Tuesday, December 31, 2013
ကြောင်ဆိုး
.................
ကြောင်ဆိုး
................
နားရွက်ထောင်ထောင်
ဟိုအကောင် ငရွှေကြာင်ပေါ့၊
သူ့ပေါင်ခြံထဲ သူ ခေါင်းဝှက်၊
တစ်ချက် တစ်ချက်မှာ
ကြမ်းလျှလျှ လျှာဖျား၊
ကန့်လန့် အနေအထားနဲ့
~ အမြီးကိုလည်း လျှက်၊ ပေါင်ကိုလည်း လျှက်တယ်။
ကျုပ်လည်းလေ .... သိလား...။
သံဝေဂတရားတွေထဲ 
မြုပ်နေအောင် ခေါင်းကိုဝှက်၊
တစ်ချက် တစ်ချက်
ငါ ရှိလား မရှိလား 
ငါ သိလား မသိလား
ငါ ငြိလား မငြိလား
ဓမ္မဂီတ ရွှေရင်ကို ထိလား မထိလား ဆိုတာ
"မိ" သွားမှပဲ ကြည့်ကြတော့။
အခုအခါမယ် 
မိုး - ဘယ်နှစ်ကြိမ် ချိုးခဲ့ဖူးလဲ ငါ မေ့။
နှင်း - ဘယ်နှစ်ခါ စိုခဲ့ဖူးလဲ ငါ မေ့။
လမ်း - ဘယ်နှစ်ခါ မှားခဲ့ဖူးလဲ ငါ မေ့။
စမ်းရေထဲ မျော၊ ကိုယ့်ကိုယ်ကိုယ် မတွေ့ရဲလို့
 တမင်ရှောင်ကွေ့၊ ပျော်မွေ့နေလိုက်တာ...။
"ကိုယ့်ကိုယ်ကိုယ် လူလို့ မြင်နေသရွေ့
သင် တရားမတွေ့သေးဘူး ငါ့ရှင်" ... တဲ့။ 
သူ ပြောမှ ဗြုန်းခနဲ 
ဘုရားတ'လို့ လန့်နိုး၊
ကြောင်ဆိုးကြီး အဖြစ်နဲ့ ငါ။
သင်္ဃန်းတစ်ဖက်၊ ထွန်တစ်ဖက်နဲ့၊
လောကထဲ အရသာခံ၊
ပလပ် ပလပ်၊ တပျပ်ပျပ် လျက်ရင်း
ကျုပ် ခေါင်းကို ဝှက်၊ အအိပ်မက်နေလိုက်တာများ၊
အိုကွယ်.... 
~ မိုးကိုလည်း ရှက်၊ မြေကိုလည်း ရှက်လိုက်တာ။
...........................
:Be in the moment. 
With My Beloved Ma, @[1793601535:2048:Lin Lin Latt]
Dec 26th 2013
နားရွက်ထောင်ထောင်
ဟိုအကောင် ငရွှေကြာင်ပေါ့၊
သူ့ပေါင်ခြံထဲ သူ ခေါင်းဝှက်၊
တစ်ချက် တစ်ချက်မှာ
ကြမ်းလျှလျှ လျှာဖျား၊
ကန့်လန့် အနေအထားနဲ့
~ အမြီးကိုလည်း လျှက်၊ ပေါင်ကိုလည်း လျှက်တယ်။
ကျုပ်လည်းလေ .... သိလား...။
သံဝေဂတရားတွေထဲ
မြုပ်နေအောင် ခေါင်းကိုဝှက်၊
တစ်ချက် တစ်ချက်
ငါ ရှိလား မရှိလား
ငါ သိလား မသိလား
ငါ ငြိလား မငြိလား
ဓမ္မဂီတ ရွှေရင်ကို ထိလား မထိလား ဆိုတာ
"မိ" သွားမှပဲ ကြည့်ကြတော့။
အခုအခါမယ်
မိုး - ဘယ်နှစ်ကြိမ် ချိုးခဲ့ဖူးလဲ ငါ မေ့။
နှင်း - ဘယ်နှစ်ခါ စိုခဲ့ဖူးလဲ ငါ မေ့။
လမ်း - ဘယ်နှစ်ခါ မှားခဲ့ဖူးလဲ ငါ မေ့။
စမ်းရေထဲ မျော၊ ကိုယ့်ကိုယ်ကိုယ် မတွေ့ရဲလို့
တမင်ရှောင်ကွေ့၊ ပျော်မွေ့နေလိုက်တာ...။
"ကိုယ့်ကိုယ်ကိုယ် လူလို့ မြင်နေသရွေ့
သင် တရားမတွေ့သေးဘူး ငါ့ရှင်" ... တဲ့။
သူ ပြောမှ ဗြုန်းခနဲ
ဘုရားတ'လို့ လန့်နိုး၊
ကြောင်ဆိုးကြီး အဖြစ်နဲ့ ငါ။
သင်္ဃန်းတစ်ဖက်၊ ထွန်တစ်ဖက်နဲ့၊
လောကထဲ အရသာခံ၊
ပလပ် ပလပ်၊ တပျပ်ပျပ် လျက်ရင်း
ကျုပ် ခေါင်းကို ဝှက်၊ အအိပ်မက်နေလိုက်တာများ၊
အိုကွယ်....
