Friday, August 31, 2012

အနောက်ဘက်တံတိုင်းသို့ လှမ်းမျှော်ကြည့်ခြင်း (၁၇/နောက်ဆုံးအပိုင်း)


by ငြိမ်းအေးအိမ် on Thursday, August 30, 2012 at 1:38pm ·

ဖေါ်ပြပါ အချက်အလက်များကို စုခြုံကြည့်လိုက်လျှင် ကျွန်တော်တို့နိုင်ငံသည် နိုင်ငံလုံခြုံရေးကို ထိပါးနေသော အချက်အလက်များကတစ်ဘက်၊ ၂၁ရာစု ကမ္ဘာ့အ၀န်းအ၀ိုင်းက တောင်းဆိုနေသော (အချို့တောင်းဆိုမှုများသည် အကျိုးစီးပွားအတွက် မျက်နှာဖုံးစွပ်ထားလေ့ရှိကြောင်းကိုလည်း သတိမူမိကြဖို့လိုပါမည်။) လူသားအခွင့်အရေးဆိုသည်က တစ်ဖက်ကြားတွင် ညှပ်မိနေသော အခြေအနေဖြစ်ကြောင်းသုံးသပ်ရပါလိမ့်မည်။

(၈)
ဤစာတမ်းကို 2012ခု ဂျူလိုင်လာ ပထမပတ်အကုန်တွင် (လိုအပ်လာသည်ဟုထင်မြင်ယူဆ၍) စတင်ရေးသား ပါသည်။

31.08.2012 နေ့ဖတ်ရန်သတင်းများ


by Myanmar Journal on Thursday, August 30, 2012 at 3:30pm ·

ပါရာလမ်ပစ်ပြိုင်ပွဲ ဝင်နွဲနေတဲ့ မြန်မာ
လန်ဒန်မြို့မှာ ကျင်းပနေတဲ့ ၂၀၁၂ ပါရာလမ်ပစ် ခေါ် မသန်စွမ်းသူတွေရဲ့ အိုလံပစ် ပြိုင်ပွဲကြီးမှာ နိုင်ငံတကာက အားကစား သမားတွေနဲ့ အပြိုင် မြန်မာ အားကစား သမား တွေလည်း ဝင်ရောက် ယှဉ်ပြိုင် နေကြပါတယ်။
မြန်မာအားကစား အဖွဲ့က ရေကူးမှာ ကိုနိုင်စစ်အောင် နဲ့ ပြေးခုန်ပစ်ဘက်မှာ ကိုဝင်းနိုင်က လှံတံပစ် ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ကြတာ ဖြစ်ပါတယ်။
ကိုနိုင်စစ်အောင်ဟာ ရေကူးမှာ ကမ္ဘာ့ အဆင့် ၉ မှာရှိနေပြီး အရှေ့တောင်အာရှ ပြိုင်ပွဲမှာ ရွှေတံဆိပ် ရရှိထားတဲ့ နိုင်ငံတကာ ပြိုင်ပွဲ တွေမှာ အောင်မြင်မှု ရထားတဲ့ အားကစား သမား တဦး ဖြစ်ပါတယ်။
အလားတူ ကိုဝင်းနိုင်ကလည်း အရှေ့တောင်အာရှ ရွှေတံဆိပ် ရရှိဖူးတဲ့ ဘေကျင်း ပါရာလမ်ပစ် မှာလည်း ယှဉ်ပြိုင်ဖူးတဲ့ အားကစား သမား တဦးဖြစ်ပါတယ်။

The Voice Daily Newsletter 30 August 2012 ။


by ကိုဝိုင် ဝိုင်ကေ on Thursday, August 30, 2012 at 7:37am

ABSDF ခေါင်းဆောင်ဟောင်း ပြန်တော်ပြန်စဉ် အနှိပ်စက်ခံ ကျောင်းသားဟောင်းများ
ရှင်းလင်းပွဲ ပြုလုပ်မည်  ။
  
ရန်ကုန်၊ သြဂုတ် ၃၀

  မြန်မာ တစ်နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ABSDF ခေါင်းဆောင်များ အဖြစ်တာဝန်ယူခဲ့သော ဒေါက်တာ နိုင်အောင်နှင့် အဖွဲ့ဝင် အချို့ မနက်ဖြန် မြန်မာနိုင်ငံသို့ ခေတ္တပြန်လာချိန်တွင် ညှပ်ပမ်းနှိပ်စက်ခံခဲ့ရသည်ဆိုသော မြောက်ပိုင်း ABSDF ကျောင်းသားဟောင်းများက ၁၉၉၂ ခုနှစ်တွင် ကချင်ပြည်နယ်၌ ဖြစ်ပွားခဲ့သော သတ်ဖြတ်မှုများ အကြောင်းရှင်းလင်းမည်ဖြစ်သည်။   အစိုးရ၏ ဖိတ်ကြားချက်အရ ဒေါက်တာနိုင်အောင် အပါအ၀င် အခြားအဖွဲ့ဝင် နှစ်ဦး နိုင်ငံအတွင်း ပြန်လည် ရောက်ရှိမည်ဖြစ်ပြီး မိုးသီးဇွန်က သန်ဘက်ခါတွင် အသီးသီး ရန်ကုန်မြို့တော်သို့ ရောက်ရှိမည် ဖြစ်သည်။

