Thursday, July 19, 2012
သစ်ထူးလွင် သတင်းစုစည်းမှု (၁၉-၇)
သစ်ထူးလွင်
Posted: 19 Jul 2012 07:01 AM PDT
(၆၅)နှစ်မြောက်အာဇာနည်နေ့အခန်းအနားကို ခွင့်မပြုသည့်ကြားက ရှမ်းပြည်နယ်တောင်ပိုင်း၊
အောင်ပန်းမြို့ ဗိုလ်မှူးကြီးဗထူးကျောက်တိုင်မှာ လွမ်းသူ့ပန်းခွေများကို
အောင်ပန်းမြို့သူ/မြို့သားများ၊ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့(အောင်ပန်း)၊
 အောင်ပန်းစာကြည့်တိုက်အဖွဲ့၊ NLD လူငယ်များအဖွဲ့နှင့် နိုးကြားတက်ကြွသော
မျိုးဆက်လူငယ်များအဖွဲ့ တို့မှ ယနေ့နံနက် (၇း၃၀)မှ (၁၀)နာရီအချိန်ထိ လွတ်လပ်ရေး
ဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်ဆောင်များအား
လွမ်းသူ့ပန်းခွေချကာ အလေးပြုအခန်းအနား ပြုလုပ်ခဲ့ကြောင်းသတင်းရရှိပါသည်။
ထို့အပြင် (၆၅)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် အောင်ပန်း၈၈မျိုးဆက်
ကျောင်းသားများအဖွဲ့နှင့် နိုးကြားတက်ကြွသော လူငယ်များအဖွဲ့တို့က
ယနေ့နံနက်အာရုံဆွမ်းအဖြစ် အောင်ပန်းမြို့၊ အောင်စင်္ကြာ စာသင်တိုက်တွင် ဆရာတော်
သံဃာတော်အရှင်သူမြတ်များနှင့် စာသင်သားရဟန်းသာမဏေများအား
ဆက်ကပ်လှူဒါန်းပြီး အာဇာနည်များအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကြောင်း
သတင်းရရှိပါသည်။
အောင်ပန်းမြို့တွင် အာဇာနည်နေ့အခန်းအနားကို အောင်ပန်းမြို့၊ ပြည်ထောင်စုလမ်းမကြီး၊
တောင်ကြီးသွားလမ်းဘေးရှိ ဗိုလ်မှူးကြီးဗထူးအထိမ်းအမှတ်ကျောက်တိုင်တွင်
အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲနှင့် အလေးပြုပွဲအခန်းအနားကို မြို့လုံး ကျွတ်ကျင်းပ
 ပြုလုပ်မည်ဟု စီစဉ်ထားသော်လည်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးမှ ခွင့်ပြုပေးခဲ့ခြင်းမရှိ
သဖြင့် အခန်းအနားကို ပြုလုပ်ကျင်းပနိုင်ခြင်းမရှိကြောင်းသိရှိရပါသည်။ မြို့နယ်အထွေထွေ
အုပ်ချုပ်ရေးမှူးက အာဇာနည်နေ့အခန်းအနားကျင်းပနိုင်ရန်အတွက် မြို့နယ်အဆင့်ဖြင့်
ခွင့်ပြုချက်မရနိုင်သောကြောင့် တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးမှူးသို့ဆက်လက်
တောင်းခံခဲ့သော်လည်း  ဝေ့လည်ကြောင်ပတ်ဖြင့်ပြောဆိုနေရာ ရှမ်းပြည်နယ်အစိုးရ၀န်ကြီးချုပ်ရုံးသို့သွားရောက်ပြီးတောင်းခံခဲ့ကြပါသည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ်ရုံးတွင် ၄င်း၏ကိုယ်ရေးအရာရှိဆိုသူနှင့်သာတွေ့ရပြီး ၄င်းမှလည်း
စပ်လျဉ်း၍ မည်သည့်ညွှန်ကြားချက်မှမရှိကြောင်း သိရှိသော်လည်း ပြည်နယ်ဝန်ကြီးချုပ်အား
တင်ပြပေးခြင်းမရှိဘဲ ပြန်လွှတ်ခဲ့ပါသည်။
မနေ့က(၁၈.၇.၂၀၁၂)ရက်နေ့ညတွင် ကလောမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးမှ အာဇာနည်နေ့
အခန်းအနားကျင်းပခြင်းမပြုလုပ်ရန် အကြောင်းကြားစာကို
အောင်ပန်းရဲစခန်းမှ ည (၈)နာရီဝန်းကျင်တွင် အကြောင်းကြားခဲ့ကြောင်းသိရှိရပါသည်။
သို့ပါသော်လည်း အောင်ပန်းမြို့မှ အာဇာနည်နေ့အခန်းအနားကျင်းပနိုင်ခြင်းမရှိသော်လည်း ဗိုလ်မှူးကြီးဗထူးအထိမ်းအမှတ်ကျောက်တိုင်တွင် လွှမ်းသူ့ပန်းခွေချခြင်း အလေးပြုခြင်း
နှင့် အောင်စင်္ကြာကျောင်းတိုက်တွင် အာဇာနည်ခေါင်းဆောင်ကြီးများအားရည်စူး၍
 ဆွမ်းဆက်ကပ်လှူဒါန်းနိုင်ခဲ့ကြောင်းသိရှိရပါသည်။
ဗိုလ်မှူးကြီးဗထူးသည် ဖက်ဆစ်တော်လှန်ရေးဆင်နွဲနေချိန် ၁၉၄၅/၄၆ခုနှစ်ခန့်က ရွံ့ ရွံ့ချွံချွံ
 တိုက်ပွဲဝင်ခဲ့သော မြန်မာ့သမိုင်းတွင်စံထားရသော စစ်တပ်အရာရှိတစ်ဦးဖြစ်ကြောင်း
အားလုံးသိကြပါသည်။ ဖက်ဆက်တော်လှန်ရေးစစ်ပွဲဆင်နွဲနေစဉ် ရှမ်းပြည်နယ်တောင်ပိုင်း၊
 ရွာငံမြို့နယ်ယခု-(ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ)အနီးရှိ တယ်လူးရွာ(ယခင်က တဲလူးစခန်း)
