Friday, May 31, 2013
ဒေါ်လာဈေး ဘယ်လဲ _ မောင်မွှေး _ မြ၀တီ
by Mdy Boy (Notes) on Thursday, May 30, 2013 at 4:43pm
မေလအတွင်း နေ့စဉ် ဒေါ်လာ ဈေးနှုန်းများ တရိပ်ရိပ် တက်လာ နေမှုများကြောင့် မေလ တတိယပတ် အတွင်း အခြေခံ ကုန်ဈေးနှုန်းများလည်း တဖြည်းဖြည်း တက်လာသည် ကိုလည်း တွေ့ရှိ လာရပါသည်။
.
ကျွန်တော်သည် စီးပွားရေး လုပ်ငန်းရှင် တစ်ဦး မဟုတ်သကဲ့သို့ စီးပွားရေး ပညာရှင် တစ်ဦးလည်း မဟုတ်ပါ၊ သာမန်ပြည်သူတစ်ဦီးသာဖြစ်ပါသည်။ သို့ဖြစ်ရာ သာမန်ပြည်သူ တစ်ဦးအပေါ် ရိုက်ခတ် လာသော ကုန်ဈေးနှုန်း များကြောင့် ဒေါ်လာဈေး တက်လာမှု အပေါ် စိတ်ဝင်စားမိ ပါတော့သည်။ လက်လှမ်းမီသမျှ ဖတ်ရှု လေ့လာ ကြည့်ရာတွင် အောက်ပါအတိုင်း တွေ့ရှိ ရပါသည်။
၁၆ ရက် ၁၇ ရက်နေ့ မေလ ၂၀၁၃ (ပန်ဆန်း-မိုင်းပေါက်) အပိုင်း (၅)
by Ucs Jugger (Notes) on Tuesday, May 28, 2013 at 11:35am
    ပန်ဆန်းဈေးတွင်း
                  ပန်ဆန်းမှာ မနက်စောစော(၆) နာရီထ ပန်ဆန်းမြို့ ဈေးထဲကိုပတ်ပါတယ်… ဈေးထဲ မှာ ဈေးရောင်းသူအများစုဟာ တရုတ်နဲ့ ရှမ်းတွေပဲများပါတယ်… ပန်ဆန်းမှာ ဈေးရောင်းတဲ့ရှမ်းအများစုကတော့ တောင်အောက် “ရှမ်း” (တိုင်းတဲ့)တွေများပါတယ်… ဈေးထဲ မှာ တိုင်းတဲ့ရှမ်းတွေရောင်းတဲ့ ရှမ်းခေါက်ဆွဲဆိုင်မှာစားပါတယ်…
သစ်ထူးလွင် သတင်းစုစည်းမှု (၃၀-၅)
သစ်ထူးလွင်
Thursday, May 30, 2013
မြန်မာနိုင်ငံအနောက်ပိုင်းမှာ တရုတ်စွမ်းအင်ကုမ္ပဏီ ၆ လုံး တည်ဆောက်ပြီးစီး
မြန်မာနိုင်ငံအနောက်ပိုင်းမှာ တရုတ်စွမ်းအင်ကုမ္ပဏီ ၆လုံး တည်ဆောက်ပြီးစီး
=======================================
မြန်မာနိုင်ငံအနောက်ပိုင်း ကမ်းလွန်ပင်လယ်ပြင်က ကျွန်းတစ်ကျွန်းမှာ တရုတ်အစိုးရပိုင် စွမ်းအင်ကုမ္ပဏီဖြစ်တဲ့ CNPC ကုမ္ပဏီက ရေနံသိုလှောင်ကုန် ၆ လုံးတည်ဆောက်ပြီးသွားပြီဖြစ်ပြီး အဲဒီသိုလှောင်ကန်တွေကနေ တရုတ်ပြည်ကို သွယ်တန်းမယ့် ပိုက်လိုင်း ၁ ခုဟာလည်း လာမယ့် ၆ လအတွင်းမှာ ပြီးစီးမှာဖြစ်တယ်လို့ သိရပါတယ်။
ဒီလိုတည်ဆောက်ပြီးစီးမှုကြောင့် တရုတ်နိုင်ငံကို ရေနံတင်ပို့တဲ့ သင်္ဘောတွေအနေနဲ့ ကမ္ဘာပေါ်မှာ သင်္ဘောအသွားအလာ အထူထပ်ဆုံးရေကြောင်းတွေထဲက တစ်ခုဖြစ်တဲ့ မလက္ကာ ရေလက်ကြားကို ဖြတ်ပြီး သွားစရာမလိုတော့ပဲ မြန်မာနိုင်ငံ အနောက်ကမ်းလွန် မဒေးကျွန်းကတဆင့် ရေနံတွေကို တင်ပို့နိုင်တော့မှာ ဖြစ်ပါတယ်။
ဒီကျွန်းကနေ တစ်ရက်ကို ရေနံစိမ်းပေပါ ၄၄၀,၀၀၀ နဲ့ သဘာဝဓါတ်ငွေ့ ကုဗမီတာ သန်းပေါင်း ၁၂,၀၀၀ ကို တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်ကို တိုက်ရိုက်တင်ပို့နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။
ရေနံပိုက်လိုင်းကနေတင်ပို့မှုကို လာမယ့် ၂၀၁၄ ခုနှစ်မှာ စတင်လည်ပတ်မှာဖြစ်ပြီး သဘာဝဓါတ်ငွေ့တင်ပို့မှုကတော့ မေလကုန်မှာစတင်လည်ပတ်နိုင်ဖို့ စီစဉ်ထားခဲ့တယ်လို့ CNPC က ပြောပါတယ်။
တရုတ်ကုမ္ပဏီအနေနဲ့ ရေနံစိမ်း ကုဗမီတာ ၁ သိန်းဆံ့တဲ့ သိုလှောင်ကန် ၆ ကန်ကို တည်ဆောက်ပြီးခဲ့တာဖြစ်ပြီး နောက်ထပ်ပြီး အလားတူ သိုလှောင်ကန် ၆ ကန် ဆက်ပြီးဆောက်သွားဦးမှာဖြစ်တယ်လို့ ဆိုပါတယ်။
မဒေးကျွန်းမှာ ရေနက်ဆိပ်ကမ်းတည်ဆောက်မှုကြောင့် မြေယာတွေ ဆုံးရှုံးရတဲ့အတွက် ကျွန်းပေါ်မှာ နေထိုင်တဲ့ ဒေသခံတွေဖက်က တည်ဆောက်မှုစီမံကိန်းတွေနဲ့ ပတ်သက်ပြီး ကန့်ကွက်ဆန္ဒပြမှုတွေ ရှိနေခဲ့ပါတယ်။
ရေနံထုတ်လုပ်မှုတခုကို ရုပ်မြင်သံကြားကနေတွေ့ရစဉ်
Ref: ABC Radio Australia
မြန်မာနိုင်ငံအနောက်ပိုင်း ကမ်းလွန်ပင်လယ်ပြင်က ကျွန်းတစ်ကျွန်းမှာ တရုတ်အစိုးရပိုင် စွမ်းအင် ကုမ္ပဏီဖြစ်တဲ့ CNPC ကုမ္ပဏီက ရေနံသိုလှောင်ကုန် ၆ လုံးတည်ဆောက်ပြီးသွားပြီဖြစ်ပြီး အဲဒီ သိုလှောင်ကန်တွေကနေ တရုတ်ပြည်ကို သွယ်တန်းမယ့် ပိုက်လိုင်း ၁ ခုဟာလည်း လာမယ့် ၆ လ အတွင်းမှာ ပြီးစီးမှာဖြစ်တယ်လို့ သိရပါတယ်။
၁၅ ရက်နေ့ မေလ ၂၀၁၃ (မိုင်းမော-ပန်ဆန်း) အပိုင်း (၄)
by Ucs Jugger (Notes) on Tuesday, May 28, 2013 at 11:05am
                   မနက်အိပ်ရာကထ တည်းခိုခန်းခ ယွမ်(၄၀) ရှင်းပြီး ပန်ဆန်းသွားဖို့ ကားဂိတ်ရှိရာ မိုင်းမော အလယ်တန်းကျောင်းနားကို သုံးဘီးတက္ကစီငှားပြီး ထွက်လာခဲ့ပါတယ်… အလယ်တန်းကျောင်းမှာ မြန်မာဘာသာနဲ့ ရေးသားထားတဲ့ ပညာမြင့်မှာ လူမျိုးတင့်မည်ဆိုတဲ့ ဆောင်ပုဒ် ဆိုင်းဘုတ်ကိုလည်း တွေ့ခဲ့ရပါသေးတယ်…
သစ်ထူးလွင် သတင်းစုစည်းမှု (၂၉-၅)
သစ်ထူးလွင်
Wednesday, May 29, 2013
၁၄ ရက်နေ့ မေလ ၂၀၁၃ (ချန်ယန်-မိုင်းမော) အပိုင်း (၃)
by Ucs Jugger (Notes) on Sunday, May 26, 2013 at 2:06pm
                 မနက် (၇)နာရီမှာ အသင့်ပါဘဲ… မိန်းမော(မိုင်းမော) (တရုတ်အခေါ် ရှင်တိဖန်း) (အထူးဒေသ ၂) ကိုသွားဖို့ Super Custom ပုံစံတရုတ်ကားလာကြိုပါတယ်… “၀”လူမျိုး ကားဆရာတစ်ယောက်မောင်းပါတယ်… ရှမ်းစကားလည်းတတ်ပါတယ်…
သစ်ထူးလွင် သတင်းစုစည်းမှု (၂၈-၅)
သစ်ထူးလွင်
Tuesday, May 28, 2013
တိုင်းရင်းသား အရေးကို Low politics views ဖြင့် ချဉ်းကပ်မိခြင်း
by Ko Htike (Notes) on Monday, May 27, 2013 at 2:35pm
တိုင်းရင်းသားဒေသတွေနဲ့ တိုင်းရင်းသား ကိစ္စတွေ ပြောဆိုကြရာမှာ "စိုးမိုးစကားလုံး" တွေက ... "အပစ်အခက် ရပ်စဲရေး" ..."ငြိမ်းချမ်းရေး" ... "အမျိုးသား ပြန်လည်သင့်မြတ်ရေး (သို့) အမျိုးသား ရင်ကြားစေ့ရေး" ... စတဲ့ စကားလုံးတွေ ဖြစ်ပြီး ... အခု နောက်ဆုံး ကြားလာရတဲ့ စကားကတော့ ... "တိုင်းရင်းသားအရေးကို နိုင်ငံရေး စားပွဲဝိုင်းမှာ ဖြေရှင်းရေး (သို့) တိုင်းရင်းသား ပြဿနာကို နိုင်ငံရေးနည်း အရ ဖြေရှင်းရေး" ... ဆိုတာဖြစ်လာပါတယ်။
ဒေါ်စု စေတနာကို ကြည့်တတ် မြင်တတ်ရင်ကျေးဇူးတင်မှာပါ
ဘိုဘိုကျော်ငြိမ်း | ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာလ ၀၅ ရက် ၂၀၁၁ ခုနှစ် ၁၄ နာရီ ၀၂ မိနစ်
ရာဇဝင်ဘီး တပတ်ပြန်လည်သည်လား
မြန်မာပြည်ခေတ်သစ် ရာဇဝင်မှာ ဗိုလ်ချုပ်အောင်ဆန်းကို မှီသည့်လူ တဦးတယောက်မှ မရှိပါ။ ငယ်ရွယ်စဉ် နိုင်ငံရေး သမားပေါက်စဘဝမှာ အင်္ဂလိပ်ကို လက်နက်ကိုင် တိုက်မှရမည်ဟု သန္နိဋ္ဌာန်ချခဲ့စဉ်က ဂျပန်တွေဆီမှ စစ်ရေး ပညာသင်ကာ ရဲဘော်သုံးကျိပ်ကို ဦးဆောင်ခဲ့သည်။ ဂျပန်ကို လက်နက်ကိုင်တော်လှန်ရမည့် အချိန်မှာ မကြောက်မရွံ့တော်လှန်ရေးကို ဦးဆောင်ခဲ့သည်။ 
မြန်မာနိုင်ငံနှင့် ပြည်သူများသည် အင်္ဂလိပ်နှင့် ဂျပန်စစ်တပ်တို့အကြား ကြေမွအောင် အဖျက်စီးခံ၊ အနှိပ်အစက်ခံ ခဲ့ကြရသည်။ စစ်ဦးဘီးလူး ဆိုသလိုဂျပန်တွေ အတက်မှာ စစ်နိုင်ရေး သက်သက်အတွက် ဗုံးမိုးရွာခဲ့ကြသည်။ အင်္ဂလိပ်တွေက ရှိသမျှအားလုံး မီးရှို့ပြီး ဆုတ်ခွာသွားကြသည်။ မြေဇာပင်အဖြစ် ထီးထီး ပျက်စီးကျန်ရစ်ခဲ့တာကမြန်မာပြည် မြို့အသီးသီး။
၁၃ ရက်နေ့ မေလ ၂၀၁၃ (ဟိုပန်-ချင်းရွှေဟော်-မိန်းတင်-ချန်ယန်) အပိုင်း (၂)
by Ucs Jugger (Notes) on Sunday, May 26, 2013 at 12:06pm
              ယနေ့ မနက်တော့ စောစောထရသဗျ  မနက် (၄) နာရီခွဲပဲရှိသေးတယ်ထရပြီဗျ…
ပြင်ဆင်မှုတွေလည်းပြီးရော ဆိုင်ကယ်တက္ကစီဌားပါတယ်…  နမ့်တစ်ကို သွားရမှာကို ဆိုင်ကယ် တက္ကစီသမားက မလိုက်ရဲဘူးဗျ “၀” ဂိတ်မဖွင့်သေးလို့ဆိုပြီး နမ့်တစ်ဘက်ကသွားတဲ့ အစီအစဉ် ကိုဖြတ်လိုက်ရတယ်ဗျ…
သစ်ထူးလွင် သတင်းစုစည်းမှု (၂၇-၅)
သစ်ထူးလွင်
Monday, May 27, 2013
