Wednesday, February 29, 2012
29.02.2012 နေ့ဖတ်ရန်သတင်းများ
by Myanmar Journal on Wednesday, February 29, 2012 at 10:49am ·
ရီပတ်ဘလစ်ကန် သမ္မတလောင်း အပြိုင်လု
ရီပတ်ဘလစ်ကန် သမ္မတလောင်း နေရာ အကြိတ်အနယ် စည်းရုံး
အကြိတ်အနယ် ယှဉ်ပြိုင် နေကြတဲ့ မစ်ချီဂန် ပြည်နယ်က ရီပတ်ဘလစ်ကန် သမ္မတလောင်း ပဏာမ ရွေးပွဲ အတွက် မဲပေးမှုတွေ အဆုံးသတ်တော့မှာပါ။
ပါတီ သမ္မတလောင်း ရွေးပွဲမှာ ရှေ့ကနေ ပြေးနေတဲ့ မစ်ချီဂန် ပြည်နယ်သား မစ်ရွန်နီကို အထက်လွှတ်တော် အမတ်ဟောင်း ရစ် ဆန်တိုရမ်က အကြီးအကျယ် စိန်ခေါ် နေပါတယ်။
ကြွေး
by Wai Maw on Tuesday, February 28, 2012 at 8:21pm ·
“ကြွေးယူပြုံးပြုံး၊ တောင်းတော့မုန်း၊ မဆုံးသော်လည်း ရန်များ၏”
“အကြွေးဆိုတာ ဆပ်တတ်မှ ကျေတယ်”
ကျနော်ရည်ညွှန်းလိုသော “ကြွေး” ကား ငွေရေးကြေးရေး ကိစ္စသက်သက်မဟုတ်၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ ရန်ကြွေး ရန်စ မဟုတ်။ သမိုင်းကြွေး ဖြစ်သည်။ ကျူးလွန်ခဲ့သည့်အတိုင်းအတာ အနေအထားကလည်း မတော်တဆ တဦးစနှစ်ဦးစ နစ်နာစေခဲ့တာ မဟုတ်။ အစီအစဉ်တကျလုပ်ဆောင်ခဲ့ပြီး လူတွေ အစုလိုက်အပြုံလိုက် ဘဝတွေ အဖတ်ဆယ်မရအောင် ကြေမွပျက်စီး ခဲ့ရတာဖြစ်သည်။
နှစ်ပေါင်း၂၀ကျော် ကျနော်တို့ ခေါင်းဆောင်တွေ ဘာတွေလုပ်ခဲ့ကြသလဲ? [သွန်းနေစိုး]
[By Thorn Nay Soe ]
ဒေါ်အောင်ဆန်းစုကြည်၊ ကိုမင်းကိုနိုင်တို့အပါအ၀င် ...
ဒီမိုကရေစီ လိုလားသူများက ခေါင်းဆောင်တင်ထားသူများနှင့် ပတ်သက်လာလျှင် တော်တော်ဆူညံသော ဝေဖန်သံတစ်ခု ကြားရပါသည်။
၁၉၈၈ မှစကာ ဘာတွေလုပ်နေပါသလဲ? နိုင်ငံအတွက် ဘယ်လောက်များ အကျိုးပြုလို့လဲ စသောအမနာပ စကားများပင်။
ပိုဆိုးသည်ကား တစ်ဘက်မှလူများနှင့် ယှဉ်ပြခြင်းပင်။
ဟို ပုဂ္ဂိုလ်ကြီးကတော့ ဘာတွေလုပ်ခဲ့တာ ... ဆိုပြီး လမ်းတွေဘယ်လိုဖောက် တံတားတွေ ဘယ်လိုဆောက် စသဖြင့် ပြောတတ်ကြသည်။
ဒီအခါမှာ ဒီဘက်က ပြန်ပြောလေ့ရှိတာက လုပ်ခွင့်ရော ပေးလို့လား။
Tuesday, February 28, 2012
28.02.2012 နေ့ဖတ်ရန်သတင်းများ
by Myanmar Journal on Tuesday, February 28, 2012 at 10:00am ·
၂၀၁၁ ခုနှစ်အတွက် အော်စကာ ဆုပေးပွဲ
 Jean Dujardin က The Artist ကား ကနေ အကောင်းဆုံး အမျိုးသားသရုပ်ဆောင်ဆုရ
၂၀၁၁ ခုနှစ်အတွက် ကမ္ဘာ့ ရုပ်ရှင်ထူးချွန်ဆု အော်စကာ ဆုပေးပွဲမှာ အဖြူနဲ့အမည်း ရိုက်ကူးထားတဲ့ ပြင်သစ် အသံတိတ်ရုပ်ရှင် The Artist ကား ကနေ အကောင်းဆုံး ရုပ်ရှင်ဆု၊ အကောင်းဆုံး ဒါရိုက်တာဆုနဲ့ အကောင်းဆုံး အမျိုးသား သရုပ်ဆောင် ဆုတွေ ဆွတ်ခူးရရှိသွားပါတယ်။
Jean Dujardin က အကောင်းဆုံး အမျိုးသား သရုပ်ဆောင်ဆု ရရှိတာဖြစ်ပြီး၊ ဒါရိုက်တာဆုကို Michel Hazanavicius က ရရှိသွားတာ ဖြစ်ပါတယ်။
သတင်းသုံးသပ်ချက် ( မြန်မာပြည် ဝင်ခွင့်မရသေးတဲ့ သတင်းထောက်)
 ဗုဒ္ဓဟူး, 22 ဖေဖော်ဝါရီ 2012
By ဦးကျော်ဇံသာ
ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ သုံးသပ်ချက်အစီအစဉ်မှာ မြန်မာ့အရေး သုံးသပ်ရေးသားနေသူ Larry Jagan ဟာ အခုအချိန်အထိ မြန်မာနိုင်ငံကို သွားရောက်လေ့လာခွင့်၊ သတင်းယူခွင့် မရသေးတဲ့ သတင်းစာဆရာတဦး ဖြစ်ပါတယ်။ ဒါဟာ သဘောထား တင်းမာတဲ့ အာဏာပိုင်တွေက ခွင့်မပြုတာလို့ သူက ပြောဆိုပါတယ်။ နေပြည်တော်က သဘောထား တင်းမာသူတွေနဲ့ အပြောင်းအလဲလိုလားသူ တွေရဲ့  အားပြိုင်ပွဲ အလားအလာကို ဦးကျော်ဇံသာနဲ့ ဆွေးနွေးသုံးသပ်ထားပါတယ်။
ဦးကျော်ဇံသာ ။ ။ မြန်မာပြည်ဟာ အခုအခါမှာ ပွင့်လင်းလာပြီဆိုပြီး နိုင်ငံတကာ သံတမန်တွေ၊ မီဒီယာသမားတွေ သွားလာကြတာ အတော်လေး များလာကြပါတယ်။ Larry ကိုယ်တိုင် သွားဖြစ်ပြီလား။
Larry Jagan ။ ။ မသွားဖြစ်သေးပါဘူး။ ကျနော် ဗီဇာစောင့်နေတာ လေးလ ရှိသွားပါပြီ။ ကျနော့် ပြည်ဝင်ခွင့် လျှောက်လွှာက ဝန်ကြီးစားပွဲမှာ သောင်တင်နေပါတယ်။ ကျနော်ကို ဗီဇာ မပေးဘူးလို့လည်း မပြောပါဘူး။ ဝင်ခွင့်လည်း မပေးပါဘူး။ အာဆီယံ အတွင်းရေးမှူးချုပ် Surin Pitsuwan က ကျနော်ကို သူနဲ့လိုက်ပြီး သူ့ခရီးစဉ်အကြောင်း သတင်းပို့ခွင့်ပေးဖို့ မြန်မာအစိုးရကို ပြောပါတယ်။
Monday, February 27, 2012
ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေသစ် စစ်တမ်း
by Vicky Mandra on Sunday, January 29, 2012 at 8:41am ·
ဦးစိန်ကျော်လှိုင်
နိဒါန်း
မကြာခင်က ထုတ်ပြန်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေဟာ နိုင်ငံတော် သမတရဲ့ လုပ်ပိုင်ခွင့်အသေးစိတ်ကို ပြဌာန်းထားရုံမက မကြာခင်ဖွဲ့စည်းမဲ့ အရပ်သားအစိုးရသစ်ကို ဘယ်လိုလုပ်ကိုင် ဖွဲ့စည်းရမလဲဆိုတာပါ ကြိုးကိုင်လမ်းညွှန်ထားတဲ့ ဥပဒေလဲ ဖြစ်ပါတယ်။ ဒီဥပဒေကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ၂၀၁၀ အောက်တိုဘာ ၂၁ ရက်နေ့စွဲနဲ့ လက်မှတ်ရေးထိုးထားပေမဲ့ လွှတ်တော်မစခင်ကမှ ရန်ကုန်မှာ ရောင်းချခဲ့တာ ဖြစ်ပါတယ်။
အောင်မင်း ( ခ ) ထိန်လင်း
by Kyaw Gyi AB on Saturday, February 25, 2012 at 5:25am ·
၈၈ ရတနာဘုမ္မိ မှာ  ဝီစီ ဟာ နာမည်ကြီး ပေါ့ ၊အာဏာသိမ်းတော့ ကြည့်ယိမ်းတဲ့ထဲမပါ  သူဟာ
PNA ပအိုဝ် လွတ်မြောက်နယ်မြေမှာလေ ၊ အခြေခံသင်တန်းတွေဆင်း လို့ 
DYA တဲ့ ( Democratic Youth Army ) တဲ့ ၊ AB နဲ့ တော့ သိခွင့် မရခဲ့ ရှာပါဘူး ၊
စကားလုံး ထူးတွေပြောတတ် ၊ စာတွေဖတ် ၊ ' ချေဂွေ ' ဖက်က ရပ်  တိုက်ပွဲ မပြတ် ဖော်လိုတတ် တဲ့ မင်း
အချင်းချင်း မှာ မင်းဟာ  ဘယ်သူဆိုတာ ကျက်မိရင်
သူ့ ကျေညာချက် ရက်စက်မယ် မထင်
အော် ' ခြေခွင် ကားရား ၊ ခြေခွင် ကားရား '
သူ့ကြွေးရှိက ဆပ်ရမည်။ (၆)
by Htay Tint on Monday, February 27, 2012 at 5:50am ·
 from Soe Lynn's Facebook Notes by Soe Lynn
ကျွန်တော့်ကိုဖမ်းပြီး သံလွင်စခန်းမှာ ချုပ်ထားရာက စစ်ရေးအခြေအနေကြောင့်
ထိုင်းဘက်ကမ်းကိုပြောင်းထားပါတယ်။
 အောက်ဖက် မှာ အေဘီဗဟိုရုံးရှိပြီး
တောင်ဘက်မှာ တပ်ရင်း ၂၀၉ (သံလွင်စခန်း)ရှိပါတယ်။
ဘယ်သူနဲ့မှစကားမပြောရပေမယ့် ဗဟိုပြန်ကြားရေးက
 အကျယ်ကြီးဖွင့်တဲ့ သတင်းတွေကိုတော့
ညတိုင်းကြားနေရပါတယ်။
စစ်ဗိုလ်လူထွက်အစိုးရနဲ့ မြန်မာ့စီးပွားရေး
