Monday, April 30, 2012

မြန်မာပြည်မှာ ၁၁ ရက် (တတိယပိုင်း)


ကျနော်တို့ ထိုင်းမြန်မာ နယ်စပ်ကလာတဲ့ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ အဖွဲ့ဝင်တွေဟာ ရန်ကုန်မှာ နောက်ထပ် နှစ်ရက် အချိန်ဖြုန်းခဲ့ရပါတယ်။
အဲဒီ နှစ်ရက်အတွင်းမှာ မြန်မာ့နိုင်ငံရေးမှာ အထင်ကရ ပုဂ္ဂိုလ် တဦးဖြစ်တဲ့ ဦးအေးသာအောင်နဲ့ ဒုဥက္ကဋ္ဌ ခိုင်စိုးနိုင်အောင်တို့ရဲ့ ဆွေးနွေးမှုက အတော်လေး စိတ်ဝင်စားစရာ ကောင်းပါတယ်။

ကော့သောင်းကျောက်မီးသွေးဓါတ်အားပေးစက်ရုံ သမ္မတထံပို့စာ


သို့

့နိုင်ငံတော်သမ္မတ
နေပြည်တော်

အကြောင်းအရာ။ ။ ကော့သောင်းကျောက်မီးသွေးဓါတ်အားပေးစက်ရုံအား လူနေရပ်ကွက်များနှင့်ဝေးရာသို့ ပြောင်းရွှေ့ပေးပါရန် သနားခံတင်ပြခြင်း။အထက်ပါအကြောင်းအရာနှင့် ပက်သက်၍

(၁)။ ကျွန်တော်၊ ကျွန်မတို့သည် ကော့သောင်းမြို့၊ ရွှေပြည်သာရပ်ကွက်၊ ဂန္ဓ၀င်လမ်းနှင့် ကျောက်မီးသွေးဓါတ်အားပေးစက်ရုံ အနီးတစ်ဝိုက်တွင်နေထိုင်သူများဖြစ်ကြပါသည်။
(၂)။ ယခုတည်ဆောက်ထားသော ကျောက်မီးသွေးဓါတ်အားပေးစက်ရုံသည် ရွှေဝက်ဝံရေခဲစက်ရုံဝင်းအတွင်းတည်ရှိပြီး ဂန္ဓ၀င်လမ်းရှိ အိမ်များနှင့် (၁၀) ပေခန့်သာကျယ်သော ရေမြောင်းတစ်ခုသာခြားပါသည်။
(၃)။ လက်ရှိကော့သောင်းမြို့၏ မီတာခဈေးနှုန်းမှာ တစ်ယူနစ် (၄၃၀) ကျပ် (ရပ်ကွက်မီး -ထိုင်းဘတ်ငွေ၂၂ ဘတ်) ဖြစ်နေချိန်တွင် ၄င်းကျောက်မီးသွေးဓါတ်အားပေးစက်ရုံမှ လျှပ်စစ်ဓါတ်အားကို (၂၀၀) ကျပ်ဖြင့်သုံးစွဲခွင့်ရမည်ဖြစ်သဖြင့် ၀မ်းမြောက်ဝမ်းသာ ကြိုဆိုကြပါသည်။
(၄)။ လျှပ်စစ်မီတာခ တစ်ဝက်ကျော်အထိ သက်သာမည်ဖြစ်သော်လည်း စက်ရုံကို လူနေရပ်ကွက် အတွင်းတည်ဆောက်ထားသောကြောင့် ဘေးထွက်ဆိုးကျိုးများဖြစ်သော ပြာမှုန့်နှင့် မီးခိုးများ ရှုရှိုက်ရခြင်း၊အညှော်နံ့နံခြင်း၊ အသံဆူညံခြင်းနှင့် ပါတ်ဝန်းကျင်ညစ်ညမ်းလာပါက နောက်ဆက်တွဲနာတာရှည်ရောဂါများခံစားရနိုင်ခြင်းကြောင့် ရပ်ကွက်နေပြည်သူလူထုများမှာ အလွန်ပင် စိုးရိမ်ထိတ်လန့်နေကြရပါသည်။

ပါတီဖျက်သိမ်းခံရမည်ဟုကော်မရှင်မှသတိပေး


by Nay Wai on Friday, April 27, 2012 at 10:03pm

''မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီဝင်များ'' ညီနောင်ပါတီများနှင့် ပါတီအားလိုလားထောက်ခံသူများအား သဘောထား မှတ်ချက်တောင်းခံခြင်း”
အပိုဒ် - (က) ပါတီဝင်များအားလုံး နှင့်မိတ်ဆွေများခင်ဗျား - ၂၀၁၂ ခုနှစ် ဧပြီလ ၂၆ရက် - ရက်စွဲ ၊ စာအမှတ် ၄/နငရ-မပတ(၂)/ကမရ ဖြင့်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှမတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီ ဥက္ကဌထံ သတိပေးညွှန်ကြား စာတစ်စောင်၂၇ ရက်နေ့ ည ၇ နာရီခန့်က ရောက်ရှိလာပါသည် ။
အပိုဒ် (ခ) စာ၏ အကြောင်းအရာမှာ - ''ပါတီစာစောင်များရေးသားထုတ်ဝေရာတွင် တည်ဆဲဥပဒေချိုးဖောက်ရာ ရောက်သော ရေးသားမှုများမပြုလုပ်ရေး သတိပေးညွှန်ကြားခြင်း " ဟုခေါင်းစဉ်တပ်လာပါသည် ။ ထို့အပြင် ပြန်ကြားရေးဝန်ကြီးဌာန၏ ''၂၁.၁၀.၂၀၁၂ရက်စွဲပါစာအမှတ် ၅-၄(၂၄)/၂၀၁၂ (၀၅၅) '' ကို ရည်ညွှန်းဟုဖော်ပြထားပါသည် ။
အပိုဒ် (ဂ) စာပါအကြောင်းအရာအပြည့်အစုံမှာ -

30.04.2012 နေ့ဖတ်ရန်သတင်းများ


by Myanmar Journal on Sunday, April 29, 2012 at 3:05pm ·

ကုလအတွင်းရေးမှူးချုပ် မြန်မာနိုင်ငံကို ရောက်ရှိ
မြန်မာအစိုးရ အရာရှိတွေနဲ့ တွေ့ဆုံမှာ ဖြစ်သလို NLD ဥက္ကဌ နဲ့လည်း တွေ့ဆုံမယ်
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းဟာ မြန်မာနိုင်ငံက ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေ ရှေ့တိုးဆောင်ရွက် နိုင်ရေး တွန်းအားပေးဖို့ အတွက် မြန်မာ နိုင်ငံကို ဒီကနေ့ ရောက်ရှိလာပြီ ဖြစ်ပါတယ်။
မစ္စတာ ဘန်ဟာ မြန်မာအစိုးရ အရာရှိတွေနဲ့ တွေ့ဆုံဆွေးနွေးမှာ ဖြစ်သလို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံမှာ ဖြစ်ပါတယ်။

မြန်မာပြည်မှစာ- ပန်းတွေနဲ့ဝေဖြာ သူ့ဆံကေသာ


Inline image 1
၂၀၁၂ခုနှစ် ဧပြီ ၁၆ ရက်ဟာ ကျွန်မမိခင် ဒေါ်ခင်ကြည် ရဲ့ တရားဝင်မွေးနေ့ဖြစ်ပါတယ်။ တရားဝင်လို့ ကျွန်မ ဘာကြောင့်ပြောရပါသလဲဆိုရင် သူ့ရဲ့အမျိုးသားမှတ်ပုံ တင်ကဒ်၊ နိုင်ငံကူးကဒ်နဲ့ အခြား ထင်ရှားတဲ့ စာရွက်စာ တမ်းများမှာ အဲဒီမွေးနေ့အတိုင်းပဲ မှတ်တမ်းတင်ရေး ထားလို့ပါပဲ။ တကယ်တန်းမှာတော့ တရားဝင်ရေးမှတ် ထားတဲ့ မွေးနေ့ထက် တနှစ်နောက်ကျပြီး မေမေဟာ မွေးဖွားခဲ့တာပါ။ စန္ဒြမာသ မြန်မာသုံးပြက္ခဒိန်ပါမွေးနေ့ မွေးရက်ကို ဂရိဂေါ်ရီယံ ကမ္ဘာသုံးပြက္ခဒိန်နဲ့ ညှိနှိုင်း ပြောင်းလဲရာမှာ မှားယွင်းခဲ့လို့ဖြစ်ပါတယ်။ ဒီမွေးနေ့ ရက်ကိုပဲ မေမေ့ရဲ့“ရာပြည့်”မွေးနေ့အဖြစ်ပဲ ကျွန်မသတ်မှတ်ပါတယ်။ ဒီအခွင့်အရေးကို အရယူပြီး ဘဝတလျှောက်လုံး အကျိုးပြုလုပ်ငန်းများမှာ နှစ်မြှုပ်ထားခဲ့ပြီး ထူးခြားတဲ့ ဂုဏ်သိက္ခာ မြင့်မြတ် ကြံ့ခိုင်မှုရှိ အမျိုးသမီးကြီးအနေနဲ့ ကျွန်မချီးကျူးဂုဏ်ပြု ကန်တော့လိုပါတယ်။ 

