Wednesday, November 30, 2011

လက်ရှိ မြန်မာ့နိုင်ငံရေးအပေါ် ဒေါက်တာမြင့်ချိုရဲ့အမြင်

by Nge Naing on Wednesday, November 30, 2011 at 8:37pm
 
NLD မှတ်ပုံတင်ရေးနဲ့ ကြားဖြတ်ရွေးကောက်ပွဲဝင်ရေး ဆုံးဖြတ်ချက်ကိစ္စ၊ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုတယ် ဆိုတဲ့ကိစ္စ၊ ပြည်ပရောက် မြန်မာတွေရဲ့ လုပ်သင့်တဲ့ကိစ္စ၊ NCGUB, CRPP, နဲ့ MPU တို့ရဲ့ အနာဂတ်ရေးကိစ္စတို့နဲ့ ပတ်သက်ပြီး Australia SBS မြန်မာပိုင်း ရေဒီယိုမှ ဦးကျော်ထွန်းအောင် က မြန်မာ့ရေးရာရုံး ညွန်ကြားရေးမှူး ဒေါက်တာ မြင့်ချိုနှင့် တွေ့ဆုံမေးမြန်းခန်း ကောက်နှုတ်ချက်
(၂၀၁၁) နိုဝင်ဘာ (၂၃) ရက်နေ့

ဦးကျော်ထွန်းအောင် ။   ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဟာ ၂၀၁၀ ခုနှစ်က ပါတီမှတ်ပုံတင်ဖို့ တရားဝင်ငြင်းဆန်ခဲ့တဲ့အပြင် ရွေးကောက်ပွဲကိုလည်း ဆန့်ကျင်သပိတ်မှောက်ခဲ့ပေမဲ့ အခုမှ ဘာကြောင့် ပါတီကို မှတ်ပုံပြန်တင်ဘို့၊ လာမဲ့ရွေးကောက်ပွဲတွေမှာလည်း ၀င်ရောက် ယှဉ်ပြိုင်ဘို့ ဆုံးဖြတ်လိုက်ရတာလဲ ဆိုတဲ့အပေါ်မှာ ဒေါက်တာမြင့်ချိုရဲ့ အမြင်ကို ရှင်းပြတင်ပြပေးပါ။

ဦးမြင့်ရဲ့ "Corruption: Causes, Consequences and Cures" စာတမ်းအပေါ် သဘောထားထင်မြင်ချက် - အပိုင်း ၁ - ၂

by Ye Ni on Wednesday, November 30, 2011 at 12:33am
 
အခုစာတမ်းက ဆရာကြီးဦးလှမြင့်ရဲ့ စာတမ်းပါ။ ဆရာဦးမြင့်ရဲ့ စာတမ်းကို သဘောထားပေးထားတာပါ။ ဆရာကြီးဦးလှမြင့်ဟာ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ စီးပွါးရေးပညာရှင်တွေထဲမှာ ဘုရားတဆူပေါ့။ သူ့အကြောင်း http://en.wikipedia.org/wiki/Hla_Myint မှာကြည့်ပါ။ အခု အသက် ၉၁၊ ဘန်ကောက်မှာ အငြိမ်းစားနေနေ တယ်။ ဦးနေဝင်းခေတ်ကတည်းက နိုင်ငံက နှင်ပစ်ခံရတာ၊ တိုင်းပြည်အတွက် အရမ်းနစ်နာဖို့ကောင်းတယ်။ သူ့ ၁၁ မျက်နှာစာတမ်းကို လုံးကောက်မပြန်  လူပြိန်းနားလည်အောင် ဆီလျော်သလို ပြန်တာ အခု ၂ မျက်နှာ အကြမ်းပြီးလို့  Share လိုက်တယ်။ အချိန်ရရင်ရသလို ဆက်ပြန် ပါမယ်။ မကောင်းရင် ဘာသာပြန်တာ အသုံးမကျလို့ မှတ်ပါ့မယ်။

ဒီမိုကရေစီနိုင်ငံရေး၏ အခြေခံအုတ်မြစ်များ အခန်း (၁၁)



ဒီမိုကရေစီအစိုးရများ၏ သဘောသဘာဝ၊ လုပ်ငန်းဆောင်ရွက်ပုံ၊ ကိုယ်စားပြုပါဝင်ခြင်းနှင့် အာဏာခွဲဝေခြင်း။    

       ဒီမိုကရေစီအစိုးရများအား (၁) ဥပဒေပြုရာ၌ နိုင်ငံသားများ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခွင့်ရှိသော “တိုက်ရိုက်ဒီမိုကရေစီ” နှင့် (၂) ဥပဒေပြုရာ၌ နိုင်ငံသားများ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခွင့်မရှိသော်လည်း လူထုကိုယ်စားလှယ်များကို အချိန်အပိုင်းအခြားအလိုက် ရွေးကောက်တင်မြှောက်၍ နိုင်ငံအုပ်ချုပ်ရေး တာဝန် ပေးအပ်လေ့ရှိသော “ကိုယ်စားပြုဒီမိုကရေစီ” ဟူ၍ နှစ်မျိုးနှစ်စား ခွဲခြားနိုင်ပါသည်။ တိုက်ရိုက် ဒီမိုကရေစီစနစ် ကို ကျင့်သုံးရာတွင် အရွယ်ပမာဏ သေးငယ်သော လူ့အဖွဲ့အစည်းများအတွင်း အရေ အတွက်အားဖြင့် ရာဂဏန်း သို့မဟုတ် အများဆုံး ထောင်ဂဏန်းမျှသာရှိသည့် နိုင်ငံသားများစုဝေးကြ၍ ပြဿနာများကို ဆွေးနွေးကြပြီးလျှင် မဲဆန္ဒပေး ဆုံးဖြတ်ကြလေ့ရှိကြသည်။ အမေရိကန်ပြည်ထောင်စု အရှေ့မြောက်ပိုင်းရှိ နယူးအင်္ဂလန်မြို့ လူထုအစည်းအဝေးနှင့် ဆွတ်ဇာလန် အစိုးရ၏ ဒေသဆိုင်ရာ အဖွဲ့ခွဲများကျင့်သုံးသော စနစ်သည် တိုက်ရိုက်ဒီမိုကရေစီစနစ်၏ ဥပမာများဖြစ်ကြသည်။

လူထုအဓိက လူ့အဖွဲ့အစည်း (Civil Society) အဖွင့်


 လူဟာ တဦးတည်းနေလို့မရ အစုအဝေး၊ အ၀န်းအ၀ိုင်း၊ အဖွဲ့အစည်းနဲ့နေမှရတယ်လို့ နိုင်ငံရေးသိပ္ပံပညာရှင် တွေက သုံးသပ်ကြပါတယ်။ ဒီမှာ မေးစရာ မေးခွန်းပေါ်လာပါတယ်။ ဘယ်လို အသွင်လက္ခဏာတွေ၊ အနှစ်သာရတွေနဲ့ ပြည့်စုံတဲ့ အစုအဝေး၊ အ၀န်းအ၀ိုင်း၊ အဖွဲ့အစည်း၊ တိုင်းပြည်၊ နိုင်ငံမှာ ရပ်တည်၊ ရှင်သန်၊ ပျိုးထောင်ခွင့်ရမှ လူ့ဘ၀ရဲ့တန်ဘိုးကို ရှာဖွေတဲ့နေရာမှာ ကြီးမားစွာ အထောက်အပံ့ရနိုင်ပါ့မလဲ။
လူတိုင်းလူတိုင်းဟာ အခြေခံ စားဝတ်နေရေးနဲ့တော့ အနည်းဆုံးပြည့်စုံ ခြင်ကြတယ်။ ဖြစ်နိုင်ရင် ပိုပိုလျှံလျှံ ကလေးနဲ့ လှူခြင် တန်းခြင် ပေးခြင်ကမ်းခြင်ကြတယ်။ တချို့ကျတော့လဲ အကြီးအကျယ်ကို ချမ်းသာ ကြွယ်ဝခြင်ကြတာပါဘဲ။ ဘာဘဲဖြစ်ဖြစ် ရုပ်ဝတ္တုပစ္စည်းကြွယ်ဝမှုကို ဘယ်သူမဆို အနည်းနဲ့အများ ခံစား သုံးဆောင်ခြင်ကြပါတယ်။ ဒါပေမယ့် လူဟာ စီးပွားရေးသတ္တ၀ါ   သက်သက်မဟုတ်တာကတော့ သေချာ ပါတယ်။ လူ့ဘ၀ရဲ့ရည်မှန်းချက်ဟာ ရုပ်ဝတ္တုပစ္စည်း ပြည့်စုံကုန်လုံ ရုံသက်သက်မဟုတ်ဘူး ဆိုတဲ့အပေါ်မှာလည်း များသောအားဖြင့် အငြင်းမပွားကြပါ။ လူနဲ့တိရစ္ဆာန်ကွဲပြားနားချက်ကတော့ လူဟာ ရုပ်ဝတ္တုပစ္စည်း ပြည့်စုံကုန်လုံမှုထက်ကျော်လွန်တဲ့ တန်ဘိုးကို ရှာဖွေတတ်တဲ့ သတ္တ၀ါ၊ လူ့အဖွဲ့အစည်းကို ပို၍ပို၍ ကောင်းအောင် တည်ဆောက်တတ်တဲ့ သတ္တ၀ါဖြစ်ပါတယ်။

မှတ်စုလေး တချို့ .....


နိုင်ငံတကာအဖွဲ့အစည်းများ လုပ်ဆောင်နိုင်သောအချက် (၆) ချက်
Six main Function of Human Rights.

 (၁) Information gathering evolution and dissemination
  - ဒေသဆိုင်ရာအဖွဲ့အစည်းများ ပို့ပေးသောသတင်းများ စုဆောင်းမည်။ တည်းဖြတ်မည်။ နိုင်တကာသိအောင်
ဖြန့်ချီပေးခြင်း လုပ်ဆောင်ပေးသည်။

(၂) Advocacy and human rights educations
  - လူ့အခွင့်အရေးပညာရေးလုပ်ငန်းများ လုပ်ဆောင်ပေးသည်။ ဖြစ်သင့်သောကိစ္စ၊ဖြစ်သင့်သောအရာတွေကို လူထုတွေလက်ခံလာအောင်ပညာပေးမှုတွေလုပ်ဆောင်ပေးသည်။

စိတ်ချရမယ့် အမတ်များ လိုတယ်တဲ့

by General Knowledge on Wednesday, November 30, 2011 at 12:49pm



By Myanmar News Weeks


 ၁၉၄၇ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့ မုံရွာမြို့တွင် ဟောပြောချက်

ကျွန်တော်လာခဲ့တဲ့ အကြောင်းကတော့ တိုင်းပြုပြည်ပြု လွှတ်တော် ရွေးကောက်ပွဲကိစ္စနှင့် ပတ်သက်ပြီး  လာရခြင်းပါပဲ။ လာမယ့် တိုင်းပြုပြည်ပြု လွှတ်တော် ရွေးကောက်ပွဲဟာ အရင်က ရွေးကောက်ပွဲနှင့် မတူဘူးဆိုတာကို သတိပြုစေချင်ပါတယ်။ အရင်ကလို တရားဟော မဲဆွယ်ပြီး၊ လေပျော်နှင့် အော်နေလို့ ဖြစ်မှာ မဟုတ်ဘူး။ အရင်က ခင်ဗျားတို့ တင်မြှောက်လိုက်တဲ့ အမတ်မျိုးတွေကို မလိုချင်ဘူး။

တောင်ဒဂုံမှာသာတဲ့လ (သို့မဟုတ်) နှလုံးသားဖြူစင်သော မေတ္တာရှင်

by Ag Myint Tham on Wednesday, November 30, 2011 at 12:53pm
 
                                 လူနာရှင်ခလေးအား ကြင်နာယုယတတ်သော မဖြူဖြူသင်း

 မေတ္တာသည် အေးမြခြင်း၊ မွန်မြတ်ခြင်း၊ သန့်စင်ခြင်း၊ လူသားတစ်ယောက်ရဲ့အဆင့်အတန်းသည်၊ တခြားလူတွေအပေါ်နှင့် သတ္တ၀ါတွေအပေါ်မေတ္တာဓါတ် ဘယ်လောက်ထားတတ်ခြင်းကို ကြည့်ရှု၍ လူသား၏ ကြီးမြတ်ခြင်းကို သိရှိနိုင်ပါသည်။ မေတ္တထားခြင်းသည် ကောင်းမှုကို ကြံစည်နေခြင်းမည်ပါသည်။ မေတ္တာနှင့် ယှဉ်သော လူသားအကျိုးပြု လုပ်ငန်းများကို လုပ်ဆောင်နေခြင်းသည် မိမိကိုးကွယ် ယုံကြည်သော ဘုရားစကားတော်ကို နားထောင်ခြင်းမည်၏။ အဘယ်ကြောင့်ဆိုသော် မေတ္တာသည် ဘုရားသခင်၊ ဘုရားသခင်သည် မေတ္တာပင်ဖြစ်သည်။

