Saturday, June 30, 2012
30.06.2012 နေ့ဖတ်ရန်သတင်းများ
by Myanmar Journal on Friday, June 29, 2012 at 6:23pm ·
ဂျာမနီ ဝန်ကြီးချုပ် အင်ဂလာ မာ့ကဲလ်ယူရိုဇုန်ငွေကြေးကိစ္စ မာ့ကဲလ် ပြည်တွင်းမှာ ဝေဖန်ခံရ
ဥရောပမှာ ဘဏ္ဍာရေးတည်ငြိမ်မှု ပြန်ရဖို့ ကြိုးစားတဲ့အနေနဲ့ ဒေသတွင်း အကြပ်အတည်းဆိုက်နေတဲ့ ဘဏ်တွေကို ဒေသတွင်း အထူးရံပုံငွေတွေထဲကနေ ငွေထုတ်ချေးမယ်လို့ သဘောတူခဲ့တဲ့အပေါ် ဂျာမနီ ဝန်ကြီးချုပ် အင်ဂလာ မာ့ကဲလ်ဟာ သူ့ပြည်တွင်းမှာ ဝေဖန်ခံနေရပါတယ်။
သက်ဆိုင်ရာ အစိုးရဆီက တဆင့် သွားစရာမလိုပဲ အခက်အခဲဖြစ်နေတဲ့ ဘဏ်တွေဆီကို တိုက်ရိုက် ငွေထုတ်ချေးဖို့ ယူရိုဇုန် ခေါင်းဆောင်တွေဟာ ကြာသပတေး နေ့တုန်းက သဘောတူခဲ့ကြပါတယ်။
ဗမာနိုင်ငံ နဲ့ မြန်မာလူမျိုး
by Lu Cifer on Friday, June 29, 2012 at 8:47pm 
ဗမာနိုင်ငံ နဲ့ မြန်မာလူမျိုး
တူမောင်ညို။ ဇွန် ၃၀၊ ၂၀၁၂
မြန်မာ ဆိုတာ လူမျိုးရဲ့နာမည်
ဒေါက်တာသန်းထွန်း- မြန်မာသမိုင်းရှာတော်ပုံ စာအုပ် စာမျက်နှာ (၁၀၃- ၁၀၄) တွင် ယခုလိုဖေါ်ပြထားပါသည်။
“မြန်မာလို့ခေါ်ရင်အစပထမလူမျိုးကိုပဲခေါ်တာဖြစ်တယ်။
နောက်တစ်နေရာ တစ်နေရာတည်းမှာပဲ မြန်မာတွေအနေကြာတော့ သူတို့နေတဲ့ နေရာကိုပါ မြန်မာစု၊ မြန်မာရွာ၊ မြန်မာပြည်လို့ခေါ်တယ်၊
မွန်ကျောက်စာ (ခရစ် ၁၁၀၂ ) ထဲမှာ မြန်မာ ကို မိရ်မာ (မွန်ကျောက်စာ ၉ခ/၄၂၊ဒီ ၂၄၊ အိပ်ခ်ျ ၁၂) လို့ရေးထားတာတွေ့ရတယ်။ ထိလိုင်မင် (၁၀၈၄ – ၁၁၁၃) လက်ထက် နန်းသစ် ဆောက်တဲ့ အခါ မွန်၊ ပျူနဲ့ မိရ်မာ လက်သမားတွေပါတယ်လို့ ဆိုပါတယ်။ အဲဒါ မြန်မာနိုင်ငံရဲ့ကျောက်စာတွေထဲမှာ အစောဆုံးတွေ့ရတဲ့ မြန်မာ အကြောင်းပဲဖြစ်ပါတယ်”
“မြမ္မာ” လို့ရေးတာလည်းတွေ့ရတယ်လို့ဆိုပါတယ်။
ကျနော်နှင့် ဆဲဗင်းဂျူလိုင်
I and 7th Jyly
Friday, June 29, 2012
သစ်ထူးလွင် သတင်းစုစည်းမှု (၂၉-၆)
သစ်ထူးလွင်
ပန်းတိုင် မပျောက်ပါစေနှင့်
by Myat Thi Ha on Thursday, June 28, 2012 at 11:10am
Posted by admin on June 28, 2012
ကျနော် စာမရေးဖြစ်တာကြာပါပြီ။ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ထောင်ထဲက ကျနော်တို့ရဲ့ ဗကသ ရဲဘော်တွေ ပြန်လည် လွတ်မြောက်လာချိန်ကစလို့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ဗကသ ပြန်လည်ဖွဲ့စည်းရေး အလုပ် တွေ၊ နိုင်ငံအနှံ့ ခရိုင်တွေမှာ ကျောင်းသားသမဂ္ဂပေါ်ပေါက်ရေး ကြိုးပမ်းရတဲ့ တာဝန်တွေနဲ့ မအားလပ်နိုင်ခဲ့ပါဘူး။
ဆူးထွင်းအပ်......
