Thursday, January 31, 2013

မိုးကျရွှေကိုယ် အဆိုအမိန့်များ

by Seaman Nayminthu on Thursday, January 31, 2013 at 2:16am · 
 
 မိုးကျရွှေကိုယ်များ အုပ်ချုပ်သော ဘီရုမာပြည် တိုင်းဌာနီကြီးတွင် ဖြစ်ပျက်သမျှ အရာအားလုံးတို့ကား အစဉ်အမြဲ ထူးခြားဆန်းကြယ်လျက် မြင်တွေ့ရတိုင်း ကြားသိရတိုင်း ရင်သပ်ရှုမော အံ့သြဖွယ် မကုန်နိုင်အောင် ရှိနေတော့လေ၏။
မိုးကျရွှေကိုယ်ဟု ညွှန်းဆိုခေါ်ဝေါ်လိုက်ရသည်မှာ သူတို့သည် ဤဝသုန်  ကမ္ဘာမြေထုကို ဘူမိနတ်သန် ပြုကာ မွေးဖွားကြီးပြင်း လာကြသူများမဟုတ်ကြဘဲ အခြားအခြားသော ဘယ်နေရာ ဌာနမှန်းမသိသည့် ပြင်ပ ဂြိုလ်ကမ္ဘာ (အနီးစပ်ဆုံးအားဖြင့် အင်္ဂါဂြိုလ်သား မားရှန်းများ ဖြစ်မည်ဟု ခန့်မှန်းရ၏) အသီးသီးတို့မှ ဟယ်လီဂျက်တပ် ကော်ပလာ ယာဉ်ပျံများ စီးနင်းလိုက်ပါ သွားလာကြရင်း လမ်းခရီးခုလတ် မောင်းဆီအပြတ် ခေတ္တခဏ ဆင်းသက် ရပ်နားခိုက် သာမောဖွယ် ဤဌာနေမှာ လေညှင်းခံရင်း အပန်းဖြေ ခရီးတထောက် နားမည် အကြံပြုလျက် ယာယီ စံအိမ်တော်များ ဆောက်လုပ်ကာ စံမြန်းလာသည်မှာ ရာစုနှစ်တဝက် ကျော်ကျော် (လူ့သက်တမ်းတခုနီးနီး) မျှလောက်တော့ ရှိပေပြီ။

သစ်ထူးလွင် သတင်းစုစည်းမှု (၃၁-၁)

သစ်ထူးလွင်



ဘယ်လို စာနယ်ဇင်း ဥပဒေမျိုးလဲ

ဘယ်လို စာနယ်ဇင်း ဥပဒေမျိုးလဲ

၂၀၁၂ တွင် စတင် ပေါ်ပေါက်လာသော မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) သည် သမ္မတက တိုက်ရိုက် ပေးအပ် ထားသော တာဝန်တရပ်ကို ပီပီပြင်ပြင်လုပ်ကိုင်နေပြီဟု မြင်ရ၏။ ၎င်းတာဝန်ကား Media law (ခေါ်) Press law ခေါ် ဥပဒေကြမ်းကို ရေးဆွဲခြင်းဖြစ်၏။
မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ) ဖြစ်ပေါ်လာပုံသည် စိတ်ဝင်စားဖွယ် ဖြစ်သည်။ မြန်မာနိုင်ငံ စာနယ်ဇင်း လောကအား ချုပ်ချယ်၊ စီးနင်း၊ လွှမ်းမိုးထားသော စာပေစိစစ်ရေးကို ဖျက်သိမ်းကာ၊ စာနယ်ဇင်း ကောင်စီ ဟူ၍ ထားရှိမည် ဆိုပြီး အမည်စာရင်းများ ထုတ်ပြန်သောအခါ လက်ရှိ စာနယ်ဇင်းသမားများ၊ စာနယ်ဇင်းအဖွဲ့အစည်းများက တခဲနက် ကန့်ကွက်ခဲ့ကြ၏။ မိမိတို့ကိုယ်တိုင် မသိရှိလိုက်ရဘဲ ကောင်စီထဲ ပါနေခဲ့သူတချို့နှင့် ပြည်သူ မနှစ်မြို့သည်ကို လက်မခံ လိုသော ပုဂ္ဂိုလ်များက ကောင်စီမှ နုတ်ထွက်ခဲ့ကြသည်။ ဤသည်ကား ဒီမိုကရေစီ ကျင့်စဉ်ကို လိုက်နာ ကျင့်သုံးမှုပင်ဖြစ်၏။
ထို့နောက် မကြာမီမှာပင် ကောင်စီကို ဖျက်သိမ်းကြောင်းနှင့် အသစ်ဖွဲ့စည်းကြောင်း ထုတ်ပြန်ခဲ့သည်။ အသစ်စာရင်းတွင် ပြည်သူများ ကျေနပ်နိုင်လောက်သော ပုဂ္ဂိုလ်များ ပြောင်းလဲပါဝင်လာသည်ကို တွေ့ရသည်။ ပညာရှင်များဖြစ်သော ပညာရပ်ဆိုင်ရာ အငြိမ်းစား ပါမောက္ခများ၊ အငြိမ်းစား တရားသူကြီးများကို လူထုအနေဖြင့် ကန့်ကွက်ရန်မရှိသကဲ့သို့၊ လူလတ်ပိုင်းများ ဖြစ်သော လက်ရှိမဂ္ဂဇင်း၊ ဂျာနယ် အယ်ဒီတာများကို ထည့်သွင်းထားခြင်းကိုလည်း ကျေနပ်စွာကြိုဆိုရန်ရှိ၏။
တနည်းပြောရလျှင် အုပ်ချုပ်ရေးအာဏာ (လက်ရှိအာဏာ) ရသူများ လုံးဝမပါဝင်ဘဲ၊ ဒီမိုကရေစီ အင်အားစုဟု ခေါ်ဆိုနိုင်သူများ ပါဝင်နေသဖြင့် ကျေနပ်ခဲ့ကြရ၏။ ၎င်းတို့၏ လုပ်ဆောင်ချက်များတွင် လက်တွေ့အရ စာနယ်ဇင်း အငြင်းပွားမှုများကို နှစ်ဦးနှစ်ဘက် ပြေလည်အောင် (တရားရုံးအထိမရောက်အောင်) ညှိနှိုင်းပေးခဲ့ကြကြောင်း သိရသည်။ ထိုထက်ကြီးမားသော တာဝန်မှာ Media Law မူကြမ်း ရေးဆွဲရေးတည်း။
အထက်ပါ ကိစ္စအတွက် လွှတ်တော်မှ ရေးရာကော်မတီဝင်များနှင့် စာနယ်ဇင်းကောင်စီ တွေ့ဆုံပွဲတွင် လောလောဆယ် မှတ်ပုံတင်ထားဆဲ စာရေးဆရာသမဂ္ဂ၊ ကဗျာဆရာသမဂ္ဂနှင့် ရှေ့နေများကွန်ယက် စသည်တို့ကို ဖိတ်ကြားခဲ့သည်။ ကိုယ်တိုင် ပါဝင်နေသူများဖြစ်၍ ဥပဒေရေးဆွဲရာ၌ အကြံပြုကြပါရန် ဖိတ်ခေါ်ခဲ့သည်။
ဇန်နဝါရီ ၂၇ ရက်နေ့တွင်ကား ကျယ်ကျယ်ပြန့်ပြန့် တင်ပြနိုင်ရန် ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်ရှိ မြန်မာနိုင်ငံဘဏ်များ အသင်း အဆောက်အအုံ၌ အလုပ်ရုံဆွေးနွေးပွဲကို ပြုလုပ်ခဲ့သည်။ ဤနေ့မတိုင်မီ ၂၅ ရက်နေ့၌လည်း စာရေးဆရာ၊ ပုံနှိပ်၊ ထုတ်ဝေ၊ အသင်းများမှ ကိုယ်စားလှယ်တချို့ကို ဖိတ်ခေါ်ကာ၊ ပဏာမအားဖြင့် အကြံပြုချက်ရယူခဲ့၏။ ၎င်းတို့ရေးထားသော မူကြမ်းကို ဝေငှ၏။ ပြင်ဆင်ဖြည့်စွက်ရန် ဖိတ်ခေါ်၏။ ထိုနေ့က လူနည်းစုဖြစ်၍ အချိန်မကြာခဲ့ပေ။
ယနေ့ပြုလုပ်သော အလုပ်ရုံဆွေးနွေးပွဲ (Workshop) မှာကား သတင်းဂျာနယ် အများအပြားပါဝင်လာရာ၊ ပါဝင်ဝေဖန် ထောက်ပြသူ အများအပြား ရှိလာသည်။ ဆွေးနွေးပွဲတွင် စာနယ်ဇင်းကျင့်ဝတ်များ ကိစ္စကို နံနက်ပိုင်း၌ ၎င်း၊ စာနယ်ဇင်း ဥပဒေကိစ္စကို မွန်းလွဲပိုင်း၌၎င်း ခွဲခြားပြုလုပ်သည်။ ယနေ့ ရရှိသော အချက်အလက်များကို ရယူဖြည့်စွက်ရန်၊ နောက်ထပ် ၁၅ ရက် အချိန်ပေးပြီး စာဖြင့်ဖြစ်စေ၊ အီးမေးလ်ဖြင့်ဖြစ်စေ ပေးပို့နိုင်ကြောင်းလည်း ဖိတ်ခေါ်သည်။
ဤ ပထမမူကြမ်းကို အသေးစိတ်ရေးဆွဲပြီးလျှင် လွှတ်တော်သို့ တင်ပြရမည်ဖြစ်၏။ လွှတ်တော်က အတည်ပြု ပြီးသောအခါ အစီအစဉ်အတိုင်း သမ္မတထံ တင်ပြကာ၊ အတည်ပြုချက် ရယူရမည်ဖြစ်၏။ ဤနည်းဖြင့် နှစ်ပေါင်း ၅၀ အတွင်း မပေါ်ပေါက် ခဲ့ဖူးသော Media Law ပေါ်ထွက်လာမည် ဖြစ်ပေသည်။
လောလောဆယ် အားဖြင့်ကား အင်္ဂလိပ်ဝေါဟာရဖြင့် Media Law ခေါ် Press Law လည်းခေါ်သော ဥပဒေ၏ အမည်ကိုပင် တိတိကျကျ သတ်မှတ်၍ မပြီးသေးပေ။  သတင်းမီဒီယာ ဥပဒေဟု အမည်တပ်ထားကာ တချို့က စာနယ်ဇင်း ဥပဒေ ဟုဆိုသည်။ အထူးသဖြင့် Media ဟူသော ဝေါဟာရအတွက်၊ မြန်မာဝေါဟာရ ရှာမရ ဖြစ်နေပုံရ၏။ ထို့ကြောင့်လည်း မီဒီယာ ဟူ၍သာ အသံဖလှယ်ပြီး မွေးစား စကားလုံး လုပ်နေကြရ၏။
ကောင်စီ၏ ရှင်းလင်းချက်အရ ဤဥပဒေများကို ရေးဆွဲရာ၌ အိမ်နီးချင်းနိုင်ငံများ (အနောက်နိုင်ငံမပါ၊ ဥရောပ မပါ) ၏ ဥပဒေကို လေ့လာခဲ့သည်ဟု ဆိုသည်။ ထို့အပြင် ဤကောင်စီ၌ ရှေ့မီနောက်မီ သတင်းစာ ဆရာကြီးများ ပါဝင်သဖြင့် ရှေးက ကျင့်သုံးခဲ့သော ၁၉၆၂ မတိုင်မီက စာနယ်ဇင်း ကျင့်ဝတ်များကိုလည်း ယူငင်သည်ဟုဆိုသည်။ ယနေ့ လူငယ်လူလတ် သတင်းသမား အများအပြားက၊ ဤကျင့်ဝတ်များနှင့် ပက်သက်ပြီး စိတ်ဝင်တစား ဆွေးနွေးခဲ့ကြသည်။
ဒီမိုကရေစီ ကျင့်ထုံးမှာ အများသဘောကို ရယူနိုင်ရန်အတွက် အောက်ခြေအထိ စိမ့်ဝင်ပြီး သဘောဆန္ဒရယူရမည် ဖြစ်၏၊ပွင့်ပွင့်လင်းလင်း ဆွေးနွေးရမည်ဖြစ်၏။ ထိုသို့ အောက်ခြေလူအများစု၏ ဆန္ဒသဘောထားများကို စုစည်းပြီှးမှ အထက် အဖွဲ့အစည်းသို့ ဆင့်ကဲဆင့်ကဲ တင်ပြပြီး စိတ်ဝင်တစား ဆွေးနွေးခဲ့ကြသည်။
ဒီမိုကရေစီ ကျင့်ထုံးမှာ အများသဘောကို ရယူနိုင်ရန်အတွက် အောက်ခြေအထိ စိမ့်ဝင်ပြီး သဘောဆန္ဒရယူရမည်ဖြစ်၏။ ပွင့်ပွင့်လင်းလင်း ဆွေးနွေးရမည်ဖြစ်၏။ ထိုသို့ အောက်ခြေလူအများစု၏ ဆန္ဒသဘောထား များကို စုစည်းပြီးမှ အထက် အဖွဲ့အစည်းသို့ ဆင့်ကဲဆင့်ကဲ တင်ပြပြီး ဆုံးဖြတ်ချက် ရယူရန်ဖြစ်သည်။
ယနေ့မြန်မာနိုင်ငံ၏ အနေအထားကို ဒီမိုကရေစီ မရသေးဘူးဟူ၍ လည်းကောင်း၊ ဒီမိုကရေစီသို့ သွားနေသည်ဟု လည်းကောင်း ဒီမိုကရေစီ လမ်းကြောင်းပေါ် မရောက်သေးဟု လည်းကောင်း၊ လမ်းကြောင်းပေါ် ရောက်ဖို့ စတင်နေရုံသာဟု လည်းကောင်း၊ အမျိုးမျိုး ဖွင့်ဆိုနေကြသည်။ နေရာအလိုက်၊ ကိစ္စအလိုက်၊ မှန်ပါလိမ့်မည်။
ယနေ့ စာနယ်ဇင်း လောကအတွက်ကား ဒီမိုကရေစီရေးအတွက် အရေးကြီးသော စာမျက်နှာကို အမှန်တကယ် ဖွင့်နိုင်ခဲ့ပြီဟု ဆိုနိုင်ပါသည်။ ထူထဲလေးလံသော တံတိုင်းကြီးဖြစ်သည့် “စာပေဆင်ဆာ” ကြီးကို ဖယ်ရှားပစ်ခဲ့သည်မှာ ထင်ရှားသော သက်သေဖြစ်၏။ သို့သော် မယုံရဲ၊ မယုံချင်၊ မယုံလွယ်သူများက ဆင်ဆာအစား တခြားအမည်နှင့် တမျိုးလာလိမ့်မည်ဟု စိုးရိမ်နေကြသည်မှာလည်း သဘာဝကျလှသည်။
စာပေစိစစ်ရေး မရှိတော့သည့် အနေအထားတွင် “ မူပိုင်ခွင့်နှင့် မှတ်ပုံတင်ရုံး” ကိုထားရှိမည်ဖြစ်၏။ အနည်းငယ် ထူးဆန်းသည်မှာ စာပေစိစစ်ရေးရုံးကို “ပြည်ထဲရေးဝန်ကြီးဌာန” အောက်တွင် ထားခဲ့ရာမှ၊ ယခု မူပိုင်ခွင့်နှင့်မှတ်ပုံတင်ရုံး ကိုကား “ပြန်ကြားရေးဝန်ကြီးဌာန” အောက်သို့ ပြောင်းရွှေ့ခြင်းဖြစ်သည်။ ဘာအကြံအစည်များပါလိမ့် … မေးစေ့ ပွတ်ပြီး စဉ်းစားသူများ ရှိနေခြင်းမှာ မဆန်းပေ။
မည်သို့ပင်ဖြစ်စေ၊ မိမိတို့ စာနယ်ဇင်းသမားများ မဖြစ်မနေပြုလုပ်ကြရမည်က “လွတ်လပ်ရေး” ရပြီဆိုပြီး လမ်းမပေါ် ဆေးရိုးမလှန်းဖို့ဖြစ်၏။ သို့ဖြစ်လျှင် မိမိတို့ဆေးရိုးကို ဘယ်မှာလှန်းမည်နည်း။ လမ်းဘေးမှာလား၊ လယ်ကွင်းထဲမှာလား၊ ကိုယ့်ခြံဝန်း ထဲမှာလား။ လှမ်းစရာနေရာတော့ ရှိမှဖြစ်မည်။ ဆေးရိုးက လှန်းမှ ခြောက်ပြီးသုံး၍ ရမည်ဖြစ်၏။
ထိုအခါ “တာဝန်သိစိတ်” “တာဝန်ယူစိတ်” “ကျင့်ဝတ်” ဆိုတာတွေ ကပ်ပါလာသည်။ မိမိ၏ လွတ်လပ်ခွင့်သည် သူတပါးအား မထိခိုက်စေရ ဆိုသော ဒီမိုကရေစီ ကျင့်ထုံးနှင့် လူ့အခွင့်အရေး ဆိုသည်များက အသင့်စောင့်နေသည်။ ယခုပင် အသရေ ဖျက်မှု ဆိုသော ပုဒ်မ ၅၀၀ က ခေတ်စားနေလေပြီ။ လျော်ကြေးတောင်းကြပုံက သိန်း ၁၀၀၀၀၊ ၂၀၀၀၀ စသည်ဖြင့် မကြားဘူးတာတွေ ကြားနေရလေသည်။
စာနယ်ဇင်း ဥပဒေ၏ ရည်ရွယ်ချက်က၊ ထိုထိုသော ပုဒ်မတွေနှင့် မဆက်ဆံရအောင်၊ ကြားဝင်ဖျန်ဖြေရန်၊ အကာအကွယ် ပေးရန် စသဖြင့်ဖြစ်၍ အလွန်သင့်မြတ် ပါသည်။ အသင့်မြတ်ဆုံးက Down – Up စနစ်ဖြစ်၏။ အာဏာရှင် စနစ်တွင် အထက်မှ အောက်သို့ အမိန့်ပေးသော Up – Down ပုံစံများ ဖြစ်သည်။
ယခုဒီမိုကရေစီအရ အောက်မှရေးဆွဲ ပေးသည်ကို အထက်က အတည်ပြုပေးသော နည်းဖြစ်ရာ၊ ယခု မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ၏ လုပ်ဆောင်ချက်ကို၊ အလေးထား အသိအမှတ် ပြုကြရပါမည်။ မိမိတို့ပါ ၀င်ပြောခွင့်ရနေသဖြင့် ကျေနပ်ကြရပါမည်။
ဤနေရာ၌ “၀င်ပြောခွင့်” ကို အလွဲမသုံးဖို့လည်း လိုပါသည်။ ဆွေးနွေးပွဲကို ငြင်းခုန်ပွဲ လုပ်၍ရပါသည်။ ငြင်းကြ ရမှာပဲ ဖြစ်သည်။ ကောင်စီဝင်များသည် ဤဥပဒေ ပုဒ်မများ ရရှိဖို့ အစည်းအဝေးပေါင်း ၁၃ ကြိမ်၊ ၁၄ ကြိမ်ခန့် ပြုလုပ်ခဲ့ရကြောင်း ပြောပါသည်။ ယခု စာယ်ဇင်း (အထူးသဖြင့် သတင်းသမား အများစု) ပါဝင်သော ဆွေးနွေးပွဲက ပထမအကြိမ် ဖြစ်၏။ လာမည့် ဧပြီလတွင် ပုဂ္ဂလိကသတင်းစာများ ပေါ်လာတော့မည်ဟု ကြားရသည်။ ထိုအချိန်တွင် ဤ ဥပဒေ အဆင်သင့် ဖြစ်နိုင်လျှင် ကောင်းမည်ဟု ဆန္ဒရှိသည်။ သို့သော် လွှတ်တော်ကို ဖြတ်သန်းရဦးမည်၊ နိုင်ငံတော် သမ္မတရုံး သွားရဦးမည်၊ ကြာနိုင်သည်။ သို့သော် ခြေလှမ်း တလှမ်းတိုင်းသည် ပန်းတိုင်နှင့် နီးကပ်လာစေမည်မှာ သေချာသည်။
နှစ်ပေါင်း ၅၀ အတွင်း တခါမျှ မလုပ်ဖူးသော “ဥပဒေ ရေးဆွဲခွင့်” ကို မိမိတို့ ဘာသာ အကြံပြုခွင့် ရခြင်းကိုပင် ကြည်နူး ၀မ်းသာ ကြရပါမည်။ စိတ်တိုင်းကျ ဖြစ်ဖို့၊ လူတိုင်းအကြိုက်ဖြစ်ဖို့ကမူ ဒိမိုကရေစီ၏ အနှစ်သာရ မဟုတ်၊ အများသဘောနှင့် ဖြစ်လာမည်ပင် ဖြစ်သည်။ ယခု ဆွေးနွေးပွဲတွင် အခြေအတင် ပြောကြခြင်းကို မြင်တွေ့ရခြင်းသည်ပင် ဒီမိုကရေစီ အရသာ ဖြစ်၏။ ကောင်စီဘက်က “၂ ပတ် အချိန်ရပါသေးတယ်၊ စာနဲ့လည်း ရေးပို့ကြပါ” ဟု သုံးလေးခါ ပြောမိသည်ကို “စာနဲ့ ရေးဖို့ပဲ ပြောနေတယ်၊ ဒါဆိုရင် အခု Workshop က အလားကားပေါ့” ဟု လူငယ်ပီပီ မာန်နှင့် ဌာန်နှင့် ပြောသွားသည်ကို မြင်ရသောအခါ ပြောခွင့်ရှိလာလေပြီ ဟု ၀မ်းသာရ၏။ ပြောသမျှကို တည်ငြိမ်အေးချမ်းစွာ ဖြေကြားနိုင်သော လူလတ်ပိုင်း ကောင်စီဝင်များကို မြင်ရခြင်းအတွက်လည်း ကြည်နူးရပါသည်။
ဥပဒေ ဆိုတာ ဘယ်တော့မှ ပြီးပြည့်စုံတယ် မရှိပါဘူး၊ ပြင်နေကြရဦးမှာပဲ ဟု ကောင်စီ ဥက္ကဋ္ဌက ပြောခဲ့၏။ မှန်ပါသည်။ ပြင်ခွင့်ရခြင်း၊ ပါဝင်ခွင့် ရခြင်းကိုပင် မိမိတို့ နိုင်ငံ၏ “ခြေလှမ်းအရွေ့” အဖြစ် ပီတိဖြစ်ကြရမည် မဟုတ်ပါလား။
တကယ်တမ်း ထွက်လာသည့် အခါ Down မှ တင်သော အချက်များ ပါမပါကိုလည်း စစ်ဆေးကြရပါဦးမည်။