ပြည်တော်ပြန် အလွမ်း



by
 Robina Lwin on Sunday, April 29, 2012 at 10:27am ·


 ရဲဘော်....
ရဲသောစိတ်ကို စွဲစေ
ဆွဲသောလက်တွေ မြဲစေ
မင်းဘက်မှာ ငါ
ငါ့ဘက်မှာ မင်း
တို့ အချင်းချင်း စစ်မခင်းနဲ့ 

Sunday, April 29, 2012

အိုင်းစတိုင်းကို စိန်ခေါ်ခြင်း၊ အလင်းထက်မြန်တာ ရှိသလော



by
 General Knowledge 
on Thursday, April 26, 2012 at 10:28pm 

Published on Thursday, 26 April 2012 10:35 Written by စိုးစိုး (အင်္ဂပူ) 
  

ရီလေတီဗီတီနှင့် အလင်းအလျင်

အဲလ်ဘတ် အိုင်းစတိုင်းရဲ့ အထူးရီလေတီဗီတီ သီအိုရီ (special relativity) အရ စကြာဝဋ္ဌာတစ်ခွင် အမြန်ဆုံးပြေးလွှားနိုင်တဲ့ အရာဟာ အလင်းရောင် ဖြစ်ပါတယ်။
အလင်းအလျင် (velocity of light) ဟာ လေဟာနယ်နဲ့ လေထဲမှာဆိုရင် တစ်စက္ကန့်ကို မိုင်ပေါင်း ၁၈၆၂၈၂.၃၉၆ ပြေးလွှားနိုင်တယ်။ သိပ်သည်းတဲ့နယ်တစ်ခု၊ ဥပမာ ရေထဲကို ဖြတ်သန်းသွားရင်တော့ အလင်းရဲ့ အလျင်ဟာ အနည်းငယ် နှေးသွားပါမယ်။ လေဟာနယ်နဲ့ လေထဲမှာတော့ အလင်းအလျင်ကို ပိုမြန်အောင် ပြုလုပ်လို့ မရပါ။

သမ္မတ (သို့မဟုတ်) အစိုးရအဖွဲ့အကြီးအကဲ


by So Min Oo on Saturday, April 28, 2012 at 3:03pm


''သမ္မတရာထူးဟာ လေးစားဖွယ်ရာ ဖြစ်ပြီး သြဇာကြီးတယ်၊ ပြီးတော့ အတိုင်းအတာ တစ်ခုအထိ လျှို့ဝှက်မှုတွေနဲ့ ဖွဲ့စည်းထားပါတယ်။ လေးစားစရာ ကောင်းတာ ကတော့ အမေရိကန်တွေရဲ့ နိုင်ငံရေးစနစ်မှာ အမြင့်ဆုံးသော အဆုံးအဖြတ်ကို ကိုယ်စားပြုပေး နေရလို့ပါ။ သြဇာကြီး ရတာကလည်း အဆုံးအဖြတ်တွေဟာ လေဟာနယ်ထဲမှာ မရှိလို့ဖြစ်ပါတယ်။ နိုင်ငံအတွင်း အတွေးအခေါ်၊ အကျိုးစီးပွား၊ ဖိအားတွေကို ကိုယ်စားပြုပြီး အရေးကြီးတဲ့ အရေးအရာ အားလုံးကို မတွန့်မဆုတ် တာဝန်ခံ နေရလို့လည်း ဖြစ်ပါတယ်''တစ်ချိန်က လူထုကြိုက် သမ္မတကြီး ဂျွန် အက်ဖ်ကနေဒီက ခေတ်သစ် သမ္မတရာထူးနှင့် ပတ် သက်၍ သူ့အမြင်ကို ဖော်ထုတ်ခဲ့ ခြင်းဖြစ်သည်။

ဘာသာရေးပဋိပက္ခဖြစ်အောင် ရည်ရွယ်ချက်ရှိရှိနဲ တိုက်ခိုက်နေတာတွေ ဖန်တီးနေတာတွေကို သတိမူကြပါ။



“လူတစ်ယောက်အနေနှင့် မိမိတစ်စုတစ်ဖွဲ့၏ အတွေးအခေါ်အယူအဆကို လေးစားကြည်ညိုယုံမျှနှင့် မပြီး။ အခြားတစ်ပါးသောသူများ၏ အတွေးအခေါ်အယူဆများကိုလည်း ကျိုးကြောင်းခိုင်လုံမှု မရှိပဲ ဝေဖန်နှိပ်နှယ်ခြင်း မပြုသင့်” ။ (အသောကကျောက်စာ) ။

“မတူသော အယူအဆများ ညှိနိုင်းဆွေးနွေးကြရာတွင်၊ အစဉ်အလာကြောင့် အယူများအပေါ်အားပြုသည်ထက်၊ ဆင်ခြင်တုံတရားကို ရှေ့တန်းတင်သည်က လူမှုရေးသဟဇာတမျှမှုကို ပိုမိုဦးတည်စေနိုင်လိမ့်မယ်” ။ (အက္ကဗာနန်းရင်ပြင်တွင် ဘာသာပေါင်းစုံ နှီးနောဖလှယ်ပွဲကျင်းပပေးခဲ့သော အက္ကဗာမူဆလင် ဘုရင်ကြီး)။


အထက်ဖေါ်ပြပါ ကောက်နှုတ်ချက်စကားတွေကို ပြောကြားခဲ့တဲ့ ဒီဘုရင်နှစ်ပါးဟာ ကိုးကွယ်တဲ့ ဘာသာတရားတွေ မတူကြပါဘူး၊ တစ်ပါးက ဗုဒ္ဓဘာသာကို ကိုးကွယ်ပြီး၊ တစ်ပါးက မူဆလင်ဘာသာကို ကိုးကွယ်ကြတာပါ။ သို့သော်လည်း သူတို့ သဘောထားတွေကို ကြည့်ခြင်းအားဖြင့် အချင်းချင်း လေးလေးစားစား အတူယှဉ်တွဲနေနိုင်ရေးကို အထူး လိုလားကြတယ်ဆိုတာ သိသာထင်ရှားလှပါတယ်။

သတင်းစာဆရာနှင့် နိုင်ငံရေး



နိုင်ငံတကာ နိုင်ငံရေး ခေါင်းဆောင်များနဲ့ နိုင်ငံရေး ပညာရှင်များရဲ့ အဆိုအမိန့်များထဲက ကောင်းနိုးရာရာ လေးတွေကို ရွေးချယ် ရေးသားပြီး အပတ်စဉ်ထုတ် သတင်းဂျာနယ် တစ်စောင်မှာ ဖော်ပြနေပါတယ်။ တစ်နေ့ကတော့ အဆိုအမိန့် တစ်ခုကို ဘာသာပြန်ရင်း ကျွန်တော် အတော်လေး သဘောကျပြီး ပြုံးမိပါတယ်။

“Becoming a politician is the only step down I could take from being a journalist.”
Jim Hightower

နိုင်ငံရေးသမား ဖြစ်လာတာဟာ ကျွန်တော့်အနေနဲ့ သတင်းစာဆရာ ဖြစ်ဖို့ကနေ အောက်တစ်ဆင့်ပဲ လျှော့ထားတာ။
(ဂျင် ဟိုင်းတာဝါ)

