Saturday, November 30, 2013

သာမန်ပြည်သူတယောက်

 
ဘယ်သူ့ဂရုစိုက်ရမှာလဲ
ငါတို့အခုရောက်နေတာ
အရက်သောက်ဖို့နဲ့စိတ်အချဉ်ပေါက်ဖို့ပဲကောင်းတဲ့
ခေတ်ကြီး အခါကြီး သမယကြီဲး

ဦးသန်းရွှေချောင်ပိတ်မိနေပြီဆိုတာ သေချာလောက်တယ် ၊


  ဦးသန်းရွှေချောင်ပိတ်မိနေပြီဆိုတာ သေချာလောက်တယ် ၊ စစ်ရေးအမြင်နဲ့ပြောရင် ဦးရွှေမန်း မရှိတုန်းလုပ်ချလိုက်တာဟာ သမ္မတနဲ့ကာချုပ်တို့ရဲ့ နာမည်ကို သုံးပြီး ဦးသန်းရွှေက အာဏာသိမ်းလိုက် တာပဲ ၊ ကြေငြာချက်ထွက်သွားတယ်ဆိုတော့ ဦးသန်းရွှေ လက်ဦးမှု ရသွားတယ်ပေါ့ ၊ ဒါပေမယ့် ဦးသန်းရွှေက လက်ဦးမှုရသွားတယ်တာပြောတာ အားကမပါလာတော့ဘူး ၊

နှစ်ငါးဆယ်

By May Zaw

ဘွဲ့ရအလုပ်လက်မဲ့ လူငယ်တစ်ယောက်ရဲ့
ခန္ခာကိုယ်ပေါ် လောင်ကျွမ်းခဲ့တဲ့ မီးတစ်စဟာ
အာရပ်ကမ္ဘာကို ကူးစက်လို့
အာရပ်နွေဦးဟာ နိုးထခဲ့
ငါငေးမောခဲ့။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦး နှင့် ကျွန်တော့် ဘ၀ တစ်စိတ်တစ်ဒေသ ပဉ္စမပိုင်း

Htun Aung Gyaw November 13, 2013 at 10:07pm

ကျွန်တော်တို့စခန်းမှ အရွေးခံရသူများ စုပြီး စကားပြောကြရာတွင် ကျွန်တော်က ဒေါက်တာနိုင်အောင်အား “ကိုနိုင်အောင်၊ ကျွန်တော်တို့စခန်းမှာ ဆရာဝန်ဆိုလို့ ခင်ဗျားတစ်ယောက်ပဲရှိတယ်၊ ရဲဘော်တွေလည်း သေတဲ့သူတွေ သေပြီး ဖျားတဲ့သူတွေလည်းဖျားနေပြီ၊ ကုမယ့် ဆရာဝန်မရှိဘူး၊ ညီလာခံတက်ဖို့က အရေးကြီးသလား၊ ရဲဘော်တွေ အသက်ကယ်ဖို့က အရေးကြီးသလား ခင်ဗျားဆုံးဖြတ်ပါ၊ ကျွန်တော်သာ ခင်ဗျားလို ဆေးပညာတတ်ရင် ညီလာခံ မတက်ဘူးနေခဲ့မယ်” ဟု အများရှေ့တွင် ပြောသည့်အခါ ကိုနိုင်အောင်က “ကျွန်တော်နေခဲ့ပါ့မယ် မလိုက်တော့ပါဘူး” ဟု ပြောပြီး ကိုယ်စားလှယ်အဖြစ်မှထွက်ပြီးနေခဲ့ပါသည်။ ထိုအချိန်က ကျွန်တော်တို့နှစ်ယောက်လုံး တစ်ချိန်ချိန်တွင် ကျောင်းသားတပ်မတော်၏ဥက္ကဋ္ဌများ ဖြစ်လာလိမ့်မည်ဟု တွေးပင်တွေးဖူးကြမည်မဟုတ်ပါ။ ကိုနိုင်အောင် ထိုကဲ့သို့ အသိတရားရှိရှိနှင့် ကျွန်တော်ရှင်းပြခဲ့သည်ကို လက်ခံပြီးနေခဲ့သည့်အတွက် ထိုအချိန်က ကျွန်တော်သူ့ကို ရဲဘော်များ ကိုယ်စား ကျေးဇူးတင် လေးစားခဲ့သည်။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၉-၁၁)

သစ်ထူးလွင်



Friday, November 29, 2013

နေပြည်တော်ရှိ သရဲခြောက်သော လမ်းမကြီး


နေုပြည်တော်ကြာပန်းအဝိုင်းအနီးရှိ လမ်းမကြီးတစ်ခုတွင် ညစဉ် လှိုဏ်သံများကြားရပြီး အဝေးမှ ကြည့်လျှင် လူအုပ်ကြီးချီတက်လာသလိုလို များမြင်နေရကြောင်း သူရဲခြောက်တာဖြစ်မည် ထင်ကြောင်း နေပြည်တော်ဒေသခံများအကြား ပြောဆိုနေကြသည် ၊

အခြေခံဥပဒေနှင့်ပတ်သက်၍ ...


ဒေါ်စုသြစတျေးလျနိုင်ငံဆစ်ဒနီမြို့တွင် ယနေ့ပြောသွားသောမိန့်ခွန်းတွင် အခြေခံဥပဒေနှင့်ပတ်သက်၍ အဓိကကျသောအချက်ကို ထောက်ပြပြောဆိုသွားခဲ့သည်။ ဒီမိုကရေစီကျသောအခြေခံဥပဒေတခု၏ အဓိကစံနှုံးမှာ လိုအပ်လာလျှင် ပြည်သူလူထုအများစုဆန္ဒဖြင့် ပြုပြင်ပြောင်းလဲနိုင်ရမည်ဖြစ်သည်။ အခြားနိုင်ငံများ၏အခြေခံဥပဒေများ သည်လည်းလိုအပ်သလို ပြုပြင်ပြောင်းလဲခဲ့ကြတာဖြစ်သည်။

ဆိုဗီယက် နဲ့ ဘာကွာသလဲ/ ဘိုဘိုကျော်ငြိမ်း


 
ဆိုဗီယက် နဲ့ တရုတ်တွေ ကွာတာက ဆိုဗီယက် တွေက မာ့က်စ် စိတ်ကူးယဉ်တာ
မဖြစ်နိုင်ဖူး ဆိုတာကို နားမလည်ခဲ့ဖူး။ လူတန်းစားတိုက်ပွဲက
မထွက်နိုင်ဖူး။ အပြင်က စူပါပါဝါ ဆိုပြီး ဟန် လုပ်နေပေမဲ့ အတွင်းမှာ အဆံ
မရှိဖူး။ စီပွားရေး က ချူန်းချုန်းကျနေပြီ။ တိန်က လျှင်တယ်။

