Saturday, December 31, 2011

ရော်နယ်အောင်နိုင့် အင်တာဗျူး (ဘာသာပြန်)

by Hlaing Bwa Maung on Saturday, December 31, 2011 at 7:46pm
 


နယ်စပ်မှာ ဂျာနယ်လစ်သင်တန်းပေးတော့ ဗမာ၊ကရင်စကားပြန်တွေနဲ့ အလုပ်လုပ်ရပါတယ်။
ဘာသာပြန် တယောက်က အောင်နိုင်ပါ။
သူက ဂျာနယ်လစ်တယောက်ဖြစ်ပြီး နိုင်ငံရေးအမြင်ရှိသူ၊ ဟာသ ဥာဏ်ရွှင် သူပါ။
သူနဲ့ အလုပ်လုပ်ရတာအဆင်ပြေပါတယ်။
ဒါပေမယ့်သူ့ မှာအင်မတန်စိတ်ဝင်စားဖို့ ကောင်းတဲ့ ဇတ် လမ်းတခု ရှိပြီး ကျနော်ဒါကို ပိုသိချင်နေပါတယ်။

ကိုယ်ချင်းစာစိတ်နည်းနည်းလေး ထားပေးကြပါလို့၊

ကိုကိုဦးရေ
ခင်ဗျားပြောတာသိပ်မှန်တယ်ဗျာ ၊ မတရားနှိပ်စက်ညှင်းပန်းပြီး ကိုယ်လိုချင်တဲ့အဖြေရအောင်ယူထားတဲ့ဝန်ခံချက်တွေဟာ တကယ်တော့တရားမဝင်တဲ့အပြင် ရာဇဝတ်မှုကျူးလွန်တာဖြစ်ပါတယ်၊ တချို့ခံခဲ့ရတဲ့ရဲဘော်တွေဟာ ABSDF ကိုနစ်နာမှာစိုးလို့ နှစ်ပေါင်း ၂၀ လောက်ရေငုံ နှုတ်ပိတ်နေခဲ့ကြတယ်၊ တကယ်လေးစားဘို့ကောင်းပါတယ်၊ မြောက်ပိုင်းကအသက် လုပြေး လာပြီး၊ နအဖက သူတို့အတွက်အန္တရာယ်ရှိတဲ့အတွက်ထောင်နှစ်ရှည်ထပ်ချပြီး ၊နအဖ ထောင်ထဲ မှာဆုံးပါးသွား ရတဲ့ ကိုရာကျော် (ရော်နယ်အောင်နိုင်ကသူလျှိဆိုပြီး ဖိနပ်ချွတ်ပြီးမျက်နှာကိုရိုက်ခဲ့သူ)တို့ ဟာစပိုင် တွေ မဟုတ် ဘူးဆိုတာ ခိုင်မာတဲ့သက်သေပြချက်တွေဘဲ၊ ဒါကိုဘယ်သူတွေက ငြင်း ချက်ထုတ်ချင်သေးလဲ?

နှစ်ဟောင်းအိပ်မက် နောက်ဆုံးရက်

by Wai Maw on Saturday, December 31, 2011 at 3:11pm
 
 ဒီနေ့တစ်နေ့လုံး ကျနော့်စိတ်ထဲမှာ လေးလံထိုင်းမှိုင်းနေသည်။ ဘာကိုမျှဆုပ်ဆုပ်ကိုင်ကိုင်ရယ်လို့ မရှိ။ အာရုံတွေ ယိမ်းနွဲ့လှုပ်ရှား။ အတွေးတွေ လေမှာမျောလွင့်ဝေ့၀ဲ ခေါင်းထဲမှာချာချာလည်။ နာရီလက်တံက ညဉ့်တစ်ခု၏ နောက်ဆုံးသတ်မှတ်ချိန်ဆီ တရွေ့ရွေ့ ဦးတည်ရွေ့လျားနေဆဲ။
အမှန်က ဒီရက်ပိုင်းအတွင်း ကျနော့်မှာ လုပ်စရာအလုပ်တွေ ရှိပါသည်။ မရေမရာ မသေမချာနှင့် နေ့တဓူဝ ဖြတ်သန်းကျင်လည်နေရသော အချိန်နာရီတွေကို တစ်စုံတစ်ရာ အကျိုးများနိုင်ပါစေတော့ရယ် လို့ စာရေးစာဖတ်ခြင်းဖြင့် ကုန်လွန်စေရန် ရည်ရွယ်ချက်တူ မိတ်ဆွေတစ်စု အကြံပြုဆွေးနွေးမိကြရာက ကိုယ်စီကိုယ်စီ ပခုံးပေါ်မ,တင်လိုက်သော တာဝန်များပါပေ။

၂၀၁၁ ထူးခြား ထင်ရှားသူများ (၂)

by The Irrawaddy (Burmese Version) on Saturday, December 31, 2011 at 2:33pm
By ဧရာဝတီ on December 31, 2011 2:27 pm in အင်တာဗျူး

၂၀၁၁ ခုနှစ်အတွင်း မြန်မာနိုင်ငံသည် အစိုးရသစ် တက်လာခြင်း အပါအ၀င် အပြောင်းအလဲများစွာ ဖြစ်ပေါ်မှုနှင့်အတူ လူအများနှင့် သတင်း မီဒီယာများက အထူးအာရုံစိုက်ခံရသောထူးခြားရှားသူများကိုလည်း တွေ့မြင်ခဲ့ရပါသည်။ ထို့ကြောင့် ယခုနှစ်အတွက် မြန်မာနိုင်ငံနှင့် ပတ်သက်ပြီး ထူးခြားထင်ရှား သူများကို ဧရာဝတီ ပရိသတ်အတွက် စုစည်း ဖော်ပြလိုက်ပါသည်။



“ဧရာဝတီ ကယ်တင်ရေး” လှုပ်ရှားမှု
Save the Irrawaddy

မတ်လနှောင်းပိုင်း အမည်ခံအရပ်သားအစိုးရသစ် ဖွဲ့စည်းပြီး လအတော်ကြာပြီးနောက် မြန်မာနိုင်ငံ၏ အခြေတည်စ ပြုပြင်ပြောင်းလဲမှုကို စိန်ခေါ်လိုက်သော စာတမ်းတစောင် လူထုအကြား ပေါက်ကြားခဲ့သည်။

31.12.2011 နေ့ဖတ်ရန်သတင်းများ

by Myanmar Journal on Saturday, December 31, 2011 at 9:52am
 
 
အဂတိ လိုက်စားမှု တိုက်ဖျက်ရေး အတည်မပြုနိုင်သေး

ဝန်ကြီးချုပ် မန်မွန်ဟန်ဆင်းနဲ့ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားသူ မစ္စတာ ဟာဇာရီ
အိန္ဒိယမှာ အငြင်းပွားစရာ ဖြစ်နေတဲ့ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေမူကြမ်းကို ပါလီမန်မှာ အတည်မပြုနိုင်ခဲ့ တာကြောင့် ဒီကိစ္စရဲ့ ရှေ့ အနာဂတ်ရေး မရေမရာ ဖြစ်နေပါတယ်။
အောက်လွှတ်တော်က အတည်ပြုလိုက်ပေမယ့် ဒီ ဥပဒေကို အထက်လွှတ်တော်မှာ ဆွေးနွေးတဲ့ အခါသန်းခေါင်ယံ အထိ အော်ဟစ် ငြင်းခုန် ကသောင်းကနင်း ဖြစ်ကာ အစည်းအဝေးကို ရပ်ဆိုင်း ထားခဲ့ရပါတယ်။

Friday, December 30, 2011

30.12.2011 နေ့ဖတ်ရန်သတင်းများ

by Myanmar Journal on Friday, December 30, 2011 at 6:14am
 
 
အာရိုယိုကို စစ်တပ် ဆေးရုံမှာ ထိမ်းသိမ်းထား
 ဖိလစ်ပိုင်း သမ္မတဟောင်းကို စွဲချက်ထပ်တိုး

ဖိလစ်ပိုင် သမ္မတဟောင်း ဂလိုရီယာ အာရိုယို ကို အဂတိ လိုက်စား မှုနဲ့ နောက်ထပ် စွဲချက် ထပ်တင် လိုက် ပါတယ်။
တရုတ် နိုင်ငံနဲ့ သဘောတူ ထားတဲ့ ဒေါ်လာ သန်း ၃၀၀ ကုန်ကျ မယ့် တယ်လီဖုန်း ဆက်သွယ်ရေး စံနစ် စီမံကိန်း မှာ သူ့ရဲ့ ခင်ပွန်း ဖြစ်သူ နဲ့ အခြား အဆင့်မြင့် အစိုးရ အရာရှိ နှစ်ဦးဟာ ကိုယ်ကျိုး အတွက် ငွေကြေး အလွဲ သုံးစား မှုတွေ လုပ်ခဲ့ တယ်လို့ စွပ်စွဲ ခံနေရ ပါတယ်။

၂၀၁၁ ထူးခြား ထင်ရှားသူများ (၁)

by The Irrawaddy (Burmese Version) on Friday, December 30, 2011 at 7:25pm
By ဧရာဝတီ on December 30, 2011 7:14 pm in အင်တာဗျူး

၂၀၁၁ ခုနှစ်အတွင်း မြန်မာနိုင်ငံသည် အစိုးရသစ် တက်လာခြင်း အပါအ၀င် အပြောင်းအလဲများစွာ ဖြစ်ပေါ်မှုနှင့်အတူ လူအများနှင့် သတင်း မီဒီယာများက အထူးအာရုံစိုက်ခံရသော ထူးခြားရှားသူများကိုလည်း တွေ့မြင်ခဲ့ရပါသည်။ ထို့ကြောင့် ယခုနှစ်အတွက် မြန်မာနိုင်ငံနှင့် ပတ်သက်ပြီး ထူးခြားထင်ရှား သူများကို ဧရာဝတီ ပရိသတ်အတွက် စုစည်း ဖော်ပြလိုက်ပါသည်။



သန်းခေါင်ကျော် ငရဲခန်းမှ သူရဲကောင်းများနှင့် လေးစားထိုက်တဲ့ သားကောင်းတစ်ဦး ( သို့ ) ဦးကြည်ဝင်း

သန်းခေါင်ကျော် ငရဲခန်းမှ သူရဲကောင်းများ

လှကျော် | ကြာသပတေးနေ့၊ ဒီဇင်ဘာလ ၂၉ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၀၈ မိနစ်
အီးမေးလ်ပို့ရန်ပရင့်ထုတ်ရန်PDF ဖိုင်ရယူရန်

