Saturday, August 31, 2013
နိုင်ငံသား မဟုတ်သူများ မဲပေးခွင့် ဥပဒေ ပယ်ဖျက်တော့မည်
လင်း သက် and KhingKhing Su shared Myanmar Journal's photo.
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကြမ်းအား ပြင်ဆင်၍ ပြည်ထောင်စု လွှတ်တော်က အတည်ပြုနိုင်ပါက နိုင်ငံသား အစစ် မဖြစ်သူများသည် နိုင်ငံရေးပါတီ တည်ထောင်ခွင့်၊ မဲပေးခွင့် ရရှိနိုင်တော့မည် မဟုတ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုသလိုသုံးဖို့ ထင်သလို အဓိပ္ပါယ်ဖွင့်ဆိုကြမည်လား
August 28, 2013 at 11:53pm
ဒီရက်ပိုင်းအတွင်း သတင်းသမားတွေအကြိုက် လွှတ်တော်က စီစီညံညံ အသံတွေကြားနေရပါတယ်။ ကိုယ်တိုင်ကတော့ ၁၉၄၇ ခုနှစ် Constitution ကို ကျောင်းမှာသင်ခဲ့ရပြီး ၁၉၇၄ Constitution နဲ့ ၂၀၀၈ ခုနှစ် Constitution ကိုတော့ ကိုယ်တိုင်တွေ့ကြုံ ခံစားခဲ့ရတာမို့လို့ ဥပဒေပညာသင်ကြားခဲ့ရသူ တစ်ဦးတစ်ယောက်အနေနဲ့ သုံးသပ်ဆင်ခြင် ကြည့်ရာမှာ
သစ်ထူးလွင် သတင်းစုစည်းမှု (၃၀-၈)
သစ်ထူးလွင်
Friday, August 30, 2013
ရှစ်လေးလုံး ၂၅ နှစ်ပြည့်ချိန်နဲ့ ဘကြီးလှခင်
ကျွန်တော်ရေးချင်တဲ့ အဘ ဆိုတာက၊ ဟို “အဘ”တွေအကြောင်းမဟုတ်ပါဘူး။ သိပ်ချစ်စရာကောင်းပြီး ကျနော်တို့က ဘကြီး လို့ခေါ်ကြတဲ့ အဘလှခင်အကြောင်းပါ။ ဘကြီးလှခင်က အရပ်နည်းနည်းပုတယ်၊ လက်ပြင်လည်း နည်းနည်းကိုင်းနေပြီး ကျွန်တော်စသိကတည်းက သွားတွေတော့ တော်တော်များများ မရှိရှာတော့ပါဘူး၊
အတိုက်အခံဆိုသည်မှာ ဘာလဲ
August 29, 2013 at 4:30am
ထက်မြက်
၂၉။၈။၂၀၁၃
ဆန့်ကျင်ဘက် အတိုက်အခံ မရှိဘဲ တစ်သွေးတည်း၊ တစ်သံတည်း၊ တစ်ခုတည်း ရှိနေလျှင် မည်သည့် အခါမှ တိုးတက်ကြီးပွားခြင်းရှိလိမ့်မည် မဟုတ် ပေ။ မိမိ၏စဉ်းစားတွေးခေါ်မှုထဲမှာ ပင်လျှင် အကောင်းရော၊ အဆိုးရော၊ ဆုတ်ယုတ်မှုရော၊ တိုးတက်မှုရောအမြဲ ဒွန်တွဲနေတတ်ပါ သည်။ ထို့ကြောင့် အတွေ့အကြုံနှင့် လက်တွေ့ ဖြစ်ပေါ်မှု မှနေ အမှန်ကို ရှာဖွေတွေ့ရှိခြင်း ဖြစ်သည်။
နှလုံးသား ဒိုင်ယာယီ (၁၁)
August 28, 2013 at 6:38am
ကျားကြောက်လို့ ရှင်ကြီးကိုး ရှင်ကြီးက ကျားထက်ဆိုး ဆိုသကဲ့သို့ တော်လှန်ရေးနယ်မြေသို့ အသွင်ကူးပြောင်း ရောက်ရှိလာသော ရဲဘော်များ ဘဝမှာ ထပ်မံ၍  ဖိနှိပ်ခြင်းခံကြရပြန်သည်။ အချို့အသက်ဆုံးရှုံးသွားရခြင်းတွေ လည်း ရှိသည်။ ထွက်လာရခြင်း ရည်ရွယ်ချက်တွေ ဆိတ်သုန်းပျောက်ကွယ်ကုန်ကြသည်။
လွတ်လပ်စွာပြောဆိုခွင့်နှင့် အမုန်းတရားပေါ်ပေါက်စေသော ပြောဆိုမှု တို့အား ဒဿနိကဗေဒရှုထောင့်မှ လေ့လာခြင်း
“ကျွန်ုပ်မှားပြီး၊ သင်မှန်ချင်မှန်ပါလိမ့်မယ်။ အမှန်တရားနဲ့ အနီးစပ်ဆုံးဖြစ်အောင် ကြိုးပမ်းကြည့်ရအောင်ပါ”
Karl Popper
နိဒါန်း
(၂၀၀၇) ခုနှစ်၊ ဧပြီလ (၁၉) ရက်နေ့မှာ အမုန်းတရားပေါ်ပေါက်စေသော ပြောဆိုမှုနဲ့ ပတ်သက်ပြီး၊ အရေးယူအပြစ်ပေးလို့ရတဲ့ ဆုံးဖြတ်ချက်တရပ်ကို ဥရောပသမဂ္ဂကောင်စီက ချမှတ်ခဲ့ပါတယ်။
သစ်ထူးလွင် သတင်းစုစည်းမှု (၂၉-၈)
သစ်ထူးလွင်
Thursday, August 29, 2013
"ဆန်းနှင့် ကြည်" (ဒဂုန်တာရာ)
ဂျပန် ၀င်ရောက်လာသော ၁၉၄၂ တွင် ကျနော် ရန်ကုန်ရောက်ပါပြီ။ အင်္ဂလိပ်များထွက်ခွာပြီးနောက် ဂျပန်တို့ ၀င်ရောက် လာသည်။ ဗိုလ်မှူးရန်နိုင်က ကျနော်နှင့် ကျောင်းသားသမဂ္ဂ လုပ်ဖေါ်လုပ်ဖက်။ တက္ကသိုလ်သမဂ္ဂ အတွင်းရေးမှူး ကို ထွန်းရှိန် သူက ‘ရန်ကုန်သိမ်းပြီးပြီဗျ၊ ဗမာ့လွတ်လပ်ရေးတပ်မတော်က သိမ်းတာ၊ အဲဒါ ခင်ဗျား ရန်ကုန်သွား၊ အလံပြ ဘုရားလမ်းကိုသွား၊ ပတ်ခ်ဟိုတယ်မှာ ကျနော်တို့ လူတွေရှိတယ်’ သင်္ဘောကြုံနှင့် ကျနော် ရန်ကုန်သွားသည်။ အရှေ့ အာရှ စစ်ဖြစ်သည်နှင့် ရန်ကုန်ကို ဂျပန်တို့က ဗုံးကြဲလိုက်သည်။
သေကံမရောက် သက်မပျောက်ခဲ့ရသော လူငယ်တစ်ဦးရဲ့ တန်ဖိုး
ဒီခြံလေးသည် လူပေါင်းများစွာ ရဲ့ ခိုနားရာ ကွန်းခိုရာ နေရာလေးတစ်ခု ဖြစ်ခဲ့ဖူးသည် ။ ညီအစ်မ သုံးယောက် ကနေ ပေါက်ဖွားလာကြတဲ့ မျိုးဆက်တွေရဲ့ တစ်ခုတည်းသော မှီခိုအားထားရာ နေရာလေး တစ်ခု ဖြစ်စေခဲ့ဧ။် ။
သစ်ထူးလွင် သတင်းစုစည်းမှု (၂၈-၈)
သစ်ထူးလွင်
Wednesday, August 28, 2013
(Right to recall) ပြန်လည်ရုပ်သိမ်းခွင့် အခွင့်အရေးလား၊ (Recalling right) အခွင့်အရေး ပြန်လည်ရုပ်သိမ်းခံရတာလား။
၂၃-၈-၁၃ နေ့က ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ရွေးကောက်ပွဲကော်မရှင်က တင်သွင်းထားတဲ့`လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်း´ကို ဆက်လက်ဆွေးနွေး ဖို့ ဆိုင်းငံ့ရန် ဆုံးဖြတ်ခဲ့ပါတယ်။
ပြည်ပကနေ ဗမာပြည်နိုင်ငံရေးလုပ်ဆောင်နေသူတွေကို မစော်ကားပါနဲ့ ။
အံ့ဘွယ်ကျော်နဲ့ အထဲလာလုပ်ကြည့်ပါလားဆိုတဲ့ အသုန်းအနှုန်းကို သုံးစွဲသူများသို့...
