Tuesday, July 31, 2012

31.07.2012 နေ့ဖတ်ရန်သတင်းများ


by Myanmar Journal on Monday, July 30, 2012 at 4:37pm

အိုလံပစ် တတိယနေ့နဲ့ မြန်မာအဖွဲ့ အခြေအနေ
အဆင့်သတ်မှတ်တဲ့ ပွဲမှာ အဆင့် ၅၆ သာရရှိခဲ့တဲ့ မြားပစ်ပြိုင်ပွဲက နေမျိုးအောင်ကတော့ ဒီကနေ့ ရှုံးထွက်ပွဲမှာ ယူကရိန်းက ပြိုင်ဖက်ကိုရှုံးပြီး ပြိုင်ပွဲကနေ ထွက်သွားပြီ ဖြစ်ပါတယ်။
ကိုနေမျိုးအောင်ဟာ ယူကရိန်းက Markiyan Ivashko နဲ့ နောက်တဆင့် တက်ဖို့ ယှဉ်ပြိုင် ကစားတာမှာ ၁၀ မှတ် ရတဲ့ ပစ်မှတ် အလယ် တည့်တည့်ကို သုံးကြိမ်သာ မှန်အောင် ပစ်နိုင်ခဲ့ပြီး၊ ပြိုင်ဘက်က ပစ်မှတ် အလယ် တည့်တည့်ကို ၇ ကြိမ် ထိအောင် ပစ်နိုင်ခဲ့လို့ ကိုနေမျိုးအောင် ရှုံးနိမ့်သွားပြီး ပြိုင်ပွဲက ထွက်သွားခဲ့ရတာ ဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်နှင့် CNA ရုပ်သံတွေ့ဆုံမေးမြန်းခြင်း


by Ko Kyi Win on Monday, July 30, 2012 at 7:20pm 

နိုင်ငံတော်သမ္မတဦးသိန်းစိန် - ခင်ဗျားတို့ CNA အနေနဲ့ကတော့ နာမည်ကြီးတဲ့သတင်းဌာနတစ်ခုလဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလဲ CNAသတင်းဌာနကို လူကြည့်တော်တော်လဲများပါတယ်။ များသောအားဖြင့်ကြည့်ကြတာများပါတယ်။ ဒီလိုအင်တာဗျူးလာရောက်လုပ်တဲ့အတွက် ဘာပဲဖြစ်ဖြစ် ကျွန်တော်အနေနဲ့ ကြိုဆိုပါတယ်။ ကျေးဇူးလဲတင်ပါတယ်။

CNA - ကျွန်မတို့အနေနဲ့ အခုလိုနိုင်ငံတော်သမ္မတကြီးနဲ့ တွေ့ဆုံမေးမြန်းခွင့်ရတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ ကျွန်မတို့ ဃဗြသတင်းဌာနအနေနဲ့ မြန်မာနိုင်ငံကသတင်းများကို ရယူထုတ်လွှင့်လျက်ရှိပါတယ်။ ဒီနှစ်အတွင်းမှာ ဃဗြသတင်းဌာနအနေနဲ့ ကျွန်မအပါအ၀င် စင်ကာပူတို့၊ ဘန်ကောက်အခြေစိုက်တို့က သတင်းသမားတွေက မြန်မာနိုင်ငံသို့သွားရောက်ပြီးတော့ သတင်းရယူနိုင်ခဲ့ပါတယ်။

ခံပြင်းခြင်းရဲ့ နောက်ကွယ်မှာ …by Duwa Kachin


by Min Kyaw Khine on Monday, July 30, 2012 at 7:24pm 

ကမ္ဘာမှာ စစ်ပွဲတွေအများကြီးထဲက အအောင်မြင်ဆုံးနဲ့ အကျော်ကြားဆုံးကတော့ အီစရေး တွေရဲ့ အာရပ်ကမ္ဘာ ကိုတိုက်နိုင်ခဲ့တဲ့ ခြောက်ရက် စစ်ပွဲတွေပဲ ဖြစ်ပါတယ်။ ခြောက်ရက် စစ်ပွဲအကြောင်း စာအုပ်တွေလဲ အများအပြား ပုံနှိပ် ရောင်းချခဲ့ရပါတယ်။ စာအုပ်တိုင်းရဲ့ အာဘော်တွေလဲ မတူကြပါဘူး။ တချို့က ဦးဆောင်တဲ့ ခေါင်းဆောင်ပိုင်းကို ချီးမွမ်းထား သလို၊ တချို့လဲ ဘာသာရေးအရ ယုံကြည်ခြင်းကို ဖေါ်ကျူးကြပါတယ်။ အားလုံးရဲ့ သဘောထား တခုတူနေတာကတော့ လူအင်အားနဲ့ လက်နက်အင်အား မမျှတဲ့ ကြားက နိုင်အောင်တိုက်ခဲ့ခြင်းပါပဲ။ သူတို့ဘယ်က စွမ်းအားတွေ ရရှိခဲ့ပါသလဲ။

“ကျောင်းသားတွေ၊ လူငယ်တွေကိုပြောပြချင်တဲ့ ရှစ်လေးလုံးအရေးတော်ပုံကြီးအကြောင်း”


မောင်ကျောင်းသား

(၁)

ရှစ်လေးလုံးအရေးတော်ပုံကြီးဖြစ်ခဲ့တာ ၂၄ နှစ်ရှိပါပြီ ။ ဗမာပြည်မှာက ပြည်သူကိုအနိုင်အထက်ပြု အုပ်စိုးနေတဲ့ စစ်အာဏာရှင်တွေက သမိုင်းတွေကိုဖျောက်ဖျက် ပစ်တာ၊ သမိုင်းမှားတွေ လုပ်ပစ်တာ မျိုးတွေ ရှိနေတဲ့အတွက် ဒီ၂၄ နှစ်တာကာလမှာမှ မွေးဖွားခဲ့တဲ့သူတွေနဲ့ အဲဒီအချိန်က မူလတန်းအောက် မှာပဲ ရှိဦးမဲ့လူငယ်တွေ ၊ ကျောင်းသားတွေ အများစုဟာ ရှစ်လေးလုံးအရေးတော်ပုံကြီးနဲ့ သမိုင်းဖြစ်ရပ် မှန်တွေကို မသိကြရပါဘူး ။

