Thursday, May 31, 2012

မြန်မာ့နိုင်ငံရေးရာသီဥတု သင်ပုန်းကြီးဖတ်စာ


သုည

၁။ ဒီကနေ့ မြန်မာပြည်ရဲ့ နိုင်ငံရေးမိုးလေ၀သ ရာသီဥတုကောင်းပါရဲ့လား။
၂။ နိုင်ငံရေးရာသီဥတု ကောင်းသလိုလို ရှိပါသည်။
၃။ သို့သော် မုန်တိုင်းကိုတော့ သတိထားရမည်။
၎။ ရာသီဥတု ကောင်းပါစေဟု ပြည်သူတွေ ဆုတောင်းနေကြသည်။
၅။ နေပြည်တော်နဲ့ အနီးတ၀ိုက် သာယာနေပါသည်။

တရားမျှတမှု ဥပဒေစိုးမိုးမှု ကင်းမဲ့နေသော နိုင်ငံတော်


by Lu Cifer on Thursday, May 31, 2012 at 9:13am


လိမ်နည်းအမျိုးမျိုးနဲ့ လိမ်ခဲ့ကောက်ခဲ့တဲ့ ဇေကမ္ဘာကုမ္ပဏီနဲ့ ရွှေနံ့သာလယ်သမားအရေးကို ရှေးရှု ပြောဆိုလိုပါတယ်။ အစမှာ ကျေးရွာအုပ်ချုပ်ရေးနဲ့ ဇေကမ္ဘာကုမ္ပဏီပူးပေါင်းပြီး လယ်သမားတွေကို ခေါင်းစဉ်မရှိတဲ့ စာရွက်ပေါ်မှာလက်မှတ် ထိုးခိုင်းတယ်။ လယ်သမားတွေက အကြိမ်ကြိမ်ငြင်းဆိုခဲ့တယ်။ အဲဒီနောက် ဦးခင်ရွှေက နိုင်ငံတော်သိမ်းတာ ငါသိမ်းတာ မဟုတ်ဘူး။

ခရိုနီတွေ ရဲ. ထောင်ချောက်၊ပွင်.လင်းမြင်သာမှုတွေ လိုနေတဲ.အချိန် Trap of Burmese Cronies, Time to Reverse Our Ruined Arcadia.


by Aye Aye Soe Win on Wednesday, May 30, 2012 at 10:19am


ထူး လဲထူးတဲ.မြန်မာ.ဒီမိုကရေစီလမ်းကြမ်းကြီး ကို ထူးဂရု ကို ကာကွယ်ရင်း၊ အလားတူ ခရိုနီတွေကို မေတ္တာမပျက် မထိခိုက်စေပဲ ဘယ်လို လမ်းဖေါက်လို.ရမလဲ။အဲ သလိုတွေးမိကြလား။

31.05.2012 နေ့ဖတ်ရန်သတင်းများ



by
 Myanmar Journal 
on Wednesday, May 30, 2012 at 4:27pm

မြန်မာ နိုင်ငံ မှာ လျှပ်စစ်မီး ရရေး ဆန္ဒပြ နေကြသူများ၅ ပါတီကို ရွေးကောက်ပွဲ ကော်မရှင် ခေါ်ယူ ဆွေးနွေး
မြန်မာ နိုင်ငံမှာ လျှပ်စစ်မီး ရရှိရေးနဲ့ အလုပ်သမား လစာ တိုးမြှင့်ရေးတို့ အတွက် ပြည်သူတွေရဲ့ တောင်းဆို ဆန္ဒပြမှု တွေမှာ အားပေး ကူညီတယ် လို့ ယူဆတဲ့ နိုင်ငံရေး ပါတီ ၅ ပါတီက ခေါင်းဆောင်တွေကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က နေပြည်တော်မှာ အင်္ဂါ နေ့က ခေါ်ယူ ဆွေးနွေးခဲ့ ပါတယ်။
အန်အယ်ဒီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ အန်ဒီအက်ဖ် အမျိုးသား ဒီမိုကရေစီ အင်အားစု၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီတို့ အပါ အဝင် ပါတီ ငါးပါတီကို ခေါ်ယူ ဆွေးနွေး ခဲ့တာ ဖြစ် ပါတယ်။

ခေတ်စနစ်နဲ. မညီတော့တဲ့ မြန်မာ လ၀က ဌာန- Myanmar Immigration is out of Date.


by Udp Myanmar on Wednesday, May 30, 2012 at 11:37am

ကိုလိုနီခေတ်က လုပ်ထုံးတွေကို ဆက်သုံးနေတဲ့ မြန်မာပြည်က လူဝင်မှုကြီးကြပ်ရေးဌာန
မြန်မာပြည်မှာ ဗီဇာသက်တမ်းတိုးဖို. Visa Extention လုပ်ဖို.လုပ်ရတာ အမေရိကန်မှာ သေဒဏ်အပစ်ပေးခံတဲ့သူကို  ဆေးထိုးမသတ်ခင် ပြင်ဆင် မှတ်တမ်းတင်ရတာထက်တောင် အတော် လုပ်များပါသည်။ ဖြည့်လိုက်ရတဲ့ လျှောက်လွှာကလဲ အစောင်စောင် ထိုးလိုက်ရတဲ့ လက်မှတ် သွားလိုက်ရတဲ့ ရုံးကလဲ တမြို.လုံး နံ.နေအောင်ပါ။

