Thursday, March 29, 2012

ငှက်ပိတုန်း စိတ်ဓာတ်


by Lu Cifer on Thursday, March 29, 2012 at 9:22pm 


ငှက်ပိတုန်းကို မြင်ဖူးပါလိမ့်မည်။ ပုံစံက နှုတ်သီးရှည်ပြီး ချွန်သည်။ အမွေးအတောင်လှပသည်။ လေထဲတွင် တနေရာထဲ၌ အချိန်ကြာမြင့်စွာ အတောင်ပံတစ်ဖျတ်ဖျတ်ခတ်ပြီး ပျံဝဲနေနိုင်သည့် ငှက်မျိုးဖြစ်သည်။ အရွယ်မှာ စာကလေးကိုယ်လုံးသာသာ ရှိပြီး၊  ပိတုန်းတစ်ကောင်၏ လျှင်မြန်ခြင်းမျိုးရှိသဖြင့် ငှက်ပိတုန်း ( Hummingbird ) ဟု ခေါ်ပုံရသည်။ တချို့ကလည်း ၀တ်ရည်စုတ်ငှက်ဟု ခေါ်ကြသည်။

ကျွန်တော် ငှက်ပိတုန်း အကြောင်း ပထမဆုံးအကြိမ် စကြားဖူးခဲ့သည်မှာ ငြိမ်းချမ်းရေးနိုဗယ်လ်ဆုရှင် ၀မ်ဂါရီမာသိုင်း (၁၉၄၀ - ၂၀၁၁) ၏ အင်တာဗျုးတစ်ခုတွင် ဖြစ်သည်။ သူမ၏ ဟောပြောပွဲများတွင်လည်း အခါအားလျော်စွာ ငှက်ပိတုန်း ပုံပြင်အကြောင်း ထည့်သွင်းပြောကြားတတ်သဖြင့် သူမကို ငှက်ပိတုန်းငှက်အဖြစ်ပင် တင်စားခြင်းခံရပါသည်။

ရော်နယ်ကြီးသို့ ............(ဖိုးစန်း)


ဥပဒေနဲ့အညီ တွေးမိတွေးရာ(ဖိုးစန်း)
(၁၂.၃.၂၀၁၂) နေ့ထုတ်Messengerဂျာနယ်ဖတ်ရတော့မောင်ဖိုးစန်းတို့ ဆံပင်တွေထောင်ပြီး၊ ခေါင်းတွေ ပြန် ကျိန်းလာတယ်ဗျ။   ဒေါက်တာရော်နယ်အောင်နိုင်က သူတို့ ဖုံးကွယ်ခဲ့တာ၊ စည်းမျဉ်းစည်းကမ်း ဥပဒေတွေနဲ့ လွဲချော် ပြီး လုပ်ခဲ့တာ ဘာမှမရှိဘူးလို့ ပြောထားတာလေး ဖတ် လိုက်ရလို့ပါ။
ဟုတ်ပေတာပေါ့... မောင်ဖိုးစန်းတို့တောထဲသွား စပိုင်လုပ်ခဲ့ပြီး မြို့ပေါ် မှာ   နှစ်ပေါင်းနှစ်ဆယ်ကျော် ဟုတ် လှပြီဆိုပြီး တိတ်တိတ်လေး ဒူးနှံ့နေ တာ.. .   ရော်နယ်ကြီး တို့ကလည်း နားလည်ပေးပါတယ်။ မောင်ဖိုးစန်းတို့ကို ဘာတွေပါ။ ညာတွေပါဆိုပြီး မပြောပေးရှာပါဘူး။ ခုဆို မောင်ဖိုးစန်းတို့အဖွဲ့တွေဟာ စပိုင့်ချစ်သူတွေ၊ စပိုင့်ဇနီးတွေ၊ စပိုင့်သားသားမီးမီးတွေနဲ့ အေးချမ်းလို့ ပျော်ရွှင်လို့... ဒီအချိန်မှာ ဘယ်သကောင့်သားတွေက ရောနယ်ကြီးတို့ကို သွားဆွတယ်မသိဘူး...

လူငယ်နှင့် အပြောင်းအလဲ


by So Min Oo on Thursday, March 29, 2012 at 5:41am 

 “အပြောင်းအလဲ”ဆိုတဲ့ ဝေါဟာရအပေါ်  ၈၈ မျိုးဆက် ကျောင်းသားများရဲ့ ခံယူချက်တွေရဲ့ တိုင်းပြည်ရဲ့ အရေးပါဆုံးသော အပြောင်းအလဲ အဆင့်တိုင်းမှာ သူတို့ပါဝင် လှုပ်ရှားခဲ့ပုံများ နှင့်နှိုင်းယှဉ်ဆွေးနွေးမှုများကို Teen မဂ္ဂဇင်း၊မတ်လ ၂၀၁၂ ထုပ်မှပြန်လည်းဝေမျှလိုက်ပါတယ်ခင်ဗျာ....
ပါဝင်ဆွေးနွေးသူများမှာတော့ ကိုဂျင်မီ၊ မနီလာသိန်း၊ ကိုနေဘုန်းလတ်၊ ကိုဋ္ဌေးကြွယ်၊ ဖြစ်ကြပါတယ်။ 
စိုးမင်းဦး

”ABSDF ကို ကာကွယ်ကြ ..လို့ ပြောနေတဲ့ သူတွေကို စိမ်ခေါ်ချင်တယ် ” (ကိုထွန်းအောင်ကျော်-မကဒတ ပထမဆုံး ဥက္ကဌဟောင်း)


by အိုးဝေအောင် အိုးဘားမား on Thursday, March 29, 2012 at 6:25am


မိတ်ဆွေတချို့က အင်္ဂလိပ်လို ရေးတာကို ဗမာလိုပါ ရေးပါလို့ တိုက်တွန်းလို့ ဗမာလို ပြန်ရေးပေးလိုက်ပါတယ်၊

နန်းအောင်ထွေးကြည်ရေးတာ https://www.facebook.com/nang.kyi အလွန်ထိရောက်ပါတယ်၊

ကျွန်တော်ယုံကြည်တာက အမှန်တရားဟာ အနှေးနဲ့ အမြန် တနေ့နေ့မှာ ပေါ်လာမှာဘဲ၊

နန်းအောင်ထွေးကြည်ရဲ့ ရဲရဲတောက်စိတ်ဓါတ်ကို အလေးပြုလိုက်ပါတယ်၊

“ရက်(၃၀) ဒိုင်ယာရီ” - အပိုင်း (၁)


by Augustine Nge on Thursday, March 29, 2012 at 12:44pm ·


အပိုင်း (၁)