~ မိုးကိုလည်း ရှက်၊ မြေကိုလည်း ရှက်လိုက်တာ။
...........................
:Be in the moment.
With My Beloved Ma, Lin Lin Latt
Dec 26th 2013
(၂၇) ကြိမ်မြောက် SEA Games ရဲ့နောက်ကွယ်မှာ
Saturday, 21 December 2013 05:27
Written by  နဒီရဲရင့်
နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်နေတဲ့ မြန်မာနိုင်ငံဟာ (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို ထည်ထည်ဝါဝါ ဖွင့်လှစ် နိုင်ခဲ့တဲ့အတွက် နိုင်ငံတကာရဲ့ ချီးကျူး ထောမနာပြုခြင်းကို ခံခဲ့ရပါတယ်။
နှလုံးသားဒိုင်ယာရီ (၁၉)
December 24, 2013 at 4:02am
၂၈-၂-၂၀၀၂
ဘ၀၏အတိတ်ဆိုးများ တည်ရှိခဲ့ရာ “အေးရွာ” ဟုဆိုရမည်။ ကျနော့ကိုမွေးဖွါးခဲ့သည်မှာ အေးရွာ ဖြစ်ခဲ့သလို ဘ၀ဒါဏ်ရာဒါဏ်ချက်တို့ကလဲ အေးရွာ၌ပင် အစပြုခဲ့ရသည်။ လူ့ဘ၀ထဲသို့ မုန်တိုင်း ကြမ်းကြမ်းနှင့်ဝင်ရောက်ခဲ့ရသည့်ကျနော်၊ မာတာမိခင်က ကျနော့ကိုမွေးပြီးသည်နှင့် မရဏမင်း၏ခေါ် ဆောင်ရာသို့ ကောက်ကောက်ပါအောင်လိုက်သွားခဲ့ရသည်။
သစ်ထူးလွင် သတင်းစုစည်းမှု (၃၀-၁၂)
သစ်ထူးလွင်
Monday, December 30, 2013
ကျွန်တော် သိပ်ကြိုက်တဲ့ စာစုလေးပါ ....
