Monday, December 31, 2012

31.12.2012 နေ့ဖတ်ရန်သတင်းများ


by Myanmar Journal on Sunday, December 30, 2012 at 5:35pm ·


ထာဝရအလင်းတန်း’ ရုပ်ရှင် အကယ်ဒမီ ၈ ဆုရ
၂၀၁၁ ခုနှစ်အတွက် အကောင်းအဆုံး အမျိုးသမီး အကယ်ဒမီ ဆုရှင် မယ်လိုဒီ။ (ဒီဇင်ဘာလ ၃၀၊ ၂၀၁၂)။
လောလောလတ်လတ် ကျင်းပခဲ့တဲ့ ၂၀၁၁ ခုနှစ် အတွက် မြန်မာ့ ရုပ်ရှင် ထူးချွန်ဆု ပေးပွဲမှာတော့ တနှစ်လုံး အတွက် မြန်မာရုပ်ရှင်ကားကြီး ၁၅ ကား ရှိတဲ့ အထဲကနေ အကယ်ဒမီ ဆုတွေ ရွေးချယ် ပေးအပ်ခဲ့ပါပြီ။

၂ဝ၁၂ ခုနှစ်အတွင်း ထိပ်တန်းအဖြစ်အပျက်ကြီး ၁၀ ခု (အမှတ် ၂)


by Mizzima - News in Burmese on Sunday, December 30, 2012 at 9:20am ·

မဇ္ဈိမသတင်းဌာန | တနင်္ဂနွေနေ့၊ ဒီဇင်ဘာလ ၃၀ ရက် ၂၀၁၂ ခုနှစ် ၂၃ နာရီ ၁၁ မိနစ်


မဇ္ဈိမ၏ ထုတ်ဝေရေးလုပ်ငန်းတခု ဖြစ်သော M-ZINE+ က ၂ဝ၁၂ ခုနှစ် အတွင်း မြန်မာနိုင်ငံတွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များ
အနက် အထူးခြားဆုံးအဖြစ် အပျက်ကြီး ၁၀ ခုကို အယ်ဒီတာ့စိတ်ကြိုက် ရွေးချယ်ထားပါသည်။


ယင်းတို့အနက် အမှတ် ၁ဝ မှ ၃ အထိကို ဖော်ပြခဲ့ပြီး ယခု အမှတ် ၂ ကိုဖော်ပြပေးမည် ဖြစ်ကာ ဒီဇင်ဘာ ၃၁ ရက်တွင် အထူးခြားဆုံး ဖြစ်ရပ်ကြီးဖြင့် အဆုံးသတ်မည် ဖြစ်ပါသည်။

“မဟာမဂ်လာပွဲလုပ်ရန်အတွက်”..မဟာသတို့သမီး အလိုရှိသည်၊


Ko Oo


အေဘီခေါင်းဆောင်ကြီးတွေ ချင်းမိုင်မှာ
တခမ်းတနားမဂ်လာဆောင်တာတွေ့တော့

ကျနော်လည်းမဂ်ဆောင်ရင်ချင်စိတ်ပေါက်လာတယ်၊ 
အားကျမခံပေါ့ဗျာ၊

30.12.2012 နေ့ဖတ်ရန်သတင်းများ


by Myanmar Journal on Sunday, December 30, 2012 at 8:17am ·


လက်ပံတောင်းတောင် တလပြည့် ဆုတောင်းပွဲ
လက်ပံတောင်းတောင် အကြမ်းဖက်မှုကို ရန်ကုန်မြို့ရှိ သံဃာတော်များ ကန့်ကွက်ဆန္ဒပြခဲ့ကြစဉ်။ (နိုဝင်ဘာလ ၃၀ ရက်၊ ၂၀၁၂)။
လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း ဖျက်သိမ်းရေး တောင်းဆိုနေကြတဲ့ သံဃာတော်တွေနဲ့ ဒေသခံပြည်သူတွေကို အာဏာပိုင်တွေက အကြမ်းဖက်ဖြိုခွဲခဲ့တဲ့ တလပြည့်နေ့ အထိမ်းအမှတ် အဖြစ် သံဃာတော်များက မေတ္တာသုတ်များ ရွတ်ဖတ်ခြင်းတွေ လုပ်ခဲ့သလို ရာနဲ့ချီရှိတဲ့ ဒေသခံတွေ ကလည်း စီမံကိန်း ဖျက်သိမ်းရေး အပါအ၀င် သူတို့ရဲ့ တောင်းဆိုချက်တွေရဖို့

ဒီမိုကရေစီအုတ်မြစ်ခိုင်မာဖို့ ဒီလိုလုပ်ကြရမယ်



by Htet Aung on Sunday, December 30, 2012 at 4:16am 

ဆန္ဒမပြရင် ခေတ်မမီဘူး

နောက်ဆုံးဆောင်းပါးရေးပြီးတဲ့နောက်ပိုင်း စာမရေးဖြစ်တာ တော်တော်လေးကိုကြာသွားတဲ့အတွက် ကျွန်တော့် ရဲ့စာဖတ်ပရိတ်သတ်များနဲ့ ညီအစ်ကိုမောင်နှမများကို အရင်ဆုံး တောင်းပန်စကားပြောပါရစေ။ ဒီမိုကရေစီတွေ ရမယ်ဝယ်ကြဦးမလားဆိုတဲ့ဆောင်းပါးမှာတော့ ဆန္ဒထုတ်ဖော်တာနဲ့ပက်သက်ပြီး နည်းဥပဒေတွေကို အရင်ဆုံး ပြုပြင်ဖို့လုပ်ရမယ်ဆိုတာ ပြောပြခဲ့ပြီးပါပြီ။ ဒီကိစ္စမှာတော့ သဘောထားတွေ၊ အမြင်တွေ လွတ်လပ်စွာ ကွဲလွဲခွင့် ရှိပါတယ်။ ဒီကနေ့ အကြောင်းအရာအမျိုးမျိုးနဲ့ ဆန္ဒထုတ်ဖော်တဲ့သူတွေ မြန်မာနိုင်ငံအနှံ့အပြားမှာ ဒုနဲ့ဒေးပါပဲ။ အင်တာနက်စာမျက်နှာတွေနဲ့ ဂျာနယ်စာမျက်နှာတွေမှာဆိုရင်လည်း ဆန္ဒပြတဲ့သတင်းမပါရင် ခေတ်မမီတော့ သလိုပဲ။

