Wednesday, October 31, 2012

Politicide (သို့) လူ့အဖွဲ့အစည်းတစ်ခုအား နိုင်ငံရေးအရ အသေသတ်ခြင်း (အပိုင်း - ၁)



by U U Mhaw Sayar on Tuesday, October 30, 2012 at 8:13pm ·

Politicide  ဟူသည်မှာ လူ့အဖွဲ့အစည်းတစ်ခုအား လူမှုရေး ၊ နိုင်ငံရေး ၊ စစ်ရေး စသည်ဖြင့် ဘက်ပေါင်းစုံမှ ဖိအားပေးဖြိုခွင်းခြင်းအားဖြင့် ယင်းလူ့အဖွဲ့အစည်းသည် မိမိကြမ္မာ မိမိဖန်တီးနိုင်စွမ်း မရှိစေခြင်းငှာ စနစ်တကျနှင့် ရည်ရွယ်ချက်ရှိရှိ နိုင်ငံရေးအရ အသေသတ်ခြင်းမျိုးကို ဆိုလိုပေသည် ။ Politicide ကို မြန်မာမှုပြုလျှင် နိုင်ငံရေးအရ အသေသတ်ခြင်း ဟူ၍ ခေါ်ဆိုရမည်ပင် ဖြစ်သည်။ 

Politicide ဟူသောခေါင်းစဉ်နှင့်ပက်သက်၍ စာဖတ်သူများ ရှင်းလင်းစွာသဘောပေါက်စေရန် အလွယ်တကူ သိမြင်နိုင်သော ကမ္ဘာကျော် အစ္စရေး-ပါလက်စတိုင်းအရေးနှင့် ဥပမာပေး၍ ရေးသားပါမည်။ 

သစ်ထူးလွင် သတင်းစုစည်းမှု (၃၁-၁၀)


သစ်ထူးလွင်


ပြည်ထောင်စု စစ်စစ်မူကို လက်ခံကြပြီဆိုရင် ရွှေပြည်တော် မျှော်တိုင်း မဝေးတော့ပါပြီ (မောင်ဝံသ)


by Maung Wuntha on Tuesday, October 30, 2012 at 6:29am 

ယခုအပတ်ထုတ် ပြည်သူ့ခေတ်ဂျာနယ်ပါ မောင်ဝံသ ပြောချင်လွန်းလို့ဆောင်းပါး။

အခုလောလောဆယ်မှာ ]အဆိုးထဲက အကောင်း}ဆိုသလို တစ်ဖက်မှာ သေမိန့်ကျရောဂါတစ်ခုအဖြစ် အများနားလည်ထားကြတဲ့ ကင်ဆာရောဂါနဲ့ စစ်ပွဲဆင်နွှဲနေရပေမယ့် အခြားတစ်ဖက်မှာတော့ အရင်ကနဲ့စာရင် အချိန်ပိုရသလိုဖြစ်နေတာကြောင့် စာတွေ ပိုပြီး ဖတ်ဖြစ်နေတယ်ဗျ။ အထူးသဖြင့် ဒီကနေ့ စာဖတ်သူအများစုကို သူ့ထက်ငါကောင်း အပြိုင်အဆိုင် စည်းရုံးဆွဲဆောင်နေကြတဲ့ ဂျာနယ် တွေကို ပိုပြီးတော့လည်း များများ၊ ပိုပြီးတော့လည်း စူးစူးနစ်နစ် ဖတ်ဖြစ်နေမိတယ်ဗျာ။

လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းနှင့် စပ်လျဉ်း၍ တင်ပြသော ဒေါ်မိမိခိုင်၏ တင်ပြချက် ။


by ကိုဝိုင် ဝိုင်ကေ on Tuesday, October 30, 2012 at 10:38am ·


လေးစားအပ်ပါသော တိုင်းရင်းသားမိဘပြည်သူများရှင့် …
ကျမ ကတော့ နိုင်ငံရေးအကျဉ်းသားမိသားစုများအကျိုးဆောင်ကွန်ယက်က ဒေါ်ခင်မိမိခိုင် ဖြစ်ပါတယ်။

သစ်ထူးလွင် သတင်းစုစည်းမှု (၃ဝ-၁၀)


သစ်ထူးလွင်


Tuesday, October 30, 2012

လက်ပန်တောင်း တောင် ကြေးနီစီမံကိန်း ရပ်တန့်ရေး ၀ိုင်းဝန်းကြိုးပမ်းပေး



by Naung Taw Lay on Monday, October 29, 2012 at 12:32pm 

      
    လက်ပန်တောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီး ပြဿနာဖြစ်ပေါ်နေတဲ့အနေအထားဟာ မထင်မရှားရှိနေခဲ့ရာမှ အုံးအုံးကြွ ဖြစ်ပေါ်လာတဲ့ကိစ္စတစ်ရပ်ပါ။ အဲဒီဒေသကို သွားရမယ်ဆိုကတည်းက လက်ပန်တောင်းတောင်နဲ့ ပတ်သက်တဲ့သမိုင်းနောက်ခံ ၊ ဒေသခံတွေရဲ့ အခြေအနေ၊ ပြဿနာကြီးထွား လာရခြင်းရဲ့ အစ၊ နိုင်ငံရေးသမားရဲ့ ရှုထောင့် ၊ ကုမ္ပဏီတွေက ဘာကြောင့်ရပ်တန့်လို့ မရသလဲ ဆိုတာ ကိုပါပြောပေးနိုင်ရင် ပိုပြီးပြည့်စုံတာပေါ့။ သက်ဆိုင်ရာတွေဆီက ဒီကိစ္စနဲ့ ပတ်သက်တဲ့ အခြေအနေ အရပ်ရပ်ကို မှတ်တမ်းပြုစုထားကိုပါ ရနိုင်ရင် ပြည်သူအများသိအောင် ချပြပေးစေချင်တာပါ။

