Friday, November 30, 2012
ပြည်သူခေတ် (29-11)
ပြည်သူခေတ်
ဆွေးနွေးညှိနှိုင်း
by Lwin Aung Soe on Thursday, November 29, 2012 at 4:45pm 
 ခေတ်မီတိုးတက်ပြီး ကမ္ဘာနိုင်ငံတွေမှာ ကလေးဘဝကတည်းက မိဘနဲ့ သားသမီး ဆွေးနွေးညှိနှိုင်း အဖြေရှာယူတာမျိုး ရှိပါတယ်။ မိဘကိုယ်တိုင် သာမက ကျောင်းနဲ့ ပတ်ဝန်းကျင်ကလည်း ဒါကို အားပေးလက်ခံကြပါတယ်။ ကောင်းတယ်လို့ ယူဆမိပါတယ်။
မြန်မာမှာတော့ မိဘ ဆရာနဲ့ ဦးလေး အဒေါ် အကိုအမတွေကို ခံမပြောနဲ့ ဆိုတဲ့ အစဉ်အလာ ရှိနေပါတယ်။ ဒီတော့  ဆွေးနွေးညှိနှိုင်း အဖြေရှာယူတာမျိုးက တော်တော်ရှားပါတယ်။ အထက်အောက် ကြီးစဉ်ငယ်လိုက် ရိုသေလေးစားမှုက သပ်သပ်၊ ကိစ္စတခုအပေါ် ပူးပေါင်း ဖြေရှင်းတာက သပ်သပ်ဆိုပြီး ခွဲထားသင့်တယ်လို့ ပြောချင်ပါတယ်။
29.11.2012 နေ့ဖတ်ရန်သတင်းများ
by Myanmar Journal on Wednesday, November 28, 2012 at 7:39pm ·
လက်ပံတောင်း တောင် သပိတ် စခန်း လူစု ခွဲခံရ
လက်ပံတောင်း တောင် သပိတ် စခန်း ၆ ခု အနက် ဝမ်ပေါင် ကုမ္ပဏီ ရုံးရှေ့က သံဃာ တွေရဲ့ သပိတ် စခန်းကို ကြာသပတေး နေ့ မနက် ၃ နာရီက စပြီး မျက်ရည်ယိုဗုံး ပစ်ခတ်ပြီး ရိုက်နှက် လူစု ခွဲခဲ့ပါတယ်။
သံဃာတော် ၆ ပါး လောက်ကို ရိုက်နှက် ဖမ်းဆီး ခေါ်ဆောင် သွားတယ်လို့ အဖမ်း ခံရတဲ့ သံဃာ တော် တပါးက ဘီဘီစီကို ပြောပါတယ်။
တိုင်းပြည်တည်ငြိမ်အေးချမ်းမှု ကိုသာ ပထမဦးစားပေး အနေဖြင့် တွေ့မြင်ခံစားလိုပါသည်
by Naung Taw Lay on Thursday, November 29, 2012 at 9:05am ·
တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုကိုလိုလားတာက ပြည်သူတစ်ဦးရဲ့ ဒုတိယဆန္ဒပါ တိုင်းပြည်တည်ငြိမ်အေးချမ်းမှု ကိုသာ ပထမဦးစားပေး အနေဖြင့် တွေ့မြင်ခံစားလိုပါသည် 
မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာရဲ့ အာရုံစိုက်မှုကိုခံနေရတဲ့အခုလို အခြေအနေ မျိုးမှာ လက်ပံတောင်း တောင်စီမံကိန်းနှင့်ပတ်သက်၍ ယခုလိုဖြစ်ပွားခြင်းကြောင့် နိုင်ငံရဲ့ Image နဲ့ အုပ်ချုပ်သူ အစိုးရအဖွဲ့ရဲ့ Image ကိုအများကြီး ထိခိုက်စေပါသည်။လက်ရှိရှေ့တိုးဆောင်ရွက်နေ သည့် နိုင်ငံဖွံ့ဖြိုးရေးလုပ်ငန်း စဉ်များဆောင်ရွက် နေမှုများကိုလည်း ရပ်တန့်စေပြီး ပြည်သူ့အစိုးရ အဖြစ်ရပ်တည်နေရာမှဘက်ပြောင်း သွားစေနိုင်တဲ့ အတွက် အထူးသတိပြုစရာကောင်းလှပါသည်။ ယခင်အစိုးရ လက်ထက်က နိုင်ငံတကာ နဲ့ စီမံကိန်းများဆက်သွယ် ဆောင်ရွက်မှုများကို လက်ရှိဒီမိုကရေစီအစိုးရက အမွေခံ ဆောင်ရွက်နေရသည့် အချိန်တွင် လုပ်ဆောင်ချက် တိုင်းသည် ခက်ခဲမည်ကို နားလည်ပါသည်။
မုံရွာမြို့ ကံကုန်းကျေးရွာတွင် ဒေါ်အောင်ဆန်းစုကြည်ပြောကြားသော မိန့်ခွန်းအပြည့်အစုံ
by The Voice Weekly on Thursday, November 29, 2012 at 6:03am ·
“အခု ဒီဒေသမှာဖြစ်နေတဲ့ အခက်အခဲတွေကို ကျွန်မတို့ နိုင်ငံသိက္ခာရှိမယ့် ပုံစံနဲ့ ကျွန်မဖြေရှင်းချင်ပါတယ်။ အခု ဒီဒေသမှာဖြစ်နေတဲ့ ပြသနာ ကြေးနီစီမံကိန်းနဲ့ပတ်သက်ပြီး ဖြစ်နေတဲ့ပြသနာတွေကို ကျွန်မကနေပြီးတော့ အေးအေးချမ်းချမ်းနဲ့ ပြေလည်သွားစေချင်တယ်”
တကယ်တော့ လက်ပံတောင်းတောင်ကိစ္စနဲ့ ပတ်သက်ပြီးတော့ လာပြီးတော့ ဆွေးနွေးဖို့ စီစဉ်တာပါ။ ဒီလို ကျွန်မတို့ကို ပြည်သူလူထုကနေပြီးတော့ သောင်းသောင်းဖျဖျနဲ့ ကြိုဆိုတယ်မယ်လို့ မထင်ခဲ့ပါဘူး။ ကျေးဇူးတင်ပါတယ်။ လာပြီးတော့ လာပေးတဲ့အတွက် (ပြည်သူများ၏ လက်ခုတ်သံများ)
အဲ့တော့ ကျွန်မ လာရတာနဲ့ ပတ်သက်လို့ ကျွန်မတို့ နိုင်ငံရဲ့ အခြေအနေနဲ့ ဒွန်တွဲပြီးတော့ ပြောချင်ပါတယ်။ အခု ကျွန်မ နိုင်ငံရေး စလုပ်ထဲက ကျွန်မ ပြောခဲ့တယ်။ ပြည်သူလုထုကို ကျွန်မ ကတိတစ်ခုပဲ ပေးနိုင်တယ်။ 
((( လီကွမ်းယု အလိုရှိသည် )))
by Shwe Eaim Si on Wednesday, November 28, 2012 at 10:29pm ·
By..FOOLWRITER.......May 2, '10 12:32 PM for everyone
လက်ရှိမြန်မာပြည်ကြီး ဘာလိုနေတာလဲ ဆိုတာ စာဖတ်သူတို့သိပါသလား ခင်ဗျာ။ အရင်အပတ်က ကိုညသစ်ရေးတဲ့ “ပြောဖို့လိုတယ်” ဆိုတဲ့ ဆောင်းပါးတစ်ပုဒ်ကို စာဖတ်သူတို့ မှတ်မိကြမှာပါ။ ဟုတ်ပါတယ်။ ကိုညသစ် ပြောသလိုဘဲ ကျွန်တော်တို့ မြန်မာတွေဟာ အမှန်ကို မပြောရဲကြဖူး။ အကြောက်တရားတွေ ဖုံးလွှမ်းနေကြတယ်။ ပွင့်ပွင့်လင်းလင်းဘဲ ပြောလိုက်ပါမယ်။ မြန်မာပြည် ဆင်းရဲနေတယ်။ ဒါက ဘယ်သူမှ မငြင်းနိုင်ပါဖူး။ ဒါဘာကြောင့်လဲ။ ကျွန်တော်တို့ဟာ ဆိုရှယ်လစ်စနစ်ဆိုးကြီးနဲ့ နှစ်အတော်ကြာအောင် ကြုံတွေ့ခဲ့ရတယ်။
သစ်ထူးလွင် သတင်းစုစည်းမှု (၂၉-၁၁)
သစ်ထူးလွင်
Thursday, November 29, 2012
သားရွှေအိုးထမ်း
by Soe Min on Monday, November 26, 2012 at 7:25pm
အခု ၂၁ ရာစုမှာ ဒီမိုကရေစီအသံဟာ အာရပ်လောကအပါအဝင် ကမ္ဘာ့နေရာ အနှံ့အပြားမှာ ပိုလို့ကျယ်လောင်လာပါ တယ်။ လူတွေ ဘာဖြစ်လို့ ဒီမိုကရေစီကို လိုချင်ရတာလဲ။ ဘုရင်စနစ် (သို့မဟုတ်) တပါတီစနစ်နဲ့ အုပ်ချုပ်ထားပြီး အေးအေးချမ်းချမ်း စားနိုင်သောက်နိုင် အိုးအိမ်ကောင်းကောင်းနဲ့ နေထိုင်နိုင်မယ်ဆိုရင် ဒီမိုကရေစီ လိုပါဦးမလားလို့ မေးသူတွေလည်း ရှိပါတယ်။ အလုပ်ရှုပ်ခံပြီး ဒီမိုကရေစီကို တောင်းဖို့လိုသေးလားလို့ ဆင်ခြေတက်မယ့် သူတွေလည်း ရှိကောင်းရှိနိုင်ပါလိမ့်မယ်။ စီးပွားရေးကောင်းဖို့က ပထမ ဒီမိုကရေစီဆိုတာ နောက်မှလာလည်း ရပါတယ်လို့ ပြောတဲ့သူတွေထဲမှာ အနောက်တိုင်းက ပညာရှင် ဆိုသူကြီးတွေတောင် ပါပါတယ်။ ဒါပေမယ့် ဒီအဆိုကို သူတို့အနောက်နိုင်ငံက ပြည်သူတွေရှေ့မှာ ဒီပညာရှင်တွေ ပြောင်မပြောရဲပါဘူး။ ဘာကြောင့်လဲဆိုတော့ အနောက်တိုင်းမှာက ဒီမိုကရေစီက အတော်လေး အမြစ်တွယ် ခိုင်မာနေ တာကိုး။ ခိုင်မာအမြစ်တွယ်နေတဲ့ ဒီမိုကရေစီ ပြန်ပြီးလျှော့ပါးသွားမှာကို အဲသည့်ပြည်သူတွေက လက်ခံမှာလည်း မဟုတ်ပါဘူး။
နိုင်ငံတော် ကို အကြောင်းပြပြီး လူပါးဝတဲ့သူတွေ ချမ်းသာတယ် . . . ပြည်သူတွေ ဆင်းရဲတယ်
by Naung Taw Lay on Wednesday, November 28, 2012 at 8:38am 
တန်ဆောင်တိုင် အခါသမယ သူများတွေ ဆူကြပူကြအချိန်အခါမှာ ကျွန်တော်ပါ (၃)ယောက် လက်ဖက်ရည်ဆိုင်ထိုင်ပြီး နိုင်ငံရေး ဆိုလား ဘာဆိုလား . . . . ဆိုလား ကိစ္စတွေ ပြောနေမိကြတယ် . . . . ကိုကြီး ၊ ကိုလတ် ၊ မောင်ငယ် လို့ပဲ ဆိုကြပါစို့ . . . .
