွင်းများ ဖြစ်လာနေပါတယ်။ အစိုးရကျောင်းများရဲ့ ဖေဖော်ဝါရီလ ဒုတိယ နှစ်ဝက် စာမေးပွဲတောင် မပြီးသေးဘူး။ ဘော်ဒါတွေ မဲဆွယ်လုပ်ငန်း စနေပါပြီ။ ဘော်ဒါထွက် ကျောင်းသားဟောင်းများမှ တစ်ဆင့်၊ ကျောင်းသား မိဘများမှ တစ်ဆင့်၊ ပွဲစား အမျိုးမျိုးကနေ တစ်ဆင့်၊ မက်လုံး၊ ဆွယ်လုံး၊ ကြွားလုံးတွေ လွှင့်နေကြပါပြီ။ တက္ကသိုလ်ဝင်တန်း စာမေးပွဲကြီး ဖြေပြီးလို့ ပြန်လာကြတဲ့ ကျောင်းသားတွေရဲ့ လက်ထဲမှာ ဘော်ဒါ ကြော်ငြာ စာရွက်စာတမ်းတွေ ပလူပျံပြီး ပါလာကြပါတယ်။
Thursday, October 27, 2011
ABSDF တည်ထောင်ခြင်း၂၃ နှစ် ပြည့်တော့မယ်
အခြေခံအဆောက်အအုံနှင့် ဖွံ့ဖြိုးရေးလိုအပ်ချက်
by Save Irrawaddy on Thursday, October 27, 2011 at 10:53am
                နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန်အတွက် အဓိက အထောက်အကူပြုသည့်အရာမှာ အခြေခံ အဆောက်အအုံများ ပြည့်စုံလုံလောက်အောင် ရှိခြင်းပင် ဖြစ်လေသည်။ အခြေခံအဆောက်အအုံများ ပြည်စုံလုံလောက်အောင် ရှိခြင်းဆိုသည်မှာ နိုင်ငံတော်အစိုးရမှ စီးပွားရေး ဖွံ့ဖြိုးမှုရှိသလောက် အခြေခံအဆောက်အအုံများ ပြည်စုံလုံလောက်အောင် တည် ဆောက်ယူ ခြင်းကို ဆိုလိုပါသည်။မြန်မာနိုင်ငံတွင် ယခင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ နိုင်ငံဖွံ့ဖြိုးရေး စီမံကိန်းများကြောင့် အခြေခံအဆောက်အအုံ တည်ဆောက်ရေးကို အရှိန်အဟုန်နှင့် လုပ်ဆောင်ခဲ့ လေသည်။ သို့သော် အုပ်ချုပ်ရေးဆိုင်ရာ အားနည်းချက် အထွေထွေကြောင့် တည်ဆောက်ထားသည့် အခြေခံအဆောက်အအုံများမှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး အတွက် များစွာအထောက်အကူ မပြုခဲ့ပေ။
ဒီမိုကရေစီ လေ့လာရေးစာစဉ် အခန်း(၅) အပိုင်း(၂)
ရွေးချယ်တင်မြှောက်ပုံစနစ်
(Electioral System)
          နှစ်ပါတီစနစ် သို့မဟုတ် ပါတီစုံစနစ်ကျင့်သုံးခြင်းနှင့် ဆက်စပ်နေသော အကြောင်းခြင်းရာ တခုမှာ ပါလီမန် အထွေထွေရွေးကောက်ပွဲတွင် ကျင့်သုံးသော ရွေးချယ်တင်မြှောက်ပုံ စနစ်ဖြစ်သည်။ ကျင့်သုံးသော ပါတီစနစ်နှင့် လိုက်လျောညီထွေဖြစ်မည့် ရွေးချယ်တင်မြှောက်ပုံစနစ်ကို ရွေးချယ်ကျင့်သုံးကြသည်။ နှစ်ပါတီစနစ်ကို ကျင့်သုံးကြသည်။ နှစ်ပါတီစနစ်ကို ကျင့်သုံးသော အမေရိကန်၊ ဗြိတိန်နိုင်ငံများတွင် ကျင့်သုံးကြသော ရွေးချယ်တင်မြှောက်ပုံ စနစ်သည် ပါတီစုံစနစ် ကျင့်သုံးသော ဥရောပနိုင်ငံ အတော် များများတွင် တွေ့ရသော ရွေးချယ်တင်မြှောက်ပုံ စနစ်နှင့် ခြားနားပါသည်။ အပြန်အလှန် သဘောဆန်ဆန်ပင် ရွေးချယ်တင်မြှောက်ပုံ စနစ်ကလည်း နှစ်ပါတီစနစ် သို့မဟုတ် ပါတီစုံစနစ် ကျင့်သုံးရေးကို ပြဌာန်းပေးတတ် ပါသည်။
ဒီမိုကရေစီနိုင်ငံရေး၏ အခြေခံအုတ်မြစ်များ အခန်း (၆) ၊ အပိုင်း(၂)
အမေရိကန်ပြည်ထောင်စု၏ နိုင်ငံသားဘဝ
        အမေရိကန်ပြည်ထောင်စု၏ နိုင်ငံသားအယူအဆ ဖြစ်ပေါ်တိုးတက်လာပုံကို အထူးစိတ်ဝင်စားကြခြင်း မှာ ၁၇၇၆ ဂျူလိုင်လတွင် ဗြိတိသျှ ဘုရင်စနစ်လက်အောက်မှ လွတ်လပ်ရေးကြေညာခဲ့သည့် အမေရိကန်ပြည် ထောင်စုသည် ခေတ်သစ်ကမ္ဘာ၌ နိုင်ငံသားကျင့်စဉ်အပေါ် အခြေစိုက်ဖွဲ့စည်းသည့် ပထမဆုံးနိုင်ငံ ဖြစ်ရုံသက် သက်ကြောင့် မဟုတ်ပါ။ “နိုင်ငံသား”၏ အဓိပ္ပါယ်သတ်မှတ်ချက်သည် ပြည်ထောင်စု ဖွဲ့စည်းတည်ဆောက်ပြီး ချိန်မှစ၍ ယနေ့ခေတ်အထိ စဉ်ဆက်မပြတ် တိုးတက်ခဲ့၊ တိုးတက်နေဆဲဖြစ်သောကြောင့် အရေအတွက်များပြား သောလူအုပ်စုတို့ အနေဖြင့် ဤအဓိပ္ပါယ်သတ်မှတ်ချက်နှင့် ပိုမိုအကျုံးဝင်လာနေဆဲ ဖြစ်ခြင်းသည်လည်း အကြောင်းအချက်တစ်ရပ်အနေဖြင့် ပါဝင်ပါသည်။ ဤဖြစ်ရပ်သည် စောစောပိုင်း အေဒီရာစုနှစ်များအတွင်း ရောမနိုင်ငံသား အဓိပ္ပါယ်သတ်မှတ်ချက် တဖြည်းဖြည်း ကျယ်ပြန့်လာခဲ့သည့် ဖြစ်ရပ်နှင့် တစ်နည်းတစ်ဖုံ ဆင်တူလျက်ရှိပါသည်။
အရင်ရှင်းရမှာက အရင်းရှင်မဟုတ် ကပ်ပါးကောင်တွေပါ
by အား မာန် on Thursday, October 27, 2011 at 2:36am
(http://www.weeklyeleven.com တွင် အောက်တိုဘာ ၂၃ ရက်နေ့က ဖော်ပြခဲ့ပြီးဖြစ်သည်။)
မြန်မာလူမျိုးတွေ သည်းခံနိုင်လွန်းတာနဲ့ မြန်မာနိုင်ငံ တိုးတက်သင့်သလောက် တိုးတက်မလာဘဲ နောက်ကျန်နေရစ်တာဟာ ကိုးကွယ်တဲ့ဘာသာတရားနဲ့များ သက်ဆိုင်နေမလား ဆိုတဲ့မေးခွန်းကို နိုင်ငံခြားသား သတင်းသမားတွေ၊ စာရေးဆရာ တွေနဲ့တွေ့တဲ့အခါတိုင်း အမေးခံရလေ့ရှိတယ်။
ပါဝင်စွက်ဖက်မှုမရှိတဲ့ဘာသာ
မြန်မာလူမျိုး ပညာတတ်လူငယ်တချို့လည်း တစ်ခါတစ်လေ ဒီလို မေးတတ်တယ်။ဗုဒ္ဓဘာသာက ဘယ်အရာမဆို မိမိပြုလုပ်ခဲ့တဲ့ ကုသိုလ်၊ အကုသိုလ်ကံအလျောက်ဖြစ်ရတယ်လို့ဆိုတဲ့အတွက် ကြိုးစားသင့်သလောက် မကြိုးစားကြဘဲ ရောင့်ရဲ တင်းတိမ်နေကြတယ်လို့ ထင်နေကြတယ်။
27.10.2011 နေ့ဖတ်ရန်သတင်းများ
by Myanmar Journal on Thursday, October 27, 2011 at 4:05am
အင်းစိန်ထောင်က နိုင်ငံရေးအကျဉ်းသားတွေ အစာငတ်ခံ ဆန္ဒပြ
ရပိုင်ခွင့် အခွင့်အရေးကို တောင်းဆိုတဲ့ အနေနဲ့ အစာငတ်ခံ ဆန္ဒပြရတာ ဖြစ်ကြောင်း သိရ