အာဏာရှင်တွေက ဒီလောက် အနှစ်နှစ်ဆယ်ကျော်ကာလ မဆိုထားနဲ့ နေ့စဉ်ဖြစ်နေတဲ့အခြေအနေတွေကိုတောင် ပြည်သူတွေ သတင်းမှန်ဖြစ်ရပ်မှန်မသိအောင် ဖျောက် ဖျက်လိမ်ညာဖုံးကွယ်နေတာပါ ၊ အားလုံးလက်လှမ်းတမှီရှိမဲ့ ရွှေဝါရောင်တော်လှန်ရေးလို့ တင်စားကြတဲ့ ၊ ၂၀၀၇ စက်တင်ဘာက သံဃာတော်တွေမေတ္တာပို့ စီတန်းလမ်းလျှောက်ပွဲကိုတောင် သံဃာအတုအယောင်တွေကလုပ်တာပါ ဆိုတာမျိုး ဒီမကြာသေးတဲ့ကာလတိုလေးက ဖြစ်စဉ်ကိုတောင် လိမ်ညာဖျက် ဆီးနေတာပါ ။

- လူထုကို ခုတုံးလုပ်အုံးမှာလား



by
 Wai Maw 
on Monday, July 30, 2012 at 3:30am

 ..ဦးစောအောင်--၃၀-ဇူလိုင် -၂၀၁၂

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပခရီးစဉ်အပေါ် အဝေးရောက် ပစ်ထောက် မှောက်လှိမ့်သမား တစ်ဦးက “ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်တွင်းမှာ သူ့ကိုထောက်ခံတဲ့လူထုအင်အား အပြည့်ရှိနေတာပဲ။ ခုချိန်မှာ လူထုတိုက်ပွဲဝင်နိုင်အောင် ပြင်ဆင်ရမယ့်အစား နိုင်ငံတကာလှည့်ပြီး သက်သက် အချိန်ဖြုန်းနေတာ” လို့ပြောတယ် ကြားရတော့ မပြုံးဘဲ ဝါးလုံးကွဲအောင်သာ ရီမောပစ်လိုက်ချင် တော့တယ်။

အောင်မယ်လေးဟ--- ကမ္ဘာပတ်သူရဲကောင်းကြီး၊ သူမို့ပြောရက်လွန်းတယ်။ မြန်မာလူထုကိုများ သစ်ရွက် ခြောက်လေးတွေ အောက်မေ့ နေသလားမသိ။

ရဲဘော်ကြီးများအားလုံး....သို့


ဒီနေ့ နေ့လည် ၂း၂၀ နာရီလောက်က နို့ဖိုးကန့်မှာ မိုးသည်းပြီးလေပြင်းတိုက်တာခံခဲ့ရတယ်။ အခြားလူများအထိအခိုက်မရှိကြပေမယ့် ကိုဌေးအောင်(ဦးညပ်စီ)တပ်ရင်း (၂၀၅)အိမ်ပေါ် သစ်ပင်လဲကျပြီး ထိခိုက်ဒါဏ်ရာ ရရှိခဲ့တယ်။

သစ်ထူးလွင် သတင်းစုစည်းမှု (၃၀-၇)


သစ်ထူးလွင်


Monday, July 30, 2012

ပြိုင်ဆိုင်မှု စီးပွားရေး မလုပ်ချင်တဲ့ မြန်မာခရိုနီတွေ


တိုင်းကျော်

အခုနောက်ပိုင်း မြန်မာ့နိုင်ငံရေး အပြောင်းအလဲ ဖြစ်ထွန်းစပြုလာပြီးနောက် အပြောများဆုံး ကိစ္စတခုကတော့ နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုတွေ ၀င်လာတော့မယ် ဆိုတဲ့ ကိစ္စပဲ ဖြစ်ပါတယ်။ ဒီအတွက် သာမန်ပြည်သူတွေ နိုင်ငံ့အကျိုး မျှော်ကိုးတဲ့ နိုင်ငံရေးသမားတွေ၊ အမြော်အမြင်ရှိတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ စိတ်လှုပ်ရှား မျှော်လင့်နေသလောက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ၀င်လာမှာ မလိုလားသူတွေလည်း ရှိနေပြန်ပါတယ်။

ဆရာ့ကိုလွမ်းတဲ့စာ


by ဂျူး - Ju on Saturday, July 28, 2012 at 11:59pm ·

မြသန်းတင့် (23 May 1929 - 18 February 1998)
အမျိုးသားဘာသာပြန် စာပေဆု (၅)ကြိမ်ရ (1972 , 1978 , 1989 , 1993 , 1995) ဘာသာပြန်/ပင်ကိုယ်ရေးစာရေးဆရာ
  1. စစ်နှင့် ငြိမ်းချမ်းရေး (၁၉၇၂ အမျိုးသားဘာသာပြန်စာပေဆု) War And Peace - Leo Tolstoy
  2. လေရူးသုန်သုန် (၁၉၇၈ အမျိုးသားဘာသာပြန်စာပေဆု) Gone With the Wind - Magaret Mitchell
  3. ခန်းဆောင်နီအိပ်မက် (၁၉၈၈ အမျိုးသားဘာသာပြန်စာပေဆု) Dream of the Red Chamber - Cao Xueqin
  4. သုခမြို့တော် (၁၉၉၂ အမျိုးသားဘာသာပြန်စာပေဆု) City of Joy -Dominique Lapierre
  5. အချစ်မိုးကောင်းကင် (၁၉၉၅ အမျိုးသားဘာသာပြန်စာပေဆု) Beyond Love - Dominique Lapierre
ဆရာမြသန်းတင့် ဆုံးပြီ ဆိုတဲ့ သတင်းကို ကြားလိုက်ရတဲ့အချိန်မှာ မြတ်စွာဘုရားကို တ, မိရင်း ပထမဆုံး ဖြစ်ပေါ်လာတဲ့စိတ်က နှမြောတသ စိတ်ပါ။