၈၈-ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်၏ ကမ္ဘာကျော်သောမိန့် ခွန်း
အမေရိကပြည်ထောင်စု နယူးယောက်မြို့ ကို ရောက်ရှိလာတဲ့  -၈၈-ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်နဲ့  ကိုကိုကြီးတို့ ဟာ မေလ-၂၅-၂၀၁၃-ခုနှစ်မှာ နယူးယောက်တက္ကသိုလ်ခန်းမ၌ မြန်မာမိသားစုများနဲ့  လူထုတွေ့ ဆုံပွဲကို ကျင်းပခဲ့ ပါတယ် ။ အဲဒီတွေ့ ဆုံပွဲမှာ ဟောပြောပွဲအပြီး မေးမြန်းခန်းကို စတင်ရာမှာ မူဆလင်ဘာသာဝင်တဦးက အိမ်ရှင်ဆိုတဲ့  စကား ဧည့်သည်ဆိုတဲ့ စကားကို စတင်မေးမြန်းပြီး နိုင်ငံသားဖြစ်သူများအကြောင်းနဲ့  မေးမြန်းတာကို -၈၈-ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်က အခုလို ပြတ်ပြတ်သားသားဘဲ သူ့ ရဲ့  ရပ်တည်ချက်ကို ခိုင်မာစွာ ထုတ်ဖေါ်ကြေညာသွားပါတယ် ။ ၈၈-ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်ရဲ့  ကမ္ဘာကျော်သောမိန့် ခွန်းအဖြစ် တင်ဆက်ပေးလိုက်ပါတယ် ။
၁၁ ရက် ၁၂ရက်နေ့ မေလ ၂၀၁၃ (မန္တလေး-လားရှိုး-ဟိုပန်) အပိုင်း (၁)
by Ucs Jugger (Notes) on Sunday, May 26, 2013 at 10:57am
            မျက်လုံးဖွင့်ကြည့်လိုက်တော့ နေတောင်အတော်မြင့်နေပီပဲ…
 အိပ်ရာဘေးက ဖုန်းကိုဖွင့်ကြည့်လိုက်တယ်…  နေ့လယ် ၁၁ တောင်ခွဲပါပေါ့လား…
 ညက ဂိမ်းဆိုင်သွားပြီး အပြန် ၄၁လမ်း၊ ၈၁လမ်း က ကောင်းဟိန်း လက်ဖက်ရည်ဆိုင် ဘော်ဒါတွေနဲ့ စကားပြောရင်း မိုးလင်းချင်ချင် မနက် ၂နာရီခွဲမှ ပြန်ရောက်တာကိုး… ဒါနဲ့ ဒီနေ့ခရီးရှည်စသွားရမယ့်နေ့ပဲ… အောင်းအိပ်လို့ကလည်း မဖြစ်တော့တာနဲ့ အိပ်ရာက လူးလဲထ ရေမိုးချိုး ထမင်းစားပြီး ကားလက်မှတ်သွားဝယ်ပါတယ်…
            ဒီနေ့ နေကလည်းပူဆိုတော့ နီးနီးနားနား ကားလက်မှတ်အရောင်းဆိုင်ကို စဉ်းစားကြည့်တော့ လမ်း၄၀၊ ၈၃လမ်းက (၁၁၁) လက်မှတ်အရောင်းဌာနခွဲကို ရောက်သွားပါတယ်… ကံဆိုးချင်တာလား၊ ကုသိုလ်ရချင်တာလားတော့ မပြောတတ်ဘူးဗျ…
Federalism Lecture (စာရေးဆရာကျော်ဝင်း)
သစ်ထူးလွင် သတင်းစုစည်းမှု (၂၆-၅)
သစ်ထူးလွင်
Sunday, May 26, 2013
မြန်မာပညာရေး... ကမ္ဘာကိုလွှမ်းစေရမည်
Seaman Nayminthu and Kyaw Thurein shared ဥယျာဉ် မှူး's photo.
မြန်မာပညာရေး... ကမ္ဘာကိုလွှမ်းစေရမည်
*****************************
ကျွန်တော်တစ်နေ့က ဖေ့ဘွတ်မှာတွေ့မိတဲ့စာလေးတစ်ခုပါ။  “ဘာပြင်စရာလိုလို့လဲ။ လက်ရှိပညာရေးစနစ်ကကောင်းနေတာပဲလို့ ”  ၀ါဒဖြန့်ဝဘ်ဆိုဒ်တစ်ခုမှာမြင်မိလိုက်ပါတယ်။ သြော်... ဘယ်လိုအတွေးနဲ့များပြောပါလိမ့်လို့ တွေဝေသွားတယ်။ ရေးတဲ့လူရဲ့ မြန်မာတွေအပေါ်မှာထားတဲ့ စေတနာအပေါ်မှာလည်း တော်တော်ကို အထင်သေးစရာကောင်းလှပါတယ်။ (စာကြွင်း)
ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိပညာရေးစနစ်မှာ လိုအပ်ချက်တွေ များစွာရှိပါတယ်။ ယခင်စစ်အစိုးရလက်ထက်မှာ မြန်မာ့ပညာရေးတွေ အတော်ကိုနိမ့်ကျစုတ်ပြတ်သတ်ခဲ့ရပါတယ်။ 
ငွေရှိရင် ဘွဲရ၊ ငွေပေးရင်အောင်...။ ငွေရှိရင်မေးခွန်းရ... ဒီလိုစနစ်မျိုးနဲ့ ပြည်သူလူထုများစွာ ဘွဲရသော်လည်း ပညာမရှိဖြစ်ခဲ့ရပါတယ်။ အဲ့ဒါကြောင့် မြန်မာပြည်သူလူထုအတော်များများ အခြေခံလူတန်းစားများ မိမိသားသမီးကို ပညာတတ်စေချင်သော်လည်း ပညာတွေတတ်မလာဘဲ  ဘွဲ့လက်မှတ်သာကိုင်ပြီး အိမ်မှာငုတ်တုပ်ထိုင်နေရတာတွေ၊ ဆိုက်ကားနင်း၊ အလုပ်ကြမ်းနေ့စားလုပ်သား ဘ၀မျိုးနှင့် သံသရာလည်ခဲ့ရပါတယ်။ အရည်ချင်းမမှီလို့ အိမ်မှာငုပ်တုပ်ထိုင်နဲ့ ဘွဲ့ရတွေအများစုကို စစ်အစိုးရက မွေးထုတ်ပေးနိုင်ခဲ့ပါတယ်။ ကောင်းသောရလဒ်မဟုတ်ပါ။
လက်ရှိမြန်မာ့ပညာရေးစနစ် ချွတ်ခြုံကျခဲ့ရသည်တွင် ဆင်းရဲသားလူတန်းစား များစွာပေါ်ထွက်စေခဲ့ပါသည်။ အလုပ်လက်မဲ့နှုန်း မြင့်တက်လာစေခဲ့သလို နိုင်ငံရပ်ခြား အထင်ကြီးမှု 
တိုင်းတစ်ပါး ယဉ်ကျေးမှု ဖုံးလွှမ်းလာခဲ့ပါတယ်။ လူငယ်တွေရဲ့ေ၀၀ါးတဲ့ပညာရေးစနစ်မှာ IQ EQ မြင့်တက်လာမှုနှုန်း နိုင်ငံတကာနဲ့ စံမမှီဖြစ်ခဲ့ရပါတယ်။ ဒီနေရာမှာကျွန်တော့်မိတ်ဆွေ English speaking ဆရာတစ်ယောက် ပြောပြတာလေးပါ။ ၀န်ကြီးဌာနတစ်ခုကလူကွာတဲ့။ အင်္ဂလိပ်စကားမပြောတတ်လို့ 
ငါ့ဆီနားပူနားဆာတိုက်ပြီး အမြန်အလွယ်နည်းတွေလာသင်ခိုင်းတယ်။ ၀န်ကြီးဌာနတစ်ခုကသူလိုလူကို ဘယ်လိုခန့်လိုက်တယ် ငါစဉ်းစားလို့မရဘူးလို့ ပြောပါတယ်။ မီးနင်းတွေတောင် အခုမှပြန်သင်ရတာ ဘယ်လိုလုပ်လွယ်မှာလဲဆိုပြီး၊ ဂရမ်မာလည်း သေချာမသိ။ V1... V2 တောင်ခုမှသူသိတာ။ အမြန်သင်ပေးပါဆိုတော့ ဘယ်လိုသင်ပေးရမှန်း ငါမသိတော့ဘူးလို့ ပြောပါတယ်။ မြန်မာမိသားစုဝင်တွေ တစ်ပွဲထိုးတွေ များလာသလားတောင်ထင်မိပါတယ်။
လက်ရှိမြန်မာ့ပညာရေးစနစ်ကို ဝေဖန်ကြည့်ရင် အဆင့်မြင့်ပညာသင်ကြားနိုင်သူတွေ သာမန်ဆင်းရဲသားတွေမသင်နိုင်ပါဘူး။ ပုဂ္ဂလိကကျောင်းတွေမှာ လူချမ်းသာတွေသာငွေကြေးအလုံးအရင်းနဲ့ ပညာသင်ကြားနိုင်သူတွေသာရှိပါတယ်။ ILBC TTCလိုနေရာမျိုးတွေ သာမန်ဆင်းရဲသားတွေ မော်တောင်မကြည့်ဝံ့ပါ။ သိန်းဂဏန်းတွေ သာမန်လက်လုပ်လက်စားတွေမတက်နိုင်ပါ။ လူချမ်းသာသားသမီးတွေသာ တက်နိုင်ပါတယ်။ ဒီနေရာမှာ Balance မျှကြည့်ရင် Human Resources ရှားပါးမှုပြသနာဟာ မြန်မာ့ပညာရေးစနစ်နဲ့ လုံးဝသက်ဆိုင်နေတာ လူတိုင်းရိပ်မိကြမယ်ထင်ပါတယ်။ ဒါကို develop လုပ်ဖို့ လိုအပ်လာတာတွေရပါတယ်။ ဟုတ်ပြီ... develop လုပ်ဖို့ ဆရာဆရာမတွေသင်ကြားနေတဲ့ သင်ရိုးညွှန်းတမ်းတွေ... တကယ်လက်တွေ့ ပြည်တွင်းမှာကော ပြည်ပရောက်လည်း အသုံးချလို့ရတဲ့ ပညာရေးစနစ်တစ်ခုဖြစ်စေချင်ပါတယ်။ ဘွဲ့ရဘွဲ့ရနဲ့ အထင်တွေစွတ်ကြီး... ဖလော်တောင်မသိတဲ့ ကလေးငယ်တွေပေါလာတယ်။ ပြည်တွင်းမှာတော့ ဘွဲ့ရ တစ်ခြားနိုင်ငံရောက်သုံးစားမရစနစ် ရှိတော့မရှိသင့်တော့ပါဘူး။ မြန်မာပြည်မှာ ဘွဲ့ရ၊ နိုင်ငံခြားရောက်ကြမ်းတိုက်၊ ခြံစောင်လုပ်၊ကိုင်းခုပ်၊ မွေးမြူရေးချီးကျုံး မဖြစ်သင့်တော့ပါ။  မြန်မာပြည်အတွက် တကယ်အားကိုးအားထားပြုရမဲ့ အနာဂတ်ကလေးငယ်တွေဆီက  Human Resources ရှားပါးလာတာမျိုး မဖြစ်သင့်တော့ပါ။ 
ဒါ့ကြောင့် မြန်မာ့ပညာရေးစနစ်ဟာ ဗိုလ်ချုပ်တို့ ဦးသန့်တို့ ခေတ်ကလို မြင်တက်လာဖို့ လိုပါကြောင်း။ 
ငွေကြေးတက်နိုင်မှ ပညာတွေတန်းစီတက်မယ်မယ်ဆိုတဲ့စနစ် မရှိသင့်ပါ။ မြန်မာအစိုးရအနေနဲ့  Human Resources လိုချင်ရင် မြန်မာ့ပညာရေးစနစ်ကို အကြီးမားဆုံးပြောင်းလဲဖို့လိုပါတယ်။အခြေခံပညာကျောင်းများ၊ အလယ်တန်းအထက်တန်းကျောင်းတွေမှာလည်း ပညာရေးအသုံးစရိတ် 
ပေါများစွာအသုံးပြုသင့်ပါကြောင်း။ ငွေရှိမှ၊ သုံးနိုင်မှ ပညာတတ်ဖြစ်မယ်ဆိုရင် မြန်မာပြည်ဟာ ဆင်းရဲသားအများစုနေထိုင်တဲ့အတွက် ပညာတတ်ဦးရေဟာ လွန်စွာနည်းပါနေပါလိမ့်မယ်။ 
ဥယျဉ်မှူး
၂၄.၅.၂၀၁၃
အပြုသဘောဝေဖန်ခြင်းဖြစ်သည်။
ကြိုက်သလိုကွဲလွဲခွင့်ရှိပါသည်။
ကျွန်တော်တစ်နေ့က ဖေ့ဘွတ်မှာတွေ့မိတဲ့စာလေးတစ်ခုပါ။ “ဘာပြင်စရာလိုလို့လဲ။ လက်ရှိပညာရေးစနစ်ကကောင်းနေတာပဲလို့ ” ၀ါဒဖြန့်ဝဘ်ဆိုဒ်တစ်ခုမှာမြင်မိလိုက်ပါတယ်။ သြော်... ဘယ်လိုအတွေးနဲ့များပြောပါလိမ့်လို့ တွေဝေသွားတယ်။ ရေးတဲ့လူရဲ့ မြန်မာတွေအပေါ်မှာထားတဲ့ စေတနာ
အပေါ်မှာလည်း တော်တော်ကို အထင်သေးစရာကောင်းလှပါတယ်။ (စာကြွင်း)
သစ်ထူးလွင် သတင်းစုစည်းမှု (၂၅-၅)
သစ်ထူးလွင်
Saturday, May 25, 2013
ဖွဲ့ စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအပေါ်အကြံပြုတင်ပြခြင်း
Seaman Nayminthu was tagged in Peace Man's photo. — with Zegyo Mandalay and 17 others.