( ဦးစိန်ကျော်လှိုင် ၊ Monday, February 27, 2012 )
by Ko Thaung on Monday, February 27, 2012 at 2:03am ·
သမ္မတ ဦးသိန်းစိန် ခေါင်းဆောင်တဲ့ အရပ်သားအစိုးရသစ် တက်လာပေမယ့် မြန်မာနိုင်ငံရဲ့ စီးပွားရေးကို တိုးတက်အောင် လုပ်နိုင်ပါ့မလားလို့ နိုင်ငံတကာ စီးပွားရေးအဖွဲ့အစည်းတချို့က သံသယရှိပါတယ်။ ဘာကြောင့် အရပ်သားအစိုးရသစ်အပေါ် သံသယရှိရသလဲ ဆိုတာနဲ့ ပတ်သက်ပြီး ဦးစိန်ကျော်လှိုင်က ခုလို အသေးစိတ် သုံးသပ်ထားပါတယ်။
27.02.2012 နေ့ဖတ်ရန်သတင်းများ
by Myanmar Journal on Monday, February 27, 2012 at 3:56am ·
ဘင်လာဒင် ခြံဝင်း ပါကစ္စတန် တပ်တွေ စဖြိုဘင်လာဒင် သေတဲ့ခြံ ရှင်းနေ
အိုစမာ ဘင်လာဒင်ကို မနှစ် မေလက အမေရိကန် တပ်တွေက စီးနင်း သုတ်သင် ခဲ့တဲ့ ခြံဝင်းကို ပါကစ္စတန် လုံခြုံရေး တပ်တွေက စတင် ဖြိုချ ရှင်းလင်း နေပါပြီ။
အဘိုတာဘတ် ခံတပ်မြို့က အဆောက်အဦ အစိတ်အပိုင်း အများစုကို မြေတူးစက်တွေနဲ့ ထိုးပြီး ဖြိုချထား ပါတယ်။ ညလုံးပေါက် ရှင်းလင်း နေကြတာပါ။
Sunday, February 26, 2012
"သက်သတ်လွတ်စားတဲ့ကျား ရှိသလား"
ဒီ  ဆောင်းပါးက ၂၈.၀၂.၂၀၁၂ ထုတ် News Watch Journal မှာ ပါတဲ့ ဆောင်းပါး ဖြစ်ပါတယ်။
by Ludu U Sein Win on Sunday, February 26, 2012 at 10:21am ·
                                               လူထုစိန်ဝင်း
ဒီနှစ် မရမ်းသီးပေါ်တာနောက်ကျတယ်။ ဇန်န၀ါရီ တစ်ဝက်ကျိုးမှစပေါ်တယ်။ ခါတိုင်းနှစ်တွေဆို ဒီဇင်ဘာ မကုန်ခင်စပေါ်တာ။ စပေါ်တဲ့နေ့မှာ ဈေးကတစ်ဆယ်သား ၂၅၀၀ တဲ့။ မနှစ်ကထက် ၅၀၀ပိုများတယ်။ တရရနဲ့ တစ်မေးတည်းမေးနေတာကြောင့် စတွေ့တဲ့နေ့မှာပဲ ကလေးတွေဝယ်လာကြတယ်။ ဈေးထဲမှာ ရှိသေးသလား မေးတော့ ရှိတော့ရှိသေးတယ်။ သိပ်များများတော့ မဟုတ်ဘူးတဲ့။
ပေါ်ဦးပေါ်ဖျား
အဲဒါကြောင့် ပြေးစမ်းပါဦးဟဲ့ ဆိုပြီး ချက်ချင်းသွားဝယ်ခိုင်းရတယ်။ ရခဲ့လို့ တော်ပါသေးတယ်။ ဒါတောင် ငါးဆယ်သားရဖို့ သုံးဆိုင်ခွဲဝယ်ခဲ့ရတာတဲ့။ ပေါ်ဦးပေါ်ဖျားဆိုတော့ ရှားတယ်လေ။ ပေါ်ဦးပေါ်ဖျားဆိုတာက အိမ်နားက ဘိုကလေးဈေးနဲ့ ၃၈လမ်းဈေး တစ်ခုခုမှာစရောင်းတဲ့နေ့ကို ပြောတာပါ။ တခြားနေရာများတော့ မသိနိုင်ပါဘူး။ မရမ်းသီးပဲ ပေါ်ပေါ်၊ သရက်ကင်းလေးတွေပဲ စတွေ့တွေ့၊ ဦးဦးဖျားဖျား မန္တလေးက ဒေါ်ဒေါ် လူထုဒေါ်အမာဆီပို့မြဲဖြစ်လေတော့ ဒီဝတ္တရားကို မပျက်ကွက်ချင်ဘူး။
မြန်မာ့နိုင်ငံရေး လေ့လာဆန်းစစ်ချက် (၁၉၄၈ မှ ၁၉၈၈) (အခန်း- ၂)
by cherrymyodaw on Sunday, February 26, 2012 at 3:39am ·
အခန်း (၂) နိုင်ငံရေးပါတီများနှင့် နိုင်ငံရေးခေါင်းဆောင်များ
ဝိုင်အမ်ဘီအေမှ ဂျီစီဘီအေသို့
၁၈၈၆ ခုနှစ်တွင် မြန်မာတစ်ပြည်လုံး ဗြိတိသျှကိုလိုနီဘ၀သို့ ကျရောက်သွားခဲ့ရသည်။
ထိုသည်၏နောက် ဆယ်စုနှစ်တစ်ခုကျော်မျှ တောင်တန်းမြေပြန့်နေရာဒေသအနှံ့
လက်နက်ကိုင်တော်လှန်ပုန်ကန်မှုများ ဆက်တိုက်ဆိုသလိုပေါ်ထွက်လာခဲ့သည်။
သို့တစေ ခေတ်သစ်အဖွဲ့အစည်းအသင်းအပင်းပုံသဏ္ဌာန်ဖြင့် စည်းရုံးလှုပ်ရှားလာခဲ့ကြသည်မှာ
၂၀ ရာစုထဲသို့ ၀င်ရောက်လာတော့မှဖြစ်သည်။ တစ်ပြည်လုံး အတိုင်းအတာ ပထမဆုံး
ပေါ်ထွက်လာသည့်အဖွဲ့အစည်းကြီးမှာ “ဗုဒ္ဓဘာသာကလျာဏယုဝအသင်း” ဖြစ်ပါသည်။
အင်္ဂလိပ်ဘာသာဖြင့် “YOUNG MEN'S BUDDHIST ASSOCIATION”  ဟူ၍ဖြစ်ရာ
၎င်း၏အတိုကောက် “၀ိုင်အမ်ဘီအေ” (YMBA) အသင်းကြီးအဖြစ်ထင်ရှားသည်။
26.02.2012 နေ့ဖတ်ရန်သတင်းများ
by Myanmar Journal on Sunday, February 26, 2012 at 8:22am ·
မန်ဒဲလား ဆေးရုံတင် ကုသခဲ့ရ
 မစ္စတာ မန်ဒဲလားဟာ ဝမ်းဗိုက်နဲ့ပတ်သက်တဲ့ ရောဂါကို ရေရှည်ခံစား နေရတာ ဖြစ်ပါတယ်
ဝမ်းဗိုက်နဲ့ ပတ်သက်တဲ့ ရောဂါကြောင့် ဆေးရုံတင် လိုက်ရတဲ့ တောင်အဖရိက သမ္မတဟောင်း နယ်လ်ဆင် မန်ဒဲလားဟာ အခုတော့ အခြေအနေ ပြန်လည် ကောင်းမွန်လာပြီ ဖြစ်ပြီး စကားလည်း ပြန်ပြောနိုင်ပြီ ဖြစ်ပါတယ်။
လွှတ်တော်တွင်း လွှတ်တော်ပ ဟန်ချက်ညီရေး ကြိုးစားပေး
by Win Ko on Sunday, February 26, 2012 at 9:53am ·
-ဦးဖိုးသာအောင်-နော်ဝေ
-၂၆.၂.၂၀၁၂
၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေသည် အချိန်မရွေး စစ်တပ်က ညစ်ပတ်ပြီး အာဏာပြန်သိမ်းနိုင်သည်။
ပုဒ်မ ၄၀၁ နှင့် လွှတ်လိုက်သည့် နိုင်/ကျဉ်းများကိုလည်း အချိန်မရွေးပြန်ပြီး ဖမ်းနိုင်သည်၊
၂၀၁၀ ရွေးကောက်ပွဲသည်လည်း ကြိုင်တင်မဲနှင့် မတရားအနိုင်ယူပြီး စစ်ဗိုလ်၂၅ ရာနှုန်းက အလိုအလျှောက်ပါဝင်ပြီး အစိုးရသစ်ဆိုတာကို အဓမ္မဖွဲ့စည်းထားသည်။
အင်တာဗျူးဖြေကြားသူ သန်းထွဋ်ဆွေ ရဲ့အပြော
ကျောင်းသားတပ်မတော်ဒေသမှာ လူတွေအစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုဖြစ်ပွားခဲ့ပြီး ဒီအကြောင်းတွေ အခုတလော ဟိုးလေးတကြော်ဖြစ်နေပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး နိုင်ငံတကာရောက် ကျောင်းသားတပ်မတော် အဖွဲ့ဝင်နဲ့ ရဲဘော်ဟောင်းတွေက သူတို့ရဲ့ သဘောထားထုတ်ပြန်ချက်စာတစောင် ထုတ်ပြန်ထားပြီး ဆစ်ဒနီမြို့အခြေစိုက် ကျောင်းသားတပ်မတော်ရဲ့ ရဲဘော်ဖြစ်ခဲ့သူ ကိုသန်းထွဋ်ဆွေ နဲ့ ဒီအကြောင်းတွေကို ဆက်သွယ်မေးမြန်းထားပါတယ်။
မေး။ ။ ကိုသန်းထွဋ်ဆွေရှင့် ကျမတို့ ရေဒီယိုသြစတြေးလျကနေ ဆက်သွယ်မေးမြန်းတာကို ဖြေကြားပေးတဲ့အတွက် ကျေးဇူး အများကြီးတင်ပါတယ်။ အဲဒီတော့ ကျမတို့ ဒီမှာ ABSDF ကနေပြီးတော့မှ ထုတ်ပြန်တဲ့စာအရလေ သြစတြေးလျနိုင်ငံမှာ ကိုသန်းထွဋ်ဆွေ ကို သက်ဆိုင်ရာနိုင်ငံအလိုက် ကိုယ်စားပြုသူများဆိုပြီးတော့ နာမည်ပေးထားတဲ့အတွက်ကြောင့်လေ အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။
Stand fot the absdf မှ ထုတ်ပြန်ထားသည့် ထုတ်ပြန်ကြေငြာချက်နှင့် ပတ်သက်၍ မေးမြန်းချက်များ။
http://www.scribd.com/doc/82796225/View-%E1%81%81
မိုးမခ မီဒီယာမှ ကိုရစ်မှ Stand For the ABSDF ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုညိုထက် အား Stand fot the absdf မှ ထုတ်ပြန်ထားသည့် ထုတ်ပြန်ကြေငြာချက်နှင့် ပတ်သက်၍ မေးမြန်းချက်များ။
www.scribd.com
Scribd is the world's largest social reading and publishing site.
ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ
THazin Ni _cover (CMYK).jpg
2 attachments — Download all attachments   
THazin Ni _cover (CMYK).jpg
8583K   View   Share   Download  
Thazin Ni (content).pdfThazin Ni (content).pdf
789K   View   Download   
ကျနော်..Mizzima  Online မှာမင်းဟန်နာမည်နဲ့ရေးခဲ့တဲ့  " ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ " ကို Mizzima မှာရေးခဲ့တာတွေအပြင်နောက်ထပ် (၁၀) ခန်းထပ်ဖြည့်ပြီး စာအုပ်ထုတ်လိုက်တယ်။ A4 ခေါက်ချိုးဆိုက်နဲ့စာမျက်နှာ(၅၀၀)ရှိတယ်။
ဒေါ်အောင်ဆန်းစုကြည် ကို ဒေါ်အင်ဖန်ဂျာရာ ပြောခဲ့တဲ့စကားတွေ
by Yangon Press International on Saturday, February 25, 2012 at 11:25pm ·
မြစ်ကြီးနား၊ ဖေဖေါ်ဝါရီ ၂၅၊ ၂၀၁၂ (YPI) (ဆိုင်းဆွတ်)
ဖေဖေါ်ဝါရီလ ၂၃ ရက်နေ့ ည ၈နာရီ မြစ်ကြီးနားမြို့ မနောကွင်း မဂျွယ်ခန်းမမှာ ကချင်ပြည်နယ်သို့ စည်းရုံးရေး ခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့  ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်သား ခေါင်းဆောင်းများ၊  ဘာသာရေး ခေါင်းဆောင်များနဲ့ ညစာအတူစားခဲ့ကြပါတယ်။ ထိုစဉ်က ကချင်အတိုင်ပင်ခံအဖွဲ့  နာယက
ဒေါ်အင်ဖန်ဂျာရာ နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ပြောဆိုကြတဲ့အကြောင်းကို YPI သတင်းထောက်က ဒေါ်အင်ဖန်ဂျာရာကို မေးမြန်းထားပါတယ်။
သတိပြုကြပါ
by Ko Baloi on Saturday, February 25, 2012 at 3:55pm ·
မြန်မာနိုင်ငံ လွတ်လပ်ရေးမရမှီ...ဆရာတော် ဦးဥတ္တမ- ဦးဝိဇာရ- ဆရာကြီး သခင်ကိုယ်တော်မှိုင်း- ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့ ရဲဘော်သုံးချိတ်- အာဇာနည်ခေါင်းဆောင်များနဲ့   တိုင်းရင်းသားခေါင်းဆောင်များနှင့်   ပြည်သူတွေဟာ....လွတ်လပ်ရေးရရှိဖို့အတွက်   ဗြိတိသျှကိုလိုနီနှင့်  ဖက်ဆစ်ဂျပန်တွေကို တော်လှန်ပြီး ကိုယ်ကျိုးစွန့်အနစ်နာခံကာ  အသက်ပေးကာတိုက်ပွဲဝင်ခဲ့ကြသည်။
မြန်မာ့နိုင်ငံရေး အတွေးအခေါ် (အပိုင်း- ၅)
by cherrymyodaw on Sunday, February 26, 2012 at 12:15am 
အစိုးရမင်းကို ရန်သူမျိုးငါးပါးထဲထည့်ထားတဲ့ မြန်မာပြည်သားတွေဟာ မင်းမှုထမ်း
သိပ်ဖြစ်ချင်ကြကြောင်း ဆရာမောင်မောင်ကြီး သုံးသပ်ထားတာကို
မြန်မာ့နိုင်ငံရေးအတွေးအခေါ် (အပိုင်း- ၅) မှာ တင်ပြပါမယ်။
ပြည်သူလူထုနဲ့ အနီးစပ်ဆုံးမင်းမှုထမ်းဟာ ပြည်သူလူထုကို ဒုက္ခအပေးဆုံးဖြစ်တဲ့အတွက်
နီးရာဓါးထက်သည် ဆိုတဲ့စကား ပေါ်ပေါက်လာပုံကို အရင်တစ်ပတ်က တင်ပြခဲ့ပါတယ်။
ဘ၀ရှင်မင်းတရားလို့ခေါ်တဲ့ ရှင်ဘုရင်ဟာ ကြွင်းမဲ့အာဏာရှင်ဖြစ်သလို သူခန့်ထားတဲ့
ဝန်ကြီးဝန်လေးနဲ့ မြို့စားနယ်စားတွေကလည်း အကြွင်းမဲ့အာဏာရှင်လေးတွေဖြစ်လို့
မတရားလုပ်ရင် အရေးယူဖို့ခက်ပါတယ်။
Saturday, February 25, 2012
25.02.2012 နေ့ဖတ်ရန်သတင်းများ
by Myanmar Journal on Saturday, February 25, 2012 at 7:19am ·
ညီလာခံအတွင်းက အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးနဲ့ ဆော်ဒီနိုင်ငံခြားရေးဝန်ကြီးဆီးရီးယားအရေး ဆွေးနွေးပွဲစ
ဆီးရီးယားအရေးနဲ့ပတ်သက်ပြီး တူနီရှားနိုင်ငံ တူးနစ်မြို့မှာ အာရပ်အဖွဲ့ချုပ်က ကြီးမှူးကျင်းပတဲ့ ဆီးရီးယားနိုင်ငံရဲ့ မိတ်ဆွေများညီလာခံကို အမေရိကန် ယူကေ ပြင်သစ်နဲ့ တူရကီနိုင်ငံတွေ အပါအဝင် နိုင်ငံပေါင်း ၇၀ ကျော် တက်ရောက်ကြပါတယ်။
ABSDF ကျောင်းသားဥက္ကဌ ကိုထွန်းအောင်ကျော် ဂျပန်သို့ ရောက်ရှိ...
by Tun Wai on Saturday, February 25, 2012 at 12:32am ·
၁၉၇၄ မျိုးဆက် ကျောင်းသားခေါင်းဆောင် နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) ၏ ပထမဦးဆုံး ဥက္ကဌ ဖြစ်သူ ကိုထွန်းအောင်ကျော် သည် နိုင်ငံရေးခရီးစဉ်အနေဖြင့် ဂျပန်နိုင်ငံသို့  ဖေဖေါ်ဝါရီ လ၂၄ရက် သောကြာနေ့ တွင်တိုကျို နာရီတာ လေဆိပ်သို့  ရောက်ရှိလာခဲ့ပါသည်။
"ယုန်နှစ်ကောင် ပုံပြင် နှင့် မြောက်ပိုင်း လူသတ်မှု"
by Myat Thi Ha on Saturday, February 25, 2012 at 1:14am ·
( မောင်မောင်-ရွှေကရ၀ိတ်) feb 23 ,12
"ဘာကြောင့် ကိုယ့်ကိုယ်ကို ထောက်လှမ်းရေးပါ လို့ ဖြောင့်ချက်ပေးခဲ့ကြတာလဲ ?"