30.11.2011 နေ့ဖတ်ရန်သတင်းများ

by Myanmar Journal on Wednesday, November 30, 2011 at 5:48am
 
 
နိုင်ငံရေးအကျဉ်းသားလွှတ်ရေး ပြောဖို့ ကလင်တန်ကို ဝိုင်းဝန်းတိုက်တွန်း
By မနန္ဒာချမ်း

မြန်မာနိုင်ငံမှာ သိသာတဲ့ အပြောင်းအလဲတချို့ အနည်းငယ်ရှိလာတဲ့အပေါ် တုံ့ပြန်တဲ့အနေနဲ့ သွားရောက်မယ့် အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်ရဲ့ ခရီးစဉ်အတွင်း - မြန်မာအစိုးရဘက်က ဒိထက်ပိုပြီး တိုးတက်အောင် လုပ်ပြဖို့ လိုမယ်လို့ မြင်ကြပါတယ်။ အထူးသဖြင့် နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးလို - ခိုင်မာတဲ့ အပြောင်းအလဲတွေကို လုပ်ဖို့ လိုမယ်ဆိုပြီး မြန်မာ့နိုင်ငံရေး အသိုင်းအ၀ိုင်းနဲ့ သံတမန်တွေက ပြောဆိုနေကြတာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ မနန္ဒာချမ်း က တင်ပြပေးထားပါတယ်။

ကျားကွဲရင် ခွေးအ ဆွဲမယ်



ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ မှတ်ပုံတင်ခြင်းနှင့်ရွေးကောက်ပွဲ ဝင်ရန်ဆုံးဖြတ်ခြင်းအပေါ် ဒီမိုကရေစီအင်အားစုများအတွင်း သဘောတူထောက်ခံသူများနှင့် သဘောမတူသူများအကြား အငြင်းပွါးလာခဲ့ပြီးစစ်အာဏာရှင်ကိုမတိုက်နိုင်တော့ဘဲအချင်းချင်း ငြင်းခုံကြရင်းဘုံရန်သူ ပျောက်၍စစ်အာဏာရှင်အကြိုက်တဦးနှင့်တဦးလက်ညှိုးထိုး၊ ရန်တွေ့ ရင်းတဝဲလည်လည်သွေး ကွဲကြ ပြန်သည်။ ကျားကွဲတော့ ခွေးအ များကဝိုင်းဆွဲခြင်းကိုခံရ တော့ မည့်ကိန်း ယနေ့ဒီမိုကရေစီအင်အား စုများအတွင်း ဆိုက် ရောက်နေသဖြင့်သတိပေးနှိုး ဆော် လိုက်ရပေတော့သည်။

Tuesday, November 29, 2011

(၇) ဥပဒေတိုင်းသည် (ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဌာန်းချက်များနှင့်အညီ) တရားမျှတကိုက်ညီခြင်း ရှိမရှိ သုံးသပ်ခြင်းကို ခံရမည်။ All laws are subject to judicial review



မြန်မာနိုင်ငံ ရှေ့နေများကောင်စီ၏ ဥပဒေစိုးမိုးရေး စာအုပ်မှ ... 

ဥပဒေပြုအဖွဲ့ (ပါလီမန်) တခုခု၏ ဆောင်ရွက်ချက်ကိုဖြစ်စေ၊ ဥပဒေတခုခုကိုဖြစ်စေ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဌာန်းချက်များနှင့် ကိုက်ညီခြင်းရှိမရှိကိုသော်လည်းကောင်း၊  ထို့ပြင်၎င်းဥပဒေကို ကျင့်သုံးအကောင်အထည် ဖေါ်ကြသည့် အဖွဲ့အစည်းတို့၏ ဆောင်ရွက်ချက်များကိုသော်လည်းကောင်း  တရားရေးဆိုင်ရာအမြင်ဖြင့် (အမြင့်ဆုံးတရားရုံး (သို့) သီးသန့်တရားရုံးက) ချိန်ထိုး သုံးသပ်ရမည်ဖြစ်သည်။ ဆိုလိုသည်မှာ ပြည်သူ့ လွှတ်တော် (သို့) ပါလီမန်၏ သြဇာလွှမ်းမိုးမှုကင်းသော၊ လွတ်လပ်သောအဖွဲ့ တခုခုက ပြဌာန်းဥပဒေတို့သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ကိုက်ညီခြင်းရှိမရှိကို ဆုံးဖြတ်ရန်လိုအပ်သည်ဟု ဝေဖန်သုံးသပ်ကြခြင်းဖြစ်သည်။
ပြဌာန်းဥပဒေများကို ထိုကဲ့သို့အကဲဖြတ်သုံးသပ်ရာတွင် ပါလီမန်ကသာ ဆုံးဖြတ်ခြင်း ဖြစ်ပါက ၄င်း၏အကြိုက် ကိုသာလိုက်၍ ဆုံးဖြတ်နိုင်ဖွယ်ရာရှိပေသည်။ ထို့ကြောင့်လွှတ်တော်(သို့) ပါလီမန်က ပြုလုပ်သည့် ဆုံးဖြတ်ချက် များ၊ ဥပဒေများကို ပြန်လည်သုံးသပ်ပိုင်ခွင့်ရှိသော တရားရုံးတော်များ၊ သို့မဟုတ်၊ သီးသန့်ဖွဲ့စည်းထူထောင် ထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးကဲ့သို့သော အဖွဲ့အစည်းတခု ရှိရန်လိုသည်ကို ဆိုလိုခြင်းဖြစ်ပေသည်။

အမြင့်နိုင်ငံရေးနဲ့ စစ်ပြေးဒုက္ခသည်များ

by အား မာန် on Tuesday, November 29, 2011 at 6:19pm
 
နိုင်ငံရေးနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံမှာ ရုန်းရုန်းရုန်းရုန်း ဖြစ်နေတာ ရက်ပေါင်းအတော်ကြာခဲ့ပါပြီ။ တောင်းဆိုမှု အမျိုး အစား အထွေထွေကိုလည်း ကြားနေရပါတယ်။ ရေဒီယိုမှာကြားရတဲ့ အသံများ၊ အင်တာနက်ပေါ်မှာ ဖတ်ရတဲ့ အဆိုများ အရ ကြည့်လိုက်တော့ လူအတော်များများဟာ အမြင့်နိုင်ငံရေး High politics ကို တော်တော်လေး အားသန်တယ် ဆို တာ တွေ့ရပါတယ်။ အမြင့်နိုင်ငံရေး အပြောင်းအလဲအတွက် တောင်းဆိုသံ၊ ဆွေးနွေးသံ၊ ဝေဖန်သံ၊ ရှုတ်ချသံ၊ အကြံ ပေးသံ စတာတွေ မှာလည်း အပျော့အပြင်း အလျှော့အတင်းတွေနဲ့ အမျိုးအစားစုံလှပါတယ်။

လူထုထံမှ သင်ယူသော နိုင်ငံရေး

by So Min Oo on Tuesday, November 29, 2011 at 12:15pm
 
                                            Abraham Lincoln © Look and Learn

 "လူအများအပြားကို ခဏလေး ဖုံးကွယ်ထားခြင်းဟာ ဖြစ်နိုင်ခြေ ရှိပါတယ်။လူနည်းစုကို အကြာကြီး ဖုံးကွယ်ထားခြင်း ဟာလည်း ဖြစ်နိုင်ချေရှိပါတယ်။ ဒါပေမယ့် လူအများကို အကြာကြီး ဖုံးကွယ်ထားလို့ မရပါဘူး။ လူထုကြီးဟာ ကောင်းကင်လိုပဲ ကျယ်ပြန့် ကြီးမားလို့ ဖြစ်ပါတယ်။ကျွှန်တော်ဟာ ရာထူးရာခံ ရှိတဲ့နေရာမှာ ရှိပြီး ရာထူးကြီးတဲ့ သူတွေရဲ့ အကူအညီနဲ့ ရွေးကောက်ပွဲကို ဝင်ရာက် ယှဉ်ပြိုင်ခဲ့တဲ့သူ တစ်ယောက်မဟုတ်ပါဘူး။ငွေကြေးဓန အင်အားနဲ့ ရွေးကောက်ပွဲ လက်မှတ်ကို ဝယ်ပြီး လာတဲ့ လူချမ်းသာလည်း မဟုတ်ပါဘူး။ကျွှန်တော်ဟာ နေ့စဉ်နေ့တိုင်း လူထုကြီးနဲ့ အနီးကပ်နေပြီး နိုင်ငံရေးကို သင်ယူခဲ့တာပါ။

“ ဆင်သွားမှ လမ်းဖြစ်မည် ”

by Wai Maw on Tuesday, November 29, 2011 at 9:11am
 ဦးဖိုးသာအောင်

-၂၉- ၁၁- ၂၀၁၁

- ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် အစိုးရသစ်ထံ မှတ်ပုံတင်မည်၊ ပြီးလျှင် ရွေးကောက်ပွဲဝင်မည်ဟု ကန့်ကွက်သူ မရှိဘဲ တခဲနက်ဆုံးဖြတ်ချက် ချလိုက်ကြ၏။
သို့သော် လွယ်လွယ်ကူကူ ပြီးစလွယ်ဆုံးဖြတ်လိုက်သည်တော့ မဟုတ်ပါ၊ အစိုးရသစ်နှင့် ပူးပေါင်းခြင်းဖြင့် လူထုအတွက် အကျိုးရှိမလား၊ အဆိုးရှိမလားဆိုတာ အထပ်ထပ်အလည်လည် ဆွေးနွေးညှိနှိုင်းတိုင်ပင်ပြီးမှ ပေါ်ထွက်လာတဲ့ ဆုံးဖြတ်ချက်ပါ၊
မတင်သင့် မဝင်သင့်ဆိုသည့် အင်အားစုများ၊ တင်သာတင်မည် စတိအနေနှင့်သာ ဝင်မည်ဆိုသည့် အင်အားစုများ၊ တင်လည်းတင်မည် ဝင်လည်းဝင်မည်ဆိုသည့် အင်အားစုများ အမျိုးမျိုးရှိကြပါသည်၊

29.11.2011 နေ့ဖတ်ရန်သတင်းများ

by Myanmar Journal on Tuesday, November 29, 2011 at 6:57am
 
 

အာရပ် အဖွဲ့ချုပ် အစည်းအဝေး ကျင်းပရာ 
ဆီးရီးယား ကို အာရပ် အဖွဲ့ချုပ် အရေးယူပြီ

ဆီးရီးယား နိုင်ငံမှာ အစိုးရ ဆန့်ကျင်သူ တွေကို ပြင်းပြင်းထန်ထန် နှိမ်နင်းနေတာ တွေကို ရပ်တန့်ဖို့ အတွက် ရည်ရွယ်ပြီး အာရပ် အဖွဲ့ချုပ် က ဆီးရီးယား နိုင်ငံ ကို စီးပွားရေး အရ ပိတ်ဆို့ အရေးယူ မှုတွေ လုပ်ဖို့ မဲခွဲ ဆုံးဖြတ်လိုက် ပြီ ဖြစ်ပါတယ်။
အာရပ် နိုင်ငံ တွေက ဆီးရီးယား အစိုးရ၊ ဆီးရီးယား ဘဏ်တွေ နဲ့ ပတ်သက်တဲ့ ကုန်သွယ်မှုတွေ၊ ဘဏ္ဍာရေး ဆိုင်ရာ အရောင်းအဝယ် ကိစ္စတွေ အားလုံးကို ပိတ်ဆို့ ရပ်နား ထား ကြတော့မှာ ဖြစ်ပါတယ်။ ဒါတွေအပြင် ဆီးရီးယား အစိုးရ အကြီးအကဲ တွေကို အာရပ် နိုင်ငံတွေကို ခရီးသွားလာ ခွင့်တွေ ကိုလဲ ပိတ်ထား ကြမှာ ဖြစ် ပါတယ်။

ခေါင်းဆောင်မှု၏အလေ့အကျင့် (၅) ချက်



 
၁။စံပြနည်းလမ်းကောင်း      
ခေါင်ဆောင်များသည် ကောင်းသော အခြေခံစည်မျဉ်းများကို ချမှတ်ရမည်။အများနှင့်သက်ဆိုင်သော(ကိုယ်စားလှယ်များ၊လုပ်ဖော်ကိုင်ဖက်များ၊ရောင်းရင်များ၊ဖောက်သည်များ)ရည်မှန်ချက် ပေါက်မြောက်အောင် ဆောင်ရွက်ရမည်။ကောင်းမွန်အဆင့်မြင့်သော စံနှုန်းများကိုဖန်တီးရပြီး အခြားသူများလိုက်ပါနိုင်အောင်စံပြ တစ်ဦးဖြစ်ရမည်။ ခက်ခဲ ရှုပ် ထွေသော အပြောင်းအလဲတစ်ရပ်သည်အများအပေါ်သက်ရောက်မှုတစ်ခုရှိပြီး ရေတိုစီမံကိန်းများ ချမှတ်ကာ အောင်မြင်မှုငယ်များမှ တစ်ဆင့်ပို၍ကြီးမားသော ရည်မှန်ချက်ကိုရောက်ရှိစေရမည်။ခေါင်းဆောင်များက အများတွက် မှန်ကန်သောဦးတည်ရာလမ်းကြောင်းကို ချမှတ်ပေးရမည်ဖြစ်ပြီး မရေရာခြင်းများမှတစ်ဆင့် အခွင့်အလမ်းများကို ဖန်တီးကာအောင်နိုင်မှုကိုရယူရမည်