 ကျေးငှက်သံလေးတွေ စိုးစီစိုးစီနဲ့ အရုဏ်ဦးက စတင်အသက်ဝင်လာခဲ့ပြီ။ ငါ့မျက်လုံးကို ဖြည်းညင်းစွာ ဖွင့်ဟလို့ မျက်နှာကြက်ကို မော့ကြည့်မိတယ်၊ ဩော် .... ဒီနေ့ ငါ့မွေးနေ့ပဲလေ (ဇွန်လ ၁၉ ၇က်) .... ငါ ဘာလုပ်ရင် ကောင်းမလဲ၊ ငါ့ ဘေးနားမှာ ငါ့ကို ချစ်တဲ့ ငါ့ ဖေဖေ မရှိတော့တာလည်း ကြာပါပြီ၊
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးနှင့် ကျွန်တော့်ဘဝ တစ်စိတ်တစ်ဒေသ - ဒဿမပိုင်း
Htun Aung Gyaw December 26, 2013 at 6:32pm
ဒီအေဘီ စင်ပြိုင်အစိုးရဖွဲ့ရန် အကြံ
ဒီအေဘီ အစည်းအဝေးပြီးနောက် ၁၉၈၈ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ဒီအေဘီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့အား သဘာပတိ တည်းခိုရာစခန်းတွင် ကျင်းပရာ ကျွန်တော် အပါအဝင် ဒီအေဘီ ဥက္ကဋ္ဌကြီးများနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ပြီး ဒီမိုကရေစီရရှိရန်အတွက် စင်ပြိုင်အစိုးရတစ်ရပ် ဖွဲ့စည်းတည်ထောင်ခြင်းသည်သာ တစ်ခုတည်းသောနည်းလမ်းအဖြစ် သဘောတူခဲ့ကြပါသည်။
ထို့အတူ ယခင်က အဆက်အသွယ် မလုပ်ခဲ့သော ဗမာပြည်ကွန်မြူနစ်ပါတီအား ကြေးနန်းဖြင့် ပထမအဆင့်အနေဖြင့် ဆက်သွယ်၍သော်လည်းကောင်း လိုအပ်ပါက လူလွှတ်၍သော်လည်းကောင်း ဆက်သွယ်ရန် သဘောတူခဲ့ကြပါသည်။
သစ်ထူးလွင် သတင်းစုစည်းမှု (၂၉-၁၂)
သစ်ထူးလွင်
Sunday, December 29, 2013
မြန်မာမိန်းကလေးများနင့် တရုတ်နိုင်ငံ၏လိုအပ်ချက်
Htun Aung Gyaw December 21, 2013 at 1:55am
စက်တင်ဘာလ ၅ ရက်နေ့ထုတ် ယူကေမှ Telegraph (တယ်လီဂရပ်) အွန်လိုင်းသတင်းစာက “မြန်မာ မိန်းကလေးများအား တရုတ်သတို့သမီးများအဖြစ် အတင်းအကြပ်စေခိုင်းခံရခြင်း” (Burma’s women forced to be Chinese Brides) အမည်နှင့် သတင်းဆောင်းပါးတစ်ပုဒ်ကို ရွှေလီမြို့မှနေ၍ ဒေးဗစ်အီမာ (David Eimer) ဆိုသူ ရေးသားလိုက်သည့် သတင်းကို ဖတ်ရှုလိုက်ရပါသည်။
အမေရိကန်ရွေးကောက်ပွဲ ရံပုံငွေကဏ္ဍများ မိတ်ဆက်
Ye Min Tun December 26, 2013 at 2:04pm
အမေရိကန်ပြည်ထောင်စုက နိုင်ငံရေးသမားတွေနှင့် နိုင်ငံရေးပါတီရံပုံငွေ ဘယ်ကရှာသလဲ ဘယ်လိုစီမံခန့်ခွဲပြီး ဘယ်လိုစနစ်တွေနှင့် ဘယ်သူတွေက စီစစ်သလဲ။ ဘယ်လိုဥပဒေတွေရှိပြီး ဘယ်လိုထိန်းချုပ် ကန့်သတ်ထားပုံကို  ကျနော် စာတွေ့နှင့်အတူ ခြောက်လကြာ ကျနော်ပါဝင်ကူညီခဲ့သော ရွေးကောက်ပွဲ အောင်နိုင်ရေးလှုပ်ရှားမှု အတွေ့ကြုံများနှင့် ပေါင်းစပ်ပြီး တင်ပြပါမယ်။ ကျနော့်တင်ပြမှုက အလုံးစုံပြည့်စုံမည်ဟု မယူဆသော်လည်း အဓိက အခြေခံအကြောင်းရာများ နှင့် အချက်လက်များ အတွက် စိတ်ချနိုင်ပြီး။  အဝေးက လေ့လာလိုသူများ အထောက်ကူပြုစေရန် မျော်လင့်ပါတယ်။ အမေရိကန်စနစ်ဖြင့် အလှမ်းဝေးသူများပါ ရှင်းလင်းသိရှိရန် ကြိုးစားရတာ ဖြစ်လို့ အပိုင်းသုံးပိုင်းခွဲပြီး တင်ပြပေးသွားပါမယ်။