ဘာတဲ့ ။ "အဝေးကနေ ပရမ်းပတာလုပ်နေ၊ ပြောနေကြမယ့်အစား၊ ခဏလေး လာလုပ်ကြည့်စမ်းပါလား" တဲ့ ။ မင်းတို့ဘ၀မေ့စကားမပြောနဲ့ ။ မင်းတို့ ခုလိုအခြေအနေ ဖြစ်လာအောင် အဝေးရောက်ရဲဘော်တွေလည်း လုပ်ခဲ့ကြတယ်ကွ ။ အေး ။ အခု အဝေးရောက်နေတယ်ဆိုတဲ့သူတွေဟာ ဗမာပြည်ထဲမှာ မင်းတို့လိုပဲ လုပ်ခဲ့ကြဘူးသူတွေဆိုတာ နားလည်ထားစမ်းပါ ။ ကိုယ့်ယုံကြည်ချက်နဲ့ကိုယ် ကိုယ့်အမြင်နဲ့ကိုယ် ကိုယ့်အခြေအနေနဲ့ကိုယ် ဗမာပြည်ထဲကနေထွက်ခွာနေကြရတာ ။
ဘယ်သူမှ အသိုက်မြုံပျက်ခံပြီး ကိုယ့်မြေကိုယ်မစွန့်ခွာချင်ဘူးကွ ။ မင်းတို့တွေ (၈၈မျိုးဆက် အုပ်စုတွေ) ထောင် ထဲရောက်နေကြတဲ့အချိန် မင်းတို့တွေအပေါ်လေးစား စာနာတဲ့စိတ်တွေနဲ့ အပြင်ရောက်နေတဲ့ကောင်တွေက ကိုယ်ဘာသာဇိမ်နဲ့နေရင်ရပါလျက် မင်းတို့အတွက် ရောက်ရာနေရာ ကနေ ပူးပေါင်းပါဝင်လှုပ်ရှားခဲ့ကြတယ်ကွ ။
သစ်ထူးလွင် သတင်းစုစည်းမှု (၂၇-၈)
သစ်ထူးလွင်
Tuesday, August 27, 2013
“လှောင်အိမ်ထဲကငှက်”
August 25, 2013 at 11:29am
          ဟာသရုပ်ရှင်တွေထဲက စာရေးဆရာဇာတ်ကောင်များဟာ ပေါတောတော သရုပ်ဆောင်ကွက်တွေနဲ့ စိတ်ကူးတွေယဉ်ပြီး ရာဇ၀င်ဇာတ်အိမ်တည်ထားရင် နန်းဝတ်နန်းစားကြီးနဲ့၊ လျှို့ဝှက်သည်းဖိုကျပြန်တော့ လောင်းကုတ်အရှည်ကြီးဝတ် ဦးထုပ်ကြီးဆောင်း စီးကရက်ခဲထား၊ အဆိုတော်ဇာတ်ရုပ်၊ မင်းသားဇာတ်ရုပ်၊ ၀တ္ထုထဲပါလေသမျှ ဇာတ်ကောင်တွေအတိုင်း အပီအပြင် မုဒ်သွင်းလို့ ဆေးစက်ကျရာ အရုပ်ထင်အောင် ဈာန်ဝင်စားပြကြတာ တ၀ါးဝါးရယ်ရတယ် မဟုတ်လား။ ဟာသကားမို့လို ပရိသတ်ပွဲမကျကျအောင် သည်လိုပဲ အိုဗာတင်းတွေသောက်ပြီး ဟားကွက်တွေ ဖန်နေကျပဲဟာ လို့ အမြဲတမ်းတွေးခဲ့ဖူးပေမယ့် အခုတော့ အဲသလိုလည်း မဟုတ်သေးဘူးပဲ လို့ သဘောပေါက်လာပါပြီ။ ကိုယ်ကိုယ်တိုင် မဖြစ်ညစ်ကျယ်စာကလေးတွေ တောင်ရေးမြောက်ရေး ရေး သက်ကလေးရလာတော့မှ စာရေးတယ်ဆိုတာ ကိုယ်တည်ထားတဲ့ ဇာတ်အိမ်ဇာတ်ပန္နက်ကလေး အာရုံထဲကမှိန်မသွားအောင် စာအုပ်မပြီးမချင်း မုဒ်ကလေးသွင်းပြီး ကိုယ့်စိတ်အာရုံကလေး တခြားဘက် ချော်တောငေါ့မသွားအောင် မွေးမြူထားရပါကလား လို့ သဘောပေါက်လာပါတယ်။
သစ်ထူးလွင် သတင်းစုစည်းမှု (၂၆-၈)
သစ်ထူးလွင်
Monday, August 26, 2013
မခင်ဆုံး၏ ကံကြမ္မာ၊ငွေနှင့်အာဏာ
တစ်နေ့ညနေ ကိုသိန်းလက်အောက်မှာ ငွေကိုင်စာရေးလုပ်နေတဲ့ ကိုဖိုးရွှေဟာ ဘဲပေါင်းတွေကို ဆွဲချိုင့်တစ်ခုထဲ ထည့်ပြီး၊ ကိုသိန်းတို့အိမ်ကိုယူလာတယ်။ ကိုသိန်းက 'ကိုဖိုးရွှေရယ်၊ ဘဲပေါင်းတွေ၊ဘာတွေကို တို့မိသားစုဟာ မကြိုက်လှပါဘူးကွာ၊ နောက်ယူမလာနဲ့၊ ကြားလား' လို့ပြောတယ်။ ဖိုးရွှေလည်း ဘဲပေါင်းကို နောက်ဖေးမှာထားခဲ့ပြီး ပြန်သွားတယ်။
နောက် တနင်္ဂနွေတစ်ပတ်လောက်ကြာတဲ့အခါ သလပ်ဖက် သရက်သီး၊ လက်ရွေးစင် အကောင်းစားတွေ ဆယ်နှစ်လုံးကို ဖိုးရွှေဟာ သူကိုယ်တိုင် ကိုသိန်းတို့အိမ်ကိုယူလာတယ်။ ကိုသိန်းက 'ဖိုးရွှေ၊ မင်းကိုငါပြောထားသားပဲ၊ ဒါတွေယူလာတာ ငါမကြိုက်ဖူးကွာ၊ ငါ့လက်အောက်ငယ်သားတွေက ဒီလိုပေးတာ၊ ငါမစားချင်ဘူး။ ဒါနောက်ဆုံးပဲဟေ့' လို့ပြောတယ်။
အုပ်ချုပ်ရေးအတတ်ပညာ (Public Administration)
Seaman Nayminthu and May Popa shared Myo Set's photo.
အုပ်ချုပ်ရေးဆိုတာ အစိုးရက ချမှတ်လိုက်တဲ့ပေါ်လစီတစ်ရပ်ကို စံနစ်တကျ ဆည်းပူးလေ့လာထားတဲ့ ပြည်သူ့ဝန်ထမ်းတွေက အကောင်အထည်ဖော်ကြခြင်းဖြစ်ပါတယ်။
အစိုးရက ပေါ်လစီတစ်ရပ်ကို သူ့အစိုးရအဖွဲ့ (Cabinet) ကနေ ချမှတ်လိုက်ပါတယ်။ အဲ့ဒါကို သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ သူ့ဝန်ထမ်းတွေက အကောင်အထည်ဖော်ရပါတယ်။
သစ်ထူးလွင် သတင်းစုစည်းမှု (၂၅-၈)
သစ်ထူးလွင်
Sunday, August 25, 2013
ဆရာ…ဒဂုန်တာရာမမှားပါဖူး…….
August 24, 2013 at 4:46am
လူငယ်လေးတွေ နားလည် မမှားစေချင်လို့..ဒီဆောင်းပါးကိုရေးတာပါ…..
ဘယ်သူကိုမှ သာစေ ၊ နာစေလိုတဲ့ ဆန္ဒမရှိပါကြောင်းကြိုတင် အသိပေးပါရစေ……
အဓိကစေတနာ…က..လူငယ်လေးတွေကို..အမြင်ကျယ်စေချင်တယ်…..
မှန်မှန်ကန်ကန် နားလည်စေချင်တယ်…..
နှလုံးသား ဒိုင်ယာယီ (၁၀)
ကျနော်ဖြတ်သန်းကျင်လည်ခဲ့ရာ ကရင်နီသမိုင်းနှင့် ရုပ်ပုံလွှာများကိုလည်း ထိတွေ့ခံစားမိ သလောက် ရေးသားရန် လိုအပ်မည်ဟု ယူဆမိပါသည်။
ကျနော်တို့ နှလုံးအိမ်တွင် စွဲမှတ်နေသည်က ကယားပြည်နယ် ကယားလူမျိုးဟုသာ သိကြသည်။ ကရင်နီပြည်နယ် ကရင်နီလူမျိုးဟုဆိုလျှင် လူအတော်များများ ကောင်းစွာ သိရှိလိမ့်မည်ဟု မထင်။
လူငယ်နဲ့ အရွေ့
August 24, 2013 at 7:16am
    အချိန်နဲ့ တပြေးညီဆိုသလို ရုပ်ဝတ္ထုများဟာ တိုးတက်ပြောင်းလဲ နေခဲ့တယ်။ ‘ဒီတော့ ပြောင်းလဲမှုတွေ နောက် တဟုန်းထိုး လိုက်နေခဲ့ကြတယ်။ မှီတာလဲ ရှိသလို၊ မမှီဘဲနောက်ကျ ကျန်ရစ်ခဲ့တာတွေလည်း ရှိနေခဲ့တယ်။  မမှီရကောင်းလားဆိုပြီး အားမလို အားမရဖြစ်ရင်း ဘယ်သူ့ကြောင့် ဘယ်ဝါကြောင့်ဆိုတဲ့ လက်ညှိုးထိုးမှုတွေနဲ့ ခရီးဆက်နေခဲ့ကြတယ်။ ဒီလို လက်ညှိုးထိုးနေရုံနဲ့တော့ ပြဿနာကတော့ ပြီးသွားမှာမဟုတ်သလို၊ အမှီလည်း လိုက်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် အားလုံးပါဝင်ဖို့ ဒီအချိန်ဟာ အရေးအကြီးဆုံးအချိန်ဖြစ်နေခဲ့တယ်ဆိုတာ လူငယ်တွေအနေနဲ့ သတိရှိရှိ ဖြတ်သန်းနိုင်ကြဖို့ ရည်ရွယ်ရင်းရှိတာကြောင့် လူငယ်နဲ့ အရွေ့ဆိုတဲ့ နာမည်လေး၊ ခေါင်းစဉ်လေး အလိုလိုပေါ်ပေါက်လာတယ်။
မြန်မာ့ တပ်မတော်မှ ပထမဆုံး သမိုင်းဝင် ပြစ်မှုကြီးများ
Seaman Nayminthu shared Ye Moe's photo.
