Tuesday, January 31, 2012

ဥပဒေစာအုပ်စင်

  • ကျေးဇူးရှင် ညီနောင်များခင်ဗျား ကျနော်တို့ နိုင်ငံရေးနဲ့ ပတ်သက်ပြီး အသိပညာတိုးတက်ဖို့ အဓိကလုပ်ဆောင်နေတဲ့ နိုင်ငံရေးစာအုပ်စင်၊ဥပဒေစာအုပ်စင်၊ လူ့ အခွင့်အရေးစာအုပ်စင် အစရှိတာတွေကို ကျေးဇူးပြု၍ လက်လှမ်းမှီသလောက်ဖြန့် ဝေပေးပါခင်ဗျား။
  • နိုင်ငံရေးအကျဉ်းစား လွတ်ငြိမ်းချမ်းသာခွင့်နှင် ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေ။

ဒီမိုကရေစီခရီး နီးအောင်ပင်လှမ်း

by Padauk Myay on Tuesday, January 31, 2012 at 4:23pm
 
မောင်ဝံသ
(၂၀၁၂ခုနှစ် ဇန်နဝါရီလ (၂၆)ရက်နေ့ထုတ် ပြည်သူ့ခေတ် ဂျာနယ်မှာ ဖော်ပြထားတဲ့ ဆောင်းပါး ဖြစ်ပါတယ်။ )
နှစ်သစ်မှာ ပထမဆုံး ထွက်ပေါ်လာခဲ့တဲ့ သမ္မတရဲ့ လွတ်ငြိမ်း ချမ်းသာခွင့် အမိန့်ကြောင့် အတော်ကလေး စိတ်ပျက် လက်ပျက် ဖြစ်သွားခဲ့တဲ့ ကျွန်တော်တို့ တစ်တွေ ပထမ အမိန့်ထွက်ပြီး ရက်သတ္တ နှစ်ပတ်တောင် မကြာသေးတဲ့ အချိန်မှာ ထပ်မံ ထွက်ပေါ်လာတဲ့ လွတ်ငြိမ်း ချမ်းသာခွင့် အမိန့်နဲ့ နောက်တစ်နေ့မှာ ကြားရ မြင်ရတဲ့ အဖြစ်အပျက်တွေကြောင့် တကယ့်ကို လှိုက်လှိုက် လှဲလှဲ ဝမ်းမြောက် ဝမ်းသာ ဖြစ်ခဲ့ရတယ်ဗျာ။ ယခု ဇန်နဝါရီ ၁၃ ရက်မှာ လွှတ်လိုက်ပုံက အစုလိုက် အပြုံလိုက် လွှတ်လိုက်တာ ဆိုတော့ ပျော်စရာတောင် ကောင်းသေးလို့ ပြောရမလို ဖြစ်နေတယ်။

သူယုတ်မာများ

by Wai Maw on Tuesday, January 31, 2012 at 11:51am

ကျွန်တော်တို့ မြန်မာနိုင်ငံသူနိုင်ငံသားများသည် နှစ်ပေါင်းကြာရှည် ပြည်သူ့နီတိ မသိသော၊ ကိုယ်ကျင့် တရားဆိုတာ ဘာမှန်းမသိသော၊ လူ့အခွင့်အရေး ဟူသည်ကို လုံးဝနားမလည်တာလား၊ နားမလည်ချင် ယောင်ဆောင်တာလား အသေအချာ မပြောတတ်သော ၊ သူတော်ကောင်းလိုလို ၊ သူယုတ်မာလိုလို ပုဂ္ဂိုလ်ကြီးငယ်များ၏ အုပ်ချုပ်မူ အောက်တွင် ယုန်သူငယ်လေးများအဖြစ် နေခဲ့ရသည်မှာ ယခုဆိုလျှင် ယုန်ကြီးများပင် ဖြစ်ကုန်ကြပါပြီ။

Monday, January 30, 2012

မြောက်ပိုင်းကျောင်းသားတပ်မတော်တွင် ဖမ်းဆီးခံရသော သူလျှိုများနှင့်ပတ်သက်ပြီးကျောင်း သားတပ်မတော် ဥက္ကဌ၏ သတင်းစာရှင်းလင်းပွဲ (ဒေါက်တာနိုင်အောင်)

ကချင်ပြည်နယ်ကို တလသွားရောက်သွားခဲ့ပြီးနောက် စစ်အာဏာရှင်အစိုးရ၏ရက်စက်မှုကို ယခင်က ထက်ပိုပြီး ခါးသီးမုန်းတီးမိပါသည်။ မြောက်ပိုင်းတွင်ဖမ်းဆီးခံရသူတို့ ၏ ထွက်ဆိုချက်များ သက်သေခံ ပစ္စည်းများကို ဖတ်ရှုခဲ့ရပါသည်။

အထူးသဖြင့် နအဖ၏ အဓိက ဖိနှိပ်ရေးယန္တရားတခုဖြစ်သောအမျိုးသားထောက်လှမ်းရေးဗျူရိုတွင်အဓိက တာဝန်ရှိပါသည်။ အတိုက်အခံအဖွဲ့ များအကြားသပ်လျှိုရန်၊အထင်အမြင်မှားစေရန်အတွက် စနစ်တကျ စီမံထားသောအစီအမံများစီမံထားပြီးဖြစ်သည်။ နအဖသည်သတင်းပေးများ ထောက်လှမ်းရေးများကို ရည်ရွယ်ချက်မျိုး စုံဖြင့် အသုံးချခဲ့သည်။