အင်းစိန်ထောင်အတွင်း နိုင်ငံရေး အကျဉ်းသား (၁၅) ဦးက အကျဉ်းထောင် လက်စွဲဥပဒေပါ လျှော့ရက် ခံစားခွင့်တွေရဖို့ ငြိမ်းချမ်းစွာ အစာငတ်ခံ ဆန္ဒပြနေကြ တယ်လို့ သိရပါတယ်။
ယုံကြည်ချက်ကြောင့် ထောင်ဒဏ်နှစ်ရှည် ကျခံနေ ကြရတဲ့ နိုင်ငံရေး အကျဉ်သားတွေ ဖြစ်တဲ့ ကိုညီညီထွန်း၊ ကိုစိုးမိုးထွန်း၊ ကိုကောင်းမြတ်လှိုင်နဲ့ ဦးစံန္ဒိမာ အပါအဝင် နိုင်ငံရေး အကျဉ်းသား (၁၅) ဦးက ဗုဒ္ဓဟူးနေ့ နေ့လည်က စတင် အစာငတ်ခံ ဆန္ဒပြ နေကြတာ ဖြစ်ပါတယ်။
ဈေးကွက်နှင့် ကျွန်တော်
by Moenge Aung on Thursday, October 27, 2011 at 12:41am
The Voice Weekly Originally posted 
ပါမောက္ခ စတစ်ဂလစ်က စီးပွားရေး လုပ်ငန်းများကို လိုင်စင်ဖြင့် လုပ်ကိုင်ခွင့် ပြုခြင်းထက် မှတ်ပုံတင်၍ လုပ်ဆောင် စေခြင်းသည် ပို၍ ထိရောက်သော အားပေးမှု ဖြစ်သည်ဟု  တရုတ် ပြည်သူ့သမ္မတ နိုင်ငံ ဈေးကွက် စီးပွားရေး ခေတ်ဦးက လုပ်ခဲ့သော အခြေခံ ပြုပြင် ပြောင်းလဲမှု တစ်ခုကို ဥပမာပေး၍ ရှင်းပြခဲ့သည်။ ပထမဦးစွာ လိုင်စင်ဖြင့် လုပ်ကိုင်ခွင့် ပြုခြင်းနှင့် မှတ်ပုံတင်၍ လုပ်ဆောင်စေခြင်း မည်သို့ ကွာခြား သနည်းဟု သိရှိရန် လိုပါသည်။ လိုင်စင်ဖြင့် လုပ်ကိုင်ခွင့် ပြုခြင်းသည် ခွင့်ပြုချက် တောင်းရသည့် သဘောရှိ၍ ခွင့်ပြုချက်ကို စောင့်ရသည်။ မည်သို့ ခွင့်ပြုသည် ဆိုသော နည်းဥပဒေ လုပ်ထုံး လုပ်နည်းများကို လိုက်၍ အချိန် အမျိုးမျိုး၊ ငွေအမျိုးမျိုး ကုန်ကျသည်။
အနုတ်လက္ခဏာမဖြစ်စေချင်ပါ
by Maung Wuntha on Thursday, October 27, 2011 at 1:01am
Popular News ဂျာနယ်တွင် ဖော်ပြခဲ့တဲ့ ဆောင်းပါး။
မြန်မာပြည်သူတွေနဲ့ မြန်မာပြည်ကို ချစ်ခင်ကြတဲ့ ကမ္ဘာ့ပြည်သူတွေ လောလောဆယ် စိတ်ဝင်တစား ပြောဆိုဆွေးနွေးနေကြတဲ့ အကြောင်း အရာကတော့  မြန်မာအစိုးရက ထုတ်ပြန်လိုက်တဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့် ကြေညာချက်နဲ့ နောက်တစ်နေ့မှာ အဲဒီအမိန့်အရ အကျဉ်းသားတချို့ လွတ်မြောက်ပေးခဲ့ကြတဲ့ ကိစ္စ ဖြစ်တယ်ဗျ။
    ပြည်သူတွေရဲ့ မျက်စိ၊ နားနဲ့ ပါးစပ်အဖြစ် ကိုယ့်ကိုယ်ကိုယ် တာဝန်ပေးပြီး မြင်သမျှ ကြားသမျှကို စတုတ္ထမဏ္ဍိုင် လောကသား တစ်ဦးအဖြစ် အစိုးရကိုရော၊ ပြည်သူတွေကိုပါ ပြန်လည်တင်ပြ ပေးနေသူ တစ်ယောက် အနေနဲ့ အဲဒီကိစ္စနဲ့ပတ်သက်လို့ ပြည်သူတွေကြား ပြောဆို ဆွေးနွေး ဝေဖန်သုံးသပ်နေ ကြတာတွေကို ဟစ်တိုင်လုပ်လိုက်ပါရစေ။
စင်ကာပူ ရေဆိုးပြုပြင်ရေးစနစ်
Sewage ကို ရေဆိုးဟု ဘာသာပြန်ရမည်လား၊ မိလ္လာဟု ဘာသာပြန်ရမည်လား မဝေခွဲတတ်ပါ။ ရေဆိုးဆိုလျှင် ပိုသင့်တော်မည် ထင်ပါသည်။ အိမ်သာ၊ ရေချိုးခန်း စသည်တို့မှ စွန့်ပစ်လိုက်သော ရေဆိုး၊ ရေညစ်များဖြစ်၏။ ထိုရေကို နှစ်မျိုးထပ်ခွဲနိုင်သည်။ အိမ်သာမှ ထွက်လာသောရေကို Black Water ဟုခေါ်ပြီး ရေချိုးခန်း၊ မီးဖိုဆောင်များမှ စွန့်ပစ်လိုက်သော ရေကိုမူ Grey Water ဟု ခေါ်သည်။
စင်ကာပူတွင် သည်စွန့်ထုတ်ပစ်လိုက်သော ရေများကို လွှင့်မပစ်။ New Water အဖြစ်ပြန်သုံးကြောင်း စင်ကာပူ “ရေ” တွင် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။
သည်ရေဆိုးများတွင် ရောဂါပိုးများ လျှင်မြန်စွာ ပေါက်ဖွားနိုင်သဖြင့် အလွန်အန္တရာယ်များသည်။ သို့အတွက် ရေဆိုးများကို စနစ်တကျ စီမံခန့်ခွဲရေး (စုဆောင်းခြင်း၊ သန့်စင်ခြင်း၊ စွန့်ပစ်ခြင်း) သည်လည်း အရေးကြီးပါသည်။
Wednesday, October 26, 2011
နိုင်ငံရေး(Politics)-နိုင်ငံရေးအသွင်သစ်/ ခေတ်လွန်နိုင်ငံရေး / ဇစ်မြစ်အဓိကနိုင်ငံရေးသို့ကူးပြောင်းလာခြင်း
           (The shift to New Politics/ Postmodern Politics/ Identity Politics)
          Civil Society တစ်ကျော့ပြန်ခြင်းနှင့်အတူ အနောက်နိုင်ငံများအတွင်း ခေတ်လွန်သို့မဟုတ်ပိုစ်ဒ် မော်ဒန်အခြေအနေများ ထွန်းကားလာခြင်းသည် နိုင်ငံရေးလှုပ်ရှားမှုတို့ကို သမာရိုးကျပုံစံမှ အသွင်ပုံစံ အသစ်သို့ ပြောင်းလဲစေခဲ့ပြီး ထိုပြောင်းလဲလာသော နိုင်ငံရေးလှုပ်ရှားမှု ပုံစံများကို နိုင်ငံရေးအသွင်သစ် (သို့) ပိုစ်ဒ်မော်ဒန် နိုင်ငံရေးဟူ၍လည်းခေါ်ဝေါ်ကြ သည်။
          “နိုင်ငံရေးအသွင်သစ်သည် မိမိတို့၏ ဆန္ဒများ ကို ပွင့်ပွင့်လင်းလင်းထုတ်ဖော်သည့် ဆန္ဒပြခြင်း ကဲ့သို့သော တိုက်ရိုက်လှုပ်ရှားမှုများနှင့် အောက်ခြေ ပြည်သူများ၏ လှုပ်ရှားမှုများကို ပို၍အားပေးပြီး သမရိုးကျ နိုင်ငံရေးပါတီ များနှင့်အကျိုးစီးပွားအုပ်စုများ၏ လှုပ်ရှားမှုများမဟုတ်ဘဲ လူမှုလှုပ်ရှားမှု အသွင်သစ်များ၌သာ ပို၍တွေ့မြင်နိုင် သည်။ နိုင်ငံရေးလှုပ်ရှားမှုအသွင်သစ်များသည် လူမှုအသိုင်းအဝိုင်း အားအကျိုးစီးပွားအသစ်များ၊ ခံယူချက်အသစ် များ၊မဟာမိတ်အသစ်များ၊ အဖွဲ့ဝင်အသစ်များ၊ ပူးပေါင်း ဆောင်ရွက်မှုအသစ်များနှင့်အကျင့်စရိုက်များစသည်တို့ ဆီသို့ ဦးတည်သွားစေမည့် ဖြည်းဖြည်းနှင့် မှန်မှန်ဖြစ်စဉ်ကြီးဖြစ်သည်။ 
စိတ်ကူးနဲ့ ပုံချတွက်ချက်ကြမယ်
ကိုဝ
          ချို့တဲ့နွမ်းပါးတဲ့ ပြည်သူတွေကို ထောက်ပံ့တာဟာ ပရဟိတလုပ်ငန်းမဟုတ်ပါဘူး။ တိုင်းပြည် စီးပွားရေးအတွက် အရေးကြီးတဲ့ လုပ်ငန်းပါ။ ချို့တဲ့နွမ်းပါးတဲ့ပြည်သူတွေရဲ့လုပ်အား အကြံအဥာဏ်ကို နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေမှာ ပါဝင်လာအောင် ပါဝင်နိုင်တဲ့ အခြေအနေမျိုးဖြစ်အောင် ဖန်တီးပေးလို့ပါ။
          ချို့တဲ့နွမ်းပါးတဲ့ပြည်သူတွေကို ကူညီရာမှာ ဘရာဇီးနိုင်ငံရဲ့ လူမှုဖူလုံရေးလုပ်ငန်း Balsa Familia က ထင်ရှားပါတယ်။ ဒီလုပ်ငန်းအစီအစဉ်ရဲ့ထူးခြားချက်ကတော့ ချို့တဲ့နွမ်းပါးတဲ့ပြည်သူတွေကို ငွေကြေး တိုက်ရိုက် ပေးတဲ့စနစ်ပါ။ အစိုးရက သတ်မှတ်ပေးတဲ့လုပ်ငန်းတွေ ဆောင်ရွက်မှငွေပေးတဲ့အတွက် ဒီစနစ်ကို conditional cash transfer  လို့ခေါ်ပါတယ်။
လူထုအဖွဲ့အစည်းများနှင့် နိုင်ငံတော်အရေး
by Moenge Aung on Wednesday, October 26, 2011 at 12:26pm
The Voice Weekly Originally posted 18/10/2011 13:13PM
၁၉၄၈ ခုနှစ် လွတ်လပ်ရေးရကာ အချုပ်အခြာ အာဏာပိုင် နိုင်ငံတစ်ခု ဖြစ်လာခဲ့ချိန်မှစ၍ မြန်မာနိုင်ငံတွင် အခြေခံဥပဒေ သုံးရပ်ရှိခဲ့သည်။ ရှိခဲ့သည့် အခြေခံ ဥပဒေများမှာ စနစ်အခြေခံချင်း  တူညီမှု မရှိကြချေ။ အခြေခံစနစ် မတူညီသည့်အပေါ် ဖွဲ့စည်းအုပ်ချုပ်သည့် သမ္မတ နိုင်ငံများအဖြစ် ပေါ်ပေါက်လာခဲ့သည်။ ပြည်ထောင်စု မြန်မာနိုင်ငံတော် ၁၉၄၇ ခုနှစ် အခြေခံဥပဒေအရ ပြည်ထောင်စု မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံမှာ အသွင်သဏ္ဌာန်အားဖြင့် ပြည်ထောင်စုဖြစ်ပြီး အနှစ်သာရအားဖြင့် တစ်ပြည်ထောင် အုပ်ချုပ်ရေးစနစ်ဖြစ် သည်။ နိုင်ငံရေး စနစ်အရ ပါလီမန်ဒီမိုကရေစီ စနစ်ဖြစ်သည်။ လွှတ်တော် နှစ်ရပ်ရှိသော်လည်း လူဦးရေကို အခြေပြု ရွေးကောက် တင်မြှောက်သည့် အောက်လွှတ်တော် (ပြည်သူ့လွှတ်တော်) က ပို၍ လုပ်ပိုင်ခွင့် ရှိသည်။ လွှတ်တော်အတွင်း၌ ကိုယ်စားလှယ်များအဖြစ် ပါတီတစ်ခုထက်ပို၍ အရွေးခံပိုင်ခွင့် ရှိသော်လည်း အမတ်ဦးရေ အများစုရ ပါတီက အစိုးရဖွဲ့ခွင့်ရသည်။
အော်တာနေးတစ် ဖွံ့ဖြိုးမှုဆိုင်ရာ အယူအဆများ(၁)
စံပယ်ဖြူ ၊ မဂ္ဂဇင်းမှ
မိတ်ဆက်
          အော်တာနေးတစ်ဆိုသည်မှာ ပင်မရေစီးမှခွဲထွက်သော၊ ခေတ်သုံးစံညွှန်းများကို ချိုးဖျက်သော ကမ္ဘာကြီးကို ကိုယ်ပိုင်ရှုထောင့်သစ်တစ်မျိုးမှ ပြောင်းလဲကြည့်မြင်သော ဖြစ်စဉ်များနှင့်အကြောင်းအရာများ ကို ဆိုလိုပါသည်။ အနုပညာ၊ ပညာရေး၊ စီးပွားရေး၊ ဘာသာရေးနှင့် နိုင်ငံရေးတို့ကဲ့သို့ လူ့ယဉ်ကျေးမှု၏ နယ်ပယ်စုံ၌ အော်တာနေးတစ်အတွေးအခေါ်များ၊ စီးကြောင်းများရှိနေခဲ့ကြသည်။ အော်တာနေးတစ် အတွေးခေါ်များသည် မျက်မှောက်ခေတ်ကိုလွှမ်းမိုးကြီးစိုးထားသော သမာရိုးကျဖြစ်မှုများကို ဝေဖန်ဆန့်ကျင် ရုံမျှမက မိမိတို့ဘာသာလမ်းကြောင်းသစ်တစ်ခုကို တွင်ကျယ်အောင်ဖော်ဆောင်နိုင်စွမ်းလည်းရှိကြသည်။
ရွေးကောက်ပွဲဖြစ်မြောက်ရေးကော်မရှင်ဥက္ကဋ္ဌ ပြည်တော်ပြန်ခြင်း ရန်ကုန်မြို့မှပေးစာ
by Min Kyaw Khine on Wednesday, October 26, 2011 at 4:20am
photo: Moe Kyaw Lwin/The VOICE
၂၀၁၁ ရွေးကောက်ပွဲမျက်နှာပန်းလှရေး ပြည်ပတွင် အထူး ၀ါယမစိုက်ခဲ့သူ ဦးဟန်ယောင်ဝေက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့မည်ဟု Messenger ဂျာနယ် အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်
ဒီကနေ့ ဖေါ်ဝပ်မေးလ် နဲ့ရောက်လာတဲ့ စာတစောင် က စိတ်ဝင်စားစရာမို့ မျှဝေချင်တဲ့စိတ် အခြေခံနဲ့ ဒီစာစုကိုရေးပါတယ်။
စာကို ကလစ်ပြီးဖတ်နိုင်သလို တချို့အရေးပါတဲ့အချက်တွေကိုတော့ တတ်သလောက် ဘာသာပြန်ပြီး ရေးလိုက်တယ်။
အမေရိကန်မြန်မာဆက်စံရေး အရှိန်မြင့်လာပါပြီးလား
by So Min Oo on Wednesday, October 26, 2011 at 6:07am
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်အထူးကိုယ်စား လှယ် (Derek Mitchell) ဟာ နှစ်လသာအတွင်းသူ့ ရဲ့ ဒုတိယအကြိမ်မြောက်မြန်မာနိုင်ငံခရီးစဉ်ဖြစ်တာမို့  ဒီခရီးစဉ်ဟာ အမေရိကန်မြန်မာဆက်ဆံရေးမှာ ဘယ်လောက်ထူးခြားပါသလဲ။
ဒေါက်တာဇာနည်းကတော့
သူနိုင်ငံပြန်သွားတာ တစ်လပတ်ဝန်းကျင်လောက်ပဲရှိရာက အခုလိုမြန်မာနိုင်ငံပြန်သွားတယ်ဆိုတော့ ဒါဟာသူတို့ဆက်ဆံရေးမှာပိုပြီးအဆင်ချောလာတဲ့အနေအထားရှိတယ်လို့ ကျနော်ပြောလို့ ရတယ်။ ဒါပေမဲ့တခုရှိတာက လက်ရှိအုပ်ချုပ်နေတဲ့ ပိုဂ္ဂိုလ်တွေရဲ့အမြင်နဲ့  အမေရိကန်အမြင်ပေါ့နော် အထူးသဖြင့်တော့နိုင်ငံရေးအကျဉ်းသားများနှင့်တိုင်းရင်းသားများကိစ္စမှာ ကွာခြားမှုတွေ သိပ်များနေတယ်လို့ ကျနော်မြင်တယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာပဲ ကျနော်တို့  နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်ကပြောသွားတာရှိတယ်။
Tuesday, October 25, 2011
စည်းစိမ်စွန့်ရဲသလော???