(ရွှေကူမေနှင်းသည် ဝတ္ထုတို၊ ဝတ္ထုရှည်၊ ဆောင်းပါး၊ ဘာသာပြန် စသည့် စာပေလက်ရာမျိုးစုံကို ဂျာနယ်၊ မဂ္ဂဇင်းများတွင် ရေးသားနေသူ ဖြစ်ပြီး လုံးချင်း စာအုပ်များစွာကိုလည်း ရေးသား ထုတ်ဝေနေသည့် စာရေးဆရာမ တဦးဖြစ်သည်။)



NLABR
Web-site:    www.nlabr.com
Facebook:    Sa Maung
Facebook:    Miraculous Master For English LanguageMoe Heine shared Sa Maung's photo.
၂၀၁၂ တွင် စတင် ပေါ်ပေါက် လာသော မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) သည် သမ္မတက တိုက်ရိုက် ပေးအပ် ထားသော တာဝန်တရပ်ကို ပီပီပြင်ပြင်လုပ်ကိုင်နေပြီဟု မြင်ရ၏။ ၎င်းတာဝန်ကား Media law (ခေါ်) Press law ခေါ် ဥပဒေကြမ်း ကို ရေးဆွဲခြင်းဖြစ်၏။
မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ) ဖြစ်ပေါ်လာပုံသည် စိတ်ဝင်စားဖွယ် ဖြစ်သည်။

Eleven Group Trading Co.,Ltd ၏ ဒါရိုက်တာ ဒေါက်တာသိန်းမြင့်နှင့် တွေ့ဆုံခြင်း

Ye Yint Nge and 2 other friends shared Zaw Mintun Zawmintun's photo.

Eleven Group Trading Co.,Ltd ၏ ဒါရိုက်တာ ဒေါက်တာသိန်းမြင့်နှင့် တွေ့ဆုံခြင်း
...............................................................................................
ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ဥက္ကဋ္ဌအဖြစ် တာဝန်ယူသော လာဘ်ပေးလာဘ်ယူမှု အရေးယူဆောင်ရွက်ရေး ကော်မတီသို့ အကောက်ခွန်ဦးစီးဌာန အကြီးအကဲများ၏ အဂတိတရား လိုက်စားမှုများအား စုံစမ်းစစ်ဆေးပေးပါရန် တိုင်ကြားစာ ပေးပို့ခဲ့ခြင်းနှင့် ပတ်သက်၍ Eleven Group Trading ၏ ဒါရိုက်တာဒေါက်တာသိန်းမြင့်ကို တွေ့ဆုံမေးမြန်းခဲ့သည်များအား ပြန်လည်ဖော်ပြအပ်ပါသည်။
'သမ္မတကြီးကို ပြောပေးပါ။ လာဘ်ပေးလာဘ်ယူကိစ္စတွေကို အညင်သာဆုံး နည်းလမ်းတွေနဲ့ ပြုပြင်ပြောင်းလဲရေးအတွက် စတင်ကိုင်တွယ်လို့ရပါပြီလို့'
မေး - Eleven Group Trading က လာဘ်ပေးလာဘ်ယူ ကော်မတီကို   တိုင်ကြားစာ ပေးပို့တာနဲ့ ပတ်သက်ပြီး  ဘာကြောင့်ဆိုတာ သိချင်ပါတယ်။
ဖြေ - အကောက်ခွန်ဦးစီးဌာန ညွှန်ချုပ်၊ ညွှန်ကြားရေးမှူးတွေနဲ့ တာဝန်အရှိဆုံးသူတွေကို အဂတိလိုက်စားမှု လာဘ်ပေးလာဘ်ယူ ကိစ္စတွေအတွက် စိစစ်နိုင်ဖို့ တိုင်ကြားစာ ပေးပို့ခဲ့တာပါ။ ဘဏ္ဍာအခွန်ဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ အကောက်ခွန်ဦးစီးဌာနရဲ့ လုပ်ထုံးလုပ်နည်းတချို့နဲ့ လာဘ်ပေးလာဘ်ယူ ကိစ္စတွေက အများပြည်သူ ထိခိုက်နစ်နာသလို၊ တိုင်းပြည်အတွက် နစ်နာတာတွေလည်း ဆိုးရွားလာလို့ပါ။ အဓိက ကတော့ လုပ်ထုံးလုပ်နည်းတွေ၊ စနစ်တွေက လာဘ်ပေးလာဘ်ယူမှုကို ဖြစ်စေတဲ့အတွက် ဒီစနစ်ကို ပြုပြင် ပြောင်းလဲစေချင်ပါတယ်။ အဲဒီအတွက် လာဘ်ပေးလာဘ်ယူမှုကို အားပေးတဲ့စနစ်ကို ဖက်တွယ်ထားတဲ့ တာဝန်အရှိဆုံးသူတွေကို လိုအပ်သလို စိစစ်ဆောင်ရွက်နိုင်ဖို့ပါ။ ဒါကလည်း မလိုလားအပ်ဘဲ ၀န်ထမ်းတွေ အလုပ်ပြုတ်၊ ထောင်ကျ၊ ဘ၀ပျက်တဲ့ အခြေအနေမျိုးတွေ ဖြစ်စေချင်လို့ မဟုတ်ပါဘူး။ ဒါပေမယ့် နောက်နောင် ဒီလိုထပ်မဖြစ်အောင်တော့ ထိထိရောက်ရောက် ဟန့်တားဖို့ လိုပါတယ်။
အစိုးရအနေနဲ့ အဂတိတရား လိုက်စားမှုကို ပြုပြင်ချင်ရင် အစိုးရအဖွဲ့အတွင်းမှာ စပြင်ရမယ်။ ဌာနအနေနဲ့ဆိုရင် အကောက်ခွန်ဦးစီးဌာနက စံနမူနာ ပြုပြင်ရမယ့် ဌာနဖြစ်ပါတယ်။ ခေတ်အဆက်ဆက် မပြုပြင်နိုင်ခဲ့တဲ့ဌာနကို ပြုပြင်နိုင်ပြီဆိုရင် အစိုးရအနေနဲ့ ဒီစစ်ပွဲမှာ အောင်မြေနင်းမိပြီ ဆိုရမှာပါပဲ။ မြန်မာစကားမှာတောင် ရှိပါတယ်။ 'ခေါင်ပစ်ရင် အကုန်ထိတယ်တဲ့' ဒီဌာနကို စနစ်တကျ ကိုင်တွယ်နိုင်ပြီဆိုရင် ဒီမစ်ရှင်က အလုပ်စဖြစ်ပါပြီ...
မေး - ဘာကြောင့် အခုလိုတိုင်ကြားဖို့ ဖြစ်လာတာပါလဲ။
ဖြေ - Eleven Group Trading ဆိုတာ Eleven Media Group ရဲ့ ညီ နောင် ကုမ္ပဏီတစ်ခုပါ။ ကျွန်တော်တို့ ကုမ္ပဏီက အကောက်ခွန်ဦးစီးဌာနနဲ့ ထိတွေ့ဆက်ဆံတဲ့ အခါမှာ ကြုံတွေ့ခဲ့ရတာတွေအပေါ် အခြေခံပြီး အခုလို ဆုံးဖြတ်ခဲ့တာပါ။ ဒီလိုလုပ်ဆောင်ဖို့ ခိုင်လုံတဲ့ အထောက်အထားတွေလည်း ရှိပါတယ်။ တခြားသူတွေလည်း ဒီဌာနနဲ့ ပတ်သက်ပြီး အဆင်မပြေတာတွေ၊ ဖိစီးမှုရှိတာတွေ အများကြီး ကြားသိနေရပါတယ်။ ဒါပေမယ့် တကယ့် တကယ်တမ်းမှာ ဘယ်သူကမှ အလွယ်တကူ ပြောကြမှာမဟုတ်တဲ့အတွက် ကျွန်တော်တို့က ကိုယ် တိုင်တွေ့ကြုံရတဲ့ အထောက်အထားတွေအရ နစ်နာတဲ့ ပြည်သူတွေ ကိုယ်စားတိုင်ကြားခဲ့တာပါ။ အဓိကကတော့ စနစ်ကို ပြောင်းစေချင်ပါတယ်။ စနစ်ပြောင်းတဲ့အခါမှာလည်း ဒီစနစ်နဲ့ အံမ၀င်နိုင်မယ့်သူတွေ အထူးသဖြင့် တာဝန်အရှိဆုံး ပုဂ္ဂိုလ်တွေကို စီစစ်ပြီး အစားထိုး လဲလှယ်စေချင်ပါတယ်။ စနစ်နဲ့ လိုက်လျောညီထွေရှိမယ့် ထက်မြက်တဲ့သူတွေကို ဦးဆောင်သူနေရာတွေမှာ ခန့်ထားစေချင်ပါတယ်။ အရပ်သားတွေကို ရဲရဲဝံ့ဝံ့ နေရာပေး ခန့်ထားစေချင်ပါတယ်။
မေး - အကောက်ခွန်ဦးစီးဌာနက ဇန်န၀ါရီလ ၂၆ ရက်နေ့က လုပ်တဲ့ မီဒီယာ တွေ့ဆုံရှင်းလင်းပွဲမှာ သူတို့လုပ်ထုံး လုပ်နည်းတွေနဲ့ ပတ်သက်ပြီး ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။ သူတို့ရှင်းလင်းမှုတွေပေါ်မှာရော သုံးသပ်ပေးပါဦး။
ဖြေ - အဲဒီရှင်းလင်းပွဲမှာ ကားအပါအ၀င် ကုန်ပစ္စည်းတွေကို ဒဏ်ရိုက်လို့ရတဲ့ ငွေတွေကို ဆုကြေးအဖြစ် အဆင့်ဆင့် ခွဲယူတယ်လို့ ပြောပါတယ်။ သူတို့ ရှင်းလင်းမှုတွေအရ အဂတိလိုက်စားဖို့ တည်ဆဲဥပဒေတွေအပေါ်က လက်တစ်လုံးခြား လုပ်လို့ရနိုင်တဲ့ အနေ အထားမျိုးတွေ ရှိနေတယ်ဆိုတာ တွေ့ရပါတယ်။ ဒီဌာနဟာ လာဘ်ပေး၊ လာဘ်ယူ အများဆုံး နံပါတ်တစ်ဌာနလို့ ပြည်သူတွေက ယူဆနေပါတယ်။ လာဘ်ပေးလာဘ်ယူမှာ ငွေကြေးပမာဏ တစ်ခုတည်းကို ပြောတာမဟုတ်ပါဘူး။ တကယ်တော့ အကောက်ခွန် ဦးစီးဌာနဆိုတာ နိုင်ငံတကာဆက်ဆံမှုအတွက် အရေးကြီးတဲ့ တံခါးပေါက်တစ်ခုပါပဲ။ သူတို့တွေရဲ့ လုပ်ရပ်တွေ လုပ်ပုံလုပ်နည်းတွေက တိုင်းပြည်ရဲ့ သိက္ခာကို အများကြီး ကျဆင်းစေတယ်ဆိုတာ သတိပြုစေချင်ပါတယ်။ ထုတ် ပြန်ထားပြီးသား နည်းဥပဒေတွေကလည်း ယေဘုယျ မှန်တယ်လို့ ထင်ရပေမယ့် ထိုင်းက တင်သွင်းတဲ့ Custom Value နဲ့ ဒီကကောက်ခံတဲ့ Custom Value ကို နှိုင်းယှဉ်ကြည့်လိုက်ပါ။ ဘယ်သူမှားသလဲ သိသာပါတယ်။
မေး - ဆရာစောစောက ပြောသွားတဲ့ အထဲမှာ စနစ်ပြုပြင်စေချင်လို့ တိုင်ကြားတယ်လို့ ပြောသလို မလိုလားအပ်ဘဲ ၀န်ထမ်းတွေ အလုပ်ပြုတ်၊ ထောင်ကျ၊ ဘ၀ပျက်ရတာတွေ မဖြစ်စေချင်ဘူးလို့ ပြောသွားပါတယ်။ ဘာကြောင့်ပါလဲ။
ဖြေ - အရင်ကလည်း အကောက် ခွန်ဌာန ၀န်ထမ်းတွေကို  အများကြီး အရေးယူခဲ့တာ၊ ထောင်ချပြစ်ဒဏ်ပေးခဲ့တာတွေ ရှိခဲ့ဖူးပါတယ်။ ဒါမျိုးတွေကိုတော့ ဒီလိုကာလမျိုးမှာ မဖြစ်စေချင်တော့ပါဘူး။ ဒီကာလက ဆေးခါးကြီးတိုက်ရမယ့် အချိန်မဟုတ်ပါဘူး။ သမ္မတကြီးကို ပြောပေးပါ။ လာဘ်ပေးလာဘ်ယူကိစ္စတွေကို အညင်သာဆုံး နည်းလမ်းတွေနဲ့ ပြုပြင်ပြောင်းလဲရေးအတွက် စတင်ကိုင်တွယ်လို့ ရပါပြီလို့။ ကျွန်တော်တို့က ဒီဌာနကို စံနမူနာပြ ဖြစ်စေချင်တယ် ဆိုတာ ထောင်ချအလုပ်ဖြုတ်ဆိုတာတွေထက် လွဲချော်နေတဲ့ စနစ်ကို ပြုပြင်စေချင်တာပါ။ စနစ်နဲ့ လိုက်လျောညီထွေရှိမယ့်သူတွေကို ခန့်ထားစေချင်တာပါ။