ရော်နယ်အောင်နိုင် နှင့် စမားညီညီတို့ ပြောတဲ့ ABSDF (မြောက်ပိုင်း) ကိစ္စ


အေးချမ်းဟိန်×မင်းမင်းလတ်(မြစ်မခ)
by Myit Makha Mediagroup on 30 Aug, 2012

ABSDFအဖွဲ့လက်နက်ကိုင်အဖွဲ့အစည်းအား ၁၉၈၈ခုနှစ်လူထုအုံကြွမှုဖြစ်ပွားပြီးနောက် နယ်စပ်သို့ ရောက်ရှိလာကြသည့် တိုင်းရင်းသားပေါင်းစုံပါ ၀င်သည့် ကျောင်းသားလူငယ်များဖြင့် ၄င်းနှစ်နိုဝင်ဘာလ(၁)ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။

Thursday, August 30, 2012

ဘယ်အတိုင်းအတာအထိ စွပ်စွဲ ပြစ်တင်ကြမည်လဲ



by
 ပြည်သူ့ခေတ် on Tuesday, August 28, 2012 at 11:24pm ·


၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီက နိုင်ငံတော် အာဏာအရပ်ရပ်ကို အစိုးရသစ်သို့ လွှဲပြောင်းပေးအပ်ပြီး မိမိတို့ အဖွဲ့ကို ဖျက်သိမ်းလိုက်ကြောင်း ကြေညာခြင်းနှင့်အတူ မြန်မာနိုင်ငံ၌ နှစ်ပေါင်းများစွာ ကျင့်သုံးခဲ့သည့် အာဏာပိုင်စနစ် ချုပ်ငြိမ်း၍ အာဏာပြိုင်စနစ် စတင်ခဲ့သည်။

ခေတ်စကား၊ ခေတ်တရား၊ ခေတ်ဓား နားမလည်ရင် နားပြတ်လိမ့်မယ် လည်ပြတ်မယ် ။



by
 ကိုဝိုင် ဝိုင်ကေ on Thursday, August 30, 2012 at 6:55am



ဒီနေ့ ကျုပ်အသက် ၈၃ နှစ် ရှိပြီ။ နှစ်ပေါင်း ၆ဝကျော် ၇ဝ နီးပါး လောက်က အကြောင်းတွေကို တစ်ခါ တစ်ခါ ပြန်တွေးမိတယ်။ တစ်ပြည်လုံး ယူကျုံးမရ ဖြစ်ခဲ့ရတဲ့နေ့။ အမှောင်ကြီး ကျခဲ့တဲ့နေ့။ ကျုပ် အသက် ၁၇ နှစ်သားလောက်ရှိပြီ။ တက္ကသိုလ်ဝင်တန်း တက်နေတယ်။

သစ်ထူးလွင် သတင်းစုစည်းမှု (၃၀-၈)

သစ်ထူးလွင်



အနောက်ဘက်တံတိုင်းသို့ လှမ်းမျှော်ကြည့်ခြင်း (၁၃)



by
 ငြိမ်းအေးအိမ် on Tuesday, August 28, 2012 at 8:49am ·

(၇)
            ရခိုင်ပြည်နယ်၏ နှစ်ပေါင်းများစွာ မငြိမ်းမချမ်းဖြစ်နေမှုသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နယ်ချင်းထိစပ် နေခြင်းသည်လည်း အရေးပါသောအကြောင်းအချက်တစ်ရပ်အဖြစ်ပါဝင်နေသည်။ နှစ်နိုင်ငံနယ်စပ်မျဉ်းခြင်း ထိစပ် နေသော အလျားသည် (၁၂၅)မိုင်ရှိသည်။ ထိုအနေအထားတွင် နိုင်ငံနှစ်ခု၏ အခြေအနေ နှိုင်းယှဉ်ကြည့်ဖို့လိုပေမည်။  မြန်မာနိုင်ငံသည်ဧရိယာ(261,227)စတုရန်းမိုင်ရှိပြီး၊ ဘင်္ဂလားဒေ့ရှ်သည် (56,977)စတုရန်း မိုင်သာရှိသည်။ မြန်မာနိုင်ငံ ထက်(4.58)ဆပိုငယ်သော တိုင်းပြည်ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်နှင့် ဆက်စပ်ထားသော မောင်တောမြို့နယ်သည် ဧရိယာ (540 Sq mi) သာရှိသည်။  မြန်မာ့လူဦးရေ သန်းခြောက်ဆယ် ခန့်ရှိချိန်တွင် ဘင်္ဂလား ဒေ့ရှ်သည် 2011 သန်းခေါင် စာရင်းအရ သန်းပေါင်း တစ်ရာ့ငါးဆယ်ခန့်ရှိနေပြီဖြစ်သဖြင့် မြန်မ့ာလူဦးရေထက်(2.5)ဆ ပိုများနေပြီဖြစ်သည်။

30.08.2012 နေ့ဖတ်ရန်သတင်းများ


by Myanmar Journal on Wednesday, August 29, 2012 at 6:45pm ·

နိုင်ငံရေးအမှုလိုက် ရှေ့နေကို ထောင် ၆ လ ချ
မြန်မာနိုင်ငံက တရားစီရင်ရေးအပေါ် ထောင်ပြဝေဖန်မှုများ ဆက်ရှိနေ
ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံး ကနေ နိုင်ငံရေး အကျဉ်သားတွေ အတွက် ရှေ့နေလိုက်ပေးဖူးတဲ့ ရှေ့နေတစ်ဦးဖြစ်သူ ဦးစောစောကျော်မင်းကို တရားရုံး အနှောက်အယှက်ပြုမှုနဲ့ ဗုဒ္ဓဟူးနေ့က ထောင်ဒဏ် ၆ လ ချမှတ်လိုက်ပါတယ်။