ရက်-၁

ဘာရယ်ကြောင့်မှန်းတော့မသိ။ facebook ဆိုတာချည်းကို မကြည့်ချင်မမြင်ချင်သလောက်နီးပါးဖြစ်လာ၍ deactivate လုပ်လိုက်လေသည် ။ အချိန်ကာလအားဖြင့် ကိုယ့်ဘာသာ မှန်းဆကြည့်မှုအရဆိုရင်တော့ တစ်လတန်လောက် ဖြစ်မည်ထင်ပါရဲ့ ။ တစ်ခါတစ်ရံ ဤသို့ ဘာရယ်မဟုတ် စိတ်လေလွင့်ခြင်းများ တပါးသူများလဲ တွေ့ကြုံဖူးမယ် ထင်တာပဲ ။ သို့သော် ဒီ စိတ်လေလွင့်မှုကတော့ အကောင်းဘက်သို့များသည်လို့ ကျေနပ်ယူဆနေမိသေးသည်ကိုး ။ အခုပဲ တမနက်ခင်းလေးအတွင်းမှာ နိုးနိုးချင်း (အရင်လို ကွန်ပြူတာမဖွင့် ဘာမဖွင့်နဲ့ ကော်ဖီတစ်ခွက်သာ ထဖျော်၍) ကြည်အေးရဲ့ "တမ်းတတတ်သည်" ကို ထိုင်ဖတ်လိုက်ရာ အခုပင် ပြီးသည်လေ ။

29.03.2012 နေ့ဖတ်ရန်သတင်းများ


by Myanmar Journal on Thursday, March 29, 2012 at 5:35am ·

အာဖဂန်အမျိုးသမီးတွေကို ဖမ်းဆီးချုပ်နှောင်အာဖဂန် အမျိုးသမီးရာနဲ့ချီ အဖမ်းခံရ
အာဖဂန်နစ္စတန် မှာ အိမ်ကထွက်ပြေးဖို့ ကြိုးစားတဲ့ အမျိုးသမီးတွေကို ဖမ်းဆီးချုပ်နှောင်ထားခံရတာ ရာနဲ့ချီရှိတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာသူအဖွဲ့ HRW က ပြောလိုက်ပါတယ်။
HRW ရဲ့ အမှုဆောင် ဒါရိုက်တာ ကန်းနက်သ် ရော့သ်က ဘီဘီစီ ဝါးတူဒေးကို ပြောကြားရာမှာ အဖမ်းခံရတဲ့ မိန်းကလေးအားလုံးလိုလိုဟာ အရွယ်မရောက်သေးသူတွေ ဖြစ်ကြပြီး အဲဒီအထဲက တဝက်လောက်ဟာ အတင်းလက်ထပ်ထိမ်းမြား ပေးစားတာတွေ အိမ်တွင်း အကြမ်းဖက် ရိုက်နှက်မှုတွေကြောင့် အကျင့်စာရိတ္တ ပျက်ပြားတဲ့ ရာဇဝတ်မှုဆိုတဲ့ စွပ်စွဲချက်နဲ့ အဖမ်းခံကြရတာဖြစ်တယ်လို့ HRW ကဆိုပါတယ်။
အဲဒီအထဲမှာ အဓမ္မပြုကျင့်ခံရသူတွေလည်း ပါဝင်ပြီး သူတို့ကိုတော့ အိမ်ထောင်ဘက်မဟုတ်သူနဲ့ လိင်ဆက်ဆံမှုပြုလို့ဆိုပြီး ဖမ်းဆီးချုပ်နှောင်ထားတာဖြစ်ပါတယ်။

ရန်ကုန်ကို ခေတ်မှီအောင်ပြင်ဖို့ အပိုင်း (၄)


by Lu Cifer on Wednesday, March 28, 2012 at 9:28pm

ဓာတ်ပုံ NSL
Constructions in Rangoon 1

ရန်ကုန်မြို့မှာ ကားအစင်းရေ တိုးလာတာနဲ့အမျှ  ယာဉ်ကြောတွေ ပိတ်ပြီး သွားရေး လာရေး ခက်ခဲနေတာ တွေကို ဖြေရှင်းဖို့ ဘယ်လို ကျိုးစားနေကြတယ် ဆိုတာကို မြို့ပြစီမံကိန်း ပညာရှင် ဒေါက်တာ ကျော်လတ်က ရှင်ပြပေးမှာပါ။

"မြို့လယ်ခေါင် စီးပွါးရေးဇုံက တောင်ဘက်မှာ ကျန်ခဲ့ပြီးတော့ မြောက်ဘက်ကို ရွေ့ပြီး တိုးချဲ့ သွားတဲ့ အတွက် ကြောင့် တောင်နဲ့ မြောက် တလျှောက်သွားတဲ့ လမ်းတွေက အထူးသဖြင့် ပြည်လမ်း၊ ကမ္ဘာအေးစေတီလမ်း အခုထက်ထိအောင်ကိုပဲ  အတော်လေး ပြည့်ကျပ်နေပါတယ်။ ဘန်ကောက်မြို့တို့ ဂျကာတာ မြို့တို့နဲ့ နှိုင်းယှဉ်လိုက်ရင်  ယာဉ်ကြော စီးဆင်းမှုက သိပ်ပြီးတော့  မဆိုးသေးပါဘူး။ 

ဖြေရှင်းရမယ့် တိုင်းရင်းသားအရေး




by Voa Burmese on Thursday, March 29, 2012 at 9:11am ·

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ အစီအစဉ်မှာ အရပ်သားအစိုးရလက်ထက် မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှု တော်တော်များများကို လုပ်ဆောင်လာပေမယ့် ပြေလည်မှုမရသေးတဲ့ တိုင်းရင်းသားအရေးကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ အမေရိကန်ပြည်ထောင်စု George Washington တက္ကသိုလ်က ပါမောက္ခ Christina Fink ကို ဦးကျော်ဇံသာ က ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ်တင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ပါမောက္ခ Christina Fink ခင်များ အခု ပြုပြင်ပြောင်းလဲရေး လုပ်နေတယ်ဆိုတဲ့ မြန်မာနိုင်ငံမှာ ဖြေရှင်းရအခက်ခဲဆုံး ပြဿနာဟာ တိုင်းရင်းသားလူမျိုးစု ပြဿနာလို့ လူအများက သဘောတူကြပါတယ်။ ပါမောက္ခ Fink လည်း ဒါကို သဘောတူမယ် ထင်ပါတယ်။ ဆိုတော့ မြန်မာ့အိမ်နီးချင်းဖြစ်တဲ့ အိန္ဒိယနိုင်ငံကို နမူနာအားဖြင့်ကြည့်ပါ - အဲဒီမှာဆိုရင် မတူကွဲပြားတဲ့ လူမျိုးစုပြဿနာတွေ ပိုတောင်များပါတယ်။

ဗိုလ်ချုပ်အကြောင်း(၂၁)


 
 ကျွန်တော်သိသော ဦးနောင်ချို               
  
 ရွှေမိုး

ဦးနောင်ချိုသည်----

မိမိ ကိုယ်ရေးကိုယ်တာကို လုံးဝဂရုမထားသူ နိုင်ငံရေးသမားအစစ်ဖြစ်သည်။ 

စိတ်ရင်းစေတနာ အဖြူစင်ဆုံးနှင့် အသန့်ရှင်းဆုံး ခေါင်းဆောင်ဖြစ်သည်။

မြန်မာတိုင်းရင်းသား ပြည်သူလူထုကြီး တစ်ရပ်လုံး၏ အကျိုးစီးပွားကို မိမိ၏ အကျိုးနှင့် ထပ်တူထပ်မျှထားသူ ဖြစ်သည်။

