Monday, September 30, 2013

တပ်ဦးမကျွံသင့်ပါ

Ye Moe's photo.

မဆလ ခေတ် အဆုံးသတ်ခါနီး အချိန်တုန်းက သမ္မတတွေ တစ်ယောက်ပြီးတစ်ယောက်
ဖြုတ်ခနဲ ဖြုန်ခနဲ ထွက်ပေးရတာ မှတ်မိကြမှာပါ။ စစ်တပ်က အာဏာမသိမ်းခင်အချိန်လေး
မှာဖြစ်ပါတယ်။ နိုင်ငံရေးအရ အကြီးအကျယ် ရှုပ်ထွေးနေခဲ့တဲ့ အချိန်လည်းဖြစ်ပါတယ်။

နိုင်ငံသားတစ်ယောက် ကျွန်တော်တွေးမိသလို ရေးကြည့်ပါသည်


အရပ်သားအစိုးရလက်ထက်မှာ အကြီးမားဆုံးသော ထိခိုက်မှု၊သွေးထွက်သံယိုမှု
ဖြစ်ခဲ့သော လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ပြသာနာဟာ အချိန်ကာလ(၁၀)လ
သာကြာမြင့်ခဲ့ပေမယ့် မနေ.တစ်နေ.ကလိုပဲ ထိခိုက်ခံစားရသူတွေ၊ ပြည်သူတွေ
စိတ်ထဲမှာရှိနေဆဲပါ။

သံဃာတော်တွေ မီးလောင်ဗုံးဒဏ်ကြောင့် တစ်နိုင်ငံလုံးက ရဟန်းသံဃာတော်တွေ
လမ်းပေါ်ထွက်ကြရ၊ ပြည်ထောင်စုဝန်ကြီးတွေ တောင်းပန်ပွဲပြုလုပ်ရ၊ ဒေါ်အောင်ဆန်း
စုကြည်ဦးဆောင်တဲ့ စုံစမ်းရေးကော်မရှင်ဖွဲ.ပြီး ဦးပိုင်နဲ.၀မ်ပေါင် စာချုပ်အသစ်
ချုပ်ဆိုရန် အကြံပြုရ၊ နစ်နာကြေးတွေ ခေတ်ကာလနဲ.အညီပေးအပ်ရန်အကြံပြုနဲ.
အလွန်ရှုပ်ထွေးကြီးမားတဲ့ ပြသာနာတစ်ရပ်ပါ။

သစ်ထူးလွင် သတင်းစုစည်းမှု (၃၀-၉)

သစ်ထူးလွင်



“လယ်တီသိမ် နှင့် စေတီတော် ကာကွယ်ရေးချီတက်ပွဲ ပြီးဆုံးခြင်း”

ဗမာပြည်ဖွား ညီနောင်များ shared ဗမာပြည်ဖွား ညီနောင်များ's photo.

လက်ပန်တောင်းတောင်ခြေရှိ လယ်တီဆရာတော်ဘုရားကြီး၏ သိမ်တော်နှင့်စေတီတော် ကာကွယ်စောင့်ရှောက်ရေး ပြည်သူ့ချီတက်မှုသည် မနေ့က မန္တလေးမြို့မှ စတင် ထွက်ခွာခဲ့ပြီး စစ်ကိုင်းမြို့ ကောင်းမှုတော်ဘုရားကြီး၊ စိန်ရတနာကျောင်းတိုက် ဓမ္မာရုံ တွင် ၂၉-၉-၂၀၁ရက်နေ့ည၌ တညအိပ်နားခဲ့ပါသည်။

Sunday, September 29, 2013

မုန့် - တိုက်ပွဲ

တနိုင်ငံလုံးစစ်မျက်နှာအစုံမှ တပြိုင်နက်ထဲလှုပ်ရှားဆင်နွဲကြ။
ကျွန်တော်တို့သည် နိုင်ငံရေးပါတီ
မဟုတ်၊ ကျွန်တော်တို့သည် အသင်းအဖွဲ့မဟုတ်၊
ကျွန်တော်တို့သည် ကျွန်တော်တို့၏ ကလေးများကို 
အဆိပ်မုန့်တို့၏ရန်မှ ကယ်ဆယ်နိုင်ရေးအတွက်
စုပေါင်းလှုပ်ရှားသည့် လှုပ်ရှားမှုတခုသာဖြစ်သည်။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၉-၉)

သစ်ထူးလွင်



အံ့သြဘွယ် ဂျူးလူမျိုး

May 21, 2013 at 3:26pm

(အစ္စရေးလူမျိုး)
မိတ်ဆွေတစ်ဦး ပို့ပေးလိုက်တဲ့ Isreal - Facts of History အကြောင်းကို ဖတ်ကြည့်နေပါတယ်။ ၁၅ မိနစ်လောက်ပဲ ကြာမယ်ဆိုပေမဲ့ နာရီများစွာ ကြာသွားပါတယ်။ စိတ်ဝင်စားစရာ  ကမ္ဘာကျော် အစ္စရေးလူမျိုး (ခရစ်ယာန်သမ္မာကျမ်းစာ အရဆိုရင် က္ကုသရေလလူမျိုး) အကြောင်းဆိုတော့ ......

Saturday, September 28, 2013

ဦးသန့်ကို ရှာဖွေခြင်း

September 27, 2013 at 7:51am
၁။
ယခု ကျွန်တော် အလိုချင်ဆုံးတစ်ခုက ဓါတ်ပုံတစ်ပုံပါ။
ကျွန်တော် ထိုဓါတ်ပုံ လိုချင်တဲ့ စိတ်က ကြာသေးတာတော့ မဟုတ်။ ကျွန်တော် လိုချင်တာက ရှုမျှော်ခင်းပုံ မဟုတ်။ မြေပုံ မဟုတ်။ သားရဲ တိရိစ္ဆာန်ပုံတွေ မဟုတ်။ အဆိုတော်၊ မင်းသမီး၊ မင်းသား ပုံတွေ မဟုတ်။ အမေရိုက်ပေးတဲ့ ကျွန်တော် ငယ်ငယ်က ပုံမဟုတ်။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၉-၉)

သစ်ထူးလွင်



ကျွန်မထာဝရအလေးပြုမယ့်အလံ၊ ကျွန်မထာဝပေးဆပ်သွားမယ့် ဗကသ (၂)

September 23, 2013 at 11:55pm
ကျောင်းသားသမဂ္ဂမှာအဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်နေရင်း ကျွန်မရဲ့ တက္ကသိုလ်ကျောင်းသူဘ၀ဟာ တဖြည်းဖြည်း ပြောင်းလဲမှန်းမသိ ပြောင်းလဲလို့လာပါတော့တယ်။ အရင်က အတန်းလစ်တိုင်း သူငယ်ချင်းများနဲ့ သာ အချိန်ကုန်တတ်တဲ့ကျွန်မဟာ နောက်ပိုင်းမှာ အတန်းမတက်ချိန်တိုင်း ဆိုင်တစ်ဆိုင်ဆိုင်မှာထိုင်ပြီး စာအုပ်တွေ ကိုသာ ဖတ်လာပါတော့တယ်။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၇-၉)

သစ်ထူးလွင်



Thursday, September 26, 2013

ဖွဲ့စည်းပုံပြင်လို့ တိုင်းပြည် ထိခိုက်သွားမလား

September 26, 2013 at 7:25am
VOA မျက်မှောက်ရေးရာ / သတင်းသုံးသပ်ချက်

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းမှ မြန်မာနိုင်ငံဟာ တိုင်းတပါးရဲ့ သြဇာကိုမခံယူ ဘဲ ပြည်သူလူထုရဲ့ ဆန္ဒအတိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်တာဟာ တိုင်းပြည်အတွက် အန္တရာယ် တစုံတရာ ရှိနိုင်ပါသလား။ တိုင်းပြည်အန္တရာယ်ဖြစ်မယ်လို့ ခြိမ်းခြောက်ပြီး ဖွဲ့စည်းပုံပြင်ဆင်ရေးကို ကန့်ကွက်တာဟာ တိုင်းပြည်အကျိုးလား၊ ပါတီအကျိုးလား ဆိုတာတွေနဲ့ ပတ်သက်ပြီး မြန်မာ့အရေး ကျွမ်းကျင်သူ ပါမောက္ခ David Steinberg နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။

သိပြီးမှ ရယူနိုင်မှာ (၃)

Ye Min Tun September 25, 2013 at 12:43pm
နိုင်ငံရေးသိပံ္ပက ဘာနှင့်တူလည်းဆိုတော့ ဆေးသိပံ္ပပညာရှင်တွေ ရောဂါကို ဘယ်လိုကုရမလဲ လေ့လာသလိုမျိုး။ ပထမ နောက်ခံ သမိုင်းကို လေ့လာတယ်၊ ရောဂါဖြစ်ပွားရာ ဒေသ အခြေနေနှင့် ကူးစပ်ပုံ၊ ပိုးမွှားရဲ့သဘာဝကို လေ့လာပြီးမှာ ဘယ်လိုကုသရမယ် ကာကွယ်ရမယ် ဆိုတာကို အဖြေထုက်နိုင်မယ်။ ဒီလိုဘဲ နိုင်ငံရေးသိပ္ပံဆိုတာ။ နောက်တချက် နိုင်ငံရေးသိပ္ပံက အခြားဘာသာရပ်တွေလို အသက်မွေးဝမ်းကြောင်းမှု အတွက် မက်မောစရာ အခြေနေတွေ ဖန်တီးနိုင်ဖို့ အခွင့်လမ်းနည်းပါးတာကြောင့် ခဏလေးနဲ့ စိတ်ပျက်သွားနိုင်တယ်။ စိတ်ဝင်စားသူ အတွက်တော့ Wonderland ရောက်နေ သလို ခံစားရမှာ။

နိုင်ငံရေးသိပ္ပံမှာ ပထမဆုံး သီအိုရီတွေ အရင်မှတ်သားရမယ်။ ထိုမှတဆင့် နိုင်ငံရေးဆိုင်ရာ အတွေးခေါ်ပိုင်းကို လေ့လာတယ်။

ကျွန်မထာဝရအလေးပြုမယ့်အလံ၊ ကျွန်မထာဝရပေးဆပ်သွားမယ့် ဗကသ (၁)

 
September 21, 2013 at 7:21am
ငယ်စဉ်ဘ၀တုန်းက နိုင်ငံရေးဆိုတဲ့စကားလုံး အဘ(အမေ့အဖေ) ပြောလို့ ကြားခဲ့ရပါတယ်။ နိုင်ငံရေးအခြေအနေတွေ၊ ဗမာပြည်နိုင်ငံရေးသမိုင်းအချိုးအကွေ့တွေ၊ နိုင်ငံရေး ပါတီတွေအကြောင်းတွေ အုပ်စုံမသိခဲ့ရပေမယ့်  နယ်ချဲ့တော်လှန်ရေး၊ ဖက်ဆစ်ဂျပန်တော်လှန်ရေး၊ စစ်တပ်က အာဏာသိမ်းပုံ၊ လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့အစည်းများ၊ တောခိုအဖွဲ့အစည်းများ၊