30.10.2012 နေ့ဖတ်ရန်သတင်းများ

by Myanmar Journal on Monday, October 29, 2012 at 8:59pm ·

ကော့ကရိတ်မြို့ တွင်းရှိ ဗလီ ဗုံးခွဲခံရ
ကော့ကရိတ်ဗလီ လက်ပစ်ဗုံးခွဲခံရ
ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးရွာ ဗလီကို ည ၁၁ နာရီလောက်မှာ ဆိုက္ကယ်နဲ့လူတယောက် က လက်ပစ်ဗုံး တလုံးနဲ့ ပစ်ပြေး သွားပြီးတော့၊ ကော့ကရိတ်မြို့ ရေနံဆီကုန်းရပ် က ဗလီကို လည်းဆိုက္ကယ်နဲ့ လူနှစ် ယောက် က ည ၁၂ နာရီခွဲလောက် မှာ ဗုံးနှစ်လုံး နဲ့ပစ်ခတ်သွားတာ လို့ ဒေသခံတွေက ပြောပါတယ်။

နန်းစဉ်ရတနာတွေ ပြန်ပေးမလား


Yote Thayyote

ဗြိတိသျှတို့က မြန်မာနိုင်ငံတွင်းမှာ အကောင်းတိုင်း အစိတ်အပိုင်းလိုက်မြှုပ်နှံထားခဲ့တဲ့ စပစ်ဖိုင်းယားတွေကို ပြန်လိုချင်ပါသတဲ့ ။အခုမှသတင်းထုတ်ပြန်လိုက်တော့ အံများတောင်သြပါရဲ့ ။ လွန်ခဲ့တဲ့ ၁၂ နှစ်ကျော် ကတည်းက ရှာဖွေနေခဲ့ပါသတဲ့ ။အခု မြှုပ်နှံခဲ့တဲ့ စစ်သားဟောင်းတွေရဲ့မှတ်တမ်းမှတ်ရာတွေနဲ့ apple ရဲ့ နည်းပညာတွေပေါင်းစပ်ရှာဖွေမှုနဲ့ လေယာဉ်းအစင်း ၂၀ ကျော် ကို ပြန်တူးပြီးအကောင်းတိုင်းပြန် ယူတော့မယ်တဲ့ ။

မှားခဲ့တာလား ၊ မှားနေဆဲလား ၊ ဆက်ပြီး မှားအုန်းမှာလား



NLD က ၉၀ တုန်းက တပြည်လုံးမှာ (၈၀) ရာခိုင်နှုန်းနဲ့ မဲနိုင်ခဲ့တဲ့ပါတီ။ အစိုးရကို ဦးဆောင်ဖွဲ့စည်းရမယ့် ပါတီ ပါ။ ဒါပေမယ့် NLD အပါအ၀င် အနိုင်ရပါတီအားလုံးက ကိုယ့်ကိုယ်ကို အထင်ကြီးပြီး စစ်သားနိုင်ငံရေး မလုပ် တတ်ဘူးဆိုပြီး နိုင်ငံရေးပြဿနာ၊ အာဏာပြဿနာကို ကလေးကလား သွားလုပ်မိလိုက်ကြတော့ ဗိုလ်ချုပ် စောမောင်ဆီမှာ ဗြောင်အလိမ်ခံလိုက်ရပါတယ်။

Monday, October 29, 2012

သစ်ထူးလွင် သတင်းစုစည်းမှု (၂၉-၁၀)

သစ်ထူးလွင်



((((((နောက်ကွယ်မှ ကြိုးကိုင်သူ . . . ဘယ်သူလဲ ))))))

Black Angle


Written by ဦးကျော်စိန် (ပညာရေး-ငြိမ်း)
Sunday, 28 October 2012 12:20



ပြည်ထောင်စု သမ္မတမြန်မာ နိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး၏ သတင်းထုတ်ပြန်ချက် (၁/၂၀၁၂) အရ “ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခဖြစ်ပွားမှု အခြေအနေများနှင့် စပ်လျဉ်း၍ ရခိုင်ပြည်နယ်ပဋိပက္ခ တွင် နောက်ကွယ်မှ ကြိုးကိုင်လှုပ်ရှားနေသော လူပုဂ္ဂိုလ်နှင့်အဖွဲ့အစည်းများလည်း ရှိနေကြောင်း သိရသဖြင့်” ဟ
ု ဖော်ပြပါရှိပါသည်။

29.10.2012 နေ့ဖတ်ရန်သတင်းများ


by Myanmar Journal on Sunday, October 28, 2012 at 8:45pm ·

စန္ဒီမုန်တိုင်း ရွေးကောက်ပွဲအထိ ထိခိုက်နိုင်
စန္ဒီအမည်ရှိတဲ့ အင်အားပြင်း ဟာရီကိန်း မုန်တိုင်းဟာ နယူးယောက်ကို ဝင်တော့မှာပါ။
နိုဝင်ဘာ ၆ မှာ ကျင်းပတော့မယ့် အမေရိကန် သမ္မတရွေးကောက်ပွဲကိုတောင် အများကြီး ထိခိုက်နိုင်ချေရှိတဲ့ စန္ဒီလို့ အမည်ရတဲ့ ဟာရီကိန်းမုန်တိုင်းကြီးဟာ အမေရိကန်နိုင်ငံရဲ့ အရှေ့ဘက်ကမ်း ကုန်းတွင်းကို စတင် ဝင်ရောက် တိုက်ခိုက်တော့မှာ ဖြစ်ပါတယ်။