30.07.2012 နေ့ဖတ်ရန်သတင်းများ


by Myanmar Journal on Sunday, July 29, 2012 at 4:51pm 

အိန္ဒိယ ဝန်ကြီးချုပ် အာသံပြည်နယ်သွား
အိန္ဒိယ ဝန်ကြီးချုပ် မာမိုဟန် ဆင်းဟာ နိုင်ငံ အရှေ့မြောက်ပိုင်းက အာသံ ပြည်နယ်ကို ရောက်ရှိနေပါတယ်။
အဲဒီ ပြည်နယ် အတွင်းမှာ မကြာသေးခင်က လူမျိုးစု အချင်းချင်း တိုက်ခိုက်မှုတွေ ဖြစ်ခဲ့လို့ လူပေါင်း ၅၀ ထက်မနည်း သေဆုံး ခဲ့ရပါတယ်။
ဝန်ကြီးချုပ်က ဒီဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေး မှုတွေ လုပ်သွားပြီး ဆုံးရှုံး နစ်နာ ခဲ့ရသူ တွေကိုလည်း အကူအညီတွေ ပေးသွားမယ် လို့လည်း ပြောပါတယ်။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၉-၇)


သစ်ထူးလွင်



Sunday, July 29, 2012

ကြယ်တွေ ကြွေနေတဲ့ တိုင်းပြည်


Inline image 1
Myanmar Journal မှကူးယူပါသည်။ (ဒီဓာတ်ပုံလေးအကြောင်းကို သိချင်တယ်လို့ မေးကြတဲ့သူတွေအတွက် ရှာပြီးတင်ပေးလိုက်ပါတယ်)
ရေးသူ - ခင်ငြိမ်းသစ်

ကြယ်ဆိုတာ ကိုယ်ပိုင် အလင်းရောင်ရှိတယ်။ သူတို့ရဲ့ နေရာဟာ မြင့်မားတဲ့ ကောင်းကင်ကြီးပဲ။ ရာသီဥတု ကြည်လင်တဲ့ ညတွေဆိုရင် အရောင်လက်နေတဲ့ ကြယ်တွေဟာ စိန်တွေလိုပဲ တဖျပ်ဖျပ် လက်နေတယ်ဆိုတာ လူတိုင်း သိကြသလို၊ မြင်လည်း မြင်ဖူးကြပါတယ်။

ကားလ်ပေါ့ပါးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း - မင်းခက်ရဲ



by Ye Myint Thu on Saturday, July 28, 2012 at 11:02pm 


ပွင့်လင်းလူ့အဖွဲ့အစည်းဆိုတာဘာလဲ ။ ဘယ်လိုအရာမျိုးတွေပါမှ ပွင့်လင်းလူ့အဖွဲ့အစည်း ဖြစ်နိုင်မလဲရယ်လို့ ကားလ်ပေါ့ပါး ပြော တာမှာ သူ့ရဲ့ အတွေးအခေါ်မှာ အဓိက အခြေခံထားတဲ့ သိမှုဗေဒ တစ်ခုရှိတယ် ။ ပေါ့ပါးက အမြဲတယ်မှန်ကန်နေတဲ့ အမှန်တရား (Infallible Truth) မရှိဘူးဆိုတဲ့ အုတ်မြစ်အခြေခံ ကနေတစ်ဆင့် ပွင့်လင်းလူ့အဖွဲ့အ စည်းတစ်ခုမှာ ရှိရမယ့် အရာတွေကို တည်ဆောက်တာ။ အမြဲတမ်းမှန်ကန်တဲ့ အမှန်တရားဆိုတာ မရှိတော့တဲ့ အခိုက်မှာ တစ်သီးပုဂ္ဂလလူသားဟာ အဲဒီသိမှုအခြေခံနဲ့ နိုင်ငံရေးအင်စတီကျူးရှင်းတွေရဲ့ အခန်းဂဏ္ဍဟာ ဘယ်လိုရှိသင့် တယ် ၊ ဘယ်လို နိုင်ငံရေးပေါ်လစီမျိုးနဲ့ လုပ်ကိုင်သင့်တယ်၊ နိုင်ငံရေးရဲ့ အဆုံးသတ်ရည်မှန်းချက်ကဘာလဲဆိုတာတွေကို ကိုင်တွယ်သင့်တယ်လို့ ယူတယ် ။ 

28.07.2012 နေ့ဖတ်ရန်သတင်းများ

by Myanmar Journal on Saturday, July 28, 2012 at 3:06am ·
မြန်မာမှာ စီးပွားရေး လုပ်မယ့် ဂျပန်လုပ်ငန်းအဖွဲ့
မြန်မာနိုင်ငံက စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေကို အထောက်အကူ ပြုဖို့ အတွက် ဂျပန် အစိုးရနဲ့ ပုဂ္ဂလိက အဖွဲ့အစည်းတွေ ပူးပေါင်း ဆောင်ရွက်မယ့် Task Force လုပ်ငန်း အဖွဲ့ တရပ်ကို ဂျပန်အစိုးရက သောကြာနေ့မှာ အတည်ပြုလိုက်ပါတယ်။
ဒီအဖွဲ့ကို မြန်မာနိုင်ငံက စီးပွားရေး လုပ်ငန်းတွေကို ဂျပန်အစိုးရနဲ့ ပုဂ္ဂလိက ကုမ္ပဏီတွေက ပူပေါင်း ကူညီနိုင်ဖို့ ဖွဲ့စည်းတာ ဖြစ်တယ်လို့ ဂျပန်နိုင်ငံခြားရေး ဌာန ပြောခွင့်ရ ပုဂ္ဂိုလ် မာအီဆာ ဆာတိုက ပြောပါတယ်။