ကျမဘဝမှာလဲ ဆူးလေးတွေ အများအပြား စိုက်ဝင်ခဲ့ဖူးပါတယ်။ တချို့ဆူးလေးတွေကျ တော့ injustice gap က နည်းပါတယ်။ စေတနာကို နားလည်ခံစားမိတာကြောင့် ခန္ဓာ ကိုယ်ကို ထိခိုက်နာကျင်မှု ဖြစ်စေတဲ့ ရိုက်နှက်ဆုံးမမှုတွေကိုတောင် ကျေးဇူးတရားလို့ပဲ ပြန်လှန်နားလည်ရင်း ခွင့်လွှတ်ခြင်းဆိုတဲ့ ဆူးထွင်းအပ်နဲ့ အလွယ်တကူ ဖယ်ရှားပစ်နိုင် ခဲ့ပါတယ်။ ဒါပေမယ့် အသက် ကိုးနှစ်အရွယ်မှာဆူးခဲ့ဖူးတဲ့ ဆူးလေးတချောင်း ကိုတော့ ကိုယ်တိုင် အတတ်လဲသင်၊ ပဲ့ပြင်ဆုံးမသူ နေရာကို ရောက်နေတဲ့ အသက်နှစ်ဆယ့်တ နှစ် အရွယ်အထိ မဖယ်ရှားပစ်နိုင်ခဲ့ပါဘူး။
ငွေစက္ကူလား စက္ကူငွေလား
by
 အား မာန် on Thursday, June 28, 2012 at 3:14pm 
အခုဇွန်လ ၁၅ ရက်နေ့မှာ ကျပ်ငွေ တသောင်းတန် စတင်ထုတ်ဝေပါပြီ။ မြန်မာနိုင်ငံမှာ အမြင့်ဆုံးရှိခဲ့တဲ့ ငွေစက္ကူဟာ ငါးထောင်တန် ငွေစက္ကူဖြစ်ပါ။ သြစတေးလျှနိုင်ငံက စီးပွားရေးပညာရှင်လည်းဖြစ် မြန်မာနိုင်ငံက အကြောင်းအရာတွေကို ဆက်တိုက် လေ့လာနေသူလည်း ဖြစ်တဲ့ ဒေါက်တာရှောင်တာနဲရဲ့ အဆိုအရ တသောင်းတန်ငွေစက္ကူ ထုတ်ဝေတဲ့အတွက် ငွေကြေးဖောင်းပွလာမှုကို အတိုင်းအတာတခုအထိ ကြုံတွေ့နိုင်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။
29.06.2012 နေ့ဖတ်ရန်သတင်းများ
by Myanmar Journal on Thursday, June 28, 2012 at 4:29pm ·
ဘာကလေ ဘဏ်ကို အတိုးနှုန်း ကစားမှု အတွက် ဒဏ်ငွေ ချမှတ်ခဲ့ဗြိတိသျှ ဘဏ္ဍာရေး စံနစ် အားနည်းချက် တွေရှိ
ဗြိတိသျှ ဘဏ်တွေ ပါဝင် ပတ်သက် နေတဲ့ အတိုးနှုန်း ဈေးကစား မှုကို စုံစမ်း စစ်ဆေးချက် အရ ဘဏ္ဍာရေး စံနစ်မှာ အတွင်း ကျကျ ယိုယွင်း မှုတွေ ရှိနေ တာကို တွေ့ရ တယ်လို့ ဗြိတိသျှ ဘဏ္ဍာရေး ဝန်ကြီး George Osborne က ပြောပါတယ်။
အတိုးနှုန်း ကစားမှု အတွက် Barclays ဘဏ်ကို ဒေါ်လာ သန်း ၄၅၀ ဒဏ်ငွေ ချမှတ်ပြီး နောက်တနေ့မှာ သူက အခုလို ပြောခဲ့ တာပါ။
လူတွေဟာ လောဘကို ရှေ့တန်းတင် နေကြ တယ်လို့ သူက ဆိုရင်း ဘာကလေ ဘဏ်ရဲ့ အမှုဆောင် အရာရှိ Bob Diamond အနေနဲ့ အလွန် လေးနက်တဲ့ မေးမြန်းချက် တွေကို ဖြေကြား ရလိမ့်မယ်လို့ ဆိုပါတယ်။
Nyein Chan Aye –စာနာနားလည်နိုင်တဲ့ စိတ်နှလုံးပိုင်ရှင် (သို့မဟုတ်) ဟံသာဝတီ ဦးဝင်းတင် အပိုင်း ၂
by အား မာန် on Wednesday, June 27, 2012 at 2:03pm 
ဦးဝင်းတင် မန္တလေးကို စရောက်တဲ့အချိန် (၁၉၆၉) ကိုပြန်ဆက်ရရင်.. ဟံသာဝတီ မန္တလေးမှာ စထုတ်တော့ ဗိုလ်သောင်းဒန်က သတင်းစာမှာ နိုင်ငံရေးအနေနဲ့ အစိုးရနဲ့ မတည့်တဲ့၊ စာပေလမ်းစဉ်အနေနဲ့လည်း အထက်ဗမာပြည်စာရေးဆရာ အသင်းကို ဦးဆောင်ပြီး “စာပေကို စကားပြောနဲ့ရေးမယ်” ဆိုတဲ့ “တယ်”  စာပေတိုက်ပွဲ လှုပ်ရှားမှုကို  မြန်မာစာပါမောက္ခ ဦးကျော်ရင်၊ သမိုင်းပညာရှင် ဒေါက်တာသန်းထွန်း၊ မောင်သာနိုးစသူတို့နဲ့ အတူ ဦးဆောင်လှုပ်ရှားနေတဲ့ လူထု ဦးလှ၊ လူထု ဒေါ်အမာ စတဲ့ သူတွေရဲ့ စာတွေ မထည့်ဖို့မှာတယ်။
Thursday, June 28, 2012
မြန်မာဟတ်ကာများမှ ရှင်းလင်းချက် ( မြန်မာ VS ဘင်္ဂလီ CYBER WAR )
Kyaw Win Myint
Credit: Kaung Lay
အစွန်းရောက်ဝါဒီ ဖေစ်ဘွတ် ဟက်ကာ အဖွဲ့များမှ ပြည်တွင်းပြည်ပ ရှိ မွတ်စလင်မ် ၀က်ဘ်ဆိုက်များ အားတိုက်ခိုက်... ခေါင်းစဉ်ဖြင့် MyanmarMuslim.net မှ သတင်းဆောင်းပါး အပေါ် ခွပ်ဒေါင်းတပ်မှ တုန့်ပြန်ချက်...