အခန်း(၄) ညှင်းပန်နှိပ်စက်မှု ဆိုင်ရာ နိုင်ငံတကာ ရာဇ၀တ်ပြစ်မှု


by မင်းခက်ရဲ (Min Khet Ye) on Saturday, October 27, 2012 at 8:23pm ·

အခန်း(၄)
ညှင်းပန်နှိပ်စက်မှု ဆိုင်ရာ နိုင်ငံတကာ ရာဇ၀တ်ပြစ်မှု

            လူ့အခွင့်အရေးချိုးဖောက်မှုတစ်ချို့ဟာ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်နဲ့သာ ဆိုင်တဲ့ ရာဇ၀တ်မှုအဖြစ်ထွက်ပေါ် လာတာကို ကျွန်တော်တို့ မြင်တွေ့ခဲ့ရပြီးပါပြီ။ခုကျွန်တော်တို့ စစ်ရာဇ၀တ်မှုတွေနဲ့  မျိုးဖြုတ်သတ်ဖြတ်မှု၊ လူသားဆန်မှုကို ဆန့်ကျင်တဲ့ ရာဇ၀တ်ပြစ်မှုတွေကို ညွန်းဆိုလိုပါတယ်။ ဒီရာဇ၀တ်မှုတွေဟာ တစ်ခါတစ်ရံမှာ နိုင်ငံတကာခုံရုံးမှာ တရားစွဲခံ ရသလို၊ နိုင်ငံအဆင့်မှာလည်း တရားစွဲတာမျိုးရှိပါတယ်။   ညှင်းပန်းနှိပ်စက်မှုကို ဆန့်ကျင့်တဲ့ ကုလသမဂ္ဂသဘောတူစာချုပ် မှာ ညှင်းပန်းနှိပ်စက်မှုတွေကို အကြွင်းမဲ့ တားမြစ်ပိတ်ပင်ထားတာ အထင်အရှားပါပဲ။  

ဒီမိုကရေစီအတွက် ရုန်းကန်ကြ - အမှတ်စဉ် (၉) မျိုးသန့်


by Myo Thant on Saturday, October 27, 2012 at 9:22pm ·


ဒီမိုကရေစီဆိုတဲ့ သဘောက အရပ်ဖက် နိုင်ငံရေးအစိုးရမျိုး ဖြစ်လာအောင် ပြုပြင်ပြောင်း လဲရေးဖြစ်တယ်။ လူတိုင်း မိမိအလုပ်ကို မိမိသိရှိနားလည်းပြီး၊ အပြန်အလှန် ယုံကြည်လေးစားသော လူကို တန်းဖိုထားသည့် လူ့အဖွဲ့အစည်းကို ထူထောင်ခြင်းဖြစ်တယ်။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၈-၁၀)



သစ်ထူးလွင်


“နိုင်ငံရေးမှာ စောတာ နှေးတာ မရှိဘူး” ABSDF ဒုဥက္ကဋ္ဌ ဦးမျိုးဝင်းနှင့် တွေ့ဆုံခြင်း




ABSDF အနေနဲ့ လက်ရှိ ငြိမ်းချမ်းရေး ဖော်ဆောင်မှု အဖွဲ့တွေက တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းထား တာရှိလား။
ဒီကမ်းလှမ်းထားတာတော့ ရှိတာပေါ့။ အားလုံးသိတဲ့အတိုင်းငြိမ်း ချမ်းရေး ဖော်ဆောင်ရေးအဖွဲ့က နှစ်ဖွဲ့ဖြစ်တာကိုး၊ ပြီးခဲ့တဲ့ကာလမှာ ဆို ဦးအောင်သောင်းဦးဆောင်တဲ့ အဖွဲ့က ငြိမ်းချမ်းရေးပြဿနာကို တန်းတူညီတူ ဖြေရှင်းဖို့ကမ်းလှမ်း လာခဲ့တယ်။ ABSDF က နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းအရ အဖြေရှာဖို့ ပြောတော့ ညှိနှိုင်း ဆောင်ရွက်မှုတွေပြုဖို့ သဘော တူခဲ့တယ်။ အလွတ်သဘောပေါ့။

Sunday, October 28, 2012

တိုက်စားခြင်းအလင်းတစ်တိုင် (၂)


by မိုးကြာညို မိုး on Thursday, October 25, 2012 at 11:20pm 

ကိုယ်ခေါင်းငြိမ့်လိုက်တယ်.. အဒေါ့်သမီးဆိုင်မှာလုပ်ပါ့မယ်လို့.....

အထမ်းသမတဲကို ကိုယ်ပြန်ပြီး ကိုယ့်ရှိသမျှ အ၀တ်အစားလေးတွေ လွယ်အိတ်လေးထဲထည့်
ခေါင်းအုံးအနွမ်းလေးနဲ့ စောင်ပါးလေးကို ကျွတ်ကျွတ်အိတ်တစ်လုံးထဲ ထည့်ပြီး မဲ့ဆောက်ဈေးကို
အဒေါ်ကြီးနဲ့ တူတူလိုက်ခဲ့ပါတယ်.... ကွေ့တီယိုဆိုင်မှာ အလုပ်လုပ်ဖူးပြီး ရှမ်းစကားလဲ ရနေပြီဆိုတာ့
ဈေးရောင်းဈေးဝယ် ကူညီညာလုပ်ရတာ ကိုယ့်အတွက် မခက်ခဲလှပါဘူး.. ဒါပေမယ့် ဆိုးနေတာက...

ကိုယ်မျှော်လင့်ထားသလို ဖြစ်မလာဘူးကွယ်.... အဒေါ်ကြီးက ဘုရားတရားကိုင်းရှိုင်းသလောက်
သူ့သမီးနဲ့သားမက်က လောင်းကစားမက်လွန်းတယ်... ညဆို မိန်းမရောယောက်ျားရော ဖဲဝိုင်းက
ည ၁-၂ နာရီရှိတယ်..