အံ့သြလွန်းလို့ သေတော့မယ်


by Salai Ayehtan Ayete on Wednesday, August 29, 2012 at 6:33am 

By ကောင်းဆက်နိုင် 
အပြီးအပိုင် နှုတ်ဆက်ပါတယ်

ဒီလကစပြီးစာပေစိစစ်ရေးရပ်ဆိုင်းလိုက်ပြီဆိုတဲ့ မင်္ဂလာသတင်း ကြားရပါတယ်။ တကယ်တော့ စာပေစိစစ်ရေး အပါအ၀င် ဆင်ဆာဆိုတာဟာအာဏာရှင်တို့၏ မင်းမြောက်တန်ဆာငါးပါးထဲမှာ အပါအ၀င်ဖြစ်ပါတယ်။ ဘယ်လိုမူဝါဒနဲ့ ရည်ရွယ်ချက်အကြောင်းပြပြအာဏာရှင်တို့ရဲ့ အာဏာကိုမထိပါးဖို့ကအဓိကပါပဲ။
ဒီမိုကရေစီနဲ့ ဆင်ဆာဆိုတာလည်းဘယ်လိုမှ မအပ်စပ်၊ မဆီလျော်တဲ့ ဆန့်ကျင်ဘက် အရာတွေပါပဲ။ ဆင်ဆာမရှိရင် ယဉ်ကျေးမှု ပျက်စီးကုန်မယ်လို့ ခြောက်လှန့်မှုတွေ သောကပွားတာတွေလည်းရှိနိုင်ပါတယ်။ ဒါပေမဲ့ မစိုးရိမ်ကြပါနဲ့၊ ဆင်ဆာကိုအစဉ်သာ နှုတ်ဆက်လိုက်ကြပါတော့လို့၊ ရဲရဲဝံ့ဝံ့ ပြတ်ပြတ်သားသား၊ အပြီးအပိုင်သာထားရစ်ခဲ့ကြပါလို့ တိုက်တွန်းချင်ပါတယ်။

Wednesday, August 29, 2012

သစ်ထူးလွင် သတင်းစုစည်းမှု (၂၉-၈)


သစ်ထူးလွင်


သဘာဝဘေးအန္တရာယ် ကျရောက်မှုကြောင့် ပျက်စီးဆုံးရှုံးမှု အဆိုးဝါးဆုံး ၁၀ နိုင်ငံထဲတွင် မြန်မာနိုင်ငံသည် အဆင့် ၄ နေရာ၌ ရှိနေကြောင်း



by
 Zegyo Mandalay on Tuesday, August 28, 2012 at 2:48pm ·

ဧရာဝတီ| August 28, 2012

မိုးရွာသွန်းမှု များခြင်းကြောင့် မြန်မာနိုင်ငံ အောက်ပိုင်းနှင့် အထက်ပိုင်းဒေသတချို့ ရေလွှမ်းမိုးမှု ကြုံတွေ့နေရချိန်တွင် အလယ်ပိုင်းဒေသများမှာ မိုးခေါင်နေပြီး ဒေသခံများ၊ တောင်သူလယ်သမားများ အခက်အခဲ ကြုံတွေ့လျက်ရှိသည်။

29.08.2012 နေ့ဖတ်ရန်သတင်းများ


by Myanmar Journal on Tuesday, August 28, 2012 at 8:53pm ·

ပါလက်စတိုင်း ထောက်ခံသူ အမေရိကန် အမျိုးသမီး သေဆုံးမှု ဆုံးဖြတ်ချက်ချ
ပါလက်စတိုင်းတွေဘက်က ထောက်ခံ လှုပ်ရှားခဲ့သူ Rachel Corrie
လွန်ခဲ့တဲ့ ၉နှစ်က ဂါဇာဒေသမှာ ပါလက်စတိုင်း ထောက်ခံအားပေးသူ အမေရိကန် အမျိုးသမီး မြေတူးစက် ကြိတ်မိပြီး သေဆုံးခဲ့ရမှုဟာ ဝမ်းနည်းစရာ မတော်တဆ ဖြစ်ရပ် ဖြစ်တယ် လို့ အစ္စရေး တရားရုံးက ဆုံးဖြတ်လိုက် ပါတယ်။

ရခိုင်အရေးအခင်း နှင့်ပတ်သက်၍ နိုင်ငံခြားပညာရှင်တဦး၏အမြင်-အင်တာဗျူး၊ အပိုင်း (၂)



by
 Yangon Press International 
on Tuesday, August 28, 2012 at 1:53am 

``ကုလသမဂ္ဂနဲ့ နိုင်ငံ တကာလူမှုအဖွဲ့အစည်းတွေ က ရိုဟင်ဂျာတွေကို ခုခံနိုင်စွမ်းအားနည်းတဲ့ အစု အဖွဲ့အဖြစ်မြင်ပြီး မျက်နှာသာပေးတဲ့အခါမှာ သာ မန်အရပ်သူ၊ အရပ်သား ရခိုင်တွေဟာ ငါတို့တော့ တစ်ခါထပ် ရှုံးရပြန်ပြီဆိုပြီး ဒေါသထွက်ကြတာပဲ။´´

ဥာဏ်လင်း နှင့် ဇေယျာလှိုင်တွေ့မေးသည်။

(မော်ကွန်းမဂ္ဂဇင်း အမှတ် - ၁ တွင် ဖော်ပြပါရှိသော တွေ့ဆုံမေးမြန်းခန်းအား ပြန်လည်ဖော်ပြခြင်းဖြစ် ပါသည်။)
ဒေါက်တာ ဂျာ့က်ပီ၊လိုက်ဒါ