NLD ဥက္ကဋ္ဌ ဟောင်း ဦးအောင်ကြီး နှင့် မြန်မာ့ ဒီမို သမိုင်း ပုံရိပ်အချို့ 


by Ya Tha on Tuesday, May 29, 2012 at 9:25am 


၁၉၄၅ခုနှစ် မတ်လ (၁) ရက်နေ့တွင် ကန်တော်ကြီးစောင်းရှိ ဗိုလ်ချုပ် ၏ နေအိမ်တွင်ပင် ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့အဖွဲ့ချုပ် အစည်းအဝေးအား  ပြုလုပ်၏။ တပ်မတော်မှ ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်လက်ျာ၊ ဗိုလ်နေဝင်း၊ ဗိုလ်ဇေယျ၊ဗိုလ်စောကြာဒိုး၊ ဗိုလ်အောင်အောင်၊ ဗိုလ်ရန်အောင်၊ ဗိုလ်ရဲထွဋ္ဋ် ၊ ဗိုလ်ဖိုးကွန်း၊ *ဗိုလ်အောင်ကြီး*၊ ဗိုလ်မောင်မောင်၊ ဗိုလ်စိန်မှန်နှင့် ဗိုလ်ခင်မောင်လေးတို့တက်ကြသည်။ ပြည်သူ့  အရေးတော်ပုံပါတီက  ဦးဘဆွေ၊ သခင်ချစ်၊ ဦးကျော်ငြိမ်း နှင့်ဦးလှမောင်တို့ တတ်ရောက်ကြပြီး ကွန်မြူနစ်ပါတီမှမူ …..သခင်စိုး၊ သခင်သန်းထွန်းနှင့် သခင်တင်မြတို့ပါဝင်သည်။     ။

Wednesday, May 30, 2012

မန္တလေမြို့သေဆုံးခြင်း

လူဖြစ်တည်ခွင့်နောက်ဆုံးအချိန် ( ၃ )


by Kyaw Gyi AB on Sunday, May 27, 2012 at 2:48am ·

ထိပ်တုံးထဲက လူတစ်ယောက်
အောက်ပိုင်းကပုဆိုး နဲ့ ၊ အထက်ပိုင်းက စစ်အင်္ကျီ(ဘက်တံဆိပ် မပါ) နဲ့
ဒါပေမဲ့ လူ ခန္ဓာကိုယ်လား၊ အဝတ်အစားလား ခွဲခြားမရတော့
သွေးတွေ၊ မြေမှုံ့  ဖုံမှုံ့တွေ အလိမ်းလိမ်း နဲ့ အရောင်တွေ အားလုံးဟာ ပေါင်းစပ်နေတယ်
လူရုပ် မပီအဝတ်အစားတွေ အပိုင်းပိုင်းပြတ် သူ့ခန္ဓာကိုယ် မှာလဲ အပိုင်းအပိုင်း ဒါဏ်ရာတွေ ထပ်လို့ 
သူ့ ကို ငါးကင်တကောင်လို ဒါးနဲ့ မွှန်းထားတယ်လေ
ပြီးတော့  ဒါဏ်ရာတွေကို ဆားပက်ထားလို့ ပေါ့

ပါဖောမန့်ပြသူ အနုပညာရှင်များ တရားစွဲခံရ


by Lu Cifer on Tuesday, May 29, 2012 at 5:24am 

မန္တလေးကျုံး မြောက်ဘက်ထောင့်တွင် ပါဖောမန့်စ် (Performance) ပြခဲ့သည့် အနုပညာရှင် ၇ ဦးအား ယနေ့ တရားစွဲကာ  ၃၁ ရက်နေ့တွင် ရုံးတင် စစ်ဆေးမည် ဖြစ်ကြောင်း သိရသည်။
မေ ၂၄ ရက်နေ့က မြန်မာအနုပညာရှင် ၇ ဦးနှင့် နိုင်ငံခြား အနုပညာရှင် ၅ ဦးတို့ ပူးပေါင်း၍ “ခံစားချက် ကိုယ်စီ” အမည်ရှိ ပါဖောမန့်ကို မန္တလေးကျုံး မြောက်ဘက်ထောင့်တွင် ပြသခဲ့သဖြင့် မြန်မာ ၇ ဦးအား အထူးနှင့် အထွေထွေ ဥပဒေ ပုဒ်မ ၁၁၊ ၁၉၆၄ ခုနှစ် စာကြည့်တိုက်၊ ပြတိုက်နှင့် ပြပွဲများ ကြီးကြပ်အုပ်ချုပ်ရေး ဥပဒေ ပုဒ်မ ၁၁ တို့ဖြင့် မန္တလေး အမှတ် ၂ ရဲစခန်းက တရားစွဲဆိုလိုက်ခြင်း ဖြစ်သည်။

အနောက်ကိုငဲ့ .. မျှော်လိုက်လျှင်


by Mizzima မဇ္ဈိမ on Tuesday, May 29, 2012 at 10:02am 

မင်းဟန် | အင်္ဂါနေ့၊ မေလ ၂၉ ရက် ၂၀၁၂ ခုနှစ် ၂၁ နာရီ ၁၄ မိနစ် 
၉ နှစ်မြောက် ဒီပဲယင်းနေ့သို့..

(၁)
၂၀၀၂ ခုနှစ်၊ မေလ ၆ ရက်နေ့၊ နေအိမ် အကျယ်ချုပ်မှ ပြန်လွတ် မြောက်လာခဲ့ သည်မှစ၍ ၂ဝဝ၃ ခုနှစ် မေလ ၆ ရက်နေ့အထိ တနှစ်အတွင်း အဖွဲ့ချုပ် တည်ဆောက်ရေး၊ လူထု စည်းရုံးရေး ကိစ္စများနှင့် ဒေါ်အောင်ဆန်းစုကြည် ခရီးထွက်ခဲ့သည်မှာ ရန်ကုန်တိုင်း အတွင်း ၁၂ မြို့နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်များအတွင်းမှ မြို့နယ်ပေါင်း ၉၇ မြို့နယ်သို့ သွားရောက်ခဲ့ပြီးဖြစ်သည်။

ဖရောင်းတိုင်မီးနဲ့ ကျွန်တော် (မောင်ဝံသ)


by Maung Wuntha on Tuesday, May 29, 2012 at 10:02am

ယနေ့ထုတ် ပြည်သူ့ခေတ် ဂျာနယ်ပါ မောင်ဝံသ ပြောချင်လွန်းလို့ ဆောင်းပါး။
ဒီတစ်ပတ် ပြောစရာတွေ ပြောချင်တာတွေ အတော်များသဗျ။ ကျွန်တော်က ပြည်သူ့ခေတ် ဂျာနယ်တွင်မက တစ်ခြား အပတ်စဉ်ထုတ်ဂျာနယ် တချို့မှာပါ ဆောင်းပါးတွေ ရေးနေတော့ တစ်ခါတစ်လေ ရေးစရာ ကုန်ကြမ်းရှားတဲ့ အချိန်တွေနဲ့ ကြုံရတတ်တယ်။ အဲသလို အချိန်မျိုးဆိုရင် လတ်တလော သတင်းဖြစ်ရပ်တွေအပေါ် ဝေဖန်သုံးသပ်ရေးသားတဲ့ ကျွန်တော်ရေးနေကျ ပုံစံကနေ ဘယ်တော့ပဲ ပြောပြော မရိုးနိုင်တဲ့ အကြောင်းအရာမျိုးတွေဘက်ကို လှည့်ရေးရတယ်ဗျ။