"ဝုန်း" ဆိုတဲ့ အသံနဲ့အတူ အိမ်က သိမ့်ကနဲ လှုပ်သွားတယ်။ အိပ်ကောင်းတဲ့အချိန် ဖြစ်ပေမယ့် အိမ်ရှေ့ဝရန်တာ ကို ထွက်ပြီး အပြင်ဘက် လှမ်းကြည့်လိုက်တော့ အိမ်တိုင်းကလူတွေ အိမ်ရှေ့မှာ တယောက်ပြီးတယောက် ထွက်လာပြီး ခေါင်းတထောင်ထောင်နဲ့ ကြည့်နေကြတယ်။ အချိန်က မနက် ၂ နာရီ စွန်းစွန်း။

ခဏအကြာ မီးသတ်ကား ဥသြဆွဲသံ၊ လူနာတင်ကားသံတွေနောက်မှာတော့ လူတွေဟာ အိမ်ရှေ့လမ်းမဘက်ကို ပိုပြီး စုရုံးစုရုံး လုပ်လာကြတယ်။

မီးအကြောင်း သိကောင်းစရာ နှင့် မီးသတ်ဘူး အသုံးပြုနည်း

Monday, November 7, 2011 

Co2zeиith

နိဒါန်း

ကျွန်ုပ်တို့၏ နေ့စဉ်ဘ၀တွင် မီးသည်မရှိမဖြစ်လိုအပ်၏။ ကျွန်ုပ်တို့သည် မီးမရှိဘဲ အသက်ရှင်နေထိုင်ဘို့မလွယ်။ သို့သော် ထိုမီးအကြောင်းမသိလျှင်၊ ထိုမီးကို သေသေချာချာ ကိုင်တွယ်သုံးစွဲခြင်း မပြုလျှင် ၎င်းသည် ကျွန်ုပ်တို့အား များစွာဒုက္ခပေး၏။

ထို့ကြောင့် ထိုမီးအကြောင်း ဂဃနဏသိရန်၊ ထိုမီးကို သေသေချာချာ ထိန်းသိမ်းနိုင်ရန် ဤဆောင်းပါးကို ရေးပါသည်။ ဤဆောင်းပါးကိုဖတ်ပြီးသည်နှင့် သင်သည် -

ü  မီးဘာ့ကြောင့်လောင်ရသည် ဆိုသည်ကို သိလာမည်။

ü  လောင်တတ်သော မီးအမျိုးအစားများကို ခွဲခြားသိလာနိုင်မည်။

မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ (၃)

မိတ်ဆွေတွေကို အသိပေးစရာ နှစ်ခုရှိပါတယ်။ တကယ်တော့ ကျနော်ဟာ ဒီလို စိတ်ထိခိုက်၊ ဒဏ်ရာအနာတရဖြစ်စရာကောင်းတဲ့ အကြောင်းအရာတွေကို အင်တာနက်မှာ တင်ပြီးမရေးချင်ပါဘူး။ ၁၉၉၈ ထိုင်းနယ်စပ်ကိုရောက်လာကတည်းက ဒီကိစ္စတွေကို ရှင်းကြဖို့ ပွင့်ပွင့်လင်းလင်းပြောဆိုခဲ့ဘူးတယ်။ “အရေးတော်ပုံပြီး ရင် ရှင်းမှာပါ” ဆိုတဲ့ စကားနဲ့သာ ချွေးသိပ်ခဲ့တယ်။ ဒါပေမဲ့ သိကြတဲ့အတိုင်းပဲ။ ပြည်ပမှာ ဒီလို စရိုက်တွေနဲ့သွားလို့ကတော့ အရေးတော်ပုံသက်တမ်း နောက်ထပ် နှစ်(၅၀) ကြာလည်း ပြီးနိုင်မယ် မထင်ဘူး။  လွန်ခဲ့တဲ့ တနှစ်ကျော်လောက်က ဒေါက်တာနိုင်အောင်တယောက်၊ ကျနော့်ဆီကို လမ်းကြုံလို့အလည်ဝင်လာပါတယ်။ အဲ့ဒီတုံးကလည်း သူကတဆင့်၊ ရော်နယ်အောင်နိုင် ဆီကို စကားလက်ဆောင်ပါးလိုက်ပါတယ်။ ကာယကံရှင်တွေနဲ့တွေ့ဆုံဆွေးနွေးဖို့ လုပ်ပါ။

ရာပြည့်မွေးနေ့ရှင် စံပြသတင်းစာဆရာ ဂျာနယ်ကျော် ဦးချစ်မောင်

by Htain Linn on Friday, December 30, 2011 at 11:36am
 
        သက္ကရာဇ် ၂ဝဝ၂ ခုနှစ် ဧပြီလ ၆ ရက်နဲ့ ၇ ရက်က ရန်ကုန်မြို့ အမျိုးသားပြတိုက်မှာ ‘ဂျာနယ်ကျော် ဦးချစ်မောင် နှစ် ၉ဝ မြောက် မွေးနှစ်၊ ဂျာနယ်ကျော်မမလေး နှစ် ၂ဝ မြောက် ကွယ်လွန်နေ့ နှင့် ဂျာနယ်ကျော် စီးဆင်းမှု အထိမ်းအမှတ်ပြပွဲ’ ပြုလုပ်ခဲ့ပါတယ်။
       ဧပြီလ ၆ ရက်နေ့မှာ အခမ်းအနားသဘာပတိ ဆရာပါရဂူက ဂျာနယ်ကျော်မိသားစုနဲ့ပတ်သက်လို့ အမှာစကား ပြောကြားခဲ့ပါတယ်။ ဂျာနယ်ကျော်ဦးချစ်မောင် ဆီမှာ ဆန့်ကျင်ဘက် ခြေလှမ်း ၂ ခု ပေါင်းဆုံနေတာ မြင်တွေ့ကြောင်း အထူးသဖြင့် ရိုးသားခြင်းနဲ့ ဆန်းပြားခြင်း၊ ရှေးဆန်ခြင်းနဲ့ ခေတ်မီခြင်းတို့ဖြစ်ကြောင်း ဆရာပါရဂူက ရှင်းပြသွားပါတယ်။

Thursday, December 29, 2011

မုဆိုးမ

Nyo Htet

ခင်မွန်းသည်ကတော့ ဆုံးပါးသွားခဲ့ပါပြီ

မုဆိုးမပေါ့။
အဲဒီ မုဆိုးမဟာ
... မိသားစုအတွက် ရုန်းကန်ခဲ့ရတယ်။

ဘက်ပေါင်းစုံကပါပဲ
ဘယ်သူရယ်တော့ မပြောချင်တော့ဘူး
ထားပါတော့ နာမ်စားတခုသုံးလိုက်မယ်
လောကဓံပေါ့။

Philadelphia စမ်းသပ်ချက် (ဘာသာပြန်ဝတ္ထု) (အပိုင်း -၁)

နိဒါန်း

စကြ၀ဠာကြီးဟာ ကျွန်မတို့ တွေးထင်ထားတာထက် ပိုပြီးဆန်းကျယ်ရုံတင်မကပါဘူး။ ကျွန်မတို့ တွေးထင်နိုင်တာ ထက်ပါ ပိုပြီး ဆန်းကျယ်လှပါတယ်။ စကြ၀ဠာကြီးဆီမှာ အဖြေရှာဖို့ ခက်ခဲလှတဲ့ ပဟေဠိပုစ္ဆာတွေနဲ့ လျှို့ဝှက်ချက်တွေ အများအပြား ပြည့်နှက်နေပါတယ်။

ဒါပေမယ့် ပဟေဠိပုစ္ဆာတွေနဲ့ လျှို့ဝှက်ချက်တွေအားလုံးကတော့ တထပ်တည်းကျအောင် မတူညီနေပါဘူး။

စကြ၀ဠာကြီးနဲ့ ပတ်သက်ပြီး အဖြေရှာဖို့ ခက်ခဲလှတဲ့ ပဟေဠိပုစ္ဆာတွေတိုင်းဟာ လျှို့ဝှက်ချက်တွေ မဟုတ်ပါဘူး။ စကြ၀ဠာကြီး ဘယ်လိုစတင်ပေါ်ထွက်လာခဲ့သလဲ။

- လက်တွေ့နှင့် သီအိုရီ ကိုက်ညီပါမှ


-ဦးဖိုးသာအောင်
-(၂၆-၁၂-၂၀၁၀)

ဒီမိုကရေစီနှင့် လူ့အခွင့်အရေးသည် တသားတည်း တပေါင်းတည်း တည်ရှိနေပါသည်၊ ခွဲခြားလို့မရပါ။
လူတဦးချင်းစီတွင် လွတ်လပ်စွာ ဟုတ်တိုင်းမှန်ရာကို ပြောဆိုခွင့် ရေးသားခွင့် ဝေဘန်ထောက်ပြခွင့်ကို အပြည့်အဝ သတ်မှတ် ပြဌါန်းပြီး အာမခံချက်ပေးထားသည့် စနစ်သည် ဒီမိုကရေစီပင်ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် ၁၉၆၂ခုနှစ်မှ ယနေ့အထိ ဒီမိုကရေစီ မရှိသဖြင့် တိုက်ပွဲဝင်နေကြရပါသည်၊ လူထုကြီးတရပ်လုံးလိုချင်ကြသည့် ဒီမိုကရေစီ ကို ခေါင်းဆောင်များ၊ အဖွဲ့အစည်းများက ဦးဆောင်ပြီး တိုက်ပွဲဝင် ပေးနေကြပါသည်၊
ရှစ်ဆယ့်ရှစ်နောက်ပိုင်း ပြည်တွင်းရော ပြည်ပပါ အတိုက်အခံအဖွဲ့များအားလုံး တညီတညွတ်တည်း တောင်းဆိုကြသည်မှာ ဒီမိုကရေစီပင်ဖြစ် ပါသည်။

29.12.2011 နေ့ဖတ်ရန်သတင်းများ

by Myanmar Journal on Thursday, December 29, 2011 at 10:22am
 
 
ရန်ကုန်က ပေါက်ကွဲမှု ပြင်းထန်

ရန်ကုန်မြို့ မင်္ဂလာ တောင်ညွန့် မြို့နယ်ဘက်က ABC စက်ဆန်းရှိ ကူးတို့ဆိပ်က ဂိုထောင်တွေမှာ ကြာသပတေးနေ့ မနက် ၂ နာရီကျော်မှာ ပေါက်ကွဲမှုနဲ့ မီးလောင်မှုတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပါတယ်။ ပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၁၅ ဦး သေဆုံးပြီး လူ ၅၀ ထက်မနည်း ဒဏ်ရာရရှိခဲ့ပါတယ်။ နောက်ထပ်လည်း သေကြေ ဒဏ်ရာရသူ တွေ ရှိနိုင်သေးတယ်လို့ ဒေသခံတွေက ခန့်မှန်းပြောဆိုနေကြပြီး သေကြေ ပိတ်ပိသူတွေ ရှိမရှိ ဆက်လက် ရှာဖွေနေကြပါတယ်။