အချက် (၁) မှ စတင်ပြီး အချက်(၃) ထိ ရှင်းပါတော့မည်။ အချက်(၁) မှ (၃) အထိကို အောက်တွင်ဖေါ်ပြထားပါသည်။
BHG နှင့် OpRohingya သည် မျိုးချစ် မြန်မာတိုင်းရင်းသား ဟက်ကာများ ဖြစ်ပါသည်။ လူမျိုးပေါင်းစုံပါသလို အလွှာပေါင်းစုံမှ ပါဝင်သည်။
ဆိုက်ဘာစစ်ကို ဘယ်သူကြေငြာသလဲ?
---------------------------------------
ဘင်္ဂလားဒေရှ့်မှ စတင်ကြေငြာခဲ့တယ်။
ခရိုနီကိုကြောက်မှာလား ၊ ခရိုနီကိုကာကွယ်မှာလား
by
 Ye Thurein Min on Thursday, June 28, 2012 at 6:36am 
ခရိုနီဆိုသည်မှာ
Crony ခရိုနီ ဆိုသည်မှာ ၁၈ ရာစုတွင် လန်ဒန်တွင် စတင်သုံးစွဲခဲ့တဲ့ စကားလုံးဖြစ်ပြီး Oxford English Dictionary ၏ အဆိုအရ long-term လို့ အဓပ္ပါယ်ရတဲ့ မူရင်း ဂရိ ဘာသာစကား χρόνιος (chronios)   ကနေဆင်းသက်လာတဲ့ စကားလုံးဖြစ်ပါတယ် ။ ဒါပေမဲ့ ယနေ့ခေတ်မှာတော့ Crony ဆိုတဲ့ စကားလုံးကို ရင်းနှီးတဲ့ မိတ်ဆွေ ၊ အကျိုးတူ လုပ်ဖော်ကိုင်ဖက် စသဖြင့် အဓိပ္ပါယ်ယူ သုံးစွဲလျှက်ရှိပါတယ် ။
သစ်ထူးလွင် သတင်းစုစည်းမှု (၂၈-၆)
သစ်ထူးလွင်
မျိုးမြင့်စိတ်နေဝါဒ (Ethnocentrism)
by Nyein Chan Aye on Wednesday, June 27, 2012 at 3:54am 
မျိုးမြင့်စိတ်နေဝါဒဆိုတာ လူမျိုး၊ ဘာသာ၊ ဓလေ့ထုံးစံတူ လူမျိုးအုပ်စုတစ်စုက အခြား မတူညီတဲ့ လူမျိုးအုပ်စုတစ်စုကို ပြုမူဆက်ဆံရာမှာ မိမိရဲ့ ယဉ်ကျေးမှုတန်ဖိုး၊ စံနှုန်းတွေကို အဓိက ဗဟိုပြု လက်ကိုင်ထားပြီး စဉ်းစား၊ ဆုံးဖြတ် ပြုမူလုပ်ဆောင်ခြင်းသဘောဖြစ်တယ်။ မူရင်းအင်္ဂလိပ်စကားလုံးက
ကမ္ဘာ့ခေါင်းဆောင်တစ်ဦးအဖြစ် အသိအမှတ်ပြုခံရသော ဒေါ်အောင်ဆန်းစုကြည်၏ဥရောပခရီး
by 7Day News Journal on Wednesday, June 27, 2012 at 2:52am ·
ရေးသားသူ-အေးမြကျော်
ဗြိတိန်နိုင်ငံအပါအ၀င် ဥရောပ ၅ နိုင်ငံသို့ ၁၇ ရက်ကြာ သွားရောက် နေသော ဒေါ်အောင်ဆန်းစုကြည် ၏ ဥရောပခရီးသည် သူမအား ကမ္ဘာ့ခေါင်းဆောင်တစ်ဦးအဖြစ် မှတ်ကျောက်တင် အသိအမှတ်ပြု ခြင်းခံရသည့် ခရီးစဉ်တစ်ခုဖြစ်ခဲ့သည်။
    ကိန်းကြီးခမ်းကြီးနိုင်သည့် ဗြိတိန်နိုင်ငံက သူမကို ဗြိတိန်ပါလီ မန်တွင် ဘုရင်မကြီး အဲလိဇဘက် ပြီးလျှင် သမိုင်းဝင်ဝက်မင်စတာ ခန်းမတွင် မိန့်ခွန်းပြောကြားခွင့်ရခဲ့သည့် တစ်ဦးတည်းသော အမျိုးသမီးအဖြစ် မိန့်ခွန်းပြောခွင့်ပြုခဲ့သည်။ ထိုခန်းမ ထိုနေရာတွင် တောင်အာဖရိကသမ္မတ ဟောင်း ငြိမ်းချမ်းရေးနိုဘယ်လ် ဆုရှင် နယ်လ်ဆင်မင်ဒဲလား၊ ပုပ်ရ ဟန်းမင်းကြီးဗင်နီဒစ်၊ အမေရိ ကန်သမ္မတ ဘားရက်အိုဘားမားတို့ မိန့်ခွန်းပြောကြားခဲ့ဖူးပြီး ၆၇ နှစ်ရှိ မြန်မာ့ဒီမိုကရေစီခေါင်း ဆောင်သည် ထိုနေရာတွင် မိန့်ခွန်း ပြောခွင့်ရခဲ့သော အာရှတိုက်မှ ပ ထမဆုံးပုဂ္ဂိုလ်လည်း ဖြစ်ခဲ့သည်။
Nyein Chan Aye –စာနာနားလည်နိုင်တဲ့ စိတ်နှလုံးပိုင်ရှင် (သို့မဟုတ်) ဟံသာဝတီ ဦးဝင်းတင် အပိုင်း ၁
by အား မာန် on Wednesday, June 27, 2012 at 2:01pm 