ကိုကြီး - မြန်မာနိုင်ငံက တိုးတက်ဖို့ မလွယ်ပါဘူး။ တော်လှန်လို့လည်း မအောင်မြင်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အရင်တုန်းက (စစ်တပ်အကြီးအကဲ)တွေကို ထိုင်ခုံက ဖယ်မပေးချင်တာတို့ စကားလုံးကြီးတွေနဲ့ နှပ်ခဲ့တဲ့သူတွေက အခု သူတို့တွေကိုလည်း နေရာလေးတွေ ပေးထားတော့ မပြောကြတော့ဘူးလေ။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား မေတ္တာရပ်ခံခြင်း
by Lwin Aung Soe on Wednesday, November 28, 2012 at 3:58pm ·
Photo - EMG
ပြည်သူလူထုကို နှိပ်ကွပ်တဲ့ အစိုးရမှန်သမျှ အာဏာရှင် အစိုးရသာ ဖြစ်ပါတယ်။ အာဏာရှင် အကျင့်အကြံတွေ ရှိနေသမျှ အဲဒီအစိုးရကို ဒီမိုကရေစီ အစိုးရလို့ မခေါ်နိုင်ပါဘူး။
 မိဘပြည်သူတွေရဲ့ ရွေးကောက်ခံ အစိုးရ ဖြစ်ပါတယ်လို့ သမ္မတ ဦးသိန်းစိန် မိန့်ခွန်းပြောခဲ့တဲ့အတိုင်း အစိုးရအသီးသီးရဲ့ လုပ်ဆောင်ပုံတွေကို ကျနော်တို့ အမြဲတမ်း ဂရုတစိုက် စောင့်ကြည့်ခဲ့ပါတယ်။
Wednesday, November 28, 2012
ပျက်စီးနေသော တရားစီရင်ရေးနှင့် ချည့်နဲ့နေသော မဏ္ဍိုင်များ
by Lu Cifer on Wednesday, November 28, 2012 at 8:03am 
ယခင် ဗဟိုတရားရုံးချုပ် (ယခု ရန်ကုန်တိုင်း တရားရုံးချုပ်) နှင့် ရန်ကုန်တိုင်း စုပေါင်းတရားရုံး နှစ်ခုကို ပုဂ္ဂလိကသို့ လွှဲပြောင်း ရောင်းချမှုကို ရှေ့နေများ ကန့်ကွက်ခဲ့ကြသည် (ဓာတ်ပုံ – Reuters)
မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးသမိုင်းဟာ ၁၉၄၈ မတိုင်မီက မြန်မာနိုင်ငံမှာ High Court သာရှိပြီး အယူခံကိုတော့ အိန္ဒိယနဲ့ အင်္ဂလန်ကိုသွားရတယ်။ အဆင့်အနေနဲ့တော့ နိမ့်တာပေါ့။
သစ်ထူးလွင် သတင်းစုစည်းမှု (၂၈-၁၁)
သစ်ထူးလွင်
ဒေါ်စုနှင့် ဦးသိန်းစိန် ‘ကမ္ဘာဆန်ဆန် တွေးခေါ်သူ’ သတ်မှတ်ခံရ
by General Knowledge on Tuesday, November 27, 2012 at 4:16am ·
  အမေရိကန် နိုင်ငံထုတ် နိုင်ငံခြားရေး ပေါ်လစီ (Foreign Policy) မဂ္ဂဇင်းမှ ၂ဝ၁၂ ခုနှစ် အတွက် ‘ကမ္ဘာဆန်ဆန် တွေးခေါ်သူ ၁ဝဝ’ 100 Global Thinkers စာရင်းတွင် လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးသိန်းစိန်တို့အား နံပါတ် ၁ အဖြစ် ပူးတွဲ ဖော်ပြလိုက်သည်။ 
28.11.2012 နေ့ဖတ်ရန်သတင်းများ
by Myanmar Journal on Tuesday, November 27, 2012 at 12:35pm ·
အမျိုးသမီး စစ်မှုထမ်းတွေ ခန့်မယ်
သူနာပြု သိပ္ပံ ဘွဲ့ရ တွေကို စစ် သူနာပြုတွေ အဖြစ် ခန့်ထား ဖို့ စီစဉ်နေ
အမျိုးသမီး စစ်မှုထမ်း တွေကို လိုအပ်တဲ့အချိန်မှာ ခန့်အပ် သွားမယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ စစ်ရေးချုပ်က ထုတ်ဖေါ် ပြောခဲ့ ပါတယ်။
စစ်ရေး၊ တိုက်ခိုက်ရေးနဲ့ မသက်ဆိုင်တဲ့ သူနာပြု၊ ငွေစာရင်း၊ ရုံးလုပ်ငန်းနဲ့ ကျန်းမာရေး လုပ်ငန်း တွေမှာ အမျိုးသမီး စစ်မှုထမ်းတွေ ခန့်ထားမယ့် အစီ အစဉ်တွေ ပြုလုပ် နေပြီ ဖြစ်ပြီး အခု ချိန်ထိတော့ အမျိုး သမီး ဆရာဝန်၂ဝ နဲ့ သူနာပြု အမျိုးသမီး ၇ ယောက်ကို ခန့်ထားပြီး ဖြစ်တယ်လို့ ဒုတိယ စစ်ရေးချုပ်က ပြောကြောင်း ဧရာဝတီတိုင်းက အမျိုးသားလွှတ်တော်အမတ် တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။
သူငယ်ချင်းသို့ ဖတ်ရန် ပေးခဲ့သောစာ ။
by ကိုဝိုင် ဝိုင်ကေ on Tuesday, November 27, 2012 at 9:50pm ·
သူငယ်ချင်းရေ ...
မင်းစိတ် နဲ့ ငါ့စိတ် ဘယ်တူနိုင်ပါမလဲ...မင်း မိဘနဲ့ မင်း လူဖြစ်လာ သလိုငါ့ မိဘ နဲ့ ငါလည်း လူဖြစ်လာတာလေ..။
တစ်ဝမ်းထဲထွက်တဲ့ မောင်နှမ တွေ တောင် အယူအဆ မတူတာ မင်းနဲ့ငါနဲ့ကြား ဘာများ မတူတာကို ရန်ပြု ရန်ဆောင် နေမှာလဲ..။
မင်း ယုံကြည်ရာကို အမှန်ထင် သလို ငါ ယုံကြည်တာကိုလည်း အမှန်ထင်ခွင့်ပေးပါ ။
ငါလည်း မင်းလို ဝင်ငွေကောင်းပြီး ချမ်းသာချင်တာပေါ့ ။
ဒါပေမယ့် ငါ့ အတွက် ငါ မလုပ်ဖြစ်တာ ငါ့ ကံဇာတာလို့ မှတ်လိုက်ပေါ့ ။ 
ရင်ထိုးတံဆိပ် နဲ့ ငါ့ကို တော့ လှောင်ပြုံး ပြုံးပြတာထက်
အရောင်အဆင်း မရှိတဲ့ ငါ့ကို လမ်းတွေ့ရင် မင်း လွတ်လပ်စွာ ရှောင်သွားလို့ ရပါတယ် ။ 
မြန်မာဆက်သွယ်ရေးရဲ့ ပြည်သူလူထုအပေါ် ဂုတ်သွေးစုပ်မှု။
Zarni Maung and 5 other friends shared Nik Nayman's photo.