Monday, November 28, 2011

အသေးစိတ် အရည်အချင်း မသတ်မှတ်ရသေးသော်လည်း အရည်အချင်းတူလျင် အမျိုးသမီးဦးစားပေးမည်ဟု NLD ဆို

by Yangon PressInternational on Monday, November 28, 2011 at 10:48pm
NLD not fixed criteria of candidate yet
နိုဝင်ဘာ ၂၈၊ ၂၀၁၁ (YPI)

လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် အမတ်လောင်းရွေးချယ်ရမည့် စံသတ်မှတ်ချက် ပြင်ဆင်ထားခြင်း မရှိသေးကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်ဒီ) ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက YPI သို့ပြောသည်။

သို့ရာတွင် ဦးစားပေးမည့် အချက်အလက်များတွင် ပညာအရည်အချင်း၊ အတွေ့အကြုံ၊ တိုင်းရင်းသား ဖြစ်ခြင်း၊ အမျိုးသမီးနှင့် လူငယ်စသည့် အချက်အလက်များပါဝင်သည်ဟုလည်း ဦးဉာဏ်ဝင်းကဆိုသည်။  “ အရည်အချင်းချင်း တူရင် အမျိုးသမီးကိုပဲ ဦးစားပေးမယ်” ဟုလည်း ၎င်းက ရှင်းလင်းပြောဆိုသည်။

အန်အယ်ဒီပါတီ ပြန်လည်မှတ်ပုံတင်မတင် ဆုံးဖြတ်သည့် နိုဝင်ဘာ ၁၈ ရက်နေ့က မြင်ကွင်း

လှည့်ကွက်မမိစေချင် ပြောင်းလဲလာသည့် နိုင်ငံရေးရာသီဥတု

by Moon Angel on Monday, November 28, 2011 at 10:14pm
 
အတိုက်အခံလုပ်ကြမယ့်အစား ဆွေးနွေးညှိုနှိုင်းခြင်းဖြင့် ငြိမ်းချမ်းရေးကို ဆောင်ကျဉ်းစေနိုင်သည်မှာ မှန်၏။ ဤသဘောတရားအရ လက်ရှိ N.L.D. လုပ်ဆောင်ချက်များသည် လျော်ကန်သင့်မြတ်၏။

အမေရိကန်ပြည်ထောင်စုက (၁) သူ၏ နိုင်ငံခြားရေးပေါ်လစီကို ရုရှားမှ တရုတ်ကို ရွှေ့လာသည့်အချိန်၊ (၂) အရှေ့အလယ်ပိုင်းဒေသတွင် နိုင်ငံခြားရေးပေါ်လစီ၏ အောင်မြင်မှုအချို့ကို တွေ့မြင်ရပြီး တရုတ်ကို ယှဉ်ပြိုင်နိုင်ရန် အာရှဖစိဖိတ်ဒေသကို အာရုံစူးစိုက်လာသည့်အချိန် နှင့် တိုက်ဆိုင်နေ၏။

(၅) လွတ်လပ်သော တရားစီရင်မှုဖြစ်ရမည်။ (An Independent judiciary)


မြန်မာနိုင်ငံရှေ့နေများကောင်စီ၏ ဥပဒေစိုးမိုးရေး စာအုပ်မှ ....

တရားရေးမဏ္ဍိုင် ကြံ့ခိုင်တည့်မတ်စေရန်အတွက် လွတ်လပ်သော တရားစီရင်မှုရှိရမည် ဖြစ်သည်။ လွတ်လပ် သောတရားစီရင်မှုမရှိလျှင် တရားဥပဒေစိုးမိုးရေးဆိုသည်မှာလည်း မရှိနိုင်ပေ။ ထို့အတူ ပြည်သူတို့သည်လည်း တရားရုံးများအပေါ်၌ ယုံကြည်ကိုးစားမြှုပနိုင်လိမ့်မည်မဟုတ်ချေ။ ထို့အပြင် လွတ်လပ်သောတရားစီရင်ရေး သည် ဒီမိုကရေစီ၏အခြေခံအုတ်မြစ်များအနက် လိုအပ်ချက်တခုလည်း ဖြစ်ပေသည်။ တရားဥပဒေစိုးမိုးမှု အခြေခံမရှိဘဲ ဒီမိုကရေစီကို တည်ဆောက်နိုင်မည် မဟုတ်သကဲ့သို့၊ လူ့အခွင့်အရေးများလည်း ထွန်းကားနိုင် မည်မဟုတ်ပေ။
တရားစီရင်ရေး၏လွတ်လပ်မှုကို လေးစားအသိအမှတ်ပြု၍၊ ကာကွယ်စောင့်ရှောက်ရန်မှာ နိုင်ငံတော်အစိုးရ၏ တာဝန်ဖြစ်ပေသည်။ တရားစစ်ဆေးစီရင်မှုလုပ်ငန်းစဉ်အတွင်း ခြိမ်းခြောက်ခြင်း၊ သို့မဟုတ်၊ ၀င်ရောက်စွက်ဖက် ခြင်းတို့မြုပရန်ဖြစ်သည်။ ထို့အတူ တရားသူကြီးများ အနေဖြင့်လည်း စီရင်ချက်များချမှတ်ရာ၌ အဂတိတရားများ မလိုက်စားဘဲ ဥပဒေ၏မျက်နှာကိုသာကြည့်၍ တည့်မတ်စွာဆုံးဖြတ်ရန် တာဝန်ရှိပေသည်။

ရွေးကောက်ပွဲ ဗဟိုအောင်နိုင်ရေးကော်မတီ NLD ဖွဲ့ပြီ

by The Irrawaddy (Burmese Version) on Monday, November 28, 2011 at 6:13pm
ရန်ပိုင်| နိုဝင်ဘာ ၂၈၊ ၂၀၁၁

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုအောင်နိုင်ရေး ကော်မတီကို အဖွဲ့ဝင် ၁၁ ဦးဖြင့် ယနေ့ဖွဲ့ စည်းလိုက်ကြောင်း သတင်းရရှိသည်။

အောင်နိုင်ရေးကော်မတီတွင် ယခင် ဗဟိုအလုပ်အမှုဆောင် ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းတင်၊ ဦသန်းထွန်း၊ ဦးလှဖေ၊ ဦးညွန့်ဝေ၊ ဦးအုန်းကြိုင်၊ ဦးဉာဏ်ဝင်း၊ ဦးဝင်းမြင့်၊ ဦးဟံသာမြင့်၊ ဒေါက်တာ ဒေါ်မေ၀င်းမြင့်တို့နှင့် ဖွဲ့စည်းခြင်းဖြစ် ပြီး၊ ဥက္ကဋ္ဌ ဦးအောင်ရွှေ၊ ဦးလွင်၊ ဦးလွန်းတင်တို့မှာမူ အသက်အရွယ်ကြီးရင့်ပြီး ကျန်းမာရေးအခြေအနေအရ ပါဝင်ခြင်းမရှိဟု ပါတီ ပြောခွင့်ရ ဦးအုန်းကြိုင်က ပြောသည်။

“တကယ်အလုပ်လုပ်ကြရတော့မယ်။ ဒါကြောင့်တိုင်းတွေ၊ မြို့နယ်တွေမှာလည်း အောင်နိုင်ရေးကော်မတီ အကုန်ဖွဲ့မယ်” ဟု ၎င်းကဆိုသည်။

ပြည်သူလူထု အကျိုးရှိမယ်ဆိုရင် လက်တွဲသင့်ရင်

by Myat Thi Ha on Monday, November 28, 2011 at 7:11pm


အကြံပြုခြင်း
ကျွန်တော့်  အကြောင်း  ပဌမ  မိတ်ဆက်ပါရစေ။     ၈.၈.၈၈  တုန်းက
ချောင်းဦးမြို့ နယ်  ကျောင်းသားသမဂ်ဂ အတွင်းေ၇းမှူး   နောက်  မြိဲု့
နယ်သပိတ်ကော်မီတီ အတွင်းရေးမှူး  လုပ်ပြီး   ထောင်  ၁၀  နှစ်ကျ
မုံရွာထောင်  မန်းတလေး နန်းတွင်း     အကျဉ်းထောင်း  အုတ်ဖိုထောင်   ကနေ
လွတ်လာတဲ့   ဦးသိန်းဝင်း   အခု   နော်ဝေေ၇ာက်နေတာ    ၂  နှစ်
ကျော်လာပြီ   ၈၈  တုန်းက  အလယ်တန်းပြကျောငိးဆ၇ာ   B.A  (Economic)
အဲဒါ   ကျုပ် အကြောင်းပါပဲ   ။။။
လက်ရှိနိုင်ငံရဲ့  အခြေအနေကို   ပြော၇၇င်    ကျုပ်အမြင်ကိုပြောတာနော်

(၁) သမ္မတဦးသိန်းစိန်ရဲ့နိုင်ငံရေးအကျဉ်းသားများကိစ္စ ခံယူချက်အပေါ်သုံးသပ်ချက်(၁) (၂)


သမ္မတကြီးစကားတွေဟာမြန်မာ့နောင်ရေးလား (ဘာလီမှ)

"ယုံကြည်ချက်ကြောင့်ဆိုတာပြောရမှာခက်တယ်၊ယုံကြည်ချက်ဆိုတာကိုကျုပ်တို့ကလက်မခံဘူး
၊ဥပဒေတစ်ခုခုကိုကျူးလွန်ထားတဲ့အတွက်ကြောင့်အရေးယူထားခြင်းဖြစ်တယ်။
သူတို့လိုဘဲဥပဒေတစ်ခုခုကိုကှူးလွန်ထားတဲ့သူတွေထောင်ထဲမှာ အများကြီးရှိတယ်။ "
( သမ္မတသိန်းစိန်ဘာလီအင်တာဗျူးအဖြေ)

သုံးသပ်ချက်။ ။
ယုံကြည်ချက်ဆိုတဲ့စကားလုံးရဲ့အဓိပ္ပါယ်ကအာဏာရှင်တွေအတွက်တော့
ဘုန်းကြီးနဲ့ခေါင်းဘီး၊မယ်သီလနဲ့ဆံကုတ်လိုပါဘဲ။
အလင်းကိုကြောက်တဲ့အမှောင်ထဲမှာပျော်မွေ့တဲ့သတ္တ၀ါတွေ အတွက်တော့ယုံကြည်ချက်ဆိုတာမရှိနိုင်ပါဘူး၊လက်ခံနိုင်မှာလည်းမဟုတ်ပါဘူး။

(နိုင်ငံရေးသိပ္ပံအခန်းဆက်မှ) နိုင်ငံရေးသဘောတရားလမ်းစဉ်များ ခေတ်သစ်ဝါဒ အချို့(၁၀)

politicsfreakcnz မှ ကူးယူတင်ပြပါသည်။ 

ရောက်တတ်ရာရာ နိုင်ငံရေးနှင့် အတွေးအခေါ်

Quantcast
ရှေးရိုးစွဲဝါဒသစ်(Neoconservatism)

ဤဝါဒမှာ ၁၉၇၀ပြည့်နှစ်များတွင် အမေရိကန်နိုင်ငံရှိ လွတ်လပ်မျှတမှုဝါဒစွဲကိုင်သောသူအချို့က သူတို့၏ ဝါဒကို ရှေးရိုးစွဲအမြင်များဖြင့် တည်ဆောက်ရန်ကြိုးစားကြရာမှ နာမည်တွင်လာခဲ့သော ဝါဒတခုပင် ဖြစ်သည်။ အမေရိကရှိ ဒီမိုကရက်တစ်ပါတီ၏ နိုင်ငံရေးနှင့်စီးပွားရေးတည်ဆောက်ပုံများသည် လက်ဝဲဆန်ဆန်လွန်းပြီး အလုပ်သမားအခွင့်အရေးများအလွန်အကျွံပေးထားသော လူမှုဖူလှုံရေးခံစားခွင့် များကို အသုံးပြုထားပြီး ပြည်သူလူထုတွင် လူမှုဖူလှုံရေးကိုမှီခိုစေပြီး အလုပ်လုပ်လိုစိတ်ကင်းမဲ့စေသည်ဟု ရှေးရိုးစွဲဝါဒီသစ်များက စွပ်စွဲကြသည်။ လူနည်းစုများ၊လူမျိုးစုအနွယ်များကို အသာပေးရသောစနစ်ကြောင့် လူဖြူများ အမေရိကရှိ အသက်မွေးဝမ်းကျောင်းနယ်ပယ်များအသီးသီးတွင် နေရာမရဖြစ်လာသည်ကိုလည်း အဆိုပါဝါဒီများက မကျေနပ်ကြကာ ယဉ်ကျေးမှုပုံစံပေါင်းစုံကို အသိအမှတ်ပြုအားပေးခြင်း (multiculturalism) ကိုပါ ဖိနှိပ်လာကြပြီး သူတို့၏လွတ်လပ်မျှတမှုဝါဒမှာ သူတို့အချင်းချင်း (ဝါ) လူဖြူများအချင်းချင်းအကြား တွင်သာ သက်ဆိုင်သလိုပြုမူလာကြသည်။