ကချင်ပြည်နယ်ထိုးစစ်အား ကိုမြအေး၏ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချမှုကို ကြိုဆိုခြင်း



ယခုရက်ပိုင်းများအတွင်း ဦးသိန်းစိန် စစ်အစိုးရ ဆင်နွှဲလျှက်ရှိသော ကချင်ပြည်နယ်ထိုးစစ်သည် 
အကြမ်းတမ်းဆုံး၊ အရက်စက်ဆုံး၊ လူသားစိတ်မရှိဆုံး၏ ပြယုဂ်ဖြစ်လာသည်။ ပြင်းထန်လှသော

လက်နက်ကြီးများ၊ တိုက် လေယဉ်များ၊ မြောက်များလှစွာသော တပ်အင်အားများကိုပါသုံးပြီး မိမိထက် အဆမတန် အင်အားနည်းပါးသော ကေအိုင်အိုကို ထိုးစစ်ဆင်နေခြင်းကြောင့်ဖြစ်သည်။ 

Sunday, December 30, 2012

`ကွက်လပ်လေးတခုရဲ့ နေ့ရက်တွေထဲမှာ´


by Mhan Hlaine Nge on Wednesday, February 9, 2011 at 8:22pm 


ခွဲခွာခဲ့တာ ကြာပြီ ငတ်ငတ်မွတ်မွတ် တမ်းတနေရတဲ့ နေ့ရက်တွေမှာ ...။
ဘ၀မှာ ... အဆုံးအစမဲ့ လမ်းပျောက်နေရင်လည်း
ကျနော်တို့ဆီ ...
လင်းလက်တောက်ပစွာ ပြန်လာခဲ့ပါ တမ်းတနေမိပါရဲ့ ... မေမေ။

ခေတ်သစ် တော်လှန်ရေးတစ်ရပ်ဆီသို့


by Ven Ravika on Saturday, December 29, 2012 at 10:46pm 

ဆွံ့အနေသူများ

အစိုးရတပ်က သမရိုးကျတိုင်းရင်းသားတပ်ဖွဲ့များကို ခေတ်မီလက်နက်များဖြင့် တိုက်ခိုက်ရုံမျှမက လေကြောင်းအကူကိုပင် သုံးလာသည်ကို တွေ့ရသောအခါ အံ့သြမိသည်။ ပို၍အံ့သြရသည်မှာ စစ်ဘေးဒဏ်ခံနေရသော ကချင်များကို အခြားတိုင်းရင်းသားများက လျစ်လျူရှုနိုင်ခြင်းဖြစ်သည်။ အတိုက်အခံအင်အားစုများလည်း ရေငုံနှုတ်ပိတ်နေကြဆဲဖြစ်ရာ ဆွံ့အသွားသလို ဖြစ်သည်။ ဤအခြေအနေမှာ တိုင်းရင်းသားလူမျိုးများအနေဖြင့် ခေတ်သစ်တော်လှန်ရေးတစ်ရပ်ဆီသို့ ချင်းနင်းဝင်ရောက်ခဲ့ပြီဟု ယူဆပါသည်။

သစ်ထူးလွင် သတင်းစုစည်းမှု (၃၀-၁၂)


သစ်ထူးလွင်


Honestchoose မှ စာအုပ်များ

ဆရာဦးသိန်းဖေမြင့်











ဆရာဦးသိန်းဖေမြင့် ၏
ပြန်လမ်းမရှိသာဦးနု
Download

















ဆရာတက္ကသိုလ်စိန်တင်၏
ကမ္ဘာငြိမ်းချမ်းရေး-ဗိသုကာ-ဦးသန့်
Download (ပ)    Download (ဒု)

ဗိုလ်ချုပ်အောင်ဆန်း၏ ‘လမ်းနှစ်ခွ’ မိန့်ခွန်း


“အဲဒီတော့ ကျုပ်တို့ဟာလူထုရဲ့ခေါင်း ဆောင်လုပ်မယ်ဆိုရင် လူထုရဲ့အကျိုးကို တကယ်တမ်း ဆောင်ရွက်နိုင်အောင် ကြိုး ပမ်းကြရပေလိမ့်မယ်။ ပြတ်ပြတ်သားသား လုပ်ရဲကြရပေလိမ့်မယ်။ ချီတုံချတုံအဖြစ်မျိုး  ကိုစွန့်ပစ်ကြရ လိမ့် မယ်။ နိုင်ငံရေးဆောင် ရွက်တယ်ဆိုတာ ‘ကြောက်ရင်လွဲ ရဲမင်းဖြစ်’ ဆိုတဲ့အတိုင်း ရဲနိုင်မှ ဖြစ်မယ်။ 

‎"လစ်ဘရယ်ဝါဒ (Liberalism) နှင့် လစ်ဘရယ်သမိုင်းကြောင်း (အပိုင်း-၃)"



၁၇၆၀ ခုနှစ်မှ စတင်ခဲ့သော စက်မှုတော်လှန်ရေးသည် ၁၉ ရာစုတွင် တဖြည်းဖြည်းရုပ်လုံးပေါ်
လာပြီး၊ ၄င်းတော်လှန်ရေးကြောင့်ပင် ဥရောပသည် စီးပွားရေး၊ နိုင်ငံရေးအတွေးအခေါ်များအပြင် 
သိပ္ပံနည်းပညာများ တဟုန်ထိုးပြောင်းလဲတိုးတက်လာခဲ့သည်။ 