ညီအကိုချင်းပေးစာ ( သို့ ) သံဒုတ်မှ သံခဲသို့ (သို့) သံခဲရေ - မင်းခေါင်းဖြတ် ခံနေရအုံးမယ်၊ ( သံဒုတ် )

by Yeyint Kyaw on Sunday, January 29, 2012 at 1:30am

( သံဒုတ် )


တောခိုတော့မယ်လို့ မိဘတွေကိုပြောတော့ အဆိုးအကောင်း ဘာမှ မပြောကြပါဘူး။ မိဘနှစ်ယောက်စလုံးကို ဦးချကတော့တယ်။ သူတို့ပေးတဲ့ လမ်းစရိတ်ကို ယူလိုက်တယ်။ အဖေက  " တော်လှန်ရေးဆိုတာ သေတတ်တယ်နော် ငါ့သား"  " လုပ်ရင်လဲ ပြီးအောင်ထိလုပ် " ဆိုပြီးပြော ရှာတယ်။ အမေကတော့ စိုးရိမ်စိတ်နဲ့ " ဖြစ်ပါ့မလား ငါ့သားရယ် " လို့ဆိုတာ မင်းမှတ်မိလား။

အဖေပြောတဲ့ အတိုင်း တော်လှန်ရေးက သေတတ်တယ်ဆိုတာ တကယ်ပဲ။ မြောက်ပိုင်းက ကျောင်းသား ရဲဘော်တွေ တော်တော် ဆိုးဆိုးဝါးဝါးကို ကြူံတွေ့ခဲ့ရတယ်ကွာ။ ရင်ထုမနာပဲဟေ့။ အခုထိကို သူလျှိုဆိုပြီ စွတ်ဆွဲနေတုန်းပဲဟေ့။ မလုပ်ကောင်းပါဘူးကွာ။

လူမိုက်ကြီး၏ သံဝေဂစကား

by Win Ko on Saturday, January 28, 2012 at 7:15pm
 
တော်လှန်ရေးနယ်မြေတခု၏ အခန်းကျဉ်းလေးထဲတွင် ဦးလေးနှင့်ကျနော် မထင်မှတ်ဘဲ ဆုံတွေ့ခွင့်ရရှိခဲ့သည်။ ရှေးဘဝရေစက်လားတော့ မသိ။ သူ၏ သွန်သင်ဆုံးမသံများမှာ ယနေ့တိုင် အမှတ်ရနေဆဲ။ ခွန်အားများ ပြည့်ဝ နေဆဲဖြစ်သည်။ ဦးလေး၏ အရပ်အမောင်းက ၆ ပေနီးပါး၊ အသားညိုတုတ်တုတ်နှင့် အလွန်ခိုင်မာတောင့်တင်း လှသည်။ အသံဝဲဝဲနှင့်မို့ တိုင်းရင်းသားတဦးဆိုသည်ကိုတော့ ကျနော်ရိပ်မိလိုက်သည်။ ဦးလေးနှင့် စကားပြော ဆိုခွင့်မရသေး။ အခြေအနေတို့ကို စောင့်ကြည့်နေရသည်။

30.01.2012 နေ့ဖတ်ရန်သတင်းများ

by Myanmar Journal on Monday, January 30, 2012 at 11:38am
 
 
သမ္မတ ဆာကိုဇီသမ္မတ ဆာကိုဇီ ရဲ့ စီးပွားရေး အကြံပြုချက်

ပြင်သစ်သမ္မတ နီကိုလပ်စ် ဆာကိုဇီ က လာမယ့် သြဂုတ်လ က စလို့ ငွေကြေးလွှဲပြောင်းမှု မှန်သမျှ အပေါ် မှာ သုံည ဒဿမ တစ် ရာခိုင်နှုန်း အခွန် ကောက်ခံရေး စီစဉ်မယ့် အကြောင်း အတည်ပြု ပြောကြားလိုက်ပါပြီ။
ပြင်သစ်သမ္မတ ရွေးကောက်ပွဲ ကလည်း သုံးလပဲ လိုတော့ပြီး လူထုသဘောထား ကောက်ခံမှု အရလည်း သူ့ အခြေအနေ မကောင်းတာ တွေ့နေရပါတယ်။

- တော်လှန်ရေးနှင့် တော်လိမ်ရေး

by Wai Maw on Monday, January 30, 2012 at 10:25am
-ဦးဖိုးသာအောင် -29-1-2012

အင်္ဂလိပ်ကိုလိုနီတော်လှန်ရေး၊ ဖက်ဆစ်ဂျပန်တော်လှန်ရေး၊ အရင်းရှင်တော်လှန်ရေး၊ စစ်အာဏာရှင် တော်လှန်ရေး၊ ဒီမိုကရေစီ တော်လှန်ရေး၊ တော်လှန်ရေး တော်လှန်ရေး တော်လှန်ရေးပေါင်းများစွာကို မြန်မာလူထုတွေ ဆင်နွှဲခဲ့ကြရသည်၊ ဆင်နွှဲဆဲလည်းဖြစ်သည်။