အခြေခံ အတွေးအခေါ် ပြောင်းလဲမှု (Radical Shifts in Mindset)




by Nyein Chan Aye on Saturday, July 28, 2012 at 3:16pm ·


နိုင်ငံတနိုင်ငံမှာ ရှိတဲ့ အဓိက ပြဿနာတွေအားလုံးရဲ့ ရေသောက်မြစ်ဟာ နိုင်ငံမှာကျင့်သုံးတဲ့ တိုင်းပြည်အုပ်ချုပ်ရေး စနစ်၊ တနည်းအားဖြင့် နိုင်ငံသူ နိုင်ငံသား အားလုံးနဲ့ ပတ်သက် ဆက်နွှယ်နေတဲ့ မူဝါဒ၊ နိုင်ငံရေး စနစ် အပေါ်မှာ မူတည်တယ်။

တည်ဆဲဥပဒေမှ နိုင်ငံသားပြုခွင့်ရသူဖြစ်ခြင်း အခန်းကဏ္ဍ



အခန်း (၄) နိုင်ငံသားပြုခွင့်ရသူဖြစ်ခြင်း

၄၂။ ၁၉၄၈ ခုနှစ်၊ ဇန်န၀ါရီလ (၄) ရက်နေ့မတိုင်မီကာလတွင် နိုင်ငံတော်အတွင်း ရောက်ရှိနေထိုင်သူနှင့်
ထိုသူတို့မှ နိုင်ငံတော်အတွင်းမွေးဖွားသည့် သားသမီးသည် ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသား ဖြစ်မှုအက်ဥပဒေအရ လျှောက်ထားရန် ကျန်ရှိနေကြောင်း ခိုင်လုံသော အထောက်အထားများဖြင့် ဗဟိုအဖွဲ့သို့နိုင်ငံသားပြုခွင့်ရရန် လျှောက်ထားနိုင်သည်။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၈-၇)


သစ်ထူးလွင်


သုံးဘက်မြင်ဒိုင်မေးရှင်းကို တီးခေါက်ကြည့်ခြင်း။



မောင်ခင်အေးတင့်(မဒေါက်)။ ဇူလိုင် ၂၇၊ ၂၀၁၂
  
၂၀၁၁ခုနှစ် အောက်တိုဘာလက ၀န်ကြီး ၁၃-ဦးကို ဦးဆောင်လာတဲ့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ အိန္ဒိယ၀န်ကြီးချုပ်တို့ အိန္ဒိယနိုင်ငံ မြို့တော်နယူးဒေလီမှာ ၄-ရက်ကြာ တွေ့ဆုံခဲ့ကြပြီး နှစ်နိုင်ငံအကြား နိုင်ငံရေး၊ စီးပွားရေးနဲ့ နယ်စပ်ရေးရာ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။ ဒါပေမဲ့ ဆုပ်ဆုပ်ကိုင်ကိုင် တော့ ဘာမှ ထွက်ပေါ်လာခဲ့ခြင်း မရှိပါဘူး။

Saturday, July 28, 2012

“ ကျမတို့မှာခေါင်းဆောင်မရှိဘူး…..ရှင်တို့မှာခေါင်းမရှိဘူး ” (စိမ်းခက်စိုး)


by Sein Khat Soe on Friday, July 27, 2012 at 12:10pm ·

ဒီကဗျာလေးကိုလည်း ရွက်သစ်ကလောင်နာမည်နဲ့ ၂၀၁၀ လှိုင်သာယာစက်မှုဇုံဆန္ဒပြပွဲတွေစလာတဲ့အချိန်တုန်းက
အဲဒီနေရာအထိ သွားပြီး သူတို့မျက်နှာလေးတွေကိုကြည့်ပြီး ပြန်ရောက်တော့ရေးဖြစ်ခဲ့တာပါ။ ခုနောက်ပိုင်းမှ လှိုင်သာယာဆန္ဒပြပွဲတွေဆိုတာ လူတိုင်းသိလာတာပါ။ ဒီကဗျာကို သူငယ်ချင်းတစ်ယောက် ပြည်ပက
ဝပ်ဆိုဒ်တစ်ခုကို ကျွန်တော်မသိခင်လှမ်းပို့လိုက်ပြီး ပြည်ပမှာအခြေချနေတဲ့ ကဗျာဆရာမ(နိုင်ငံရေးကဗျာတွေ) တစ် ယောက်ကနည်းနည်းကိုများများလှုံ့ဆော်ရေးတဲ့ ကဗျာဆိုပြီးကဗျာအောက်မှာကွန်မန့်ပေးသွား
ခဲ့တာလေးကို စိတ်မကောင်းဖြစ်လွန်းလို့ သိမ်းထားခဲ့တာပါ.....။ ခုမှ ပြန်ရှယ်လိုက်ပါတယ်။

ခေါင်းဆောင်နှင့် ဆရာကြီး



Thursday, 14 October 2010 06:27 
တင်အောင်လွင်(Exodus)


ဒီဆောင်းပါးရဲ့ ခေါင်းစဉ်ကို ဆီလျော်အောင် ဘာသာပြန်ဆိုရရင် ခေါင်းဆောင်ဖြစ်ပါ ဆရာကြီးမလုပ်ပါနဲ့ ဆိုတဲ့အဓိပ္ပါယ်ပေါ့။ ခေါင်းဆောင်ဆိုတာ ရှေ့ကနေတယ်၊ ဆရာကြီးကတော့ နောက်ကနေတတ်တယ်။ ခေါင်းဆောင်ဆိုတာအောက်ကနေတယ်၊ ဆရာကြီးကတော့အထက်မှာနေတာ အဓိပ္ပါယ်က အဲဒီလိုကွာပါ တယ်။