30.05.2012 နေ့ဖတ်ရန်သတင်းများ


by Myanmar Journal on Tuesday, May 29, 2012 at 5:36pm ·

ပါလက်စတိုင်း အနုပညာရှင် တယောက် လက်ရာပါလက်စတိုင်း အကျဉ်းသားကို လမ်းဘေးပစ်ထားလို့ သေဆုံးသွား
သေလုနီးပါး ဖြစ်နေတဲ့ ပါလစ်စတိုင်း အမျိုးသား Omar Abu Jarban ကို အသည်းအသန် ဖြစ်နေမှန်း သိရက်နဲ့ အစ္စရေး ရဲနှစ်ယောက်က လမ်းဘေးမှာ ပစ်ထားခဲ့လို့ သေဆုံးသွားတဲ့ အပေါ် လျစ်လျူရှု သတ်ဖြတ်မှုနဲ့ တရားစွဲထားပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်တွေ တုန်းက ခိုးထားတဲ့ ကားတစင်းကို ဖျက်ဆီးမှုနဲ့ မစ္စတာ ဂျာဘန်ကို ရဲက ဖမ်းဆီးချုပ်နှောင်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက် သူကို ဆေးရုံတင်ထားခဲ့ပေမယ့် အင်အားချိနဲ့နေဆဲ ဖြစ်ကာ အကြီးတန်း အစ္စရေး ရဲနှစ်ယောက်က သူ့ကို လမ်းဘေးမှာ ပစ်ထားခဲ့တာ ဖြစ်ပါတယ်။

ဒီမိုကရေစီအသီးအပွင့် ဆိုသည်မှာ


by Ko Baloi on Tuesday, May 29, 2012 at 2:02am

နှစ်ပေါင်းများစွာ ဆိုးရွားသည့်စစ်အာဏာရှင်စနစ်ဆိုး၏ မှားယွင်းသည့်   စီမံခန့်ခွဲအုပ်ချုပ်မှုစနစ်ကြောင့်   မြန်မာနိုင်ငံရှိများစွာသော ပြည်သူတို့သည် ဒီမိုကရေစီနှင့်ပတ်သက်သည့် လူတို့၏ရပိုင်ခွင့်များ ဆုံးရှုံးခဲ့ကြ ရ၍  ဒီမိုကရေစီအသီးအပွင့်တို့ကို မခံစာရရှိတော့ချေ။

Tuesday, May 29, 2012

ကမ္ဘာကျော်စီးပွားရေးပညာရှင် ပါမောက္ခ ပေါလ်ကူလီယာနဲ့ အခွန်ပညာရှင် ရစ်ချဒ်ကွန် ရက်ဒ်တို့နှစ်ယောက်ရဲ့ ဟောပြောပွဲ khin maung nyo econo



by
 Khin Maung Nyo 
on Sunday, May 27, 2012 at 3:24am 

ကမ္ဘာကျော်စီးပွားရေးပညာရှင် ပါမောက္ခ ပေါလ်ကူလီယာနဲ့ အခွန်ပညာရှင် ရစ်ချဒ်ကွန် ရက်ဒ်တို့နှစ်ယောက်ရဲ့ ဟောပြောပွဲကို မေလ ၂၅ ရက်နေ့က တက်ရောက်နားထောင်ခွင့်ရတာ၊ ကျွန်တော်တို့အတွက်ရော မြန်မာ့စီးပွားရေးအတွက် ရော ဧရာမအခွင့်အရေးကြီးတစ်ရပ်ဖြစ်ပါတယ်။
ကျွန်တော်တို့ဟာ ပြောင်းလဲစရာတွေအများ ကြီး၊ အားလုံးတစ်ချိန်တည်း ပြောင်းဖို့ကလည်း မဖြစ်နိုင် ဒီတော့ ဘာတွေပြောင်းကြမလဲဆိုတာ အစီအစဉ်ဆွဲဖို့လိုမယ်။ နောင်အနှစ် နှစ်ဆယ် အတွက် မစဉ်းစားဘဲ (၁)နှစ်၊ (၂)နှစ်၊ (၃)နှစ် အတွင်း ကြီးကြီးမားမား မြန်မြန်ဆန်ဆန်ပြောင်း လဲနိုင်တာကို စဉ်းစားဖို့ ပထမဆုံးပေါလ်ကူလီ ယာက အကြံပြုပါတယ်။
ပြီးတော့ သဘာဝသယံဇာတကို စီမံခန့်ခွဲ တာ အရေးကြီးတဲ့အကြောင်း သူက သတိပေးပါ တယ်။ ကျွန်တော်တို့က သယံဇာတကို စီမံခန့် ခွဲရာမှာ အနာဂတ်မျိုးဆက်အတွက်ကိုပါ ထည့် စဉ်းစားရပါလိမ့်မယ်။

ဒေါ်အောင်ဆန်းစုကြည်၊ Charismatic Authority နှင့် Cult of Personality


by Myo Set on Monday, May 28, 2012 at 9:21pm 

Charismatic Authority ဆိုတာရှိတယ်။ အဲ့ဒီဟာက ခေါင်းဆောင်တစ်ဦးရဲ့ အရှိန်အဝါအပေါ်မူတည်ပြီး ဦးဆောင်မှုပေးတာဖြစ်တယ်။ မာတင်လူသာကင်း၊ ဒလိုင်လားမားတို့ကို Charismatic Authority ကိုဖော်ဆောင်နိုင်သူများအဖြစ် ညွန်းဆိုလေ့၇ှိကြတယ်။