ဘ၀အတွက်ပညာရေး

by Wai Maw on Thursday, December 29, 2011 at 10:30am
ကျွန်မတို့မှာ သားသမီးတွေရှိကြသည်။ သားသမီးမရှိလျှင်လည်း ညီ ညီမတွေ၊ တူ တူမတွေ ရှိကြသည်။ သည်လိုမျှမရှိခဲ့လျှင်လည်း တပည့်တွေ၊ ပတ်ဝန်းကျင်မှာ ကိုယ်သံယောဇဉ်ဖြစ်မိသော ကလေး တွေရှိကြပါသည်။ သူတို့လေးတွေကို ကျွန်မတို့က ဘယ်သူတွေဖြစ်စေချင်ကြသလဲ၊ ဆရာဝန်ဖြစ်စေချင် သလား။ အင်ဂျင်နီယာဖြစ်စေချင်သလား။ ရှေ့နေဖြစ်စေချင်သလား။ စီးပွားရေးလုပ်ငန်းအုပ်ချုပ်သူဖြစ် စေချင်သလား။ သူတို့တွေ ကိုယ့်ကိုယ်ကို ဘာဖြစ်ချင်သည်ဟု သိကြသလား။ သူတို့ဖြစ်ချင်တာတွေကိုဖြစ်ဖို့ သူတို့လိုချင်တာ တွေကိုရဖို့ သူတို့ကို ကျွန်မတို့က ဘယ်လိုလမ်းကြောင်းပေးနိုင်မလဲ။ ဘယ်လိုညွှန်ကြား ပေးနိုင်မလဲ။
          ကလေးတစ်ယောက်ကိုညွှန်ကြားပေးဖို့ ကျွန်မတို့ကိုယ်တိုင်က ဘယ်လောက်အရည်အသွေးတွေ ရှိ လို့လဲ။ ကျွန်မတို့ကိုယ် ကျွန်မတို့အောင်မြင်သူဟု ယုံကြည်လက်ခံထားလို့ သူတို့ကိုအောင်မြင်အောင် လမ်ကြောင်းပေးနိုင် တာလား။

ကျောင်းသားတပ်မတော်မြောက်ပိုင်းလူသတ်ကွင်း

http://8-8-88.blogspot.com/2011/12/blog-post_23.html မှ ....

ဘယ်သူမှဘာသာမပြန်လို့ တတ်သလောက်ပြန်ပါတယ်။အမှားတွေတပုံကြီးပါ။မတတ်နိုင်ပါဘူး။ အင်္ဂလိပ်စာညံ့ပါတယ်။ဒီမိုကရေစီတော်လှန်ရေးမှာပါဝင်သူအားလုံးမမေ့သင့်တဲ့သမိုင်းတခုမို့  စာရေးသူကဗမာလို ရေးပေးနိုင် ရင်တော်တော်ကောင်းမှာပါ။ 
ဘာသာပြန်ကျွမ်းကျင်သူများ ဘာသာပြန်ပေးပါ။
(၂)
စခန်းတခုလုံး ကိုလှမ်းပြီးမြင်နိုင်တဲ့ ဒီနေရာမှာ  ကျနော်တို့ ကလွဲလို့ ဘယ်သူမှမရှိပါဘူး။ ကက်ဆက်ရီကော်ဒါကတော့ စပြီး အသံဖမ်းနေပါပြီ။ အောင်နိုင်က ထိုင်ပြီး သတင်းထောက်နဲ့ စ စကားပြော ပါတယ်။ ပထမဆုံး ရင်ဒီး က ကျနော်တို့ ရဲ့  အုပ်စုလိုက်ပုံကိုဓာတ်ပုံရိုက် တယ်။ နောက်တယောက်ပြီး တယောက် ဘယ်သူဘယ်ဝါပါဆိုပြီးမိတ်ဆက်စကားပြောကြတယ်။ 

Wednesday, December 28, 2011

နိုင်ငံရေးသမား ဖြစ်ချင်တယ် ဆိုရင် (၄)

by အား မာန် on Wednesday, December 28, 2011 at 5:26pm
 
မြန်မာ့လွတ်လပ်ရေးရဲ့ ပထမဆယ်စုနှစ် အတွင်းလောက်မှာ မိမိတို့ မျိုးဆက်ဟာ ရန်ကုန်တက္ကသိုလ်ကြီးရဲ့ ပရဝဏ်ထဲ ခြေချခွင့်ရခဲ့ပါတယ်။ ရန်ကုန်တက္ကသိုလ်ကြီးဟာ နယ်ချဲ့ဆန့်ကျင်ရေးနဲ့ အမျိုးသားရေးဝါဒရဲ့ ဘူမိနက်သန် နယ်မြေနဲ့ လောကပါလတရားများ မျိုးစေ့ချရာ နယ်မြေပါ။ မိမိတို့မျိုးဆက်ဟာ မာ့က်စ်ဝါဒကို ရန်ကုန်တက္ကသိုလ်နယ်မြေမှာ စတင် ထိတွေ့ခဲ့ရပါတယ်။ အဲဒီစဉ်က မာ့က်စ်ဝါဒဆိုတာ နယ်ချဲ့ဆန့်ကျင်ရေးပါပဲ။ မာ့က်စ်ဝါဒဟာ နိုင်ငံခြားရောက်၊ မြန်မာ အင်္ဂ လိပ်စာတတ်များနဲ့အတူ ပထမကမ္ဘာစစ်အတွင်းမှာ မြန်မာနိုင်ငံ အတွင်း စတင်ရောက်ရှိလာပြီး နဂါးနီ စာအုပ်အသင်း ၄.၁၁.၃၇ က စနစ်တကျ ဖြန့်ချိခဲ့တယ်လို့ ဆိုပါတယ်။

ဒီမိုကရေစီအတွက် ရုန်းကန်ကြ (၂)

by Myo Thant on Wednesday, December 28, 2011 at 9:23am
 
တကယ်တမ်းမှာတော့ ၁၈ရာစုမတိုင်မှီ အနောက်နိုင်ငံများတွင် အတွေးအခေါ်ပညာရှင်တွေ၊ အုပ်ချုပ်သူတွေအနေဖြင့် လူအများစုဖြင့် အုပ်ချုပ်သောစနစ်ကို သိပ်ပြီး ရင်းနှီးကြသေးဒါတော့ မဟုတ်ပါဘူး။ အဲဒီအချိန်က အုပ်ချုပ်ရေးကိစ္စတွေဆိုဒါဟာ ခက်ခဲသော အရာဖြစ်တယ်။ သာမန်လူတွေအနေဖြင့် လုပ်နိုင်တဲ့အရာမဟုတ်ဘူး။ အင်မတန်ကို ထူးခြားသော အရည်အချင်းရှိသူတွေသာ လုပ်နိုင်တဲ့ အရာဖြစ်တယ်လို့ လူအများစုက ယုံကြည်ခဲ့ကြတယ်။

အဲဒါကြောင့်လူတွေက ဘုန်းတန်ခိုးကြီးတယ်လို ယူဆခံထားရသူတွေဖြစ်သော မျိုးရိုးကြီးမြတ်သူတွေ၊ မူးမျိုးမတ်မျိုးတွေ၊ ပညာရှိ ပရောဟိတ်တွေ၊ လက်ရုန်းရည်နှင့်ပြည့်စုံသော စစ်သူကြီးတွေဆိုသော ဒီလူနည်းစုတွေကသာ အုပ်ချုပ်တဲ့ အုပ်ချုပ်ရေးဘဲ ရှိခဲ့တယ်။ လက်တွေ့မှာတော့ အဲဒီအချိန်က တော်တော်လေးကို ဒီမိုကရေစီ မစံသေးပါဘူး။

ဗိုလ်ချုပ်တပ်လှန့်သံ

by Kyaw Thu on Wednesday, December 28, 2011 at 2:45pm





ခန္တီတရား၊ သည်းခံငြား၊ စိတ်ထားဘယ်သို့ဖြည့်သနည်း။

လူမိုက်အမှု၊ ငါပြန်ပြုလျှင်၊ သူလိုငါလည်း၊ လူမိုက်ပဲဟု၊ စိတ်ထဲတွေးဆ၊ အေးမြမြနှင့်၊ ဒေါသမထွက်၊ စိတ်မပျက်၊  သက်သက်အနာခံသတည်း။

“ငါ့အပေါ်၌ လူမိုက်ပြုသော စော်ကားမှုကို ငါကပြန်ပြုလျှင် ငါလည်းလူမိုက်ဖြစ်မှာပဲ”  ဟု စိတ်ထဲမှာ တွေးဆ၍ ဒေါသမထွက်ဘဲ စိတ်ပျက်အားငယ်လို့လည်းမနေဘဲ၊  စိတ်အေးအေးနှင့် မိမိကသာ အနာခံလိုက်ခြင်း သည် ခန္တီပါရမီ၏ သဘောတည်း။

27.12.2011 နေ့ဖတ်ရန်သတင်းများ

by Myanmar Journal on Wednesday, December 28, 2011 at 6:39am
 
အမေရိကန် တပ်အကြီးအကဲ James Mattis 
ပါကစ္စတန် စစ်တပ်ကို ပိုယုံကြည်ဖို့နဲ့ ဆက်သွယ် ဆောင်ရွက်ဖို့ လို

ပြီးခဲ့တဲ့ လတုန်းက အမေရိကန်ရဲ့ လေကြောင်းက စစ်ဆင်မှုကြောင့် ပါကစ္စတန် စစ်သား ၂၄ယောက် သေဆုံးခဲ့ရတဲ့ ဖြစ်ရပ် အပေါ် ယူသင့်တဲ့ အဓိက သင်ခန်းစာ ကတော့ ပါကစ္စတန် စစ်တပ်ကို ပိုမို ယုံကြည်မှု ထားဖို့နဲ့ ပိုပြီး ဆက်သွယ် ဆောင်ရွက်ဖို့ လိုတာတွေ ပါဘဲလို့ အမေရိကန် ပင်မတပ် အကြီးအကဲက ပြောကြားလိုက်ပါတယ်။
အာဖဂန်နစ္စတန် နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ အဲဒီ ဖြစ်ရပ်ကြောင့် အမေရိကန်နဲ့ ပါကစ္စတန်တို့ရဲ့ ဆက်ဆံရေး ဆိုးဆိုးရွားရွား တင်းမာခဲ့ပါတယ်။

Tuesday, December 27, 2011

ကြယ်တစ်ပွင့် ကြွေကျ မြေခသွားပြန်ပါပကောလား ။

by Yeyint Kyaw on Tuesday, December 27, 2011 at 9:43pm
 
၅-၁၂-၂၀၁၁ တနင်္လာနေ့ ထုတ် ကြေးမုံသတင်းစာကို ဖတ်ရှုမိပါတယ်။ မမျှော်လင့်ဘဲ နာရေးစာမျက် နှာတွင် ကျွန်တော့်ရဲဘော် သခင်လှကွန်းရဲ့ နာရေးကြေငြာကိုတွေ့လိုက်တဲ့ အခါအံ့သြသွားပါတယ်။ သတင်းစာကိုကိုင်ရင်း သူဖြတ်သန်းလာခဲ့ တဲ့သမိုင်းကြောင်းတွေကို တစ်ခုပြီး တစ်ခုမြင်ယောင်လာပါတယ်။



