Sunday, June 30, 2013

ပြောပြချင်တဲ့ စကားတွေ။

မခင်ဦး။
( ၂၄၉)

မနေ့က နံနက်ခင်းမှာ လက်ဖက်ရည်ဝိုင်းတခု ထိုင်မိခဲ့တယ်ဆိုတာကို ပြောဖြစ်ခဲ့တယ်။
ရှေ.နေတယောက်ရယ် ၊ အခြားသူ့ဘော်ဒါ နှစ်ယောက်ရယ်။ အိမ်နဲ့နီးလို့ ဈေးသွားရင်း လှမ်းနှုတ်ဆက်လို့ ထိုင်ဖြစ်တာပါ။. အပြင်လောကမှာ ဖြစ်နေတဲ့ လေသံတချို.ကိုနားစွင့်ချင်တာလဲပါတယ်ပေါ့။

ကိုယ်က အမျိုးသမီးဖြစ်နေပေမဲ့ နိုင်ငံရေးဆိုတာမျိုးကလဲ အမျိုးသားထုကဘဲ အများစုပြောဆို ဆွေးနွေးကြတာ မဟုတ်လား။ ဒီတော့ သတင်းပုလင်းနားထောင်ချင်ရင် အမျိုးသားတွနဲ့ စကားပြောရတာ မလုပ်တခုဘဲ။

မနေ့က တိုင်းမ်ကို တရားစွဲဆိုဘို့ ပြောဆိုဆော်သြသူဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖြစ်နေတယ်။ တိုင်းမ်မဂ္ဂဇင်း ဆီက ဒေါ်လာသန်း (၃၀၀၀လောက်) ရချင်တယ်ဆိုဘဲ။

ဘက်ဂျက်နဲ့ ဦးပိုင် အတွက် အဆိပ်တက်နေသူများဖတ်ဖို့

Seaman Nayminthu shared ရုပ် ဆိုး's photo.

2013 - 2014 ခုနှစ် မြန်မာ့တပ်မတော် အတွက် ခွင့် ပြုငွေ က နိုင်ငံတော် ဘက်ဂျက်ရဲ့ ၂၁ ရာခိုင်နှုန်း .. သုံးစွဲဖို့ မဲခွဲ ဆုံးဖြတ်ရာမှာ အထက်လွှတ်တော် ၊ အောက်လွှတ်တော် အမတ် ၄၄၅ ယောက် ရှိတဲ့ အနက် ၆၀ ကတော့ ဘက်ဂျက်လျော့ချဖို့ ဆန္ဒပြု ပြီး ကျန်အမတ်များကတော့ ထောက်ပံ့ဖို့ ဆန္ဒပြုပါသတဲ့ ။

Collectivism

 ဗုဒ္ဓဘာသာစွဲ ပြဿနာလည်း မဟုတ်၊ အစ္စလမ် ဘာသာစွဲ ပြဿနာလည်း မဟုတ်။ ဖြေရှင်း ရမည့်ပြဿနာမှာ လူစုလူဝေးစွဲပေတည်း။

မကြာသေးမီက ရှမ်းပြည်တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများက ညွှန်ပြနေသည်မှာ မြန်မာပြည်တွင် လက်ရှိဖြစ်ပွားနေသော ရုန်းရင်းဆန်ခတ် ဖြစ်မှုများ၏ သဘာဝသည် နှစ်ပရိဒေစ္ဆများစွာ မတည့်ခဲ့သည့် အသိုင်းအဝိုင်း တစ်ခုနှင့်တစ်ခုကြားမှာသာပေါ်ပေါက်သော ရန်ပွဲဆိုသည့် အနားသတ်မျဉ်းကိုကျော် လွန်နေပြီ ဆိုသည့် သဘောပါတည်း။ အမှန်ကတော့ နှစ်ပေါင်းများစွာ မည်သည့် အထွေအထူး ပြဿနာမှ မရှိဘဲ နေလာခဲ့သည့် ပြည်သူလူထုသည် ရုတ်ချည်းဆိုသလို ရိုင်းစိုင်းကြမ်းကြုတ်သော ဗုဒ္ဓဘာသာဝင်များ သို့မဟုတ် မူဆလင်ဘာသာဝင်များအဖြစ် ပြောင်းလဲသွားကုန်ကြလေ၏ ။ ထိုအချက်က သက်သေပြု သည်မှာ တကယ်မတော့ ပြဿနာ၏သဘောသည် တချို့သော သူတို့သည်တခြား သူတို့အပေါ်မှာ သူတို့ မြင်သော အမြင် ပြောင်းလဲလာခြင်းပေါ်မှာ မူတည်နေကြောင်းဆိုတာ ဖြစ် ပါသည်။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၉-၆)

သစ်ထူးလွင်



Saturday, June 29, 2013

`` လူနှင့် နိုင်ငံရေးဆိုင်ရာ ဂေဟဗေဒ အတွေးလေးများ ....´´

`` လူနှင့် နိုင်ငံရေးဆိုင်ရာ ဂေဟဗေဒ အတွေးလေးများ ....´´


ဂေဟစနစ်အရ အပင်နဲ့ သက်ရှိတွေဟာ အတူယှဉ်တွဲပြီး ၀န်းကျင်တစ်ခုကို ထူထောင်ကြတယ်....၊ 

အချင်းချင်းလည်း အကျိုးပြုတယ်... အချင်းချင်းတွဲယှဉ်ရင်း အချင်းချင်းလည်း တွန်းကန်တတ်ကြတယ်.....။

တွန်းကန်တယ်ဆိုတာက သူတို့ဖန်တီးထားတဲ့ ၀န်းကျင်ထဲမှာ မလိုအပ်တာတွေကို ဖယ်ပစ်တဲ့သဘောပေါ့... သိပ်စိတ်ဝင်စားစရာ ကောင်းပါတယ်....၊

အဲဒါက သာမာန် အပင်နဲ့ သက်ရှိတွေကိုပဲ ဆိုလိုတာပါ..... 