ပထမဆုံး စစ်သည် ရိက္ခာပိုတင်၍ နိုင်ငံတော် ဘဏ္ဏာ အလွဲသုံးစားမှု တရားခံ - ကျန်စစ်သား
ဖြစ်စဉ်မှာ ပဲခူးမြို့မှ ဂျွမ်းစစ်သည်များကို ချီစစ်ဖြင့် သွားရောက်တိုက်ခိုက်ရာတွင်
စစ်သည် လေးယောက်ကို စစ်သည်လေးသိန်း ဟု အထက်ဌာနအား သစ္စာမဲ့စွာ လိမ်ညာထွက်ဆိုခဲ့ကြောင်း စစ်ဆေးတွေ့ရှိရ ......။
သစ်ထူးလွင် သတင်းစုစည်းမှု (၂၄-၈)
သစ်ထူးလွင်
Saturday, August 24, 2013
မခင်မိ၏ဇာဘော်လီ
August 22, 2013 at 8:52am
မခင်မိသည် ကမ္ဘာမကျော်သော မုဆိုးမဖြစ်သည်
မခင်မိထံတွင် အိမ်အိုလေးတစ်လုံး ဇာဘော်လီသုံးထည်နှင့် ကလေးလေးယောက်ရှိသည်
မခင်မိသည် အိမ်အိုလေးကို ပန်းချီဆရာအိုလေးထံသို့ ငွေအိုလေးသုံးသိန်းဖြင့်ရောင်းသည်
မခင်မိ ပိုက်ဆံရသည်
မြင့်မိုးအောင် (တေးရေးဆရာ)
Ank Minzaw July 28
ကျနော် ၈၈ တုန်းက တွေ့တာ ကြုံတာတွေ များပါတယ်။ ဒါပေမယ့် ဘေးကနေပြီးတော့ပဲ တွေ့တာများတယ်။ သူငယ်ချင်း တွေက ထဲထဲဝင်ဝင် လှုပ်ရှားကြတဲ့ သူတွေက အများကြီးပဲ။ အမျိုးအဆွေထဲမှာလည်း ထဲထဲဝင်ဝင် လှုပ်ရှားတဲ့သူ များတယ်။ ကျနော်ကတော့ ကျနော့် သဘာဝအတိုင်း အေးအေးဆေးဆေး နေတယ်။
သစ်ထူးလွင် သတင်းစုစည်းမှု (၂၃-၈)
သစ်ထူးလွင်
Friday, August 23, 2013
တိုင်းပြည်ခေါင်းဆောင်တစ်ယောက်က တိုင်းပြည်အပေါ်မှာ ရိုးသားခြင်းဟာ တိုင်းပြည်အပေါ်မှာ မေတ္တာထားခြင်းပဲဆိုတဲ့ ဦးဘုန်း(ဓာတု)နှင့်တွေ့ဆုံခြင်း
လူတိုင်း လူတိုင်းအပေါ် မေတ္တာထားရမယ်။ လူတွေတင်မကဘူး။ သတ္တ၀ါတွေအကုန်လုံးအပေါ် ထားနိုင်ရင် ပိုကောင်းတာပေါ့။ သက်ရှိ၊ သက်မဲ့အားလုံးအပေါ်မှာတောင် မေတ္တာထားရမှာပါ။ အဲဒီထဲမှာ လူလူချင်းမေတ္တာထားတာက အလွယ်ဆုံးပဲ။ လူလူချင်းတောင် မေတ္တာမထားတတ်ဘူး ဆိုရင် တော်တော် ခက်နေပြီ။ လူလူချင်းက ချစ်ဖို့ အလွယ်ဆုံးပဲ။
နှလုံးသား ဒိုင်ယာယီ (၉)
August 21, 2013 at 5:48am
တရွာမပြောင်း သူကောင်းမဖြစ်ဟူသော ဆိုးရိုးကဲ့သို့ နောက်တန်းတပ်စခန်းသို့ ပြန်ရောက်ပြီး တလခန့်အကြာ ကက(ကြည်း) ညွှန်ကြားချက်ဖြင့် တနယ်တကျေးသို့ ပြောင်းရွှေ့တာဝန် ထမ်းဆောင် ရသည်။ ဆရာကြီး ရွှေမောင်၊ ဒုတပ်ကြပ် အိုက်စံ (ရှမ်းလူမျိုး)၊ တပ်ကြပ် ဇိုဝါးနီ (ကယောလူမျိုး) နှင့် ကျနော်တို့ ခမရ(၅၃၀) (လောပိတ) သို့ ပြောင်းရွှေ့ရမည်ဖြစ်သည်။
သစ်ထူးလွင် သတင်းစုစည်းမှု (၂၂-၈)
သစ်ထူးလွင်
Thursday, August 22, 2013
ABSDF နဲ့ ပြည်တောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီတို့ သဘောတူညီ လက်မှတ်ထိုး
တိုး သစ် shared DVB TV News's photo.
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) နဲ့ ပြည်တောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီတို့ အပစ်အခတ် ရပ်စဲရေး အပါအ၀င် အချက် ၄ ချက်ကို သဘောတူညီ လက်မှတ်ထိုး လိုက်ပါတယ်။
အာရပ်နွေဦး နဲ့ မြန်မာနိုင်ငံက အခြေခံဥပဒေ
အာရပ်နွေဦးလို့ အမည်ရခဲ့တဲ့ တူနီးရှားက စခဲ့တဲ့ ဒီမိုကရေစီတော်လှန်ရေးကြီးဟာ အီဂျစ်အာဏာရှင်ကို ဖြုတ်ချနိုင်ခဲ့ပြီး ဒီမိုကရေစီ အစိုးရကို မွေးဖွားပေးခဲ့လို့ တကမ္ဘာလုံးက စိတ်ဝင်စားခဲ့ပါတယ် ။
အခုတော့ နုနယ်တဲ့ ဒီမိုကရေစီနဲ့ မရင့်ကျက်တဲ့ နိုင်ငံရေးသမားတွေကြောင့် လူတွေသေ မီးတွေ ဟုန်းဟုန်းတောက်နေရပါပြီ ။
သစ်ထူးလွင် သတင်းစုစည်းမှု (၂၁-၈)
သစ်ထူးလွင်
Wednesday, August 21, 2013
အခြေခံဥပဒေကိုပေးထားချက်ဟုယူပြီးအားလုံးလက်ခံနိုင်သည့်ဖက်ဒရယ်ဖြစ်ရေးညှိနှိုင်းသင့်ကြောင်း၊ မိမိတို့မျှော်လင့်ချက်များကိုစီမံခန့်ခွဲနိုင်ရန်လိုအပ်ကြောင်းဆွေးနွေးသူ ဦးကျော်ဝင်းနှင့်တွေ့ဆုံခြင်း
ဖက်ဒရယ်စနစ်၊ တိုင်းရင်းသားများ၏အခွင့်အရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ တန်းတူညီမျှခွင့်များနှင့်ပတ်သက၍ အမျိုးသားလွှတ်တော် နိုင်ငံရေး၊ စီးပွားရေးနှင့် ဥပဒေရေးရာ ကော်မရှင်အဖွဲ့ဝင်စာရေးဆရာဦးကျော်ဝင်းနှင့် တွေ့ဆုံမေးမြန်းထားသည်များကို
 လေ့လာသုံးသပ်နိုင် ပါရန် တင်ပြလိုက်ပါသည်။
မေး။ တိုင်းရင်းသားလူမျိုးများ၏ အခွင့် အရေးကိုကာကွယ်စောင့်ရှောက်သည့်ဥပဒေကြမ်း ဖြစ်ပေါ်လာတဲ့အပေါ် ဆရာ့အမြင်ကို သိချင် ပါတယ်။
ဖြေ။ ကျွန်တော် လွှတ်တော်ထဲ ရောက်တာ က တစ်လသာသာပဲ ရှိသေးတယ်ဗျ။ အဲဒီ ဥပဒေကြမ်းကို ကျွန်တော် မရောက်မီကတည်း က ပြုစုနေကြတာဖြစ်မယ်။
လက်နက်များက ပြောသောနိုင်ငံရေး
Win Ko shared ရုပ် ဆိုး's photo.