ဖွဲ့ စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအပေါ်အကြံပြုတင်ပြခြင်း
========================================
ဖွဲ့ စည်းပုံအခြေခံဥပဒေကိုပြင်ကြမယ်ဆိုဘာတွေပြင်ကြမှာလည်း?
၁။ ကျနော့်အမြင်ကတော့-
ဒေါ်စုသမ္မတဖြစ်ရေးလည်းမဟုပ်ဘူး။
၂၅%ကိုပြင်ဘို့ လည်းလက်ရှိအခြေအနေအရမပြင်သင့်သေးဘူး။
တကယ်မဖြစ်မနေပြင်သင့်တာက
နောင်ဖြစ်လာမဲ့ အစိုးရအဆက်ဆက်နဲ့ လွှတ်တော်၃ရပ်အတွင်းမှာ
တစ်ပါတီတည်းက အင်အားအလုံးအရင်းဖြင့်လွှမ်းမိုးချူပ်ကိုင်သွားစေမည့်
အချက်အလက်အချို့ နဲ့ ပြည်ထောင်စုကြီးထာဝစဉ်တည်မြဲရေးအတွက်
တိုင်းရင်းသားပေါင်းစုံမှအကျေအလည်သဘောတူလက်ခံသောစစ်မှန်သည့်
ဖက်ဒရယ်ပြည်ထောင်စုကြီး ငြိမ်းချမ်းစွာပေါ်ပေါက်လာရေးတို့ ကိုသာဦးစားပေး
ပြင်ဆင်သင့်သည်ဟုယုံကြည်မိပါသည်။
၂။ ၎င်းအချက်များကိုပြင်ဆင်ပြီး၍ ပြည်ထောင်စုမပြိုကွဲရေးနှင့်အချူပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး
တို့ အတွက် တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးကကျေကျေနပ်နပ်သဘောတူထောက်ခံမှုများ
ရရှိပြီးသည့်အချိန်မှသာဒေါ်စုသမ္မတဖြစ်ရေးနှင့်၂၅%ကိုလျှော့ချရေးတို့ ကိုဆက်လက်ပြင်ဆင်ခြင်း
သည်သာတိုင်းပြည်တည်ငြိမ်ရေးနှင့်ဖွံ့ ဖြိုးတိုးတက်ရေး၊တိုင်းရင်းသာည်းလုံးညီညွတ်မှုမပြိုကွဲရေး
တို့ အတွက်အာမခံချက်ရရှိနိုင်မည်ဟုယုံကြည်မိပါသည်။
၃။ မဖြစ်မနေဒေါ်စုကိုသမ္မတဖြစ်ရေးကန့် သတ်ထားသောအချက်အလက်များကိုပြင်ဆင်မည်ဆိုပါ
ကလည်း၂၅%ကို လျှော့ချရေးကိုတော့ တိုင်းရင်းသားများနှင့်နှစ်ဘက်ယုံကြည်မှုခိုင်မာစွာတည်
ဆောက်နိုင်သည့်နိုင်ငံရေးအခင်းအကျင်းတစ်ခုကိုဖန်တီးနိုင်သည့်အချိန်မှသာပြင်ဆင်သင့်သည်
ဟုအကြံပြုလိုပါသည်။
၎။ ယခုလိုတင်ပြ၍ယခုရွေးကောက်ပွဲကော်မရှင်မှပါတီများနှင့်ဆွေးနွေးလျက်ရှိသောအချိုးကျလွှတ်
တော်ကိုယ်စားလှယ်ရွေးချယ်ခံရေးသဘောထား(PR)စံနစ်ကိုထောက်ခံပါသလားဆိုပါကကျနော့်အနေဖြင့်(လုံးဝ)မထောက်ခံပါဟုရှင်းလင်စွာတင်ပြလိုပါသည်။
၅။ အဘယ်ကြောင့်မထောက်ခံရပါသနည်း။ရှင်းပါသည်။ယခုလက်ရှိပါတီများ၏ပြည်သူလူထုနှင့်ထိတွေ့ ဆက်ဆံ၍ပြည်သူ့  အကျိုးပြုလုပ်ငန်းများဆောင်ရွက်နိုင်မှုစွမ်းရည်များအပေါ်အပြည့်အဝကျေနပ်အားရဖွယ်မမြင်သေး
၍ဖြစ်ပါသည်ဟုသာရိုးသားစွာတင်ပြလိုပါသည်။
၆။ ပြည်သူလူထုမှသက်ဆိုင်ရာအရွေးခြယ်ခံကိုယ်စားလှယ်တစ်ဦးခြင်းဆီ၏အရည်အသွေးများကို
တိုက်ရိုက်စိစစ်အကဲဖြက်နိုင်ခြင်းမရှိဘဲပြည်သူလူထုလိုလားသည်ဖြစ်စေ/မလိုလားသည်ဖြစ်စေ
ပါတီတစ်ခုခြင်း၏ဝင်ရောက်ရွေးချယ်ခံခြင်းအရေအတွက်အပေါ်သာမူတည်၍ရွေးကောက်တင်
မြှောက်ခြင်းစံနစ်သည်ပြည်သူလူထု၏စစ်မှန်သောဆန္ဒသဘောထားများကိုမျက်ကွယ်ပြုရာရောက်
သည်ဟုခိုင်မာစွာယုံကြည်မိပါသည်။ပါတီတစ်ခုလုံးတွင်ရှိရှိသမျှသောရွေးခြယ်ခံကိုယ်စားလှယ်များ
၏တစ်ဦးခြင်းအရည်အသွေးကို၏၎င်းပါတီ၏ပုံရိပ်တစ်ခုတည်းဖြင့်သာပြည်သူလူထုမှအကဲဖြက်ရမည်ဆိုပါကလွန်စွာလွဲမှားသောရွေးကောက်တင်မြှောက်မှုများသာဖြစ်လိမ့်မည်ဟုယူဆမိပါသည်။
၇။ နိုင်ငံတော်၏အသက်သွေးကြောဖြစ်သည့်ဥပဒေပြုရေးအာဏာလုပ်ပိုင်ခွင့်ဘောင်အတွင်းသို့ နိုင်ငံတော်အဆင့်အရည်အသွေးမပြည့်မှီသော၊မိမိပါတီ မိမိအဖွဲ့ အစည်း၊မိမိဝန်းကျင်တစ်ခု
တည်း၏အကျိုးကိုသာလိုလားဦးစားပေးဆောင်ရွက်လိုသည့်လွှတ်တော်ကိုယ်စားလှယ်များ၏လွဲမှား
သည့်အမြင်သဘောထားများကြောင့်လွှတ်တော်အတွင်းနိုင်ငံတော်အတွက်အကျိုးရှိသည့်ဥပဒေပြု
ရေးဆိုင်ရာကိစ္စရပ်များ၊နှောင့်နှေးကြန့် ကြာကာ လွှတ်တော်အတွင်းအုပ်စုဖွဲ့ ဂိုဏ်းဂဏဖွဲ့ ၍ သူပြော
ငါဖျက် ငါပြောသူဖျက် အပျက်ပျက်နှင့်နှာခေါင်းသွေးထွက်ရမည့်အခြေအနေမျိုးကိုကျနော့်အနေဖြင့်
လုံးဝမဖြစ်စေလို၍(PR)စံနစ်ကိုကန့် ကွက်ခြင်းသာဖြစ်ပါသည်။
၈။ ဤသို့ ဆိုလျှင်ကျနော်ဘာကိုဆိုလိုခြင်ပါသလည်း။
ယခုအစိုးရသည်နောင်အတိုက်အခံဖြစ်သွားနိုင်သလို ယခုအတိုက်အခံသည်လည်းနောင်အစိုး
ရဖြစ်သွားနိုင်သည်ဟူသောတွေးဆချက်ကိုအခြေခံ၍အဓိပ္ပါယ်ဖွင့်ဆိုရမည်ဆိုပါကတိုင်းပြည်နှင့်လူ
မျိုး၏နောင်မျိုးဆက်သစ်များအတွက်ခိုင်မာ၍ရေရှည်အကျိုးရှိနိုင်သည့်အပြန်အလှန်ရေရှည်နားလည်ယုံကြည်မှုအမွေခံကောင်းများကိုသာလက်ရှိနိုင်ငံရေးလောကအတွင်းကျင်လည်နေကြသော
နိုင်ငံရေးသမားများအနေဖြင့်ဦးစားပေးစဉ်းစားစေလိုသောသဘောကိုဆိုလိုနေခြင်းဖြစ်ပါသည်ခင်ဗျ။
ဤဆိုလိုချက်အပေါ်အကောင်အထည်ဖေါ်ဆောင်ရွက်သင့်သည့်နည်းလမ်းများကိုတွေးဆခြင်း
==============================================================
ကျနော့်အနေဖြင့်လက်ရှိနိုင်ငံရေးဖြစ်စဉ်များအပေါ်လေ့လာမိသ၍ကိုအခြေခံ၍စဉ်းစားကြည့်သော
အခါ ကျနော်တို့ နိုင်ငံအနေဖြင့် ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်များ၌ လက်ရှိအစိုးရအဖွဲ့ နှင့်ပြည်ခိုင်ဖြိုး
ပါတီ၊အတိုက်အခံခေါင်းဆောင်ဒေါ်စုကြည်နှင့်NLDပါတီ၊တပ်မတော်တို့ သည့်တစ်ဦးကိုတစ်ဦး
တစ်ဖွဲ့ ကိုတစ်ဖွဲ့ မည်သို့ မျှချန်ထားရစ်ခဲ့ခြင်းငှာမဖြစ်နိုင်ဟုတွေးဆမိပါသည်။
အဘယ့်ကြောင့်ဆိုသော်၎င်းတို့ အနေဖြင့်တစ်ဦးကိုတစ်ဦးတွန်းကန်ခြင်းနိယာမကိုမည်သည့်ဘက်မှ
ဖြစ်စေကျင့်သုံးလိုက်သည်နှင့်တစ်ပြိုင်နက်ဦးစွာတိုင်းပြည်တည်ငြိမ်အေးချမ်းရေးပျက်ပြားရဖွယ်ရှိသည်ဟုယူဆမိသောကြောင့်ဖြစ်ပါသည်။ကျန်တိုင်းရင်းသားအားလုံးသည်လည်းအစိုးရ၊ပြည်ခိုင်ဖြိုး၊
၁၀။ သို့ ဖြစ်၍ အထက်တင်ပြပါနိုင်ငံရေးအင်အားစုများအနေဖြင့်တစ်ဘက်နှင့်တစ်ဘက်အကြွင်းမဲ့
အနိုင်ရရေးလမ်းစဉ်ကိုသာစွဲကိုင်ထားမည်ဆိုပါကမည်သည့်ဘက်ကမျှအကြွင်းမဲ့အနိုင်ရနိုင်မည်
မဟုပ်ဘဲတိုင်းပြည်တည်ငြိမ်အေးခြမ်းရေးသာပျက်ပြာစေနိုင်မည့်အပြင်ဒီမိုကရေစီပြုပြင်ပြောင်းလဲ
ရေးလုပ်ငန်းစဉ်များပေါ်ကြီးမား၍ဆိုးဝါးသောဆိုးကြိုးများသာသက်ရောက်လာစေနိုင်သည်ဟုယုံကြည်မိပါသည်။
၁၁။စုစည်းဆွဲငင်ခြင်းနိယာမသည်သာတိုင်းပြည်အနာဂတ်အတွက်အကျိုးဖြစ်စေမည်။
=======================================================
လိပ်ခဲတည်းလည်းဖြစ်နေသည့်လက်ရှိနိုင်ငံရေးအကျပ်အတည်းများ၏တစ်ခုတည်းသောနိုင်ငံရေး
ထွက်ပေါက်သည်အင်အားစုများအားလုံးစုစည်းဆွဲငင်ခြင်းသာလျင်ဖြစ်သည်ဟုကျနော့်အနေဖြင့်
လေးနက်စွာယုံကြည်မိပါသည်။