ဒီသဘောတရားရဲ့ မူလဘူတ ရင်းမြစ်က လူတစ်ဦးရဲ့  သာမန်ထက်ပိုလွန်တဲ့ စွမ်းဆောင်ရည်အပေါ်မှာ နောက်လိုက်တွေက အလွန်အမင်း မှီခိုကာ ကြည်ညိုလေးစားလာခြင်းပဲဖြစ်တယ်။ အဲ့ဒီဖြစ်စဉ်ကို မြန်မာပြည်က ဗိုလ်ချုပ်အောင်ဆန်းအနေနဲ့တွေ့နိုင်မယ်ထင်ပါတယ်။ Charismatic Authority ကို မက်စ်ဝီးဘား ဆိုတဲ့ လူမှုဗေဒပညာရှင်က ဖော်ထုတ်ခဲ့ပြီး သုံးမျိုးခွဲပြထားတယ်။ အဲ့ဒီအထဲမှာ Charismatic Succession ဆိုတဲ့သဘောတ၇ားဟာ အထက်က ဗိုလ်ချုပ်အောင်ဆန်းဖြစ်စဉ်နဲ့ဆင်တူတယ်။

29.05.2012 နေ့ဖတ်ရန်သတင်းများ


by Myanmar Journal on Monday, May 28, 2012 at 5:43pm ·

တိုနီဘလဲကို ရူးပတ် မားဒေါ့နဲ့ ရင်းနှီးသူလို့ စွပ်စွဲ မှုတွေ ရှိခဲ့မီဒီယာနဲ့ ဆက်ဆံရေးအကြောင်း တိုနီဘလဲ ထွက်ဆို
ဗြိတိန် နိုင်ငံမှာ သတင်း မီဒီယာ ကျင့်ဝတ်နဲ့ ပတ်သက်ပြီး ကာလ ရှည်ကြာ ပြုလုပ် နေတဲ့ စုံစမ်း စစ်ဆေးမှု တခုမှာ နိုင်ငံရေး သမား တွေနဲ့ သတင်း သမားတွေကြား ဆက်ဆံရေး ဟာ ပုံစံ မကျဘူးလို့ ဗြိတိသျှ ဝန်ကြီးချုပ် ဟောင်း တိုနီ ဘလဲက ထွက်ဆို ခဲ့ပါတယ်။
ဒါပေမယ့် သိပ် အဆင်ပြေ နေတဲ့ ပုံစံ မျိုးလည်း မဟုတ်ဘူး လို့ သူက ပြောပါတယ်။
မစ္စတာ ဘလဲဟာ News Corporation သတင်း အဖွဲ့အစည်း ရဲ့ ပိုင်ရှင် Rupert Murdoch နဲ့ နီးစပ် လွန်းတယ်လို့ စွပ်စွဲ ခံခဲ့ ရပါတယ်။

ရှဥ့် နှင့် ပျား



by
 Khin Maung Nyo on Saturday, May 26, 2012 at 3:05am ·
မအိမ်သူ

စီးပွားရေး လုပ်ငန်းတွေကြောင့် သဘာဝ ပတ်ဝန်းကျင် ပျက်စီးရတယ်လို့ အပြစ်တင် ခံရတတ်ပါတယ်။ သူတို့ရဲ့ စွန့်ပစ်ပစ္စည်းတွေက သဘာဝ ပတ်ဝန်းကျင်ကို ညစ်ညမ်းစေတယ်။ လယ်ယာ၊ သားငါး လုပ်ငန်းတွေကို ထိခိုက်စေတယ်။ သောက်သုံးရေ ရှားပါးစေတယ်။ လူတို့ရဲ့ ကျန်းမာရေးကို ထိခိုက်စေတယ်။ ကိုယ့် လုပ်ငန်းတော့ အကျိုးရှိပါရဲ့။ သူများကျတော့ ထိခိုက်နစ်နာရတယ် ဆိုတာကျတော့လဲ တရားတယ်လို့ မဆိုနိုင်။ "ရှဥ့်လဲ လျှောက်သာ၊ ပျားလဲ စွဲသာ" ဆိုသလို ကိုယ့်အကျိုးလဲ ဖြစ်စေ၊ သူများ အကျိုးလဲ မထိခိုက်စေဆိုတဲ့ နည်းလမ်းမျိုးနဲ့ အလုပ်လုပ်မှ လောကကောင်းကျိုး ဖြစ်မှာပါ။

စာရေးသူ မုံရွာ စီးပွားရေး တက္ကသိုလ်မှာ တာဝန်ကျတုန်းက MBAကျောင်းသူ တစ်ယောက်ရဲ့ မဟာဘွဲ့ စာတမ်း အတွက် သုတေသန တစ်ခု လုပ်ခဲ့ဖူးပါတယ်။ သုတေသန လုပ်ငန်းက မုံရွာ စက်မှုဇုန်မှာ ရှိတဲ့ ပဲကြာဇံ လုပ်ငန်းတွေက စွန့်ပစ်တဲ့ ရေဆိုးတွေကြောင့် သဘာဝ ပတ်ဝန်းကျင် ပျက်စီးရတော့ အကျိုးဆက် အနေနဲ့ အနီးက ရွာရဲ့ စီးပွားရေး လုပ်ငန်းများ ထိခိုက်ရပုံကို လေ့လာထားတာ ဖြစ်ပါတယ်။

ကမ္ဘာ့ဂင်းနစ် စံချိန်အဖွဲ့မှ ချီးမြှင့်သော စံချိန်သစ်များအား မြန်မာနိုင်ငံမှ အားလုံးရရှိသွားခြင်း


by NaungNaung Phoenix on Sunday, May 27, 2012 at 12:17am 

ကမ္ဘာ့ဂင်းနစ်အဖွဲ့ချုပ်ကြီးမှ ယခုနှစ်အတွက် ကမ္ဘာ့စံချိန်သစ်များကို ထုတ်ပြန်လိုက်ပါသည်။ ထူးခြားချက်မှာစံချိန်သစ်များအားလုံးကို မြန်မာနိုင်ငံမှ အားလုံးကိုရရှိသွားခြင်းဖြစ်သည်။
ဤသည်ကိုက ကမ္ဘာစံချိန်သစ်ထပ်မံတင်လိုက်ပြန်သည်။ ၎င်းစံချိန်သစ်များမှာ....

