Tuesday, July 30, 2013

အဖြောင့်ဆုံးပါပဲ

July 8, 2013 at 7:51pm

 နိုင်ငံ
ဘယ်ဥပဒေစနစ်မှာမဆို အခွင့်အရေးနဲ့ တာဝန်ဆိုတာ ရှိပါတယ်။ အပြည်ပြည်ဆိုင်ရာဥပဒေဆိုတာ အပြည်ပြည်ဆိုင်ရာ ဥပဓိရုပ်ရှိတဲ့ နိုင်ငံတွေရဲ့ အခွန့်အရးနဲ့ တာဝန်အကြောင်း ဖြစ်ပါတယ်။ အပြည်ပြည်ဆိုရာ ဥပဓိရုပ်ရှိတဲ့ နိုင်ငံဖြစ်ဖို့-
(က) ပိုင်းခြားသတ်မှတ်ထားတဲ့ နယ်မြေရှိရမယ်။ (နယ်)
(ခ) အမြဲတမ်းနေတဲ့ လူဦးရေ ရှိရမယ်။ (လူ)
(ဂ) အုပ်ချုပ်တဲ့ အစိုးရ ရှိရမယ်။ (အုပ်)
(ဃ) အခြားနိုင်ငံတွေနဲ့ ဆက်ဆံနိုင်တဲ့ အရည်အသွေး အချုပ်အချာအာဏာ ရှိရပါမယ်။ (ချုပ်)
ဒီလို အရည်အချင်းရှိတဲ့ နိုင်ငံတွေသာ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းမှာ နိုင်ငံ/လူရာဝင်ပါတယ်။ အသိအမှတ်ပြုပါတယ်။

သစ်ထူးလွင် သတင်းစုစည်းမှု (၃၀-၇)

သစ်ထူးလွင်


မြန်မာနိုင်ငံကို ပထ၀ီအနေအထား၏ စိန်ခေါ်မှု။။။ မျိုးသန့်

March 30, 2013 at 6:53pm
မြန်မာနိုင်ငံ၏ တောတောင်ရေမြေ ပထ၀ီတည်နေရာပြပုံ
http://upload.wikimedia.org/wikipedia/commons/e/ef/Burma_topo_en.jpg
မြန်မာနိုင်ငံ၏ တောတောင်ရေမြေ ပထ၀ီတည်နေရာပြပုံ http://upload.wikimedia.org/wikipedia/commons/e/ef/Burma_topo_en.jpg

နိဒါန်း
မြန်မာနိုင်ငံသည် အရှေ့တောင်အာရှအတွင်း ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ တရုတ်၊ လာအိုနှင့်ထိုင်းနိုင်ငံတို့ဖြင့် နယ်နမိတ်ချင်း ထိစပ်နေပြီး၊ အိန္ဒိယသမုဒ္ဒရာကနေ မုတ္တမပင်လယ်ကွေ့အတွင်းမှာ ရေပြင်ပိုင်နက်များ တည်ရှိနေတယ်။

နှလုံးသား ဒိုင်ယာရီ (၂)

July 29, 2013 at 5:28am
တောမြိုင်လယ် ခရီး ………

ဖြစ်ချင်တာတွေ မဖြစ်ပေမဲ့ မဖြစ်ချင်တာတွေလည်း ကြုံတွေ့ရသည့်ဘဝ။
အိမ်ထောင်ကျခါစ ကျနော်တို့ ဇနီးမောင်နှံ နဲ့ ထွန်းထွန်းလင်းတို့ကို ဒေါလယ်ခူရွာသို့ ပို့ပေးကြပြန်သည်ျနော်တို့ ရောက်ရှိသွားသည့်အဖွဲ့မှာ အမှတ်(၃) ခရိုင်တပ်ဖွဲ့ ဖြစ်သည်။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၉-၇)

သစ်ထူးလွင်



Monday, July 29, 2013

မြန်မာ့နွေဦး အတွက် အာရပ်နွေဦး သင်ခန်းစာ - ကျော်ဝင်း

July 13, 2013 at 10:03am

နွေဦးဇာတ်လမ်းတစ်ပုဒ်

၂၀၁၁ ခုနှစ်၊ နှစ်ဦး တူနီးရှားနိုင်ငံမှ အစပြုခဲ့သော ဒီမိုကရေစီ အရေးတော်ကြီးကို၊ နိုင်ငံတကာ စောင့်ကြည့်လေ့လာသူများက၊ “အာရပ်နွေဦး” ဟု အမည်သညာပြုခဲ့ကြသည်။ သို့နှင့်တိုင်၊ အဆိုပါ “အာရပ်နွေဦး” ဇာတ်လမ်းတွဲမှ အထင်ကရနေရာတွင်ရှိခဲ့သော “အီဂျစ်နွေဦး” ဇာတ်ကွက်မှာမူ ၂နှစ်သာသာကာလအတွင်းမှာပင်၊ မူလမျှော်မှန်းသည်နှင့် ဆန့်ကျင်စွာ ထင်တိုင်းမပေါက် ဖြစ်သွားခဲ့ရချေပြီ။ ဤတွင် “နွေဦးကာလ၊ ဟန်းနီးမွန်း အခါသမယများမှာ၊ ဘယ်လောက်ကြာကြာ ခံမည်နည်း” ဆိုသော ပုစ္စာတစ်ရပ်မှာ မေးသင့်မေးထိုက်စွာ ထွက်ပေါ်လာရလေတော့သည်။

ဒုံးကျည် လမ်းညွှန်စနစ်များ အပိုင်း (က)

Seaman Nayminthu shared Weapons of Interest's photo.