ယနေ့ အချို့သော ကွန်မြူနစ် အမည်ခံများနှင့် အချို့သော ဆိုရှယ်လစ် အမည်ခံများလို ယောင်တောင်တောင် ဖြစ်နေခြင်းထက် တကယ့်ဆိုရှယ်လစ် သဘောတရားများကို နက်ရှိုင်း ပိုင်နိုင်စွာ သိမြင်နားလည်သူ အခြေအနေကို မှန်ကန်စွာ အသုံးချတတ်သူ ဆိုရှယ်လစ်အမြင်ကို ကြည်လင်စွာထားရှိသူ တကယ့်ခောတ်ပြောင်း တော်လှန်ရေးသဘောကို နားလည်သူခေါင်းဆောင်ကြီးဖြစ်သည်။

Wednesday, March 28, 2012

စဉ်းစားစေခြင်တယ် ဒေါက်တာ နိုင်အောင် ( ABSDF ဥက္ကဌဟောင်း)


by Nang Aung Htwe Kyi on Wednesday, March 28, 2012 at 7:02pm 
·
          ကိုနိုင်အောင်ရဲ့  သြဂုတ်လ ၁၉၉၁ ခုနှစ်မှ မေလ ၁၉၉၂ ခုနှစ် အထိ ABSDF-NB မှာ ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှု့များ ၊ကျောင်းသားအချင်းချင်း ရက်စက်စွာ ခေါင်းဖြတ် သတ်မှု့များကို ခပ်ပေါ့ပေါ့ ခပ်ပါးပါးလွှာလွှာလေးရှင်းပြသုံးသပ်ပြီး အနူးအညွတ်တောင်းပန် အပ်ပါသည် ဆိုတာကိုဖတ်မိပြီး ရသမျိုးစုံ ခံစားလိုက်ရပါတယ်။
 
            ဟာသရသတပုဒ်ဖတ်လိုက်ရသလို အော်ဟစ်ပြီးရီလိုက်ရမှာလား ၊ ဒေါသဘဲထွက် လိုက်ရမှာလား ၊ ဒါမှမဟုတ် ကျေးဇူးရှင် ကြီးရှင့် ဆိုပြီးထိုင်ကန်တော့လိုက်ရမှာလား .. တပြိုင်နက် ခံစားမှု့ပေးနိုင်တဲ့ ဖြေရျင်းချက်ပါဘဲ ။
 
            တော်ပါပေတယ် ဒေါက်တာနိုင်အောင်ရယ် ၊ ဘယ်အချက်ကနေ စပြီးပြောရရင်ကောင်းမလဲ ။ နှစ်ပေါင်း ၂၀ ဆိုတော့ပြောစရာ   တွေ မေးစရာတွေများလှပေါ့ ။ " ဖမ်းဆီးစစ်ဆေးခံရမှု့များ၌ လူသားဆန်မှု့ ကင်းမဲ့စေသည့်လူ့အခွင့်အရေး ချိုးဖေါက်မှု့များရှိမရှိ " ဆို   တဲ့အချက်ကို စပြီး မေးခြင်ပါတယ် ။

ဗိုလ်ချုပ်အကြောင်း(၂၀)


by Lu Bo on Wednesday, March 28, 2012 at 1:06pm ·

 Monday, March 26, 2012
 စာရေးဆရာ ကိုအောင်ဆန်း                     
မောင်ကျော်သာ
          သူ၏ မျက်နှာသွင်ပြင်မှာ အပူပိုင်းဒေသ အီကွေတာပေါ်ရှိ ကျွန်းစုများတွင် နေထိုင်သော မွန်ဂိုလီယံ မျိုးနွယ်တို့၏ မျက်နှာနှင့်တူသည်။ သို့မဟုတ် ချင်းတောင်  တောင်ပေါ်ချင်း တစ်ယောက်နဲ့လည်းတူပြန် လေသည်ဟု မှတ်တမ်းတင်ကြလေကုန်၏။

          သူသည် လူမှုဆက်ဆံရေး၌လည်း ပြေပြစ်သိမ်မွေ့ခြင်း ကင်း၍ ၊ နည်း၍ ရိုင်း၏။ ကြမ်း၏။ သူသည် နိုင်ငံရေးကိုသာ တစ်ခုတည်း လုပ်သောသူ တစ်ဦးဖြစ်၏။ တစ်ခုတည်းသော ယုံကြည်ချက်နှင့်တစ်ခုတည်း ကို သာလုပ်သော နိုင်ငံရေးသမားဖြစ်၏။

28.03.2012 နေ့ဖတ်ရန်သတင်းများ


by Myanmar Journal on Wednesday, March 28, 2012 at 7:24am ·

မြန်မာ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်အောင်လှိုင်တပ်မတော်က အမျိုးသား နိုင်ငံရေး တာဝန် ထမ်းနေတာလို့ ကာချုပ်ပြော
မတ်လ ၂၇ ရက်နေ့ဟာ ဖက်ဆစ်ဂျပန်ကို ဗမာ့တပ်မတော်နဲ့ တော်လှန်ရေး ပြောက်ကျား ရဲဘော်တွေ နိုင်ငံရေး ပါတီတွေနဲ့ ပြည်သူ လူထုက ပူးပေါင်း တိုက်ထုတ်ခဲ့တာ ၆၇ နှစ် ပြည့်မြောက်တဲ့ နေ့ဖြစ်ပါတယ်။
အဲဒီနေ့ အထိမ်း အမှတ် တပ်မတော်နေ့ အခန်း အနား အဖြစ် မြန်မာ့ တပ်မတော်က ကျင်းပခဲ့ သလို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ တခြား နိုင်ငံရေး အင်အားစုတွေ ကလည်း ဖက်ဆစ် တော်လှန်ရေး နေ့ အခန်းအနား အဖြစ်နဲ့ ကျင်းပခဲ့ကြ ပါတယ်။ တပ်မတော်နေ့ အခန်းအနားမှာ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ် ချုပ်ကြီး မင်းအောင်လှိုင် က ပြည်သူ လူထုကို ပထမဆုံး မိန့်ခွန်း ပြောကြားခဲ့ ပါတယ်။

မြန်မာ့တပ်မတော်နှင့် နိုင်ငံ့ရှေ့ ရေး

---ဦးဖိုးသာအောင် ၂၇။၃။၂၀၁၂


စစ်တပ်သည် အပစ်အခတ်နှင့် အညစ်အပတ်အဖွဲ့အစည်း မဟုတ်၊ စစ်တပ် (သို့) လက်နက်ကိုင် အဖွဲ့အစည်းဆိုသည်မှာ တိုင်းပြည်တိုင်းမှာ မရှိမဖြစ်လိုအပ်သည်၊ တိုင်းပြည်အတွက် ဖွဲ့စည်းတည်ထောင် ထားသည့် စစ်တပ်သည် ပြည်သူလူထု အကျိုးအတွက်သာဖြစ်ပြီး ပြည်သူလူတစု၏ အကျိုးအတွက် မဟုတ်ပါ။