ကျနော်နဲ့ ခရီးကြမ်းလမ်း (၄)

တကယ်တန်း ကျနော်တို့အုပ်စုကြီး ဓနိတောရွာကနေ ခရီးဆက်ကြတုန်းက ခြေလျှင်ခရီးမဟုတ်ခဲ့ပါဘူး၊ ကုန်တင်စက်လှေတွေနဲ့ပါ၊ မွန်ပြည်သစ်တပ်ဖွဲ့က ပင်လယ်ပြင်ကုန်သည်တွေဆီကနေ ချောဆွဲလာတဲ့ ကုန်တင်စက်လှေ ၆ စီးနဲ့ပါ၊ စက်လှေတွေကတော်တော်ကြီးပါတယ်၊

ပညာရေးသည် နိုင်ငံရေးဖြစ်သည်


၁၉၄၆ ခု၊ ဧပြီလ ၂၉ ရက်နေ့ နံနက် ၁၁ နာရီခွဲတွင် ကန်တော်ကလေး မြူနီစီပယ်ကျောင်း၌ ကျင်းပသော ဗမာနိုင်ငံ လုံးဆိုင်ရာ ကျောင်းဆရာမျာ ညီလာခံတွင် ဗိုလ်ချုပ်အောင်ဆန်း တက်ရောက် ပြောကြားသော မိန့်ခွန်းမှာ အောက်ပါအတိုင်း ဖြစ်သည်။

ဗမာပြည် ဗမာတိုင်း၏ အစည်းအဝေးတိုင်းတွင် အချိန်မမှန်ကြသည်ကို တွေ့ရကြောင်း။ ဤကဲ့သို့ ဖြစ်ရခြင်းမှာ လည်း ကျွန်နိုင်ငံ ဖြစ်နေသည့်အတွက် ပညာရေး စနစ်ညံ့ဖျင်းခဲ့ရာ အချိန်နှင့် စည်းကမ်းကို ရိုသေရမည့် အလေ့အ ထများ၊ အသိဥာဏ်များ မ၀င်စားခဲ့ကြရကြောင်း။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၈-၁၁)

သစ်ထူးလွင်



Thursday, November 28, 2013

အမိုးသမီးလေးကြောင့် မိုးတွေမိနေတယ်



လောက
အမှိုက်သရိုက်
အန်ဖတ်
ဒိုက်သရောတွေကို တိုက်စား
ဟိုး…ရေပြင်နက်နက်ဆီယူဆောင်သွားဖို့

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးနှင့် ကျွန်တော့်ဘဝ တစ်စိတ်တစ်ဒေသ - စတုတ္တပိုင်း

Htun Aung Gyaw November 7, 2013 at 6:39am
 
ကျွန်တော်တို့ စက်တင်ဘာလ၂၀ရက်နေ့တွင် ရန်ကုန်မှထွက်ခဲ့ပြီး ဘီလူးကျွန်းတွင် နှစ်ည၊ နောက်၂၃ ရက်နေ့တွင် သံဖြူဇရပ်ရောက်ပြီး ထိုမှစတင်ခရီးထွက်လာရာ ရက်ပေါင်း ၂၀ ခန့် ကြာနေသော်လည်း ၇ ရက် ခရီးဟုဆိုသည့် ဘုရားသုံးဆူသို့ မရောက်နိုင်ဘဲ တောတွင်းတွင်သာ တစ်လယ်လယ်နှင့်ရှိနေခဲ့ရာ ဗိုလ်ကြီးစိုးမြင့်ကို မေးရာ လုံခြုံရေးမကောင်းသေးသည့်အတွက် ကေအင်န်ယူ ကလည်း မွန်ပြည်သစ်ပါတီကို သူတို့နယ်မြေဖြတ်သန်းခွင့်မပေးဘဲ လမ်းပိတ်ထားကြောင်း ဖွင့်ဟပြောကြားလာသဖြင့် ကျွန်တော်တို့ မွန်ပြည်သစ်ပါတီ အစောင့်အရှောက်မယူတော့ဘဲ ကိုယ့်ဘာသာကိုယ် ကရင်နယ်မြေ ကို ဖြတ်သန်းရန် ဆုံးဖြတ်လိုက်သည်။

တစ္ဆေနှစ်ကောင်ရဲ့ အမှောင်



မင်းက
ညတွေမှာ သွပ်မိုးပေါ်လမ်းလျှောက်တဲ့ကြောင်တကောင်
ငါက
ညရောက်မှ အသက်ဝင်ခွင့်ရတဲ့ ဖုတ်ကောင်တကောင်
အမှောင်မှာပဲတွေ့ကြတယ်

Wednesday, November 27, 2013

ကျနော်နဲ့ ခရီးကြမ်းလမ်း (၃)

ကျနော်တို့လဲ ကျောင်းသူနှစ်ယောက်ကို သူတို့ထမိန် ယောင်္ကျားလေးတွေပုဆိုး ကတောင်းကျိုက်သလို ကျိုက်ခိုင်းပြီး ရှေ့ကသူများတွေဖြတ်သလိုသာဖြတ်တော့ဆိုပြီးပြောတော့ သူတို့လဲ ကွိကွိကွကွ အိအိအအ အော်သံတွေနဲ့ မျှော့တောကြီးဖြတ်ကြတာပေါ့၊ ဟိုဘက်ကမ်းရောက်မှ ကျနော်တို့က ပါလာတဲ့ မီးခြစ်နဲ့ မျှော့ကြီးတွေကို အပူမြှိုက်ပြီးခွာချပေးကြရတယ်။

ခွေးတို့ရဲ့သဘောထား


ဟေ့ကောင် အက်ဇေးရှင်း ....
မင်းက တိုက်အိမ်ထဲမှာ စားကောင်းသောက်ကောင်းတွေနဲ့
ဇိမ်ကျကျနေနေရတဲ့ ခွေးဆိုတော့ 2008 ဖွဲ့စည်းပုံကို စိတ်မ၀င်စားတာ
အဆန်းတော့မဟုတ်ဘူး။

သန်း ၄၀ ကို ဘယ်လိုစည်းရုံးရေးဆင်းမလဲ???