29.04.2012 နေ့ဖတ်ရန်သတင်းများ


by Myanmar Journal on Saturday, April 28, 2012 at 3:45pm ·

မြန်မာနိုင်ငံက ရွေးကောက်ပွဲကတောင် ပိုမို လွတ်လပ် မျှတမှု ရှိတယ်လို့ အီဘရာဟင်ပြောမလေးရှားနိုင်ငံမှာ ရွေးကောက်ပွဲစနစ် ပြောင်းလဲရေး ဆန္ဒပြ
မလေးရှားနိုင်ငံမှာ နှစ်ပေါင်းများစွာအတွင်း အကြီးမားဆုံးသော ဆန္ဒပြမှုတွေ ဖြစ်ပွား နေရာ ရဲတပ်ဖွဲ့က ဆန္ဒပြသူတွေကို မျက်ရည်ယို ဗုံးတွေနဲ့ ပစ်ခတ်ကာ၊ မီးသတ်ပိုက်တွေနဲ့ လည်း တားဆီးခဲ့ပါတယ်။
ဆန္ဒပြသူတွေက ရွေးကောက်ပွဲ ဆိုင်ရာ ပြုပြင် ပြောင်းလဲမှုတွေ လုပ်ပေးဖို့ တောင်းဆိုနေကြတာ ဖြစ်ပါတယ်။
ဆန္ဒပြသူတချို့က မြို့တော် ကွာလာလမ်ပူ အလယ်မှာ ပိတ်ထားတဲ့ အကာအရံတွေကို ကျော်လွှားဖို့ ကြိုးစားရာမှာ ရဲကအခုလို မျက်ရည်ယိုဗုံးတွေ မီးသတ်ပိုက်တွေနဲ့ တားဆီးခဲ့တာ ဖြစ်ပါတယ်။
အခုလက်ရှိ အာဏာရပါတီကို အခွင့်အရေးပိုပေးထားတဲ့ ရွေးကောက်ပွဲဆိုင်ရာ မူဝါဒ တွေနဲ့ မဲပေးနိုင်သူ စာရင်းတွေ ကို ပြန်လည် ပြင်ဆင် မွန်းမံမှုတွေ လုပ်ပေးဖို့ တောင်းဆိုနေ ကြတာပါ။

Saturday, April 28, 2012

ABSDF ငြိမ်းချမ်းရေး ဆွေးနွေးပွဲအပေါ် သဘောထား

by Ye Yint Aung on Friday, April 27, 2012 at 9:29pm 

သို့ -

ဗဟိုကော်မတီ
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)

နေ့စွဲ။       ။ မတ်လ ၂၄ ရက်၊ ၂၀၁၂ ခုနှစ်။ (စနေနေ့)

၁။ လာမည့်ရက်ပိုင်းအတွင်း ဦးသိန်းစိန် အစိုးရနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးရန်အတွက် ABSDF ပြင်ဆင်နေကြောင်း သိရှိရသည်။ တိုက်ဆိုင်စွာပင် ၁၉၉၂ ခုနှစ် ဖေဖော်ဝါရီလအတွင်း ABSDF (မြောက်ပိုင်း) ၌ ကျောင်းသားခေါင်းဆောင်များ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုအပေါ် ပြည်တွင်းပြည်ပရှိ မြန်မာများအကြား အုတ်အော်သောင်းနင်း ဖြစ်ပွားနေချိန်လည်း ဖြစ်သည်။

နိုင်ငံခြား ငွေလွှဲကိစ္စနှင့် ပတ်သက်၍ ဦးသန်းလွှင်နှင့် တွေ့ဆုံ မေးမြန်းခြင်း



by
 Yangon Press International on Friday, April 27, 2012 at 3:06am ·

အမေရိကန်ဒေါ်လာ လွှဲတဲ့ကိစ္စက အမေရိကန် sanction ထဲမှာပါနေသေးတော့ နိုင်ငံတကာဘဏ်နဲ့ချိတ်ဆက်ဖို့ဆိုတာ မဖြစ်နိုင်သေးတော့ အမေရိကန်အနေနဲ့ အဲဒီအပိုင်းလွှတ်ပေးမှရမယ်။ 

(မြန်မာနိုင်ငံအနေဖြင့် စီးပွားရေး ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ ဆက်လက်လုပ်ဆောင်လျှက်ရှိရာ ပုဂ္ဂလိကပိုင်ဘဏ်အချို့ နိုင်ငံခြားငွေ လဲလှယ်ခွင့်၊ နိုင်ငံအချို့မှ မြန်မာနိုင်ငံသို့ ငွေပြန်ပို့ကြရာတွင် ပြည်တွင်းရှိ နိုင်ငံခြားဘဏ်များဖြင့် ဆက်သွယ်ကာ ငွေလွှဲခွင့်တို့ကိုပုဂ္ဂလိကဘဏ်အချို့အား မကြာသေးမီက ခွင့်ပြုခဲ့သည်။ နကိုက ဟွန်ဒီဟုခေါ်သည့် တရားမ၀င်သည့် ငွေလွှဲဖြင့် ပြည်ပရောက် မြန်မာနိုင်ငံသားများ ပြည်တွင်းသို့ ငွေပြန်ပို့နေခဲ့ကြရာမှ ယခုကဲ့သို လုပ်ဆောင်ခွင့်ပြုလိုက်သည့်အခါ ယင်းနိုင်ငံများရှိ မြန်မာနိုင်ငံသားများ အနေဖြင့် ပို့ဆောင်နိုင်ပြီဖြစ်သည်။ သို့သော် အခြားသော ကျွမ်းကျင်မှုဆိုင်ရာ လိုအပ်ချက်များ၊ နည်းပညာဆိုင်ရာ လိုအပ်ချက်များနှင့် အမေရိကန်နိုင်ငံ၏ ဘဏ္ဍာရေး ပိတ်ဆို့မှုစသည့် အတားအဆီးများ စိန်ခေါ်မှုများလည်း ရှိနေသေးသည်ကို သိရှိရသည်။ ယင်းအချက်အလက်များနှင့် ပတ်သက်ပြီး ကမ္ဘောဇဘဏ် ဒုတိယ ဥက္ကဋ္ဌ (၂) နှင့် ဘဏ္ဍာရေး ၀န်ကြီးဋ္ဌာန၏ အကြံပေး အဖွဲ့ခေါင်းဆောင်လည်း ဖြစ်သူ ဦးသန်းလွင်အား YPI မှတွေ့ဆုံ မေးမြန်းထားပါသည်။)

မြန်မာပြည် ယနေ့ လူငယ်အချို့ နဲ့ နောင်အနှစ်၂၀



by
 စိုင်း မွန် သာ on Friday, April 27, 2012 at 2:39am 


ပညာရေးကွာဟမှု
                 တလောလောက်က ဘွဲ့ ရမိန်းကလေးတယောက်နဲ့ တွေ့ တယ် ဘာတွေလေ့လာနေလဲလို့ မေးလိုက်တယ်။သူက MS တဲ့ ကျနော်နဲနဲ ကြောင်သွားတယ် ဘာဘာသာရပ်လဲပေါ့ ပြီးတော့မှ အဲ့မိန်းကလေးပြောတာက Microsoft Office တဲ့ ။ကျနော်ပြေးပြီးထိုင်ငိုချင်စိတ်ပေါက်သွားတယ်။Microsoft Office ဆိုတဲ့ ပညာရပ်လောက် ဘာသာရပ်လောက်ဆိုတာ မသင်ထားလဲတတ်နေ
ရမယ်။ကွန်ပျူတာနယ်ပယ်မှာ ဒီဆော့ဖ်ဝဲလ်တခုထဲရှိတာလဲမဟုတ်။အများအပြား Linux တို့ ဘာတို့ သုံးရင်ဘယ်လိုနေမလဲမသိ။

28.04.2012 နေ့ဖတ်ရန်သတင်းများ


by Myanmar Journal on Friday, April 27, 2012 at 2:57pm 

တရုတ်နိုင်ငံရေးလှုပ်ရှားသူ အကျယ်ချုပ်က ထွက်ပြေးထွက်မြောက်
တရုတ် နိုင်ငံက အထင်ရှားဆုံး နိုင်ငံရေး လှုပ်ရှားသူ တစ်ယောက် ဖြစ်တဲ့ Chen Guangcheng ဟာ နိုင်ငံ အရှေ့ပိုင်း နေအိမ်အကျယ်ချုပ် ကနေ လွတ်မြောက် သွားခဲ့ ပါတယ်။
ချန်ေဂါင်ချမ်း ကို တရုတ် အစိုးရ က ၂၀၀၆ ခုနှစ် က ဖမ်းပြီး ထောင်ဒဏ် ၄ နှစ် အပြစ်ချ ခဲ့ဘူးပါတယ်။
အဲဒီ ပြစ်ဒဏ် ပြီး ၂၀၁၀ မှာ အိမ်ပြန်ရောက် ပြီး နောက်ပိုင်း ခဏ အကြာ မှာ ပဲ သူ့ ကို နေအိမ်ကနေ အပြင် ထွက်မရတော့ ပဲ နေအိမ်အကျဉ်း ကျ တာ ခံနေရတာ ပါ။
အခု ပြီးခဲ့တဲ့ တနဂ်နွေနေ့ မလွတ်မြောက်ခင် အချိန်ထိ ချန် က တရုတ်အမျိုးသမီး တွေ ကို ဒေသခံအာဏာပိုင်တွေက အတင်းအကြပ်ဖိအားပေးပြီး ကိုယ်ဝန်ဖျက်ချ ခိုင်းတာ အတင်းအကြပ် သားကြောဖြတ် တာတွေ လုပ်ဆောင်နေကြတယ် လို့ ဆိုတဲ့ သတင်းတွေ ထုတ်ပြန်ပြီး တားဆီး ဖို့ လှုံ့ဆော်ခဲ့တဲ့ နောက်ပိုင်း အဖမ်းခံခဲ့ရတာပါ။