လူဆိုတဲ့ သက်ရှိကတော့ စဉ်းစားတွေးခေါ်တတ်တဲ့အပြင် သင်ယူမှတ်သားတတ်ပြီး ဝေဖန်ပိုင်းခြားတတ်တယ်၊ အမြဲတမ်း ဆန်းသစ်နေတတ်တဲ့ အတွက် သူတို့ဝန်းကျင်ထက် သူတို့ရဲ့ အတ္တတွေကို ပိုပြီး အကျိုးပြုတတ်ကြတယ်...´´

အဲဒီတော့.... သူတို့အတွက် အကျိုးပြုတာ၊ မပြုတာကို အပင်နဲ့ သတ္တ၀ါတွေလို သဘာဝကျကျ မသိတော့ဘူး... အတ္တတွေက ဖုံးလွှမ်းနေတာကိုး.....

အတ္တရဲ့ စေ့ဆော်မှုအရပဲ ဆုံးဖြတ်တယ်....
ဆုံးဖြတ်တဲ့အတိုင်းပဲ ချေဖျက်ပစ်ကြတယ်...
အမှားတွေကိုလည်း ဆက်ကာဆက်ကာ ဖက်တွယ်ထားတယ်...။

အပင်နဲ့ သာမာန်သက်ရှိတွေက ၀န်းကျင်ရဲ့ လက်မခံနိုင်မှုကို သိတဲ့ အခါ သူတို့ရဲ့ ဇီဝကို စွန့်လွှတ်ကြတယ်... တစ်နည်းအားဖြင့် အသက်ကို စွန့်လွှတ်ကြတယ်ပေါ့....။

ဒါပေမဲ့ လူဆိုတဲ့ သက်ရှိကတော့ ၀န်းကျင်က လက်မခံတဲ့အခါ အဲဒီဝန်းကျင်ကို ဖျက်ဆီးပစ်ကြတဲ့အပြင် ဆက်လက်ရှင်သန်လို့မရနိုင်ခဲ့လျှင်လည်း အခြား နေရာသစ်တစ်ခုကို ရှာဖွေကြတယ်...၊ ၀န်းကျင်အသစ်တစ်ခုကို ထူထောင်ကြတယ်...။

လူတွေအတွက် ဂေဟ စနစ်ဆိုတာ သီးခြားဖြစ်ပေါ်နေခဲ့တာလို့တောင် ဆိုရမလားပဲ။

ဒီတော့ လူတွေနေတဲ့ ၀န်းကျင်ရယ်..... လူတွေကျင်လည်တဲ့ ၀န်းကျင်ရယ်.... လူ့အတ္တတွေရဲ့ ဇာတိမြေကတော့ ဂေဟစနစ်နဲ့ ထိန်းကျောင်းနိုင်ဖို့ အင်မတန် ခက်ခဲလှပါတယ်...။

အပင်နဲ့ သာမာန် သက်ရှိတွေတည်ဆောက်ထားတဲ့ ဂေဟ ၀န်းကျင်ဆိုတာကတော့ လူတွေရဲ့ ရှင်သန်ခြင်း ၀န်းကျင်တစ်ခုမှာ အထောက်အကူ ပစ္စည်းလေးတွေ ဖြစ်သွားတဲ့အပြင် မကြာခဏ ချေဖျက်ခံရသလို... မကြာခဏလည်း ပြုစု ပျိုးထောင်ခြင်းကို ခံနေရမှာပဲ......။

လူတွေက ဒီလို ဂေဟ စနစ်ကို ထူထောင်တယ်ဆိုတော့.....

စဉ်းစားကြည့်မိတယ်... လူတွေပဲ လုပ်လို့ရတဲ့ နိုင်ငံရေးလုပ်ငန်းတွေထဲမှာလည်း သဘာဝကျတဲ့ ဂေဟ စနစ်တွေ ဖျက်ဆီးခံလိုက်... ပျိုးထောင်ခံလိုက်နဲ့....

အင်း..... လူအချင်းချင်းကိုတော့ အပင်နဲ့ သာမာန် သက်ရှိတွေလို အထောက်အကူပစ္စည်းအဖြစ် အသုံးချခဲ့တယ်...၊ အသုံးချနေတယ်၊ အသုံးချနေဦးမယ် ဆိုတော့......

တကယ်တော့ နိုင်ငံရေးမှာလည်း ဂေဟ စနစ်တစ်ခုရှိနေခဲ့လျှင် ဒါကို ``Political  Ecology ´´ လို့ အမည်ပေးရမယ် ထင်ပါတယ်....။

(ကွန်ဆူးမား) (၂၈-၆-၂၀၁၃)
 
ဂေဟစနစ်အရ အပင်နဲ့ သက်ရှိတွေဟာ အတူယှဉ်တွဲပြီး ၀န်းကျင်တစ်ခုကို ထူထောင်ကြတယ်....၊
အချင်းချင်းလည်း အကျိုးပြုတယ်... အချင်းချင်းတွဲယှဉ်ရင်း အချင်းချင်းလည်း တွန်းကန် တတ်ကြတယ်.....။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၈-၆)

