Wednesday, July 4, 2012

သစ်ထူးလွင် သတင်းစုစည်းမှု (၃-၇)


သစ်ထူးလွင်


Posted: 03 Jul 2012 07:15 AM PDT

လစ်လပ်လျက်ရှိနေသည့် ဒုသမ္မတနေရာတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးအား အစားထိုးခန့်အပ်မည့် ဖြစ်ကြောင်း နိုင်ငံရေး အသိုင်းအ၀ိုင်းအတွင်း၌ သတင်း များ ထွက်ပေါ်လျက်ရှိသည်။

လက်ရှိအချိန်တွင် ဒုတိယသမ္မတ(၁) သီဟသူရဦးတင်အောင်မြင့်ဦး သည် ကျန်းမာရေး အကြောင်းပြချက်ဖြင့် တာဝန်မှ အနားယူခွင့် ကို တောင်းခံထား သည် ဖြစ်ရာ အဆိုပါ လစ်လပ်နေရာအတွက် အစားထိုးခြင်းဖြစ်ကြောင်း သိရသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတလောင်း ၃ ဦးကို တပ်မတော်မှ အမည်စာရင်းတင်သွင်းသူတစ်ဦး လွှတ်တော်မှ အမည်စာရင်းတင်သွင်း သူတစ်ဦးနှင့် မဲဆန္ဒနယ်အများဆုံး အနိုင်ရသည့် ပါတီမှ အမည်စာရင်း တင်သွင်းသူတစ်ဦး စုစုပေါင်း ၃ ဦးကိုတင် သွင်း၍ ယင်းတို့အနက်မှ သမ္မတကိုရွေးချယ် သည့်စနစ်ဖြစ်ရာ ဒုတိယ သမ္မတ(၁) သီဟသူရ ဦးတင်အောင်မြင့်ဦး သည် တပ်မတော်မှ အမည်စာရင်း တင်သွင်းခဲ့သူဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒုတိယသမ္မတများ နေရာလစ်လပ်မှု ဖြစ်ပေါ်၍ အစားထိုး ရွေးချယ်ခံရပါက အဆိုပါ ရွေးချယ်ခံရသူသည် ဒုတိသမ္မတ ၀ါစဉ်၏ အနိမ့်ဆုံးအဖြစ်သတ်မှတ် ခံရမည် ဖြစ်ရာ ဦးဌေးဦးသည် ဒုတိယသမ္မတ အဖြစ်ရွေးချယ်ခံရပါက လက်ရှိဒုတိယ သမ္မတဖြစ်သူ ဒေါက်တာ စိုင်းမောက်ခမ်း၏ နောက်တွင် ဒုတိယသမ္မတ (၂) အဖြစ် တာဝန်ယူရ မည် ဖြစ်ကြောင်း သိရသည်။

ဇော်ထိုက် - Yangon Media Grou


Posted: 03 Jul 2012 07:13 AM PDT

Photo -  AP

အယ်န်အယ်လ်ဒီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ယင်းနှင့် ပတ်သက်သည့်ပုဂ္ဂိုလ်ရေးမေးခွန်းများ ကိုမေးမြန်းခြင်း မပြုကြရန် မီဒီယာများ သို့ပြောကြားလိုက်သည်။

ဥရောပခရီးစဉ်မှအပြန် ဇူလိုင် ၃ ရက်တွင်အယ်န်အယ်ဒီ ရုံးချုပ်တွင်ကျင်းပသည့် သတင်းစာရှင်း လင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည် က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

''ပုဂ္ဂိုလ်ရေးမေးခွန်းမမေးပါနဲ့။ ကျွန်မပုဂ္ဂိုလ်ရေးမေး ခွန်းတွေဖြေလေ့ ဖြေထမရှိပါဘူး'' ဟု ယင်းက ဆိုသည်။အဆိုပါ ဥရောပခရီးစဉ်နှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲ တွင်ပြည်တွင်း ပြည်ပမှ မီဒီယာ ၄၀ ကျော်ခန့်တက်ရောက် ခဲ့ပြီး မေးခွန်းများ မေးမြန်းခြင်းတွင် ဥရောပခရီးစဉ်နှင့် မသက် ဆိုင် သည့် မေးခွန်းများကိုပါ ဖြေကြားပေးခဲ့သော်လည်း ပုဂ္ဂိုလ်ရေး နှင့် ပတ်သက်သည့် မေးခွန်း အချို့အား ဖြေဆိုခြင်းမရှိခဲ့ပေ။
၈၈ ကျောင်းသားများနှင့် တွေ့ဆုံခဲ့မှုနှင့် ပတ်သက်ပြီး သတင်း ထောက်တစ်ဦး၏ မေးမြန်းချက်အား ဒေါ်အောင်ဆန်းစုကြည်က''၈၈ မျိုးဆက်ကျောင်းသား တွေ ကလာတွေ့ ချင်တယ်ဆို လို့ တွေ့တာပါ။ ဆွေးနွေး တဲ့ ကိစ္စတွေကလည်း ကိုမင်းကိုနိုင်တို့၊ကို ကိုကြီးတို့၊ကိုပြုံးချိုတို့ဆွေးနွေးချင်တဲ့ ကိစ္စတွေဖြစ် ပါတယ်။ အဲဒီဟာတော့ ကာယကံရှင် ကိုမေးပါ။ ကျွန်မတို့ကတော့စည်းကမ်းအရ၊ မူအရ ကျွန်မတို့ လာတွေ့တဲ့ ဧည့်သည်တွေကဘာပြော တယ်ဆိုတာထုတ်ဖော်ပြောလေ့ မရှိပါဘူး။ ဘာမှထူးထူး ထွေထွေ တော့ မဟုတ်ပါ ဘူး။ မူအရပြောတာပါ။'' ဟု ပြန်လည် ဖြေကြားသည်။