ဒီမေးခွန်းဟာ ကျွန်တော့ကို ခဏခဏအမေးခံရတဲ့ မေးခွန်းတစ်ခုပါ။ABSDF(NB) ပါဂျောင်စခန်းမှာ လူသတ်ပွဲကြီးဖြစ်ပြီးတဲ့နောက်ပိုင်း ကျွန်တော့ရဲ့ညီ-(ဆမား)ညီညီတစ်ယောက် ကျောင်းသားတပ်ဖွဲ့ ကနေ KIA ဘက် ကို ရောက်ရှိသွားပြီးတဲ့နောက်- ကျွန်တော်ပါဂျောင်မှာရှိတဲ့ KIA ရဲ့ NEW CAMP ခေါ် လိုင်စင်စခန်းနဲ့ လိုင်ဇာဘက်ကို အကြိမ်ကြိမ် ရောက်ခဲ့ပါတယ်။
အစိုးရနှင့် အတိုက်အခံ ပူးပေါင်းဆောင်ရွက်ရန် စီစဉ်ခဲ့ကြစဉ်က
by Padauk Myay on Friday, February 24, 2012 at 5:46pm ·
မောင်ဝံသ
(၂၀၁၂ခုနှစ် ဖေဖော်ဝါရီလ (၂၃)ရက်နေ့ထုတ်၊ ပြည်သူ့ခေတ် ဂျာနယ်က ဆောင်းပါး ဖြစ်ပါတယ်။ ၁၉၆၀ ရွေးကောက်ပွဲ အပြီးမှ ဦးနုက တည်မြဲ၊ ပမညတတို့နဲ့ ပြန်လည် သင့်မြတ်ရေး ကြိုးစားခဲ့ပုံ ဖြစ်ပါတယ်။ နမူနာယူစရာ အချက်များ ဖြစ်ပေမယ့် နောက်ပိုင်းမှာ အုပ်ချုပ်သူ ပထစ ပါတီထဲမှာတင် ဦး၊ဗိုလ်၊ သခင်ကွဲခဲ့တာ၊ ဦးနုက ရွှေပြည်အေး တရားနဲ့ တည်မြဲ၊ ပမညတ တွေကို ချောင်ထိုး ခဲ့တာတွေကိုတော့ ဆရာမောင်ဝံသက ဆက်ရေး မသွားပါဘူး။ သို့သော် ဘာပဲဖြစ်ဖြစ် စဉ်းစားသင့်တဲ့ အယူအဆများအဖြစ် မျှဝေ ပေးလိုက်ပါတယ်။ )
၁၉၆၀ ပြည့်နှစ် ဖေဖော်ဝါရီ ၆ ရက်နေ့မှာ မြန်မာနိုင်ငံ ပါလီမန် ပြည်သူ့ လွှတ်တော် အထွေထွေ ရွေးကောက်ပွဲ ကျင်းပခဲ့သည်။ မဲဆန္ဒနယ် ၂၅၀ အနက် သန့်ရှင်း ဖဆပလ အဖွဲ့က ၂၀၃ နေရာ နိုင်တယ်။ တည်မြဲ ဖဆပလ အဖွဲ့က ၃၉ နေရာ နိုင်တယ်။ ပမညတ အဖွဲ့က တစ်နေရာပဲ အနိုင် ရခဲ့ပါတယ်။
ဘာကြောင့် ဒီမိုကရေစီ လိုချင်ရသလဲ
Inline image 3
Ko Nyan
အခု ဖတ်ဖြစ်နေတဲ့ စာအုပ်လေးပါ။
ဆရာဖေမြင့်ရဲ့ ခေါင်းကြီးနဲ့ ဆောင်းပါးတွေ ကို ပြည်သူ့ခေတ်မှာ အပတ်စဉ် ဖတ်နေကျ ဖြစ်ပေမယ့် အခုလို တစ်စုတစ်စည်းတည်း ပြန်ဖတ်ရတော့လည်း အရသာတစ်မျိုးပါပဲ။
စာအုပ်ခေါင်းစဉ်ပါ ဆောင်းပါးလေးကို ပြန်လည်ဝေမျှ လိုက်ပါတယ်ခင်ဗျာ။
ပျော်ရွှင်ကြပါစေ။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်၊ သောကြာနေ့။
Friday, February 24, 2012
တွေ့သမျှ ၊ မြင်သမျှ ၊ ဥါဏ်မှီသမျှ တင်ပြပါရစေ အပိုင်း ( ၂) (က)
by Bo K Nyein on Thursday, February 23, 2012 at 6:30am ·
အပိုင်း(၂) (က)
နိုင်ငံရေး ကြားကာလ စပ်ကူးမတ်ကူးကာလ
ဦးသန်းရွှေ ဆွဲသွားတဲ့ မာစတာပလင် မှာ အပိုင်း (၃) ပိုင်းပါတယ်လို့မြင်မိတယ်
          (၁) နိုင်ငံရေး ကြားကာလ (Political Transition Period)
          (၂) စီးပွားရေး အသွင် ကူးပြောင်းကာလ ( Economic Transition Period)
          (၃) အမျိုးသား ငြိမ်းချမ်းရေး ကာလ (Ethic Transition Period)
ဒီအချိန်ပိုင်း (၃) ခုဟာ တစ်ခုပြီးမှ တစ်ခု ဖေါ်ဆောင်ဖို့ မဟုတ်။ တစ်ခုနဲ့ တစ်ခု ဆက်စက်နေတှဲ့အတွက် တစ်ခုဖေါ်ဆောင်ရင်း နောက်တစ်ခု ဖေါ်ဆောင်ရမဲ့ staggered development လို့ဆိုချင်တာပါ။
24.02.2012 နေ့ဖတ်ရန်သတင်းများ
by Myanmar Journal on Friday, February 24, 2012 at 9:37am ·
မကျေမနပ် ဆန္ဒပြကြသူများအာဖဂန်ဆန္ဒပြမှု နေတိုးတပ်ဖွဲ့ဝင် နှစ်ဦးသေ
အာဖဂန်နစ္စတန်နိုင်ငံမှာ အစ္စလာမ် ဘာသာဝင်တွေရဲ့ ကိုရမ် ကျမ်းစာကို အမေရိကန် တပ်ဖွဲ့ဝင်တွေက မီးရှို့ ဖျက်ဆီးခဲ့ကြတယ် ဆိုတဲ့ သတင်းကြောင့် မကျေမနပ် ဆန္ဒပြမှုတွေ ၃ရက်ကြာ ဖြစ်ပွားနေရာမှာ အာဖဂန် နိုင်ငံသား အနည်းဆုံး ၆ ဦးနဲ့ နေတိုး တပ်ဖွဲ့ဝင် ၂ဦး သေဆုံးခဲ့ပါတယ်။ အတော် များများလည်း ဒဏ်ရာ ရသွားပါတယ်။
ရန်ကုန်တိုင်း တောင်ပိုင်းခရိုင် ကျောင်းသားသမဂ္ဂ စတင်ဖွဲ့စည်း
by Burma VJ Media Network on Friday, February 24, 2012 at 11:14am ·
By ဇာဏီ ၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့၊ ၂၀၁၂ ခုနှစ်။
ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နေ့လည် ၂ နာရီခွဲ အချိန်ခန့်မှာ ရန်ကုန်တောင်ပိုင်းခရိုင် ကျောင်းသားသမဂ္ဂကို စတင်ဖွဲ့စည်းလိုက်ပြီဖြစ်ပါတယ်။
" ကျောင်းသားသမဂ္ဂ ခေါင်းဆောင် ကိုကျော်ကိုကိုတို့ လွတ်လာတဲ့အချိန်မှာ ကျနော်တို့တွေအားလုံး စုပြီး ဗကသ ဗဟိုစည်းရုံးရေး ကော်မတီကို ဖွဲ့လိုက်တယ်။ အဲလိုဖွဲ့စည်းရတဲ့ ရည်ရွယ်ချက်က ကျနော်တို့ တနိုင်ငံလုံးမှာရှိတဲ့ ခရိုင်လေးဆယ်ကျော်မှ ကျောင်းသားတွေ စုပြီးတော့ တပြည်လုံးနဲ့ ဆိုင်တဲ့ ကျောင်းသား ညီလာခံတခု ကျင်းပမယ်။
လွှတ်တော်နိုင်ငံရေး နှင်းဆီခိုင် အဖြစ်သို့
by Win Ko on Friday, February 24, 2012 at 11:31am ·
-မောင်ဝံသ
-၂၄.၂.၂၀၁၂
ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲ အပါအ၀င် ယှဉ်ပြိုင်ကြမယ့် ပါတီတွေဟာ အခုဆိုရင် တရားဝင် မဲဆွယ် စည်းရုံးမှုတွေကို စတင်လုပ်ဆောင်နေ ကြပြီဖြစ်တယ်ဗျ။
၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့တဲ့ ၉၀ ပြည့်နှစ် ရွေးကောက်ပွဲ အနိုင်ရ NLD ဒီချုပ်ပါတီ ပြန်လည်ပါဝင်လာတဲ့ အဲဒီရွေးကောက်ပွဲဟာ အစိုးရသစ်လက်ထက်မှာ မြင်တွေ့ခဲ့ကြရတဲ့ အားတက်မျှော်လင့်စရာ မြင်ကွင်းတွေအရရော ပြည်တွင်း ပြည်ပက စိတ်ဝင်တစား အနီးကပ်စောင့်ကြည့်လေ့လာ အကဲခတ်နေကြမယ့် အနေအထားအရပါ ယေဘုယျအား ဖြင့် ချောချောမွေ့မွေ့ အောင်အောင်မြင်မြင် ပြီးဆုံးသွားနိုင်လိမ့်မယ်လို့ ကျွန်တော်ကတော့ ထင်မြင်ယူဆထားတယ်ဗျ။
Thursday, February 23, 2012
ABSDF ခေါင်းဆောင်ဟောင်း ကိုမောင်အေးအကြောင်း
by Sein Soe on Monday, February 13, 2012 at 9:58pm ·
"ကျုပ်တို့ တိုင်းပြည် ခြင် ကိုက်တယ်ဗျာ။ လမ်းဘေးတွေမှာလည်း ညစ်ပတ်ပေရည်နေတယ်။ အရမ်းနံတယ်"
ကိုမောင်အေးက သြစတျေးလျနိုင်ငံမှာ ၁၆-နှစ်လောက် နေပြီးတော့ မြန်မာပြည်ကို အလည်သွားခဲ့တယ်။ သမ္မတကြီးက ပြန်လာပါဆိုလို့ သူလည်း ပြန်သွားပါတယ်။ မြန်မာပြည်ပြန်တဲ့အတွေ့ အကြုံကို သူက ကျနော့်ကို ပြောပြနေတာပါ။ သူက ဆက်ပြီး...နေရာတကာ ငွေပေးမှ အလုပ်ဖြစ်တယ်ဗျာ...ဆိုပြီးစိတ်ပျက်တဲ့လေသံနဲ့ လည်းပြောရှာတယ်။
သြစတျေးလျကို ကိုမောင်အေးလာဖို့ အတွက် နယ်စပ်က ဒုက္ခသည်စခန်းထဲမှာ သုံးနှစ်လောက် နေခဲ့ရတယ်။ ရန်ကုန်က ပါလာတဲ့ ငွေလေးတွေနဲ့ မိသားစု ခြိုးခြံချွေတာပြီး စားတယ်။ စခန်းကပေးတဲ့ ရိက္ခာလေးတွေနဲ့ ဆိုတော့ လုံလောက်တယ်။
23.02.2012 နေ့ဖတ်ရန်သတင်းများ
by Myanmar Journal on Thursday, February 23, 2012 at 10:32am ·
အဖိနှိပ်ခံတွေ ဘဝမှန် ဖော်ထုတ်ဖို့ အင်မတန် စိတ်ထက်သန် 
ဆီးရီးယားကို နိုင်ငံတကာ ပြစ်တင်ရှုတ်ချ
သိက္ခာရှိ စစ်သတင်းထောက် မာရီ ကိုလ်ဗင်ကို သတ်မှု၊ အတိုက်အခံကို ဆက်လက် ချေမှုန်း နေမှုတွေ အတွက် ဆီးရီးယား အစိုးရကို အပြင်းအထန် ရှုတ်ချ နေကြပါတယ်။
အစိုးရ ထွက်ပေးသင့်ပြီလို့ ပြင်သစ် သမ္မတက ဆိုပါတယ်။
ရပ်ဝေးမြေမှ ချစ်သမီးသို့
by Win Ko on Thursday, February 23, 2012 at 10:04am ·
အတွေးတို့က ယိမ်းထိုးနေသည်။ တည်ငြိမ်မှု မရှိ။
အင်တာနက်ကဖေးပေါ်မှာ ဝေးဝေးမှတခါတရံပဲ တွေ့ခွင့်ရတဲ့ ချစ်သမီးလေးက “အဖေ သမီးတို့ကို ချစ်သေးရဲ့လား” တဲ့.....