မေး - အစိုးရ၀န်ထမ်းတွေနဲ့ လာဘ်ပေးလာဘ်ယူဆိုတာ ဘယ်လိုဒွန်တွဲနေတယ်လို့ ထင်ပါသလဲ။
ဖြေ - ၀န်ထမ်းတွေနဲ့ ပတ်သက်လို့ ကျွန်တော်တို့ စဉ်းစားရမှာတွေ အများကြီးရှိပါတယ်။ အခုရနေတဲ့ တရားဝင်လစာနဲ့ ခေတ်စနစ်အခြေအနေအရ လာဘ်ပေး၊ လာဘ်ယူမရှိဘဲ ရပ်တည်လို့မရတဲ့ အနေအထားမျိုးဖြစ်နေတယ်။ ဒါကိုတော့ အစိုးရအနေနဲ့ လစာကိစ္စကို ပြန်လည်စဉ်းစား ဖြေရှင်းပေးသင့်ပါတယ်။ အလတ်တန်း အရာရှိတစ်ယောက်ဟာ စားစရိတ်၊ နေထိုင်စရိတ်၊ သွားလာစရိတ်၊ မိသားစုစရိတ်၊ ကျောင်းသားရှိရင် ကျောင်းသားစရိတ်တွေ ပေါင်းလိုက်ရင် ဒီခေတ်ကုန်ဈေးနှုန်းနဲ့ တစ်လ ၁၀ သိန်းလောက်မှ လောက်မယ့် သဘောပါ။ လာဘ်ပေးလာဘ်ယူမှုနဲ့ ပတ်သက်ပြီး ၀န်ထမ်းတွေရဲ့နောက်မှာ ညွှန်ကြားရေးမှူးနဲ့ ညွှန်ချုပ်တွေ ရှိနေသလို အဲဒီညွှန်ကြားရေးမှူးနဲ့ ညွှန်ချုပ်တွေရဲ့နောက်မှာ စူပါဝန်ကြီးတွေ ရှိနေပါတယ်။ စူပါဝန်ကြီးဆိုတာ သမ္မတရုံးဝန်ကြီးတွေကို ပြော တာပါ။ သူတို့တွေကတစ်ဆင့် သမ္မတကြီးကိုပါ အထင်အမြင်လွဲစရာတွေ ဖြစ်လာနိုင်ပါတယ်။ ဒီကိစ္စတွေကို သမ္မတကြီး အကုန်မသိနိုင်ပေမယ့် သမ္မတကြီးကိုယ်တိုင်ပဲ ကိုင်တွယ်ဖြေရှင်းမှရမှာပါ။ ဘဏ္ဍာအခွန်ဝန်ကြီးဌာနကိစ္စက အရင်ဝန်ကြီးပါတာ ၀န်ခံရမယ့် အခြေအနေပါ။ လိုအပ်ရင် လွှတ်တော်ကလည်း ၀င်ရောက် စုံစမ်းသင့်ပါတယ်။

မေး - လာဘ်ပေးလာဘ်ယူပပျောက်ဖို့ ဘာတွေ လုပ်ဆောင်သင့်တယ်လို့ ထင်ပါသလဲဆရာ။
ဖြေ - လာဘ်ပေးလာဘ်ယူမှုတွေ ပပျောက်ဖို့အတွက် အကောင်းဆုံးကတော့ လာဘ်ပေးလာဘ်ယူမှု အများဆုံးဖြစ်နေတဲ့ ဌာနတွေရဲ့ ပိတ်ထားတဲ့ တံခါးတွေကို မီဒီယာတွေကို လွတ်လွတ်လပ်လပ် ဖွင့်ပေးလိုက်ပါ။ ဆိပ်ကမ်းတွေ၊ နယ်စပ် ၀င်ထွက်ပေါက်ဂိတ်တွေ၊ ပြည်သူတွေနဲ့ တိုက်ရိုက် ထိတွေ့ဆောင်ရွက်နေတာတွေကို မီဒီယာတွေကို လွတ်လွတ်လပ်လပ် ၀င်ထွက်သွားလာ သတင်းယူခွင့်သာ ပေးလိုက်ပါ။ တကယ်အထောက် အကူဖြစ်ပါတယ်။
မေး - မီဒီယာတွေ လာဘ်စားရင် ဘယ်လိုဖြစ်နိုင်မလဲလို့ သုံးသပ်မှုတွေအပေါ် ဆရာ့ အမြင်ပြောပြပေးပါ။ လာဘ်ပေးလာဘ်ယူမှု အမှန်တကယ်ပပျောက်ဖို့ ဘာတွေလိုအပ်မယ်လို့ ထင်ပါသလဲ။
ဖြေ - မီဒီယာတွေ လာဘ်မစားနိုင်ဘူးလားလို့ မေးလာရင် အဖြေရှိပါတယ်။ မြန်မာနိုင်ငံမှာ မီဒီယာတွေ အားလုံး မဟုတ်တဲ့နေရာတွေမှာ  ဘယ်တော့မှ တစ်သံတည်းမထွက်ပါဘူး။ မမှန်မကန်လုပ်ရင် ရေးကြပြောကြ ဖော်ထုတ်ကြမှာပါ။ မီဒီယာတွေ ညီညွတ်စရာမလိုပါဘူး။ မီဒီယာတွေ မညီညွတ်တာ တစ်သံတည်းမထွက်တာ ကောင်းတဲ့အရာပါ။ မီဒီယာ အချင်းချင်းဆိုပြီး ထိန်းထားမှာ မဟုတ်ပါဘူး။ ဌာနဆိုင်ရာတွေသာ တစ်ခုနဲ့တစ်ခု ဆက်စပ်နေလို့ ဖုံးကွယ်ထားတာတွေ ရှိနိုင်တာပါ။ ဒီတော့ မီဒီယာတွေကို လွတ်လွတ်လပ်လပ် တံခါးဖွင့်ပေးလိုက်ပါ။ မီဒီယာတွေ စောင့်ကြည့်တာတင်မကပါဘူး။ ပညာရှင်တွေ၊ တကယ်ထိတွေ့နေရတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ အကြံဉာဏ်တွေ ရယူသင့်ပါတယ်။ လူထုလူတန်းစား အလွှာအသီးသီးနဲ့ RUMFCCI လို စီးပွားရေးအဖွဲ့အစည်း အသီးသီးကလည်း ကူညီသင့်ပါတယ်။ သူတို့က ဘယ်လိုထိန်းမယ်ဆိုတာကို ပိုသိပါတယ်။
မေး - လာဘ်ပေးလာဘ်ယူကိစ္စနဲ့ ဒီဌာနကို အရေးယူလိုက်ရင် ဘယ်လို ရလဒ်ကောင်းတွေ ထွက်လာနိုင်မယ်လို့ ထင်ပါသလဲ။
ဖြေ - တကယ်တော့ အကောက်ခွန်ဦးစီးဌာနဟာ အများပြည်သူတွေ အကြားမှာ ခေတ်အဆက်ဆက် လာဘ် ပေးလာဘ်ယူမှု အများဆုံးဌာနဆိုတာ လူတိုင်းသိပါတယ်။ အခုဆက်သွယ်ရေးဌာနမှာ မသမာမှုဖြစ်လို့ အရေးယူရတယ်။ ဆက်သွယ်ရေး ၀န်ထမ်းအားလုံးတော့ ချောင်လည်ချမ်းသာ နေတာမျိုးမဟုတ်ဘူး။ ဒါပေမယ့် အကောက်ခွန်မှာတော့ ဒီလိုမဟုတ်ဘူး။ အားလုံးက လစာနဲ့ ပိုင်ဆိုင်မှု အချိုးအစားက ကွာလွန်းနေတယ်။ ဒါဟာ ခေတ်အဆက်ဆက်က မှားယွင်းခဲ့တဲ့ လုပ်ထုံးလုပ်နည်းကြောင့် အဂတိတရား လိုက်စားမှု အများဆုံးဌာန ဖြစ်နေရတယ်။ သူတို့က အသိုင်းအ၀ိုင်းကြီးတယ်။ အုပ်စုကြီးတယ်။ သူတို့ရဲ့ ဖွဲ့စည်းညီညွတ်မှုကို ဥပဒေကအကာ အကွယ်ပေးထားတယ်။ အစိုးရအနေနဲ့ အဂတိတရား လိုက်စားမှုကို ပြုပြင်ချင်ရင် အစိုးရအဖွဲ့အတွင်းမှာ စပြင်ရမယ်။ ဌာနအနေနဲ့ဆိုရင် အကောက်ခွန်ဦးစီးဌာနက စံနမူနာ ပြုပြင်ရမယ့် ဌာနဖြစ်ပါတယ်။ ခေတ်အဆက်ဆက် မပြုပြင်နိုင်ခဲ့တဲ့ဌာနကို ပြုပြင်နိုင်ပြီဆိုရင် အစိုးရအနေနဲ့ ဒီစစ်ပွဲမှာ အောင်မြေနင်းမိပြီ ဆိုရမှာပါပဲ။ မြန်မာစကားမှာတောင် ရှိပါတယ်။ 'ခေါင်ပစ်ရင် အကုန်ထိတယ်တဲ့' ဒီဌာနကို စနစ်တကျ ကိုင်တွယ်နိုင်ပြီဆိုရင် ဒီမစ်ရှင်က အလုပ်စဖြစ်ပါပြီ။
 
ခေတ်စနစ်နဲ့ မလျော်ညီတော့သည့် လက်ရှိအခြေခံလစာ နှုန်းထားများ
နိုင်ငံတော်သမ္မတ ကျပ် ၁၂၀၀၀၀၀
ဒုတိယသမ္မတ ကျပ် ၁၀၀၀၀၀၀
ပြည်ထောင်စုဝန်ကြီး ကျပ် ၆၀၀၀၀၀
ဒုတိယ၀န်ကြီး ကျပ် ၄၅၀၀၀၀
ညွှန်ကြားရေးမှူးချုပ် ကျပ် ၂၁၀၀၀၀
ဒုတိယညွှန်ကြားရေးမှူးချုပ် ကျပ် ၁၈၀၀၀၀
ညွှန်ကြားရေးမှူး ကျပ် ၁၆၀၀၀၀
ဒုတိယညွှန်ကြားရေးမှူး ကျပ် ၁၄၀၀၀၀
လက်ထောက်ညွှန်ကြားရေးမှူး ကျပ် ၁၂၀၀၀၀
အနိမ့်ဆုံးဝန်ထမ်းလစာ ကျပ် ၃၅၀၀၀
မှတ်ချက်။  ။ ညွှန်ကြားရေးမှူးချုပ်နှင့် အောက်အဆင့်ရှိ ၀န်ထမ်းများသည် လစာအပြင် စရိတ်ချီးမြှင့်ငွေ ကျပ် ၃၀၀၀၀ သတ်မှတ်ပေးထားသည်။
EMG

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ဥက္ကဋ္ဌအဖြစ် တာဝန်ယူသော လာဘ်ပေးလာဘ်ယူမှု အရေး ယူဆောင်ရွက်ရေး ကော်မတီသို့ အကောက်ခွန်ဦးစီးဌာန အကြီးအကဲများ၏ အဂတိတရား လိုက်စားမှုများ အား စုံစမ်းစစ်ဆေးပေးပါရန် တိုင်ကြားစာ ပေးပို့ခဲ့ခြင်းနှင့် ပတ်သက်၍ Eleven Group Trading ၏ ဒါရိုက် တာဒေါက်တာသိန်းမြင့်ကို တွေ့ဆုံမေးမြန်းခဲ့သည်များအား ပြန်လည်ဖော်ပြအပ်ပါသည်။

31.01.2013 နေ့ဖတ်ရန်သတင်းများ

by Myanmar Journal on Wednesday, January 30, 2013 at 4:36pm 

ပြည်ထောင်စု ဝန်ကြီးများ ဦးဆောင်ကာ မကြောက်တရား လိုက်လံ ဟောပြောမည်
စောဇင်ညီ | တနင်္လာနေ့၊ ဇန်နဝါရီလ ၂၈ ရက် ၂၀၁၃ ခုနှစ် ၂၂ နာရီ ၄၂ မိနစ်

ရန်ကုန် (မဇ္ဈိမ)။   ။ စစ်မက်ဖြစ်ပွားခဲ့သည့် ကရင်ပြည်နယ် ဒေသများတွင် ပြည်ထောင်စု အစိုးရအဖွဲ့မှ ဝန်ကြီးများ ဦးဆောင်ကာ မကြောက်တရားများ လိုက်လံ ဟောပြောသွားမည်ဟု မြန်မာ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး စင်တာ(MPC) တွင် ပြုလုပ်ခဲ့သော အရပ်ဘက် လူမှုအဖွဲ့အစည်း များနှင့် တွေ့ဆုံပွဲတွင် ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိန်းကပြောကြားသည်။

တောင်ကြီးမြို့တရားရုံးမှ ထူးဆန်းသောအမှုကြီး

ဇန်န၀ါရီ ၃၀ ၊ ၂၀၁၃

တစ်နေ့ တောင်ကြီးမြို့တရားရုံးကို ကျွန်တော် (စာရေးသူ) ကိစ္စတစ်ခုနဲ့ ရောက်သွားတုံး ကြားသိရတဲ့ အမှုအကြောင်းပါ။ ဒီအမှုအကြောင်းကို အများသိအောင်ရေးပြချင်တဲ့ အချက်တွေအများကြီး ရှိနေလို့ပါ။
အမှုအကြောင်းချင်းရာနဲ့ တရားသူကြီးရဲ့ ဆုံးဖြတ်ချက်အမိန့်ကိုကြည့်ရင် ဒီအမှုမှာ ဝေဖန်သုံးသပ်စရာတွေ
တသီတတန်းကြီး ပေါ်လာပါတယ်။

အဲဒါတွေကတော့ ...
1.    အဂတိလိုက်စားခြင်း၊ လာဘ်ပေးလာဘ်ယူခြင်းကိစ္စ မကင်းကြောင်း သံသယဖြစ်စရာများရှိနေခြင်း။
2.    ဥပဒေအထက်မှာ အာဏာရှိသူတစ်ဦး၏ လွှမ်းမိုးမှုရှိနေခြင်း။

Wednesday, January 30, 2013

သစ်ထူးလွင် သတင်းစုစည်းမှု (၃၀-၁)

သစ်ထူးလွင်



အီလက်ထရွန်းနစ် ဥပဒေမှ နိုင်ငံတော်လုံခြုံရေး ပြစ်မှုပြစ်ဒဏ်များ ပယ်ဖျက်မည်............