ထို့အတူဥရောပခရီးစဉ် အတွင်းနော်ဝေနိုင်ငံအော်စလိုမြို့တွင် စက်မှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း နှင့် တွေ့ဆုံစဉ်မည်သည့် အရေးကိစ္စများ ဆွေးနွေးဖြစ်ခဲ့ကြောင်း သတင်းထောက် တစ်ဦး၏မေးမြန်း ချက်ကိုလည်းဒေါ်အောင်ဆန်းစုကြည် ကမူအရဖြေကြား ဖို့မရှိကြောင်းပြော ကြား သည်။

တည်ကြည်အေး - Yangon Media Group


Posted: 03 Jul 2012 07:04 AM PDT
နေပြည်တော် ဇမ္ဗူသီရိမြို့နယ် V-4 လမ်းမကြီးဘေး ရွှေနံ့သာရပ်ကွက်မှာ ရှိတဲ့
ဘုန်းတော်ကြီးကျောင်းများကို ယနေ့ ဇူလိုင်လ(၃)ရက်နေ့ ညနေ(၄)နာရီခန့် မှာ
မီးရှို့ခံရကြောင်း သိရပါတယ်။

 မကြာခင်ရက်ပိုင်းက----

သတင်းအပြည့် အစုံဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 03 Jul 2012 06:12 AM PDT
ဓါတ်ပုံ - ရိုက်တာ
မြန်မာနိုင်ငံအပေါ် နိုင်ငံတကာက ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူ မှုတွေ အားလုံး ဖယ်ရှား နိုင်ရေးအတွက် အခုလို ယာယီဆိုင်းငံ့ ထား ချိန်မှာ သက်ဆိုင်သူတွေ က အောင်မြင်အောင် ဆောင်ရွက် ပြသနိုင်ဖို့ လိုတယ်လို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က----

သတင်းအပြည့် အစုံဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 03 Jul 2012 05:52 AM PDT
ယှဉ်ပြိုင်လျက်ရှိသည် AFC U-22 ခြေစစ်ပွဲ မလေးရှား အသင်းနှင့် မြန်မာအသင်းတို့ ပွဲစဉ်တွင် ပထမပိုင်း ပွဲချိန် ၄၅ မိနစ်နှင့် လေ့လွင့်အချိန်ပို ၂ မိနစ် ပြီးဆုံးပြီးနောက် မြန်မာအသင်းက တစ်ဂိုး ဂိုးမရှိဖြင့် ဦးဆောင် ယှဉ်ပြိုင်လျက် ရှိသည်။ မြန်မာအသင်းအတွက် ဦးဆောင်ဂိုးကို ပွဲချိန် ၃၃ မိနစ်တွင် တိုက်စစ်မှူး ကောင်းစည်သူ (နံပါတ် - ၉) က သွင်းယူပေးခဲ့ခြင်း ဖြစ်သည်။
ယှဉ်ပြိုင်ကစားလျက်ရှိသည့် မလေးရှားအသင်းနှင့် မြန်မာအသင်း ပွဲစဉ် မြင်ကွင်း။ မလေးရှား ၀ - ၁ မြန်မာ (ပထမပိုင်းအပြီး)
The Voice Weekly


Posted: 03 Jul 2012 05:44 AM PDT
ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ပုလဲပေါက်ကျေးရွာ(ခေါ်) ဗလိပေါက်ကျေးရွာမှ ရပ်ရွာလူကြီး (၃) ဦးအား ကျောက်တော် အခြေစိုက် စကခ (၉) မှ တရားစွဲဆိုလိုက်ကြောင်း သတင်း ရရှိသည်။

တရားစွဲခံရသူများမှာ ဦးမောင်ပု၊ ဦးအလုံးမောင်၊ ဦးကျော်ဇံရွီတို့ ဖြစ်ကြသည်။ တရားစွဲ ဆိုသူမှာ ကျောက်တော် အခြေစိုက် စကခ(၉)  တပ်မမှ ဗိုလ်ကြီး  ဝေယံဖြိုး ဖြစ်ပြီး သူက  တရားလိုလုပ်ပြီး မင်းပြားမြို့ မြို့နယ် ရဲစခန်းတွင် တရားစွဲဆိုခြင်း ဖြစ်ကြောင်း သိရသည်။

“ သူတို့က တပ်ကပိုင်တဲ့ လယ်တွေကို ရွာသားတွေ တက်ရောက် လယ်ထွန်တဲ့ အတွက် ရွာသားတွေရဲ့ ကိုယ်စား လူကြီး ၃ ဦးကို ဇွန်လ  ၂၈ ရက်နေ့မှာ တရားစွဲဆိုတာ ဖြစ်ပါတယ်။ ကျန်တဲ့ ရွာသားတွေကိုတော့ တရားမစွဲတော့ဘူးလို့ ပြောပါတယ်။ မင်းပြားရဲစခန်းမှာ ဗိုလ်ကြီး ဝေယံဖြိုးက လာရောက် အမူဖွင့် တရားစွဲထားပါတယ်” ဟု တရားစွဲခံရရာတွင် ပါဝင်သူ ဦးမောင်ပုက ပြောသည်။

ပုလဲပေါက်ကျေးရွာမှ လယ်သမားများပိုင် လယ်ဧက ၄၁၅ ဧကကို ကျောက်တော် အခြေစိုက် စကခ (၉) မှ ၂၀၀၄ ခုနှစ်ကတည်းက သိမ်းယူသွားခဲ့သည်။ ၎င်းနောက်ပိုင်းမှာ လယ်သမားများကို တစ်ဧက ၁၃ တင်းနုန်းဖြင့် စစ်တပ်က သီးစား ပြန်ချခဲ့သည်။

၂၀၁၀ ရွှေးကောက်ပွဲ ပြီးနောက် ဦးသိန်းစိန် အစိုးရတက်လာသော အခါ အဆိုပါ လယ်များကို ရွာသားများက ပြန်ပေးရန် သမ္မတ ဦးသိန်းစိန်ကို အသနားခံခဲ့ကြသည်။

