Sunday, September 30, 2012
တောင်တရုတ်ပင်လယ်နှင့် မဟာဗျူဟာရေးရာ (၁)
by Lu Cifer on Saturday, September 29, 2012 at 7:11am ·
နိဒါန်း
အရှေ့တောင်အာရှမှာ နိုင်ငံ အချင်းချင်း စစ်မက်ဖြစ်ပွားစေမယ့် ပဋိပက္ခဖြစ်နိုင်ချေအရှိဆုံး နေရာတခုကို လက်ညှိုးထိုးပြ ပါဆိုရင် မဟာဗျူဟာလေ့လာသူအများစုက တောင်တရုတ်ပင်လယ်ကို လက်ညှိုးထိုးပြကြမှာ ဖြစ်ပါတယ်။ အရှေ့ တောင်အာရှရဲ့ မဟာဗျူဟာရေးရာ လေ့လာချက်တွေမှာ တောင်တရုတ်ပင်လယ်အရေးက ထိပ်ဆုံးကနေ နေရာယူထား ခဲ့တာ နှစ်ပေါင်းများစွာ ရှိနေခဲ့ပါပြီ။
ကျနော်တို့ အမှန်တကယ် အာဏာရှင်စနစ်ကို မနှစ်မြို့ မလိုချင်ကြတော့တာသေချာရဲ့ လား--။
by Kyawthu Soe on Sunday, September 30, 2012 at 2:00am ·
ကျနော်တို့  အကြောက်တရားကင်းကင်းနဲ့  သက်ရှင်ရပ်တည်နိုင်တဲ့ လူ့ အဖွဲ့ အစည်းတစ်ခုကို တောင့်တနေကြတာ အမှန်ပဲလား--။
သစ်ထူးလွင် သတင်းစုစည်းမှု (၃၀-၉)
သစ်ထူးလွင်
ပါလီမန် ဒီမိုကရေစီစနစ်
ကိုယ်စားပြု ဒီမိုကရစီ စနစ်မှာ ပုံစံ အမျိုးမျိုးရှိ ပါတယ်။ ဝန်ကြီးချုပ်က ဦးဆောင်တဲ့ ပါလီမန် ဒီမိုကရေစီစနစ် (Parliamentary Democracy) ရယ်၊ သမ္မတ ဦးဆောင်တဲ့ ဒီမိုကရေစီ စနစ် (Presidential Democracy) ရယ်၊ ဒီနှစ်မျိုးကိုပေါင်းစပ်ထားတဲ့ ဒီမိုကရေစီစနစ် ရယ် ဆိုပြီး (၃) မျိုးရှိပါတယ်။
30.09.2012 နေ့ဖတ်ရန်သတင်းများ
by Myanmar Journal on Saturday, September 29, 2012 at 4:21pm ·
ပုပ်ရဟန်းမင်းကြီးရဲ့ ဘဏ္ဍာစိုးဟောင်းကို ရုံးထုတ်
ပေါလို ဂတ်ဘရီအေလာ အနေနဲ့ ကတော့ ဘာ လျှောက်လဲချက်မှ မပေးသေးပါ။ ဗာတီကန်က ပုပ်ရဟန်းမင်းကြီး ဘန်နာဒစ်ရဲ့ ဘဏ္ဍာစိုးဟောင်း ဖြစ်သူ ပေါလို ဂတ်ဘရီ အေလာ ကို ပုပ်ရဟန်းမင်းကြီး ရဲ့ ရုံး ကနေ လျှို့ဝှက် စာရွက် စာတမ်းတွေ ခိုးယူမှုနဲ့ စနေနေ့မှာ စတင် ရုံးထုတ်ခဲ့ ပါတယ်။
တရားစီရင်မှု စတင်တဲ့ နေ့မှာပဲ တရားရုံး ကနေ ပုပ်ရဟန်းမင်းကြီးက စေခိုင်းခဲ့တဲ့ လုံခြုံရေး ဆိုင်ရာ စုံစမ်း စစ်ဆေးမှုတွေက တွေ့ရှိချက်တွေကို သက်သေ အထောက် အထား အဖြစ် အသုံးပြုခွင့် မပေးဘူးလို့ အမိန့် ထုတ်ပြန်လိုက် ပါတယ်။
ကိုယ်ကျိုးစီးပွားသမားတွေကို နောက်မှာ ချန်ထားဖို့ (ဗသုန်)
by ပြည်သူ့ခေတ် on Saturday, September 29, 2012 at 4:45am ·
Crony ဆိုတဲ့ စကားလုံးကို အင်္ဂလိပ် မြန်မာ အဓိဓာန်မှာ မြန်မာဘာသာဖြင့် ဘယ်လို ဖော်ပြထားသည် ဖြစ်စေ အဘိဓာန်မှာ ဖော်ပြထားတဲ့အတိုင်း ကျွန်တော်တို့ မြန်မာနိုင်ငံ ပြည်သူလူထုက နားလည် လက်ခံကြတာ မဟုတ်ပါဘူး။ ဝေါဟာရတွေရဲ့ ၀ိပ္ပလ္လာသ, သဘောကို လိုက်ကာအဓိပ္ပာယ်တစ်မျိုးနဲ့ နားလည် နေကြပြီး အဲဒီလို နားလည်မှုကလည်း ကောင်းတဲ့အမြင်နဲ့ နားလည်တာ မဟုတ်ဘူးဆိုတာ ကတော့ သေချာပါတယ်။