တွင် ငှက်ဖျားရောဂါဖြင့်ကွယ်လွန်ခဲ့ခြင်းဖြစ်ပါသည်။ ဗိုလ်မှူးကြီးဗထူးအထိမ်းအမှတ်
ကျောက်တိုင်သည် မြန်မာနိုင်ငံတစ်နိုင်ငံလုံးတွင် ရှမ်းပြည်နယ်တောင်ပိုင်း၊  အောင်ပန်းမြို့၊
 ပြည်ထောင်စုလမ်းမကြီးဘေးတွင် လမ်းမမှကြည့်လျှင် မွေးမြူရေးနှင့်ရေလုပ်ငန်းဖွံ့ဖြိုး
တိုးတက်ရေးဘဏ် နောက်ခံဖြင့် တွေ့မြင်နိုင်ပါသည်။ ယခုအချိန်အခါသည် ပွင့်လင်း၍
စည်းကမ်းပြည့်ဝသောဒီမိုကရေစီစနစ်ဖြင့် သမ္မတကြီးဦးသိန်းစိန်အနေဖြင့် ပြည်သူလူထုအတွက် ဆောင်ရွက်လျက်ရှိသည်ဟုဆိုသော်လည်း ...အမှန်တကယ်လက်တွေ့အားဖြင့် လူအခွင့်အရေးနှင့်
ပတ်သက်၍ အောင်ခြေတွင် ပြုပြင်ပြောင်းလဲမှုမရှိကြောင်း လုပ်ဆောင်ရမည်များကို သေချာစွာကိုင်တွယ်ဆောင်ရွက်နိုင်ဖို့လိုအပ်လျက်ရှိကြောင်း အောင်ပန်းမြို့မှ နိုင်ငံရေးဝါရင့်
သမားများ......မှ ဝေဖန်လျက်ရှိနေကြပါကြောင်း တင်ပြလိုက်ပါသည်။
Posted: 19 Jul 2012 06:07 AM PDT
အမည်-ဒေါ်နန်းဝါ၀ါနု (ရှေ့နေ)
အဖအမည်-စိုင်းဦးဆိုင် (၂၀၀၅-ခုနှစ် ရှမ်းပြည်အတိုင်ပင်ခံကောင်စီ
ဖမ်းဆီးမှုတွင် ဗိုလ်ချုပ် ဆေထင်ကို အားပေးကူညီမှုဖြင့် ပုဒ် ၁၇(၁)တပ်ကာ
ထိန်းသိမ်းခံရသည်။ လပိုင်းအတွင်း ပြန်လွတ်မြောက်ခဲ့သည်။
တောင်ကြီးမြို့-သစ်တောရပ်ကွက်တွင် အနှိပ်ခန်းဖွင့်လှစ် နေထိုင်သည်။
အနှိပ်ခန်းသက်သက်မဟုတ်ဘဲ ပြည့်တန်ဆာခန်းပါ ပူးတွဲလုပ်ကိုင်သည်)
ခင်ပွန်းအမည်-ခွန်ဌေးနိုင်လော
နန်းဝါနုသည် ရှေ့နေလုပ်ငန်းဖြင့် အခကြေးငွေမယူပါဟုဆိုပြီး
တရားခံများဘက်မှ ပါဝါများကို ယူဆောင်သည်။ သို့သော် ရဲကြေး၊
တရားသူကြီးကြေး၊ ဆွဲချရှေ့နေအတွက်ဟု ဆိုကာ ငွေများကို တရားခံများထံ
ပြန်လည်တောင်းခံသော ထူးခြားသည့် တိုင်းရင်းသူ ရုပ်ရှည်ချောမောသည့်
ရှေ့နေမ တစ်ဦးဖြစ်သည်။ နန်းဝါနု နှင့် ကျားဖြူပါတီဥက္ကဌစိုင်းအိုက်ပေါင်း အတွင်းရေး
ဇာတ်လမ်းအသေးစိတ်သိရှိလိုပါက----
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
Posted: 19 Jul 2012 06:49 AM PDT
အာဇာနည်ဗိမာန် ၏ ယနေ့ ညနေ ၄ နာရီ မြင်ကွင်း
ဓါတ်ပုံ - ရာဇ၀င်
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ
၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့မှာ ကျရောက်တဲ့ ၆၅ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားမှာ နိုင်ငံရေးပါတီများ၊ ကျောင်းသူကျောင်းသားများနဲ့ အများပြည်သူလူထုမှ အာဇာနည်ဗိမာန်ကို လာရောက်ပြီး ကျဆုံးသွားတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်ကိုးဦးကို ဂါရဝပြုခဲ့ကြပါတယ်။
အာဇာနည်ဗိမာန်ကို လာရောက်တဲ့ လမ်းတလျှောက် ဆိုင်းဘုတ်တွေ၊ ပိုစတာတွေ၊ အလံတွေကို ကိုင်ဆောင်ကာ ငြိမ်းချမ်းစွာ စီတန်း လမ်းလျှောက်လာခဲ့ကြပါတယ်။ အာဇာနည်ဗိမာန်ရှေ့မှာတော့ အာဇာနည်ဗိမာန်အတွင်းကို ဝင်ရောက် ဂါရဝပြုမယ့် ပြည်သူလူထုတွေ အတွက် တားမြစ်ချက်တွေ၊ အသိပေးချက်တွေကို ဆိုင်းဘုတ်တွေ ထောင်ပြီး အသိပေး တားမြစ်ထားပါတယ်။
 ဒီကနေ့ အာဇာနည်နေ့မှာတော့ ရန်ကုန်မြို့နဲ့ အာဇာနည်ဗိမာန်ရှိရာ လမ်းတလျှောက် လုံခြုံရေးတွေကို တင်းတင်းကျပ်ကျပ် ချထားတာကို တွေ့ရှိခဲ့ရပါတယ်။ ၆၅ နှစ်မြောက် အာဇာနည်နေ့မှာတော့ ထူးထူးခြားခြား အဖြစ် နိုင်ငံတော် ဒုသမ္မတ စိုင်းမောက်ခမ်းဝ်ကိုယ်တိုင် အာဇာနည်ခေါင်းဆောင်ကြီးများကို တက်ရောက် ဂါရဝပြုခဲ့သလို ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက် ဂါရဝပြုခဲ့ပါတယ်။
Posted: 19 Jul 2012 05:10 AM PDT
By Eleven Media Group
သတင်း-ဓါတ်ပုံ - Eleven Media Group
၂၀၁၂ ဇူလိုင်၁၉ ရက်နေ့ တွင် ကျရောက်သော ၆၅နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ အာဇာနည်ဗိမာန်တွင် ကျင်းပခဲ့ကြောင်း သတင်း ရရှိပါသည်။