by Myat Thi Ha on Tuesday, October 25, 2011 at 10:55pm
အိုးအိမ်စည်းစိမ်မမက်သောဝေလမင်းသား
ဗြိတိန်အိမ်ရှေ့မင်းသားချားလ်ကသူဘုရင်ဖြစ်တဲ့အခါ ဘက်ကင်ဟန်နန်းတော်ကြီးကိုပြည်သူတွေအတွက်ပြ တိုက်ကြီးအဖြစ်ပြောင်းပစ်လို့အစီအစဉ်ချထားပြီးဘုရင့်မိသားစုကတော့ ဘာ့(က)ရှားရားတွင်ရှိသည့်ဝင်ဆာရဲ တိုက်သို့ပြောင်းနေမယ်ဆိုပါတယ်။  ဒီလိုခန်းနားလှပြီးအခန်းပေါင်း ၇၇၅ ခန်းရှိတဲ့နန်းတော်ကြီး ကိုပြည်သူတွေ အတွက်နိုင်ငံတော်အခန်းအနားတွေကျင်းပဘို့နဲ့ ဘုရင့်မိသားစုရဲ့ ပြတိုက်အဖြစ်ထားရှိဘို့ရည်ရွယ်ထားကြောင်း ဘီဘီစီမှအင်ဒရူးမားကဆိုပါသည်။
သို့ရာတွင်အသက် ၆၂ နှစ် ရှိ ဝေလမင်းသားချားလ်၏ ပြောရေးဆိုခွင့်ရှိသူက ထိုကိစ္စနှင့်ပတ်သက်ပြီး ဘာတခုမှ ဆွေးနွေးပြောဆိုခြင်းမရှိသေးကြောင်းဆိုပါသည်။
စီးပွားရေး ပိတ်ဆို့မှု ရုပ်သိမ်းရန် စောသေးကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော
by General Knowledge on Tuesday, October 25, 2011 at 10:50pm
By featured, ဧရာဝတီ on October 25, 2011 5:39 pm
အမေရိကန်နိုင်ငံအပါအဝင် အနောက်နိုင်ငံများ၏ ဒဏ်ခတ်ပိတ်ဆို့မှုများ မရုပ်သိမ်းမီ မြန်မာအစိုးရအနေဖြင့် အပြောင်းအလဲ များစွာလုပ်ရန်လိုသေးကြောင်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က The Wall Street Journal သတင်းစာနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောဆိုလိုက်သည်။
အောက်တိုဘာ ၂၂ ရက်နေ့က NLD အမျိုးသမီးအဖွဲ့ဝင်များ၏ ရိုးရာ အထည်လုပ်ငန်းသို့ ဒေါ်အောင်ဆန်းစုကြည် သွားရောက်လေ့လာစဉ် (ဓာတ်ပုံ - AP)
ယနေ့ထုတ် အဆိုပါ သတင်းစာတွင် ပါရှိသည့် တွေ့ဆုံမေးမြန်းခန်းတွင် ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက် ဆီလင်း ဖာနန်ဒတ်ဇ်အား မြန်မာပြည်အပေါ် စီးပွားရေးပိတ်ဆို့မှုများ ရုပ်သိမ်းရန် စောသေးသည်ဟု ပြောရသည့် အချက်နှစ်ချက် ရှိကြောင်း ပြောသည်။
Civil Society အပေါ် အဓိပ္ပါယ်ဖွင့်ဆိုချက်အမျိုးမျိုး
ဓမ္မါ ဝဘ့်ဘါ ၊ အခန်း(၂)၊ Civil Society၏ အဓိပ္ပါယ်ကို စူးစမ်းလေ့လာခြင်းမှ
           Civil Society အပေါ်ဖွင့်ဆိုထားသော ဘုံအဓိပ္ပါယ်ဖွင့်ဆိုချက်ကို ရှာကြည့်ရန်မှာ မဖြစ်နိုင်ပေ။ ဤအပိုင်းတွင် Civil Society အပေါ် အဓိပ္ပါယ်ဖွင့်ဆိုချက် မည်မျှကြွယ်ဝကြောင်း၊ မည်မျှကွဲ ပြားမှုရှိ ကြောင်း သိရှိနိုင်စေရန်ရည်ရွယ်၍ ထင်ရှားသော ခေတ်ပြိုင်ပုဂ္ဂိုလ်များ၏ အမျိုးမျိုးသော အဓိပ္ပါယ်ဖွင့်ဆို ချက်တို့ကို ကြိုးစားတင်ပြထားပါသည်။
          Civil Society ဆိုသည်မှာ အစိုးရနှင့် မသက်ဆိုင်သည့် အမျိုးမျိုးသော အဖွဲ့အစည်းများဖြစ်ပြီး နိုင်ငံ တော်(အစိုးရ)ကို တန်ပြန်ထိန်းညှို့နိုင်စွမ်းရှိလောက်အောင် အင်အားတောင့်တင်းကြသည်။ အစိုးရများအား ငြိမ်း ချမ်းရေးထိန်းသိမ်းခြင်းနှင့် အဓိကကျသော အကျိုးစီးပွားအုပ်စုများအကြား၊ ကြားဝင်ဖြန်ဖြေရေး ကဲ့သို့ သော အစိုးရ၏ လုပ်ငန်းဆောင်တာများကို ပြည့်ဝစွာ ဆောင်ရွက်နိုင်ရန် ကန့်ကွက်တားဆီးခြင်းမရှိသော် လည်း အစိုးရ များအနေဖြင့် လူမှုအသိုင်းအဝိုင်းအပေါ် လက်ဝါးကြီးအုပ်လွှမ်းမိုးချယ်လှယ်ထားခြင်း၊ သီးခြား စီမံခွဲထုတ်ခြင်း များ မရှိစေရန် ကာကွယ်တားဆီးပေးထားသည်။
အခြေခံဥပဒေ အသက်ဝင်ရေး
by The Voice Weekly on Tuesday, October 25, 2011 at 5:59pm
မြန်မာနိုင်ငံတွင် ပြုပြင် ပြောင်းလဲမှုများ လျင်မြန်စွာ ဖြစ်ပေါ်လျက် ရှိပြီး အစိုးရသစ်သည် အဆိုပါ ပြုပြင် ပြောင်းလဲမှုများကို အမှန်တကယ် အလေးအနက် သဘောထားကြောင်း နိုင်ငံတကာ အသိုင်းအဝိုင်းက စတင် ထုတ်ဖော် ပြောကြားလာပြီ ဖြစ်ရာ မြန်မာနိုင်ငံ၏ ဂုဏ်သရေသည် တဖြည်းဖြည်း တိုးတက် ပြောင်းလဲလာနေပြီဟု ဆိုရမည် ဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က နိုင်ငံတော် သမ္မတကြီး၏ ပြုပြင် ပြောင်းလဲရေးဆိုင်ရာ သဘောထားကို ယုံကြည်ကြောင်း ပြောကြားခဲ့ရာ နိုင်ငံတကာ အသိုင်းအဝိုင်း အနေနှင့် မြန်မာနိုင်ငံ အခြေအနေသစ်ကို လက်ခံလာနေပြီ ဖြစ်ပါသည်။ လက်တွေ့အားဖြင့်လည်း နိုင်ငံတကာ အသိုင်းအဝိုင်းက မြန်မာနိုင်ငံနှင့် ပတ်သက်၍ ဝေဖန် တောင်းဆိုနေသော Check List ပါအချက်အလက် အတော်များများကို မြန်မာနိုင်ငံ၏ အစိုးရသစ်က ဖြည့်ဆည်းပြီး ဖြစ်နေသည်ကို တွေ့ရပေသည်။ မကြာမီ နိုင်ငံရေးအကျဉ်းသားများ ထပ်မံ လွှတ်ပေးခဲ့လျှင် နိုင်ငံတကာဘက်မှ ထောက်ပြစရာ မရှိသလောက် ဖြစ်သွားတော့မည် ဖြစ်ပေသည်။