တွက်နည်းသိဖို့ လိုပါသည်

September 25, 2013 at 11:10pm


ယနေ့အချိန်ဟာ မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ ပြုပြင်ပြောင်းလဲရေးတွေအတွက် အားစိုက် လုပ်ဆောင်နေကြချိန်ဖြစ်ပါသည်။ ဒီလိုလုပ်ဆောင်နေချိန်ဖြစ်တာနဲ့ အညီ တွေ့ဆုံဆွေးနွေးပွဲတွေ၊ စာတမ်းဖတ်ပွဲတွေ၊ ပညာနှီးနှောဖလှယ်ပွဲတွေကလည်း ဆက်တိုက်ဆိုသလို လုပ်ဆောင်လာကြ တာ တွေ့ရပါသည်။

"စာရွက်ပေါ်ကသဘောထားနှင့် ပြင်ပကတိုက်ပွဲများ"


၂၀၁၃ ခုနှစ်အတွင်း ပြည်သူလူထုလိုလားသော ငြိမ်းချမ်းရေးရရှိရန် ကြိုးပမ်း
အားထုတ်မှုများရှိခဲ့သလို စိတ်တိုင်းကျသည့်အခြေအနေသို့ ရောက်ရှိရန်လည်း
အလှမ်းဝေးနေပါသေးသည်။ လာမည့် အောက်တိုဘာလအတွင်း နိုင်ငံလုံးဆိုင်ရာ
အပစ်အခတ်ရပ်စဲရေး စာချုပ်လက်မှတ်ရေးထိုးပွဲရှိသည်ဟု ကြားသိရပါသည်။

သစ်ထူးလွင် သတင်း စုစည်းမှု (၂၆-၉)

သစ်ထူးလွင်



Wednesday, September 25, 2013

အရံငွေဆိုသည်မှာ


Tuesday, September 24, 2013
သတင်းမော်ကွန်း

ကမ္ဘာပေါ်ရှိ တိုင်းပြည်အားလုံးတွင် “အရံငွေ” (reserves) များ ရှိကြပါသည်။ ဤအရံငွေ များကို ရည်ရွယ်ချက်မျိုးစုံဖြင့် အသုံးပြုလေ့ရှိကြသည်။ သမိုင်းအရပြောရလျှင်၊ တိုင်းပြည်၏ ငွေကြေး ကို ကျောထောက်နောက်ခံ ပြုနိုင်ရန်၊ အရံငွေများကို အသုံးပြုခဲ့ကြသည်။

ဒေါ်အေးအေးစိုးဝင်းနှင့် အင်တာဗျူး


မေး။ လက်ရှိ NLD ဒီချုပ်နဲ့  ၈၈ မျိုးဆက်အပေါ် ဘယ်လိုရှုမြင်သုံးသပ်ပါသလဲ။

ဖြေ။ လက်ရှိအနေအထားအရ NLD ဒီချုပ်နဲ့  ပွင့်လင်း ၈၈ မျိုးဆက်တို့ ဟာ
ဦးသိန်းစိန်အစိုးရနဲ့ အဆင်ပြေလိုပါတယ်။ သူတို့ နိုင်ငံရေးအရ ဆုံးဖြတ်ပုံ
ဆုံးဖြတ်နည်းတွေမှာ သူတို့ ကို တစ်ဖက်က အောင်မြင်စွာ စည်းရုံးထားတာကို
တွေ့ ရပါတယ်။