ဒေါ်စု မိန့်ခွန်း ( အမေရိကန်နိုင်ငံ Yale တက္ကသိုလ်မှ )
by Spring Flowers on Friday, September 28, 2012 at 11:04pm ·
  •                     ဒီနေ့ ကျမပြောချင်တဲ့ အကြောင်းအရာကတော့ တရာဥပဒေစိုးမိုးရေး  '' Rule of Law ''  ပါဘဲ ။ ဒါပေမယ့် စာသင်ခန်းထဲမှာ ဆရာတွေ သင်လေ့ရှိတဲ့ Rule of Law  မျိုး မဟုတ်ပါဘူး ။ ဆရာတွေက ကျမထက်သာအောင် ပိုပြီး ကျွမ်းကျွမ်းကျင်ကျင် ပြောနိုင်ကြမှာပါ ။ အခု ကျမက အဲဒီ  Rule of Law  ဆိုတာကို ကျမမြင်တဲ့ ၊  မြန်မာပြည်သူပြည်သားတွေမြင်တဲ့ ပုံစံရယ် ၊ ဘာကြောင့် အဲဒါဟာ ကျမတို့အတွက် အရေးကြီးသလဲဆိုတာကို ပြောချင်တာပါ ။
သစ်ထူးလွင် သတင်းစုစည်းမှု (၂၉-၉)
သစ်ထူးလွင်
မြန်မာ့ပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲတော့ ဘာကို အရင်ဆုံး ပြင်သင့်ပါသလဲ
by Lwin Aung Soe on Friday, September 28, 2012 at 10:25pm 
 ကျင့်သုံးနေဆဲ ပညာရေးစနစ်ကို ရုတ်တရက် ချက်ချင်းဆိုသလို ပြောင်းလဲပစ်တာမျိုးကို ကျနော်ကတော့ လုံးဝ ဆန့်ကျင်ပါတယ်။
အခြေခံပညာ အထက်တန်းကို (၃) နှစ်ကြာအောင် သင်ယူစေပြီး ပညာရေးအဆင့်မီအောင် လုပ်မယ်လို့ ပညာရေးဝန်ကြီးဋ္ဌာနက ပြောဆိုတာ ကြားလိုက်ရပါတယ်။
ဒီလိုမျိုး (၃) နှစ်ကြာအောင် သင်ယူစေတဲ့ ပညာရေး စနစ်သစ်ကို သတ်မှတ်နိုင်ဖို့အတွက် ဘယ်နှစ်နှစ်ကြာအောင် ပညာရေးနဲ့ လူမှုရေး သုတေသန လုပ်ထားပြီးပြီလဲ.. အမျိုးသားစီမံကိန်းနဲ့ ကိုက်ညီနေရဲ့လား.. ဆိုတဲ့ မေးခွန်း ၂ ခွန်းကို ပညာရေး ဝန်ကြီးကို ကျနော် အရင်ဆုံး မေးချင်ပါ တယ်။ ဒီနောက်မှာ မေးစရာတွေ တပုံကြီး ရှိတယ် ဆိုတာလည်း ဝန်ကြီး သဘောပေါက်လောက် ပါလိမ့်မယ်။
29.09.2012 နေ့ဖတ်ရန်သတင်းများ
by Myanmar Journal on Friday, September 28, 2012 at 7:08pm ·
ဝန်ကြီးကလင်တန်နဲ့ Congress အမတ်တွေ မြန်မာ့အရေးညှိနှိုင်း
ဗွီအိုအေ (မြန်မာပိုင်း) 28.09.2012
မြန်မာနိုင်ငံအပေါ် အမေရိကန်ပြည်ထောင်စုဖက်က အရေးယူပိတ်ဆို့မှုတွေကို လျှော့ပေါ့ပေးတဲ့နေရာ မှာရော မြန်မာနဲ့ စီးပွားရေး ဆိုင်ရာ ခြေလှမ်းတွေလှမ်းတဲ့ နေရာမှာပါ၊ Congress လွှတ်တော်က အဓိကအရေးပါသူတွေနဲ့ အနီးကပ်တိုင်ပင်ဆွေးနွေး၊ သေသေချာချာ ချင့်ချိန်၊ တဆင့်ချင်း ဆင်ခြင်ပြီးတော့မှ လုပ်တာဖြစ်ပါတယ် လို့ အမေရိကန်ပြည်ထောင်စု အရှေ့အာရှနဲ့ ပစိဖိတ် ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Kurt Campbell ကပြောလိုက်ပါတယ်။
Saturday, September 29, 2012
လွမ်းလွမ်းတတ အမှတ်တရ (အာအိုင်တီ)