ကျနော်၂၀၁၂ခုနှစ်နိုဝင်ဘာလခန့် ကတင်ပြခဲ့ဘူးပါသည်။ပြည်ခိုင်ဖြိုးနှင့်NlDပူးပေါင်းနိုင်ပါသလားဟုတင်ပြရုံဖြင့်ကျနော့်အားဝါဒမတူ၊လူမတူသည့်အတွက်
မည်သို့ မျှမဖြစ်နိုင်ဟုနှစ်ဘက်စလုံးမှပြင်းထန်စွာဝေဖန်ပြစ်တင်မှုများကိုရင်ဆိုင်ခဲ့ရပါသည်။သို့သော်ကျနော်ယခုထပ်မံတင်ပြပါအုံးမည်။
ကောင်းပါပြီ။
ဝါဒမတူ၊လူမတူသည့်အတွက်ပါတီခြင်းပူပေါင်းဆောင်ရွက်မှုများပြုလုပ်သင့်သည့်ဟူသောကျနော့်
အယူအဆသည်စိတ်ကူးယဉ်ဆန်ပြီးဒီမိုကရေစီစံနစ်နှင့်အံချော်နေသည့်လောဘအိမ်မတ်သတ်သတ်သာဖြစ်နေသည်ဆိုပါက ပါတီခြင်းမပူးပေါင်းနိုင်ကြသည်ကိုကျနော်လက်ခံနိုင်ပါသည်။
သို့ သော်-ပြည်သူလူထုမှလွတ်လပ်စွာရွေးကောက်တင်မြှောက်ခြင်းမှတဆင့်ပေါ်ပေါက်လာသော
ကိုယ်စားလှယ်များအနေဖြင့်မူပါတီတစ်ခုကိုကိုစားပြု ခြင်းထက်ပြည်သူလူထုတစ်ရပ်လုံးကိုကိုယ်စား
ပြုသူများသာဖြစ်သည်ကိုအကြွင်းမဲ့နာလည်းယုံကြည်ကြမည်ဆိုပါကအစိုးရအဖွဲ့ ဖွဲ့ ရာ၌ညွန့် 
ပေါင်းအစိုးရဖွဲ့ စည်းခြင်းဖြင့်သော်လည်းကောင်း၊လွှတ်တော်အတွင်း၌ခိုင်မာပြီးအင်အားတောင့်တင်း
သည့်ပြည်သူ့ အသံဟူသမျှကိုယ်စားပြုသည့်ကျီး-ဘုတ်ရိုသေ၊ဘုတ်-ကျီးရိုသေ၊အဓိကအာဏာရနှင့်အတိုက်အခံဟူ၍မခွဲခြားဘဲပြည်သူ့ အကျိုး၊တိုင်းပြည်၏လက်တလောနှင့်ရေ
ရှည်အကျိုးစီးပွားအတွက်ဆောင်ရွက်နိုင်မည့်စုစည်းဆွဲငင်ခြင်းနိယာမကိုကျင့်သုံးခြင်းဖြင့်ပြည်သူ့ 
တစ်မျက်နှာတည်းကိုသာကြည့်သောအစိုးရအဖွဲ့ /လွှတ်တော်များအဖြစ်ပူပေါင်းဆောင်ရွက်သင့်
သည်ဟုထပ်မံတင်ပြမည်ဆိုပါကစာဖက်သူမိတ်ဆွေများအနေဖြင့်မည်သို့ ထင်မြင်ယူဆ
ကြပါသနည်းဟုအမျိုးသားသွေးစည်းညီညွတ်ရေးကိုဦးတည်၍ကျနော်မေးခွန်းထုတ်လိုပါသည်။
၁၂။ အချူပ်အားဖြင့်တင်ပြလိုသည်မှာငြိမ်းချမ်းသာယာသောမြန်မာ့လူဘောင်တည်ဆောက်နိုင်ရေး
တွင်လက်ရှိနိုင်ငံရေးပါတီအားလုံးနှင့်တပ်မတော်၊တိုင်းရင်းသားအဖွဲ့ အစည်းအသီးသီးတို့  သည်
တူရာတွေကိုပေါင်းလုပ်နိုင်ရမည့်အပြင်အမျိုးသားအကျိုးစီးပွားနှင့်အမျိုးသားသွေးစည်းညီညွတ်ရေး
အတွက်ဆိုပါကမတူတာတွေကိုဘေးဖယ်ထားမည့်အစားတူလာအောင်ညှိနှိုင်း၍ဆွဲငင်ခြင်းနိယာမကိုသာပြည်သူ့ မျက်နှာကြည့်၍ဆောင်ရွက်ကြစေလိုပါသည်။နိုင်ငံ့ဦးဆောင်အဖွဲ့အစည်းများနှင့်
တိုင်းရင်းသားဦးဆောင်အဖွဲ့ အစည်းများအခြင်းခြင်းဝါဒသဘောတရားများဝိဝါဒကွဲပြားနေခြင်းသည်
ကျနော်တို့ ၏မြန်မာလူ့ ဘောင်းအေးချမ်းသာယာရေးကိုမည်သို့ မျှအကျိုးမပြုနိုင်သည့်အပြင်၊ပြည်
သူလူထုကိုဆင်းရဲမွဲတေပြီးအသိဥာဏ်ပညာအဆင့်အတန်းနိမ်းပါးစေသည့်လုပ်ရပ်များသာဖြစ်၍
ဘယ်သောအခါမှစုစည်းညီညွတ်ပြီးအင်အားတောင့်တင်းခေတ်မှီဖွံ့ ဖြိုးသည့်နိုင်ငံတော်တစ်ရပ်အ
ဖြစ်ရောက်ရှိနိုင်မည်မဟုပ်ပါ။
အစိုးရလည်းပြည်သူ၊ပြည်သူလည်းအစိုးရ။ပါတီလည်းပြည်သူ၊ပြည်သူလည်းပါတီ။တိုင်းရင်းသား
လည်းပြည်သူ၊ပြည်သူလည်းတိုင်းရင်းသားများသာဖြစ်၍လက်ရှိကျနော်တို့ ဆောင်ရွက်ခဲ့သမျှသော
ဆောင်ရွက်မှုများကို ခင်ဗျားတို့ ကျနော်တို့ နောက်မျိုးဆက်များအနေဖြင့်တစ်ယောက်မကျန်ခံစား/
စံစားကြရမည်သာဖြစ်၍နောက်မျိုးဆက်သစ်များအတွင်စုစည်းဆွဲငင်ခြင်းလက်ဆင့်ကမ်းအမွေပေး
နိုင်ရေးကိုသာအထောက်အကူဖြစ်စေမည့်အခြေခံဥပဒေပြင်ဆင်ခြင်းများကိုသာဆောင်ရွက်သင့်ပါ
သည်။
တပ်မတော်အခန်းကဏ္ဍအနေဖြင့်လည်းတစ်နိုင်ငံ-တပ်မတော်တစ်ခုတည်းဖြစ်သည့်အချိန်အထိ
မှုများကိုရပ်တန့် သင်ပါသည်။
တပ်မတော်သည်၎င်းတို့ အနေဖြင့်Professionalတပ်မတော်အဖြစ်နိုင်ငံတကာတပ်မတော်များနည်း
တူရပ်တည်သွားနိုင်ရေးကိုတပ်မတော်သားများကိုယ်တိုင်ကလိုလိုလားလားလက်ခံယုံကြည်လာစေ
ရေးကိုသာနိုင်ငံရေးခေါင်းဆောင်များအနေဖြင့်အပြုသဘောချဉ်းကပ်ဆောင်ရွက်သင့်ပါကြောင်း
အကြံပြုတင်ပြရင်းနိဂုံးချူပ်အပ်ပါသည်။
ငြိမ်းချမ်းလူ
၂၅-၅-၂၀၁၃
နေ့ လည် ၁နာရီ ၄၂မိနစ်
ရန်ကုန်မြို့ ။
ဖွဲ့ စည်းပုံအခြေခံဥပဒေကိုပြင်ကြမယ်ဆို ဘာတွေပြင်ကြမှာလဲ?
၁။ ကျနော့်အမြင်ကတော့- ဒေါ်စုသမ္မတဖြစ်ရေးလည်းမဟုတ်ဘူး။
၂၅%ကိုပြင်ဘို့ လည်းလက်ရှိအခြေအနေအရမပြင်သင့်သေးဘူး။
ဂျပန်မီဒီယာကရိုက်ကူးခဲ့တဲ့ ABSDFမြောက်ပိုင်းလူသတ်ပွဲမှတ်တမ်းVideo အစအဆုံး- ၂၁ရာစု၏အမှန်တရား ( TRUTH OF 21 CENTURY ) (ရုပ်/သံ)
လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်က ABSDF ကျောင်းသားတပ်မတော်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ကျောင်းသား အချင်းချင်းပြန်လည် ဖမ်းဆည်းသတ်ဖြတ်မှုကို ထိုစဉ်က ကျောင်းသားစခန်းသို့ ရောက်ရှိနေသာ ဂျပန်သတင်းထောက်တစ်ဦးရဲ့ မှတ်တမ်းဗီဒီယို ဖြစ်ပါသည်။
အမေသာတဲ့ည
by Nyo Htet (Notes) on Friday, May 24, 2013 at 9:16am
ညက
လမသာပေမယ့်
အမေသာတယ်။
သစ်ထူးလွင် သတင်းစုစည်းမှု (၂၄-၅)
သစ်ထူးလွင်
Friday, May 24, 2013
သစ်ထူးလွင် သတင်းစုစည်းမှု (၂၃-၅)
သစ်ထူးလွင်
Thursday, May 23, 2013
``ဥဒေါင်းမင်း၏ တွန်ကြူးသံ...´´
ဒေါင်းကြီး တစ်ကောင်......
အရောင်အသွေးလှပလို့
တောက်ပတဲ့ ဘုန်းသမ္ဘာနဲ့
နာမည်ကျော် ဘာသာပြန်စာအုပ်များ စုစည်းမှု (130 အုပ် )
Wednesday, May 22, 2013
နာမည် ကျော် ဘာသာပြန် (၁၃၀ အုပ်) ( စိတ်ကြိုက် မွေနှောက် နိုင် သည် )
(၁)သူသေကိုယ်သေ (မြန်မာပြန်)(တက္ကသိုလ်နေ၀င်း)
http://www.mediafire.com/?eehk5bux345f68v
(၂)အင်ဖာတိုက်ပွဲ (တက္ကသိုလ် နန္ဒမိတ်)
http://www.mediafire.com/?4y8v8pctbcgfma7
(၃)တိုင်တန်းနစ် (တက္ကသိုလ် နန္ဒမိတ်)
http://www.mediafire.com/?laz45o2adjaz6ak
သစ်ထူးလွင် သတင်းစုစည်းမှု (၂၂-၅)
သစ်ထူးလွင်
Wednesday, May 22, 2013
မြန်မာပြည်က ညီလေးဖတ်ဖို့ အမေရိကန် ပညာရေးစနစ်
ညီလေးရေ
အကိုလည်းမအားတာနှင့် စာမရေးဖြစ်ဘူး။ အခုတော့ နွေရာသီကျောင်းခဏနားလို့ အချိန်ရတာနှင့် အကိုလည်း ပြောချင်တာတွေ များနေပြီး ဖြစ်လို့ စာရေးလိုက်ပါတယ်။ အကို ဒီတခါ ပြောပြချင်တာက အမေရိကန်တွေရဲ့ ပညာသင်ကြားရေး စနစ်ကိုပါ။ သူတို့လိုမျိုး စနစ်ကောင်းတွေ နှင့် ညီလေးတို့ကိုလည်း ကိုယ့်တိုင်းပြည်မှာ ပြုစု ပျိုးထောင်ပေးချင် တဲ့ စေတနာကြောင့် ရေးလိုက်တာဖြစ်ပါတယ် ညီတော်မောင်ရေ။
သစ်ထူးလွင် သတင်းစုစည်းမှု (၂၁-၅)
သစ်ထူးလွင်
Tuesday, May 21, 2013
တကယ့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာ ဘာလဲ?။
Maha Mingyi and 13 other people were tagged in Zaw Wann Maung's photo.