ကျနော်တို့ မြန်သျန့် (မြန်မာပြည်ကို တရုတ်လိုခေါ်သည်)မှာ လူသန်း၆၀ရှိတယ်လို့ဆိုကြတယ်။ အဲဒီထဲက ၇၅%က တောင်သူလယ်သမားတွေ။ ၇၅%ဆိုတော့ ၄၅သန်းပေါ့ဗျာ။ ရေးလို့ကောင်းအောင် သန်း၄၀ ပဲထားလိုက်ဗျာ။ အဲဒီတော့ သန်း၄၀ ကိုသာ စည်းရုံးးရေးဆင်းနိုင်မယ်ဆိုရင် အင်အားအလွန်တောင့် ပါတီဖြစ်တော့မှာပေါ့ဗျာ။ ဟုတ်ဘူးလား။

တနှစ်က မိတ်ဆွေတယောက်က ကျွန်းစိုက်ခင်း ဧကအများကြီး လုပ်ချင်လို့ဆိုပြီး လိုအပ်မယ့် နည်းပညာဆိုင်ရာစာအုပ်စာပေ အကိုးအကား ရှာဖွေရေးဆင်းတောာ့ ကျနော်လဲ ယောင်ပေပေနဲ့ ပါသွားလေရဲ့။ အဲဒီမှာ ဘာတွေ့လဲဆိုတော့ စိုက်ပျိုးရေးတိုင်းပြည်လုပ်မယ်ဆိုတဲ့ မြန်သျန့်နိုင်ငံက စိုက်ပျိုးရေးနဲ့ပတ်သက်တဲ့ research ၊ technical data ပြည့်ပြည့်စုံစုံ မရှိဘူးဆိုတာပါပဲ။

မြန်မာနိုင်ငံအတွက် ကမ္ဘောဒီးယား သင်ခန်းစာ


ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ အစီအစဉ်မှာ မြန်မာနိုင်ငံကို ကမ္ဘောဒီးယားလို နိုင်ငံတကာအပေါ် အမှီအခိုကြီးနေရတဲ့ အခြေအနေမရောက်စေချင် မြန်မာနိုင်ငံရဲ့  ပြုပြင်ပြောင်းလဲမှုတွေအတွက် နိုင်ငံရပ်ခြား အထောက်အပံ့တွေ အများကြီး လိုအပ်နေတယ်ဆိုပေမယ့် အိမ်နီးချင်း ကမ္ဘောဒီးယား နိုင်ငံ မှာလို နိုင်ငံရပ်ခြား အမှီခိုလွန်နေတဲ့အခြေအနေမျိုး မဖြစ်အောင်သတိပြုသင့်တယ်လို့ "

သစ်ထူးလွင် သတင်းစုစည်းမှု (၂၇-၁၁)

သစ်ထူးလွင်



တရားဥပဒေ စိုးမိုးခြင်း လုံးဝမရှိသော နိုင်ငံ (၁)

Aung Hein November 23, 2013 at 5:20pm
သမ္မတလက်ထဲသို့အရောက်ပေးပိုးပြီးဖြစ်ပါသည်။
(က) နိဒါန်း
        
      အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ (၂ဝ၁၃ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၂၃ ။) ၁၃၇၅ ခုနှစ်၊ ဝါခေါင်လဆန်း ၁ ရက် (၂ဝ၁၃ ခုနှစ်၊ သြဂုတ်လ ၇ ရက်) ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်း လိုက်သည်။

စီးပွားရေးနှင့် လူမှုပြောင်းလဲမှုအတွက် အခြေခံမူဘောင်

Framework for Economic and Social Reforms (Burmese & English Version) by Thet Aung Lynn

Tuesday, November 26, 2013

စာရေးဆရာကျော်ဝင်းနှင့် တွေ့ဆုံခြင်း

November 26, 2013 at 10:03am
ဉာဏ်လှိုင်လင်း၊ အေးမြင့်စန်း

နိုင်ငံရေးအရ ပြင်ချင်တဲ့ဆန္ဒရှိရင် အခြေခံဥပဒေပြင်ဆင်ရေးက အလွန်လွယ်ပါတယ်

ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး ပထမ ငါးနှစ်သက်တမ်း၏ သုံးပုံနှစ်ပုံသို့ ရောက်ချိန်တွင် ပြည်တွင်းငြိမ်းချမ်းရေး အရှိန်တင်ကြိုးပမ်းလာခြင်းနှင့်အတူ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး ဦးတည်လှုပ် ရှားမှုများလည်း ပေါ်ပေါက်လာသည်။

တစ်ချိန်တည်းတွင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော်သမ္မတ၊ လွှတ်တော်၊ တပ်မတော်တို့နှင့် အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ တွေ့ဆုံမှု ပြုလုပ်လို သည်ဟု ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ကျနော်နဲ့ ခရီးကြမ်းလမ်း (၂)

Min Kyaw Khine
မွန်ပြည်သစ်ရဲ့ ဗိုလ်မှုးဆိုသူက ကျနော်တို့ တယောက်ချင်းစီရဲ့မျက်နှာတွေကို သူ့လက်နှိပ်ဓါတ်မီးနဲ့ထိုးကြည့်ရင်း ကျနော့်ဘေးမှာထိုင်နေတဲ့ ရဲလွင်ရဲ့မျက်နှာကိုလဲ မြင်လိုက်ရော ဟာ..ဆရာပါလား၊ ဆရာ ကျနော့ကိုမမှတ်မိဘူးလား..ကျနော်ထွန်းအောင်လေ ဆရာ.. ဆိုပြီး အံ့သြောဝမ်းသာသွားတဲ့အသံကြားလိုက်ရတယ်၊

"Social Exclusion"

-အခြောက်၊ နပုံးပဏ္တုပ်၊ ယောကျာ်းရှာ ဘယ်လိုခေါ်ခေါ်...ဒီအုပ်စုဟာလူ့ အဖွဲ့ အစည်းမှာ အပယ်ခံအုပ်စု (marginalized group) ပဲ...။ လူမှုရေးဝိုင်းကျဉ်ခြင်း ကို ဘ၀ပေးအကုသိုလ်အရ ကမ္ဘာ့ဘယ်နေရာ မှဖြစ်ဖြစ် ဒီ အုပ်စုဟာ ခံရစမြဲပဲ..။

- ကနေ့ ခေတ်ရဲ့ ဆေးသိပ္ပံအလိုအရ...သူတို့ အတွက် ဒီဘ၀ဟာ ဇီဝကမ္မသဘောအရ ရွေးခြယ်ခွင့် မရှိပဲ ရွေးခြယ်ခံလိုက်ရတဲ့ ကံပစ်ချရာပဲ...