လက်နက်များက ပြောသောနိုင်ငံရေး 
---------------------------------------
       ခုတလော ဖေ့စ်ဘုတ်မှာ လည်းဘာသာရေးပဋိပက္ခ နဲ့ ပက်သက်ပြီး စိတ်မချမ်းသာစရာတိုက်ခိုက်မှုတွေ ၊ ပုဂ္ဂိုလ် အငြိုးတေး တိုက်ပွဲတွေ နဲ့ 
ကိုယ့်အတွက် ဗဟုသုတ ရစရာ ၊ ခံစားမှု ပေးနိုင်တဲ့ စာရယ်လို့ မယ်မယ် ရရ မတွေ့ မိဘူး ။ ကိုယ့်စိတ်ကိုယ်တည်ငြိမ်အောင်ကြိုးစားရင်း ဖေ့စ်ဘုတ်လည်း
ကြာကြာသုံးဖို့ စိတ်မပါတာနဲ့ တခြားနေရာမှာ စိတ်ကူးတည့်ရာလေးတွေ လျှောက်ဖတ်နေမိတယ် ။ လျှောက်ဖတ်လိုက် တွေးလိုက်ပေါ့ ။
      ကျွန်တော်တို့ လူသားတွေ ဟာ စစ်ရဲ့ အနိဌာရုံတွေ ၊ စစ်ရဲ့ ခါးသီးတဲ့ ဒုက္ခတွေကို မျက်မြင်ကိုယ်တွေ့ တွေ့ နေပါလျှက်ကယ်နဲ့ ဘာကြောင့်များ 
စစ်တွေ တိုက်နေကြရတာလဲ ။ ဘာကြောင့် များ နိုင်ငံ တွေမှာ စစ်တပ် တွေထားနေရတာလဲ ။ ဘာကြောင့်များ ခေတ်မှီလက်နက်တွေ အပြိုင်ဆိုင်တပ်ဆင်နေကြရတာလဲ ..စသဖြင့် အတွေး စ က ဖြစ်ပေါ် လာတဲ့မေးခွန်းလေးတွေ ကို နက်ပေါ် ကနေတဆင့် ရှာဖတ်ကြည့်မိတယ် ။  
       စစ်ပွဲတွေ ဟာ ကျွန်တော်တို့ လူသားသမိုင်းနဲ့ အတူယှဉ်တွဲ ဖြစ်ပေါ်လာတယ်လို့ ပြောလို့ရမယ်ထင်ပါတယ် ။ ဘာကြောင့် လဲဆိုတော့အီဂျစ်တောင်ပိုင်းနဲ့ဆူဒန်နိုင်ငံ မြောက်ပိုင်း နိုင်းမြစ်တစ်လျှောက်မှာတည်ရှိခဲ့တဲ့ Nubia ဒေသ က သချိုင်းတွေ ၊ အုတ်ဂူတွေမှာ လွန်ခဲ့ တဲ့ နှစ်ပေါင်း ၁၂၀၀၀ က စပြီး လူတွေဟာ တိုက်ခိုက်ရင်း သေဆုံးခဲ့ တဲ့ အထောက်ထားတွေ တွေ့ခဲ့ရလို့ပါပဲ ။ 
အဲဒီ နောက် လွန်ခဲ့ တဲ့ နှစ်ပေါင်း ၅၀၀၀ က စပြီး အခိုင်အမာ စစ်တပ်တွေ တည်ရှိခဲ့ ကြတယ် ၊ စစ်ခင်းခဲ့ကြတယ် ၊ စစ်ကြောင့် သေဆုံးခဲ့ကြတယ် ဆိုတဲ့ 
အထောက်ထားတွေ က တွေ့ ရှိရတယ်လို့ဆိုတယ် ။ War Before Civilization ဆိုတဲ့ စာအုပ်မှာ တော့ ကျွန်တော်တို့ လူသား တွေဟာ BC ၃၅၀၀  ကစလို့ AD ၂၀ ရာစုနှောင်းပိုင်းထိ ..ကာလအပိုင်းအခြားမှာ ..စစ်ကြောင့် လူပေါင်း ၃.၅ ဘီလီယံ သေဆုံးခဲ့ ကြရပြီး ...နှစ်ပေါင်း ၃၀၀ မျှသောအချိန်သာလျှင်စစ်ပွဲ မရှိပဲ ငြိမ်းငြိမ်းချမ်းချမ်းနေ
ခဲ့ရတယ်လို့ ဆိုပါတယ်။
      စစ်ပညာ ရှင် ကာလ်ဗွန် ကလော့ဝဇ် က စစ်ပွဲ ရဲ့ အဓိပ္ပါယ်ကို  " War is thus an act of force to compel our enemy to do our will " လို့ဖွင့်ဆိုခဲ့တယ် ။ 
စစ်ပွဲဆိုတာ တဖက်လူကို ကိုယ့်စိတ်တိုင်းကျ ခေါင်းငြိမ့်စေတဲ့ ဆောင်ရွက်မှု တစ်ခုပေါ့ ။ အဲဒါကြောင့် လဲ အတ္တ ၊ လောဘ ၊ ဒေါသ တွေ ထူပြောနေတဲ့ မနုဿလူသားတွေမှာ စစ်ရဲ့ အခြေခံ အကြောင်းတရားတွေ ဖြစ်ပေါ်လာကြရတယ် ။ စစ်သမိုင်းပညာ ရှင် တစ်ယောက်ဖြစ်တဲ့ John Keegan ရဲ့ History of Warfare မှာတော့ ...War is a universal phenomenon whose form and scope is defined by the society that wages it. လို့ ဆိုထားတယ် ။ Philosophy of war တွေ ၊ History of War ဆိုတာတွေကို အနည်းငယ်လေ့လာကြည့်တဲ့ ခါ ကျွန်တော်တို့ လူသဘာဝကို က စစ်နဲ့ မကင်းနိုင်ခဲ့ ကြတာကိုတွေ့ရမှာပါ ။
    လူသားတွေ ဟာ စစ်နဲ့ မကင်းနိုင်ကြတဲ့ အလျှောက် စစ်ပွဲ အောင်နိုင်ဖို့ ရာ အသုံးပြုကြတဲ့ ..ခွန်အား ၊ လက်နက် ၊ စစ်နည်းပရိယာယ်တွေဟာလည်း တစထက်တစ ပိုပိုပြီးတိုးတက်များပြားလာခဲ့ကြရတယ် ။ စစ်တို့ရဲ့ ခေတ်မှာ လည်း ကျောက်ခေတ် ၊ သံခေတ် ၊ ယမ်းခေတ် ၊ အနူမြူခေတ် ၊ သူသားအသိဥာဏ်ခေတ်ရယ်လို့ ပြောင်းလဲ လာတာနဲ့ အမျှ
စစ်ပွဲ တွေရဲ့ ပုံသဏ္ဍန်တွေဟာ လည်း သမာရိုးကျ စစ်ပွဲ တွေ ပုံစံ ကနေ ခွဲထွက်ပြီး Multidimensional Warfare တွေ အဖြစ် ပြောင်းလဲ လာခဲ့တယ် ။ စစ်ရေး ဟာ စစ်ရေးသက်သက် မရပ်တည်တော့ ပဲ နိုင်ငံရေး ၊ စီးပွားရေး ၊ လူမှုရေး ၊ ဘာသာရေး ၊ ယဉ်ကျေးမှူ ၊ မီဒီယာ ၊ နည်းပညာ ၊ ယဉ်ကျေးမှု လွှမ်းမိုး ခြင်း စတာတွေ နဲ့ ဒွေးရောယှက်တင် ပေါင်းစပ်လာကြတယ် ။ ထိုနည်းတူပဲ စစ်ပွဲ များအောင်နိုင်မှု ၊ တောင့်တင်းသောစစ်အင်အားပိုင်ဆိုင်မှု ၊ ဆန်းသစ်တဲ့ စစ်လက်နက်ပစ္စည်းများ ပိုင်ဆိုင်မှု ဟာ Globalization ခေတ်မှာ နိုင်ငံရေး ၊ စီးပွားရေး ၊ လူမှု ရေးတွေမှာ အရေးပါလာခဲ့တယ် ။ 
     စစ်အေးတိုက်ပွဲ နှင့် နောက်ပိုင်း ကာလတစ်လျှောက် ကမ္ဘာ့အင်အားကြီးနိုင်ငံများ ဟာ မိမိတို့ရဲ့ ကိုယ်ပွားလေးတွေ မွေးဖွားပေး ဖို့ ၊ ကမ္ဘာ့ စာမျက်နှာ မှာ မိမိတို့ရဲ့ အသိုင်းဝိုင်းကြီးမားလာဖို့ ၊ မိမိတို့ရဲ့ ခေတ်မမှီတော့ သော စစ်လက်နက် ပစ္စည်းတွေ ကနေတဆင့် စီးပွားရေးဖြစ်ထွန်းဖို့ ၊ နိုင်ငံရေးအရ လိုအပ်သလို ထိန်းချုပ်နိုင်ဖို့ အတွက် ...နိုင်ငံငယ်များကို ပွန်း အဖြစ် ကိုင်ပြီး ကစားလေ့ရှိကြတယ် ။ နိုင်ငံငယ်များ အချင်းချင်း ၊ နိုင်ငံတွင်း လူမျိုးစုများအချင်းချင်း ပဋိပက္ခဖြစ်အောင်ဖန်တီးပေး ခြင်းဖြင့် လက်နက်များကိုဝယ်ယူစေတယ် ။ သက်ဆိုင်ရာ နိုင်ငံငယ်များမှာ စစ်ရေးအခြေနေတွေ ဆိုးဝါးလာတာနဲ့ အမျှ နိုင်ငံရေးတည်ငြိမ်မှု ၊ စီးပွားရေး တည်ငြိမ်မှုတွေ ပျက်ပြားပြီး 
ကမ္ဘာ့ အလယ်မှာ အားကိုရှာ ရတဲ့အဆင့်ကိုရောက်ရှိလာကြတယ် ။ နိုင်ငံတကာ စစ်လက်နက်ရောင်းဝယ်ရေး သဘောတူစာချုပ် ကို နိုင်ငံအတော်များများ လက်မှတ်ထိုးထားကြသည့်တိုင် ယနေ့ချိန်ထိ ကမ္ဘာ့ အဖြစ်ထွန်းဆုံး ကမ္ဘာ့ တရားမဝင်စီးပွားရေး အဖြစ် လက်နက်မှောင်ခိုရောင်းဝယ်မှု က ရပ်တည်လျှက်ရှိပါတယ် ။
    ကျွန်တော်တို့ နေထိုင်ရာ ကမ္ဘာကြီးကို မြေအနေထားရ ၊ စီးပွားရေးအရ ၊ စစ်ရေးအရ ..စသဖြင့် အမျိုးမျိုးပိုင်းခြားရှုမြင်လေ့ရှိကြပါတယ် ။ Geopolitics နှင့် စစ်မဟာဗျူဟာတွေအရ တော့ ကမ္ဘာကြီးကို အပိုင်း ၁၀ ပိုင်း ပိုင်းခြားထားတယ်လို့ ဆိုပါတယ် ။ အဲဒါတွေကတော့
(၁) အာရှ-ပစိတ်ဖိတ်ဒေသ (၂၇ နိုင်ငံ)
     သြစတေးလျ ၊ အာဖဂန်နစ်စတန် ၊ ဘင်္ဂလားဒေ့ရှ် ၊ ဘရုနိုင်း ၊ ဘူတန် ၊ ဗီယက်နာမ် ၊ အိန္ဒိယ ၊ အင်ဒိုနီးရှား ၊ ကမ္ဘောဒီယား ၊ တရုတ် ၊ မြောက်ကိုရီးယား ၊ လာအို ၊ မလေးရှား၊ မွန်ဂိုလီယား ၊ မြန်မာ ၊ နီပေါ ၊ နယူးဇီလန် ၊ ပါကစ္စတန် ၊ နယူးဂီနီ ၊ စင်္ကာပူ ၊ ထိုင်း ၊ ထိုင်ဝမ်  ၊ ဖီဂျီ ၊ ဖိလစ်ပိုင် ၊ သီရိလင်္ကာ ၊ တောင်ကိုးရီယား ၊ ဂျပန် ။