မြန်မာပြည်တွင် ဗိုလ်ချုပ်အောင်ဆန်းဟာ စစ်တပ် (မြန်မာ့တပ်မတော်)ကို စတင်ဖွဲ့စည်းခဲ့သည်၊ တိုင်းပြည်နှင့် လူထုတရပ်လုံး၏ အကျိုးအတွက် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်၊ ဒါကြောင့် တိုင်းပြည်နှင့် ပြည်သူလူထု၏ အကျိုးကို သယ်ပိုးထမ်းဆောင်လိုသူများက စစ်တပ်(မြန်မာ့တပ်မတော်) ထဲသို့ ဝင်ကြပါသည်၊ ကိုလိုနီကျွန်အဖြစ်မှ လွတ်မြောက်ရေးအတွက် တနည်းအားဖြင့် အမိမြန်မာနိုင်ငံတော် အတွက် အသက်ပေးတိုက်ခိုက်ကြရန် စစ်သားအဖြစ်ကို ခံယူကြသည်၊ လွတ်လပ်ရေးရပြီးနောက် အမိမြန်မာပြည်ကို ကာကွယ်စောင့်ရှောက်ရန်အတွက် စစ်သားအဖြစ်ကို ဆက်လက်ခံယူကြသလို စစ်တပ် အတွင်းသို့ ဆက်လက်ဝင်ရောက် အမှု့ထမ်းကြပြန်ပါသည်၊ ဒါကြောင့် ယနေ့တိုင် မြန်မာ့တပ်မတော်အဖြစ် အခိုင်အမာ တည်တံ့နေဆဲဖြစ်ပါသည်။ 

ဗိုလ်ချုပ်အောင်ဆန်း၏ ဘ၀ပုံရိပ်နှင့် သူ၏ ဒဿနအမြင်များ -


Posted by ပြည့် စုံ on March 27, 2012 at 3:30pmကန်တော်မင်းပန်းခြံတွင် တရားဟောခဲ့စဉ်
ဗိုလ်ချုပ်အောင်ဆန်းကို ၁၂၇၆ ခု တပေါင်းလဆန်း ၁ ရက် (၁၃-၂-၁၉၁၅) နေ့တွင် မကွေးခရိုင် နတ်မောက်မြို့ ရှေ့နေကြီး ဦးဖာ၊ ဒေါ်စု တို့က မွေးဖွားခဲ့သည်။ ဇာတာ အမည် (မောင်ထိန်လင်း) ဖြစ်ပြီး သူ့အစ်ကို ဦးအောင်သန်းအမည်နှင့် လိုက်ဖက်အောင် (အောင်ဆန်း)ဟုပင် ခေါ်ခဲ့ကြသည်။
ဗိုလ်ချုပ်မှာ မင်းတုန်းမင်းကြီး၏ အမတ်တစ်ဦး ဖြစ်သော ခမ်းပတ်မင်းကြီးနှင့် သမားတော် ဦးကျော်ဇံ၊ တောင်တွင်း ရှင်အဂ္ဂသမာဓိ တို့၏ မျိုးဆက် ဖြစ်ကြောင်း သိရသည်။ 

Tuesday, March 27, 2012

မြောက်ပိုင်းကျောင်းသားတပ်မတော်ကို ဖြိုခွဲသွားတဲ့ တရားခံအစစ်က ဘယ်သူတွေလဲ (၁)


(၁)
မြောက်ပိုင်းကျောင်းသားတပ်မတော်ရဲ့ နက်ရှိုင်းတဲ့တောတောင်တွေကြားမှာ မြှုပ်နှံခဲ့ရတဲ့ တော်လှန်ရေးနဲ့ ယုံကြည်ချက် အတွက် ကျဆုံးသေဆုံးသွားကြသော ရဲဘော်ရဲမေများအား ဦးညွတ်အလေးပြုလျက် …
ကျောင်းသားတပ်မတော်ဟာ နဖူးပေါ် စာတမ်းထိုးမလာကြတဲ့ ‘မ’ တထောင်သားတွေကြောင့် မိအေးနှစ်ခါမက နာခဲ့ရတဲ့ အဖွဲ့အစည်းပါ။ အင်အားစုတစု ဖြိုခွဲခံခဲ့ရတယ်ဆိုတာ ကျောင်းသားတပ်မတော်အနေနဲ့ရော တော်လှန်ရေးအတွက်ပါ ကြီး မားတဲ့ နစ်နာဆုံးရှုံးမှုတခု၊ စနစ်ဆိုးတခုအောက်က မိခင်တွေအတွက်တော့ သားသမီးရတနာများအား တူညီသော ဆုံးရှုံး မှု၊ ဒီအဖြစ်အပျက်တွေမှာ အတွင်းကျကျအနေအထားမျိုးနဲ့ သိရှိပါဝင်ခဲ့သူတဦး မဟုတ်သလို ဘယ်လိုတွေ စစ်ဆေးမေး မြန်းခဲ့ကြတယ်ဆိုတာ ကိုယ်တိုင်မြင်တွေ့ခဲ့ရသူတဦး မဟုတ်ခဲ့ပေမဲ့ အရိုးရှင်းဆုံးအနေအထားကနေ အစအဆုံး ကြုံတွေ့ ခဲ့ရတဲ့ သာမန် ရဲမေတယောက်အနေနဲ့ ကျမရဲ့အမြင်ကို ပြောပြခွင့်ရှိမယ်ထင်ပါတယ်၊

ရခိုင်လူမျိုးဆင်းသက်လာပုံ


y Shwe Eaim Si on Tuesday, March 27, 2012 at 6:09pm

ရခိုင်လူမျိုး
By Shwe Eaim Si in ၁၂။တိုင်းရင်းသားမျိုးနွယ်တော်များ

နောက်ခံ သမိုင်းကြောင်းနှင့် ပေါ်ပေါက်လာပုံ

ရခိုင်ဆိုသော စကားသည် ပါဠိ စကားမှ ဆင်းသက်လာသည်။ ရက္ခိတ (အမျိုးကို စောင့်ရှောက်သူ) ဟု အဓိပ္ပါယ်ရသည်။ ပျူ နှင့်အနွယ်တူ ကမ်းယံ လူမျိုးများ မြန်မာနိုင်ငံဧရာဝတီမြစ်ဝှမ်း ဒေသဘက် သို့ဝင်ရောက်သည့် အချိန်ကာလ လောက်မှာပင် အနောက်တိဗက်အနွယ်ဝင် အခြား လူမျိုးစုများသည်လည်း ရခိုင်ကမ်းရိုးတန်း ဒေသများသို့ အိန္ဒိယနိုင်ငံ အရှေ့ပိုင်းဒေသ များဘက်မှ ၀င်ရောက်လာကြသည်။

ကိုနိုင်အောင်ABSDFဥက္ကဌဟောင်း၏ထုတ်ပြန်စာအပေါ်သုံးသပ်ချက်



ကိုနိုင်အောင် ABSDF ဥက္ကဌဟောင်း၏ရှင်းလင်းချက်အပေါ်တွေ့ရှိချက်များ၊
ABSDF ကောက်ကြောင်းများ(2)
ဆလိုင်းကိုကိုဦး
25th March, 2012
 