-ဒီအုပ်စုကို ကိုင်တွယ်ရာမှာ လူမှုရေးမျတမှု (social justice) နဲ့ သာမက ပြည်သူ့  ကျန်းမာရေးစောင့်ရှောက်မှု (public health) အနေနဲ့ ရော စဉ်းစားရမှာပဲ။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၆-၁၁)

သစ်ထူးလွင်



ကျနော်နဲ့ ခရီးကြမ်းလမ်း (၁)

ကျနော်တို့ ရန်ကုန်ကနေ ထိုင်းနိုင်ငံနယ်စပ်ကိုထွက်ခဲ့ကြတာ ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့မှာ စစ်တပ်ကအာဏာသိမ်းပြီး နောက် ၄ ရက်အကြာ စက်တင်ဘာလ ၂၂ ရက်နေ့ပါ၊ ကျနော်အပါအဝင် ရန်ကုန်တက္ကသိုလ် ဒသနိကဌာနက ကျူတာ ရဲလွင်၊ နောက် မောင်တူး၊ တခြားဌာနတွေက ကျူတာ ၄ ယောက်အပါအဝင် ပေါင်း ၇ ယောက်၊

((( Save လုပ်ပြီး သိမ်းထားရမဲ့ စာအုပ်အစုံပါတဲ့ Links )))


စာအုပ် ၀ါသနာအိုးတွေ အတွက် .. အရမ်းကို တန်ဖိုးရှိတဲ့ Link တွေပါ။ FB ပေါ်က တွေ့လို့ သိမ်းထားဖြစ် တာပါ။ မူရင်း share တဲ့သူကို မမှတ်မိတော့ဘူး။ စာဖတ်ဝါသနာပါတဲ့သူတွေ သဘောကျမယ် လို့ထင် ပါတယ်။ မာတိကာ သို့မဟုတ် ရှာဖွေရန် (အပေါ်ပိုင်း တွင် အမျိုးအစားလိုက်ရှာနိုင်ပြီး အောက်ပိုင်းတွင် အမည်အတိုင်း ကမှ အ အထိ ရှာနိုင်ပါသည်။)

ထောက်ခံသူတွေရဲ့ အသိတရားရေချိန်

Propaganda techniques တွေဟာ သိပ်ကြောက်စရာကောင်းတယ်။ ဟစ်တလာ ဂျူးးတွေကို လူမျိုးတုန်းသတ်တာ လူတိုင်းသိတယ် မုန်းကြတယ်။ အကြောင်းရင်းက ဟစ်တလာလုပ်ရပ်ကို မဟာမိတ်တွေက တကမ္ဘာလုံးသိစေတယ်။ ရုရှားက စတာလင် ရုရှားမျိုး ၂၄ သန်းကို သတ်တာ အဲဒီအချိန်က ရုရှားတွေ စတာလင်ကို မမုန်းခဲ့ဘူး။

အန်ကယ် ဦးထွေးမြင့် ကောင်းရာသုဂတိ လားပါစေ

Poe Poe Thu's photo.

  • အန်ကယ် ဦးထွေးမြင့်ဟာ ၈၈ အရေးတော်ပုံကြီး မတိုင်ခင် ဒီမိုကရေစီလှုပ်ရှားမှုတွေမှာပါဝင်ခဲ့ သူဖြစ်လို့ ကြိုးဒဏ် သေဒဏ် (၂)ကြိမ်ကျခံရပြီး လွတ်ငြိမ်းချမ်းသာခွင့်ရရှိခဲ့ ပါတယ်။ ဒေါ်အောင် ဆန်းစုကြည် မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုထဲ ပါဝင်လာနိုင်အောင် ထဲထဲဝင်ဝင် အဓိက ပံ့ပိုးပေးခဲ့သူ တစ်ဦးဖြစ်ပါတယ်။ 
     
    ၁၉၈၈ ၈၈ အရေးတော်ပုံကြီး ကာလမှာ ထွေးမြင့် အောင်ဆန်းစုကြည်ဆိုပြီး သူတို့လက်မှတ်နှစ်ခုနဲ့ မြန်မာ့နိုင်ငံရေးသမားများသို့ တိုက်တွန်းချက်ဆိုးတဲ့ ပူးတွဲကြေငြာချက် ထုတ်ပြန်ဖူးပါတယ်။ ဒါဟာ ဒေါ်အောင်ဆန်းစုကြည် မြန်မာဒီမိုကရေစီလောကထဲ တရားဝင် ဝင်ရောက်ခဲ့တဲ့ ပထမဦးဆုံး ထုတ်ပြန် ကြေငြာချက်ဖြစ်ပါတယ်။ အန်ကယ် ဦးထွေးမြင့်ဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့လုပ်ဖော်ကိုင်ဘက် ဦးကျော်ငြိမ်းရဲ့ ယောက်ဖ တော်စပ်သူဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထူထောင်သူတွေထဲ အန်ကယ် ဦးထွေးမြင့် ပါဝင်ခဲ့ပါတယ်။ နောက်တော့ ဦးသုဝေ ဦးဆောင်တဲ့ ဒီမိုကရေစီပါတီမှာ ဒု ဥက္ကဌအဖြစ် တာဝန်ယူခဲ့ဖူးပါတယ်။ ၈၈ နောက်ပိုင်းလည်း ထောင်နှစ်ရှည်လများ ကျခံရသူဖြစ်ပါ တယ်။ ထောင်ကလွတ်ပြီး နောက်ပိုင်းကာလတွေမှာ ဝါရင့် နိုင်ငံရေးသမားကြီးများအဖွဲ့မှာ ပါဝင်ခဲ့ပါတယ်။ သူဟာ မြန်မာ့ဒီမိုကရေစီလှုပ်ရှားသူတွေထဲက စိတ်ဓါတ်ကြံ့ခိုင်သူ စစ်အုပ်စုနဲ့ အပေးမယူမလုပ်သူတွေထဲ ပါဝင်ပါတယ်။ ဘီဘီစီ သတင်းသမားဖြစ်ဖူးတယ်။ ပြည်ပြေးဖြစ်ဖူးတယ်။ စစ်အစိုးရရဲ့ အကျဉ်းသား ဒီမိုကရေစီ ဘက်တော်သား တစ်ဦးဖြစ်ပါတယ်။ အန်ကယ် ဦးထွေးမြင့် ကွယ်လွန်တာ ကျနော် အထူး ယူကြုံးမရ ဝမ်းနည်းကြေကွဲရပါတယ်။ 
    အန်ကယ် ဦးထွေးမြင့် ကောင်းရာသုဂတိ လားပါစေ။

    Credit Zaw Win

“အငိုလွယ်သည်”