by Mgchaint Wynn on Thursday, September 27, 2012 at 8:35pm 
စက်မှုတက္ကသိုလ် ကျောင်းသားဟောင်းများအဖွဲ့ရဲ့စာမျက်နှာမှာ ညီမငယ်တစ်ယောက်က စက်မှု တက္ကသိုလ်ရဲ့ အထင်ကရတွေက ဘယ်နေရာတွေလဲ၊ ပြီးတော့ ဘာလို့ အဲဒီလိုဖြစ်ခဲ့တာလဲဆိုတာ မေးထားတာ တွေ့လိုက်ရလို့ ကျွန်တော်တို့ ခေတ်မှာ သိထားတဲ့ ကျောင်းရဲ့ အထင်ကရနေ ရာလေးတွေကို မှတ်မိသလောက်  ပြန်ပြောလိုက်ရတာပါ။
သစ်ထူးလွင် သတင်းစုစည်းမှု (၂၈-၉)
သစ်ထူးလွင်
Friday, September 28, 2012
ဦးပိုင်ပြဿနာနှင့် Reformer
by Myo Set on Thursday, September 27, 2012 at 3:08pm ·
လက်ပန်တောင်းတောင် ကြေးနီစီမံကိန်း။ ထိုစီမံကိန်းကား ယနေ့ မြန်မာ့နိုင်ငံရေးလောကတွင် ရိုက်ခတ်မြည်ဟည်းနေသော အသံတစ်ခု ဖြစ်သည်။ ထိုစီမံကိန်းတွင် လူထုလှုပ်ရှားမှုများကိုတွေ့ရသည်။ ယခင့်ယခင်က လူထုတိုက်ပွဲများတွင် ဦးဆောင်လေ့ရှိသော ၈၈ မျိုးဆက်များက စေ့စပ်ေ၇းသမားများအသွင်ဖြင့်တွေ့မြင်ရသည်။ စိတ်ဝင်စားဖို့တော့ကောင်းပါသည်။ 
လက်ပန်တောင်းတောင်ကြေးနီစီမံကိန်းကို တတ်နိုင်သမျှ ခွဲခြမ်းစိတ်ဖြာရန်ကြိုးစားကြည့်ပါမည်။
ကနဦးအနေဖြင့် ထိုကြေးနီစီမံကိန်းသည် ယခင်အစိုးရလက်ထက်မှ အမွေကို ယခုအစိုးရက ဆက်ခံနေရခြင်းဖြစ်သည်ဟု ယေဘုယျနားလည်ထားပါသည်။
ဒီမိုကရေစီယဉ်ကျေးမှု ပြန်လည်ဖော်ဆောင်ရမည်
Friday, September 28, 2012
မြန်မာနိုင်ငံမှာ ကာလတော်တော်ကြာက ပျောက်ဆုံးနေတဲ့ ဒီမိုကရေစီယဉ်ကျေးမှု တရပ်ကို ပြန်အသက်သွင်းနိုင်မှသာ ဒီမိုကရေစီအသွင် ကူးပြောင်းရေး လုပ်ငန်းစဉ်တွေ အောင်မြင်မယ် လို့ မြန်မာ
သမ္မတ ဦးသိန်းစိန်က ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင် ကူးပြောင်း လာတာဟာ ဆယ်စုနှစ် ၂ ခုလောက် အချိန်ယူလုပ်ဆောင်ခဲ့ တာဖြစ် တယ်လို့ အာရှလူ့အဖွဲ့အစည်း Asia Society မှာ ပြုလုပ်တဲ့ ဒီဆွေးနွေးပွဲ အခန်းအနားမှာ ပြောခဲ့သလို ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနာဂတ်အခန်းကဏ္ဍအပြင် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့  ပတ်သက်တဲ့ မေးခွန်းတွေကိုဖြေကြားသွားခဲ့ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီးတော့ အပြည့်အစုံကို ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။
CNN နဲ့ ဒေါ်စု အင်တာဗျူး
by Zaw Win on Thursday, September 27, 2012 at 10:31am 