( ၁ ) အာကာသထဲမှကြည့်လျှင် မြန်မာနိုင်ငံအား ကမ္ဘာ့အခြားနိုင်ငံများကြားထဲတွင် ထင်ရှားစွာမြင်တွေ့နိုင်သောတစ်ခုထဲသာရှိသော နိုင်ငံအဖြစ် ကမ္ဘာ့စံချိန်သစ်အဖြစ်ရွေးချယ်လိုက်သည်။

ရွေးချယ်ရသော အကြောင်းအရင်း။    ။မီးများ ထိန်ထိန်လင်းနေသော ကမ္ဘာ့အခြားနိုင်ငံများကြားထဲတွင် မှောင်မဲနေသောကြောင့် အခြားနိုင်ငံများကိုကျော်လွန်ပြီး အာကာသထဲမှကြည့်လျှင် မြန်မာနိုင်ငံအား ဂုဏ်ယူဖွယ်ရာ ထင်ရှားစွာ  မြင်တွေ့ရခြင်း ရွေးချယ်လိုက်ရခြင်းဖြစ်သည်။

Monday, May 28, 2012

ဘူးသီကြော် ရေမုန့်ဝိုင်းနှင့် ဗိုလ်ချုပ်အောင်ဆန်း


ချစ်စရာ မုန်းစရာ အေဗီတာ ( အပိုင်း ၃ ) နိဂုံး



by
 Spring Flowers 
on Tuesday, May 22, 2012 at 10:48pm 

  •                  အကြောင်းကတော့ အစိုးရသစ်ဟာ အေဗီတာကို အာဂျင်တီးနား မြေပေါ်မှာ မထားရဲလို့ပါဘဲ ။ အေဗီတာရှိမယ့်နေရာဟာ မလွဲမသွေ လူထုစည်းဝေးရာ နေရာတစ်ခု ဖြစ်လာမယ်။ ပေရွန်းကို ထောက်ခံသူတွေရဲ့ တွေ့ဆုံရာ နေရာဖြစ်လာမယ် ။ ဒါကြောင့် အီတလီကို တိတ်တဆိတ်သယ်သွားပြီး သာမန်သင်္ချိုင်းတစ်ခုမှာ မြုပ်ထားခဲ့တာပါ ။

အုပ်ချုပ်မှုကောင်းအောက်က အကောင်းဆုံး ဘဏ္ဍာရေး စီမံခန့်ခွဲမှု


by General Knowledge on Saturday, May 26, 2012 at 5:33pm ·

By Smart News Originally posted 25/05/2012 14:27PM

 
 စာရင်းပိတ်သောနေ့တွင် နိုင်ငံအစိုးရ (ဒေသန္တရအစိုးရ) အဖွဲ့အစည်း၏ ဘဏ္ဍာရေးအခြေအနေကို ထုတ်ပြန် ကြေညာပါသလား။  တစ်နှစ်တာ ကာလအတွင်း ဝင်ငွေနှင့် အသုံးစရိတ်ကို ထုတ်ပြန်ကြေညာပါသလား။ ဝန်ကြီးဌာန၊ ဦးစီးဌာန၊ အဖွဲ့အစည်းတစ်ခုစီ၏ ရည်မှန်းချက်များ၊ ရရှိလိုသည့် ရလဒ်များ၊ ဘဏ္ဍာရေးစွမ်းရည်များကို ဖော်ပြထားပါသလား။  ဆောင်ရွက်မှု၊ ထုတ်လုပ်မှုအခြေအနေကို ထုတ်ပြန်ထားပါသလား။ ရည်မှန်းထားသော ဆောင်ရွက်မှုထုတ်လုပ်မှုနှင့် နှိုင်းယှဉ်နိုင်ပါသလား၊

28.05.2012 နေ့ဖတ်ရန်သတင်းများ


by Myanmar Journal on Sunday, May 27, 2012 at 4:34pm 

အိန္ဒိယဝန်ကြီးချုပ် မြန်မာနိုင်ငံ ခရီးစဉ် စတင်
၂၅ နှစ် အတွင်း အိန္ဒိယ ဝန်ကြီးချုပ် တဦးရဲ့ ပထမဦးဆုံး ခရီးစဉ် ဖြစ်
အိန္ဒိယဝန်ကြီးချုပ် မန်မိုဟန်ဆင်းဟာ မြန်မာနိုင်ငံကို ၃ ရက်ကြာ ခရီးစဉ် အဖြစ် တနင်္ဂနွေနေ့ ညနေပိုင်းမှာ နေပြည်တော်ကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။
ဒီခရီးစဉ်ဟာ အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ်တဦး အနေနဲ့ နှစ်ပေါင်း ၂၅ နှစ် အတွင်း ပထမဦးဆုံး လာရောက်တဲ့ ခရီးစဉ် ဖြစ်ပြီး မနက်ဖြန် တနင်္လာနေ့ မှာတော့ မစ္စတာ ဆင်းဟာ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံ ဆွေးနွေးမှာ ဖြစ်ပါတယ်။

Sunday, May 27, 2012

စံ



 Nyein Suu's photo.
33 minutes ago
ဒီနေ့ ကိုကျာ်သူ မရွှေဇီးကွက်တို့ လက်ဆောင်ပေးခဲ့တဲ့ ကဗျာလေးပါ