စစ်အစိုးရက ဒီမိုကရေစီ အရေးလှုပ်ရှားသူများကို အရေးယူရာတွင် အဓိက အသုံးပြုခဲ့သည့် အီလက်ထရွန်းနစ် ဥပဒေမှ ပြစ်မှုနှင့် ပြစ်ဒဏ်များကို ပြင်ဆင် ပယ်ဖျက်ပေးသွားမည်ဖြစ်ကြောင်း ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာ ၀န်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဦးသောင်းတင်က ပြောသည်။

30.01.2013 နေ့ဖတ်ရန်သတင်းများ

by Myanmar Journal on Tuesday, January 29, 2013 at 5:33pm ·
 
အမိန့် အမှတ် ၂/၈၈ ကို ပယ်ဖျက်
မြန်မာ နိုင်ငံမှာ နိုင်ငံရေး တက်ကြွ လှုပ်ရှား သူတွေကို အရေးယူ ရာမှာ အသုံး ပြုခဲ့တဲ့ အရင် စစ်အစိုးရ လက်ထက်က အမိန့် အမှတ် ၂ / ၈၈ ကို အခု အစိုးရက ပယ်ဖျက်လိုက် သလို၊ အီလက်ထရောနစ် ဥပဒေကိုလည်း ပြင်ဆင် ရေးဆွဲဖို့ သဘောတူ လိုက်ပါတယ်။

Tuesday, January 29, 2013

သစ်ထူးလွင် သတင်းစုစည်းမှု (၂၉-၁)