  • CNN  ။            ။ ဒေါ်စုကို အရမ်းကြီးကျယ်ခမ်းနားတဲ့ အခမ်းအနားတွေမှာ တွေ့နေရတယ်နော် ။ အခုဘဲ အမေရိကန် လွှတ်တော်က ပေးတဲ့ Congressional Gold Medal ဆုကို လက်ခံခဲ့ပြီးပြီ ။ နိုဘယ်ဆုလည်း ယူပြီးသွားပြီ ။ ဒေါ်စုကို  သူရဲကောင်းတစ်ယောက်လို ကြိုဆိုမှုတွေ တွေ့ရတယ် ။ လူတွေက အကြာကြီးမတ်တပ်ရပ် လက်ခုပ်တွေ တီးကြရင် ဒေါ်စုပုံကို ကြည့်ရတာ သိသိသာသာ မနေတတ် ဖြစ်နေသလိုဘဲ ။ အဲဒါမျိုးလုပ်ကြတာ ဒေါ်စုအတွက် တမျိုးကြီးများ ဖြစ်နေလို့လား ။
  • ဒေါ်အောင်ဆန်းစုကြည် ။            ။ တမျိုးကြီးဖြစ်တာတော့ မဟုတ်ရပါဘူး ။ ကျမ အရမ်းကျေးဇူးးတင် သဘောကျပါတယ် ။ ဒါပေမယ့် တခါတလေ  နေရထိုင်ရခက်တာမျိုးတော့ ရှိပါတယ် ။
28.09.2012 နေ့ဖတ်ရန်သတင်းများ
by Myanmar Journal on Thursday, September 27, 2012 at 6:37pm ·
စပိန်နိုင်ငံရဲ့ ခြိုးခြံ ချွေတာရေး အစီအစဉ်သစ်
အများပြည်သူ ကတော့ ချွေတာရေး အစီအစဉ် သစ်ကို ကန့်ကွက် ဆန္ဒပြနေကြပါတယ်
စီးပွားရေး ဆုတ်ယုတ်မှုထဲ ရောက်နေပြီး အလုပ်လက်မဲ့ ပြဿနာကို ဆိုးဆိုးဝါးဝါး ရင်ဆိုင် နေရတဲ့ စပိန် နိုင်ငံဟာ ဘတ်ဂျက် ခြိုးခြံ ချွေတာ ရေး အစီအစဉ်သစ် တခု ချမှတ်ဖို့ အစိုးရ အဖွဲ့အတွင်း အကြိတ်အနယ် ဆွေးနွေးနေကြပါတယ်။
နောက်ထပ် အသုံးစရိတ် ဖြတ်တောက် တာတွေ၊ အခွန်နှုန်း တိုးကောက် တာတွေနဲ့ ပြုပြင် ပြောင်းလဲမှု အစီအစဉ်တွေကို အစိုးရက ဒီကနေ့ စက်တင်ဘာ ၂၇ ရက် ကြာသပတေးနေ့မှာ ထုတ်ပြန် တော့မှာ ဖြစ်ပါ တယ်။
Thursday, September 27, 2012
ကြည်ဆန်း (သို့မဟုတ်) ဧရာဝတီရဲ့သူရဲကောင်း ဒေါင်းတမာန်
သူရဲကောင်းတယောက်ရဲ့ ဈာပန
ခွပ်ဒေါင်းအလံတလက်မှ လွှမ်းခြုံခွင့်မရ
လွမ်းသူ့ပန်းတခြင်းမျှဂုဏ်ပြုခွင့်မရ
လိုက်ပါပို့ဆောင်ခွင့်မရ
ထိခိုက်နာကျင်လွန်းလှပေါ့။
သစ်ထူးလွင် သတင်းစုစည်းမှု (၂၇-၉)
သစ်ထူးလွင်
ခွဲထွက်ခွင့် (by Bo K Nyein)
by မဟာကြောင် on Tuesday, September 25, 2012 at 1:49am ·
Constitution ဆိုတာ အလွန် သိမ်မွေ့ သလို  ၊ consequence လည်းရှိတာမို့
Constitution အရပြောတော့မယ် ဆိုရင် နက်နက် တွေး ၊ အဖက်ဖက် ကတွေးပြီးမှ
ပြောသင့်တယ်လို ထင်မိတယ်။
နံမည်ရအောင် ၊ လက်ဦးမှု ရအောင် ၊ အားလုံး ( ခွဲထွက်ခွင့် ) ပေးဆိုပြီး
အရမ်း ပြောလို့ မရ သလို ၊
ခြိမ်းခြောက်ဖို့ လက်နက် ပါလို့ လွယ်လွယ်ပေါ့ပေါ့ တွေးလို့ မရဖူး လို့ထင်မိလို့ပါ။
Constitution ဆိုတာ Binding Document ။
ဒါကြောင့် စကားလုံး တိုင်းကိုစဉ်းစဉ်းစား ၊ ရွေးပြီးမှ သုံးရတာ။
ဒါထောင် ပညာတတ်တွေပဲ ၊ အမျိုးမျိုး Interpret လုပ်နေကြတာပဲ မဟုတ်လား
သီရိညွန့်မှ မြန်မာနိုင်ငံရှိ ညီမထံ အိတ်ဖွင့်စာ
by Nay Zaw on Thursday, September 27, 2012 at 4:19am ·
ညီမလေး
အစ်ကို့ကို သတိတရစာရေးလို့ ဝမ်းသာပါတယ်။