“ ကျွန်တော်တို့ သမ္မတကြီးဆီကို အသနားခံတာက လွန်ခဲ့တဲ့နှစ် စက်တင်္ဘာလက ဖြစ်ပါတယ်။ ဒီလယ်တွေဟာ ကျွန်တော်တို့ရဲ့ ဓါးမဦးချ လုပ်ကိုင်လာတဲ့ လယ်တွေ ဖြစ်တဲ့ အတွက် လယ်တွေကို ပြန်ပေးဖို့ ရွာသားတွေအကုန်လုံး လက်မှတ် ရေးထိုးပြီး သမ္မတကြီးဆီကို မေတ္တာရပ်ခံခဲ့ပါတယ်” ဟု သူက ဆက်ပြောသည်။

ထိုသို့ အသနားခံခဲ့ပြီး နောက် မြို့နယ် အုပ်ချုပ်ရေးမှူးမှ အဆိုပါ လယ်များကို စစ်တပ်က မပိုင်တော့ကြောင်း၊ သို့အတွက် ရွာသားများ အညီအမျှ ခွဲဝေ လုပ်စားကြရန် ယခုနှစ် မတ်လအတွင်းက ရွာရောက်ရှိလာစဉ် ပြောကြားခဲ့သည်ဟု ဆိုသည်။

“ ကျွန်တော်တို့ကို မြို့နယ် အုပ်ချုပ်ရေးမှူးက ပြောပြီးတဲ့ နောက်ပိုင်းမှာ မြို့နယ် စည်ပင်ရဲ့ အမိန့်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးက ရွာသားတွေ စုပေါင်း လုပ်စားကြပါဆိုတော့ နွားအချဉ်း ၅၀ (ကောင်ရေ ၁၀၀) နဲ့ အတူ ရွာသားတွေက ဘုံပိုင် လယ် အဖြစ် ထွန်ယက် စိုက်ပျိုးကြတော့ စစ်တပ်က ရောက်လာပြီး ခုလို တရားစွဲဆိုတာ ဖြစ်ပါတယ်။”

တရားစွဲဆိုခံရပြီးနောက် ရဲစခန်းမှ လယ်သမား (၃) ဦးဖမ်းဆီးခဲ့ပြီး နောက်ပိုင်းတွင် လက်ခံဖြင့် ပြန်လည် လွှတ်ပေးခဲ့သည်ဟု ဆိုသည်။

“ ကျွန်တော်တို့ သုံးဦးကို စတရားစွဲတဲ့ ဇွန်လ ၂၈ ရက်နေ့မှာ မင်းပြားရဲစခန်းမှာ စစ်ဆေးပါတယ်။ ရဲမြို့နယ်မှူးက ဘာကြောင့် စစ်တပ်ပိုင်တဲ့ လယ်မှာ ခွင့်ပြုချက် မရှိဘဲ လယ်ထွန်ရသလဲ စသဖြင့် မေးပါတယ်။ နောက်လည်း ရဲက ဆက်မေးအုံးမှာ ဖြစ်ပါတယ်။ စစ်ဆေးပီးမှ ဒီအမူ မြို့နယ် တရားရုံးကို တင်မှာ ဖြစ်ပါတယ်” ဟု ဦးမောင်ပုက ဆိုသည်။

ယခု လယ်ထွန်ယက်စိုက်ပျိုးရာတွင် လယ်သမား ၂၀ ခန့် ပါဝင်ပြီး ကျေးရွာသား အများအပြားမှာ သူတို့ကိုလည်း နောက်ပိုင်းတွင် တရားစွဲဆိုလာမည်ကို စိုးရိမ်နေကြပြီး အကယ်၍ တရားစွဲဆိုပါက ဆင်းရဲကြသည့် အထဲ စားစရာ မရှိ လျော်စရာသာရှိ ဆိုသော အခြေအနေမျိုးနှင့် ရင်ဆိုင်ရမည်ကို အထူး စိုးရိမ်နေကြသည်ဟု သိရသည်။

နိရဉ္စရာသတင်းဌာန


Posted: 03 Jul 2012 06:18 AM PDT
ရခိုငိပြည်နယ် မြို့တော် စစ်တွေတွင်  ယမန်နေ့က မီးရှို့မူ တစ်ခု ဖြစ်ပွားရာ ရခိုင်ဒေသခံ အိမ်တစ်ဆောင် မီးထဲ ပါသွားကြောင်း သတင်း ရရှိသည်။

“ မီးရှို့ခံရတာက စစ်တွေမြို့ အလိုတော်ပြည့်ကျောင်း အနီးက စစ်မူထမ်းဟောင်း ၀င်းထဲက အစောင့်အိမ် ဖြစ်ပါတယ်။ လာမီးရှို့တာက ဘုမေရပ်ကွက်က ဘင်္ဂလီတွေ ဖြစ်ပါတယ်။ မိုးအဆက်မပြတ် ရွာတဲ့ အတွက် ကျန်တဲ့ အိမ်တွေကို----

သတင်းအပြည့် အစုံဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 03 Jul 2012 05:23 AM PDT
ဒေါ်အောင်ဆန်းစုကြည် သတင်းစာရှင်းလင်းပွဲ (ရုပ်/သံ)

ယနေ့ ဇူလိုင်လ ၃ ရက် နံနက် ၉း၃၀ ခန့်က ရွှေဂုံတိုင်ရှိ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးခန်းတွင် ဥက္ကဌဒေါ်အောင်ဆန်းစုကြည်ရဲ့  ဥရောပ
ခရီးစဉ်နှင့်ပတ်သပ်၍သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။ ရိုက်တာ သတင်းဌာန မှ ရိုက်ကူးထားတဲ့----