တကယ့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာ ဘာလဲ?။
ပြည်တွင်းစစ်ဖြစ်တယ်ဆိုတာဟာ တိုင်းပြည်ဘဏ္ဍာကို တမင်ဖြုန်းတီးနေတာပါပဲ ၊ တိုင်းပြည်ရဲ့  လူ့စွမ်းအား ရင်းမြစ်ကို အကြီးအကျယ် ဖြုန်းတီးနေတာပဲဖြစ်ပါတယ်။တိုင်းရင်းသားပြည်နယ်များမှ ထွက်ရှိတဲ့ သဘာဝသယံဇာတများမှ ၀င်ငွေတွေကို အသုံးပြုပြီးစစ်အစိုးရ အဆက်ဆက်ရဲ့ထိပ်သီးဗိုလ်ချုပ်ကြီးများ၊ ၄င်းတို့၏ ဆွေမျိုးသားချင်းများ၊ ခရိုနီများသာ ကြီးပွားချမ်းသာနေကြပါတယ်။အဲဒါကိုလဲ ရပ်တန်းက ရပ်သင့်ပါပြီ။ တိုင်းရင်းသားပေါင်းစုံလူထုကြီးမှာ လည်းဆင်းရဲတွင်းနက်သည်ထက် နက်လာပါပြီ်။ စစ်အာဏာရှင်များ အာဏာတည်မြဲရေးအတွက် အသက်ပေး တိုက်ပွဲဝင်နေကြရတဲ့ စစ်ကို ဆင်နွှဲနေကြရတဲ့  အောက်ခြေတပ်မှူးများနှင့် ရဲဘော်များမှာ အသက်များ မဆုံးရှုံးစေသင့်တော့ပါဘူး။ နှစ်ပေါင်း ၆၀ ကျော်ကြာ ပြည်တွင်းစစ်သမိုင်းကို ပြန်ဆန်းစစ်ကြည့်ပါ။ ကမ္ဘာမှာ အရှည် ကြာဆုံး ပြည်တွင်းစစ် တစ်ခုလို့ ခေါ်ဆို နိုင်တဲ့ (၆၅) နှစ်ကြာ ပြည် တွင်း လက်နက်ကိုင် ပဋိပက္ခ ကြောင့် အာဏာရှင် အစိုးရ အဆက်ဆက် ပေါ်မှာ တိုင်းရင်းသားတွေရဲ့ ယုံကြည်မှုတွေ ပျက်ပြား နေတာပေါ့။ ဒါလည်းဘဲ လွယ်လွယ်နဲ့ ဖြေရှင်းလို့ မရသေးပါဘူး။ လွတ်လပ်ရေး ရခဲ့တဲ့ ဇန်နဝါရီလနဲ့ အပြိုင် နှစ်မခြားဘဲ ဂျူလိုင်၊ သြဂုတ် လတွေက စလို့ ပြည်တွင်း နိုင်ငံရေးဟာ တော်လှန် ပုန်ကန်မှုနဲ့ ဘဲ စတင် လာခဲ့တယ်။ စစ်အာဏာရှင်တွေဟာ သူတို့အာဏာတည်မြဲရေးတခုတည်းအတွက်ကိုသာကြည့်ပြီး လိမ်ညာလှည့်စားတာ၊ အပြောတမျိုး အလုပ်တမျိုး လုပ်တာ၊ကတိဖျက်တာ၊ ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေကို အကြောင်းရှာ အမှုဆင်ပြီးဖမ်းဆီးနှိပ်စက် သတ်ဖြတ်တာတွေကြောင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ အကျင့်စာရိတ္တ …….စတာတွေ လဲပျက်စီးကုန်ပါပြီ။ အာဏာရှင်နိုင်ငံတွေမှာ အာဏာရှင်တွေဟာ နောက်ဆုံးအချိန်ထိ တစ်ဦးတည်း အာဏာကိုဆုပ်ကိုင်သူနဲ့ တစ်ပါတီတည်းမှာပဲ ဦးဆောင်သူပြောင်းလဲသွားတဲ့ အာဏာရှင်ပုံစံမျိုး တွေ ရှိလေ့ရှိပါတယ်။(၂၀၀၈) ဥပဒေ အတိုင်း လူထုကို စစ်ကျွန် နည်းနဲ့ ထိမ်းချုပ်လို့ ရအောင် ကြံဆောင် နေမယ်။ ငြိမ်းချမ်းရေး လုပ်ငန်း စဉ်နဲ့ အသံကောင်း ဟစ်နေပါ လိမ့်မယ်။ ဒါပေမဲ့ အနှစ်သာ ရကတော့ ပြောင်းလဲ လာပါ့မလား။ ပြည်တွင်း စစ်ကြောင့် တိုင်းပြည် ချွတ်ခြုံ ကျပါတယ်။ လူထု မကြေနပ် ကြဘူး။ တိုင်းပြည် ချွတ်ခြုံ ကျအောင် ဆင်းရဲအောင် လုပ်တဲ့သူ၊ ပြည်တွင်း စစ်ကို ဖန်တီး ခဲ့တဲ့သူ၊ သပိတ်တွေကို သတ်ဖြတ်မှု ပုံစံနဲ့ သပိတ် လှန်ခဲ့သူ ဘယ်သူဖြစ်မလဲ။(၁၉၆၂) ကျောင်းသား သပိတ်၊ (၁၉၇၄) ခုနှစ် ဦးသန့်သပိတ်၊ ၁၉၈၈ အထွေအထွေ သပိတ်၊၂၀၀၇ခုနှစ် ရွှေဝါရောင် သပိတ်၊ရခိုင်ပြည်နယ်က ဘင်္ဂလီကိစ္စ၊ လက်ပန်တောင်းတောင် ဆန္ဒပြမှု၊ KIA အပါအ၀င်တိုင်းရင်းသား လက်နက်ကိုင် တိုက်ခိုက်မှု၊ ဘာသာရေး ဆူပူမှု၊ ပြည်တွင်း ဆန္ဒပြမှုများ၊ သယံဇာတ ရောင်းဝယ်မှု၊ ကိစ္စတွေမှာ ပြည်တွင်း အခြေအနေ ရှုပ်ထွေးနေအောင် ဖန်တီး တိုင်းရင်းသား အဖွဲ့တွေနဲ့ ရရှိထားတဲ့ အပစ် အခတ် ရပ်စဲရေးတွေ ဟာလည်း တဖြည်းဖြည်းနဲ့ ယုံကြည်မှုတွေ ပျက်ပြား လာနေပြီး ရင်ဆိုင် တိုက်ပွဲတွေ ဖြစ်လာ ရတဲ့ အထိ အရှိန်ကောင်း လာခဲ့ပါတယ်။တိုက်ပွဲတွေ ကလည်း တစ်ဖွဲ့ ကနေ နှစ်ဖွဲ့ ဖြစ်လာတယ်၊ ကူးစက်မှု အတိုင်း အတာကြီးမား လာခဲ့တယ်။ ဒီလုပ်ရပ် တွေဟာ တကယ့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဖြစ်နှိုင်ပါသလား။ တိုက်ခိုက်လိုက် ဆွေးနွေးလိုက်နဲ့ နိုင်ငံရေး ကစား လာလိုက်တာ အချိန်ဆွဲပြီး ကစားနေတာနဲ့ တူနေမလား စဉ်းစား စရာ ဖြစ်နေပါတယ်။ အာရုံ လွှဲနည်းတွေက လည်းကျွမ်းကျင် ကြပါပေတယ်။ နိုင်ငံရေးကစားရာမှာ လက်ဖျားခါရလောက်အောင် တော်ကြပေမဲ့ ပြည်သူလူထုအပေါ် ထားရှိတဲ့ စေတနာမှာ ခေါင်းပါးလှတာကြောင့် ပြည်သူတစ်ရပ်လုံးမှာ ဒုက္ခမျိုးစုံကို ကုန်းရုန်းပြီး ခံခဲ့ကြရပါတယ်။ မြန်မာ နိုင်ငံမှာ ကတော့ ငြိမ်းချမ်းရေး လုပ်ငန်း စဉ်တွေ အကြိမ်ကြိမ် ရှိခဲ့ဘူး ပါတယ်။ ရှိခဲ့ဘူးတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တိုင်းဟာလည်း ပျက်စီး သွားတာ ချည်းပါဘဲ။ ဘာကြောင့်လဲ? ဆွေးနွေး မှုတွေဟာ အစိုးရရဲ့ လိမ်လည်မှု နဲ့ဘဲ အဆုံးသတ် ခဲ့ပါတယ်။ ပေးခဲ့တဲ့ ဂတိတွေ အပေါ် အစိုးရ ဖက်ကဘဲ ဖေါက်ဖျက် နေခဲ့ ပါတယ်။မြေယာ သိမ်းဆည်း မှုတွေ ဖြစ်လာတယ်၊ ဒေသခံ တွေရဲ့ သဘောထားတွေနဲ့ ကိုက်ညီမှု မရှိတဲ့ သဘာဝ သယံဇာတ ထုတ်လုပ်မှု လုပ်ငန်းတွေ လုပ်ကိုင် လာကြတယ်။ စစ်အုပ်စု လုံခြုံရေး နှင့် အကျိုးစီးပွားအတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ၊ ရွေးကောက်ပွဲ (အတု)၊ အရပ်သား (အမည်ခံတဲ့) အစိုးရသစ်ဆိုတာတွေ အတုအယောင် အပြောင်းအလဲတွေနဲ့ အသွင်ပြောင်းတဲ့ ဒီမိုကရေစီ တရားဝင် အာဏာရှင်အစိုးရတွေ ပေါ်လာပါတယ်။တရားဝင် အာဏာရှင် ဖြစ်ဖို့အတွက် ဖိနှိပ်မှုတွေ လျှော့ချ၊ ပြုပြင်ပြောင်းလဲမှု တချို့လုပ်ပြီး အာဏာလုံးလုံးလွှတ်ကာ ပြည်သူ့ဆန္ဒသဘောလုံးလုံး ဖြစ်တဲ့ ဒီမိုကရေစီစနစ်ကို သွားနေခြင်း မဟုတ်ပါဘူး။ ကိုယ့်သဘောနဲ့ ကိုယ် သမ္မတ ဖြစ်လာတာလဲ မဟုတ်၊ မြန်မာ ပြည်သားတွေ ရွေးယူတာလဲ မဟုတ်ပဲနဲ့ မြန်မာနိုင်ငံသားတွေရဲ့ သမ္မတ ဆိုပြီး ပေါ်လာတယ်... အဲဒီတော့ လက်တဆုပ်စာ လူတစုရဲ့ အကျိုးစီးပွားအတွက် ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို တန်ဖိုးမထား တိုက်ခိုက်မှုတွေ ခံနေရဦးမှာပါပဲ။ဒီတပ်မတော်ဟာ အာဏာရှင်တပ်မတော် ဖြစ်နေသေးသရွေ့၊ ခရိုနီတပ်မတော်ဖြစ်နေသေးသရွေ့၊ ပြည်သူ့တပ်မတော်အစစ်တရပ် ပေါ်လာဖို့ လိုနေမှာပါပဲ။ တပ်မတော်ဟာပြည်ပရန် ကာကွယ်ရေးကိုသာ အဓိက ကာကွယ်တားဆီးသည့် တပ်မတော်ဖြစ်ရမည့်အစား ပြည်တွင်းစစ်များ ဆင်နွဲကာ တိုင်းရင်းသားပေါင်းစုံအပေါ် ဒုက္ခမျိုးစုံပေးနေခြင်းတို့ ဟာ ယခင်ကကဲ့သို့  စစ်တပ်အာဏာဖြင့် အုပ်စိုးကာ ထင်ရာစိုင်းနေဆဲ ဖြစ်ကြောင်း သိသာပေါ်လွင်နေပါတယ်။ ကျနော်တို့လိုနေတာ ဒီမိုကရေစီရေး ကို တန်ဖိုးထားအခြေခံတဲ့ တိုင်းရင်းသားပေါင်းစုံကို ကိုယ်စားပြုတဲ့၊ ပြည်သူတရပ်လုံးကို ကိုယ်စားပြုတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတရပ်ပါပဲ။ တိုင်းရင်းသားများနှင့်လူမျိုးရေးပြသနာ စစ်ဗိုလ်ချုပ် မိသားစုများရဲ့ရာသက်ပန်အကျိုးစီးပွားအတွက် ဦးသူပိုင်စတမ်းဆိုပြီး တိုင်းပြည်၏စီးပွားရေးအသက်သွေးကြောတခုလုံးအား အာဏာဖြင့် လက်ဝါးကြီးအုပ်ခဲ့ တဲ့အရှုပ်အထွေးများ စစ်တပ် ခရိုနီတွေရဲ့ လက်ဝါးကြီးအုပ် ပြီး တောင်သူလယ်သမားများဆီမှ လယ်ယာမြေများ သိမ်းဆည်းမှု နေရာအနှံ့ ပြဿနာတွေ ပွနေသည်သာမက နောင်လာလတ္တံ့သော ပြဿနာများကလည်း မနည်းပေါ်လာဦးမည် ပင်ဖြစ်ပါတယ်။တကယ့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာ ဘာလဲ?