အစ်ကို ဆရာကြီးလုပ်ပြီးသည် စာကို ရေးတာမဟုတ်ပါဘူး။ အစ်ကို ရေးတာ ဖတ်ချင်တယ်ဆိုလို့ အစ်ကိုတစ်ယောက်က ညီမတစ်ယောက်ဆီ ရေးတာလို့ မှတ်ယူစေချင်ပါတယ်။
မြန်မာပြည်ပြန်လာချင်တာပေါ့ ညီမရယ်။ သို့ပေမယ့်လည်း အစ်ကို အရင်ပြောခဲ့သလိုပဲ လောလောဆယ်တော့ ပြန်မလာဘဲတင်းခံနေတုန်းပါပဲ။
သမ္မတဦးသိန်းစိန် အမေရိကန်ခရီးစဉ် သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းနဲ့ VOA မေးမြန်းခန်း
by General Knowledge on Wednesday, September 26, 2012 at 9:35pm ·
ကိုဝင်းမင်း | 26.09.2012 
မြန်မာသမ္မတ ဦးသိန်းစိန်အနေနဲ့ ၆၇ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကြီးမှာ စက်တင်ဘာလ ၂၇ ရက် ကြာသာပတေးနေ့ကျရင် မိန့်ခွန်းပြောကြားဖို့ရှိပါတယ်။ သမ္မတဦးသိန်းစိန်ဟာ အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ကို ရောက်ရှိလာတဲ့ မနေ့ အင်္ဂါနေ့မှာပဲ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့သလို ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာတော့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ကလင်တန်နဲ့ တခြား သြဇာကြီးတဲ့ အမေရိကန်ထိပ်တန်း အရာရှိဟောင်းတွေနဲ့လည်း တွေ့ဆုံဖို့ ရှိပါတယ်။
27.09.2012 နေ့ဖတ်ရန်သတင်းများ
by Myanmar Journal on Wednesday, September 26, 2012 at 7:40pm ·
ရှင်ဇိုအာဘေး ဂျပန် အတိုက်အခံ ပါတီ ခေါင်းဆောင် ဖြစ်လာ
မစ္စတာ အာဘေးက သူ့ကိုထောက်ခံ သူတွေကို မိန့်ခွန်း ပြောခဲ့စဉ်
ဂျပန်နိုင်ငံမှာ မကြာခင် ရွေးကောက်ပွဲတွေ ကျင်းပဖို့ ရှိနေချိန်မှာပဲ အတိုက်အခံ လစ်ဘရယ်လ် ဒီမိုကရက်တစ် ပါတီ က တရုတ်နိုင်ငံအပေါ် တင်းမာတဲ့ သဘောထား ရှိသူလို့ လူသိများတဲ့ ဝန်ကြီးချုပ်ဟောင်း ရှင်ဇို အာဘေး ကို ပါတီ ခေါင်းဆောင်သစ်အဖြစ် ရွေးချယ်လိုက်ပါတယ်။
သူဟာ ဂျပန် အမျိုးသားရေးနဲ့ ဂျပန်နိုင်ငံရဲ့ အခန်းကဏ္ဍကို ပိုမိုကြီးမားအောင်လုပ်ဆောင်ဖို့ကို ဆော်သြခဲ့သူလည်း ဖြစ်ပါတယ်။
"ဥပဒေအထက်တွင် မည်သူမျှမရှိစေရ အမိန့်ညွှန်ကြားချက်များသာရှိသည်။"
by
 အား မာန် on Wednesday, September 26, 2012 at 11:49am ·
ကျွန်တော်တို့ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ရက်အနေနဲ့ စက်တင်ဘာ(၂၁)ရက်နေ့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့မှာ ရန်ကုန်မြို့အတွင်းလှည့်လည် လမ်းလျှောက်ပွဲကျင်းပမဲ့လူငယ်မောင်မယ်ကွန်ရက်တွေရဲ့ လူထုလိုအပ်မှုကို လူငယ်မောင်မယ်တွေပီပီ ဥပဒေအရစာတင်ကြတယ်။
ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကန်ခရီးစဉ်သည် မြန်မာနိုင်ငံ၏ အမှန်တကယ် ပါဝါများကို မှေးမှိန်စေ....