Friday, April 27, 2012

အနှောင်အဖွဲ့ကို ~ (၂) :ပါရဂူ


by Zay Ya on Thursday, April 26, 2012 at 11:27am 

အနှောင်အဖွဲ့ကို ~ (၁) မှ အဆက် ~


အပြင်အပ က အနှောင် အဖွဲ့များ၊ အပြင်အတွင်းက အနှောင်အဖွဲ့လည်း ရှိသေးသည်။ စိတ်ဓာတ် ပျော့ညံ့ခြင်းသည် အတွင်း အနှောင်အဖွဲ့ ဖြစ်သည်။ အစ ပထမတွင် ခြေသလုံး အိမ်တိုင် ခရီးလှည့်လည် သွားလာခြင်း လမ်းမပေါ်တွင် လျောက်သွားရန် လိုလားသော သူသည် မိမိ မသိဖူး၊ မကြုံဖူးသော လမ်းဖြစ်၍ ထိတ်လန့် စိုးရိမ်စိတ် ပေါ်လာတတ်သည်။

China Power ( မဟာတရုတ်ပြည်သစ်)


by Kyawswar Aung on Thursday, April 5, 2012 at 10:56am

၁၉၀၄ ခုနှစ်မှာ အင်္ဂလိပ် ပထ၀ီ ပညာရှင် ဆာဟယ်လ်ဖိုဒ့် မက်ကင်ဒါ က သူရဲ့ ကျော်ကြားတဲ့ ဆောင်းပါး တစ်ပုဒ် ဖြစ်တဲ့ `သမိုင်း၏ ပထ၀ီ ဆိုင်ရာ ဆုံချက်´ (The Geographical Pivot of History) အတွက် တရုတ်ကို သတိထားစရာ အဖြစ် ရည်ညွှန်းရင်း အခုလို ရေးခဲ့ပါတယ်။
“အကယ်၍ တရုတ်သည် သူ့ နယ်နမိတ်ကို ကျော်လွန်ပြီး အင်အား ချဲ့ကားလာပြီဆိုလျှင်၊ ဤအရာက ကမ္ဘာကြီး လွတ်လပ်မှုအတွက် အ၀ါရောင် အန္တရာယ်ဆိုး ဖွဲ့တည်လာခြင်းပင် ဖြစ်သည်။

(နိုင်ငံတော်သမ္မတကြီးနဲ့တကွ တာဝန်ရှိသူများ သိနိုင်ဖို့



(နိုင်ငံတော်သမ္မတကြီးနဲ့တကွ တာဝန်ရှိသူများ သိနိုင်ဖို့ဆိုတာ စာဖတ်သူများရဲ့ ထပ်မံ ဖြန့်ဝေပေးကြမှုအပေါ်မှာ မူတည်ပါတယ်)

လေးစားအပ်ပါသော နိုင်ငံတော်သမ္မတကြီးခင်ဗျား………..

လွန့်ခဲ့သည့် ရက်အနည်းငယ်ခန့်က မလေးရှားဝန်ကြီးချုပ် နာဂျစ်မှ နိုင်ငံတော်သမ္မကြီးထံသို့ လာရောက်တွေ့ဆုံ၍ နှစ်နိုင်ငံ ကူသန်းရောင်းဝယ်ရေး၊ စီးပွားရေးလုပ်ငန်းကိစ္စများ တွေ့ဆုံဆွေးနွေးရာတွင် မလေးရှားနိုင်ငံသို့ မြန်မာအမျိုးသမီးငယ်များအား အိမ်ဖော်အဖြစ် တင်ပို့ပေးရန် လုပ်ငန်းကိစ္စတခုလည်း ပါဝင်ကြောင်း သိရှိရပါသည်။ ထိုလုပ်ငန်းနှင့်ပတ်သတ်၍ မလေးရှားရောက် မြန်မာပြည်သားတဦးမှ သမ္မတကြီးအား မေတ္တာရပ်ခံ ပန်ကြားလိုသည်မှာ..

မြန်မာနိုင်ငံသည် ယနေ့အချိန်တွင် ဒီမိုကရေစီစနစ်ကို မြေစမ်းခရမ်းပျိုးလျက်ရှိပြီး ခေတ်မှီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ဆီသို့ ချီတက်လျက်ရှိကြောင်း သိရှိရပါသည်။

ကောင်းသော ပြောင်းလဲခြင်း၏ တည်တံ့နိုင်ရေး (ပ - ဒု)


by Lu Maw on Friday, April 27, 2012 at 12:40am 

  မြန်မာပြည်ဟာ ဒီမိုကရေစီ စနစ်ကိုပြောင်းတဲ့အစိုါ်ရသစ်တက်လာပြီးကတည်းက တစ်နှစ်မပြည့်တစ်ပြည့်အချိန်မှာကမ္ဘာမှာ ချီးမွမ်းထောပနာပြုခြင်း အခံရဆုံးသော တိုင်းပြည် တစ်ပြည်ဖြစ်လာပါတယ်။ ကမ္ဘာနဲ့နိုင်ငံတကာက တကယ်ချီးကျုးတာပါ ။ "ကမ္ဘာရဲ့ စီးပွားရေး မျက်နှာစာသစ် " ၊ " အာရှကျား" ၊ " ခရီးသည် အသွားထိုက်ဆုံးသောတိုင်းပြည်" ၊ အားလုံးအပေါင်းလက္ခဏာတွေနဲ့ ပြည့်နေတဲ့ အဆိုစကားတွေပါ။ ဘာကြောင့် ဒီလောက်ထူးထူးကဲကဲဖြစ်နေတာပါလိမ့် ။ ဘာတွေကောင်းနေတာပါလိမ့်။ ကောင်းကျိုး ဂုဏ်အင်္ဂါတွေဟာ အစိုးရသစ်ရဲ့လုပ်ဆောင်ချက်၊စွမ်းဆောင်ချက်တွေချည်းကြောင့်တော့မဟုတ်ပါဘူး။ အစိုးရသစ်က လမ်းကြောင်း ပြောင်းပေးတာမှန်ပါတယ်။ ဒါဟာအရေးအကြီးဆုံးသော အပြောင်းအလဲဆိုတာ လှိုက်လှဲစွာ ၀န်ခံပါတယ်။ ဒါပေမဲ့ ဒါထက်ပိုပြီး အရင်းခံကျတဲ့ အကြောင်းတွေရှိပါတယ် ။ဒါတွေက ပိုအရေးကြီးပါတယ် ။ ဒီတော့မြန်မာပြည်ရဲ့ လက်ရှိ အခြေအနေကို လက်တွေ့ကျကျ ဓမ္မဓိဌာန်ကျကျ ဆန်းစစ်ကြည့်မယ်ဆိုရင် သာရည်တွေ ကောင်းချက်တွေက ဘာတွေလဲ --

၁။  တိုင်းပြည်က သယံဇာတ ပေါကြွယ်ဝပါတယ်။ နည်းနည်းနောနောမဟုတ်တဲ့ အဖိုးမဖြတ်နိုင်တဲ့ သယံဇာတတွေပါ။

27.04.2012 နေ့ဖတ်ရန်သတင်းများ


by Myanmar Journal on Thursday, April 26, 2012 at 8:15pm 

တရားရုံးမှာ တွေ့ရတဲ့ ချားစ်တေလာချားစ်တေလာ အပြစ်ရှိကြောင်း တရားရုံး ဆုံးဖြတ်
လိုက်ဘေးရီးယား ခေါင်းဆောင်ဟောင်း ချားစ်တေလာကို အပြစ်ရှိကြောင်း သည်ဟိတ်မြို့ မှာရှိတဲ့ အထူးခုံရုံး တစ်ခုကနေ ဆုံးဖြတ်ခဲ့ ပါတယ်။ သူဟာ လူမဆန်စွာ ပြုမူတဲ့ ရာဇဝတ်မှု၊ လူသတ်မှု၊ အဓမ္မပြကျင့်မှု၊ အကြမ်းဖက်မှုတွေမှာ ကူညီအားပေးခဲ့ကြောင်း တွေ့ရှိရတယ်လို့ တရားရုံးက ဆုံးဖြတ်ပါတယ်။
၁၉၉၀ ပြည့်လွန်နှစ်တွေက ပြည်တွင်းစစ် အတွင်း အိမ်နီးချင်း ဆီးရာလီယွန်းက RUF သူပုန်အဖွဲ့ကို မစ္စတာ တေလာက ကူညီ ပံ့ပိုးမှု လုပ်ခဲ့တဲ့ ကိစ္စတွေဟာ ရာဇဝတ်မှု မြောက်နေတယ်လို့ တရားသူကြီးက ပြောပါတယ်။
ဆီရာလီယွန်း ပဋိပက္ခတွေ အတွင်း သူပုန်အဖွဲ့ကနေ သတ်ဖြတ်တာ၊ မတရားပြုကျင့်တာနဲ့ ကိုယ်လက် အင်္ဂါဖြတ်တောက်မှုတွေ လုပ်ခဲ့တာဟာ သက်သေ အထောက်အထား ပြနိုင်တဲ့ ကိစ္စတွေ ဖြစ်တယ်လို့ တရားသူကြီးက ပြောပါတယ်။