November 23, 2013 at 11:18pm
          ငြိမ်းချမ်းရေးဆွေးနွေးတယ်ဆိုတာ ကာယကံရှင် နှစ်ဦးနှစ်ဘက်ကြားက၀င်ပြီး “သည်းခံလိုက်ပါ သူကြီးရာ။ သည်းခံလိုက်ပါ သူဌေးကတော်။” ဖြန်ဖြေစေ့စပ်ပေးရုံနဲ့ မရသလို ရွာဦးကဆရာတော် ကျောင်းခေါ်၍ ကြိမ်ဆော်ပြီး နင်တော်နင်တန် ပန်းကန်ကွဲ လက်ဘက်တစ်ရိုး ကွမ်းတစ်ရိုးနဲ့ ကျေအေးပလိုက်လို့လည်း မရပြန်ပါဘူး။ ကြားထဲမှာ အကြောင်းအပေါင်းတွေက အများကြီး ရှိသေးတာကိုး။ ထည့်တွက်ငဲ့ကွက်ဖို့ လိုလာတဲ့အထဲမှာ ထိပ်ဆုံးကပြေးနေတာကတော့ Geo-politics လို့ခေါ်တဲ့ ပထ၀ီနိုင်ငံရေးကြီးပါပဲ။ တိုင်းရင်းသားချင်းအတူတူ၊ ခံစားချက်ရှိခဲ့တာချင်းလည်းအတူတူ၊ ရခိုင်တွေဆီမှာ လက်နက်ကိုင် သည်လောက်မရှိပဲ၊ ရှမ်းတွေ၊ ကချင်တွေ၊ ကရင်တွေ၊ ကယားတွေဆီမှာ လက်နက်ကိုင်တပ်ဖွဲ့တွေ ရှိနေရခြင်းအကြောင်းဟာ အဲသည် ပထ၀ီကြောမလွတ်တဲ့ ပယောဂက ထိပ်ဆုံးကပါပါတယ်။ တဘက်နိုင်ငံက အားပေးအားမြှောက်ပြုနေတယ်လို့ မဆိုလိုပါဘူး။

Monday, November 25, 2013

ပါမောက္ခ ဒေါက်တာအောင်ထွန်းသက် ရဲ့ EQ နဲ့ ပတ်သတ်တဲ့ အမြင်


 ၁၉၉၇ ခုနှစ်မှာ ကျွန်တော် နယူးယောက်မြို့ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ကို တာဝန်အရ ပြောင်းရွှေ့ခဲ့ပါတယ်။ ဌာနချုပ်မှာ တာဝန်ယူရပြီး အခုလိုဆင်းရဲလှတဲ့နိုင်ငံမှာ တာဝန်ထမ်းဖို့ သဘောတူခဲ့တာကို တချို့တွေက အံ့သြနေကြတယ်။

"ရင်းလေ.. ချာလေ.." ဆိုတဲ့ အရင်းအချာတွေနဲ့ကြီးစိုးနေတဲ့တိုင်းပြည်။




  • မောင်ထွန်းလွင်(မိုးလေ၀သ)
    ၂၄-၁၁-၂၀၁၃ ရက်။

    သမိုင်းဆိုတာ တန်ဖိုးကြီးလှတာကို ဒီကနေ့ခေတ်ကာလမှာ ပိုပိုသိလာကြရတယ်။ ဘာပြုလို့လည်းဆိုတော့ သမိုင်းမ၀င်နိုင်တဲ့သူတွေက သမိုင်းဝင်နှိုင်တဲ့သူတွေရဲ့ သမိုင်းတွေကို ဖျက်ဆီးလာကြတောတွေတွေ့လာကြရလို့ပါဘဲ။
    မြန်မာနိုင်ငံသမိုင်းပညာရှင်တွေထဲမှာတော့ သမိုင်းပါမောက္ခ ဆရာကြီးဒေါက်တာသန်းထွန်းဟာ သမိုင်းအတွင်ဆုံးပါဘဲ။
    သမိုင်းဆရာကြီးရဲ့ သမိုင်းတွင်ခဲ့တဲ့ အဆိုအမိန့်စကားတွေထဲမှာ ကျွန်တော်ကြားဖူးတာလေး အချို့ရှိပါတယ်။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၅-၁၁)

သစ်ထူးလွင်



၂ ၅ နှ စ် အ ချိ န်ေ တွ .... ။


သမိုင်း မှာ
လူပင်လယ်လှိုင်းတံပိုးထ
တိုင်းပြည်မှာ ပေါက်ကွဲသံတွေနဲ့
တော်လှန်ကြတဲ့ အချိန် ...

Sunday, November 24, 2013

ဒေါ်အောင်ဆန်းစုကြည်အတွက် စာတစ်စောင် - မသီတာ (စမ်းချောင်း )

ဒေါ်အောင်ဆန်းစုကြည်အတွက် စာတစ်စောင် - မသီတာ(စမ်းချောင်း )
--------------------------------------------------------------------------

စာအုပ်ကောင်း တစ်အုပ်ပါ။


ကျွန်တော်တို့ဖတ်သင့်သောစာအုပ်များအနက်

ဤစာအုပ်လည်းအပါအ၀င်ဖြစ်ကြောင်းယူဆမိပါသည်။

စာဖတ်ပျင်းသူများအနေဖြင့်အခြားစာအုပ်များမဖတ်ချင်နေပါ

သည်စာအုပ်လေးကိုတော့ဖြင့် ဖတ်ကြည့်ပါရန်တိုက်တွန်းလိုပါသည်။



ကျေးဇူးတင်စွာဖြင့်
Admin
မြန်မာ စာအုပ်များ

http://hngetngaimrokhimisistory.blogspot.com/2013/11/blog-post_6313.html 
စာအုပ်ကောင်း တစ်အုပ်ပါ။
ကျွန်တော်တို့ဖတ်သင့်သောစာအုပ်များအနက်
ဤစာအုပ်လည်းအပါအ၀င်ဖြစ်ကြောင်းယူဆမိပါသည်။
စာဖတ်ပျင်းသူများအနေဖြင့်အခြားစာအုပ်များမဖတ်ချင်နေပါ
သည်စာအုပ်လေးကိုတော့ဖြင့် ဖတ်ကြည့်ပါရန် တိုက်တွန်းလိုပါသည်။

ကျေးဇူးတင်စွာဖြင့်
Admin
မြန်မာ စာအုပ်များ

http://hngetngaimrokhimisistory.blogspot.com/2013/11/blog-post_6313.html

တပ်မတော်ရဲ့  ဖခင်ကြီး ဗိုလ်ချူပ်အောင်ဆန်း ပြောကြားခဲ့သော တပ်မတော်ဆိုသည်မှာ

တပ်မတော်ရဲ့  ဖခင်ကြီး ဗိုလ်ချူပ်အောင်ဆန်း ပြောကြားခဲ့သော တပ်မတော်ဆိုသည်မှာ
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