28.10.2012 နေ့ဖတ်ရန်သတင်းများ



by Myanmar Journal on Saturday, October 27, 2012 at 5:29pm ·

ဆီးရီးယားမှာ အပစ်ရပ်ပေမယ့် တိုက်ခိုက်မှုတွေဆက်
အစ္စလာမ် ဘာသာဝင်တို့ရဲ့ အစ်ပွဲတော် အတွင်း ဆီးရီးယား အစိုးရ တပ်ဖွဲ့ တွေနဲ့ သူပုန် တိုက်ခိုက်ရေး သမားတွေ အကြား အပစ်အခတ် ရပ်စဲ မယ်လို့ သဘောတူ ခဲ့ပြီး၊ ဒုတိယမြောက် နေ့မှာ တော့ ဆီးရီးယားနဲ့ တူရကီ နယ်စပ် တလျှောက်မှာ သေနတ် သံတွေ ထွက်ပေါ်နေ ပါတယ်။
ဒမားစကပ်စ်မြို့မှာလည်း အစိုးရ ကနေ အမြောက်တွေနဲ့ ပစ်ခတ် တိုက်ခိုက် နေတယ် ဆိုတဲ့ သတင်းတွေ ရရှိတယ်လို့ အဲဒီ နယ်စပ်မှာ ရှိတဲ့ ဘီဘီစီ သတင်းထောက် ပြောပါတယ်။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၇-၁၀)

သစ်ထူးလွင်



Saturday, October 27, 2012

အနာဂတ်မဲ့များ



by Win Ko on Friday, October 26, 2012 at 7:27pm 

မနက်လင်း အိပ်ရာနိုးသည်နှင့် သားနှစ်ယောက်ဘဝရှေ့ရေးအတွက် ဇနီးသည်နှင့် စကားအခြေအတင် ဖြစ်ရသည်က နေ့စဉ်ရက် ဆက်ဖြစ်နေပြီ။ ဒုက္ခသည်စခန်းထဲကို ၂၀၀၆ ခုနှစ် စက်တင်ဘာ ၁၉ ရက်နေ့က ဒုတိယအကြိမ် စတင်ဝင်ရောက်ခဲ့ရပြန်သည်။ ထိုအချိန်က သားကြီး ၄ လသားသာ ရှိသေးသည်။ ယခုသားကြီးအသက်က ၇ နှစ်အတွင်း၊ ဒုတိယမွေးသည့် သားငယ်အသက်က ၄ နှစ်အတွင်း ချဉ်းနင်းဝင်ရောက်ခဲ့ပြီးဖြစ်သည်။

ကုလသမဂ္ဂ၏ လူအခွင့်အရေးလှုပ်ရှားမှု


by မင်းခက်ရဲ (Min Khet Ye) on Friday, October 26, 2012 at 7:02pm ·

             ကုလသမဂ္ဂဟာ လူ့အခွင့်အရေးကော်မရှင်ကို တည်ထောင်စမှာ အဓိကအဖွဲ့ဝင် ၁၁ ဦး ပါဝင်တယ်။  ပုဂ္ဂိုလ်၉ဦးက ကော်မရှင်အဖွဲ့ဝင်တွေဟာ သူတို့အစိုးရတွေရဲ့ အမြင်ထက် လွတ်လပ်တဲ့ ကျွမ်းကျင်သူပညာရှင်တွေအနေနဲ့ ပြုမူသင့်တယ်လို့ အဆိုပြုတယ်။ သူတို့ရဲ့ အစိုးရတွေက ဒါကို ပယ်ချတယ်။ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေက  ကော်မရှင်ဟာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေထဲက ၁၈နိုင်ငံရဲ့ အစိုးရကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းသင့် တယ်လို့ ဆုံးဖြတ်ချက်ချတယ်။၁၉၆၇မှာ အဖွဲ့ဝင်ကို ၃၂ယောက်အထိ ချဲ့တယ်။ နောက်ပိုင်းမှာ ၅၃ယောက်အထိ ဖြစ်လာတယ်။ ၂၀၀၆မှာ ကော်မရှင်ကို ဖျက်သိမ်းလိုက်ပြီး ၄၇ယောက်ပါတဲ့ လူ့အခွင့်အရေးကောင်စီနဲ့ အစားထိုးလိုက်တယ်။                                 ကောင်စီအသစ်ကို မစမ်းစစ်ခင် ၊ ကျွန်တော်တို့ခဏရပ်ပြီးစဉ်းစားသင့်တာက နှစ်ပေါင်း၆၀ခရီးမှာ ကောင်စီရရှိ လိုက်တဲ့  အောင်မြင်မှုတွေကဘာလဲ။

ယမ်းငွေ့ ဝေနေသော ဘ၀နှင့် ငြိမ်းချမ်းရေး အိပ်မက်


win lay winchitlay@gmail.com
mgmgkhinသေနတ်ကိုင်ထားသော ဗိုလ်ကြီး မင်းဌေး လက်များ တုန်နေသည်။ ရှေ့တွင်ရှိသော ပိန်ပိန် ပါးပါး အမျိုးသမီး တစ်ဦးကို မပစ်ရဲ။ သူက ငြိမ်းချမ်းရေး နိုဘယ်လ် ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဖြစ်သည်။ သူက ချိန်ထားသော သေနတ်ကို ဂရုမစိုက်ဘဲ တည်တည် ငြိမ်ငြိမ်ဖြင့် ဖြတ်ကျော်သွားသည်။
ယင်းမြင်ကွင်းမှာ သမိုင်းအလွဲများကို ရိုက်ကူး ထားသည်ဟု မြန်မာနိုင်ငံသားများက တူညီစွာ မှတ်ချက်ပြု ပြောဆိုနေကြသည့် The Lady ရုပ်ရှင် ဇာတ်ကားထဲမှ ဇာတ်ဝင်ခန်း တစ်ခုဖြစ်သည်။ ယင်း ဇာတ်ဝင်ခန်းတွင် သရုပ်ဆောင်ခဲ့သော ကိုမင်းဌေး သည် လက်ရှိတွင် မြန်မာနိုင်ငံ မြောက်ဖျားပိုင်း ကချင် လွတ်လပ်ရေး တပ်မတော်နှင့် မဟာမိတ်တပ် အဖြစ် ရပ်တည်နေသော ABSDF (ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး) မြောက်ပိုင်းတပ်တွင် ဗိုလ်မှူး အဆင့်ဖြင့် တိုက်ပွဲ များကို ဆင်နွှဲနေသည်။