ဗိုလ်ချုပ်အောင်ဆန်း ဆုံးမစကား“


by Myat Thi Ha on Saturday, December 29, 2012 at 4:23am ·


ကျုပ်အခု နိုင်ငံရေး ဆောင်ရွက်နေတာဟာ သရဖူကြီး လိုချင်လို့ပဲ၊ ကျုပ်ဆောင်း ဖို့မဟုတ်ဘူး၊ လူထုအားလံုး ဆောင်း ရမယ့် လွတ်လပ်ရေးဆိုတဲ့သရဖူကြီးပဲ။ ရဲဘော်တို့ မေးစရာ စကားရှိတယ်။ တကယ်လို့ အကြီးအမှူးတွေထဲက ဘယ်သူဖြစ်ဖြစ် ကိုယ်ကျိုးငဲ့ပြီး လူမျိုးရဲ့အကျိုးနဲ့ ကိုယ့်နိုင်ငံ ဆန့်ကျင်တဲ့
အကြီးအမှူးတွေဟာ ကြာကြာမနေနိုင်ပါဘူး။ အချိန်တန်တဲ့အခါ ပြုတ်ကျမှာပဲ။

Saturday, December 29, 2012

သစ်ထူးလွင် သတင်းစုစည်းမှု (၂၉-၁၂)

သစ်ထူးလွင်



၂၀၁၂ ကို ကျော်ဖြတ်၍ ၂၀၁၃ ကို ကြိုဆိုခြင်း (The Voice 8-52 Editorial)


by The Voice Weekly on Friday, December 28, 2012 at 10:03pm ·


မကြာခင် ၂၀၁၂ ခုနှစ် ကုန်ဆုံးကာ ၂၀၁၃ ခုနှစ်ကို ရောက်ရှိတော့မည် ဖြစ်ပါသည်။ အချိန်ကာလ ရထားသည် မရပ်မနား ရှေ့သို့ သွားနေသည့် တစ်ချိန်တည်း မှာပင် လူ့အဖွဲ့အစည်း တို့တွင် ရှိနေသည့် အရာခပ်သိမ်း သည်လည်း အစဉ်အမြဲ ဖြစ်ပျက် ပြောင်းလဲလျက် ရှိပါသည်။ ဆင့်ကဲ ပြောင်းလဲခြင်း သီအိုရီ အရ လူသားမျိုးနွယ်များ တဖြည်းဖြည်း ယဉ်ကျေးမှုတိုးတက်ပြောင်းလဲလာသော်လည်း ထိုယဉ်ကျေးသော လူသားမျိုးနွယ် ကြောင့် သဘာဝ ပတ်ဝန်းကျင် ပျက်စီး ဆုံးရှုံးကာ မြေကမ္ဘာ ရှည်ကြာစွာ တည်တံ့ရေး ခြိမ်းခြောက် ခံနေရပါသည်။

ကျောင်းသားသူပုန်တို့ရဲ့ ခရီးရှည်အမှတ်တရ (အပိုင်း-၆)


by Myat Thu on Tuesday, December 18, 2012 at 12:07am 

 နာနာဘာဝများနဲ့ သေ့လောထစခန်း

၁၉၉၁ခုနှစ်နှောင်းပိုင်း ကျနော်တို့ကို တကွဲတပြားစီဖြစ်စေမယ့် ABSDF တတိယအကြိမ်ညီလာခံကာလမှာ ကျောင်းသားညီလာခံကိုယ်စားလှယ်တွေ တစ်ဦးနဲ့တစ်ဦး၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ညှိနှိုင်းမရတဲ့အတွက် KNU က ကျောင်းသားတွေ မာနယ်ပလောကနေပြောင်းကြရမယ်လို့ အမိန့်ထုတ်လာတဲ့အတွက် ကျနော်တို့တပ်ရင်း က သံလွင်မြစ်ဆုံအထက် သေ့လောထစခန်းကို ပြောင်းကြရတယ်။

29.12.2012 နေ့ဖတ်ရန်သတင်းများ


by Myanmar Journal on Friday, December 28, 2012 at 7:02pm ·

မြန်မာ အားကစား တရုတ်ကူညီ
မြန်မာ့ ကိုယ်ကာယ အလှမယ် ပြိုင်ပွဲ
လာမယ့် ၂၀၁၃ ခုနှစ် ကျရင် မြန်မာနိုင်ငံမှာ ကျင်းပမယ့် ၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်မယ့် အားကစားသမားတွေကို လေ့ကျင့် ပေးဖို့ အစိုးရ အချင်းချင်းကြား သဘောတူညီချက်အရ တရုတ်နိုင်ငံက အကူအညီတွေ ပေးနေပါတယ်။
မြန်မာ အားကစားသမား တွေကို လေ့ကျင့်ပေးဖို့ တရုတ် နည်းပြဆရာတွေ မြန်မာပြည်ကို ရောက်လာ ကြသလို၊ မြန်မာ အားကစားသမား ၁၇၀ ကျော်ကိုလည်း တရုတ်နိုင်ငံမှာ သုံးလကြာ သင်ကြား လေ့ကျင့်မှု တွေ ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း အားကစားဝန်ကြီးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။