ပြည်ခိုင်ဖြိုးပါတီ၏ ၂၀၁၅ ရွေးကောက်ပွဲ အလားအလာ

Hein Zaw's photo.
ပြည်ခိုင်ဖြိုးပါတီ၏ ၂၀၁၅ ရွေးကောက်ပွဲ အလားအလာ

၂၀၁၀ မှာ ဆန္ဒမဲအများစုနဲ့ အစိုးရ ဖွဲ့ခွင့်ရော၊ လွှတ်တော်ကိုယ်စားလှယ် နေရာ အများစုပါ အနိုင်ရရှိခဲ့တဲ့ ပြည်ခိုင်ဖြိုးပါတီဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရဖို့အတွက် အလားအလာ မကောင်းတဲ့အကြောင်း ဒီဆောင်းပါးနဲ့ အတိအလင်း အသိပေးလိုက်ပါတယ်။ ပြည်ခိုင်ဖြိုးပါတီ ကို အနိုင်မရစေလိုတဲ့ စေတနာရော အနိုင်ရစေလိုတဲ့ စေတနာပါ လုံးဝမပါဝင်ဘဲ ပကတိ အရှိတရားကို ယင်းပါတီနှင့်အတူ Stakeholder အားလုံးက ဒီမိုကရေစီရေးအတွက် နိုင်ငံနဲ့ လူထုအကျိုးအတွက် စဉ်းစားသုံးသပ်ပြီး ပြင်ဆင်သင့်တာ ပြင်ဆင်နိုင်ကြဖို့ ပွင့်ပွင့်လင်းလင်း သတိပေးလိုရင်းသာ ဖြစ်ပါတယ်။ ပြည်ခိုင်ဖြိုး ဘာကြောင့် ရွေးကောက်ပွဲ ရှုံးနိမ့်မယ်ဆိုတဲ့ အမှန်တရားကို အောက်ပါ အချက်အလက် များက အထင်အရှား အထောက်အပံ့ပြုပါတယ်။၁။ လက်ရှိအစိုးရလက်ထက်မှာ စီးပွားရေး သိသိသာသာ နာလန်မထူနိုင်ခြင်းအထူးသဖြင့် ဆင်းရဲတွင်းက ရုန်းထွက်ဖို့ကြိုးစားနေတဲ့ နိုင်ငံများ အတွက် စီးပွားရေး အခြေအနေက နိုင်ငံရေးအပေါ်ကို အကြီးအကျယ် လွှမ်းမိုး ရိုက်ခတ်လေ့ ရှိပါတယ်။အစိုးရက သူတတ်စွမ်းသလောက် လုပ်နေတာမှန်ပေမယ့် အခြေခံ လူတန်းစားက အစိုးရအပေါ် အပြည့်အဝ လေးစားယုံကြည်မှု၊ အားကိုးမှု ရှိလာလောက်တဲ့အထိ လူထုအတွက် ဘာမှခံစားခွင့် မည်မည်ရရ မရရှိသေးပါဘူး။ တိုးတက်မှုတချို့ ရှိပေမယ့် ဒါဟာ အဓိကအကျဆုံး လူထုလိုအပ်ချက် ဖြစ်တဲ့ စားဝတ်နေမှု ချောင်လည်ရေး (အစိုးရလုပ်နေတဲ့ ဆင်းရဲမွဲတေမှု လျော့ပါးကျဆင်းရေး) ကို ထိရောက်အောင် မဖြည့်ဆည်းနိုင်သေး ပါဘူး။ အစိုးရရဲ့ ရည်မှန်းချက် အတိုင်းလည်း ကျန်ရှိနေသေးတဲ့ သက်တမ်း ၂ နှစ်ခွဲ ကာလမှာ ပြည့်မီဖို့ တော်တော်ကြီး ခဲယဉ်းပါတယ်။အခြေခံအဆောက်အဦ များကို လက်ရှိအစိုးရ လက်ထက်မှာ ပြီးစီးအောင် တည်ဆောက်လို့ မရဘူး ဆိုတာလည်း ထင်ရှားပါတယ်။ ဒီတော့ ထိရောက်တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊ သိသာတဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု တို့ဟာ ၂ နှစ်ခွဲ ကာလအတွင်းမှာ ဘယ်လိုမှဖြစ်လာနိုင်မယ် မဟုတ်ပါဘူး။ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုဆိုတာ လက်ရှိလာရောက် ရင်းနှီးမြှုပ်နှံတဲ့ လုပ်ငန်းတွေအပြင် နည်းပညာနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ကောင်းကောင်း ရရှိနိုင်မယ့် လုပ်ငန်းကြီးကြီးမားမား တွေကို ဆိုလိုရင်းဖြစ်ပါတယ်။တကယ်တော့ ဒါဟာ အစိုးရရဲ့ အပြစ်မဟုတ်ပါဘူး။ စီးပွားအကြီး အကျယ်ပျက်ထားတဲ့ တိုင်းပြည်ကို အစိုးရသက်တမ်းတစ်ခု အတွင်းမှာ ပြန်ထူထောင်လို့ ဘယ်လိုမှမရနိုင်ပါဘူး။ ဒါပေမဲ့ လူထုကလည်း ဒီလောက် စိတ်မရှည်နိုင်ကြပါဘူး။ ဆင်းရဲတွင်းနက်တဲ့ ကာလက ကြာရှည်ခဲ့ လေတော့ ဖြစ်နိုင်ရင် ချက်ချင်း လွတ်မြောက်ချင်ကြပါတယ်။ နှစ်ပေါင်းများစွာ ချွတ်ခြုံကျခဲ့တဲ့ လူ့ဘောင်အဖွဲ့အစည်း ထဲမှာရှိတဲ့ ရုန်းထွက်ချင်တဲ့၊ တိုးတက်ချင်တဲ့၊ လူစဉ်မီချင်တဲ့ လူထုအပြစ်လည်း မဟုတ်ပြန်ပါဘူး။ ဒီတော့ ဆင်းရဲတွင်း နက်စေခဲ့တဲ့ အစိုးရများရဲ့ ကောင်းမွေဆိုးမွေခံ ပြည်ခိုင်ဖြိုးပါတီ အပေါ် တာဝန်တွေက အလိုလို သက်ရောက်မှု ရှိလာတော့တာ ဖြစ်ပါတယ်။လွှတ်တော်ကလည်း အခု တိုင်းပြည်မှာ ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို အစိုးရအနေနဲ့ အမြန်ဖြေရှင်းဖို့ ခပ်ပြင်းပြင်းလေး တိုက်တွန်းလာတာ တွေ့ရပါတယ်။ ဒီလိုတိုက်တွန်းတာဟာ သီအိုရီအရ မှန်ပေမယ့် ဒီမိုကရေစီ ထူထောင်ခါစ နိုင်ငံတစ်ခုမှာ အစိုးရတစ်ဖွဲ့တည်းနဲ့ ပြဿနာတွေ အားလုံးကို ဖြေရှင်းဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ ပြည်ခိုင်ဖြိုးပါတီ မှာလည်း အဓိကတာဝန် ရှိတယ်ဆိုတာ ပါတီအနေနဲ့ မေ့လျော့နေပါတယ်။ စစ်အစိုးရဆီကနေ အမွေခံခဲ့တဲ့ ပါတီကနေ အစိုးရအဖွဲ့ ပေါ်ပေါက်လာခဲ့တာ ဖြစ်ပြီး အရင် အာဏာရှင်ခေတ်က ချွတ်ခြုံကျခဲ့ရတဲ့ တိုင်းပြည်ကို ပြန်လည်တည်ဆောက်ဖို့ အတွက် အစိုးရကိုပဲ တာဝန်ရှိတယ်လို့ သဘောထားရင် လက်တွေ့အနေ အထားအရ လွဲချော်မှု ရှိနေပါတယ်။စီးပွားရေးနဲ့ နိုင်ငံရေးခိုင်မာတဲ့ တစ်နေ့မှာ အရာခပ်သိမ်း အတွက် အစိုးရမှာ တာဝန်ရှိတယ်လို့ ပြောလို့ရပါတယ်။ ပါတီအနေနဲ့ အစိုးရရဲ့အခက်အခဲများကို တတ်စွမ်းသမျှ ဝိုင်းဝန်းဖြေရှင်းပေးဖို့ အစွမ်းကုန် အားထုတ်သင့်ပါတယ်။ အစိုးရက မလုပ်နိုင် မကိုင်နိုင်လို့ ဘာမှ တိုးတက်မှုမရှိရင် လူထုက ပါတီကိုပါ အပြစ်တင်ကြမယ် ဆိုတာ သတိပြုပါ။ လူထုက ပါတီအပေါ် အမြင်ကြည်လင်မှု မရှိသေးပါဘူး။ ပြောင်းလဲလာတဲ့ အခြေအနေလေးကို မျှော်လင့်ချက်နဲ့ သည်းခံစောင့်ကြည့်နေကြတာ ဖြစ်ပါတယ်။နောက်အရေးကြီးတဲ့ အချက်တစ်ခုက ၂၀၁၅ ရွေးကောက်ပွဲဟာ မဝေးတော့တာကြောင့် လည်း လူထုဟာ လက်ရှိကာလ အခြေအနေများ မတိုးတက်နိုင်သေး တဲ့အပေါ် စိတ်ရှည်နိုင်ကြခြင်း ဖြစ်ပါတယ်။ ပြည်ခိုင်ဖြိုး ပါတီဝင် လူကြီးတော်တော်များများက တပ်ကလာတဲ့ လူတွေ ဖြစ်လေတော့ အရင်အစိုးရ လက်ထက်က ငါတို့ကို ဒုက္ခပေးခဲ့တဲ့ လူတွေပဲဆိုတဲ့ အယူအဆ ကလည်း လူထု မသိစိတ်ထဲမှာ ငုပ်လျှိုးနေတာဖြစ်ပြီး အခု အဲဒီပုဂ္ဂိုလ်တွေထဲက (ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ကဲ့သို့သော) ပုဂ္ဂိုလ်တချို့က နိုင်ငံအကျိုးကို လိုလိုလားလား လုပ်လာကြလို့သာ လက်သင့်ခံပြီး စောင့်ကြည့် နေကြတာပါ။ ကျန်တဲ့ ၂ နှစ်ခွဲ ကာလမှာ ဘာမှ ထူးထူးခြားခြား လုပ်မပေးနိုင်ဘူး ဆိုရင် ဆန္ဒမဲပြားဆိုတဲ့ လက်နက်နဲ့ ပြည်ခိုင်ဖြိုးအစိုးရကို ဖြုတ်ချဖို့ စောင့်နေကြတာဖြစ်ပါတယ်။ မြန်မာလူထုရဲ့ ဒီမိုကရေစီ အသိတရားဟာ နိုင်ငံတကာအဆင့် မမီနိုင်သေးဆိုပေမယ့် ဆန္ဒမဲပေးတဲ့ ကိစ္စမှာတော့ ခြွင်းချက်ရှိပါတယ်။ မြန်မာလူထုဟာ မကျေနပ်မှုများအတွက် သူတို့အခွင့်အရေး ဖြစ်တဲ့ မဲပြားနဲ့ ပြင်းပြင်းထန်ထန် ဆန္ဒပြလေ့ရှိတာကို ထည့်စဉ်းစားဖို့ လိုပါတယ်။ ဒါဟာ အစိုးရကို လူထုက လုံးဝလက်မခံဘူး ဆိုတဲ့ အဓိပ္ပာယ်တော့ မဟုတ်ပါဘူး။ လက်ရှိသမ္မတရဲ့ စေတနာနဲ့ အားထုတ်မှုကို အသိအမှတ် ပြုကြပါတယ်။ ပြည်ခိုင်ဖြိုးပါတီဟာ (ဒါမှမဟုတ် ပါတီအပေါ် သြဇာ ညောင်းလှသူ များဟာ) ဦးသိန်းစိန်ကို သမ္မတရာထူး နေရာအတွက် ရွေးချယ်ခဲ့ခြင်းဆိုတဲ့ ဆုံးဖြတ်ချက်တစ်ခုက သူတို့ ဆုံးဖြတ်သမျှထဲမှာ အမှန်ကန်ဆုံးဖြစ်ပါတယ်။ သမ္မတကြောင့် လူထုဟာ ဒုက္ခသုက္ခတွေကို မသိကျိုးကျွန်ပြုပြီး စိတ်ရှည်လက်ရှည် စောင့်ကြည့်နေကြတာ ဖြစ်ပါတယ်။ အရင်အစိုးရ အဆက်ဆက်က ပြဿနာတွေကို သင်ပုန်းချေနိုင်ကြတာ ဖြစ်ပါတယ်။လူထုဟာ အာဏာရှင်စနစ်ကို ရွံ့မုန်းတယ် ဆိုတာ အထူးပြောစရာ မလိုပါဘူး။အာဏာရှင်စနစ် အမြစ်ပြတ်ပြီး ဒီမိုကရေစီစနစ် တဖြည်းဖြည်း ပီပြင်လာဖို့ အတွက် စိတ်အားထက်သန် နေကြပါတယ်။အစိုးရအနေနဲ့ အဓိကရည်မှန်းထားတဲ့ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးကို အတိုင်းအတာတစ်ခု အထိ လုပ်နိုင်ခဲ့ရင် ၂၀၁၅ မှာ ရလဒ်ကောင်း တချို့ကို မျှော်လင့်လို့ရပါတယ်။ လူထုမှာ အခြေခံအားဖြင့် လိုအပ်ချက်တွေ များလှပေမယ့် အဓိက လိုချင်တောင့်တတာက အလုပ်အကိုင် အခွင့်အလမ်း များနဲ့ အိမ်ရာပိုင်ဆိုင်ခွင့် တို့ဖြစ်ပါတယ်။ အလုပ်အကိုင် အခွင့်အလမ်းဆိုတာက နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုနဲ့ တိုက်ရိုက်ဆက်နွှယ် နေပြီး နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုက အခြေခံ အဆောက်အဦများနဲ့ တိုက်ရိုက် ဆက်နွှယ်နေလေတော့ အခြေခံအဆောက်အဦ များကို ပီပြင်အောင် မတည်ဆောက်နိုင် သရွေ့ အလုပ်အကိုင် အခွင့်အလမ်းများ ကောင်းမွန်လာဖို့လည်း မဖြစ်နိုင်သေးပါဘူး။လက်ရှိမြန်မာနိုင်ငံမှာ အိမ်ရာစီမံကိန်း များကို အမှန်တကယ် ထိထိ ရောက်ရောက် အကောင်အထည် ဖော်နိုင်တဲ့အစိုးရမျိုးဟာ လူထုထောက်ခံမှု ကောင်းကောင်း ရနိုင်ပါတယ်။ ဆင်းရဲမွဲတေမှုကို ထိထိရောက်ရောက် လျှော့ချချင်ရင် အိမ်ရာစီမံကိန်းများကို ကျယ်ကျယ်ပြန့်ပြန့် ထိထိ ရောက်ရောက် လုံလုံလောက်လောက် လုပ်ပေးနိုင်ဖို့ လိုပါတယ်။ လူတွေ နေစရာရှိတာနဲ့ ကိုယ်ကျင့်တရားတွေ ထိန်းသိမ်းကြ ပါလိမ့်မယ်။ ရာဇဝတ်မှုတွေ ကျဆင်းပါလိမ့်မယ်။ ပညာရေးကို အာရုံပို စိုက်လာကြပါလိမ့်မယ်။ လူ့ဘောင် အဖွဲ့အစည်းအတွက် တတ်စွမ်းသလောက် လုပ်လာကိုင်လာကြ ပါလိမ့်မယ်။ နေစရာအိမ် မရှိတဲ့အတွက် အိမ်လခအတွက် ကိုပဲ မနည်းရုန်းကန် ရှာဖွေနေကြရပြီး ဆင်းရဲတွင်းက မလွတ်နိုင် ဖြစ်နေကြရပါတယ်။ ကျန်တာတွေဘာမှ ခေါင်းထဲမထည့်နိုင်ကြ တဲ့အပြင် ကိုယ့်ကိုယ်ကိုယ်လည်း လေးစားတန်ဖိုးထားမှု လျော့ကျ လာကြပါတယ်။ ကိုယ်ကျင့်တရားတွေ ပျက်ပြား လာကြပါတယ်။ လက်ရှိအိမ်ရာ စီမံကိန်းတွေ အကောင်အထည် ဖော်နေတာက ဆင့်ပါးစပ် နှမ်းပက် ဖြစ်နေပါတယ်။ (နိုင်ငံတကာ အကူအညီကို အပြင်းအထန် ရှာဖွေရယူပြီး ၂ နှစ်ခွဲကာလ အတွင်းမှာ တန်ဖိုး အမှန်တကယ် နည်းတဲ့ အိမ်ရာစီမံကိန်းများကို လိုအပ်ချက်ရဲ့ ၅၀ ရာခိုင်နှုန်းလောက် အကောင်အထည် ဖော်ပေးနိုင်ရင်တောင် ပြည်ခိုင်ဖြိုး ရွေးကောက်ပွဲမှာ အခြေအနေ နည်းနည်းကောင်းနိုင်ပါတယ်။ ဒါပေမဲ့ ဒီကိစ္စ အကောင်အထည်ဖော်ဖို့ ဆိုတာက အစိုးရအတွက် ဘယ်လိုမှ လွယ်လွယ်ကူကူ မဖြစ်နိုင်ပါဘူး။ အခက်အခဲတွေ အများကြီး ရှိနေပါတယ်။ လက်ရှိတန်ဖိုးနည်း အိမ်ရာဈေးနှုန်းကလည်း ဆင်းရဲသား ဘယ်လိုမှ လက်လှမ်းမမီနိုင်ပါဘူး။အိမ်ရာဘဏ်တွေ လုပ်မယ် ဆိုတာကလည်း ၂၀၁၅ ရွေးကောက်ပွဲအမီ ဘာမှ ထိထိရောက်ရောက် ရှိမှာ မဟုတ်တာ သေချာပါတယ်။ တန်ဖိုးနည်းအိမ်ရာ ဆောက်ကြမယ့် ကုမ္ပဏီများ ကလည်း အမျိုးသား အကျိုးစီးပွားကို ထည့်စဉ်းစားကြမှသာ ဆင်းရဲသားတွေ အတွက် အလုပ်ဖြစ်မှာ ဖြစ်ပါတယ်။လက်ရှိအချိန်အထိ အိမ်ရာစီမံကိန်းများကို လိုအပ်ချက်ပြည့်မီအောင် ဆောင်ရွက်ပေးနိုင်မယ့် အလားအလာ မရှိသေးခြင်းကလည်း ပြည်ခိုင်ဖြိုး ပါတီအနေနဲ့ ၂၀၁၅ မှာ အရှုံးနဲ့ ရင်ဆိုင်ရဖို့ အဓိကအကြောင်းရင်းကြီး ဖြစ်နေပါတော့တယ်။ အစိုးရကိုပဲ ဝန်ပိအောင် လုပ်မထားဘဲနဲ့ ပြည်ခိုင်ဖြိုးပါတီ အနေနဲ့ ကျန်တဲ့ ၂ နှစ်ခွဲကာလမှာ စီးပွားရေး အခြေခံကောင်းတချို့ တိုးတက် ဖြစ်ပေါ်ဖို့ တစ်ဖက်တစ်လမ်းက ဝိုင်းဝန်းကြိုးပမ်းနိုင်ခြင်း မရှိဘူးဆိုရင် ၂၀၁၅ မှာ အခက်အခဲကို အဆိုးရွားဆုံး ရင်ဆိုင်ရပါလိမ့်မယ်။၂။ တပ်မတော်နှင့် ပြည်ခိုင်ဖြိုးပါတီ အကျိုးစီးပွားနှင့် ရည်မှန်းချက် မတူညီမှုပါတီများရဲ့ရည်မှန်းချက်ဟာ ရွေးကောက်ပွဲ အနိုင်ရရှိရေးနဲ့ အစိုးရဖွဲ့နိုင်ရေး ဖြစ်ပေမယ့် တပ်ရဲ့ရည်မှန်းချက်က နိုင်ငံတော်တည်ငြိမ်ရေး ဖြစ်ပါတယ်။ ရွေးကောက်ပွဲနိုင်ခြင်း မနိုင်ခြင်းနဲ့ အစိုးရဖွဲ့နိုင်ခြင်း မဖွဲ့နိုင်ခြင်းက တပ်ရဲ့ အကျိုးစီးပွား မဟုတ်ပါဘူး။ တပ်မတော်က အခြေခံဥပဒေကို မထိပါးသရွေ့၊ နိုင်ငံတော်တည်ငြိမ်ရေးကို မထိပါးသရွေ့ ဘယ်ပါတီကပဲနိုင်နိုင် အစိုးရဖွဲ့ဖွဲ့ သူ့တာဝန်ကို သူလုပ်မှာဖြစ်ပါတယ်။ ဒါဟာ နိုင်ငံရေးသမား တော်တော်များများ မျက်စိလည်နေတဲ့ ကိစ္စဖြစ်ပြီးတော့ မိမိတို့သန်ရာ စဉ်းစားတွေးခေါ်ရင်း ဒီအချက်ကို မေ့လျော့နေလေ့ ရှိပါတယ်။ တချို့ကတော့ ဒီအမှန်တရားကို လက်ခံယုံကြည်ဖို့ ခက်ခဲနေကြတာဖြစ်ပါတယ်။ အဆိုးမြင်တဲ့စိတ်နဲ့ တပ်ကိုမယုံတဲ့ သဘောကြောင့်လည်း ပြည်ခိုင်ဖြိုးနဲ့ တပ်ကို ခွဲမမြင်နိုင်ကြတာလည်း ရှိပါတယ်။ အလုပ်ဖြစ်အောင် လုပ်ချင်ရင်တော့ ပကတိ အရှိတရားများ (ပေးထားချက်များ) ကို အရှိအတိုင်းလက်ခံ ထည့်သွင်း စဉ်းစားကြဖို့ လိုပါတယ်။ပြည်ခိုင်ဖြိုးဟာ လာမယ့်ရွေးကောက်ပွဲမှာ အမတ်နေရာ၂၅ ရာခိုင်နှုန်းခန့် အနိုင်ရပြီး တပ်မတော်ရဲ့ ထောက်ခံမှုကိုလည်း ရရှိမှသာ ပြည်ခိုင်ဖြိုးအစိုးရ ဆိုတာ ပေါ်ပေါက်နိုင်ပါလိမ့်မယ်။(တပ်မတော်က သမ္မတလောင်းတစ်ယောက် တင်ခွင့်ရှိတယ်ဆိုတဲ့ အချက်ကလည်း အရေးပါကြောင်း သတိပြုသင့်ပါတယ်။)ပြည်ခိုင်ဖြိုးက သမ္မတလောင်းတင်ဖို့ လုံလောက်တဲ့ ကိုယ်စားလှယ် အရေအတွက်မရခဲ့ရင် တပ်မတော်က တင်မယ့် သမ္မတလောင်းရဲ့ အနေအထားက အရေးပါလာ ပါလိမ့်မယ်။ (ဒီနေရာမှာ ဖြတ်ပြောချင်တာက သမ္မတရာထူး ရည်မှန်းထားသူ သူရဦးရွှေမန်း ကိစ္စပါ။ သူ့ကို ပြည်ခိုင်ဖြိုးရဲ့ သမ္မတလောင်းအဖြစ် လျာထား ထားပုံရပြီး ဒီလိုသာအမှန်ဖြစ်ရင် ဦးရွှေမန်းအတွက် အလားအလာ မကောင်းလှပါဘူး။ ပြည်ခိုင်ဖြိုးပါတီ အကြီးအကျယ် ရှုံးနိမ့်တဲ့အခါ တပ်က ဦးရွှေမန်းကို သမ္မတလောင်း တင်ခဲ့ရင်တော့ အလားအလာ ရှိနိုင်ပါတယ်။)တပ်မတော်အနေနဲ့ ကတော့ သူ့ရဲ့အကျိုးစီးပွားဖြစ်တဲ့ နိုင်ငံတော် တည်ငြိမ်ရေးနဲ့ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရေး တာဝန်ကို ပြည်ခိုင်ဖြိုးပါတီ အာဏာရရှိရေးထက် ပိုဦးစားပေးမယ် ဆိုတာ သံသယရှိ စရာမလိုပါဘူး။ ဒါကြောင့် ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုး အခြေမလှခဲ့ရင် တပ်က ပြည်ခိုင်ဖြိုးရဲ့ နိုင်ငံရေးအတွက် တစ်စုံတစ်ရာ ဆောင်ရွက်ပေးဖို့ အကြောင်း မရှိလှပါဘူး။ အခြေခံဥပဒေမှာ နိုင်ငံရေးအရ အရေးပါတဲ့ ဆုံးဖြတ်ခွင့်ကို ပြည်ခိုင်ဖြိုးကို ပေးထားခြင်း မရှိကြောင်းနဲ့ အရေးကြီးတဲ့ ဆုံးဖြတ်ပိုင်ခွင့်များ နဲ့ ပတ်သက်ရင် တပ်မတော်က ပိုမိုအရေးပါကြောင်း သတိပြုဖို့ လိုပါတယ်။ဘယ်နိုင်ငံရေးသမား မဆို ပြည်ခိုင်ဖြိုးနဲ့ တပ် ဘာကွာလို့လဲ ဆိုတဲ့ အရပ် ပြောမျိုးနဲ့ ဆိုရင်တော့ နိုင်ငံရေးဆက်လုပ်လို့ အောင်မြင်နိုင်မယ် မဟုတ်ပါဘူး။ အရှိတရားများကို အမှန်အတိုင်းသိအောင်ကြိုးစားပြီး အဲဒီအမှန်တရား များကို လက်သင့်ခံပြီး အလုပ်လုပ်ကြမှ ဘာလုပ်လုပ် အောင်မြင်နိုင်ကြမယ် ဖြစ်ပါတယ်။တပ်ရဲ့လွှတ်တော်တွင်း ပါဝါ (လွှတ်တော်တွင်းဆုံးဖြတ်ပိုင်ခွင့်) ကို ပြည်ခိုင်ဖြိုးက ရယူသုံးစွဲနိုင်ဖို့ ရွေးကောက်ပွဲမှာ အနိုင်ရဖို့ လိုပါတယ်။ လက်ရှိ အလားအလာများအရ ၂၀၁၀ ရွေးကောက်ပွဲမှာ ရခဲ့တဲ့ အနေအထားမျိုး ပြည်ခိုင်ဖြိုး အနေနဲ့ မျှော်လင့်လို့ လုံးဝမရနိုင်ကြောင်း လက်ရှိမှာ အထင်အရှား မြင်တွေ့နေရပြီ ဖြစ်ပါတယ်။၃။ NLD ၏ ရွေးကောက်ပွဲယှဉ်ပြိုင်ခွင့်၂၀၁၅ အတွက် အရေးအပါဆုံးအချက် ဖြစ်ပါတယ်။ ဒေါ်စုရဲ့ မျက်နှာနဲ့ပဲ NLD ဟာ လွှတ်တော် ကိုယ်စားလှယ်နေရာ အများစုကို အသာလေး အနိုင်ရဦးမယ်ဆိုတာ အသေအချာဖြစ်ပါတယ်။ ဒေါ်စု သမ္မတရာထူး ယှဉ်ပြိုင်ခွင့် ဆိုတာက သတ်သတ်စဉ်းစားရမယ့် အချက်ပါ။ဒေါ်စုသမ္မတ ဖြစ်ဖြစ် မဖြစ်ဖြစ် NLD အမတ်အများစု လွှတ်တော်ထဲ ရောက်လာပါလိမ့်မယ်။ ၁၉၉၀ တုန်းက ဒေါ်စုကိုယ်တိုင်ကိုယ်ကျ ဝင်ရောက် ယှဉ်ပြိုင်ခွင့် မရခဲ့တဲ့အခြေအနေမှာ အပြတ်အသတ် အနိုင်ရခဲ့သလိုပါပဲ။ ၂၀၁၅ မှာ ပါဝင်ယှဉ်ပြိုင်ဖို့ ပါတီအနေနဲ့ အခက်အခဲတွေ ဘယ်လောက်ပဲရှိနေ ပေမယ့် ဒေါ်စုက ကိုယ်တိုင်ကိုယ်ကျ အမတ်လောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်လေတော့ လူထုရဲ့နိုးကြားမှုဟာ ပြန်လည် မြင့်တက်လာမှာဖြစ်ပြီး ပါတီဟာလည်း လွှတ်တော်များမှာ အများစုအနိုင်ရဖို့ နီးစပ်နေပြီဖြစ်ပါတယ်။ တိုင်းရင်းသား ပါတီမဟုတ်တဲ့ တခြားသော နိုင်ငံရေးပါတီများ အနေနဲ့ ၂၀၁၅ မှာ ဘယ်လိုမှ အခြေအနေ မကောင်းနိုင်ပါဘူး။ အခုမှ အသစ်ဖွဲ့မယ့် ပါတီများအတွက်ဆို ပိုဆိုးပါတယ်။ပါတီများအနေနဲ့ ရေရှည် ရပ်တည်နိုင်အောင် ပြင်ဆင်ထားပြီး အစွမ်းကုန် ကြိုးစားကြမှသာ တန်ရုံကျမယ်ဖြစ်ပါတယ်။ လက်ရှိစွမ်းဆောင်ရည်ရှိတဲ့ အလုပ်ကြိုးစားတဲ့ အမတ်တချို့ (ဥပမာ-ဦးသိန်းညွန့် ကဲ့သို့ ပုဂ္ဂိုလ်မျိုး) သာ အနိုင်ရဖို့မျှော်လင့်လို့ ရနိုင်မယ်ဖြစ်ပါတယ်။၂၀၁၅ အလွန်မှာ တပ်နဲ့ NLD ဟာ လွှတ်တော်များမှာ အလုပ်ကို တော်တော်များများ တွဲလုပ်ရမှာဖြစ်ပြီး ဒါဟာ နိုင်ငံရေးအရ အသိမ်မွေ့ဆုံး အခြေအနေ ဖြစ်လာပါလိမ့်မယ်။ တစ်နည်းအားဖြင့် အတိမ်းအစောင်းမခံတဲ့ အခြေအနေ ဖြစ်လာပါလိမ့်မယ်။ လမ်းဆုံလမ်းခွ တစ်ခုကို ရောက်ရှိသွား ပါလိမ့်မယ်။ ဒါဟာ Very Important Untested Factor လည်းဖြစ်ပါတယ်။ နှစ်ဖက်စိတ်ရှည်သည်းခံမှု၊ အပြန်အလှန် နားလည်မှု၊ ဒီမိုကရေစီနဲ့ ပတ်သက်တဲ့ ရည်မှန်းချက်ခိုင်မာမှု တို့နဲ့သာ ခရီးဆက်နိုင်ရင် လူထုနဲ့နိုင်ငံတော် မြန်မြန် ပန်းတိုင်ရောက်မယ့်ကိစ္စ ဖြစ်ပြီး စိတ်မရှည်ကြရင်လည်း ဒီမိုကရေစီနဲ့ လွဲချော်သွားနိုင်ပါတယ်။ လမ်းကြောင်း ပြောင်းသွားနိုင်ပါတယ်။ NLD အများစုနိုင်ပြီး ပြည်ခိုင်ဖြိုးက ၁၀ရာခိုင်နှုန်းအောက် လောက်သာ အမတ်နေရာ ရခဲ့ရင် ဒါ့အပြင် ဒေါ်စုသမ္မတ ရွေးချယ်ခွင့်အတွက် အခြေခံဥပဒေကို အချိန်မီပြင်ဆင်ဖို့ မဖြစ်နိုင်ခဲ့ရင် တပ်က အမည်စာရင်း တင်သွင်းမယ့် သမ္မတ လောင်းဟာ NLD ကတင်မယ့် သမ္မတလောင်းထက် အလားအလာ ပိုကောင်း ပါလိမ့်မယ်။ တပ်ကလည်း ၂၀၁၀အတွေ့အကြုံ ရှိထားပြီး ဖြစ်တာကြောင့် တစ်နည်းအားဖြင့် လူထုဟာ စိတ်စေတနာမှန်ကန်ရင် ဘယ်သူ့ကိုမဆို လက်ခံတယ် ဆိုတဲ့အချက်ကို တွေ့ကြုံပြီးဖြစ်တာကြောင့် သမ္မတရာထူးအတွက် ပုံရိပ်အကောင်းဆုံး ပုဂ္ဂိုလ်တစ်ယောက် ကိုသာ သေချာပေါက်ရွေးချယ် ပါလိမ့်မယ်။ Dignity and Reputation ကို အဓိကထား ရွေးချယ်ပါလိမ့်မယ်။လက်ရှိလူထုနဲ့ တပ်မတော်ကြား တိုးတက်လာတဲ့ အခြေအနေကို တပ်ကလည်း ပြန်အထိခိုက်ခံမယ် မထင်ပါဘူး။ ဒီတော့ လက်ရှိသမ္မတအပြင် လက်ရှိ ဘယ်သူမှ သိပ်သတိမထားမိသေးတဲ့ တစ်ယောက်လည်း ဖြစ်နိုင်ပါတယ်။ (အမေရိကန်သမ္မတ အိုဘားမားဟာ သမ္မတလောင်းမဖြစ်ခင် အထိ သာမန် ဒီမိုကရက် ပါတီဝင်တစ်ယောက်ပါ။) လက်ရှိသမ္မတကလည်း အရွေး မခံတော့ဘူးလို့ အပြတ်ပြောထားတာ မရှိသေးပါဘူး။ သူ့ပုံရိပ်က ကောင်းလွန်းနေ တဲ့အတွက် တပ်ကတင်မယ့် သမ္မတလောင်းဟာ လက်ရှိသမ္မတလည်း ဖြစ်နိုင်ခြေ အများကြီး ရှိနေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ရွေးကောက်ပွဲမှာ အခြေမလှခဲ့ရင် ပြည်ခိုင်ဖြိုးက သမ္မတလောင်းအမည်စာရင်း တင်သွင်းခွင့် လည်းဆုံးရှုံးမှာ ဖြစ်ပါတယ်။ လာမယ့်ရွေးကောက်ပွဲ ကိုလည်း လွတ်လပ် မျှတမှုရှိအောင် ဂရုစိုက်ရတော့မှာ ဖြစ်လေတော့ NLD ရဲ့ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ဟာ ပြည်ခိုင်ဖြိုးအတွက် အကြီးမားဆုံး အကျပ်အတည်း ဖြစ်လာတော့မှာ ဖြစ်ပါတယ်။ ဒေါ်စုသာ သမ္မတလောင်း မဖြစ်ခဲ့ရင် တပ်က သမ္မတလောင်းဟာ တိုင်းရင်းသားပါတီများမှ အနိုင်ရရှိမယ့် အမတ် များရဲ့ ထောက်ခံမှုကို မျှော်လင့်လို့ ရနိုင်ပြီဖြစ်ပါတယ်။ (ဒါကြောင့်NLD အနေနဲ့ ဒေါ်စုအပြင် သမ္မတလောင်းတစ်ယောက်ကို ကြိုကြိုတင်တင် ရွေးချယ်ပြင်ဆင်ထား သင့်တယ်လို့ ဆိုရခြင်းဖြစ်ပါတယ်။) ဒေါ်စုအတွက် လမ်းပွင့်သွားခဲ့ရင်တော့ သမ္မတဖြစ်ဖို့ အလားအလာ အကောင်းဆုံးပုဂ္ဂိုလ်ဟာ ဒေါ်စုသာဖြစ်ပါတယ်။ ရွေးကောက်ပွဲဟာ လုံးဝ တရားမျှတခဲ့ရင် ပြည်နယ် များမှာရှိတဲ့ မဲဆန္ဒနယ်များက လွဲရင် NLD က အပြတ်အသတ်နိုင်မှာ ဖြစ်ပါတယ်။ အစိုးရဖွဲ့ခွင့်ကို ဒေါ်စုက ရရှိမှာဖြစ်ပါတယ်။အထက်ပါ အကြောင်းအချက် များကြောင့် ပြည်ခိုင်ဖြိုးအနေနဲ့ ရွေးကောက်ပွဲမှာ ထင်တာထက် အခြေအနေ ဆိုးနိုင်ကြောင်း ပြောရခြင်း ဖြစ်ပါတယ်။ ဒါဟာ ၂ နှစ်ခွဲကာလအတွင်း ပြည်ခိုင်ဖြိုး အပါအဝင် နိုင်ငံရေးနှင့် ဆက်နွှယ်နေသူအားလုံး ကြိုတင်ပြင်ဆင်သင့်တာ ပြင်ဆင်ကြစေလိုတဲ့ ဆန္ဒ၊ ဒီမိုကရေစီ ခရီးလမ်းကြောင်း လုံးဝတိမ်းစောင်း မသွားစေလိုတဲ့ စေတနာတို့ဖြင့် ပကတိဖြစ်နိုင်ခြေနှင့် အရှိတရားများကို ခွဲခြမ်းစိတ်ဖြာမိခြင်းသာ ဖြစ်ပါကြောင်း၊ ပြည်ခိုင်ဖြိုး အနေနဲ့ ၂၀၁၅ အလွန် ငါးနှစ်တာကာလမှာ အကောင်းဆုံး အတိုက်အခံအဖြစ် ရပ်တည်ပြီး ၂၀၂၀ ရွေးကောက်ပွဲ အတွက် ပြင်ဆင်ထားနိုင်ပါကြောင်းနဲ့ တပ်၊ အတိုက်အခံ (NLD၊ တိုင်းရင်းသား ပါတီများနဲ့ အခြားသောပါတီများ) နဲ့ ပြည်ခိုင်ဖြိုး တို့အတွက် (Solution for all to win) ကသာ နိုင်ငံနဲ့ လူထုအကျိုးကို အာမခံချက်အပြည့်အဝ ပေးနိုင်မှာဖြစ်ပါကြောင်း ရေးသားဖော်ပြအပ်ပါတယ်။(ပိုက်တင်) - The Voice Weekly
၂၀၁၀ မှာ ဆန္ဒမဲအများစုနဲ့ အစိုးရ ဖွဲ့ခွင့်ရော၊ လွှတ်တော်ကိုယ်စားလှယ် နေရာ အများစုပါ အနိုင်ရရှိခဲ့တဲ့ ပြည်ခိုင်ဖြိုးပါတီဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရဖို့အတွက် အလားအလာ မကောင်းတဲ့အကြောင်း ဒီဆောင်းပါးနဲ့ အတိအလင်း အသိပေးလိုက်ပါတယ်။ ပြည်ခိုင်ဖြိုးပါတီ ကို အနိုင်မရစေလိုတဲ့ စေတနာရော အနိုင်ရစေလိုတဲ့ စေတနာပါ လုံးဝမပါဝင်ဘဲ ပကတိ အရှိတရားကို ယင်းပါတီနှင့်အတူ Stakeholder အားလုံးက ဒီမိုကရေစီရေးအတွက် နိုင်ငံနဲ့ လူထုအကျိုးအတွက် စဉ်းစားသုံးသပ်ပြီး ပြင်ဆင်သင့်တာ ပြင်ဆင်နိုင်ကြဖို့ ပွင့်ပွင့်လင်းလင်း သတိပေးလိုရင်းသာ ဖြစ်ပါတယ်။ ပြည်ခိုင်ဖြိုး ဘာကြောင့် ရွေးကောက်ပွဲ ရှုံးနိမ့်မယ်ဆိုတဲ့ အမှန်တရားကို အောက်ပါ အချက်အလက် များက အထင်အရှား အထောက်အပံ့ပြုပါတယ်။၁။ လက်ရှိအစိုးရလက်ထက်မှာ စီးပွားရေး သိသိသာသာ နာလန်မထူနိုင်ခြင်းအထူးသဖြင့် ဆင်းရဲတွင်းက ရုန်းထွက်ဖို့ကြိုးစားနေတဲ့ နိုင်ငံများ အတွက် စီးပွားရေး အခြေအနေက နိုင်ငံရေးအပေါ်ကို အကြီးအကျယ် လွှမ်းမိုး ရိုက်ခတ်လေ့ ရှိပါတယ်။