၁၉၃၉ ခုနှစ်ထဲမှာ သခင်လှကွန်းဟာ ရေနံချောင်းအမျိုးသား အထက်တန်းကျောင်းမှာ ပညာသင်ကြား နေတုန်းပဲ။ ဒီအချိန်က အလုပ်သမား သပိတ်မီးတွေလည်း ဟုန်းဟုန်းတောက် လောင်ကျွမ်းလျက်ရှိတယ်။ သူက ကျောင်းသားသမဂ္ဂ၀င်၊ ကျောင်းသား သပိတ်တိုက်ပွဲမှာ ပါဝင်ခဲ့တယ်။

ဟယ်လို.. ၂၀၁၂၊ ဂွတ်ဘိုင်… ၂၀၁၁


တနေ့က မိတ်ဆွေတယောက်နှင့် တွေ့တော့ ထုံးစံအတိုင်း သူက အခုလို စကားစပါတယ်၊
“၂၀၁၁ တနှစ်လုံးကတော့  နှစ်စကနေ နှစ်ဆုံးအထိ ပြောမယ်ဆို ပြောစရာကြီးပဲ၊ နှစ်ကုန်ခါနီးလေးတောင် ကင်ဂျုံအီ တယောက် သေသွားသေးတယ်”
မှန်ပါတယ်၊ အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိကဒေသတခုလုံး ပွတ်လောရိုက် ကသောင်းကနင်းဖြစ်ခဲ့တဲ့ အာရပ်နွေဦး၊ ၁၀ နှစ်ကြာ ပုန်းအောင်းခဲ့တဲ့ အကြမ်းဖက်သမား ဂိုဏ်းချုပ်ကြီး အိုစမာဘင်လာဒင်ကို အသေဖမ်းမိလိုက်တဲ့ အဖြစ်အပျက်၊ ဂျပန်ငလျင်နှင့် နျူးကလီးယား နောက်ဆက်တွဲ၊  “ငါတို့အားလုံး ၉၉ ရာခိုင်နှုန်း” လှုပ်ရှားမှု၊ ဥရောပ စီးပွားရေးအကျ၊ တောင်အာဖရိက ကမ္ဘာ့ရာသီဥတုညီလာခံ၊ အမေရိကန်တပ်တွေ အီရတ်က အပြန် …  စသဖြင့် ၂၀၁၁ မှာ ဒရမ်မာဆန်တဲ့ဖြစ်ရပ်တွေ အတော်များပါတယ်။
ခေတ်ပေါ် သတင်းဆက်သွယ်ရေးနည်းပညာတွေကြောင့် မသိချင်ဘဲ သိနေရ၊ မကြားချင်လည်း ကြားခဲ့ရပါတယ်။

အရေးပေါ်လိုအပ်မှုတို့အတွက် ကျောပိုးအိတ် ဆက်လွယ်နေကြခြင်း

 ( ဖဲမော့ အင်္ဂါနေ့, 27 ဒီဇင်ဘာလ 2011 )

by Ko Thaung on Tuesday, December 27, 2011 at 8:17pm
 
အစိမ်းနက်ရောင် စစ်တီရှပ်လက်ပြတ်အင်္ကျီကို ၀တ်ဆင်ထားသော ကိုယ်လုံးကိုယ်ပေါက် ခပ်ထွားထွားနှင့် အသက် ၃၂ နှစ်အရွယ်ရှိ အမျိုးသားကြီးတဦး စားပွဲခုံတလုံးပေါ်တွင် စာရွက်စာတမ်းများဖြင့် အလုပ်ရှုပ်နေပါသည်။
ကရင်နီပြည်တွင်းတွင် ကျန်းမာရေးကာကွယ်စောင့်ရှောက်မှုများ ပေးနေသော ဆေးကျောပိုးအိတ် လုပ်သားများခေါ် Back Pack အသင်းမှ ဆေးမှူးဖိလစ်ပင် ဖြစ်သည်။ စာရွက်စာတမ်းများဖြင့် အလုပ်ရှုပ်နေသည်မှာ ပြည်တွင်းကျန်းမာရေး လုပ်ငန်းများအတွက် ကရင်နီကျန်းမာရေးဌာနသို့ အစီရင်ခံစာများ တင်ပြရန် ပြင်ဆင်နေခြင်းဖြစ်သည်။

27.12.2011 နေ့ဖတ်ရန်သတင်းများ

by Myanmar Journal on Tuesday, December 27, 2011 at 6:09am
 
 
ဂျပန် နိုင်ငံခြားရေး ဝန်ကြီး နဲ့ မြန်မာနိုင်ငံအတွက် အကူအညီ

ဂျပန် နိုင်ငံခြားရေးဝန်ကြီး ကိုအိချီရို ဂမ်ဘာ မြန်မာနိုင်ငံကိုရောက်ရှိနေပြီး မြန်မာနိုင်ငံကို အကူအညီတွေ ပြန်ပေးရေး နဲ့ ရင်းနှီးမြုပ်နှံမှု သဘောတူ စာချုပ် ချုပ်ဆိုရေး အတွက် ဆွေးနွေးခဲ့ပါတယ်။
ဂျပန် နိုင်ငံခြားရေး ဝန်ကြီးဟာ မြန်မာအစိုးရ သမ္မတ ဦးသိန်းစိန်၊ မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့နဲ့ တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံမှာ ပြုပြင် ပြောင်းလဲမှု တွေ ပိုမို ဆောင်ရွက်ဖို့ တိုက်တွန်းခဲ့ပါတယ်။

ဂျာနယ်ပါဆောင်းပါးဖြစ်တဲ့ ခက်လှပါလား သံယောဇဉ်ရယ်

သတ္တ၀ါတွေဟာ လောကကြီးထဲမှာ ဘာ့ကြောင့်ပျော်ရွှင်နေကြပြီး မိမိရဲ့ပန်းတိုင်ကိုရောက်အောင် မလုပ်နိုင်ကြတာလို့ စဉ်းစားကြည့်တဲ့အခါ ကိုယ့်မှာရှိတဲ့ သံယောဇဉ်ကို မဖြတ်နိုင်ကြလို့ဆိုတာ သိသာနေပါတယ်။ ခက်တာက နည်းနည်းခြင်းကိုဖြတ်တောက်ဖို့ မကြိုးစားကြတာပဲ။ ခုလိုသိတတ်တဲ့အချိန်လေးမှာ သံယောဇဉ်ကို နည်းနည်းခြင်းဖြတ်တောက်ပေးမယ်ဆိုရင် နောက်နောင်မကြာခင်မှာ သံယောဇဉ်တွေကုန်ပြီး အေးချမ်းလှတဲ့နေရာကို ရောက်ရှိကြမှာ အမှန်ပါ။ သံယောဇဉ်ဆိုတာ ဖြတ်တောက်ဖို့ရန်၊ စွန့်လွှတ်ဖို့ရန် ခဲယဉ်းတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ လောကကြီးကနေပေးနေတဲ့ ဒုက္ခတွေမှ လွတ်မြောက်ပြီး ငြိမ်းချမ်းမှုချမ်းသာကို ရရှိဖို့ရန်အတွက်က ဒီသံယောဇဉ်တွေကို ဖြတ်တောက်မှရမှာပါ။ အဲဒီလို ချမ်းသာမှုတွေ ခံစားရဖို့ရန်အတွက် သံယောဇဉ်နည်းနည်းဖြတ်ကြပါလို့ စာရေးသူရဲ့အမေအား ဒီလိုလေး ပြောခဲ့တာကို စာဖတ်သူများလည်း သံယောဇဉ်ဖြတ်နိုင်ဖို့ရန် တင်ပြပေးလိုက်ပါတယ်။

Monday, December 26, 2011

နိုင်ငံရေးသမား ဖြစ်ချင်တယ် ဆိုရင်-၃

by အား မာန် on Monday, December 26, 2011 at 3:48pm
 
ခေါင်းဆောင်လူနည်းစု
မြန်မာ့ လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်း (၁၉၀၀၊ ၁၉၄၈) နှစ် ၅၀ အတွင်းမှာ ပေါ်တွက်လာတဲ့ ရှေ့တန်းရောက် ခေါင်း ဆောင်များကို စာရင်းချကြည့်ရင် လူ ၅၀ ထက် မပိုနိုင်ပါဘူး။ (၁၉၄၈၊ ၁၉၈၈) နှစ်လေးဆယ်အတွင်း ပေါ်ထွက်တာတဲ့ နိုးကြားတဲ့ လူမှုအစုများရဲ့ ကိန်းဂဏန်းဟာလည်း အကန့်အသတ်ရှိမှာ သေချာပါတယ်။

ပေါက္ခရ၀သ ဒီမိုကရေစီ



Written by လူထုစိန်ဝင်း   
Sunday, 25 December 2011 10:15       
w84_01
လွတ်လပ်တဲ့ပုဂ္ဂလိက စာနယ်ဇင်းတွေပေါ်ထွက်လာတာ ဆယ်စုနှစ်တစ်ခုသာသာပဲရှိသေး တာကြောင့် သိပ်ပြီးအသားမကျလှသေးဘူး။ လူငယ်တွေအနေနဲ့ မုဆိုးစိုင်သင်၊ စမ်းတ၀ါး ၀ါးလုပ်နေရလို့ ချွတ်ချော် တိမ်းစောင်း တာတွေ ရှိသေးတယ်။ အထူးသဖြင့် လူထုစိတ်ဝင်စားတဲ့သတင်း (Public interest) နဲ့ သည်းခြေခိုက် (Seusa-tional) သတင်း မခွဲခြားနိုင်လို့ အ၀ါရောင်သမ်းသွားတတ်တယ်။

26.12.2011 နေ့ဖတ်ရန်သတင်းများ

by Myanmar Journal on Monday, December 26, 2011 at 7:47am
 
 
ပုပ်ရဟန်း မင်းကြီး ဘန်းနဲဒစ်ခရစ်စမတ်အကြို ဆုတောင်းပွဲတွေ ကျင်းပ

အနောက်ဘက်ကမ်းက ဘက်သလီဟမ် မြို့မှာတော့ ခရစ်ယာန်ဘာသာဝင်တွေနဲ့ ကမ္ဘာ့ လှည့် ခရီးသွားတွေ အတူ စုဝေးလို့ ခရစ်စမတ်စ် ပွဲတော် ကိုဆင်နွှဲကြမှာဖြစ် ပါတယ်။
အစပိုင်းမှာ သခင် ယေရှု မွေးဖွား ခဲ့တဲ့ နေရာ၊ ကနဦး အသင်းတော် ရှိရာ ကနေ သန်းခေါင်ယံ ဝတ်ပြု ကိုးကွယ် ခြင်းနဲ့ စတင် ကြမှာ ဖြစ်ပါ တယ်။