့သမိုင်းကသက်သေခံနေပေသည်။




မြင်းစီးရုပ်တုများ၏ သင်္ကေတ

သူ့နေရာ သူ့သင်္ကေတနှင့်သူရှိကြသည့်အနက် သမိုင်းဝင် ပုဂ္ဂိုလ်များ အထူးသဖြင့် တိုင်းပြည်နှင့် အမျိုး၊ဘာသာ၊သာသနာ အတွက် အသက်ပေးစွန့်သွားကြသော သူရဲကောင်းများကို ဂုဏ်ပြုကာ နိုင်ငံနှင့် ယဉ်ကျေးမှု အသီးသီးတွင် ရုပ်တုများ ထုလုပ်ကြပါသည်။ မြင်းစီးရုပ်တုများ၏နောက်ကွယ်ရှိ သင်္ကေတနှင့် ပတ်သက်၍ အမှားကြာ အမှန်ဖြစ်မည်စိုးသဖြင့် ရှေးအစဉ်အလာတွင် သတ်မှတ်ယုံကြည်ထားခဲ့ကြပုံကို အကျဉ်းမျှ ရေးသားတင်ပြလိုပါသည်။
မြင်းစီးရုပ်တုထုလုပ်သူများသည် မြင်းစီးသူ၏ ကံကြမ္မာကို နှောင်းလူများသိရှိအောင် ဖော်ညွှန်းရမည့်တာဝန်ရှိသည်။ မြင်းရုပ်လှလျှင် ပြီးရော ဆိုသည့် သဘောဖြင့် အဖြစ်ထုလုပ်၍မရပါ။ မြင်းရုပ်တု၏ ခွာအနေအထားဖြင့် မြင်းစီးသူရဲကောင်း၏ ဘ၀ကံကြမ္မာကို ထင်ဟပ်ဖော်ပြကြရသည်ဟု သမိုင်းအထောက်အထားများတွင် ပြဆိုကြပါသည်။

NLD ကျမ်းသစ္စာဆိုခြင်းနှင့်ပတ်သက်၍ ဒေါက်တာမြင့်ချိုရဲ့ သဘောထား


by Nge Naing on Thursday, April 26, 2012 at 8:39pm 

"NLD ပါတီမှတ်ပုံမတင်တုန်းက မှတ်ပုံတင်လာအောင်ဆိုပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁၀) ပုဒ်မ (၄၀၅) မှာ ပါတဲ့အတိုင်းကို (ဖွဲ့စည်းပုံအခြေခံဥပဒေ) ကို "လေးစားလိုက်နာပါမယ်" လို့ ပြင်ပေးခဲ့တာပဲဗျာ အဲသည်လို ပြင်ပေးနိုင်တယ်ဆိုရင် အခန်း (၄) ဥပဒေပြုရေး ပုတ်မ (၁၂၅) ဇယား (၄) မှာပါတဲ့ ကျမ်းကျိန်တဲ့စာသားကိုလည်း "လေးစားလိုက်နာပါ့မယ်" လို့ ပြင်ပေးနိုင်ရမှာပေါ့ဗျာ။"
  
Burma Office Director ဒေါက်တာမြင့်ချိုနှင့် Terrell Aung (SBS) ရေဒီယိုတို့ တွေ့ဆုံးမေးမြန်းခန်း
၂၀၁၂ ခု နှစ် ဧကြီလ (၂၅) ရက်နေ့တွင် လွှင့်သွားသည်။

SBS    -   ဒေါက်တာမြင့်ချိုခင်ဗျား အခုလို ကျနော်တို့ SBS ရေဒီယိုနဲ့ စကားပြောခွင့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အခု ကျနော်ပထမဆုံး မေးချင်တာကတော့ မြန်မာပြည်မှာ ပါလီမန်ထဲမှာ NLD ပါတီအနေနဲ့ ၀င်ရောက်ဖို့အတွက် ကျမ်းကျိန်မှုနဲ့ ပတ်သက်ပြီးတော့ ပြဿနာတွေ ဖြစ်နေတဲ့အပေါ်မှာ ဒေါက်တာမြင့်ချိုအနေနဲ့ ဘယ်လိုမြင်သလဲ။

အနှောင်အဖွဲ့ကို ~ (၁) :ပါရဂူ


by Zay Ya on Friday, April 27, 2012 at 1:24am ·

                                              ဃူမက္ကရ သျှတ္တရ - အခန်း (၂)
                                           အနှောင်အဖွဲ့ကို ဖြတ်တောက်ပစ်ပါ

တစ်ကမ္ဘာလုံး ရှိ ရသေ့၊ ရဟန်း သူတော်စင် များက 'အိမ်ထောင်မှု သည် အနှောင်အဖွဲ့ ဖြစ်သည်' ဟု ပြောပြီး အိမ်ထောင်မှု ကို ချိုးဖျက် လျက် အပြင်ဘက် ထွက်လာဖို့ ပြောပြ ကြသည်။ အကယ်၍ ခြေသလုံး အိမ်တိုင် ခရီးသွားများ လည်း အိမ်ထောင်သည် ဘဝကို ချိုးဖျက် ဖို့ လိုအပ်သည် ဆိုလျှင် ခြေသလုံး အိမ်တိုင် ခရီးလှည့်လည် သွားလာသူ များ၏ ရည်ရွယ်ချက် လည်း မိမိကိုယ်ကို တန်ဖိုး ထားခြင်း၊ သူတစ်ပါး အား အမှု မထားခြင်း ဟူ၍ မမှတ်သင့် ပေ။

"ကြောက်စရာကောင်းသော အစိုးရ " "သိထိုက်သော အချက် " "နှလုံးကောင်းသော ဦးနု " (ရွှေဥဒေါင်း)



by
 အား မာန် on Wednesday, April 25, 2012 at 6:59pm 

ကြောက်စရာကောင်းသော အစိုးရ

ကျွန်ုပ်၏ ယုံကြည်ချက် တစ်ခုမှာလည်း တိုင်းပြည်အုပ်ချုပ်သူ တစ်ယောက်သည် တိုင်းသူပြည်သား ချောင်ချိ သက်သာရေးနှင့် ကုသိုလ်ရေးကို တွဲဖက် ဆောင်ရွက်နိုင်က ဆောင်ရွက်သင့်သည် မှန်သော်လည်း တိုင်းသူ ပြည်သားတို့၌ အကျပ်ခံပြီး တိုင်းသူပြည်သားတို့၏ငွေဖြင့် မိမိ ကုသိုလ် ရအောင်ဖြစ်စေ၊ တိုင်းသူပြည်သားများ ကုသိုလ်ရအောင်ဖြစ်စေ ပြုလုပ်သည်ဆိုပါလျှင် ထိုသူသည် လောကရေးနှင့် ဓမ္မရေးကို ပိုင်းခြားနားလည်သူ မဟုတ်ဟု ဆိုချင်သည်။ အစိုးရ၏ ဝတ္တရားသည် တိုင်းသူပြည်သားတို့၏ စားနေဝတ် အဆင့်အတန်းကို မြှင့်တင် ပေးရန် ဖြစ်၍ နတ်ပြည်သို့ တင်ပေးရန် တာဝန်မရှိချေ။ အုပ်ချုပ်သူ တစ်ယောက်သည် သူ ကုသိုလ် လိုချင်ပါက မိမိ၏ ချွေးနှဲစာဖြင့် ပေးကမ်း လှူဒါန်းရာ၏။ ပြည်သူပြည်သား၏ အခွန်တော် ငွေကို တိုင်းသူပြည်သား၏ လက် ငင်း ပစ္စက္ခ အကျိုးအတွက်မှတပါး မည်သည့် ကုသိုလ်ရေး အတွက်မဆို သုံးထိုက်သည်ဟု အထင်ရောက်လာ လျှင် ထိုအစိုးရသည် ကြောက်စရာ ကောင်းသော အစိုးရတစ်ခု ဖြစ်လာနိုင်သည်။