ဒုံးကျည် သို့မဟုတ် ပဲ့ထိန်းဗုံး တစ်လုံးကို ရည်ရွယ်ထားသော ပစ်မှတ်ရှိရာသို့ ထိန်းကြောင်း လမ်းညွှန်ပေးသော နည်းလမ်းအမျိုးမျိုး ရှိပါသည်။ ပစ်မှတ် အား တိကျစွာ ထိမှန်နိုင်မူသည် ထိရောက်မူကောင်းသော ဒုံးကျည် တစ်စင်း ဖြစ်ရန်အတွက် အရေးပါသည့် အချက်တစ်ချက်ဖြစ်ပြီး လမ်းညွှန်စနစ်သည် တစ်ချက်တည်းဖြင့် ပစ်မှတ်အား ထိမှန်နိုင်ခြေ အားတိုးမြှင့်ပေးပါသည်။

အပြစ်ကင်းခြင်းမှသည် ညီညွတ်ခြင်းနှင့် ငြိမ်းချမ်းရေးသို့


Sky Net ကလွှင့်နေတဲ့ မြန်မာ့ငြိမ်းချမ်းရေးပွဲတော်အတွက် အနုပညာရှင်တွေရဲ့ တင်ဆက်နေမှုကို ကျွန်တော် ကြည့်နေမိတယ်။
ငြိမ်းချမ်းရေးအတွက် ပြက်လုံးတွေ၊ ဝေဖန်မှုတွေ၊ ထောက်ပြမှုတွေ၊ ဆုတောင်းမှုတွေနဲ့ ငြိမ်းချမ်းရေး အတွက် ကိုယ်တတ်စွမ်းတဲ့ဘက်ကနေ ၀ိုင်းဝန်းဆောင်ရွက်နေကြတယ်

သစ်ထူးလွင် သတင်းစုစည်းမှု (၂၈-၇)

သစ်ထူးလွင်



Sunday, July 28, 2013

ဒါ ငါတို့ကဗျာ ဒါ ငါတို့သီချင်း

ဒါ ငါတို့ကဗျာ
ဒါ ငါတို့သီချင်း

“ကမ္ဘာမကြေ” ဆိုပိုင်ခွင့် မရှိရင်
“ကမ္ဘာမကြေဘူး” ဆိုလိုက်ကြလိမ့်မယ် ။

လွှတ်တော်နဲ့ တရားဥပဒေ စိုးမိုးမှု ကော်မတီဟာ ဘာအတွက်လဲ......

လူအများစုဟာ လွှတ်တော်နဲ့ တရားဥပဒေ စိုးမိုးမှု ကော်မတီအပေါ် ကျွန်တော်ဝေဖန်တာကို အတော်လေး မကျေလည်ကြတာ သတိထားမိပါတယ်..... အထူးသဖြင့် လွှတ်တော်မှာ အတိုက်အခံဖြစ်တဲ့ NLD ပါတီက အမတ်တွေ ဝင်သွားခဲ့ပြီး တရားဥပဒေ စိုးမိုးမှု ကော်မတီမှာ NLD ဥက္ကဌ ဖြစ်တဲ့ ဒေါ်စုကိုယ်တိုင် ဦးစီးနေချိန်မှာ ဒီလိုဝေဖန်၊ ထောက်ပြတဲ့အတွက် အထိ မခံနိုင်တာကို တွေ့ရပါတယ်.......

ဆင်ခြင်ခြင်းများ - သရဖူမဆောင်းတဲ့ ဘုရင်မ

ချင်းတွင်းမဂ္ဂဇင်း fb
July 26, 2013 at 7:59pm
ပရိသတ်ကြီးခင်ဗျား…
 
မြန်မာနိုင်ငံတော်ကြီးမှာသမ္မတကြီး ဖြစ်ချင်တယ်လို့ ပြောတဲ့ လူနှစ်ယောက်ပဲ လောလောဆယ်မှာ ကျန်ခဲ့ပါတယ်။ လက်ရှိသမ္မတကြီးကတော့သူ သမ္မတမလုပ်ချင်တော့ပါဘူးလို့ ပြောတယ်လို့ ဂျာနယ်တွေထဲမှာ ဖတ်ရတယ်။ သမ္မတဖြစ်ချင်တဲ့လူနှစ်ယောက်ကတော့ အများသိတော်မူကြတဲ့အတိုင်း ဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ပါပဲ။သူတို့က ဘယ်လိုလူတွေပါလိမ့်။ အကဲခတ်ရမှာပဲ။ ကျွန်တော်တို့ လမ်းပေါ်ကလူတွေ ၂၀၁၅ မှာ မဲပေးရမှာကို။
         
ဦးရွှေမန်းကို အကဲခတ်ရတာမခက်ပါဘူးလို့ ကျွန်တော်က သဘောရတယ်။ သူက ဦးသန်းရွှေလက်ထက်မှာ နံပါတ် ၃ ဗိုလ်ချုပ်ကြီး။သူ့မှာ ပုဂ္ဂလိက အကျိုးစီးပွားတွေ ရှိတယ်။ အကျိုးစီးပွားတွေရှိတော့ အကျိုးစီးပွားတွေကိုကာကွယ်မှာပဲလို့ ယူဆရင် မမှားတန်ဘူး။

တလွဲများနှင့် မြန်မာပြည်လောက် ဥက္ကဋ္ဌ ပေါတဲ့တိုင်းပြည်


မြန်မာပြည်မှာတောက်လျှောက်လွဲခဲ့တဲ့ အလွဲတခုရှိတယ်၊
အဖွဲ့ အစည်းတခုဆိုတာဖြစ်လာတာနဲ့  ဥက္ကဋ္ဌ ဆိုတဲ့ ရာထူးပေါ်လာပြီး
အဲ့ဒီရာထူးမှာ ဘ၀တူလူတန်းစားထဲကမဟုတ်ပဲ။
ဘယ်ကကျလာမှန်းမသိတဲ့ မိုးကျရွှေကိုယ်တွေ

သစ်ထူးလွင် သတင်းစုစည်းမှု (၂၇-၇)

သစ်ထူးလွင်



Saturday, July 27, 2013

နှလုံးသား ဒိုင်ယာရီ

July 26, 2013 at 8:13pm



လူ့ဘဝဟူသည် တိုတောင်းလှသည်ဟု ဆိုကြသည်။
ထိုကဲ့သို့ တိုတောင်းလွန်းသော ဘဝတွင် ဖြတ်သန်းခဲ့ရသော အဖြစ်အပျက်တို့ကား အမှတ်တရ ရှိနေသည်။ နဝတ စစ်အစိုးရ၏ ဖိနှိပ်မှုများကို မခံမရပ်နိုင်သောကြောင့် ကျနော်နှင့် ရင်းနှီးသော သူငယ်ချင်းဖြစ်သူ မာရီယာ ကို တောခိုရန်အတွက် တိုင်ပင်ဖြစ်ကြသည်။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၆-ရ)