ကျွန်တော် လူကက်ဆက်


Written by ပန်းချီ ထိန်လင်း 
htein lin

တလောက သန်းဂျီးမတွေ အကြောင်း ရေးလိုက်တော့ တချို့လည်း သဘောတွေ့ကြ တချို့ကလည်း ပူပန်ကြ အသံမျိုးစုံ ကြားခဲ့ရပါတယ်။ ဒီတခါတော့ တမျိုးပြောင်ပြီး “ပိုး” တွေအကြောင်းရေးမယ် စိတ်ကူးမိပါတယ်။ ပိုး က ရိုးရိုးပိုးမျိုး မဟုတ်ပါဘူး ဂီတပိုး၊ အနုပညာပိုးများ အကြောင်းပါ။ သန်းဂျီးမ တွေကို ရေနွေးတွေကြိုထားတဲ့ ဒယ်အိုးထဲထည့်လိုက်တော့ အားလုံးကြွကုန်ပေမယ့် ဒီအနုပညာပိုးက ရေနွေးအိုးထဲ ထည့်လည်း မသေ၊ လျှပ်စစ်နဲ့ တို့လို့လည်း မသေ၊ အင်မတန် ချိုးရ နှိမ်ရခက်တတ်ပါတယ်။

သူရဲကောင်းတို့ အိမ်ပြန်ချိန်

by Hla Shwe on Monday, December 26, 2011 at 12:10pm
 


လူသားတဦး၏ ဘ၀ကိုပုံဖေါ်တင်ပြကြရာတွင် ထိုလူသား သက်ရှိထင်ရှားရှိစဉ်အခါက သူကျင်လည်ခဲ့သော အလုပ်၊ ၀ါသနာဗီဇနှင့် သူ၏ဖြတ်သန်းခဲ့ရသော ခေတ်ကာလအတွင်း မည်ကဲ့သို့ ပြုမူနေထိုင်ခဲ့သည်ကို သူ၏ မိတ်ဆွေအပေါင်းအသင်းနှင့် လူ့အဖွဲ့အစည်းက အသိအမှတ်ပြုပြောဆိုကြသည်။

ဒီဇင်္ဘာ ၂၄ ရက်နေ့တွင် အညတရ သူရဲကောင်းတဦး၏ နောက်ဆုံခရီးကို လိုက်ပါပို့ဆောင်ခွင့်ရရှိခဲ့သည်။ ၄င်း နောက်ဆုံးခရီးတွင် ထိုလူသား၏ ဘ၀ပုံရိပ်ကို အကဲခတ်ခွင့်ရရှိခဲ့သည်။ 

Sunday, December 25, 2011

အထူး ကိုယ်စားလှယ် ဦးအောင်မင်း PNLO ဥက္ကဌ နှင့်ဆွေးနွေး

by General Knowledge on Saturday, December 24, 2011 at 9:52pm

ချင်းမိုင် (မဇ္ဈိမ) အေးလဲ့ | စနေနေ့၊ ဒီဇင်ဘာလ ၂၄ ရက် ၂၀၁၁ ခုနှစ် ၁၇ နာရီ ၄၄ မိနစ်




အပစ်ခတ် ရပ်စဲရေး ဆွေးနွေးမှုများ မာရသွန်လုပ်နေခဲ့သော သမ္မတ ဦးသိန်းစိန်၏ ကိုယ်စားလှယ် ရထားဝန်ကြီး ဦးအောင်မင်းက ပအိုဝ်း အမျိုးသား လွတ်မြောက်ရေးအဖွဲ့ PNLO ဥက္ကဋ္ဌ ဦးခွန်ဥက္ကာနှင့်လည်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် သောကြာနေ့ က တွေ့ဆုံ ဆွေးနွေးခဲ့သည်။

25.12.2011 နေ့ဖတ်ရန်သတင်းများ

by Myanmar Journal on Sunday, December 25, 2011 at 7:05am
 
 
ရွေးကောက်ပွဲတွေ ပြန်လုပ်ပေးဖို့ အစိုးရ ဝန် ကြီးဟောင်း တောင်းဆို 
ရုရှ ရွေးကောက်ပွဲ ပြန်လုပ်ဖို့ ဆန္ဒပြကြ

ရုရှ နိုင်ငံမှာ ခုလ အစောပိုင်းကကျင်း ပခဲ့တဲ့ လွှတ်တော် ရွေးကောက် ပွဲတွေရဲ့ တရားဝင် ရလာဒ်တွေကို မကျေနပ်လို့ ဆန္ဒပြတဲ့ ကန့်ကွက် ဆန္ဒပြမှုတွေ နိုင်ငံ တဝှမ်းမှာ ဒီကနေ့ ထပ် ဖြစ်ပွားခဲ့ပါတယ်။
ဆန္ဒပြပွဲ စီစဉ်သူတွေက ရွေးကောက်ပွဲမှာ မသ မာမှုတွေ နေရာအနှံ့ ရှိတယ်လို့ စွပ်စွဲပြီး ရွေး ကောက်ပွဲတွေ ပြန်လုပ်ဖို့ တောင်းဆိုနေပါ တယ်။

လမ်းစပေါ်ပြီ မြူတွေဆိုင်းဆဲ

 
by cherrymyodaw on Sunday, December 25, 2011 at 7:42am
 
ဘေးမှရပ်ကြည့်သူတစ်ယောက်ဧ။် စိုးရိမ်သောကများ

နိဒါန်း

သိပ်မကြာလှသေးမီကပင် မြန်မာ့နိုင်ငံရေးနှင့်ပတ်သက်သော
စာတစ်ပုဒ်ရေးဖြစ်ပါသည်။ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁ရက်နေ့ထုတ်
“၇ရက်သတင်းဂျာနယ်”ပါ “စာအုပ်သစ်၊ မျှော်လင့်ချက်သစ်၊ လမ်း
သစ်”ဆိုသော ဆောင်းပါး။ ဤဆောင်းပါး၏နောက်ဆုံးစာကြောင်းကို
ယခုလိုရေးခဲ့သည်။ ““ယခုအခါ အသက်ခြောက်ဆယ်နီးပြီဖြစ်သော
စာရေးသူတစ်ယောက်၊ အိုဇာတာကောင်းတော့မည်ထင်ပါသည်...။””

Saturday, December 24, 2011

လူငယ်ဂျာနယ်လစ်တွေ ခြေမကျွံစေချင်လို့

by D Nyein Lin on Saturday, December 24, 2011 at 6:07pm
 Saturday, December 24, 2011  Sithu Linn  1 comment
လူထုစိန်ဝင်း

Hot News ဂျာနယ် http://www.hotnewsweekly.com/archives/954 မှာ ဖော်ပြခဲ့တဲ့ ဆောင်းပါး ဖြစ်ပါတယ်။

လောကမှာ တူသလိုနဲ့မတူတာတွေ ရှိသလို၊ မတူသလိုနဲ့ တူနေတာမျိုးတွေလည်း ရှိတယ်။ သတင်းစာဆရာနဲ့ စာ ရေးဆရာဟာ စာတွေရေးနေကြတာချင်း တူပေမယ့် သဘော သဘာဝကျတော့ အခြေခံကစပြီး မတူကြဘူး။ အတော်လေး ကွဲပြားခြားနားတယ်။

စိတ်ဓာတ်နှင့် သင်္ကေတ

by Wai Maw on Saturday, December 24, 2011 at 1:37pm
 
၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ခမောက်ဟာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ သင်္ကေတ ဖြစ်ခဲ့ပါတယ်။ တကယ်တော့ ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲ ဥပဒေအရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ကိုယ်စားပြုဖို့ ခမောက်ကို သင်္ကေတ အဖြစ်ရွေးချယ်ခဲ့ရတာပါ။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ခမောက်ဟာ ပြည်သူတွေအကြား ရေပန်းစားခဲ့တဲ့ သင်္ကေတဖြစ်လာခဲ့ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က မဲဆန္ဒနယ် ရာခိုင်နှုန်းအနေနဲ့  ၈၂ ရာခိုင်နှုန်း အနိုင်ရရှိခဲ့ပါတယ်။ ခမောက်က အဆောင်လက်ဖွဲ့ မဟုတ်ပါဘူး။

မြောက်ပိုင်းဒေသ မှ အရိုးတွန်သံများ (အပိုင်း-၂-)

(အောင်မိုးဝင်း)

by Maung Maung Wann on Saturday, December 24, 2011 at 10:50am


ခုခံချေပချင်သူတွေဘက်မှ ကျောင်းသားတယောက်ကနေ ဖေ့ဘွတ်မှာ မှတ်ချက်တခုပေးထားတာကို ဖတ်လိုက်ရပါတယ်။       
        “  တာဝန်ရှိသူတွေကလည်း ဒီကိစ္စ ကို ပြန်လည်တုန့်ပြန်ဖို့ လုပ်နေတယ်” ဆိုတဲ့ စကားပါ။ ကျေးဇူးတင်ပါတယ်။ မင်းသိင်္ခ ရဲ့ မမင်းဖြူမှန်မှန်ပြော ဝတ္ထုထဲက စကားလို၊ “ အိုင်ပီ အောင်သင်းရေ- ဒီ ကွင်းဆက် က စိတ်ဝင်စားစရာ အကောင်းဆုံးပဲဗျ၊ ဇာတ်လမ်းကတော့ အထွဋ်အထိပ် ကို ရောက်လာပြီဗျို့” လို့ ပြောရမလို ဖြစ်လာပါပြီ။ ကျနော်တို့ လိုချင်တာလည်း “ အဲ့ဒီ တာဝန်ရှိသူတွေဆိုတာ ဘယ်သူလဲ” ဆိုတဲ့မေးခွန်းပါပဲ။ သွေးအေးအေးနဲ့ လူသတ်ခဲ့တဲ့သူတွေကို ဘဝမှာ တခါတလေလောက်တော့ ပြန်ပြီး အမဲလိုက်ကြည့်ချင်စိတ်က ပေါ်နေတာ အခုမှ မဟုတ်ပါဘူး။ ဇာတ်လမ်းတခုပြောပြမယ်ဗျာ။

တို့ဖခင် .....

by Sandar Win on Saturday, December 24, 2011 at 12:52pm
 
တို့ဖခင် ....