ကျနော်အနေဖြင့်ပထမဦးစွာ ရှင်းလင်းချက်လူသိရှင်ကြားထွက်လာသည့်အပေါ်တွင်ကြိုဆိုပါ
သည်၊ ထို့အပြင်ဤရှင်းလင်းချက်နဲ့ပတ်သက်ပြီး တာဝန်ရှိမှု၊ တာဝန်ခံမှုအတိမ်အနက်များကို
လည်း ကျနော်တို့အနေဖြင့်မယိမ်းမယိုင်ဝေဖန်ဆန်းစစ်မှုပြုရမည်ဟုလည်းနားလည်သဘော
ပေါက်မိပါသည်၊ ကျနော်အနေဖြင့် ဖြစ်စဉ်တခုအပေါ်လူပုဂ္ဂိုလ်တဦး၏ ရှင်းလင်းအပေါ်တွင်
ဝေဖန်ထောက်ပြသည်မှာလည်း အမှန်တရားပေါ်ထွန်းရေးကိုဦးတည်ခြင်းသာဖြစ်ပြီး မည်သူ
တဦးတယောက်ကိုမှ ထိခိုက်နစ်နာစေခြင်း၊ ဦးစားပေးခြင်း(favour)ပေးခြင်းမျိုးမရှိပဲ ပြဿနာ
ကိုဝိုင်းဝန်းဖြေရှင်းသည်ကို ပါဝင်ပတ်သက်နေသူများအားလုံးကိုနားလည်ပေးစေချင်ပါသည်၊
မကဒတမြောက်ပိုင်းတွင်ဖြစ်ပွါးခဲ့သောကိစ္စဖြစ်သည်မို့ မတရားအညှင်းဆဲခံခဲ့ရပြီးမှအသတ်ခံခဲ့
ရသောကျနော်တို့၏ရဲဘော်ရဲဘက်၊ နောင်တော်ညီတော်များနှင့်သက်ဆိုင်သည့်ကိစ္စများကိုဦး
စားပေးသွားမည်ဖြစ်ပြီး မကဒတ၏အတွင်းကောက်ကြောင်းများကိုပါလိုအပ်ရင်လိုအပ်သလို
ထည့်သွင်းရေးသားသွားမည်ဖြစ်ပါသည်၊

ဒီလှိုင်းမှာ ဖော်ပြခဲ့တဲ့ နောက်တပုဒ်ပါ။


by Ludu U Sein Win on Tuesday, March 27, 2012 at 3:54am ·

ယုံတာ-မယုံတာ အသာထား ကိုယ့်အလုပ်ကိုယ်တော့ တာဝန်ကျေအောင်လုပ်ရမှာပဲ                         လူထုစိန်ဝင်း

၂၅-၂-၂၀၁၂ နေ့က ထိုင်းနိုင်ငံက နေးရှင်းအင်္ဂလိပ်သတင်းစာ အယ်ဒီတာအဖွဲ့ ရောက်လာပြီး စကားပြောတယ်။ စကားအတော်လေးပြောပြီးတော့ သူက" ယုံတစ်ဝက်၊ မယုံတစ်ဝက်နဲ့ ယုံရခက်ခက်ဖြစ်နေတာ အခုအချိန်မှာ ခင်ဗျားတစ်ယောက်ပဲရှိလိမ့်မယ်ထင်တယ်" လို့ ပြောလိုက်ပါတယ်။

ပြောင်းလဲနေပြီလို့မြင်ကြ
          သူနဲ့သူ့အဖွဲ့ဟာ တွေ့သင့်တွေ့ထိုက်သူ အတော်များများနဲ့ တွေ့ခဲ့တယ်။ တွေ့သူတွေအားလုံးက အပြောင်းအလဲတွေ မြင်တွေ့နေရပြီး ရှေ့ဆက်သွားအောင် ၀ိုင်းပြီး တွန်းအားပေးကြဖို့ လိုတယ်လို့ပြောကြတယ်။ အမေရိကန်၊ ဥရောပ သမဂနဲ့ ဂျပန်၊ သြစတြေးလျ စတဲ့နိုင်ငံတွေကလဲ ဒီလိုပဲ ရှုမြင်သုံးသပ်ကြပြီး ပိတ်ဆို့မှုတွေ ရုတ်သိမ်းဖို့ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ဖို့ ပြောလာကြတယ်။ ကူညီထောက်ပံ့မှုတွေနဲ့ ချေးငွေတွေပေးဖို့လဲ ကတိက၀တ်တွေပြုနေကြတယ်။ ခင်ဗျားကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်မခံသလို၊ ရွေးကောက်ပွဲကိုလည်း လက်မခံခဲ့ဘူး။ ဦးသိန်းစိန် အစိုးရကိုလည်း အခုထိ မထောက်ခံသေးဘူး။ " စံ သုံးစံ" နဲ့ စောင့်ကြည့်ဦးမယ်လို့ လူသိရှင်ကြားပြောခဲ့သလို စာနဲ့လဲ ရေးခဲ့တယ်။ အဲဒီလို စကားမျိုး တခြားဘယ်သူမှ မပြောဘူး။ ခင်ဗျားတစ်ယောက်ဆီကပဲ ကြားရတယ်။ လို့ပြောပြတယ်။

27.03.2012 နေ့ဖတ်ရန်သတင်းများ


by Myanmar Journal on Tuesday, March 27, 2012 at 7:36am ·

တရုတ် ပါဝင် ပူးပေါင်းဖို့ အိုဘားမား တိုက်တွန်းမြောက်ကိုရီးယား အရေး တရုတ်ပူးပေါင်းဖို့ အိုဘားမားတောင်းဆို

မြောက်ကိုးရီးယားနိုင်ငံက ဒုံးကျည် စမ်းသပ်မှုတွေ ရှေ့တိုးလုပ်ဆောင်မှုကြောင့် ဖြစ်လာနိုင်ချေရှိတဲ့ ဘယ်လိုရန်စမှု မျိုးကိုမဆို တရုတ်နဲ့ အမေရိကန် နှစ်နိုင်ငံ ပူးပေါင်းပြီး တုန်ပြန့်သွားမယ်လို့ အမေရိကန် ကပြောကြားလိုက်ပါတယ်။
မြောက်ကိုရီးယားက တာဝေးပစ် ဒုံးကျည် ပစ်ပြီး ဂြိုလ်တု တခုလွှတ်တင်ဖို့ လုပ်နေတာပါ။ ဘယ်လို ပစ်လွှတ်မှု မျိုးမဆို Missile ဒုံး စမ်းသပ်တာဖြစ်တဲ့အပြင် ဒါဟာ ကုလသမဂ္ဂရဲ့ လုံခြုံရေး အစီအစဉ်ကို ချိုးဖောက်တာဖြစ်တယ်လို့ အမေရိကန်နိုင်ငံက ပြောကြားလိုက်ပါတယ်။
နောက်ပြီး သူနဲ့ တရုတ်သမ္မတ ဟူကျင်တောင် ပြောခဲ့တဲ့ အကြောင်းအရာတွေထဲမှာ မြောက်ကိုးရီးယားရော အီရန် နိုင်ငံ နှစ်နိုင်ငံလုံးအကြောင်းလည်း ပါဝင်တယ်လို့ သမ္မတ အိုဘားမားက ပြောကြားခဲ့ပါတယ်။