ဉာဏ်ပညာထဲမှာ နှလုံးသားထည့်ပေါင်းဖို့


by ယဉ်ကျေးသော လူ့အဖွဲ့အစည်း တစ်ရပ်ဆီသို့ on Friday, July 27, 2012 at 2:39pm ·
မောင်သာချို
အတွဲ (၁၁)၊ အမှတ်(၂)
7daynewsjournal.com

(တစ်)
ပညာပြည့်ဝ၊ နှလုံးလှသော်ကိစ္စကြီးငယ်၊ ဆောက်သဖွယ်လျှင်ကျဉ်းကျယ်ထွင်းဖောက်၊ ဖြတ် တောက်လိုရာ၊ ပြီးနိုင်စွာ၏။
လူတိုင်းနှင့် ရင်းနှီးသည့် ကဗျာကောက်နုတ်ချက် ကလေးပဲ ဖြစ်ပါသည်။စာမျက်နှာတစ်နေရာရာ ဒါမှမဟုတ် ရုံးခန်း၊ဧည့်ခန်း၊ အ စည်းအဝေးခန်းမ နံရံတစ်နေရာ ရာတို့၌ သည်ကဗျာ ကောက်နုတ် ချက်ကလေးကို အများပြည်သူ မြင်သာစေရန် သပ်သပ်ရပ်ရပ် ရေးသားချိတ်ဆွဲထားသည်များကို မကြာခဏတွေ့ရတတ်ပါသည်။ ငယ်ငယ် တုန်းကတော့သည်ကဗျာ ကောက်နုတ်ချက် အတိုကလေး ပေါ်မှာ ဘာမှ အလေးအနက်မရှိလှ။ နောက်တော့ကြီးလာလေလေ  တစိမ့်စိမ့်တွေး မိလေလေ အောင် မြင်ခြင်း၏ သော့ချက်ကို ရိပ်စား မိလေဖြစ်လာရသည်ကို ၀န်ခံလိုပါသည်။

စံပြ ခေါင်းဆောင်မှု သမ္မတလင်ကွန်၏ ခေါင်းဆောင်မှုစွမ်းရည်...



by
 Shae Shae Century on Thursday, July 26, 2012 at 4:59am ·

၁..ရုံးခန်း တဲ က ပန်ကာ အောက်မှာ ချည်းထိုင်မနေနှင့်. အပြင်ထွက်ပြီး. လူတွေကြားမှာအမှန်ရှာပါ.. လူတွေ အကြောင်း သိအောင်ကြီုးစားပါ
သည်မှာမီမီဌာနအတွင်း ဘာတွေဖြစ်နေကြောင်း... အမှန်အတိုင်းသိနိုင်သည်.. တစ်ခုတည်းသောနည်းလမ်းဖြစ်သည်

၂..လူတစ်ယောက်အား မီန့်ပေးစေခိုင်းခြင်းထက်... သူထင်မြင်ချက်ကိုယူပြီးစေခိုင်းလျှင် ပိုမိုထိရောက်သည်....

၃..လင်ကွန်း သည် စိတ်ရှည်သည် ဇွဲရှိသည်.စွဲမြဲသည်.. အမီန့်မပေး။ဆွေးနွေးစည်းရုံးသည်..သိုသော် လိုအပ်လျှင် တော့ အလွန်ပြတ်သားသည်..... 

သောကများနဲ့ ကင်းဝေးစေ


               အသက်က  ၁၅ နှစ် နံမည်လေးက `ပေတရာ´(Petra)  တဲ့ ချစ်စရာချောမောလှပတဲ့ ဂျာမန် ကောင်မလေး..သူမလေး အမူးလွန်ပြီး အော့အန်နေတဲ့ အတွက် ကောင်မလေး ၂ ယောက်နဲ့ ကောင်လေး ၄ ယောက် က ၀ိုင်း ပြုစုနေကြတယ်..အန်ရလွန်းလို့  အမောဆို့ နေတဲ့ပုံဘဲ..ကျမလည်း..ဆေးရုံကား ခေါ်ဘို့ဖုန်းကို ကောက်ကိုင်လိုက် တော့ ..အားလုံးက ၀ိုင်းတားကြတယ်..ကျမ ဖုန်းဆက်ဘို့  အကြိမ်ကြိမ်ကြိုးစားပေမဲ့ ကလေးတွေက ၀ိုင်းပြီး အသနားခံ တောင်းပန်ကြလို့ မဆက်ဖြစ်တော့ပါဘူး…

၁၉၀၈ ခုနှစ် မတရားသင်းဥပဒေဆိုင်ရာ ရှင်းလင်းချက်တွေဟာ တရားမျှတမှုရှိရဲ့လား။ အောင်ထူး (ဗဟို တရားရုံးရှေ့ နေ)



by
 Aung Htoo 
on Tuesday, July 17, 2012 at 9:49pm 

ရှေ့ နေကြီးတဦးလဲဖြစ်၊ စစ်အစိုးရတည်ထောင်ထားတဲ့ လွှတ်တော်ရဲ့ကိုယ်စားလှယ် တဦးလဲဖြစ်တဲ့ ဦးသိန်းညွန့် က ၁၉၀၈ ခုနှစ် မတရားအသင်းဥပဒေကို ဘာကြောင့် ဖျက်သိမ်းသင့်ကြောင်း ဇူလိုင်လ ၁၇ ရက်နေ့ ညက ဘီဘီစီကနေ အချက်သုံးချက်နဲ့ ရှင်းပြသွားပါတယ်။ ဥပဒေသမားတဦးက ထပြီးရှင်းပြ လိုက်တယ် ဆိုတော့ စစ်အာဏာရှင်စနစ် ရဲ့ ဆယ်စုနှစ်ငါးစုကျော် အုပ်ချုပ်မှုအောက်မှာ ဥပဒေ သုံးသပ်ချက်တွေနဲ့ ဝေးကွာအောင် လုပ်ထားခံခဲ့ရတဲ့ လူထု အနေ နဲ့ ဟုတ်နိုးနိုးနဲ့ ငိုင်သွားနိုင်ပါတယ်။ တချက်ခြင်းစီကို သုံးသပ်ပြပါမယ်။