MAWKUN -- အနာဂတ်မှာ အလားတူပဋိပက္ခတွေ မဖြစ်အောင် ဘယ်လိုကာကွယ်ရင် အကောင်းဆုံးဖြစ်မလဲ။

LEIDER            - လောလောလတ်လတ်ပြဿနာက ဖြေရှင်းလို့ရသေးတဲ့ ပုံမပေါ်သေးဘူး။ အခုမှစတာပါ။

ခေတ်မောင်း လစဉ်ထုတ် အွန်လိုင်းစာစောင် အတွဲ (၁) ၊ အမှတ် (၄) ထွက်ပါပြီ။


Nyein Chan Aye

"နိုင်ငံများ ကျဆုံးရခြင်း အကြောင်း (၁၀) ချက်" ၊ "စစ်အာဏာရှင်စနစ်ကို ဘာကြောင့် ဆန့်ကျင်သင့်သလဲ" ၊ "တရားဝင် တဲ့ အာဏာရှင်" ၊ "အာဏာရှင်ရဲ့ ထိတ်တန်း လက်နက် သုံးမျိုးအကြောင်း" ၊ "အာဏာရှင် စနစ် ရဲ့ ဝိသေသ လက္ခဏာများ" စတဲ့ နိုင်ငံရေး ဆောင်းပါးများ အပါအဝင် အတွေးအခေါ်၊ နိုင်ငံတကာ၊ ကဗျာ၊ ဓာတ်ပုံ ကဏ္ဍ စုံလင်စွာ ပါဝင်ပါတယ်။
Download လုပ်ပါ၊ ဖတ်ပါ၊ ဆင်ခြင်ပါ၊ သုံးသပ်ပါ၊ ပြန်လည် မျှဝေပါ။

http://www.scribd.com/doc/104138024/Khit-Maung-Vol1-No-4


www.scribd.com
Khit Maung Monthly Online Journal Vol-1, No-4 ခေတ်မောင်း လစဉ်ထုတ် အွန်လိုင်း စာစောင် အတွဲ (၁) ၊ အမှတ် (၄) www.khitmaung.com/ ဗမာ ( မြန်မာ) ပြည် နှင့် ကမ္ဘာ ကို ချိတ်ဆက် နိုင်ရန် “ခေတ်မောင်း” ကို ပြည်တွင်း၊ ပြည်ပ ရှိ လူငယ်များ ပူးပေါင်း ရေးသား၊ ထုတ်ဝေ၊ အွန်လိုင်း ဖြန့်ချီသည်။

မွေးရာပါအခွင့်အရေးကိုပဲလိုချင်တယ်၊



လရောင်ငတ်လို့ သေမယ့်မသာ


by Mg Naythan on Monday, August 27, 2012 at 7:27am 

“စပါးပင်တွေ လေယူရာတိမ်း ယိမ်းနွဲ့လို့နေ ~~~ကိုယ်လာရင်ကြိုမှာလားလို့ အတည်~~~”
ကြားဖူးတဲ့သီချင်းတစ်ပိုင်းတစ်စကို တိုးတိုးဖွဖွဆိုကြည့်လာတာ။နူးညံ့ပျော့ပျောင်းနေတာကို ကိုယ်တိုင် အံ့သြနေမိသေး။အာ ကျားတစ်ကောင်တောင်မှ သားကောင်ကိုဖမ်းယူစားသောက်အပြီး ဂူအပြန်မှာ နူးညံ့နေမှာပဲ မဟုတ်လား။နေပါဦး ကျားတွေမှာ မိသားစုဆိုတဲ့သိစိတ် ရှိလို့လား။

နှစ် ၆၀ မြန်မာ့သမိုင်း



ဟိုးငယ်ငယ်ကတည်းက ခေါင်းဆောင်ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ခဏခဏအသင်ခံခဲ့ရဖူးတာပေါ့။မူလတန်းကျောင်းသားဘ၀၊အလယ်တန်းကျောင်းသားဘ၀၊ အထက်တန်းကျောင်းသားဘ၀တွေမှာ နိုင်ငံတကာမှာထင်ရှားခဲ့တဲ့ ခေါင်းဆောင်များအကြောင်းကို အသင်ခံခဲ့ရဖူးတယ်ဆိုတာမှတ်မိနေတယ်။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၈-၈)


သစ်ထူးလွင်


Tuesday, August 28, 2012

ခရောင်းလမ်းကပန်းပွင့်များ


by UZa Wana on Monday, August 27, 2012 at 5:36pm 

အရှင်ဇဝန (နိုင်ငံရေး အကျဉ်းသားဟောင်း )
 
Skypeကနေ ရထားတဲ့ပုံလေးပါ

မြန်မာပြည်၏ နိုင်ငံရေးခရီးကား ကြမ်းတမ်းလှ၏။ လူအများ ကမ္ဗည်းတပ်ကြသည်ကား မုန်တိုင်းထန်သော ခရီးကြမ်းတဲ့ ။ အခြားကြမ်းတမ်းသော လမ်းတွေမရှိမဟုတ်။ ရှိပင်ရှိငြားသော်လည်း ကိုယ်ကမကျွမ်းဝင်။ ဒီတော့ ကိုယ်ကျွမ်းဝင်ရာကိုသာရွေးပြောရတော့မည်။

“ရိုဟင်ဂျာဆိုတာ တိုင်းရင်းသားနာမည် မဟုတ်ဘူး။ ခေါ်ဝေါ်စရာနာမည်သက်သက်ပါပဲ” – talk with Dr. Jacques P. Leider – part one


by အား မာန် on Monday, August 27, 2012 at 5:14pm ·

Yangon Press International သြဂုတ် ၂၇၊ ၂၀၁၂

ရခိုင်အရေးအခင်း နှင့်ပတ်သက်၍ နိုင်ငံခြား ပညာရှင်တဦး၏ အမြင်-အင်တာဗျူး၊ အပိုင်း (၁)ဥာဏ်လင်း နှင့် ဇေယျာလှိုင်တွေ့မေးသည်။