သစ်ထူးလွင်


Friday, July 26, 2013

နတ်မောက်ရောဂါ


အောင်ဆန်းဟာ ..
ကင်ဆာဆဲလ်ပဲ
ငါတို့ ဆေးမမှီတော့ဘူး ။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၅-၇)

သစ်ထူးလွင်



Thursday, July 25, 2013

ကိုငှက်ရဲ့ ဘ၀ကောက်ကြောင်း


ကိုငှက်ရဲ့ ဘ၀ကောက်ကြောင်းလို့ ပြောလို့ရမယ့် အထ္တုပ္ပတိ စာအုပ်လေးတစ်အုပ်ကို ရှယ်ချင်ပါတယ်။ ဒီစာအုပ်ဟာ မဟေသီမဂ္ဂဇင်းမှာ အခန်းဆက် ပါဝင်လာပြီးတော့ လုံးချင်းအဖြစ်ပြန်လည် ထုတ်ဝေခဲ့တာ အနည်းငယ် ကြာမြင့်ခဲ့ပေမယ့် အခုမှသာ Myanmar ebook.net ရဲ့ ကျေးဇူးကြောင့် အွန်လိုင်းပေါ် ရောက်လာတယ်လို့ ယူဆရပါတယ်။

“မပြေသေးတဲ့အမော”




အမေကခင်ဗျားအကြောင်းကို 
လူတွေ့တိုင်းတဖွဖွမေးတယ်

အဖေကတော့
ခင်ဗျား ခိုးခိုးဖတ်တဲ့
မြေအောက်လှုပ်ရှားမှုစာအုပ်လေးကို
ခုထိဖွက်ထားပေးတုန်းတဲ့

တင်နိုင်တိုး-ကုန်းဘောင်ခေတ်မင်းမှုထမ်းများအဘိဓါန်

http://www.mediafire.com/download/ispwsc0yf8w14ae/တင်နိုင်တိုး-ကုန်းဘောင်ခေတ်မင်းမှုထမ်းများအဘိဓါန်.pdf
NO-3
တင်နိုင်တိုး-ကုန်းဘောင်ခေတ်မင်းမှုထမ်းများအဘိဓါန်
http://www.mediafire.com/download/ispwsc0yf8w14ae/%E1%80%90%E1%80%84%E1%80%B9%E1%82%8F%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%90%E1%80%AD%E1%80%AF%E1%80%B8-%E1%80%80%E1%80%AF%E1%80%94%E1%80%B9%E1%80%B8%E1%80%B1%E1%80%98%E1%80%AC%E1%80%84%E1%80%B9%E1%80%B1%E1%80%81%E1%80%90%E1%80%B9%E1%80%99%E1%80%84%E1%80%B9%E1%80%B8%E1%80%99%E1%80%BD%E1%80%B3%E1%80%91%E1%80%99%E1%80%B9%E1%80%B8%E1%80%99%E1%80%BA%E1%80%AC%E1%80%B8%E1%80%A1%E1%80%98%E1%80%AD%E1%80%93%E1%80%AB%E1%80%94%E1%80%B9.pdf
NO-3

သစ်ထူးလွင် သတင်းစုစည်းမှု (၂၄-၇)

သစ်ထူးလွင်


Wednesday, July 24, 2013

ဝါဒဖြန့် ကြမယ် (၁)

Win Ko Myint and Voice of James Mint shared ယဉ် ယဉ်နှောင်း's photo.










Propaganda (သို့ မဟုတ်)ဝါဒဖြန့် ခြင်းဆိုသည်မှာ အဆိုတစ်ခု(သို့ မဟုတ်) ယုံကြည်ချက်တစ်ခု (သို့ မဟုတ်) ဝါဒတစ်ခုခုကို လူအများ ယုံကြည်လက်ခံလာအောင် နည်းအမျိုးမျိုးဖြင့် စည်းရုံးသိမ်း သွင်းခြင်းပင်ဖြစ်သည်။

မူမပြောင်းခင် လူ ပြောင်းဖို့လိုပြီ

မူမပြောင်းခင် လူ ပြောင်းဖို့လိုပြီ 

ယခု သီတင်းပတ်တွင် ထုတ်ဝေသော သတင်းဂျာနယ်များ၌ အမျိုးသား လွှတ်တော် အတွင်းရှိ တပ်မတော်သားများ ကိုယ်စားလှယ်ကြီးများ တရားဝင် သတိပေးခံရကြောင်း ဖတ်ရှုရ၍ များစွာ ၀မ်းနည်းမိပါသည်။ တချိန်တည်း မှာပင် ယခုကဲ့သို့ သတိပေးခံရခြင်းအပေါ် မည်သူ့တွင် တာဝန်ရှိသနည်းဟု ထပ်ဆင့်တွေးတောမိပါသည်။

ဤတပ်မတော်သား ကိုယ်စားလှယ်တော်ကြီးများမှာ ဆန္ဒပြသည့် သဘောနှင့် ဆိတ်ဆိတ်နေခဲ့ကြခြင်း မဟုတ်သည်မှာတော့ အသေအချာပင် ဖြစ်ပါသည်။ ဤသို့ ဆိုလျှင် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌကြီး မေးသော သဘောတူ၊ မတူ မေးခွန်းကို မည်သည့်အတွက် အဖြေမပေးနိုင်ခဲ့ပါသနည်း။ အဖြစ်နိုင်ဆုံး အဖြေကို စဉ်းစားမိသည်မှာ သဘောမတူသင့်သည့် ကိစ္စကို သဘောတူမိပြီး၊ သဘောတူသင့်သည့်ကိစ္စကို သဘောမတူမိဘဲ ဖြစ်သွားမှာ စိုးရိမ်သောကြောင့် အဖြေမပေးခဲ့ခြင်းဟု ထင်မြင် ယူဆမိပါသည်။ မိမိတို့ စစ်သင်တန်း တလျှောက်လုံး တခါမှ လေ့ကျင့်သင်ကြား ပေးမထားသော၊ ဆက်သွယ်ရေးဆိုင်ရာ ဥပဒေဆိုင်ရာ အချက် ၂၀ ကို မည်ကဲ့သို့ စိတ်ချစွာ ဖြေဆိုနိုင်ပါမည်လဲ။