သစ်ထူးလွင်



Friday, June 28, 2013

ဒီမိုကရေစီ အသိနှင့်အရှိ

သစ္စာနီ | တနင်္လာနေ့၊ ဇွန်လ ၁၀ ရက် ၂၀၁၃ ခုနှစ် ၀၇ နာရီ ၅၃ မိနစ်

၁၉၆၂ ကစ၍ ကျွန်တော်တို့နိုင်ငံတွင် ဒီမိုကရေစီစနစ် တစ်ခန်းရပ်ခဲ့သည်။ ဗဟိုဦးစီးချုပ်ကိုင်မှု (TOTALITAR IANISM) အနှစ် ငါးဆယ်နီးပါး လွှမ်းမိုးခဲ့သည်။ အခုတော့ သမိုင်းဘီးတစ်ပတ်လည်ကာ၊ ဒီမိုကရေစီစနစ်ပြန်လည် အသက်ဝင် လာသည်။ ၈၈ အရေးတော်ပုန်မှာ လူထုအုံကြွမှုမှ ထွက်ပေါ်လာသော အသီးအပွင့်ဖြစ်သဖြင့် တန်ဖိုးထားကြရမည်။ တန်ဖိုးထားဖို့ ဆိုသည်မှာ တန်ဖိုးရှိကြောင်းသိမှ ဖြစ်နိုင်သောအရာ ဖြစ်သည်။

Caroon-2ဒီမိုကရေစီမှာ ဘာတန်ဖိုးတွေ ရှိသနည်း။ မကြာခင်က လျှပ်စစ်မီးပျက်မှုကို ဖယောင်းတိုင်ထွန်း၍ ဆန္ဒပြကြရာတွင်၊ ဆန္ဒပြသူတစ်ဦး ကိုင်ဆောင်ထားသည့်စာတန်းကို သတိထားမိ၏။ ''ဒီမိုကရေစီ နောက်မှပေးပါ၊ လျှပ်စစ်မီး အရင်ပေးပါ'' တဲ့။ တောင်ကိုးရီးယားသမ္မတ လာရောက်စဉ် က ဒေါ်အောင်ဆန်းစုကြည်နဲ့  တွေ့ဆုံခိုက်ပြောသွားသော စကားတစ်ခွန်းကို ကျွန် တော် အမှတ်ရနေ သည်။ ''ဒီမိုကရေစီကို ဘာနဲ့မှမလဲပါနဲ့'' တဲ့။

မြှားဆိပ်ကိုသာ ဖြေပေးကြပါ


ဆရာနဲ့ဒကာညီကြမှ ဆိုတဲ့စကားမှာ ဆရာဆိုတာဟာ ဗုဒ္ဓဘာသာဝင် ရဟန်းသံဃာတော်များကို ရည်ရွယ် တာဖြစ်ပြီး ဒကာဆိုတာ ဗုဒ္ဓဘာသာဝင် နိုင့်ငံထိပ်ပိုင်းအရာရှိများ၊ အစိုးရနဲ့အစိုးရအဖွဲ့ဝင်များ၊ နိုင် ငံ့ခေါင်းဆောင် များ၊ အတိုက်အခံအဖွဲ့အစည်းများနှင့်တကွ အောက်ခြေပြည်သူလူထုအားလုံး ပူးပေါင်း ပါဝင်မှုကို ရည်ရွယ်တာဖြစ်ပါတယ်။

ယဉ်ကျေးမူ (Culture) မိတ်ဆက်


ယဉ်ကျေးမူ (Culture) လေ့လာတယ်ဆိုတာ အရေးကြီး ပါတယ်။ နိုင်ငံရေးသိပ္ဗံ (Political Science)၊ လူမူဗေဒ (Sociology)၊ မနုဿဗေဒ (Anthropology)၊ ဒဿနိက (Philosophy)၊ စိတ်ပညာ (Psychology)၊ စီးပွားရေး (Business) စတဲ့ပညာရပ်တွေ လေ့လာတဲ့အခါ ယဉ်ကျေးမူ (Culture) ကိုဗဟိုပြုလေ့လာကြရတယ်။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၇-၆)

သစ်ထူးလွင်


Thursday, June 27, 2013

သစ်ထူးလွင် သတင်းစုစည်းမှု (၂၆-၆)

သစ်ထူးလွင်



Wednesday, June 26, 2013

သစ်ထူးလွင် သတင်းစုစည်းမှု (၂၅-၆)

သစ်ထူးလွင်



Tuesday, June 25, 2013

ပန်းခင်းလမ်းလျှောက်ချင်ရင် နိုင်ငံရေး မလုပ်ပါနဲ့.....

ပန်းခင်းလမ်းလျှောက်ချင်ရင် နိုင်ငံရေး မလုပ်ပါနဲ့.....

အခုတလော တွေ့နေရတာက အတိုက်အခံ ဘက်တော်သားတွေရဲ့ စကား.... အထူးသဖြင့် ဖြစ်ပေါ်လာတဲ့ နိုင်ငံရေး ကိစ္စတွေနဲ့ ပါတ်သက်ပီး အတိုက်အခံတွေရဲ့ ဝံသာနုစိတ်ဓါတ် အပေါ် မေးခွန်းတွေ ထုတ်ကြတာကို မကျေနပ်တဲ့ အတိုက်အခံ ဘက်တော်သားတွေရဲ့ အသံတွေပါပဲ....... အတိုက်အခံတွေကို တမင်ထောင်ခြောက်ဆင်လာတဲ့ ကိစ္စတွေ၊ အတိုက်အခံတွေ နာမည်ကောင်းရမှာ မရှုစိမ့်လို့ လုပ်လာတဲ့ ကိစ္စတွေ အစရှိသဖြင့် အပြစ်ဖို့နေတာကို တွေ့ရပါတယ်........

ကျွန်တော့်အနေနဲ့ မေးလိုတာကတော့ တစ်ခါလာလည်း သူများဆင်တဲ့ထောင်ခြောက်၊ တစ်ခါလာလည်း ဟိုလူ လုပ်လို့၊ ဒီလူလုပ်လို့ ဆိုရင်ဖြင့် ခဏခဏ ခံ နေရတယ်ဆိုတဲ့ အတိုက်အခံတွေဟာ အတော်ပဲ ညံ့ဖျင်းတယ်လို့ မြင်လာပါတယ်..... တစ်ခါသေဖူး ပျဉ်ဖိုးနားလည်ရမယ့်စား ဘာကြောင့် အခါခါသေချင်နေလဲ၊ ထောင်ခြောက်မှန်းသိနေရက်နဲ့ ဆင်းလာသလဲ မေးချင်လာပါတယ်.....