“ပဋိပက္ခကအသစ်မဟုတ်ဘူး။ ခက်ခဲရှုပ်ထွေးတယ်။ ပြီးတော့ ပိုဆိုးတဲ့အနေအထားထိ ရောက်သွားတယ်” 
မကြာသေးခင်က ရခိုင်ပြည်နယ်မှာ အုပ်စုလိုက် တိုက်ခိုက်မှုများဖြစ်ပွားခဲ့သောကြောင့် ဒေသတွင်း တည်ငြိမ်မှုပျက်ပြားကာ လူပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဘ၀ရောက်ခဲ့ရသည်။ အစိုးရစာရင်းဇယားများအရ လူပေါင်း ၈၀ နီးပါး သေဆုံးကာ ၆၄,၀၀၀ ၀န်းကျင် အိုးအိမ်မဲ့ဘ၀ရောက်ခဲ့ရသည် ဟုဆိုသည်။

ခေတ်သစ်ဖွံ့ဖြိုးရေးပါရာဒိုင်း ပါမောက္ခ ဖူကူယားမား၏ ပို့ချချက် နှင့် စာရေးသူ၏အတွေးအချို့


by cherrymyodaw on Monday, August 27, 2012 at 2:06pm ·

အပြောင်းအလဲ၏ လတ်တလောအရသာ

မြန်မာပြည်ပြောင်းပါပြီ။ ဤအပြောင်းအလဲကို၊ ပြည်တွင်းပြည်ပရှိ၊ သဘောထားတင်းမာသူ အချို့ကပင်၊
သိမှတ်လက်ခံလာကြပါပြီ။ ယခင်ကဆိုလျှင်၊ လူအရှင်လတ်လတ်မဆိုနှင့်၊ သူတို့စာတွေကိုပင်၊
မရဲတရဲ မိတ်ဆက်နေကြရသော၊ ကမ္ဘာသိ ပညာရှင်တွေ၊ ဝင်လာ မဆဲ၊ တသဲသဲ ရှိလာသည်။
ယခုနှစ်ပိုင်း ၂၀၁၂ ကိုပဲကြည့်။ ထောမတ်ကရိုသာ၊ မန်မိုဟန်ဆင်း၊ ပေါ(လ)ကိုလီယာ၊ လာရီဒိုင်းမွန်း၊
အခု ဖရန်စစ် ဖူကူယားမား …။ အားလုံးမှာ စာရေးသူ ဒိုင်ခံမိတ်ဆက်ပေးနေသည့် ပညာရှင်တွေချည်း …။
သူတို့စာတွေ ဖတ်ရင်း၊ အဝေးက ကြည်မော နေရသူအနေနှင့် သူတို့နှင့်တွေ့ချင်ဆုံချင်သည်။
မေးချင် မြန်းချင်သည်။ ကြားချင် နာချင်သည်။ သို့တစေ၊ ဖိတ်စာမရ၍၊ အကုန်လုံးနှင့်တော့ တွေ့ခွင့်မရ။
သည်တစ်ခါ၊ ဖူကူယားမားကိုတော့၊ မင်္ဂလာမြန်မာ ဇနီးမောင်နှံ ကျေးဇူးကြောင့်၊ တွေ့ခွင့်ဆုံခွင့်ရသည်။
သူ့ပို့ချချက်ကို ကြားနာခွင့်ရသည်။ အရတော်လေစွ။ ကျေးဇူးအထူးပါ မင်္ဂလာ မြန်မာ …။

28.08.2012 နေ့ဖတ်ရန်သတင်းများ


by Myanmar Journal on Monday, August 27, 2012 at 6:16pm ·


ရခိုင်ပြည်ပဋိပက္ခ လှုံ့ဆော်မှုနဲ့ ကုလ၀န်ထမ်းသုံးဦးထောင်ချခံရ
ရခိုင်ပြည်နယ်အတွင်း ဇွန်လတုန်းက ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေမှာ ပါဝင်ပတ်သက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲ ချက်တွေနဲ့ ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ နိုင်ငံတကာ NGO ၀န်ထမ်းသုံးဦးကို မြန်မာအစိုးရက ပြစ် ဒဏ် စီရင်လိုက်ပြီဖြစ်ပါတယ်။

အာဏာရှင်စနစ် ရဲ့ ဝိသေသ လက္ခဏာများ Dictatorship and its Characteristics


by Nyein Chan Aye on Monday, August 27, 2012 at 6:15pm 


အာဏာရှင် စနစ်ကို အဓိပ္ပာယ် ဖွင့်ဆိုရင်  အလွယ်ကူဆုံး အနေနဲ့ လူ ပုဂ္ဂိုလ် တစ်ဦး တစ်ယောက် (သို့) အဖွဲ့အစည်း တစ်ခု (သို့) အုပ်စု တစ်စု က ကိုယ်ကျိုးတစ်ခုတည်း အတွက် တိုင်းပြည်မှာ အဓမ္မ အုပ်ချုပ်ခြင်းလို့ ဖွင့်ဆိုနိုင်ပြီး ဒီမိုကရေစီ စနစ် ဆိုတာ ကိုတော့ အာဏာရှင်စနစ် ရဲ့ ပြောင်းပြန်၊ တိုင်းပြည်က လူအားလုံး အကျိုးအတွက် တိုင်းပြည်ကို လူထု က တရားမျှတ၊ ဓမ္မ နည်းဖြင့် အုပ်ချုပ်ခြင်း လို့ ဆိုနိုင်ပါတယ်။