ကျွန်တော် မြန်မာလူမျိုးပါ။
by သား လိမ် မာ on Tuesday, October 25, 2011 at 7:17pm
ဒီပို့စ်လေးဟာ ကျွန်တော့်ရဲ့ အမြင်၊ ကျွန်တော့်ရဲ့ အတွေးအမြင်လေးတစ်ခုမျှသာ ဖြစ်ပါတယ်။ ကျွန်တော် ဖြတ်သန်းခဲ့ရတဲ့ ပတ်ဝန်းကျင်ကို အခြေပြုပြီး ရေးထားခြင်းသာ ဖြစ်ပါတယ်။ ဒီပို့စ်လေးမှာ မြန်မာနိုင်ငံရဲ့ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး ရောယှက်ပါဝင်နေပါလိမ့်မယ်။ ဒါတွေဟာ ကျွန်တော့်အမြင်၊ ကျွန်တော့်အယူအဆမျှသာ ဖြစ်ပါတယ်။ မတူညီသောရှုဒေါင့်မှကြည့်မည် သူများကိုလည်း လွတ်လပ်စွာကွဲလွဲခွင့်ကလေး ပေးပါလို့ပဲ တောင်းဆိုလိုပါတယ်။ မှားတာ မှန်တာကို စာဖတ်သူ သိပါလိမ့်မယ် .. ကျွန်တော် ဘာမှမလိုချင်ပါဘူး.. လွတ်လပ်စွာကွဲလွဲခွင့်ကလေး သာ . . .
 ``ပညာသင်ကြားခြင်းရဲ့ ရည်ရွယ်ချက်ဟာ ရာထူးရဖို့မဟုတ်၊ အမှားနဲ့ အမှန်ကို ဆုံးဖြတ်တတ်ဖို့၊ တရားမှုနဲ့ မတရားမှုကို ခွဲခြားတတ်ဖို့ ဖြစ်ပါတယ်။´´ (ရပ်စကင်း)
စိတ်ယဉ်ကျေးမှု ချွတ်ခြုံကျ ဆင်းရဲနေသော စီးပွားဖွံ့ဖြိုးသည့် တိုင်းပြည်
by Maung Maung Wann on Tuesday, October 25, 2011 at 4:18pm
တရုတ်အစိုးရ အပါအ၀င် တရုတ် အရင်းရှင် ကုမ္ပဏီတွေနဲ့ အဓိက ဆက်ဆံနေရတဲ့ မြန်မာနိုင်ငံ အပါအ၀င် ဖွံ့ဖြိုးဆဲ နိုင်ငံတွေ အတွက်တော့ (moral collapse) စိတ်ယဉ်ကျေးမှု ချွတ်ခြုံကျ ဆင်းရဲနေတဲ့ တရုတ်နဂါးကြီးကို အထူး သတိထားစရာလို့ တွေးမိပါတယ်။
ကျနော် ငယ်ငယ်က အဖေဟာ အိပ်ရာဝင်ခါနီး ပုံပြင် ပြောလေ့ရှိပါတယ်။ အဖေပြောတဲ့ ပုံပြင်တွေထဲမှာ ဗုဒ္ဓ၀င် နိပါတ်တော်တွေ ပါသလို ဒဏ္ဍာရီဆန်တဲ့ ပုံပြင်လေးတွေလည်း ပါလေ့ ရှိပါတယ်။ ခုထိ မမေ့နိုင်သေးတဲ့ ပုံပြင်တပုဒ် ကတော့ “ဂေါ်တူဂရိတ်နိုင်ငံ” ဆိုတဲ့ ဒဏ္ဍာရီ ပုံပြင်လေးတခုပါ။
တရားဥပဒေစိုးမိုးရေး (The Rule of Law)
          တရားဥပဒေစိုးမိုးရေးဆိုသည်မှာ လူသားတို့သည် အခြားသတ္တ၀ါများထက် ဆင်ခြင်တုံတရားနှင့် ထူးခြား၍ထက်မြက်သော အသိတရားရှိသူများဖြစ်သည်။ မိမိအသက်ရှင်နေထိုင်သည့်ကာလအတွင်း ကောင်းမွန်သော လူဘောင်အဖွဲ့အစည်းကို ဖန်တီးထိန်းကြောင်းပြုပြင် နေထိုင်ကြမည်ဖြစ်ပေသည်။ လွန်ခဲ့ သောနှစ်သန်းပေါင်းများစွာက လူသားတို့သည် အထိန်းအကွတ်မရှိဘဲ ကြီးနိုင်ငယ်ညှင်း၊ တရားမဲ့ ပြုကျင့်မှုများ ဖြင့် ဆိုးဝါးစွာ လူ့အဖွဲ့အစည်းကို ဖြတ်သန်းလာခဲ့ကြသည်။ လူ့အဖွဲ့အစည်းတွင် ထိုမကောင်းသော အကျိုးများကို သိရှိလာသည်နှင့်အမျှ တိုးတက်ဖွံ့ဖြိုး၍ ငြိမ်းချမ်းသာယာမှုရှိသောလူ့ အဖွဲ့အစည်းအဖြစ် ပြောင်းလဲလာကြသည်။
ဒီမိုကရေစီ လေ့လာရေးစာစဉ် အခန်း(၅) အပိုင်း(၁)
နိုင်ငံရေးပါတီ ဆိုသည်မှာ
(The Party Concept)
          ဗြိတိသျှနိုင်ငံရေးသိပ္ပံပညာရှင် အက်ဒ်မန့်ဘာခ် (Emund Burke) က “နိုင်ငံရေးပါတီဆိုသည်မှာ ပြည်သူလူထု၏ အကျိုးစီးပွားကို အထိရောက်ဆုံး ဖော်ဆောင်နိုင်မည့် မူဝါဒများ ဖြစ်သည်ဟု သတ်ဝင်ယုံကြည် များက ထိုမူကို အခြေခံ၍ စုဝေးဖွဲ့စည်းထားသော လူစုဖြစ်သည်” ဟု ဆိုသည်။ နိုင်ငံရေးပါတီဆိုသည်မှာ မိမိတို့ကို ထောက်ခံမည်ဆိုပါက ထိုထောက်ခံသူတို့၏ အကျိုးစီးပွားကို ဖော်ဆောင်ပေးမည်ဟု စည်းရုံးကာ မိမိတို့ အာဏာရရှိရေးကို အားထုတ်နေသော တသီးပုဂ္ဂလများဖြင့် စုစည်းထားသော အဖွဲ့ဖြစ်ကြောင်း အဓိပ္ပါယ် ဖွင့်ကြသည်။ လူ့အဖွဲ့အစည်းအတွင်မှ ကွဲပြားခြားနားသော အစုအဖွဲ့များကို ကိုယ်စားပြု၍ ပေါင်းစပ်ထားသော ညွန့်ပေါင်းအဖွဲ့ကလေးများ ဖြစ်သည်ဟုလည်း အချို့ပြောကြသည်။
ဒီမိုကရေစီနိုင်ငံရေး၏ အခြေခံအုတ်မြစ်များ အခန်း (၆) ၊ အပိုင်း(၂)
အမေရိကန်ပြည်ထောင်စု၏ နိုင်ငံသားဘဝ