သူ...
သူသည် ဓါးမခုတ် ၊ တောင်ယာလုပ်သည့်ကျောမွဲ လူတန်းစားမှ ဆင်းသက်လာသူမဟုတ် ။

သူ....
သူသည် နေပူပူ ၊ မိုးရွာရွာကျွဲ ၊ နွားနှင့်လှုပ်ရှားလယ်သမားမျိုးရိုးမှမွေးဖွားလာသူလည်းမဟုတ်။

သူ...
သူ၏အဖေကားဝတ်လုံတော်ရ ရှေ့နေမင်း ။သူ၏အမေကားမြေပိုင် ၊ လယ်ပိုင်ရှင်မြို့သူကြီးမျိုးရိုး။

အောင်မြင်မှုနဲ့ စွမ်းဆောင်မှု - လူထုစိန်ဝင်း

by So Min Oo on Saturday, December 24, 2011 at 11:46am
 
နိုင်ငံခြားသွားချင်ကြတဲ့ လူငယ်လုံမယင်လေးတွေကို အင်္ဂလိပ်စကားပြောသင်တဲ့ ဆရာလုပ်နေစဉ်က ဘာကြောင့် နိုင်ငံခြားသွားချင်ကြတာလဲဆိုတဲ့စကား အမြဲမေးဖြစ်ပါတယ်။ အမေးခံရသူတွေဟာ ဆရာဝန်၊ အင်ဂျင်နီယာ၊ တက္ကသိုလ်ဆရာ ဆရာမ၊ သဘောင်္သား၊ ဘွဲ့ရ၀န်ထမ်း၊ ဘွဲ့ရအလုပ်လက်မဲ့၊ စီးပွားရေးသမား၊ ကုမ္ပဏီပိုင်ရှင်၊ ကျောင်သူကျောင်းသား အလွှာပေါင်းစုံက ဖြစ်ကြပါတယ်။ တက္ကစီမောင်းသူနဲ့ ဆိုက်ကားနင်းရင်း မဟာတန်းတက် နေသူမျိုးတောင် ပါပါတယ်။

ရရှိခံစားဖူးသော တဒင်္ဂငြိမ်းချမ်းရေး

by Win Ko on Saturday, December 24, 2011 at 9:01am

နိုင်ငံရေးအခြေအနေအရပ်ရပ်မှာ ယခင်ကနှင့်မတူတော့.. အရပ်သားအစိုးရသစ်လက်ထက် ထင်မှတ်မထားခဲ့ သော အပြောင်းအလဲများကို လူတိုင်းတွေ့ကြုံနေရပြီဖြစ်သည်။ ထို့အပြင် နှစ်ရှည်လများ ဖြစ်ပွားနေခဲ့သော ပြည်တွင်းစစ်မှာလည်း တဖြည်းဖြည်းတိုးတိတ်ငြိမ်သက်လာခဲ့သည်။ “အပစ်အခတ်ရပ်စဲရေးမှသည် ထာဝရ ငြိမ်းချမ်းရေးဆီသို့” စသည့်အသံတို့မှာလည်း ကျယ်ကျယ်လောင်လောင်ဖြင့် နေရာယူလာခဲ့သည်ကို နေ့စဉ် နေ့တိုင်းကြားနေရသည်။

24.12.2011 နေ့ဖတ်ရန်သတင်းများ

by Myanmar Journal on Saturday, December 24, 2011 at 8:16am
 
 
ဟားမတ်စ် အဖွဲ့ ပါလက်စတိုင်း လွတ်မြောက်ရေး အဖွဲ့နဲ့ ပေါင်းပြီ

ဂါဇာဒေသကို အုပ်ချုပ်နေတဲ့ ပါလက်စတိုင်း စစ်သွေးကြွ ဟားမတ်စ် အဖွဲ့ဟာ ပါလက်စတိုင်း လွတ်မြောက်ရေး အဖွဲ့ PLO နဲ့ ပူးပေါင်းလိုက်ပါပြီ။
ဂျော်ဒန်မြစ် အနောက်ဖက် ကမ်းဒေသကို ထိန်းချုပ်ထားတဲ့ ပြိုင်ဖက် ဖာတာ အဖွဲ့ နဲ့ အတူ ပီအယ်အို အဖွဲ့ဝင် ဖြစ်ရေး အတွက် ဟားမတ်စ်က သဘောတူချက် ရခဲ့တာ ဖြစ်ပါတယ်။
ကိုင်ရိုမြို့မှာ သုံးရက်ကြာ ဆွေးနွေးခဲ့ပြီးတဲ့နောက် အခုလို သဘောတူညီချက် ရခဲ့တာ ဖြစ်ပြီး ဒါဟာ ပါလက်စတိုင်း ပြန်လည် ပေါင်းစည်းရေး အတွက် ရှေ့ပြေး အစီအစဉ် တခု ဖြစ်တယ်လို့ အရှေ့အလယ်ပိုင်း ဆိုင်ရာ ဘီဘီစီ သတင်းထောက် တယောက်က ပြောပါတယ်။

ဗဟုအိမ်

by Wai Maw on Saturday, December 24, 2011 at 9:26am
 
အိမ်ပေါက်ဝ လှေကားထစ်ကိုနင်းတက်ပြီး အိမ်ထဲသို့ ကျနော်ကဲကြည့်လိုက်ချိန်မှာ ထမင်းဝိုင်းက အဆင်သင့် ဖြစ်နေပြီ။ ထမင်းဝိုင်းမှာတော့ သမီးလေးနဲ့သူ့အမေ နှစ်ယောက်တည်း။
“ဟော..ပတ်လည်ကြီး ပြန်ရောက်လာပြီ...ထမင်းစားချိန်နဲ့ကွက်တိပဲ”
အိမ်အ၀င် ပုံမှန်ဆီးကြိုနေကျ တေးသံကိုနာခံလိုက်ရသည်။ အကင်းပါးလှသော သမီးငယ်က  မျက်ခုံးလေး ပင့်ကာ ကျနော့်ကိုကြည့်နေရင်းမှ သူ့အမေဘက်သို့မျက်လုံးထောင့်ကပ်ပြသည်။ ပြီးမှ..
“အဖေ တစ်ခါတည်းဝင်စားမယ်မို့လား သမီးထမင်းသွားထည့်လိုက်မယ်လေ”
“စားပါသမီးရယ် အဖေသိပ်မဆာသေးလို့.. ဒါနဲ့ သမီးအစ်ကိုတွေရော”

Friday, December 23, 2011

ကျောင်းသား နဲ့ နိုင်ငံရေး

by Nay Zaw on Friday, December 23, 2011 at 12:42pm

              ကျောင်းသားတွေ  နိုင်ငံရေး  `` လုပ်ရ ´´ ၊ `` မလုပ်ရ ´´  ဆိုတဲ့ပြသာနာဟာ သံယာတွေ နိုင်ငံရေးလုပ်ရ၊၊ မလုပ်ရဆိုတဲ့ ပြသာနာလိုပဲ  မြန်မာ့ခောတ်သစ်သမိုင်းတလျှောက် ဆွေးနွေးခဲ့ကြဖူး ပါတယ်။
ခုလည်း ဆွေးနွေးဆဲပါပဲ။ ဗမာပြည်မှာ ဒီအကြောင်းအရာကို လွန်ခဲ့တဲ့  ( ၁၅ ) နှစ်လောက်က ထင်ပါရဲ့။ ဆောင်းပါးရှင်တဦးက တင်ပြဖူးပါတယ်။ ခေါင်းစဉ်ကတော့  `` ကျောင်းသား  နိုင်ငံရေး လုပ်သင့်၊ မလုပ်သင့်´´
လို့  တိုက်ရိုက်တပ်မထားပါဘူး။ ဆောင်းပါးထဲမှာ  ထည့်သွင်းဆွေးနွေးထားတာက မျိုးဆက်သစ်တွေတိုးတက်ရစ်ချင်ရင် ကျောင်းသားဘ၀မှာ နိုင်ငံရေးမလုပ်ဖို့ပါပဲ၊

လူဈေး

                         
ဆန်ဈေး၊ ဆီဈေး၊ ကြက်သွန်ဈေး၊ အာလူးဈေး
ကြက်ဥဈေး၊ ဘဲဥဈေး၊ အသားဈေး၊ ငါးဈေး၊ ကန်စွန်းရွက်ဈေး
ဝမ်းတစ်ထွာ ပြည့်ဖို့အရေး….. မီးဖိုချောင်ဈေး

မိတ်ကပ်ဗူးဈေး၊ နှုတ်ခမ်းနီဗူးဈေး၊ လက်သည်းနီပုလင်းဈေး
လိုးရှင်းဗူးဈေး၊ ရေမွှေးပုလင်းဈေး၊ ခံတွင်းသန့်ဆေးဗူးဈေး
လူတစ်ကိုယ်စာ လှဖို့အရေး….. အလှပြင်ဈေး

သားနှင့် သားလို ဘ၀များ …


လူဗိုလ်

(၁)
“ကိုလူဗိုလ်၊ ခင်ဗျားသားက အခု အသက် ဘယ်လောက်ရှိပြီလဲဗျ”
“၁၁ နှစ်ကျော်ပြီ ကိုထူးအောင်ရေ”
“အေးဗျာ ….ဒီကောင် သိပ်မထွားဘူးနော် ….”
ဟုတ်ပါသည်။ ကျနော့်သား ကျော်အဂ္ဂသည် အကောင်က သေးသည့်အပြင် အရပ်ကလည်းပုနေသေးသည်။ သေးသေးညှပ်ညှပ်ဖြစ်နေသဖြင့် ရွယ်တူကလေးများအကြားတွင် မြင်သာ၏။ လွန်ခဲ့သည် ၄-၅ နှစ်ခန့်က တွေ့ဖူး သူများကသူ့ကို  အရွယ်မပြောင်းဟု ကောက်ချက်ချကြ၏။ သူနှင့် ၂ နှစ်ခန့်ငယ်သော သူ့ညီမကပင် သူ့ထက် အရပ်ပိုထွက်နေသယောင်ဖြစ်နေပြီး သူ့အမလားဟုပင်မေးစရာဖြစ်နေသဖြင့် သူ့သူငယ်ချင်းအချို့က ဂျပုဟုပင် နောက်ပြောင်ခေါ်ကြခြင်းမှာ အပြစ်မဆိုသာတော့။

23.12.2011 နေ့ဖတ်ရန်သတင်းများ

by Myanmar Journal on Friday, December 23, 2011 at 8:27am
 
 
အမေရိကန် ဗုံးကြောင့် ပါကစ္စတန် စစ်သားတွေ သေဆုံးအာဖဂန်နယ်စပ် တိုက်ခိုက်မှု အမေရိကန်တာဝန်ရှိ

ပြီးခဲ့တဲ့ နိုဝင်ဘာလ က အာဖဂန်နစ္စတန်နဲ့ နယ်စပ်မှာ အမေရိကန် လေယာဉ်တွေက ဗုံးကြဲ တိုက်ခိုက်လို့ ပါကစ္စတန် စစ်သား ၂၄ ယောက် သေဆုံးခဲ့ရတဲ့ ဖြစ်ရပ်မှာ အမေရိကန်တွေက သူတို့မှာလဲ တာဝန် ကြီးကြီးမားမား ရှိကြောင်း ပထမဆုံး အကြိမ် ထုတ်ဖော် ပြောကြား လိုက်ပါတယ်။
အမေရိကန်တွေက စုံစမ်းစစ်ဆေးရေး ပြုလုပ်ခဲ့ပြီး အမေရိကန် တပ်တွေဟာ ကိုယ့်ကိုယ်ကို ခုခံကာကွယ်ဖို့ လုပ်ခဲ့တာ ဖြစ်တယ်၊ သင့်တင့်ရုံ အင်အားကိုပဲ သုံးခဲ့တာ ဖြစ်တယ်လို့ ကောက်ချက်ချ ခဲ့ပေမဲ့ ပါကစ္စတန် စစ်တပ်နဲ့ ညှိနှိုင်း လုပ်ဆောင်ဖို့ ပျက်ကွက်ခဲ့တယ် လို့လဲ ဆုံးဖြတ်ခဲ့ပါတယ်။