မြန်မာ့အရေး နောက်ကြောင်းပြန်နိုင်ဟု အမေရိကန် ပြော


by General Knowledge on Friday, April 27, 2012 at 12:57am 

By featured, လင်းသန့် on April 26, 2012 5:08 pm

မြန်မာနိုင်ငံတွင် ထူးခြားသည့် နိုင်ငံရေးတိုးတက်မှုများ တွေ့ရသော်လည်း မကြာမီက စတင်သည့် ပြောင်းလဲမှုသည် နောက်ပြန် လှည့်သွားနိုင်ကြောင်း အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကာ့တ်ကမ်းဘဲလ်က ပြောကြားလိုက်သည်။

မစ္စတာ ကာ့တ် ကမ်းဘဲလ်ကို ၂၀၀၉ ခုနှစ် နိုဝင်ဘာ ၄ ရက်က ရန်ကုန် အင်းလျားလိတ် ဟိုတယ်တွင် ဒေါ်အောင်ဆန်းစုကြည် နှင့် အတူတွေ့ရစဉ် (ဓာတ်ပုံ - Reuters)

Thursday, April 26, 2012

ဦးသန်းရွှေက ဦးနေ၀င်းကို ဘာကြောင့် အညှိးကြီးခဲ့တာလဲ


by General Knowledge on Monday, April 23, 2012 at 8:57am ·

 Post by Infinity Power, Saturday, April 7, 2012 at 11:38am



သွားလေသူ စစ်အာဏာရှင် ဦးနေ၀င်းအား စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေက အညှိးကြီးခဲ့ပုံအား ပြည်တွင်းရှိ အငြိမ်းစားယူသွားတဲ့ တပ်မတော် အရာရှိဟောင်း တစ်ဦးက စည်းလုံးခြင်းရဲ့အင်အား ၀က်ဘ်ဆိုဒ်သို့ သတင်း ပေးပို့လာပါတယ်။

စစ်ပွဲတွေကြားမှာ


by Human Right on Thursday, April 26, 2012 at 1:34am ·

              
စစ်ပွဲတွေကြားမှာ
ကလေးငယ်လေးတွေက
အဖေပျောက်
အမေပျောက်ကို
ရှာဖွေနေကြတယ်။

မောင်ဝံသ မပြောတဲ့စကား DVB ကကြေညာသွားတဲ့အတွက် မောင်ဝံသက DVBကိုဖြေရှင်းခိုင်းပြီ။


by Myat Thi Ha on Thursday, April 26, 2012 at 2:07am ·

Wednesday, 25 April 2012

 
မောင်ဝံသ မပြောတဲ့စကား DVB က ကြေညာသွားပါတယ်

ဒီချုပ်အမတ်များ အနေနဲ့ ကတိသစ္စာပြုရတဲ့ စာသားကို ပြင်မနေဘဲ လွှတ်တော်ထဲဝင်ကြဖို့ စာရေးဆရာမောင်ဝံသက ပြောကြားတယ်လို့ ၂၅ ဧပြီ DVB ရုပ်သံသတင်းမှာ သတင်းကြေညာသူ ကိုသန်းဝင်းထွဋ်က ကြေညာသွားပါတယ်။ မောင်ဝံသက ဘယ်သတင်းထောက်ကို ဘယ်နေ့က ဘယ်နေရာမှာ ပြောတယ်ဆိုတာလဲ လုံးဝမပါဘဲ ဗလာချီကြေညာသွားတာ ဖြစ်ပါတယ်။
ကျွန်တော် DVB ကိုရော တစ်ခြားဘယ်သတင်းဌာနကိုမှ အဲသလို လုံးဝမပြောခဲ့ပါ။

သခင်နုတို့ခေတ်က လောကပါလတရား


တရားမျှတ…လွတ်လပ်ခြင်း နဲ့မသွေ…တို့ပြည်…တို့မြေ… များလူခပ်သိမ်း ငြိမ်းချမ်းစေဖို့… ခွင့်တူညီမျှ ဝါဒဖြူစင်တဲ့ပြည်… တို့ပြည်၊ တို့မြေ …ပြည်ထောင်စု အမွေ … အမြဲတည်တံ့စေ … အဓိဋ္ဌာန်ပြုပေ … ထိန်းသိမ်းစို့ လေ…။

အဲဒါက နိုင်ငံတော်သီချင်းရဲ့ ခြေဆင်းအစပိုဒ်ဖြစ်ပါတယ်။ အဲဒီ သီချင်းကို ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ် ချုပ်ပုံ အခြေခံဥပဒေအရ သတ်မှတ် ပြဋ္ဌာန်းခဲ့ပြီး ခေတ်အဆက်ဆက် နိုင်ငံတော်သီချင်းအဖြစ် သီဆိုလာခဲ့ တာ အခု ၆၄ နှစ်တိုင်ခဲ့ပြီ ဖြစ်ပါ တယ်။ နိုင်ငံတော်သီချင်း ခြေဆင်း ပိုဒ်မှာပဲ လောကပါလတရား ၃ ပါး ဖြစ်တဲ့ တရားမျှတခြင်း၊ လွတ်လပ် ခြင်းနဲ့ ညီမျှခြင်းဆိုတဲ့ တေးစာသား တွေပါရှိပြီးဖြစ်နေပါတယ်။ လောက ပါလတရားဆိုတာဟာ လောကကြီး ကို မပျက်မယွင်းရအောင် ထိန်း ကျောင်းတဲ့တရားတွေပဲလို့ အလွယ် တကူနားလည်ကြရမှာပါ။ လောက ပါလတရားတွေ ဆုတ်ယုတ်လာတဲ့  လူ့ဘောင်တစ်ရပ်ဟာ မကြာမီ ပျက်စီးယိုယွင်းသွားမှာ သေချာပါ တယ်။

26.04.2012 နေ့ဖတ်ရန်သတင်းများ


by Myanmar Journal on Thursday, April 26, 2012 at 7:17am ·

၂၀၀၅ တုန်း က ပါကစ္စတန် မစ်ဇိုင်း ဒုံးကျည် စမ်းသပ်စဉ် ကပါကစ္စတန် ရဲ့ အပြိုင်အဆိုင် ဒုံးကျည် စမ်းသတ်မှု
အိန္ဒိယနဲ့ ပါကစ္စတန် ၂ နိုင်ငံဟာ ရှေ့ဆင့်နောက်ဆင့် ဆိုသလို ဒုံးကျည် စမ်းသပ်မှုတွေကို အခု သီတင်းပတ်တွေ အတွင်းမှာ ပြုလုပ်ခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ အပတ်ကပဲ အိန္ဒိယနိုင်ငံကလည်း ကီလိုမီတာ ၅၀၀၀ အကွာအဝေး အထိ ပစ်နိုင်တဲ့ တာဝေးပစ် ဒုံးကျည် စမ်းသပ်မှုတွေကို ပြုလုပ်ခဲ့ပါတယ်။
ဒီလို ဒုံးကျည်စမ်းသပ်မှုတွေကို ၂ နိုင်ငံက လုပ်လေ့ရှိပြီး လုပ်တော့မယ်ဆိုရင်လည်း တနိုင်ငံနဲ့ တနိုင်ငံ ကြိုတင်ပြီး အသိပေးကြပါတယ်။
Shaheen 1 A ရှာဟင်း ၀မ်းအေ လို့ အမည်ပေးထားတဲ့ ဒီ တာလတ်ပစ် ဒုံးကျည်ဟာ ကီလိုမီတာ ၃၀၀၀ နီးပါးအကွာအဝေးမှာရှိတဲ့ ပစ်မှတ်တွေကို ထိမှန်အောင်ပစ်ခတ်နိုင်တဲ့ စွမ်းရည်ရှိတော့ အိန္ဒိယ နိုင်ငံက ပစ်မှတ် ဆိုရင်လည်း မလွဲအောင် ပစ်ခတ်နိုင်တဲ့ သဘောရှိပါတယ်။

ယဉ်ကျေးမှုများပြိုလဲခြင်း


by Ko Htut on Thursday, April 26, 2012 at 9:32am

နိုင်ငံရေးသမားတွေ၊ လှုပ်ရှားတက်ကြွသူ Activists တွေက နိုင်ငံရေးပြောင်းလဲမှုတွေ တိုင်းပြည်မှာ ဖြစ်လာအောင် နှစ်ပေါင်းများစွာ ဘ၀တွေအပျက်ခံပြီး မလျှော့သော ဇွဲလုံ့လ ၀ိရိယနဲ့ ကြိုးပမ်းနေတဲ့ အချိန်မှာ၊ ဆယ်စုနှစ်အနည်းငယ်အတွင်း မြန်မာပြည်မှာ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး ဘက် ပေါင်းစုံ အခြေ အနေတွေဟာ အောက်ဆုံးအဆင့်ရောက်အောင် ပြိုလဲကျခဲ့တယ်။