သစ်ထူးလွင်



၄၇-၇၄ ခုနှစ်များ နှင့် မြန်မာနိုင်ငံ ထူးခြားဖြစ်ရပ်ဆန်းများ

၄၇-၇၄ ခုနှစ်များ နှင့် မြန်မာနိုင်ငံ ထူးခြားဖြစ်ရပ်ဆန်းများ

January 29, 2013  Home, ဆောင်းပါး 

စာရေးသူသည် ““၁၁ ဂဏန်း မြန်မာပြည်””ဆောင်းပါးကို Hot News ဂျာနယ် 26 April 2012  ခုနှစ်နေ့က၊ ရေးသားဖော်ပြခဲ့ပါသည်။ ထိုစဉ်က စာရေးသူ၏ ဆောင်းပါးတွင် စာရေးသူ အဓိကတင်ပြထားသော၊ အကြောင်း အရာများနှင့် ဆောင်းပါး၏ အဓိက အချက်များကို လျှောက်လွှာ(၂)မျက်နှာ ခန့် ထုတ်နုတ်ဖြတ်တောက်ထားသော အခါ စာရေးသူတင်ပြလိုသော အဓိက အကြောင်းအရာများ ပျောက်ကွယ်သွား သဖြင့် ကိုယ့်ဆောင်းပါးကိုဖတ်ပြီး အားမလိုအားမရ စိတ်မသက်မသာ ဖြစ် ခဲ့ရသည်မှာအမှန်ပါ။
ထိုစဉ်က Hot News  ဂျာနယ်မှ ကြိုတင်အသိပေးသဖြင့် သိရသည်မှာ စာရေးသူ၏ ဆောင်းပါးကို ဂျာနယ်တွင် ထည့်လိုက်ကြောင်းနှင့် စာပေစိစစ်ရေးမှ ဖြတ်တောက်ထားသောအပိုင်းများ ချန် လှပ်ပြီး ထည့်လိုက်ရကြောင်း သိရသော အခါ စာရေးသူ၏ ရင်ထဲမှာ ဘ၀င်မကျ စတင်ဖြစ်ခဲ့ရပါသည်။ စာရေးသူ၏ ဆောင်းပါး Hot News  ဂျာနယ် မထည့် မီက ၊ စာရေးသူနှင့် ညီအစ်ကိုရင်းပမာ ချစ်ခင်ရင်းနှီးသော စာရေးဆရာကြီး ဦး ဟန်ထွန်းက စာရေးသူ၏ဆောင်းပါးကို ဖတ်ပြီး၊ ““မင်းဆောင်းပါးကို စာပေစိစစ် ရေးက အများကြီးဖြတ်တောက်ပစ်လိမ့် မယ်””ဟု သတိပေးဖူးပါသည်။ မှန်ပါ သည်။ စာရေးသူ၏ဆောင်းပါးပါလာ သောအခါ၊ တိုင်းပြည်အတွက် အဓိက ကျသော တုန်လှုပ်ခြောက်ခြားဖွယ်ရာ များကို ဖယ်ထုတ်ဖြတ်တောက်လိုက် သောအခါ၊ စာရေးသူ၏ ဆောင်းပါး သည် အလွန်တစ်ရာ ချောမွေ့ပြီး၊ ရွှေနား တော်သွင်း ဧချင်းတစ်ခုလို၊ မင်းကြီး ကြိုက်ဆောင်းပါးမျိုးဖြစ်သွားတော့သည်။  အမှန်အတိုင်းပြောရလျှင် စာရေးသူ တတ်သိသော ဂြိုဟ်နက်္ခတ်အတတ် ပညာ၊ ကိန်းဂဏန်းတို့၏ အတတ် ပညာဖြင့်၊ မြန်မာနိုင်ငံ၏ဇာတာ၊ မြန်မာ နိုင်ငံ၏ ကံကြမ္မာများကို၊ အရှိကိုအရှိ အတိုင်း၊ အသိကိုအသိအတိုင်း စာပေ စိစစ်ရေးလက်ထက်မှာ တင်ပြခွင့်မရ လိုက်သောအခါ စာရေးသူအနေဖြင့် ၀မ်းနည်းမဆုံးဖြစ်ခဲ့ရပါသည်။
Hot News  ဂျာနယ်တွင် စာရေးသူ တင်ပြခဲ့သော““၁၁ ဂဏန်းနှင့် မြန်မာ ပြည်””ဆောင်းပါးသည် သာမန်တင်ပြ ထားသည့် ဆောင်းပါးမျိုးမဟုတ်ပါ။ ကိန်း ဂဏန်းတို့၏ အတတ်ပညာအရ၊ (၁၁) ဂဏန်းသည်လည်းကောင်း၊ (၁၁)ဂဏန်း ရောက်သောနှစ်များသည်လည်းကောင်း၊ မြန်မာနိုင်ငံအပေါ်၊ သီပေါမင်းလက်ထက် တော်အခါမှစ၍ မျက်မှောက်ခေတ်ကာ လတိုင်၊ သမိုင်းဝင်ဖြစ်ရပ်ဆိုးများ ကြုံ တွေ့ခဲ့ရပုံကို၊ (၁၁)ဂဏန်းသည် မြန်မာ နိုင်ငံအတွက် ဘေးထွက်ဆိုးကျိုးအများ ဆုံးပေးသော၊ အဆိုးဝါးဆုံးကိန်းဂဏန်း ဖြစ်ကြောင်း စာတမ်းတစ်ခုသဖွယ် တင်ပြ ထားပါသည်။
မြန်မာနိုင်ငံ၏ စိုးမိုးဂဏန်း(၁၁) ရောက်သည့်နှစ်များထဲတွင် ၄၇-၇၄ ခုနှစ်ကြောင့်ဖြစ်သော (၁၁)ဂဏန်းသည် အကြီးမားဆုံးသော ကံကြမ္မာဆိုးများ သယ်ဆောင်လေ့ရှိသည်။ ဥပမာ- သီပေါမင်းပါတော်မူခဲ့သောနှစ် (၁၂၄၇) ခုနှစ်-၄၇ ခုနှစ်။ ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးခဲ့သောနှစ် (၁၉၄၇)ခုနှစ်-၄၇ ခုနှစ် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး ချုပ် ဦးသန့်ကွယ်လွန်ခဲ့သောနှစ် ၁၉၇၄-၇၄ ခုနှစ် စသည့် ၄၇-၇၄ ခုနှစ်များသည် အံ့သြတုန်လှုပ်ဖွယ်ရာ သမိုင်းဝင်ဖြစ်ရပ် ဆိုးကြီးများ ကြုံတွေ့ခဲ့ရသည်မဟုတ်ပါ လော။ ယခုနှစ် မြန်မာနိုင်ငံရောက်ရှိနေ သော (၁၃၇၄)ခုနှစ်သည်၊ (၇၄) ကိန်း ဂဏန်းကာလအတွင်း ရောက်ရှိနေဆဲ အချိန်ဖြစ်ပါသည်။ မြန်မာနိုင်ငံသည် (၇၄)ကိန်းဂဏန်းအတွင်းသို့ ၂၀၁၂ ခုနှစ် ဧပြီလ (၁၇)ရက်မှအစပြု၍၊ အဆုံးသတ် ကာလသည်၊ ၂၀၁၃ ခုနှစ်ဧပြီလ (၁၇)ရက်ထိ ဖြစ်သည်။ စာရေးသူသည် ၄၇-၇၄ ခုနှစ် များ၏ အလွန်ဆိုးဝါးသော ကံကြမ္မာဆိုး များကို၊ တိတိပပသိရှိထားသဖြင့် (၇၄) ဂဏန်းရောက်ရှိနေသော မြန်မာနိုင်ငံ အပေါ် မထင်မှတ်သော ကံကြမ္မာဆိုး ကြီးများ ထိပ်တိုက်ရင်ဆိုင်ကြုံတွေ့နိုင် ကြောင်း ၂၆ ဧပြီလ Hot News  ဂျာနယ် တွင် ရေးသားဖော်ပြခဲ့ပြီးဖြစ်ပါသည်။
မြန်မာနိုင်ငံသည် (၇၄)ကိန်းဂဏန်း သို့ ကျရောက်လာသောအခါ၊ (၁၁) ဆို သော ကိန်းဂဏန်း၏ ဆိုးကျိုးများ ကြုံ ကြိုက်နေသောကြောင့်လည်းကောင်း၊ ထိုအချိန်ကာလရှိ မကောင်းသောဂြိုဟ် စီးဂြိုဟ်နင်းများနှင့် တိုက်ဆိုင်နေသော ကြောင့်လည်းကောင်း၊ မေလ၊ ဇွန်လ၊ ဇူလိုင်လများမှစ၍ လူထုဆန္ဒပြပွဲများ၊ အလွန်ပြင်းထန်သော အရေးအခင်းများ၊ တိုက်ပွဲကြီးများ၊ ရေကြီးခြင်း၊ ရေဘေး ဒုက္ခများ၊ ငလျင်ဘေးများ၊ သံဃာတော် ဆန္ဒပြပွဲနှင့် သံဃာတော်အရေးအခင်း များ စသည် စသည်မကောင်းသော ကံကြမ္မာဆိုးများနှင့် အနိဋ္ဌာရုံများဆင့်ကဲ ဆင့်ကဲ ကြုံတွေ့နိုင်မည်ဖြစ်ကြောင်း ရေး သားတင်ပြခဲ့သော်လည်း၊ စာပေစိစစ်ရေး က ဖြတ်တောက်ခဲ့သဖြင့် အမှန်တကယ် စာရေးသူတင်ပြထားသည့်အတိုင်း တကယ့်ဆိုးကျိုးကြီးများ ကြုံလာသော အခါ၊ စာရေးသူရေးသားခဲ့သော အကြောင်းအရာတို့သည်၊ အဆက်အစပ် ပြတ်တောက်သလို ဖြစ်သွားပါသည်။ မည်သို့သောအကြောင်းတရားမဆို၊ အဆက်အစပ်ပြတ်တောက်မှုရှိနေလျှင် သော်လည်းကောင်း၊ အကြောင်းအကျိုး ခိုင်မာမှုမရှိလျှင်သော်လည်းကောင်း၊ မိမိ တင်ပြသော အကြောင်းအရာတို့သည် ခြေခြေမြစ်မြစ် နှစ်နှစ်ကာကာ ရှိနိုင်မည် မဟုတ်ပါ။
စာရေးသူတင်ပြလိုသည်မှာ (၁၁) ကိန်းဂဏန်းသည် မြန်မာနိုင်ငံပေါ် မည် မျှဘေးထွက်ဆိုးကျိုးပေးပုံကို (၇၄) ခုနှစ်၊ မြန်မာနိုင်ငံ၏ ဖြစ်ရပ်များကို လေ့လာ ကြည့်ပါက သိရှိနိုင်ပါသည်။၁၃၇၄ ခုနှစ် သည် ၀င်ဝင်ခြင်း ဆောက်နှင့်ထွင်းဆို သကဲ့သို့ (၇၄)ကိန်းဂဏန်းအတွင်းသို့ ရောက်ရှိလာသောအခါ ထူးခြားဖြစ်ရပ် ဆန်းများ စတင်တွေ့ရှိရပါသည်။
၂၀၁၂ ခုနှစ်မေလတွင် ဒုတိယသမ္မ တ သီဟသူရတင်အောင်မြင့်ဦး ကျန်းမာ ရေးကြောင့် တာဝန်မှ အနားယူတော့ မည့်သတင်းထွက်လာပြီးနောက် မကြာ မီမှာပင်အမှန်တကယ်အနားယူသွား ခြင်း။
၎င်းမေလမှာပင် ကားဈေးကွက် ရုတ်တရက် ပျက်စီးသွားပြီး ကားလက် ၀ယ်ရှိသူတိုင်း အရှုံးပေါ်ကာ၊ အချို့ သိန်းရာထောင်ချီပြီး အရှုံးပေါ်ခြင်း။
လျှပ်စစ်မီးတာဝါတိုင်များ ဖောက်ခွဲ ခံရပြီး၊ လျှပ်စစ်မီးများ ပြတ်တောက်သွား ခြင်း၊ လျှပ်စစ်မီးများ ပြတ်တောက်သွား ခြင်းအပေါ် အကြောင်းပြု၍ မြို့ကြီး တော်တော်များများတွင် ဖယောင်းတိုင် မီးများကိုင်ပြီး၊ စီတန်းလှည့်လည် ဆန္ဒပြ ပွဲများဖြစ်ပေါ်ခဲ့ပါသည်။ မကြာသေးမီက မြစ်ဆုံစီမံကိန်းသည်လည်း မြစ်မင်းဧရာ ၏ အလှတွေပျက်သုဉ်းသွားနိုင်သဖြင့် ပြည်သူအားလုံး တစ်ခဲနက် ကန့်ကွက်ခဲ့ ကြပြီး၊ မြစ်ဆုံစီမံကိန်းဆက်လက်လုပ် ကိုင်ပါက၊ အလွန်ကြီးမားသော ဆန္ဒပြ ပွဲတွေ တာဆူနေချေပြီ။ ပြည်သူတို့ တင် မြှောက်ထားသော သမ္မတကြီး ဦးသိန်း စိန်သည် ပြည်သူတို့ဆန္ဒအတိုင်း မြစ်ဆုံ စီမံကိန်းကို ရုတ်ချည်း ရပ်တန့်ပေးခဲ့သည်။ ကျိုးသွားသော တာဝါတိုင်များကိုလည်း ပြန်လည်ပြင်ဆင်စေပြီး လျှပ်စစ်မီးများ လင်းလက်စေခြင်းဖြင့် ပြည်သူတို့လက်ထဲ က ဖယောင်းတိုင်မီးတွေ ငြိမ်းသွားစေခဲ့ ပြန်သည်။
သမ္မတကြီး ဦးသိန်းစိန်သည် အလျှိုလျှိုပေါ်ပေါက်လာသော ပြဿနာ ကြီးငယ်အသွယ်သွယ်ကို ဖြေလျှော့ပေး နေရုံမျှမက၊ ပင်စင်လစာထောင်ဂဏန်းမျှ မပြည့်ဘဲ၊ ရာဂဏန်းသာရရှိသော ပင်စင်  စားကြီးများ၏ အနိမ့်ဆုံးလစာကို နှစ် သောင်း၊ သုံးသောင်းထိ တိုးမြှင့်ပေးသော အခါ စားဝတ်နေရေး မွန်းကျပ်နေသော အိုမင်းမစွမ်း ပင်စင်စားကြီးများ၏ ဘ၀ သည် သက်တောင့်သက်သာဖြင့် ချောင် ချောင်လည်လည် ရပ်တည်ရာဘ၀ ရောက်ခဲ့ကြပါသည်။ ထိုကြောင့် သမ္မတ ကြီးဦးသိန်းစိန်သည် ဆင်းရဲတွင်းနက် လွန်းလှသော အိုမင်းမစွမ်းဖြစ်နေသော အားကိုးမှီတွယ်စရာမရှိသော ပင်စင်စား ကြီးများကို ပင်စင်လစာထိုက်ထိုက်တန် တန် တိုးပေးလိုက်သဖြင့် သမ္မတကြီး၏ ပြည်သူအပေါ်ထားအပ်သော စေတနာ သည် ထင်သာမြင်သာရှိသည်ဟု ဆိုနိုင် ပေသည်။
အနှစ်နှစ်၊ အလလ ကားစုတ်ပိုင် ရှင်များသည် ရောင်း၍မရ၊ မောင်း၍မရ သဖြင့် မြေပြင်ကို ထာဝရမေးတင်ထား သော ကားအိုကားဟောင်းများကို ကားအသစ်နှင့် လဲလှယ်ခွင့်ပြုမည်ဆို သောအခါ ထိုကားစုတ်ကားဟောင်းများ ကို သိန်းတစ်ရာ့သုံးဆယ်ထိ အလု အယက်ပေးဝယ်လာကြသဖြင့် ကားစုတ် ပိုင်ရှင်တို့သည် ရင်ကိုကော့ ခေါင်းကိုမော့ နိုင်သောအဖြစ်သို့ ရောက်ခဲ့ကြသည်။ သမ္မတကြီး၏ပြည်သူအပေါ်ထားအပ်သော အဖြူရောင်နှလုံးသားကို ခင်းကျင်းပြသ နိုင်ခဲ့သည်။ သမ္မတကြီး ဦးသိန်းစိန်သည် ၇၄ ခုနှစ် (၇၄)ကိန်းဂဏန်း၏ အနိဋ္ဌာရုံ အဖုံဖုံနှင့် ပြဿနာအလီလီတို့ကို ကြုံ လာသမျှ ဖြေရှင်းပေးနိုင်ရုံမျှမက ပြည်သူ တို့ လိုအင်ဆန္ဒတို့ကို ထောင့်မျိုးစုံမှ ကြိုး စားပြီး ဖြည့်စွမ်းပေးသဖြင့် သမ္မတကြီး ဦးသိန်းစိန်ကို ပြည်သူတို့က အဖြူရောင် နှလုံးသားပိုင်ရှင်အဖြစ် ချစ်ခင်လေးစား အားကိုးအားထားပြုခဲ့ကြသည်။
နိုင်ငံတကာအသိုင်းအ၀ိုင်းက လည်း သမ္မတကြီးဦးသိန်းစိန်နှင့် အစိုးရ အပေါ် အထူးစိတ်ဝင်စားစွာ စောင့်ကြည့် ခဲ့ကြသည်။ ကမ္ဘာ့နိုင်ငံအသီးသီး၏ နိုင်ငံ တကာနယ်ပယ်တွင် နိုင်ငံရေးအပြောင်း အလဲဖြစ်သောအခါ အာဏာရှင်လက် ထက်မှ ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ကူးပြောင်းကြသောအခါ သွေးသံရဲရဲ တိုက်ပွဲတွေဆင်နွှဲကြကာ၊ ပြည်သူတွေ တိုက်ပွဲကြားမှာ၊ သွေးချောင်းစီးပြီး မရှု မလှ သေကြေပျက်စီးခဲ့ကြသည်။ မျက် မှောက်ခေတ် မြန်မာနိုင်ငံသည် ဒီမိုက ရေစီလမ်းကြောင်းပေါ်သို့ ရောက်ရှိလာ သော်လည်း သွေးချောင်းစီးဖို့ မဆိုထား နှင့် ခြင်တစ်ကောင်သေလောက်အောင် သွေးတစ်ပေါက်မှ မကျဘဲ၊ ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ ညင်ညင်သာသာ ကူးပြောင်းလာသဖြင့် နိုင်ငံတကာ မြင် ကွင်းမှာ ထူးထူးခြားခြား အံ့သြစရာတွေ ဖြစ်ကုန်ပြီ။ ချီးကျူးထောပနာပြုကြ သည်။
ကမ္ဘာ့နိုင်ငံအသီးသီးအမြင်မှာ မြန်မာနိုင်ငံသည် ဒီမိုကရေစီလမ်းကြောင်း ပေါ်ရောက်ရှိရန် အလွန်တစ်ရာ ခက်ခဲ မည်အထင်နှင့် မျိုးစုံပြစ်တင်ရှုံ့ချခဲ့ကြ သည်။ သို့သော် မြန်မာနိုင်ငံသည် မထင် မှတ်ဘဲ ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ သိက်္ခာရှိရှိ ရောက်ရှိလာခဲ့သည်။ ဒီမိုက ရေစီလမ်းကြောင်းပေါ်ရောက်ရှိလာသော၊ မြန်မာနိုင်ငံသည် သယံဇာတအလွန် တရာပေါကြွယ်ဝသော နိုင်ငံဖြစ်သဖြင့်၊ ယခင်အခါက ဗိုလ်ချုပ်အောင်ဆန်းပြော ခဲ့သော“ဟို နိုင်ငံ မျက်နှာချိုသွေးရ၊ ဒီ နိုင်ငံ မျက်နှာချိုသွေးရ၊ ဖာသည်လို နိုင်ငံ” ဘ၀မှ သမ္မတကြီး ဦးသိန်းစိန်လက်ထက် တွင် မြန်မာနိုင်ငံသည် ရွှေနိုင်ငံအဖြစ် ရောက်ရှိလာပြီး နိုင်ငံတကာ မျက်စေ့ ကျသော “ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်” အဖြစ် တင့်တင့်တည်တည်၊ ထည်ထည် ၀ါဝါ ရပ်တည်နိုင်ခဲ့ပြီ။ အိမ်သာလျှင် ဧည့် လာတတ်သဖြင့် နိုင်ငံတကာမှ ၀န်ကြီး ချုပ်များ၊ နိုင်ငံအကြီးအကဲများသည် မြန်မာနိုင်ငံတွင်းသို့ ပျားပန်းခတ်မျှ ကူး လူးယှက်နွယ်လာခဲ့ကြသည်။ အမေရိ ကန်၊ ဂျပန်၊ တောင်ကိုးရီးယားနိုင်ငံများ မှ မြန်မာနိုင်ငံကို အကူအညီပေးရန် စိုင်း ပြင်းခဲ့ကြသည်။ နိုင်ငံတော်တော်များများ ကလည်း မြန်မာနိုင်ငံနှင့် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် ဆွေးနွေးတိုင်ပင်မှုများ ကြိမ် ဖန်များစွာ ပြုလုပ်ခဲ့ကြသည်။
မြန်မာနိုင်ငံကို နိုင်ငံတကာက နတ် ရေကန်ထဲ ဇွတ်အတင်းကြီး ဆွဲချလိုက် သလို ရုတ်ချည်း ချမ်းသာသွားတော့မည် ဟု ထင်မှတ်ရသည်။ မြန်မာနိုင်ငံအတွက် အိမ်မက်လှလှလေးတွေ မက်ချင်စရာ ကောင်းလာသည်။ သို့သော် အိပ်မက်ဆို သည်မှာလည်း နိုးလာသောအခါ ပျောက် ကွယ်သွားတတ်သကဲ့သို့ မြန်မာနိုင်ငံ သည် (၇၄)ကိန်းဂဏန်း၏ လောင်းရိပ် အောက်မှာ ရောက်ရှိနေချိန်ဖြစ်သဖြင့် မြန်မာနိုင်ငံပေါ်အကူအညီပေးမည့် အစီ အစဉ်များ၊ ရင်းနှီးမြှုပ်နှံမှုများ လူတိုင်း အလုပ်ရနိုင်သော အခွင့်အလမ်းများ သည် လေထဲလွင့်ပါသွားကုန်ပြီ။ ထည့် သည့်ခွက်က မည်သို့ထည့်ပေးစေကာမူ မြန်မာနိုင်ငံတည်းဟူသော ခွက်ကြီးက  ပေါက်နေသဖြင့် ပေးကားပေး၏ မရ သောကိန်းနှင့် ဆိုက်ခဲ့ရပါသည်။ ထို ကြောင့် (၇၄)ကိန်းဂဏန်းသည် ကောင်း ကျိုးချမ်းသာဖြစ်ခြင်းကို တားဆီးတတ်ပြီး၊ မကောင်းသောကံကြမ္မာမုန်တိုင်းကို၊ ဖန် တည်းနိုင်သော စွမ်းအားအပြည့်ရှိသည်။ နိုင်ငံပေါင်းများစွာက မြန်မာနိုင်ငံပေါ် အကူအညီပေးရေးအစီအစဉ်တို့သည် လေထဲလွင့်ပျောက်သွားရုံမက ကံကြမ္မာ မုန်တိုင်းသည် မြန်မာနိုင်ငံကို ပြင်းထန်စွာ တိုက်ခတ်လာချေပြီ။
၂၀၁၂ ခုနှစ် ဇွန်လတွင် ရခိုင်ပြည် နယ်၌ ရခိုင်နှင့် ဘင်္ဂါလီတို့၏ ပဋိပက္ခ မှုကြီးသည် ကြောက်ခမန်းလိလိဖြစ်ပေါ် လာခဲ့သည်။ အနှစ်နှစ်အလလ မြုံနေ သောအနာကြီး ပေါက်ထွက်လာသလို၊ ရခိုင်နှင့် ဘင်္ဂါလီတို့၏ အငြိုးအတေး များပေါက်ကွဲထွက်လာပြီး တစ်ဖက်နှင့် တစ်ဖက် လူသတ်ပွဲကြီး ဆင်နွှဲနေရုံမျှ မက ရွာလုံးကျွတ် မီးရှို့ခံရ၊ ရပ်ကွက်လုံး ကျွတ် မီးတွေလောင်ပြီး၊ ရခိုင်ပြည်နယ် နေရာတော်တော်များများ မီးဟုန်းဟုန်း တောက်လောင်ခဲ့ကြသည်။ ရခိုင်ပြည် နယ်အရေးသည် သာမန်အရေးအခင်း မျိုးမဟုတ်၊ ဘာသာရေးစစ်ပွဲဆီကို ဦး တည်နိုင်သည်။ အကိုင်အတွယ် မတတ် လျှင် အမှိုက်ကစ ပြာဿဒ်မီးလောင်သွား နိုင်သည်။ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများက ရခိုင်နှင့် ဘင်ဂါလီ ပဋိပက္ခမှုကြီးကို တင်းတင်းကျပ်ကျပ် ထိန်းသိမ်းသည့်ကြားက တစ်ဖက်နှင့် တစ်ဖက် လစ်လျှင်လစ်သလို သတ်လိုက်၊ ဖြတ်လိုက်၊ မီးရှို့လိုက်နှင့် ရခိုင်ပြည်နယ် မီးက ငြိမ်းမသွားသေး။ တငွေ့ငွေ့ တောက်လောင်နေဆဲ။
ရခိုင်အရေး စိတ်မအေးစရာ ပြည့် နှက်နေချိန်တွင် မိုးထိ၊ မိုးမိ ရွှေလုပ်သား များနှင့် အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီတို့အကြား မပြေမလည်မှုများမှ ပြဿနာကြီးထွားလာပြီး ဆန္ဒပြပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်လာသည်။ တစ်ဖန် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ဆား လင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်၊ ကြေးနီစီမံကိန်းဝန်းကျင်ရှိ၊ ကျေးရွာများ မှ ရွာသူ၊ ရွာသားများက လယ်ယာမြေ ကိစ္စ၊ စွန့်ပစ်ပစ္စည်းများကိစ္စနှင့် ပတ်သက် ၍ မကျေမနပ်မှုများ ပွားများလာကာ၊ သပိတ်စခန်းများဖြစ်လာခဲ့ကြသည်။ ကြေးနီစီမံကိန်းအတွက် မြေများတူးဖော် ရာတွင် လယ်တီဆရာတော်ဘုရားကြီး၏ ကျောင်း၊ သိမ်၊ ဘုရားမြေများ ထိပါး လာမည်ကို စိုးရိမ်သဖြင့် သံဃာတော် များပါ ဆန္ဒပြလာကြကာ ရဟန်းရှင်လူ ရွာသူရွာသားများစုပေါင်း၍ သပိတ်စခန်း များ များသည်ထက် များလာပါသည်။
ရခိုင်ပြည်နယ် မီးတောက်ကြီးက မငြိမ်းခင် လက်ပံတောင်းတောင်၊ ကြေး နီစီမံကိန်းသပိတ်စခန်းများက ပေါက်ကွဲ ရန် တာဆူနေချေပြီ။ အားလုံးက လက်ပံ တောင်းတောင်၊ သပိတ်စခန်းကိုသာ စိုး ရိမ်တကြီး စောင့်ကြည့်နေရာမှ ရခိုင်ပြည် နယ် ဒုတိယအကြိမ် ပဋိပက္ခမှုကြီးသည် ၂၀၁၂ ခုနှစ် အောက်တိုဘာလတွင် တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်လာ သည်။ ပထမအကြိမ် အငြိုးအတေး အာဃာတများကြောင့် တိုက်ပွဲတွေ ပိုပြင်းထန်ပြီး အိမ်မီးရှို့မှုတွေ ပိုများလာ ကာ၊ ရခိုင်ပြည်နယ်နေရာအတော်များ များ မီးဟုန်းဟုန်းတောက်လောင်လာပြီး ထိမ်းမနိုင်၊ သိမ်းမရဖြစ်လာသည်။ ပုဒ်မ (၁၄၄)ထုတ်ပြီး တင်းတင်းကျပ်ကျပ် ထိန်း သိမ်းတော့မှ ရခိုင်ပြည်နယ် မီးတောက် တွေ ငြိမ်းကာစပြုလာသည်။
မြန်မာပြည်သည် ၁၃၇၄ ခုနှစ်ဟူ သော (၇၄)ကိန်းဂဏန်း ၀င်ရောက်လာ သည်မှစ၍ မကောင်းသောကံကြမ္မာမျိုး စုံ၊ ရေဘေး၊ ငလျင်ဘေး စသည့်ကပ်ကြီး များနှင့် ကြုံတွေ့ရုံမျှမက ပြဿနာမျိုးစုံ  နှင့် ရစ်ပတ်လုံးထွေးနေသည့်ပြင်၊ စိန် ခေါ်မှုအမျိုးမျိုးနှင့် ရင်ဆိုင်နေရသည်။ ထိုကြောင့် ၄၇-၇၄ ခုနှစ်များနှင့်ကြုံလာ တိုင်း မကောင်းသောကံကြမ္မာဆိုးများ သည် ဒလစပ်ဖြစ်ပေါ်တတ်ပုံကို မျိုး ဆက်သစ်လူငယ်များ ဆက်လက်သုတေ သနပြုကြသောအခါ လွယ်ကူစွာ သိရှိ နိုင်စေရန် စာရေးသူအနေဖြင့် စေတနာ အရင်းခံထား၍ အသေးစိတ်တင်ပြထား ခြင်းဖြစ်ပါသည်။
၄၇-၇၄ ခုနှစ်များသည် အင်္ဂလိပ် သက္ကရာဇ်သော်လည်းကောင်း၊ မြန်မာ သက္ကရာဇ်သော်လည်းကောင်း မည်သည့် ခုနှစ်နှင့် ကြုံကြိုက်စေကာမူ သဏ္ဌာန်တူ ဖြစ်ရပ်ဆန်းများ ဖြစ်ပေါ်လေ့ရှိသည်။ ဥပမာ ကုလသမဂ်္ဂ အထွေထွေအတွင်း ရေးမှူးချုပ် ဦးသန့်ဖြစ်စဉ်ကိုကြည့်လျှင်၊ ဦးသန့်ကွယ်လွန်ခဲ့သောနှစ်သည် ၁၉၇၄ ခုနှစ်ဟူသော (၇၄)ကိန်းဂဏန်း ကြုံသော နှစ်ဖြစ်သည်။ ထိုအချိန်က ဦးသန့် အသက်သည် (၆၅)နှစ်ဖြစ်သည်။ သေဆုံးသည့်လမှာ နိုဝင်ဘာလဖြစ် သည်။ ဦးသန့်နိုင်ငံခြားမှာ ကွယ်လွန်ပြီး ဦးသန့်ရုပ်အလောင်း မြန်မာပြည် ပြန် ရောက်လာသောအခါ ပြဿနာမျိုးစုံ မီးခိုးကြွက်လျောက် စတင်လောင်ကျွမ်း လာတော့သည်။ ၀ိဉာဉ်ကင်းမဲ့နေသော ဦးသန့်ရုပ်အလောင်းသည် “ဦးသန့်အရေး အခင်း”အဖြစ် အံ့သြဖွယ်ကောင်းလောက် အောင် သမိုင်းဝင်ဖြစ်ရပ်ဆိုးကြီး ကြုံခဲ့ ရသည်။ ဦးသန့်အရေးအခင်းမှာ အဖမ်း ခံရသူများ၊ ထောင်ကျသူများ၊ သေဆုံးကြ သူများ၊ မရှုမလှဘ၀ပျက်သူများ စသည် စသည့်မကောင်းသော အနိဋ္ဌာရုံပုံရိပ် မည်းတွေ ထင်ကျန်ရစ်ခဲ့သည်။
ယနေ့မြန်မာနိုင်ငံ တွေ့ကြုံနေရ သော အခြေအနေနှင့် ဦးသန့်ဖြစ်စဉ် နှိုင်း ယှဉ်ကြည့်လျှင်-
ယနေ့မြန်မာနိုင်ငံရောက်ရှိနေသော အချိန်သည် ၁၃၇၄ ခုနှစ်ဟူသော (၇၄) ကိန်းဂဏန်းသို့ ရောက်ရှိနေချိန်ဖြစ်သည်။ မြန်မာပြည်၏ အသက် လွတ်လပ်ရေး သက်တမ်းသည် (၆၅)နှစ်ဖြစ်သည်။ နိုဝင်ဘာလ ဖြတ်သန်းခဲ့ပုံကို လေ့လာ ကြည့်သောအခါ-
နိုဝင်ဘာလ (၁၁)ရက်နေ့ နံနက် စောစောအချိန်
မန္တလေးတိုင်းဒေသကြီးတွင် မြေငလျင်ကြီး သွက်သွက်ခါအောင် လှုပ် ခတ်သွားခဲ့သည်။ အလွန်အားပြင်းစွာ မြေငလျင်လှုပ်ခတ်သွားသော၊ ရွှေဘို၊ သပိတ်ကျင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်များတွင်၊ ဘုရားတွေပြို၊ ကျောင်းတွေပြို၊ အဆောက်အအုံအချို့ ပြိုလဲပြီး လူအချို့ဒဏ်ရာရကာ၊ အချို့ သေကြေပျက်စီးကြသည်ထိ ဖြစ်ခဲ့ကြ သည်။ နိုဝင်ဘာလသည် မြန်မာနိုင်ငံကို ဤမျှနှင့် နှိပ်စက်၍ အားမရသေးဘဲ လက်ပံတောင်းတောင်၊ ကြေးနီစီမံကိန်း ဆီမှ၊ သပိတ်စခန်းကြီးများသည် ပေါက် ကွဲကာနီးသော မီးတောင်ကြီးကဲ့သို့ အသံ တွေမြည်ဟီးလာချေပြီ။
နိုဝင်ဘာလ (၂၉)ရက် နံနက်စောစော ဝေလီဝေလင်းအချိန်
လက်ပံတောင်းတောင်၊ သပိတ် စခန်းကြီးသည် မီးလောင်စေသော ဒဏ် ရာတွေ ပြင်းထန်စွာဖြိုခွဲခံရပြီး၊ သံဃာ တော်များ မီးတွေလောင် ဒဏ်ရာတွေ ပြင်းထန်စွာရရှိပြီး ဆေးရုံရောက်ခဲ့ကြရ သည်။ ဒီမိုကရေစီကျင့်စဉ်လမ်းကြောင်း ပေါ်မှာ၊ သာသနာ့အာဇာနည်အရှင်သူ မြတ်တို့အား မီးတွေပြင်းထန်စွာလောင် စေပြီး၊ ဒဏ်ရာတွေပြင်းထန်စွာရအောင် အကွက်ချစီမံဖန်တီးလုပ်ကိုင်ခဲ့ကြသူများ ကို ဒေါ်အောင်ဆန်းစုကြည်နှင့် စိစစ်ရေး ကော်မရှင်အဖွဲ့က မှန်ကန်တိကျအောင် တင်ပြနိုင်ရေးအတွက် ပိုက်စိတ်တိုက် ရှာဖွေဖော်ထုတ်လျက်ရှိပါသည်။
စာရေးသူသည် နိုဝင်ဘာလ (၁၁) ရက်နှင့် နိုဝင်ဘာလ (၂၉)ရက်နေ့များ တွင် အဖြစ်ဆုံးများ ကြုံတွှေ့ရသည့် အကြောင်းရင်းကို ကိန်းဂဏန်းတို့၏ အတတ်ပညာနယ်ပယ်ရှုထောင့်မှ တင် ပြလိုပါသည်။ ၈၈ ခုနှစ်က မြန်မာနိုင်ငံ သည် (၈)လေးလုံးကြုံလာသည့်အခိုက် ကောင်းကင်ဂြိုဟ်နက္ခတ်တို့၏ သွားနှုန်း သည်လည်း လွန်စွာဖောက်ပြန်ခိုက်နှင့် ကြုံကြိုက်နေသဖြင့် ထိုအချိန်က မြန်မာ နိုင်ငံသည် အဖတ်ဆယ်မရလောက် အောင် မရှုမလှပျက်စီးဆုံးရှုံးခဲ့ရသည်။ ယခု (၁၁)လေးလုံးနှင့် ကြုံကြိုက်သော အခါ ကြမ္မာဆိုး၊ အဖြစ်ဆိုးများ မဖြစ် မနေ ကြုံတွေ့ရတော့သည်။ (၁၁)လေး လုံးဆုံစည်းပုံမှာ-(၁) မြန်မာသက္ကရာဇ် ၇၄ ခုနှစ်သည် (၁၁)၊ (၂)မြန်မာပြည် လွတ်လပ်ရေးသက်တမ်း (၆၅)သည် (၁၁)၊ (၃) နိုဝင်ဘာလ၏ ဂဏန်းသည် (၁၁)၊ (၄) နိုဝင်ဘာလ (၁၁)ရက်မှာ (၁၁) ဖြစ်ခြင်းတို့ကြောင့် ထို(၁၁)လေး လုံးဆုံစည်းသောနေ့တွင် မန္တလေးတိုင်း မြေငလျင်ကြီး လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။
ဒုတိယအကြိမ် (၁၁)လေးလုံး ဆုံ စည်းပုံမှာလည်း-(၁)မြန်မာသက္ကရာဇ် ၇၄ ခုနှစ်သည် (၁၁)၊ (၂) မြန်မာလွတ်လပ် ရေးသက်တမ်း (၆၅)သည် (၁၁)၊ (၃) နိုဝင်ဘာလ၏ ဂဏန်းသည် (၁၁)၊ (၄) နိုဝင်ဘာလ (၂၉)ရက်သည် (၁၁)ဖြစ်၍  ထို(၁၁)လေးလုံး ဆုံစည်းမိသော၊ (၂၉) ရက်နေ့တွင် လက်ပံတောင်းတောင် သပိတ်စခန်းကြီး ပြင်းထန်စွာ ဖြိုခွဲခံရ သည်။
အထက်ပါဖြစ်စဉ်ဖြစ်ရပ်များအရ၊ ကိန်းဂဏန်းများ၏ ဖွဲ့တည်ပုံကို လေ့လာ ကြည့်ပါက သဏ္ဌာန်တူကိန်းစဉ်များ ဆုံ စည်းမိသောအခါ မကောင်းသော ကံကြမ္မာဆိုးများသည် အချိန်မဆိုင်းဘဲ အလျင်အမြန်ဖြစ်ပေါ်လေ့ရှိကြောင်း တွေ့ရှိရသည်။ ဥပမာ-နိုဝင်ဘာလ (၁၁) ရက်နေ့က (၁၁)လေးလုံး ဆုံစည်းမိသော အခါ (၁၁)ရက် နံနက်စောစောကြီးမှာ မန္တလေးတိုင်း မြေငလျင်ကြီး ပြင်းထန်စွာ လှုပ်ခတ်သွားခဲ့သည်။ နိုဝင်ဘာလ (၂၉) ရက်နေ့ (၁၁)လေးလုံး ဆုံစည်းသည့် အခိုက်မှာလည်း လက်ပံတောင်းတောင်၊ သပိတ်စခန်းကြီးသည် (၂၉)ရက် နံနက် စောစောကြီးမှာပင် အလွန်ပြင်းစွာ ဖြို ခွင်းခံခဲ့ရသည်မဟုတ်ပါလော။
စာရေးသူသည် ၁၃၇၄ ခုနှစ်၏ (၇၄)ကိန်းဂဏန်းသည် မြန်မာနိုင်ငံကို မွှေနှောက်ပြီး ဒုက္ခတွေအမျိုးမျိုးပေးနေ ပုံကို စဉ်ဆက်မပြတ် လေ့လာစောင့် ကြည့်ခဲ့ပါသည်။ အခုလည်း ကြည့်လေ။ လက်ပံတောင်းတောင်၊ ကြေးနီစီမံကိန်း ကိစ္စက အပြီးလည်းမသတ်၊ အနားလည်း မသတ်သေးခင်မှာ ကချင်စစ်ပွဲတွေက ဆူညံနေလေပြီ။ (၁၇)နှစ်လုံးလုံး အပစ် အခတ်ရပ်စဲပြီး ရွှေညီအစ်ကိုတွေလို အတူတကွ လက်တွဲနေထိုင်လာရာမှ ၁၃၇၄ ခုနှစ် (၇၄)ကိန်းဂဏန်းတွင်း ၀င်ရောက်လာသောအခါ ကချင်တပ်နှင့် မြန်မာစစ်တပ်တို့သည် ရုတ်တရက် တိုက် ပွဲတွေထဖြစ်ပြီး ဧရာမရန်သူကြီးသဖွယ် ချက်ခြင်းပြောင်းလဲသွားကြသည်။ နှစ် ဖက်စလုံးတိုက်ပွဲအရှိန်တွေ မြင့်တက် လာကြသည်။ (၇၄)ကိန်းဂဏန်းသည် နှစ်ဖက်စလုံးကို ဒေါသအမိုက်မှောင်တွေ ဖုံးလွှမ်းစေပြီး တစ်နေ့တစ်ခြား တိုက်ပွဲ တွေက ပို၍ပို၍ ပြင်းထန်လာသည်။ ငြိမ်း ချမ်းရေးလုပ်မယ်ဆိုလေ တိုက်ပွဲတွေက ပို၍ ပြင်းထန်လေပဲ။ ဒေသခံကချင် တိုင်းရင်းသားများမှာ မြေဇာပင်ပမာ စစ် ဘေးစစ်ဒဏ် အလူးအလိမ့်ခံရရှာသည်။ ကစဥ့်ကလျား ပြေးရင်းလွှားရင်း အိုးပစ်၊ အိမ်ပစ်၊ လယ်ယာတွေပစ်ကာ အိမ်တိုင် နွယ်ရစ်၊ လယ်တွေ တောဖြစ်ခဲ့ရသည်။
၁၃၇၄ ခုနှစ်ဟူသော (၇၄)ကိန်း ဂဏန်းသည် မြန်မာပြည် တစ်နှံ့တစ်လျား မှာ၊ ပြဿနာတွေ မှိုလိုပေါက်အောင် အမျိုးမျိုး မွှေနှောက်ဖန်တည်းနေချေ သည်။ (၇၄)ကိန်းဂဏန်းသည် နာဂစ် မုန်တိုင်းထက် အဆများစွာ ပြင်းထန် သည်ဟုဆိုရပေမည်။ နာဂစ်မုန်တိုင်း သည် တိုက်တုန်းခဏသာပျက်စီးတတ် သော်လည်း (၇၄)ကိန်းဂဏန်းသည် စတင်ဝင်ရောက်သည့် အချိန်မှစ၍ လူသားအပေါင်းတို့ကို ဒေါသအမိုက် မှောင်ဖုံးစေပြီး တစ်ဖက်နှင့်တစ်ဖက် ရက် ရက်စက်စက် သတ်ဖြတ်မှုကို ဖြစ်ပေါ် ဖန်တည်းပေးလေ့ရှိသည်။ မကောင်း သော ကပ်ဆိုးကြီးများကိုလည်း ပုံဖော် ပေးနိုင်စွမ်းရှိသည်။
၁၃၇၄ ခုနှစ်ဟူသော (၇၄)ကိန်း ဂဏန်းစုသည် ၂၀၁၃ ခုနှစ်၊ ဧပြီလ (၁၇) ရက်တွင် သက်တမ်းကုန်ဆုံးသွားပြီဖြစ် သဖြင့် ထွက်ခွာချိန် အလွန်နီးကပ်နေပါ ပြီ။ ၁၃၇၄ ခုနှစ် ကုန်ဆုံးသွားသော ဟိုဘက်ကမ်းမှာ လင်းလက်တောက်ပ နေသော မြန်မာနိုင်ငံ၊ ရွှေပြည်သစ်ကြီး ကို၊ အထင်ကရမြင်တွေ့နေရပြီဖြစ်သည်။ ၁၃၇၄ ခုနှစ်၏ (၇၄)ကိန်းဂဏန်းသည် မြန်မာပြည်မှ အေးအေးဆေးဆေးလေး ထွက်ခွာသွားမည်မဟုတ်ပါ။ မြန်မာပြည် ကို အပြင်းထန်ဆုံး နှုတ်ဆက်ပြီးမှ ထွက် ခွာသွားလိမ့်မည်။ ထို (၇၄)ကိန်းဂဏန်း သည် မြန်မာနိုင်ငံကို ၀င်ရောက်လာ သည်မှစ၍ မကောင်းသော ကံကြမ္မာဆိုး အမျိုးမျိုးနှင့် မနားမနေ နှုတ်ဆက်ကလူ ပြုပြီး ကျန်ရှိနေသော ဖေဖော်ဝါရီလနှင့် မတ်လကိုလည်း လုံးဝသက်ညှာခွင့်ပေး မည်မဟုတ်ပါ။ အထူးသဖြင့် ၂၀၁၂ ခု ဖေဖော်ဝါရီလသည် အလွန်ဆိုးဝါးသော ကံကြမ္မာဆိုးများ ကြုံတွေ့တတ်သဖြင့် အထူးသတိထားစောင့်ကြည့်သင့်ပါသည်။
နိုဝင်ဘာလနှင့် ဖေဖော်ဝါရီလတို့ သည်ကား (၂)ဂဏန်းအုပ်စုဝင်ဂဏန်း များဖြစ်သည်။ (၂)ဂဏန်းသည် မြန်မာ နိုင်ငံကို ဘေးဒုက္ခအမျိုးမျိုးဖြစ်ပေါ်စေ တတ်သည်။ ငြိမ်းကာနီးသော ဖယောင်း တိုင်သည် ထတောက်တတ်သကဲ့သို့ ကုန် ဆုံးကာနီးသော (၇၄)ကိန်းဂဏန်းသည် လည်း ဖေဖော်ဝါရီလမှာ အဆိုးဝါးဆုံး ကံကြမ္မာဆိုးများကို ဖန်တည်းပေးခဲ့ပြီးမှ နှုတ်ဆက်ထွက်ခွာသွားနိုင်ပါသည်။ ကံကြမ္မာဆိုးဆိုသည်မှာ ငလျင်လှုပ်ခြင်း၊ မုန်တိုင်းများ ကျရောက်ခြင်း၊ အရေး အခင်းဖြစ်ခြင်းတို့ တစ်ခုခုဖြစ်ပေါ်ခြင်း မျိုးကို ဆိုပါသည်။ အထူးသဖြင့် ဖေဖော် ၀ါရီလတွင် ငလျင်ဘေးသည် စိုးရိမ်စရာ အကောင်းဆုံးဖြစ်သည်။ (၂)ဂဏန်း အုပ်စုဝင်ဖြစ်သော နိုဝင်ဘာလတွင် အထက်မြန်မာနိုင်ငံ ပြတ်ရွေ့ကြောများ ကြောင့် မန္တလေးတိုင်းဒေသကြီးတွင် ငလျင်ကြီးလှုပ်ခတ်သွားခဲ့သည်။ ယခု (၂) ဂဏန်းအုပ်စုဝင်ဖြစ်သော ဖေဖော်ဝါရီလ တွင်လည်း အောက်မြန်မာပြည် ပြတ်ရွေ့ ကြောများကြောင့် ပဲခူး-ရန်ကုန် အောက် မြန်မာပြည်ငလျင်သည် သတိထားဖွယ် ဖြစ်လာပါသည်။
ရွှေတိဂုံဘုရား လင်းတနားခြင်းနှင့် အချို့မြို့များတွင်လည်း လင်းတများ လာရောက်နားခဲ့သဖြင့် အများပြည်သူ တို့ စိုးရိမ်ထိပ်လန့်မှုများ ဖြစ်ပွားခဲ့ပါ သည်။ မှန်ပါသည်။ လင်းတတို့သည် သေပြီးအပုပ်ကောင်တို့ကိုသာ စားတတ် သည်။ ယုတ်ညံ့ပြီး အလွန်ရုပ်ဆိုးသော ငှက်ဖြစ်သဖြင့် လင်းတနားခြင်းသည်ကား ကျက်သရေတစ်စုံတစ်ရာ လုံးဝမရှိနိုင်ပါ။ ထိုကြောင့် ရွှေတိဂုံဘုရား လင်းတနား ခြင်းသည်လည်းကောင်း ဖေဖော်ဝါရီလ နှင့် မတ်လတွင် (၇၄)ကိန်းဂဏန်း၏ ကုန်ဆုံးကာနီးအချိန်တွင် အပြင်းထန်ဆုံး ကံကြမ္မာဆိုးများ ကျရောက်တတ်သော ကြောင့်လည်းကောင်း၊ ရန်ကုန်မြို့တွင် လည်းကောင်း၊ အခြားမြို့များတွင်လည်း ကောင်း၊ ငလျင်လှုပ်ခြင်း(သို့)ပြင်းထန် သော ကံကြမ္မာဆိုးကြီးများ ကျရောက် တတ်ပါသည်။
ပြည်သူတို့အကျိုး၊ သာသနာအကျိုး အတွက်ဆိုလျှင် အားကျိုးမာန်တက် ဆောင်ရွက်ပေးတတ်ကြကုန်သော၊ ဆရာတော်၊ သံဃာတော်အရှင်သူမြတ် တို့ဘုရား။
မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီလနှင့် မတ်လတို့၌ မြန်မာပြည်သူ၊ ပြည်သား အပေါင်းတို့သည် ငလျင်ဘေးတို့မှလည်း ကောင်း၊ ဘေးဒုက္ခအပေါင်းတို့မှလည်း ကောင်း၊ လွတ်မြောက်ပါရစေခြင်းအကျိုး ငှာ ပရိတ်တရားတော်များ၊ ပဋ္ဌာန်းတရား တော်များကို၊ လှိုင်လှိုင်ကြီး ရွတ်ဖတ် သရဇ္ဈာယ်ပေးတော်မူကြပါရန်၊ မြန်မာ ပြည်သူပြည်သားအပေါင်းတို့ကိုယ်စား၊ ဘုရားတပည့်တော် ဦးတင်လျှောက်ထား အပ်ပါသည်။သံဃာတော်အရှင်မြတ်တို့ ဘုရား။
ဘုရားတပည့်တော်နှင့် မြန်မာပြည် သူ၊ ပြည်သားအပေါင်းတို့သည် ဆရာ တော်၊ သံဃာတော်တို့၏ ပြည်သူအပေါ် ထားအပ်သော၊ မေတ္တာစေတနာတန်ခိုး တေဇော်အာနုဘော်တို့ကြောင့်လည်း ကောင်း-
သံဃာတော်များ ရွတ်ဖတ်ပေး သော ပရိတ်တရားတော်၏ တန်ခိုးရှိန် ဇော် အာနုဘော်တို့ကြောင့်လည်း ကောင်း၊
သံဃာတော်များရွတ်ဖတ်ပေး သော ပဋ္ဌာန်းတရားတော်၏ တန်ခိုးရှိန် ဇော်အာနုဘော်တို့ကြောင့်လည်းကောင်း၊
မြန်မာပြည်သူ၊ ပြည်သားအပေါင်း တို့သည် ဘေးရန်ကင်းကွာကြပြီးလျှင် အစစ်အမှန်ဖြစ်သော ဒီမိုကရေစီနိုင်ငံ တော်သစ်ကြီးဆီသို့ မျက်မှောက်ပြုရပါ လိုကုန်၏ အရှင်မြတ်တို့ဘုရား။