။ အစိုးရအပေါ်ပြည်သူလူထုက ကဘယ်လောက် ယုံကြည် ကြသလဲ။ အစိုးရက ပြုပြင် ပြောင်းလဲ နေပါတယ် ဆိုတဲ့ အချက်ကရော ဘယ်လောက် လေးနက် သလဲ? အစိုးရ ရဲ့ အတွင်း စည်းထဲမှာ သဘောထား တင်းမာတဲ့သူ (စစ်ဘက် အရာရှိ) တွေနဲ့ ပျော့ပြောင်းတဲ့ သူတွေရဲ့ အာဏာ လွန်ဆွဲမှု တွေ အစိုးရရဲ့ အတွင်းရေး အားပြိုင်မှု အားနည်းချက် တွေကြောင့် ငြိမ်းချမ်းရေး ဖြစ်စဉ်တွေ နှောင့်နှေး နေရတယ်လို့ မြင်ကြ ပါတယ်။ယုံကြည်မှုပြန်လည်တည်ဆောက်ဖို့လိုပါတယ်။ တစ်ဖက်နဲ့ တစ်ဖက် ယုံကြည်မှု ရှိကြဖို့ဆိုတာ အရေးကြီး လှပါတယ်။ တဖက်သတ် အမြင်နဲ့တွေးကြည့်မယ် ဆိုရင် သူ့ကြောင့် ကိုယ့်ကြောင့်လို့ လက်ညှိး ထိုးနေမှာဘဲ။ ပွင့်ပွင့်လင်းလင်းထုတ်ဖော်ဆွေးနွေးကြမယ်ဆိုရင် နှစ်ဘက်လက်ခံနိုင်မည့် ‘ကြားအဖြေ’ တစ်ခု ရလိမ့်မည်ဟု မျှော်လင့်မိပါတယ်။ နိုင်ငံသား အားလုံး (လူမျိုးစုအားလုံး) ၏သစ္စာခံမှုနှင့် ခိုင်မာသော ကိုယ်စားပြုမှုကို ဖန်တီးနိုင်ရန် အတွက် ညှိနှင်းဆောင်ရွက်ရာမှာ နှစ်ဖက်စလုံးက တဖက်စွန်းရောက် တင်းမာမှူတွေမရှိပဲ မျှခြေ ဖြစ်အောင်ဖန်တီးယူရမှာဖြစ်ပါတယ်။နိုင်ငံတော်ရဲ့ သယံဇာတ ဆိုတာကလည်း နိုင်ငံတော်တိုးတက်ဖွံ့ဖြိုးရေးအတွက် အသုံးချ ရမှာဖြစ်ပါတယ်။ကိုယ်ကျိုးအတွက် မိမိတို့လူုတစ်စု ကောင်းစားရေးအတွက် တိုက်ခိုက်ကြနေမယ်ဆိုရင်တော့ မြန်မာနိုင်ငံ ကြီးရဲ့ အနာဂတ် ဟာ လှပမှာမဟုတ်ပါဘူး။ကြားက အမြတ်ထုတ်ခြင်နေတဲ့ အိမ်နီးခြင်း စူပါပါဝါနိုင်ငံတွေကသာသူတို့နိုင်ငံချမ်းသာရေးအတွက် အခွင့်ကောင်းတွေရသွားကြမှာပါ။တရုတ်နိုင်ငံဟာ အရင်က မိမိကိုယ့်ကို ကာကွယ်ဖို့ အင်အားတိုးချဲ့ တယ်လို့ နိုင်ငံတကာကို အမြဲတမ်းပြောလေ့ရှိပါတယ်။ ယခုအချိန်မှာလဲ အာဆီယံနိုင်ငံများနှင့် နယ်မြေအငြင်းပွားမှုများမှာ အပေါ်စီးကဘဲ ဗိုလ်ကျပြောဆိုသုံးနှုန်းနေပါတယ်။ နိုင်ငံတကာ ရေပိုက်နက် စည်းမျဉ်းများကို လည်း တရုတ်က လက်မခံနိုင်ဖြစ် နေတာပါပဲ။ စစ်အင်အား ဖြည့်တင်းမှုက ကမ္ဘာ့မှာ ဒုတိယအများ ဆုံးဖြစ်ပြီး အမှန်အတိုင်း သတင်းမထုတ်ပြန်ကြပါဘူး။ တရုတ်နိုင်ငံဟာ အလစ်အငိုက်ဝင်တိုက် သိမ်းပိုက်တတ်တဲ့ အကျင့်ရှိပါတယ်။ မြန်မာဘုရင်များလက်ထက်က လည်း နယ်စပ်များကို ကျူးကျော်နှောင့်ယှက်တဲ့ သမိုင်းအစဉ်အလာလည်း ရှိခဲ့ပါတယ်။နောက်တခု မြန်မာနဲ့တရုတ်အစိုးရရဲ့ ဆက်ဆံရေးက အရင်ကတည်းက မရှင်းပါဘူး။အိမ်နီးချင်းတယောက်ထက် ပိုတဲ့ ချစ်ကြောက်ရိုသေမှုမျိုးရှိတာကတော့ အမှန်ပဲဖြစ်ပါတယ်။ ကျောက်ဖြူ-ကူမင်း ရထားလမ်း-ကားလမ်းမြေပုံဟာ မြန်မာနိုင်ငံရေးသမားတွေအတွက် အင်မတန်ခေါင်းကြီးရမယ့်ကိန်းမျိုးတွေပါပဲ။ အမြော်အမြင်မဲ့ လုပ်ဆောင်လို့ မရပါဘူး။ နိုင်ငံရေးအကြောင်းကိစ္စတစ်ခုခုကြောင့် ပြဿနာတက်လာပြီးဆိုလျှင် တရုတ်ရဲ့ အမျိုးသား အကျိုးစီးပွားအတွက် တိုင်းပြည်ရဲ့ အချုပ်အချာအာဏာကို တိုက်ရိုက်ထိပါးလာမယ့် ကိစ္စမျိုးပါပဲ။‘၀’ လူမျိုးကိုလည်း ထောက်လှမ်းရေးလက်ထက်ကတည်းက ပစားပေး၊ လူလည်ကောင် လက်နက်ကိုင်ခွင့်ပေးခဲ့တာဟာလဲ မေးခွန်းထုတ်စရာပါ။ယခုဆိုရင် ၀ပြည်သွေးစည်းညီညွတ်ရေးတပ်ဖွဲ့က အနာဂတ်မှာ သီးခြားပြည်နယ်တစ်ခုရရှိရေး အာမခံပေးဖို့ မြန်မာအစိုးရ ကိုယ်စားလှယ်တွေကို တောင်းဆိုလိုက်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံကို ပြန်လည်ပြင်ဆင်ပြီး ၀ပြည်နယ် သတ်မှတ်ပေးဖို့ အစိုးရရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီ တာဝန်ရှိသူတွေကို တောင်းဆိုလိုက်တာပါ။တရုတ်ကနေ ၀အဖွဲ့ကို အဆင့်မြင့် စစ်ရဟတ်ယာဉ်တွေ အပါအ၀င် လက်နက်တွေ ထောက်ပံ့ပေးနေတယ်။ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP/ UWSA ဟာ ၁၉၈၉ ခုနှစ် ဗမာပြည် ကွန်မြူနစ်ပါတီကနေ ခွဲထွက်ပြီး စစ်အစိုးရနဲ့ ငြိမ်းချမ်းရေး ရယူခဲ့တဲ့အဖွဲ့ ဖြစ်ပါတယ်။ UWSA အဖွဲ့ဟာ လက်နက်ကိုင်အင်အား ၃ သောင်းလောက် ရှိမယ်လို့ ခန့်မှန်းထားပြီး တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေထဲမှာတော့ အင်အား အတောင့်တင်းဆုံး အဖွဲ့လည်း ဖြစ်ပါတယ်။
 ကျွန်တော်တို့သာ စည်းလုံးညီညွတ်စွာနဲ့ နိုင်ငံတော်ရဲ့ သယံဇာတ တွေ လူ့စွမ်းအား အရင်းမြစ်တွေ ဖေါ်ထုတ်နှိုင်မယ်ဆိုရင် ကျွန်တော်တို့နိုင်ငံရဲ့တိုးတက်မှူကို ဘယ်သူမှလိုက်လို့မှီနှိုင်မယ်မထင်ပါဘူး။ နိုင်ငံတော်တိုးတက်ရာတိုးတက်ကြောင်း လုပ်ဆောင်တဲ့နေရာမှာ ကျွန်တော်တို့ အမိမြန်မာနိုင်ငံတော်ရဲ့ ရေမြေအနေအထား၊ သယံဇာတတွေကတော့ ပြောစရာမလိုအောင် ကောင်းမွန်တဲ့ အနေအထားမှာ ရှိနေပါတယ်။ အဲဒီလို ကောင်းမွန်လွန်းလို့လည်း၊ အိမ်နီးနားချင်း ပတ်ဝန်းကျင်နိုင်ငံတွေက မျက်စေ့ကျ မျက်စေ့စူးလောက်အောင် ပေါ်လွင် ကျော်ကြား နာမည်ကြီးနေပါသည်။ ဒါကိုကျွန်တော်တို့ မြန်မာတွေ ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်း မသိကြပါ၊ မြန်မာနိုင်ငံတော်ကြီးရဲ့ရေမြေအနေအထားကအလွန်ပင်ကောင်းလှပါတယ်၊မြန်မာနိုင်ငံတော်ကြီးရဲ့ သယံဇာတကအလွန်ပင်ပေါကြွယ်ဝပါတယ်၊ မြန်မာလူမျိုး၊ မြန်မာစာပေ၊ မြန်မာ့ယဉ်ကျေးမှုကအလွန်ပင် ယဉ်ကျေးသိမ်မွေ့ မြင့်မြတ် ထွန်းပြောင်ပါတယ်၊ ထိုကောင်းမွန်မြင့်မြတ်သော အခြေအနေ များနှင့်ကိုက်ညီတဲ့ နိုင်ငံတော်ကြီး တခုကို ကျွန်တော်တို့ တိုင်းသူပြည်သားတွေ ပိုင်ဆိုင်ထိုက်ပါသည်။ ပိုင်ဆိုင်အောင်လည်း အမြဲ ကြိုးစား နေရပါလိမ့်မယ်။သူခိုးဆိုတာ လူသိ မှာကို ကြောက်ပါတယ်။ သူခိုးကို ကာကွယ်မယ့် လက်ကိုင် ပုဆိန်ရိုးတွေ ဖြစ်မလာဖို့ နောက်မျိုးဆက်များ အမြင်ကြည်အောင် အသက်ကြီးပြီးအမြော်အမြင်ကြီးကြီးဖြင့် လူကြီးလူကောင်းများဖြစ်နိုင်ကြပါစေ။
ဇော်ဝမ်းမောင်
ပြည်တွင်းစစ်ဖြစ်တယ်ဆိုတာဟာ တိုင်းပြည်ဘဏ္ဍာကို တမင်ဖြုန်းတီးနေတာပါပဲ ၊ တိုင်းပြည်ရဲ့  လူ့စွမ်းအား ရင်းမြစ်ကို အကြီးအကျယ် ဖြုန်းတီးနေတာပဲဖြစ်ပါတယ်။ တိုင်းရင်းသားပြည်နယ်များမှ ထွက်ရှိတဲ့ သဘာဝ သယံဇာတများမှ ၀င်ငွေတွေကို အသုံးပြုပြီးစစ်အစိုးရ အဆက်ဆက်ရဲ့ထိပ်သီးဗိုလ်ချုပ်ကြီးများ၊ ၄င်းတို့ ၏ ဆွေမျိုးသားချင်းများ၊ ခရိုနီများသာ ကြီးပွားချမ်းသာနေကြပါတယ်။
သစ်ထူးလွင် သတင်းစုစည်းမှု (၂၀-၅)
သစ်ထူးလွင်
Monday, May 20, 2013
ကျွန်တော်တို့ရဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီး (ရေးသူ-ဒေါက်တာစိုး )
Thein Myint shared မင်း သားကြီး's photo.