ဒါတွေကတော့ မြင်သာထင်သာမို့ လူတိုင်းအသိဖြစ်ပါတယ်။ ခုနောက်ဆုံး ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခြေအနေက အဲဒါတွေထက် ပိုမိုဆိုး ရွားတဲ့ cultural failure ယဉ်ကျေးမှုများပြိုကျနေခြင်းပဲဖြစ်တယ်။

ဘာကြောင့် ဒီစကားကိုပြောရတာလဲ။ ဥပမာ တချို့ကို ကျနော် တင်ပြပါ့မယ်။ မြန်မာနိုင်ငံက ပန်းခြံတွေ ထဲမှာ၊ လူမြင်ကွင်းတွေမှာ အတွဲတွေ ချိန်းတွေ့စဉ် လွန်လွန်ကျူးကျူး လူမြင်မကောင်းအောင် ဆက်ဆံပြုမူနေကြခြင်း၊ နေ့ခင်ကြောင်တောင် လူလယ်ကောင် အင်းယားကန်ဘောင်လိုနေရာမှာ ဆယ်ကျော်သက်တွေ နူတ်ခမ်းချင်းတေ့ နမ်းရိုက်နေကြခြင်း၊ တက္ကသိုလ်တွေ မှာ ကျောင်း သားတွေ နေ့ခင်းကြောင်တောင်ချိန်းတွေ့ လိင်ဆက်ဆံနေခြင်း၊ မြို့ကြီးတွေက တည်းခိုခန်းတွေမှာ အဖြူအစိမ်း ၀တ် ကျောင်း သား ကျောင်းသူလေးတွေ ကျောင်းချိန်တွင် လာရောက် ချိန်းတွေ့နေကြခြင်း၊ အင်တာ နက်ကိုအသုံးပြု၍ လိင်ပျော်ပါးဖော်ရှာဖွေ လာကြခြင်း၊ မြန်မာ့ရိုးရာ နှစ်သစ်ကူး အတာသင်္ကြန် ကာလ မှာ လူမြင်ကွင်းမှာ အဖော်အချွတ် အနမ်းအရူပ်ကိစ္စတွေ တနှစ်ထက် တနှစ်ပိုမိုဆိုးရွား မြားပြားလာ ခြင်း… ဒါတွေဟာ အခြေအနေ တချို့ကို သာ ဖော်ပြ လိုက်ခြင်း ဖြစ်ပါတယ်။

Wednesday, April 25, 2012

မူးယစ်ရာဇာ ၂၀ ကျော် ထိုင်းတွင် ဆုငွေထုတ်၊ မြန်မာ ၃ ဦးကို ကြေးအများဆုံး ပေးမည် – Thailand announces $ 400,000 bounty for 25 drug


by တကျော့ ပြန်ဟစ် တလာ on Wednesday, April 25, 2012 at 8:39pm 

Tuesday, April 24, 2012

မိုးမခအထောက်တော် အမှတ် ဝဝ၇၊ ဧပြီ ၂၄၊ ၂ဝ၁၂
  
စိုင်းနော်ခမ်း၊ ဦးယိဆေး၊ ဦးနှုတ်ခမ်းမွေး တို့၏ ပုံ နှင့် အချက်အလက်များ ပါဝင်သော ဤပိုစတာအား မြန်မာဘာသာဖြင့်လည်း ပုံနှိပ်ဖြန့်ဝေမည်ဟု သိရှိရပါသည်။

မူးယစ်ဆေးကုန်ကူးမှုတွင် ထိပ်တန်းမှ ပါဝင်သည်ဟုဆိုသူ လူ ၂၀ ကျော်၏ အမည်ကို ထိုင်းအစိုးရက ထုတ်ပြန်လိုက်ရာ ထိုအထဲတွင် မြန်မာပြည်ဘက်မှ ၃ ဦး ပါဝင်နေသည်ကို တွေ့ရပြီး ထို ၃ ဦးမှာ ဆုငွေ အများဆုံး အထုတ်ခံထားရသူများ ဖြစ်နေလေသည်။

ထိုင်းအစိုးရက ထိုစာရင်းကို ပြီးခဲ့သည့် သောကြာတွင် ထုတ်ပြန်ခြင်း ဖြစ်၏။

ထိုသုံးဦးမှာ စိုင်းနော်ခမ်း၊ ဦးယိဆေး၊ ဦးနှုတ်ခမ်းမွေး တို့ ဖြစ်သည်။

ခြံအမှတ်(၅၄)မှ သမိုင်းဝင်ခြေလှမ်းများ


by 7Day News Journal on Wednesday, April 25, 2012 at 5:14pm 

ဧပြီ ၁၃ရက် ပူစပ်စပ် ညနေ ခင်းနေရောင်အောက် ဗြိတိန်ဝန် ကြီးချုပ် ဒေးဗစ်ကင်မရွန်းနှင့် ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်    ဒေါ်အောင်ဆန်းစုကြည်တို့ အေးအေး လူလူ စကားပြောရင်း လမ်းလျှောက်နေသည်။ အင်္ဂလန်နိုင်ငံ ဒေါင်းနင်း လမ်းအမှတ်-၁၀ တွင် နေထိုင်သော ဒေးဗစ်ကင်မရွန်းက ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းအမှတ် ၅၄ ရှိ ဒေါ်အောင်ဆန်းစုကြည်   နေအိမ်ခြံဝင်းဥယျာဉ်ထဲ လမ်းလျှောက်ရင်း စကားစမြည် ပြောနေခြင်းဖြစ်၏။

လွန်ခဲ့သည့် တစ်နှစ်ကျော်ကဆိုလျှင် ထိုမြင်ကွင်းမျိုး လက်တွေ့ဖြစ်လာလိမ့်မည်ဟု မည်သူ မျှတွေးထင်ထားမည်မဟုတ်။
မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး (၁၉၄၈ ဇန်န၀ါရီ ၄)နောက်ပိုင်း ဒေးဗစ်ကင်မရွန်း၏ ယခုခရီး စဉ်မှာ ဗြိတိန်ဝန်ကြီးချုပ်တစ်ဦး၏ ပထမဆုံးခရီးစဉ်ဖြစ်သည်။ မြန်မာ နိုင်ငံတွင် ဖြစ်ပေါ်နေသော နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများက ဗြိတိန်ဝန်ကြီးချုပ်၏ သမိုင်းဝင် မြန်မာခရီးစဉ်ပေါ်ပေါက်လာရ ခြင်း၏ အကြောင်းရင်းတစ်ခုဖြစ် ကြောင်း ဒေးဗစ်ကင်မရွန်းကပြောသည်။

လူ့အခွင့်အရေး အဘိဓါန် ____ လွတ်လပ်စွာပြောဆိုခွင့်( Freedom of Speech)


by မင်းခက်ရဲ (Min Khet Ye) on Friday, March 23, 2012 at 10:09pm 

လွတ်လပ်စွာ ပြောဆိုခွင့်ဟာ နိုင်ငံသားလွတ်လပ်ခွင့်တွေထဲမှာ အရေးအကြီးဆုံး တန်ဖိုးထားပေးအပ်ထားရမယ့် အရာတွေထဲက တစ်ခုပဲ ။ လွတ်လပ်စွာပြောဆိုခွင့် အခွင့်အရေးပုံစံတွေထဲမှာ အများစုက နိုင်ငံရေးဆန်တယ် ။ ဥပမာ လွတ်လပ်စွာပြောဆိုခွင့်ကို လွတ်လပ်ပုံနှိပ် ထုတ်ဝေခွင့်အဖြစ်ရှုမြင်တဲ့ အခါ နိုင်ငံရေးဆန်တယ်လို့ ဆိုနိုင်ပါတယ် ။ အမေရိကန် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ဖြည့်စွက်ချက် တစ်မှာ လွတ်လပ်စွာပြောဆိုခွင့်နဲ့  လွတ်လပ်စွာ ပုံနှိပ်ထုတ်ဝေခွင့်ကို ခွဲ့ခြားပြောဆိုထားတယ်။ ပထမနေရာမှာ လွတ်လပ်စွာ ပြောဆိုခွင့်နဲ့လွတ်လပ်စွာ ပုံနှိပ်ထုတ်ဝေခွင့် နှစ်ခုခွဲပြောလိုက်ပြီး ဒုတိယနေရာမှာ လွတ်လပ်စွာပြောဆိုခြင်းထဲကမှ သူတို့နိုင်ငံရဲ့ အခြေအနေအတွက် ပိုပြီးအလေးပေး ပြောဆိုသင့်တယ်လို့ ယူဆတဲ့ ဘာသာရေးလွတ်လပ်ခွင့်ဆိုတာကို ပြောတယ်။      ၁၇၈၉ နိုင်ငံသားနဲ့ လူသားအခွင့်အရေး ကြေညာစာတမ်း ၊ ဥရောပ လူ့အခွင့်အရေးသဘောတူစာချုပ်  ၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းတွေမှာ လွတ်လပ်စွာပြောဆိုခွင့်ကို အထူးအလေးပေးထားတယ်။ ဂျာမန် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမှာတော့ အခွင့်အေ၇းတွေအကြောင်းပြောတဲ့အခါ ပဉ္စမနေရာမှာထားတယ် ။