နိုင်ငံရေးလုပ်ပီဆိုတာနဲ့ မလွဲမသွေ တွေ့ရမှာက ထောင်ခြောက်တွေ၊ သတ်ကွင်းတွေ၊ ပြင်းထန်တဲ့ ရုန်းကန်မှုတွေ ပြုလုပ်ရမယ့် ရွှံ့ညွံ့လို အခင်းအကျင်းတွေကို မဖြစ်မနေကို ဖြတ်ကျော်ရပါလိမ့်မယ်...... လူ့အလို နတ်မလိုက်နိုင်ဆိုသလိုပဲ အမျိုးမျိုးသော မ တစ်ထောင်သားတွေကို အုပ်စိုးရာမှာ တစ်ယောက်ကကျေနပ်ပီး ကျန်တဲ့လူတွေက မကျေနပ်တာတွေကိုလည်း ဖြေရှင်းဖို့ အရည်အချင်းရှိရပါမယ်..... အခုလက်ရှိ အတိုက်အခံ ဘက်တော်သားတွေလို မကျေနပ်တဲ့သူကို မကျေနပ်ရကောင်းလား သွားပြောလို့ မရပါဘူး..... လူတိုင်းဟာ သူ့အခွင့်အရေးနဲ့ သူပါပဲ......

အခုလက်ရှိ အတိုက်အခံတွေ ကြုံတွေ့နေတဲ့ နိုင်ငံရေး ပြဿနာတွေ၊ အထူးသဖြင့် ဘာသာ၊ သာသနာပိုင်းဆိုင်ရာ ကိစ္စတွေဟာ အင်မတန် နူးညံ့သိမ်မွေ့လှပါတယ်...... အရာအားလုံးကို လူ့အခွင့်အရေးနဲ့ တိုင်းလို့မရနိုင်ပါဘူး...... ပြည်သူလူထုရဲ့ သဘောထားကိုလည်း ဆန်းစစ်ဖို့ လိုပါသေးတယ်.... ဖြစ်လာတဲ့ ပြဿနာတွေကို ဖြစ်ရကောင်းလား၊ ဘယ်သူ ဖန်တီးတယ် ဘယ်ဝါ ဖန်တီးတယ်လို့ အပြစ်ထိုင်တင်နေတာ အဖြေတစ်ခု မဟုတ်ပါ...... ပြဿနာကို ဖြေရှင်းဖို့သာ အဖြေဖြစ်ပါတယ်....... အဆိုပါ ပြဿနာတွေဟာ အတိုက်အခံတွေ နိုင်ငံရေး စင်မြင့်ပေါ် ရောက်လာလျင်လည်း တွေ့ဆုံလာရမယ့် ကိစ္စတွေပါပဲ.......

ကုလားမုန်းတီးရေး စိတ်ဓါတ်ဟာ ချက်ခြင်း ရေနဲ့မီးကိုး ဖြန်းသလို ငြိမ်းသွားမှာ မဟုတ်ပဲ ဆက်လက်ကျန်ရှိနေဦးမှာပါပဲ..... အဲ့ဒါကြောင့် အတိုက်အခံတွေအနေနဲ့ အခုဖြစ်နေတဲ့ ပြဿနာတွေကို နည်းနိုင်သမျှနည်းအောင် ပူးပေါင်း ပါဝင် ဖြေရှင်းဖို့ လိုပါတယ်..... ဒီအတွက် တစ်ဖက်ကိုလည်း မမုန်းတီးရန် ပညာပေးသင့်သလို၊ အခြားတစ်ဖက်ကိုလည်း မလွန်ကျူးလာစေရန် အသိပေးသင့်ပါတယ်........ ထို့အတူ အနောက်ဘက်ကမ်းက ကျူးကျော်ဝင်ရောက်နေသူတွေရဲ့ ပြဿနာ၊ လဝက ဝန်ထမ်းများ လာဘ်စားမှု ပြဿနာတွေဟာလည်း အနည်းနဲ့အများ ရှိနေဦးမှာ ဖြစ်တဲ့အတွက် မိမိတို့လက်ထက်မှာသာမက ယခုကတည်းက ဘယ်သို့ ဘယ်ပုံ ဖြေရှင်းမယ်ဆိုတာ ပူးပေါင်းလုပ်ဆောင်သင့်ပါတယ်......

လက်ရှိ အတိုက်အခံများထဲမှ ဒေါ်စုဟာ လွှတ်တော် အမတ် တစ်ယောက်ဖြစ်နေတဲ့အပြင်၊ တရားဥပဒေ စိုးမိုးရေး ကော်မတီရဲ့ ဥက္ကဌ တစ်ယောက်လည်း ဖြစ်ပါတယ်..... လွှတ်တော် အမတ်တစ်ယောက်ရဲ့ လုပ်ပိုင်ခွင့်၊ တရားဥပဒေ စိုးမိုးမှုကော်မတီရဲ့ လုပ်ပိုင်ခွင့်ဟာ အတော့်ကို ကြီးမား ကျယ်ပြန့်ပါတယ်....... အထူးသဖြင့် အနောက်နိုင်ငံများက ဆုတံဆိပ်များ အပ်နှင်းခြင်းခံထားရတဲ့ ဒေါ်စုလို လွှတ်တော်အမတ်တစ်ယောက်ရဲ့ အဆိုတွေဟာ အခြားသော လွှတ်တော် အမတ်တွေရဲ့ အဆိုတွေထက် များစွာ တာသွားတယ်ဆိုတာ မေ့ထားလို့ မရပါဘူး..........