စနစ် သူ့ကြောင့် မုန်းရပါလေသည်


by Myat Thein Tun on Tuesday, March 27, 2012 at 6:33am

ငုပန်းတို့ပင်လုံးထိန်အောင် ပွင့်ဝေခဲ့သည့် တစ်ခုသောနွေဦးဝယ် သတ္တိသွေးတို့ စွေးစွေးနီသည့် အခါသမယတစ်ခု တည်ရှိခဲ့လေ၏။ အမိမြေ၏သားကောင်းများသည် ပြည်သူတို့၏မေတ္တာကို ပွေ့ပိုက်လျှက် တပ်ထွက်မိန့်ခွန်းကို ငြိမ်သက်စွာ နာခံခဲ့ကြသည်။ ချစ်ခင်၊အားကိုး၊ အထင်ကြီး၊လေးစားခြင်းတည်းဟူသော လက်ခုပ်သံတို့သည်  ဘ၀ဂ်ညံခဲ့လေသည်။ အမိမြေကို ကျွန်ပြုအုပ်ချုပ်နေသည့် ဖက်ဆစ်တို့ကို အမြစ်ပါမကျန်တွန်းလှန် ချေမှုန်းရန်အစပြုခဲ့သည့်  တပ်နှင့်ပြည်သူ တစ်သွေးတည်း၊ တစ်သားတည်း၊ တစ်စိတ်တစ်ဝမ်းတည်း တည်ရှိခဲ့သည့် အဆိုပါနေ့ရက်သည်ကား တော်လှန်ရေးနေ့ သို့မဟုတ် တပ်မတော်နေ့၏ မူလပထမဆုံး နေ့ရက်အခါသမယပင် ဖြစ်ပါတော့သည်။

ပလောင်လူမျိုးများဆင်းသက်လာပုံ


by Shwe Eaim Si on Sunday, March 25, 2012 at 12:50pm 

မနုဿပညာရှင်တို့က မွန်၊ ၀၊ ပလောင်လူမျိုးတို့သည် ‘မွန်-ခမာ‘ အနွယ်ဖြစ်ပြီး မြန်မာမြေပေါ်တို့ အဦးစောဆုံး ၀င်ရောက်လာကြသည်ဟု လက်ခံကြပါသည်။ မွန်-ခမာအနွယ်သည် ‘မောင်းဂုတ်‘ လူမျိုးနွယ်ကြီးမှ ဆင်းသက်လာသည်ဟု ဆိုသည်။ မောင်းဂုတ် လူမျိုးနွယ်ကြီးမှ ‘သြစတြစ်‘ နှင့် ‘တီဗက်တိုတရုတ်‘ ဟု ကွဲပြားလေသည်။

တစ်ခါတုန်းကတက္ကသိုလ် ။


by ကိုဝိုင် ဝိုင်ကေ on Tuesday, March 27, 2012 at 12:54am 

ရန်ကုန်တက္ကသိုလ်နှစ် (၁၀၀) ပြည့် အကြိုအဖြစ် မြန်မာနိုင်ငံ စိတ်ပညာအသင်း ရန်ပုံငွေ ဂီတဖျော်ဖြေပွဲဟု ကြေညာထားခဲ့သည့် 'တစ်ခါတုန်းကတက္ကသိုလ်' ဖျော်ဖြေပွဲ၏ ကြော်ငြာဆိုင်းဘုတ်များ မြင်ရစဉ်ကတည်းက ရန်ကုန်တက္ကသိုလ်၏ ပုံရိပ်များဖြင့် ဖြတ်သန်းခဲ့ရသူများရော၊ ရန်ကုန်တက္ကသိုလ်ကြီးကို တွေ့ကြုံခွင့်မရခဲ့သည့် ယနေ့ခေတ် တက္ကသိုလ်ကျောင်းသားများပါ စိတ်ဝင်စားစရာ ဖြစ်နေခဲ့သည်။

ရွေးကောက်ပွဲ ဒဏ္ဍာရီ


Published By  On Sunday, March 25th 2012. Under စကားပြေလက်ရာသန့်, မျက်ရှု, ၀တ္ထု    

1

(၁)
ရွေးကောက်ပွဲဆိုသည်ကို ကျွန်တော် လူမှန်းသိတတ်သည့်အရွယ်ကပင် ကြားဖူးသည်။
ကျွန်တော် ယခုလိုပြောလိုက်တော့ အပြောကြီးသည်ဟု ဆိုကြမည်လော မပြောတတ်။ လူမှန်းသိသည့်အရွယ် ဆိုသည်မှာ  အလွန်ဆုံး လေး၊ ငါး၊ ခြောက်နှစ် ခုနစ်နှစ် အရွယ်လောက်တော့ ရှိတော့မပေါ့။ သည်လို ကလေးအရွယ်ကစပြီး ရွေးကောက်ပွဲကို ကြားဖူးသည်ဆိုတော့ ဧကန္တ နိုင်ငံရေး ဗဟုသုတကို ထိုအရွယ်ကပင် ရခဲ့မှာပဲဟု ဆိုရန် ရှိနေပါသည်။
စင်စစ် ကျွန်တော့်အား ဤမျှလောက် အထင် မကြီးသင့်။ ကျွန်တော်ကလည်း မ၀င့်ဝါတတ်။ ရိုးရိုးပင် အစီရင်ခံလိုပါသည်။

Monday, March 26, 2012

26.03.2012 နေ့ဖတ်ရန်သတင်းများ


by Myanmar Journal on Monday, March 26, 2012 at 5:58am ·

အိုဘားမားနဲ့ မြောက်ကိုရီးယား သမ္မတ သတင်းစာရှင်းဒုံးပျံလွှတ်တင်ပါက မြောက်ကိုရီးယား ပိတ်ဆို့အရေးယူခံရနိုင်
မြောက်ကိုရီးယားနိုင်ငံအနေနဲ့ ချိန်းခြောက် ရန်စ မှုတွေ လုပ်လို့ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူးလို့ သမ္မတအိုဘားမားက ပြောပါတယ်။ မြောက်ကိုရီးယား အစိုးရက အာကာသထဲကို ဆက်သွယ်ရေး ဂြိုဟ်တု လွှတ်တင်ဖို့ စီစဉ်နေတဲ့ အတွက် အခုသတိပေးချက် ထွက်လာတာဖြစ် ပါတယ်။
ဆိုးလ်မြို့မှာ ပြုလုပ်မယ့် ကမ္ဘာ့ နျူးကလီးယား လုံခြုံရေးဆိုင်ရာ အစည်းအဝေး မစမီ တောင်ကိုရီးယားသမ္မတ လီမြောင်ဘက်နဲ့ အတူ အိုဘားမားက အခုလို ပြောခဲ့တာဖြစ်ပါတယ်။
တကယ်လို့ အခု ဒုံးပျံလွှတ်မယ့် အစီအစဉ်ကို ဆက်လုပ်ရင် မြောက်ကိုရီးယားအနေနဲ့ နောက်ထပ် ပိတ်ဆို့အရေးယူမှုတွေနဲ့ အထီးကျန်အဖြစ် ဝိုင်းပယ်ခံရနိုင်တယ်လို့ ခေါင်းဆောင် နှစ်ယောက်က သတိပေး ပြောကြားပါတယ်။