ဆရာတိုး(စမ်းချောင်း)

အေးချမ်းမွန်မှ  The Hot News တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
January 29, 2013 Home, ဆောင်းပါး

စာရေးသူသည် ““၁၁ ဂဏန်း မြန်မာပြည်””ဆောင်းပါးကို Hot News ဂျာနယ် 26 April 2012 ခုနှစ်နေ့ က၊ ရေးသားဖော်ပြခဲ့ပါသည်။ ထိုစဉ်က စာရေးသူ၏ ဆောင်းပါးတွင် စာရေးသူ အဓိကတင်ပြ ထားသော၊ အကြောင်းအရာများနှင့် ဆောင်းပါး၏ အဓိကအချက်များကို လျှောက်လွှာ (၂) မျက်နှာခန့် ထုတ်နုတ်ဖြတ်တောက်ထားသောအခါ စာရေးသူ တင်ပြလိုသော အဓိကအကြောင်းအရာများ ပျောက် ကွယ်သွားသဖြင့် ကိုယ့်ဆောင်းပါးကိုဖတ်ပြီး အားမလို အားမရ စိတ်မသက်မသာ ဖြစ်ခဲ့ရသည်မှာအမှန်ပါ။

ဒေါ်အောင်ဆန်းစုကြည် နဲ့ မိတ်ဆွေတု မိတ်ဆွေယောင်

Tuesday, 29 January 2013

ကျနော်တို့ရဲ့ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ ဒဿမမြောက် ပြည်ပနိုင်ငံ ခရီးစဉ်အဖြစ် တောင်ကိုးရီးယားနိုင်ငံကို တနလာင်္နေ့ကပဲ ဆိုက်ရောက်သွားပါပြီ။

သားစိုး ဒီမိုကရေစီ

by Bo K Nyein on Monday, January 28, 2013 at 6:22pm ·



အမှတ်မထင် စာဆောင် ဂျနယ်တစ်ဆောင်မှာ သားစိုးအကြောင်းဖတ်မိတယ်။
မထင်မှတ်ပဲ ပေါ်လာတဲ့ အတွေးအခေါ် တစ်ခုပါ။

စာရေးသူက အမေရိကားမှာ ၁၉၈၂ ကတည်းက ရောက်နေပေမဲ့ ဟစ်ဟော့ ရော ရက် (Rap) ဂီတကို စိတ်ဝင်တစား တခါမှ နားမထောင်ဖူးပါ။ အမှန်စင်စစ် မြန်မာခေတ်ပေါ် တေးသီချင်း ၊ ရုပ်ရှင် နဲ့ လည်း ရင်းနှီးမှု မရှိခဲ့ပါ။

ထိုင်းနိုင်ငံရောက်မှ မြန်မာနိုင်ငံက ခေတ်ပေါ်တေးဂီတကို နားယဉ်ခဲ့ရပါတယ်။ အကြောင်းက စာရေးသူဟာ အနုပညာပါရမီ နဲခဲ့သူပါ။ ရုပ်ရှင်လည်း မကြိုက်ပါ။

29.01.2013 နေ့ဖတ်ရန်သတင်းများ

by Myanmar Journal on Monday, January 28, 2013 at 4:44pm ·

တပတ်အတွင်း အားကစား သတင်း
၃ ကြိမ်ဆက် ချန်ပီယံ ဂျော့ကိုဗစ်(ချ)
ပူပူနွေးနွေး ကျင်းပ သွားခဲ့တဲ့ ဩစတေးလျ အိုးပင်း တင်းနစ် ပြိုင်ပွဲမှာ ဘယ်သူတွေ အောင်ပွဲ ခံခဲ့ကြသလဲ ဆိုတာအပြင် ဘောလုံး လောကက မမျှော်လင့်တဲ့ ရလဒ်တွေ ထွက်ခဲ့တဲ့ အဖ်အေဖလား ဘောလုံး ပွဲတွေ အကြောင်း တင်ဆက်ပေးသွားဖို့ ရှိပါတယ်။ အခုတော့ အရင်ဆုံး တင်းနစ်နဲ့ စရအောင်ပါ။

အတီး လေ့လာထားသမျှ ...