ကျနော်သာ ဆိုလျှင်လည်း “ကျနော် နားမလည်ပါ”၊ သို့မဟုတ် “ဥက္ကဋ္ဌကြီး ရှင်းပြပေးပါ”၊ သို့မဟုတ် “နောက်မှ အဖြေ ပေးခွင့်ပြုပါ” ဟု ပန်ကြားမိမည် ဖြစ်ပါသည်။

သို့သော် တပ်မတော်သား ကိုယ်စားလှယ်ကြီးများမှာ ဤသို့ ဖြေဆိုခွင့်၊ မေးခြန်းခွင့်၊ ရှောင်လွှဲခွင့် ရှိကြဟန် မတူပါ။ ထို့ကြောင့် အကောင်းဆုံးက ကိုယ်နှင့် မဆိုင်သလို နေလိုက်ခြင်း ဖြစ်မည်ဟု ဆုံးဖြတ်လိုက်ပုံရသည်။ ဤအတွက် တပ်မတော်သား ကိုယ်စားလှယ်ကြီးများတွင် တာဝန်ရှိ၊ အပြစ်ရှိသည်ဟု ကျနော့်အနေဖြင့် လုံးဝ မယူဆပါ။ တပ်မတော်သား ကိုယ်စားလှယ်ကြီးများမှာ တာဝန်မရှိဘူး ဆိုလျှင် မည်သူ့တွင် တာဝန်ရှိပါ သလဲ။ ကိုယ်စားလှယ်တော်များ မဖြေဆိုနိုင်သော မေးခွန်းကို မေးခဲ့သော လွှတ်တော် ဥက္ကဋ္ဌကြီးမှာ တာဝန်ရှိပါသလား။ မေးခွန်းများကို မဖြစ်မနေ ဖြေဆိုမည့် ကိုယ်စားလှယ်များကို ရွေးချယ်စေလွှတ် မပေးခဲ့သော ကာကွယ်ရေး ဦးစီးချုပ်တွင် တာဝန်ရှိပါသလား။ တပ်မတော်သားများကို သူတို့နဲ့ မသက်ဆိုင်သော လွှတ်တော်တွင်းသို့ အတင်းဆွဲသွင်းပေးခဲ့သော အခြေခံဥပဒေ ရေးဆွဲသူတို့တွင် တာဝန်ရှိပါသလား။

မည်သူ့တွင် တာဝန်ရှိသည် ဖြစ်စေ ဤဖြစ်ရပ်မျိုး နောင်တွင် မဖြစ်ပေါ် ရအောင် နည်းလမ်း ရှာဖွေရပါတော့မည်။ မဖြစ်မနေ အဖြေပေးရတော့မည် ဆိုလျှင် တိုင်းပြည်အတွက် အရေးပါသော အဆုံးအဖြတ်တခုကို တပ်မတော် သား ကိုယ်စားလှယ်များက လွတ်လပ်စွာ လက်တန်း အဖြေပေး သင့်ပါသ လား။ ပြည်သူထူထုကိုလည်း ကိုယ်စားမပြု၊ အကြောင်းအရာကိုလည်း အပြည့်အစုံ နားမလည်သော ကိစ္စများတွင် အစိုးရ ၀န်ထမ်းများသာ ဖြစ်သော တပ်မတော်သား ကိုယ်စားလှယ်များသည် ယခုကဲ့သို့ ဆိတ်ဆိတ်နေ၍ ကြားနေခြင်းက ပိုမိုသင့်မြတ်မည်လား၊ စဉ်းစားသင့်ပါသည်။

ယခင် သီတင်းပတ် ကလည်း ပြည်သူ့လွှတ်တော်ကြီးက တခဲနက် ဆုံးဖြတ် ခဲ့သော ဆက်သွယ်ရေး ကုမ္ပဏီ ရွေးချယ်မှု ကိစ္စကြီးတွင် ဆက်သွယ်ရေး ၀န်ကြီး က ပြည့်ပြည့်စုံစုံ ရှင်းပြလိုက်သောအခါ အမှန်အတိုင်း ပြန်လည် ဆုံးဖြတ်နိုင်ခဲ့ပါသည်။ မူလ အဆိုတင်သွင်းသူ၏ စေတနာ မှန်၊ မမှန်ကိုပင် အခြား ကိုယ်စားလှယ်တဦးက မေးခွန်းထုတ်ခဲ့ကြောင်း ကြားသိရပါသည်။ ဤဖြစ်ရပ်ကို ကြားသိရသော ပြည်သူတယောက် အနေဖြင့် ဘုရားတမိသည် မှာ အမှန်ပင်ဖြစ်ပါသည်။ အခြားနိုင်ငံ လွှတ်တော်များကဲ့သို့ နောက်ခံ ထောက်ကူပြုအဖွဲ့များ အလုံအလောက် ထားရှိမပေးနိုင်ပါက အလားတူ သည်းထိတ်ရင်ဖို ဖြစ်ရပ်များ အနာဂတ်တွင်လည်း ကြုံတွေ့နိုင်ပါသည်။

တပ်မတော်သား ဆိုသည်မှာ ရှေ့တန်းစစ်မျက်နှာ၌ အခြေအနေကို တမုဟုတ်ခြင်း သုံးသပ်ဆုံးဖြတ်ရသော ပုဂ္ဂိုလ်များ ဖြစ်ပါသည်။ မိမိ၏ အသက်ကို ရင်းရမည့် ကိစ္စတွင် လျှပ်တပြက် မှန်ကန်စွာ ဆုံးဖြတ်နိုင်ပြီး တိုင်းပြည်အရေး ဆုံးဖြတ်ခိုင်းတော့မှ ရူးချင်ယောင်ဆောင် နေ၍ မရပါ။ တိုင်းပြည် အနာဂတ်ကို နံကြားထောက်၍ ဆုံးဖြတ်ချက် မပေးသင့်။
မြန်မာနိုင်ငံအတွက် သင့်တော် ကောင်းမွန်သော ဥပဒေအသစ်များ ပေါ်ထွန်းလာရေးတွင် တပ်မတော်သားများ ပါဝင်ဆောင်ရွက်မည် ဆိုပါက ဤနေရာတွင် တပ်မတော်သားများ၏ အရည်အသွေး အရည်အချင်းကောင်း များကို ပြန်လည် လေ့လာ စဉ်းစားသင့်ပါသည်။