သတင်းစာရှင်းလင်းပွဲ ရုပ်သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ 






Posted: 03 Jul 2012 05:04 AM PDT
ဦးနေမျိုးဝေ
မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာ ကျေးရွာမှ တောင်သူများနှင့် လယ်ယာမြေ အငြင်းပွားမှု ဖြစ်ပွားနေသော ဇေကမ္ဘာ ကုမ္ပဏီ ဦးခင်ေ၇ွှက လယ်ယာမြေ အငြင်းပွားမှုဖြစ်ပွား အောင် လှုံ့ဆော်ခဲ့ကြသည့် နိုင်ငံရေးသမားများနှင့် ပါတီများကို တရားစွဲဆိုရန် ပြင်ဆင်ထားပြီး ဖြစ်ကြောင်း သတင်းမီဒီယာများကို ပြောကြားသည်။

မင်္ဂလာဒုံမြို့နယ် တရားရုံးတွင် နိုင်ငံရေး သမားများနှင့် နိုင်ငံရေး ပါတီများကို တရားစွဲဆိုရန် ပြင်ဆင် ဆောင်ရွက်ထားပြီးဖြစ်သော်လည်း ရွှေနံ့သာ ကျေးရွာမှ လယ်ယာတောင်သူများကိုမူ ပြန်လည် တရားစွဲ ဆိုမည် မဟုတ်ကြောင်း ၄င်းက ဆိုသည်။

ရွှေနံ့သာ ကျေးရွာမှ လယ်သမားများက လယ်ယာမြေ အဓမ္မ အသိမ်းခံခဲ့ရမှုများကြောင့် ဇေကမ္ဘာ ဦးခင်ရွှေကို မင်္ဂလာဒုံမြို့နယ် တရားရုံးတွင် လိမ်လည်မှုဖြင့် တရားစွဲဆိုရန် မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေး ပါတီမှ ဦးနေမျိုးဝေကို ကိုယ်စားလှယ် လွှဲစာပေးအပ်ခဲ့ကြသည်။

The Voice Weekly


Posted: 03 Jul 2012 04:27 AM PDT
ရန်ကုန် အိုးအိမ်ဦးစီးဌာနရှေ့တွင် ဆန္ဒဖော်ထုတ်နေကြသော လယ်သမားများ၏ အရေးကိစ္စကို အိုးအိမ်ဦးစီးဌာနမှ လုပ်ငန်းရှင်များနှင့် လယ်သမားများအကြားယနေ့ညနေက ကြားဝင်ညှိနှိုင်းပေးလိုက်သဖြင့် ပြေလည်မှုရရှိသွားပြီဖြစ်ကြောင်းသိရသည်။ ဇူလိုင်(၄)ရက်နေ့တွင် လျော်ကြေးများစတင်ပေးအပ်မည်ဖြစ်ကြောင်းသိရသည်။
 Popular Myanmar News Journal


Posted: 03 Jul 2012 06:24 AM PDT
ကမ္ဘာကျော် ရုပ်ရှင်သရုပ်ဆောင် ကွန်ဖူး မင်းသား ဂျက်ကီချမ်းမှာ ဇူလိုင်လ ၅ ရက်နေ့တွင် မန္တလေးသို့ လာရောက်မည် ဖြစ်ကြောင်း ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (Unicef)မှ ထုတ်ပြန်ထားသည်။

Unicef ၏ သံတမန်တစ်ဦးဖြစ်သူ ဂျက်ကီချမ်းမှာ တရုတ်နိုင်ငံ ပေကျင်းမြို့မှ တစ်ဆင့် မန္တလေးမြို့သို့ လာရောက်မည်ဖြစ်ပြီး ဇူလိုင် ၅ ရက်ညနေ ၃ နာရီ တွင် ၄င်း၏ အထူးလေယာဉ်ဖြင့်---

သတင်းအပြည့် အစုံဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 03 Jul 2012 04:03 AM PDT

ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်နှင့် သမိုင်းတန်ဖိုးအလွန်ကြီးမားလှသောဓမ္မစေတီ ခေါင်းလောင်း တော်ကြီးကို စင်္ကာပူနိုင်ငံမှ S.D markInternational LLP ကုမ္ပဏီတစ်ခုမှ အမေရိကန် ဒေါ်လာငွေ(၁၀)သန်း အကုန်အကျခံကာရှာဖွေဆယ်ယူပေးရန်  စီစဉ်ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ ခေါင်းလောင်းကြီးမှာ ရန်ကုန်မြစ်နှင့်ပဲခူးတို့ဆုံရာပန်းအလွဲမြစ်အတွင်း နှစ်ပေါင်း(၄၀၀)ခန့် နစ်မြှုပ်ပျောက်ကွယ်နေ ခဲ့ခြင်းဖြစ်သည်။

ခေါင်းလောင်းကြီးမှာ အရွယ်အစားအားဖြင့် စောက်(၁၂)တောင်၊အ၀(၈)တောင်ရှိပြီး အလယ်ဖောင်းရစ်ရစ်တွင်   နှစ်ကျိပ်ရှစ်ဆူ ပါသောဖောင်းကြွဘုရား(၂၈)ဆူပါပြီး ၄င်း၏အပေါ်ဖက်တွင် အတွဲတစ်တွဲလျှင် ကျောက်သံပတ္တမြား(၄၅)လုံးပါရှိ ရှိသော အတွဲ(၄၅)တွဲ၊ အတန်း(၂)တန်းပါရှိသဖြင့်စုစုပေါင်းကျောက်သံပတ္တမြားပေါင်း (၄၀၅၀)လုံးပါရှိကြောင်းသမိုင်းအထောက်အထားများတွင် ဖတ်ရှုလေ့လာခဲ့ရသည်။

ဓမ္မစေတီခေါင်းလောင်းတော်ကြီး၏ ရာဇ၀င်သမိုင်းကြောင်းကိုပြန်လည်လေ့လာကြည့်ရာ၌ မြန်မာ့သမိုင်းတွင် မွန်တို့၏ မဂဒူမင်းဆက်(၁၆)ဆက်မြောက်မွန်ဘုရင်စမ္မစေတီမင်းသည် ဟံသာဝတီ(ယခုပဲခူး)မှအုပ်စိုးပြီး ၁၄၈၀ ခုတွင် အမတ်ကြီး ဗညားအိန်အားခေါင်းလောင်းအဖြစ်သွန်းစေခဲ့ရာ ပဲခူးရွှေမော်စောဘုရား ရာဟုထောင့် အနောက်ဖက် မြေကွက်လပ်၌၁၄၈၄ ခုဖေဖော်ဝါရီ(၅)ရက်၊ ခရစ်နှစ်(၁၄၇၆)ခုနှစ် တပေါင်းလဆန်း(၈)ရက်နေ့တွင်  ပွဲသဘင်ကျင်းပ၍  သွန်းလောင်းခဲ့ကြောင်းသိရှိရသည်