တော်လှန်ရေးဆိုသည်မှာ မည်သည့်အခါမှာ ပြီးဆုံးမည်နည်း၊

မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ ( အပိုင်း-၇-)

by Aung Moe Win on Saturday, January 28, 2012 at 1:49pm
 
ကိုထွန်းအောင်ကျော် ကျဆုံးအပြီး နောက်တနှစ် ၁၉၉၃ နှစ်ပတ်လည်နေ့မှာ၊ ကိုထွန်းအောင်ကျော်ကို လေးစားချစ်ခင်တဲ့ ရဲဘော်များနဲ့ သူ့မိသားစုတွေက မန္တလေးမှာ နှစ်လည်ဆွမ်းကျွေးခဲ့ပါတယ်။ တချို့က ငွေကြေးအကူအညီပေးဖို့ ပိုက်ဆံကောက်ကြပါတယ်။ အကွက်ခြောင်းနေတဲ့ စစ်ထောက်လှမ်းရေးတွေကလည်း “ ဟာ ဒီမိုကရေစီ လှုပ်ရှားမှုအတွက် တကယ်တန်ဘိုးရှိတဲ့ ခေါင်းဆောင် တယောက် ကျဆုံးသွားတာ ဝမ်းနည်းစရာပဲ၊ ဂျီတီအိုင် ကျောင်းရှေ့မှာ သူ့ရဲ့ ရုပ်ထုကို ထုပေးရမယ်” လို့ပြောဆိုပြီး သူတို့ကလည်း ငွေကြေးထည့်ချင်သလိုလို လုပ်ပါတယ်။ ကျောင်းသားတွေက “ စစ်ထောက်လှမ်းရေးတွေဟာ ကျောင်းသားလှုပ်ရှားမှု အားနည်းချက်ကို အသုံးချပြီး သပ်လျှိုဖြိုခွဲ အပုပ်ချတော့မယ်” ဆိုတာကို ရုတ်ချည်းနားလည်လိုက်ကြပါတယ်။ သူတို့တတွေပြောခဲ့တာရှင်းရှင်းလေးပါ။

တာဝန်သိတတ်မှ တာဝန်ယူရဲမည်



ဖော်ပြပါ စာသားလေးမှာ ဆရာတော် တစ်ပါး၏ ဟောကြား ချက်မှ ဖြစ်ပါသည်။ နှစ်သက်လှ သဖြင့် ခေါင်းစဉ်ပြုကာ ရေးသားခြင်း ဖြစ်ပါသည်။ ကျွန်တော်တို့ ဘိုး၊ ဘွားလက် ထက်မှ ကျွန်တော်တို့ လက်ထက် တိုင် မြန်မာ့လူ့အဖွဲ့အစည်းတွင် ရှေး ရိုးဆန် အယူအဆ တစ်ရပ်ကို တွေ့ ရပါသည်။ ယင်းအယူအဆမှာ မိသားစု တစ်စုတွင် အဖေနှင့်အမေ ကသာ အိမ်ထောင်၏ စားဝတ်နေ ရေးအတွက် တာဝန် ယူလျက်ရှိပါ သည်။ အဖေနှင့်အမေကသာ တာဝန် သိပြီး တာဝန်ယူသော အလေ့အထ ဖြစ်ပါသည်။ ငွေရှာရသူက အဖေ၊ ချက်ပြုတ် ကျွေးမွေးသူက အမေဖြစ်ပါသည်။ သားသမီးများက အေးအေးဆေးဆေး နေနိုင်ကြပါသည်။ (နေလည်းနေကြ ပါသည်) အိမ်၏ အခက်အခဲ မှန် သမျှကို မိဘနှစ်ပါးက တာဝန်ယူ ဖြေရှင်းပေးလေ့ရှိပါသည်။ သားသမီး များကို အလွန်ချစ်သောစိတ်ဖြင့် သား သမီးတွေ စိတ်အားမငယ်ရအောင် ထားတတ်ကြပါသည်။

တောင်ပိုင်း မှ ထုတ်ပြန်ထားခဲ့သော ကြေငြာချက် ၂ ခုအပေါ် သုံးသပ်ချက်

Zaw Lin edited a doc.
၁၉၉၁ - ၁၉၉၂ ခုနှစ် ABSDF မြောက်ပိုင်း ပါချောင် စခန်းတွင် လူ ၁၀၀ ခန့်အား နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) ၏ စစ်ထောက်လှမ်းရေးများ ဖြစ်သည်ဟူသော စွပ်စွဲချက်ဖြင့် ဖမ်းဆီး စစ်ဆေးပြီး လူ (၃၅) ခန့် သေခဲ့ရသော ဖြစ်ရပ်ဆိုးကြီး တစ်ခု ဖြစ်ပွားခဲ့ပါသည်။ သေဆုံးသွားသူ ၃၅ ခန့်တွင် ၁၅ ယောက်အား ၁၉၉၂ ခုနှစ် ဖေဖဝါရီ ၁၂ ရက်နေ့တွင် သေဒဏ်ပေးကာ ခေါင်းဖြတ် သတ်ဖြတ်ခဲ့ပြီး၊ အခြားသေဆုံးသူများမှာ တစ်ဦးခြင်း သတ်ခံရခြင်းနှင့် ဖမ်းဆီး နှိပ်စက်နေစဉ် ကာလအတွင် သေဆုံးသွားခဲ့သူများ ဖြစ်ပါသည်။ ကျန်သော သူများမှာ ၁၉၉၂ ခုနှစ် မေလကုန်ပိုင်းတွင် ထွက်ပြေးလွတ်မြောက် ခဲ့ကြပါသည်။ ထိုကဲ့သို့ လူမဆန်သော ရက်စက်မှုများအတွက် ဖေဖဝါရီ ၁၂ တွင်း လူ ၁၅ ယောက်အား ခေါင်းဖြတ် သတ်ဖြတ်ခဲ့အပြီးအတွင် .. ၂ ခြမ်းကွဲနေသော ABSDF တောင်ပိုင်းမှ ခေါင်းဆောင် ၂ ဦးဖြစ်ခဲ့သော ကိုမိုးသီးဇွန်နှင့် ဒေါက်တာနိုင်အောင်တို့ ထုတ်ပြန်ချက် ၂ စောင်အား ထုတ်ပြန်ကြေငြာခဲ့ကြပါသည်။