တပ်မတော်သားများသည် အထက်က ပေးအပ်သော အမိန့်နှင့် တာဝန်ကို ဦးလည်မသုန် ထမ်းရွက်တတ်ပါသည်။ မိမိအသက်၊ မည်သည့် အသက်ကိုမျှ ပမာမထား၊ ဥပဒေကိုပင် မငဲ့ကွက်ဘဲ ကြိုစားထမ်းရွက်တတ်သကဲ့သို့ မိမိနှင့် မတူကွဲပြားသူများနှင့် ဆက်ဆံနေရသော ပတ်ဝန်းကျင်မျိုးတွင် သတိကြီးစွာ ထား၍ သံသယဖြစ်လာလျှင် လက်ဦးအောင် အပြတ်ရှင်းတတ်ပါသည်။ အခြေအနေကိုလည်း မိမိလက်ထဲတွင် အမြဲထိန်းချုပ်နိုင်အောင် ထားတတ် သည်။ တရုတ် စစ်ရေး ပါရဂူ ဆွန်ဇု၏ အဆိုအရ စစ်ရေး၏ အခြေခံမှာ လှည့်ဖြားခြင်း ဟု ဆိုသည့်အတိုင်း လှည့်ဖြားနည်း မျိုးစုံလည်း ကျွမ်းကျင်ကြ ရ ပါသည်။

တိုင်းပြည်အတွက် အမှန်တကယ် အရေးပေါ် လိုအပ်နေသော နိုင်ငံရေး သမား၊ အုပ်ချုပ်ရေးသမား၊ လွှတ်တော်အမတ်များမှာ မည်သည့်အမိန့်ကိုမျှ စောင့်မျှော်မနေဘဲ ပြည်သူလူထု အကျိုးကို ရှေးရှု၍ ရိုးသားစွာ ဥပဒေဘောင် ကို တိကျစွာ လိုက်နာ ဆောင်ရွက်မည့်သူများ ဖြစ်ပါသည်။ သဘောထား အမြင် မတူသူများနှင့် လက်တွဲ၍ လွတ်လပ်စွာ ဆုံးဖြတ်၊ သုံးသပ်တတ်သူများ ဖြစ်ပါသည်။ အတိအကျဆိုရလျှင်“စစ်ရေးအမြင် ကင်းရှင်းသူများ” ဖြစ်ပါ သည်။

သို့သော် ယနေ့ မြန်မာ့တပ်မတော်နှင့် တပ်မတော်သားဟောင်းကြီးများသည် လွှတ်တော်ထဲတွင်လည်း ရှိနေပါသည်။ အစိုးရအဖွဲ့ကိုလည်း ဦးဆောင်နေ ပါသည်။ နိုင်ငံရေး နယ်ပယ်ထဲတွင်လည်း နေရာမလပ် ရှိနေကြပါသည်။ ၎င်းတို့အားလုံးကလည်း ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို ဦးဆောင် ပြုလုပ်ကြပါဦးမည်။ တခုခု လွဲနေသလို ထင်မိပါသည်။ လွဲနေတာ ရှိလျှင် မှန်အောင် ပြင်နိုင်ပါသည်။ ကံကောင်းသည်က မြန်မာ့တပ်မတော်သည် ပြင်ဆင်ရလွယ်ကူသော ရိုးစင်းသော တပ်မတော်ဖြစ်နေခြင်းပင်။ အမှားကို တွေ့လျှင် အမှန်ကို ပြင်ဆင်ဖို့ ၀န်မလေးခြင်း ဖြစ်သည်။
၁။ အမှားရှိလျှင် အမှားကို အမှားမှန်း အသိအမှတ်ပြု လက်ခံရပါမည်။
၂။ အခြေအနေမှန်ကို လေ့လာ၍ အဖြေမှန်ကို ရှာဖွေရပါမည်။
၃။ ပြုပြင်ပြောင်းလဲရေးကို စနစ်တကျ လုပ်ဆောင်ရပါမည်။

ဥစ္စာရင်လို ဥစ္စာရင်ခဲ ရမည်။ No pain, no gain ဟု ဆိုသော်လည်း အမှန်ကို ကိုယ်တိုင် လက်ခံရန် တွန့်ဆုတ်တတ်ပါသည်။ လုပ်ရဲသော်လည်း မခံရဲသူများ ရှိပါသည်။ လိုအပ်သော ပံ့ပိုးမှုများ ဖြည့်ဆည်းပေးရမည်မှာ အမှန်ပင် ဖြစ်သည်။ အရေးကြီးသည်က အစားထိုးရေး ပြဿနာ ဖြစ်သည်။ တမိုးလုံး ဖျောက်ဆိပ် ဖြစ်နေသော တပ်မတော်သားများကို နိုင်ငံရေးနယ်ပယ်ထဲက ဆွဲထုတ်ရမည်ဆိုလျှင် ရိုးသားသော၊ ထိုက်တန်သည့် အရပ်သား နိုင်ငံရေးသမားများ မည်မျှ အဆင့်သင့် ဖြစ်နေကြပြီလဲ။