 ထိုစဉ်က အခါပေးသော ဆရာတို့မှာဇေယျဗာဟု၊ ရာဇဗာဟု၊ပဲခူးသမုတ္တရာနန္ဒစည်သူကျော်၊   သံဃရာဇာဆရာတို့ဖြစ်ကာ   လောကညဏပဏ္ဍိတ်အမတ်ကခေါင်းလောင်းသွန်းလောင်းသောအချိန်မှာ မိချောင်းနက္ခတ်ဖြစ်သဖြင့်အသံကောင်းစွာမမြည်နိုင်ဟု   ပြောကြားခဲ့ သည်။

၎င်းပြောကြားချက်နှင့်ပတ်သက်၍ဘုရင်ကမမှန်လျှင်ဆွေခုန်နှစ်ဆက်မျိုးခုနှစ်ဆက် အပြစ် ပေးမည်။မှန်လျှင်သူကောင်းပြုမည်ဟု မိန့်တော်မှုခဲ့ရာခေါင်းလောင်းကြီးပြီးသောအခါတွင် အသံမမြည်သော ကြောင့်လောကညဏပဏ္ဍိတ်အမတ်အား  `ရာဇပရောဟိတ´ဘွဲ့တော်ချီးမြှင့်ခဲ့ကြောင်းလေ့လာသိရှိရသည်။

ခေါင်းလောင်းတော်ကြီး၏ ဘွဲ့တော်မှာ အ၀ိန္ဒဆောက် ခေါင်းလောင်းတော်ဖြစ်ပြီးအလေးချိန်ပိဿ (၁၈၀၀၀၀)(တန်ချိန် ၂၉၀)ရှိကာ ဓမ္မစေတီမင်းက သီတင်းကျွတ်လပြည့်နေ့တွင် ရွှေတိဂုံစေတီပေါ်သို့  တင်လှူပူဇော်ခဲ့သည်။

အဆိုပါ ဓမ္မစေတီခေါင်းလောင်းတော်ကြီးအား ရွှေတိဂုံစေတီတော်ကြီး၌ နှစ်ပေါင်း(၁၂၃)နှစ် အပူဇော်ခံ ထားရှိခဲ့ရာခရစ်နှစ် (၁၆၁၂)ခုနှစ်အောက်တိုဘာ(၂၈)ရက်နေ့တွင် သံလျင်မြို့စားပေါ်တူဂီလူမျိုး ဖီးလစ်ဒီဘရစ်တို (ဇင်ကာ)က လက်နက်ခဲယမ်းပြုလုပ်ရန်ရွှေတိဂုံစေတီတော်ပေါ်မှ သန်လျှင်သို့သယ်ယူခဲ့ရာ ပဲခူးမြစ်ငမိုးရိပ်ချောင်းနှင့် ရန်ကုန်မြစ်တို့ဆုံရာဒေါပုံမြစ်၊ပန်းအလွဲမြစ်တွင်ဖောင်နစ်မြှပ်ကာရေသို့ ကျခဲ့ခြင်းဖြစ်သည်။

ခေါင်းလောင်းတော်ကြီးအားပြန်လည်ဆယ်ယူရေးအတွက် ခေတ်အဆက်ဆက်တွင်အားထုတ်ကြိုးပမ်း ဆောင်ရွက်ခဲ့ရာ ၁၉၈၇ ခုနှစ်တွင် ဒေါက်တာမျိုးမြင့်ဦးဆောင်သော အဖွဲ့မှ ပထမအကြိမ် ရှာဖွေခဲ့ပြီး (၁၉၈၉)ခုနှစ်တွင် ပက်စီဦးသိန်းထွန်း၏   ငွေကြေးအကူ အညီဖြင့် ဒုတိယအကြိမ် (၁၉၉၇) ခုနှစ်တွင်နိုင်ငံတော်မှ ဆယ်ယူရန် ခေါင်းလောင်းတော်ကြီး ဆယ်ယူရေးကော်မတီတစ်ရပ်ကို ဖွဲ့စည်း ဆောင်ရွက်ခဲ့သည်။ (၁၉၉၈)ခုနှစ် မေလ (၉)ရက်မှ (၁၈)ရက်အထိဒေါ်ခင်အေးသိန်းနှင့် အဖွဲ့ကထပ်မံရှာဖွေခဲ့ရာ မအောင်မြင်ခဲ့ပေ။

ခေါင်းလောင်းတော်ကြီးပြန်လည်ဆယ်ယူရေးလုပ်ငန်းများကိုအဆင့်ဆင့်ဆောင်ရွက်ခဲ့ကြရာတွင် ထူးခြားစွာတွေ့ရှိချက်များအနေဖြင့် (၁၉၈၇)ခုနှစ်တွင် ရှာဖွေခဲ့သော ဒေါက်တာမျိုးမြင့်နှင့် ဦးကျော်တို့အဖွဲ့အနေဖြင့် ခေါင်းလောင်းတော်ကြီးအား   ရေငုပ်ရှာဖွေရာ တွင်ရေငုပ်ရှာဖွေခဲ့သူ ဦးကြိုင်နှင့် ဦးထွန်းရင် တို့သည်ခေါင်းလောင်းတော်ကြီး  နေရာတွင်ရပ်မိခဲ့ကြောင်းဂျင်းကောင်များ ကပ်နေကြောင်း၊ အဖွဲ့ဝင်ဦးဖုန်းမြင့်ကျော်ရေအောက်သို့ဆင်းသွားသော် ဂျင်းပုံကြီးပေါ်မရောက်ပေ။ ယင်းအဖွဲ့တွင်ပါဝင်သော သမိုင်းညာရှင် ဦးကျော် ကိုယ်တိုင်ယင်းနေရာသို့ဆင်း၍ရှာဖွေခဲ့ရာ ဂျင်းပုံကြီး ရှိသော နေရာသည်ခေါင်းလောင်းတောင်ကြီးရှိသော   နေရာဟု ရေငုပ်သူ (၃) ဦးစလုံးက အသိအမှတ်ပြုခဲ့ကြသည်။