Sunday, January 29, 2012

29.01.2012 နေ့ဖတ်ရန်သတင်းများ

by Myanmar Journal on Sunday, January 29, 2012 at 7:27am
 
 
အာဖဂန် သမ္မတ ဟာမစ် ခါဇိုင်း 
အာဖဂန်က ပြင်သစ်တပ်တွေ တနှစ်စော ရုပ်သိမ်းတော့မယ်

ပြင်သစ်နိုင်ငံဟာ အာဖဂန်နစ္စတန်မှာ ချထားတဲ့ သူတို့တပ်ဖွဲ့ဝင် သုံးထောင်ခြောက်ရာ ကိုပြန်ရုပ်သိမ်းမယ့် အစီအစဉ်ကို ပိုပြီး မြန်ဆန်အောင် ဆောင်ရွက်နေပါတယ်။
NATO မြောက်အတ္တလန်တိတ်စာချုပ်အဖွဲ့က ဦးဆောင်တဲ့တပ်ဖွဲ့ဝင်တွေကိုပြန်ရုပ်သိမ်းဖို့ သတ်မှတ်ထားတဲ့ အချိန်ထက်တနှစ်စောပြီး ၂၀၁၃ ခုနှစ်အကုန်မှာ ပြင်သစ်တပ်ဖွဲ့တွေ အားလုံးကို ပြန်ရုပ်သိမ်းမယ်လို့ ပြင်သစ် သမ္မတ Nicolas Sarkozy ကပြောပါတယ်။

နှစ် ၂၀ ကျော်ကာလ (၁၉၈၈-၂၀၁၀) အတွင်း မြန်မာနိုင်ငံ ဆင်းရဲမွဲတေခြင်းနှင့် အနောက်အုပ်စု၏ စီးပွားရေး ပိတ်ဆို့မှု

by Moe Thout on Tuesday, January 24, 2012 at 3:43am
               ၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီလ ၂၀ ရက်ထုတ် "The Washington Post" သတင်းစာမှာ မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံမေးမြန်းခန်းကို ဖတ်လိုက်ရတယ်။ ထိုသတင်းစာနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ သမ္မတ ဦးသိန်းစိန်က မြန်မာနိုင်ငံမှာ ဆင်းရဲမွဲတေမှုနှုန်း ၂၆%၊ ပြည်တွင်းအလုပ်လက်မဲ့ဦးရေနှုန်းထားဆိုးရွားမှုနှင့် မြန်မာနိုင်ငံသူ နိုင်ငံသား ၃ သန်းနီးပါး ပြည်ပထွက် အလုပ်လုပ်ကိုင်ကြရတာဟာ နှစ်ပေါင်း ၂၀ ကျော်ကြာ အနောက်နိုင်ငံမှ မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုကြောင့်လို့ ပြောဆိုသွားခဲ့ပါတယ်။ ယခုလို သမ္မတ၏ ပြောဆိုမှုနဲ့ ပတ်သက်ပြီး ကျနော့အတွေးထဲမှာ မေးခွန်းတချို့ထွက်ပေါ်လာပါတယ်။ ၁၉၈၈ ခုနှစ် လူထုအုံကြွမှုနောက်ပိုင်း စစ်အုပ်စုအာဏာသိမ်းပြီးချိန်မှ စတင်လျှင် ယနေ့အချိန်ထိ နှစ်ပေါင်း ၂၀ ကျော်ကာလအတွင်း မြန်မာနိုင်ငံဟာ လက်ရှိအခြေအနေတိုင် ဆင်းရဲတွင်း နက်သထက် နက်ခဲ့ရပြီး ချွတ်ခြုံကျခဲ့ရခြင်းဟာ လက်ရှိ မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်သုံးသပ်သလိုပဲ Sanction နဲ့ တိုက်ရိုက်ပတ်သက်သလား။

Saturday, January 28, 2012

ခေါင်းဆောင် (Leader) ခေါင်းဆောင်မှု (Leadership) တို့နှ့င့်ပတ်သက်၍ လေ့လာချက်အချို့ (အပိုင်း ၁)

by Nay Oo-People on Tuesday, January 17, 2012 at 8:26am
  • လူတွေဟာသူတို့ရဲ့စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာဆန္ဒတွေကို ဖြည့်ဆည်းပေးနိုင်ဘို့ ခေါင်းဆောင်တွေကို ရွေးချယ်ကြပါတယ်။ရွေးချယ်ကြတဲ့အခါမှာ-သူတို့ရင်ဆိုင်ကြုံတွေ့နေရတဲ့ စိတ်ပိုင်းရုပ်ပိုင်း ဆိုင်ရာအကြပ်အတည်းတွေက လွတ်မြောက် ကျော်လွားနိုင်ဘို့၊ သူတို့ကိုလမ်းမှားမရောက်သွားအောင် ဦးဆောင်မှပေးနိုင်ဘို့၊ အဲဒီခေါင်းဆောင်မှုရဲ့အောက်မှာ လုံခြုံအေးချမ်းမှုရရှိပြီး သူတို့အရည်အချင်း အရည်အသွေးတွေ တိုးတက်မြင့်မားလာစေဘို့၊  စည်းစိမ်ဥစ္စာကြွယ်ဝချမ်းသာလာစေ ဘို့၊ နောက်ဆုံးစိတ်ပိုင်းဆိုင်ရာ တောင်းဆိုမှုတွေဖြစ်တဲ့ သူတို့ယုံကြည်မှု ခံယူမှု အမြင်တွေ လူထုလူတန်းစား အသီးသီးအတွင်းပြန့်နှံ့လာစေဘို့၊ နောက်ဆုံး သူတို့ရဲ့လူ့အဖွဲ့အစည်းဟာ ခေတ်မီတဲ့လူအဖွဲ့အစည်းဖြစ်လာပြီး ကမ္ဘာမှာဂုဏ်သိက္ခာအဆင့်အတန်း ရှိရှိနဲ့ တင့်တင့်တယ်တယ်ရှိနေစေဘို့ အစရှိတဲ့ရည်ရွယ်ချက်တွေနဲ့ ခေါင်းဆောင်များကိုရွေးချယ် တင်မြောက်ကြတာဖြစ်ပါတယ်။