တိုင်းပြည်ကို တိုးတက်အောင်လုပ်နေပါတယ်ဆိုတဲ့ အစိုးရက ဖုန်းလိုင်းနဲ့ အင်တာနက်သုံးတာကို data နဲ့ ယူမယ်ဆိုပီး ကြေငြာထားတယ်။ 
တစ်ကယ်တမ်း သူများနိုင်ငံတွေမှာလဲ data နဲ့ယူပါတယ်၊ ဥပမာ စင်ကာပူဆိုပါတော့ M1 mobile မှာ ဖုန်းသွားဝယ်မယ်ဆိုရင် ဖုန်း sim card ကို သွားဝယ်မယ်ဆိုရင်  iphone 5 ပေးပါတယ်။ ၂ နှစ်စာချုပ်နဲ့ပါ တစ်ခါထဲ ပေးဖို့က iphone 5 16 GB ယူမယ်ဆိုရင် 430 စင်ကာပူဒေါ်လာ ပေးရမယ်။ လစဉ်ကြေးက ၃၉ ကျပ်ပေးရမယ် free local outgoing call 120 (min) ၁၂၀ မိနစ် အလကား ပေးပြောတယ်။ free local sms (မက်ဆေ့ခ်ျ) က အစောင် ၆၀၀ ပေးတယ်။ အင်တာနက် သုံးဖို့က တစ်လကို 2GB အလကားပေးတယ်။ အလကားပေးတယ်ဆိုတဲ့ စကားက နဲနဲတော့မှားနေတယ်ဗျာ၊ လစဉ်ကြေး ၃၉ ကျပ်ထဲမှာပါတဲ့ ၀န်ဆောင်မှုလို့ ပြောရင် ပိုမှန်မယ်ထင်တယ်။ အခြားသော ၀န်ဆောင်မှုတွေ ပါသေးတယ်ဗျာ။ 
ဆိုတော့ ကျတော်တို့ မြန်မာပြည်မှာ အခု 100kbp ကို ၂ကျပ်ယူမယ် 1MB ကို ၂၀ ကျပ်ယူမယ်။ 100 MB ကို ၁၅၀၀ ဒါမှမဟုတ် ၁၈၀၀ လစဉ်ကြေးနဲ့ ယူမယ်လို့၊ တရားဝင်တော့ မဟုတ်သေးဘူးနော်၊ ပြည်သူတွေကို အကဲစမ်းတဲ့အနေနဲ့ ဂျာနယ်တွေမှာ ဖွပေးလိုက်တယ်။ 
စင်ကာပူနဲ့ ကျတော်တို့ နိုင်ငံက ယူတာနဲ့ တွက်ကြည့်ရအောင်ဗျာ၊ စင်ကာပူမှာ ကျတော် ၂ နှစ်စာချုပ်နဲ့ယူလိုက်ရင် အိုင်ဖုန်း တစ်လုံးရမယ်ဗျာ။ အိုင်ဖုန်း ၅ တစ်လုံး လက်ရှိပေါက်ဈေး စင်ကာပူဒေါ်လာ ၉၄၈ ကျပ်ပေါ့ဗျာ၊ မြန်မာငွေနဲ့ဆိုရင် 663800 ကျပ်ကျတယ်။ ၂နှစ် စာချုပ်က တစ်လ ၃၉ကျပ်နဲ့ စင်ကာပူဒေါ်လာ 936 ကျပ်ကျတယ်ဆိုတော့ ၂နှစ်စာချုပ် လစဉ်ကြေးနဲ့ ချေလိုက်ရင် ဖုန်းဖိုးကြေပီ။ ၂နှစ်စာချုပ်နဲ့ စ၀ယ်တာနဲ့ လက်ငင်းပေးချေရမဲ့ ပိုက်ဆံ စင်ကာပူ ၄၃၀ မြန်မာငွေနဲ့ဆို ၃၀၁၀၀၀ ကျတယ်။ အဲဒါ ၂ နှစ်စာ အင်တာနက်သုံးခနဲ့  ဖုန်းပြောခ၊ အဲဒီမှာ ပြန်တွက်မယ်။ ၂နှစ်စာ ဖုန်းကို တစ်လ ၁၂၀ မိနစ်နဲ့ ၂၄လ မိနစ် ၂၈၈၀ စာ၊ ကျတော်တို့ နိုင်ငံက ခေါ်ဆိုခနဲ့ဆိုရင် ၁၄၄၀၀၀၊ အင်တာနက်က တစ်လကို 2GB နဲ့ ၂၄ လစာ 49152MB၊ အခု မြန်မာပြည်က ယူမယ်ဆိုတဲ့နှုန်းနဲ့ဆိုရင် ၇၃၇၂၈၀ ကျပ်။ ပေါင်းလိုက်ရင် ၈၈၁၂၈၀ ကျပ် ကျတယ်။ အဲဒါကို လက်ငင်း ပေးချေရမဲ့ငွေ ၃၀၁၀၀၀ နဲ့ ချေလိုက်ရင် ၅သိန်း ၈သောင်းလောက် သက်သာသွားပီ။ 
ဒါတောင် မက်ဆေ့ တစ်လကို အစောင် ၆၀၀ မတွက်ထားဘူး၊ ကျန်တဲ့ ၀န်ဆောင်မှုတွေ ( M1 ဖုန်းကဒ်ချင်းတူရင် ဖုန်းနံပါတ် ၃ ခုကို အလကားကြိုက်သလောက်ခေါ်) ဆိုတာ မပါသေးဘူး အဲဒီတော့ မြန်မာ့ဆက်သွယ်ရေးက ကျတော်တို့တွေကို ဘယ်လောက်အထိ ရိုက်စားလုပ်ထားသလဲဆိုတာ စဉ်းစားသာကြည့်ပေတော့ဗျာ။
အခြား သြစတြေးလျတို့  အမေရိကန်တို့  အစရှိတဲ့ နိုင်ငံတွေမှာဆိုရင် အချို့ သော စားသောက်ဆိုင်တွေ၊ အစိုးရဌာနကြီးတွေ၊ လေယာဉ်ကွင်းတွေမှာ Wi-Fi အလကားပေးသုံးနေကြတယ်။ အင်တာနက်လိုင်း ၀ယ်ရရင်လည်း Unlimited ဆိုပြီး data download ဒေါင်းလုပ် ဆွဲချတာတွေ upload တင်တာအတွက် တစ်ခါထဲ GB တစ်ရာကျော် နှစ်ရာကျော်ကို လစဉ် အလကားခွင့်ပြုထားတယ်။ အဲ့ဒီလို download upload လုပ်လို့ ရတဲ့ အမြန်နှုန်းတွေကလည်း ဘာကောင်းသလည်း မြန်သလည်းမမေးနဲ့ ။ ခွင့်ပြုထားတဲ့ GB ကျော်လို့  ပိုပြီး သုံးမိရင်တောင် အပို MB တွေကို အခကြေးငွေ မယူဘဲ၊ download upload လုပ်လို့ ရတဲ့ အမြန်နှုန်းကိုသာ လျှော့ချပေးတာ လုပ်တယ်။ အဲ့ဒီ လျှော့ချပေးတဲ့ အမြန်နှုန်းတောင် မြန်မာပြည်က လိပ်ထက်နှေးတဲ့ အင်တာနက်နှုန်းထက် မြန်သေးတယ်။
စဉ်းစားသာကြည့်ကျပါတော့ အရပ်ကတို့ရေလို့သာ ပြောလိုက်ချင်ပါတယ်။ (ဒါက အိုင်ဖုန်း ၀ယ်တဲ့လင့် http://store.apple.com/sg/browse/home/shop_iphone/family/iphone5 ဒါက M1 မှာ ၂ နှစ်စာချုပ် အတွက်လင့် http://www.m1.com.sg/iPhone/plans.html ဒါက Sing Tel မှာ ၂ နှစ်စာချုပ်အတွက်လင့် https://info.singtel.com/personal/communication/apple/iphone5/price-plans ဒါက starhub မှာ ၂ နှစ်စာချုပ် အတွက်လင့် http://iphone.starhub.com/#price) ဘာလို့ ကျတော်တို့ မြန်မာ့ဆက်သွယ်ရေးက ဒီလို လုပ်မပေးနိုင်ရတာလဲ ဒီလိုလုပ်ပေးနိုင်မဲ့ကုမ္ပဏီတွေက မကမ်းလှမ်းလို့လား။ ဘာလို့ တရုတ်ကုမ္ပဏီတွေနဲ့ စာချုပ်ချုပ်ပီးတော့ ဖုန်းချပေးဖို့ စီစဉ်ရတာလဲ နိုင်ငံတစ်ကာက တစ်ကယ့်ကို ရင်းနှီးမြုပ်နှံမှု လုပ်ပေးနိုင်တဲ့ ကုမ္ပဏီတွေက မလာကျလို့လား။ နည်းပညာလဲမြင့် ပြည်သူတွေလဲ အဆင်ပြေတဲ့ ချိုသာတဲ့ ဈေးနှုံးနဲ့ရမဲ့ ကုမ္ပဏီတွေ လုံးဝ မလာကျလို့လား။ တရုတ်နဲ့ ဘဲ တမင်သက်သက်လုပ်နေတာလို့  သုံးသပ်ရမလို ဖြစ်နေပြီ။  