27.10.2012 နေ့ဖတ်ရန်သတင်းများ


by Myanmar Journal on Friday, October 26, 2012 at 6:56pm ·

အီတလီ ဝန်ကြီးချုပ်ဟောင်း ထောင်ကျ
အီတလီ ဝန်ကြီးချုပ်ဟောင်း ဘာလူးစကိုနီ ထောင်ကျ
အီတလီ ဝန်ကြီးချုပ်ဟောင်း ဆာဗီယို ဘာလူးစကိုနီကို မီလန်တရားရုံးကနေ အခွန်ရှောင်မှုနဲ့ ထောင်ဒဏ် ၄ နှစ် အပြစ်ပေး လိုက်ပါတယ်။
ဒါပေမယ့် အီတလီ ထောင်တွေထဲမှာ အကျဉ်းသား အရေအတွက် နည်းစေဖို့ ရည်ရွယ်ပြီး ၂၀၀၆ က ပြဋ္ဌာန်းခဲ့တဲ့ လွတ်ငြိမ်း ချမ်းသာခွင့် ဥပဒေအရ ထောင် ၃ နှစ် လျှော့ပေါ့ လိုက်လို့ ထောင်တနှစ်ပဲ ကျခံရတော့မှာ ဖြစ်ပါတယ်။

စာအိတ်ထဲကျည်ဆန်ထည့် စိန်ခေါ်ခံရပေမယ့် ငြိမ်းချမ်းရေးအတွက် နောက်မတွန့်သူ




ရေးသားသူ- အားမာန်

ကမ္ဘာပေါ်တွင် ပြည်တွင်းစစ်ဖြစ်ပွားမှု အရှည်ကြာဆုံးနိုင်ငံဟု မှတ်တမ်းဝင်နေသော မြန်မာနိုင်ငံ၌ တစ်နှစ်အတွင်း အစိုးရ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ရှေ့တန်းမှဦးဆောင်လုပ်ကိုင်ခြင်းဖြင့် အရေးပါသူတစ်ဦး ပေါ်ထွက်ခဲ့သည်။ နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ တာဝန်ပေးမှုအရ ရထားပို့ဆောင်ရေးဝန်ကြီးအဖြစ်မှ ငြိမ်းချမ်းရေးဖော်ဆောင်
သူဖြစ်လာသော ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းဖြစ်သည်။

ဒေါသကြီးသောခွေး နှင့် သင်္ဘောသီးပြုတ်



လှိုင်ဘွား/၈၈

လှိုင်ဘွားငယ်ငယ်တုံးကပေါ့။ ပုသိမ်နဲ့ 
ဟင်္သာတကြားက ရထားလမ်းဘေးက 
အဖေ့ရဲ့မွေးရပ်မြေမြို့ ကလေးတမြို့ ကို
အလည်ရောက်ခဲ့ဖူးတယ်။ 

Friday, October 26, 2012

သစ်ထူးလွင် သတင်းစုစည်းမှု (၂၆-၁၀)

သစ်ထူးလွင် 

ရခိုင်ပြည်နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာဖွယ်ရှိကြောင်း သတင်းများထွက်ပေါ်
မင်းပြား၊ မြောက်ဦးတွင် မီးဘေး ဒုက္ခသည်နှင့် နေအိမ် စွန့်ခွာသူ(၃၀၀၀)ခန့်ရှိ
ရခိုင်ပဋိပက္ခနှင့် ပတ်သက်သည့် အရေးကြီးအဆို လွှတ်တော်က မှတ်တမ်းတင်
ရမ်းဗြဲမြို့တွင် မီးဆက်လက် လောင်နေဆဲ
ရမ်းဗြဲမြို့တွင် မီးလောင်မှု ဖြစ်ပွားနေ
ရှေးဟောင်း ခေါင်းလောင်းကြီး မဟာစန္ဒာ မုနိမြတ်စွာ ဘုရားကြီးဝင်းတွင် တူးဖော်ရရှိ
ရခိုင်ပြည်နယ် ရမ်းဗြဲမြို့တွင် မီးလောင်မှု ဆက်ဖြစ်
OIC အား တုံ့ပြန်မှုများကြောင့် မင်းပြားပြသာနာ စတင်ခြင်းဖြစ်သည်ဟု ဒေသခံများဆို
ဆန္ဒပြမည့် သတင်းများ ထွက်ပေါ်၍ လုံခြုံရေးများ ချထား
သမ္မတကြီးနှင့် သူ၏သတင်းထောက်များ

သင့်ကြောင့် လူမသေပါစေနှင့်

လူသေတဲ့ ကိစ္စနဲ့ ခေါင်းစဉ်တပ် ထားပေမယ့် ဒီတစ်ခါ ရည်ညွှန်းတာက ကျန်းမာရေးဝန်ထမ်းတွေကို မရည်ညွှန်းဘဲ ဂျာနယ်လစ်တွေ၊ အယ်ဒီ တာတွေ ကို ရည်ညွှန်းပါတယ်။ ကျွန်တော်တို့ ဂျာနယ်တွေ စာနယ် ဇင်းတွေက လူသတ်နိုင်လို့လားဆို တော့၊ ကျန်းမာရေးဝန်ထမ်းတွေ မှားရင် တစ်ဦးချင်းသာ သေစေနိုင်ပေ မယ့် ဂျာနယ်တွေ စာနယ်ဇင်းသမား တွေ လုပ်ရင် တစ်ဦးထက်မက သေ စေနိုင်လို့ပါ။
(ဟိုတလောက ရိုဟင် ဂျာကိစ္စနဲ့ မဆိုင်ပါဘူးနော်။) အခုတလော ဂျာနယ်တွေ ဖတ်လိုက်ရင် ကိုယ့်ကိုယ်ကို သတ် သေတဲ့သတင်းတွေ အတော်လေး ပါလာတာကို တွေ့ကြရပါတယ်။