Tun Wai
(25 september 2012 ရက်စွဲပါ The Dilomat မှ Joshua Kurlantzick ရေးသားသော Suu Kyi’ s U.S visit;overshadowing the real powers in Burma ကိုဘာသာပြန်ဆိုသည်)
ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကန်ပြည်ထောင်စုသို့ နှစ်ပတ်ခရီးစဉ်သည် ကြီးမားသောအောင်မြင်မှုရသည်ဟု သက်သေပြခဲ့ပြီးဖြစ်သည်။ ဥရောပမှာကဲ့သို့ပင် အမေရိကန်ပြည်ထောင်စုရှိ ပရိသတ်နှင့်တွေ့ဆုံရာတွင် ပရိတ်သတ်များ၏ နှစ်သက်အထင်ကြီးလေးစားမှုတို့ကို ခံစားရစေပြီး၊ ထိုကဲ့သို့သောအဆင့်မျိုးကို ဒလိုင်းလားမားနှင့် နယ်ဆင်မင်ဒဲလားတို့မှလွဲ၍ ယှဉ်နိုင်မည့်သူမရှိပေ။
မြန်မာ့ပို့ကုန်ပိတ်ပင်မှု အမေရိကန် ရုပ်သိမ်းမည်
ကုလသမဂ္ဂအထွေထွေညီလာခံမှာ မိန့်ခွန်းပြောဖို့အတွက် နယူးယောက်မြို့မှာ ရောက်ရှိနေတဲ့ သမ္မတ ဦးသိန်းစိန်ဟာ မကြာခင်အချိန်ပိုင်းကပဲ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တ
န်နဲ့ တွေ့ ဆုံခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့ အစောပိုင်းတုန်းကလည်း သမ္မတဦးသိန်းစိန်ဟာ ကမ္ဘာတဝှမ်း ပရဟိတ လုပ်ငန်းတွေလုပ်နေတဲ့ Clinton Global Initaitive အဖွဲ့ဥက္ကဋ္ဌ အမေရိကန် သမ္မတဟောင်း ဘီလ်၊ ကလင်တန်၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟင်နရီ ကစ်ဆင်ဂျာ၊ ထိုင်းဝန်ကြီးချုပ် ယင်းလပ် ရှင်နာဝပ်တို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
“ဖွတ်ဒေါင်း”…တွေစားခွက်လုနေတုန်းက “ခွပ်ဒေါင်း” တွေရဲ့ဘဝအပိုင်းအစ-
-ကိုကြီးကျော်-၂၄-၉ -၂၀၁၂
ညီလေးတို့ရေ……
ဒီ ကောသလ္လ ဆိုတဲ့…မင်းကြီး ကလဲ…ဘာကြောင့်များ ဒီလောက်အကြာကြီး ထိအောင်မှန်တဲ့အိမ်မက် ကိုမက်ခဲ့ရတာပါလိမ့်ကွာ ………၊ ဗူးတောင်းနစ်၍ ဇောင်းခြမ်း ပေါ်တဲ့။ 
“ဇောင်းခြမ်း“ တွေပေါ်နေကြပြန်တယ်ကွာ ….ခပ်ရွံရွံရှိတာနဲ့ ဒါတွေအကြောင်း သေသေချာချာ ဖတ်လဲမဖတ် ကြည့်လဲမကြည့်ဘူး။
ဒါပေမဲ့ မထင်မှတ်ထားတဲ့ အသုံးအနှုန်းတစ်ခု တွေ့လိုက်ရတယ် …..“ဖွတ်ဒေါင်း“ တဲ့ ကြည့်မိနေတဲ့ ကွန်ပျူတာမှန်သားပြင် ပျောက်သွားတယ်။ ပြန်သတိထားမိတော့…တစ်ကိုယ်လုံးတုန်နေတယ် မကြီးမငယ်နဲ့မျက်ရည်လည်နေတယ်။ 
အလို…… ငါဘာဖြစ်တာလဲ … ငါနဲ့ဘာဆိုင်လို့လဲ။
Constitution ကို ပြင်ကြပါစို့ ...