နှလုံးအိမ်အတွင်းမှာ ထိခိုက်နာကျင်သွားသည်... “မေးရက်လိုက်တာ သမီးလေးရယ်..” ပေါ့။
အတိတ်ရပ်ဝန်းဆီသို့ အတွေးတို့ခုန်ထွက်သွားပြီး..?
ထိုင်းနိုင်ငံ မဲဟောင်ဆောင် ခရိုင်အတွင်းရှိ နန်းဆွယ်ရွာလေး၏ သီတင်းကျွတ်မီးထွန်းပွဲတော်သို့ ကျနော် ရောက်ရှိသွားခဲ့သည်။ ရည်ရွယ်ချက်မဲ့စွာ ပွဲဈေးတန်းအတွင်း လှည့်ပတ်ကြည့်ရှုနေဆဲ၊
တွေ့သမျှ ၊ မြင်သမျှ ၊ ဥါဏ်မှီသမျှ တင်ပြပါရစေ
ရေးသူ - ဘိုဘိုကျော်ငြိမ်း Bo K Nyein
အပိုင်း(၁) နိုင်ငံရေး
လောကမှာ အနီးနဲ့ အဝေး မြင်တာချင်းမတူနိုင်ကြပါ။
နီးရင် အနုစိပ် မြင်တွေ့ရသည်မို့ အဖြစ်မှန်နဲ့ ပိုနီးစပ်ပါတယ်။ ဝေးသွားရင် မှုန်ဝါးဝါး ဖြစ်လာသည်မို့ မှန်ဘီလူး အကူလိုလာပါတယ်။
ဒါလောက ရဲ့ ဓမ္မတာတရားပါပဲ။ မှန်ဘီလူးအားကောင်းရင် ထင်းထင်းမြင်ရသလို မှန်ဘီလူးအားညံ့ရင် ၀ိုးတိုးဝါးတာ ဖြစ်စမြဲပါ။ နောက်တဆင့် မြင်ရတဲ့ အရာကို ထပ်ဆင့်အဓိပ္ပါယ်ဖေါ်ရပြန်ပါတယ်။
Interpretation ပဲပေါ့။ နောက်ဆုံးတော့ မှန်ဘီလူးရော ၊ Interpretation ဆိုတာတွေဟာ အသိစွမ်းအား Knowledge Capacity နဲ့ ဥါဏ်စွမ်းအား Intellectual Capacity တွေရဲ့ Function လာဖြစ်ရတာပဲ လို့ သုံးသပ်ကောက်ချက်ချ နိုင်ပါတယ်။ အဆုံးမှာ တော့ လူပိန်းစကားနဲ့ ပြောရရင် ဘယ်လောက် (သိ) သလဲ ၊ ဘယ်လောက် (တွေး) နိုင်သလဲ ဆိုတာလာဖြစ်တာပဲ။ (သိ) ရုံနဲ့ မလုံလောက် (တွေး) နိုင်မှ (မြင်) မှာကိုး။ ကြည့်သောသူသည့် မြင်၏ ဆိုသလို (ကြည့်) ဖို့လည်း (သိ) ရမယ် ၊ (မြင်) တာကိုတခါ ဒါဘာလဲ ဆိုတာကို (သိ) ရမှာကိုး။ (အသိ) နှစ်ဆင့်လို့ဆိုရမလား မသိဖူး။
မြန်မာ့နိုင်ငံရေး လေ့လာဆန်းစစ်ချက် (၁၉၄၈ မှ ၁၉၈၈) (အဆက်)
by cherrymyodaw on Wednesday, February 22, 2012 at 6:34pm 
·
မြန်မာ့နိုင်ငံရေး လေ့လာဆန်းစစ်ချက် (၁၉၄၈ မှ ၁၉၈၈)
CASE STUDY OF MYANMAR POLITICS (1948 TO 1988)
လူမှုနိုင်ငံရေးတန်ဖိုး
တိုင်းပြည်တစ်ပြည်၏ စီးပွားရေး၊ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုများမှာ သက်ဆိုင်ရာ
လူ့အဖွဲ့အစည်း၏ “လူမှုနိုင်ငံရေးတန်ဖိုး” (SOCIAL POLITICAL VALUE) နှင့်
နီးနီးကပ်ကပ်ဆက်စပ်လျက်ရှိသည်ဆိုသော ယူဆချက်တစ်ရပ်ရှိပါသည်။
လူမှုနိုင်ငံရေးတန်ဖိုးဆိုရာတွင် နိုင်ငံရေးဓလေ့သာမက “လူမှုရေးဓလေ့”
(SOCIAL CULTURE) ပါအကျုံးဝင်သည်။ မြန်မာ့နိုင်ငံရေးဓလေ့အကြောင်း
ရှေ့ပိုင်းတွင်ဖော်ပြခဲ့ပြီးဖြစ်ရာ မြန်မာ့လူမှုဓလေ့ကိုဆက်လက်ဆန်းစစ်ကြည့်ပါမည်။
လူမျိုးတိုင်းမှာပင် ၎င်းတို့၏ သက်ဆိုင်ရာကိုးကွယ်ယုံကြည်မှု၊ ယဉ်ကျေးမှုနှင့် စီးပွားရေး
ဆက်ဆံမှုများအလိုက် မတူသော လူမှုဓလေ့များရှိကြသည်သာဖြစ်သည်။
အရောင်များ
by Win Ko on Wednesday, February 22, 2012 at 7:58pm ·
ဘဝဆိုသည်မှာ အံ့မခန်းစရာများနှင့်ပြည့်နှက်နေတတ်သည်။ အချိန်တို့နှင့်တပြေးညီ ဘဝတို့သည်လည်း အစုန် အဆန်ပြေးလွှားနေကြရသည့် သဘောရှိသည်။
တချိန်က ကျနော်တို့ရဲဘော်တစု အေးအတူပူအမျှ အရာရာကို မျှဝေခံစားခဲ့ကြရင်း ရည်ရွယ်ချက်ပန်းတိုင်ကို အတူတကွ လျှောက်လှမ်းခဲ့ကြသည်။ သူ့ဘဝ ကိုယ့်ဘဝ ပေးထားကြသူများဖြစ်သည်။
စိမ်းညို့ညို့တောင်တန်းများ ပတ်လည်ဝိုင်းနေသော တောင်ကုန်းလေးပေါ်တွင် ကျနော်တို့တပ်စခန်းလေးမှာ တသီးတခြား ကိုယ်ပိုင်နယ်မြေလေးအဖြစ် ဂုဏ်ယူဝံ့ကြွားစွာ ရပ်တည်ခဲ့သည်။ တပ်စခန်းလေးအတွင်းရှိ ရဲဘော် အားလုံးမှာ ညီရင်းအကိုပမာ ချစ်ခင်ခဲ့ကြ၊ အမှတ်ရစရာတွေကလည်း တပုံတပင် ရှိခဲ့သည်။
Wednesday, February 22, 2012
AB မြောက်ပိုင်းကိစ္စ ဂျပန်မှာ ဥက္ကဌဟောင်း ကိုထွန်းအောင်ကျော် ဟောပြောမည် ။
by Yeyint Kyaw on Wednesday, February 22, 2012 at 6:28am ·
၁၉၇၄ မျိုးဆက် ကျောင်းသားခေါင်းဆောင် နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) ၏ ပထမဦးဆုံး ဥက္ကဌ ဖြစ်သူ ကိုထွန်းအောင်ကျော် သည် နိုင်ငံရေးခရီးစဉ်အနေဖြင့် ဂျပန်နိုင်ငံသို့ ဖေဖေါ်ဝါရီ လကုန်ပိုင်းအတွင်း လာရောက်မည် ဖြစ်ကြောင်း သိရှိရပါသည်။
Continued
by Bo K Nyein on Wednesday, February 22, 2012 at 8:25am ·
ပြတ်သွားမှန်း မသိလိုက်ဖူး
ဥါဏ်ချင်းယှဉ်ရပြီ။
ကံကောင်းတာက ဒေါ်စုဟာ သတ္တိဗျတ္တိ တွင်သာမက ဥါဏ်အရာမှာလည်း ကြီးမားပေတယ်။ ဒီတစ်လမ်းပဲ ဖွင့်ပေးထားတာ မသိလို့ မဟုတ်။ သိတာပေါ့။ သို့သော် မဟော်သထာ ဇာတ်တော်ကြီးမှာ မိခင်အစစ် ဟာမိခင်မေတ္တာနဲ့ ခလေးမနာ ရအောင် မိမိအနစ်နာခံ သလို ဒေါ်စုဟာလည်း တိုင်းပြည်အကျိုးကိုကြည့်ပြီး ဒီမိုကရေစီလမ်းပေါ်ပြန်ရောက်အောင် သည်လမ်းကိုလျှောက် ၊ သည်တံထားကိုကူး ဖို့ ဆုံးဖြတ်ရတာပဲ။
ဒေါ်စုလို ပုဂ္ဂိုလ်မျိုး နဲ့ဥါဏ်ချင်းယှဉ်ဖို့ တည်ဆောက်ထားတဲ့ အစိုးရဖက် က အဖွဲ့ကို အထင်သေးလို့ မရပါ။ ဒီဗိုလ်ချုပ်တွေဟာ တသက်လုံး ရာဇပုလ္လင်ပေါ်မှာထိုင် တိုင်းပြည်ကို အုပ်ချုပ်ခဲ့သူများ ဖြစ်ကြတဲ့ အတွက် ရာထူးနဲ့ အာဏါ ၊ နိုင်ငံရေးနှင့် Human Psycho အကြောင်းတွေကို နော်ကြေနေသူများ ဖြစ်ကြပါတယ်။
22.02.2012 နေ့ဖတ်ရန်သတင်းများ
by Myanmar Journal on Wednesday, February 22, 2012 at 7:18am ·
ဂရိ ဝန်ကြီးချုပ် လူးကတ်စ် ပါပါဒေးမိုးစ် 
ယူရိုဇုန်ထဲက ဂရိ အကြပ်အတည်း ဖြေရှင်းဖို့ တန့်နေဆဲ
ဂရိခ် စီးပွားရေး အကြပ်အတည်းကို ကယ်တင်ဖို့ နောက်ထပ် ထောက်ပံ့မှု အတွက် သဘောတူညီချက် ရနိုင်တယ်လို့ ယုံကြည်ကြောင်း ဘရပ်ဆဲလ်စ်မြို့မှာ ကျင်းပနေတဲ့ အစည်းအဝေးမှာ ယူရိုဇုန် ဘဏ္ဍာရေး ဝန်ကြီးတွေက ပြောပါတယ်။