ပညာ့ဗိမာန် ဘလော့ဂ် တည်ထောင်ကြောင်း ကြေငြာခြင်း


by Aung Htoo on Friday, December 28, 2012 at 4:29am ·


ဤဘလော့ဂ် တွင် ပညာဆိုသည်မှာ ပညာရေးကို မရည်ညွှန်းပါ။ ပညာရေးနှင့် ပညာသည် ဆက်စပ်မှုရှိသလို ကွာခြားမှုလည်း ရှိပါသည်။ နိုင်ငံတခုခု၏ ပညာရေးစနစ်အပေါ် အခြေခံ၍ ပုံမှန် တည်ထောင်ဖွင့်လှစ် ထားသော ကျောင်းများတွင် အဓိကအားဖြင့် သင်ကြားလေ့လာခြင်းကို ပညာရေးဟု နားလည်ပါသည်။ ကျောင်း များတွင် တက်ရောက်လေ့လာ ၍ ပညာရသည်များရှိသလို၊ မိမိကိုယ်တိုင် ဘ၀အတွေ့အကြုံ ဖြတ်သန်းမှုများမှ ပြန်လည်သုံးသပ် ဆင်ခြင်ကာ ရသည့် ပညာများလည်း ရှိပါသည်။ ပညာကို နည်းလမ်း တခု မဟုတ် တခု သုံး၍ ဖြစ်စေ၊ နည်းလမ်းနှစ်ခု လုံးသုံး၍ဖြစ်စေ ရှာဖွေ၍ရနိုင်ပါသည်။

28.12.2012 နေ့ဖတ်ရန်သတင်းများ


by Myanmar Journal on Friday, December 28, 2012 at 6:36am ·

ဘနာဇီယာ ဘူတိုရဲ့ သား နိုင်ငံရေးထဲ ဝင်ပြီ
အသက် ၂၄ နှစ်သာ ရှိသေးတဲ့ ဘီလာဝဲလ်ရဲ့ ပထမဆုံး လူထု စည်းဝေးပွဲ မိန့်ခွန်း ဖြစ်ပါတယ်
ပါကစ္စတန် နိုင်ငံ မှာ လွန်ခဲ့တဲ့ ၅ နှစ်က လုပ်ကြံ သတ်ဖြတ်ခြင်း ခံခဲ့ရတဲ့ ဝန်ကြီးချုပ် ဘနာဇီယာ ဘူတို အတွက် နှစ်ပတ်လည် အောက်မေ့ဖွယ် အခမ်း အနား ကျင်းပ နေရာ၊ သားဖြစ်သူ ဘီလာဝဲလ် ဘူတို ဇာဒါရီက သူ့ အနေနဲ့ နိုင်ငံရေးမှာ ပါဝင်ပြီ ဖြစ်ကြောင်း၊ သိန်းနဲ့ချီ တက်ရောက် လာကြတဲ့ ပြည်သူ တွေကို မိန့်ခွန်း ပြောကြားခဲ့ ပါတယ်။

လစ်ဘရယ်ဝါဒ (Liberalism) နှင့် လစ်ဘရယ်သမိုင်းကြောင်း (အပိုင်း-၂)



အင်္ဂလန်နှင့်အမေရိကန်တို့၏ တော်လှန်ရေးမှာ သွေးထွက်သံယိုနည်းပါးခဲ့ပြီး၊ တော်လှန်ရေးပြီးဆုံးချိန်တွင် လည်း လွတ်လပ်မှုနှင့် လူထုမှာ အသားတကျဖြစ်သည်ကို တွေ့ရသည်။ ထိုသို့ဖြစ်ရခြင်းအကြောင်းကို မူလရှေးရိုးစွဲဝါဒီ (Classic Conservative)တို့၏ ခေါင်းကိုင် ဖခင်ဖြစ်သော အက်မွန်ဘတ်ခ် (Edmund Burke) (၁၇၂၉-၁၇၉၇)က ဝေဖန်ထောက်ပြခဲ့သည်။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၈-၁၂)

သစ်ထူးလွင်



Friday, December 28, 2012

ပညာရေး ဒဿနနှင့် အယူအဆများ (၂၅)


by မင်းခက်ရဲ (Min Khet Ye) on Thursday, December 27, 2012 at 6:20pm ·

ပညာရေးဒဿန ၊ အယူအဆများ (၂၅)
ဆရာ/မ(Teacher)
            သိပ်မကြာခင်ကာလအတွင်းက ဂျာနယ်တွေထဲမှာ ဖတ်လိုက်ရတဲ့ သတင်းနှစ်ပုဒ်ဟာ ခုကျွန်တော်ပညာရေး ဒဿနအကြောင်းပြောဆိုရမှာ ထည့်သွင်းဆွေးနွေးရမယ့် အကြောင်းဖြစ်လာတယ် ။ ပထမ သတင်းတစ်ပုဒ်က ဘောလုံးကန်တဲ့ ကျောင်းသားတစ်ယောက်ကို ကျောင်းအုပ်ကြီးက ပြင်းပြင်း ထန်ထန်ရိုက်နှက်တဲ့ သတင်းပဲ ။ ဂျာနယ်တွေရဲ့ ၀ိုင်းဝန်းရေးသားမှုကြောင့် ကျောင်းအုပ်ကြီးဝန်ချ တောင်းပန်ခဲ့ရတယ် ။ နောက်ထပ် သတင်း တစ်ပုဒ်ကတော့ မူလတန်းအရွယ်ကလေးငယ်ကို ကျောင်းကတောင်းတဲ့အလှုငွေမပေးနိုင်လို့ ဆရာမက ကြမ်းကြမ်း တမ်းတမ်း ရိုက်နှက်တဲ့ သတင်းပဲ ။ ဒါကိုလည်း ၀ိုင်းဝန်းကန့်ကွက်ခဲ့ကြတယ် ။ ဒီမိုကရေစီ ပြောင်းလဲနေတဲ့ခေတ်မှာ ဒီသတင်းနှစ်ပုဒ်ဟာ ပညာရေးအတွက်ထူးခြားတဲ့ သတင်းနှစ်ပုဒ်ပဲ ။

ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုအား ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဥပဒေစိုးမိုးရေး အခြေခံများမှ ဝေဘန် သုံးသပ်ခြင်း ။ အပိုင်း (၂)


ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် လှုပ်ရှားဆောင် ရွက်နိုင်သူ အဖြစ် အသိအမှတ်ပြုကာ နိုဗယ်ဆု ရထားခြင်းဖြစ်သည်။ ဥပဒေစိုးမိုးရေးကော်မတီ ဥက္ကဌလည်း ဖြစ်သည်။ ဥပဒေ စိုးမိုးရေး မရှိလျှင် မည်သည့် အခါတွင်မျှ ပြည်တွင်း ငြိမ်းချမ်းရေး  မရနိုင်ကြောင်း သူမအသိဆုံးပင်။ သို့ပါလျှက်  သိန်းနှင့်ချီသည့် ကချင်လူထုများ စစ်ပြေး ဒုက္ခသည်ဖြစ်နေသည်အထိ မီးဟုန်းဟုန်း တောက်နေသည့် ကချင် ပြည်တွင်းစစ်ကို ဥပဒေစိုးမိုးရေးရှုဒေါင့် မှ နေ၍ ချဉ်းကပ်ဆောင်ရွက်ခြင်းမရှိသေးသည်မှာ ၀မ်းနည်းဘွယ်ဖြစ်သည်။

လက်ရှိ ကချင်ပြည်တွင်းစစ်ကို အရေးယူဆောင်ရွက်ရင်း တပြည်လုံးငြိမ်းချမ်းရေးအတွက် ဖေါ်ဆောင်နိုင်မည့် အခွင့် အလန်းရှိနေပါလျှက် ငြိမ်းချမ်းရေး နိုဗယ်ဆုရှင်လူထုခေါင်းဆောင်သည် အဘယ်ကြောင့် လုံးဝပင် ငြိမ်သက်တိတ်ဆိတ် နေသည်ကို နားမလည်ပါ။ ပြည်တွင်းငြိမ်းချမ်းရေးပြသနာအား ဥပဒေစိုးမိုးရေး နှင့် ဆက်စပ်ဆွေးနွေးပါမည်။ ဥပဒေ၏ သဘောအခြေခံမှ စတင် တင်ပြပါမည်။

အရှက်နည်းသောညများ (သို့) ဒီမိုခရိုနီများမျက်နှာဖုန်းများကွာကျလာခြင်း၊


Myint Aung and 5 other people shared a photo.
အရှက်နည်းသောညများ(သို့)ဒီမိုခရိုနီများမျက်နှာဖုန်းများကွာကျလာခြင်း၊
ဘုန်းမောင်(ဒုတပ်သား)၊

ဆယ်ပြားကျော်ကျော်ဘ၀ကနေ(၁၀)သန်းကျော်ကျော်ဘ၀ကိုခုန်ကူးသွားသူတစ်ယောက်ရဲ့ပေါကြောင်ကြောင်လုပ်ရပ်ကြောင့်ငါတို့အားလုံးသိက္ခာကျရ
တော့မယ်၊ဘယ်လိုလုပ်ပြီးတော်လှန်ရေးနယ်မြေထဲကလူတစ်ယောက် ဘာအလုပ်မရှိဘာဝင်ငွေမှမရှိပဲချမ်းသာရသလည်းဆိုတဲ့မေးခွန်းက ကျနော်တို့အားလုံးအတွက်အရှက်တကွဲဖြစ်ရပါတယ်၊ တော်လှန်ရေးလုပ်တာချင်းအတူတူ ကျနော်တို့ကကုန်းကောက်စရာမရှိအောင်မွဲနေပေမဲ့ သူတို့လိုလူတွေကအရမ်းကိုချမ်းသာနေခဲ့ကြတယ်၊

ဒီလိုဖေါက်ပြန်တဲ့ခေါင်းဆောင်တွေရဲ့လုပ်ရပ်ကြောင့် ငါတို့ပေးဆပ်ခဲ့မှုတွေ ပိုပြီးသေးသိမ်ခဲ့ရတယ်၊ စိတ်နာတယ်၊ မင်းတို့လုပ်ရပ်ကြောင့် မကဒတမှာအမှန်တကယ်ပေးဆပ်ခဲ့ရသူတွေရဲ့စွန့်လွတ်မှုတွေအားလုံး သဲထဲရေသွန်ဖြစ်ရတယ်၊ဒီကိစ္စတွေအတွက်မင်းတို့လိုဖေါက်ပြန်သူတွေတနေ့ကျပြန်ပေးဆပ်ရပါလိမ့်မယ်၊

ငါ့ရဲ့လက်မောင်းကိုဖေါက်ထွက်သွားတဲ့လက်နက်ကြီးကျည်ဆံကို
ငါအမြဲသိမ်းထားတယ်၊ မယ်ညောခီးမှာသက်ပိုင်အလောင်းကို
ထမ်းပြီးပြန်လာရင်းကျခဲ့တဲ့ငါ့ရဲ့မျက်ရည်တွေအခုပြန်ကျနေရပြန်ပြီ၊ အရင်တုန်းကကျခဲ့တဲ့မျက်ရည်ဟာငါ့ရဲ့သူငယ်ချင်းအတွက်ဝမ်းနည်းပြီး ဂုဏ်ယူခဲ့တဲ့မျက်ရည်ပါ၊ အခုငါကျနေရတဲ့မျက်ရည်တွေကတော့ မင်းတို့လိုလူတွေကိုဒေါသထွက်ပြီးဝမ်းနည်းပြီးကျတဲ့မျက်ရည်ပါ၊
သြော်လုပ်ရက်ပါပေတယ်၊ ထိုင်နေရင်းအကောင်းသား ထသွားမှ
ကျိုးမှန်းသိဆိုသလိုညားပြီးဆယ်နှစ်လောက်ကြာမှဂုဏ်ဖေါ်ချင်လွန်းလို့လုပ်လုပ်တဲ့မင်းရဲ့မဂ`်လာပွဲကတော့တို့အတွက်အမဂ`်လာပါပဲဟေ့