ပြည်သူလူထုကြီးက ၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကို စုပြုံ မဲပေးကြလိမ့်မည်ဟု ခန့်မှန်ပြောဆို နေကြသည်။ NLD ပါတီကြီးက လွှတ်တော် အဆင့်ဆင့်အတွက် အရည်အချင်းပြည့် အမတ်တွေ ရှာဖွေဖော်ထုတ်၊ အဆင်သင့် လုပ်ထားနိုင်ပြီလား။ သို့မဟုတ် ထိုကဲ့သို့ ဒေါင်ဒေါင်မြည်လာဖို့ ရွေးကောက်ပွဲ ဘယ်နှကြိမ်ကြာမည်လဲ၊ စောင့်ရမည်လဲ။ NLD ၏ ဗဟိုအလုပ်မှုဆောင်အဖွဲ့ (CEC) က ၂၀၁၅ အပြီး လွှတ်တော်အသီးသီးနဲ့ အစိုးရအဖွဲ့အစည်း အဆင့်ဆင့်မှာ တာဝန်ယူဖို့ စီမံကိန်း၊ စီမံချက်တွေ ရေးဆွဲ အကောင်အထည် ဖော်နေပြီးလား။
ခေါင်းငြိမ့်၊ ခေါင်းခါ မလုပ်တတ်လို့၊ တပ်မတော်သားများကို လွှတ်တော်ထဲက ဆွဲထုတ်ဖို့ ခက်ခဲသည်ဆိုလျှင် စစ်ရေးအမြင် ကင်းရှင်းသော အရည် အချင်းမြင့် နိုင်ငံရေးသမားများ လွှတ်တော်တွင် ဖြည့်တင်းရေးက များစွာ ပိုမို ခက်ခဲပါသည်။ အရည်အချင်းမြင့် အုပ်ချုပ်ရေးသမားများဖြင့် အစိုးရဖွဲ့ဖို့ များစွာ ပိုမို ခက်ခဲပါမည်။

“ဟုတ်ကဲ့” ပြော၊ ခေါင်းညိတ်တတ်ရုံဖြင့် တိုင်းပြည်ကို အုပ်ချုပ် မင်းလုပ်လို့ မရနိုင်မှန်း နားလည်နေကြပါပြီ။ ကိုယ်နဲ့ နီးစပ်သူ၊ ကိုယ် ယုံကြည်သက်ဝင် သူ များကိုသာ တာဝန်ပေးနေလျှင် တကယ် အရည်အချင်း မြင့်သူများ အထူးလိုအပ်နေသော ယခုအချိန်မျိုးတွင် တိုင်းပြည်အတွက် အထူးနစ်နာပါလိမ့်မည်။

ကြီးလေးသော တာဝန်ကြီးများကို ထမ်းဆောင်ခဲ့ကြပြီးလို့ လွှတ်တော် တ၀က် ခရီးသို့ပင် ရောက်နေလာခဲ့ပါပြီ။ တဆင့် ပြောင်းလဲလာသော အခြေအနေနှင့် လိုက်လျောအောင် လုပ်နည်းလုပ်ဟန်များလည်း ပြောင်းလဲရမည့် အချိန်ဖြစ် ပါသည်။ ယခု တကြိမ်က “မူ မပြောင်း၊ လူ ပြောင်းရမည့် အချိန်” ဖြစ်ပါသည်။ ပုဂ္ဂိုလ်ရေးသံယောဇဉ်များကို ခေတ္တဘေးဖယ်၍ လူသစ်တွေ မလဲလှယ်နိုင်ကြ လျှင် ရှေ့တဆင့် တက်လှမ်းရေးသည် တုန့်နှေးရပ်တန့်သွားမှာ စိုးရိမ်နေကြရ ပါသည်။

သမ္မတ ဦးသိန်းစိန်ရော၊ ဒေါ်အောင်ဆန်းစုကြည်ပါ ကမ္ဘာနဲ့ အ၀ှမ်းက ချီးမွမ်း ထောပနာပြုတာတွေ ခံရလောက်အောင် ပြောင်မြောက်စွာ စွမ်းဆောင်နိုင် ခဲ့ကြပါပြီ။ ဒေါ်အောင်ဆန်းစုကြည်၏ လုံ့လ ၀ီရိယ ဇွဲ သတ္တိ စွန့်လွှတ်မှုတို့မှာ ချီးမွမ်းမကုန် ရှိခဲ့ပါသည်။

ထိုအချိန်မျိုးတွင် တဦးတည်း သိပ်ထူးချွန်ပါက ဖြစ်လေ့ဖြစ်ထ ရှိသကဲ့သို့ တပ်ဦးကျွံ၍ ၀ိုင်းရံပိတ်ဆို့မှု ခံရတတ်ပါသည်။ ထိုသို့ မခံရအောင် လူရင်း လူယုံများက ၀ိုင်းရံကာဆီးလိုက်သော အခါမှာလည်း ပြည်သူလူထု အများနှင့် အဆက်ပြတ်သွား တတ်သည်။ အထူးသဖြင့် ယခုလို အပြောင်းအလဲ ကာလ မျိုးတွင် စွမ်းဆောင်ရည်မြင့်သော ပုဂ္ဂိုလ်အများအပြား ၀ိုင်းရံ ပူးပေါင်းခွင့် ရအောင် လူယုံများ၏ ပိတ်ဆို့ကာကွယ်ခြင်းမှ ကျော်လွန်ဖောက်ထွက်ဖို့ နည်းလမ်းကို ရှာရန်လည်း လိုအပ်ပါသည်။
ပါတီတွင်း ပါတီပ လုပ်ငန်းများတွင် ပံ့ပိုးမည့် အင်အားစု အများအပြား လိုသကဲ့သို့ လွှတ်တော်တွင်း၊ လွှတ်တော်ကော်မတီတွင်း၌ အင်အားဖြည့်တင်း ရန် လွှတ်တော်ဖွဲ့စည်းပုံကိုလည်း အထူးအမြန် ပြင်ဆင်ရန် လိုအပ်ပါသည်။
မှန်ကန်သော ဖွဲ့စည်းပုံ ဥပဒေအရပ်ရပ်ကို ပြင်ဆင်နိုင်မှသာလျှင် တိုင်းရင်း သား များ၊ ဒီမိုကရေစီပါတီများ၊ ပြည်ခိုင်ဖြိုး အင်အားစုများနှင့် တပ်မတော် သား များ အဆင်ပြေစွာ ရှေ့ဆက် တက်လှမ်းနိုင်မည်ဟု ရိုးသားစွာ ယုံကြည် မိ ပါသည်။