(၂) မြောက်ပိုင်း အဖရိက နှင့် အရှေ့မြောက် အာဖရိက (၁၁ နိုင်ငံ)
(၃) အာဖရိကနှင့် ဆာဟာရကန္တာရဒေသ (၃၇ နိုင်ငံ)
(၄) အရှေ့အလယ်ပိုင်း (၁၆ နိုင်ငံ)
(၅) ဆိုဗီယက်ခွဲထွက် (၁၅ နိုင်ငံ)
(၆) အရှေ့ဥရောပ (၁၃ နိုင်ငံ)
(၇) အနောက်ဥရောပ (၂၀ နိုင်ငံ)
(၈) တောင်အမေရိက နှင့် မက္ကဆီကို (၁၃ နိုင်ငံ)
(၉) အမေရိကအလယ်ပိုင်းနှင့် ကာရေဗီယန်ဒေသ (၁၅ နိုင်ငံ)
(၁၀) မြောက်အမေရိက (၂ နိုင်ငံ)
ဆိုပြီး ရှိပါတယ် ။ 
   ကျွန်တော်တို့ မြန်မာတည်ရှိရာ အာရှပစိဖိတ်ဒေသ က နိုင်ငံများကို ကြည့်ကြည့်ပါ။  
(၁) ကမ္ဘာ့ စူပါ ပါဝါနှင့် စူပါပါဝါ ဖြစ်ရန်အလားအလာရှိသောနိုင်ငံ ၃ နိုင်ငံရှိပါတယ် ။ (တရုတ် ၊ အန္ဒိယ ၊ ဂျပန်)
(၂) ကမ္ဘာမှာ နြူလက်နက် ပိုင်ဆိုင်တဲ့ ၈ နိုင်ငံ ထဲ ကမှ အာရှ-ပစိဖိတ်ဒေသမှာ ၄ နိုင်ငံရှိပါတယ် ။ (တရုတ် ၊ အိန္ဒိယ ၊ ပါကစ္စတန် ၊ မြောက်ကိုးရီးယား)
(၃) ကမ္ဘာ့ စစ်စားရိတ်အသုံးပြုဆုံး ၁၀ နိုင်ငံထဲမှ ၃ နိုင်ငံရှိပါတယ် ။ (တရုတ် ၊ အိန္ဒိယ ၊ ဂျပန်)
(၄) ကမ္ဘာ့ စစ်လက်နက်အများဆုံးတင်သွင်းတဲ့ ၁၅ နိုင်ငံ ထဲက ၈ နိုင်ငံရှိပါတယ်။(အိန္ဒိယ ၊ သြစတေးလျ ၊ တောင်ကိုးရီးယား ၊ စင်္ကာပူ ၊ တရုတ် ၊ ပါကစ္စတန် ၊ မလေးရှား ၊ အင်ဒိုနီးရှား)
(၅) ကမ္ဘာ့ စစ်အင်အားအကြီးမားဆုံး ၁၀ နိုင်ငံထဲမှ ၅ နိုင်ငံ ရှိပါတယ် ။ (တရုတ် ၊ အန္ဒိယ ၊ မြောက်ကိုးရီးယား ၊ တောင်ကိုးရီးယား ၊ ပါကစ္စတန်)
ဆိုပြီးရှိပါတယ် ။ 
     အထက်ပါအကြောင်းရာတွေ ကို ကျွန်တော်ဘာကြောင့် ပြောနေရလဲဆိုတော့ အာရှ-ပစိဖိတ်နိုင်ငံ တွေထဲကနေ ရွေးချယ်ကြည့်ရှူနိုင်ဖို့ပါ ။ အမေရိကန် နိုင်ငံရဲ့ အရှေ့အလယ်ပိုင်း interest ကာလမှ ဘာတွေဖြစ်ခဲ့သလဲ ။ ဘယ်သူတွေ အကျိုးအမြတ်ရခဲ့သလဲ ။ အရင်ကဖြစ်ပျက်ခဲ့သော ၊ ယခုလက်ရှိဖြစ်ပျက်နေသော အကြောင်းရာတွေကိုကြည့်ရှူရင်သိနိုင်ပါလိမ့် မယ်။
အခုလက်ရှိ အမေရိကန်သမ္မတ မစ္စတာအိုဘားမားရဲ့ အာရှ-ပစိဖိတ် interest ကနေ ကျွန်တော်တို့ မြန်မာနိုင်ငံ ဘယ်လို အခြေနေတွေဖြစ်ပေါ်နေသလဲ ဆိုတာအားလုံးအသိပဲဖြစ်ပါတယ် ။ ပြီးခဲ့ တဲ့ ဂျွန် လ ၂၅ ရက်နေ့ က IHS jane's Defense ရဲ့ အစီရင်ခံစာအရ အမေရိကန် တပ်မတော်ရဲ့ ၆၀ ရာခိုင်နှုန်းဟာ လာမဲ့ ၁၀ နှစ်အတွင်း အာရှ-ပစိဖိတ် အတွင်း interest ရွေ့လျားမယ်လို့ ဆိုထားပါတယ် ။ ပြီးတော့ ၂၀၁၃ ကနေ ၂၀၂၁ ထိ ၁၀ နှစ်တာကာလအတွင်းမှာ အာရှ-ပစိတ်ဖိတ် ဒေသ ကနေ လက်နက်ရောင်းချမှု အတွက် အမေရိကန် ဒေါ်လာ ၁.၆ ထွီလီယံ ထိ ရရှိနိုင်တယ်လို့ ဆိုထားပါတယ် ။ 
     ကျွန်တော်တို့ မြန်မာနိုင်ငံ တည်ရှိရာ အာရှ-ပစိတ်ဖိတ် ဒေသ နိုင်ငံများကို စိတ်ဝင်တစား ပြန်ကြည့်ကြည့် ပါ ။ ပြီးတော့ စူပါပါဝါဖြစ်နေတဲ့ နိုင်ငံ တွေ ၊ ကိုယ့်ဘာကိုယ်လက်နက်ထုတ်နိုင်တဲ့ နိုင်ငံတွေ ၊ လက်နက်အင်အားကြီးပြီးသားနိုင်ငံတွေ ၊ နိုင်ငံရေး ၊ စီးပွားရေးအရ တည်ငြိမ် နေပြီးသားနိုင်ငံတွေ ၊ ကုန်းတွင်းပိတ် မို့ လို့ ဘယ်လိုမှ အင်အားကြီးမလာ နိုင်တဲ့နိုင်ငံတွေ ၊ အဆမတန်သေးငယ်လွန်း တဲ့ နိုင်ငံ တွေ စတာတွေ ကို ဖယ်ကြည့်ပါ ။ အဲဒါဆိုရင် ယေဘူယျ အားဖြင့် ၁.၆ ထီလီယံ ပေးရမဲ့ နိုင်ငံ တွေ စာရင်းရမှာဖြစ်ပါတယ် ။ အဲဒီ နိုင်ငံတွေ ကနေမှ
မဟာဗျူဟာအချက်ချာနေရာတွေ ၊ နိုင်ငံတွင်း sensitive ဖြစ်နိုင်တဲ့ အခြေနေတွေ ၊ စစ်ဖြစ်လာနိုင်တဲ့ အကြောင်းတရားရှိမှု တွေ နဲ့ တိုက်ပြီး ထပ် ပြီး ရွေးချယ်ကြည့်ပါ ။ အဲဒါဆိုရင် ဘယ်နိုင်ငံတွေဟာ စီးပွားရေးမတည်ငြိမ်မှုတွေ ၊ နိုင်ငံရေးမတည်ငြိမ်မှုတွေ ၊ လူမှုရေးမတည်ငြိမ်မှုတွေ ဖြစ်လာနိုင်လဲ ... ဆိုတဲ့  လက်နက်များက ပြောတဲ့ နိုင်ငံရေး စကားကို ကြားရပါလိမ့်မယ်  ၊ လက်နက်များက ပြသနေ တဲ့ နိုင်ငံရေးအခြေနေတွေကို ကြိုမြင်ရပါလိမ့်မယ် ။
~~ ရုပ်ဆိုး ~~
ခုတလော ဖေ့စ်ဘုတ်မှာ လည်းဘာသာရေးပဋိပက္ခ နဲ့ ပက်သက်ပြီး စိတ်မချမ်းသာစရာတိုက်ခိုက်မှုတွေ ၊ ပုဂ္ဂိုလ် အငြိုးတေး တိုက်ပွဲတွေ နဲ့
ကိုယ့်အတွက် ဗဟုသုတ ရစရာ ၊ ခံစားမှု ပေးနိုင်တဲ့ စာရယ်လို့ မယ်မယ် ရရ မတွေ့ မိဘူး ။ ကိုယ့်စိတ်ကိုယ်တည်ငြိမ်အောင်ကြိုးစားရင်း ဖေ့စ်ဘုတ်လည်း
ကြာကြာသုံးဖို့ စိတ်မပါတာနဲ့ တခြားနေရာမှာ စိတ်ကူးတည့်ရာလေးတွေ လျှောက်ဖတ်နေမိတယ် ။ လျှောက်ဖတ်လိုက် တွေးလိုက်ပေါ့ ။
ကျွန်တော်တို့ လူသားတွေ ဟာ စစ်ရဲ့ အနိဌာရုံတွေ ၊ စစ်ရဲ့ ခါးသီးတဲ့ ဒုက္ခတွေကို မျက်မြင်ကိုယ်တွေ့ တွေ့ နေပါလျှက်ကယ်နဲ့ ဘာကြောင့်များ စစ်တွေ တိုက်နေကြရတာလဲ ။
“မပစ်ပါနဲ့ မောင်ရင်ရယ်”
August 17, 2013 at 5:26am
          ကိုယ်က ရန်ကုန်သားမို့လို့ အရေးအခင်းအကြောင်းရေးရင် ရန်ကုန်မြင်ကွင်းကျယ်တွေချည့်ပဲ သရုပ်ဖော်သလို ဖြစ်နေပေမယ့်လည်း တကယ်တမ်းတော့ တို့အရေးသံတွေဟာ မြန်မာနိုင်ငံ တနံတလျားလုံး ပျံ့နှံ့သွားခဲ့တာပါ။ အညာကလူတွေနဲ့ စကားစပ်မိရင် ရွာမှာတောင် တို့အရေး ဖြစ်ခဲ့သတဲ့။ ဒီလိုဆို လှည်းနေလှေအောင်း မြင်းဇောင်းမကျန် လို့တောင် ပြောလို့ရသပ။ သူတို့အဖြစ်က ပိုတောင်ရယ်ရသေး။ လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်တောက်ကုန်၊ တီဗီကသတင်းတွေကလည်း မယုံရတဲ့နောက် သူများအော်လို့သာ လိုက်အော်ချင်တာ ဘာတွေ အော်ရမှန်းလည်း မသိဘူး။ မြစ်နား အနောက်ဘက်ကမ်းက ရေနံချောင်းဘက်ကို “ဟေး။ သည်နေ့ ငါတို့ ဘာတွေ အော်ကြရမှာတုန်း။” လို့ လှမ်းမေး၊ ဟိုဘက် သည်ကနေ့တော့ ဒါတွေ ဒါတွေ အော်ကြရမှာ လို့ သိတော့မှ ကိုယ့်ချင်းကိုယ်ချင်း ဇာတ်ပြန်တိုက်။ တို့အရေး သုံးခါပြီးရင် အောင်ရမည် တစ်ခါ လို့ သေသေချာချာ မှာထား။ နို့မို့ လူပြက်တွေ သံချပ်ထိုးသလို လူရယ်စရာဖြစ်နေမစိုးလို့။ တောမှာ သူများအော်သလို လိုက်အော်တာမို့ အထင်တော့ မသေးနဲ့နော်။ ရွှံ့ရုပ်တော့ ရွှံ့ရုပ်ပဲ။ ဒါပေမယ့် ကြွက်ကြောက်တယ်။
မျက်နှာစာအုပ်၊ ဦးပိုင် ၊ ဘတ်ဂျက် နှင့် မျက်ရည်ချူ ဆောင်းပါးများ
Seaman Nayminthu and 3 other friends shared Ye Moe's photo.