"ကျနော်တို့ သေကြည့်ကြရအောင်"


                           
   
   လူတစ်ယောက်ရဲ့တန်ဖိုးကို သူသေသွားမှ သိကြလိမ့်မယ်လို့ ကျနော်တို့ ပြောလေ့ရှိပါတယ်။ တချို့က “ငါမရှိမှ ငါ့တန်ဖိုးကို သိလိမ့်မယ်”၊ “ငါသေမှ ငါ့တန်ဖိုးကို သိလိမ့်မယ်” စသဖြင့် ပြောဆိုလေ့ရှိကြပါ တယ်။ ဒါဟာ အသက်ရှင်စဉ် တန်ဖိုးထားရကောင်းမှန်း မသိကြသူတွေအတွက် သတိပေးတဲ့စကားလည်း ဖြစ်ပါ တယ်။ ဒါပေမယ့် အဲဒီရည်ရွယ်ချက်ထက် ကိုယ်ရည်သွေးချင်လို့ ပြောဆိုကြတာက ပိုများပါတယ်။

အနောက်ဘက်တံတိုင်းသို့ လှမ်းမျှော်ကြည့်ခြင်း (၁၂)



by
 ငြိမ်းအေးအိမ် on Monday, August 27, 2012 at 10:07am ·

1961 ခုနှစ်တွင် မေယုခရိုင်အုပ်ချုပ်ရေးဖွဲ့စည်းပြီးနောက် ထိုးစစ်များဆင်နွဲခဲ့ရာ၊ နှစ်လအကြာတွင် ဘူးသီးတောင် တောင်ပိုင်း မူဂျာဟစ်ပါတီဥက္ကဌ “ရော်ဘီဟူလာ”၊ ဒုဥက္ကဌ“မော်စတော်ဖီ”နှင့် အဖွဲ့ဝင်290ကျော် လက်နက်ချခဲ့ရာမှ မူဂျာဟစ်တို့ အင်အားလျှော့နည်းသွားခဲ့သည်။
1962ခုနှစ် ဗိုလ်ချုပ်နေ၀င်းအာဏာရချိန်နောက်ပိုင်းတွင် ရိုဟင်ဂျာအဖွဲ့သည် မြေအောက်အဖွဲ့အစည်းအဖြစ် ပြောင်းလဲသွားခဲ့သည်။ “ခွဲထွက်ရေး”တောင်းဆိုချက်များ ကျယ်ကျယ်လောင်လောင်လုပ်လာကြပြန်သည်။
1966 ခုနှစ်ခန့်တွင် “ကာဆင်”၏ မူဂျာဟစ်လက်ကျန်မွတ်ဆလင်များ ပြန်လည်လှုပ်ရှားလာကြပြန်သည်။ ယခင် က မွတ်ဆလင်ဘာသာရေး ကြွေးကြော်သံဖြင့် “ဂျီဟတ်”စစ်ပွဲဆင်နွဲရန် လှုံ့ဆော်စည်းရုံးရေး မအောင်မြင်သည့်အခါ၊ နည်းဗျူဟာသစ်များချမှတ်ဆောင်ရွက်လာကြသည်။

အိမ်မက်များ မွေးဖွားပေးမည့် တိုင်းပြည် ( ၀ါ ) မြန်မာပြည်




by Burma Thwe on Monday, August 27, 2012 at 8:53am 

မြန်မာနိုင်ငံကို ထူးခြားလှပသည့် သဘာဝ အလှတရားတို့နှင့် ပြည်စုံသော ၊ လေ့လာချင်စရာ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တို့ဖြင့် ပြည့်နှက်နေသော ၊ ဖော်ရွေ ယဉ်ကျေးကာ  ရိုးသာချစ်ခင် စရာ လူများ စုဝေးနေထိုင်သော ၊ လတ်ဆတ်သော အသီးအနှံ ၊ အသားငါးတို့ဖြင့် ချက်ပြုတ်စီမံထားသော အရဿာရှိသည့် ဟင်းလျာများကို စားသုံးနိုင်သော ၊ နိုင်ငံ တ၀န်းလုံး တည်ငြိမ်အေးချမ်းကာ ခေတ်မှီဖွံ့ဖြိုး တိုးတက်သည့်ပုံသဏ္ဍန် ၊ရင်းနှီးမြုပ်နှံမှုများ ပြုလုပ်ရန် အကောင်းမွန်ဆုံးသော နေရာ ၊

ကြောက်ရွှံ့ခြင်းနဲ့  စစ်ခင်းခဲ့တယ်


by Robina Lwin on Monday, August 27, 2012 at 7:17am 

    
    မေမေရဲ့ မျက်လုံးဟောက်ပက်ကြားက မျှော်လင့်ချက်တွေကို သမီး ဖျက်
ခဲ့မိတယ်မေမေ..
နောက်ဆုံးရလဒ်ကတော့ မနာလို ၀န်တိုတက်တဲ့ ၀ံပုလွေ ကြားမှာ ရတက်ပွား
လို့ .ဗျာများခဲ့ရုံလေးနဲ့ ..အဆုံးမဲ့ ခရီးကို မျက်စောင်းဒဏ်အောက်ကဘဲ မာန်
စောင်းထက်ခဲ့ရပါတယ်..မေမေ

သစ်ထူးလွင် သတင်းစုစည်းမှု (၂၇-၈)