“တော်လှန်ရေးသတိရှိကြဖို့နဲ့ ငါတို့ ဘာလုပ်ကြမလဲ” (စိုးနေလင်း)

by Nay Zaw on Monday, November 28, 2011 at 11:49am
 




အဓိကပြောချင်တာကတော့ အမှန်တရား၊ တရားမျှတမှု၊ ဒီမိုကရေစီရေးနဲ့ ငြိမ်းချမ်းရေးကိုစိတ်ဝင်စားကြ တောင့်တလို လားကြသူ လူငယ်တွေ အနေနဲ့ဒီအချိန်မှာ ကိုယ့်တိုင်းပြည်ရဲ့တကယ့် ပကတိအခြေအနေ၊ တိုင်းပြည် အာဏာကို လက် နက် နဲ့ လုယူပြီး ထာဝရ မောင်ပိုင်စီးထားဖို့ကြိုးစားနေတဲ့ စစ်အာဏာရှင်တွေရဲ့ မဟာဗျူဟာ နည်းဗျူဟာတွေ၊ ကောက် ကျစ်စဉ်းလဲမှု၊ လိမ်လည်လှည့်စားမှုတွေကို အသေအချာခွဲခြမ်းစိတ်ဖြာ လေ့လာမှုရှိကြဖို့ပါ။  ပြည်သူ့ဒီမိုကရေစီ တော်လှန် ရေးကြီးထဲမှာပါဝင်ခဲ့သူ၊ ပါဝင်နေကြသူ၊ ပါဝင်ဖို့ ပြင်ဆင်နေကြသူတွေ အတွက်တော့ တော်လှန်ရေးသတိ ရှိကြဖို့လို့ ပြောရမှာပါပဲ။

ဦးသိန်းစိန်သည် ဂိုဘာချော့မဟုတ်ပါ

by Sit Aung on Monday, November 28, 2011 at 1:29pm
 
စနေနေ့က အဖေတို့နဲ့ သူတို့ဆရာသမားကို ကန်တော့တဲ့ဆီလိုက်သွားရမယ်။ ဆယ်တန်းအောင်ပြီး အလုပ်ရှာတုံးက လည်း သူက ကူညီခဲ့ဖူးတော့ ကိုယ့်အပေါ်လည်းကျေးဇူးရှိသပေါ့။ အဖိုးကြီးပါ တစ်ပါတီခေတ်လည်းမှီ၊ န၀တခေတ်ဦးလည်းမှီတဲ့ ခပ်ကြီးကြီး ပင်စင် စားပေါ့။ ကန်တော့ပြီးတော့ နိုင်ငံရေးအကြောင်းရောက်သွားတော့ အဖိုးကြီးက အခုအစိုးရသစ်ကို အမြင်မကြည်ဘူး။ ဒေါ်အောင်ဆန်း စုကြည်နဲ့ပေါင်း၊ အမေရိကန်နဲ့ပေါင်း၊ ဒီမိုကရေစီဆိုပြီး လျှော့ပေါ့ပေးနေရတာကို မကြိုက်ဘူး။ မြစ်ဆုံစီမံကိန်းဖျက်တာလည်း မကြိုက်ဘူး။ နောက်ဆုံး သူကတော့ ဦးသိန်းစိန်ကို မြင်လိုက်တိုင်း ဂိုဘာချော့ဖ်ကို သွားမြင်တယ်လို့ပြောပြီး နိဂုံးချုပ်တယ်။ ဘ၀င်မကျလို့ ငြင်းမယ်လို့ ဟန်ပြင်တော့ အမေက မျက်စောင်း ထိုးသဗျ။ ဒါနဲ့ အခုမှဘဲ FB ပေါ်မှာ ဒီအကြောင်းပြောရဦးမယ်။

တရားရေးမဏ္ဍိုင် သန့်ရှင်းမှုမရှိဟု ဒေါ်အောင်ဆန်းစုကြည်ပြော

http://www.mizzimaburmese.com/news/inside-burma/8628-2011-11-14-11-54-11.html မှ


ရန်ကုန် (မဇ္ဈိမ) ။         ။ လက်ရှိ မြန်မာနိုင်ငံ၏ တရားစီရင်ရေး မဏ္ဍိုင်သည် လွတ်လပ်သန့်ရှင်းမှု မရှိသေးဟု ဆိုရမည် ဖြစ်ကြောင်း တနင်္လာနေ့မွန်းလွဲပိုင်းက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် ပြုလုပ်သည့်  သတင်းစာ ရှင်းလင်းပွဲတွင် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။

နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်မှု တနှစ်တာကာလအတွင်း ဖြစ်စဉ်များအပေါ် ရှင်းလင်းသည့် သတင်းစာ ရှင်းလင်းပွဲ၌ တရားစီရင်ရေး မဏ္ဍိုင် လွတ်လပ်သန့်ရှင်းမှု ရှိ၊ မရှိ သတင်းထောက်တဦးက မေးမြန်းခဲ့ရာ နိုင်ငံရေး အကျဉ်းသားများ ရှိနေခြင်းကြောင့် သန့်ရှင်းသည့် တရားရေးမဏ္ဍိုင် မရှိဟု ဆိုရမည်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ခြင်း ဖြစ်သည်။

28.11.2011 နေ့ဖတ်ရန်သတင်းများ

by Myanmar Journal on Monday, November 28, 2011 at 6:58am
 
 

မစ္စစ် ကလင်တန်ရဲ့ ခရီးစဉ်အပေါ် သုံးသပ်ချက်

အစိုးရရဲ့ စိတ်ရင်းအမှန်ကို သိရဖို့ မြန်မာနိုင်ငံ ကို သွားမှာ ဖြစ်တယ်လို့ မစ္စစ် ကလင်တန် ပြော
လာမယ့် နိုဝင်ဘာလ ၃၀ရက်နေ့မှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မစ္စစ် ကလင်တန်ရဲ့ မြန်မာနိုင်ငံ ခရီးစဉ် စတင်မှာ ဖြစ်ပါတယ်။
ဒါဟာ နှစ်ပေါင်း ၅၀အတွင်းမှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး တဦးရဲ့ ပထမဆုံး မြန်မာနိုင်ငံ ခရီးစဉ် ဖြစ်ပါလိမ့်မယ်။

သပြေညိုအောင်ပန်းဆီသို့ လှမ်းကြအပြိုင်

by Wai Maw on Monday, November 28, 2011 at 9:53am
 
သူ့ခေါင်းမှာတဲ့သပြေညို၊ ငါ့ခေါင်းမှာတဲ့သပြေညို
သပြေညိုရွှေဘိုပန်းဟာက၊ လန်းလျက်ပါကို။
          မြန်မာပြည်နိုင်ငံရေးလှုပ်ရှားမှုသမိုင်းမှာ သပြေညိုလှုင်းတွေ ရိုက်ခတ်ခဲ့တဲ့ အကြိမ်တွေမနည်းတော့ ပါပြီ။
          တိုင်းတစ်ပါးနယ်ချဲ့အုပ်စိုးမှုအောက် ကိုလိုဘ၀က လွတ်မြောက်ရေး လှုပ်ရှားမှုကာလမှာ ဗြိတိသျှ နယ်ချဲ့ အစိုးရကို တိုက်ပွဲဝင်သူတိုင်းရဲ့ ရည်မှန်းချက်ပန်းတိုင်က မြန်မာပြည်လွတ်လပ်ရေးရဖို့ပါပဲ။ လွတ်လပ်ပြီး နောက် မြန်မာပြည်ကို ခေတ်မီတိုးတက်အောင် ဘယ်စနစ်နဲ့ ဘယ်နည်းဘယ်ပုံ ဖွဲ့စည်းထူထောင်ကြမယ်ဆိုတဲ့ အမြင်တွေ မတူညီကြပေမယ့် လွတ်လပ်ရေးရဖို့ ကြိုးပမ်းဆောင်ရွက်ကြရာမှာ ဘုံရည်မှန်းချက် တူညီခဲ့ပါတယ်။

Sunday, November 27, 2011

ပြည်တွင်းနိုင်ငံရေး အပြောင်းအလဲနဲ့ ပြည်ပအစိုးရ သဘောထား

by VOA Burmese Fan Page on Sunday, November 27, 2011 at 10:29am
 
ဦးသန်းလွင်ထွန်း ။ ။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ တရားဝင်နိုင်ငံရေးပါတီအဖြစ် ရပ်တည်ဖို့ မှတ်ပုံတင်လိုက်ပါပြီ။ လာမယ့် လွှတ်တော်ရွေးကောက်ပွဲတွေမှာလည်း အပြည့်အဝ ပါဝင်ယှဉ်ပြိုင်သွားမယ်လို့ ဆိုပါတယ်။ ပြည်ပရောက် အမျိုးသားညွှန့်ပေါင်းအစိုးရရဲ့  နိုင်ငံခြားရေးဝန်ကြီးနဲ့ ၁၉၉၀ ရွေးကောက်ပွဲတွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကိုယ်စားပြုပြီး မိုးကုတ်မဲဆန္ဒနယ် အမှတ် (၂) မှ အနိုင်ရခဲ့တဲ့ ဦးဘိုလှတင့် က ဗွီအိုအေ ကို အခုလို ပြောဆိုပါတယ်။

ဦးဘိုလှတင့် ။ ။ ဒီ သမ္မတ ဦးသိန်းစိန် အစိုးရတက်လာပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးတယ်။ တယောက်နဲ့တယောက် အပြန်အလှန် စတင်ပြီးတော့ အသိအမှတ်ပြုမှုတို့၊ အပြန်အလှန် နားလည်းမှုတွေ ရရှိလာပြီးတော့ ဆောင်ရွက်လာကတည်းက တနေ့နေ့ ဒီလမ်းကြောင်းပေါ်ကိုတော့ အန်အယ်လ်ဒီ ဟာ ရောက်လာမှာပဲ၊ ဒေါ်အောင်ဆန်းစုကြည် ရောက်လာမှာပဲ။

27.11.2011 နေ့ဖတ်ရန်သတင်းများ

by Myanmar Journal on Sunday, November 27, 2011 at 4:42pm
 
 

Curiosity အင်္ဂါဂြိုဟ် သွား စက်ရုပ်ကား 

နာဆာကအင်္ဂါဂြိုဟ်သွား စက်ရုပ်ကားလွှတ်တင်
အမေရိကန် အမျိုးသား အာကာသ အေဂျင်စီ နာဆာက ခေတ်အမှီဆုံး ဂြိုဟ်မျက်နှာပြင်သွား စက်ရုပ်ကား တစင်းကို အင်္ဂါ ဂြိုဟ်ဆီကို လွှတ်တင် လိုက်ပြီ ဖြစ်ပါတယ်။
ဖလော်ရီဒါ ပြည်နယ်မှာ ရှိတဲ့ ကိပ် ကာနေ ဗာရယ်လ် စခန်း ကနေပြီး အလေးချိန် အားဖြင့် ၁ တန် နီးပါး လောက်ရှိတဲ့ ဂြိုဟ် မျက်နှာပြင် သွားယာဉ်ကို အက်တလပ်စ် ဒုံးပျံ ပေါ်တင်လို့ လွှတ်တင်လိုက် တာ ဖြစ်ပါတယ်။