(၁၉၈၈)ခုနှစ်တွင် ဦးကြိုင်နှင့်အဖွဲ့ဝင်သုံးဦး၏အဖွဲ့သည်ဒုတိယအကြိမ်အဖြစ် ခေါင်းလောင်းတော်ကြီး ကို ဆက်လက်ရှာဖွေခဲ့ကြရာပထမအကြိမ်ရှာဖွေစဉ်က တက်နင်းမိခဲ့သော ခေါင်းလောင်းတော်ကြီးအပေါ်ထိပ်ဝိုင်း ဂျင်းပုံကြီးကိုပြန်လည်ရှာဖွေတွေ့ရှိခဲ့သည်။

တတိယအကြိမ်ရှာဖွေရာတွင် အမေရိကန်နိုင်ငံသားများ ဂျင်မ်ဘလန့် Jim Blunth က(၁၉၉၅)ခုနှစ် တွင်သက်ဆိုင်ရာသို့ခွင့်ပြုချက် ရယူပြီးခေါင်းလောင်းတော်ကြီးအား ရှာဖွေမူပြုခဲ့ရာတွင် ခေတ်မီရေအောက် ရှာဖွေရေးကိရိယာ Solar ခေတ်မီရေငုတ် ကိရိယာများဖြင့် သုံးလအတွင်းရေငုပ်စူးစမ်းရှာဖွေမှု (၁၁၅)ကြိမ် ပြုလုပ်ခဲ့ရာ ဂျင်မ်ဘလန့်ကခေါင်းလောင်းတော်ကြီးကိုလက်ဖြင့် ထိစမ်းခဲ့ဖူးပါတယ်ဟု အတိအလင်းအခိုင်အမာပြောခဲ့ကြောင်း သိရသည်။

၁၉၉၈ ခုနှစ် ဇွန်လတွင် ဒေါ်ခင်အေးသိန်းအဖွဲ့မှ ရေငုပ်လုပ်သားကိုအောင်ကျော်သည် ရေငုပ်ရှာဖွေစဉ် အမြင့် (၁၂) ပေ၊   အောင်ခြေ ပေ(၃၀)ကုန်းကမူတစ်ခုကို တွေ့ရှိကာ အခြားရေငုပ်သမား တစ်ဦး ဖြစ်သူကိုထွန်းနိုင်ကလည်း ယင်းကုန်း ကမူကို တွေ့ရှိခဲ့ပြီး ဒေါ်ခင်အေးသိန်းကအခြားရေငုပ်သမား နှစ်ဦး ဌားရမ်းရေးငုပ်ရှာဖွေခဲ့ရာ ယခင်အတိုင်းကုန်းကမူကြီးရှိကြောင်း အတည်ပြု ပြောကြားခဲ့သည်။

        ဆဋ္ဌမအကြိမ် သြစတေးလျနိုင်ငံမှ မှတ်တမ်းသတင်းရိုက်ကူးသူနှင့်စူးစမ်းရှာဖွေရေးသမားများ မစ္စတာ ဒါမီယန်လေး (Mr. Damien Lay)နှင့်အဖွဲ့ကလည်း (၂၀၁၀) ပြည့်နှစ်တွင် သက်ဆိုင်ရာခွင့်ပြုချက်ဖြင့်ခေါင်းလောင်းတော်ကြီးကို ရှာဖွေခဲ့ရာ Sonar လို့ ခေါ်တဲ့ အသံလိုင်းပြန်ကိရိယာနှင့် မြစ်ကြောင်းတစ်လျှောက် Scan လုပ်ကြည့်တဲ့အခါခေါင်းလောင်တော်ကြီးပုံနှင့် အတော်တူတဲ့ ခေါင်းလောင်းကြီးပုံစံတစ်ခုတွေ့ရှိခဲ့ ကြောင်း သိရှိရသည်။

ဓမ္မစေတီခေါင်းလောင်းတော်ကြီး ဂုဏ်သတင်းမှာ ယခုအခါမြန်မာနိုင်ငံတော်ကြီးတွင် သာမဟုတ်တော့ပဲ ကမ္ဘာနိုင်ငံ အသီးသီးကပင် စိတ်ဝင်စားလာကြရာ ယခုရှာဖွေ ဆယ်ယူမည့် စင်ကာပူ နိုင်ငံ S.D MarkInternational LLP ကုမ္ပဏီအနေဖြင့် ဒေါက်တာချစ်စံ (ချစ်စံဝင်း)၊ MasterMariner (F.G) ကပ္ပတိန် ဦးရဲမြင့်ထွန်းတို့မှ တစ်ဆင့်ငွေကြေးကိစ္စဆက်စပ်ဆောင်ရွက်ပေးလာကြောင်း သိရှိရသည်။

အဆိုပါ သမိုင်းအမွေအနှစ်ဆိုင်ရာ ဓမ္မစေတီခေါင်းလောင်း ဆယ်ယူမှုဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ တစ်ရပ်ကို ဇွန် (၃၀)ရက် နံနက် (၉) နာရီတွင်Chartrium ဟိုတယ်၌ ကျင်းပခဲ့ရာ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့်   ပြည်ထောင်စုဝန်ကြီးများရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒုတိယဝန်ကြီးများ၊မြန်မာသမိုင်းအဖွဲ့ဝင်များ၊ သမိုင်းပညာရှင်များ၊ တက္ကသိုလ်များမှပါမောက္ခချုပ်များ၊ ပါမောက္ခများအဖွဲ့အစည်းများ တက်ရောက်ခဲ့ကြပြီးဓမ္မစေတီခေါင်းလောင်းတော်ကြီး   ပြန်လည်ဆယ်ယူရေးနှင့် ပတ်သက်၍ဖတ်ကြားခဲ့ကြရာ အခမ်းအနား တက်ရောက်လာသူများမှလည်း ဝိုင်းဝန်းအကြံပြုဆွေးနွေး ခဲ့ကြသည်။