ဒေါ်အောင်ဆန်းစုကြည် မန္တလေးခရီးစဉ်မှာ ပါသွားတဲ့ ဆရာဦးဝင်းတင်ရဲ့ ဓာတ်ပုံတွေကို ခုတက်လာတဲ့ သတင်းတွေမှာ သိပ်မတွေ့ရဘူး။ ခုခေတ် မန္တလေးအနေနဲ့တော့ မပြောတတ်ဘူး။ ဟိုးအရင်ကတော့ ဦးဝင်းတင်ကို မန္တလေးရဲ့ထောက်ခံမှု၊ ချစ်ခင်မှုက တော်တော်ကြီးတယ်။ စာပေအသိုင်းအဝန်း၊ စာဖတ်သူ ပရိသတ် တင်မက လူထုမောင်နှံလို မြို့မိ၊ မြိုဖတွေနဲ့အတူ မန္တလေး လူမှုပတ်ဝန်းကျင်မှာ အရေးပါ၊ အရာရောက် ဝင်ဆန့်ပြီး လူထုချစ်ခင်မှု ရခဲ့တယ်။
“ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးတိုးတက်မှု နှစ်ခုစလုံး အရေးကြီးတယ်”
by Lu Cifer on Wednesday, June 27, 2012 at 8:42am 
ဒေါ်အောင်ဆန်းစုကြည်ကို ပြင်သစ်သမ္မတက နိုင်ငံတော်အခမ်းအနားဖြင့် ကြိုဆိုစဉ် (ဓာတ်ပုံ – Reuters)
မြန်မာနိုင်ငံ အသွင်ကူးပြောင်းနေဆဲ ကာလမှာ ဒီမိုကရေစီနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု နှစ်ခုစလုံးဟာ တချိန်တည်း တပြိုင်တည်း အရေးကြီးကြောင်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြင်သစ်သမ္မတ Francois Hollande နဲ့ တွေ့ဆုံအပြီး မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောဆို လိုက်ပါတယ်။
"စတုတ္တမြောက် ပန်းခင်းလမ်း" (စိမ်းခက်စိုး)
by စိမ်း ခက် စိုး on Wednesday, June 27, 2012 at 10:52am ·
သူငယ်ချင်းတို့ရေ
ကျွန်တော်ပါဝင်လုပ်အားပေးနေတဲ့ အဖြူရောင်တွဲလက်များအဖွဲ့ရဲ့ စတုတ္တမြောက်ခရီးစဉ်တစ်ခုအဖြစ် မနက်ဖြန်မှာ ကချင်ပြည်နယ်က စစ်ဘေးရှောင် ကချင်ညီအကိုမောင်နှများဆီကိုသွားပြီး မြေပြန့်က ညီအကိုမောင်နှမတွေက ကျွန်တော်တို့ကနေ့တဆင့် လှူဒါန်းပေးလိုက်၊ လက်ဆင့်ကမ်းပေး လိုက်တဲ့ လက်ဆောင်ပစ္စည်းလေးတွေ၊ အလှူငွေတွေကို သူတို့ဆီ သွားပို့ဖို့ ယနေ့ ၂၈၊ ၀၆၊ ၂၀၁၂ မှာ စတင်တော့ မှာဖြစ်ပါတယ်။
ထုံးစံအတိုင်း ကျွန်တော်တို့အဖွဲ့မှာ မျက်လှည့်လို၊ သီချင်းသီဆိုသူလို ဖျော်ဖြေးရေးသမားတွေလည်းပါမှာဖြစ်သလို၊ သတင်းမီဒီယာက ညီအ ကို မောင်နှမတွေလည်း အရင်ခရီးစဉ်ကအတိုင်း လိုက်ပါကြဦးမယ်။
28.06.2012 နေ့ဖတ်ရန်သတင်းများ
by Myanmar Journal on Wednesday, June 27, 2012 at 5:05pm ·
အစိုးရ သတင်းစာ တွေ ပြောင်းလဲဖို့ နီးပြီလား
လက်ရှိ အစိုးရ သတင်းစာ တွေကို လူတွေ စိတ်ဝင် စားမှု အားနည်း
မြန်မာ အစိုးရ သတင်းစာ တွေမှာ ဒီမိုကရေစီ နည်းကျ ပြောင်းလဲ လာရေးနဲ့ ပတ်သက်တဲ့ စာတမ်း ဖတ်ပွဲကို ဇွန်လ ၂၇ ရက် နေ့က နေပြည်တော်မှာ ကျင်းပခဲ့ရာမှာ ဘယ်လို ပြောင်းလဲ သင့်တယ် ဆိုတာ တင်ပြ ဆွေးနွေး ခဲ့ကြ ပါတယ်။
နိုင်ငံ တကာက နာမည်ကျော် သတင်းစာကြီး တွေရဲ့ သတင်း တင်ပြမှု အခြေ အနေနဲ့ ပြည်တွင်းထုတ် သတင်းစာ တွေရဲ့ အခြေ အနေကို နှိုင်းယှဉ် တင်ပြတဲ့ စာတမ်းကို တင်သွင်း ခဲ့တဲ့ ဆရာ ဦးဟိန်းလတ်က အဲဒီ ပွဲမှာ စာတမ်း တင်သူ တွေရဲ့ တင်ပြချက်တွေ အကြောင်း ဘီဘီစီကို ပြောပြ ရာမှာ အားလုံး သဘောထား တူညီတဲ့ အချက် တစ်ချက်ကို ပြောပြ ပါတယ်။
သရဲကား ကြိုက်သူ
by Aung Kyaw Moe on Wednesday, June 27, 2012 at 8:32am 
မြဝဿန်ရေ....