ဘာလို့လဲဆိုတဲ့ အတွေးတွေနဲ့ မြန်မာ့ဆက်သွယ်ရေး နောက်ပြန်လှည့်ခြင်း ဒါမှမဟုတ် သမင်လည်ပြန်နေခြင်း ဆိုတဲ့ အတွေးတွေ ခေါင်းထဲကို ၀င်လာမိပါတော့တယ်။ 
(ရေးသားသူ - KSL)။
တိုင်းပြည်ကို တိုးတက်အောင်လုပ်နေပါတယ်ဆိုတဲ့ အစိုးရက ဖုန်းလိုင်းနဲ့ အင်တာနက်သုံးတာကို data နဲ့ ယူမယ်ဆိုပီး
 ကြေငြာထားတယ်။
တစ်ကယ်တမ်း သူများနိုင်ငံတွေမှာလဲ data နဲ့ယူပါတယ်၊ ဥပမာ စင်ကာပူဆိုပါတော့ M1 mobile မှာ ဖုန်းသွားဝယ်မယ်ဆိုရင် ဖုန်း sim card ကို သွားဝယ်မယ်ဆိုရင် iphone 5 ပေးပါတယ်။
Tuesday, November 27, 2012
လူငယ်နှင့် ဂလိုဘယ်လိုင်ဇေးရှင်း
by သစ္စာနီ on Friday, November 23, 2012 at 9:12pm ·
 ဂလိုဘယ်လိုင်ဇေးရှင်း ဆိုသည်မှာ ကွန်ဆာဗေးတစ် တချို့အတွက် ထမင်းလုံးတစ္ဆေ ဖြစ်ကောင်းဖြစ်နေနိုင်ပေသည်။ အမှန်မှာ ဂလိုဘယ်လိုင်ဇေးရှင်း ဆိုသည်မှာ ရုတ်တရက် မိုးပေါ်က ကျလာသော အရာလည်းမဟုတ်၊ ကျွန်တော်တို့နှင့် သူစိမ်းပြင်ပြင် အရာလည်းမဟုတ်။ မသိလိုက် မသိဖာသာ သဘောနှင့် ကျွန်တော်တို့ နေ့စဉ် စီးမျောနေသော ဘဝ အထိအတွေ့ တစ်မျိုးသာ ဖြစ်လေသည်။
သစ်ထူးလင် သတင်းစုစည်းမှု (၂၇-၁၁)
သစ်ထူးလွင်
ABSDF အမှတ်တရ
ကိုကိုကြီး ပြောချင်လို့  ပြောခဲ့တာတွေ အပိုင်း-၃
by Htay Tint on Friday, November 23, 2012 at 11:54pm ·
ကိုကိုကြီး၏ ခွင့်ပြုချက်ဖြင့် ပြည်ပနေထိုင်သော မြန်မာစာ ဖတ်တတ်သူများအတွက် မျှဝေသည် ။
လူထုက  ၅ နှစ်တကြိမ် မဲပုံးထဲ မဲထဲ့ရင် ဒီမိုကရေစီဖြစ်သွားပြီ ယေဘူယျ အသိက မလုံလောက်ဖူး ။
နိုင်ငံရေးပြောင်းတာလား မြစ်ကြောင်းပြောင်းတာလား
by Soe Min on Monday, November 26, 2012 at 7:04pm ·
တလောတုန်းက အစိုးရကြေညာချက် တခုမှာ ပြည်တွင်းမြစ်ကြောင်း ခရီးသွားလုပ်ငန်းများအတွက် တသီးပုဂ္ဂလရင်းနှီး မြှုပ်နှံ လိုသူတွေကို ခွင့်ပြုတော့မယ်လို့ တွေ့လိုက်ရတယ်။ တချိန်ထဲဆိုသလို မြစ်ချောင်း ရေလမ်းကြောင်းများနဲ့ ပတ်သက်ပြီး ပြောစရာတွေလည်း ပေါ်လာပြန်တယ်။ နိုင်ငံတခုအတွင်းမှာ စီးပွားရေး လူမှုရေး ကိစ္စအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ခရီးသွားကြတဲ့ အခါမှာ ရေလမ်း၊ ကုန်းလမ်းနဲ့ လေကြောင်း စတာတွေကို အသုံးပြုပြီး သွားလာကြပါတယ်။ မြန်မာနိုင်ငံလို အများစုက ဆင်းရဲနွမ်းပါးတဲ့ နိုင်ငံမျိုးမှာတော့ ပြည်တွင်း ခရီးသွားလာတဲ့ အခါမှာ လေ ယာဉ်စီးသွားဖို့ ဆိုတာ ငွေကြေးအရ အကုန်အကျ များလွန်းတာမို့ ရေလမ်းနဲ့ ကုန်းလမ်းကိုပဲ အားထား ပြီး သွားလာကြပါတယ်။ အဲသည် အထဲမှာ ရေလမ်းနဲ့ ခရီးသွားခြင်းဟာ အချိန်အားဖြင့် ကုန်လမ်းထက် ပိုပြီးကြာမြင့် ပေမယ့် ကုန်ကျစရိတ် ကျတော့ ကုန်းလမ်းထက် အများကြီး သက်သာပါတယ်။
ကိုမိုးသီး ၊ ဦးနု ၊ မဟာဗမာ နှင့် ဘင်္ဂါလီကုလား ပြဿနာ အပိုင်း (၂)
by Bo K Nyein on Sunday, November 25, 2012 at 10:44pm ·
ကိုမိုးသီး ရဲ့ (ဆန်) သီအိုရီ
ကိုမိုးသီး ရဲ့ ဗမာ့ဆန်ကို အမေရိကန်က မ၀ယ်ပဲ ထိုင်းဆီ က ၀ယ်တာကြောင့် ဗမာ့ဆန် ထိပ် ကပြုတ်ကျ ခဲ့ရတယ် ဆိုတာဟာ လည်း ဖလွပ်ရွှပ် သီအိုရီ နောက်တစ်ခုပါပဲ။ ခေတ်အဆက်ဆက်က ဗမာခေါင်းဆောင်တွေဟာ လယ်ယာစိုက်ပျိုးရေး ပေါ်လစီချရာမှာ အမှားတွေ လုပ်ခဲ့ကြတယ်။
ဦးနုတို့ ရဲ့ ပါလီမန်ဒီမိုကရေစီ ခေတ်မှာလည်း ပညာတတ်တဲ့ ကောလိပ်ကျောင်းသား ဆိုရှယ်လစ် တွေက Sexy ဖြစ်တဲ့ စက်မှုလက်မှု ထူထောင်ရေးကို အာရုံဆိုက်ခဲ့ကြတယ်။ လယ်ယာစိုက်ပျိုးရေး ကို တော့ ပညာမတတ်တဲ့ ဘုန်းကြီးကျောင်းသား ဆိုရှယ်လစ်တွေ လက်ထဲ ထဲ့ထားကြတယ်။ ဦးနေ၀င်း ရဲ့ မဆလ ခေတ်ရောက်တော့ (ဦးဘငြိမ်) က အားလုံးကို (ဖျက်စီး) ပြစ်လိုက်တယ်။ ယနေ့အချိန်အထိ စိုက်ပျိုးရေး ပေါ်လစီ မှန်မှန်ကန်ကန် မချ နိုင်ကြသေးဖူး။
အမေရိကန် - တရုတ် Power အားပြိုင်မှုကြားက မြန်မာ့တပ်မတော် နှင့် KIA
Thein Moe and Soe Htut shared Ko John's photo.