DSC_4101
ဒေါ်အောင်ဆန်းစုကြည် အာဇာနည်ခေါင်းဆောင်များကို ဂါရဝပြုနေစဉ်-သတင်း-ဓါတ်ပုံ - Eleven Media Group
 အဆိုပါ အခမ်းအနားကို နံနက် ၈နာရီတွင်ကျင်းပခဲ့ရာ အခမ်း အနားကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း တက်ရောက်ခဲ့ပြီး လွမ်းသူပန်းခွေချ အလေးပြုခြင်း ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် နိုင်ငံတော် အလံကိုတိုင်ဝက်သို့လျှော့ချ လွှင့်ထူကာ ဂုဏ်ပြုတပ်ဖွဲ့ဝင်များ က သေနက်မြှောက် အလေးပြုခြင်း စစ်ခရာအဖွဲ့က အလေးပြု ခရာမှုတ်ခြင်း ပြုလုပ်ခဲ့သည်။ တက်ရောက်လာသူများက အာဇာနည်ခေါင်း ဆောင်ကြီးများအား မေတ္တာပို့အမျှ ဝေရန် နှစ်မိနစ်ငြိမ်သက်စွာ ရပ်နေခဲ့ကြသည်။
ထို့နောက် အာဇာနည် ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်များက ဂူဗိမာန်အသီးသီးတွင် လွမ်းသူပန်းခွေချ ကန်တော့ခဲ့ကြပါသည်။ အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ် သူ ဒေါ်အောင်ဆန်းစုကြည်က ပန်းခြင်းသုံးခြင်းဖြင့် ကန်တော့ခဲ့ပြီး သားကြီးဖြစ်သူ ဦးအောင်ဆန်းဦး ကိုယ်စားမိသားစုဝင်တစ်ဦးက လွမ်းသူပန်းခွေချ ကန်တော့ခဲ့သည်။
ဆက်လက်၍ သခင်မြ၊ ဦဘချို၊ဦးဘ၀င်း၊ဦးမန်းဘခိုင်၊ မိုင်းပွန်စောဘွားစ၀်စံထွန်း၊ ဦးရာဇာတ်၊ ဦးအုန်းမောင်နှင့် ရဲဘော်ကိုထွေးတို့၏ မိသားစုဝင်များက အသီးသီးလွမ်းသူ ပန်းခွေချ ကန်တော့ခဲ့ကြသည်။       အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့၊တိုင်းဒေသကြီး လွှတ်တော်၊ပါတီ၂၀ကျော်နှင့် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ကြက်ခြေနီ၊မီးသတ်၊ သဘင်အစည်းအရုံး ၊ ဂီတအစည်းအရုံး၊ ရုပ်ရှင်အစည်းအရုံးနှင့် စာပေစာနယ်ဇင်းအဖွဲ့၊ ရိုးရာပန်းပညာရှင်များအသင်း စသည်တို့မှ တာဝန်ရှိသူများက လွမ်းသူပန်းခွေချ အလေးပြု ခဲ့ကြသည်။
DSC_3976
ဒုတိယ သမ္မတ ဒေါက်တာစိုင်းမောက်ခမ်း တက်ရောက်ဂါရဝပြုစဉ်-သတင်း-ဓါတ်ပုံ - Eleven Media Group
 ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး အပါအ၀င် သံရုံးအသီးသီးမှ သံအမတ်ကြီးနှင့် တာဝန်ရှိသူများမှ အာဇာနည် ခေါင်းဆောင်ကြီးများကို လွမ်းသူပန်းခွေများဖြင့် လာရောက် ဂါရ၀ ပြုခဲ့ကြသည်။
ယင်းနောက် အာဇာနည် ဗိတ်မာန်အား နံနက် ၁၀နာရီခွဲ နောက်ပိုင်း မှစ၍ သတ်မှတ်ထားသည့် စည်းကမ်းများအတိုင်း အများပြည်သူများကို ၀င်ရောက်ခွင့်ပြုခဲ့ပြီး ပြည်သူများက အာဇာနည် ခေါင်းဆောင်ကြီးများအား ဦးညွှတ် အလေးပြုခဲ့ကြသည်။
Eleven Media Group
 ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် လုပ်ကြံခံခဲ့ရသော အာဇာနည် ခေါင်းဆောင်ကြီးများ
စဉ်    အမည်ရာထူး
ဗိုလ်ချုပ်အောင်ဆန်း(၁၉၁၅-၁၉၄၇)            ၀န်ကြီးချုပ်
သခင်မြ(၁၈၉၇-၁၉၄၇)ပြည်ထဲရေးဝန်ကြီး
ဦးဘချို(၁၈၉၄-၁၉၄၇)ပြည်ထဲရေးဝန်ကြီး
ဦးရာဇာတ်(၁၈၉၈-၁၉၄၇)ပညာရေးနှင့် အမျိုးသား စီမံကိန်းဌာန၀န်ကြီး
ဦးဘ၀င်း(၁၉၀၁-၁၉၄၇)ထောက်ပံ့ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး
မန်းဘခိုင်(၁၉၀၃-၁၉၄၇)စက်မှုလက်မှုနှင့် အလုပ်သမား ၀န်ကြီးဌာန၀န်ကြီး
မိုင်းပွန်စော်ဘွား စ၀်စံထွန်း(၁၉၀၇-၁၉၄၇)အတိုင်ပင်ခံ တောင်တန်းဒေသရေးရာ ၀န်ကြီး
ဦးအုန်းမောင်(၁၉၁၃-၁၉၄၇)လမ်းပန်းဆက်သွယ်ရေး ဌာနအတွင်းဝန်
ရဲဘော်ကိုထွေး(၁၉၂၉-၁၉၄၇)                   ပညာရေးဝန်ကြီး၏ သက်တော်စောင့်
ကိုးကား။         ။ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ကြီးများ အတ္ထုပ္ပတ္တိ စာစောင် (၁၉၇၁)၊၂၀ ရာစု မြန်မာ့သမိုင်းကို ပြောပြနေသောနေ့စွဲများ စာအုပ်။
Posted: 19 Jul 2012 05:00 AM PDT