မုန်တိုင်း
ကိုယ်ပေါ်မှာ ၀တ်ထားသော အသက်ကယ် အင်္ကျီ ကို တစ်ခေါက်ထပ်မံစစ်ဆေးနေမိသည်…. ပင်လယ်ပြင်၏ အအေးဒဏ်မှ ကာ ကွယ်ပေးနိုင်မည့် အီမားရှင်းဝတ်စုံကို လည်း စစ်ဆေးရပြန်သည်…. အသက်ကယ်အင်းကျီထဲ တွင် ပလတ်စတစ် အိတ်နှင့် သေချာ ထုတ်ထားသော လစာသုံးလစာ နှင့် နိုင်ငံကူးလက်မှတ်ကို ပြန်စမ်းကြည့်သည်.. ဟုတ်ပြီ.. ဒါဆို အဆင်သင့်ဖြစ်ပါပြီ…. သဘောင်္အား စွန့်ခွာရန်အချက်ပေးသည်နှင့်.. အသက်ကယ်လှေပေါ်တက်ရန်အဆင်သင့်ဖြစ်ပါပြီ…
သစ်ထူးလွင် သတင်းစုစည်းမှု (၂၇-၆)
သစ်ထူးလွင်
Wednesday, June 27, 2012
ခေတ်ပြောင်းကာလဟာ နောက်ဆုံးပန်းတိုင် မဟုတ်သေးပါ
by Lwin Aung Soe on Tuesday, June 26, 2012 at 8:49pm 
ပြည်ပအခြေစိုက် မြန်မာအသံလွှင့်ဌာနတွေ၊ သတင်းမီဒီယာဌာနတွေဟာ အရင်တုန်းကဆိုရင် အာဏာရှင်စနစ် တိုက်ဖျက်ဖို့အတွက် မြန်မာ့ဒီမိုကရေစီအရေးတွေမှာ ထိပ်တန်းကနေ စွမ်းစွမ်းတမံ ကူညီ ပံ့ပိုးပေးနိုင်ခဲ့ကြပါတယ်။ ကမ္ဘာကျော်အောင် အောင်မြင်သင့်သလောက် အောင်မြင်ခဲ့တာ မငြင်းနိုင်လောက်အောင်ပါပဲ။
ဒါကြောင့်လည်း မြန်မာနိုင်ငံမှာ အာဏာရှင်စနစ်ဆီကနေ ဒီမိုကရေစီဘက်ကို ကူးပြောင်းဖို့ ခြေလှမ်းတွေ စတင်နိုင်ခဲ့ပါတယ်။
ပြည်သူ့လွှတ်တော် ဥက္ကဌ နှင့် ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့ တွေ့ဆုံရန်ရှိ
ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက ၄င်း၏ လွှတ်တော်မှ ကိုယ်စားလှယ် တစ်ဦးဖြစ်သူ ဦးခိုင်မောင်ရည် တင်ပြထားသည့် ၈၈မျိုးဆက် ကျောင်းသားများနှင့် တွေ့ဆုံရန်ကိစ္စကို ဇွန်၁၈ရက် ခွင့်ပြုပေးခဲ့ကြောင်းသိရသည်။
27.06.2012 နေ့ဖတ်ရန်သတင်းများ
by Myanmar Journal on Tuesday, June 26, 2012 at 4:37pm 
တူရကီ လေယာဉ်ကို ပစ်ချခဲ့မှု၊ ဆီးရီးယားကို ရှုတ်ချ
တူရကီ ဂျက်လေယာဉ်ကို ပစ်ချခဲ့တဲ့ အပေါ် ဆီးရီးယားကို ပြစ်တင် ရှုတ်ချ
တူရကီ ဂျက်လေယာဉ် တစင်းကို ဆီးရီးယား တပ်ဖွဲ့တွေ သောကြာနေ့က ပစ်ချလိုက် အပြီးမှာ တူရကီနဲ့ ဆီးရီးယား အကြား ဆက်ဆံရေး အခြေအနေဟာ ပြောင်းလဲသွားခဲ့ ပြီလို့ တူရကီ ဝန်ကြီးချုပ် Recep Tayyip Erdogan က ပါလီမန်မှာ ပြောကြား လိုက်ပါတယ်။
ပါလီမန်မှာ တူရကီ ဝန်ကြီးချုပ် Recep Tayyip Erdogan က သူ့ပါတီကို အားမန် ပါပါနဲ့ ပြောဆို သွားပုံဟာ အတော့်ကို ဂန္တဝင် မြောက်တယ်လို့ ပြောနိုင်ပါတယ်။
သစ်ထူးလွင် သတင်းစုစည်းမှု (၂၆-၆)
သစ်ထူးလွင်
Tuesday, June 26, 2012
26.06.2012 နေ့ဖတ်ရန်သတင်းများ
by Myanmar Journal on Monday, June 25, 2012 at 4:57pm ·
အီဂျစ်ရဲ့ သမ္မတသစ် မိုဟာမက် မော်စီအီဂျစ်သမ္မတသစ် အစိုးရဖွဲ့ဖို့ စတင်လုပ်ဆောင်
အီဂျစ် သမ္မတရွေးကောက်ပွဲ အနိုင်ရသူအဖြစ် တနင်္ဂနွေနေ့တုန်းက ကြေငြာခံရတဲ့ မစ္စတာ မိုဟာမက် မော်စီဟာ အခုတော့ အရင် သမ္မတဟောင်း ဟော့စနီ မူဘာရက် ထိုင်ခဲ့တဲ့ သမ္မတရုံးနေရာကို ရွှေ့ပြောင်းခဲ့ပြီး အစိုးရသစ်ဖွဲ့ဖို့အတွက် ညှိနှိုင်းဆွေးနွေးမှုတွေ စလုပ်နေပါတယ်။
ဒါပေမဲ့ သမ္မတသစ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုရမှာကတော့ ဇွန်လ ၃၀ ရက်နေ့ ဖြစ်ပါတယ်။ မစ္စတာ မော်စီဟာ အီဂျစ်နိုင်ငံသား နိုဘယ်ငြိမ်းချမ်းရေးဆုရှင် မိုဟာမက် အယ်လ်ဘာရာဒေးနဲ့ ဆွေးနွေးမှုတွေ ရှိနေကြောင်းလည်း သိရပါတယ်။