(၁) ၁၉၀၈ ခုနှစ် မတရားအသင်းဥပဒေဟာ ကိုလိုနီခေတ် တုံးက မြန်မာ့အမျိုးသားလွတ်မြောက်မှုကို ဖြိုခွဲဘို့  အသင်းအဖွဲ့ တွေ မလုပ်နိုင် အောင် ပြဌာန်းခဲ့တဲ့ ဥပဒေ ဖြစ်ပါသတဲ့။

Friday, July 27, 2012

သစ်ထူးလွင် သတင်းစုတစည်းမှု (၂၇-၇)


သစ်ထူးလွင်



27.07.2012 နေ့ဖတ်ရန်သတင်းများ


by Myanmar Journal on Thursday, July 26, 2012 at 5:37pm ·

ငွေချေးနှုန်း ဈေးကစားမှု အန္တရာယ် အသိပေးပြီးပြီလို့ ကန်ဘဏ္ဍာဝန်ကြီး ဆို
အမေရိကန် ဘဏ္ဍာရေး ဝန်ကြီး Timothy Geithner
လွန်ခဲ့တဲ့ လေးနှစ်ကျော် လောက်ကတည်းက ဗြိတိန်က အာဏာပိုင်တွေနဲ့ အမေရိကန် ထိပ်တန်း အရာရှိတွေကို ဘဏ်တွေ အချင်းချင်း ငွေချေးနှုန်း ဆိုင်ရာ ဈေးကစားမှုနဲ့ ပတ်သက်လို့ စိုးရိမ်ပူပန်ကြောင်း အသိပေးခဲ့ ပါတယ်လို့ ကွန်ဂရက် အမတ်တွေကို အမေရိကန် ဘဏ္ဍာရေး ဝန်ကြီး တင်မသီ ဂိုင်နာက ပြောကြားလိုက်ပါတယ်။

ကျွန်တော်တို့ဟာ ညီအစ်ကိုတွေပါပဲ


by General Knowledge on Wednesday, July 25, 2012 at 11:44pm ·

 Written by ဇေ၀င်းနောင်    Wednesday, 25 July 2012 11:21

ရန်ကုန်မြို့၌ ဇွန်လ ၉ ရက်နေ့က ပြုလုပ်ခဲ့သည့် ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် ဘာသာကြီးလေးရပ်မှ ဆုတောင်းပွဲကို တွေ့ရစဉ်

မြန်မာနိုင်ငံ အနောက်ပိုင်းဟာ ကိုဆိုဗိုလို ဖြစ်လာမလားဆိုတဲ့ ဆောင်းပါးကို အွန်လိုင်းလူမှုရေး ၀က်ဘ်ဆိုက် ဖေ့စ်ဘွတ်ခ်မှာ ရေးသားသူ ကိုအောင်ဇင်လတ်ဆီက ခွင့်ပြုချက်ရယူပြီး Weekly Eleven News Journal မှာ ဖော်ပြခဲ့ပါတယ်။

သတင်းများက ပြောတဲ့ မြန်မာ့လယ်ယာကဏ္ဍ (မောင်ဝံသ)


by Maung Wuntha on Thursday, July 26, 2012 at 9:38am ·

ပြည်သှူုခေတ်ဂျာနယ်၊ ၁၉ ဇူလိုင် ၂၀၁၂မှာဖော်ပြခဲ့တဲ့ မောင်ဝံသ ပြောချင်လွန်းလို့ဆောင်းပါး။

 မြန်မာဂျာနယ်လစ် ကွန်ရက် MJN လူငယ်သတင်းသမားတွေရဲ့ တာဝန်ပေး ချက်အရ သည်ရက်ပိုင်းအတွင်း ကျွန်တော့်မှာ သတင်းဖြတ်ပိုင်းစာမျက်နှာတွေနဲ့ လုံးထွေးပြီး အိမ်စာတွေ လုပ်နေရတယ်ဗျ။ ရှင်းအောင် ပြောရရင်ဖြင့်  မြန်မာ့လယ်ယာ ကဏ္ဍနဲ့ ပတ်သက်တဲ့ သတင်းဆောင်းပါးတွေထဲက အကောင်းဆုံး သတင်း/ဆောင်းပါး သုံးပုဒ်စီကို မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်း အသင်းက ဆုပေး ချင်တယ်၊ မြန်မာဂျာနယ်လစ် ကွန်ရက်ဆိုပြီး ဖွဲ့စည်းထားတဲ့ လူငယ် သတင်းသမားများရဲ့ အဖွဲ့ကို အဲဒီကိစ္စ အကူအညီတောင်းတယ်။ လူငယ်တွေက ကျွန်တော်တို့ဆီ ပြေးလာပြီး အကောင်းဆုံး သတင်း/ ဆောင်းပါးများ ရွေးပေးပါလို့ ခိုင်းတာပါပဲ။ သူတို့ဘာသာ ရွေးရင် အဂတိပါတယ်လို့ အထင်ခံရမှာစိုးလို့ ကျွန်တော်တို့ကို ဒိုင်လုပ်ခိုင်းတာပါ။

တရုတ်ကျောထောက်နောက်ခံရှိသည့် ၀ တပ်မတော်အကြောင်း..။


by Yan Aung on Thursday, July 26, 2012 at 2:30am 

ယနေ့ခေတ် လူငယ်များဟာ ကိုယ့်မြန်မာနိုင်ငံထဲမှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေထဲမှာ တပ်မတော်နဲ့ တိုက်ပွဲဖြစ်လေ့ရှိတဲ့ ကေအင်ယူ၊ ကေအိုင်အေ အက်စ်အက်စ်အေ နဲ့ အခြား လက်နကိုင်
တပ်ဖွဲ့အများစုကိုသာ သတိထားမိကြမှာပါ..။  မြန်မာနိုင်ငံဟာ တိုင်းရင်းသားလူမျိုးစုများပြားသလို တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များလည်း များပြားပါတယ်။ အဲဒီအထဲမှာ ငြိမ်းချမ်းရေးအရ ညှိလို့ရတဲ့ တပ်ဖွဲ့တွေ ရှိသလို တိုက်ပွဲဖြစ်နေတဲ့ လက်နက်ကိုင်တွေလည်း အများကြီးပါ။