စေတီငယ် တရာ တည်ရအောင်.......... ဇော်မင်း

by Hlaing Bwa Maung on Sunday, November 27, 2011 at 5:56pm


ယေဘုယျအားဖြင့် ပြောရရင် စစ်ရေးမှာပဲဖြစ်ဖြစ်၊ နိုင်ငံရေးမှာပဲဖြစ်ဖြစ်၊ စီးပွားရေးမှာပဲ ဖြစ်ဖြစ် ကြိုတင်ပြင်ဆင်ရတဲ့ အ လုပ်ဟာ မလုပ်မဖြစ် လုပ်ကြရပါတယ်။ ကြိုတင်ပြင်ဆင် ထားတာကလဲ မရှိ၊ စိတ်လိုက်မာန်ပါလည်း လုပ်မယ်ဆိုရင် ဆုံး ရှုံးပါတယ်။ အောင်ပွဲနဲ့ ဝေးသထက် ဝေးတတ်ပါတယ်။ အဲတာအပြင် ကြားထဲမှာလည်း ကုန်ခမ်းသွားတဲ့အရာတွေ အ တွက် ထပ်မံဖြည့်တင်း ရတာတွေကိုလည်း မဖြစ်မနေ လုပ်ရပါတယ်။ တခါ ကိုယ်လိုချင်တဲ့ ပန်းတိုင်ရောက်အောင်၊ အောင်ပွဲရအောင် ဘယ်လို နည်းနာတွေကို သုံးမှာလဲ ဆိုတာကို တွက်ချက်ပြီး အသုံးပြုရပါတယ်။ နောက်ဆုံး အရေးကြီး တဲ့ အချက်ကတော့ မိမိလိုချင်တဲ့ အဆုံးသတ်အဖြေဟာ ဘာလဲ ဆိုတာကလဲ ကိုယ်ကိုတိုင်း ရှင်းရှင်းလင်းလင်း သိရှိဖို့ လိုပါတယ်။ အဆုံးသတ်အဖြေ မတိကျရင်၊ မတင်မကျဖြစ်နေရင် ရှေ့ကလုပ်လာခဲ့တာတွေ၊ ပြင်ဆင်တာတွေ ကောင်းမွန် တယ်ထားဦး၊ နောက်ဆုံးမှာ ဆင်ပြောင်ကြီး အမြီးကျမှ တစ် ဆိုတာမျိုး ဖြစ်တတ်ပါသေးတယ်။

လက်ရှိ နိုင်ငံရေးအတွက် စဉ်းစား လုပ်ဆောင်သင့်သော အခြားအချက်အလက်များ

by Ko Htike on Sunday, November 27, 2011 at 7:53pm
 
NLD က မှတ်ပုံတင်မယ့် ဆုံးဖြတ်ချက် ထွက်ပေါ်လာပြီး .. အများစုက ပါလီမာန်၊၊ ရွေးကောက်ပွဲ၊ အမတ်၊ အစိုးရအဖွဲ့ဝင် စတဲ့ အချက်တွေကိုပဲ အာရုံစူးစိုက်နေကြပါတယ်။

တရားဥပဒေ စိုးမိုးရေး၊ အခြေခံဥပဒေ ပြင်ဆင်ရေး၊ နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး၊ တိုင်းရင်းသားဒေသက စစ်ပွဲတွေ ရပ်တန့်ရေး၊ တိုင်းပြည် ဖွံ့ဖြိုးတိုးတတ်ရေး ... ဒါတွေဟာ တနိုင်ငံလုံးရဲ့ အဓိက ရည်မှန်းချက်တွေ ဖြစ်တယ်ဆိုတာတော့ အများက လက်ခံသဘောတူပြီးသား ဖြစ်သလို .... NLD ရဲ့ ရည်မှန်းချက် တွေ ဖြစ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ခဏခဏ ပြောထားပြီးသား ဖြစ်ပါတယ်။

ကျောင်းသားခေါင်းဆောင် ကိုကိုကြီးရဲ့ အမှာစကား

by Tun Wai on Sunday, November 27, 2011 at 8:00pm




ညီလေး...
ဆုံးရှုံးတယ်ဆိုတဲ့ ဝေါဟာရကို မင်းအဘိဓါန်ထဲက ဆုတ်ဖြဲပစ်လိုက်...
ဆုံးရှုံးတယ်လို့ ထင်နေတာတွေဟာ တကယ်တော့ ရင်းနှီးမြုပ်နှံတာ.... ပေးဆပ်နေတာ....
ငါတို့ကလေးတွေအတွက် ငါတို့သားမြေးတွေအတွက် တို့ဘိုးဘွားတွေသာ မပေးဆပ်ခဲ့ရင်
ဒီကနေ့ လွတ်လပ်ရေး ဘယ်ရလိမ့်မလဲ...
အဲဒီပေးဆပ်မှုတွေ အတွက် မင်းကိုယ်မင်း ဂုဏ်ယူလိုက်စမ်း...မင်းသားမြေးတွေ ဂုဏ်ယူတတ်အောင် သင်ပေးစမ်း...

ဦးဦးမှော်ဆရာ သတင်းပေါင်းချုပ်

  • အကောက်ခွန် ဝန်ထမ်း ၆၇ ဦး အကျင့်ပျက် ခြစားမှုပေါ်ပြီ
  • ဒေါ်အောင်ဆန်းစုကြည် နှင့် ဝေါလ်စထရိဂျာနယ် အင်တာဗျူး ၁
  • SHELL မြန်မာပြည်ကို ပြန်လာချင်
  • အဆင်းရဲဆုံးတိုင်းပြည်၏ အရှေ့တောင်အာရှရဲ့ အကြီးဆုံးမြန်မာလေတပ်
  • မြောက်ဥက္ကလာပလူသတ်မှု အမှန်ပေါ်ရေး လွှတ်တော် ကိုယ်စားလှယ် အချို့ ဆောင်ရွက်မည်
  • ဘဏ်အရစ်ကျ ငွေချေစနစ်ဖြင့် ကားဝယ်ယူနိုင်
  • ဟီလာရီ ကလင်တန် တောင်ဒဂုံရှိ HIV စောင့်ရှောက်ရေး ဂေဟာသို့ သွားမည်
  • သက်ဆင်အား ပြည်တော်ပြန်ခွင့် မပေးတော့
  • တော်လှန်သောကဗျာရေစီးကြောင်း
  • မလေးမှာ ပြန်ခဲ့မယ် ဆိုတဲ့ သန္တာဗို
  • ကြော်ငြာပါ ဘွဲ့ရများ နိုင်ငံခြားသွားရင် ပညာရေးလျော်ကြေးပေးရမည်
  • ယုံကြည်ထိုက်သည့် ပါဝါအားပြိုင်မှု
  • ဂွန်ဇာလက်ဇ်ကို လက်ဦးမှု ရယူရန် စီစဉ်နေသည့် မန်ယူ
  • နိုင်ငံတော်သမ္မတမီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြား ခဲ့သည်များမှ ကောက်နှုတ်ချက်
  • ကွန်ပျူတာအသုံး ပြုနေစဉ် မျက်လုံးကို ကာကွယ်ပါ
  • ကားဖြတ်ရွေးကောက်ပွဲမှာ ကြားကားစီးပြီး လမ်းကြုံ လိုက်မည့်သူများ
  • ပြည်တွင်း ပုဂ္ဂလိကဘဏ် ၁၁ခု LC လုပ်ငန်း လုပ်ကိုင်ခွင့်ရ
  • သမ္မတကြီး ဦးသိန်းစိန်နဲ့ အပျိုကြီး မမြခင်
  • နိုင်ငံတကာသုံး VISA Card စတင်အသုံးပြုနိုင်
  • စာချသံဃာတော်အပါး ၁၈၀ ခန့်ကို ကုသိုလ်ဖြစ် ဗုဒ္ဓဂယာဘုရားဖူး ပို့ဆောင်ပေးမည်
  • မြန်မာနိုင်ငံ အပေါ် စီးပွားရေး ပိတ်ဆို့မှု လာမည့်နှစ် ရုပ်သိမ်းမည်ဟု ခန့်မှန်း

အမိမြန်မာနိုင်ငံသားသမီးများ Culture ထိန်းသိမ်းရေး ဥပမာ..အမေရိကန်သံအမတ်ကြီး



http://burmeseamericasingapore.blogspot.com/ မှ

မြန်မာနိုင်ငံအတွက် တကယ်လုပ်တော့မယ်ဆိုရင် လိုအပ်တဲ့အရာများကို ရောက်တဲ့နိုင်ငံ၊ ရောက်တဲ့နေရာက မြန်မာပြည်သားများက ပေးလာပါတယ်။ မြန်မာလူမျိုးများအတွက် တကယ်၊ ချစ်မြတ်နိုးစွာ အနစ်နာခံ လုပ်တယ်ဆိုတာ သိရင် ကိုယ်ရောက်နေတဲ့နိုင်ငံသားများကလဲ ကိုယ့်ကို ကူညီလာပါတယ်။ ရေးချင်တာက .. အမေရိကားနိုင်ငံက ချမ်းသာတယ်။ အမေရိကားနိုင်ငံကို ကိုယ်စားပြုထားတဲ့ အီသီယိုပီးယားမှာရှိတဲ့ အမေရိကန် သံရုံ့း၊ အီသီယိုပီးယားနိုင်ငံမှာလဲ အမေရိကန်သံရုံးရှိတယ်လေ..။ အီသီယိုးပီးယား ဘယ်လောက်ဆင်းရဲ၊ ဆင်းရဲ။ အဲဒီဆင်းရဲခြင်းက အမေရိကန်သံရုံးကို ဒုက္ခပေးသလား။ သွားပြီးတော့ Affect ဖြစ်သလား..။ မဖြစ်ဘူး..။ အီသီယိုးပီးယားမှာ ရေတွေမရှိဘူး။ ဒါပေမဲ့ .. အီသီယိုးပီးယားမှာရှိတဲ့ အမေရိကန်ကို ကိုယ်စားပြုထားတဲ့ အမေရိကန်သံရုံးကြီးကတော့ ရေတွေ အပြည့်ပဲ။ ဘယ်က ထောက်ပံ့ကြေးနဲ့ သူနေနေတာလဲ။ အမေရိကားက ထောက်ပံ့ကြေးနဲ့ သူနေနေတာ။ အီသီယိုးပီးယာမှာ မစားနိုင်တဲ့ Cheese သူစားနေရတယ်။ ..အီသီယိုးပီးယားမှာ မစားနိုင်တဲ့ အစားအစာတွေအားလုံး အီသီယိုးပီးယားမှာရှိတဲ့ အမေရိကန်သံရုံးက အကုန်စားနိုင်တယ်။

ဗိုလ်ဘိုးစောနှင့် အထက်မြန်မာပြည်တိုက်ပွဲ

by Moenge Aung on Sunday, November 27, 2011 at 1:39pm
 
မြန်ပြည်မြောက်ပိုင်း သျှမ်းလူမျိုးများ သျှမ်းနီ၊ ခန္တီး၊ ကဒူး၊ ကဏန်းတို့၏ ခေါင်းဆောင်ကြီး စ၀်ဘိုးစော -မင်းသီရိရာဇာ သင်္ကြန်သူ့ကျွန်မခံလိုသော မိုးကောင်မြို့ဝန် မင်းသီရိရာဇာ သင်္ကြန်(၁၁၅၈) ခုနှစ် အမှတ်ြကီး စ၀်ဘိုးစော(ဦးဘိုးစော-၁၂၄၉) အထိ မြို့ဝန် ဆက်ပေါင်း (၅၄) ဆက်တိတိ အုပ်ချုပ် ခဲ့ပါသည်။
***၁၂၄၄ ခုနှစ် မိုးကောင်းမြို့ဝန် ဦးရွှေသားဆိုသူမှာ ၀န်းသိုစော်ဘွားကြီး စ၀်အောင်မြတ်၏ ဖခမည်းတော် ကြီး ပင်ဖြစ်လေသည်။ ထိုအချိန်အခါ စော်ဘွားကြီး စ၀်ရွှေသားမှာ သက်တော် ၅၆ နှစ်ရှိနေပြီဖြစ်ရာ အသက်ရွယ်ကြီးမြင့်လာ ပြီးဖြစ်၍ မြို့ရွာခရိုင်နေ ပေါ်မိုင်း ထမုံသူကြီး ခေါင်းကြီးရွာအုပ်တို့မှစ၍ သဘောတူညီကြပြီး မြန်မာဘုရင် သီပေါမင်း မှအစ အရင်းပြု၍ မှုးမတ်များမှ ၁၂၄၄ ခုနှစ် ကဆုန်လဆန်း ၂ရက်နေ့တွင် သားတော်ကြီး သခင်အောင်မြတ်အား ၀န်းသိုစော်ဘွားကြီး အရာခန့်အပ် တော်မှုလေသည်။ မြန်မာနိုင်ငံ၏ သမိုင်းဖြစ်စဉ်ကို နှစ်ပရိစ္ဆေဒပေါင်းများစွာ တည်ဆောက်ရာမှ ၁၈၈၅ ခုနှစ်တွင် သီပေါမင်း ပါတော်မူခဲ့ရသည်။

(၂) ဥပဒေသည် နောက်ကြောင်းပြန်၍ အကျိုးသက်ရောက်ခွင့်မရှိစေရ။ (No Retroactive Justice)

မြန်မာနိုင်ငံ ရှေ့နေများကောင်စီ မူပိုင် ..... 
 