အခုလက်ရှိ မြင်နေတာကတော့ အတိုက်အခံတွေဟာ၂၀၁၀ တုန်းက မဲပေးခွင့်ရခဲ့တဲ့ ဝှိုက်ကဒ်တွေကိစ္စ၊ လွှတ်တော်ထဲ ရောက်နေတဲ့ ဘင်္ဂါလီ အမတ်တွေကိစ္စ၊ လိပ်ခဲတည်းလည်းဖြစ်နေတဲ့ အနောက်ဘက်ကမ်းက ဘင်္ဂါလီ အရေးကိစ္စတွေနဲ့ ပါတ်သက်လို့ နှုတ်ဆိတ်နေခြင်းပါပဲ...... ဒီကိစ္စတွေဟာ အစိုးရနဲ့ သက်ဆိုင်တယ်၊ သက်ဆိုင်ရာတွေပဲ လုပ်ရမှာ အတိုက်အခံနဲ့ ဘာဆိုင်လဲ မေးကောင်း မေးလာနိုင်ပါတယ်...... အတိုက်အခံဆိုသည်မှာ အစိုးရ လုပ်ရပ်အားမရရင်ဖြစ်စေ၊ အစိုးရမှ လုပ်သင့်သည်ကို မလုပ်လျင်ဖြစ်စေ အပြုသဘော ထောက်ပြ ဝေဖန်သွားရမှာ ဖြစ်ပါတယ်...... ဒါမှလည်း အတိုက်အခံကောင်း ပီသပါလိမ့်မယ်......

ယခုလက်ရှိမှာ ဝှိုက်ကဒ်တွေဟာ တရားမဝင်တဲ့အတွက် ၂၀၁၅ မှာ မဲပေးပိုင်ခွင့် မရှိတာကို ပြတ်ပြတ်သားသား ငြင်းဆန်ကြဖို့၊ အစိုးရကို ဖိအားပေးကြဖို့ ဘယ်အတိုက်အခံထံကမှ အသံထွက်လာတာ မတွေ့ရပါဘူး...... လွှတ်တော်ထဲ ရောက်နေတဲ့ ဘင်္ဂါလီ ကြံ့ဖွံ့ အမတ်တွေနဲ့ ပါတ်သက်လို့ လက်ရှိ ကြံ့ဖွံ့ ဥက္ကဌလည်းဖြစ်၊ ပြည်သူ့ လွှတ်တော်ဥက္ကဌနဲ့ အင်မတန်မှ လူခြင်းရင်းနှီးတဲ့ အတိုက်အခံခေါင်းဆောင် ဒေါ်စုထံမှလည်း ကန့်ကွက်ခြင်းကို စိုးစဉ်းမျှ မတွေ့ရပြန်ပါဘူး...... လူ့အခွင့်အရေးဆိုတဲ့ စကားလုံးဟာ အတိုက်အခံတွေကို အမှန်တရားတွေ ပြောဆိုဖို့အတွက် ဆွံ့အနေစေပုံ ရပါတယ်.....

လူ့အခွင့်အရေးကို စဉ်းစားမယ်ဆိုရင် အတိုက်အခံတွေကို တိုက်တွန်းလိုတာကတော့ ကိုယ့်နိုင်ငံရဲ့ ပြည်သူတွေ လူ့အခွင့်အရေး အပြည့်အဝ ရပီလား၊ ဘယ်လိုတွေ လူ့အခွင့်အရေး ချိုးဖောက်ခံနေရသလဲ၊ ဘယ်လိုဘာသာတရားတွေက နိုင်ငံသားတွေရဲ့ လူ့အခွင့်အရေးကို ထိမ်းချုပ်နေလဲ ဆိုတာတွေကိုပါ ထည့်သွင်းစဉ်းစားဖို့ လိုပါလိမ့်မယ်...... ကမ္ဘာပေါ်မှာ မည်သည့်နိုင်ငံမှ သူ့နိုင်ငံသားရဲ့ အခွင့်အရေးကို ကျော်လွန်ပီး အခြားသူများရဲ့ လူ့အခွင့်အရေးကို ဦးစားပေး ရှေ့တန်းတင်တာမျိုး မရှိတာကိုလည်း မေ့လျော့ထားလို့ မရပါဘူး.......

လူ့အခွင့်အရေးကို ရှေ့တန်းတင်လွန်းချိန်မှာ ဝံသာနု၊ အမျိုးသား အကျိုးစီးပွားတို့ဟာ ထိပ်တိုက် တိုးကြမှာ မလွဲပါဘူး..... သို့ဖြစ်တဲ့အတွက် အတိုက်အခံတွေအနေနဲ့ မကြာခဏဆိုသလို အဆိုပါ ထိပ်တိုက်တိုးမှုက ဖြစ်လာတဲ့ ပြဿနာတွေကို ဝေဖန်သုံးသပ်ရမှာပါပဲ...... နိုင်ငံရေး သဘောတရားအရ အတိုက်အခံရဲ့ အသံကို လူတွေနားထောင်ကြတဲ့အတွက် အမြဲ တစေ ရှောင်ပြေးနေတာ၊ အပြစ်တင်နေတာတွေ လုပ်နေလို့ မရပါဘူး...... အဖြေမှားခြင်း၊ ဦးစားပေးမှု မှားခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ ရလာဘ်တွေကိုလည်း ရင်ဆိုင်ရမှာပါပဲ...... 