၂၀၁၅ မှာ အမျိုးသားရေးလား၊ နိုင်ငံရေးလား

မြန်မာ့နိုင်ငံရေးဆောင်းပါးများ's photo.
၂၀၁၅ မှာ အမျိုးသားရေးလား၊ နိုင်ငံရေးလား

ဦးကြည်မြင့် (လသာ)

ကမ္ဘာ့ငွေကြေး စီးပွားရေးအဖွဲ့အစည်းကြီးတွေနဲ့ စည်းမျဉ်းတွေ၊ ပြဋ္ဌာန်းချက်တွေ လိုက်နာ ကြပြီး အလိမ္မာကလေး လုပ်နေခဲ့ပေမယ့် အမေရိကန်ပြည်ထောင်စုက နာမည်ပျက်စာရင်း Black List  ကိုလည်း မဖျက်ပေးဘူး။ စီးပွားရေး ပိတ်ဆို့မှု Sanction ဆိုတာကြီးလဲ ရုပ်သိမ်း မပေးဘူး။ ဒီကြားထဲ သူ့ဆီက တုံပြန်မှုရစရာမရှိတဲ့ အထွေထွေ ဦးစားပေးစနစ် General Preference System – GPS ကို မျှော်လိုမျှော်… တောင်းလိုတောင်း လုပ်နေသေးတာတွေ တွေ့ရတယ်။

ဈေးကြီးသော အလဲအလှယ်

ဒီကြားထဲ နော်ဝေတို့၊ ဆွစ်ဇာလန်တို့မှာ ဒေါ်လာ ၁၁ ဘီလီယံတောင် သွားထားတာ တွေ့ရတယ် ဆိုတဲ့သတင်းကို အလွန်မရေမရာနိုင်တဲ့ အင်တာနက်သတင်းမှာ ဖော်ပြတာတွေ့ရပြန်တယ်။ ကျွန်တော်ကတော့ သမ္မတတို့၊ နာယကတို့ အမေရိကန်ပြည်ထောင်စု သွားပြီးတဲ့ နောက် တရုတ် ဘက် အခေါက်ခေါက် ပြန်လှည့်သွားတဲ့ အချိန်မှာပဲ နောက်ဆုံး သုံးသပ်ချက် ချထားခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ ဆန်ရှင်ရုပ်ဖို့၊ ဘလက်လစ်ဖျက်ဖို့ ဆိုတာ သူတို့လူ၊ သူတို့လူမျိုး ဘာသာမနွှယ်ရင်တောင် သူတို့ကို အထင်ကြီးပြီး နောက်က တကောက် ကောက် လိုက်တောင်း ရမ်းပြီး ခိုင်းတာလုပ်၊ အရိုးအရင်း ချကျွေးသမျှ ကျေးဇူးတွေ တင်နေ မယ့် အုပ်စုတွေလက်ထဲ အာဏာမရောက်သရွေ့ “ဆောရီးပဲ” ဆိုတဲ့ သဘောထားတဲ့ အကြောင်းပါပဲ။

ကျွန်တော့်မှာ နိုင်ငံရေးနဲ့ ပတ်သတ်လို့ အနောက်က ဘာလက်မှတ်တိုရှည်မှ မရှိပါဘူး။ လိုက်လဲ မတက် မယူပါဘူး။ လူပျိုပေါက်အရွယ်ကတည်းက ဆင်းရဲတဲ့ ကျွန်တော်တို့နိုင်ငံ ချမ်းသာ ဖွံ့ဖြိုးအောင် ဘယ်လိုလုပ်ရမလဲဆိုတာ သင်ယူဖို့ ပထဝီ၊ သမိုင်း၊ ဘောဂဗေဒ၊ သင်္ချာ တွဲကို အလယ်တန်းအောင်လို့ အထက်တန်းရောက်တာနဲ့ ယူခဲ့တာနဲ့ လုံလောက်ပြီလို့ ထင်ပါ တယ်။ (စီးပွားရေးပညာနိုဗယ်ဆုရှင် များ အမှာစာ/ မိုးမြင့်ကြယ်စာပေ) ရန်ကုန် စီးပွားရေး တက္ကသိုလ်က အောင်တော့လည်း Q1 ရပေ မယ့် လက်တွေ့ဘက်ကို လိုက်တဲ့အနေနဲ့ စီမံကိန်း ဌာနကိုသာ သွားရောက်ခဲ့ပါတယ်။ ကျူတာ ကိုးယောက်ခေါ်တာ ခုနှစ် ယောက်ပဲလျှောက်တဲ့ ၁၉၇၂ ပါ။

တစ်လောက Trade Time ဂျာနယ်မှာ ပါမောက္ခဆရာမကြီး ဒေါ်လှမြင့်က ကျောင်းစာသာ သင်နေတာ လက်တွေ့မရှိဘူးလို့ ဝန်ခံထားတာတွေ့ရပါတယ်။ ကျွန်တော်ကတော့ ၁၉၈၂ လောက်က စပြီး ကိုယ်ပိုင်စီးပွားရေးလိုင်းကို ပြောင်းဖြစ်ခဲ့တာ ရန်ကုန်မြို့လယ်မှာ ရွှေဆိုင် နှစ်ဆိုင်၊ ပို့ကုန် သွင်းကုန် ကုမ္ပဏီ၊ ဆောက်လုပ်ရေးကန်ထရိုက်တာတွေအထိ ချဲ့ထွင်နိုင်ခဲ့ ပါတယ်။ ၁၉၉၃ ခုနှစ် လယ် မှာ နိုင်ငံရေးနဲ့ ထောင်ကျသွားတဲ့အထိပါ။

စီးပွားရေး အကြောင်းဖန်

ဆိုလိုချင်တာက ဒီနေ့ နိုင်ငံရေး၊ စီးပွားရေးမှာ ကျွန်တော်ဟာ သီအိုရီအခြေခံပေါ် မူတည်ပြီး လက်တွေ့ကဲတဲ့ အမြင်ရှိသူလို့ ကိုယ့်ကိုယ်ကိုယ် ခံယူထားတယ်ဆိုတဲ့ သဘောပါ။ ဒီမိုကရေစီ ရဲ့ ပျော့ကွက်ဟာ ဟိုက ဒီက ဟိုဟာ ပြဋ္ဌာန်း….ဒီဟာပြဋ္ဌာန်းနဲ့ အလွန် အန္တရယ်ကြီးပါတယ်။ ဗိုလ်ချုပ်ပြောသလို နိုင်ငံမျိုးဖြစ်သွားနိုင်ပါတယ်။ ဒီကြားထဲ အများဆုံး တွေ့ရတတ်တာကတော့ ဝတ်လုံမောင်သောင်းဖေလို အနောက်ကို တစ်ဖက်သတ် အထင်ကြီးလွန်းတာမျိုးပါပဲ။ ဒီမှာ ကိုယ့်အမျိုးသားရေးကို အပြစ်တင်တဲ့ နိုင်ငံတကာရောဂါ ဝင်လာတာပါပဲ။


အရာရာရဲ့ အကြောင်းတရား အများစုဟာ စီးပွားရေး အကြောင်းခံ၊ အကြောင်းဖန်ပါပဲလို့ ၁၉၉၀ ပြည့်နှစ်များလောက်က ကမ္ဘာမှာ ခေတ်စားတဲ့ Freakonomics  တို့၊ Undercover Economist တို့၊ ၁၉ ရာစုနှောင်းက Conspicious Consumption ( အထက်လွှာ လူပေါ်ကြော့နဲ့ ဆင်းရဲဇာတာပါ အောက်လွှာလို့ မိုးလစဉ်ဂျာနယ်မှာ ၂၀၀၅ လောက်က ကျွန်တော်ပြန်ဆိုတင်ဆက်ဖူးပါတယ်) ဆိုတဲ့ စာအုပ်တွေမှာ တွေ့ရမှာပါ။

ကွန်မြူနစ်တွေ တောထဲကပြန်ရောက်ရင် ပထမဆုံးသွားတဲ့နေရာက အမေရိကန် ပြန်ကြားရေး ဌာနပါပဲလို့ ကျွန်တော်သီအိုရီထုတ်ထားဖူးပါတယ်။ အခုလဲ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဒီမိုကရေစီလုပ်တော့မယ်ဆိုတော့ စနစ်ဟောင်းက လူတွေရော၊ ဒီမိုကရေစီ တိုက်ပွဲဝင်သမ္ဘာ ဆိုသူတွေရော၊ အယောင်ဆောင်သူရဲကောင်းခေါင်းဆောင်တွေရော အဲဒီမှာ သင်တန်းတွေ တက်ကြ၊ အလှူခံအဆက်အသွယ်တွေရှာကြနဲ့ ရှိနေခဲ့ပါတယ်။

လက်တွေ့စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး စတာတွေမှာ ဘာမှ အလကားမရပါဘူး။ အပေးအယူ အခြေခံတာချည်းပဲ ဖြစ်ပါတယ်။ ဒီတော့ ကင်တားနားကို ထိရင် မချိအောင် နာတယ်တို့၊ သားက အမေရိကားမှာ၊ သမီးက အော်စီမှာ အားလုံး အိမ်ထောင်ကျပြီး …. ဘာသာလူမျိုး ခွဲစရာ မလိုဘူးတို့၊ ငါးစာမြင်တယ် ငါးမျှားချိတ် မမြင်ဘူးတို့ ဖြစ်လာရပါတယ်။

အလုပ်လုပ်စရာတွေ အများကြီးရှိပြီး လုပ်ဖို့က အချိန်လည်း ကျန်နေသေးပေမယ့် ၂၀၁၅ အကြောင်း အပြောများနေတာရယ်၊ မိတ္ထီလာအမတ်ကိစ္စ ရန်ကုန်တိုင်းမ်နေ့စဉ်မှာ ဆောင်းပါး ရှင် တစ်ယောက် ရေးတာ ဖတ်ရတာရယ်၊…လဲ..ဒါပဲ။ မင်းကိုနိုင်လဲဒါပဲဆိုတဲ့ မဲပြာပုဆိုး အဆင့်ကမတက်တဲ့ နှစ်ဖက်မြန်မာ့နိုင်ငံရေး အလားအလာ ထူးမခြားနား ဖြစ်နေတာတွေ ရယ်ကြောင့် ရေးမိခြင်း ဖြစ်ကြောင်းပါ။ တစ်ဖက်မှာ ဘုန်းကြီးအလုပ် ဘုန်းကြီးလုပ်၊ မျိုးစောင့် ဆိုတဲ့ စကားလုံးက တစ်မျိုးကြီးပဲ ဆိုတာမျိုးတွေကြောင့်လည်း ပါကြောင်း ပါဗျာ…..။