အသံလွှင့်သတင်း (လူထု ဦးစိန်ဝင်း )
by
 Zaw Win on Monday, June 25, 2012 at 9:12am 
 အသံလွှင့်သတင်း
လူထုဆက်သွယ်ရေးလုပ်ငန်းတွေ အားလုံးထဲမှာ အထိရောက်ဆုံးလုပ်ငန်းကတော့ အသံလွှင့်လုပ်ငန်းဖြစ်ပါတယ်။ အသံလွှင့်လုပ်ငန်းလို့ပြောတဲ့အခါ ရေဒီယိုနဲ့ ရုပ်မြင်သံကြား နှစ်ခုစလုံးကို ဆိုလိုတာဖြစ်ပါတယ်။ ဘာကြောင့် အထိရောက်ဆုံးလို့ ပြောတာလဲဆိုတော့ လူထုထံကို အမြန်ဆုံးရောက်တဲ့လုပ်ငန်း ဖြစ်လို့ပါ။
သစ်ထူးလွင် သတင်းစုစည်းမှု (၂၅-၆)
သစ်ထူးလွင်
Monday, June 25, 2012
25.06.2012 နေ့ဖတ်ရန်သတင်းများ
by Myanmar Journal on Sunday, June 24, 2012 at 7:05pm ·
တဟီရာ ရင်ပြင်မှာ စုရုံး နေကြသူများအီဂ်စ် ရွေးကောက္ပြဲ ရလဒ္ကို တဟီရာရင်ပြင္မွာ စုရုံးစောင့်မျှော်
အီဂျစ် နိုင်ငံက ကိုင်ရို မြို့တော်မှာ ရှိတဲ့ တဟီရာ ရင်ပြင်မှာ လွန်ခဲ့တဲ့ တပတ်က ပြုလုပ် ခဲ့တဲ့ သမ္မတ ရွေးကောက်ပွဲ ရဲ့ ရလဒ် တွေကို သိရဖို့ လူထောင်ပေါင်းများစွာ စုရုံးလို့ ညလုံးပေါက် စောင့်စား နေကြပါတယ်။
အဲဒီ အထဲက အများစုက မွတ်စလင် ညီအစ်ကို များအဖွဲ့က မိုဟာမက် မာဆီကို ထောက်ခံ ကြသူတွေ ဖြစ်ကြပါတယ်။ တချို့ နေရာတွေ မှာတော့ တခြား သမ္မတလောင်း ဖြစ်တဲ့ အရင် ဝန်ကြီးချုပ်ဟောင်း ဖြစ်သူ အာမက် ရှာဖစ်ခ် ကို ထောက်ခံသူ တွေက ချီတက်ပွဲတွေ လုပ်ခဲ့ကြပါတယ်။
အတိုက်အခံလည်း အစိုးရဖြစ်နိုင်တယ်ဆိုတာကို လက်ခံရမယ်
by General Knowledge on Sunday, June 24, 2012 at 7:34pm ·
လင်းသန့်| June 23, 2012 | Hits: 5,284
ဇွန်လ ၂၂ ရက်နေ့က လန်ဒန်မြို့ Royal Festival Hall တွင် ပြုလုပ်သည့် မြန်မာမိသားစုများနှင့် တွေ့ဆုံပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ကို မြန်မာတိုင်းရင်းသား ကလေးငယ်များနှင့်အတူ တွေ့ရစဉ် (ဓာတ်ပုံ – Reuters)
ဘာသာရေးလွှမ်းမိုးမှု ၊ ယဉ်ကျေးမှု လွှမ်းမိုးမှု ၊ လူမျိးရေး လွှမ်းမိုးမှု
by Bo K Nyein on Saturday, June 23, 2012 at 11:41pm 
                                                                         အပိုင်း (၃) (ခ)
မနေ့ က အစ္စလမ် နှင့် ယနေ့ အစ္စလမ် မတူပါ။
အစ္စလမ် ဘာသာအကြောင်းပြောလိုက်တာနဲ့ တချို့ အစ္စလမ် ဘာသာတွေ ဟာ အစ္စလမ် ဘာသာသည် အလွန်ငြိမ်းချမ်းသည့်ဘာသာဖြစ်ကြောင်း ၊ တချို့ကလည်း ဗိုလ်ချုပ်တို့ နှင့်  အတူ တိုင်းပြည်အတွက် အသက်ပေးခဲ့သော အာဇာနည် အစ္စလမ်  ဘာသာ ၀င် ဆရာကြီး ဦးရာဇတ် တို့ ကို ဥပမာပေးပြီး အစ္စလမ်  ဘာသာကို ကာကွယ်လာကြတယ်။ စာရေးသူ က evolution အကြောင်းရေးရာမှာ (အချိန်) (Time factor) ကိုပါ အစဦးပိုင်း အပိုင်း (၁) မှာ တင်ပြခဲ့ပါတယ်။
ဗိုလ်ချုပ်တို့ခေတ်က နဲ့ အခု (၂၁) ရာစုနှစ် ၀င်ကာစ ၂၀၁၂ ဟာ (အချိန်) အပိုင်းအခြားအရ မတူတော့ပါ။
ဗကသကျောင်းသားများ နှင့် ခင်ဗျားတို့ ကျွန်တော်တို့ ဟန်ချက်များ ။
by Naing Ko Zaw on Sunday, June 24, 2012 at 9:35am · 