သန်း ၆၀ အတွက် မနက်ဖြန်
Posted: 21 Feb 2012 02:24 AM PST
နိဒါန်း
ဒီမိုကရေစီအသွင်  ကူးပြောင်းရေး  မှန်သမျှတို့တွင် Power Center  အဟောင်း နှင့်အသစ်၊ အတွင်းနှင့်အပြင်၊ အသစ်အချင်းချင်း၊ အဟောင်းအချင်းချင်း စသည်တို့အကြား ပွတ်တိုက်မှုများ မလွဲမသွေတွေ့ကြုံ  ရလေ့ရှိသောကြောင့် Stakeholder တို့၏ တွေးခေါ်မြော်မြင်နိုင်စွမ်းက အဓိကကျနေသည်။
ပန်းတိုင် တူသော်လည်း နည်းလမ်းမတူမှုကို နည်းလမ်းမတူမှုဟူ၍ သဘောမထားနိုင်ဘဲ နည်းလမ်းမှသည် ပါဝါပြိုင်ဆိုင်မှုအသွင်အပြင်သို့ ကူးပြောင်းရောက်ရှိသွားတတ် သလို ယင်းတို့ကူးပြောင်းရောက်ရှိသွားပြီး အားပြိုင်မှုပြင်း ထန်လာလျှင် သမိုင်းကြောင်းကကြုံတွေ့ခဲ့ရသော နိုင်ငံ တည်ဆောက်ရေးသစ်ပင်သည် အညွန့်လည်းကျိုး၊ ပင်စည် လည်းကိုင်းသည့်အခြေအနေသို့ ဆိုက်ရောက် သွားတတ်သည်။
““ပွင့်လင်းတဲ့လူ့အဖွဲ့အစည်းဆိုတာ ပိတ်ဆို့ထားတဲ့လူ့အဖွဲ့အစည်းမဟုတ်ဘူးပေါ့ဗျာ”” (မင်းကိုနိုင်)
by Tun Wai on Tuesday, February 21, 2012 at 11:49pm ·
            ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များနှင့် ဗကသကျောင်းသားလူငယ်များပါဝင်သော အဖွဲ့သည် ယခုလ ၂၀ရက်နေ့က ဟင်္သာတမြို့သို့သွားရောက်ကာ ဦးအောင်မြတ်ကျော်ခန်းမတွင် မြို့သူမြို့သား သုံးထောင်ခန့်နှင့် တွေ့ဆုံ၍ ပွင့်လင်းလူ့အဖွဲ့အစည်း မိတ်ဆက်ဆွေးနွေး ပွဲခေါင်းစဉ်ဖြင့် ဟောပြောပွဲတစ်ရပ်ပြုလုပ်ခဲ့သည်။
နိုင်ငံရေးစာအုပ်များနှင့် ဘာသာရေးစာအုပ်များ
မိုးကုတ်ဆရာတော် ဘုရားကြီးရဲ့ စာအုပ်တစ်အုပ်လိုက်ရှာရင်း ဒီဆိုဒ်လေး တွေ့လို့ ရှယ်ပေးလိုက်တယ်။(စာဖတ်ကြပါ):D
နိုင်ငံရေးစာအုပ်များနှင့် ဘာသာရေးစာအုပ်များ
နိုင်ငံရေးစာအုပ်များနှင့် ဘာသာရေးစာအုပ်များ
စာအုပ်အမည် = ပြည်သူ့လွှတ်တော်ဆိုင်ရာနည်းဥပဒေများ
ရေးသားသူ = အေးချမ်းဖြိုးကောင်စီ
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် = http://www.mediafire.com/?83ohck7j4qpk7z7
Tuesday, February 21, 2012
ABSDF မြောက်ပိုင်းအရေးကိစ္စကိုဆန်းစစ်ခြင်း။
by Htay Tint on Monday, February 13, 2012 at 2:04pm ·
ABSDF မြောက်ပိုင်းတွင်ဗဟိုဥက္ကဌကိုထွန်းအောင်ကျော်အပါအဝင်အဖွဲ့ဝင်၃၀ ကျော်ကို
ညှင်းပန်းနှိပ်စက်ပြီး လူ မဆန်စွာ သတ်ဖြတ်ခဲ့ကြသည့်
အပြင်လူ ၇၀ ကျော် ကိုရက်ရှည်လများနှိပ်စက်ညှင်းပန်းခဲ့ကြသည့်
အဓိက တရားခံ မြောက်ပိုင်းခေါင်းဆောင်များဖြစ်သော
ရော်နယ်အောင်နိုင်(ထိုင်း)၊
မျိုးဝင်း (သေဆုံး)၊
သံချောင်း (ထောင်တွင်း) တို့နှင့်
21.02.2012 နေ့ဖတ်ရန်သတင်းများ
by Myanmar Journal on Tuesday, February 21, 2012 at 4:54am ·
 ချင်းပြည်နယ်နေ့ ကျင်းပမှု ဒေသခံများ မကျေနပ်နော်ဝေရောက် ချင်းလူမျိုးများကလဲ ချင်းအမျိုးသား နေ့ကို ပျော်ရွှင်စွာ ဆင်နွှဲကြပါတယ်
ဒီကနေ့ ဖေဖေါ်ဝါရီ ၂၀ ရက်နေ့မှာ ကျရောက်တဲ့ ၆၄ ကြိမ်မြောက် ချင်းအမျိုးသား နေ့ကို ချင်းအမျိုးသား တွေ အားလုံး တောင်းဆိုတဲ့ ကြားကပဲ လက်ရှိ ချင်းပြည်နယ် အစိုးရက ချင်းပြည်နယ်နေ့ အဖြစ်ပဲ ဟားခါးမြို့ ပြည်သူ့ အားကစား ကွင်းမှာ ကျင်းပ ပေးခဲ့ ပါတယ်။
ABSDF (မြောက်ပိုင်း) ဖြစ်ရပ်နှင့် ပတ်သက်၍ နိုင်ငံတကာရောက်အဖွဲ့ဝင်များ၏ သဘောထားထုတ်ပြန်
ကျောင်းသားတပ်မတော် (မြောက်ပိုင်း) ဖြစ်ရပ်နှင့် ပတ်သက်၍ နိုင်ငံတကာရောက် မကဒတ အဖွဲ့ဝင်များ၏ သဘောထားကို ထုတ်ပြန်ကြေညာထားပါသည်။ တုန်လှုပ်ဖွယ်ရာ ဖြစ်ရပ်၏ အမှန်တရား ပေါ်ပေါက်ရေးနှင့် ပတ်သက်ပြီး တောင်းဆိုထားမှုနှင့်အတူ ဒီမိုကရေစီတော်လှန်ရေးတွင် ခွပ်ဒေါင်းအလံတော်အား အမြင့်မားဆုံးလွှင့်တင်ခဲ့သည့် ABSDF ၏ ဂုဏ်သိက္ခာအား နည်းမျိုးစုံဖြင့် ထိုးနှက် တိုက်ခိုက်နေမှုအပေါ် ပြင်းပြင်းထန်ထန် ဆန့်ကျင်သွားမည်ဖြစ်ကြောင်းတို့ ပါရှိပါသည်။ ဆက်သွယ်ရန်အတွက် သက်ဆိုင်ရာ နိုင်ငံအလိုက် ကိုယ်စားပြု အဖွဲ့ဝင်များ၏ အမည်စာရင်းကိုလည်း ဖေါ်ပြထားရှိသည်။
Monday, February 20, 2012
ဘောင်ဘင်ခတ်အတွေးများ (ဒုက္ခသည် စာစု)
20.02.2012 နေ့ဖတ်ရန်သတင်းများ
by Myanmar Journal on Monday, February 20, 2012 at 6:15am ·
တရုတ်ဒုတိယသမ္မတ အိုင်ယာလန်ကိုရောက်ရှိ
အိုင်ယာလန်နဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ အတွက် စိတ်ဝင်စားတယ်လို့ ပြောပါတယ်
တရုတ် ဒုတိယ သမ္မတ ရှီ ဂျင်ပင်းဟာ အိုင်ယာလန်နိုင်ငံနဲ့ စီးပွားရေးဆိုင်ရာ ပူပေါင်း ဆောင်မှုတွေ လုပ်နိုင်ရေး အလားအလာတွေ အတွက် စုံစမ်းလေ့လာဖို့ အိုင်ယာလန်နိုင်ငံ ကိုရောက်ရှိနေပါတယ်။
တရုတ်နိုင်ငံရဲ့ နောက်တက်မယ့် ခေါင်းဆောင်လို့ ယူဆရတဲ့ မစ္စတာရှီက တရုတ်နိုင်ငံအနေနဲ့ ဥရောပမှာ အခုလက်ရှိ ရင်ဆိုင်နေရတဲ့ စီးပွားရေး ပြဿနာတွေကို ကူညီ ဖြေရှင်းပေးဖို့ ဆန္ဒရှိ တယ်လို့ ပြောကြားပါတယ်။
ကျွန်တော်ရဲ့  ပထမ စခန်း သေဘောဘိုး
by Htay Tint on Monday, February 20, 2012 at 1:45am ·
သေဘောဘိုး အုပ်စုက ကဖိတ်တဲ့စာဝင်လာတော့ ရင်ထဲမှာ ဒိုင်းကနဲ ဖြစ်သွားတယ် ။
ငယ်မူပြန်သလိုအထိ ခံစားမိသွားတယ် ။
၁၉၈၈ ၂၃ စက်တင်ဘာလလောက်မှာ ဖားအံဖုန်းကြီးကျောင်းကနေ
တညအိပ် ။ ထမင်းစားပြီးတော့ မနက်စောစော KNU နဲ့  အဆက်အသွယ်ရှိတဲ့
ဝဏ္ကဆိုတဲ့ ချာတိတ် ခေါ်တဲ့ အတိုင်း ကားနဲ့ အထွက် စစ်တပ်က ပိတ်ဖမ်းလို့ 
ကားပေါ်က ခုန်ချပြီး နယ်စပ်ကို လမ်းလျှောက်ကြတယ် ။
ABSDF မြောက်ပိုင်းမှာ ၁၉၉၂ ခုနှစ်က ဘာတွေဖြစ်ခဲ့သလဲ
RFA
ဖေဖော်ဝါရီ ၁၉၊ ၂၀၁၂