ဘဲအုပ်တစ်ရာနဲ့ ယူလီယာ- အပိုင်း ( ၂ )


by Spring Flowers on Sunday, March 18, 2012 at 1:08pm ·

              ပထမပိုင်းကို Spring Flowers facebook ရဲ့Wall မှာ သို့မဟုတ် Note မှာ သွားဖတ်လို့ရပါတယ်။ Publicလုပ်ထားလို့လူတိုင်းဖတ်လို့ ရတယ်။
  •           ဒီလိုနဲ့ယူလီယာဟာသူလုပ်ချင်တဲ့ ပြောင်းလဲမှုတွေကို ပိုလုပ်လို့ရဖို့အတွက် သမ္မတရာထူးကို ချိန်ပါတယ်။ ၂၀၁၀ သမ္မတရွေးပွဲအတွက် သူဟာ ဒေါ်လာ သန်းရာနဲ့ချီကုန်တဲ့ မဲဆွယ်မှုတွေကို လုပ်ပြန်ပါတယ်။ ဒါပေမယ့်သူရော ယူရှန်ကိုရော ရှုံးပါတယ်။ သမ္မတဟောင်း Kuchma ရဲ့ တပည့်ရုရှားက ထောက်ခံတဲ့အရင်ရွေးကောက်ပွဲတုန်းက ရှုးံခဲ့တဲ့ ယနူကိုဗစ်ခ်ျ က သမ္မတဖြစ်လာတယ်။

ကချင်လူမျိုးဆင်းသက်လာပုံ



by စာကြည့်တိုက်(ရွှေအိမ်စည်စာပေဒါနပြုပါသည်) on Saturday, March 24, 2012 at 4:09pm ·
 
ကချင်လူမျိုးတို့ သည် တိဗက်အနွယ်ဝင်များဖြစ်ပြီး ဗမာလူမျိုးတို့ နှင့်တနွယ်တည်းဆင်း သက်လာကြသူများဖြစ်သည်။တိဗက်ဗမာအနွယ်ဝင်တို့ သည် မြန်မာနိုင်ငံထဲသို့ တသုတ် ပြီးတသုတ်ရွှေ့ ပြောင်းဆင်းသက်လာကြကာ ၁၁ ရာစုနှစ်အတွင်းက မြန်မာနိုင်ငံမြောက် ဖျားစွန်းဒေသများသို့ ရောက်ရှိလာကြပြီး ၁၅ ရာစု နှစ်လောက်က ပြည်နယ်အတွင်းသို့  ရောက်ရှိအခြေစိုက်လာကြသည်ဟု ယူဆခဲ့ကြသည်။

Sunday, March 25, 2012

ABSDF မြောက်ပိုင်း၌ ၁၉၉၁ ခုနှစ်နှင့် ၁၉၉၂ ခုနှစ်များ၌ ဖြစ်ပွားခဲ့သော ဖမ်းဆီးအရေးယူမှုများနှင့် ပတ်သက်၍ ABSDF ဥက္ကဌဟောင်း ဒေါက်တာနိုင်အောင်၏ ရှင်းလင်းချက်


အားလုံးသို့
ABSDF မြောက်ပိုင်း၌ ၁၉၉၁ ခုနှစ်နှင့် ၁၉၉၂ ခုနှစ်များ၌ ဖြစ်ပွားခဲ့သော
ဖမ်းဆီးအရေးယူမှုများနှင့် ပတ်သက်၍ ABSDF ဥက္ကဌဟောင်း ဒေါက်တာနိုင်အောင်၏ ရှင်းလင်းချက် ကို
အများသူငါသိရှိနိုင်ရန်အတွက်ပေးပို့အပ်ပါသည်။
လေးစားစွာဖြင့်
နိုင်အောင်

--
Naing Aung
 Secretary General
Forum For Democracy in Burma
 Executive Committee Member
Network for Democracy and Development

ဘဲအုပ်တစ်ရာနဲ့ ယူလီယာ - အပိုင်း ( ၁ )


by Spring Flowers on Sunday, March 18, 2012 at 1:07pm ·

  •                  ယောက်ျားသားတွေများတဲ့ နိုင်ငံရေးလောကမှာ အမြဲတမ်းစတိုင်မိတဲ့ဒီအမျိုးသမီးကို  တစ်စွန်းတစ်စတော့ မြင်ဖူးကောင်းမြင်ဖူးကြမှာပါ။ ကျက်ဆံမြီးအရှည်ကြီးကို ခေါင်းပေါ်မှာ ပတ်ထားပုံကလည်း မှတ်မိချင်စရာ သူ့ရဲ့ trademark တစ်ခု။ သူမဟာ တို့မြန်မာလူမျိုးတွေမျက်စိမှာ ဟီလာရီကလင်တန်တို့၊ မီရှဲလ် အိုဘားမားတို့လောက်တော့ ရင်းနှီးမှုမရှိပါဘူး။ မြန်မာနိုင်ငံနဲ့ သူမရဲ့ နိုင်ငံကြားမှာလည်း ဒေါ်လာသန်းရာနဲ့ချီတဲ့ လက်နက်အရောင်းအ၀ယ်လုပ်ဖူးတယ်လို့ ဖတ်ဖူးတာကလွဲလို့ တခြားဘာဘာညာညာ ဆက်သွယ်ရေးတွေ ရှိတယ်လို့ခုထိတော့ မကြားမိသေးပါဘူး (ကိုယ်မသိတာလည်း ဖြစ်ရင်ဖြစ်မယ် )။

ဒီမိုကရေစီအတွက် ရုန်းကန်ကြ - အမှတ်စဉ် (၇) မျိုးသန့်



by Myo Thant on Saturday, March 24, 2012 at 6:41pm ·

ဒီမိုကရေစီကို ယုံကြည်လျင် ရွေးကောက်ပွဲကို ကြောက်၍ မရပါဘူး။ ပုံမှန်ကျင်းပသော ရွေးကောက်ပွဲတို့ကို ဖြတ်သန်း ရပါတယ်။ ရွေးကောက်ပွဲဆိုဒါ ငြိမ်းချမ်းသောနည်းဖြင့် အာဏာကို လွဲပြောင်းပေးရသော (သို့မဟုတ်) အာဏာကို လွဲပြောင်း ရယူသော စနစ်တရပ်ဖြစ်လို့ သိက္ခာရှိတယ်။ လူကြီးလူကောင်း ပီတ တယ်လို့ ဆိုနိုင်ပါတယ်။

မိမိရာထူး သက်တမ်းကုန်သွားလို့ (ဒါမှမဟုတ်) ပြည်သူတွေက မိမိကို ထပ်မံ၍ မရွေးကောက်တော့ပဲ ရွေးကောက်ပွဲမှာ ရှုံးသွားခဲ့လျင်၊ မိမိက ရွေးကောက်ပွဲခံရသော သူကို ကြည်ကြည်ဖြူဖြူဖြင့် လုပ်ငန်းတွေနဲ့ တာဝန်ဝတ္တရားများကို လွဲအပ်ပေးရပါတယ်။