27.05.2012 နေ့ဖတ်ရန်သတင်းများ


by Myanmar Journal on Saturday, May 26, 2012 at 2:19pm 

မြန်မာကို အရှေ့တောင်အာရှနဲ့ ဆက်သွယ်တဲ့ လမ်းကြောင်းတခု အဖြစ် အိန္ဒိယမြင်အိန္ဒိယဝန်ကြီးချုပ် မြန်မာနိုင်ငံ ခရီးစဉ် တင်ကြိုသုံးသပ်ချက်
အိန္ဒိယဝန်ကြီးချုပ် မန်မွန်ဟန်ဆင်းဟာ ဝန်ကြီးချုပ် တဦး အနေနဲ့ ၂၅ နှစ် အတွင်း ပထမဆုံး အကြိမ် အဖြစ် မနက်ဖြန် တနင်္ဂနွေ နေ့မှာ မြန်မာ နိုင်ငံကို ရောက်ရှိ လာတော့မှာ ဖြစ်ရာ ဒီခရီးစဉ်ဟာ တရုတ်ရဲ့ မြန်မာ အပေါ် လွှမ်းမိုးမှုကို လျှော့ချဖို့ ကြိုးပမ်းမှု တခုလား ဆိုတာ မေးစရာ ဖြစ်နေပါတယ်။
အိန္ဒိယ မြန်မာ နယ်စပ် အခြေအနေကို ကြည့်မယ်ဆိုရင် တမူး၊ မိုးရေး ဒေသတွေမှာ လမ်းတွေချဲ့၊ အဆောက်အဦး အသစ်တွေ ဆောက်နေကြတဲ့ အလုပ် သမားတွေကို တွေ့နိုင်ပါတယ်။ ဒီနေရာကို အိန္ဒိယ အစိုးရက မြန်မာနဲ့ နယ်စပ် ကုန်သွယ်ရေး အဓိက ထွက်ပေါက် အဖြစ် အသွင်ပြောင်းချင် နေတာပါ။

အခွင့်ထူးခံ စီးပွားရေးသမားများ


by Lu Cifer on Saturday, May 26, 2012 at 7:10am


စစ်အုပ်စုရဲ့  ဦးပိုင်ကုမ္မဏီတွေ၊ စွမ်းရည်မရှိတဲ့ နိုင်ငံပိုင်လုပ်ငန်းတွေနဲ့ အခွင့်ထူးခံတစု ကြီးစိုးနေတဲ့ မြန်မာစီးပွားရေးမှာ တခြားလုပ်ငန်းကြီးငယ်တွေ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်လာနိုင်အောင် လုပ်ဖို့လိုကြောင်း မေလ (၁၀) ရက်နေ့က ထုတ်ပြန်တဲ့ ESCAP (ခေါ်) ကုလသမဂ္ဂ အာရှပစ္စဖိတ် လူမှုစီးပွားရေးကော်မရှင်ရဲ့  အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ချစ်စရာ မုန်းစရာ အေဗီတာ ( အပိုင်း ၂ )



by
 Spring Flowers on Tuesday, May 22, 2012 at 10:47pm 

  •       
  •          ပေရွန်းဟာ ဖက်ဆစ်ဝါဒရဲ့ အခြေခံတစ်ခုဖြစ်တဲ့ ပြန်မေးခွန်းထုတ်ခြင်းကို ခွင့်မပြုတဲ့ သင်ကြားရေး indoctrination ကို လုံးဝကျင့်သုံးခဲ့တယ်။ ဒါကြောင့် ကျောင်းတွေ တက္ကသိုလ်တွေမှာ ပေရွန်းဝါဒ Peronism ကို မသင်မနေရ ။ ပေရွန်းနဲ့ အေဗီတာကို ကိုးကွယ်ယုံကြည်လာအောင် ၀ါဒဖြန့်တာတွေ နင်းကန်လုပ်ခဲ့တယ်။ မီဒီယာတွေအားလုံး သူ့လက်ထဲမှာ ထားပြီး မထင်ရင်မထင်သလို ပိတ်တာ ၊ ဒုက္ခပေးတာမျိုး လုပ်တတ်တယ်။ သူ့အကြောင်းမကောင်းရေးမိတဲ့ La Prensa ဆိုတဲ့ အာဂျင်တီးနားရဲ့ စောင်ရေအများဆုံး သတင်းစာကြီးကို ပိတ်ထည့်လိုက်တာသာကြည့်တော့ ။ သတင်းစာသမားတွေ ဂျာနယ်လစ်တွေ ထောင်ထဲရောက်လိုရောက်။ အေဗီတာနဲ့ မတည့်ခဲ့တဲ့ ရုပ်ရှင်လောကသားတွေလည်း အေဗီတာ သမ္မတကတော်ဖြစ်ချိန်မှာ ထွက်ပြေးတဲ့သူပြေး၊ အပိတ်ခံရတဲ့သူ ခံရဖြစ်ကုန်တယ်။

မြန်မာနိုင်ငံမှာ ဆန္ဒပြပိုင်ခွင့် ရှိသလော


by Lwin Aung Soe on Saturday, May 26, 2012 at 2:27am 

  
ငြိမ်းချမ်းစွာ ဆန္ဒပြတာကို ရှုထောင့် နှစ်ခုကနေ ခွဲကြည့်ပါမယ်။ ပထမရှုထောင့်က နိုင်ငံတကာ သဘောတူညီမှု ရှိတဲ့ စာတမ်းအရ ဖြစ်ပါတယ်။ ဒုတိယရှုထောင့်ကတော့ မြန်မာနိုင်ငံတွင်းမှာ ပြဌာန်းထားတဲ့ ပြစ်မှုဆိုင်ရာ ဥပဒေရှုထောင့်မှ ဖြစ်ပါတယ်။

ပထမရှုထောင့်က ကြည့်ရင်…

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းဟာ ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတိုင်းက သဘောတူ လက်မှတ်ရေးထိုးပြီးမှ အဖွဲ့ဝင်ခွင့်ရတဲ့ ပဋိဥာဉ်စာချုပ် ဖြစ်ပါတယ်။ လက်တွေ့မှာတော့ အဖွဲ့ဝင်နိုင်ငံ တချို့ရဲ့ အစိုးရတွေဟာ ဒီစာတမ်းပါ လိုက်နာရမယ့်ကိစ္စတွေကို ပျက်ကွက်နေကြပါတယ်။ အဲဒီအခါမှာ လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်တယ်လို့ စွပ်စွဲခံရပါတယ်။ ဒီထဲမှာ မြန်မာနိုင်ငံလည်း အပါအဝင် ဖြစ်ပါတယ်။ ကုလသမဂ္ဂမှာ ဗီတိုအာဏာ ရရှိထားတဲ့ တရုတ်နဲ့ ရုရှားနိုင်ငံတို့လည်း အပါအဝင် ဖြစ်ကြပါတယ်။

အဲ့သလို...သူတို့ ထွက်သွားပြီးနောက် ငါတို့ ဖို့ မေးခွန်းတွေအများကြီး......


by Daungkhit Burma on Friday, May 25, 2012 at 10:17pm


ခင်ဗျားတို့ လေပြည်ထိုးသံတွေ...နောက်
အိမ်မက်ဆိုးကြီးတွေနဲ့ ....ပြည့်နှက်နေတာကိုကျုပ်တို့ က ကူပါ ... ကယ်ပါ အော်ရမယ် ဟုတ်စ...
ကျုပ်တို့ ရှေ့ မှာ ပျံသန်းသွားသူတွေ...ပျံသန်းသွားသူတွေ...
လေထဲကို ၀ှစ်ကနဲဆို...သေနတ်သံရဲ့ ဒိုင်းကနဲ့ မည်သံကိုအံတုပြီး....ပေါ့ပါးစွာ...