by Lwin Aung Soe on Wednesday, September 26, 2012 at 3:35pm 
၂ဝဝ၈ အခြေခံဥပဒေကို ပြင်ဆင်ချင်တာ အကြောင်းရှိပါတယ်။
 - ခေတ်ကာလနဲ့ မလျော်ညီတာ (အရင်ခေတ်အဆက်ဆက် ကျင့်သုံးခဲ့တဲ့ ဥပဒေတွေထဲမှာ မသင့်တော်တဲ့ တည်ဆဲဥပဒေတွေ ရှိနေတာ)၊
Wednesday, September 26, 2012
ဒီမိုကရေစီ ၊ လစ်ဖရယ်ဝါဒ နှင့် မျိုးချစ်စိတ်
by Bo K Nyein on Sunday, September 23, 2012 at 10:57pm 
 အပိုင်း (၃)
 Activist နဲ့ နိုင်ငံရေးသမား မတူကြပါ
Activists ဆိုတာ ဂွင်အင်မတန် ကျင်းပါတယ်။
Activists ဆိုတာ အကြောင်း (Cause) တစ်ခုကို အသေကိုင်စွဲပြီး (အသေတိုက်) ရတာပါ
ဥပမာ အမေရိကန်မှာ Abortion Rights ကိုတိုက်တဲ့ Activists တွေဟာ မှားတာမှန်တာ ။ နည်းလမ်းကျတာ ၊ သူအရေး မစိုက်။
မိန်းမ တွေ သားအိမ်ဖျက်ချခွင့် ရဖို့က အဓိက။
အမှန်က လွှတ်တော်မှာ စည်းရုံး ၊ အဆိုတင်သွင်း ၊ ပြီးမှ ဥပဒေ နဲ့ နည်းမှန် ၊ လမ်းမှန် လုပ်ရမှာ။
အမေရိကန်ပြည်က ဘာသာရေး သမားတွေကို မကျော်နိုင်တော့ Supreme Court ကနေ တရားဥပဒေ လုပ်ပြစ်လိုက်တာပဲ
စာရေးသူ ဟာ မိန်းမတွေရဲ့ Abortion Rights ကို မတားလိုပါ။ သို့သော် trimester လို့ခေါ်တဲ့ သန္ဓေတည်ပြီး ရင့်မှ ဖျက်ချတာကတော့ ရက်စက်လွန်းတယ်လို့ ယူဆပါတယ်။
Abortion Rights သမားတွေအတွက်ကတော့ သူတို့ရဲ့ rights ပဲ ၊ လာမထိ နဲ့ ရန်သူ လို့ သဘောထားကြတာ။
သစ်ထူးလွင် သတင်းစုစည်းမှု (၂၆-၉)
သစ်ထူးလွင်
ဝေါစရိ ဂျာနယ်ကရေးတဲ့ မိုးသီးဇွန် သမိုင်း
by Htay Tint on Tuesday, September 25, 2012 at 2:27pm 
26.09.2012 နေ့ဖတ်ရန်သတင်းများ
by Myanmar Journal on Tuesday, September 25, 2012 at 8:42pm ·
မြန်မာ့တိုးတက်မှု Kurt Campbell ဆွေးနွေး
အမေရိကန်နိုင်ငံမှာ မနေ့က စ ကျင်းပတဲ့ နိုင်ငံတကာ ဆက်ဆံရေးနဲ့ မဟာဗျူဟာ လေ့လာရေး ဌာန CSIS မှာလုပ်တဲ့ ဒုတိယနေ့ ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေး အလားအလာကောင်းတွေ ဖြစ်ထွန်းနေမှုကို အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Kurt Campbell က ဆွေးနွေးတင်ပြသွားပါတယ်။
ကိုကိုကြီး ရဲ့ နိုင်ငံတော်သစ်
Zaw Win
"-နိုင်ငံတော်ဆိုပြီး ကျွန်တော်တို့ ခဏခဏ ခံ နေရတယ်။ နိုင်ငံတော်
လုံခြုံရေးလို့ ပြောလိုက်ရင်လည်း ကျွန်တော်တို့ ခံနေရတာပဲ။
နိုင်ငံတော်အကြည်အညိုပျက်စေမှုဆိုရင်လည်း ကျွန်တော်တို့ခံနေရတာပဲ။"
ရွေးပေးပါ - ရေးသူ-ဦးခွန်ထွန်းဦး (SNLD)
by
 ကိုဝိုင် ဝိုင်ကေ on Tuesday, September 25, 2012 at 6:35am 
by အား မာန်
Burma လို့ရေးမလား၊ Myanmar လို့ စာလုံးပေါင်းမလား ငြင်းခုန်နေကြတဲ့ နိုင်ငံတစ်ခုမှာ ဒီမိုကရေစီ အပင်လေးတစ်ပင် ရှင်သန်ခွင့် ရလာတာဟာ အချိန်အခါကောင်းတစ်ခုကို ရောက်ရှိနေတာလား၊ ဖြစ်သင့်တဲ့ အနေအထားတစ်ခုကို အချိန်နှောင်းပြီးမှ ရောက်လာတာလားဆိုတာ ကျနော့အနေနဲ့ ဝေခွဲမရ ဖြစ်ခဲ့ရပါတယ်။
တရုတ်နဲ့ ဆက်ဆံရေးကိစ္စ ပြောရပေဦးမယ် (ပြောချင်လွန်းလို့-မောင်ဝံသ)
by ပြည်သူ့ခေတ် on Tuesday, September 25, 2012 at 4:01am ·
အိမ်နီးချင်းကို   ရွေးလို့ မရ