တနိုင်ငံလုံးတွင် ၆၅ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားများ နှင့် မြို့ တိုင်မှာရှိတဲ့
ဗိုလ်ချုပ်ကြေးရုပ် ၊ ဗိုလ်ချုပ်ကျောက်တိုင် စတဲ့ ဗိုလ်ချုပ်အောင်ဆန်း အမှတ်တရ
 နေရာများကို သွားရောက်အလေးပြုမှုများ၊ အများပြည်သူမှ ပြုလုပ်ခဲ့ကြပါတယ်။
စစ်ကိုင်းတိုင် မုံရွာမြို့ မှာတော့ ထူးထူးခြားခြား မုံရွာမြို့ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တွင် လုံခြုံရေးတင်ကြပ်စွာစောင့်ဆိုင်းနေပြီး မုံရွာဒေသခံလူငယ်များကိုလည်း လွမ်းသူ့ 
ပန်းခွေချခွင့် တားမြစ်ခဲ့ပါတယ်။
မုံရွာမြို့ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တွင် လုံခြုံရေးတင်းကြပ်စွာစောင့်ဆိုင်းနေသည်ကို တွေ့ရစဉ်
ဓာတ်ပုံ-မျိုးမင်းဦး 7Day News Journal
မုံရွာဒေသခံလူငယ်များလွမ်းသူ့ပန်းခွေချခြင်းအား တားမြစ်နေစဉ် ဓါတ်ပုံ - 7Day News Journal
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး(မုံရွာ)တွင်
အာဇာနည်နေ့အခမ်းအနားကျင်းပနေကြစဉ်
ဓါတ်ပုံ - 7Day News Journal
Posted: 19 Jul 2012 04:36 AM PDT
ပြီးခဲ့တဲ့ နှစ်က ဆန္ဒပြလယ်သမားများနှင့် အတူတွေ့ ရတဲ့ ရှေ့ နေ ကိုဖိုးဖြူ
ရန်ကုန်တိုင်း ဒေသကြီး ဒဂုံဆိပ်ကမ်း မြို့နယ်က လယ်သမား ၃၀၀ ကျော်ဟာ သူတို့လယ်တွေ အသိမ်းခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ပင်လယ်ကိုးသွယ် ကုမ္ပဏီရုံးရှေ့မှာ ဇူလိုင် ၂၀ ရက်နေ့ ဆန္ဒပြကြမှာဖြစ်ပါတယ်။
ဒီလ ၁၄ ရက်နေ့က  ရှေ့နေဖြစ်သူ ကိုဖိုးဖြူက ဒဂုံဆိပ်ကမ်းမြို့နယ် ရဲတပ်ဖွဲ့ကို ဆန္ဒထုတ်ဖော်ဖို့ စာတင်ခဲ့ရာမှာ သတ်မှတ်စည်းကမ်းချက် ၁၀ ချက်နဲ့ ခွင့်ပြုလိုက်တာ ဖြစ်တဲ့အတွက် လယ်သမားတွေက ဇူလိုင် ၂၀ ရက်နေ့မှာ ဆန္ဒပြကြမှာ ဖြစ်ပါတယ်။
၂၀၀၈ နဲ့ ၂၀၀၉ လောက်က လယ်သမားတွေရဲ့ လယ်ယာမြေဧက ၁ သောင်းကျော်ကို ကုမ္ပဏီတွေက စတင်သိမ်းယူခဲ့တာလည်း ဖြစ်ပါတယ်။ ၂၀၁၁ ဇန်န၀ါရီလတုန်းကလည်း အရှေ့ပိုင်းခရိုင်ရုံးမှာ လယ်သမား ၃၀၀ ကျော်ဟာလည်း လယ်ယာမှုခင်းတွေကို တင်သွင်းခဲ့သလို ဥပဒေပြု လွှတ်တော်ကိုလည်း တင်သွင်းခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။
ဒီလယ်သမားတွေဟာ ရန်ကုန် မြို့ရွာနဲ့ အိုးအိမ်ဦးစီးဌာနရှေ့မှာ ဆန္ဒပြခဲ့တဲ့အတွက်လည်း အဏာပိုင်တွေရဲ့ တရားစွဲဆိုတာကို ခံနေရပါတယ်။
ဆန္ဒပြရာမှာ ပါဝင်မယ့် လယ်ယာမြေ ၁၀ ဧကလောက် သိမ်းခံထားရတဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်က လယ်သမားကြီး ဦးလှကြိုင်က ဆန္ဒပြရတဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီးတော့ အခုလိုပြောပါတယ်။
“ဆန္ဒပြရတဲ့ အကြောင်းအရင်းက အဆင့်ဆင့် နေရာတွေနှံ့အောင် လယ်ယာမြေနဲ့ ပတ်သက်ပြီး အမှုတွေ လိုက်ထားတယ်။ တင်လည်း တင်ထားတယ်။ အခုအချိန်အထိ ဘာမှ ပြန်လည်ဖြေကြားခြင်း မရှိသေးဘူး။ အဲဒါကြောင့်မို့လို့ ဆန္ဒပြမှာ ဖြစ်ပါတယ်။”
လျှောက်ထားခဲ့စဉ်တုန်းက လယ်သမား ၉၀၀ ကျော်နဲ့ မနက် ၁၁ နာရီကနေ ညနေ ၃ နာရီအထိ ပါဝင်ဆန္ဒထုတ်ဖော်ဖို့ လျှောက်ထားခဲ့ပေမယ့် လယ်သမား ၃၀၀ နဲ့ မနက် ၁၁ နာရီကနေ နေ့လယ် ၁ နာရီအထိသာ ခွင့်ပြုခဲ့တယ်လို့ လယ်သမားအရေး ဆောင်ရွက်ပေးနေတဲ့ ကိုဖိုးဖြူက ပြောပါတယ်။
ဒီဆန္ဒပြပွဲခွင့်ပေးတာနဲ့ ပတ်သက်ပြီးတော့လည်း ကိုဖိုးဖြူက သူ့အမြင်ကို အခုလို ပြောပါတယ်။
“ဒီလူတွေရဲ့ အသံတွေဟာ လွှတ်တော်ကို တဖြည်းဖြည်းနဲ့ ရောက်ရှိနေရုံတင် မကဘဲ လွှတ်တော်ကလည်း ပြည်သူတွေရဲ့ အသံကို အလေးထား နားထောင်ပြီး ဥပဒေပြဋ္ဌာန်းပေးဖို့၊ စီမံခန့်ခွဲရေး ဆိုင်ရာဆုံးဖြတ်ချက်တွေ ချမှတ်ပေးဖို့၊ တောင်သူလယ်သမားတွေနဲ့ ဆိုင်တဲ့ နစ်နာလွန်းတဲ့ တရားမဲ့ လယ်သိမ်းခံရတာတွေကနေ လွတ်မြောက်အောင် ဆောင်ကျဉ်းပေးဖို့ လိုအပ်ပါကြောင်းပါဗျာ။”