အကယ်၍ မိမိကို ရွေးကောက်တင်မြောက်လာလို့ လွှတ်တော်အမတ်ဖြစ်လာမယ်၊ သမ္မတဖြစ်လာမယ်၊ ဒါဟာ ရာထူး အာဏာယူ ယုံ သက်သက်မျှ မကပါဘူး၊ တာဝန်ဝတ္တရားတွေပါ ကပ်ပါလာဒါဖြစ်လို့ ထို့တာဝန်ကို သက်တမ်း ကာလ အတွင်းမှာ ပြည်သူ့အကြိုက်နဲ့ အကျိုးတို့အတွက် ကျေပြွန်စွာ ထမ်းဆောင်နိုင်ရပါတယ်။

အဂတိလိုက်စားတဲ့ အကျင့်ဓလေ့



by Lu Cifer on Saturday, March 24, 2012 at 7:17am ·
Corruption affects everyone

မြန်မာပြည်မှာ ခေတ်အဆက်ဆက် အမြစ်တွယ်ခဲ့တဲ့ အဂတိလိုက်စားမှု ရှင်သန်နေတာကို ပညာပေးမှု၊ စည်းရုံးမှု၊ အသိပေးမှု၊ သတိပေးမှု၊ အရေးယူမှု စတဲ့ နည်းလမ်းတွေနဲ့ ပျောက်ကွယ်အောင်လုပ်ရမယ်လို့ မတ်လ (၁) ရက်နေ့ လွှတ်တော်မိန့်ခွန်းမှာ သမ္မတဦးသိန်းစိန်က ထည့်ပြောသွားပါတယ်။ လွန်ခဲ့တဲ့နှစ်က နေပြည်တော်မှာလုပ်တဲ့ နှုတ်ဆက်ပွဲမှာ ဗိုလ်ချုပ်ကြီးသန်းရွှေကလည်း အဂတိလိုက်စားမှု တိုက်ဖျက်ကြဖို့ ပြောသွားပါတယ်။ မြန်မာပြည်ဟာ အိမ်နီးချင်း လာအိုနဲ့ ကမ္ဘောဒီးယားတို့ထက် နိမ့်ကျနေတယ်လို့လည်း ပြောပါတယ်။ အာဆီယံအသင်းမှာ မြန်မာက အနိမ့်ကျဆုံး ဖြစ်နေတာကို ဝန်ခံသွားတာပါ။

အံ့ဖွယ် မြန်မာ့ဂုဏ်ဆောင် စံပြအမျိုးသမီး



by Shwe Aeim Si on Friday, December 16, 2011 at 12:23am ·

နေအိမ်အကျယ်ချုပ်ဘ၀နဲ့  ပြင်ပလောက ကို နှစ်ပေါင်းများစွာ အဆက်ဖြတ်ခံထားရသူ
ပိန်ပိန်ပါးပါး မြန်မာအမျိုးသမီးတစ်ဦး က သန်းပေါင်းများစွာသော မြန်မာပြည်သူပြည်သားတွေသန်း ၆၀ ကျော်...
့ ချစ်ခင်ယုံကြည်မှု ကို သာမက သန်းပေါင်းများစွာသော ကမ္ဘာအရပ်ရပ်ရှိ  အလွှာအသီးသီးက လူတွေရဲ့  လေးစားမှု၊ ယုံကြည်မှု တွေကို ရယူနိုင်ဖို့ ဆိုတာ  သာမာန် အားဖြင့် မလွယ်ကူလှပါဘူး။ 

သဘောထားအမြင် - နောက်ပြန်ဆွဲဝါဒီများနှင့် ၂၀၁၂ ဧပြီ



by Yangon Press International on Saturday, March 24, 2012 at 10:02am 





·မွန်မွန်မြတ်ရေးသားသည်။


ကြားဖြတ်ရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးရန် ရက်ပိုင်းသာလိုတော့သည်။

မတ်လနေပူကျဲကျဲအောက်တွင် ရဲရဲတောက် NLD ခွပ်ဒေါင်းအလံတွေ၊ တီရှပ် ခေါင်းစည်း အနီရောင်များ၊ ဆိုင်းဘုတ်အနီရောင်များကို တလွှားလွှားတွေ့နေရ၍ ပင်နီရောင်လွှမ်းခဲ့ဖူးသည့် ၁၉၉၀ ရွေးကောက်ပွဲကိုပြန်မြင်ယောင်မိသည်။

နှစ်ပေါင်း ၂၀ကျော်အတွင်းထပ်မံပြုလုပ်ခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲတွင်တော့ အစိမ်းရောင်များသာလွှမ်းနေခဲ့၏။

ရွေးကောက်ပွဲနီးလာတိုင်း လွတ်လပ်၍တရားမျှတသည့်ရွေးကောက်ပွဲဖြစ်ဖို့လိုသည်ဆိုသည့် ဆော်သြသံတွေကြားလာရပြန်ပါပြီ။

မလွတ်မလပ် တရားမျှတမှုမရှိသည့် ရွေးကောက်ပွဲဖြစ်ခဲ့လျှင်ရော ဘာလုပ်ကြမှာပါလိမ့်။ နိုင်ငံတကာမီဒီယာတွေမှာ ကြိုက်သလောက်တစာစာအော်ရုံနှင့်ရော ဘာများထူးခြားခဲ့လို့ပါလိမ့်။

25.03.2012 နေ့ဖတ်ရန်သတင်းများ



by Myanmar Journal on Saturday, March 24, 2012 at 2:44pm ·
စစ်တပ် အာဏာသိမ်း ခေါင်းဆောင် ဆန်နိုဂို

မာလီအာဏာသိမ်း စစ်ခေါင်းဆောင် အသတ်မခံရကြောင်း ပြောကြား
လုယက်မှုတွေကို တကယ့်စစ်သားတွေက လုပ်တာ မဟုတ်ဘူးလို့ ဗိုလ်ကြီး ဆန်နဂိုး ပြော
မာလီနိုင်ငံ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ကြီး အာမန်ဒူ ဆန်နဂိုးက သူအသတ်ခံ လိုက်ရပြီ ဆိုတဲ့ ကောလဟာလတွေ မဟုတ် ကြောင်း ပြသဖို့ အတွက် ရုပ်မြင် သံကြားကနေ စကားပြော ကြားသွားပါတယ်။
ဆူပူ အုံကြွမှုတွေ ဖြစ်ပြီးနောက် လုယက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်ခဲ့တဲ့အပေါ် ဗိုလ်ကြီး ဆန်နဂိုးက ရှုတ်ချလိုက်ပါတယ်။ အခုလို လုယက် မှုတွေကို တကယ့်စစ်သားတွေက လုပ်ဆောင်တာ မဟုတ်ဘူးဆိုတာကို သက်သေ ပြနိုင်တယ်လို့ သူကပြောပါတယ်။
Related Posts Plugin for WordPress, Blogger...