ပါဝါအာဏာ နိုင်ငံရေးသမားရဲ့ ဝေဒနာ

by Zay Ya on Saturday, January 28, 2012 at 1:35pm

  •  The political man is a sick man, psychologically sick, spiritually sick. Physically he may be perfectly okay. Usually politicians are physically okay, their whole burden falls on their psyche. You can see that. Once a politician loses his power he starts losing his physical health. Strange... when he was in power, so burdened with so many anxieties and tensions, he was physically perfect.
 နိုင်ငံရေးသမား ဟာ မကျန်းမမာဖြစ်နေတဲ့သူ၊ စိတ်ပိုင်းဆိုင်ရာ မကျန်းမာတဲ့သူ၊ ဝိညာဉ်ခန္ဓာမကျန်းမာတဲ့သူ ဖြစ်ပါတယ်။ သူဟာ ရုပ်ပိုင်းဆိုင်ရာအရ ကောင်းမွန်နေတဲ့သူ ဖြစ်နိုင်တယ်။ အများအားဖြင့်လည်း နိုင်ငံရေးသမားတွေဟာ ရုပ်ခန္ဓာကျန်းမာတယ်။

"အလျားလိုက်ဆက်ဆံရေးနှင့် ဒေါင်လိုက်ဆက်ဆံရေး" ကို မိတ်ဆက်ခြင်း

by Nay Oo-People on Friday, January 27, 2012 at 3:34pm
  • မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်ကိုမှန်မှန်ကန်ကန်အသက်သွင်းဖေါ်ဆောင်ကျင့်သုံးရေး၊  အမျိုးသားပြည်လည်သွေးစည်း ညီညွတ်ရေး၊ ငြိမ်းချမ်းသာယာဝပြောသော  တိုင်းပြည်တပြည်ဖြစ်လာအောင်တည်ဆောက်ရေး၊ စတဲ့လုပ်ငန်းတွေအားလုံးကိုအောင်မြင်အောင်လုပ်ဖို့်.သွားရမယ့်နည်းနာက အထက်အောက် (Top-down) လည်းမဟုတ်ဘူး  အောက်ကနေအထက် (Bottom-up) လည်းမဟုတ်ဘူး။ 

ကျောင်းသားတပ်မတော်မြောက်ပိုင်းလူသတ်ကွင်း ။(၂ )

by Yeyint Kyaw on Saturday, January 28, 2012 at 12:47am
(69)
ငါမင်းကိုအခွင့်အရေးတခုပေးမယ်။ဟုတ်လား။ သေနတ်တွေ အဆိပ်တွေ ငါ့ကို ထုတ်ပေးစရာမလို ဘူး။ငါလို ချင်တာက မင်းဝန်ခံဖို့ ပဲ။ ၀န်မခံရင်တော့သေပြီလို့ သာမှတ်တော့။
စီအက်စ်   ကျနော်သူလျှိုမဟုတ်ပါဘူး။
ကျနော်တကိုယ်လုံးကို ထိုးကြိတ်ကန်ကျောက်တာတွေလာပါတော့တယ်။
ခွေးမသား။ထပ်မေးဦးမယ်။ မျိုးဝင်း ကတ္တရာဘုတ်ကြီးသယ်လာပါပြီ။
ငါအသက်ကိုကယ်ဖို့ ငါတယောက်ပဲရှိတယ်။အသက်ဥာဏ်စောင့်ပဲ။ ဒီနေရာမှာ အသေခံပြီးသူရဲကောင်း မလုပ်ချင်ဘူး။ 
ပူတယ်။  ပူတယ်။ ပူတာထက်ပိုပူတယ်။ ဒီထက်ပိုပြီးငါသည်းမခံနိုင်တော့ဘူး။ရပ်ပါတော့။ရပ်ပါတော့။ ကျနော်အကုန်ပြောပါတော့မယ်။

28.01.2012 နေ့ဖတ်ရန်သတင်းများ

by Myanmar Journal on Saturday, January 28, 2012 at 8:09am
 
အမေရိကန်တပ်ဖွဲ့တွေ တိုးချဖို့ ဖိလစ်ပိုင်လိုလား

တရုတ်နဲ့ တင်းမာမှုတွေ တိုးပွားလာနေတဲ့ အချိန်မှာ ဖိလစ်ပိုင်က ပြောကြားလိုက်တာပါ
ဖိလစ်ပိုင်နိုင်ငံမှာ အမေရိကန်ရဲ့ စစ်အင်အား တိုးချဲ့ ထားရှိပေးဖို့ လိုလားကြောင်း ဖိလစ်ပိုင်နိုင်ငံက ပြောကြားလိုက်ပါတယ်။
အခုအချိန်ဟာ ဖိလစ်ပိုင်နဲ့ တရုတ်အကြား တင်းမာမှုတွေ တိုးပွားလာနေတဲ့ အချိန်လည်း ဖြစ်ပါတယ်။