ခွင့်ပြုတဲ့နေရာနဲ့ ခွင့်ပြုတဲ့အချိန်မှာ ခွင့်ပြုတဲ့ လျှောက်လွှာပါတဲ့သူတွေနဲ့ ဆန္ဒပြရာမှာ ပြုလုပ်သွားဖို့ သတ်မှတ်ထားတဲ့ ကြွေးကြော်သံတွေကိုသာ ကြွေးကြော်ဖို့ အသက်အန္တရာယ်တွေ ဖြစ်နိုင်တဲ့ တုတ်၊ ဓား၊ လက်နက်တွေ မယူဆောင်ဖို့လည်း သတ်မှတ်ထားပါတယ်။
ဒါ့အပြင် ခွင့်ပြုထားတဲ့ အကြောင်းအရာကနေ တခြားမလိုလားအပ်တဲ့ အရာတွေကို မပြုလုပ်ဖို့၊ ခွင့်ပြုထားတဲ့ ပင်လယ်ကိုးသွယ် ကုမ္ပဏီရုံးရှေ့ခန်းမနဲ့ တာရိုးပေါ်မှာပဲ ဆန္ဒပြဖို့၊ စုဝေးတဲ့နေရာက ပြည်သူပိုင်ပစ္စည်းတွေကို မဖျက်ဆီးဖို့လည်း ပါဝင်ပါတယ်။
ဆန္ဒပြရာမှာ ခွင့်ပြုထားတဲ့ ကြွေးကြော်သံတွေနဲ့ ပိုစတာတွေကတော့ ပြည်ထောင်စုလွှတ်တော်တို့ လွှတ်တော်၊ ပြည်သူ့အခွင့်အရေး ဖော်ဆောင်ပေး၊ တောင်သူလယ်သမားအရေး လွှတ်တော် ပြဋ္ဌာန်းပေး၊ လယ်ယာမြေခွဲဝေရေး ပြည်သူ့အရေးနဲ့ တောင်သူလယ်သမား အလုပ်သမား ဆေးရုံ ဆောက်လုပ် လှူဒါန်းခွင့်ပြုပါတို့ပဲ ဖြစ်ပါတယ်။
by ကို​ထွေး - ဒီဗွီဘီ
Posted: 19 Jul 2012 04:32 AM PDT
မြန်မာနိုင်ငံကို ဖြတ်ပြီး ဖောက်လုပ်နေတဲ့ တရုတ်ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းဟာ ဒေသခံတွေရဲ့ လယ်ယာမြေတွေ နစ်နာသလို သဘာဝပတ်ဝန်းကျင်ကိုလည်း ထိခိုက်ပျက်စီးနေတဲ့အတွက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့တွေက စိုးရိမ်နေကြပါတယ်။
ရခိုင်ပြည်နယ် ကျောက်ဖြူကနေ မြန်မာနိုင်ငံ အထက်ပိုင်းကိုဖြတ်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းကနေ တရုတ်နိုင်ငံ ယူနန်အထိ ဖောက်လုပ်နေတဲ့ သဘာဝဓာတ်ငွေ့လိုင်း ဟာ မြန်မာ နိုင်ငံ နေရာတော်တော်များများက သဘာဝပတ်ဝန်းကျင်တွေ ထိခိုက်ပျက်စီးနေတယ်လို့ မန္တလေး အခြေစိုက် စိမ်းရောင်စို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့က တာဝန်ရှိသူ တဦးက ပြောပါ တယ်။
သဘာဝဓာတ်ငွေ့ပိုက်လိုင်း (ဓာတ်ပုံ- ရိုက်တာ)
“သဘာဝဘေးမဲ့တော၊ ရွှေ စက်တော် ဘေးမဲ့တောတွေ ပါသွားတယ်။ တချို့ ဥပမာ နွားထိုးကြီး နယ်စပ်မှာ ရှိတဲ့ တရာသီလုံး သုံးလို့ရတဲ့ သုံးရေ၊ သောက်ရေ၊ တိရစ္ဆာန်တွေအတွက်လည်း သုံးရတဲ့ ရေကန်ကြီးတွေ၊ ဒါတွေကျတော့ အများပိုင် ဆိုတော့ လျော်စရာမလိုဘူးလေ။ အဲလို ရေကန်ကြီးတွေ ဖောက်ချသွား တယ်။ တပြားတချပ်မှလည်း မပေးဘူး။ ရေကန်ကြီးကို ကန်ဘောင်ကြီး ချိုးချသွားတဲ့အခါမှာ အဲ့နားက ဒေသခံတွေ စိုက်ခင်းမြေမှာလည်း ဒုက္ခရောက်သလို သောက်သုံးရေမှာလည်း ဒုက္ခရောက်ကုန်တယ်။ ဒီနှစ်မိုးခေါင်တော့ ပိုဆိုးတယ်။ ကန် ၂ ကန်၊ ၃ ကန် ကျနော်တို့တွေ့ခဲ့တယ်။”
“နောက်တခါ ပေါက်ရောက် သစ်ပင်၊ စိုက်ပျိုးထားတဲ့ သရက်၊ မန်ကျည်းကို နည်းနည်းလျော်တယ်။ ဘာလို့ဆိုတော့ ဒါတွေက အများကြီးပျက်စီးသွားတာ။ သူတို့က ဖြစ်နိုင်ရင် အများပိုင်ပုံစံလုပ်လိုက်တယ်၊ ပြီးတော့ ဖျက်ချသွားတဲ့အခါမှာ ရှိနေတဲ့ ပေါက်ရောက် သစ်ပင်ကြီးတွေကို ဘာမှ ပြန်လည် အစားထိုး ဆောင်ရွက်ပေးသွားတာ မရှိဘူး။ လုပ်ချင်တာလုပ်သွားတယ်။ ဘယ်သူ့မှ လျော်ကြေးပေးစရာမလိုဘူး. အများကြီး သဘာဝပတ်ဝန်းကျင်ကို ထိခိုက်သွားပြီ။ ဒါက လက်ငင်း ပိုက်လိုင်းချတဲ့ နေရာမှာ ထိခိုက်တာ၊ ဂက်စ်စလွှတ်ပြီဆိုတာနဲ့ ဂက်စ်ကို pressure pump တွေနဲ့ ထိန်းကြမယ်။ လေထဲမှာ ခွဲကြမယ်။ ဖြစ်လာမယ့် ယိုစိမ့်မှုအန္တရာယ်တွေ ဘာတွေဘယ်လို ပြင်ထားလဲ၊ လုပ်ထားလဲ၊ သူတို့အစီအစဉ်တွေဆိုတာ ပြည်သူလူထုနဲ့ အုပ်ချုပ်ရေးပိုင်းကို ဘာမှ ထင်သာမြင်သာရှိအောင် ပွင့်ပွင့်လင်းလင်းလုပ်ထားတာ ကျနော်တို့ မတွေ့ရဘူး။ နောက်ဆက်တွဲ စိုးရိမ်စရာတွေ အများကြီးပဲ။”