ဒီဓာတ်ပုံလေးထဲက ကလေးငယ်တဦး ကတော့ ၁၉၉၄ခုနှစ် အာဖရိကတိုက် ရဝမ်ဒါနိုင်ငံက လူမျိုးတုန်း သတ်ဖြတ်ပွဲကြီးအပြီး အသက်မသေပဲ လွတ်မြောက်ရှင်သန်ရစ်သူများအနက်မှ တစ်ဦးပဲ ဖြစ်ပါတယ်။ အရှေ့အာဖရိက ဒေသတခုဖြစ်တဲ့ ရဝမ်ဒါ လူမျိုးတုံးသတ်ဖြတ်မှူလို့ဆိုရင် လူတိုင်းကြားဖူးကြမှာဖြစ်ပေမယ့်အသေးစိတ်ကိုတော့ သိသူနည်းပါးလာလိမ့်မယ်။ ဆက်လက်ပြီးတော့ ဒီအကြောင်းနဲ့ပတ်သက်ပြီး အတီး လေ့လာထားသမျှလေးတွေကို တင်ပြပါရစေ။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၈-၁)

သစ်ထူးလွင်



Monday, January 28, 2013

တရုတ်၏ကြွယ်ဝမှုနှင့် ဝိရောဓိအင်အားများ

by Myo Set on Sunday, January 27, 2013 at 4:01pm ·
 
တရုတ်သည် ယခု စီးပွားရေးမဟာအင်အားကြီးဖြစ်လာနေသည်။ သူ၏ စစ်ရေးတိုးချဲ့မှုကလဲ အမေရိကန်ကို စိုးရိမ်မှုတိုးပွားလာစေသည်။ ထို့ပြင် တရုတ်၏ နိုင်ငံရေးကိစ္စများသည် အမေရိကန်အကျိုးစီးပွားနှင့်လဲ များစွာ ဆက်စပ်နေပါသည်။ ထို့ပြင် လက်ရှိ ကမ္ဘာပေါ်တွင် တိုးတက်ဖြစ်ထွန်းနေသော နိုင်ငံရေးစံနစ် များနှင့် တိုင်းတာကြည့်လျှင် တရုတ်မှာ ဘောင်လွတ်နေသည့် နိုင်ငံရေးစံနစ်သဘောမျိုးဖြစ်နေသည် ကိုတွေ့ရသည်။ စစ်ပြီးခေတ် ဂျပန်နှင့်လဲ မတူ၊ အိန္ဒိယနှင့်လဲ မတူပေ။ တမူသီးခြားပုံစံဖြစ်သည်။ ထို တိုင်းပြည်ကြီးသည် ကမ္ဘာကြီးကို စိတ်ဝင်စားစေမည်ဖြစ်သလို ကမ္ဘာ့အရေးအခင်းများကိုလဲ လွှမ်းမိုးနိုင်မည်ဖြစ်သည်။

28.01.2013 နေ့ဖတ်ရန်သတင်းများ

by Myanmar Journal on Sunday, January 27, 2013 at 3:51pm ·
Microsoft နဲ့ Googleတို့ မြန်မာပြည် လာမယ်
မြန်မာ့ဈေးကွက်ကို ဝင်တော့မယ့် Microsoft နဲ့ Google
မြန်မာ့ ဈေးကွက်ကို ဝင်ရောက် နိုင်ဖို့ Microsoft နဲ့ Google ကုမ္ပဏီ တွေက စိတ်ဝင်စား နေကြပါတယ်။
စီးပွားဖက် ကုမ္ပဏီတွေနဲ့ ဝင်ရောက် လုပ်ကိုင်ဖို့လည်း ပြင်ဆင်နေကြပါတယ်။

Sunday, January 27, 2013

အိပ်ယာကနိုးရင် ထ... ကျောင်းသွားရအောင် ....


မီးခိုးတွေ မပျောက်သေးပေမဲ့...
အလင်းရောင်တော့ မြင်ရပြီ.....

ကျွန်တော်ထင်ပါတယ်...
လိုင်ဇာမြို့ထဲက ကလေးလေး
ဘာမှန်းမသိတဲ့ တောင်တန်းတွေကို
သူ.... ထွက်ပြီး ငေးရဲပြီလို့....

သစ်ထူးလွင် သတင်းစုစည်းမှု (၂၇-၁)

သစ်ထူးလွင်



ကျောင်းစိမ်းလေးတွေ ဈေးမရောင်းစေချင် ။


(၁)
ရှင်မ…. ရယ်….
အစ လာလာ မဖော်နဲ့ဟာ
အကျမတော်တာတွေ များနေလိုပါ…
ဘဝ အပေါ်လည်း နာခဲ့ပြီးပြီ…လေ…။

နန်းအောင်ထွေးကြည်ရဲ့ နာမည်ကျော် ရေလှိုင်းစစ်ဆင်ရေး (သို့မဟုတ်) မေးခွန်းထုတ်စရာများ

by Tamar Khin on Saturday, January 26, 2013 at 1:53am ·
                             

ကျမရေးသမျှ ကျမရဲ့ဖြတ်သန်းမှု့၊ ကျမရဲ့ ကိုယ်၊ စိတ်၊ နှလုံး၊ သုံးပါးနဲ့သာ ဖြစ်ပြီး ဖြစ်ပျက်ခဲ့သည့် အကြောင်းအရင်း အစစ်အမှန်ကိုသာ ရှာလို၍ ဖြစ်ပါကြောင်း ။

ကိုမောင်မောင်က မေးတယ်။”ဒီလောက်လူတွေအများကြီး ထောက်လှမ်းရေးတွေ ဖြစ်နိုင်ပါ့မလား”တဲ့။
ကျမမေးချင်တာက” ဒီလောက်လူတွေအများကြီး ဘယ်လိုအကြောင်းတွေကြောင့် ထောက်လှန်းရေးတွေ ဖြစ်ကုန်ခဲ့ကြရတာလဲ ။” အားလုံးပဲ ဝိုင်းဝန်းစဉ်းစား ကြည့်ကြရအောင်ပါ။

27.01.2013 နေ့ဖတ်ရန်သတင်းများ

by Myanmar Journal on Saturday, January 26, 2013 at 5:45pm ·
မီးလို့စ် ဇေမန်း ချက် သမ္မတ ဖြစ်လာ
သမ္မတအဖြစ် အရွေးခံရတဲ့ မီးလို့စ် ဇေမန်း
ချက်သမ္မတ နိုင်ငံမှာ ပထမဆုံး အကြိမ် အဖြစ် တိုက်ရိုက် ရွေးကောက် တင်မြှောက်တဲ့ သမ္မတ ရွေးကောက်ပွဲ မှာတော့ အရင် ဆိုရှယ်လစ် ဝန်ကြီးချုပ်ဟောင်း မီးလို့စ်ဇေမန်းက အနိုင်ရရှိ သွားပါတယ်။
သူဟာ မဲစုစုပေါင်းရဲ့ ၅၅ ရာခိုင်နှုန်းကို ရရှိ ခဲ့ပြီး မဲ ၄၄ ရာခိုင်နှုန်းသာ ရတဲ့ ပြိုင်ဘက် အထက်တန်းလွှာ က နိုင်ငံခြားရေး ဝန်ကြီး ခါရဲလ် ရှဝါ့ဇန်ဘတ်ခ် ကို အနိုင်ရရှိ ခဲ့တာ ဖြစ်ပါတယ်။

မေ့ပျောက်ခံ မျိုးဆက်တခုဖြစ်သွားပြီလား။

ထက်အောင်ကျော်။ (၀၁-၁၁-၂၀၁၂)

ဒီနေ့ နိုဝင်ဘာလ ၁-ရက်နေ့ဟာ ABSDF (All Burma Students' Democratic Front) ခေါ် မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးရဲ့ ၂၄-နှစ်ပြည့် မွေးနေ့ဖြစ်ပါတယ်။ တနည်း အားဖြင့်ပြောမယ်ဆိုရင် ၈-လေးလုံးအရေးတော်ပုံကြီးကို စစ်တပ်အစိုးရက ပစ်ခတ်ဖြိုခွဲပြီးတဲ့နောက် အဲဒီစစ်တပ်ကို လက်နက်ကိုင်တော်လှန်မှ ရတော့မယ်ဆိုတဲ့

ABSDF မြောက်ပိုင်း၌ ၁၉၉၁ ခုနှစ်နှင့် ၁၉၉၂ ခုနှစ်များ၌ ဖြစ်ပွားခဲ့သော ဖမ်းဆီးအရေးယူမှုများနှင့် ပတ်သက်၍ ABSDF ဥက္ကဌဟောင်း ဒေါက်တာနိုင်အောင်၏ ရှင်းလင်းချက်

လတ်တလောကာလအတွင်း ၁၉၉၁ ခုနှစ်၊ ၁၉၉၂ ခုနှစ်များ၌ မကဒတ မြောက်ပိုင်း၌ ဖြစ်ပွားခဲ့သော ဖမ်းဆီး အရေးယူမှုများနှင့် ပါတ်သက်၍ ပြောဆိုရေးသားမှုများကို ကြားသိတွေ့မြင်နေရပါသည်။

မိမိအနေဖြင့် လက်ရှိကာလတွင်
`မကဒတ´အတွက် ပြောရေးဆိုခွင့်ရှိသူတယောက် မဟုတ်သော်လည်း ထိုအချိန်ကာလအတွင်း တာဝန်ရှိခဲ့သူ တဦးအနေဖြင့် ကာယကံရှင်များနှင့် စိတ်ဝင်စားသူများ သိရှိ နားလည်စေရန်အတွက် အချက်အလက်မှန်များကို ရှင်းလင်းတင်ပြ အပ်ပါသည်။

“ပဒတ်စာခြောက်တွေနဲ့ ဟင်းချိုချက်သောက်ဖြစ်တယ်”

by Nyo Htet on Friday, January 25, 2013 at 9:37am ·
 
ပဒတ်စာခြောက်တွေကို ဟင်းချိုချက်သောက်တယ်။
ငါ
တောင်ယာရနံ့ကို ရလိုက်တယ်
ငါ
တောင်ယာတွေနဲ့ဝေးနေခဲ့တာ အတော်ကြာပါပေါ့လား။

Saturday, January 26, 2013

သစ်ထူးလွင် သတင်းစုစည်းမှု (၂၆-၁)

သစ်ထူးလွင်



26.01.2013 နေ့ဖတ်ရန်သတင်းများ

by Myanmar Journal on Saturday, January 26, 2013 at 6:15am ·
အရေးပေါ်နဲ့ မီးဖွားလူနာ အခမဲ့ကုပေးမယ်
မိခင်သေနှုန်းကျဖို့ ဆေးရုံတက် များများမွေးဖို့ အခမဲ့နည်းပါးဖြစ်အောင် လုပ်မယ်လို့ ညွှန်ချုပ်ဆို
အစိုးရဆေးရုံတွေမှာ မွေးလူနာတွေ များနိုင်သလောက် များများ မွေးစေချင်တယ်၊ ဒါမှသာ မိခင်သေနှုန်း ကျသွားမယ်လို့ ကျန်မာရေးဝန်ကြီးဌာန အဆင့်မြင့် အရာရှိကြီးတဦးက ဘီဘီစီကို ပြောပါတယ်။
မီးဖွားလူနာတွေကိုသာမကဘဲ အရေးပေါ် လူနာတွေကိုလည်း လူနာရှင်တွေ ဆေး၊ ပတ်တီးတွေ တတ်နိုင်သမျှ မဝယ်ရအောင် ကူညီ စောင့်ရှောက်မှုတွေ ပေးဖို့ အစိုးရ အနေနဲ့ ကြိုးပမ်းဆောင်ရွက်နေ တယ်လို့ သိရပါတယ်။

” မင်းတို့ ဥာဏ်အမြင် တမိုက်တထွာမျှရယ်နဲ့ ငြင်းဖို့သန်လျှင် မိုက်ရာကျပါလိမ့် . . .”(မောင်သွေးချွန်)

 Written by မောင်သွေးချွန်    Tuesday, 18 September 2012 19:59
 
သူတို့ ပြန်လာကြလေပြီ။ သူတို့ဆိုတာ 'ကျောင်းသားတပ်ဖွဲ့'လို့ ပြောနိုင်တဲ့ ABSDF အဖွဲ့ကြီးရဲ့ ဥက္ကဋ္ဌဟောင်းများဖြစ်ကြတဲ့ ဒေါက်တာနိုင်အောင်၊ ကိုမိုးသီးဇွန်နဲ့ ကိုထွန်းအောင်ကျော်တို့ အပါအ၀င်ဖြစ်တဲ့ လူတစ်စုပါပဲ။

Friday, January 25, 2013

*** အမေ့လျော့ခံဧရိယာထဲမှ နိုင်ငံ့ရတနာလေးများသို့မဟုတ် အနာဂတ်စိန်ခေါ်သံ ***


မြန်မာနိုင်ငံတွင်ပညာသင်ကြားခွင့်မရှိသောကလေးပေါင်းများစွာရှိနေသည့်အနက် အချို့မှာ ကျောင်း မတက်နိုင်ဘဲ မိမိတို့ဝမ်းရေးအတွက်ကိုယ်တိုင်ရုန်းကန်နေရမှုများရှိနေပြီး ကလေးသူငယ်များရဲ့ အသက်မွေးမှုများမှာလည်း ရေရာသေချာမှုမရှိသောအနေအထားများစသွာနှင့်ပြည့်နှက်နေခဲ့သည်။ အိမ်ခြေရာခြေမဲ့များ ၊သာမာန်လက်လုပ်လက်စားလူတန်းစားများ၏ ရင်သွေးငယ်ကလေးများ၏ အနာဂတ်များသည်လည်းကူညီမည့် သူမရှိဘဲ လွင့်မျောလို့သာနေပါတော့တယ်

သစ်ထူးလွင် သတင်းစုစည်းမှု (၂၅-၁)

သစ်ထူးလွင်



အမျိုးသားလုံခြုံရေးနှင့် မြန်မာနိုင်ငံ (အပိုင်း - ၁)

နိဒါန်း

စစ်အေးတိုက်ပွဲလွန်ကာလရဲ့ အဆိုးဝါးဆုံးသွင်ပြင်လက္ခဏာတရပ်ဟာ အမျိုးသားလုံခြုံရေးဆိုင်ရာ ရည်မှန်းချက်များနဲ့ မဟာဗျူဟာများ ချမှတ်ရေးဆွဲမှုတွေကို စစ်အေးတိုက်ပွဲကာလမှာတုန်းကထက် ပိုပြီးခက်ခဲနက်နဲစေတဲ့ မရေရာမသေချာမှုများ (uncertainties) နဲ့ ရှုပ်ထွေးမှုများ (complexities) ရောပြွန်းနေသော လုံခြုံရေးဝန်းကျင် (security environment) ဖြစ်ကြောင်း အမျိုးသားလုံခြုံရေးဆိုင်ရာ ပညာရှင်များက ဖော်ထုတ်ရေးသားခဲ့ကြပါတယ်။ နိုင်ငံများအကြားမှာ စစ်အင်အားသုံး ကျူးကျော်မှုတွေက လျော့နည်းသွားပေမယ့် လက်နက်အင်အားပြိုင်ဆိုင် တိုးချဲ့တပ်ဆင်မှုတွေက ရပ်တန့်သွားခြင်း မရှိပါဘူး။ မြေပိုင်နက်၊ ရေပိုင်နက်၊ ဝေဟင်ပိုင်နက်ဆိုင်ရာ အငြင်းပွားမှုတွေ၊ စစ်အင်အားပြိုင်ဆိုင်မှုတွေနဲ့ ခေတ်မှီလက်နက်များ တိုးချဲ့တပ်ဆင်မှုတွေ က နိုင်ငံအများစုရဲ့ အမျိုးသားလုံခြုံရေးမူဝါဒတွေမှာ ထိပ်ဆုံးကနေ နေရာယူထားဆဲပဲ ဖြစ်ပါတယ်။

ပို့စ်မော်ဒန် နိုင်ငံရေး/ ရေဒီကယ်ဒီမိုကရေစီနှင့် မြန်မာဒီမိုကရေစီ

January 24, 2013 ရက် ၊ 10:30 တွင် ကိုကိုနန်းညွန့်ဦး ရေးသားခဲ့သော ဘလော့ဖြစ်ပါသည် ။

We can return to the beasts. But if we wish to remain human, then there is only one way, the way into the open society.
Popper

ကျွန်တော်တို့ဟာ သားရဲတိရစ္ဆာန်ဘ၀ ပြန်ရောက်သွားနိုင်တယ်၊ ဒါပေမယ့် ကျွန်တော်တို့ လူအဖြစ်နဲ့ ဆက်တည်ရှိနေချင်သေးတယ်ဆိုရင် လမ်းက တစ်လမ်းတည်းပဲရှိတယ်။ အဲဒီလမ်းက ပွင့်လင်းလူ့အဖွဲ့အစည်း the open society ကိုသွားတဲ့ လမ်းပဲ။
ပေါ့ပ်ပါး

25.01.2013 နေ့ဖတ်ရန်သတင်များ

by Myanmar Journal on Thursday, January 24, 2013 at 2:26pm ·
ဆက်သွယ်ရေးဝန်ကြီးဟောင်းနဲ့ အရာရှိကြီးတချို့ စစ်ဆေးခံနေရ
မြန်မာနိုင်ငံမှာ မကြာသေးခင်ကမှ ရာထူးက အနားယူသွားတယ် လို့ ကြေညာခဲ့တဲ့ ဆက်သွယ်ရေးဝန်ကြီး ဦးသိန်းထွန်းအပါအ၀င် မြန်မာ ဆက်သွယ်ရေးဝန်ကြီးဌာနက အရာရှိကြီးတစ်ချို့ကို စုံစမ်းမှုတွေစတင်နေပြီလို့ နေပြည်တော်မှာရှိတဲ့ သမ္မတရဲ့ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က ဘီဘီစီ အတည်ပြုပြောပါတယ်။

အခုဆို (၁၃) နှစ် တိတိပြည့်ပြီ..