ဦးတေဇသားများနှင့် ဖိုးလပြည့်အကြောင်း




သူတို့ အဖွဲ့ ပြောနေတဲ့စကားတွေက ဘယ်တော့မှ ဒေါ်လာ ငါးသန်းအောက်မရှိဘူး။ သူတို့ ရဲ့ ကားတွေကလည်း ဒေါ်လာ လေးငါးသန်းတန်ကားတွေဖြစ်တဲ့ဖရာရီ (Ferrari) ကားတွေဆိုတော့ အင်ဂျင်ပါဝါအရမ်းကောင်းပါတယ်။ သူတို့ ဘေးမှာကလည်း စကတ်တိုတို နဲ့ အရမ်းကိုလှတဲ့ကောင်မလေးသုံးလေးယောက်ကလည်း မှုးယစ်ရီဝေနေတဲ့မျက်လုံးတွေနဲ့ ။ အားလုံးလိုလိုက အနောက်တိုင်းစတိုင် မြူးကြွတဲ့တေးသီးချင်းတွေနဲ့  ပျော်ရွှင်နေကြတဲ့အချိန်။ အချိန်က ညသန်းခေါ်ယံ။ နေရာက မင်္ဂလာဒုံလေယျာဉ်ကွင်း။ ဒီအချိန်မှာ သူတို့ က ဘာလို့ လေယျာဉ်ကွင်းကိုလာတာလဲလို့ မေးစရာရှိတယ်။

25.04.2012 နေ့ဖတ်ရန်သတင်းများ


by Myanmar Journal on Wednesday, April 25, 2012 at 10:47am ·

သုံးခွမှာ သောက်သုံးရေ ပြတ်
သုံးခွမှာ သောက်ရေ ပြတ်နေ
ဒီနှစ်နွေရာသီမှာ အပူချိန် သာမန်ထက်လွန်ကဲ တာကြောင့် နွေရာသီ စဝင်ချိန်ကကို ရန်ကုန် တိုင်း သုံးခွ မြို့နယ်ထဲက တချို့ ရွာတွေမှာ သောက်သုံးရေ ပြတ်လပ်မှုနဲ့ ကြုံနေရပါတယ်။
သုံးခွ အရှေ့ပိုင်းက ကျေးရွာ လေးဆယ်ကျော်မှာ ရှိတဲ့ သောက်သုံး ရေကန်တွေဟာ အပူရှိန် မြင့်ပြီး မိုးလည်း မလာသေးတဲ့အတွက် ကန်ထဲက ရေ တွေ ခမ်းခြောက်လာပြီး ဒေသခံတွေ သောက် သုံးရေ အခက် ကြုံနေရပါတယ်။
ရေလုံးဝခမ်းသွားတဲ့ ရွာတွေက အနီးတဝိုက်က ရေလုံးလုံး မခမ်းသေးတဲ့ ရွာတွေကို မော် တော် ဆိုင်ကယ်တွေနဲ့ သွားပြီး ရေခပ် သုံးစွဲနေရတယ်လို့ သုံးခွ မြို့ခံ ဆရာတော် တပါးက ဘီဘီစီကို ပြောပြပါတယ်။

မြန်မာ့ရှေးဟောင်းအမွေများကို မိုးပေါ်မှ စောင့်ရှောက်ခြင်း




ညံ့ဖျင်းသော စီမံခန့်ခွဲမှုနှင့်သာ ဆောင်ရွက်မည် ဆိုပါက အားလုံး ပျက်စီးကိန်း ဆိုက်သွားနိုင်သည့် မြန်မာနိုင်ငံ၏ ရှေးဟောင်း အမွေအနှစ် နေရာများကို စောင့်ကြည့်နေသော အာကာသ ဂြိုဟ်တုတခုအား ခရီးသွားလုပ်ငန်းနှင့်ဆင်းရဲမွဲတေမှု ပပျောက်ရေး လုပ်ငန်းများအတွက် အသုံးပြုနေပါသည်။
မြန်မာနိုင်ငံ လူဦးရေစုစုပေါင်း၏ ၉၀ ရာခိုင်နှုန်းခန့်သည် ဆင်းရဲမွဲတေမှု စံသတ်မှတ်ချက်ထဲ သို့မဟုတ် ယင်းသတ်မှတ်ချက် အောက်တွင် ရှိနေဆဲဖြစ်ပြီး တိုင်းပြည်၏ ပြည်တွင်းအသားတင် ကုန်ထုတ်လုပ်မှု (GDP) တန်ဖိုးသည် ဒေသတွင်း အနိမ့်ဆုံးအဆင့်ဖြစ်သည်။ သို့သော် ယင်းရှေးမြို့ဟောင်းများကို တာဝန်ရှိရှိဖြင့် သေသေချာချာ စီမံခန့်ခွဲနိုင်ပါက ခရီးသွားလုပ်ငန်းမှ အခြေအနေ ပြောင်းလဲသွားအောင် လုပ်ပေးနိုင်မည်။
ကမ္ဘာလုံးဆိုင်ရာ အမွေအနှစ်များရံပုံငွေ (Global Heritage Fund – GHF) သည် ကမ္ဘာ့ပထမဦးဆုံး တင်ကြို အသိပေးခြင်းနှင့် အန္တရာယ်စောင့်ကြည့်ရေးစနစ်အဖြစ် ကမ္ဘာလုံးဆိုင်ရာ အမွေအနှစ်များကွန်ရက် (Global Heritage Network – GHN) ကို ယမန်နှစ်က စတင် ဖွဲ့စည်းခဲ့သည်။ ကွန်ရက်သည် Google Earth အပြင် DigitalGlobe ပရိုဂရမ်များအသုံးပြု၍ ကျွမ်းကျင်သူများ၊ ဒေသခံပြည်သူများကို အလွန်အကျွံ ဖွံ့ဖြိုးရေး၊ ညံ့ဖျင်းသောစီမံခန့်ခွဲမှုနှင့် ခိုးယက်လုယူမှုများ အန္တရာယ်ကြောင့် ပျက်စီးသွားနိုင်သော ယဉ်ကျေးမှု အမွေအနှစ်နေရာများအား မျက်ခြည်မပြတ် စောင့်ကြည့်နိုင်စေရန် ကူညီပေးသည်။
“ဒီကနေ့ဆို GHN က မြန်မာနိုင်ငံအတွင်းမှာ စောင့်ကြည့်နေတဲ့နေရာ ၆ နေရာ ရှိပါတယ်။ အဲဒီအထဲမှာ ပုဂံရယ်၊ ပျူမြို့ဟောင်းသုံးခုရယ် ပါပါတယ်။ အီတလီအစိုးရက ထောက်ပံ့ပေးတဲ့ UNESCO အစီအစဉ် အသစ်တခုက မြန်မာအစိုးရနဲ့ တွဲလုပ်မယ့် UNESCO ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် အစီအစဉ်များ၊ အမည်တင်သွင်းခြင်း လုပ်ငန်းများ တိုးတက်လာဖို့ ၂ နှစ်စာ အမေရိကန်ဒေါ်လာ ရှစ်သိန်း ကူညီသွားမှာဖြစ်ပါတယ်။ မြန်မာပြည် တံခါးပွင့်လာတာကြောင့် ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းခြင်းနဲ့ တာဝန်ရှိရှိ ဖွံ့ဖြိုးတိုးတက်မှုတွေမှာ နိုင်ငံတကာပညာရှင်တွေ ပိုမိုပါဝင်လာနိုင်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်”ဟု GHF အမှုဆောင်ညွှန်ကြားရေးမှူးချုပ် ဂျပ်ဖ်မော်ဂင်က ပြောဆိုခဲ့သည်။
Related Posts Plugin for WordPress, Blogger...