သင့်ကြောင့်မီးမလောင်ပါစေနဲ့
သင့်ကြောင့်ဒီမိုကရေစီအင်အားစုတွေသိက္ခာမကျပါစေနဲ့

ဘုန်းမောင်(ဒုတပ်သား)၊

ဆယ်ပြားကျော်ကျော်ဘ၀ကနေ (၁၀) သန်းကျော်ကျော်ဘ၀ကို ခုန်ကူးသွားသူတစ်ယောက်ရဲ့ ပေါကြောင်ကြောင်လုပ်ရပ်ကြောင့်ငါတို့အားလုံးသိက္ခာကျရတော့မယ်၊ ဘယ်လိုလုပ်ပြီးတော်လှန်ရေးနယ်မြေထဲကလူတစ်ယောက် ဘာအလုပ်မရှိဘာဝင်ငွေမှမရှိပဲချမ်းသာရသလည်းဆိုတဲ့မေးခွန်းက ကျနော်တို့အားလုံးအတွက် အရှက်တကွဲဖြစ်ရပါတယ်၊ တော်လှန်ရေးလုပ်တာချင်းအတူတူ ကျနော်တို့က ကုန်းကောက်စရာမရှိအောင်မွဲနေပေမဲ့ သူတို့လိုလူတွေကအရမ်းကိုချမ်းသာနေခဲ့ကြတယ်၊

ကျောင်းသားသမဂ္ဂသတင်း

Written by ဝေမိုးနိုင်၊မုံရွာ၊   
Wednesday, 12 December 2012 20:54


ဆယ်ကျော်သက် ဖူးငုံများ၊ လူငယ် လူရွယ်များကို ရည်ရွယ် ထုတ်ဝေ သည့် ဖူးငုံ ဆယ်ကျော်သက် မဂ္ဂဇင်းတွင် မျက်မှောက်ခေတ် လူငယ် များ၏ လှုပ်ရှား ဆောင်ရွက်နေမှု များကို မကြာခဏ ထည့်သွင်း ဖော်ပြလေ့ ရှိပါသည်။

ထို အခါ လူငယ် လူရွယ်များ စုပေါင်း ဖွဲ့စည်းထားသည့် အစုအဖွဲ့ များဖြစ်သည့် ကျောင်းသား သမဂ္ဂ အဖွဲ့များ၏ လှုပ်ရှားမှု များမှာလည်း မြန်မာ့ခေတ်ပြိုင် နိုင်ငံရေး လှုပ်ရှားမှု များတွင် ချန်လှပ် မရသည့်  အစိတ်အပိုင်း များဖြစ်သော ကြောင့် အသွင်သစ်ဖြင့် ထုတ်ဝေလာ သော ဖူးငုံမှ ကျောင်းသား သတင်း ဟူရွေ့ ကဏ္ဍ တစ်ရပ် ဖွင့်လှစ် ဖော်ပြလိုက် ရပါသည်။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၇-၁၂)


သစ်ထူးလွင်


Thursday, December 27, 2012

ဦးနေ၀င်း၊ သင်္ခါရ နဲ့ ကုန်းဘောင်ဆက်


Thursday, October 20, 2011  Sithu Linn 

သင်္ခါရတရားတွေကို မသိခဲ့လို့ ၁၉၆၂ ခုနှစ်မှာ အာဏာသိမ်းခဲ့မိတယ်လို့ ဗိုလ်ချုပ်ကြီးဟောင်းနေ၀င်းက ပြောဆိုတဲ့အကြောင်း ကိုကိုမောင်ကြီး (ဦးချစ်လှိုင်)ရဲ့ ကျွန်တော်သိသော တစ်ရံရောအခါများ စာအုပ်မှာ ရေးထားပါတယ်။

၁၉၉၅ ဇူလိုင်လမှာ ဦးနေ၀င်းက သူ့ဆီသွားတဲ့ ဦးချစ်လှိုင်၊ မဆလခေတ် ပြည်သူ့တရားသူကြီးအဖွဲ့ ဥက္ကဋ္ဌဟောင်း ဦးတင်အောင်ဟိန်းတို့ကို ပြောလိုက်တာပါ တဲ့။

"ကိုယ်လူတွေနဲ့ ကြုံတုန်း ပြောလိုက်ရဦးမယ် .... ကိုယ့်အနေနဲ့ ဒီသံသရာ တရားတွေ သင်္ခါရတရားတွေ အနိစ္စ .... အနတ္တတရားတွေကို ဒီနေ့ သိမြင်သလိုများ ဟိုတုန်းက သိခဲ့မယ် ဆိုရင် ၁၉၆၂ ခုနှစ်၊ မတ်လက ကိစ္စကို ကိုယ်မလုပ်ခဲ့ပါဘူး .... ဟုတ်တယ် .... အဲဒီတုန်းကသာ ဒီတရားတွေကို သိနေခဲ့ရင် ၁၉၆၂ က လုပ်ခဲ့တဲ့ အလုပ်မျိုးကို ကိုယ်မလုပ်ခဲ့ဘူး" (စာ-၇၆၂)