တိုက်တိုက်ဆိုင်ဆိုင်ပဲ သတင်းစာတစ်စောင်က သတင်းထောက်ကလေး တစ်ယောက်က ဖုန်းဆက်ပြီး အင်တာဗျူးလာပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာ ဘယ်ဟာအဓိက မေးခွန်း Main Issue ဖြစ်လာနိုင်သလဲဆိုတာပါပဲ။ ကျွန်တော်ကတော့ အမျိုးသားရေးနဲ့ နိုင်ငံတကာ အရေး လွန်ဆွဲပွဲဟာ ပြင်းထန်တဲ့ အငြင်းအခုန် Heated Debate ဖြစ်လာနိုင်မယ်လို့ ထင်မြင်ကြောင်း ဖြေခဲ့ပါတယ်။ တိုင်းပြည်နဲ့ လူမျိုး (အမျိုးသားရေး)ဘက် က နိုင်မလား။ သူတို့ကို ခေတ်နောက်ကျသူတွေ၊ အမြင်မကျယ်သူတွေအဖြစ် စွပ်စွဲမယ့် အချောင်သမားတွေ ဘက်က နိုင်မလားဆိုတဲ့ပွဲပါ။

၂၀၁၃ ခုနှစ် စက်တင်ဘာလ ၂၂ ရက်ထုတ် ပြည်ထောင်စုနေ့စဉ်သတင်းစာမှ ကူးယူဖော်ပြ သည်
ဦးကြည်မြင့် (လသာ)

ကမ္ဘာ့ငွေကြေး စီးပွားရေးအဖွဲ့အစည်းကြီးတွေနဲ့ စည်းမျဉ်းတွေ၊ ပြဋ္ဌာန်းချက်တွေ လိုက်နာ ကြပြီး အလိမ္မာကလေး လုပ်နေခဲ့ပေမယ့် အမေရိကန်ပြည်ထောင်စုက နာမည်ပျက်စာရင်း Black List ကိုလည်း မဖျက်ပေးဘူး။ စီးပွားရေး ပိတ်ဆို့မှု Sanction ဆိုတာကြီးလဲ ရုပ်သိမ်း မပေးဘူး။ ဒီကြားထဲ သူ့ဆီက တုံပြန်မှုရစရာမရှိတဲ့ အထွေထွေ ဦးစားပေးစနစ် General Preference System – GPS ကို မျှော်လိုမျှော်… တောင်းလိုတောင်း လုပ်နေသေးတာတွေ တွေ့ရတယ်။

ဈေးကြီးသော အလဲအလှယ်

ဒီကြားထဲ နော်ဝေတို့၊ ဆွစ်ဇာလန်တို့မှာ ဒေါ်လာ ၁၁ ဘီလီယံတောင် သွားထားတာ တွေ့ရတယ် ဆိုတဲ့သတင်းကို အလွန်မရေမရာနိုင်တဲ့ အင်တာနက်သတင်းမှာ ဖော်ပြတာတွေ့ရပြန်တယ်။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၅-၉)

သစ်ထူးလွင်



ဒီမိုကရေစီအပြောင်းအလဲ စုဖွဲ့မှုများ - နှင့် ဖြစ်တန်ရာ အကျိုးဆက်များ - ကျော်ဝင်း

Kyaw Win Editor in Chief at The Waves Magazine September 14, 2013 at 1:26am
အပြောင်းအလဲကာလ၊ နိုင်ငံရေးအင်အားစုများ
        ဒီမိုကရက်တိုင်ဇေးရှင်း(ဒီမိုကရေစီအပြောင်းအလဲ)ဆိုင်ရာ ကျွမ်းကျင်သူများအဖြစ် ပညာလောကမှ သိမှတ်လက်ခံထားသော“အို-ဒေါ်နယ်”နှင့်“ရှမစ်ထာ”တို့၏အလိုအရ အာဏာပိုင်စနစ်မှ ဒီမိုကရေစီ စနစ်သို့အရွှေ့တွင်အောက်ပါနိုင်ငံရေးအင်အားစု လေးမျိုး သို့မဟုတ် ငါးမျိုးကို တွေ့ရလေ့ရှိပါသည်။(O’Donnell,1979.O’Donnell and Schmitter,1986)
၁။ပြုပြင်ပြောင်းလဲရေးသမားများ(Reformers)
၂။သဘောထားတင်းမာသူများ(Hardliners)
          (ဤနှစ်စုလုံးမှာ ယခင်အာဏာပိုင်စနစ်ဟောင်းမှလာသူများဖြစ်သည်။ အပြောင်းအလဲကို လိုလား သူများနှင့် ခုခံသူများဟုဆိုနိုင်သည်။ရေဘုယျအားဖြင့်၊ အပြောင်းအလဲကြောင့် ကိုယ်ကျိုးစီးပွါးများ ထိခိုက်နစ်နာနိုင်စရာ ရှိသူများမှာ “သဘောထားတင်းမာသူများ”ဖြစ်လေ့ရှိသည်ဟုဆိုပါသည်။)

Tuesday, September 24, 2013

ဒါဖတ်ပြီးမှ လွှတ်တော်ကို သွားပါ

Win Ko Myint and Sa Maung shared 7Day News Journal's photo.


သင်နေထိုင်ရာအရပ်ဒေသကို ကိုယ်စားပြုသည့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဦးကို နောက်ဆုံးတွေ့ခွင့် ရခဲ့သည့်နေ့ကို မှတ်မိ ပါသလား။ ဒါမှမဟုတ် သင့်စိုးရိမ်ပူပန်မှုတစ်ခုကို ပြောပြဖို့ သိလိုသည့်မေးခွန်း တစ်ခုကိုမေးဖို့ သင့်ကိုယ်စားလှယ်၏ လိပ်စာ၊ တယ် လီဖုန်းနံပါတ်နှင့် အီးမေးလ်တို့ သင့်မှာရှိပါသလား။

သဘောထား ကွဲပြားနေသော လူ့အဖွဲ့အစည်းအတွက် အခြေခံဥပဒေပုံစံ (၁)

အာရင်းဒ် လစ်ခ်ျပါ့တ်| September 21, 2013 |

ဒီမိုကရေစီ နိုင်ငံတွေအတွက် ရေးဆွဲတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေက လွန်ခဲ့တဲ့ နှစ် ၅၀ အတွင်းမှာ အပြောင်းလဲကြီး ပြောင်းလဲထားပါပြီ။ ဒုတိယကမ္ဘာစစ်အပြီး လွတ်လပ်ခါစ နိုင်ငံတွေက သူတို့ကို အုပ်စိုးခဲ့သူ ကိုလိုနီ သခင်ဟောင်းတွေရဲ့ အခြေခံဥပဒေ စည်းမျဉ်းစည်းကမ်းတွေကို ကူးချခဲ့ပါတယ်။

"နိုင်အောင်၊ ခင်ဥမ္မာနှင့် TAT တို့တွေ့ကြသောအခါ ”

"နိုင်အောင်၊ ခင်ဥမ္မာနှင့် TAT တို့တွေ့ကြသောအခါ ”

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီကလာမယ့်အောက်တိုဘာလအတွင်း  ပြည်ေ ထာင်စုအဆင့် အပစ်အခတ်ရပ်စဲရေးနဲ့ နိုင်ငံရေးဆွေးနွေး ပွဲများ ဖြစ်မြောက်အောင် ဆောင် ရွက်မယ်လို့ ဆိုပါတယ်။ ဒီအတောအတွင်း ကချင်ပြည်နယ်မှာ ကေအိုင်အိုလှုပ်ရှားရာနယ်မြေအတွင်းရှိ ဒုက္ခသည်စခန်း များကို UN အကူအညီပေးရေးအဖွဲ့များလည်း ရောက်ရှိလှုပ်ရှား ထောက်ပံ့ပေးနေတယ်လို့ သိရပါတယ်။ ဒီအချိန်မှာဘဲ အမေရိကန်အခြေစိုက် FORUM FOR DEMOCRACY IN BURMA(FDB) အဖွဲ့ အထွေထွေ အတွင်းရေးမှူး ဆိုသူ ဒေါက်တာနိုင်အောင်နဲ့ သူ့ရဲ့ဇနီး ခင်ဥမ္မာတို့ဟာလည်း ကချင်ပြည်နယ် မြစ်ကြီးနား မြို့ကို ရောက်ရှိ လှုပ်ရှားလာပါတယ်။
       
ဒေါက်တာနိုင်အောင်ဆိုတာကတော့ABSDF(မြောက်ပိုင်း) ပါဂျောင်လူသတ်ကောင်အဖြစ် အဓိက တာဝန်ရှိ တယ်လို့ သတ်မှတ်ခံထားရသူဖြစ်ပါတယ်။ သူ့ရဲ့ဇနီးဖြစ်သူ ခင်ဥမ္မာကလည်း ဒီမိုကရေစီအရေး၊ အမျိုးသမီး အခွင့်အရေး၊ လူ့အခွင့်အရေးများကို အကြောင်းပြုပြီး မြန်မာနိုင်ငံ မတည်မငြိမ်ဖြစ်အောင် ပြည် ပ အေ ထာက်အပံ့ယူ လှုပ်ရှားနေသူတစ်ဦးဖြစ်ပါတယ်။ နားလည်လွယ်အောင် ပြောရရင်တော့ သူတို့ လင်မ ယားဟာမြန်မာပြည်ဒီမိုကရေစီအရေးကိုအကြောင်းပြပြီးနိုင်ငံအတွင်းမတည်မငြိမ်ဖြစ်အောင်ဆောင် ရွက်ရင်း၊ နိုင်ငံတကာအကူအညီများနဲ့ အသက်မွေးဝမ်းကျောင်း ပြုနေကြတဲ့ လူတစ်စုထဲ က လူတွေဖြစ် ပါ တယ်။
       
စက်တင်ဘာလ ၁၉ရက်နေ့မှာ သူတို့ ၂ ဦးအပါအ၀င် FDB က နိုင်ငံခြားသား/သူ ၅ ဦးတို့ဟာ မြစ်ကြီးနား  မြို့၊ Technical Advisory Team ရုံးခန်းမှာ ရုံးတာဝန်ခံ ဂေါ်လူလအောင်တို့အဖွဲ့နဲ့ တွေ့ဆုံခဲ့ကြပါ တယ်။လိုင်ဇာဒေသမှာရှိတဲ့ လုံခြုံရေးအရရွှေ့ပြောင်းစခန်းတွေကို UN အဖွဲ့အစည်းတွေက စားနပ်ရိ က္ခာ ထောက်ပံ့နေမှုအခြေအနေတွေကို အဲဒီမှာနေကြတဲ့ မိသားစုတွေရဲ့ စားဝတ်နေရေးနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှု အခြေအနေတွေနဲ့ပတ်သက်ပြီး စုံစမ်းသွားခဲ့တယ် လို့ဆိုပါ တယ်။နေ့လည်ပိုင်း မှာတော့ ၀ိုင်းမော်မြို့၊ ရပ်ကွက်(၄)၊ သာဂရ၊ သရက်တောဘုန်းတော်ကြီးကျောင်းမှာဖွင့်ထားတဲ့ လုံခြုံရေး အရ ပြောင်းရွှေ့စခန်းကို သွားခဲ့ပါတယ်။