နှစ်ပေါင်း(၄၀၀)အတွင်း လူသက်တမ်းပေါင်းများစွာ နေထိုင် သွားခဲ့ကြသောမြန်မာလူမျိုးများအနေဖြင့် အဆိုပါ ဓမ္မစေတီခေါင်းလောင်းတော်ကြီးနှင့်ပတ်သက်၍ ကြားဖူးရုံမျှ သာရှိခဲ့သော်လည်း မိမိတို့သက်ရှိထင်ရှားရှိစဉ် သက်တမ်းအတွင်းမှာ ပြန်လည်မြင်တွေ့ဖူးမြော်ခွင့်ရတော့ မည့်ပြင်နောင်လာနောင်သားတွေအတွက်ပါ သမိုင်းတန်ဖိုးကြီးမားလှတဲ့ ခေါင်းလောင်းတော်ကြီးကို ဖူးတွေ့ခွင့်ရရှိတော့ပေမည်။

ရဲနန္ဒ
by Myit Makha Mediagroup


Posted: 03 Jul 2012 03:51 AM PDT
လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားများအား ၈၈ မျိုးဆက်အဖွဲ့ မှ ကြိုဆိုနေစဉ် ဓါတ်ပုံ-Hot News
 နိုင်ငံတော် သမ္မတမှ နိုင်ငံတော်ဖွဲ့စည်းတည်ဆောက်ပုံအုပ်ချုပ်ပုံအခြေခံဥပဒေ က အရ ယနေ့တွင် အကျဉ်းထောင်အသီးသီးမှ နိုင်ငံသားအကျဉ်းသား ၃၇ ဦး  ၊ အကျဉ်းသူ ၉ ဦး ၊ နိုင်ငံခြားသာ အကျဉ်းသား ၃၉ ဦး ၊ စုစုပေါင်း ၈၀ ဦးအား ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်ကြောင်း နှင့် နိုင်ငံခြားသားများအာ
 ပြည်နှင်ဒဏ်ပေးခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားသည်။

 NLD မှ ပြုစုထားသော နိုင်ငံရေးအကျဉ်းသားများထဲမှ ကိုသန်းဇော်  (သရက်ထောင် ) ၊ ကိုအေးအောင် (ကလေးထောင် ) ၊ ကိုအောင်အောင် (ကသာထောင် ) ၊ ကိုပြည့်ဖြိုးအောင် (ပြည်ထောင် ) ၊ ကိုအောင်ကျော် (မြစ်ကြီးနားထောင် )  ၊ ဒေါက်တာ ကျော်ကျော် (မြင်းခြံထောင် ) တို့ ဖြစ်ကြပြီး ၊ အင်းစိန်ထောင်မှ ကိုမြင့်ကြိုင် ၊ ကိုအေးသိန်း(ခေါ်) ရန်နိုင် ၊ စောဦးရင် ၊ ကိုမြတ်သူ ၊ ကိုအောင်မိုးဇော် ၊ စောဖရန့်စစ် ၊ ဇော်မင်းအောင် နှင့် ဥက္ကံမြို့မှ သုံးဦး (အမည်မသိ) ၊ အမည်မသိ တစ်ဦး စုစုပေါင်း ၁၁ ဦးဖြစ်ကြောင်း သတင်းရရှိသည်။


Hot News သတင်းအဖွဲ့


Posted: 02 Jul 2012 11:05 PM PDT
ဇူလိုင်လ ၃ ရက်နေ့ တွင် လွတ်ငြိမ်းချမ်းသာခွင့်နှင့်ပြည်နှင်ဒဏ် ပေးခဲ့သော နိုင်ငံခြားသား အကျဉ်းသား ၃၄ ဦးမှာ ဘင်္ဂလားဒေရှ့် နိုင်ငံသား များဖြစ်ကြောင်း သိရှိရသည်။

" နိုင်ငံခြားသား အကျဉ်းသားတွေဟာ ချမှတ်ထားတဲ့ စည်းကမ်းတွေကို  လိုက်နာခဲ့တဲ့အတွက် အခုလိုလွှတ်ပေး ရခြင်း ဖြစ်ပါတယ် ၊ လွှတ်ပေးလိုက်တဲ့ နိုင်ငံခြားသား အကျဉ်းသားအားလုံးက ဘင်္ဂလားဒေရှ့်နိုင်ငံ ကဖြစ်ပါတယ် " ဟု အကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူ ----

သတင်းအပြည့် အစုံဖတ်ရန် ဒီနေရာကို နှိပ်ပါ





Posted: 02 Jul 2012 10:59 PM PDT
ယနေ့ ဇူလိုင် ၃ ရက်တွင် NLD ရုံးချုပ်၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပါတီ ကိုယ်စားလှယ်များ အရည်အချင်းပြည့်မှီရေး တစိုက်မတ်မတ် လုပ်ဆောင်နေကြောင်း ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က ပြောကြားလိုက်သည်။

NLD ပါတီ အတွင်းရှိ လွှတ်တော် ကိုယ်စားလှယ်များ အရည်အချင်းမြှင့်တင်ရေး နှင့် ပတ်သက်ပြီး သတင်းထောက်တစ်ဦး -----


သတင်းအပြည့် အစုံဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဓါတ်ပုံ - Nickey