        အမေရိကန်ပြည်ထောင်စု၏ နိုင်ငံသားအယူအဆ ဖြစ်ပေါ်တိုးတက်လာပုံကို အထူးစိတ်ဝင်စား ကြခြင်းမှာ ၁၇၇၆ ဂျူလိုင်လတွင် ဗြိတိသျှ ဘုရင်စနစ်လက်အောက်မှ လွတ်လပ်ရေးကြေညာခဲ့သည့် အမေရိကန်ပြည် ထောင်စုသည် ခေတ်သစ်ကမ္ဘာ၌ နိုင်ငံသားကျင့်စဉ်အပေါ် အခြေစိုက်ဖွဲ့စည်းသည့် ပထမဆုံးနိုင်ငံ ဖြစ်ရုံသက် သက်ကြောင့် မဟုတ်ပါ။ “နိုင်ငံသား”၏ အဓိပ္ပါယ်သတ်မှတ်ချက်သည် ပြည်ထောင်စု ဖွဲ့စည်းတည်ဆောက်ပြီး ချိန်မှစ၍ ယနေ့ခေတ်အထိ စဉ်ဆက်မပြတ် တိုးတက်ခဲ့၊ တိုးတက်နေဆဲဖြစ်သောကြောင့် အရေအတွက်များပြား သောလူအုပ်စုတို့ အနေဖြင့် ဤအဓိပ္ပါယ် သတ်မှတ်ချက်နှင့် ပိုမိုအကျုံးဝင်လာနေဆဲ ဖြစ်ခြင်းသည်လည်း အကြောင်းအချက်တစ်ရပ်အနေဖြင့် ပါဝင်ပါသည်။ ဤဖြစ်ရပ်သည် စောစောပိုင်း အေဒီရာစုနှစ်များအတွင်း ရောမနိုင်ငံသား အဓိပ္ပါယ် သတ်မှတ်ချက် တဖြည်းဖြည်း ကျယ်ပြန့်လာခဲ့သည့် ဖြစ်ရပ်နှင့် တစ်နည်းတစ်ဖုံ ဆင်တူလျက်ရှိပါသည်။
နိုင်ငံရေးသမား အင်တာဗျူး နှင့် ဘ၀င်မကျခြင်း
by ဘကြီး စိုး on Tuesday, October 25, 2011 at 9:59am
ကျွန်တော်ညနေက "မြန်မာပြည်ပြုပြင်ပြောင်းလဲရေးနဲ့ ဒေါက်တာဇာနည်" ဆိုတဲ့ဆောင်းပါး အင်တာဗျူး တစ်ခုကိုဖတ်လိုက်ရတယ်။ ဦးသန်းလွင်ထွန်းက ဗြိတိန်နိုင်ငံ မဟာဗျူဟာလေ့လာရေးဌာနက မြန်မာအရေးသုံးသပ်သူဆိုတဲ့ ဒေါက်တာဇာနည်နဲ့ အင်တာဗျူးထားတဲ့ အကြောင်းအရာပါ။
ပညာရှင်ဆိုတဲ့ လူတွေရဲ့ အမြင်က ဘယ်လိုမျိုးလဲဗျာ။ Academic ဆိုတဲ့ အင်္ဂလိပ်စကားလုံးကို ကြားဖူးပါတယ်။ ဆင်ဆွယ်နန်းထက်က ပညာရှင်ဆိုတာ လည်းဖတ်သိခဲ့ဖူးပါတယ်။ ပညာသည်သာ ပညာအတွက်ဆိုတဲ့ စကားလုံးပါ။ အင်္ဂလိပ်လို Knowledge for the sake of Knowledge ဆိုတာမျိုးပါ။ ပြင်ပအရေးကိစ္စတွေမှာ စိတ်မ၀င်စားပဲနဲ့ ရသမျှ အကြောင်းအရာတွေ အသိပညာတွေကို ပညာရပ်ပိုင်းသက်သက်နဲ့ ရှာဖွေ ဆည်းပူးသူ၊ သူတို့သိထားတဲ့ ပညာတွေကို ချပြသူဆိုတဲ့ လူတန်းစားတွေကို ခေါ်တာပါ။
လူငယ်တိုးတက်ရေးနှုတ်တလုံးဖြင့် မပျက်စီးစေနှင့်
by Moenge Aung on Tuesday, October 25, 2011 at 8:52am
လူတိုင်းဟာ အထင်ကြီးတာကို ခံချင်ကြပါတယ် ..။ အထင်ကြီးခံချင်တယ်ဆိုရာမှာ မိမိမှာအထင်ကြီးစရာရှိမှ အထင်ကြီးခံရတာကောင်းပါတယ် ။ အထင်ကြီးစရာ မရှိပဲ အထင်ကြီးခံချင်တာကတော့ လူ့ငပေါပဲလို့သာ ဆိုချင်မိပါတယ် .။ လူတစ်ယောက်အနေနဲ့ သူတပါး အထင်ကြီးတာကို ဂရုစိုက်နေရင် ဒီလူဟာ မူမမှန်တဲ့သူပါ .။ ဘယ်လိုမူမမှန်လဲဆိုရင် တဖက်သားရဲ့ အထင်အမြင်ကို အရမ်းနှစ်သက်နေသလိုပါပဲ .။ တဖက်သားက အကောင်းထင်မြင်ရင် ကိစ္စမဟုတ်ပဲ အဆိုးထင်မြင်လိုက်ပါက အဲ့ဒီလူဟာ ထင်မြင်ချက်အောက်မှာ ပြားပြားဝပ်သွားနိုင်ပါတယ် ..။ အထင်ကြီးကြီး မကြီးကြီး အရည်အချင်းက အရည်အချင်းပါပဲ လျှော့မသွားပါဘူး ။
အကောင်း အဆိုး အကြောင်း အကျိုးသင့်ဖို့လို
ကိုမန်းကိုကိုနှင့် ဟစ်တိုင်အဖွဲ့သားများခင်ဗျာ
နိုင်ငံရေးသမားတယောက် နိုင်ငံရေးလုပ်ခဲ့လို့ ထွက်ပြေးနိုင်ရင် နယ်စပ်ပါ၊ နယ်စပ်ကနေ တတိယနိုင်ငံကို ဒီမိုကရေစီနိုင်ငံတနိုင်ငံက လက်ခံခေါ်ယူမှ ရောက်ပါတယ်။ ကိုယ်ကိုယ်တိုင်သွားရင် သိန်းရာချီကုန်တာ မြန်မာနိုင်ငံသားအများစု သိကြပါတယ်။ ဂျပန်နိုင်ငံက အရင်က မခေါ်ပါ၊ ကျွန်တော် ဂျပန်နိုင်ငံ တရားရေးဝန်ကြီးဌာနကို တကယ်အစစ်အမှန် ဒုက္ခသည်တွေကို ကူညီချင်ရင် နယ်စပ်ကို လေ့လာပြီး လက်ခံသင့်ပါတယ်လို့ (၂၀၀၈)လောက်က စာရေးတင်လိုက်လို့ (၂၀၁၀)ကစပြီး တနှစ်(၃၀)ယောက်နှုန်းနဲ့ ခေါ်ခဲ့ပါတယ်။
ဂျပန်မှာ နိုင်ငံရေးလုပ်ခဲ့လို့ နိုင်ငံရေးအရ ထွက်ပြေးလာတဲ့သူမရှိပါလို့ ရေးပါတယ်။ (၈၈၈၈)အရေးအခင်းဆိုတာ ပြည်သူ့အရေးခင်းဖြစ်လို့ အာဏာသိမ်းလို့ ထွက်ပြေးသွားတဲ့ ကျောင်းသားလူငယ်တွေဘဲ ရှိခဲ့ပါတယ်။ နောက် ပါတီထောင်ခွင့်ရပါတယ်၊
Monday, October 24, 2011
ဘ၀တခုလုံး ပြောင်းလဲစေနိုင်သော ထိုခြေတလှမ်း
by Yangon PressInternational on Monday, October 24, 2011 at 7:00pm
Landmine which can change someone's life:
ချစ်ဦးမောင်ရေးသားသည်။
ရန်ကုန်၊ အောက်တိုဘာ ၂၄ ၊ ၂၀၁၁ (YPI) - ပဲခူးတိုင်းဒေသကြီးအရှေ့ဘက်ခြမ်းက ရွှေကျင်ဘက်မှာ ဒညင်းသီးကို ဒေသခံတွေ နာမည်ပေးထားတာက “ပေါင်တိုသီး”၊ “ခြေတိုသီး”၊ “မိုင်းသီး” တဲ့။