ဦးချစ်လှိုင်က ဒါကို ကြားရတော့ "ဟယ်" ခနဲ ဖြစ်သွားပါတော့တယ် လို့ ဆိုပါတယ်။

27.12.2012 နေ့ဖတ်ရန်သတင်းများ


by Myanmar Journal on Wednesday, December 26, 2012 at 5:16pm ·

ရှင်ဇို အာဘေး အစိုးရ သစ်ဖွဲ့
ဂျပန် ဝန်ကြီးချုပ်သစ် ရှင်ဇိုအာဘေး
ဂျပန် နိုင်ငံမှာတော့ ဝန်ကြီးချုပ်သစ် ရှင်ဇို အာဘေးက သူ့ရဲ့ အစိုးရ အဖွဲ့ကို စတင် ဖွဲ့စည်း လိုက်ပါတယ်။
အခု အစိုးရ အဖွဲ့ဝင်တွေ ထဲမှာ ထူးခြားမှု အဖြစ် အရင် ဝန်ကြီးချုပ်ဟောင်း တာရို အာဆိုကို ဘဏ္ဍာရေး ဝန်ကြီး အဖြစ် ခန့်ထား လိုက်တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ မစ္စတာ အာဘေးရဲ့ လစ်ဘရယ် ဒီမိုကရက်တစ် ပါတီက အနိုင်ရခဲ့တဲ့ နောက်မှာ ပါလီမန်က မစ္စတာ အာဘေးကို ဝန်ကြီးချုပ် အဖြစ် လက်ခံ အသိအမှတ် ပြုခဲ့ အပြီးမှာ အခုလို စပြီး အစိုးရကို စတင် ဖွဲ့စည်းတာ ဖြစ်ပါတယ်။

‎"လစ်ဘရယ်ဝါဒ (Liberalism) နှင့် လစ်ဘရယ်သမိုင်းကြောင်း (အပိုင်း-၁)"



(၁၂) ရာစုအကုန်ပိုင်းတွင် ကုန်သည်များသည် ဥရောပတလွှားဖြတ်သန်းသွားလာကာ ကုန်စည် ကူးသန်းကြသည်။ ၄င်းတို့စုဆုံသောနေရာဒေသများသည်စည်ကားသိုက်မြိုက်လာပြီး ကုန်ကူးသန်းရာ အချက်အချာကျသော မြို့များအဖြစ်ပေါ်ထွန်းလာခဲ့သည်။ ၄င်းမြို့များတွင်ပင် ကုန်သည်များနှင့် လက်မှုပညာသည်များ
က အခြေချနေထိုင်ခဲ့ကြသည်။

Wednesday, December 26, 2012

သစ်ထူးလွင် သတင်းစုစည်းမှု (၂၆-၁၂)


သစ်ထူးလွင်


ဇွန်ဇု၏ စစ်ပညာကျမ်း

စံလှိုင် - ဇွန်ဇု၏ စစ်ပညာကျမ်း

26.12.2012 နေ့ဖတ်ရန်သတင်းများ


by Myanmar Journal on Tuesday, December 25, 2012 at 3:18pm ·

အိန္ဒိယ ရုန်းရင်းဆန်ခတ်မှုအတွင်း ဒဏ်ရာရ ရဲတပ်ဖွဲ့ဝင် သေဆုံး

အိန္ဒိယ ဆန္ဒပြပွဲအတွင်း အထိကရုဏ်းနှိမ်နှင်းရေး ရဲတပ်ဖွဲ့ဝင်များကို တွေ့ရစဉ်။
အုပ်စုလိုက် အဓမ္မပြုကျင့်ခံခဲ့ရတဲ့ အသက် ၂၃ နှစ်အရွယ် ကျောင်းသူလေးရဲ့ အမှုနဲ့ ပတ်သက်ပြီး မကျေနပ်ကြတဲ့ လူထုကြီးရဲ့ ဆန္ဒပြပွဲအတွင်း အိန္ဒိယရဲ တဦး ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့ပြီးနောက် - နယူးဒေလီဆေးရုံတရုံမှာ သေဆုံးသွားခဲ့ပါတယ်။

ကျောင်းသားတပ်မတော် ပေါ်ပေါက်လါခြင်းကြောင့်


ကျောင်းသားတပ်မတော် ပေါ်ပေါက်လါခြင်းကြောင့် မြန်မာပြည် တိုင်းရင်းသား လူမျိုးစုအားလုံး ဗမာဆိုသော လူမျိုးများအား ယုံကြည်မူ ရလါခြင်းဖြစ်သည်။ အစိုးရတပ် ညစ်ပတ်သလိုသာ လက်နက်ကိုင် ကျောင်းသား၊ လူမျိုးစု တော်လှန်ရေး အဖွဲ့ပေါင်းစုံမှ အီရက်၊ အာဖဂန်နစ်စတန် ကဲ့သို့ ပြည်တွင်းဝင်၍ နည်းမျိုးစုံဖြင့် အစိုးရအား ဖောက်ခွဲဖျက်စီး အဖျက်အမှောက်များ လုပ်ခဲ့လျှင် တစ်ပြည်လုံးမှာ စစ်မီးကူးဆက်နေပါပြီ။

ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုအား ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဥပဒေစိုးမိုးရေး အခြေခံများမှ ဝေဘန်သုံးသပ်ခြင်း ။ အပိုင်း (၁)


စာရေးသူသည် ဒေါ်အောင်ဆန်းစုကြည်နှင့် ပုဂ္ဂိုလ်အရ မဆက်ဆံခဲ့ဘူးသော်လည်း ယုံကြည်ချက်အတွက် သူမ၏ စွန့်လွှတ် အနစ်နာခံခဲ့မှုများအား လေးစား အသိအမှတ်ပြုသူဖြစ် သည်။ ကမ္ဘာသိခေါင်းဆောင်တဦး ပေါ်လာပြီဟူ၍ သူမအတွက် ဂုဏ်ယူသူများအနက်တွင်လည်း တဦးအဖြစ်ပါဝင်သည်။ မိမိအနေဖြင့် မီဒီယာ များတွင် အကြောင်းအမျိုးမျိုးဖြင့် အကြိမ်ပေါင်းများစွာပြောဆို၊ ရေးသားခဲ့ဘူးသော်လည်း ဒေါ်အောင်ဆန်း စုကြည်နှင့် စပ်လျှဉ်း၍ တကြိမ်မျှ မဝေဘန်ခဲ့ဘူးပါ။ ဘီဘီစီသို့ ယခု ဒီဇင်္ဘာ၂၄ ရက်နေ့နံက်တွင် ပေးခဲ့သောအင်တာဗျူးတွင်မူ ဒေါ်အောင်ဆန်းစုကြည်က သမတ ဖြစ်ခြင်သည်ဟူသော ပြောဆိုချက်နှင့် စပ်လျှဉ်း၍ အနည်းငယ်စတင် ထောက်ပြခဲ့သည်။