၁၉၉၂ ခု ဖေဖော်ရီ ၁၂ ရက်က ကချင်ပြည်နယ် ပါချောင်ဒေသမှာ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF မြောက်ပိုင်း အဖွဲ့ဝင်တချို့ကို စစ်အစိုးရက စေလွှတ်လိုက်တဲ့ ထောက်လှမ်းရေး သူလျှိုတွေအဖြစ် စွပ်စွဲပြီး ညှဉ်းပန်းသတ်ဖြတ်မှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။
”တော်တော်လေး ယုတ်ယုတ်မာမာနဲ့ အောက်တန်းကျကျလုပ်တဲ့ အာဏာလုပွဲပဲ” ပြီးခဲ့သော အနှစ် ၂ဝ က မြောက်ပိုင်း ABSDF တွင် ကျောင်းသားများ အသတ်
by Nay Myo on Sunday, February 19, 2012 at 5:55pm ·
ကိုထိန်လင်း မြောက်ပိုင်း ကို စရောက်တဲ့အချိန်က စပြောပြပါ။ ဘယ်အချိန်က ရောက်တာလဲ။
မြောက်ပိုင်းကို စရောက်တာက ပတ္တနိကုသဏ ကံဆောင်ပွဲတွေ နှိမ်နင်းပြီးတဲ့ အချိန်လောက်ပါ။ အမှန်က ကျွန်တော်က အိန္ဒိယကနေ ထွက်လာတာ။ အိန္ဒိယကမ့် မှာ နှစ် နှစ်နေပြီးပြီ။ နေပြီးတဲ့ အချိန် မှာ အခုတောင်ကြီး ထောင်ထဲမှာ ကျန်နေတဲ့ ဦးရွှေထူး။ ဦးရွှေထူးက အဲဒီအချိန်မှာ ဒီပတ္တနိကုသဏကံ ဆောင်ပွဲမှာ မစိုးရိမ်တိုက်မှာ ဘုန်း ဘုန်းတွေနဲ့နေပြီး စီမံနေတော့ သူကနေ လှမ်းပြီးအသံပြုလိုက်တာ။ အဲဒီတုန်းက စပြီးတော့ ပန်းချီ အလုပ်တွေ အနုပညာအလုပ်တွေ လုပ်နေပြီလေ။ ဒါပေမဲ့ အဲဒီလို ဝါဒ ဖြန့်ချိရေးကိစ္စပေါ့။ ကျောင်းသား တပ်မတော်တို့ ဘာတို့ပေါ့။ သူက အဲဒါကို ဆရာတော်တွေနဲ့ လာလုပ်စေချင်တာဆိုတော့ အဲဒါနဲ့တင် သွားလိုက်တာ။ ခိုးဝင်လာ တာပေါ့နော်။ ရောက်တဲ့ နေ့မှာပဲအဲဒီ ကံဆောင်ပွဲကို နှိမ်နင်းတဲ့ဟာက ဖြစ်နေပြီ။ ဖြစ်နေတော့ ကျွန်တော် ဘုရားကြီးက တိုက်ထဲကနေ မြင်လိုက်တာနဲ့ တပ်က ကျောင်းကို ဝိုင်းထားလိုက်တာ။ မြင်လည်း မြင်ရတယ်။
Sunday, February 19, 2012
19.02.2012 နေ့ဖတ်ရန်သတင်းများ
by Myanmar Journal on Sunday, February 19, 2012 at 10:21am ·
ကွယ်လွန်သွားပြီဖြစ်တဲ့ ဝှစ်တနီ ဟူစတန်ဝှစ်တနီ ဟူစတန် ရဲ့ ဇာပနကျင်းပ
အမေရိကန် ပြည်ထောင်စု၊ နယူးဂျာဆီ ပြည်နယ်က နီဝါခ့်မှာ တော့ အမေရိကန် အဆိုတော် ဝှစ်တနီ ဟူစတန် ရဲ့ ဇာပနကို ကျင်းပ ပြီးစီးခဲ့ပြီ ဖြစ်ပါတယ်။
အဲဒီ ဇာပနကို ဝှစ်တနီ ဟူစတန် ကလေး ဘဝမှာ စပြီး သီချင်းဆို ခဲ့တဲ့ ဘက်ပ်တစ္စ ဘုရားကျောင်း မှာ ကျင်းပ ခဲ့တာ ဖြစ်ပါတယ်။ နာမည်ကျော် အဆိုတော် တွေ ဖြစ်ကြတဲ့ စတီဗီ ဝမ်းဒါး နဲ့ အလီရှာ ကီးစ် တို့ ပါဝင်တဲ့ ဓမ္မ သီချင်း အဖွဲ့က တေး သီဆိုပြီး အခမ်း အနားကို စတင် ခဲ့ကြပါတယ်။
အောင်ပွဲကိုညွှန်ပြခြင်း (သို) ၈၈ ခေါင်းဆောင်များသို့အကြံပြုခြင်း
Sunday, 5 February 2012
လွန်ခဲ့သော (၂၃) လောက်တုန်းက၊ မြန်မာနိုင်ငံရဲ့အခြေအနေများဟာ၊ ယနေ့ကာလတွင် လုပ်ဆောင်နိုင်သောအခြေအနေများနှင့် တော်တော်လေးအသွင်တူသည်။ ရိုးသားစွာဖြင့်ပြောရမယ်ဆိုရင်တော့၊ ယနေ့အခြေအနေများသည်၊ ယ္ခင်အခြေအနေများနဲ့ကွဲလွဲမှုရှိသလို၊ ယခင်ကထက်ပိုမိုသောလုပ်ဆောင်နိုင်မှုများကိုလုပ်ဆောင်
နိုင်နေတာကိုတွေ့ရသည်။ ဥပမာအားဖြင့်၊ ယခင်ကလို တဦးခြင်းစီ၏ နိုင်ငံရေးလှုပ်ရှားမှုတိုင်းကို လိုက်ကြည့်သောထောက်လှန်းရေးများ မတွေ့ရတော့ခြင်း၊ လွတ်လွတ်လပ်လပ် ပြောဆိုနိုင်ခြင်း၊ သွားလာနိုင်ခြင်း၊ဆက်သွယ်နိုင်ခြင်းတို့သည် ထင်ရှားသောထူးခြားချက်များဖြစ်သည်။
ABSDF မြောက်ပိုင်းအရေးကိစ္စကို ဆန်းစစ်ခြင်း
Monday, 13 February 2012
ရေးသူ- (ဦး)ထွန်းအောင်ကျော်
(မှတ်ချက်။ ။စာရေးသူ ဦးထွန်းအောင်ကျော်သည် ၁၉၈၈ ခုနှစ်တွင်
ABSDF ကျောင်းသားတပ်မတော်ကို စတင်ထူထောင်ရာ၌ ဥက္ကဋ္ဌ တာဝန်
ကို ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး ယခုအခါ အမေရိကန် ပြည်ထောင်စုတွင်
နေထိုင်လျက်ရှိသည်၊ ABSDF မြောက်ပိုင်းတွင် မတရား စွပ်စွဲသတ်ဖြတ်
ခံခဲ့ရသော အထက်ဗမာပြည် ဗ.က.သ ခေါင်းဆောင် ကွယ်လွန်သူ
ကိုထွန်းအောင်ကျော်နှင့် အမည်ချင်း ဆင်တူနေပါသဖြင့် စာဖတ်သူ
ဂရုပြုနိုင်ရန် အသိပေးအပ်ပါသည်။ -ပျူနိုင်ငံ)
Sunday, February 12, 2012
“ နာကြည်းနေသော ဆရာကြီးများအတွက် ”(ဟစ်တိုင် )
by Tharchit Zaw on Sunday, February 12, 2012 at 2:51pm ·
-ဦးဖိုးသာအောင်
-၁၂.၂.၂၀၁၂
NLD ၏ အပြောင်းအလဲ ခေါင်းစဉ်နဲ့ ဆရာကြီး ဖိုးသံချောင်းရဲ့ 02.01.2012 နေ့စွဲ့ပါ ဆောင်းပါးကို ဖတ်ရတယ်။
ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်တို့ သဟဇာတဖြစ်မှုအပေါ် ကြားကဝင်ပြီး မပြောချင်ဘူး ဆိုပြီး ပြောပြော နေတယ်၊ ပြောရုံတင်မက ကိုယ်ထိလက်ရောက်လည်း ဝင်ပြီး လုပ်နေတယ်၊
ဘက်ပေါင်းစုံကပဲ ဗ.က.ပ ဟာ မြန်မာ့နိုင်ငံရေးမှာ လုပ်သင့်ပြောသင့်တာတွေကို လုပ်နေတယ် ပြောနေတယ်လို့ ဗြောင်ပဲ ရဲရဲဝံ့ဝံ့ပြော သင့်တယ်၊
သွယ်ဝှက်ပြီး ဟိုအဖွဲ့ဝင် ဒီအဖွဲ့ထွက်နဲ့ တောင်ပြော မြောက်ပြော မပြောသင့်တော့ဘူး၊
ခေတ်ပြောင်းနေပြီ၊ မြန်မာ့နိုင်ငံရေးမှာ အမေရိကန်နှင့် တရုတ် မပါရင် မပြီးဘူး၊ ဒါလောက်တော့ နားလည်သင့်တယ်၊
ပင်လုံစိတ်ဓာတ်နှင့် ပြည်ထောင်စုစစ်စစ်မူဝါဒ အပိုင်း (၁)
by Lu Cifer on Sunday, February 12, 2012 at 4:33pm ·
ပင်လုံညီလာခံတွင် ဖဆပလ၏ သဘောထားကို တိုင်းရင်းသားကိုယ်စားလှယ်တို့အား ဗိုလ်ချုပ်အောင်ဆန်းက ပြတ်ပြတ်သားသား တင်ပြနေစဉ်
ဗြိတိသျှအစိုးရအနေဖြင့် မြန်မာနိုင်ငံကို သိမ်းပိုက်ခဲ့သည့် အချိန်မှစ၍ လွတ်လပ်ရေးမရရှိစေရန်အတွက် နည်းမျိုးစုံဖြင့် ဟန့်တားခဲ့ကြပါသည်။
ထိုသို့ ဟန့်တားမှုများတွင် မြန်မာပြည်မနှင့် တောင်တန်းဒေသများ (တစ်နည်းအားဖြင့် တိုင်းရင်းသားအချင်းချင်း)ကို သွေးခွဲအုပ်ချုပ်သည့် နည်းဖြင့်လည်း အုပ်ချုပ်ခဲ့ကြသည်။