(စာရေးသူ ဆွေလင်းသည် နိုင်ငံရေး အကျဉ်းသားဟောင်း တဦးဖြစ်သည်။ ၁၉၇၀ ပြည့်လွန်နှစ်များအတွင်း နိုင်ငံရေး လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် ရန်ကုန် စက်မှုတက္ကသိုလ် ကျောင်းသားဟောင်းတဦး ဖြစ်သည်။)

http://www.9dblood.com/
ဥစ္စာရင်လို ဥစ္စာရင်ခဲ ရမည်။ No pain, no gain ဟု ဆိုသော်လည်း အမှန်ကို ကိုယ်တိုင် လက်ခံရန် တွန့်ဆုတ်တတ်ပါသည်။ လုပ်ရဲသော်လည်း မခံရဲသူများ ရှိပါသည်။ လိုအပ်သောပံ့ပိုးမှုများ ဖြည့် ဆည်းပေးရမည်မှာ အမှန်ပင် ဖြစ်သည်။ အရေးကြီးသည်က အစားထိုးရေး ပြဿနာ ဖြစ်သည်။ တမိုးလုံး ဖျောက်ဆိပ် ဖြစ်နေသော တပ်မတော်သားများကို နိုင်ငံရေးနယ်ပယ်ထဲက ဆွဲထုတ်ရမည် ဆိုလျှင် ရိုးသားသော၊ ထိုက်တန်သည့် အရပ်သား နိုင်ငံရေးသမားများ မည်မျှ အဆင့်သင့် ဖြစ်နေ ကြပြီလဲ။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၃-၇)

သစ်ထူးလွင်



Tuesday, July 23, 2013

လပေါင်း သုံးရာ ကြာသောအခါ

July 22, 2013 at 6:47am

ရှစ်ရက်ရှစ်လ ၈၈ရက်နေ့ဆိုရင် ရှစ်လေးလုံး လူထုအရေးတော်ပုံကြီး ၂၅နှစ်ငွေရတုကိုရောက်တော့မည်။
၂၅နှစ်က ဘ၀ကို လှုပ်ကိုင်ခဲ့သည်။ အတိတ် တစ္ဆေ က ကနေ့တိုင်ခြောက်လှန့်နေခဲ့သည်။ မေ့ပျောက် မရ ပီပြင်ထင်ရှားစွာ အတွေးပုံရိပ်အတွင်း ၀င်ရောက်နေဆဲ…။

ဗိုလ်ချုပ်အောင်ဆန်း၏ ပေးစာတစ်စောင်




သခင်ဘိုးကတ်
ဖောင်းကတောရွာ
ရေနံချောင်းစာတိုက်

ငါမိန်းမ မရသေးဘူး၊ လူပျို
အစစ်ဘဲ ရှိသေးတယ်ဟေ့……

သစ်ထူးလွင် သတင်းစုစည်းမှု (၂၂-၇)

သစ်ထူးလွင်


Monday, July 22, 2013

"ဒေါ်စုဟာ အရင် ဒေါ်စုမဟုတ်တော့ပါဘူး"


ခင်ဗျားတို့ ကျွန်တော်တို့တွေ တိုင်းပြည်မှာ ပြသနာတစ်ခုခုဖြစ်တိုင်း ဒေါ်စု ဒီကိစ္စဘာပြောမလဲ ဘာထင်မြင်ချက်ပေးမလဲ ဘာတွေများ ညွှန်ကြားမလဲဆိုပြီး အမြဲမျှော်နေတတ်ကြပါတယ်။
ဒါပေမယ့်လည်း ဘယ်လောက်ဘဲ မျှော်မျှော် ဒေါ်စုဟာ အမြဲလိုလို ဝင်ပါခြင်းမလုပ်ဘဲ နှုတ်ဆိတ်နေတာ များပါတယ်။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၁-၇)

သစ်ထူးလွင်


Sunday, July 21, 2013

လူဝင်မှုနှင့် ဦးစော (နိဂုံး)

July 19, 2013 at 8:17pm


အခု “မျိုးစောင့်ဥပဒေ” လို့ ခေါ်နေတဲ့ ဥပဒေအောက်မှာ မူကြမ်းနှစ်ခုကို ဖတ်ရပါတယ်။
အဲဒါကတော့ “မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီး လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ အရေးပေါ်
ဥပဒေ (မူကြမ်း)” နဲ့ “ကိုးကွယ်ရာဘာသာနှင့် ပတ်သက်၍ မှတ်ပုံတင်ဥပဒေ (မူကြမ်း)” ပါ။

"မြန်မာနိုင်ငံအပေါ် ဘက်စုံသုံးသပ်ချက်"ထဲက ထူးခြားချက်များ


ခင်မောင်ညို (ဘောဂဗေဒ)

မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ပညာရှင် အသီးသီး၊ အဖွဲ့အစည်း အမျိုးမျိုးက ရေးကြ၊ သားကြ၊ ဟောကြ၊ ပြောကြတာတွေ ဖတ်ရပေါင်း၊ နားထောင်ရပေါင်း များလာတဲ့အခါ ထူးထူးခြားခြား ဘာတွေများ ပြောကြဦးမှာလဲလို့ ရင်မခုန်တော့ပါ။
အိုအီးစီဒီ (OECD) က မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ဘက်စုံ သုံးသပ်ချက် စာတမ်း ရေးနေတယ်၊ ဌာနဆိုင်ရာတွေကိုလဲ ဖိတ်ခေါ်မေးမြန်းတယ်၊ ဆွေးနွေးတယ်ဆိုတာတွေလဲ ကြားရ၊ သိရပါတယ်။ နဖူးတွေ့၊ ဒူးတွေ့တော့ စာတမ်းထွက်လာမှပဲ တွေ့ရပါတယ်။ စာတမ်းဆိုတာတောင် အတွဲ (၁) ကနဦး အကဲဖြတ်ချက်များ ဆိုတာပဲ ရှိသေးတာပါ။
၁၈.၀၉.၂၀၁၃ နေ့က ကုန်သည်ကြီးများ အသင်းမှာ သူတို့ရဲ့ စာတမ်းအကြောင်း ပြောပြ၊ ဝေဖန်၊ သုံးသပ်မှုတွေ ပေးကြ၊ လုပ်တဲ့ပွဲကို ရောက်ခဲ့ရပါတယ်။ မြန်မာပရိသတ်ထက် နိုင်ငံခြား ပရိသတ်က ပိုစိတ်ဝင်စားပုံပါပဲ။ အမေးအဖြေလုပ်ရင် ဘာသာပြန်ပေးမယ်လို့ ဆိုထားပေမယ့် မြန်မာလို မပြောကြပါ။ သတင်းထောက်တွေက ပွဲအပြီးမှာ မြန်မာလို လိုက်မေးကြတာ တွေ့ရပါတယ်။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၀-၇)