ဒါကြောင့် နိုင်ငံရေးလုပ်တယ်ဆိုတာ ပန်းခင်းလမ်းကို လျှောက်လှမ်းခြင်းမျိုး မဟုတ်ပဲ  ထောင်ခြောက်တွေ၊ သတ်ကွင်းတွေ၊ ပြင်းထန်တဲ့ ရုန်းကန်မှုတွေ ပြုလုပ်ရမယ့် ရွှံ့ညွံ့လို အခင်းအကျင်းတွေကို မဖြစ်မနေကို ဖြတ်ကျော်ရပါလိမ့်မယ် ဆိုတာကို အတိုက်အခံတွေသာမက အတိုက်အခံ ဘက်တော်သားတွေပါ နားလည်ထားဖို့ လိုပါတယ်..... ထစ်ခနဲရှိ ဘယ်သူ၊ ဘယ်ဝါဖန်တီးတာကြောင့် အပြစ်ဖို့နေရင် မကြာခဏ ခံနေရတဲ့ ကိုယ်ကိုယ်တိုင်က အသုံးမကျတာ ပိုမို ပေါ်လွင်လာပါလိမ့်မယ်...... နိုင်သည်ဖြစ်စေ၊ မနိုင်သည်ဖြစ်စေ နိုင်ငံရေးတွင် အတိုက်အခံဖြစ်လာရင် နိုင်ငံ့ဝန်ကို ထမ်းရပါမယ်..... အခက်အခဲ အတားအဆီးတွေကို မကြိုက်ရင်၊ ရင်မဆိုင်ခြင်ရင်တော့ နိုင်ငံရေးကို ဝေးဝေးပဲ နေသင့်တယ်လို့ပဲ ပြောချင်ပါတယ်...... 

Photo Copied from Internet

အခုတလော တွေ့နေရတာက အတိုက်အခံ ဘက်တော်သားတွေရဲ့ စကား.... အထူးသဖြင့် ဖြစ်ပေါ်လာတဲ့ နိုင်ငံရေး ကိစ္စတွေနဲ့ ပါတ်သက်ပီး အတိုက်အခံတွေရဲ့ ဝံသာနုစိတ်ဓါတ် အပေါ် မေးခွန်းတွေ ထုတ်ကြတာကို မကျေနပ်တဲ့ အတိုက်အခံ ဘက်တော်သားတွေရဲ့ အသံတွေပါပဲ.......

သစ်ထူးလွင် သတင်း စုစည်းမှု (၂၄-၆)

သစ်ထူးလွင်



Monday, June 24, 2013

အကြွင်းမဲ့ လွတ်လပ်သော အခြေခံဥပဒေ

အကြွင်းမဲ့ လွတ်လပ်သော အခြေခံ ဥပဒေ ။ ။ တစ်ခုတည်းသော လွတ်လပ်ခြင်း နှင့် ထင်ရာမြင်ရာ လွတ်လပ်မှုများ by Burmakin

ကတ္တရာ လမ်းပေါ် နွားလှည်းမမောင်းရ.....

`` ဟိုင်းရော......... ဟိုင်းးးးးးးးးးးးး´´ ကျယ်လောင်စွာ အော်ဟစ် သွားသော လှည်းမောင်းသမားကို ကြည့်မိသည်။ အော်ယုံအော်နေသည်မဟုတ်၊ လက်ထဲက နှင်တံနှင့်လည်း တဖုန်းဖုန်းရိုက်နေသည်၊ မြီးညှောင်းရိုးအနားကိုလည်း နှင်တံထိပ်မှသံချွန်ဖြင့် အကြိမ်ကြိမ် ဆောင့်ဆောင့် ထိုးနေသည်၊ နာလို့ဖြစ်မည် လှည်းကတော့ မြန်မြန်ဆန်ဆန် သွားနေသည်၊ ခနော်ခနဲ့ မြေလမ်းပေါ်မှာပေါ့....

သစ်ထူးလွင် သတင်းစုစည်းမှု (၂၃-၆)

သစ်ထူးလွင်



Sunday, June 23, 2013

ဘုရားသားနှင့် ကျားကွက် ကစားမည်လော......


မြန်မာနိုင်ငံရေးမှာ လူအများစု သုံးသပ်တာ သား ၃ သား....... အခုလက်ရှိ ပစ်မှတ်ထားတာလည်း ဒီ သား ၃ သား...... ဒါတွေကတော့ ဘုရားသား၊ စစ်သား၊ ကျောင်းသား....... ဒီသား ၃ သားမှာ Instution ခိုင်ခိုင်မာမာနဲ့ ရပ်တည်နေတာ စစ်သားနဲ့ ဘုရားသား.....

မာ့က်စ်ဝါဒနဲ့ ဗမာပြည်

သမိုင်းတကျော့ ပြန်လည်ပြီလား <<<(မှတ်တမ်းများအရ) ၁၉၄၈/၄၉ ခုနှစ်အတွင်းကနေ ၁၉၇၅ ခုနှစ်အတွင်းမှာ ဗဟိုကော်မီတီ(၂၉)ယောက်ရှိတဲ့အထဲမှာ (၆)ယောက် အညံ့ခံကြပါတယ်။ ၃ ယောက်အဖမ်းခံကြရပါတယ်။ ဗဟိုကော်မီ တီ(၂၀) တော်လှန်ရေးအတွက် အသက်စွန့်ခဲ့ကြပါတယ်။ ဗကပမှ သစ္စာဖောက် သွားကြတဲ့ အရွယ်သုံးပါထဲ မှာပါတဲ့သူတချို့ဟာ သူတို့စစ်အစိုး ရထံအညံ့ခံမှု၊ တစ်အိုးတစ်နပ်လုံခြုံမှုအတွက် အကြောင်းရှာရမှာ သူတို့နဲ့အတူ အမြီးအဖြတ်မခံချင်သူတွေကို ကွန်ဆာဗေး တစ်တွေ၊ တရားသေ၀ါဒီတွေ၊ ခေတ်ပြောင်းတာကိုမသိသူတွေ အဖြစ် တိတ်တိတ် တစ်မျိုး၊ တိုးတိုးတစ်မျိုး၊ အပြစ်တင်တတ်ကြပါတယ်။ ကျွန်ခံတာတောင်၊ နံပါတ်စဉ်အကြီးအသေး ရွေးချင်ကြပါတယ်။ >>>

သစ်ထူးလွင် သတင်းစုစည်းမှု (၂၂-၆)