အငြိုး ကြမ္မာ


by Win Ko on Tuesday, December 25, 2012 at 3:58am 

၁၉၉၆ ဇွန်လ စစ်အစိုးရ၏ ဖြတ်လေးဖြတ်စစ်ဆင်ရေးစီမံချက်ကြောင့် ကျွန်တော်တို့နေထိုင်သော တနီးလဲရွာလေးမှာလည်း လက်နှက်ကြီးဒဏ်ရာဒဏ်ချက်တို့ကို အလူးအလဲခံစားကြရသည်။ နောက်ဆုံး ထိုင်းနိုင်ငံအတွင်းသို့ ၀င်ရောက်ခိုလှုံခဲ့ကြသည်။
          ထိုင်းနိုင်ငံတွင်းသို့ရောက်သောအခါ UNHCR မှ လူသားချင်းစာနာထောက်ထားမှုဖြင့် ရွက်ဖျင်တဲအမိုး ခြောက်တောင်ပတ်လည်တစ်ချပ်သာ ရရှိကြသည်။ အခြေခံစားသောက်ကုန်နှင့် ဆေးဝါးရိက္ခာတို့မှာ အခက်အခဲဖြစ်နေ ကြသည်။ ထိုင်းနိုင်ငံကျန်းမာရေးဌာနကလည်း ကူးစက်ရောဂါများ ဖြစ်ပွားမည်စိုး သောကြောင့် ကြိုတင်ကာကွယ်ဆေးများကို တိုက်ကျွေးပြီး ထိုင်နိုင်ငံအတွင်းပိုင်းသို့ ၀င်ရောက်ခွင့်မရရှိရေး အတွက် ပိတ်ဆို့ထားကြသည်။ မိုးတွင်းကာလဖြစ်သောကြောင့် ငှက်ဖျားနှင့် ၀မ်းရောဂါတို့ အဖြစ်များနေကြသည်။

25.12.2012 နေ့ဖတ်ရန်သတင်းများ


by Myanmar Journal on Monday, December 24, 2012 at 11:35pm ·

ခရစ်စမတ် အကြို ဆုတောင်းပွဲ ကျင်းပ
ပုပ်ရဟန်းမင်းကြီး ဘန်နာဒစ်
အီတလီ နိုင်ငံ St Peter's Basilica ဘုရားရှိခိုးကျောင်း မှာ လူအများအပြား စုရုံးမလာခင် ပုပ်ရဟန်း မင်းကြီး ဘန်နာဒစ်က ရိုမန် ကတ်သလစ် ရိုးရာ ခရစ်စမတ် အကြို အခမ်းအနား ဆုတောင်းပွဲကို ကျင်းပခဲ့ပါတယ်။
ဒီနေ့ ကမ္ဘာမှာ လူတွေ အနေနဲ့ ဘုရားသခင် အတွက် အချိန်ပေးဖို့ သူက တိုက်တွန်းခဲ့ပြီး ၊ အစ္စရေးနဲ့ ပါလက်စတိုင်းကြား ငြိမ်းချမ်းရေး ရဖို့နဲ့ လက်ဘနွန် ၊ ဆီးရီးယား နဲ့ အီရတ် နိုင်ငံက ပဋိပက္ခတွေ ချုပ်ငြိမ်းသွားစေဖို့ ဆုတောင်း ခဲ့ပါတယ်။

ကျီးကန်း ငမည်းနဲ့ ဟံသာဝတီ ဦးဝင်းတင် (မောင်ဝံသ)


by Maung Wuntha on Tuesday, December 25, 2012 at 12:22am 

ပြည်သူ့ခေတ်ဂျာနယ် ၂၇ ၁၂ ၁၂ နေ့ထုတ်တွင် ဖော်ပြသည့် မောင်ဝံသ ပြောချင်လွန်းလို့ဆောင်းပါး။

တတိယအကြိမ်ဆေးစစ်ဖို့ စင်ကာပူကို ပြန်ရောက်နေတုန်း သည်စာကို ရေးဖြစ်ပါတယ်။ ကီမိုဆေးသွင်းကုသမှု စင်ကာပူမှာ နှစ်ကြိမ်၊ ရန်ကုန်မှာ နှစ်ကြိမ်အပြီး   ဒုတိယအကြိမ် ဆေးလာစစ်တုန်းက အဆုတ်က အကြိတ်ရဲ့အရွယ်ပမာဏ အတော်ကလေး ကျုံ့သွားတယ်လို့ သိရပါတယ်။ ဆေးသွင်းကုသမှု ရန်ကုန်မှာ နောက်ထပ် လေးကြိမ်အပြီး ယခုတစ်ကြိမ်မှာ ဆေးစစ်ချက်အဖြေက အကြိတ်ဟာ ထပ်ပြီးလျော့မသွားပေမယ့် ပိုလည်း ကြီးမလာဘူး၊
တစ်ခြားနေရာတွေကိုလည်း ပျံ့နှံ့မှု မရှိဘဲ ထိန်းထားနိုင်တယ်လို့ သိရပါတယ်။ ဒါကြောုင့် ကုသနေတဲ့ သမားတော်က ဆေးတစ်မျိုး ပြောင်းပေးလိုက်ပါတယ်။

Tuesday, December 25, 2012

သစ်ထူးလွင် သတင်းစုစည်းမှု (၂၅-၁၂)

သစ်ထူးလွင်



Related Posts Plugin for WordPress, Blogger...