12.02.2012 နေ့ဖတ်ရန်သတင်းများ
by Myanmar Journal on Sunday, February 12, 2012 at 10:43am ·
ဇာဂနာ နမ်ဘီယာ့ အကြံပေး အဖွဲ့နဲ့တွေ့
ဇာဂနာနဲ့ အဖွဲ့ ဟီလာရီ ကလင်တန်နဲ့ တွေ့ဆုံ
အမေရိကန်မှာ ခရီး လှည့်လည်နေတဲ့ အနု ပညာရှင် ဇာဂနာဟာ ကုလ အတွင်းရေးမှုး ချုပ် ဘန်ကီမွန်းရဲ့ မြန်မာ နိုင်ငံဆိုင်ရာ ကုလ အထူးကိုယ်စားလှယ် ဗီဂျေနမ်ဘီယာ ရဲ့ အကြံပေး အဖွဲ့နဲ့ တွေ့ဆုံခဲ့ပါတယ်။
အဲဒိလို တွေ့ဆုံတုန်း ဇာဂနာဟာ ပြည်တွင်းစစ် ရပ်စဲရေး၊ မြန်မာ နိုင်ငံထဲ လူမှု အဖွဲ့အစည်းတွေ ပေါ်ပေါက်ရေးနဲ့ ကျန်နေသေးတဲ့ နိုင်ငံရေး အ ကျဉ်းသားတွေ ကိစ္စတွေကို တင်ပြခဲ့တယ်လို့ ဇာဂနာက ဘီဘီစီကို ပြောပြပါတယ်။
ဘ၀တကွေ့ က ကျနော်ထောက်လှမ်းရေးကျောင်းသား
အခုတလော ထောက်လှမ်းရေးဖခင်ကြီး ဦးခင်ညွန့်အကြောင်း သတင်းတွေ တော်တော်ဖတ်ရတော့ ဘ၀တစ်ကွေ့မှာထောက်လှမ်းရေးတွေနဲ့ လက်ပွန်းတတီး နေလာခဲ့ရချိန်တွေကို ပြန်သတိရမိတယ် ။ ဒါပေမယ့် ထောက်လှမ်းရေးအကြောင်းပြောရင်းနဲ့ စကားက ဟိုရောက်ဒီရောက်ဖြစ်
လာရင်လည်း နားလည်ခွင့်လွတ်ပေးပါ ၊ ဘာလို့လဲဆိုတော့ အဲ့ဒီအချိန်က ထောက်လှမ်းရေးနဲ့ဆက်စပ်နေတဲ့ ဒေသတစ်ခွင်လုံးရဲ့အခြေအနေ
လည်းရောထွေးပါလာနိုင်လို့ပါ ။
စုံတွဲတွေကို အခန်းမဲဖောက်ပေးမယ့် ဖျော်ဖြေပွဲ
PDF Print
Written by လူထုစိန်ဝင်း   
Sunday, 12 February 2012 11:46
AddThis Social Bookmark Button
တစ်နေ့က လူငယ်လေးယောက် ရောက်လာကြတယ်။ သပ်သပ်ရပ်ရပ် ၀တ်စားဆင်ယင်ပုံကိုကြည့်ပြီး ကျောင်းသားတွေဖြစ်လိမ့်မယ်လို့ ခန့်မှန်းမိလိုက်တယ်။ ရုပ်ရှည်လေးတွေလည်း သန့်ပြန့်မွန်ရည်ကြတယ်။ သူတို့ကိုယ်သူတို့ မိတ်ဆက်တော့ ရေကြောင်းတက္ကသိုလ်က ကျောင်းသားတွေမှန်း သိရတယ်။
ကြက်သီးထစရာ
'ဗလင်တိုင်းဒေး'လို့ ခေါ်ကြတဲ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ ပြုလုပ်မယ့်ဖျော်ဖြေပွဲ ကြော်ငြာဆိုင်းဘုတ်ကြီးတွေနဲ့ပတ်သက်ပြီး ပြောချင်ကြလို့ ရောက်လာကြတာပါ။ ပွဲက ကန်တော်ကြီးမျှော်စင်ကျွန်းမှာ လုပ်မှာဖြစ်ပြီး လူငယ်တွေကြား ရေပန်းစားနေတဲ့ လူငယ်အဆိုတော်တွေပါ ၀င်ပါတယ်။ မြို့တွင်း လူစည်ကားရာနေရာတွေမှာ ကြော်ငြာဆိုင်းဘုတ်ကြီးတွေ ထောင်ထားပါတယ်။
11.02.2012 နေ့ဖတ်ရန်သတင်းများ
by Myanmar Journal on Sunday, February 12, 2012 at 10:42am ·
တရုတ်ဘက် ရောင်းစားခံရမှု ရာနှုန်း များပြား
၂၀၁၁ ခုနှစ် အတွင်း ဖြစ်ခဲ့တဲ့ လူကုန်ကူးမှု ၆၉ ရာခိုင်နှုန်းဟာ တရုတ် နိုင်ငံကို ရောင်းစား ခံခဲ့ကြရတာ ဖြစ်တယ်လို့ လူကုန်ကူးမှု ကာကွယ် တားဆီးရေး ဗဟို အဖွဲ့က တာဝန်ရှိသူ တစ်ယောက် ဖြစ်တဲ့ နိုင်ငံ ဖြတ်ကျော် မှုခင်း ဌာနမှူး ရဲမှူးကြီး ဦးစိုးမြိုင်က ဘီဘီစီကို ပြောပါတယ်။
တရုတ်မှာ မိန်းကလေး ရှားပါးမှုက မြန်မာ အမျိုးသမီးတွေ ရောင်းစားခံရတဲ့ အကြောင်း တစ်ရပ်ဖြစ်
ပြီးခဲ့တဲ့ နှစ် အတွင်း မှာ အရေးယူ ခဲ့တဲ့ အမှုပေါင်း ၁၃၅ မှု ရှိပြီး တရားခံ ၃၅၀ ကျော်ကို ဖမ်းဆီး အရေးယူ ခဲ့တဲ့ အပြင် လူကုန်ကူးခံရသူ ၂၆၅ ယောက် ကိုလည်း ကယ်တင်နိုင် ခဲ့တယ်လို့ သူက ပြောပါတယ်။
ကောင်းမှု အကြောင်းပြု ““ ဒေါင်း”” ““စု””
  အတိတ်ရာဇ၀င်  တကောင်းဆို  နှိုင်းပြလို့
 စိတ်မှာအစဉ်      အဟောင်းလို  မမှိုင်းမြဘို့
 နိမိတ်သာချင်ဒေါင်းကိုဝိုင်းကြစို့။    ။
  သပြေနုတဲ့  ပြည်ဗဟိုလ်ဝေစီစခန်း
 ဇေယျတုဖွဲ့ ညီအစ်ကိုတွေညီလှမ်း
 အမေစုကွဲ့  ဒီမိုကေ၇စီပန်း။   ။
“ နာကြည်းနေသော ဆရာကြီးများအတွက် ”(ဟစ်တိုင် )
by Tharchit Zaw on Sunday, February 12, 2012 at 2:51pm ·
-ဦးဖိုးသာအောင်
-၁၂.၂.၂၀၁၂
NLD ၏ အပြောင်းအလဲ ခေါင်းစဉ်နဲ့ ဆရာကြီး ဖိုးသံချောင်းရဲ့ 02.01.2012 နေ့စွဲ့ပါ ဆောင်းပါးကို ဖတ်ရတယ်။
ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်တို့ သဟဇာတဖြစ်မှုအပေါ် ကြားကဝင်ပြီး မပြောချင်ဘူး ဆိုပြီး ပြောပြော နေတယ်၊ ပြောရုံတင်မက ကိုယ်ထိလက်ရောက်လည်း ဝင်ပြီး လုပ်နေတယ်၊
ဘက်ပေါင်းစုံကပဲ ဗ.က.ပ ဟာ မြန်မာ့နိုင်ငံရေးမှာ လုပ်သင့်ပြောသင့်တာတွေကို လုပ်နေတယ် ပြောနေတယ်လို့ ဗြောင်ပဲ ရဲရဲဝံ့ဝံ့ပြော သင့်တယ်၊
သွယ်ဝှက်ပြီး ဟိုအဖွဲ့ဝင် ဒီအဖွဲ့ထွက်နဲ့ တောင်ပြော မြောက်ပြော မပြောသင့်တော့ဘူး၊
ခေတ်ပြောင်းနေပြီ၊ မြန်မာ့နိုင်ငံရေးမှာ အမေရိကန်နှင့် တရုတ် မပါရင် မပြီးဘူး၊ ဒါလောက်တော့ နားလည်သင့်တယ်၊
နားလည်မယ်လို့လည်း ယူဆပါတယ်၊ ဆရာကြီးတွေပဲ မဟုတ်လား၊ အခု ဦးသိန်းစိန်၊ ဒေါ်စု၊ အမေရိကန် (စိန်၊ စု၊ ကန်) သဟဇာတမူနဲ့ မြန်မာ့နိုင်ငံရေးပြဿနာကို ဖြေရှင်းဖို့ ကြိုးစားနေကြတယ်၊
ဒါကို ဗ.က.ပ က မကြိုက်ဘူး၊
Saturday, February 11, 2012
မှော်ရုံဟေဝန်... တောမြိုင် (မြောက်ပိုင်းကြွေလွင့် ဦးစိန် အကြောင်း )
by Yeyint Kyaw on Saturday, February 11, 2012 at 9:58pm ·
ဝေးလံသောအရပ်မှ ရေစီးသံလို အသံသဲ့သဲ့ ကြားနေရသည်။ ပတ်ဝန်းကျင်တခုလုံးက ညဖြစ်လေသလား မသိ မှောင်မှောင်မဲမဲ။ အရင်းတုတ်ကာ အဖျားသွယ်သွားသော အမျိုးအမည်မသိ ပင်အုပ်ကြီးများနှင့် တော၏အလယ်ခေါင်တွင် ကျနော်ရောက်နေသည် ထင်သည်။ မျက်စိတဆုံး ပင်အုပ် တောအုပ်။ ကြည့်လေရာ ခြာခြာလည်။ ထိုပင်အုပ် ထိပ်ဖျားလွတ်ရာနေရာတွင် ကောင်းကင်ကို မှိန်ဖျဖျဖြစ်နေရသည်။ ကြယ်တပွင့် လတစင်းမရှိ။ ဟိုး ကောင်းကင်မှ နှင်းစက်လား၊ မိုးစက်လားမသိ ရေစက်များက ခြောက်သွေ့ တင်းမာနေသော ကျနော့် နှုတ်ခမ်းထက်သို့ ကျလာသည်။
Related Posts Plugin for WordPress, Blogger...