ဘာလို့ အဲသလိုနာမည်တွေပေးထားကြလဲဆိုတော့ ဓညင်းသီးပေါ်ချိန်ဖြစ်တဲ့ ဇွန်၊ ဇူလိုင်၊ သြဂုတ်လတွေမှာ တောထဲ တောင်ထဲသွားပြီး ဒညင်းသီးသွားရှာကြပြီဟေ့ဆိုရင် မြေမြှုပ်မိုင်းထိလို့ ခြေထောက်တွေ ဆုံးရှုံးကြရတဲ့ အဖြစ်တွေ မနည်းတော့လို့ ပါတဲ့။
မုတ်သုံတော်လှန်ရေး
(၁)
အချစ်ရေ
အမေရိကန်ပြည်ထောင်စုကြီးရဲ့
နယူးယောက်မြို့ ကြီးမှာ
အနည်းစုက အများစုကြီးကို
သွေးစုတ်နေတယ်ဆိုတဲ့
မှုတ်သုံတော်လှန်ရေးတိုက်ခိုက်နေတယ်။
နိုင်ငံကျော် အနုပညာရှင် ဇာဂနာနှင့် တွေ့ဆုံခြင်း
by True News ဂျာနယ် on Monday, October 24, 2011 at 6:19pm
"နှစ်ဦး နှစ်ဘက် လမ်းဘေးထွက်ပြီး ဘောလုံးကန်ရမယ့် အခြေအနေ
မဟုတ်တော့ဘူး၊ ဥာဏ်ကစားပွဲ ချက်ထိုးရမယ့် ပွဲတစ်ခုလို့ ယူဆတယ်၊
စားပွဲပေါ်မှာ ညှိရမယ့် အခြေအနေတစ်ခုဖြစ်နေတာပေါ့"
နိုင်ငံကျော် အနုပညာရှင် ဇာဂနာနှင့် တွေ့ဆုံခြင်း
အောက်တိုဘာ ၁၂ ရက်က နိုင်ငံတော်သမ္မတ ထုတ်ပြန်တဲ့
လွတ်ငြိမ်းချမ်းသာခွင့်နဲ့ နိုင်ငံကျော်အနုပညာရှင် ဇာဂနာ(ခ) ဦးသူရ
တစ်ယောက် ၄င်းအပေါ်ချမှတ်ထားခံရတဲ့ ပြစ်ဒဏ် ၃၅နှစ်တွင် ၃နှစ်နဲ့ ၅လ
ကျခံပြီး မြစ်ကြီးနားထောင်မှ လွတ်မြောက်လာပါတယ်။
ဦးဇာဂနာနဲ့ True News တို့တွေ့ဆုံ ပြောဆိုခဲ့သည်များကို
ကောက်နှုတ်ဖော်ပြ လိုက်ပါတယ်။
ဖွံ့ဖြိုးမှု စီမံကိန်းသိပ္ပံပညာ (Development Planning Science)
ဒေါက်တာ ကျော်လတ်
ဖွံ့ဖြိုးဆဲ နိုင်ငံများ (Developing Countries)
          ကမ္ဘာပေါ်တွင်ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် စက်မှုထွန်းကားသော နိုင်ငံများဟုခွဲခြားခေါ်ဝေါ်သုံးစွဲကြခြင်းမှာ ဒုတိ ယကမ္ဘာစစ်နောက်ပိုင်း များစွာသောကိုလိုနီတိုင်းပြည်အများစုတို့ တစ်စတစ်စ လွတ်လပ်ရေးရပြီး နောက်ပိုင်းစတင်ခေါ်ဝေါ်သုံးစွဲလာကြသော စကားရပ်ဖြစ်သည်။ အာရှတိုက်နှင့်အာဖရိကတိုက်တို့တွင် အများစုသော ကိုလိုနီနိုင်ငံတို့သည် အခြားနိုင်ငံများနှင့် တန်းတူညီမျှစွာ လွတ်လပ်ကြပြီဖြစ်သော်လည်း ယင်းနိုင်ငံတို့၏စက်မှုကဏ္ဍ၊ပညာရေး၊ ကျန်းမာရေးကဏ္ဍစသည်တို့ နောက်ကျနေသည့်အတွက် ထိုနိုင်ငံ တို့ကို အစပိုင်းက Underdevelop-ed Countries ဟုခေါ်ကြပြီး၊ ၁၉၆၀ အချိန်ကာလမှစ၍ Developing Countries ဟုပြောင်းလဲခေါ်ဆိုလာကြသည်။
ခေါင်းဆောင်တွေအတွက် ( စီ) ဆယ်လုံး
လူတစ်ဦးချင်းစီက မိမိကိုယ်မိမိ အရာရာမှာ အောင်မြင်စေဖို့ စီမန်ခန့်ခွဲ လုပ်ဆောင်ရာမှာ မိမိကိုယ်တိုင်က မိမိအတွက် ခေါင်းဆောင် ဖြစ်ပါတယ်။ အဖွဲ့အစည်း တွေမှာ ခေါင်းဆောင်က တစ်ဦးတည်းပဲ ရှိပေမဲ့ လူတိုင်းက မိမိတို့တစ်ဦးချင်း တာဝန်ယူ ဆောင်ရွက်ကြရတဲ့ လုပ်ငန်းတွေ အတွက် မိမိက ခေါင်းဆောင်ပဲ ဖြစ်ပါတယ်။ ခေါင်းဆောင်မှု သဘောတရား တွေကို လူတစ်ဦးချင်း သိရှိဖို့ လိုအပ်သလို လိုက်နာကျင့်သုံးဖို့လည်း လိုအပ်တာဖြစ်ပါတယ်။ ခေါင်းဆောင် လုပ်မယ့်သူတွေ သိထားသင့်တဲ့ C ဆယ်လုံးကို ပြန်လည် မျှဝေ ပေးလိုက်ပါတယ်။
" ဦးနှောက်ယိုစီးမှုလား ဦးနှောက်ဖွံ့ဖြိုးမှုလား "
by Myanmar Society on Monday, October 24, 2011 at 12:05pm
- လူထုစိန်ဝင်း
ပြည်တွင်းက ပညာတတ်တွေ နိုင်ငံခြားထွက်သွားပြီး အလုပ်လုပ်ကြတာနဲ့ ပတ်သက်ပြီး အပြင် အယူအဆ အမျိုးမျိုး ရှိကြတယ်။ တချို့ကဒါဟာ ဦးနှောက်ယိုစီးမှု(brain drain) ဖြစ်တယ်။ ပညာသင်ကြားပေးခဲ့ရတဲ့ မိခင်နိုင်ငံအတွက် ကြီးမားတဲ့ ဆုံးရှုံးမှု ဖြစ်တယ်လို့ သဘောထားကြတယ်။
ပိုဆိုးတဲ့ ပြဿနာ
ဦးနှောက်ယိုစီးမှုထက်ဆိုးတဲ့ ဦးနှောက်ခြောက်ခန်းမှု (braindry) ပြဿနာလည်း ရှိသေးတယ်လို့ ကိုယ်တိုင်လည်း ရေးခဲ့ဖူးတယ်။ ဆရာဝန် ဖြစ်ပြီး ဆရာဝန်မလုပ်ဘဲ ကုမ္ပဏီထောင် စီးပွားရေးလုပ်တဲ့အခါ၊ အထည်အလိပ် အင်ဂျင်နီယာဘွဲ့ရက သင်္ဘောသား သွားလုပ်တဲ့အခါ၊ ဘူမိဗေဒဘွဲ့ရက ဆေးကုမ္ပဏီရဲ့ ဆေးရောင်းသမား သွားလုပ်တဲ့အခါ သူတို့ သင်ယူခဲ့တဲ့ ပညာတွေ မေ့လျော့ ခြောက်ခန်းသွားပြီး အဟာသိကံ ဖြစ်ရတယ်လို့ ရေးခဲ့တာ ဖြစ်တယ်။
နိုင်ငံရေးနှင့် အစွန်းရောက်မှု
Rozoner King created a doc.