မျက်နှာစာအုပ်၊ ဦးပိုင် ၊ ဘတ်ဂျက် နှင့် မျက်ရည်ချူ ဆောင်းပါးများ
======================================
မြန်မာပြည်မှာ…..
အမှား ကြာရင် ....
အမှန် ဖြစ်သွားတတ်ပါတယ်…….။
၈၈ အရေးအခင်းကြီးမှာ ….
တကယ်မဖြစ်ခဲ့ တဲ့ ကိစ္စတွေ…..
လိုတာထက် ပိုပြီး လုပ်ဇာတ်ဆင်ထားတဲ့  ….
ရင်နင့် ဖွယ်ဇာတ်လမ်းတွေ….
လေလှိုင်းကြားက ……
မြှောက်ထိုးပင့်ကော် အခါပေးသံတွေကြားမှာ…..
သမိုင်းဟာ ဖြစ်သင့်တာထက်ပိုပြီး ……
မီးဟုန်းဟုန်းတောက်ခဲ့ရတယ်ဆိုတာ …..
ဘယ်သူမှ မငြင်းနိုင်ပါဘူး……
တော်လှန်ရေးကို လိုတာထက်ပိုပြီး ….
အမွန်းတင်လာတဲ့ အခါ….
သမိုင်း အမှန်ဟာ …..
တဖြေးဖြေးတိမ်ဝင် ဆွံ့ အ လာခဲ့ ပါတယ်…..
ဒီလိုနဲ့ …..
ဆယ်စုနှစ် နှစ်စုကျော်ကြာမြင့်ချိန်မှာတော့ ……
ခင်ဗျားတို့ ဟာ …..
အမုန်းတရား နဲ့ ပြည့်ဝနေတဲ့ မျိုးဆက်တစ်ဆက်ကို …
တိုင်းပြည်အတွက် မွေးထုတ်ပေးပြီးခဲ့ပါပြီ…..
ဒီအတွက် ခင်ဗျားတို့ .....
ဂုဏ်ယူမယ်ဆိုလဲ ယူနိုင်ပါတယ်…..
ကြည့်လိုက်စမ်းပါ…..
ခင်ဗျားတို့ တော်လှန်ရေးကြီး မြင့်မြတ်ဖို့ အတွက်….
ငယ်ရွယ်တဲ့ မျိုးဆက်ကို …..
ဘယ်လောက် အဆိပ်ခတ်ပြစ်လိုက်ပြီဆိုတာ…..။
ကျွန်တော်နားမလည်တာက…..
တော်လှန်ရေးဟာ ……
အာဏာရှင်ကို တော်လှန်ခဲ့ တာနဲ့ တင် မြင့်မြတ်ပြီးသားပါ….
လူသိန်းချီပါဝင်တဲ့ အုံကြွမှုကြီးတစ်ခုဟာ….
သုံးပိုင်းကွဲတဲ့ စိတ်နဲ့ သွားတွေ့ ချိန်မှာ……
ထိန်းမနိုင် သိမ်းမရဖြစ်ကုန်တော့တာ …..
အဆန်းမဟုတ်နိုင်ပါ……..
တပ်မတော်ရဲ့ …..
ပြင်းပြင်းထန်ထန် အင်အားသုံးဖြိုခွဲမှုတွေ…
တကယ်ဖြစ်ခဲ့ တဲ့ သွေးထွက် သံယိုဇာတ်လမ်း တွေကို …
အရှိအတိုင်း ချရေးသင့်သလို….
အတိုက်အခံအဖွဲ့ တွေ ကြားက ……
အချင်းချင်း အာဏာ အဝေမတည့်ဇာတ်လမ်းတွေ ….
လုယက် အကြမ်းဖက် အဖြစ်အပျက်တွေ…..
စစ်ရေး အရ အမြတ်ထုတ်ခံရတဲ့ ….
နယ်စပ်ဒေသက တိုက်ပွဲကြီးတွေ….
မြေပေါ်မြေအောက် အဖွဲ့ အစည်းတွေရဲ့ ပါဝင်ပတ်သက်မှုတွေ ….
နိုင်ငံခြားတပ်ဖွဲ့ တစ်ချို့ ရဲ့ ကျူးကျော်ဝင်ရောက်မှုတွေ…..
ဒါတွေကိုရော….
အခု မျိုးဆက်တွေ မသိသင့်တော့ဘူးလားဗျာ…..
ဖြစ်စဉ်တွေကို ထိန်ချန်ထားခံရတဲ့ …..
အနာဂတ်မျိုးဆက်ရဲ့ အမြင်မှာ...
တပ်မတော်ဟာ….
အပ်တိုတစ်ချောင်း တောင်ကိုင်မထားတဲ့ ….
ဆန္ဒပြ ပြည်သူတွေကို …..
မောင်းပြန်သေနတ်တွေနဲ့ အတွဲလိုက်ပစ်ခတ် ….
အလောင်း တောင်လိုပုံအောင် ဖန်တီးခဲ့ တဲ့  …..
လူသတ်ကောင်တွေ ဆိုတဲ့ အမြင်နဲ့ သာ …..
တစ်ဖက်သတ်မုန်းတီးလာရာက ….
ဒီတိုက်ပွဲဟာ …..
ဖေ့စ်ဘုတ်ပေါ်ထိပါ ရောက်ရှိလာ ပါတော့တယ်…..။
Action ရှိရင် Reaction ရှိပါတယ်……
တပ်မတော်ကို တစ်ဖက်သတ် ….
တစ်ချိန်လုံးတိုက်ခိုက်လာချိန်မှာ….
တပ်မတော်ထဲက ငယ်ရွယ်တဲ့ ….
မျိုးဆက်သစ်လူငယ်တစ်ချို့ ဟာလဲ….
မခံမရပ်နိုင်ဖြစ်ပြီး ……
တန်ပြန် ရေးသားတိုက်ခိုက် လာကြတော့တာကလဲ …..
ဓမ္မတာပါပဲ……
ဒီလို ရေးသားကြတဲ့ အချိန်မှာ ….
နှစ်ဦးနှစ်ဖက် အလွန်အကျွံ ….
ပုတ်ခတ်ရေးသားကြတာတွေလဲ …..
ပေါ်ပေါက်လာပါတယ်….
ကျွန်တော့်အနေနဲ့ ကတော့ ….
တိတိကျကျထောက်ပြတဲ့ …..
အရေးအသားအားလုံးကို ကြိုဆိုပါတယ်…..
အပုတ်ချတဲ့ စာတွေကတော့ …..
နှစ်ဖက်လုံး ဘယ်ဘက်က ရေးတာဖြစ်ဖြစ်….
ဆုံးအောင်တောင် ဖတ်ခဲလှပါတယ်…..
တိတိကျကျထောက်ပြရင် …
တိတိကျကျ ပြန်ရှင်းရတာ အဆင်ပြေပါတယ်…..
အထောက် အများဆုံးကတော့….
ဦးပိုင်နဲ့ ဘတ်ဂျက်ပါ…..
ကျွန်တော်ရှင်းပြဖူးပါတယ်……
ဦးပိုင်ဟာ…..
တပ်အားလုံးက ……
သတ်မှတ်ချက်အတိုင်း ထည့်ဝင်ထားတဲ့ ရှယ်ယာအပေါ်မှာ….
တစ်နှစ်ကို အမြတ်ငွေ သုံးဆယ်ရာခိုင်နူန်း ထုတ်ပေးရပါတယ်…..
ဒီငွေဟာ RF လို့ ခေါ်တဲ့ တပ်ငွေစာရင်းကို စာရင်းသွင်းရပြီး ….
ခွင့်ပြုထားတဲ့ ငွေစာရင်းခေါင်းစဉ်များကိုသာ ….
အစည်းအဝေးဆုံးဖြတ်ချက်နဲ့  သုံးစွဲရပါတယ်….
ဒီ RF စာအုပ်ဟာ ကာကွယ်ရေးဝန်ကြီးဌာန …..
တပ်မတော်ငွေစာရင်းရုံး( အရပ်သားများ အများဆုံးပါဝင်သည့်ရုံး) က ……
တစ်နှစ်ကို သုံးကြိမ်စစ်ဆေးပြီး …..
စာရင်းစစ်ကန့် ကွက်ချက်ပေါ်ရင်တော့ …..
တာဝန်ရှိသူဟာ ငွေပေးလျော်ရတဲ့ အပြင် …..
ကကရေး ရဲ့  အရေးယူခြင်းကိုလည်းခံရပါတော့တယ်…
တပ်က တပ်ရင်းရံပုံငွေ စာအုပ်တောင် …..
ဒီလောက်စစ်ဆေးခံရရင်…
ဦးပိုင်ရဲ့ ငွေ စာရင်းများဟာ ….
ဘယ်လောက်စစ်ဆေးခံရမယ်ဆိုတာ 
စဉ်းစားလို့ ရပါတယ်…..
ဒီလိုပြောလို့ …..
ဦးပိုင်ဟာ မသမာမှုတွေ မရှိဘူးလို့  …..
မင်း အာမခံနိုင်သလား မေးရင်……
မခံနိုင်ပါဘူး……
ဒါပေမယ့်……
သူများတွေထက် ထူးပြီးတော့ ….