အမေရိကန် - တရုတ် Power အားပြိုင်မှုကြားက မြန်မာ့တပ်မတော် နှင့် KIA
ဖိုးစနေ
Tuesday, April 10, 2012
(အောက်ဖေါ်ပြပါစာမှာ စာရေးသူ၏ အမြင်မျှသာဖြစ်သည်။ သျှမ်းသံတော်ဆင့်အမြင်သဘောထားမဟုတ်ပါ။ ကွဲလွဲသောအချက် တူညီသောအချက်များတွေ့ပါက ရေးသားပေးပို့ပါရန် ကြိုတင်ကျေးဇူးတင်စွာဖြင့် တောင်းခံအပ်ပါသည်။ သျှမ်းသံတော်ဆင့်အယ်ဒီတာ)
" အမေရိကန် - တရုတ် Power အားပြိုင်မှုကြားက မြန်မာ့တပ်မတော် နှင့် KIA "
မြန်မာအစိုးရရဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နဲ့ ကေအိုင်အေ ဗဟိုကိုယ်စားလှယ် အဖွဲ့တို့ဟာ ၂၀၁၂ခုနှစ် မတ်လ (၈)ရက်နေ့မှ (၁၀)ရက်နေ့အထိ တရုတ်နိုင်ငံရွှေလီမြို့ CJING (HENG) Hotal (A udience Hail)တွင် ၃ ရက် ကြာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
ဆွေးနွေးပွဲအပြီးမှာ သဘောတူညီချက်တွေကို ထုတ်ပြန်ခဲ့ကြပေမဲ့ အတိအလင်းလက်မှတ်ရေးထိုးခြင်းမရှိခဲ့ပါဘူး။ ကချင်ပြည်နယ် အတွင်းမှာရှိတဲ့ ဒေသခံပြည်သူ တွေနဲ့ အောက်ခြေမှာရှိတဲ့ KIA တပ်ဖွဲ့တွေကတော့ ကချင်ပြည်နယ်အတွင်း ယမ်းခိုးယမ်းငွေ့များ ကွယ်ပျောက်ကာ ငြိမ်းချမ်းရေးရရှိရန် ဆန္ဒပြင်းပြစွာတောင်းဆိုမှုတွေကြောင့် KIO ခေါင်းဆောင်ပိုင်းမှာ အကြပ်အတည်းတွေနဲ့ ရင်ဆိုင် နေကြရပါတယ်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ကေအိုင်အိုရဲ့ တောင်းဆိုချက်တွေကို မြန်မာအစိုးရမှ လိုက်လျောမှုတွေ ပြုလုပ်ပေးခဲ့ပေမယ့် KIO ခေါင်းဆောင်တွေအနေနဲ့ လက်မှတ်ရေးထိုးခဲ့ခြင်းမရှိခဲ့တာဟာ ငြိမ်းချမ်းရေးကို လိုလားခြင်းမရှိဘူးလို့ မြန်မာအစိုးရက စွပ်စွဲလျက် ရှိ ပါတယ်။ အစိုးရစစ်တပ်မှ တပ်ရင်းပေါင်း(၃၀)ကျော် ဝိုင်းပတ်တိုက်ခိုက်မှုကြောင့် KIA အနေဖြင့် စစ်ရေးအကြပ်အတည်း ဖြစ်ပေါ် နေသော်လည်း KIO ခေါင်းဆောင်ပိုင်း အနေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲများမှာ အပစ်အခတ်ရပ်စဲရေးကို မလုပ်လိုပဲ နိုင်ငံရေး အရသာ ဆွေးနွေးမှာဖြစ်ကြောင်းတင်းခံလျက်ရှိပါတယ်။ ဒီလိုတင်းခံရတဲ့ အကြောင်းရင်းများအနက် အဓိက အကြောင်းရင်း တစ်ခုကတော့ မြန်မာနိုင်ငံရဲ့နိုင်ငံရေး ဖြစ်စဉ်အပြောင်းအလဲကြောင့်ဖြစ်ကြောင်း တရုတ်-မြန်မာနယ်စပ်ရှိ ဗကပ ဟောင်းများက သုံးသပ်ထားပါတယ်။
လက်ရှိအချိန်မှာ မြန်မာ-အမေရိကန် ဆက်ဆံရေး သိသာထင်ရှားစွာ ပြောင်းလဲတိုးတက်လာမှုအပေါ်  တရုတ်တို့ စိုးရိမ်ပူပန် လျက်ရှိပါတယ်။ ယခင်စစ်အစိုးရလက်ထက်က မြန်မာနိုင်ငံအပေါ် တရုတ်အနေနဲ့ နိုင်ငံရေးအရ ကျောထောက်နောက်ခံ ပြုခဲ့ပြီး တရုတ်-မြန်မာနယ်စပ်ရှိ လက်နက်ကိုင် အဖွဲ့များကို အပစ်အခတ် ရပ်စဲအောင် ဖိအားပေးထားခဲ့ပါတယ်။ ဒါ့အပြင် တိုင်းရင်းသားလက်နက်ကိုင်များ ကြီးစိုးတဲ့ နယ်မြေ အထူးဒေသ တွေမှာ တရုတ်စီးပွားရေးသမားများဟာ တရားဝင်/ တရားမဝင် လုပ်ငန်းများနဲ့ အကျိုး အမြတ်ရရှိခဲ့တာအားလုံး အသိဖြစ်ပါတယ်။ အဲဒီအချိန်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဟာ မြန်မာ-တရုတ်အစိုးရများနဲ့ တရားဝင် ဆက်ဆံသလို တစ်ဘက်ကလည်း အနောက်နိုင်ငံက CIAလိုအဖွဲ့အစည်း များ၊ ကိုယ်စားလှယ်များကို တရားမဝင် ဆက်သွယ် ချိတ်ဆက်ခဲ့ပါတယ်။
၂၀၀၉ ခုနှစ်နောက်ပိုင်း စစ်အစိုးရရဲ့ နယ်ခြားစောင့်တပ်အသွင်ကူးပြောင်းရေး လက်မခံတဲ့ တိုင်းရင်းသား အဖွဲ့များအနေနဲ့ တရုတ် နိုင်ငံရဲ့ ဖိအားပေးမှုကို လည်း လက်မခံခဲ့ပါဘူး။ နယ်ခြားစောင့်တပ်အသွင်ကူးပြောင်းရေး ကြောင့်စစ်ရေးတင်း မာမှုများဖြစ်ပေါ် လာတဲ့ အထူးဒေသများမှာ ရင်နှီးမြုပ်နှံမှုပြုလုပ်ထားတဲ့ တရုတ်စီးပွားရေး လုပ်ငန်းရှင်ကြီးများက တိုင်းရင်းသားအဖွဲ့များကို မြန်မာအစိုးရမှစစ်အင်အားအသုံးမြပုစေရေး တရုတ်အစိုးရထံ တင်ပြတောင်းဆိုခဲ့ကြပါတယ်။
ဒါကြောင့် ၂၀၀၉ ခုနှစ်မှ ၂၀၁၁ခုနှစ်ကာလအတွင်း တရုတ်နယ်စပ် အဲ့ဒီတိုင်းရင်းသားအဖွဲ့အစည်း များဟာ စီးပွားရေးအရ တရုတ် နိုင်ငံရဲ့အကာအကွယ်ကိုရယူထားပြီး တစ်ဖက်ကလည်း အနောက်အုပ်စုကိုယ်စား လှယ်များနဲ့ စစ်ရေးအင်အား တည်ဆောက် ခဲ့တယ်လို့ဆိုပါတယ်။
ဒီလိုအချိန်မှာ တရုတ်-မြန်မာ နယ်စပ်မတည်မငြိမ်ဖြစ်စေလိုတဲ့ အနောက်အုပ်စုက ကိုယ်စားလှယ် အမျိုးမျိုးဟာ KIA , ၀, SSA (၀မ်ဟိုင်း) နယ်မြေများကိုရောက်ရှိခဲ့ပြီး စစ်လက်နက်မှောင်ခိုလုပ်ခြင်း၊ နည်းပညာများ ထောက်ပံ့ခြင်း၊ သတင်းကွန်ယက်များ တည်ဆောက်ပြေးခင်းတို့ကိုလုပ်ဆောင်ပေးခဲ့ပါတယ်။
၂၀၁၁ ခုနှစ်အလွန် အစိုးရသစ်တက်လာပြီး နောက်မှာတော့ ထင်သာမြင်သာရှိတဲ့ နိုင်ငံရေးအခင်း အကျင်းအရ မြန်မာ အစိုးရဟာ တရုတ်အစိုးရနဲ့ ဆက်ဆံရေး တုန့်ဆိုင်းသွားသလို အမေရိကန်နဲ့ ဆက်ဆံရေး တိုးမြှင့် လာခဲ့ပါတယ်။ ဒီလိုအခြေအနေမှာ ယခင်က တရုတ်-မြန်မာနယ်စပ်ကို တည်ငြိမ်အောင် လုပ်နေတဲ့ တရုတ် အစိုးရဟာ သူတို့ရဲ့ ယူနန်ပြည်နယ်အတွင်းက အကျိုးစီးပွားများ အတွက်သော်လည်းကောင်း၊ မြန်မာနိုင်ငံကို စစ်ရေးအရ အထောက်အကူ ပေးခြင်းကို နိုင်ငံရေးအရ ကစားနိုင်ရန်အတွက် သော် လည်းကောင်း၊ KIA နယ်မြေကို ကြားခံနယ်မြေ(Buffer Zone) အဖြစ်အသုံးချရန် စီမံထားရှိတယ်လို့ တရုတ်-မြန်မာနယ်စပ် လေ့လာသူများက ဆိုပါတယ်။