သစ်ထူးလွင်


Saturday, July 20, 2013

ဒေါ်ခင်ကြည်ပြောတဲ့ လူငါးယောက်အကြောင်း



ဓာတ်ပုံ – မြန်မာသစ် မဂ္ဂဇင်း

ဘဝဆိုတာ အချိုးအကွေ့ပေါင်းမျာစွာ၊ ဖြတ်သန်းမှုပေါင်းများစွာ၊ ရုန်ကန်လှုပ်ရှားမှုပေါင်းများစွာကို ရင်ဆိုင်ကျော်လွှားရတာကို ဆိုလိုတယ်လို့ နားလည် သဘောပေါက်တယ်။
သာမန်လူသားတွေမှာ ဖြစ်စဉ်ပေါင်းများစွာ ရှိခဲ့သလို ဂုဏ်ထူး၊ ဝိသေသ ထူးရှိတဲ့ သူတွေထဲက အနတဂ္ဂမများစွာထဲက များစွာဟာလည်း သူ့နည်း၊ သူ့ဟန်၊ သူ့ဝန်းကျင်နဲ့သူ၊ တွေ့ထိကြ၊ ရင်ဆိုကြ၊ တိုက်ခိုက်ကြနဲ့ ဘဝကို တည်တံ့အောင် ကြိုးပမ်းနေကြတာပါပဲ။

လူ့ အခွင့်အရေး လှုပ်ရှားတက်ကြွသူ ဒေါ်ဘောက်ဂျာအား ဖမ်းဆီးခြင်း အပေါ် ကန့် ကွက်ခြင်း

July 19, 2013 at 7:37am

၁။ ၂၀၁၃ ခုနှစ် ဇူလိုင်လ(၁၈) ရက်နေ့ တွင် လူ့ အခွင့်အရေးလှုပ်ရှားတက်ကြွသော ကချင်အမျိုးသမီး ဒေါ်ဘောက်ဂျာ အားမြစ်ကြီးနားမြို့ ရှိ သူမ၏ နေအိမ်မှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ သတင်းရရှိပါသည်။ ဒေါ်ဘောက်ဂျာသည်ဆွီဒင်နိုင်ငံစတော့ဟုမ်းမြို့ အခြေစိုက် နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းကြီးဖြစ်သောနိုင်ငံသား အခွင့် အရေး ကာကွယ်စောင့်ရှောက်သူများ အဖွဲ့ (Civil Rights Defenders) ကဥပဒေအထောက်အကူပြု ကွန်ယက် (Legal Aid Network) ၏ ပူးပေါင်းဆောင်ရွက်မှုကို ရယူလျှက်ဆားဗီးယားနိုင်ငံ၏ လူ့အခွင့်အရေးနှင့် ဥပဒေစိုးမိုးရေးလုပ်ငန်းစဉ် များအား လေ့လာရေးခရီးစဉ်စီစဉ်ခဲ့ရာတွင်(ဇွန်လ ၂၂ ရက်နေ့မှ ဇူလိုင်လ ၇ ရက် ၂၀၁၃ ခုနှစ်) အတွင်း   လူ့ အခွင့်အရေး လှုပ်ရှားတက်ကြွသူတဦးအနေဖြင့် ပြည်တွင်းမှ ရှေ့နေ (၉) ဦး နှင့် အတူပါဝင်ခဲ့ သူဖြစ်သည်။

သစ်ထူးလွင် သတင်းစုစည်းမှု (၁၉-၇)

သစ်ထူးလွင်



Friday, July 19, 2013

ဦးအောင်ဆန်း၏ မိခင် (အပိုင်း ၁ )



ပုခက်လွှဲသော လက်သည် ကမ္ဘာကို အုပ်စိုးသည် ဟူသော သိုးဆောင်း စကားပုံတခုရှိလေသည်။ ၎င်းစကားပုံ၏ အဓိပ္ပါယ်မှာ ကျေးဇူးရှင် အမိကောင်းများ၏ ပြုစုပျိုးထောင် ပေးခြင်းခံရသော သူတိုင်း ကမ္ဘာကျော် ပုဂ္ဂိုလ်ကြီးများ ဖြစ်နိုင်သည်ဟု ဆိုလိုခြင်းပင် ဖြစ်သည်။

သတင်းဆိုး


မိုးသည် တဖွဲဖွဲ ရွာသွန်းလျက် ရှိလေသည်။ ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက် ညနေစောင်း အချိန် ဖြစ်လေသည်။

မြို့ပိုင် မောင်ပြုံးချို၏ အိမ်တွင် ပြည်သူ့ ဆက်ဆံရေး ရေဒီယိုကို စတင် ဖွင့်လေပြီ။ နေ့တိုင်းဆိုလျှင် ဌာနက ပေးထားသော ရေဒီယို နားထောင်သူတွေ အတော်များများ ရှိသော်လည်း ယနေ့ မိုးရွာနေသဖြင့် လူပါးလှသည်။

သစ်ထူးလွင် သစ်ထူးလွင် သတင်းစုစည်းမှု (၁၈-၇)

သစ်ထူးလွင်



သစ်ထူးလွင် သတင်းစုစည်းမှု (၁၇-၇)

သစ်ထူးလွင်



Thursday, July 18, 2013

DVB သို့ ပေးစာ ....

Nyein Chan Aung and Myint Aung shared Ko Nyo's photo.

ဒီဗွီဘီသတင်းဌာန တာဝန်ရှိတဲ့ ခေါင်းဆောင်တွေ နော်ဝေးပြည်သူပိုင်ငွေ အလွဲသုံးစားမှုနဲ့ပတ်သက်ပြီး အခွန်ဆောင် ပြည်သူတွေကို တောင်းပန်ဘို့ ပျက်ကွယ်နေတယ်။
မိမိတို့ ရဲ့ အများပြည်သူပိုင်ငွေ အလွဲသုံးစားမှုတွေကို အမြန်ဆုံးဖြေရှင်းပါ၊ အမြန်ဆုံး တောင်းပန်ပါ။
Related Posts Plugin for WordPress, Blogger...