26.10.2012 နေ့ဖတ်ရန်သတင်းများ

by Myanmar Journal on Thursday, October 25, 2012 at 7:25pm ·

ငြိမ်းချမ်းရေးအတွက် နိပွန် ဖောင်ဒေးရှင်း၏ ဒေါ်လာ ၃ သန်းတန် အကူအညီ စတင်မည်
ဟင်္သာနီ (မွန်မြေ) | ကြာသပတေးနေ့၊ အောက်တိုဘာလ ၂၅ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၁၀ မိနစ်

စံခလပူရီ (မဇ္ဈိမ) ။      ။ ဂျပန်နိုင်ငံ၏ NGO အဖွဲ့အစည်းကြီး တခုဖြစ်သည့် နိပွန် ဖောင်ဒေးရှင်း (The Nippon Foundation) မှ မြန်မာနိုင်ငံ တိုင်းရင်းသား စစ်ဘေးဒဏ်သင့် ဒေသများအတွက် အမေရိကန် ဒေါ်လာ ၃ သန်းတန် ဆန်နှင့် ဆေးဝါး အကူအညီများကို လူသားချင်း စာနာမှု အကူအညီ၏ ပထမသုတ် အနေဖြင့် ပေးအပ်မည်ဖြစ်ကြောင်း သိရှိရသည်။

Thursday, October 25, 2012

ရင်ထဲကကျောင်းတော်


လူတယောက်ရဲ့ ဘ၀မှာ တစိမ့်စိမ့်နဲ့ ပြန်လည်လွမ်းဆွတ်မိတတ်တဲ့ ဘ၀ဟာ ကျောင်းသားဘ၀လို့ ဆိုလေ့ရှိကြပါတယ်။ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းသားဘ၀တွေက အစပြုလို့ တက္ကသိုလ်ကျောင်းသားဘ၀ တွေအထိ ကျောင်းသားဘ၀ရဲ့ အမှတ်တရတွေက ရင်ထဲမှာ အတိုင်းအတာ တခုအထိ နေရာယူထားတတ်ပါတယ်။ ကျွန်မရဲ့ ရင်ထဲမှာ ဒီလိုနေရာယူထားတဲ့ ကျောင်းသားဘ၀လေးတခု ရှိပါတယ်။ အဲဒါကတော့ မွေးဖွားရာဇာတိ၊ တောင်ကြီးမြို့က အထက 
(ဆိုတဲ့ ကျောင်းတော်ကြီးမှာ ပညာရည်နို့ သောက်စို့ခဲ့ရတဲ့ ကျောင်းသားဘ၀လေးပါပဲ။

25.10.2012 နေ့ဖတ်ရန်သတင်းများ


by Myanmar Journal on Wednesday, October 24, 2012 at 4:27pm ·

ဆိုဗီယက်ကျူးကျော်မှု ၅၆ နှစ်ပြည့် ဆန္ဒပြ
ဟန်ဂေရီ နိုင်ငံ ဘူဒါပက် မြို့တော်က အစိုးရ ဆန့်ကျင်ရေး နဲ့ ထောက်ခံ ဆန္ဒပြပွဲကြီး တွေမှာ လူ သောင်းနဲ့ချီပြီး ဆင်နွှဲ ခဲ့ကြပါတယ်။
ဆိုဗီယက် ကျူးကျော်မှု ကို ဆန့်ကျင် ခဲ့တဲ့ ၁၉၅၆ ခုနှစ် ဟန်ဂေရီ အရေးအခင်း ၅၆ နှစ် ပြည့်တဲ့ အချိန်လဲ ကျရောက် နေပါတယ်။
သူ့ ထောက်ခံသူ တွေကို မိန့်ခွန်း ပေးရာမှာ ဝန်ကြီးချုပ် ဗစ်တာ အော်ဘန်းက သူ့ အနေနဲ့ ဘယ် နိုင်ငံခြား ခိုင်းစေမှု ကိုမှ နာခံ မှာ မဟုတ်ဘူး ဆိုပြီး ဟန်ဂေရီကို အသုံးစရိတ် လျှော့ချဖို့ ဖိအား ပေးနေတဲ့ ဥရောပ သမဂ္ဂ ကို ဝေဖန် ခဲ့ပါတယ်။

Wednesday, October 24, 2012

ခေတ်သစ် ဖွံ့ဖြိုးရေးပါရာဒိုင်း ပါမောက္ခ ဖူကူယားမား၏ ပို့ချချက် - နှင့် စာရေးသူ၏အတွေးအချို့ (ကျော်ဝင်း)