[By Yan Aung ]
စစ်တပ်နဲ့ ဒီမိုအုပ်စုတွေ ယုံကြည်မှုတွေမရှိကြတဲ့ အဓိက အကြောင်းမှန်က အယူအဆမတူ၊ ခံယူချက်မတူ၊ ခံစားချက်မတူရင် သူ့ဘက်၊ ကိုယ့်ဘက်ဆိုပြီး  ဘက်တွေနဲ့ အဓိကခွဲခြားနေကြတာတွေ၊ အစွန်းရောက်နေကြတာတွေ၊ စစ်တပ်ကိုလည်း စစ်အာဏာရှင်၊(နာလဗိန်းတုံးတွေ) စစ်တပ်ကလည်း အရပ်သားတွေ(ဘာမှသုံးစားမရဘူး) ဆိုတဲ့ အမြင်တွေ၊ အဲဒီအမြင်ဆိုးတွေက အဓိက အကျိုးသက်ရောက်မှုတွေဖြစ်ကုန်တာပါပဲ..။
စစ်တပ်ထဲမှာလည်း နည်းပညာကြောင့် မျက်စိပွင့်နားပွင့်ပြီး နိုင်ငံတကာဗဟုသုတကြောငု့် ထူးချွန်တဲ့သူတွေ  ယနေ့မှာ ရှိနေသလို၊ အပြင် နိုင်ငံရေးအသိုင်းအ၀ိုင်းနဲ့ ပြည်သူတွေကြားထဲမှာလည်း ထူးချွန်တဲ့လူ၊ စွမ်းဆောင်နိုင်စွမ်းရှိသူတွေ အများကြီးပါ..။
Sunday, October 23, 2011
အရင်ရှင်းရမှာက အရင်းရှင်မဟုတ် ကပ်ပါးကောင်တွေပါ
by Sein Soe on Sunday, October 23, 2011 at 9:29pm
Written by လူထုစိန်ဝင်း    Sunday, 23 October 2011 11:29
မြန်မာလူမျိုးတွေ သည်းခံနိုင်လွန်းတာနဲ့ မြန်မာနိုင်ငံ တိုးတက်သင့်သလောက် တိုးတက်မလာဘဲ နောက်ကျန်နေရစ်တာဟာ ကိုးကွယ်တဲ့ဘာသာတရားနဲ့များ သက်ဆိုင်နေမလား ဆိုတဲ့မေးခွန်းကို နိုင်ငံခြားသား သတင်းသမားတွေ၊ စာရေးဆရာ တွေနဲ့တွေ့တဲ့အခါတိုင်း အမေးခံရလေ့ရှိတယ်။
ပါဝင်စွက်ဖက်မှုမရှိတဲ့ဘာသာ
မြန်မာလူမျိုး ပညာတတ်လူငယ်တချို့လည်း တစ်ခါတစ်လေ ဒီလို မေးတတ်တယ်။ဗုဒ္ဓဘာသာက ဘယ်အရာမဆို မိမိပြုလုပ်ခဲ့တဲ့ ကုသိုလ်၊ အကုသိုလ်ကံအလျောက်ဖြစ်ရတယ်လို့ဆိုတဲ့အတွက် ကြိုးစားသင့်သလောက် မကြိုးစားကြဘဲ ရောင့်ရဲ တင်းတိမ်နေကြတယ်လို့ ထင်နေကြတယ်။
လူ့အခွင့်အရေးနှင့်ကိုယ်ကျိုးစီးပွား
by Myat Thi Ha on Sunday, October 23, 2011 at 1:39am
ကျနော်ယခု ရေးသားတင်ပြမည့်အကြောင်းအရာမှာ မြန်မာနိုင်ငံအတွင်းသို့ အိမ်နီးချင်းနိုင်ငံများမှ ဝင်ရောက်အခြေချ လာသော လူမျိုးခြား တရုပ်၊ ကုလားများအရေးကိစ္စကို မိမိဥာဏ်မှီသမျှနှင့် အတွေ့ အကြုံတို့ ကို ပေါင်းစပ်ပြီး တင်ပြ ထားခြင်းဖြစ်ပါသည်။ ထိုသို့ ရေးသားရာ၌ လူမျိုးစွဲ၊ ဘာသာစွဲ အစွန်းနှစ်ဖက်ကို တတ်နိုင်သမျှရှောင်ကျဉ်ပြီး ကြိုးစား ရေးသားရာတွင် မိမိနိုင်ငံ၏ အမျိုးဘာသာ၊ သာသနာအဓွန့် ရှည်ရေးနှင့် အခြားသောလူမျိုးများ၏ ဘာသာ၊ သာသနာ ကိုလည်း မထိခိုက်၊ မစော်ကားမိစေရန် အထူးဂရုစိုက်ခဲ့ပါသည်။
လူထုအဓိကလူ့အဖွဲ့ အစည်းအယူအဆ မိတ်ဆက် (Introduction to Civil Society Concept)
ဝေါဟာရ၊ အယူအဆ နှင့် ချည်းကပ်မှု
အင်္ဂလိပ်ဘာသာဖြင့် (Civil Society) ဟု သုံးနှုံးလိုက်လျှင် နိုင်ငံတကာ၌ အများစု လက်ခံထားကြသည်မှာ အစိုးရနှင့်မပတ်သက်သည့် လူထုအသင်းအဖွဲ့ များနှင့် ပရဟိတအသင်းများဖြစ်ပါသည်။ ရှေးပညာရှိများ၏ အဆိုအမိန့် များကို လေ့လာရာ၌မူ (Civil Society) ဟူသောစကားလုံးဖြင့် လူ့ အဖွဲ့ အစည်းတရပ်လုံးကို ကိုယ်စားပြု၍ စဉ်းစားတွေးခေါ်သွားမှုများ ရှိခဲ့ကြောင်းတွေ့ ရသည်။ ဤမိတ်ဆက်တွင် (Civil Society) ကို လူထုအဓိကလူ့ အဖွဲ့ အစည်း ဟူ၍ ခေါ်ဆိုသုံးစွဲသွားပါမည်။ အစိုးရနှင့်မပတ်သက်သည့် လူထုအသင်းအဖွဲ့ များ နှင့် ပရဟိတအသင်းများသည် လူထုအဓိကလူ့ အဖွဲ့ အစည်းတရပ်လုံးတွင် အရေးပါသောအစိတ်အပိုင်း မှ ပါဝင်နေသည့် သဘောကိုလက်ခံပါသည်။ ဆိုလိုသည်မှာ အစိုးရနှင့်မပတ်သက်သည့် လူထုအသင်းအဖွဲ့ များ နှင့် ပရဟိတအသင်းများအခြေခံမှ လူ့ အဖွဲ့ အစည်းတရပ်လုံးကို ချည်းကပ်သွားရန် ဖြစ်ပါသည်။
သင်သေသွားသော်
Cloud Cuckoo Land created a doc.
ဆရာဇော်ဂျီ ရေးသားသော သင်သေ သွားသော် ကဗျာ လေးက အခြေခံပညာ အထက် တန်းကျောင်း သုံးကဗျာ တွင်ပါသော ကဗျာလေး တစ်ပုဒ်ဖြစ်ပါ တယ်။ ကဗျာ လေးက ဪ . . လူ့ ပြည် လောက၊ လူ့  ဘဝကား၊ အိုရနာရ သေရဦးမည် မှန်ပေ သည်တည့် သို့ တပြီးကား၊ သင်သေသွား သော်၊ သင်ဖွားသောမြေ၊ သင်တို့ မြေသည် အခြေ တိုးမြင့် ကျန်ကောင်းသင့်၏။ သင် ၏ အမျီုးသား၊ စာစကားလည်း ကြီးပွားတက် မြင့် ကျန်ကောင်း သင့်၏။ သင့်ဦးချ၍ အမျှ ဝေရာ စေတီသာနှင့် သစ္စာအရောင် ဥာဏ်တန်ဆောင်လည်း ပြောင်လျက်ဝင်းလျက် ကျန်စေသတည်း။ ဤကဗျာ လေးကို ကျွန်တော်အ တော်လေးနှစ်ခြိုက်ခဲ့ပါတယ်။ ဒီကဗျာ လေးကို အခြေပြုပြီး ၁၇ .၁၂ .၂၀၁၀ အပါတ်ထုတ် Health Care ဂျာနယ်တွင် ဖော်ပြခဲ့ဖူးပါသည်။ ယခုကျွန်တော်နေ့  စဉ် သွားလာ နေတဲ့ ဒလ-ပန်းဆိုးတန်းခရီးမှာ တွေ့မြင်နေရတဲ့ NGO အဖွဲ့တစ်ခုရဲ့ တာ ဝန်မပျက်နေ့ စဉ်လှုပ်ရှားနေတာကို တွေ့မြင်နေရပြီး NGO အဖွဲ့ရဲ့ ပြည်သူ အပေါ် လုပ်ဆောင်နေတဲ့ အကြောင်း လေးကို တင်ပြလိုပါတယ်။ လူတိုင်းတွင် အတ္တ၊ ပရ နှစ်ခုရှိပါတယ်။
Related Posts Plugin for WordPress, Blogger...