ဘယ်သူ့ကြောင့်.....

by Win Ko on Saturday, January 28, 2012 at 10:10am
 
ရှေ့တန်းစစ်မြေပြင်ရောက် ရဲဘော်များဘဝ...
“အရိပ်တောင်ပြောင်၊ သဏ္ဌာန်ဆောင်၍၊ နောက်ခံမိုးသား၊ အရိပ်များဖြင့်၊ လှုပ်ရှားသွားလာ ပုံဖျက်ပါ” ဟူသော ပုံဖျက်ခြင်း လင်္ကာကို အမြဲလက်ကိုင်ထားပြီး တတောဝင် တတောင်တက်ဖြင့် မမောမပန်း ချီတက်နေကြ ရသည်။ ပူပြင်းခြောက်သွေ့လွန်းသော မတ်လ အပူရှိန်ကို ဂရုမစိုက်နိုင်။ မိမိတို့ ရည်မှန်းချက်ပန်းတိုင်ရောက်ရှိ ရေးအတွက် ခရီးပြင်းနှင်နေရသည်။ နယ်မြေစိုးမိုးရေးအတွက် နွေ၊မိုး၊ဆောင်း ဥတုသုံးပါးလုံးကို ဥပေက္ခာပြုပြီး ချီတက်ရဆဲ ချီတက်ရမြဲ ဖြစ်ပေသည်။
နယ်မြေလုံခြုံရေးနှင့် ရန်သူ့တပ် လှုပ်ရှားမှုတို့ကို လုံခြုံရေးသတိ အမြဲလက်ကိုင်ထားပြီး သွားသတိ၊ စားသတိ၊ မိုင်းသတိ၊ သတိ...သတိ...သတိပေါင်းများစွာ ရင်ဝယ်ပိုက်လျှက် မိမိတို့ ရဲဘော်များမှာလည်း ကြမ်းတမ်းသော ခရီးလမ်းကို ဝန်စည်အပြည့်ဖြင့် သွားလာလှုပ်ရှားရသည်။

လေထီးဦးအုန်းမောင် သို့မဟုတ် သမိုင်းထဲက လူစွမ်းကောင်း

by Htain Linn on Saturday, January 28, 2012 at 5:58am
 
    “ကျနော်က လူငယ်ဆိုရင်သိပ်ပြီး လေးစားတာ။ လူငယ်တွေကိုပဲ အားကိုးရမယ်လေ။ ဒါကြောင့် လူငယ်ဆိုရင် ဘယ်သူ့ကို မဆို “ခင်ဗျား” “ကျနော်” ဆိုပြီး လေးလေးစားစား ဆက်ဆံတယ်”

      အထက်ပါစကားရပ်ကတော့ ကျနော်မေ့မရနိုင်သူတစ်ဦးဖြစ်တဲ့ လေထီး ဦးအုန်းမောင်ရဲ့ စကားတစ်ခွန်း ဖြစ်ပါတယ်။ သူဟာ သူပြောခဲ့တဲ့ စကားအတိုင်းပဲ နိုင်ငံရေးမျိုးဆက် ၂ ဆက်လောက် ကွာဟတယ်လို့ဆိုနိုင်တဲ့ ကျနော်တို့ကို ‘ခင်ဗျား’ ‘ကျနော်’ နဲ့ တလေးတစား ဆက်ဆံလေ့ရှိပါတယ်။  သူ့ရဲ့ အဲဒီလို စိတ်ထားကောင်းတွေကြောင့်ပဲ သူ့ကို ပိုမိုလေးစားခဲ့ကြရပါတယ်။

လိုင်စင်တောင်၊ ပါဂျောင်က လာခဲ့တယ်...

”တကယ်ပါဗျာ.. ၊ အဲ့ဒါတွေ တကယ်ဖြစ်ခဲ့တာပါ.. ။ အိုး..မဟုတ်ဘူး  မဟုတ်ဘူး..ဒါ ချဲ့ကား  တာ”     
” ကြံတောမှာ သေသူရောရှင်သူပါ ဒဏ်ရာအသေးအမွှားရတဲ့သူတောင် မရှောင် မီးလောင်တိုက်သွင်း သတ်ခဲ့တဲ့ အကောင် ၊တံတားဖြူဟာ ကားစပါယ်ရာကအစ  လူတိုင်းက တံတားနီလို့ခေါ်ကြတဲ့အထိ ကျောင်းသားသွေးတွေနဲ့အိုင်သွားအောင်၊” ရိုက်၊ ရိုက်၊ အသေရိုက်” လို့  
အနီးကပ် ညွှန်ကြားခဲ့တာ ဘယ်ကောင်လဲ၊ အဆိပ်ခတ်တာကအစ ဥက္ကလာက ခေါင်းဖြတ် ပွဲတွေအဆုံး အားလုံးကို ကောက်ကောက်ကျစ်  ကျစ်ပက်ပက်စက်စက်လုပ်ခဲ့တဲ့ကောင်က လိမ်သမျှ၊ ယုံချင်တဲ့ကောင်ယုံ၊ ငါတော့မယုံဘူး ။ မင်းတို့ ကွာ  ဆေးရုံကြီးရှေ့မှာကားကိုရပ်ပြီး သေသေချာချာ အနီးကပ်ချိန် ပစ်တာကို ကိုယ်တိုင်လည်း ခံခဲ့ဘူးတယ် ၊ အဲဒါကိုပဲ သူတို့ ရေဒီယိုက မတော်တဆ၊ အမှတ်မထင်၊
မရည်ရွယ်ပဲ၊ ချွတ်ချော်၍ ကျည်ထွက်သွားပါသည် ဆိုတော့ မင်းတို့ဘာပြောခဲ့ကြလဲ ။