Myint Aung and 2 other friends shared Boon Myo Myo's photo.
ဒီနေ့ပဲ့ ၂၄ - ၁- ၂၀၀၀ တုန်းက God Army ရတ်ခ်ျဘူရီ ဆေးရုံကိုဝင်စီးသောနေ့...အခုဆို (၁၃)နှစ်တိတိပြည့်ပြီ...ဂျော်နီ(ခ)ဗေဒါ ဦးဆောင်သည့် မြန်မာကျောင်းသားတပ်(ABSDF)ဟောင်း ၅ ဦး.. ဘန်ကောက်မြန်မာသံရုံးကို ဝင်စီးပြီး စစ်အစိုးရအပေါ်ဖိအားပေးခဲ့တယ်.. ထိုင်းအစိုးရနဲ့ ဂျော်နီတို့အုပ်စု ညှိနှိုင်းပြီး ထိုင်း - မြန်မာနယ်စပ်မှာ ဟယ်ရီကော့ပတာနဲ့တင်ပြီး သွားလွှတ်လိုက်တယ်...(အဲဒီအချိန်က ဂျော်နီတို့အဖွဲ့နဲ့အတူ လိုက်ပါလာသူကတော့ လက်ရှိ ဘန်ကောက်မြို့တော်ဝန် ဆူခိုဖန် ဘောရိဖတ် အဲဒီအချိန်က နိုင်ငံခြားရေး ဒု-ဝန်ကြီး ဖြစ်တယ်)...အဲဒီမှာ မြန်မာစစ်တပ်က ဂျော်နီတို့ ခိုအောင်းတဲ့ KNU တပ်ရှိရာ တနင်္သာရီတိုင်း ပလောက်နယ်မြေကို အပြင်းထန်ထိုးစစ်ဆင်တယ်...KNU ကလည်း သံရုံးဝင်စီးတဲ့ကိစ္စမှာ ထိုင်းအစိုးရနဲ့ မျက်နှာမပျက်ရအောင် အဲဒီအဖွဲ့ကို သီးသန့် God Army ဆိုပြီးနာမည်ပေး...ခွဲထွက်စေခဲ့တယ်..မြန်မာအစိုးရတပ်တွေနဲ့ ပြင်းထန်တဲ့ တိုက်ပွဲကြောင့် ရဲဘော်ရဲဘက်တွေ၊ ဒေသခံကရင်တွေ ဒါဏ်ရာရသူ များပြားလာတော့ ကျောင်းသားအပါဝင် ကရင်တွေနဲ့ပူးပေါင်းနေတဲ့ God Army ဟာ ရတ်ခ်ျဘူရီဆေးရုံကိုဝင်စီးပြီး ဆရာဝန်တွေကို ခေါ်သွားဖို့ကြံပါတော့တယ်...နောက်ဆုံး ထိုင်းစစ်တပ်က မလှိမ့်တပတ်နဲ့ လက်နက်ချခိုင်းပြီးမှ (၁၀)ယောက်လုံးကို မျက်နှာအဝတ်စည်းပြီး ခေါင်းတွေကို သေနတ်နဲ့ပစ်သတ်လိုက်ပါတယ်...အစပထမတော့ တိုက်ပွဲဖြစ်ချင်ဟန်ဆောင်ပြီး ပစ်ခတ်ရင်းသေသွားတယ်လို့ သတင်းလွှင့်ပေမယ့် ဒီကိစ္စကို မခံမရပ်နိုင် ဖြစ်ရတဲ့ ထိုင်းစစ်သားတဦးက ဖြစ်ရပ်မှန်ကိုပြောပြလို့ သိရတာပါ...အလောင်းတွေကိုတောင် ပြောက်ကြားယူနီဖေါင်းတွေချွတ် ကိုယ်လုံးတီးနဲ့ဓာတ်ပုံရိုက်ပြီး သတင်းစာမှာတင်ခဲ့တယ်....God Army ရဲ့လုပ်ရပ်ဟာ မှန်တယ်လို့ မဆိုနိုင်ပေမယ့် ရဲဘော်ရဲဘက်တွေအတွက် အသက်ကိုစတေးပြီး အနစ်နာခံခဲ့တာ သိမှတ်ပြုဖွယ်အဖြစ် ကျန်ရစ်ခဲ့ပါတယ်...

ဒီနေ့ပဲ့ ၂၄ - ၁- ၂၀၀၀ တုန်းက God Army ရတ်ခ်ျဘူရီ ဆေးရုံကိုဝင်စီးသောနေ့...အခုဆို (၁၃) နှစ် တိတိပြည့်ပြီ...ဂျော်နီ(ခ)ဗေဒါ ဦးဆောင်သည့် မြန်မာကျောင်းသားတပ် (ABSDF)ဟာင်း ၅ ဦး.. ဘန်ကောက်မြန်မာသံရုံးကို ဝင်စီးပြီး စစ်အစိုးရအပေါ်ဖိအားပေးခဲ့တယ်..

မြန်မာအတိုက်အခံများ အစိုးရလုပ်ဖို့ အသင့်ဖြစ်ကြပြီလား (မောင်ဝံသ)

by Maung Wuntha on Tuesday, January 22, 2013 at 2:52am ·
ယခုအပတ်ထုတ် ပြည်သူ့ခေတ်ဂျာနယ်ပါ မောင်ဝံသ ပြောချင်လွန်းလို့ဆောင်းပါး။

သည်ဆောင်းပါးရဲ့ အရင်းခံ
သမ္မတကြီး ဦးသိန်းစိန်နဲ့ အင်တာဗျူးလုပ်ခွင့်ရခဲ့တဲ့ ဘေဂျင်းအခြေစိုက်  အရှေတောင်အာရှ သတင်းထောက် Hannah Beech ကို Times မဂဇင်းက ပြန်လည် အင်တာဗျူး လုပ်ထားတဲ့ ဆောင်းပါး ဇန်န၀ါရီလထဲမှာ ဖတ်လိုက်ရပါတယ်။ မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်လို့ အင်မတန် စိတ်ဝင်စားကောင်းတဲ့ သုံးသပ်ချက်တွေ အများကြီး ပါဝင်တဲ့ အင်တာဗျူးမို့လို့ နိုင်ငံရေး စိတ်ဝင်စားသူတွေ မလွတ်တမ်း ရှာဖွေ ဖတ်ရှုသင့်ပါတယ်။ ဂျာနယ် တချို့မှာလဲ မြန်မာပြန်ဖော်ပြခဲ့ကြပြီးပါပြီ။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၄-၁)

သစ်ထူးလွင်



Thursday, January 24, 2013

“လက်တွေ့ ဒုက္ခခံစားနေရတယ်ဆိုတာ ပြည်သူတွေအသိဆုံးဘဲ” (ကျော်ကိုကို)

Nay Zaw and 4 other friends shared Aungmyo Tun's photo.
“လက်တွေ့ ဒုက္ခခံစားနေရတယ်ဆိုတာ ပြည်သူတွေအသိဆုံးဘဲ”  (ကျော်ကိုကို)

တွေ့ တာက ဗကသ တစ်ခုတည်းမဟုတ်ဘူးဗျ။ အရပ်ဖက်လူ့ အဖွဲ့ အစည်း
စုစုပေါင်း ၈၉ ခုပေါ့။ အဖွဲ့ ဝင်တွေရော၊ ဖိတ်ကြားထားတဲ့မီဒီယာတွေရော
လူပေါင်း နှစ်ရာကျော်နဲ့ တွေ့ တယ်။ သမ္မတ က အဖွင့်မိန့် ခွန်းဆိုတဲ့ပုံစံမျိုး
ပြောတယ်။ အဲဒီထဲမှာ သူက ပူးပေါင်းဆောင်ရွက်ဖို့  လက်တွဲဖို့  ပြီးတော့
အဖွဲ့ အစည်းတွေအနေနဲ့  အသိအမှတ်ပြုခံရအောင် မှတ်ပုံတင်ဖို့ လိုတယ် ဆိုပြီး
သူကပြောတယ်။ တရားဥပဒေနဲ့ အညီ မှတ်ပုံတင်ရမယ်လို့  ပြောတယ်။
သူနဲ့ အတွေးအခေါ် အယူအဆ မတူတဲ့သူတွေလည်း ရှိနိုင်တယ်။
အဲဒီ အဖွဲ့ အစည်းတွေကို ထိပ်တိုက်ရင်ဆိုင်မှုမလုပ်ဘဲ ညှိနှိုင်းဆွေးနွေးတဲ့နည်းနဲ့ 
အဖြေရှာချင်တယ်။ ထိပ်တိုက်ရင်ဆိုင်လာခဲ့မယ် ဆိုရင်လည်း 
ဆိုးရွားတဲ့ရလဒ်တွေသာဖြစ်ပေါ်လာနိုင်မှာ ဆိုတဲ့ပုံစံမျိုးကို ပြောသွားတယ်ခင်ဗျ။

တုန့် ပြန်ပြောဆိုချက်ကို လုပ်ပိုင်ခွင့်မရှိဘူးခင်ဗျ။ ထောက်ခံပြောဆိုချက်တွေ
လုပ်မယ့်အဖွဲ့ အစည်းတွေကို လမ်းဖွင့်ပေးတယ်။ တုန့် ပြန်မယ် ဝေဖန်မယ်
ဆိုတဲ့အမြင်ရှိတဲ့သူတွေကိုကျတော့ ပြောခွင့်မပြုဘူးခင်ဗျ။ အဲဒါကတော့
သိသိသာသာကြီးကိုလုပ်လိုက်တဲ့လုပ်ရပ်တစ်ခုလို့  ကျွန်တော်တို့ မြင်တယ်။
ဝေဖန်ဆွေးနွေးလိုတဲ့လူတွေအကုန်လုံးကိုစာရင်းပေးကြပါလို့ ကျွန်တော်တို့ ကို 
ပထမ အစီအစဉ်တစ်ခုထဲမှာ ထည့်ထားတယ်။ အဲဒီအစီအစဉ်ကို ကျွန်တော်တို့  
စာရင်းပေးသွင်းတယ်။ စာရင်းပေးတော့ ပထမပိုင်းမှာစောပြီး စာရင်းပေးသွင်းတဲ့
သူတွေထဲက ဝေဖန်မယ့်အလားအလာရှိတဲ့သူတွေကို ပယ်ချထားပြီးတော့ 
ထောက်ခံပြောကြားမယ့်သူတွေကျတော့ အလှည့်ကျော်ပြီး ခေါ်ယူသွားတာ
တွေ့ ရတယ်။ ပြီးတော့မှ အချိန်အကန့် အသတ်အရ ထပ်မံဆွေးနွေးမယ့်သူများက 
နောက်တစ်ခါ အခုလိုအခမ်းအနားလုပ်မှာဘဲ ဆွေးနွေးကြပါဆိုပြီး 
ဖြတ်ချလိုက်တာတွေ့ ရတယ်။ 

အခြားအဖွဲ့ အစည်းတွေက ကျွန်တော်တို့ နဲ့ သဘောသဘာဝချင်း၊ သမိုင်း
အစဉ်အလာချင်း မတူညီတဲ့အဖွဲ့ အစည်းတွေဖြစ်တဲ့အတွက်
သူတို့ ရဲ့ ဆွးနွေးမှုတွေအပေါ်မှာတော ထွေထွေထူးထူး မပြောလိုဘူး။ 
ဒါပေမယ့် အင်မတန်မှ အစိုးရကိုလိုလားတဲ့ အဖွဲ့ အစည်းတချို့ ကတာ့ 
လွန်လွန်ကျူးကျူး ချီးမြှောက်ပြောဆိုသွားတာကို ကျွန်တော်တို့ ကြားရတယ်။ 
သူတို့ ပြောသလောက် အခြေအနေတွေက တိုးတက်ပြောင်းလဲနေတာ မဟုတ်ဘူး။ 
လက်တွေ့ ဒုက္ခခံစားနေရတယ်ဆိုတာ ပြည်သူတွေအသိဆုံးဘဲ။ အဲဒါတော့
ဝေဖန်ချင်တယ်။ ကျွန်တော်တို့  ဗကသ အနေနဲ့ ကတော့ သူတို့ နဲ့ အမြင်ချင်းလည်း
တူမှာ မဟုတ်ဘူး။ သမိုင်းအစဉ်အလာအရလည်း လွတ်လပ်စွာဖွဲ့ စည်းပိုင်ခွင့်ရှိတဲ့
အဖွဲ့ အစည်းတစ်ခုလို့ ယူဆတဲ့အတွက် မှတ်ပုံတင်စရာမလိုဘူးလို့ ဘဲ
ပြောချင်ပါတယ်။

ကျွန်တော်တို့ အနေနဲ့ ဒါကိုပြန်လည်သုံးသပ်ဖို့ လိုအပ်အပ်တယ်၊ နိုင်ငံရေး
အခင်းအကျင်းကို သုံးသပ်မှာ။ ဒါဟာ ဘာသဘောနဲ့  ကျွန်တော်တို့ ကို 
အခုလိုမျိုး သွေးတိုးစမ်းလာသလဲ။ အခြားအဖွဲ့ အစည်းတွေရဲ့ ရပ်တည်မှုနဲ့  
ကျွန်တော်တို့ ရပ်တည်မှုကြားထဲမှာ ကွာဟချက်တွေရှိတယ်။
အလုပ်သမားသမဂ္ဂ လယ်သမားသမဂ္ဂတွေနဲ့  ကျွန်တော်တို့ ကြားမှာ
ညီညွတ်ရေးကိုဘယ်လိုတည်ဆောက်မလဲ။ ဒါတွေကို ပြန်သုံးသပ်ဖို့ လိုမယ်။
ကျွန်တော်တို့ ကတော့ မှတ်ပုံတင်ရေး မတင်ရေးကို ဆုံးဖြတ်စရာလည်း
မလိုဘူး၊ သုံးသပ်စရာလည်းမလိုဘူး။ ဒီ “မူ” အပေါ်မှာဘဲ ကျွန်တော်တို့ 
ညီညွတ်စွာရပ်တည်နေမယ်လို့  ပြောချင်တယ်။

(သမ္မတဦးသိန်းစိန်နှင့် အရပ်ဖက်လူ့ အဖွဲ့ အစည်းများ တွေ့ ဆုံပွဲအပေါ်
ဗကသ ဥက္ကဌ ကျော်ကိုကို၏ အမြင်သဘောထား)

တွေ့ တာက ဗကသ တစ်ခုတည်းမဟုတ်ဘူးဗျ။ အရပ်ဖက်လူ့ အဖွဲ့ အစည်း
စုစုပေါင်း ၈၉ ခုပေါ့။ အဖွဲ့ ဝင်တွေရော၊ ဖိတ်ကြားထားတဲ့မီဒီယာတွေရော
လူပေါင်း နှစ်ရာကျော်နဲ့ တွေ့ တယ်။ သမ္မတ က အဖွင့်မိန့် ခွန်းဆိုတဲ့ပုံစံမျိုး
ပြောတယ်။ အဲဒီထဲမှာ သူက ပူးပေါင်းဆောင်ရွက်ဖို့  လက်တွဲဖို့  ပြီးတော့
အဖွဲ့ အစည်းတွေအနေနဲ့  အသိအမှတ်ပြုခံရအောင် မှတ်ပုံတင်ဖို့ လိုတယ်
Related Posts Plugin for WordPress, Blogger...