တရုတ်နိုင်ငံကို သွယ်တန်း ဖောက်လုပ်နေတဲ့ ရေနံနဲ့သဘာဝဓာတ်ငွေ့ ပိုက်လိုင်းဟာ မြေယာဆုံရှုံး နစ်နာတဲ့ တောင်သူတွေတင်မကဘဲ တနိုင်လုံးနဲ့ပါ သက်ဆိုင်နေပြီဖြစ်တဲ့အတွက် လေ့လာရေးတွေ လုပ်နေပြီး နစ်နာတာတွေကို ထုတ်ပြန်သွားမယ်လို့ ပြောသွားပါတယ်။
“စိမ်းရောင်စိုအနေနဲ့ ပိုက်လိုင်းဖြတ်သွားတဲ့ နေရာက ပြည်သူလူထုတွေရဲ့ ခံစားချက်တွေရယ်၊ ပိုက်လိုင်းဖြတ်သွားတဲ့ ကိစ္စဆိုတာဟာ မြေပါသွားတဲ့ လူတွေရဲ့ ကဏ္ဍတင်မဟုတ်တော့ဘူး။ တနိုင်ငံလုံးနဲ့ ဆိုင်တဲ့ ကဏ္ဍတခုလို့ ခံယူတယ်။ ဒါကြောင့် ကျနော်တို့ သဘောထားတခု စစ်တမ်းတွေ လုပ်နေပြီ။ ပိုင်ပိုင်နိုင်နိုင် မသိသေးဘဲ မပြောချင်တဲ့အတွက် စစ်တမ်းတွေလုပ်တာ တော်တော် များများ သိလာတဲ့ အချက်တွေ ရှိလာပြီ။”
ထင်ရှားတဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုပ်ရှားသူ ဦးဝင်းမျိုးသူကတော့ တရုတ်နိုင်ငံပိုင် သဘာဝဓါတ်ငွေ့နဲ့ရေနံ ပိုက်လိုင်းကြောင့် ကုန်းမြေတင်မကဘဲ ရေပေါ်ရေအောက် ပတ်ဝန်းကျင် ထိခိုက်ရတာတွေကို အခုလို ရှင်းပြပါတယ်။
“ပိုက်လိုင်းကြီးတခု ဖြတ်သွားပြီဆိုရင်တော့ လူထုရော၊ ပတ်ဝန်းကျင်ရေးရာတွေရော အများကြီး ခံစားရမှာပေါ့။ ပင်လယ်ကြမ်းပြင်က စဖြတ်တယ်ဆိုရင် အဲ့ဒေသမှာရှိတဲ့ ရေလုပ်ငန်းတွေ၊ သန္တာကျောက်တန်းတွေ၊ ဒါတွေ ထိခိုက်လား မထိခိုက်လား ဆန်းစစ်ရ မှာပေါ့။ ဖြတ်သွားတဲ့ နေရာမှာရှိတဲ့ နဂို ပတ်ဝန်းကျင်ရေးရာကို ကြည့်မှသိမှ ဖြစ်မယ်။ ကျနော်တို့ရထားတဲ့ သတင်းအချက်အလက်အရဆိုရင် ပိုက်လိုင်းဖြတ်သွားတဲ့ အတွက် ဒေသခံလုပ်ငန်းတွေနဲ့ ငါးဖမ်းလုပ်ငန်းတွေမှာ တော်တော် ဒုက္ခရောက်တယ်ဆိုတာ ဗီဒီယို မှတ်တမ်းတွေမှာ တွေ့ရတယ်။”
“မြေပေါ်ရောက်သွားတယ်ဆိုလည်း ဒီအတိုင်းပဲတွေ့ရတယ်။ သူတို့ကတော့ ပတ်ဝန်းကျင် ထိခိုက်မှု အနည်းဆုံးဖြစ်အောင် လုပ်တယ်လို့ပဲပြောတယ်။ သူတို့ထည့်မစဉ်းစားမိတဲ့အချက်၊ ကျနော်တို့ ကိုယ်တိုင် မစဉ်းစားမိတဲ့အချက် ပြီးခဲ့တဲ့ ၁ လက ဘာသွားတွေ့လဲဆိုတော့ ပိုက်လိုင်းဖြတ်သွားတော့ လယ်က ၂ ခြမ်းကွဲသွားတယ်။ ရွာက ၂ ခြမ်းကွဲသွားတယ်။ ဟိုဘက်ဒီဘက်ကူးဖို့၊ ကလေးတွေ ကျောင်းသွားတတ်ဖို့ ဟိုဘက်ရွာကို ဖြတ်သွားဖို့၊ လယ်ကိုသွားအလုပ်လုပ်ဖို့၊ အဲလို အခက်အခဲလေးတွေလည်းတွေ့ရတယ်။ ဒါတွေကို ထည့်သွင်းစဉ်းစားထားပုံမပေါ်ဘူးဗျ။”
မြန်မာနိုင်ငံမှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အုပ်စုတွေကနေ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို အစိုးရအဖွဲ့အစည်းတွေဆီကနေ တရားဝင် မရနိုင်သေးတဲ့ အတွက် နစ်နာဆုံးရှုံးတာနဲ့ ပတ်သတ်ပြီး အခက်အခဲတွေ အများကြီး ရှိသေးတယ်လို့လည်း ဦးဝင်းမျိုးသူ က ပြောဆိုသွားပါတယ်။
by မင်းလွင် - ဒီဗွီဘီ
Posted: 18 Jul 2012 09:38 PM PDT
တစ်နေ့ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်ဗိုလ်ချိုရပ်ကွက်မှာရှိတဲ့မြို့နယ်သားဖွားဆေးရုံ (ယခင်ဒေါ်ခင်ကြည်ဆေးရုံ)ကို ဇနီးဖြစ်သူ၏ သူငယ်ချင်းသားဖွားသဖြင့် သတင်းမေးရန်မိသားစုနှင့်အတူ ရောက်ခဲ့သည်။
ဆေးရုံမှာ ယခင်ပုံစံနှင့် မတူလွန်ခဲ့သော နှစ်နှစ်ခန့်က နိုင်ငံတော်မှပြန်လည်ပြုပြင်ထားပြီး သပ်သပ်ရပ်ရပ်ဖြစ်လျက်ရှိ သည်ကို တွေ့ရသည်။ဇနီးဖြစ်သူဆေးရုံထဲ သတင်းမေးစဉ်အပြင်မှာ ကျန်ခဲ့သော သားဖြစ်သူကဆေးရုံအမည်ကို အဘယ်ကြောင့် ဒေါ်ခင်ကြည်ဆေးရုံလို့ခေါ်တဲ့အကြောင်းဒေါ်ခင်ကြည်ဘယ်သူလဲဟု မေးလာခဲ့သည်။ ထိုအခါ ကျွန်တော်က သားဖြစ်သူအားဒေါ်ခင်ကြည်ဆိုတာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဇနီးမဟာသီရိသုဓမ္မ   ဒေါ်ခင်ကြည်ဖြစ်ကြောင်း၊ ဒေါ်ခင်ကြည်ကိုယ်တိုင်ဖွင့်လှစ်ပေးခဲ့လို့ ဒေါ်ခင်ကြည်ဆေးရုံလို့ ယခင်ကတည်းက ခေါ်တဲ့အကြောင်းရှင်းလင်းပြောကြားခဲ့ရသည်။