သခင်စိတ်မွေးလျှင် လူတိုင်းသခင်

by Htain Linn on Friday, December 23, 2011 at 2:00pm
 
           မြန်မာပြည်ရဲ့ နိုင်ငံရေးသမိုင်းကို ပြန်လည်လေ့လာမယ်ဆိုရင် စာပေနဲ့ အနုပညာရဲ့ အခန်းကဏ္ဍကို ဘေးဖယ်ထားလို့မရပါဘူး။ အထူးသဖြင့် ခေတ်အလိုက် ထွက်ပေါ်ခဲ့တဲ့ စာပေအနုပညာတွေက အဲဒီခေတ်ရဲ့ သရုပ်သကန်တွေကို ဖော်ပြနေသလို တခြားသောအချိန်ကာလများရဲ့ ပုံရိပ်တွေကိုလည်း ရှာဖွေနိုင်ကြမှာ ဖြစ်ပါတယ်။
            ဒီလို လေ့လာမှုတွေကနေ ရရှိတဲ့ အတိတ်က အဖြစ်အပျက် အကြောင်းအရာတွေဟာ သက်ဆိုင်ရာ အချိန်ကာလတွေမှာ ရှင်သန်လှုပ်ရှားခဲ့ကြတဲ့ လူပုဂ္ဂိုလ်တွေအပေါ်မှာ မှီတွယ်ပြီး ဖြစ်ပျက်နေခဲ့တယ်ဆိုတာ ကတော့ အလွယ်တကူ ကောက်ချက်ချနိုင်တဲ့အရာ ဖြစ်ပါတယ်။

Thursday, December 22, 2011

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး ၁၃

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၁၁/၁၂)ကို အောက်ပါ လင့်ခ် တွင် ပြန်လည်ဖတ်ရှုနိုင်ပါသည်။
http://www.facebook.com/note.php?note_id=293896023980696

ဖက်ဒရယ်မြို့တော်နဲ့ ဖက်ဒရယ်တက္ကသိုလ်
မာနယ်ပလော ကွင်းပြင်ထဲကို ပြန်ကြည့်မယ်ဆိုရင်တော့ ဒီလိုတောကြီးမျက်မည်းထဲက သူပုန်ဌာနချုပ်မှာ လျှပ်စစ်မီး ၂၄ နာရီ လင်းနေတယ်ဆိုရင်မြန်မာနိုင်ငံက စာဖတ်ပရိသတ် ယုံပါ့မလားပဲ။ ကျန်တဲ့မြို့တွေကို အမှောင်ချပြီး နေပြည်တော် ဌာနချုပ်တခုတည်း မီးလင်းနေအောင် စီမံထားတာမျိုး မဟုတ်ပါဘူး။ ခုနက မြင့်မားလှတဲ့ နော်ဒေးတောင်တန်းပေါ်ကနေ ကျလာတဲ့ချောင်းရေကို တမံလုပ်ပြီး အဲဒီကနေ ရေအားလျှပ်စစ်နဲ့ မာနယ်ပလော တခွင်လုံးကို လျှပ်စစ်မီး ပေးထားတာပါ။ ဒါ့အပြင် ရေကိုလည်း ပိုက်တွေနဲ့ သွယ်ပေးထားတဲ့အတွက် ရေ၊ မီး အတော်အဆင်ပြေတဲ့နေရာ။ တီဗီစလောင်း လိုင်းပေါင်းစုံရတဲ့ တောတွင်းမြို့တော်လို့ ပြောရင်ရမယ် ထင်ပါတယ်။


မာနယ်ပလော အစည်းဝေးခန်းမကြီးနဲ့ ဘားတိုက်ကြီးရှေ့မှာ ကျင်းပနေတဲ့ အားကစားပွဲတခု

တိုင်းပြည်အကျိုးအတွက်အမြင်ကျယ်ကျယ်ဖြင့်သတိထားလုပ်ဆောင်ကြပါရန်။


Date: Tuesday, December 13, 2011, 11:07 PM
 
ယခုတလော လူထုခေါင်းဆောင်ကိုရော၊NLDကိုရောဝေဖန်ရေးသားမှုတွေ
တွင်တွင်ကြီးတွေ့နေရတယ် ကျနော်အားလုံးကိုလေးလေးစားစားဖတ်ပါတယ်။
ယခုနိုင်ငံရေးအခြေအနေအရ အတွေးအခေါ်၊အယူအဆရှုပ်ထွေးနေတဲ့အချိန်မှာ
တိုင်းပြည်အကျိုးအတွက်အရာရာကိုသတိထားလုပ်ဆောင်ကြဖို့လိုအပ်တယ်လို့
ထင်မြင်ယူဆမိ၍ ဤ စာဖြင့်ကျနော့်အမြင်အယူအဆကိုတင်ပြရေးသားအပ်ပါတယ်။

လူတိုင်းလူတိုင်းကိုယ်ပိုင်အတွေးအခေါ်အယူအဆကိုယ်စီရှိကြစမြဲပါ၊ဒီအတွေး အခေါ်
အယူအဆတွေတသမတ်တည်းအားလုံးတူညီမယ်ဆိုတာလည်းမဖြစ်နိုင်သလို၊အားလုံး
ကွဲလွဲမယ်ဆိုတာလည်းမမှန်ပါ ။တူတဲ့အခါတူမယ် ၊မတူတဲ့အခါမတူ ရှိကြမှာပါ ဒါဟာ
လူ့လောကမှာအမြဲဖြစ်ပျက်နေတဲ့ထာဝရအမှန်တရားပါ

တာဝန်ရှိသူများတာဝန်ယူဖြေရှင်းပါ။

ကချင်ဒေသ ABSDF (မြောက်ပိုင်း ) တွင်ဖြစ်ပွားခဲ့သောလူမဆန်စွာ
နှိပ်စက် ၊ညှင်းပမ်း၊ရက်စက်စွာသတ်ဖြတ်မှုတွင်အဓိကတာဝန်ရှိသူများသည် ယခုအချိန်တွင်တာဝန်ယူဖြေရှင်းပေးရန်ပြင်းထန်စွာတောင်းဆိုလိုက်သည်။
ဤကိစ္စသည် ကျနော်တို့ ၈၈၈၈ အရေးတော်ပုံကြီးမှပေါက်ဖွားလာသော
ABSDF ကျောင်းသားတပ်မတော်၏ ဂုဏ်သိက္ခာ ၊အစဉ်အလာကြီးသော
သမိုင်းကို အမဲစက်ထင်စေသည်သာမက၊ ဘုရားရှင်ရဲ့ တရားတော်၏
ဆိုဆုံးမမှုအောက်တွင်အပြည့်အ၀နာခံ၍ယဉ်ကျေး ၊စာနာစွာနေထိုင်ကြ
သော မြန်မာပြည်ဖွားများ၏ဂုဏ်သိက္ခာကိုပါစော်ကားပြီးအမဲစက်ထင်စေ
တဲ့လုပ်ရပ်ဖြစ်တယ်၊

ဒေါင်းက တဲ့ နေ့ (မောင်စိန်ဝင်း-ပုတီးကုန်း)

by Tun Wai on Thursday, December 22, 2011 at 11:14am


ဘယ်တောမှာနေနေ
ဘယ်မြေကိုပြောင်းပြောင်း
အရေးအကြာင်းဆို
သွေးမပြောင်းပါဘူး
ရှေးဒေါင်းတို့ရဲ့သမိုင်းအစဉ်၊
တိုင်းပြည်နဲ့လူမျိုး
ပြည်သူအကျိုးဆိုအကြောင်းမရွေး

လှေကလေးများကို မြင်ကြည့်ခြင်း( ညိုထွန်း ဒီဇင်ဘာ ၂၂၊ ၂၀၁၁၊မိုးမခ )

by Ko Thaung on Thursday, December 22, 2011 at 7:46pm
 
၁။ ကျွန်တော်သည် (၂၈.၈.၈၈) ရက် သမဂ္ဂရင်ပြင်တွင် ကျောင်းသားညီလာခံကျင်းပခဲ့သော (မင်းကိုနိုင် ပထမဆုံးဥက္ကဌ စဖြစ်သည်။) ရန် ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (နောင်တွင် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂဖြစ်သွားသည်။) တွင် ဗဟိုအလုပ်အမှု ဆောင် (CEC) အဖြစ် တာဝန်ယူခဲ့ပါသည်။ ထို့ပြင် တပ်မတော်မှ အာဏာသိမ်းပိုက်ပြီး၊ မဲစနစ်ဖြင့်စနစ်တကျရွေးချယ်သည့် ဗမာနိုင်ငံလုံးဆိုင် ရာကျောင်းသားများသမဂ္ဂ (ဗကသ) တွင် (ရန်ကုန်ခရိုင်ကျောင်းသားများ သမဂ္ဂ (ရကသ) ဥက္ကဌအဖြစ် ရကသကိုယ်စားပြု) လည်း အထွေထွေအတွင်းရေးမှူးအဖြစ်နှင့် ယာယီဥက္ကဌအဖြစ် လှုပ်ရှားဆောင်ရွက်ခဲ့ပါသည်။

မန္တလေးကအရူးတွေ ဖိုးသံ(လူထု)

by Nay Zaw on Thursday, December 22, 2011 at 6:30pm
 



                                                  သရုပ်ဖေါ်ပန်းချီစစ်ငြိမ်းအေး

                ကိုကိုးကျွန်းမှာနေရတုန်းက မြင်းခြံကကျောင်းသားရဲဘော်တွေဟာ “ကျနော်တို့မြို့ကအရူးပျော်တဲ့မြို့ဗျ”လို့ ရယ်ရယ် မောမောပြောလေ့ရှိကြပါတယ်။ သူတို့က ရယ်မောကျီစယ်ကြရင်းပြောတာဖြစ်ပေမဲ့ တချို့အချက်အလက်တွေအပေါ် အခြေခံပြောတယ်ဆိုတာ သတိထားမိပါတယ်။ ဒီလိုနဲ့ပဲတခါမှာတော့ ကျနော်လည်း “တို့မန္တလေးမှာရော အရူးတွေမများ ဘူးလား”လို့ပြန်တွေးမိပါတယ်။
            ဟုတ်ပါတယ်။ ကျနော်တို့ခေတ်တုန်းကတော့