သစ်ထူးလွင်


Monday, August 27, 2012

ခရီးမတ်တတ်လမ်းခုလပ်၌


by UZa Wana on Monday, August 27, 2012 at 12:03am 


ဆရာမင်းသုဝဏ်၏ သူ့မှာတမ်းကဗျာကို ဟိုးအရင်က အခါခါဖတ်ပြီး အခါခါ ခံစားဘူးပါသည်။ ယခုဒီကဗျာ ကို မရွတ်ဆိုချင်ပါ။ ရွတ်ဆိုလိုက်တိုင်း ရင်နင့်ရသော အဖြစ်က နှလုံးအိမ်ကို လာလာ တိုးဝှေ့နေသည်။ တိုးဝှေ့ ထိခိုက်နှိုင်လောက်သော တကယ့်အဖြစ်အပျက်က ကိုယ့်အတွက် ဖြစ်ထွန်းနေပြီ ။

ကိုမိုးသီးဇွန် ဖြေရှင်းချက်


မြောက်ပိုင်းသတ်ဖြတ်မှုအပေါ် ကိုနိုင်အောင် အဖွဲ့မှာသာ တာဝန်ရှိကြောင်း အချက်အလက်များ
(မတ်လ ၂၈ ရက်၊ ၂၀၁၂)
ရဲဘော်များနှင့် မိတ်ဆွေများ ခင်ဗျား
မြောက်ပိုင်းကိစ္စကို ကျနော် သိပ်မပြောလိုတော့သော်လည်း ကိုနိုင်အောင် ရဲ့ မတ်လ ၂၅ ရက်၊ ၂၀၁၂ ခုနှစ် နေ့စွဲပါ စာ မှာ အေဘီအက်စ်ဒီအက်ဖ် မကွဲခင်က ကျနော်က ဘာညွှန်ကြားခဲ့သလဲ မသိပါလို့ ကောက်ချက်ဆွဲထားပြန်သဖြင့် ဒီဖြစ် ရပ်ကို မသိသူများ အနေနဲ့ ဖြစ်ရပ်မှန်အပေါ် သို့လောသို့လော ဖြစ်ဖွယ် သူရေးထားတဲ့အတွက် ကျနော့် အနေနဲ့ ရှင်းလင်း တင်ပြဖို့ လိုလာပါတယ်။

လုံးဝပါဝင်ပတ်သက်မူ မရှိတော့ပါကြောင်း အကြောင်းကြားအပ်ပါသည်....


by အတာ လင်း on Sunday, August 26, 2012 at 12:02pm ·

ကျမတို့ဝါရှင်တန်ဒီစီမှာ အန်တီစုနှင့် မြန်မာမိသားစုများနင့် တွေဆုံပွဲလုပ်ရန်အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ တာဝန်ခံမှဒေါ်နီနာ (သခင်အုန်းမြင့်) သမီးဆိုသူအား တာဝန်ပေးအပ်ခဲ့ပါတယ်
အဲဒီမတိုင်ခင်ထဲက ကျနော်တို့မြန်မာအသိုင်းအဝိုင်းမှ ဝိုင်းဝန်းကူညီရန်ပြင်ဆင်ထားပါတယ် ကျနော်ဆိုရင် ၁၉၉၂ ထဲကDCမှာ မြန်မာအရေးလူပ်ရျားမူတွေမှာမလွတ်တန်းလူပ်ရှားခဲ့ပါတယ် ကြရာတာဝန်ထမ်းဆောင်ခဲ့ပါတယ် ယနေ့ထိပါ...
ဒါပေမဲ့ဒီအစီအစဉ်စထဲက ဒေါ်နီနာနင့် အပေါင်းပါတွေဟာလူတွေကို အစည်းဝေးခေါ်ပြီး မြန်မာမိသားစုများမှ ဆွေးနွေမှုများကို လေးစားမူမရှိဘဲ သူမနင့်လူနည်းစု အပေါင်းပါများနင့်သာ ဆုံးဖြက်ဆောင်ရွက်ခဲ့ပြီး လိမ်လည်..မရိုးသားမူများကို လုပ်ဆောင်နေပါတယ်..

27.08.2012 နေ့ဖတ်ရန်သတင်းများ


by Myanmar Journal on Sunday, August 26, 2012 at 7:44pm ·

အာကာသယာဉ်မှူး အမ်းစထရောင်းအတွက် ဂုဏ်ပြုပွဲတွေ ကျင်းပ

လမင်းကြီးက ပြုံးပြနေတာကို ကြည့်ပြီး နီးလ်ကို သတိရလိုက်ပါ
အမေရိကန် ပြည်ထောင်စုမှာ မနေ့က ကွယ်လွန်သွား ခဲ့တဲ့ လကမ္ဘာ ပေါ် ပထမဆုံး ခြေချခဲ့သူ အမေရိကန် အာကာသ ယာဉ်မှူး နီးလ် အမ်းစထရောင်း အတွက် ချီးကျူး ဂုဏ်ပြုပွဲတွေ အကြီးအကျယ် ပြုလုပ်နေ ပါတယ်။