ယနေ့ထုတ်ဝေနေတဲ့  သတင်းဂျာနယ်အတော်များများတွင် အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းနှင့် သမီးဒေါ်အောင်ဆန်းစုကြည်တို့၏ ရုပ်ပုံများ၊သတင်းများကို မြင်တွေ့နေရသော်လည်း ဗိုလ်ချုပ်ဇနီးဒေါ်ခင်ကြည်နှင့်ပတ်သက် ၍ဖေါ်ပြချက်များအလွန်နည်းပါးကြောင်း တွေ့ရှိရပါသည်။
သို့ပါ၍ ကျွန်တော့်အနေဖြင့် ဗိုလ်ချုပ်အောင်ဆန်း၏ ပါရမီဖြည့်ဖက်ဒေါ်ခင်ကြည်နှင့်ပတ်သက်၍ လေ့လာသိရှိသမျှကို ရေးသား တင်ပြသွားပါမည်။ကျွန်တော်သည် အမေဒေါ်ခင်ကြည် မကွယ်လွန်မီ တစ်နှစ်ကျော်လောက်က  ဆရာသမား တစ်ဦးနှင့် အတူနေအိမ် တွင်သွားရောက်တွေ့ဆုံဂါရ၀ပြုဖူးပါသည်။ကျွန်တော့်ဘ၀တွင်အပျော်ဆုံးနေ့တစ်နေ့ဖြစ်ခဲ့သည်။အမေဒေါ်ခင်ကြည်သည် ခင်မင်စရာကောင်းပြီး ကြည်လင်သော မျက်နှာနှင့်မြင့်မြတ်သော နှလုံးသားပိုင်ရှင်တစ်ဦးဖြစ်ကြောင်း တွေ့ရှိရသည်။
အမေဒေါ်ခင်ကြည်နှင့် ပတ်သက်၍တင်ပြရလျှင် မဟာသီရိသုဓမ္မဒေါ်ခင်ကြည်အားခရစ်နှစ်  ၁၉၁၂-ခုနှစ်၊ ဧပြီလ(၁၆)ရက်နေ့ မိဘများ၊မိဘများဖြစ်ကြသောဦးဖိုးညှင်း-ဒေါ်ဖွားစုတို့က ဧရာဝတီတိုင်း၊ မြောင်းမြမြို့တွင်မွေးဖွားခဲ့ပါသည်။
 ၂၀၁၂ ဧပြီလ(၁၆)ရက်နေ့တွင်နှစ်(၁၀၀)တိုင်ခဲ့ပြီ ဗုဒ္ဓဘာသာဖြစ်သည်။ဗမာလူမျိုးဖြစ်သည်။ မွေးချင်း(၁၀)ယောက်တွင် အဋ္ဌမ ကြိမ်မြောက်ဖြစ်ပြီးရန်ကုန်မြို့ကြည့်မြင်တိုင်မြို့နယ် ABM High School (ယခု အ.ထ.က (၁)ကြည့်မြင်တိုင်)မိန်းခလေးကျောင်းတွင် စတင်ပညာသင်ကြားခဲ့ပြီးနောက်မော်လမြိုင်မြို့မော်တင်လိန်းဆရာအတက်သင်ကျောင်းသို့ တက်ရောက်ခဲ့သည်။
 မြောင်းမြမြို့ အမျိုးသားကျောင်း၌ ဆရာမအဖြစ် နှစ်အနည်းငယ်ကြာအမှုထမ်းခဲ့ပြီး။  မိမိ၏ ဗီဇနှင့်ပါရမီကိုက်ညီသော သူနာပြု ဆရာမအလုပ်ကိုလုပ်ကိုင်နိုင်ရန် ရန်ကုန်ဆေးရုံကြီးနှင့်ဒပ်ဖရင်ဆေးရုံတို့တွင် သူနာပြုသင်တန်းများ တက်ရောက်ခဲ့သည်။
သူနာပြုဆရာမသင်တန်းဆင်းပြီး ရှေးဦးစွာရန်ကုန်ပြည်သူ့ဆေးရုံကြီး၌သူနာပြုဆရာမအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ထိုစဉ်ကဒုတိယကမ္ဘာစစ်ကြီးဖြစ်ပွားရာ ကလကတ္တားသို့ လူနာအချို့အား ပြောင်းရွှေ့ပေးသောအဖွဲ့၌ စေတနာဝန်ထမ်းအဖြစ် ပါဝင်ခဲ့ပြီး စစ်မီးမကူးခင်အန္ဒိယမှမြန်မာနိုင်ငံသို့ နောက်ဆုံးသင်္ဘောဖြင့် ပြန်လည်လိုက်ပါလာခဲ့သည်။
 ၁၉၄၂ ခုနှစ်တွင် စစ်ကြီးအတွင်း မြန်မာနိုင်ငံ၌ ပထမဆုံးဆေးရုံကိုဖွင့်လှစ်ခဲ့သော  အဖွဲ့ဝင်တစ်ဦးအဖြစ် ရှေ့တန်းမှပါဝင်သည်။ ယင်းကာလမှာပင်သူနာပြုချုပ်အဖြစ်တာဝန်ထမ်းဆောင်နေစဉ်ဆေးရုံ၌ လူနာအဖြစ်ဆေးလာကုသောဗိုလ်ချုပ်အောင်ဆန်းနှင့်   တွေ့ဆုံမေတ္တာမျှခဲ့ပြီး ၁၉၄၂ ခုနှစ်စက်တင်ဘာ(၁၆) ရက်နေ့တွင် ထိမ်းမြားလက်ထပ်ခဲ့သည်။
ထိမ်းမြားလက်ထပ်ပြီးနောက်ပိုင်းတွင်လည်းခင်ပွန်းဖြစ်သူဗိုလ်ချုပ်အောင်ဆန်းအတွက် တာဝန်အကျေဆုံးပါရမီဖြည့်ဖက်ဖြစ်ခဲ့သည်။ အိမ်ထောင်သက် ငါးနှစ်အတွင်းသားနှစ်ယောက်သမီးတစ်ယောက်အပြင် သမီးကလေးတစ်ယောက် ထပ်မံထွန်းကားခဲ့သေးသည်။ ငါးရက်မျှရသေးချိန်တွင် ကွယ်လွန်သွားခဲ့သည်။ခင်ပွန်းဖြစ်သူကွယ်လွန်ပြီးနောက်တွင်လည်း   နိုင်ငံတော်အတွက် တာဝန်များထမ်းဆောင်ခဲ့ရာ  ၁၉၄၇- မှ၁၉၅၂ ခုနှစ်အထိလွှတ်တော်အမတ်ဖြစ်ခဲ့သည်။
၎င်းနောက် ၁၉၅၀ ခုနှစ်များတွင်လည်း မြန်မာအမျိုးသမီးများအသင်းဥက္ကဋ္ဌနှင့်အခြားသော လူမှုအဖွဲ့အစည်းများတွင်လည်း   ခေါင်းဆောင်ဖြစ်ခဲ့ကြောင်းလေ့လာသိရှိရသည်။ ၁၉၆၀ ခုနှစ်တွင် အိန္ဒိယနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီးအဖြစ်ခန့်အပ်ခြင်းခံရပြီး နီပေါနိုင်ငံသံအမတ်ကြီးအဖြစ်လည်းကောင်းပူးတွဲ တာဝန်ပေးအပ်ခြင်းခံရသည်။