ကျွန်တော်တို့ရဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီး  (ရေးသူ-ဒေါက်တာစိုး )
“ မိမိစေတနာ မိမိကိုယ်သာ အကျိုးပေးပါစေ ”
အမေစုက လွှတ်တော်မှာ ရန်ကုန်ဆေးရုံကြီးကို အဆင့်မြှင့်တင်ဖို့ အဆိုတင်သွင်းတာ အောင်မြင်သွားပြီတဲ့… ၀မ်းသားပါတယ် အမေ… ဒါက ဖြစ်သင့်နေတာ လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်ကတည်းကပါ… အမေစုက သူဆေးရုံမှာ လူနာသွားကြည့်တုန်းက မြင်တာတွေကို ပြောသွားတယ်… အမှန်တကယ် လိုအပ်တာတွေကို ထောက်ပြသွားတယ်… ဆရာဝန်တွေက စေတနာအပြည့်အ၀နဲ့ ကုသပေးနေတယ်… ဒါပေမယ့် လိုအပ်တဲ့ ဆေးပစ္စည်းကိရိယာတွေကတော့ လူနာတွေ အကုန်ယူလာရတယ်ဆိုတာလေးပါ ထည့်ပြောပေးသွားတာလည်း အခုလက်ရှိ မီဒီယာတွေရဲ့ ကောင်းမှုနဲ့ လူနာရှင်တွေရဲ့ အင်မတိအင်မတန် နွေးထွေးတဲ့ ဆက်ဆံရေးကို ခံနေရတဲ့ အစိုးရဆေးရုံတွေက ဆရာဝန်တွေအားလုံး အားလုံးရဲ့ကိုယ်စား ကျေးဇူးအထူးတင်ပါတယ်… ဒါပေမယ့် အမေစု မသိသေးတာတွေရှိသေးတယ်… အမေစုအပြင် မသိသေးတဲ့ လူတွေအားလုံးကို ကျွန်တော်ပြောပြချင်တာလေးတွေ ရှိပါတယ်…
အမေစုက တိုင်းသိပြည်သိ ကမ္ဘာသိလူတစ်ယောက်ဆိုတော့ အမေစုလာပြီဆိုတာကို ဆေးရုံကြီးနဲ့မဆိုင်တဲ့ အပြင်ကလူတွေကအစ သတိထားမိမှာ အသေအချာပါပဲ… ဒီတော့ အမေစုက သာမာန်လူတွေ ကြုံတွေနေရတဲ့ ဆေးရုံကြီးရဲ့ ၀င်းတံခါးမှာတစ်ခါ… ဆေးရုံကြီးအောက်ထပ်က ဂိတ်ပေါက်မှာတစ်ခါ… လူနာဆောင် ၀င်ပေါက်မှာတစ်ခါ ဆေးရုံဝန်ထမ်းတွေရဲ့ အင်မတန် နွေးထွေးတဲ့ ကြိုဆိုမှုတွေကို အလိုလိုလေး ကျော်ဖြတ်ပြီးသား ဖြစ်သွားပြီပေါ့ဗျာ… သာမာန်လူတစ်ဦး ဆေးရုံကြီးကိုလာပြီဆိုရင် ၀င်းတံခါး အ၀င်ပေါက်မှာက ၅၀ိ- ဆေးရုံကြီးအောက်ထပ်မှာက ၅၀ိ- ကြုံရင်ကြုံသလိုလေး ပေးရပါတယ်… ဆိုလိုတာကမကြုံရင် မပေးရဘူးပေါ့ဗျာ… လူနာဆောင် ၀င်ပေါက်မှာကတော့ အခြေအနေတွေက ခုနက နေရာ ၂ ခုနဲ့ လုံးဝမတူတော့ပါဘူး… လူနာဆောင်ထဲက အခြေအနေပေါ်မူတည်ပြီးတစ်မျိုး… ဧည့်တွေ့ချိန်ပေါ်မူတည်ပြီးတစ်ဖုံ… လာတွေတဲ့ လူဦးရေပေါ်မှာ တစ်သွယ်… ကြုံကြုံ မကြုံကြုံ
ပိုက်ဆံတောင်းပါတယ်… ပိုက်ဆံမပေးရင် မ၀င်ရပါဘူး… ကံမကောင်းရင် အလုပ်သမား အဟောက်တောင်ခံရပါသေးတယ်… ဒီတော့ ရန်ကုန် ဆေးရုံကြီးမှာ လူနာသွားကြည့်မယ်ဆိုရင် အ၀တ်အစားသန့်သန့်လေး ၀တ်ပြီး ဟိတ်အပြည့် ဟန်အပြည့်ရှိရပါတယ်… ကိုယ့်ပုံစံက ကြောက်သလိုရွံ့သလို ဖြစ်နေရင်တော့ သေချာပါတယ်… အဟောက်ခံ အဆဲခံ အပြောခံရမှာပါပဲ…
ဒါက ဆေးရုံကြီးရဲ့ လူနာဆောင်တွေ ဘယ်မှာရှိတယ်… ဘယ်လိုသွားရမယ်ဆိုတာကို သေချာသိတဲ့ လူတွေရဲ့ အခြေအနေလေးပါ… တကယ်လို့ လူနာဆောင်တွေ ဘယ်မှာရှိလဲ မသိတဲ့လူဆိုရင်တော့ လမ်းညွှန်ခလေးပါ အပိုထပ်ပြီး ပေးရပါတယ်… ဗမာလူမျိုး အလုပ်သမားဆိုရင်တော့ ၂၀၀ိ- ပေးရပြီး ဗမာမဟုတ်တဲ့ အလုပ်သမားဆိုရင်တော့ ၅၀၀ိ-ပါ… မပေးချင်ဘူးဆိုရင်တော့ သူတို့ရဲ့ ပေါက်ကရလမ်းပြပေးတာကို သွားရင်းသွားရင်းနဲ့ပဲ အချိန်တွေကုန်ပြီး လူနာဆောင် ရှာလို့မတွေ့တာနဲ့ပဲ ပိုက်ဆံပေးပြီး လိုက်ပို့ပေးခိုင်းရတဲ့ အဖြစ်ကိုရောက်ပါတယ်… အလုပ်သမားနဲ့ မတွေ့ပဲ တစ်ခြားသဘောကောင်းတဲ့ လူမျိုးတွေနဲ့ တွေ့ခဲ့ရင်တော့ ဒါဟာ ကံကောင်းတဲ့ အခြေအနေပါ… ဒီပြဿနာကလည်း ဆေးရုံကြီးမှာ Information Centre (သို့) Inquiry လို့ခေါ်တဲ့အလွယ်တကူသိချင်တာကို မေးလို့မြန်းလို့ရတဲ့ နေရာမထားပေးလို့ဖြစ်တာပါ… အမေစုကတော့ ဒီအခြေအနေကို မကြုံလိုက်ရပါဘူး… ဒါကလည်း အမေစုကိုးဗျ…
အခုရေးသွားတာတွေက လူနာသတင်းလာမေးသူတွေနဲ့ လူနာစောင့်တွေ နေ့တိုင်းနေ့တိုင်း ကြုံတွေ့နေရတဲ့ အခြေအနေပါ… လူနာစောင့်တွေ လူနာတွေကြုံတွေ့ရတဲ့ နောက်ထပ်အခြေအနေတွေ ရှိပါသေးတယ်… အဲဒါကတော့ Wheel Chair (လူနာတင် တွန်းလှည်း) (သို့) Trolley (လူနာတင် တွန်းကုတင်) နဲ့ သွားရတဲ့ အချိန်အခါမျိုးတွေပါ… ပြင်ပလူနာဌာနကနေ လူနာဆောင်ကို လူနာကိုရွှေ့ရတော့မယ်ဆိုရင် ဆေးရုံက အလုပ်သမားကို ပိုက်ဆံပေးရပါတယ်… နောက် ဓါတ်မှန်၊ တီဗွီဓါတ်မှန် (Ultrasound)၊ Specialist Ward Show (အထူးကုဆောင် ဆရာဝန် သွားပြခြင်း)၊ လူနာဆောင်ပြောင်း အစရှိသဖြင့် လူနာရဲ့ ရောဂါအခြေအနေပေါ်မူတည်ပြီး လူနာဆောင်ထဲကနေ ပြင်ပကိုသွားရတဲ့ ကိစ္စတွေပါ… အလုပ်သမားတွေကို ပိုက်ဆံပေးပါတယ်ဆိုလည်းပဲ တွန်းပုံတွန်းနည်းက ကွာပါသေးတယ်… ရိုးရိုးလား၊ ပုံမှန်လား၊ ရှယ်လား၊ စပါယ်ရှယ်လား ဆိုပြီး ကွာပါတယ်… ရိုးရိုးက ၂၀၀ိ- ပုံမှန်က ၅၀၀ိ- ရှယ်က ၁၀၀၀ိ- စပါယ်ရှယ်က ၁၅၀၀ိ- ပါ… ဒါကသူတို့ တာဝန်ပဲလေ ပိုက်ဆံမပေးပါဘူးဆိုတဲ့ လူနာကတော့ Wheel Chair နဲ့ဆိုရင် ပြုတ်ကျမသွားအောင် ကိုင်ထားပေးတော့… Trolley ဆိုရင်တော့ ဘေးကပါလာတဲ့ လူနာစောင့်က မနည်းလိုက်ထိန်းရင်ထိန်း မဟုတ်ရင်လည်း ဘုရားစာတွေ အကုန်ရွတ်တတ်ဖို့လိုပါလိမ့်မယ်… လူနာပြုတ်ကျ မသွားအောင်ပါ… Special ဆိုရင်တော့ လူနာက သိန်းထောင်ကျော်တန် မော်တော်ကားစီးနေရတဲ့အတိုင်း အသေအချာ သူတို့တွန်းပို့ပေးပါတယ်… နောက် လူနာက သွေးသွင်းဖို့လိုလို့ သွေးဘဏ်မှာ သွားယူရတဲ့ အခါမျိုး၊ ဖောက်ထားတဲ့ သွေးကို ဓါတ်ခွဲခန်းကို သွားပို့ရတဲ့ အခါမျိုး၊ လူနာမှတ်တမ်းကို တစ်ခြားအဆောင်ကို သွားပို့ရတဲ့ အခါမျိုးတွေမှာလည်း သူတို့ကို ပိုက်ဆံပေးရပါတယ်… ဒါကို အမေစုသွားတွေ့တဲ့ လူနာက အမေစုကို ထည့်ပြောပေးလိုက်ပုံမရပါဘူး… ဒါမှမဟုတ် အမေစုက တစ်ခြား အရေးကြီးတာတွေကို ပြောချင်လို့ တမင်ထည့်မပြောတာလည်း ဖြစ်မှာပါ… အမေစုကို အပြစ်ပြောခြင်းမဟုတ်ပါ… ကျွန်တော့်အမြင်ကိုသာ ရေးခြင်းပါ…
Cyclone Nargis - Disaster relief. May 9, 2008 9:07 AM ပြောပါဦးမယ် သူတို့ ဗမာလူမျိုး မဟုတ်တဲ့ အလုပ်သမားတွေ ဘယ်လောက်အထိ အသည်းမာနိုင်သလဲဆိုရင် နာဂစ်ဖြစ်တုန်းက ရန်ကုန် ဆေးရုံကြီးမှာ ဓါတ်လှေကားတွေ ပျက်သွားတာကြောင့် လူနာတွေကို သူတို့က ထမ်းတင်ပေးရပါတယ်… ပထမထပ်ဆို ၅၀၀၀ိ- ဒုတိယထပ်ဆို ၈၀၀၀ိ- ပေးရပါတယ်… မပေးနိုင်တဲ့လူနာတွေဆို လှေကားရင်းမှာပဲ ဒီအတိုင်း ချထားလိုက်ပါတယ်… လူနာစောင့်ကလည်း ပါလာတာကမှ ၂ ယောက်ဆိုတော့ ဘယ်လိုမှ ထမ်းမတင်နိုင်ပါဘူး… အမြင်မတော်တာကမှ တော်တော်ကြီးကိုဆိုးရွားတာပါ… ဆရာဝန်ကြီးတွေလာလို့ ဆူခံ ဆဲခံရမှ မသယ်ချင် သယ်ချင်နဲ့ သယ်ပေးပါတယ်… ဒါကလည်း ဆရာဝန်ကြီးတွေ ရှိတုန်းခဏပါ… နောက်တော့လည်း လူနာတွေက လှေကားရင်းမှာ ပြန်ပုံလာပြန်တာပါပဲ… လက်ထောက်ဆရာဝန်တို့ အလုပ်သင်ဆရာဝန်တို့ဆိုတာ သူတို့မျက်လုံးထဲရှိတာ မဟုတ်တော့ သွားပြောရင် သူတို့ရဲ့ ဘုကြည့်ပြန်ကြည့်ခံရတာပဲ အဖတ်တင်ပါတယ်… အခြေအနေမကောင်းရင် ပြန်အဟောက်တောင် ခံရပါသေးတယ်… ဒီနေရာမှာ ဗမာမဟုတ်တဲ့ လူမျိုးလို့ ကျွန်တော်သုံးရတာ ရန်ကုန်ဆေးရုံကြီးမှာ ဗမာအလုပ်သမားဦးရေက အင်မတန်နည်းတဲ့အတွက်က တစ်ကြောင်း… (ပြောမယ်ဆိုရင် မရှိသလောက်ပါပဲ)… နောက် “က” နဲ့ “လ” အက္ခရာစာလုံးကို သုံးပြန်ရင်လည်း သုံးပါတယ်ဆိုပြီး ဖြစ်နေကျမှာစိုးတာတစ်ကြောင်းမို့ပါ… တစ်ခြား လူမျိုးရေးခွဲခြားချင်လို့ ဘာကြောင့်မို့ ညာကြောင့်မို့ မဟုတ်ပါဘူး… ကျွန်တော်ဒါတွေသိတယ်… ရေးနိုင်တယ်ဆိုတာကလည်း ကျွန်တော် သူတို့တစ်တွေနဲ့ ထဲထဲဝင်ဝင်ကို ပြောဆိုဆက်ဆံ အပေါင်းအသင်းလုပ်ခဲ့လို့ပါပဲ… ဒါကြောင့်မို့ မိတ်ဆွေတို့အနေနဲ့ ရိုးရိုးလေးပဲ တွေးစေချင်ပြီး… ရိုးရိုးလေးပဲ ဖတ်သွားစေချင်ပါတယ်… ကျွန်တော်နဲ့ အပေါင်းအသင်းဖြစ်ခဲ့တဲ့ သူတွေ ဆေးရုံကြီးမှာ ကျွန်တော်နဲ့ တွေ့ရင် နှုတ်ဆက်မြဲ… လက်ဘက်ရည် တူတူသောက်ဖို့ ခေါ်မြဲပါ… ကျွန်တော့်ဘက်ကလည်း နှုတ်ဆက်မြဲ… လက်ဘက်ရည် တူတူသွားသောက်မြဲပါ… သူတို့ပြောနေကျ စကားတစ်ခွန်းရှိပါတယ်… “ဆရာနဲ့ အခုလို လက်ဘက်ရည် တူတူသောက် နေရတာ သူတို့အတွက် ထူးခြားကျေနပ်ရတဲ့ အချိန်ပါ” တဲ့… “ဆေးရုံမှာ ကျွန်တော်တို့လို လူမျိုးတွေနဲ့ ဘယ်ဆရာဝန်မှ လက်ဘက်ရည် အတူမသောက်ဘူး” တဲ့… ကျွန်တော်ဘာမှ မပြောလိုပါ… ကျွန်တော်လည်း ကျွန်တော့် ခံယူချက်နဲ့ ကျွန်တော်ဆိုတော့… ဒါတွေက ထားပါ…