Friday, January 27, 2012

သမဂ္ဂစိတ်ဓာတ်နဲ့ အလုပ်တာဝန်တွေ မျိုးဆက်သစ်တွေဆီ လက်ဆင့်ကမ်းဖို့ ဦးဝင်းတင်နဲ့ မေးခွန်းများ

by Nay Zaw on Friday, January 27, 2012 at 7:31pm


မိုးမခ၊ ဒီဇင်ဘာ ၂၃၊ ၂၀၁၁
မြန်မာပြည်မှာ ထွက်ပေါ်လာတဲ့ နိုင်ငံရေးပုံသဏ္ဍန်တွေထဲက ၈၈ မျိုးဆက်ကျောင်းသားများ အစုအဖွဲ့ရဲ့ ရပ်တည်ချက်တွေအကြောင်း ယခင်တပတ်က ပြောဖြစ်ပါတယ်။ ဒီတပတ်မှာတော့ ဒီဇင်ဘာ ၂၀ ရက်နေ့ ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော် (ကျဆုံးခြင်း) ၇၃ နှစ်မြောက်နေ့ ကျင်းပခဲ့တဲ့မြင်ကွင်း၊ မျိုးဆက်အဆင့်ဆင့်နဲ့ဗကသများအဖွဲ့ချုပ်က သမဂ္ဂကျောင်းသားများ၊ ခေါင်းဆောင်များတက်ရောက်တဲ့ သမိုင်းတာဝန်ဆက်ခံပွဲအကြောင်းကို မေးဖြစ်ပါတယ်။

ဥ့ပက္ခာပြုခံလိုက်ရတဲ့ စာတစောင် ။

by Htay Tint on Friday, January 27, 2012 at 7:18pm
 
နံပါတ် ၁၂၇ ပြန်လည်စစ်ဆေးစေလိုပါတယ်။‏

2/22/2010  ( ဖေဖေါ်ဝါရီလ ၂၂ ၂၀၁၀ )
 htay sukmai
To dawngwin@cslxoinfo.com


သို့

စစ်ရေးချုပ်
(စစ်ရုံးချုပ်)
(ကျောင်းသားတပ်မတော်)

လေးစားစွာ အကြောင်းကြားပါသည်။
http://www.absdf888 8.org/wp- content/uploads/ 2008/09/death. pdf  တွင်
နံပါတ် ၁၂၇ မှာရှိသော ကိုဌေးနိုင် ၂၁၄ သဲသာထ ကိုယ်ကိုကိုယ် သတ်သေ ဟုဖေါ်ပြထားပါသည်။
ဖေါ်ပြပေးတာကိုကျေးဇူးတင်ပါတယ်။

...အိတ်ဖွင့်ပေးစာ

by General Knowledge on Friday, January 27, 2012 at 6:43am
...အိတ်ဖွင့်ပေးစာ


မာဂျေ
အတွဲ ၂၈ ၊ အမှတ် ၅၅၄ ( ၂၇ ၊ ၁ - ၂ ၊ ၂ ၊ ၂၀၁၂)


ဂျာနယ်များတွင်...   အိတ်ဖွင့်ပေးစာဟူ၍ သူသူငါငါ ရေးသားနေကြသည့်အတွက် ကျွန်တော်ကလည်း ရောတိရောရာ မာဂျေလည်းပါဟူသည့် သဘောဖြင့် ခေတ်မီအောင် ခါတော်မီရေးသားခြင်း မဟုတ်ကြောင်း ဦးစွာအစီရင်ခံ တင်ပြလိုပါသည်။

27.01.2012 နေ့ဖတ်ရန်သတင်းများ

by Myanmar Journal on Friday, January 27, 2012 at 6:39am
 
နော်ဝေးနိုင်ငံခြားရေး ဝန်ကြီး ရောနတ်စ ဂက်စထရို 
နော်ဝေး နဲ့ ဒဏ်ခတ် ပိတ်ဆို့ရေး အစီအစဉ်

နော်ဝေး နိုင်ငံ အနေနဲ့ မြန်မာပြည် အပေါ်ဒဏ်ခတ် ပိတ်ဆို့မှု ပယ်ဖျက်ရေး ကိစ္စ စဉ်းစားနေပြီး ကြားဖြတ် ရွေးကောက် ပွဲ ကို စောင့်ကြည့် နေကြောင်း သိရ ပါတယ်။
ကြာသပတေးနေ့ က နော်ဝေး နိုင်ငံခြားရေး ရော်နတ် ဂတ်စ ထရို ဟာ မိတ်ဆွေ ၁၀ ပါတီ အဖွဲ့ က ကိုယ်စားလှယ် တွေ နဲ့ ရန်ကုန်မှာ တွေဆုံစဉ် နော်ဝေး နိုင်ငံ အနေနဲ့ မြန်မာပြည် မှာ ရင်းနှီးမြှုပ်နှံမှု တွေ လုပ်ဖို့ ဆန္ဒ ရှိနေပြီ ဖြစ်တဲ့ အကြောင်း နဲ့

ရာစုဝက် ပီတိ


လူဗိုလ်

(၁)
“အကိုရေ ဒုက္ခသည်တွေ ပြည်တွင်းပြန်ရတော့မယ်ဆိုတဲ့ သတင်းတွေကြားနေရတယ်။ ကျမမွေးနေ့မှာ လှူဖို့စီစဉ်ထားတာ အခုပဲ ကြိုလှူလိုက်တော့မယ်နော်။”
နို့ဖိုးစခန်း၊ ပီအေဘီကျောင်းအတွက် ပရိုပိုစယ်ပုံစံရေးထားသော ပို့စ်တခုကို ဖေ့စ်ဘုတ်မှာ တွေ့မိရာက လှူချင်တယ်လို့ ပြောခဲ့ဖူးသူတဦး၏ စကား။ အလှူမမြောက်လိုက်မှာကို စိုးရိမ်နေပုံ။