          တည်ဆဲဥပဒေကို ဖောက်ဖျက်ကျူးလွန်သောကြောင့် တည်ဆဲဥပဒေအရပြစ်ဒဏ်ချမှတ်ရခြင်းမှာ ဥပဒေ ၏တရားကိုယ်သဘောဖြစ်သည်။ ပြစ်မှုကျူးလွန်နေစဉ်ကာလ၌ အတည်မဖြစ်သေးသော ဥပဒေဖြင့်သော်လည်း ကောင်း၊ ပယ်ဖျက်ပြီးဖြစ်သောဥပဒေဖြင့်သော်လည်းကောင်း အရေးမယူနိုင်ပေ။ လူတဦးတယောက်သည် ပြစ်မှု ကျူးလွန်စဉ်အခါ၌ အရေးယူနိုင်သည့် ဥပဒေမရှိခဲ့ပါမူ နောက်ပြုလုပ်သည့်ဥပဒေဖြင့် အဆိုပါပြစ်မှုကို အရေးယူ ဆောင်ရွက်၍မရချေ။
ယေဘုယျအားဖြင့် လက်ရှိ (ပစ္စုပ္ပါန်ကာလ၌) အတည်ဖြစ်နေသော ဥပဒေတရပ်နှင့်အညီ ပြုမူဆောင်ရွက်ချက် တခုခုအား ပြုလုပ်ခြင်းမှာအပြစ်မဟုတ်ပေ၊ အပြစ်မရှိပေ။ သို့ရာတွင် ထိုသို့ဥပဒေနှင့်အညီ ထိုစဉ်ကပြုမူ ဆောင် ရွက်ခဲ့ခြင်းကိုပင် အနာဂတ်ကာလ၌ ဥပဒေနှင့်မညီ၊ အပြစ်ရှိသည်ဟု ဆုံးဖြတ်ခြင်းကို ဥပဒေကခွင့်မပြုပေ။ တနည်းအားဖြင့်ဆိုပါက အတိတ်ကာလကဥပဒေ အရ၊ ဥပဒေနှင့်အညီဆောင်ရွက်ချက်တခုခုကို ပြုလုပ်ခဲ့ခြင်း အား ပစ္စပ္ပါန်ကာလ၌ဖြစ်စေ၊ နောင် အနာဂတ်ကာလ၌ဖြစ်စေ ပြဌာန်းလိုက်သည့်ဥပဒေကိုအသုံးပြု၍  ဥပဒေနှင့် မညီဆောင်ရွက်ခြင်းဖြစ်သည်ဟု ဆုံးဖြတ်ခြင်းမှာ ဥပဒေကိုနောက်ကြောင်းပြန်အကျိုးသက်စေခြင်းဖြစ်သည်။ ထိုကဲ့သို့ နောက်ကြောင်းပြန်အကျိုးသက်ရောက်စေခြင်းကို ဥပဒေကခွင့်မပြုပေ။     
          အချို့ကိစ္စများ၌ အတည်ပြုခဲ့သောဥပဒေနှင့်လုပ်ငန်းကို အကောင်အထည်ဖော်လာခဲ့ပြီးမှ အံဝင်ဂွင်ကျ မရှိမှုအပေါ် ဥပဒေတရပ် (အသစ်ဖြစ်စေ၊ ပြင်ဆင်ခြင်းဖြစ်စေ) ကိုထုတ်ပြန်ပြီး ယခင်ဥပဒေကို ဖျက်သိမ်းစေ ခြင်း၊ သို့မဟုတ်၊ ပြောင်းလဲစေခြင်းဆိုသည့် အချက်သည်လည်း ဥပဒေကို နောက်ကြောင်းပြန် အကျိုးသက် ရောက်စေခြင်းဖြစ်သည်။

ဗိုလ်သန်းရွှေနဲ့  ပဟေဠိဆန်တဲ့ အာဏာလွှဲပြောင်းမှု

by ကိုကို သစ္စာ on Sunday, November 27, 2011 at 11:30am
 
 
ချုပ်ကြီးကြီးရဲ့ သင်္ခါရ


(Special Report )
by FNG on November 26, 2011

တင် ကျော်ကျော်စိုး၊           ၊မြန်မာ နိုင်ငံ ကို စစ်အာဏာရှင် တစ်ဦး အဖြစ် နှစ်ပေါင်း နှစ်ဆယ်
နီးပါး ကြာ အုပ်ချုပ် လာခဲ့ သည့် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ သည် အသက် ၇၈ နှစ် အရွယ်
တွင် တိုင်းပြည်အာဏာကိုချုပ်ကိုင်ထားမှုအား တရားဝင်စွန့်လွှတ် ခဲ့ သည် ဟု သတင်း
များကဖော်ပြသည်။

ထောင်တွေချဲ့စရာ မလိုအောင် ကျောင်းတွေကို ချဲ့ရမယ်ဆို....

by So Min Oo on Sunday, November 27, 2011 at 10:27am
“ ရာဇ၀တ်မှုနဲ့ အကျင့်တရားပျက်ပြားမှုတွေရဲ့ မိဘကတော့ “ဆင်းရဲနွမ်းပါးခြင်း” ဆိုတာပါပဲ။ ”
ဒီစာတန်းလေးကိုဖတ်ဖူးခဲ့တာကြာပါပြီ။ ကျွန်တော်သိပ်ကြိုက်တဲ့ စာတန်းလေးပါ။ ဆင်းရဲနွမ်းပါးခြင်းရဲ့ ဆိုးကျိုးတွေကို ပြော မယ်ဆိုရင်တော့ ပြောလို့ဆုံးမှ မဟုတ်တော့ပါဘူး ။

ကျွန်တော်တို့မြန်မာနိုင်ငံမှာက ဆင်းရဲနွမ်းပါးမှု့ဒဏ်ကို တော်တော်လေး ခံနေရပါတယ်။ အရွယ်နဲ့ မမျှအောင်ကိုအလုပ်မျိုးစုံတွေလုပ်နေကြရတဲ့ကလေးငယ်တွေအများကြီးရှိနေတယ်။ ကျောင်းနေရမယ့် အရွယ်မှာ ပညာ မသင်ရဘဲ အလုပ်မျိုးစုံလုပ်နေကြရတယ်။

ဒို့မြန်မာတွေ ဘယ်တုန်းက တော်ခဲ့သလဲ

by Lu Cifer on Sunday, November 27, 2011 at 11:52am


ဒီကနေ့ မြန်မာစာပေလောကမှာ ခေတ်လူငယ်တွေကို အားမရလို့ မကြာမကြာ ဖတ်ရတဲ့ ဆောင်းပါး တပုဒ်ရှိပါတယ်။ "ဒို့ခေတ်ရောက်မှ ညံ့ကြတော့မှာလား" ဆိုတဲ့ ဆောင်းပါးလေး ဖြစ်ပါတယ်။
ကျနော် ဒီခေါင်းစဉ်းလေးကို ဖတ်တိုင်း ဘ၀မကျစရာတွေ အမြဲတမ်း တွေ့ပါတယ်။

(၁) မြန်မာလူမျိုးတွေက ကြွားဝါချင်ကြတယ်
(၂) ကျရှုံးတာကို လက်မခံချင်ဘူး

မြန်မာလူမျိုးတွေ အောင်မြင်တဲ့လူမျိုး ဘယ်တုန်းက ဖြစ်ခဲ့သလဲ ဆိုတဲ့အချက်ကို အတိတ်သမိုင်း ကိုကြည့်ပြီး လေ့လာသင့်တယ်။
ကုန်းဘောင်ခေတ် စတင်တည်ထောင်တဲ့ ၁၇၅၂ လောက်ကကြည့်မယ် ဆိုရင် ကုန်းဘောင်မင်းဆက်မှာ မြန်မာတစ်နိုင်ငံလုံးရှိ တိုင်းရင်းသားတွေကိုပါ သိမ်းသွင်းပြီး မြန်မာအင်ပါယာကို တည်ထောင်ခဲ့သူကတော့ ဘိုးတော်ဘုရား ဖြစ်ပါတယ်။ ၁၇၈၄ မှာ ရခိုင်ကို သိမ်းပိုက်ပြီးတဲ့ အချိန်မှာ မြန်မာတနိုင်ငံလုံးကို သိမ်းပိုက်နိုင်ခဲ့ပြီလို့ ဆိုနိုင်ပါတယ်။

Saturday, November 26, 2011

စာဖတ်သူများ

by Zay Ya on Saturday, November 26, 2011 at 7:37pm
စာကို ဘယ်လိုဖတ်သလဲ။
ဘယ်စာကို ဖတ်သင့်သလဲ။
စာဖတ်တာက ဘာအကျိုးရှိလို့လဲ။
စာဖတ်သူက ဘယ်လို ဖတ်ရသလဲ။
စာဖတ်ပြီး အသိဥာဏ်ပညာ ဘယ်လို ယူကြသလဲ။
တကယ်ကော ရသလား .......

စသဖြင့် စာဖတ်ခြင်း အကြောင်း သက်သက်မှာတွင်ပင် လုံးလည် လိုက်စရာများ ရှိနေကြသည်ကို တွေ့ရပါသည်။

ငယ်စဉ်ကဆိုလျင် လူကြီးသူမများက ကလေး သူငယ်များကို ညွှန်ကြား ပြောဆို တတ်ကြသည်။ "စာဖတ်ကြ။ စာထဲမှာ ပညာရှာကြ" ဟု ဆိုကြသည်။ သို့သော် မည်သို့ ဖတ်ရ ရှုရမည် ကို တိတိပပ မညွှန်ကြားနိုင်ခဲ့။ သူတို့ ကိုယ်တိုင်ကလည်း ကလေးများကို လမ်းညွှန်ရာတွင် "ဘယ်စာက ကောင်းတယ်" "ဘယ်စာက မကောင်းဘူး" "ဘယ်ဟာကို ဖတ်" "ဘယ်ဟာကို မဖတ်နဲ့" "ဘယ်ဟာက အဆိပ်အတောက်" "ဘယ်ဟာက ဗဟုသုတ" စသဖြင့် ခွဲခြားပိုင်းဖြတ် ပေးကြသည်။

အရှုံးတွေ ထွေးပွေ့ အမုန်းတရားတွေ တိုးဆင့်နေတဲ့ အကျိုးမဲ့နေသော မြန်မာနိုင်ငံ ပြည်တွင်းစစ်

by Ko Baloi on Saturday, November 26, 2011 at 4:45pm
 
ကျနော်တို့မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်ပွဲနှင့်ပတ်သက်ပြီး အနည်းငယ် ကျနော့်အမြင် အနည်းငယ်တင်ပြ ရေးသားလိုပါသည်။ ကျနော်တို့ တိုင်းရင်းသားများစွာ အမှီတဟဲပြု၍ နေထိုင်လာခဲ့ကြသည့် မြန်မာနိုင်ငံတွင် နှစ်ပေါင်းများစွာဖြစ်ပွါးနေသော ပြည်တွင်းစစ်သည် အများအထင် သူနိုင်- ကိုယ်နိုင် အနိုင်အရှုံးတိုက်နေ သည့် ပြည်တွင်းစစ်ပွဲဟု ထင်ယောင်ထင်မှား ဖြစ်တန်ကောင်းပါသည်။ အမှန်မှာကျနော့်အမြင် ဤ-သို့မဟုတ်...ပြည်တွင်းစစ်ကိုမီးမွေးနေကြပြီး သူမနိုင်- ကိုယ်မနိုင် အပြတ်မတိုက်နေသည့် ပြည်တွင်းစစ် မျှလောက်သာဖြစ်သည်။

နော်ဝေပါလီမန်မှာ မြန်မာ့အရေး ဆွေးနွေးချက်

by Sein Soe on Friday, November 25, 2011 at 1:51pm


Wednesday, November 23, 2011  Khet Htan  1 comment


                                         နော်ဝေပါလီမန် (ဓာတ်ပုံ - ဖလစ်ကာ)

နော်ဝေပါလီမန်မှာ မနေ့က မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးကြပါတယ်။ လေဘာပါဘီက လွှတ်တော်အမတ် Laila Gustavsen က နော်ဝေ နိုင်ငံခြားရေးဝန်ကြီးကို မြန်မာ့အရေး မေးခွန်းထုတ်ခဲ့တာဖြစ်ပြီး တခြားအမတ်များကလည်း ဝင်ရောက် ဆွေးနွေးခဲ့ကြပါတယ်။

Laila Gustavsen က နိုင်ငံခြားရေးဝန်ကြီးကို ထုတ်တဲ့ မေးခွန်း

“မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတာတွေကိုတော့ အားတက်စရာအဖြစ် မြင်နေရပါတယ်။ စစ်အစိုးရရဲ့ အုပ်ချုပ်မှု နှစ် ၅၀ နီးပါးအကြာ၊ နှစ် ၂၀ အတွင်း နိုင်ဝင်ဘာ ၂၀၁၀ မှာ ပထမဆုံးရွေးကောက်ပွဲ ပြန်ကျင်းပနိုင်ခဲ့တယ်။