ဆွေမျိုးဆိုတာ မခေါ်ရင်ရပေမယ့် မတော်ချင်လို့တော့ မရဘူးဆိုသလို ကမ္ဘာမှာ အိမ်နီးချင်းနိုင်ငံ ဆိုတာလည်း ရွေးလို့ရတာမျိုး မဟုတ်ဘူးဗျ။ ကိုယ့်အိမ်နီးချင်း ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ၊ မဖြစ်မနေ မိတ်ဝတ်မပျက် ဆက်ဆံရမှာပဲ ဖြစ်တယ်ဗျာ။
Tuesday, September 25, 2012
သစ်ထူးလွင် သတင်းစုစည်းမှု (၂၅-၉)
သစ်ထူးလွင်
ကမ္ဘာ့ထိပ်တန်း နိုင်ငံ့ခေါင်းဆောင်အဆင့်ဝင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ရွှေပြည်စိုး စက်တင်ဘာ ၂၄၊ ၂၀၁၂
by
 Aung Myo on Monday, September 24, 2012 at 7:57pm ·
 http://moemaka.blogspot.com/2012/09/blog-post_6277.html?spref=fb
ရွှေပြည်စိုး-စက်တင်ဘာ ၂၄၊ ၂၀၁၂
ကမ္ဘာ့ထိပ်တန်း နိုင်ငံ့ခေါင်းဆောင်အဆင့်ဝင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဟုဆိုသည်နှင့် မည်သူဖြစ်မည်ကို ချက်ချင်းသိမည်ဟု ယုံကြည် ပါသည်။ ထိုပုဂ္ဂိုလ်သည် ၂၁ ရာစု မြန်မာ့သမိုင်းတွင် တစ်ဦးတည်းသောကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် မြန်မာ့လူ့အခွင့် အရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဖြစ်ပါသည်။
25.09.2012 နေ့ဖတ်ရန်သတင်းများ
by
 Myanmar Journal on Monday, September 24, 2012 at 9:37pm ·
မြောက်ကိုးရီးယားမှာ လယ်ယာ ပြုပြင်ရေးတွေ စတင်
မြောက်ကိုရီးယားမှာတော့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ တွေ့လာရမဲ့ အရိပ်အယောင်တွေ မြင်နေရပါပြီ။
လယ်သမားတွေကို သူတို့ရဲ့ ထွက်ကုန်တွေ ထဲက အစိုးရကို ပေးသွင်းရမဲ့ ပမာဏကို လျှော့ချပေးလိုက်ပြီး ကျန်တဲ့ ပမာဏကို လွတ်လွတ်လပ်လပ် ရောင်းချခွင့်ပေးတော့မယ်လို့ အေပီ သတင်းတပုဒ်မှာ ဖော်ပြထားတာ တွေ့ရပါတယ်။
အေပီ သတင်းထောက်နဲ့ တွေ့ခဲ့တဲ့ မြို့တော် ပြုံယမ်းရဲ့ တောင်ဖက်က လယ်သမားနှစ်ယောက် ကတော့ ဒီနှစ် ကုန်လောက်က စလို့ သူတို့ အစိုးရကို ပေးသွင်းရတဲ့ သီးနှံပမာဏ လျော့သွားရင် ကိုယ်တိုင်စားသုံးဖို့ ပိုပို လျှံလျှံ ရှိလာလိမ့်မယ်လို့ ပြောခဲ့ပါတယ်။
ဒီမိုကရေစီ ၊ လစ်ဖရယ်ဝါဒ နှင့် မျိုးချစ်စိတ်
by
 Bo K Nyein on Sunday, September 23, 2012 at 1:30am
အပိုင်း (၂)
ဒီမိုကရေစီ ရဲ့ အားနဲချက်
ဒီမိုကရေစီ လို့ အော်လိုက်တာနဲ့ (ကောင်းပြီ) လို့ မထင်လိုက် ကြပါနဲ့။
ဒီမိုကရေစီမှာ အားနဲချက်တွေ အများကြီး ရှိပါတယ်။
ကိုယ်စားပြု ဒီမိုကရေစီမှာ လူထုကိုယ်စလှယ် ဖြစ်ဖို့ရဖို့က One Man One Vote ဆိုတဲ့အတွက် ၊ အရွေးခံဖို့ရာ ၊ မဲပေးနိုင်သူတွေကို မျက်နှာလို ၊ မျက်နှာရ ၊ အောင် (ဖါး) ကြရတော့တယ်။ Pandering for Vote လို့ခေါ်ပါတယ်။ ရှင်းရှင်းလေးပြောရရင် ၊ မဲရဖို့ အတွက် နိုင်ငံရေးသမားတွေဟာ ဒီမိုကရေစီ (မဲ) သူတောင်းစားတွေ လာဖြစ်ကြပါတယ်။ အသိဥါဏ်နဲတဲ့ နိုင်ငံရေးသမားတွေ ကတော့ မိမိ အရွေးခံရရေး အတွက် ၊ ရေတိုကိုသာ ကြည့်ပြီး ၊ တိုင်းပြည်နာချင် နာပါစေ ၊ ရွေးကောက်ပွဲမှာ မိမိ မဲအနိုင်ရရေး အတွက်ပဲ ကြည့်ပြီး ၊ တကိုယ်ကောင်း ဆန်ဆန် ကျင့်ကြံကြတယ်။
သစ်ထူးလွင် သတင်းစုစည်းမှု (၂၄-၉)
သစ်ထူးလွင်
Related Posts Plugin for WordPress, Blogger...