ဒါကြောင့်လည်း ယခင်က KIA ကို အသွင်ကူးပြောင်းရေးလုပ်ဖို့ မြန်မာစစ်အစိုးရဘက်က ကူညီ ဖိအားပေး ခဲ့တဲ့တရုတ်နိုင်ငံကြီးဟာ ၂၀၁၁ခုနှစ်နောက်ပိုင်းမှာ မြန်မာစစ်အစိုးရကို ခုခံတိုက်ခိုက်နေတဲ့ KIAကို နောက်ကွယ် ကနေ အားပေးထောက်ခံပြီး တရုတ်-မြန်မာနယ်စပ်မှသူ့ရဲ့သြဇာခံမယ့် လက်နက်ကိုင်အဖွဲ့အစည်းကို မွေးမြူထားရှိပါတယ်။
တနည်းအားဖြင့် ၁၉၆၀ပြည့်လွန်နှစ်များကအတိုင်း တရုတ်သြဇာခံပြီး မြန်မာနိုင်ငံအတွက် နိုင်ငံရေးဆူး တစ်ချောင်း ဖြစ်စေမဲ့ ခေတ်သစ် ဗကပ အဖြစ် KIA/KIO အဖွဲ့ကို နောက်ကွယ်ကနေ စစ်လက်နက် ပစ္စည်းများ ထောက်ပံ့လျက်ရှိပါတယ်။ အကယ်၍များ ဒေါ်အောင်ဆန်းစုကြည် အာဏာရရှိပြီး မြန်မာနိုင်ငံဟာ အမေရိကန် ဘက်ကို လုံးဝယိမ်းသွားခဲ့ရင်တော့ KIA လိုပဲ “ ၀ “ နယ်မြေ မှာထပ်မံပြီး တိုက်ပွဲများ ပြင်းထန်လာမှာ ဖြစ်ပါတယ်။
ဒီလို တရုတ် - မြန်မာနယ်စပ်မှာ အင်အားကြီးနိုင်ငံတွေရဲ့ ခြေရှုပ်မှုများနဲ့အတူ KIA ရဲ့စစ်ရေးအရှိန် မရပ်တန့် တဲ့အခြေအနေမှာ မြန်မာစစ်တပ်အနေနဲ့ ၂၀၁၂ ခုနှစ်၊ မတ်လ ၁၆ ရက်နေ့က မိတ္ထီလာမှာ ခြေလျင်၊ သံချပ်ကာနှင့် အမြောက်တပ်ဖွဲ့များ ပူးပေါင်း စစ်ဆင်မှုလေ့ကျင့်ခန်း ပြုလုပ်ခဲ့ပါတယ်။ စစ်ရေးလေ့ကျင့်မှုတွေပြု လုပ်ရာမှာ တော တောင်၊ မြေပြင် အနေအထားတွေကို KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့ရဲ့ မြေအနေအထားပုံစံ အတိုင်း ပြုလုပ်ခဲ့ပြီး အမြောက်တပ်ဖွဲ့များရဲ့ တရစပ်ပစ်ခတ်မှုတွေပြုလုပ်ပြီး မှသာ ခြေလျင်နှင့်တင့်တပ်ဖွဲ့တွေက ရန်သူကို အသာတကြည် ချေမှုန်းတိုက်ခိုက်ခြင်း လုပ်ငန်းတွေကို အံဝင်ခွင်ကျ လုပ်ဆောင် သွားခဲ့တယ်လို့ အင်တာနက်သတင်းများက ဆိုပါတယ်။
သမ္မတကြီးကငြိမ်းချမ်းရေး လုပ်ဆောင်နေစဉ်အတွင်း “မတိုက်ရဘူး” ဆိုတဲ့အမိန့်ကြောင့်သာ မြန်မာစစ်တပ် အနေနဲ့ စောင့် ကြည့်နေရပေမဲ့ တကယ်တမ်းတိုက်မယ် ဆိုရင်တော့ တိုက်နိုင်တဲ့သဘော၊ လက်တွေ့ လုပ်ဆောင်နိုင်တဲ့ စွမ်းရည်ကို ယခုစစ်ရေး လေ့ကျင်မှုက ပြသခဲ့တာ ဖြစ်တယ်လို့ စစ်ရေးအကဲခက်များက သုံးသပ်ခဲ့ကြပါတယ်။
စစ်ရေးလေ့ကျင့်ခန်းမှာ အသုံးပြုသွားတဲ့ စစ်လက်နက်ပစ္စည်းများဟာ တရုတ်နိုင်ငံထုတ် လက်နက်ကြီး များ၊ တင့်ကားကြီးများ ဖြစ်ပြီး အတည်မပြုနိုင်တဲ့ သတင်းများအရ မြေပြင်ပစ်တာတိုဒုံးကျည်များ ပါဝင်တယ်လို့ သိရပါတယ်။
 KIA စခန်းတွေဟာ ၁၉၉၀ ပြည့်နှစ်ပိုင်းက ကရင် ပြည်နယ်မှာရှိတဲ့ KNU ရဲ့ အမာခံစခန်းတွေလောက် ခိုင်မာတောင့် တင်းမှု မရှိဘူးဆိုတာကတော့ အသေအချာ ပါပဲ။ ခေတ်သစ်စစ်ပွဲမှာ အမေရိကန်က အီရတ်ကို သိမ်းယူခဲ့ သလိုမျိုး C5ISR စနစ်လို ဗုံးမိုးများရွာသွန်းပြီး Command Center တွေကို ဖြတ်တောက်ကာ အလွယ်တကူ သိမ်းပိုက်ခဲ့ပါတယ်။ အလားတူ မြန်မာ စစ်တပ်က KIA ဗဟို လိုင်ဇာဌာနချုပ်ကို တိုက်ခိုက်မယ် ဆိုရင် တာတိုပစ် Rocket တွေ၊ တာဝေးပစ်အမြောက် ကြီးတွေနဲ့ စိစိညက်ညက်ကြေ အောင် ပစ်ခတ် ပြီးမှ ခြေလျင်တပ်တွေ အလွယ်တကူသိမ်းပိုက်နိုင်တဲ့ နည်းဗျူဟာ ကိုလေ့ကျင်နေတယ်ဆိုတာ အထင်အရှားမြင်တွေ့ခဲ့ရပါတယ်။
ဒါ့အပြင် အင်တာနက်စာမျက်နှာတွေမှာ ပျံ့နှံ့ခဲ့တဲ့ လိုင်ဇာမြို့သိမ်းစီမံချက်ဟာလည်း ကောလဟာလဆိုတဲ့ သတင်းမျိုးထွက်ပေါ်ခဲ့ ပေမဲ့ အမှန်တကယ်ပဲ စီစဉ်မှုတွေ ပြုလုပ်ခဲ့တာလား ဆိုတဲ့အချက်ကို ယခုစစ်ရေးလေ့ကျင့်မှု ကဝေခွဲမရဖြစ်လာခဲ့ပြီ ဖြစ်ပါတယ်။ ၁၉၉၇ ခုနှစ်လောက်မှာ တရုတ်နိုင်ငံက ရောင်းချခဲ့တဲ့ တာတိုပစ်ဒုံးကျည် တွေကို စမ်းသပ်သုံးစွဲချင်နေတဲ့မြန်မာစစ်တပ်ဟာ KIA အဖွဲ့အစည်းနဲ့ငြိမ်းချမ်းမရအောင် တမင်လုပ်နေပြီး တာတိုပစ်ဒုံးကျည်တွေအပြင်ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံက ထုတ်လုပ်တဲ့ လက်နက်အမျိုးမျိုးကို တစ်ကယ်စစ်မြေပြင်မှာ စမ်းသပ်ခွင့်ရရှိအောင်လုပ်နြေခင်းလည်းဖြစ်နိုင်ပါတယ်။
ကချင်ပြည်နယ်မှာ မြန်မာစစ်တပ် က အကျအဆုံးတွေရှိခဲ့တယ် ဆိုတာကလည်း တကယ်တမ်းတော့ ကရင်ပြည်နယ်မှာရှိတဲ့ မာနယ်ပလော၊ ၀ါခသစ်၊ စခန်းသိမ်း တိုက်ပွဲတွေနဲ့ ယှဉ်လိုက်လျင်မြန်မာစစ်တပ်အနေနဲ့ ထိခိုက်ဆုံးရှုံးမှုများတယ်လို့ မဆိုနိုင် ကြောင်း ထိုင်း - မြန်မာ နယ်စပ်က စစ်ရေးသုံးသပ်သူတွေက ဆိုပါတယ်။
မြန်မာစစ်တပ်အနေနဲ့ လည်းအဲလိုစခန်းကြီးတွေကို အမြစ်ပြတ်ခြေမှုန်းခဲ့တဲ့ တပ်မ( ၈၈၊ ၃၃၊ ၆၆၊ ၉၉) တို့လို့ တပ်မကြီးတွေရှိ နေလို့ အမှန်တကယ်တိုက်မယ်ဆိုရင် KIA ဆက်လက်ရပ်တည်ဖို့အတွက် စိုးရိမ်မှုတွေ ဖြစ်မယ်ဆိုရင်ဖြစ်စရာပါပဲ။ ဒါ့ကြောင့်လဲ KIA နယ်မြေအတွင်း တပ်စွဲထားတဲ့ အဲဒီတပ်မကြီးတွေကို ပြန်လည် ရုတ်သိမ်းဖို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ KIA က အပူတပြင်းတောင်းဆိုခဲ့ပါတယ်။