စစ်ဝန်ကြီးရုံးတော်

နေ့ စွဲ။ ၂၉-၁၂-၁၉၄၄။

အချိန်။ ၃၊ ၃၀ နာရီ။

ကျွန်ုပ်တို့ တပ်မတော်သည် မည်ကဲ့သို့ တပ်မတော်ဖြစ်သည်ဆိုသည်ကို တိုင်းသူပြည်သားအများအား သေချာစွာ သိရှိနားလည်စေရန် အောက်ပါအချက်များကို ကျွန်ုပ်တို့ ထုတ်ပြန်လိုက်ရပေကြောင်း။

ကျွန်ုပ်တို့ တပ်မတော်အား ကျွန်ုပ်တို့ သည် အောက်ပါ ညွန်ကြားချက်အမိန့်များကို ရှင်းလင်းပြတ်သားစွာ အစကနဦးကပင် ထုတ်ပြန်ထားပြီးဖြစ်ကြောင်းကို ညွန်ကြားချက်ထဲမှ ကျွန်ုပ်တို့ သည် အောက်ပါအချက်များကို အများပြည်သူတို့  သိရှိရန် ဖေါ်ပြလိုက်ပေကြောင်း။

ငါတို့ တပ်မတော်သည် ပြည်သူများမှ ဖြစ်ပေါ်လာ၍ ပြည်သူများ၏ လွတ်လပ်ရေးနှင့် ပြည်သူများ၏ အကျိုးစီးပွားကို စောင့်ရှောက်ကာကွယ်ရန် ဖြစ်သည်။ ထို့ ကြောင့် ငါတို့  တပ်မတော်သည် ပြည်သူ့ တပ်မတော် ဖြစ်သည်။ ပြည်သူများနှင့် ကွဲပြားနေ၍ ပြည်သူများ၏အကျိုးကို ကာကွယ်ရင်း မရှိသော တပ်မတော်မျိုးမဟုတ်၊ ပြည်သူ့ တပ်မတော်သည် ပြည်သူများတွင် အခြေခံ၍ ပြည်သူများနှင့် အဆက်ဖြတ်ကာ ကွဲပြားခြားနားခြင်း မရှိ၊ အမြဲဆက်စပ်နေ၍ ပြည်သူများနှင့် တသားတည်းရှိသည်၊ ပြည်သူ့ တပ်မတော်သည် ပြည်သူတို့ ၏ လက်ရုံးလက်သီး ပြည်သူများ၏ ဓါးသွား ဖြစ်စေရမည်။ ထို လက်ရုံး၊လက်သီး၊ ဓါးသွားသည် ပြည်သူများ၏ ရန်သူကို တွန်းလှန်ရန် ဖြစ်သည်။ ထိုလက်ရုံး၊ လက်သီး၊ ဓါးသွားသည် ပြည်သူများ၏အကျိုးကို ကာကွယ်ရန် ဖြစ်သည်။

ထို့ ကြောင့် ပြည်သူ့ တပ်မတော်သားများဖြစ်ကြသော ရဲဘော်တို့ ပြည်သူ့ တပ်မတော်သားပီပီ အောက်ပါအချက်များကို ကျင့်ကြံရမည်။

(၁)။ ပြည်သူပြည်သားအပေါင်းတို့ အား အရာရှိ၊ အရာမဲ့ ၊ လူကြီး လူငယ်၊ ယောင်္ကျား မိန်းမ လူမျိုးဘာသာမရွေး ဆက်ဆံတတ်ပါစေ၊ ဖေါ်ရွေကြပါ၊ ယဉ်ကျေးကြပါ၊ ကိုယ့်အမှား မရှိပါစေနှင့်၊ တရားမျှတကြပါ၊ ကြင်နာကြပါ၊ လေးစားကြပါ။

(၂)။ ကိုယ်နှင့်မဆိုင်တဲ့  အခြားသူ၏ အလုပ်ကို အနှောင့်အယှက် မပြုပါနှင့်၊ သို့ သော် ကိုယ့်ဝတ္တရားအချိန်တွင် မည်သူမဆို ကူညီနိုင်သမျှ ကူညီပါ၊ ကူညီရာတွင် တရားနည်းလမ်းကျပါစေ။

(၃)။ ဗမာမဟုတ်သော နိုင်ငံတွင်းရှိ လူမျိုးစုများကို ငါတို့ တပ်တွင်၎င်း၊ ပြင်ပသော်၎င်း၊ ဆွေမျိုးရင်းချာကဲ့ သို့  သဘောထားပါ၊ ၄င်းတို့ အလေ့အထ ဘာသာအတိုင်း ကိုးကွယ်ခြင်း၊ ပြောဆိုခြင်း၊ ၀တ်စားနေထိုင်ခြင်း အစရှိသည်တို့ ကို မကဲ့ ရဲ့ ပါနှင့်၊ မနောက်ပြောင်ပါနှင့်၊ မနှောင့်ယှက်ပါနှင့်၊ ၄င်းတို့ မခံချင်မည့် အပြောအဆို အသုံးအနှုံးကို ရှောင်ကျဉ်ပါ၊ ၄င်းတို့ ကို ကူညီနိုင်လျင် ကူညီပါ။

(က) အရက်မူး မရမ်းကားရ၊

(ခ) မိန်းမများကို ကျူးလွန်စော်ကားခြင်း မပြုရ။

(ဂ) လုယက် မခိုးဝှက်ရ။

(ဃ) တည်းခိုသောအိမ်ယာများတွင် ခွင့်တောင်းပြီးမှ ၀င်ရမည်။ နေထိုင်စဉ်အခါ ညစ်ညစ်ညမ်းညမ်း မနေထိုင်ပဲ သန့် သန့် ရှင်းရှင်း နေထိုင်ရမည်။ အိမ်မှ ထွက်ခွာသောအခါတွင်လည်း အပျက်အစီးများရှိက မိမိကြောင့်ဖြစ်လျင် အစားထိုးပေးခြင်း၊ လျော်ကြေးပေးခြင်း ပြုရမည်။