Thursday, July 26, 2012

သစ်ထူးလွင် သတင်းစုစည်းမှု (၂၆-၇)


သစ်ထူးလွင်


26.07.2012 နေ့ဖတ်ရန်သတင်းများ


by Myanmar Journal on Wednesday, July 25, 2012 at 6:19pm ·

အာသံ လူမျိုးရေး အဓိကရုဏ်း ဖြစ်ပွား
အိန္ဒိယ အရှေ့မြောက် နယ်စပ်က ဘိုဒို တိုင်းရင်းသား တွေနဲ့ ရွှေ့ပြောင်း လာတဲ့ မွတ်ဆလင် ဘာသာဝင် တွေအကြား ၄ ရက်ကြာ တိုက်ခိုက်မှုမှာ သေဆုံးသူ ၃၅ ယောက် ထိ ရှိသွားပြီလို့ အာသံ ပြည်နယ် အာဏာပိုင် တွေက ဆိုပါတယ်။
ဗုဒ္ဓဟူး နေ့က အဓိကရုဏ်း ဖြစ်ခဲ့တဲ့ နေရာတွေမှာ ထောင်နဲ့ချီတဲ့ တပ်သားတွေ စပြီး ကင်းလှည့်တဲ့ အခါမှာ နောက်ထပ် အလောင်းတွေ ထွက်လာတယ်လို့ သိရပါတယ်။

ရိုဟင်ဂျာပြသနာ၊ လူ့ အခွင့်အရေးနှင့် အမျိုးသားဂုဏ်သိက္ခာ


by Aung Htoo on Tuesday, July 24, 2012 at 7:01pm ·

ရိုဟင်ဂျာပြသနာနှင့် ဆက်စပ်ပြီး ဒေါ်အောင်ဆန်းစုကြည်သည် နိုဘယ်ဆုနဲ့ မထိုက်တန်ကြောင်း လူသိရှင်ကြား စွပ်စွဲချက် ပေါ်ထွက်လာခဲ့သည်။
မနေ့ ကမှဖြစ်သော ဇူလိုင်လ ၂၃ ရက် နေ့ တွင် အယ်လ်ဂျာဇီးရား နိုင်ငံ တကာ ရုပ်သံလွှင့်ဌာနမှ ရိုဟင်ဂျာလူထုများ ဘ၀ပျက်နေကြသည့် ပုံများ၊ စခန်းအတွင်းနေထိုင်ရာ တွင်လည်း အကူအညီများ မရရှိ၍ စားရမဲ့သောက်ရမဲ့ ဖြစ်နေပုံ များ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ လှေဖြင့်ကူးပြေးရန် ကြိုးစားသော်လည်း အဆိုပါ နိုင်ငံရှိအာဏာပိုင်များက လက်မခံ ဘဲ ထမင်းထုပ်တယောက်တထုပ်ပေး၍ ရေထဲသို့  ပြန် မောင်းထုတ်လိုက်သဖြင့် အော်ဟစ်ငိုကြွေးကာ လှေပေါ်ပြန် တက်သွားကြရသည့် ပုံများကို အချိန်အတော်ကြာ ထုတ်လွှင့်ပြသခဲ့သည်။ 

စာမဖတ်သော စာရေးဆရာ…ဒီမိုကရေစီမသိသော ဒီမိုကရေစီဘက်တော်သား…..


by Thiha Soe on Tuesday, July 24, 2012 at 10:33pm ·


      ဂုဏ၀ုတ္တိ၊ ၀ရ၀ုတ္တိ..။ ဂုဏ=ဂုဏ်အားဖြင့်လည်းကောင်း၊ ၀ယ=အသက်အရွယ်အားဖြင့်လည်းကောင်း ရိုသေထိုက်သူကိုရိုသေပါ၏။
      လူကြီးဆိုသည်မှာ အသက်အရွယ်ကြီးတိုင်း လူကြီးမဟုတ်၊ လုပ်တဲ့ အလုပ်ကြီးမှ(တနည်း နာယကဂုဏ်နဲ့ ပြည့်စုံမှ) လူကြီးဟုသတ်မှတ်နိုင်သည်။ အသက်သာကြီးပြီးလုပ်တဲ့ အလုပ်ကမကြီး( အမျှော်အမြင် အတွေးအခေါ်မရှိ) ပါက မသေနိုင်လို့ ကြီးပြီးအိုနေသည့် လူအို ဟုသာဆိုရပေမည်။

Wednesday, July 25, 2012

သစ်ထူးလွင် သတင်းစုစည်းမှု (၂၅-၇)


သစ်ထူးလွင်


ဗိဿခေတ်နှင့် ယနေ့အမြင်

ဗိသနိုးခေတ်နှင့် ယနေ့အမြင်

ခရိုနီများရဲ့ ရှေ့ခရီး (မောင်ဝံသ-ပြောချင်လွန်းလို့)


by ပြည်သူ့ခေတ် on Tuesday, July 24, 2012 at 4:42am ·

အဘရာမိုဗစ်ခ်ျ မားဒေါ့ တက်ဆင်
ရုရှားနိုင်ငံက ခေတ်ပျက်သူဌေး၊ ချယ်လ်ဆီး ဘောလုံးအသင်းကို ၀ယ်ပြီး နာမည်ကြီးအောင်လုပ်ခဲ့သူ အဘရာမိုဗစ်ခ်ျအကြောင်း ကျွန်တော် နှစ်ကြိမ် သုံးကြိမ်လောက် ရေးခဲ့ဖူးတယ်။
အာဏာရသူတွေနဲ့ တည့်အောင်ပေါင်းပြီး သတင်းမီဒီယာလုပ်ငန်းတွေကို လက်ဝါးကြီးအုပ်၊ အဲဒီနောက် ပိုက်ဆံရရင် ပြီးရောဆိုပြီး လူပြိန်းပရိသတ်အကြိုက်သတင်းတွေနဲ့ လုပ်စားနေတဲ့ သြစတြေးလျပြည်ပေါက် သတင်းစာသူဌေးကြီး ရုပတ်မားဒေါ့ အကြောင်းလည်း ကျွန်တော် သုံးလေးကြိမ်ထက်မနည်း ရေးခဲ့ပြီးပြီ။