အိုးစည်ဗုံမောင်းတွေ တီးပြီး အောင်ပွဲခံရမယ့် အချိန်မဟုတ်ဘူး

by Wai Maw on Friday, January 27, 2012 at 5:40pm
 
မင်းကိုနိုင်တို့ ခွန်ထွန်းဦးတို့ အမှန်တကယ်ထောင်က လွတ်လာပြီဆိုတော့ ပြည်သူတွေအားလုံး ပျော်သွား ကြတယ်။ မျှော်မျှော်သူမောရရှာတယ် အဖြစ်မျိုးကလွတ်ပြီ ကျွတ်ပြီလို့လည်း မှတ်ယူလိုက်ကြတယ်။
အုတ်အရောရော မဟုတ်လို့
ကိုယ်တိုင်လည်း ကိုယ်ထောင်ကလွတ်တုန်းကနဲ့အတူတူကို ဝမ်းသာတယ်။

Thursday, January 26, 2012

ပြည်သူ့နီတိ မရှိတိုင်းပြည်၊ မသိလူမျိုး

by Nay Zaw on Thursday, January 26, 2012 at 4:51pm
Written by တင်ညွန့်

ကျွန်တော် ရန်ကုန်မြို့ထဲရောက်တိုင်း မဖြစ်မနေသွားတတ်သည့် နေရာတစ်ရာရှိပါသည်။ ဗိုလ်ချုပ်အောင်ဆန်း လမ်းမကြီးတစ်လျှောက် ဗိုလ်ချုပ်ဈေးမှသည် ပန်းဆိုးတန်း ဂုံးကျော်တံတားအထိဖြစ်သည်။
ယခင်က မနက် ၁၀ နာရီလောက် ရောက်အောင်သွားဖြစ်သော်လည်း ယခု နေ့လည် ၂ နာရီကျော်လောက်မှ ဖြတ်ဖြစ်အောင် အားထုတ်ရသည်။ ထိုလမ်းမကြီးသို့ ကျွန်တော်မဖြစ်မနေရောက်ရသည့် အကြောင်းရင်းမှာ စာအုပ်အဟောင်းတန်း သံယောဇဉ်ကြောင့်ဖြစ်သည်။
စာအုပ်အဟောင်းတန်းသည် လမ်းဘေးတွေ စာအုပ်များ ခင်းကျင်းရောင်းချခြင်းကို ဆိုလိုပါသည်။ စာအုပ်စုံ အဟောင်း အသစ်၊ ဂျာနယ်၊ မဂ္ဂဇင်းအားလုံး ရသည်။ တကယ်တော့ လမ်းဘေးစာကြည့်တိုက်လေးတစ်ခုဟူ၍ လည်း တင်စားခေါ်နိုင်သည်။ စာအုပ်ပုံများတွင် ၃၀၀ ကျပ်၊ ၅၀၀ ကျပ် တန်ဖိုးများ သတ်မှတ်ထားတတ်သည်။ တန်ဖိုးမသတ်မှတ်ထားသည့်အပုံသည် ဈေးကြီးနိုင်သည်။ စာအုပ်ကောင်းများဖြစ်နိုင်သလို သူတို့ခေါ်ဈေး အတိုင်း ပေးရမည်။

မြောက်ပိုင်းမြေမှ ပုံရိပ်များ ( အပိုင်း -၁)

by Ko Lin Wai Aung on Saturday, January 21, 2012 at 4:14pm

မြောက်ပိုင်းဒေသပုံရိပ်များ
နိဒါန်း
မြောက်ပိုင်းကိစ္စအဖြစ်မှန်တွေပြောကြဘို့ကျွန်တော်တို့အနှစ်(၂၀)စောင့်ခဲ့ကြပါတယ်။ကွယ်လွန်သွားခဲ့ကြ သူတွေကသူတို့ရဲ့အဖြစ်မှန်တွေတွေကို ဖေါ်ထုတ်ပေးဘို့ မသေခင် မှာသွားခဲ့ကြပါတယ်။ ကျွန်တော်တို့မှာ လည်း မလွဲမသွေ ဖေါ်ထုတ်ပေးဘို့ တာဝန်ရှိပါတယ်။ အချိန်အခါသင့်ပြီလို့လည်း ထင်ပါတယ်။ ကိုယ်တိုင်ကြုံတွေ့ ခံစားခဲ့ရတဲ့ ပန်းချီကိုထိန်လင်း၊ မနန်းအောင်ထွေးကြည် တို့ရဲ့ ပြောကြားချက်တွေ online မှာဖတ်ကြရမှာပါ။အားလုံးအဖြစ်မှန်တွေပါ။ဘယ်သူတစ်ဦးတစ်ယောက်ကမှစေ့ဆော်လို့ပြောနေတာမဟုတ်ပါဘူး။ဒီနေရာမှာပြောချင်တာက ဘာကြောင့်ဒီလိုအခြေအနေ ဖြစ်ခဲ့ရတယ် ဘယ်သူတွေဘယ်လိုဖန်တီးခဲ့ကြသလဲ ဘယ်သူတွေမှာတာဝန်ရှိခဲ့ကြသလဲဆိုတာတွေပါ။
Related Posts Plugin for WordPress, Blogger...