(င) တန်ရာတန်ဘိုးမပေးပဲ မ၀ယ်ပါနှင့်။

(စ) ချေးငှားထားသောအရာကို ဆက်ဆက်ပြန်ပေးပါရန် မမေ့ပါနှင့်။

(ဆ) အထက်အမိန့် မရပဲ ပစ္စည်းအတင်းမသိမ်းပါနှင့်၊ အထက်အမိန့် အရ သိမ်းရစေကာမူ မဖွယ်မရာ မယဉ်မကျေးမပြုပါနှင့်၊ အများမခံနိုင်အောင် မလုပ်ပါနှင့်။

(ဇ) လူမျိုးအချင်းချင်း၎င်း၊ ကိုးကွယ်သည့် ဘာသာရေးနှင့် ပါတ်သက်၍၄င်း၊ သွေးကွဲသည့် အလုပ်၊ မုန်းတီးစေမည့်အလုပ်ကို မလုပ်ပါနှင့်။

အထက်ပါအတိုင်း ကျွန်ုပ်တို့ သည် ကျွန်ုပ်တို့ တပ်မတော်အား စည်းကမ်းများ ပြုလုပ်ပညပ်ထားပြီဖြစ်ကြောင်း၊ သို့ သော်လည်း တချို့ တချို့ သော တပ်မတော်သားများသည်၎င်း၊ တပ်မတော်သားများ အယောင်ဆောင်ကြသော အရပ်သားများသည်၎င်း၊ ကျွန်ုပ်တို့ ရည်ရွယ်ချက်ဝါဒ စည်းမျဉ်းနှင့် ဆန့် ကျင်၍ ပြုလုပ်နေကြပုံကို ကျွန်ုပ်တို့  ရံဖန်ရံခါ ကြားသိရပေကြောင်း။ ထိုကဲ့ သို့ အမှူကိစ္စမျိုးကို ကြားသိရသော ပြည်သူအပေါင်းတို့ သည် ကျွန်ုပ်တို့ အား သိရှိသည်နှင့် တပြိုင်နက် လာရောက်အကြောင်းကြား တိုင်ကြားစေလိုကြောင်း။

ကျွန်ုပ်တို့ တပ်မတော်သည် အဓမ္မနှိပ်စက်ခြင်း၊ သွေးစုပ်ခြင်းအတွက် မည်သည့်အခါမျှ ရည်ရွယ်ခြင်းမရှိ၊ ထိုကဲ့သို့ ကျွန်ုပ်တို့ ရည်ရွယ်ချက်နှင့် ဆန့် ကျင်သော မည်သူကိုမဆို ကျွန်ုပ်တို့ အား လာရောက်တိုင်ကြားက ကျွန်ုပ်တို့  အရေးယူနိုင်သူမှန်သမျှကို ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း။

ကျွန်ုပ်တို့ အတိအလင်း ကြေညာလိုသည်မှာ ကျွန်ုပ်တို့ တပ်မတော်သည် တိုင်းပြည်လွတ်လပ်ရေးနှင့် ထိုတိုင်းပြည်လွတ်လပ်ရေးကို ခိုင်ခိုင်မာမာ ဒင်ပြည့် တည်တံ့စေအောင် ဆောင်ရွက်ရန်ဖြစ်သော မျိုးချစ်တပ်မတော် ဖြစ်သည်။ ကျွန်ုပ်တို့ သည် ကျွန်ုပ်တို့ တိုင်းပြည်နှင့် လူမျိုး လွတ်လပ်ရေးကို ရွှေဒင်္ဂါး အစရှိသော ကိုယ်ရေးသက်သာမှူကလေးများအတွက် မည်သည့်အခါမဆို မည်သည့်နည်းနှင့်မျှ လဲယူမည် မဟုတ်ကြောင်း။

ကျွန်ုပ်တို့ သည် ဤနိုင်ငံ၊ ဤလူမျိုးများ လုံးဝလွတ်လပ်ရေးအတွက် အဆုံးထိ တိုက်ခိုက်သွားမည်ဖြစ်ကြောင်း။ တိုင်းသူပြည်သားများအား တိတိလင်းလင်း ကြေညာလိုက်ပေကြောင်း။

အောင်ဆန်း
စစ်ဝန်ကြီးနှင့်စစ်သေနာပတိ

ဗမာ့လက်နက်ကိုင်စစ်တပ်များ
ဗမာနိုင်ငံတော်
ရန်ကုန်နေပြည်တော်။


စစ်ဝန်ကြီးရုံးတော်
နေ့ စွဲ။ ၂၉-၁၂-၁၉၄၄။
အချိန်။ ၃၊ ၃၀ နာရီ။

ကျွန်ုပ်တို့ တပ်မတော်သည် မည်ကဲ့သို့ တပ်မတော်ဖြစ်သည်ဆိုသည်ကို တိုင်းသူပြည်သားအများအား သေချာစွာ သိရှိနားလည်စေရန် အောက်ပါအချက်များကို ကျွန်ုပ်တို့ ထုတ်ပြန်လိုက်ရပေကြောင်း။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၄-၁၁)

သစ်ထူးလွင်



ရဲဘော်မင်းဇော်ဦး (သို့မဟုတ်) နဂါး။

နှင်းဆီရောင်တော်လှန်ရေးရုပ်ပုံလွှာ။
နေ့က၂၀၀၆ခုနှစ်။ဖေဖော်ဝါရီလ(၁)ရက်နေ့။

တချိန်ကတက်ကြွလန်းဆန်းခဲ့သော တော်လှန်ရေး ဖြတ်သန်းမှုများကို တစိမ့်စိမ့်စဉ်းစားရင်း အတွေးတွေက တစုံလုံး တော်လှန်ရေး နယ်မြေတခုတည်းမှာ အတူတကွနာခံဖြတ်သန်း ခဲ့ကြသည့် ရဲဘော်တွေအကြောင်း စဉ်းစားနေမိ သည်။

၂၀၀၂ခုနှစ်တွင် ABSDF အဖွဲ့အစည်း ညီလာခံ ကျင်းပပြီး တာဝန်တွေခွဲဝေ ယူကြသည်။ ထိုညီလာခံ ကျင်းပနေချိန် အတောအတွင်း အဖွဲ့အစည်းတွင် မည်သည့် တာဝန် ယူထားသည့် ရဲဘော်ဖြစ်ပါစေ ညီလာခံ ရွေးကောက်ပွဲကာလတွင်ထိုတာဝန်များရပ်ဆိုင်းထားရသည်။

"အဖိုနဲ့ အမ"