25.07.2012 နေ့ဖတ်ရန်သတင်းများ


by Myanmar Journal on Tuesday, July 24, 2012 at 5:35pm ·

ကျားထိန်းသိမ်းရေးစခန်း ခရီးသွားဝင်ခွင့်မပြု
အိန္ဒိယနိုင်ငံမှာ သဘာဝ အတိုင်းကျားတွေကို ထိန်းသိမ်း ထားပါတယ်
အိန္ဒိယနိုင်ငံမှာ သဘာဝအတိုင်း ကျားထိန်းသိမ်းတဲ့ စခန်းပေါင်း ၄၀ကျော်ရှိပြီး အခုအခါ ကမ္ဘာလှည့် ခရီးသွားတွေ အဲဒီကန့်သတ်ဇုံအတွင်း ဝင်ခွင့်မပြုတော့ဘူးလို့ တရားရုံးချုပ်က ဆုံးဖြတ်လိုက်ပါတယ်။
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေက အခုဆုံးဖြတ်ချက်ကို ကြိုဆိုလိုက်ပါတယ်။ ဒါပေမယ့် ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း အပေါ်ဘယ်လို ရိုက်ခတ်နိုင်တယ် ဆိုတာကိုလည်း အချို့ကစိုးရိမ်နေကြပါတယ်။

NLD ၏ ပထမဆုံးအဆိုဖြစ်သော "Good Governance ၊ Clean Government အဆိုကို စာဖတ်သူများထံ တပ်လှန့်ခြင်း။


by Yan Aung on Tuesday, July 24, 2012 at 10:25am

ဒီနေ့ EMG ရဲ့ သတင်းထဲမှာ ဖတ်လိုက်ရပါတယ်..။ NLD က ၂၅-၇-၂၀၁၂ မှာ တင်သွင်းမယ့် ပထမဆုံး အဆို အကြောင်းပါ..။ 
ပြည်သူ့လွှတ်တော်၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင်က တင်သွင်းမည့် အဆိုကို ယနေ့ အစည်းအဝေးတွင် မတင်သွင်း ဖြစ်တော့ဘဲ ဇူလိုင်လ ၂၅ ရက်နေ့ အစည်းအဝေးတွင် တွင်သွင်းရန် ရွေ့ဆိုင်းလိုက်ကြောင်း သိရပါသည်။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၄-၇)


သစ်ထူးလွင်


Tuesday, July 24, 2012

RULE OF LAW နှင့် ကျွန်ုပ်တို့တာဝန်


by cherrymyodaw on Monday, July 23, 2012 at 5:30pm ·

ရှေ့တန်းရောက်လာတဲ့ RULE OF LAW

လက်ရှိမြန်မာ့နိုင်ငံရေးအရွေ့တွင် မဏ္ဍိုင်ကြီးများဟန်ချက်ညီ ချီတက်နေသည်မှာ
အားရကျေနပ်ဖွယ်ရာအနေအထားတစ်ရပ်ဖြစ်သည်။ နိုင်ငံတော်သမ္မတဦးသိန်းစိန်၏
ယခုနောက်ပိုင်းမိန့်ခွန်းများတွင် လေးလေးနက်နက် ထည့်သွင်းပြောကြားလာသည့်
အကြောင်းအရာတစ်ရပ်မှာ RULE OF LAW ဖြစ်ကြောင်း သတိပြုမိသည်။ ဒီမိုကရေစီ၏
အနားသတ်ဝိညာဉ်မှာ ဥပဒေစိုးမိုးရေးဟူသော RULE OF LAW ဖြစ်နေသဖြင့်
မဏ္ဍိုင်ကြီးအားလုံးက အရေးတယူ နေရာပေးလာသည်မှာ ၀မ်းမြောက်ဖွယ်ရာ
ကောင်းသော်လည်း အမောင် တောင်မှန်း မြောက်မှန်းမသိသော နိုင်ငံရေးသမား
အချို့ကိုလည်း မျက်မြင်ကိုယ်တွေ့ မြင်တွေ့ကြားသိရသည်မှာလည်း အမှန်ပင်ဖြစ်သည်။

24.07.2012 နေ့ဖတ်ရန်သတင်းများ


by Myanmar Journal on Monday, July 23, 2012 at 5:01pm ·

အိုးပင်း ဂေါက်ရိုက်ပြိုင်ပွဲ Ernie Els ဗိုလ်စွဲ
သူဟာ US Open ကို ၁၉၉၄ ခုနှစ်နဲ့ ၁၉၉၇ ခုနှစ် တွေမှာ ဗိုလ်စွဲခဲ့ဖူးသူပါ
Royal Lytham & St Annes မှာ ကျင်းပနေတဲ့ အိုးပင်း ချန်ပီယံရှစ် ဂေါက်ရိုက် ပြိုင်ပွဲမှာတော့ တောင်အာဖရိက က Ernie Els အနိုင်ရ ဗိုလ်စွဲသွားပါတယ်။
ပထမပိုင်း တုန်းကတော့ သြစတြေးလျက အက်ဒမ် စကော့တ်က သတ်မှတ်ရိုက်ချက်ထက် ၁၁ ချက် လျှော့ရိုက်ပြီး ဦးဆောင်နေ ခဲ့တာ ဖြစ်ပါတယ်။
Related Posts Plugin for WordPress, Blogger...