ဒါ့အပြင် မြန်မာစစ်တပ်အနေနဲ့ ( အပါချီ ) တိုက်ခိုက်ရေး ရဟတ်ယာဉ်လို စွမ်းပကားရှိတဲ့ MI-35 ရဟတ် ယာဉ်တွေရှိနေပြီး အဲဒီရဟတ်ယာဉ်များဟာ သာမန်အားဖြင့် လက်နက်ငယ်ပစ်လို့မပေါက်တဲ့ ရဟတ် ယာဉ်တွေ ဖြစ်တဲ့အပြင် အပူလှိုင်းနဲ့လိုက်တဲ့ ဒုံးကျည်တွေကိုလည်း ရှောင်နိုင်တဲ့အရည်အချင်းရှိတယ်လို့ သိရပါတယ်။ လိုင်ဇာမြို့သိမ်း စီမံချက်ဟာ အတုဆိုပေမဲ့ တကယ် ဟုတ်မဟုတ်ဆိုတာကတော့ မြန်မာစစ်တပ်ရဲ့အကြီးအကဲ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ရဲ့ ခြေလျင်၊ အမြောက်၊ သံချပ်ကာတပ်ဖွဲ့ များရဲ့ လေ့ကျင့်ခန်းပြုလုပ်မှုအပြီးမှာ “ တိုက်ပွဲရဲ့သဘောသဘာဝနဲ့ လက်တွေ့သိမြင်နိုင်ဖို့အတွက် တကယ့်စစ်မြေပြင်ရဲ့ မြေပြင်အနေအထားကို တန်းတူဖြစ်အောင် ပုံသဏ္ဍန်ဖော်၍ သရုပ်ပြသလုပ်ဆောင်ခဲ့တာ ဖြစ်တယ် ၊ မည်သည့်နေရာတွင်မဆို ကြိုတင်စီမံမှုတွေ အလွန်အရေးကြီးတယ်။ မိမိတပ်ဖွဲ့၊လက်နက်ခဲယမ်းများနှင့် စွမ်းပကားမြင့်မားသော စစ်လက်နက် ပစ္စည်းများ အပေါ် ယုံကြည်မှုရှိရန်နှင့် အချိန်ကိုက်ညီမှု၊ ဟန်ချက်ညီမှုတို့အား လေ့ကျင့်ခဲ့တာဖြစ်တယ်” လို့ မိန့်ခွန်းပြောကြားချက်တွေကို သတိပြုရမှာဖြစ်ပါတယ်။
KIO ခေါင်းဆောင်တွေအနေနဲ့ -“ KIA ကလုပ်ထားတဲ့ လေကြောင်းရန်ကာကွယ်ရေးလက်နက်တွေက MI-35 နဲ့ MIG-29 တွေကို တုန့်ပြန်နိုင်စွန်းရှိပြီလား။ အတင်းအဓမ္မစုဆောင်းထားတဲ့ KIA တပ်သားသစ်တွေက စစ်ရေးအတွေ့အကြုံများတဲ့ မြန်မာ စစ်တပ်ရဲ့ တပ်မကြီးတွေနဲ့ ရင်ဆိုင်တိုက်ခိုက် နိုင်ပါ့မလား။ ယခင်စနစ်ဟောင်းအတိုင်း ခြေလျင်တပ်တွေအရင်တက်မသိမ်းပဲ လိုင်ဇာဌာန ချုပ်က ပစ်မှတ်ကို အတိအကျပစ်နိုင်တဲ့ တာတိုပစ် Rocket တွေနဲ့တိုက်ခိုက်လာရင် KIA ဘယ်လို တုန့်ပြန်တိုက်ခိုက်မှာလဲ။
တကယ်တမ်းမြန်မာစစ်တပ်က KIO ကိုအမြစ်ပြတ် ချေမှုန်းလာခဲ့ရင် တရုတ်နိုင်ငံက ဘယ်ဘက်က ရပ်တည်မလဲ။ မြန်မာ-အမေရိ ကန်ဆက်ဆံရေး ပြေလည်သွားရင် လိုင်ဇာမှာရှိနေတဲ့ CIA အဖွဲ့တွေ ဘာဆက်လုပ်မလဲ။
KIA ခေါင်းဆောင်ပိုင်းမှာလည်း ကချင်ပြည်သူနဲ့ အောက်ခြေကတပ်ဖွဲ့တွေရဲ့ ငြိမ်းချမ်းရေး ရယူချင်တဲ့ ဆန္ဒကိုမသိသလို ဆက်လက်ဟန်ဆောင်နေနိုင်ပါ့မလား။  စတဲ့မေးခွန်းတွေနဲ့အတူ တရုတ်နဲ့ အမေရိကန်ကြား ဗျာများနေတဲ့ KIO အဖွဲ့အစည်းဟာ မြန်မာအစိုးရနဲ့ ငြိမ်းချမ်းရေးလမ်းကြောင်းမှာ ဘယ်လိုဆက်လျှောက်မလဲဆိုတာ စိတ်ဝင်စားစရာကောင်းပါတယ်။
ဖိုးစနေ
Credit : www.panglong.org
http://www.burmese.panglong.org/2008-08-03-15-59-20/98-2012-01-25-04-06-31/3070--power-kia-.html
----- ----- -----
http://mmmilitary.blogspot.com/search/label/%E1%80%BB%E1%80%99%E1%80%94%E1%80%B9%E1%80%99%E1%80%AC%20%E1%80%B1%E1%80%9C%E1%80%90%E1%80%95%E1%80%B9
http://mmmilitary.blogspot.com/search/label/%E1%80%BB%E1%80%99%E1%80%94%E1%80%B9%E1%80%99%E1%80%AC%20%E1%80%9E%E1%80%B6%E1%80%81%E1%80%BA%E1%80%95%E1%80%B9%E1%80%80%E1%80%AC%E1%80%90%E1%80%95%E1%80%B9
http://mmmilitary.blogspot.com/search/label/%E1%80%BB%E1%80%99%E1%80%94%E1%80%B9%E1%80%99%E1%80%AC%E1%80%B7%20%E1%80%A1%E1%80%B1%E1%80%BB%E1%80%99%E1%80%AC%E1%80%80%E1%80%B9%E1%80%90%E1%80%95%E1%80%B9%E1%80%99%E1%80%BA%E1%80%AC%E1%80%B8
ဖိုးစနေ
Tuesday, April 10, 2012
(အောက်ဖေါ်ပြပါစာမှာ စာရေးသူ၏ အမြင်မျှသာဖြစ်သည်။ သျှမ်းသံတော်ဆင့်အမြင်သဘောထားမဟုတ်ပါ။ ကွဲလွဲသောအချက် တူညီသောအချက်များတွေ့ပါက ရေးသားပေးပို့ပါရန် ကြိုတင်ကျေးဇူးတင် စွာဖြင့် တောင်းခံအပ်ပါသည်။ သျှမ်းသံတော်ဆင့်အယ်ဒီတာ)
သစ်ထူးလွင် သတင်းစုစည်းမှု (၂၆-၁၁)
သစ်ထူးလွင်
Monday, November 26, 2012
လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းအကြောင်း (အယ်ဒီတာထံပေးစာ)
by The Voice Weekly on Sunday, November 25, 2012 at 7:25pm ·
သို့
အယ်ဒီတာခင်ဗျား
လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်း အကြောင်း ဂျာနယ် များတွင် ဖတ်ရှုရသောအခါ လွန်ခဲ့သော နှစ်ပေါင်း ၆၀ ခန့် က      မြန်မာနိုင်ငံရဲ့သတ္တုတွင်း လုပ်ငန်းကြီး စတင် အကောင်အထည် ဖော်ပုံလေးကို ကျွန်တော်သိသလောက် ရေးသား တင်ပြခြင်းဖြစ်ပါသည်။
မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီး  COLOMBO PLAN t& AUSTRALIAနိုင်ငံ၌ဖွင့်လှစ်သော NTC ကောလိပ်သို့ ၁၉၅၅ ခုနှစ်တွင် မြန်မာလူငယ် ပညာတတ် ၁၅ ဦး စေလွှတ်၍ သတ္တုတွင်း   ပညာသင်ယူ စေပါသည်။ ယင်းပညာသင် စေလွှတ်သော အဖွဲ့တွင် ရခိုင်အမျိုးသား စံရွှေမောင် (ရုပ်ရှင်မင်းသားကြီး ဦးအောင်လွင်) လည်း ရွေးချယ် ခံခဲ့ရပါသည်။ သို့သော်သူသည် ပညာသင်သွား ရောက်ခြင်း မရှိခဲ့ပါ။
သမ္မတထံသို့ ပြည်ထောင်စု စာရင်းစစ်ချုပ်က တင်ပြလာသော အရေးကြီးသည့် စစ်ဆေး တွေ့ရှိချက်
by Ye Yint Nge on Sunday, November 25, 2012 at 1:23pm 
မြ၀တီ's photo.