by Kyaw Win on Monday, August 27, 2012 at 5:19am ·

အပြောင်းအလဲ၏ လတ်တလောအရသာ

             မြန်မာပြည်ပြောင်းပါပြီ။ ဤအပြောင်းအလဲကို၊ ပြည်တွင်းပြည်ပရှိ၊ သဘောထားတင်းမာသူ အချို့ကပင်၊ သိမှတ်လက်ခံလာကြ ပါပြီ။ ယခင်ကဆိုလျင်၊ လူအရှင်လတ်လတ်မဆိုနှင့်၊ သူတို့စာတွေကိုပင်၊ မရဲတရဲ မိတ်ဆက်နေကြရသော၊ ကမ္ဘာသိ ပညာရှင်တွေ၊ ဝင်လာ မဆဲ၊ တသဲသဲ ရှိလာသည်။ ယခုနှစ်ပိုင်း ၂၀၁၂ ကိုပဲကြည့်။ ထောမတ်ကရိုသာ၊ မန်မိုဟန်ဆင်း၊ ပေါ(လ)ကိုလီယာ၊ လာရီဒိုင်းမွန်း၊ … အခု ဖရန်စစ် ဖူကူယားမား …။ အားလုံးမှာ စာရေးသူ ဒိုင်ခံမိတ်ဆက်ပေးနေသည့် ပညာရှင်တွေချည်း …။ သူတို့စာတွေ ဖတ်ရင်း၊ အဝေးက ကြည်မော နေရသူအနေနှင့် သူတို့နှင့်တွေ့ချင်ဆုံချင်သည်။ မေးချင် မြန်းချင်သည်။ ကြားချင် နာချင်သည်။ သို့တစေ၊ ဖိတ်စာမရ၍၊ အကုန်လုံးနှင့်တော့ တွေ့ခွင့်မရ။ သည်တစ်ခါ၊ ဖူကူယားမားကိုတော့၊ မင်္ဂလာမြန်မာ ဇနီးမောင်နှံ ကျေးဇူးကြောင့်၊ တွေ့ခွင့်ဆုံခွင့်ရသည်။ သူ့ပို့ချချက်ကို ကြားနာခွင့်ရသည်။ အရတော်လေစွ။ ကျေးဇူးအထူးပါ မင်္ဂလာ မြန်မာ …။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၄-၁၀)


သစ်ထူးလွင်


24.10.2012 နေ့ဖတ်ရန်သတင်းများ


by Myanmar Journal on Tuesday, October 23, 2012 at 4:32pm ·


Obama နဲ့ Romney နိုင်ငံခြားရေး မူဝါဒအမြင်ကွဲပြား
အမေရိကန်သမ္မတ Barack Obama နဲ့ သမ္မတလောင်း Mitt Romney တို့ဟာ တနင်္လာနေ့က ကျင်းပတဲ့ တတိယမြောက်နဲ့ နောက်ဆုံး အကြိမ် စကားစစ်ထိုးပွဲအတွင်းမှာ နိုင်ငံရေးအရ ထိုးနှက်ပြောဆိုမှုတွေ အပြန်အလှန်ပြုလုပ်ခဲ့ကြပြီး Mr Romney ရဲ့ နိုင်ငံခြားရေးမူဝါဒဟာ မှားယွင်းနေပါတယ်လို့ သမ္မတ Obama က ပြောသွားပါတယ်။

ကြိုတင်ပြင်ဆင်သင့်သော အမျိုးသားရေးဆိုင်ရာလုံခြုံရေး

7Day News Journal အတွဲ (၁၁)၊ အမှတ်(၃၂)
အောင်အောင်(IR)

ရခိုင်ပြည်နယ်မှာ ဒီနှစ် မေ၊ ဇွန်လများအတွင်း ဖြစ်ပွားခဲ့သော
အကြမ်းဖက်ပဋိပက္ခများနှင့် ပတ်သက်၍ ဆွေးနွေးမှုတွေ၊ ငြင်းခုံမှုတွေ၊
ဝေဖန်ပြစ်တင်မှုတွေဟာ ပြည်တွင်း၊ ပြည်ပမှာ ယခုအချိန်အထိ
အဆုံးမသတ်နိုင်သေးပါဘူး။ အချိန်တိုတိုအတွင်း ဒီပြဿနာ
အေးငြိမ်းသွားဖို့ဆိုတာလည်း မဖြစ်နိုင်သေးပါဘူး။ ဆွေးနွေးငြင်းခုံမှုတွေဟာ
ရှေ့လျှောက် ပိုမိုကျယ်လောင် ရှုပ်ထွေးလာမယ့် အလားအလာတွေတောင်
တွေ့လာနေရပါတယ်။ အခုထိကို ဆန္ဒပြပုံရိပ်သတင်းတွေက စာနယ်ဇင်းတွေမှာ
တက်လာနေဆဲပါ။ နိုင်ငံတော်ကလည်း ဒီကိစ္စ ပိုပြီးအရှိန်မြင့်တက်မလာဖို့
ကြိုးစားအားထုတ်နေပါတယ်။ ကမ္ဘာ့အစ္စလာမ်နိုင်ငံ အသီးသီးမှာ ဒီကိစ္စဟာ
ပြောဆိုဆွေးနွေးစရာ ဖြစ်လာနေပြီး အစွန်းရောက် အစ္စလာမ်ဘာသာရေးအဖွဲ့အစည်း
အချို့ကလည်း မြန်မာနိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားအပေါ်
ခြိမ်းခြောက်မှုတွေ ပြုလာတာတောင်ရှိပါတယ်။

Tuesday, October 23, 2012

မုန့်ဝေတယ်



နံနက်အိပ်ယာမှထပြီး ထမင်းတအိုးချက်လိုက်သည်။ ထမင်းကျက်တော့ ဟင်းချက်စရာကဘာမှမရှိ။ 
မနေ့ကတဲကတွေးမိသည်။ ဒီနေ့စာအတွက် အဖြေမရ။ မရဲတရဲအတွေးတခု ဖြတ်ခနဲဝင်လာသည်။ ယူနေကြဆိုင်မှာ ကြက်ဥသုံးလုံး အကြွေးသွားယူရင်ကောင်းမလား… ချီတုန်ချတုန်ဖြစ်နေ၏။ ယူထားတဲ့အကြွေးကလည်း များနေပြီမို့ အားနာနေမိသည် ။ နံနက်စောစော သူများဆိုင်မှာ အကြွေးသွားယူဖို့ ဆိုတာကလည်း မဖြစ်သင့် ။ နောက်ဆုံး ကျွန်တော်ဆုံးဖြတ်ချက်တခုချလိုက်သည်။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၃-၁၀)