ဒီမိုကရေစီအပြည့်အ၀ရရေး ဒီမိုကရေစီဘက်တော်သားများကို မဲပေးကြ

by Wai Maw on Saturday, November 26, 2011 at 9:41am
 
 
(စုနိုင်မှ ချမ်းသာမည်)
ကိုချင်း။   ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုဦးစီးအစည်းအဝေးက ဘာလဲတဲ့ဗျ။ ဒီနေ့ ၁၈ နိုဝင်ဘာ ၂၀၁၁ မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဌာနချုပ်ရုံးမှာ လုပ်တယ်မဟုတ်လား။ ကိုယ်စားလှယ်တွေ အများကြီး လာကြသလား။
ကိုမင်း။   ။ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက ဗဟိုဦးစီး ကိုယ်စားလှယ်က ၁၁၆ ရှိတယ်တဲ့ဗျ။ အဲဒီမှာ ငါးဦးက အကျဉ်းကျနေတယ်။ သုံးဦးက ကျန်းမာရေးမကောင်းလို့ မလာနိုင်ဘူးလို့ သိရတယ်။ တစ်ဦးကတော့ ဘာကြောင့် မှန်းမသိဘူး။ မပါဘူး။ ဒီတော့ အစည်းအဝေးတက်တာ ဗဟိုဦးစီးအဖွဲ့ဝင်အားလုံး ၁၀၆ ယောက် ရှိပါတယ်။ အမျိုးသမီးနဲ့ လူငယ်စတဲ့ လူထုလူတန်းစားအဖွဲ့တွေရဲ့ ကိုယ်စားလှယ်တွေလည်း လာကြတက်ကြ တယ်ဗျ။

ဗိုလ်ချုပ်ကြီးနေ၀င်း၏ ပထမဆုံးနှင့် နောက်ဆုံးသတင်းစာရှင်းပွဲ

by Nyein Chan Aye on Wednesday, November 23, 2011 at 11:22pm




အောင်ဗလ (ကြေးမုံဦးသောင်း)

အိမ်စောင့်အစိုးရတက်လာသောအခါတွင် ဗိုလ်တထောင်၊ ကြေးမုံနှင့် ရန်ကုန်သတင်းစာ တို့ကို အပြစ်ရှာပြီး ပိတ်လေသည်။ အယ်ဒီတာများကို ထောင်ဒဏ်ပေးပြီး၊ သတင်းစာတိုက်များကို အစိုးရသိမ်းစေဟု စီရင် ချမှတ်၏။

ကြေးမုံပိတ်သောနေ့က တင်မောင်က မန္တလေးမြို့သို့ ရောက်နေသည်။ ရန်ကုန်တွင် နံနက် စောစော ရဲတို့ သတင်းစာ တိုက်သို့ ရောက်လာကာ ပုံနှိပ်စက်များကို ချိပ်ပိတ်သည်။ တယ်လီဖုန်းသတင်းရလျှင် ရချင်း မီးရထားနှင့် ရန်ကုန် ပြန်ခဲ့ရသည်။ အယ်ဒီတာ ဦးကြည်မြင့်ကို ဖမ်းသွားသည်ဟု တိုက်မှပြောသော သတင်းအရ မိမိကိုပါ ရန်ရှာလေမည်ဟု စိတ်ထဲ၌ စနိုးစနောင့် ရှိသောကြောင့် အိမ်သို့ တိုက်ရိုက်မပြန်ခဲ့ဘဲ ရှောင်ခဲ့သည်။

ရွှေချဖို့လိုပါသည်

( အောင်သင်း )

by Chan Myae on Saturday, November 26, 2011 at 2:49pm
 
ယခုတလောတွင် ရာသီဥတု ပူနွေးလာသည်။ ပတ်ဝန်းကျင်ကို ထိန်းသိမ်းရမည်။ သစ်တောသစ်ပင် တွေကို စောင့်ရှောက်ရမည် ဟူသော အသံတွေကို ကျွတ်ကျွတ်ညံ အောင်ကြားနေရသည်။ ထိုသို့သော ကယ်ပါယူပါ အသံတွေ ထွက်လာသည်မှာ နည်းနည်းတောင် နောက်ကျနေပြီလားဟု စိုးရိမ်နေမိခဲ့သည်။ တကယ်တော့ လွန်ခဲ့သော နှစ်ပေါင်းနှစ်ဆယ် လောက်က ထွက်ခဲ့ဖို့ကောင်းသည်။
အရင်းရှင်စနစ်ကြောင့် မိုးခေါင်ရသည် ဟုပြောလိုက်လျှင် ကျွန်တော့်ကို ကွန်မြူနစ် လေသံပါလား၊ လက်ဝဲ ဆန်လှချည်လား၊ ဒီအရွယ်မှ ဘာတွေထကြောင် နေပြန်သလဲဟု ပြောကောင်း ပြောကြပါလိမ့်မည်။

ဘ၀..ရသ..ကော်ဖီခါးခါး

by Seaman Nayminthu on Saturday, November 26, 2011 at 10:22am
 
လက်ရှိအနေအထားမှာ အချိန်အများစုက အထီးကျန်သလိုခံစားနေရတယ်။ မျှော်လင့်ချက် ခပ်ပါးပါး။ အနာဂတ်က မှုန်ဝါးဝါး။ ဘယ်စခန်း သွားရမှာလည်း မရေရာ။ လက်လှမ်းမီသမျှ စာလေးတွေဖတ်လိုက်။ လက်ဖက်ရည်ဆိုင်မှာ အကြာကြီးထိုင်၊ တွေ့ရာလူနဲ့ (အများအားဖြင့် လူရင်းတွေနဲ့) တောင်ရောက် မြောက်ရောက် ရောက်တတ်ရာရာတွေ ပွားလိုက်။ ရံဖန်ရံခါ ရင်ထဲမှာအောင်းနေတဲ့ လေပူတွေကို BBC,VOA လေလှိုင်းကတဆင့် လွှင့်ထုတ်လိုက်။ အိပ်ယာထဲမှာခွေရင်း အတိတ်အကြောင်းတွေ ပြန်တွေးလိုက်။

စစ်ပွဲတွေရပ်ပစ်! (ငြိမ်းချမ်းမှုကိုလိုလားသူ - ကျော်သူ)

by Lu Cifer on Saturday, November 26, 2011 at 12:28pm





ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်) အနေဖြင့် ကချင်ပြည်နယ်၏ ထူးခြားလှသောအလှတရားများပျက်စီးမှုကို ကာကွယ်ရေးအတွက်၎င်း၊ ကချင်ပြည်နယ်ရှိ တိုင်းရင်းသားလူမျိုးတို့၏ အသက်စည်းစိမ်ကိုကာကွယ်စောင့်ရှောက်ရေးအတွက်၎င်း၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ် ရေးအတွက်၎င်း ရည်ရွယ်ပြီးကချင်ပြည်နယ် မြစ်ဆုံရေကာတာစီမံကိန်းအားကန့်ကွက်မှုကိုအင်တိုက် အားတိုက် တက်ကြွစွာပါဝင်လှုပ်ရှားခဲ့ပြီး ဖြစ်ပါသည်။

မတူသော်လည်း ပေါင်းလုပ်လိုက်ကြရအောင်ပါ (ဟာဂျူလီ-ကသာ)

by ဒီမို ဖက်တီး on Saturday, November 26, 2011 at 12:17pm

တကယ်တမ်းပြောရရင် NLD မှတ်ပုံတင်မှာ ရွေးကောက်ပွဲဝင်မှာကို ကျွန်တော်ဆန့်ကျင်ခဲ့ပါတယ်၊ အမေစုကိုချစ်တဲ့စိတ် NLD ကို လေးစားတဲ့စိတ်တွေနဲ့ အမြင့်ဆုံးနေရာမှာ ခိုင်မာတဲ့ ရပ်တည်ချက် (ရွှေဂုဏ်တိုင်ကြေငြာချက်) နဲ့ပဲ နေစေချင်ခဲ့တာ၊

26.11.2011 နေ့ဖတ်ရန်သတင်းများ

by Myanmar Journal on Saturday, November 26, 2011 at 7:30am
 
 

မွန် အမျိုးသား အလံAMDP နဲ့ MNDF မွန်ပါတီ နှစ်ခု ပေါင်းမည်

၂၀၁၀ ရွေးကောက်ပွဲမှာ အမတ် နေရာ တချို့ ရခဲ့တဲ့ မွန်ဒေသလုံး ဆိုင်ရာ ဒီမို ကရက်တစ် ပါတီ AMDP နဲ့ ရွေးကောက် ပွဲကို ကန့်ကွက် ခဲ့တဲ့ မွန်အမျိုးသား ဒီမို ကရေစီ အဖွဲ့ MNDF တို့ ပေါင်းစည်းဖို့ သဘော တူပြီးပြီလို့ ကာယံကံ ရှင်တွေက ဘီဘီစီကို ပြောပြပါတယ်။
ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ ကြာသပတေး နှစ်ရက်က မော်လမြိုင်မြို့မှာ ပါတီနှစ်ခုက ကိုယ်စားလှယ် တွေ တွေ့ဆုံ ဆွေးနွေး ခဲ့ကြပြီးနောက် နှစ် ပါတီ ပေါင်းစည်းဖို့ သဘော တူခဲ့ပါတယ်။
၁၉၉၀ ရွေးကောက်ပွဲကို ဝင်တုန်းက တပါတီထဲ ပေါင်းပြီး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပေမယ့် MNDF ကတော့ ၂၀၀၈ ဖွဲ့စည်းပုံကို လက်မခံတဲ့ အတွက် ရွေးကောက်ပွဲမဝင်ဖို့ ဆုံးဖြတ် ရာကနေ နှစ်ပါတီ ကွဲသွားပါတယ်။

Friday, November 25, 2011

ဦးခင်ရွှေ (ဇေကမ္ဘာ) ၏ သတင်းစာဆရာများအပေါ် ပြင်းထန်စွာပုတ်ခတ်ပြောဆိုမှုအား ကန့်ကွက်ခြင်း။

by Zegyo Mandalay on Friday, November 25, 2011 at 9:15pm

Thu Ra Myo

သို့
နာယက
ပြည်ထောင်စုလွှတ်တော်
နေပြည်တော်။

ရက်စွဲ။ ။ ၂၅ ၊ နိုဝင်ဘာလ၊ ၂၀၁၁။
အကြောင်းအရာ။ ။ ဦးခင်ရွှေ (ဇေကမ္ဘာ) ၏ သတင်းစာဆရာများအပေါ် ပြင်းထန်စွာပုတ်ခတ်ပြောဆိုမှုအား
ကန့်ကွက်ခြင်း။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်ရွှေ(ဇေကမ္ဘာ)သည် ၂၀၁၁၊ နိုဝင်ဘာ ၁၅ ရက်နေ့တွင် ရန်ကုန် မြို့၊ ယုဇနဂါးဒင်း ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့သော (၂၈) ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ခရီးသွားလုပ်ငန်း အစည်း အဝေး၊ ခရီးသွားလုပ်ငန်းပြပွဲနှင့် ဓာတ်ပုံပြပွဲများ ပုဂံတွင်ကျင်းပမည့် အကြောင်း သတင်းထုတ်ပြန်ခြင်း အခမ်းအနား တွင် သတင်းစာဆရာများ၏ ကျင့်ဝတ်နှင့် အတတ်ပညာဆိုင်ရာများအပေါ် ပြင်းထန်စွာပုတ်ခတ် ပြောဆိုခဲ့ပါသည်။

ဘယ်တော့ ကျနော်တို့ ဒီမိုကရေစီရမလဲ? [ သွန်းနေစိုး ]

by Thorn Nay Soe on Friday, November 25, 2011 at 12:49am
 
ပြောစရာ ၂ပိုင်းမြင်ပါသည်။ အစိုးရပိုင်းနှင့် ပြည်သူပိုင်း။ အစိုးရပိုင်းဆိုင်ရာများအား ပြောဆိုထောက်ပြမည့်သူ များစွာ ရှိပါသည်။ ဒီ Facebook ပေါ်မှာပင် လက်စွမ်းလက်စကြီးသူ တော်တော်များများတွေ့နိုင်၏။
ကျနော် ယခု ပြောလိုသည်က နောက်တစ်ပိုင်းဖြစ်သည်။ ဒုတိယတစ်ပိုင်း။ ပြည်သူတွေနှင်ဆိုင်သော အပိုင်း။

ခရစ်ယာန် ကျမ်းစာတစ်အုပ်မှာ ဖတ်ရဘူးပါသည်။
`ဘုရားသခင် နက်ဖြန်ရောက်မယ်ဆိုရင် သင့်ဘက်က အသင့်ဖြစ်ပြီလား´ တဲ့။
ကျနော်တို့ ဗုဒ္ဓဘာသာမှာလဲ ရှိသည်။ အင်မတန်လူသိများသော ကာလမသုတ်တော်။
ကိုယ်တိုင်လုပ်မှ ကိုယ်တိုင်ရမည်ဆိုသောသဘော မြတ်ဗုဒ္ဓက ဟောကြားထားခဲ့၏။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဂီတအနုပညာရှင် ၅၀ ကျော်တို့ တွေ့ကြမည်

By , on November 24, 2011 5:54 pm in သတင်း / 11 comments,  Hits: 20,824

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဂီတအနုပညာရှင် ၅၀ ကျော်သည် ရွေးကောက်ပွဲ အောင်နိုင်ရေး လှုံ့ဆော်တေးများ ဖန်တီးရန်အတွက် မနက်ဖြန် ညနေ ၃ နာရီခန့်၌ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်တွင် တွေ့ဆုံမည်ဟု သတင်း ရသည်။

ပညာရေးကွန်ရက် ၁ နှစ်ပြည့်ပွဲနေ့က အဆိုရှင်တချို့နှင့်အတူ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ် (ဓာတ်ပုံ - ဧရာဝတီ)

အဆိုပါတွေ့ဆုံပွဲကို ဂီတပညာရှင်များဖြစ်သည့် ကိုရဲလွင် (မဇ္ဈိမလှိုင်း)၊ သားထွေး၊ ကိုးတိုးလွင်နှင့် ဆောင်ဦးလှိုင်တို့က စီစဉ် ဆောင်ရွက်ခြင်းဖြစ်ပြီး ဖိတ်ကြားခြင်းခံရသည့် အနုပညာရှင်များမှာ တေးရေးနောင်နောင် (ဆန်းဖလားဝါး)၊ စံလင်း၊ ရင်ဂို၊ မာရဇ္ဇ၊ ဆောင်းဦးလှိုင်၊ ဇေယျာသော်၊ အနဂ္ဂ၊ ကျားပေါက်၊ ချောစုခင်၊ ကဗျာဘွဲ့မှူး၊ ချစ်သုဝေ၊ သံသာဝင်း၊ ချမ်းချမ်း စသည်တို့ အပါဝင် အနုပညာရှင် ၅၀ ကျော်တို့ ဖြစ်ကြောင်း သိရသည်။

Gmail, Gtalk ဘယ်အစိုးရကမှ ကြားကနေ ဖောက်မဖတ်နိုင်ဘူးဗျို့........