သစ်ထူးလွင်



Saturday, June 22, 2013

တိုင်းမ်မဂ္ဂဇင်းပါဆောင်းပါးအပေါ် သုံးသပ်ခြင်း

by Myo Set (Notes) on Friday, June 21, 2013 at 4:57pm
 
-အရင်ဆုံး ခေါင်းစဉ်ကိုကြည့်ရအောင်ပါ။ ခေါင်းစဉ်မှာသုံးထားတဲ့စကားလုံးက The Face of Buddhist Terror ပါ။ Terror ကို အဓိပ္ပါယ်အမျိုးမျိုးဖွင့်ကြပေမယ့် ယနေ့အချိန်မှာ ဘာသာရေးနဲ့ ပတ်သက်သော ဆောင်းပါးမှာ Terror ဆိုတဲ့စကားလုံးခြင်းသည် အကြမ်းဖက်၊အစွန်းရောက်ဆိုတာနဲ့ အလိုလိုချိတ်ဆက်ပြီးဖြစ်ပါတယ်။ ဒါကိုဖြည့်စွက်နားလည်ပြီးဖြစ်ရပါတယ်။ ဒါက Time မဂ္ဂဇင်းရဲ့ ခေါင်းစဉ်...ရွေးချယ်ထားမှုပါ။ ဒီဟာကို ကြည့်လိုက်ခြင်းအားဖြင့် ဗုဒ္ဓဝါဒီ ဘုန်းကြီးတစ်ပါးရဲ့ ရက်စက်မှုတွေကို ဒီဆောင်းပါးထဲမှာ မြင်တွေ့ရတော့မယ်လို့ ဆိုလိုလိုက်တာပဲဖြစ်ပါတယ်။

`` ကျောက်သွေးသူတစ်ဦးရဲ့ အင်တာဗျူး........´´


ကွန်တော်တို့ ဋ္ဌာနမှာ ရှိတာက ၈ ဦး၊ တစ်နှစ်ကျော်ကျော်အတွင်းမှာ ၅ ဦးပဲ ရှိတော့တယ်....။ ဒီတော့ ရုံးချုပ်ကို ၀န်ထမ်းချပေးဖို့ တင်ပြရတယ်....၊ ၀န်ထမ်း လိုအပ်ချက်များနေတဲ့ ရုံးချုပ်ကလည်း မိမိ အစီအစဉ်ဖြင့် ၀န်ထမ်းအသစ် တစ်ဦး ရွေးချယ်ပေးပါ......။ တိုက်ရိုက် သင်တန်း တက်ရောက်ပြီး ခန့်အပ်ပေးမယ်လို့ အကြောင်းပြန်ပေးခဲ့ပါတယ်....။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၁-၆)

သစ်ထူးလွင်



Friday, June 21, 2013

ရဟန်းအလုပ် ရဟန်းလုပ်စေဖို့....


သံဃာတော်များက ဦးစီးဦးဆောင် ပြုလုပ်၍ တင်ပြလာသော မျိုးစောင့်ဥပဒေ (မူကြမ်း) ဟော အခု ကိုးကွယ်ရာဘာသာနှင့် ပါတ်သက်သော ဥပဒေ (မူကြမ်း) တွေ့လာရသောအခါ စဉ်းစားစရာ ဖြစ်လာပါတယ်..... နဂိုကတည်းက ဗုဒ္ဓဘာသာကို ဖိုးပြောချင်လို ဖဲ့ဖို့ ကြိုးစားနေတဲ့ သူတွေအတွက်တော့ ဂွင်ကောင်းကောင်း ရလိုက်သလို ကလော်တုတ်တော့တာပါပဲ.......

သစ်ထူးလွင် သတင်းစုစည်းမှု (၂၀-၆)

သစ်ထူးလွင်



အရေးတော်ပုံနှင့် အန်ဂျီအိုတပ်သား

အရေးတော်ပုံတပ်သားကြီးတွေလည်း
ခုတော့-
အန်ဂျီအိုတပ်သားကြီးလုံးလုံးဖြစ်။

Thursday, June 20, 2013

ဖူကူယားမား ဟောကိန်း ဒက်ထိ မှန်ပြီ


-ဆိုဗီယက် ယူနီယံ ပြိုလဲသွားတဲ့အချိန်မှာ ဖူကူယားမားက ပြောခဲ့ပါတယ်..
သမိုင်း နိဂုံးချုပ်သွားပြီ ဆိုတဲ့ စကား...
-သမိုင်းဆိုတော့ သမိုင်းဆရာတွေက နားလည်မှု လွဲပြီး မချုပ်ဘူး ဘာညာ ၀ိုင်းပြောကြတယ်...ဒီတော့ ဖူကူယားမားက စာတမ်းနဲ့ ရှင်းတယ်...

လွှတ်တော်ထဲက ဂျက်-ကွင်း-ကင်း ပြဿနာ ဘယ်လိုရှင်းမလဲ


-ပြည်သူတွေကြားမှာ ပြောနေကြတဲ့ ပြဿနာက ဘင်္ဂါလီတွေကို ထုတ်ပေးထားတဲ့ ဝှိုက်ကဒ် ပြဿနာ ကိုပါ....ဒါပေမယ့် အရင်းနဲ့ အဖျား ရွေးပြီး ဖြေရှင်းဖို့ မေ့နေကြတာကို တွေ့ရတဲ့အတွက် ဒီနုတ်ကို ရေးတင်ပါတယ်..