ရန်ကုန် ပြည်သူ့ဆေးရုံကြီးက အလုပ်သမားတွေ ဘာကြောင့် ပိုက်ဆံကို ဒီလောက်အထိ အသည်းအသန် မက်မောနေရပါသလဲ… အဖြေက သူတို့ဘ၀တွေရဲ့ နောက်ကွယ်မှာ ရှိနေပါတယ်… ဘာလဲဆိုတော့ ဂိုဏ်းသင့်မှာ ကြောက်လို့ဖြစ်ပါတယ်… ဂိုဏ်းသင့်တယ်ဆိုလို့ စိတ်ထဲမှာ တစ်မျိုးဖြစ်သွားပါသလား မိတ်ဆွေ… ဒါဟာ တစ်ကယ်ရှိနေတဲ့ စကားပါ… ဆေးရုံက အလုပ်သမားတစ်ယောက်ကို “မင်း ဂိုဏ်းသင့်သွားချင်သလား… ငါ မင်းတို့ရဲ့ အုပ်ကို ပြောလိုက်မယ်” ဆိုရင် သူတို့ အင်မတိ အင်မတန် ကြောက်ကြပါတယ်… ဘာကြောင့်လဲဆိုတော့ ဂိုဏ်းသင့်သွားတဲ့ အလုပ်သမားတစ်ယောက်က တော်တော်နဲ့ပြန်ပြီး ဂိုဏ်းသင့်တဲ့အပြစ်ကနေ မြန်မြန်မလွတ်နိုင်လို့ပါ… နောက်ထပ် ဂိုဏ်းသင့်မယ့် လူကို စောင့်ရပါတယ်… ဂိုဏ်းသင့်တယ်ဆိုတာ ဘာပါလဲ… ဂိုဏ်းသင့်တယ်ဆိုတာက အပေါ်မှာ ရေးသွားသလို လူနာတွေနဲ့ ထိတွေ့ဆက်ဆံနေရတဲ့ ဘ၀ကနေ လူနာတွေနဲ့ ထိတွေ့ဆက်ဆံလို့ မရတော့တဲ့ နေရာကို အပြောင်းခံလိုက်ရတာကို ပြောတာပါ… ဘယ်လိုနေရာတွေလဲဆိုတော့ သန့်ရှင်းရေး၊ အာရကေမဲ့ဇုံ (ပိုက်ဆံမရတဲ့ နေရာ)၊ ပြာတာဇုံ (အုပ်ချုပ်ရေးပိုင်း ဌာန) တွေကို ရောက်သွားတာပါ… ဒီတော့ အလုပ်သမားတစ်ယောက်က ဆေးရုံက ပေးထားတဲ့ လခကိုပဲ သုံးရပါတော့တယ်… လခကလည်း မစို့မပို့ဆိုတော့ သူတို့ ဂျူတီချိန် မဟုတ်တဲ့ အချိန်တွေမှာ တစ်ခြား ကျပန်းတွေထွက်လုပ်ရပါတော့တယ်… သူတို့အတွက် အရမ်းပင်ပန်းပါတယ်... ဒီတော့ လက်ရှိ ဆေးရုံက အာရကေဇုံမှာ တာဝန်ကျနေတဲ့ လူတွေဟာ ဂိုဏ်းမသင့်ဖို့ ကြိုးစားရပါတော့တယ်… စားဖို့သောက်ဖို့ အဆင်ပြေကြတာကိုးဗျ…
အလုပ်သမားတွေထဲက ဘယ်လိုလူတွေ ဂိုဏ်းသင့်သလဲ… VIP
 လူနာတွေနဲ့ ပြဿနာတက်တဲ့အခါ… ဒါကြောင့် ဆေးရုံကြီးကို အ၀တ်အစားသန့်သန့်လေး ၀တ်ပြီး ဟိတ်အပြည့် ဟန်အပြည့်နဲ့သွားတဲ့အခါ အဆင်ပြေပြေ ဘယ်အလုပ်သမားနဲ့ မှ ပြဿနာ မတက်ပဲ ၀င်ထွက်လို့ရနေတာပါ… သက်ဆိုင်ရာ လူနာဆောင်က ဆရာဝန်ကြီးတွေက အစည်းအဝေးမှာ ထည့်ပြောတဲ့အခါ (သို့) Complaint တက်တဲ့အခါ… ဒါကြောင့် အလုပ်သမားတွေဟာ သက်ဆိုင်ရာ လူနာဆောင်တွေက ဆရာဝန်ကြီးတွေအပေါ် သိပ်ကို ရိုသေကျိုးနွံကြပါတယ်… ဒုတိယမြောက် အာရကေအောက် တဲ့အခါ… အာရကေဆိုတာက ပိုက်ဆံကိုခေါ်တာပါ… အာရကေအောက်တယ်ဆိုတာက တစ်လအတွင်း သူတို့အနေနဲ့ ဘယ်လောက်ပြန်ပေးရမယ်ဆိုပြီး သတ်မှတ်ထားတဲ့ ပိုက်ဆံပမာဏကို ရှာမပေးနိုင်တဲ့ အခြေအနေကို ခေါ်တာပါ… လူနာဆောင် (သို့) တာဝန်ကျတဲ့နေရာတွေပေါ် မူတည်ပြီး အလုပ်သမားတွေအနေနဲ့ သူတို့ရဲ့ အုပ်လေးကို ပြန်အပ်ရပါတယ်… အုပ်လေးက တစ်ဆင့် အုပ်ကြီးကို ပြန်အပ်ရပါတယ်… ဒီတော့ ၂ လမြောက် အုပ်လေးကို ပိုက်ဆံမအပ်နိုင်ရင် အလုပ်သမားအနေနဲ့ ဂိုဏ်းသင့်ပါတယ်… အုပ်လေး၊ အုပ်ကြီးဆိုတာ ဘယ်သူတွေ ဘာတွေဆိုတာ မေးလို့မရခဲ့ပါဘူး… ဒါပေမယ့် အုပ်ကြီးက အုပ်လေးကိုလည်း ပြန်ဖြုတ်လို့ရပါတယ်… အုပ်ကြီးက တစ်လအတွက် သတ်မှတ်ထားတဲ့ ငွေပမာဏကို အုပ်လေးကရှာပေးရပါတယ်… အုပ်လေးတွေက အဆိုပါ သတ်မှတ်ထားတဲ့ ငွေပမာဏကိုမူတည်ပြီး အလုပ်သမားတွေ အပေါ်မှာ ပြန်ပြီးသတ်မှတ်ပေးပါတယ်… အုပ်လေးတွေဘက်ကလည်း အာရကေအောက်လို့မရပါဘူး… အာရကေအောက်ရင် အုပ်ကြီးက အပြစ်ပေးပါတယ်… ဒီလောက်ပဲ ကျွန်တော်လည်း သိပါတယ်… ကျန်တာမသိပါ… ကျွန်တော်နဲ့ အပေါင်းအသင်းဖြစ်ခဲ့သော အလုပ်သမားများလည်း မသိကြပါ… အုပ်ကြီးဆိုတာ ဘယ်သူမှန်းပင် သူတို့ မသိကြပါ… အုပ်ကြီးဆိုသူက တစ်နှစ်စာ ကန်ထရိုက်စနစ်နဲ့ ရန်ကုန် ပြည်သူ့ဆေးရုံကြီး၏ (ရာထူးအရ) ဆေးရုံတစ်ခုလုံးအပေါ် တာဝန်အရှိဆုံး၊ အာဏာအရှိဆုံး ပုဂ္ဂိုလ်ထံမှ ယူထားသည် ဟုသာ အလုပ်သမားတွေအနေနဲ့ သိရပါတယ်… အုပ်ကြီးအနေနဲ့လည်း သတ်မှတ်ငွေပမာဏ မရလို့ အဆိုပါ ပုဂ္ဂိုလ်အား မပေးနိုင်ရင် နောက်တစ်နှစ်စာ ကန်ထရိုက် မရနိုင်တော့ကြောင်းတော့ သိခဲ့ရပါတယ်… ဒီအချက်တွေကြောင့်လည်း သူတို့၏ တစ်ဝမ်းတစ်ခါးအတွက် အလုပ်သမားများအနေနှင့် ဂိုဏ်းသင့် မခံကြရဖို့အရေး ကြိုးစားရုန်းကန်ရင်း ပိုက်ဆံမက်နေရခြင်းဖြစ်ကြောင်း ၀န်ခံပါတယ်… အဲ့ဒီအချိန်တုန်းကတော့ “သြော်… ကောင်းလိုက်တဲ့ စီးပွားရေး စနစ်ကြီးပါလား” လို့ ကျွန်တော်တွေးမိရုံမှတစ်ပါး ဘာမှမတတ်နိုင်ခဲ့ပါ…
အခုလည်း ဘာမှမတတ်နိုင်သေးပါ… ဒါပေမယ့် ဒါတွေကို အမေစုအထိ မသိရင်တောင် အမေစု ပြောတဲ့ “ပြုပြင်ရေး ကော်မတီ” ကြီးမှာပါမယ့် အဖွဲ့ဝင်တစ်ယောက် တိုက်ရိုက် (သို့) သွယ်ဝိုက်စွာ သိသွားပြီး အခုလိုဖြစ်နေတဲ့ စနစ်ကြီးကို လုံးဝကောင်းသွားအောင် ပြုပြင်ပြောင်းလဲပေးခဲ့မယ်ဆိုရင်တော့… လက်ရှိကြုံတွေ့ခံစားနေရတဲ့ လူနာတွေ၊ လူနာစောင့်တွေ၊ လူနာသတင်းမေးတွေအတွက် ကျွန်တော်ရေးရကျိုးနပ်ပြီး ထင်ပါတယ်… ၂၀၀၈ ခုနှစ် အလုပ်သင် ဆရာဝန်ဘ၀တုန်းက ရန်ကုန် ပြည်သူ့ဆေးရုံကြီးမှာ အမှန်တကယ် ဖြစ်နေတဲ့အခြေအနေကို ကျွန်တော်သိသလောက်၊ မေးလို့ရသလောက် ပြန်ရေးတာဖြစ်တဲ့အတွက် လက်ရှိ ၂၀၁၂ ခုနှစ် အခြေအနေအကြောင်း ကျွန်တော် မသိတော့ပါဘူး ဆိုတာကိုလည်း ရိုးသားစွာဝန်ခံပါရစေ… နောက်ထပ်ပြောချင်ပါသေးတယ်… ဒါကတော့ ဒီစာကိုရေးတဲ့ ကျွန်တော့် အနေနဲ့ ဘယ်သူ့ ဘယ်သူကိုမှ တိုက်ခိုက်လိုစိတ်၊ ထိခိုက်လိုစိတ် လုံးဝရှိမနေပါဘူး ဆိုတာပါပဲ… ပြည်သူ့ဆေးရုံကြီးကို အားကိုးအားထားပြုနေရတဲ့ ပြည်သူတွေအတွက် တစ်ဖက်တစ်လမ်းက အထောက်အကူဖြစ်ပါစေဆိုပြီးသာ ရည်ရွယ်ပြီး ရေးသားခြင်းသာဖြစ်ပါတယ်… ရင့်သီးမိုက်ရိုင်းတဲ့ Comment ပေးတဲ့လူများကိုလည်း အဖက်လုပ်နေမည် မဟုတ်ပါကြောင်း…
“မိမိစေတနာ မိမိကိုယ်သာ အကျိုးပေးပါစေ”
ဒေါက်တာစိုး
ဒေါင်းမာန်ဟုန်...
“ မိမိစေတနာ မိမိကိုယ်သာ အကျိုးပေးပါစေ ”
အမေစုက လွှတ်တော်မှာ ရန်ကုန်ဆေးရုံကြီးကို အဆင့်မြှင့်တင်ဖို့ အဆိုတင်သွင်းတာ အောင်မြင်သွားပြီ တဲ့… ၀မ်းသားပါတယ် အမေ… ဒါက ဖြစ်သင့်နေတာ လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်ကတည်းကပါ…
အိမ်နီးချင်း
Song Black ·
အထူးသဖြင့် ကျွန်တော်တို့နှင့် စီးပွားရေးအရ ထိစပ်ကုန်သွယ်မှု အပြုရဆုံး နိုင်ငံကြီး ဖြစ်သည့် တရုတ်ပြည်ကိုလည်း ကမ္ဘာ့ စံချိန်စံညွှန်းများနှင့်အညီ သိက္ခာရှိရှိ ကြီးပွားချမ်းသာသော နိုင်ငံ တစ်နိုင်ငံ ဖြစ်စေလိုပါသည်။
အိမ်နီးချင်းလွန်ခဲ့သည့် ဆယ်လခန့်က သတင်းတစ်ပုဒ် ဖတ်ခဲ့ရ ဖူးသည်။ ထူးသည်ဟု ဆိုနိုင်သော်လည်း ဆန်းတော့ လည်းမဆန်းပါ။ အကြောင်း အရာက တရုတ်ပြည်ထုတ် ချယ်ရီဝက်ဂွန်ကား လေးတွေ အကြောင်းဖြစ်သည်။ အဆိုပါကားလေးတွေ မြန်မာပြည်ရောက် လာတာ ယခုဆို နှစ်နှစ်ကျော်လောက် ရှိမည် ထင်သည်။
သစ်ထူးလွင် သတင်းစုစည်းမှု (၁၉-၅)
သစ်ထူးလွင်
Related Posts Plugin for WordPress, Blogger...