သစ်ထူးလွင်


ပွင့်လင်းမြင်သာမှုနှင့် ဒီမိုကရေစီ


by Seaman Nayminthu on Monday, October 22, 2012 at 11:28pm 

 --- ဦးဖိုးသာအောင်
22,10 , 2012

- မြန်မာနိုင်ငံ၏ တိုးတက်ပြောင်းလဲအောင်မြင်မှု အတွက် အဓိကသော့ချက်မှာ ပွင့်လင်းမြင်သာ မှုနှင့်ဒီမိုကရေစီပင် ဖြစ်သည်။
ပွင့်လင်းမြင်သာမှုနှင့် ဒီမိုကရေစီသည် ခွဲခြားလို့မရပါ။
အပွင့်နှင့် အညှာလို တဆက်တစပ်တည်း ဖြစ်သကဲ့သို့ အပြန်အလှန်အကျိုးပြုနေသည်လည်း ဖြစ်သည်။

တရားမျှတမှုကို မလိုလားသည့် လူ့အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်တစ်ဦးချင်းတို့သည် ပွင့်လင်းမြင်သာမှုနှင့် ဒီမိုကရေစီကို မလိုလားကြခြေ၊ ဆန့်ကျင်ဘက် တိုက်နေကြသည်။

ဝါ၀ါဝင်း လယ်သိမ်းမှု နေပြည်တော်ထိ ချီတက် ဖော်ထုတ်မယ်


by Myanmar Online News on Monday, October 22, 2012 at 11:10am ·

Monday, October 22, 2012

ဆန္ဒပြ လယ်သမားများနဲ့ ရဲအရာရှိတချို့၊ ဓာတ်ပုံ- နန်းဆိုင်နွမ်/ ဧရာဝတီ

လှိုင်သာယာမြို့နယ်အတွင်းရှိ ၀ါဝါ၀င်း ကုမ္ပဏီမှ သိမ်းဆည်းထားသည့် လယ်ယာမြေပေါင်း ၁၀၀၀ ကျော် ကို ပြန်လည်ရယူလိုသည့် အတွက်အဆိုပါ လယ်သမားများသည် ယနေ့နံနက် ၁၀ နာရီမှ စကာ ဌာန ဆိုင်ရာမှ အကြောင်းမပြန်မချင်း ဆန္ဒထုတ်ဖော်သွားမည်ဟု သိရသည်။

R.E.C.O.N.C.I.L.I.A.T.I.O.N



by သိုး ကလေး on Friday, October 19, 2012 at 10:39pm ·

တရားဥပဒေ စိုးမိုးရေး - No one above the Law
တရားဥပဒေ စိုးမိုးရေးလို့ ဆိုလိုက်တာနဲ့ ရိုးရိုးရှင်းရှင်း သဘောပေါက်နိုင်တာက တရားဥပဒေရဲ့ အထက်မှာ မည်သူတဦးတယောက်မျှ ရှိမနေရဘူးဆိုတာပါ ။ ဒီသဘောတရားကို မြန်မာနိုင်ငံမှာ ကလေးကအစ သိနေပါပီး တရားဥပဒေ ဆိုတာ ဘာလဲလို့ ပြောလိုက်ရင် ဥပဒေစာအုပ်ထဲက ဥပဒေတွေကို အားလုံး လိုက်နာခြင်းလို့ အကြမ်းဖျင်း မှတ်ယူကြမှာပါပဲ ။

23.10.2012 နေ့ဖတ်ရန်သတင်းများ


by Myanmar Journal on Monday, October 22, 2012 at 6:05pm ·


ဆိုမာလီ ပင်လယ်ဓါးပြမှု လျော့ပါး
အိန္ဒိယသမုဒ္ဒရာထဲမှာ ခုတ်မောင်းနေတဲ့ နိုင်ငံတကာသင်္ဘောတွေကို ဆိုမာလီပင်လယ်ဓါးပြတွေက ပစ်မှတ်ထား ပြန်ပေးဆွဲထားမှုတွေဟာ  ၂၀၀၉ ခုနှစ်က စတင်ပြီး ကျဆင်းသွားခဲ့ပေမယ့်၊ အာဖရိကတိုက် ဂီနီပင်လယ်ကွေ့ (Gulf of Guinea) မှာတော့ သင်္ဘောတွေကို ပြန်ပေးဆွဲမှုတွေကတော့ ပိုများလာတယ် လို့၊  မနေ့က တနင်္လာနေ့က လန်ဒန်အခြေစိုက် နိုင်ငံတကာရေကြောင်းသွားလာမှုဗျူရို (International Maritime Bureau) ကနေ ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာမှာ ဖေါ် ပြထားပါတယ်။

မြန်မာ့အရေးကျွမ်းကျင်သူ ဘာတီးလင့်တ်နာ (Bertil Lintner) နှင့်တွေ့ဆုံမေးမြန်းခြင်း (အပိုင်း-၂)


by Yangon Press International on Monday, October 22, 2012 at 1:07am ·

 ဝေမိုးတွေ့မေးသည်။

ကျွန်တော်တို့ ရှာဖွေ နေတာက ဒုက္ခသည်တွေကိုပေးမယ့် ငွေကြေးတွေမဟုတ်ပါဘူး၊ ကျွန်တော်တို့လူမျိုးတွေရဲ့ အခွင့်အရေးကို စောင့်မျှော်နေတာပါလို့ ရေးထားတယ်။ သူတို့မျှော်လင့်သလို၊ သူတို့ရှုမြင်ထားတဲ့ အခွင့်အရေးမျိုးကို ဒေါ်စု  မပြောတဲ့အတွက်ကြောင့် ကချင်လူထု စိတ်ပျက်သွားတယ်လို့ ကျွန်တော်ထင်ပါတယ်။  
Related Posts Plugin for WordPress, Blogger...