 ကိုမိုးထက်နေ ၊ ကိုကျော်ကိုကို ၊ ကိုရဲရင့်ကျော်  တို့ကို မန္တလေးခရိုင်ကျောင်းသားများသမဂ္ဂမှ ဦးဆောင်ကျင်းပသော ဂျွန်(၂၁) မြေနီကုန်း အရေးအခင်း အောက်မေ့ဖွယ် အခမ်းအနားတွင် တွေ့ရစဉ် ။
လက်ရှိကျောင်းတက်နေတဲ့ ကျောင်းသားတွေရဲ့ လှုပ်ရှားမှု ကို ကျယ်ပြန့်မလာဘူး၊ အားမရဘူး၊ လို့ ဖိတ်ကြားတဲ့ပွဲလေးတောင် မအားလပ်လို့ ဘာလို့ညာလို့ နဲ့ ခင်ဗျားတို့တောင် ဆင်ခြေ တွေ တစ်လှေကြီးနဲ့ လေ...။ အားမရရင် ကိုယ်တိုင်ထွက်လုပ်ပါ..။ ကိုယ်တိုင်ထွက် ဦးဆောင်ပါ ။ ခေတ်ကာလ အခြေအနေကို ဇွတ်ထပ်တူ ချပြီး  ငါတို့တုန်းက... ငါတို့တုန်းက ဆိုပြီး ကျောင်းသားတွေကို ဖိအား မပေးပါနဲ့...။
ဂျင်းဘောင်းဘီ - အပြာ
by Nyo Htet on Sunday, June 24, 2012 at 3:52pm ·
(၁)
ကျနော့်ကို ဗမာမိဘများမှ ဗမာပြည်မှာ မွေးသည်။ ကျနော်သည် ဗမာပြည်သား ဖြစ်သည်။ ကျနော့်အသက် ၄၀ ထဲ ရောက်လာပြီ ဖြစ်သော်လည်း ယခုထိတိုင် ပုဆိုး ကောင်းကောင်း မ၀တ်တက်။
(၂)
ရှစ်လေးလုံးအရေးတော်ပုံကို ရှစ်တန်းကျောင်းသားဘ၀နှင့် ကြုံတွေ့ခဲ့ရသည်။ တွက်ကြည့်တော့ ကျနော့်အသက် ၁၄ နှစ်။ ဆယ်ကျော်သက်အရွယ်ဖြစ်ပေမယ့် နိုင်ငံရေးဆိုသည်က ကျနော့် အသွေး အသားထဲသို့ ဒုတ်ဒုတ်ထိ တိုးဝင်သွားသည်။ သမဂ္ဂစိတ်ဓာတ်က တဖြန်းဖြန်း။ တိုက်ပွဲလမ်းကို တိုးဝင်ခဲ့သည်။ ဤသို့ဖြင့် အချိန်သိပ်မကြာ။ မိမိကိုယ်ကိုပြန်ကြည့်သော အခါ မဲနယ်တောင်တန်းပေါ်က သူပုန်ကျောင်းသား။
ကျနော်ဟာ ကလေးစစ်သားများလား။ ကျနော်တို့ရဲ့ ရဲဘော်ကြီး ဗိုလ်ဆန်နီပြောသည့်စကားကို သတိရမိသည်။ “ပုံမှန်မဟုတ်တဲ့အခြေအနေမိုလို့ တော်လှန်ရေးဆိုတာပေါ်လာတာ။
"ကိုအောင်ဆန်းဦး၊ဒေါ်လဲ့လဲ့နွယ်သိန်းသို့ပေးစာ"
အမေရိကားက ခမ်းနားကြီးကျယ်တဲ့ ခင်ဗျားတို့ ဇနီးမောင်နှံရဲ့ အိမ်ကြီးထဲမှာ ခင်ဗျား ရှန်ပိန်သောက်ရင်း အလုပ်ကိစ္စတွေအပြင် ခင်ဗျား အမွေလုနေတဲ့ မြန်မာပြည်က တက္ကသိုလ်ရိပ်သာလမ်းအိမ်အကြောင်း စဉ်းစားနေမလား မပြောတတ်ဘူး။ ကျနော်တခါမှ မမြင်ဖူးတဲ့ ခင်ဗျားရဲ့ အိမ်ကို ခမ်းနားကြီးကျယ်တယ်လို့ ရဲရဲကြီး သုံးလိုက်တာက မြန်မာပြည်က မဂ္ဂဇင်းတွေမှာ ခင်ဗျားဇနီး ရေးတဲ့ ဆောင်းပါးတွေထဲက တပုဒ်ကြောင့်ပါ။
ပဟေဠိပန်း
Written by ခင်အောင်အေး    Tuesday, 19 June 2012 02:03
(သရုပ်ဖေါ် ဒီဂျစ်တယ် အနုပညာ winthan)
ကြာဆိုလို့
ကြာလိုက်တယ်
အနှစ်၂၀ အနှစ်၄၀ စသဖြင့်
ကြာသွားတယ်
ဒါပေါ့
ငြိမ်းချမ်းရေး နိုဘယ်ဆုအကြောင်းနှင့် ဆုရရှိကြသူများ
by Mails From Freinds on Sunday, June 24, 2012 at 10:02am ·
ငြိမ်းချမ်းရေး နိုဘယ်ဆု
 ငြိမ်းချမ်းရေး နိုဘယ်ဆုသည် ဆွီဒင်နိုင်ငံသား တီထွင်သူနှင့် စက်မှု ပညာရှင် အဲလ်ဖရက်ဘန်းဟာ့ဒ် နိုဘယ် (Adfred Bernhard Nobel)မှ   ပေးအပ်ချီးမြှင့်သော  နိုဘယ်ဆု (၅)ဆု အနက်မှ တစ်ခုဖြစ်သည်။   နိုဘယ်၏ သေတမ်းစာ အရ ငြိမ်းချမ်းရေးနိုဘယ်ဆုကို   နိုင်ငံများ အကြား အင်အားစုများ စစ်ပြေငြိမ်းစေခြင်း၊ ထိပ်တိုက်ရင်ဆိုင်   ဖြစ်ခြင်းလျော့ပါးစေခြင်း နှင့် ငြိမ်းချမ်းရေး   မြှင့်တင်သူ နှင့် ထိန်းသိမ်းနိုင်သူတို့ကို ဤငြိမ်းချမ်းရေး နိုဘယ်ဆု ပေးအပ်ချီးမြှင့်ရန် ရေးသားထားခဲ့သည်။
ဘင်္ဂလီစစ်တမ်း (အပိုင်း ၁) ရေးသားသူ (ဝံသာနု ရက္ခိတ..)