Saturday, May 26, 2012

26.05.2012 နေ့ဖတ်ရန်သတင်းများ


by Myanmar Journal on Friday, May 25, 2012 at 6:51pm ·

Bankia ဘဏ်ကြီး ဘဏ္ဍာရေး အကူအညီ တောင်းရပြီ
 စပိန်နိုင်ငံက စတုတ္တ အကြီးဆုံး ဘဏ်ကြီး ဖြစ်တဲ့ ဘန်ကီယာဘဏ်ဟာ အစိုးရ ဆီက ဘဏ္ဍာရေး ကယ်ဆယ်မှု အကူအညီ ၂၄ ဒေါ်လာ ဘီလီယံ တောင်းခံခဲ့ပြီး ဒါဟာ စပိန် သမိုင်းမှာ အကြီးမားဆုံး ဘဏ္ဍာရေး အကူအညီ တောင်းခံမှု ဖြစ်ပါတယ်။
အရင်တုန်းကတော့ ဒေါ်လာ သုံးဘီလီယံ ခွဲလောက် အမြတ်ရခဲ့တယ်လို့ ဆိုခဲ့တဲ့ ဘန်ကီယာ ဘဏ်က မနှစ်က ရလဒ်ကို ပြန်လည် သုံးသပ်တဲ့အခါ ဒေါ်လာ သုံးဘီလီယံ ခွဲကျော် အရှုံးပေါ်ခဲ့တယ်လို့ ပြောပါတယ်။

ကိုကိုလှိုင်အကြောင်း ဖေါ်ပြဖို့  လိုပါပြီ။


by စတုထ္ထလှိုင်း on Friday, May 25, 2012 at 7:58pm ·


သမတရဲ့  နိုင်ငံရေးအကြံပေးအဖွဲ့  ခေါင်းဆောင် ကိုကိုလှိုင်အကြောင်း စပြီးပြောပြဖို့  ဖေါ်ပြဖို့  လိုပါပြီ။ ဒီ နိုင်ငံရေးအကြံပေးအဖွဲ့  ခေါင်းဆောင် ကိုကိုလှိုင်ကို မြန်မာ့ရုပ်မြင်သံကြား MRTV 4 ကြည့်ဖူးသူတွေကတော့ မြင်တွေ့ မှာပါ။ နိုင်ငံတကာရေးရာတွေကို မစားရ၀ခမန်း လျှာအရိုးမရှိတဲ့အတိုင်း ပြောနေသူတစ်ဦးဆိုတာကို။

ချစ်စရာ မုန်းစရာ အေဗီတာ ( အပိုင်း ၁ )



by
 Spring Flowers on Tuesday, May 22, 2012 at 10:41pm 


  •               တောင်အမေရိကတိုက်မှာ အာဂျင်တီးနားနိုင်ငံက အေဗီတာ Evita ဆိုရင် မသိသူမရှိ ။ တကယ်ကတော့ အဲဒီနာမည်က တောင်အမေရိကတင်မက ဥရောပ၊ အမေရိကနဲ့ တခြားနေရာများမှာလည်း သိကြပါတယ်။ နာမည်ကြီးသလောက်လည်း ခံစားမှုအမျိုးမျိုးကို ဖြစ်စေတဲ့သူ ။ သူ့ဇာတိရပ် အာဂျင်တီးနားမှာတော့ '' အေဗီတာထိ ဓါးကြည့်'' လို့ ဆိုရလောက်အောင် သူ့ကို အသည်းအသန်ကိုးကွယ်တဲ့လူတွေရှိခဲ့တယ်။ သူသေတော့ ရှိုက်ကြီးတငင် ငိုတဲ့လူတွေ သန်းပေါင်းများစွာရှိသလို ရှန်ပိန်ခွက်တချွင်ချွင်နဲ့ အောင်ပွဲခံတဲ့လူတွေလည်း ရှိခဲ့တာဘဲ။ အသက် ၃၃ နှစ်မှာ သေတယ်ဆိုတာကို တွေးကြည့်လိုက်ပါ ။ အရွယ်ကောင်း လို့ ဆိုဖို့တောင် စောနေသလိုဘဲ မဟုတ်လား  ။ ဒါပေမယ့် ငယ်ငယ်ရွယ်ရွယ်နဲ့ လောကကြီးက ထွက်သွားခဲ့သူလို့ မယုံနိုင်လောက်အောင် အေဗီတာက ချစ်ခင်ကိုးကွယ်မှုတစ်ခုကို ဖန်တီးနိုင်ခဲ့ပါတယ်။

၂၀၁၂ ပြည်သူ့ဂုဏ်ရည်ဆုအတွက် ပဏာမ ရွေးချယ်ထားသူတဦး (သို့) ဦးဖိုးဖြူ (ခေါ်) ဦးရန်နိုင်အောင်