ဇာတ်သိမ်းခန်းကိုကောင်းစေချင်တယ်၊


by Ko Oo on Monday, February 20, 2012 at 8:36am 

ABSDF ကောက်ကြောင်းများ(1)
ကိုကိုဦး
19th Febuary, 2012

ရှစ်ဆယ့်ရှစ်အရေးအခင်းအပြီး၊အတောက်အပြောင်ဆုံးသောတော်လှန်ရေးအဖွဲ့အစည်းဆိုရင်
ABSDF ဟာနံပတ်တစ်ဖြစ်ခဲ့တယ်၊၁၉၉၀ခုနှစ်ရွေးကောက်ပွဲအမတ်မင်းများ၏စင်ပြိုင်အစိုးရ
ပေါ်လာပြီးသည့်နောက်ပိုင်း၊ ABSDF ဟာ၊အနာဂတ်နိုင်ငံရေးကိုမျှော်ကိုးသောနိုင်ငံရေးသမား
များ၊တကိုယ်တော်ကိုယ်ကျိုးစီးပွါးကိုဦးစားပေးသောသူတို့၏ချနင်းသွားသောလှေကားထစ်
များဖြစ်ခဲ့ရတယ်၊

မာရသွန် ဇွဲ ဆု


by Robina Lwin on Sunday, August 26, 2012 at 8:33am 

              
   ခေတ်ပျက်တစ်ခုမှာ ..ကိုယ့်သဘောဆန္ဒအတိုင်း..မျက်နှာငယ်နဲ့ 
လေးဘက်ထောက်ခဲ့ကြတဲ့ ဘ၀ကို..မေ့……ခေတ်ပြောင်းလို့  ခေါင်းထောင်နိုင်
တော့…ဟိုမှာဘက်ကမ်းမှာ…ရှားရှားပါးပါး သောက်ခဲ့ စားခဲ့ရတဲ့..ထမင်းတစ်လုပ်
နဲ့ ရေတစ်မုတ်ကို…ပြန်ဟောက်..မောက်မောက်မာမာ..ပါဝါ ..ပြလိုက်ကြတာ…
အပြိုင်အဆိုင်..အနိုင်ပိုင်းနေကြသေး...

သစ်ထူးလွင် သတင်းစုစည်းမှု (၂၆-၈)

သစ်ထူးလွင်



Sunday, August 26, 2012

ထိုင်းရောက်ရွှေပြောင်း မြန်မာအလုပ်သမားများအကြောင်း တစေ့တစောင်း



မြန်မာနိုင်ငံမှ ဈေးအသက်သာဆုံးသော ပြည်ပထွက်ခွာမှု. (တရားမ၀င်)များတွင် မြန်မာနိုင်ငံသား အများဆုံး ၀င်ရောက်လုပ်ကိုင်လျှက်ရှိသော နိုင်ငံမှာ ထိုင်းနိုင်ငံပင်ဖြစ်သည်။ ထိုင်းနိုင်ငံသည် မြန်မာ နိုင်ငံနှင့် နယ်မြေခြင်းထိစပ်လျှက် ရှိသော အိမ်နီးခြင်းနိုင်ငံတစ်ခုဖြစ်သည်အားလျှော်စွာ မြန်မာနိုင်ငံ သားတို. တရားဝင် (သို.)တရားမ၀င် ၀င်ရောက်အလုပ်လုပ်ကိုင်မှု.မှာလဲ မြန်မာ့အလုပ်သမား အရေး စောင့်ကြည့်သူတို.ဧ။် ခန်.မှန်ချက်ပမာဏ လူဦးရေ (၂)သန်းနီးပါးဖြစ်သည်။

မူဝါဒဆိုင်ရာထုတ်ပြန်ကြေညာချက် အမှတ် ၁/၂၀၁၂

မူဝါဒဆိုင်ရာထုတ်ပြန်ကြေညာချက် အမှတ် ၁/၂၀၁၂

That's Our Bamar (2)


  
တရုတ်နိုင်ငံ တောင်ပိုင်းက နေနန်ကျောင်နဲ့ မွန်ဂို နှိပ်စက်လို့ ပြေးလာ ကြရင်း၊ ရေကြည်ရာ မြက်နုရာမှာ အခြေချကြ ရာက ဗမာ ဖြစ်လာတယ် ဆိုတဲ့ သမိုင်း ယူဆချက်ကို ကျွန်တော်တို့ မြန်မာတွေ အင်မတန် နားခါးတယ်။ ကိုယ့်အမျိုး ကိုယ့်အဆွေကို အောက်ခြေ လွတ်အောင် မဟားတရား မြှောက်ပင့် ပေးရာမှာ ထူးချွန်လှတဲ့ အတွက် သကျသာကီဝင် မင်းမျိုးတွေ တကောင်း ရောက်ရာက မြန်မာမျိုး စခဲ့တယ် ဆိုပြီး ဘုရားနဲ့ အတင်းအဓမ္မ ဆွေမျိုးစပ်ရတာမျိုးကို သိပ် သဘော ခွေ့တာပေါ့။
ဒါတောင် ဗြဟ္မာကြီး လေးဦး လူ့ ပြည်ကို အလည် လာရာက မြေဆီ သြဇာတွေ စားပြီး ဗြဟ္မာ့ပြည် မပြန်နိုင်ပဲ လူအသွင် ပြောင်းလာ ရာက မြန်မာ စဖြစ်တယ် ဆိုတာမျိုး ပြောချင် သေးတာ။ ယုတ္တိ မတန်လွန်းလို့ သာ မပြောတာ။ မှန်နန်း ရာဇဝင်က ရှင်ဘုရင် ကိုယ်တိုင် ပါဝင်ပြီး ရာဇဝင်ကို သုတ်သင် ပြုစုတော် မူ၍ အမှားကို အမှား၊ အမှန်ကို အမှန်၊ မဖောက် မပြန် မှတ်သားရ ပေသည်လို့ ခပ်တည်တည် ပြောပြီး ရှင်ဘုရင်မင်းဆက် စာရင်းကို ချရေးရာမှာ-
Related Posts Plugin for WordPress, Blogger...