by Wai Yan De Mo on Sunday, June 24, 2012 at 10:54am
 (အမျိုးဂုဏ်၊ ဇာတိဂုဏ် စောင့်ရှောက် ထိန်းသိမ်းကြတဲ့ ရခိုင်တိုင်းရင်းသားတွေအတွက်  ဓာတ်ပုံ Aye Chan
http://www.demowaiyan.org/2012/06/blog-post_7423.html
ဒီဆောင်းပါး မဖော်ပြခင်မှာ နော်ဝေနိုင်ငံ အော်စလိုမြို့ မှာ ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့တဲ့ ရိုဟင်ဂျာနဲ့ ပတ်သက်ပြီး ဖြေဆိုခဲ့ပုံကို ကိုမောင်မောင်ဝမ်း ဘာသာပြန်ထားတာ ဦးစွာ ဖော်ပြလိုပါတယ်..။
အဓိပ္ပါယ်ကောက်ယူမှု လွဲမှားနိုင်ပါသဖြင့် ရိုဟင်ဂျာ ကိစ္စအတွက် ဒေါ်အောင်ဆန်းစုကြည် သတင်းထောက်အား ပြန်လည်ဖြေကြားချက်ကို (ဆီလျှော်အောင်) ဘာသာပြန် ပေးလိုက်ပါတယ်။ (မောင်မောင်ဝမ်း)
What should it be with regarding their citizenship? Are they or they are not?
Daw Aung San Suu Kyi answered "I do not know because when you talk about the rohingya, we are not quite sure who you are talking about.
သစ်ထူးလွင် သတင်းစုစည်းမှု (၂၄-၆)
သစ်ထူးလွင်
Sunday, June 24, 2012
ဘာသာရေးလွှမ်းမိုးမှု ၊ ယဉ်ကျေးမှု လွှမ်းမိုးမှု ၊ လူမျိးရေး လွှမ်းမိုးမှု
by
 Bo K Nyein on Saturday, June 23, 2012 at 11:48pm 
                                                                   အပိုင်း (၃) (က)
ဒီမိုကရေစီ နဲ့ လစ်ဖရယ်ဝါဒ တို့၏ အားနဲချက်
ဒီမိုကရေစီ မှာအားနဲချက်တွေ က အများသား။ ဒီမိုကရေစီ နဲ့ အတူ လစ်ဖရယ် ၀ါဒ Liberalism ဟာလည်းကပ်ပါလာတတ်တယ်။
ဒီမိုကရေစီမှာ မဲနဲ့ ရွေးချယ်တင်မြှောက်ကြရတာကြောင့် နိုင်ငံရေးသမားတွေဟာ မဲဆန္ဒရှင်တွေကို (ဖါး) ရတယ်။ Pandering လို့ခေါ်ပါတယ်။ ဒါကြောင့် (လူ) ဦးရေများတဲ့ အုပ်စုက မဲများများရအောင်လုပ် နိုင်ရင် သြဇာ ရှိလာတာပေါ့။ မွပ်စလင် ဆိုတာကလည်း တပြွပ်ပြွပ်မွေးကြတာ မဟုတ်ပါလား။
လစ်ဖရယ်တွေ ရဲ့ အားနဲချက် က မိမိတို့ ကိုယ်ကို ကယ်တင်ရှင်ကြီးတွေ အလား အထင်ရှိပြီး ဘ၀င်မြင့်နေကြတာ။ ဒါကြောင့် တကမ္ဘာလုံးကို ကယ်တင်ဖို့ စဉ်းစားနေကြတာ။
ပြန်လာပြီဗျို့ (ဆရာကြီးလူထုစိန်ဝင်းဧ။် နောက်ဆုံးရေးသားခဲ့သော ဆောင်းပါး)
by cherrymyodaw on Saturday, June 23, 2012 at 3:12pm ·
မြို့ကြီးသားတွေ နားဝင်ချိုအောင် ကိုရီးယားကားတွေထဲက တစ်နေ့လုံးအိမ်ပြင်ထွက်ပြီး
အလုပ်သွား၊ ကျောင်းသွားလုပ်ကြတဲ့သူတွေ အိမ်ပြန်ရောက်ကြတဲ့အခါ အိမ်ထဲရောက်တာနဲ့
လူတွေ့တွေ့၊ မတွေ့ တွေ့ ‘ပြန်လာပါပြီ’ လို့ နှုတ်ဆက် လေ့ရှိကြတယ်။ အဲဒီလိုနှုတ်ဆက်ဖို့
ပါးစပ်ကရွတ်ကြည့်တယ်။ ပါးစပ်ဖျားက ၀တ္တရားအရထွက်လာတဲ့ အသံမို့ ပေါ့ရွှတ်ရွှတ်နဲ့
အားမရှိဘူး။ အဲဒါကြောင့် အညာသားပီပီ အားရှိပါးရှိ လှိုက်လှိုက်လှဲလှဲ နွေးနွေးထွေးထွေး
‘ပြန်လာပြီဗျို့’ လို့ပဲ ပွဲဦးထွက် နှုတ်ဆက်လိုက်ပါရစေ။
ကိုကိုးကျွန်းက ပြန်ရောက်စ လွန်ခဲ့တဲ့ အနှစ်သုံးဆယ်လောက်က ‘အလံမလှဲစတမ်း’ ဆိုတဲ့
စာအုပ် ဒုတိယအကြိမ် ပြန်လည်ထုတ်ဝေခွင့်ရတော့ ‘၀င်းဇော် ပြန်လာပြီ။ ချောအိမာန်
ပြန်လာပြီ’ လို့ သတင်းစာမှာ ကြော်ငြာခဲ့တယ်။
Related Posts Plugin for WordPress, Blogger...