ကျန်တဲ့ ဝန်ကြီးဌာနတွေ……
စီးပွားရေးလုပ်ငန်းစုကြီးတွေထက် ထူးပြီးတော့…….
မသမာမှု မရှိဘူးလို့ အာမခံနိုင်ပါတယ်…….
ဒီလောက်ဆိုရင် ဦးပိုင်နဲ့ သူ့ အမြတ်ငွေကို …..
အလွဲသုံးစား လုပ်လို့ ရမရ တွေးကြည့်နိုင်ပါပြီ…..
နောက်တစ်ခုကတော့ ……
ဦးပိုင်ဟာ များပြားလှတဲ့ လုပ်ငန်းတွေ ရှိရဲ့ သားနင့် ……
တပ်မတော်သားတွေကို ……
ဘာလို့ လုံလောက်အောင် မထောက်ပံ့ နိုင်လဲဆိုတာပါ…..
အဖြေကတော့ များပြားလှတဲ့ စစ်အင်အားပါပဲ……
အင်အား ၄၀၀,၀၀၀ ကျော် ရှိတဲ့ တပ်မတော်မှာ ……
တပ်မတော်သား တစ်ယောက်ကို …..
တစ်လ တစ်သောင်း ထောက်ပံ့ မယ်ဆိုရင်….
တစ်လကို သိန်းပေါင်း လေးသောင်းထောက်ပံ့ ရပါတော့မယ်…..
တစ်နှစ် ကိုဆိုရင်…..
သိန်းပေါင်း ၄.၈ သိန်းပါ…….
မထောက်ပံ့ နိုင်ပါဘူး…..
လက်ရှိ တပ်မတော်သားကိုတောင် မထောက်ပံ့ နိုင်မှတော့ …..
ဝမ်းရေးအတွက် စစ်မှုထမ်းဟောင်းတွေ …..
စာအုပ် လိုက်ရောင်းနေရတာကို ……
ဘာကြောင့် ရင်နာနာနဲ့ လက်ပိုက်ကြည့်နေရလဲဆိုတာ …..
ရှင်းလောက်ပါပြီ……
တပ်မတော်ရဲ့ .....
များပြားလှတဲ့ စစ်အင်အားကို ....
လက်ညှိးထိုးမယ် ဆိုရင်တော့ .....
များပြားလှတဲ့ လက်နက်ကိုင်အဖွဲ့ များကိုပဲ .....
လက်ညှိးပြန်ထိုးပြရမှာပါပဲ.....
ဘတ်ဂျက်ကိစ္စကတော့ ရှင်းပါတယ်…..
၂၀၁၃-၂၀၁၄ ခုနှစ် ……
မြန်မာ့တပ်မတော် အတွက် ခွင့် ပြုငွေဟာ…..
နိုင်ငံတော် ဘက်ဂျက်ရဲ့ ၂၁ ရာခိုင်နှုန်း .. …
သုံးစွဲဖို့ မဲခွဲ ဆုံးဖြတ်ရာမှာ …..
အထက်လွှတ်တော် ၊ အောက်လွှတ်တော် ....
အမတ် ၄၄၅ ယောက် ရှိတဲ့ အနက် …..
၆၀ ကတော့ ဘက်ဂျက်လျော့ချဖို့ ဆန္ဒပြု ပြီး …..
ကျန်အမတ်များကတော့ ထောက်ပံ့ဖို့ ဆန္ဒပြုပါတယ်…
ရာခိုင်နှုန်းအားဖြင့် ၂၁ ရာခိုင်နှုန်းရှိပြီး ……
ပမာဏအားဖြင့်တော့ …..
အမေရိကန်ဒေါ်လာ ၁.၁၅ ဘီလီယံ (သန်းပေါင်း ၁၁၅၀) ရှိပါတယ် ….
တပ်မတော်က စာရင်းတင်ပြရာမှာ …..
တပ်မတော်ရဲ့ Military Hardware အတွက် …..
ဒေါ်လာ သန်းပေါင်း ၆၃၁.၁ သုံးစွဲ မယ်လို့ ဆိုပါတယ်…..
အဲဒီ Military Hardware တွေကတော့ 
စစ်ဘက်သုံး လေယာဉ်များ - ဒေါ်လာ သန်းပေါင်း ၂၀၀
စစ်ဘက်သုံး သဘောင်္များ - ဒေါ်လာ သန်းပေါင်း ၉၃
စစ်ဘက်သုံး ယာဉ်များ - ဒေါ်လာသန်းပေါင်း ၃၀ 
စစ်ဘက်သုံး ပစ္စည်းများ - ဒေါ်လာသန်းပေါင်း ၁၉၅
တပ်မတော်စက်ရုံများ - ဒေါ်လာသန်းပေါင်း ၁၁၂
စစ်လက်နက်များ - ဒေါ်လာသန်းပေါင်း ၁.၁ ..ဖြစ်ပါတယ်...
လက်ကျန်ငွေများ ကိုတော့ …..
တပ်မတော်ဆိုင်ရာ အဆောက်ဦးများ ….
စစ်ရေးစခန်းများ ၊ စစ်ရေးပရော့ဂျက်များ…..
စစ်ကျောင်းကြီးများ ၊ တပ်မတော်တန်းမြင့်ကျောင်းများ……
တပ်မတော်ကောလိပ်များ…..
တပ်မတော် လေ့ကျင့်ရေးကျောင်းများ မှာသုံးစွဲ မယ်လို့ဆိုပါတယ် ။
ဒီစာရင်းတွေထဲမှာ ကြည့်လိုက်တော့ …..
တပ်မတော်သားတွေ ရဲ့ လစာငွေ ၊ ရိက္ခာငွေ …..
မှီခိုမိသားစုတွေ အတွက် ....
ထောက်ပံ့ ငွေတွေ မပါတာကိုတွေ့ ရမှာပါ …..
အဲဒီ ငွေတွေ ဘယ်ကနေရပါသလဲ ……..
ကိုယ့်ဖာသာ ကိုယ်တွေးကြည့်ပါ…
တပ်မတော်သားတွေရဲ့ လစာငွေကို …..
ခန့်မှန်းချေ တွက်ကြည့် ရအောင်ပါ ……
မြန်မာမှာ စစ်သည်တော် ၄ သိန်းရှိတယ်လို့ ဆိုပါတယ်….
ခု အရာရှိ ကိုယ်ပိုင်နံပါတ်တွေဟာ ၆ သောင်းကျော်ရှိပါတယ် ….
ရေ တို့ လေတို့လည်းပါပါဦးမယ် …..
ဒီထဲကနေ ပြီးတော့ …..
ပြတ် ၊ ကန်း ၊ သေ ၊ ထောင်ကျ ၊ အငြိမ်းစား ၊ ထွက်ရ တွေ ကို နှုတ်မယ်ဆိုရင် …..
တပ်မတော် မှာ အရာရှိပေါင်း ၄ သောင်းနဲ့ .....
ယေဘုယျ တွက်ကြည့်ပါတယ် …..
အရာရှိထဲမှာ အငယ်ဆုံး ဒုဗိုလ်တစ်ယောက်လစာ က …..
တစ်သိန်း ၆ သောင်းဝန်းကျင် …..
အမြင့်ဆုံးတပ်ချုပ်လစာဟာ ....
သိန်း ၂၀ ဝန်းကျင်ဖြစ်တဲ့ အတွက် ……
ပျမ်းမျှ တစ်ယောက်ကို ၄ သိန်း နဲ့ တွက်ကြည့်ပါတယ်…..
မြန်မာငွေ သန်းပေါင်း ၁၆၀၀ ကုန်ပါလိမ့်မယ် ……
စစ်သည် အောက်ခြေရဲဘော်ကနေ …..
တပ်ရင်းအရာခံဗိုလ်ထိ ပျမ်းမျှ လစာ ကို ….
၁ သိန်း နဲ့ တွက်ကြည့်ပါတယ် …..
မြန်မာငွေ သန်းပေါင်း ၃၆၀၀ ပါ …..
တစ်နှစ်ကို လစာငွေတင် သန်းပေါင်း ၆၂၄၀၀ ရှိပါတယ်…..
အခြားတပ်မတော်ပညာသင်များ ထောက်ပံ့စားရိတ် …..
စစ်သည်မိသားစုဝင်များထောက်ပံ့ စားရိတ် …..
ရုံးလုပ်ငန်းတွေအတွက် တပ်ဆောင်ငွေ ……
စစ်ပွဲစားရိတ် ၊ စစ်ရေးစခန်းများ ၊ စစ်ရေးပရော့ဂျက်တွေ…..
တပ်မတော်သုတေသနလုပ်ငန်းတွေ …..
 လေ့ကျင့်ရေးကျောင်း ၊တန်းမြင့်ကျောင်း …..
ပညာသည်ကောလိပ်/ကျောင်း ….
အကယ်ဒမီ စစ်ကျောင်း တွေ စတာတွေ ....
ကိုယ့်ဘာသာခန့် မှန်းကြည့်ပါ ။ 
စစ်သားတွေ အတွက် စစ်ဝတ်စုံ ကို …..
( အရာရှိများမပါ) ၆ လတခါ လဲလှယ်ပေးပါတယ် …..
ရှေ့တန်းထွက်ချိန်ဆိုရင် ……
ဖိနပ်၊ယူနီဖောင်း ၊ တောဆောင်း ခံ လှမှ ၃ လပါပဲ …..
အဲဒီ အပေါစား စစ်ဝတ်စုံစားရိတ်တွေ လူ ၄ သိန်းစာ တွက်ကြည့်ပါ ….
(အပေါ်က စစ်ဘက်သုံး ပစ္စည်းများ နှင့် မှားပါမယ် ….
သေနတ် က ပစ်တဲ့ ချိန်မှ ကောက်ပစ်လို့ရတာမဟုတ်ပါ…..
သေနတ်ပြောင်းတိုက်တဲ့ ပြောင်းတိုက်တံတွေ ….
ချောဆီတွေ ၊ ပြောင်းပို ၊ ကျည်ကပ်အပို …..
ပျက်ရင်လဲဖို့ မောင်းတုံးအပို ၊ သေနတ်မှာတပ်တဲ့ စို့တွေ ….
မှန်ပြောင်းတွေ ၊ သံလိုက်အိမ်မြှောင်တွေ ……
စစ်သုံးမြေပုံတွေ ၊ သေနတ်လွယ်ကြိုးတွေ …..