by Myat Thi Ha on Friday, May 25, 2012 at 9:53am 
မြင့်လှိုင်၊ မေ ၂၅ ရက်၊ ၂၀၁၂

အင်ဂျီအို (NGO) ကြီးတွေ လုပ်နေသလိုပုံစံနဲ့တော့ ပေးတာ ကမ်းတာ၊ ကျွေးတာ မွေးတာ၊ လှူတာ တမ်းတာ၊ ဝေတာ ငှတာနဲ့တော့ ကျွန်တော်တို့ ပြည်သူတွေရဲ့  ဘဝ မလွတ်မြောက်ဘူးလို့ ကျွန်တော် ပြောချင်ပါတယ်။
ဦးဖိုးဖြူ (ခေါ်) ဦးရန်နိုင်အောင်ကို ၁၉၈၀ ပြည့်နှစ် မေလ ၂၈ ရက်နေ့က မွေးဖွားခဲ့ပါတယ်။ ၂၀၀၀ ပြည့်နှစ်မှ ၂၀၀၃ ခုနှစ်အထိ ရန်ကုန်တက္ကသိုလ် အဝေးသင် ဒဂုံဌာနခွဲတွင် တက်ရောက် ပညာသင်ယူခဲ့ပြီး ဂုဏ်ထူးနဲ့ အောင်မြင်ကာ ၂၀၀၄ ခုနှစ်တွင် မဟာဥပဒေ အရည်အချင်းစစ် သင်တန်းကို တက်ရောက်ခဲ့ပါတယ်။ ၂၀၀၅ ခုနှစ်တွင် မဟာဥပဒေပညာ (နိုင်ငံတကာ အထူးပြု - ပထမနှစ်) သင်တန်း အောင်မြင်ခဲ့ပါတယ်။ ၂၀၀၆ ခုနှစ်တွင် A Skeleton of Criminal Procedure Law (Comparative Study) အမည်ရှိ ဥပဒေကျမ်း ပြုစုခဲ့ပါတယ်။ ၂၀၀၇ သံဃာ့လှုပ်ရှားမှုတွင် ပါဝင်ခဲ့တဲ့ အတွက် ရန်ကုန်အင်းစိန်ထောင်တွင် တလ ထိမ်းသိမ်းခံခဲ့ရပါတယ်။

Friday, May 25, 2012

ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်ပြည်သတင်းစာ အင်တာဗျူး (၂)


ဒီမိုကရေစီစနစ်ကူးပြောင်းရေးဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဘယ်နိုင်ငံက အန်တီ့ကို စေ့ဆော်မှု အပေးနိုင်ဆုံးလဲခင်ဗျ။

ပြောရခက်တယ်။ တောင်အာဖရိကအတွေ့အကြုံကတော့ ကမ္ဘာသူ ကမ္ဘာသားအားလုံး သိပြီးသားပဲ၊ ဒါပေမယ့် ပိုလန်မှာ လုပ်သွားကြတာလည်း အင်မတန်ကောင်းတယ်လို့ အန်တီယူဆတယ်။

သမ္မတအကြံပေးလား အကာအကွယ်ပေးလား


by Shwe Eaim Si on Thursday, May 24, 2012 at 8:46pm

၁၉၈၈ ခု သြဂုတ်လ “လူတုအရေးတော်ပုံကြီး”အတွင်းက ရန်ကုန်ပြည်သူ့ဆေးရုံကြီးရဲ့ အရေးပေါ်ဌာနအဝင်ဝ အုတ်နံရံတိုင်ကြီးတခုမှာ ကာတွန်းပုံကြီးတပုံကပ်ထားပါတယ်။ တိရစ္ဆာန်ဆေးကုဆရာဝန်ဆီ ခွေးပိုင်ရှင်တဦးက ခွေးခြေထောက်ကျိုးသွားတာလာပြနေတဲ့ပုံပါ။ အောက်ပါအတိုင်းလဲ ရေးသားဖော်ပြထားပါသေးတယ်။

ဆရာဝန်။        ။ ဘာဖြစ်လို့ ခွေး ခြေကျိုးရတာပါလဲ။

ခွေးရှင်။          ။ ကြွက်ခုတ်လို့ပါဆရာ။

ဆရာဝန်         ။ (ကရုဏာ ဒေါသောနဲ့) အော် ခွေးဟာ ခွေးအလုပ် ခွေးမလုပ်တော့ ကျိုးတာတောင် နည်းသေးတယ်ဗျာ။

ပြဿနာကို မကြောက်နဲ့ ရင်ဆိုင်ပါ (လူထုစိန်ဝင်း)



မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင်တိုင်း ကံကိုယုံတယ်။ ဘဝအဆက်ဆက်က ကုသိုလ်ကံ၊ အကုသိုလ်ကံများရဲ့ အကျိုးပေးကြောင့် ကောင်းတာတွေ ဆိုးတာတွေ ဖြစ်လာကြရတယ်လို့ ယေဘုယျ နားလည်ထားကြတယ်။ စိတ်ဆင်းရဲစရာတွေ၊ မနှစ်မြို့စရာတွေ ကြုံတွေ့ရတဲ့အခါမှာ ‘ကံ အကြောင်းတရားပဲလေ’ ဆိုပြီး လွယ်လွယ်ကူကူ ဖြေသိမ့်နိုင်ကြလို့ တော်ရုံတန်ရုံ ဒုက္ခဆင်းရဲကို ခံနိုင်ရည်ရှိကြတယ်။

25.05.2012 နေ့ဖတ်ရန်သတင်းများ


by Myanmar Journal on Thursday, May 24, 2012 at 3:40pm 

ဥရောပစီးပွားရေး သုံးနှစ်အတွင်း အနိမ့်ဆုံးကျဆင်း
အဓိကအချက်သုံးချက်နဲ့ ဥရောပ စီးပွားရေး အတွက်လုပ်ဆောင်မယ်လို့ အီးယူ ဥက္ကဌပြော
ဥရောပက စီးပွားရေး လုပ်ငန်းတွေဟာ သုံးနှစ်အတွင်း မေလထဲမှာ အနိမ့်ဆုံးကို ကျဆင်း သွားတယ်လို့ စီးပွားရေး လုပ်ငန်း မန်နေဂျာ တွေရဲ့ လေ့လာ တွေ့ရှိချက်က ဖေါ်ပြနေပါတယ်။
Markit လို့ခေါ်တဲ့ စီးပွားရေး ဆိုင်ရာ သုတေသန ကုမ္ပဏီကနေ လစဉ် စစ်တမ်း ကောက်ပြီး ပြုလုပ်ခဲ့တဲ့ ဒီလေ့လာတွေ့ရှိ ချက်မှာ ဥရောပ စီးပွားရေးဟာ အရှိန်ကောင်းကောင်းနဲ့ ဆက်လက် အားနည်း လာနေ တယ်လို့ ဆိုပါတယ်။
Related Posts Plugin for WordPress, Blogger...