“ ပုဂ္ဂလိကထံမှရရန် ကြွေးကျပ်သန်း (၄ဝ၂၁၂၂)နှင့် အမေရိကန် ဒေါ်လာ (၇ဝ၆၅၅ .ဝ၂ဝ)၊ ဝန်ထမ်းများ၏ မှားယွင်းမှုနှင့် အလွဲသုံးစား မှုကြောင့် ပြန်သွင်းရမည့် ငွေကျပ်သန်း (၁၄၃၉၁၆)ဖြစ် ”ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သတင်းထုတ်ပြန်ရေးအဖွဲ့သတင်းထုတ်ပြန်ချက်(၅/၂ဝ၁၂)၂ဝ၁၂ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက် ၁၃၇၄ ခု၊ တန်ဆောင်မုန်းလဆန်း ၁၁ ရက်နိုင်ငံတော် သမ္မတထံသို့ ပြည်ထောင်စု စာရင်းစစ်ချုပ်က တင်ပြလာသော အရေးကြီးသည့် စစ်ဆေး တွေ့ရှိချက်များ တင်ပြလာခြင်းအား ထုတ်ပြန် ကြေညာခြင်း ၁။
ကိုမိုးသီး ၊ ဦးနု ၊ မဟာဗမာ နှင့် ဘင်္ဂါလီကုလား ပြဿနာ
by Bo K Nyein on Sunday, November 25, 2012 at 10:23pm 
အပိုင်း (၁)
ဒီဆောင်းပါးကို မရေးချင်ဖူး 
အကြောင်း က စာရေးသူ ဟာ (၈၈) တွေ အထဲမှာ  ကိုမိုးသီးကိုအခင်ဆုံး
ကိုမိုးသီး နဲ့ ညီအကို လိုဖြစ်နေလို့
လူတိုင်းဟာ ပုဂ္ဂိုလ် ရေး သံယောဇဉ် ဆိုတာ ရှိစမြဲ ပဲ
ဒါပေမဲ့ နိုင်ငံရေး မှာ နေရာတိုင်းမှာ (အားနာ) လို့ မရ
(အားနာ) ရင် (အားပါ) သွားတတ်တာမို့ ပါ။
မနေသာ လွန်းလို့ရေးရတာပါ။
ဗိုလ်မိုး ၊ စာရေးသူ ရဲ့ စေတနာ ကို နားလည် ပေးနိုင် ပါစေလို့ ဆုတောင်းရင်း စိတ်လေးလေးနဲ့ ရေးရတော့မယ်။ အဓိက အကြောင်း က လူငယ်လေးတွေ (အတွေး) မမှားစေချင်လို့ပါ။
26.11.2012 နေ့ဖတ်ရန်သတင်းများ
by Myanmar Journal on Sunday, November 25, 2012 at 6:03pm ·
ပရီးမီးယားလိဂ်နဲ့ Sky Net စာချုပ် ချုပ်ဆို
Sky Net ဟာ ၂၀၁၃ ခုနှစ်က စပြီး ၃ နှစ် စာချုပ် ချုပ်ဆို လိုက်တာ ဖြစ်
မြန်မာ နိုင်ငံရဲ့ ပုဂ္ဂလိကပိုင် ထိပ်တန်း ရုပ်မြင် သံကြား ဌာန တခု ဖြစ်တဲ့ Sky Net ရုပ်မြင် သံကြား ဌာနက အင်္ဂလန် ပရီးမီးယားလိဂ် ဘောလုံး ပွဲစဉ်တွေ တိုက်ရိုက် ပြသခွင့် ကန်ထရိုက် စာချုပ်ကို ပရီးမီးယားလိဂ်နဲ့ ချုပ်ဆို လိုက်နိုင်ခဲ့ ပြီလို့ စနေနေ့က ထုတ်ဖေါ် ကြေညာလိုက် ပါတယ်။
အရင်တုန်းက ဆိုရင် ပရီးမီးယားလိဂ် ပွဲစဉ်တွေ အတွက် မြန်မာ နိုင်ငံဟာ တခြား နိုင်ငံတွေနဲ့ တွဲဖက်ပြီး ဝယ်ယူ ရတာ ဖြစ်ပြီး၊ အခုတော့ ပရီးမီးယားလိဂ် ကနေ မြန်မာ နိုင်ငံကို သီးသန့် နယ်မြေ တခု အနေနဲ့ ပွဲစဉ်တွေကို ရောင်းချ ပေးတာ ဖြစ်ကြောင်း Sky Net ရုပ်မြင် သံကြားဌာန ရဲ့ အထွေထွေ မန်နေဂျာ ဦးဝင်းနိုင်က ဘီဘီစီကို ပြောပါတယ်။
တရုတ်၏ ခြိမ်းခြောက်မှု၊ ဖိအားများနှင့် မြန်မာ
by Myo Set on Sunday, November 25, 2012 at 11:11am ·
"တရုတ်ကိုကြောက်နေရသည်"
ဒီစကားဟာ ဒီနေ့သာမက ကာလအနည်းငယ်ကြာအောင်ရိုက်ခတ်သွားမယ့်စကားတစ်ခွန်းပါပဲ။ ပြောသူက ဦးအောင်မင်း (ပြည်ထောင်စုဝန်ကြီး) လို့သိရပါတယ်။
သူ့စကားကိုထောက်ခံသူ၊ ကန့်ကွက်သူ အမျိုးစုံနေအောင်တွေ့ရပေမယ့် ထူးခြားမှုတစ်ခုကို သတိပြုမိပါတယ်။ အဲ့ဒီထူးခြားမှုကတော့ ယခင်အစိုးရဟာ တရုတ်-မြန်မာဆက်ဆံရေးကို တည်ဆောက်ရာမှာ ဆရာ-တပည့်ဆက်ဆံရေး သာ ရှိခဲ့တယ်ဆိုတာကို ဦးအောင်မင်းက တရားဝင် ဝန်ခံလိုက်တာပဲဖြစ်ပါတယ်။
ခင်ရွှေလှိုင် မပ ၀၀၃၆ မှတ်တမ်းများ(1,2,3,4,5,6,7,8)
ABSDF ( NB ) ကျောင်းသားရဲဘော်ဟောင်းများနှင့် အဖြစ်မှန်ပေါ်ပေါက်ရေးကြိုးပမ်းနေကြသူများသို့
by Ko Lin Wai Aung on Friday, September 28, 2012 at 2:04am 
( ၁ ) မြောက်ပိုင်းဗဟိုကော်မီတီစုံညီ အစည်းအဝေးသည် ကျနော်၊ကိုထွန်းအောင်ကျော်၊ကိုညီညီကျော်တို့
( ၁၀.၉.၁၉၉၁ ) နေ့ အဖမ်းခံရချိန်အထိ ( ၁ )ကြိမ်သာ ကျင်းပခဲ့ပါသည်။ ပထမဆုံးမြောက်ပိုင်း     ဗဟိုကော်မတီဝင်များ ရွေးချယ်ခံရချိန်တွင် ဥက္ကဋ္ဌ၊အထွေထွေအတွင်းရေးမှူးများ၊ ဋ္ဌာနတာဝန်ခံ များရွေးချယ်သတ်မှတ်ရာတွင် ( ၁၉၉၀ခု-မေလကုန် )  က ကျင်းပခဲ့သည့် အစည်းအဝေးသာရှိ ခဲ့ပါသည်။
သတင်းထောက်ဘက်မှ ရပ်တည်ချက် အမှန်
by Naung Taw Lay on Sunday, November 25, 2012 at 7:55am 
       Hot News Journal vol-3, no-113 25-31 Oct 2012 နေ့ထုတ် ဂျာနယ်တွင် လက်ထောက် သတင်း အယ်ဒီတာ ကိုစိုးဝင်းနိုင်သည် `၀တက္ကမြေပါဝင်လို့ ဇေကမ္ဘာအား တရားစွဲဆို´ သတင်းနှင့် ပတ်သက်၍ ဇေကမ္ဘာကုမ္ပဏီ၏ ညွှန်ကြားချက်အရ မျိုးမျိုးမြတ်မြတ်ရသော ရှေ့နေများမှ ၎င်းတို့၏ မိတ်ဆွေ ဒေါက်တာခင်ရွှေအတွက် ဘက်မှ ကာကွယ်၍ ရှင်းလင်းကြေညာချက် ထုတ်ပြန်ပါသည်။
သစ်ထူးလွင် သတင်းစုစည်းမှု (၂၅-၁၁)
သစ်ထူးလွင်
Sunday, November 25, 2012
အမေရိကန်-မြန်မာအရေး အခြားတစ်ဖက်မှအမြင် ...(နိုင်ငံရေး ၊ စီးပွါးရေးစိတ်ဝင်စားသူတိုင်း မဖြစ်မနေ ဖတ်သင့်သော ရှုထောင့် )
by Sharing Together Group Page on Thursday, November 22, 2012 at 9:47am ·
ဒီတခါတော့ Devil’s advocate လုပ်ပါရစေ…. 
မြန်မာတွေ အများစု က (လူ) ကို ကြည့်ကြတာ များတယ် (မူ) ကို မကြည့်ကြဖူး
The singer not the song လို့ပြောလို့ရတယ်
(မူ) ထက် (လူ) က အရေးကြီး ကြတယ်။ အိုဘားမား ကိုကြိုက်ရင် (လူ) ကိုထောက်ခံ တာ
(မူ) (Policy) ကို ဆန်းစစ်ကြတာ မဟုတ်ဖူး။
Related Posts Plugin for WordPress, Blogger...