Cloud Cuckoo Land created a doc.
Gmail ကို အစိုးရရှဲ့ဆာဗာတွေကနေ ဖောက်လို့ရသတဲ့၊ Gtalk ကြီးကိုလည်း  အစိုးရက အလွယ်တကူ ၀င်ကြည့်လို့ရသတဲ့နဲ့ မနက်မိုးလင်းလို့ ဆောင်းပါးတစ်ခု ဖတ်လိုက်ရတော့ မှားနေတာ တန်းသိတာနဲ့ မှတ်ချက်တစ်ချို့ပေးလိုက်ပါတယ်.
.... သူ့စာကို ဖတ်ကြည့်ရသလောက်တော့ ရန်းတုတ်တာ တော်တော်များနေပေမဲ့ ကိုယ်နဲ့ မဆိုင်တော့ သိတ်မပြောချင်သေးဘူး..... နောက်မှ ဘယ်ဟုတ်မလဲ အဲ့ဒိသတင်းက မဇ္ဇိမ ၀ဘ်ဆိုဒ်မှာ တင်ထားပါတယ်ဆိုမှ အော် သောက်ရမ်း ရမ်းတုတ်တွေပဲဆိုပီး ရေးခဲ့သမျှ မှတ်ချက်ကို ပြန်စုလိုက်ပါတယ်...

ပတ်ဝန်းကျင်ကို တည်ဆောက်ခြင်း (Built Environment)-2

« on: November 27, 2010, 08:27:56 pm »



နောက်ဒုတိယပုံပြင်ကလေးကတော့ "The three little pigs" ဆိုတဲ့ပုံပြင်လေးပါ...။ ဒါလေးလည်း ကြားဖူးချင် ကြားဖူးနိုင်ပါတယ်...။ သိုသော်လည်း မကြားဖူးသေးတဲ့သူတွေအတွက်ပေါ့ဗျာ....။
တခါတုန်းက ၀က်ကလေးသုံးကောင်ရှိသတဲ့...။ သူတို့သုံးကောင်ဟာ အချိန်တန်အရွယ်ရောက် ၀က်လားမြောက်လာတော့... ရေကြည်ရာ... မြက်နုရာ တိုးတတ်ကြီးပွားအောင် ရှာကြံဖို့ အိမ်ကနေထွက်ကြမယ်ပေါ့...။ အဲလိုထွက်ခါနီးမှာ မိခင်ဖြစ်သူ ၀က်မကြီးက သားသုံးယောက်ကို ခရီးမထွက်ခင် သြ၀ါဒစကား မြွတ်ကြားသတဲ့....။ “သားတို့ရေ မင်းတို့တွေ ဘာပဲလုပ်လုပ် ၊မင်းတို့ အကောင်းဆုံးဖြစ်အောင်လုပ်ကြပါ...။ ဘာကြောင့်ဆိုရင် မင်းတို့ကောင်းအောင်လုပ်ရင် လောကကြီးကလည်းမင်းတို့ကိုကောင်းကျိုးပြန်ပေးတတ်လို့ပဲကွ...” ဆိုပြီးမှာလိုက်ပါသတဲ့...။

မင်းသားကြီး လုပ်ချင်ကြသူတွေ အကြောင်း

by Myat Lay Ngon on Friday, November 25, 2011 at 1:35am
 
ဗိုလ်ချုပ်အောင်ဆန်း အကြောင်းကို ရေးသား ထားသော စာပေများ များစွာပေါ် ထွန်းလျက် ရှိရာတွင် ဗိုလ်ချုပ်သည် မင်းသားကြီး လုပ်ချင်သူတွေ အကြောင်းနှင့် စပ်လျဉ်း၍ အောက်ပါအတိုင်း မိန့်ကြားခဲ့ ကြောင်း သိရပါသည်။ ယခုအခါ ဖဆပလသည် လူထုရှေ့ ၌ မားမားမတ်မတ်ရပ်၍ ခေါင်းဆောင်ဖြစ်နေခြင်း ကို ထိုမင်းသားကြီး လုပ်လိုသူများသည် မနာလိုမရှုစိမ့်ကြချေ။ ရပ်ချင်းရပ်လျှင် သူတို့ကသာရပ် လိုကြသည်။ သို့ရာတွင် သူတို့၏ ရှေ့နောက်မညီသော ခေါင်း ဆောင်မှု၊ အမြင်တိုသောခေါင်းဆောင်မှု၊ ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုသော ခေါင်းဆောင်မှု၊ မကြာခဏ ဖောက်လွှဲဖောက်ပြန်ဖြစ်ခဲ့ရသော ခေါင်းဆောင်မှု များကြောင့် လူထုကလည်း ၄င်းတို့ရှေ့တွင် ထို မင်းသားကြီး လုပ်လိုသူများကို အရပ်မခံချေ။ ဗိုလ်ချုပ်ပြောခဲ့ သောစကားကို ခွဲခြမ်း စိတ်ဖြာပါက အောက်ပါအတိုင်း တွေ့နိုင်ပါ၏။

25.11.2011 နေ့ဖတ်ရန်သတင်းများ

by Myanmar Journal on Friday, November 25, 2011 at 8:11am
 
 
စုံစမ်းရေး ကော်မရှင်က အစီရင်ခံစာ ထွက်လာပြီ

ဘာရိန်းမှာ ဆန္ဒပြသူတွေကို အင်အား အလွန်အကျွံသုံး နှိမ်နင်းခဲ့

ဘာရိန်းနိုင်ငံမှာ ဖေဖော်ဝါရီလ တုန်းက ဒီမိုကရေစီ အရေး တောင်းဆို ဆန္ဒပြသူတွေကို အစိုးရက အပြင်းအထန် နှိမ်နင်းခဲ့တယ် ဆိုတဲ့ အစီရင်ခံစာ တစောင်ကို လွတ်လပ်တဲ့ စုံစမ်း ကော်မရှင် အဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
ဆန္ဒပြပွဲမှာ အဖမ်းခံရသူတွေဟာ ကြာပွတ်နဲ့ ရိုက် ၊ ကန်ကျောက် ၊ လျှပ်စစ် ကျဉ်စက်နဲ့တို့ တဲ့အပြင် အပြစ် ဝန်ခံလာအောင် အဓမ္မ စော်ကားခံရမယ် ဆိုပြီးတော့လည်း ခြိမ်းခြောက် ခံခဲ့ရတယ်လို့ အစီရင်ခံစာ ရေးသားသူ Cherif Bassiouni က ပြောပါတယ်။

ဦးအောင်ဆန်း၏ နောက်ဆုံးနေ့

by My-individual Rights on Friday, November 25, 2011 at 9:35am                
ဇူလိုင်လ ၁၉ ရက်၊ စနေနေ့ ၁၀ နာရီခွဲ။
 
မိုးလင်းကတည်းကပင် ကောင်းကင်သည် အုံ့မှိုင်း ညိုမှိုင်းလျက်ရှိသည်။ တိမ်တိုက်ဟူ၍ ဘာမျှ ကြည်လင်စွာ မမြင်ရ။ မိုးကို ကြည့်ရသည်မှာ မြူသန်းနေသော ပင်လယ်ပြင်ကြီးလို ဝိုးဝိုးဝါးဝါး နေသည်။ မိုးသည် ကင်းကင်းလွတ်လွတ် စဲသည်ဟူ၍ မရှိဘဲ တဖွဲဖွဲ နေလိုက်၊ တဖြိုင်ဖြိုင် ရွာချလိုက်နှင့်။ နောက် စွေ၍နေလေသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ပါတီ တည်ထောင်လိုသူ ဦးဆောင်အဖွဲ့သစ်ဖွဲ့

by Yangon PressInternational on Thursday, November 24, 2011 at 11:25pm
New party founder lists from NLD revealed
နိုဝင်ဘာ ၂၄၊ ၂၀၁၁ (YPI)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ  ဦးဆောင်အဖွဲ့သစ်ကို နိုဝင်ဘာလ ၂၃ ရက်နေ့က ၂၁ ဦးဖြင့် ဖွဲ့စည်းလိုက်ကြောင်း ယင်းအဖွဲ့ဝင်တဦးကပြောသည်။

“အခုမှတ်ပုံတင် အသစ်တင်တဲ့ပါတီ မှာ ဦးဆောင်အဖွဲ့သစ် ဖွဲ့စည်းလိုက်ပါတယ် ဒီအဖွဲ့ကနေ အောင်နိုင်ရေး အဖွဲ့တွေဖွဲ့စည်းသွားပြီး ကြားဖြတ်ရွေးကောက်ပွဲကို ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ် ”ဟု အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဒေါက်တာဒေါ်မေ၀င်းမြင့်ကပြောသည်။

Thursday, November 24, 2011

အခန်း ၄၊ မြန်မာနိုင်ငံ၏ တရားစီရင်ရေး သမိုင်းအကျဉ်း


       


 မြန်မာနိုင်ငံ ရှေ့နေများကောင်စီ မူပိုင် .....


  က၊ မြန်မာဘုရင်များလက်ထက် တရားစီရင်ရေး
          ခ၊ အင်္ဂလိပ်ခေတ် တရားစီရင်ရေး
          ဂ၊ ပါလီမန်ဒီမိုကရေစီခေတ် တရားစီရင်ရေး
          ဃ၊ မဆလခေတ် တရားစီရင်ရေး
          င၊ မျက်မှောက် နအဖခေတ် တရားစီရင်ရေး


အခန်း ၅၊ အထူးဥပဒေများနှင့် တရားစီရင်ရေး အထူးဥပဒေများပေါ်ပေါက်လာရခြင်း၏ သမိုင်းနောက်ခံအကျဉ်း
အထူးဥပဒေများပြဌာန်းရခြင်း
မြန်မာနိုင်ငံတွင် ပြစ်မှုဆိုင်ရာအမှုများကို စစ်ဆေးစီရင်ရာတွင် ယခင်ရာဇသတ်ကြီး (ခေါ်) ပြစ်မှုဆိုင်ရာ ဥပဒေ နှင့် စစ်ဆေး စီရင်ဆုံးဖြတ်ကြသည်၊၊ အခိျု့သောပြစ်မှုများမှာ ပြစ်မှုဆိုင်ရာဥပဒေတွင် အသေးစိတ် ဖေါ်ပြထားခြင်း မရှိပေ။ ထိုအခါ အဆိုပါအမှုများအတွက် လိုအပ်သည့်သီးခြားပြဌာန်းချက်များကို ထုတ်ပြန် ဆောင်ရွက်ရန်လို အပ်လာသည်၊၊ ပြစ်မှုဆိုင်ရာဥပဒေ၏ အခန်း၂ အရပ်ရပ်ဆိုင်ရာ ရှင်းလင်းချက်များ ပုဒ်မ ၄၁တွင် အထူးဥပဒေကို အောက်ပါအတိုင်း အနက်အဓိပ္ပါယ်ဖွင့်ဆိုထားသည်ကိုတွေ့ရသည်၊၊ အထူးဥပဒေဆိုသည်မှာ သီးခြားအကြောင်း အရာတခုနှင့်သက်ဆိုင်သော ဥပဒေကိုဆိုလိုသည်၊၊
Related Posts Plugin for WordPress, Blogger...