စခန်းမှာ ပြောင်းရွှေ့မိသားစုတွေနဲ့တွေ့ပြီး သူတို့အနေနဲ့ တတ်နိုင်တဲ့ဘက်က ကူညီနေတဲ့ အကြောင်း၊စခန်းမှာနေထိုင်ကြရသူမိသားစုများအနေနဲ့မိမိတို့နေရပ်ကိုပြန်လိုကြမည်ဖြစ်ကြောင်း၊စွန့်ခွာ ပစ်ထားရ သည့်အိုးအိမ်ခြံမြေ၊ အိမ်မွေးတိရစ္ဆာန်များ ဖရိုဖရဲဖြစ်နေကြောင်း၊ဘယ်အချိန်အထိလုံခြုံရေး အရရွှေ့ပြောင်း စခန်းမှာ နေထိုင်ရမည်ကို လူကြီးများလာရင်မေးရန်လိုကြောင်း စည်းရုံးပြောကြား သွားခဲ့ပါတယ်။ဒီစခန်းကို ၁-၂-၂၀၁၂ ရက်နေ့မှာ စတင်ထူထောင်တာဖြစ်ကြောင်း ၊စခန်းမှာလာရောက်နေ ထိုင်ကြတဲ့ မိသားစုရဲ့ စား ၀တ်နေရေးနဲ့ပတ်သက်ပြီး UN နဲ့ NGO အဖွဲ့တွေကမကြာခဏ လာရောက်ထောက်ပံ့ပေးလို့ အဆင်ပြေကြောင်းနဲ့ကျန်းမာရေး အတွက်သက်ဆိုင် ရာ ကျန်းမာရေး ဌာနတွေက အပတ်စဉ် လာရောက် စစ်ဆေးပေး တယ်လို့ စခန်းတာဝန်ခံက ပြန်လည် ရှင်း ပြခဲ့ပါတယ်။

နည်းပညာအထောက်အကူပြုအဖွဲ့ (Technical Advisory Team-TAT) ဆိုတာကတော့ မြန်မာ့ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီနဲ့ ကေအိုင်အိုအဖွဲ့အ
ကြားငြိမ်းချမ်းရေးဆွေးနွေးမှုတွေတိုး တက်အောင်မြင်အောင် ဆောင်ရွက်နိုင်ဖို့ ဖွဲ့စည်းပေးထားတဲ့အဖွဲ့ပါ။ TAT အနေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ တိုးတက်အဆင်ပြေအောင် စေတနာမှန်မှန်နဲ့ အစဉ်အားထုတ်ဆောင်ရွက်ပေးရမယ့် အဖွဲ့ပါ။ လတ်တလော TAT ဘာလုပ်နေသလဲ၊ ကေအိုင်အိုစစ်ခေါင်းဆောင် ဂန်ရှောင်က အထူး တာဝန် ပေးထားလို့ TAT ရုံးက ဂေါ်လူလအောင်တစ်ယောက် အလုပ်ရှုပ်နေပါတယ်။ သူခိုင်းထား တာတွေ ကလည်း ဒီစက် တင်ဘာလမကုန်မီ အပြီးလုပ်ပေးရမှာဆိုတော့ အလုပ်ရှုပ်ပြီပေါ့။

ဂန်ရှောင်ဘာတွေခိုင်းထားလို့ ဂေါ်လူလအောင်ဘာတွေအလုပ်ရှုပ်နေလဲ၊ငြိမ်းချမ်းရေးကိစ္စ တွေလား၊မဟုတ်ပါဘူး။မြန်မာ့လေတပ်ကခေတ်မီလေယာဉ်တွေနဲ့ ကချင်ပြည်နယ်မှာကောင်းကင် ဓာတ်ပုံရိုက်နေ တယ်ကြားတယ်၊အဲဒါဟုတ်သလား။ ကေအိုင်အို/ကေအိုင်အေကိုလေကြောင်းကတိုက်ခိုက်ဖို့စီမံလေ့ကျင့်နေ တယ်ကြားတယ်။ အဲဒါဟုတ်သလား။ မြစ်ကြီးနားမှာရှိတဲ့ ခေတ်မီတိုက်လေယာဉ်တွေ တိုက်ပွဲဝင်စွမ်းပကား ဘယ်လောက် ရှိသလဲ၊ ဘယ်နေရာတွေကို ဦးစားပေးလေကြောင်းဓာတ်ပုံရိုက်နေလဲ၊ ကြိုသိရင် ကြိုရှောင်လို့ရအောင်၊ အဲ့ဒီလေယာဉ်တွေကို ဘယ်သူကွပ်ကဲထားလဲ။ စစ်ရုံးကလား၊ တိုင်းမှူး ကလား စသည်ဖြင့် သိချင်နေ တာပါ။ တကယ်လေကြောင်းက တိုက်ခိုက်မယ်ဆိုတဲ့ ကောလာဟလ ကြားရတော့ ဂန်ရှောင် လည်း နည်း နည်းတော့ ကြက်သီးထတာပေါ့။ လောလောဆယ်မှာတော့ TAT လည်း ငြိမ်းချမ်းရေး အလုပ်တွေ မလုပ်ပါ ဘူး။ ယုံကြည်မှုတည်ဆောက်ရင်း သူလျှိုအလုပ်ကို လုပ်နေကြတာပေါ့။ တကယ် တမ်းပြောရရင်ေ တာ့ ကေအိုင်အို/ကေအိုင်အေဟာ ဘယ်တုန်းကမှ ငြိမ်းချမ်းရေးကို စိတ်မ၀င်စား ခဲ့ပါဘူး။
       
ကဲ ပြည်ဖျက်နိုင်အောင်တို့လင်မယားနဲ့ဝမ်းတွင်းရူး ကေအိုင်အို/ကေအိုင်အေတို့ တွေ့ကြပြီ။သူတို့ဘာဆက်
လုပ်ကြမလဲ၊ စောင့်ကြည့်ကြပါဦးစို့…………။
     
အောင်ဘာလေ

http://myawadynews.blogspot.com/2013/09/tat.html
ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ က လာမယ့်အောက်တိုဘာလအတွင်း ပြည်ေ ထာင်စုအဆင့် အပစ်အခတ်ရပ်စဲရေးနဲ့ နိုင်ငံရေးဆွေးနွေး ပွဲများ ဖြစ်မြောက်အောင် ဆောင် ရွက်မယ်လို့ ဆိုပါတယ်။ ဒီအတောအတွင်း ကချင်ပြည်နယ်မှာ ကေအိုင်အိုလှုပ်ရှားရာ နယ်မြေအတွင်းရှိ ဒုက္ခသည်စခန်း များကို UN အကူအညီပေးရေး အဖွဲ့များလည်း ရောက်ရှိ လှုပ်ရှား ထောက်ပံ့ ပေးနေတယ်လို့ သိရပါတယ်။ ဒီအချိန်မှာဘဲ အမေရိကန်အခြေစိုက် FORUM FOR DEMOCRACY IN BURMA(FDB) အဖွဲ့ အထွေထွေ အတွင်းရေးမှူး ဆိုသူ ဒေါက်တာနိုင်အောင်နဲ့ သူ့ရဲ့ဇနီး ခင်ဥမ္မာတို့ဟာလည်း ကချင်ပြည်နယ် မြစ်ကြီးနား မြို့ကို ရောက်ရှိ လှုပ်ရှားလာပါတယ်။


ဒေါက်တာနိုင်အောင်ဆိုတာကတော့ ABSDF (မြောက်ပိုင်း) ပါဂျောင် လူသတ်ကောင်အဖြစ် အဓိက တာဝန်ရှိ တယ်လို့ သတ်မှတ်ခံထားရသူဖြစ်ပါတယ်။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၄-၉)

သစ်ထူးလွင်



Monday, September 23, 2013

“ဒီမိုကရေစီရ မှ အမျှဝေပါ အဖေ”

Author: နန်းလွင်

ရန်ကုန်၊ ဩဂုတ် ၃ - လွန်ခဲ့တဲ့ ၂၅ နှစ်ခန့် စစ်တပ် အာဏာသိမ်းပြီး နောက်တစ်ရက် မနက်စောစောမှာ ဆူးလေတစ်ပတ် လမ်းလျှောက်ဆန္ဒပြပြီးရင် အိမ်ကိုသေချာပေါက်ပြန်လာမယ် ထမင်းစားစောင့်နေပါ လို့မှာပြီး ထွက်သွားခဲ့တဲ့ အသက် ၁၆ နှစ် အရွယ် သမီးငယ်လေး အဲသည်နေ့က အိမ်ကို ပြန်မလာနိုင် ခဲ့တာ တွေးမိတိုင်း မိခင် ဒေါ်ခင်ဌေးဝင်းတစ်ယောက် ဝမ်းနည်းကြေကွဲနေရဆဲ ဖြစ်ပါတယ်။

ထီးပြိုင်နန်းပြိုင် ငြိမ်းချမ်းရေးနှင့် ထီးလိုမင်းလို ငြိမ်းချမ်းရေး



နိဒါန်း

“ကလေးတစ်ယောက်၊ ဆရာတစ်ယောက်၊ စာအုပ်တစ်အုပ်နဲ့ ကလောင်တစ်ချောင်းဟာ ကမ္ဘာကြီးကို ပြောင်းလဲနိုင်ပါတယ်”
ဤသည်မှာ ဇူလိုင်လ ၁၂ ရက်နေ့ ကုလသမဂ္ဂဌာနချုပ်တွင် (၁၆) နှစ်မြောက် မွေးနေ့ရှင် မာလာလာ ၏ ကမ္ဘာကြီးကို ကိုင်လှုပ်လိုက်သည့် စကားဖြစ်သည်။

State အင်စတီကျူးရှင်းများ ဖွံ့ဖြိုးရေးမော်ဒယ်လ်နှင့် ကိုယ့်အားကိုယ်ကိုးရေး


ပညာရပ်ဆိုင်ရာ အင်စတီကျူးရှင်း အဖွဲ့အစည်းများ၏ လွတ်လပ်စွာ ရပ်တည်မှုနှင့် စပ်လျဉ်းပြီး လစ်ဘရယ်နိုင်ငံများ၌ နိုင်ငံတော် အဆင့်တွင် အနည်းဆုံးလေးခုမက ရှိသည်ကို လေ့လာတွေ့ရှိရသည်။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၃-၉)

သစ်ထူးလွင်



Related Posts Plugin for WordPress, Blogger...