ထို့အပြင် ဒေါ်ခင်ကြည်သည် လူမှုရေးလုပ်ငန်းများ၌ထူးသောပါရမီရှင်တစ်ဦးဖြစ်ခဲ့ရာ ၁၉၄၇ ခုနှစ်မှ ၁၉၅၃ ခုနှစ်အထိမိခင်နှင့်ကလေးများစောင့်ရှောက်ရေးဘုတ်အဖွဲ့ညွှန်ကြားရေးဝန်အဖြစ်လည်းကောင်း၊  နိုင်ငံတော်အစိုးရ လူမှုစီမံကိန်းကော်မရှင်က ၁၉၅၈ ခုနှစ်အထိ သဘာပတိ၊ သူနာပြုနှင့် ၀မ်းဆွဲဆရာမအသင်းနာယကအဖြစ်လည်းကောင်း တာဝန်ယူဆောင်ရွက်ပေးခဲ့သည်။
 ပြည်ထောင်စု လူမှုဝန်ထမ်းကောင်စီတွင် ၁၉၅၂ ခုနှစ်မှစ၍ ဥက္ကဋ္ဌ၊ကိုယ်ဝန်ဆောင်နှင့် ကလေးစောင့်ရှောက်ရေး အမျိုးသားကောင်စီ တွင် ၁၉၅၄ မှစ၍ဥက္ကဋ္ဌ၊ ကလေးသူငယ်များ စောင့်ရှောက်ရေး ကောင်စီတွင်ဥက္ကဋ္ဌ၊စာရိတ္တမြှင့်တင်ရေး၊ ကျန်းမာရေးအဖွဲ့တွင် ဥက္ကဋ္ဌ၊ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသမီးများအသင်းတွင် ၁၉၅၃ ခုနှစ်မှစ၍ ဒုတိယဥက္ကဋ္ဌ၊ မိခင်နှင့် ကလေးများ စောင့်ရှောက်ရေး အသင်းများတွင် ဥက္ကဋ္ဌ၊ အမျိုးသားသတင်းထောက်အဖွဲ့တွင်မင်းကြီးချုပ် အငယ်တန်းကြက်ခြေနီသူနာပြု အသင်းတွင်ညွှန်ကြား ကြားရေးဝန်၊ မြန်မာနိုင်ငံသူနာပြုတပ်တွင် ၁၉၅၂မှစ၍အမျိုးသမီးအုပ်ချုပ်ရေးမှူး စသည့်တာဝန်များထမ်ဆောင်ခဲ့သည့်ပြင် ၁၉၅၃ခုနှစ်၊ ဇန်န၀ါရီ(၂၅)နေ့တွင် ကျင်းပသော လူမူဝန်ထမ်း ညီလာခံတွင်ဧည့်ခံကော်မတီဥက္ကဋ္ဌအနေဖြင့် မိန့်ခွန်းပြောကြား ခဲ့ရာတွင်` စစ်ပြီးကမ္ဘာအရပ်ရပ်တွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို တိုင်းပြည် အသီးသီး၌လုပ်ဆောင်ရာမှာ စီးပွားရေးနှင့် လူမှုရေးရာများကို တစ်ချိန်တည်းစတင်လုပ်ကိုင်နေသည်ကို တွေ့ရသည်။
 စစ်ပြီး ပြည်တွင်းစီးပွားရေး ပျက်ပြားမှုကြောင့် လူမှုရေးပြဿနာအမျိုးမျိုးပေါ်ပေါက်လျက်ရှိရာ ဤလူမှုရေးပြဿနာ အမျိုးမျိုးတို့ကို ယင်းညီလာခံသို့တက်ရောက်လာသူများနှင့် ဧည့်သည်တော်များပါ ၀ိုင်းဝန်း၍ဖြေရှင်းရန်တာဝန်ရှိလာပါကြောင်း တချို့သောပြဿ နာများကိုကာကွယ်စောင့်ရှောက်ပေးခြင်းဖြင့် တိုင်းပြည်လူထုသို့ အန္တရာယ်မဖြစ်စေရန်ဆောင်ရွက်ရာမှာနိုင်ငံတော် အစိုးရကိုသာ လုံးဝအားကိုးရာ မဖြစ်နိုင်ပါ။တိုင်းပြည်လူထုကပါ ၀ိုင်းဝန်းကူညီရပါမည်ဟု ထည့်သွင်းပြောကြားခဲ့ကြောင်းလေ့လာသိရှိရ ပါသည်။
ဗိုလ်ချုပ်ကွယ်လွန်ပြီးနောက်ပိုင်းတွင် ဒေါ်ခင်ကြည်သည်သူ့မိသားစုနှင့်အတူခြိုးခြိုးခြံခြံနေထိုင်ပြီးတက္ကသိုလ်ရိပ်သာ လမ်း ရှိခြံအတွင်း၌ သီးပင်စားပင်၊ ပန်းအလှပင်များကို ဈေးဖိုးကာမီအောင်စိုက်ပျိုး၍ ခင်ပွန်းဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးစဉ်က အာဇာနည်ကြီးများရဲ့ ဇနီးကိုထောက်ပံ့ခဲ့သည်။
ပင်စင်လစာနှင့် ၎င်း၏ သံအမတ်ကြီးပင်စင်လစာ၊ နိုင်ငံဂုဏ်ရည်ပင်စင်နှင့်အစိုးရလုပ်သက်ပင်စာလစာများနှင့် လုံလောက်စွာ   နေထိုင်စားသောက်ခဲ့ပြီးနိုင်ငံတော်မှ မဟာသီရိသုဓမ္မဘွဲ့ချီမြှင့်ခြင်းခံရကာ ၁၉၈၈ ခုနှစ်ဒီဇင်ဘာ(၂၇)နေ့တွင် ကွယ်လွန်ခဲ့ပြီး ကွယ်လွန်ရာတွင်အသက်(၇၆)နှစ်ဖြစ်ကြောင်း ရေးသားတင်ဆက် အပ်ပေသည်။
တင့်လွင်
by Myit Makha Mediagroup
Posted: 18 Jul 2012 09:36 PM PDT
ဖုန်းဘီလ်စနစ်မှ ငွေဖြည့်ကဒ်စနစ်သို့ ပြောင်းလဲအသုံးပြုနေသော မိုဘိုင်းဖုန်းကဒ်အချို့၏ ညပိုင်းဖုန်းခေါ်ဆိုခမှာကျပ်ငွေ (၅၀)အပြည့် ပေးဆောင်နေရကြောင်း သုံးစွဲသူများထံက သိရှိရသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ညပိုင်းမိုဘိုင်းသုံးစွဲခများအား မတ်လ (၁၄) ရက်နေ့မှ စတင်၍ ည (၁၁)နာရီမှ နံနက် (၆) နာရီအတွင်း တစ်မိနစ်လျှင် (၂၅) ကျပ်နှုန်းဖြင့် သုံးစွဲခွင့် လျှော့ချပေးခဲ့ကြောင်း သိရှိရသည်။
''ဘီလ်စနစ်ကနေ ကဒ်စနစ် ပြောင်းပြီး နှစ်ရက်သုံးရက်လောက် ညပိုင်း (၁၁)နာရီခွဲလောက် ဖုန်းအမြဲပြောဖြစ
...
No comments:
Post a Comment
Related Posts Plugin for WordPress, Blogger...