သစ်ထူးလွင် သတင်းစုစည်းမှု (၁၉-၆)

သစ်ထူးလွင်



Wednesday, June 19, 2013

ဘ၀စာမျက်နှာသစ်

(၂၀၁၂) ခုနှစ်မှာ မြန်မာ့နိုင်ငံရေး ပြောင်းလဲမှုတွေ စတင်လာခဲ့ပါတယ်။ ဒီလိုစတင်လာချိန်ကစပြီး နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေနဲ့ တော်လှန်ရေးသမားများကလဲ လွှတ်တော်ပြင်ပ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ၊ လွှတ်တော်တွင်းနိုင်ငံရေးသမား၊ နိုင်ငံရေးမီဒီယာ စသဖြင့် ရွေးချယ်မှုများ ပြုလုပ်ပြီး၊ နိုင်ငံရေးခရီးကို ရှေ့ဆက်လှမ်းကြပါတယ်။ အချို့ကတော့ နိုင်ငံရေးလှုပ်ရှားမှုကို ရပ်ဆိုင်းပြီး လူမှုရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များကို ဆက်လုပ်ကြပါတယ်။ အချို့ကတော့ ပြည်ပမှာ အခြေစိုက်ပြီး၊ နိုင်ငံရေးအပြောင်းအလဲကို အွန်လိုင်းကနေ ဆန့်ကျင်ဝေဖန်မှုတွေ ဆက်လက် ပြုလုပ်ကြပါတယ်။

Tuesday, June 18, 2013

သစ်ထူးလွင် သတင်းစုစည်းမှု (၁၈-၆)

သစ်ထူးလွင်



သင်္ကန်းဝတ်တွေက နိုင်ငံရေးသမားတွေကို ရှိခိုးရတော့မလား



ငါက ဘုန်းကြီးကျောင်းသား။ ငါ့လက်ရှိအသက်ရဲ့သုံးပုံတပုံက ဘုန်းကြီးကျောင်းမှာ လူလားမြောက်ခဲ့တယ်။ နိုင်ငံရေးလား???? ငါဘာမှမသိဘူး။ နကန်းတလုံးတောင် နားမလည်ဘူး။ ငါတွေးမိတာငါရေးတယ်။ မှန်တာရှိမယ် မှားတာရှိမယ်။ သေချာတာက သူများအတွေးနဲ့ ယောင်ဝါးဝါး အသက်မရှူဘူး။ ငါတွေးနိုင်သလောက်တွေးပြီး ငါဘာသာငါရှင်သန်တယ်။

ဒေါက်တာဘမော် .. ဗိုလ်ချုပ်အောင်ဆန်း...သခင်မြ တို့ ဂျပန်ဗိုလ်ချုပ်များနှင့် တွေ့ဆုံပွဲ။

<iframe src="https://www.facebook.com/video/embed?video_id=466548493416448" width="470" height="296" frameborder="0"></iframe>

လူထု ဆိုတာ အချဉ် မဟုတ် - ကိုဘ

၂၀၁၂ မေလထုတ် ခေတ်မောင်း အတွဲ(၁)၊ အမှတ်(၁)

ပြောရရင် ၁၉၇၀-၇၃ ကာလတွေ ဟာ မဆလ အတွက် ကံဇာတာ အတက်ဆုံးအချိန်လို့ ပြောလို့  ရမယ်ထင်တယ်။ တော်လှန်ရေးကောင်စီ/မဆလ အနေနဲ့ နိုင်ငံရေးအရလည်း အထိုင်ကျလာပြီ၊ အနက်မှ အညို အညို မှ အဖြူ စတဲ့ နယ်မြေတည်ဆောက်ရေးတွေလည်း စလုပ်လာနိုင်ပြီ။
မြို့ ကြီးတချို့မှာသာမြေအောက် ကျောင်းသားလှုပ်ရှားမှု အနည်းငယ် ရှိနေပေမယ့်လည်း နိုင်ငံရေး လှုပ်ရှားမှုကြီးဖြစ်လာနိုင်တဲ့ အနေအထားမရှိသေးဘူး။ အဓိက လက်ကျန် မြို့ ပေါ်မြေပေါ် နိုင်ငံရေး အင်အားစုအများကလည်း အသစ်ပေါ်လာမယ့် ၁၉၇၄ မဆလ အခြေခံဥပဒေသစ်ကြီး၊့ လွတ်တော်သစ်ကြီး နဲ့ အစိုးရသစ်ကြီး မှာ အမတ်တမျိုး၊ အထူးအရာရှိတဖုံ ဖြင့် ပါဝင်နွှဲဖို့  စိတ်အားထက်သန်နေကြပြီ။ ဒေသ ဆိုင်ရာ ပါတီ၊ ကောင်စီ မှာ အကောင်တွေ ဖြစ်နေကြပြီ။

မြန်မာနိုင်ငံနဲ့ clash of civilization

Win Ko Myint and Nay Min shared ပလေတို's photo.

-ဟန်တင်ဟန်ရဲ့ clash of civilization ကို လေ့လာကြည့်ရင် သိပ်ကို စိတ်ဝင်စားစရာကောင်းတာတွေ ပါနေတာ တွေ့ရတယ်...ခုတလော မြန်မာနိုင်ငံမှာ ဖြစ်နေတာတွေနဲ့ ပတ်သက်ပြီး တိုက်ကြည့်လိုက်ရင် ပိုလို့တောင် စိတ်ဝင်စားစရာ ကောင်းနေတာကို တွေ့လိုက်ရတယ်..

နိုင်ငံ့အရေးကို အလွယ်တကူ ချ နင်းမပစ်ပါနဲ့.....

ဦးရွှေမန်းကတော့ ပေါ်ပင်ပဲ...... အရင်ကတည်းက အစိုးရ လုပ်ရမယ့်အလုပ်ကို ဝင်လုပ်ပီး ဖျာခင်းဖို့ ကြိုးစားခဲ့တယ်...... အစိုးရ ဝန်ထမ်းတွေ လစာတိုးပေးဖို့ ကိစ္စဟာ အစိုးရ တစ်ရပ်က လုပ်ရမယ့် ကိစ္စပဲ...... ဒါပေမယ့် သူနာမည်ရဖို့အတွက် အစိုးရလုပ်ရမယ့်အလုပ်ကို ဝင်လုပ်ခဲ့တယ်....
Related Posts Plugin for WordPress, Blogger...