22.12.2011 နေ့ဖတ်ရန်သတင်းများ

by Myanmar Journal on Thursday, December 22, 2011 at 8:37am
 
 
သူ့အကိုခရီးစဉ်နဲ့ ပတ်သက်မှုမရှိကြောင်း မစ်ယင့်လက်က သတင်းထောက်တွေကို ပြော သက်ဆင်ခရီးစဉ်နဲ့ မပတ်သက်ကြောင်း ယင့်လက်ပြော

မြန်မာနိုင်ငံကို သွားရောက်ခဲ့တယ်ဆိုတဲ့ အရင် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ရဲ့ ခရီးစဉ်ဟာ သူ့ခရီးစဉ်နဲ့ ဆက်စပ် ပတ်သက်မှု မရှိကြောင်း၊ မစ္စတာသက်ဆင်ရဲ့ ညီမဖြစ်သူ လက်ရှိ ထိုင်းဝန်ကြီးချုပ် ယင့်လက်ရှင်နာဝပ်က သတင်းထောက် တွေကို ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပါတယ်။
မစ္စတာ သက်ဆင်ဟာ ပြီးခဲ့တဲ့ သတင်းပတ် ကြာသပတေးနေ့က မြန်မာနိုင်ငံကို ရောက်ရှိခဲ့ကြောင်း၊ သူ့ရဲ့ ကိုယ်ရေးအရာရှိက ဘီဘီစီကို အတည်ပြု ပြောကြားပါတယ်။

Wednesday, December 21, 2011

တစ်ယောက်တစ်ပေါက် မထိမရောက်

Rozoner King created a doc.
[By Ramanya Ravika ]

လက်ရှိမှာ ဒီမိုကရေစီခေါင်းဆောင်ဆိုတာ ဘယ်သူလဲ။ ဒေါ်အောင်ဆန်းစုကြည်ပါလို့ ပြောသူတွေက များပါတယ်။ ဒီအချိန်မှာ လူထုခေါင်းဆောင်ဆိုတာ ဘယ်သူလဲ။ ဒေါ်အောင်ဆန်းစုကြည်ကိုပဲ ညွှန်းပြကြမယ်လို့ ထင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ဒီမိုကရေစီခေါင်းဆောင်၊ လူထုခေါင်းဆောင်ပါလို့ ပြောယင် သူက ဘာကို ညွှန်းကြားနေလဲ၊ ဘာကို ...အကောင်အထည်ဖော်နေလဲ သတိထားပြီး နောက်လိုက်နောက်သားတွေက သတိထားပြီး ပြောဆိုပြုမူသင့်ပါတယ်။

၈၈ မျိုးဆက် နှင့် ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံ

by Mizzima မဇ္ဈိမ on Wednesday, December 21, 2011 at 7:38pm
 
ထွန်းထွန်း | ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာလ ၂၁ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၂၇ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။        ။ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့နှင့် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ ဗုဒ္ဓဟူးနေ့ နေ့လယ်ပိုင်းက ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

ဒီဇင်ဘာလ ၅ ရက်နေ့က ထုတ်ပြန်သည့် “လက်ရှိ နိုင်ငံရေး အခင်းအကျင်းနှင့် ပတ်သက်၍ ၈၈ မျိုးဆက် ကျောင်းသားများ၏ သဘောထားထုတ်ပြန်ချက်” နှင့် ပတ်သက်၍ ၈၈ မျိုးဆက်များက ပြန်လည် ရှင်းပြခဲ့သည်။

ယင်းကြေညာချက်တွင် ကျောင်းသားခေါင်းဆောင်များအပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး မလွှတ်မချင်း ရွေးကောက်ပွဲများ၌ မည်သည့်နည်းနှင့်မျှ ပါဝင်ယှဉ်ပြိုင်မည် မဟုတ်ကြောင်း ပါရှိသည်။

မျက်ကွယ်ထောင့်ကို ခေါင်းငဲ့ကြည့်ခြင်း

 ( kaythwe )

by Ko Thaung on Wednesday, December 21, 2011 at 6:20pm
သူ မျှော် နေတဲ့.. စာအုပ်ကလေးက.. ထိုင်းနိုင်ငံ မဲဆောက်မြို့ကနေ.. ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာ ခဲ့ပြီ။
အမ ကို မှာမဲ့သာ မှာရတာ.. အားတော့ နာသား..။ သူ့မှာလဲ..ဟိုလူမှာ..ဒီလူမှာ ဖြစ်နေ ရင်တော့..အကုန်အကျ များမှာ စိုးတာပါ။ ပြီးခဲ့တဲ့.. အောက်တိုဘာ ၁၉ ရက်နေ့ ကတည်းက.. ၄၇ နှစ်မြောက် မွေးနေ့ အတွက် အမှတ်တရ ထုတ်ဝေ လိုက်တဲ့..မင်းကိုနိုင် ရဲ့ စာအုပ်လေးကို အရမ်း ဖတ်ကြည့်ချင် စိတ်ဝင်စား နေခဲ့တာ။ ပို စိတ်ဝင်စား စေ ခဲ့တာက… ရသ ဖွဲ့ အချစ် ဇတ်လမ်းလေး တခုကို အခြေခံ ထား သတဲ့…။

21.12.2011 နေ့ဖတ်ရန်သတင်းများ

by Myanmar Journal on Wednesday, December 21, 2011 at 5:08am
 
 
အတိုက်အခံ ခေါင်းဆောင် တီမိုရှင်းကိုး 
အီးယူ အဖွဲ့ဝင် ဖြစ်ရေး ယူကရိန်း အတိုက်အခံ လွှတ်ပေး

ယူကရိန်းမှာ အတိုက်အခံ ခေါင်းဆောင် Yulia Tymoshenko ကို ထောင်ချလိုက်တဲ့ ကိစ္စဟာ ယူကရိန်းကို ဥရောပ သမဂ္ဂ အဖွဲ့ဝင်ဖြစ်ဖို့ကို ပိုပြီး နှောက်နှေးသွားစေတယ်လို့ ဥရောပ သမဂ္ဂက သတိပေးလိုက်ပါတယ်။
ယူကရိန်းအား အဖွဲ့ဝင် ဖြစ်ရေးနဲ့ လွတ်လပ်စွာ ကုန်သွယ်ရေးတို့ အပါအဝင် အီးယူ အနေနဲ့ လက်မှတ်ထိုးချင် ပေမယ့် ဒါတွေ အားလုံးက နိုင်ငံရေး အခြေအနေပေါ် မူတည်နေတယ်လို့ ယူကရိန်းမှာ ရောက်နေတဲ့ ဥရောပ ကောင်စီ ဥက္ကဌ Herman Van Rompuy က ဆိုပါတယ်။

အရင်ကတော့ မဟာရန်သူ...အခုတော့

by Wai Maw on Wednesday, December 21, 2011 at 10:29am

ဇင်ဘာဘွေနိုင်ငံ ၀န်ကြီးချုပ် မော်ဂန်ဆဗန်ဂီရိုင်းက ယခင်က ၄င်းအား လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားခဲ့ သူတစ်ဦးနှင့် လက်တွဲခဲ့ရသော အတွေ့အကြုံကို တိုင်းမ်မဂ္ဂဇင်းသို့ ဤကဲ့သို့ ရင်ဖွင့်ခဲ့သည်။
မေး။   အမေရိကန်ပြည်ထောင်စု သံတမန်ကြေးနန်းပါ ပေါက်ကြားချက်တွေအရ အရင်က ခင်ဗျားရဲ့ရန်သူဖြစ် ခဲ့ပြီး၊ အခုအစိုးရအဖွဲ့မှာ အတူလက်တွဲနေတဲ့ သမ္မတ ရောဘတ်မူဂ်ဘီ တစ်ယောက်တော့ ကင်ဆာရောဂါ ခံစားနေရတယ်တဲ့။ အဲဒါတကယ်လား။
ဖြေ။    သူ့ကျန်းမာရေးအခြေအနေ ဆိုးတယ်လို့ အတည်ပြုပြောကြားတာ မကြားရသေးပါဘူး။

ကချင်ပြည်နယ်ရောက် ကျောင်းသားများ မှတ်တမ်း

by Htay Tint on Wednesday, December 21, 2011 at 2:35pm
 Khu Daun

မြောက်ပိုင်းဒေသ မှ အရိုးတွန်သံများ ( အပိုင်း - ၁ ) (အောင်မိုးဝင်း)


၁)ကျောင်းသားတပ်မတော်(မြောက်ပိုင်း)ရဲ့တိုက်ပွဲဝင်ခွပ်ဒေါင်းအလံကို
မြတ်မြတ်နိုးနိုးလွှင့်ထူခဲ့တဲ့ ရဲဘော်တွေအားလုံးကို မင်္ဂလာနှစ်သစ်ဖြစ်ပါစေ လို့ နှုတ်ဆက်လိုက်ပါရစေ။
နှစ်သစ်မှာ အနာဂတ်အတွက် တက်ကြွလန်းဆန်းတဲ့ခြေလှမ်းတွေနဲ့ ရှေ့ခရီးဆက်ကြမယ်။
မကောင်းဆိုးဝါးတွေ ပူးကပ်နေတဲ့ပတ်ဝန်းကျင် ကို ရှင်းထုတ်ကြမယ်။

Tuesday, December 20, 2011

NLD နဲ့ ၈၈ ညီညွတ်ရေးတပ်ပေါင်းစု

by Wai Maw on Tuesday, December 20, 2011 at 4:49pm
 - (မောင်ဝံသ) -၁၉-၁၂ -၂၀၁၁



၁၉၈၈ခုနှစ် ရှစ်လေးလုံး အရေးတော်ပုံတွင် တွေ့ ရသည့် ကိုမိုးသီး

၁၁ သုံးလုံး သို့မဟုတ် ၁ ခြောက်လုံး ဂုဏ်ပြုမိတ်ဆုံပွဲကို Eleven မီဒီယာအုပ်စုက ဆီဒိုးနား ဟိုတယ်မှာ ကျင်းပတဲ့ အကြောင်း ကျနော်စာတို တပုဒ်ရေးပြီး face book တင်ခဲ့ ပါတယ်။
နိဂုံးချုပ်အဖြစ် အောက်ပါ စာသားများကို ရေး လိုက်ပါတယ်။
ည ၉ နာရီခွဲလောက်မှာ ပွဲပြီးသွားပေမယ့် ကျနော် မပြန် ဖြစ်သေးဘူး။ ဒီလောက် မင်းပေါင်းစုံတဲ့ ပရိသတ်ကို ထိုင် ကြည့် နေမိတယ်။
အထူးသဖြင့် ၈၈ မျိုးဆက်တွေ။ သူတို့ တွေဟာ အသက် ၄၅ နဲ့ ၅၀ ကြားရှိရော့မယ်။
Related Posts Plugin for WordPress, Blogger...