Posted: 02 Jul 2012 10:49 PM PDT
အမျိုး သားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည် က လွှတ်တော် မတက်ခင် ၎င်း၏ မဲဆနနယ် ကော့မှုး မြို့နယ်သို့ သွားရောက် မည်ဟု ပြောကြားခဲ့ကြောင်း သိရ သည်။ ရန်ကုန်တွင်သာ လွှတ်တော် ထားနိုင်ပါက အားလုံးအတွက်အဆင်ပြေ နိုင်ကြောင်း၊ ရန်ကုန်ရှိသတင်း ထောက်များလည်း အဆင်ပြေနိုင်မည်ဖြစ်ကြောင်း၊ ဥရောပခရီးစဉ်မှပြန်လာ---
 သတင်းအပြည့် အစုံဖတ်ရန် ဒီနေရာကို နှိပ်ပါ

ယနေ့ ဇူလိုင်လ ၃ ရက် နံနက် ၉း၃၀ ခန့်က ရွှေဂုံတိုင်ရှိ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးခန်းတွင် ဥက္ကဌဒေါ်အောင်ဆန်းစုကြည်ရဲ့ဥရောပ
ခရီးစဉ်နှင့်ပတ်သပ်၍သတင်းစာရှင်းလင်းပွဲပြုလုပ်နေစဉ်  ဓါတ်ပုံ - Nickey



Posted: 02 Jul 2012 10:04 PM PDT
ရန်ကုန်၊ ဇူလိုင် ၃
ထောင်ဒဏ် ၅၉ နှစ် ကျခံ ခဲ့ရသော ယုံကြည်ချက်အကျဉ်းသား ကိုအေးအောင်သည် ယနေ့ နံနက်ပိုင်းက ကလေးထောင်မှ ပြန်လည် လွတ်မြောက်လာပြီဟု သိရသည်။

''လွတ်တာ သေချာပါတယ်။ ထောင်ရှေ့ကနေ ကျွန်မတို့ဆီ ဖုန်း ဆက်ပြီး ပါပြီ''ဟု ကိုအေးအောင်၏ မိခင် ဒေါ်စန်းမြင့်က အတည်ပြုပြော ကြားသည်။ ကိုအေးအောင်သည် အင်းစိန် နှင့် ကလေးထောင်တို့တွင် ၁၄ နှစ်ကြာ ကျခံခဲ့ရသူဖြစ်သည်။ ကိုအေးအောင်၏ အမှုတွဲများအား လုံးမှာ ၂ဝ၁၁ ခုနှစ်အတွင်း လွတ် ငြိမ်းခွင့်ရရှိခဲ့သည်။''ထောင်ကျတာ ဖောက်ခွဲရေး နဲ့ဆိုင်တဲ့အမှု တစ်ခုမှမပါဘူး။ ဘာ ကြောင့် အရင်လွတ်ငြိမ်းပေးတုန်းက ကျန်ခဲ့သလဲ မသိဘူး။ အခုတော့ ဝမ်းသာလွန်းလို့ မျက်လုံးတောင် ပြာနေပြီ' ဟု ကိုအေးအောင်၏ဖခင် ဦးသောင်းစိန်က ပြောသည်။ကိုအေးအောင်သည် ၁၉၉၈ စက်တင်ဘာ ၁၂ ရက်နေ့တွင် အဖမ်းခံရပြီး ၁၉၉၉ ဇန်နဝါရီ ၁၅ ရက်နေ့တွင် ထောင်ဒဏ် ၅၉ နှစ် ကျခံရန် အမိန့်ချခဲ့သည်။ ၁၉၉၉ ဧပြီ ၁၁ ရက်နေ့တွင် အင်းစိန်မှ ကလေးထောင်သို့ ရောက်ရှိခဲ့သည်။ ကိုအေးအောင် အား အင်းစိန် တရားရုံးမှ ၁၇/၁ ပုဒ်မဖြင့် ၃ နှစ်၊ ၁၇/၂ဝ ပုဒ်မ နှစ်မှုဖြင့် တစ်မှုလျှင် ၁၄ နှစ်၊ စုစုပေါင်း ၂၈ နှစ်၊ ၅/ည ပုဒ်မ လေးမှုဖြင့် တစ်မှုလျှင် ၇ နှစ်၊ စုစုပေါင်း ၂၈ နှစ် အမိန့်ချခဲ့သည်။

မြင်းခြံအကျဉ်းထောင်မှ အကျဉ်းသား ၅ ဦးလွတ်မြောက်ပြီး ၂ ဦးမှာ ယုံကြည်ချက်ကြောင့်အကျဉ်းကျခဲ့သူ ဒေါက်တာကျော်ကျော်နှင့် ကောရိယို တို့ဖြစ်ပြီး၊ ကျန် ၃ ဦးမှာမူ နိုင်ငံရေးနှင့်ဆက်နွှယ်ကာ အကျဉ်းကျခဲ့သူများဖြစ်ကြောင်းသိရသည်။

သို့ရာတွင် ထောက်လှမ်းရေးတပ်ဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်သူ ဦးသိန်းဆွေနှင့် နိုင်ငံရေးကြောင့် အကျဉ်းကျခဲ့သူ ကိုဇော်ခိုင်နှင့် ဦးကျော်ထွန်းတို့မှာမူ လွတ်မြောက်ခြင်းမရှိသေးပဲ သာမန်အကျဉ်းသားအဖြစ် သတ်မှတ်ကာ တိုက်တွင်းမှ သာမန်အဆောင်သို့ ပြောင်းလဲထားရှိပေးကြောင်းသိရသည်။ သို့သော် ယင်းတို့ကမူ တိုက်တွင်းတွင်သာ အဆင်ပြေသဖြင့် မပြောင်းလိုဟုဆိုကြောင်းသိရသည်။
Popular Myanmar News Journal


Posted: 02 Jul 2012 09:59 PM PDT
၁၇ ရက်ကြာသွားရောက်ခဲ့သော ဥရောပ ခရီးစဉ်နှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ
တစ်ရပ်ကို ယနေ့ ဇူလိုင်လ ၃ ရက်
နံနက် ၉
...

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...