ပြည်တွင်းငြိမ်းချမ်းရေးပြဿနာ၊ ဘင်္ဂလီပြဿနာနဲ့ ပြည်မက ကုလား-ဗမာ အဓိကရုဏ်းတို့ ရဲ့ တကယ့် ရင်းမြစ်ကို (Gender Issue) လိင်ခွဲခြားမှုရှုထောင့်က ချဉ်းကပ်နိုင်ဖို့ အများကြီးလိုတယ်ထင်မိတယ်...။ ပဋ္ဋိပက္ခတစ်ခုဟာ (Gender Violence) လိင်အကြမ်းဖက်မှု ကို မကိုင်တွယ်သရွေ့ တရားမျှတမှု (justice) ကိုမဖေါ်ဆောင်နိုင်သလို ကြာရှည်တည်တံ့တဲ့ငြိမ်းချမ်းရေးဆိုတာ(lasting peace) အမျိုးသမီးထုရဲ့ ပူပေါင်းပါဝင်မှု မရဘဲမဖြစ်နိုင်ဘူး။ စစ်ပွဲတိုင်း ပဋ္ဋိပက္ခတိုင်းမှာ အမျိုးသမီးထုဟာ တိုက်ရိုက်ရော၊ သွယ်ဝိုက်ရော မလွတ်တမ်း...ထိခိုက်ခံစားရလေ့ရှိလို့ ပဲ...။ လူမှုရေးမျှတမှု (social justice) ဆိုတာ ဒီကမ္ဘာမှာ ဘာသာတရားတွေ ပေါ်ပေါက်လာကတည်းက အမျိုးသမီးတွေ ထောင် စုနှစ်နဲ့ ချီ ခံစားလာခဲ့ရတဲ့ နာလွန်းလို့ ပျောက်သွားတဲ့ အသံပဲ (diminished voice)။

ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်၏ "Good Corporate Governance" ခေါင်းစဉ်ဖြင့် ဟောပြောပို့ချချက်

နိုင်ငံတော်သမ္မတ၏ စီးပွားရေး အကြံပေး ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်၏ "Good Corporate Governance" ခေါင်းစဉ်ဖြင့် ဟောပြောပို့ချချက်ဖြစ်ပါတယ်။

ပုံလေးကို အရင်ကြည့်ပါ။ စိတ်ဝင်စားလို့ နားထောင်ချင်သပဆိုရင် အသံဖိုင်လေး ယူထားပါ။

အသံဖိုင် http://sdrv.ms/1cauILl
နိုင်ငံတော်သမ္မတ၏ စီးပွားရေး အကြံပေး ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်၏ "Good Corporate Governance" ခေါင်းစဉ်ဖြင့် ဟောပြောပို့ချချက်ဖြစ်ပါတယ်။
ပုံလေးကို အရင်ကြည့်ပါ။ စိတ်ဝင်စားလို့ နားထောင်ချင်သပဆိုရင် အသံဖိုင်လေး ယူထားပါ။

အသံဖိုင် http://sdrv.ms/1cauILl

Saturday, November 23, 2013

သစ်ထူးလွင် သတင်းစုစည်းမှု (၂၃-၁၁)

သစ်ထူးလွင်



Bo K Nyein မှတ်စု ....

ဒီကနေ့ အဲလ်ဂျာဇီးယား က Stream Program မှာ အီဂျစ် အကြောင်း
ဆွေးနွေးကြတော့ ပညာတစ်ခု..ရလိုက်တယ်

အီဂျစ်တပ်မတော် က Muslim Brotherhood ဘယ်လို လှုပ်ရှားသလဲ
ဆိုတာကို (သိ) သွားပြီတဲ့

Muslim Brotherhood ကဖိနှိပ်မှုအောက်မှာ အသက်ရှင်အောင်နေပြီး
အခွင့်ရတော့ သူတို့ပဲ ရှိတော့တာမို့…
ရွေးကောက်ပွဲလည်း လုပ်ရော….သူတို့ပဲ Institution အနေနဲ့ ကျန်တော့တယ်….

ပိုက်ဆံအကုန်ခံပြီးတော့ကို ကြေငြာတာ ခင်ဗျ!!!


လူကြီးမင်းများ စိတ်မဝင်စားကြဘူးလား ခင်ဗျာ။ ခင်များတို့ မလုပ်နိုင်တဲ့ အလုပ်ကို သူလုပ်ပါမယ်တဲ့။ ပိုက်ဆံအကုန်ခံပြီးတော့ကို ကြေငြာတာနော်။ တကယ်ပဲ သူဟာ လုပ်နိုင်စွမ်းရှိတဲ့ ပညာရှင် တစ်ယောက်ဖြစ်ခဲ့မယ် ဆိုရင် ...... ကျုပ်တို့ မဆုံးရှူံးပါရစေနဲ့။

“ငြင်းခုန်မှုအလှ”

-လွှတ်တော် ဒီဘိတ်များ ကျင်းပသည်ဟု သတင်းအချို့ တွင် ဖတ်ရသဖြင့် တယ်ဟုတ်ပါလားဟု အားကျမိ၏။ အခြားတဖက်တွင်လည်း မြန်မာ့ပညာရေးတွင် ဤအလေ့အကျင့်မျိုးပျောက်ကွယ်နေသည်မှာ ၀မ်းနည်းစရာထက်ပို၍ အန္တရာယ်ရှိနေသော အခြေအနေအဖြစ်ရှုမြင်မိ၏။ အမှန်တော့ debate ဟူသည် “စကားရည်လုပွဲ” ဟူသော မြန်မာစကားအဓိပ္ပါယ်ထက်ပို၏။ ကမ္ဘာ့အဆင့်မြင့်ပညာရေးစံနစ်တွင် ဒီဘိတ်သည် ပင်မ သင်ကြားရေးနည်းဖြစ်၏။ ငါ့စကားနွားရ ပြောဆိုခြင်းနှင့် ငြင်းခုန်မှုကွာခြားသည်ကိုမူ အရွယ်ရောက်သူတိုင်းသိပြီးပင်။

Friday, November 22, 2013

နှလုံးသားဒိုင်ယာရီ (၁၇)

Win Ko November 22, 2013 at 5:02am

      ဘ၀တွင် ၀မ်းအကျင့်၊နှုတ်အကျင့် ကိုဖျောက်ရန်ခက်ခဲသည်ဟုဆိုရမည်။ တော်လှန်ရေးနယ်မြေ ကျင်လည်နေထိုင်စဉ်ကာလ ထမင်းကိုသာအားပြုစားသောက်တတ်ကြသည်။ နံနက်(၄)နာရီထိုးသည် နှင့် အိပ်ယာမှထကာ ချက်ပြုပ်ကြပြီး (၆)နာရီထိုးသည်နှင့်နံနက်စာကိုစားသောက်တတ်ကြသည်။
Related Posts Plugin for WordPress, Blogger...