လှံစွပ်တွေ ၊ ကျောပိုးအိပ်တွေ …..
စစ်သုံးတန်ဆာပလာတွေ ...စတာတွေ ဟာ…..
 Military accessories နဲ့ အကျုံးဝင်ပါတယ် )
ကိုယ့်နိုင်ငံအတွင်း သုံးတဲ့ အသုံးတွေကို …..
ခန့်မှန်းနိုင်အောင်လို့ ပြောပြတာပါ …..
အဲဒါပြီး တော့ …..
ဘေးပတ်ဝန်းကျင်နိုင်ငံတွေ နဲ့ ယှဉ်ကြည့်ရအောင် ….
တရုတ် - စစ်အသုံးစရိတ် .....
(၁နှစ်) ၁၂၉.၂ ဘီလီယံ ..ကမ္ဘာမှာ နံပါတ် ၂ ရှိတယ်။
အိန္ဒိ - စစ်အသုံးစရိတ် ....
(၁နှစ်) - ၄၄.၂ ဘီလီယံ ..ကမ္ဘာမှာ နံပါတ် ၈ ရှိတယ် ။
ထိုင်း - စစ်အသုံးစရိတ် .....
(၁နှစ်) - ၅.၁ ဘီလီယံ .. ကမ္ဘာမှာ နံပါတ် ၃၇ ရှိတယ် ။
စကာင်္ပူ - စစ်အသုံးစရိတ် .....
(၁နှစ်) - ၈.၃ ဘီလီယံ .. ကမ္ဘာမှာ နံပါတ် ၂၃ ရှိတယ် ။
အင်ဒို - စစ်အသုံးစရိတ် ....
(၁နှစ်) - ၅.၂ ဘီလီယံ ...ကမ္ဘာမှာ နံပါတ် ၃၄ ရှိတယ် ။
မလေးရှား - စစ်အသုံးစရိတ် ....
(၁နှစ်) - ၄.၂ ဘီလီယံ .. ကမ္ဘာမှာ နံပါတ် ၄၂ ရှိတယ်။
ဖိလစ်ပိုင် - စစ်အသုံးစရိတ် ....
(၁နှစ်) - ၂.၂ ဘီလီယံ .. ကမ္ဘာမှာ နံပါတ် ၅၁ ရှိတယ် ။
ဗီယက်နမ် - စစ်အသုံးစရိတ် .....
(၁နှစ်) - ၂.၄ ဘီလီယံ - ကမ္ဘာမှာ နံပါတ် ၅၀ ရှိတယ် ။ 
ဘင်္ဂလားဒေ့ရှ် - စစ်အသုံးစရိတ် ....
(၁နှစ်) - ၁.၁၄ ဘီလီယံ - ကမ္ဘာမှာ နံပါတ် ၆၈ ရှိတယ်။
မြန်မာ - စစ်အသုံးစရိတ် .....
(၁နှစ်) - ၁.၁၅ ဘီလီယံရှိတယ် ... 
ဘယ်အခြေနေဆိုတာ ကိုယ့် ဖာသာကိုတွေးပါ …..
အဲဒီ နိုင်ငံတွေရဲ့ လူဦးရေ …..
ဘေးပတ်ဝန်းကျင်နိုင်ငံများ ရဲ့ အခြေအနေ …..
မဟာဗျူဟာအချက်ချာမြေအနေထား …..
ပြည်တွင်းစစ်အခြေနေ ၊ နိုင်ငံရေးတည်ငြိမ်မှု ….
ဖြစ်ပေါ်လာနိုင်တဲ့ နိုင်ငံ ချင်း စစ်အခြေအနေ ... 
အဲဒါတွေ ပါ ထည့်တွက်ပြီး မြန်မာနဲ့နှိုင်းယှဉ်ပါ …..
ဘာလို့ လဲဆိုတော့ စစ်ရေးအင်အားတိုးချဲ့ တာ …..
စစ်လက်နက်တပ်ဆင်တယ် ဆိုတာတွေက ….
အဲဒီအချက်လက်တွေပေါ်မှာ.....
မူတည်ရလို့ပါပဲ ။
အဲဒါတွေ ပြီး တဲ့ ခါ ... 
နိုင်ငံတကာ သုံး စစ်လက်နက်တွေဘက်....
လှည့်ကြည့်ရအောင် ။
* B2- ဗုံးကျဲလေယာဉ်တစ်စီး - ၁.၀၁ ဘီလီယံရှိတယ်
(စစ်သည် ၄ သိန်း အငတ်ခံ ၊ 
တပ်မတော်မှာ လည်ပတ်နေတဲ့ ယန္တရားတွေ …..
အကုန်ရပ်ပြီး ဝယ်ရင် ….
တစ်နှစ်စာ တစ်စီးဝယ်လောက်တယ်)
* DDG-51 Guided Missile Destroyers - …
သဘောင်္တစ်စီးမှာ ဆင်မယ်ဆိုရင် ...
အမေရိကန် ဒေါ်လာ ၁.၁ ဘီလီယံ 
(စစ်သည် ၄ သိန်း အငတ်ခံ ၊ စစ်ပွဲတွေ အကုန်ရပ် ….
တပ်မတော်လည်ပတ်နေတဲ့ ယန္တရားတွေ အကုန်ရပ်ပြီး ဝယ်ရင် ….
တစ်နှစ်စာ တစ်စီးဝယ်လောက်တယ်)
F-35C လေယာဉ်တစ်စီး ...
ထုတ်လုပ်ပြီး သားဝယ်မယ်ဆိုရင် ၁၉၉ မီလီယံ ရှိတယ် …..
ဒါပေမဲ့ ကနဦး တပ်ဆင်စရိတ် ၊ ထိန်းသိန်းစရိတ် တွေ ရော…..
ပါရင် ၇၇၆ မီလီယံရှိပါတယ်….
(ထိုနည်း ၄င်းပဲ စစ်သည် ၄ သိန်း အငတ်ခံ ၊ စစ်ပွဲတွေ အကုန်ရပ် …..
တပ်မတော်လည်ပတ်နေတဲ့ ယန္တရားတွေ ...
အကုန်ရပ်ပြီး ဝယ်ရင် ….
တစ်နှစ်စာ တစ်စီးရနိုင်တယ် )
* တခါပစ် တစ်လုံး ထွက်တဲ့ …..
ခရုဇ် မစ်ဇိုင်းတစ်လုံး တန်ဖိုးက …..
ဒေါ်လာ ၁ သန်းနီးပါးရှိပါတယ် ။ 
ငါတို့နိုင်ငံမှာ ....
အဲဒါတွေရှိလို့လား လို့မေးကောင်းမေးလိမ့်မယ် …..
ဘယ်ရှိမတုန်း ။ တတ်မှမတတ် နိုင်တာ …..
ကိုယ့် အထွာ နဲ့ ကိုယ် ချင့်ချိန်ဝယ်ကြရပါတယ်…..
နိုင်ငံရေး အင်အားစုများရော ၊ anti-military များရော .. 
စစ်တပ် နဲ့ စစ်တပ်လုပ်ရပ်အတွက် ဖဲ့ချင်တယ် ….
ဝေဖန်ချင်ပါတယ်ဆိုရင် .. 
စစ်ရေးကိစ္စတွေ ကိုလေ့လာပါ …..
ပြီးရင် အချက်လက်နဲ့ ဝေဖန်ပါ …..
အရပ်သတင်း …ပါးစပ်သတင်း….
ရေကန်သတင်း…ဆိုက်ကားဂိတ်သတင်းနဲ့ ဆိုရင်တော့…..
အဆင်မပြေလှ တော့ပါဘူး…..။
တကယ်တန်းပြောရရင်တော့ …
ကျွန်တော်တို့ တိုင်းပြည်ဟာ ဆင်းရဲပါတယ်…..
တိုင်းပြည်ဆင်းရဲတော့ တပ်မတော်လည်းဆင်းရဲပါတယ်…..
တပ်မတော်ဆင်းရဲတော့ …
တပ်မတော်အကြောင်း အရှိအတိုင်းရေးတဲ့ …..
ဆောင်းပါးတွေဟာ…..
မျက်ရည်ချူသလိုလဲ ဖြစ်ရင် ဖြစ်နေပါလိမ့်မယ်….
တိုင်းပြည် ဆင်းရဲတာ…..
ပြည်သူတွေဆင်းရဲတာ…..
တပ်မတော် ဆင်းရဲတာ….
ဘယ်သူ့ အပေါ်တာဝန်ရှိပါသလဲ ……
ကျွန်တော်ဖြေပါ့မယ်…..
ပထမဆုံး ….
နှစ်ဖက်လုံးက အဆုံးမသတ်နိုင်တဲ့ …..
ပြည်တွင်းစစ်ကြီး ရဲ့ …..
အစိုးရ နဲ့ တိုင်းရင်းသား ....
စစ်ခေါင်းဆောင်များမှာ တာဝန်ရှိပါတယ်……
ဒုတိယ ….
ခေတ်အဆက်ဆက် ….
အုပ်ချုပ်ခဲ့ တဲ့  အစိုးရတွေမှာ တာဝန်ရှိပါတယ်…..
တတိယ …
တည်ငြိမ်မှန်ကန် လက်တွေ့ ကျတဲ့ …..
နိုင်ငံရေး လမ်းကြောင်းကို ....
ရအောင် မညှိနိုင်းနိုင်ခဲ့ တဲ့ ….
ခေတ်အဆက်ဆက် အတိုက်အခံ …
နိုင်ငံရေးသမားတွေမှာ တာဝန်ရှိပါတယ်…..
စတုတ္ထ……
ဘယ်တော့မှ မညီညွတ်ခဲ့ကြတဲ့ …..
ကျုပ်တို့ ပြည်သူတွေ အပေါ်မှာလဲ တာဝန်ရှိပါတယ်ဗျာ…..
(ရေးသားသူ - ရဲမိုး နှင့် ရုပ်ဆိုး)
၏မြန်မာပြည်မှာ…..
အမှား ကြာရင် ....
အမှန် ဖြစ်သွားတတ်ပါတယ်…….။
သစ်ထူးလွင် သတင်းစုစည်းမှု (၂၀-၈)
သစ်ထူးလွင်
Related Posts Plugin for WordPress, Blogger...