သစ်ထူးလွင် သတင်းစုစည်းမှု (၂၈-၁၂)
သစ်ထူးလွင်
Saturday, December 28, 2013
လွတ်လပ်ရေးအကြိုကာလ အောင်ဆန်းအက်တလီ စာချုပ်၏ အနှစ်သာရ
လွတ်လပ်ရေးအကြိုကာလ အောင်ဆန်းအက်တလီ စာချုပ်၏ အနှစ်သာရ
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
(Written by - နီငြိမ်း)
၁၉၄၈ ခုနှစ်တွင် မြန်မာတစ်နိုင်ငံလုံး လွတ်လပ်ရေးရခဲ့သည်မှာ နု-အက်တလီ စာချုပ်ကြောင့်ဟု လူသိများသည်။ သမိုင်းကို စစ်စစ်ပေါက်ပေါက် လေ့လာလျှင် လွတ်လပ်ရေးရခြင်းသည် အောင်ဆန်းအက်တလီစာချုပ်အပေါ်၌ အခြေခံသည်။ မြန်မာနိုင်ငံအနေဖြင့် ဗြိတိသျှစနစ် ဓနသဟာယအတွင်း နေသည်ဖြစ်စေ၊ မနေသည်ဖြစ်စေ ဆောလျင်စွာ လွတ်လပ်ရေးရဖို့ ဗိုလ်ချုပ်က မျှော်မှန်းသည်။ ဗိုလ်ချုပ်တို့ သဘောတူညီချက်များ အပြည့်အစုံမှာမရပါ။ ယခုရှာဖွေရသည်ကို ဂျာနယ်မှ တင်ပြလိုက်ပါသည်။ ခေါင်းစီးအလိုက်ဖော်ပြပါမည်။
တိုင်းပြုပြည်ပြုလွှတ်တော်
၁၉၃၅ ခု အက်ဥပဒေအရ ဥပဒေပြုအဖွဲ့အစား တိုင်းပြုပြည်ပြုလွှတ်တော်တစ်ခု လွှတ်တော်တစ်ရပ်ကို ရွေးကောက်တင်မြှောက်ဖို့လိုသည်။
ဧပြီလအတွင်း လူမျိုးသီးခြားမထားသောအစု၊ ကရင်အမျိုးသားအစု၊ အင်္ဂလိပ်၊ မြန်မာ ကပြားအစုတို့အတွက် ရွေးကောက်ပွဲကျင်းပမည်။ ထိုအစုအဖွဲ့တိုင်းက ကိုယ်စားလှယ်နှစ်ဦးစီ လွှတ်ရမည်။
ခေတ်ပြောင်းချိန်က အရေးကြီး
၁၉၃၅ ခုတွင် ဖြစ်ပေါ်လာသော အက်ဥပဒေပါ အထူးအာဏာများနှင့် ၄၅း၃ ယာယီစီမံချက် ဥပဒေများ ပေါင်းစပ်ကာ ဘုရင်ခံကာင်စီတွင် အမိန့်များထုတ်ပြန် ဆာင်ရွက်ကြမည်။
အထူးဆောင်ရွက်ရန်လိုသည်ဟူသော ထင်မြင်ချက်များရှိလျှင် အစိုးရက ကျယ်ကျယ်ပြန့်ပြန့်စဉ်းစားမည်။
ကြားဖြတ်အစိုးရအဖွဲ့
ကြားဖြတ်အစိုးရအဖွဲ့အတွင်း ၁၉၄၅ ခုနှစ် အက်ဥပဒေပါပြဋ္ဌာန်းချက်များအတိုင်း ဥပဒေပြုကောင်စီရှိမည်။ ထိုကောင်စီအတွက် ၅၁ ဦးမှ ၁၀၀ အထိ ပါဝင်ရန် လျာထားသည်။
တိုင်းပြုပြည်ပြုလွှတ်တော်အတွက် ရွေးကောက်ခြင်းများ ပြီးဆုံးသည်နှင့် ဘုရင်ခံသည် ဦးရေ ၁၀၀ ပါ ဥပဒေပြုကောင်စီကို ခန့်အပ်မည်။ ထိုကောင်စီတွင် တိုင်းရင်းသားမဟုတ်သူ လူနည်းစု ကိုယ်စားလှယ်များလည်း ပါဝင်ရမည်။ ထိုကိုယ်စားလှယ်များကို တိုင်းပြုပြည်ပြု လွှတ်တော်ကရွေးချယ်ရန်။
ကြားဖြတ်အစိုးရအဖွဲ့ ဆောင်ရွက်ရန်များ
ဘုရင်ခံ၏ အာဏာကိုပြောင်းလဲပစ်ရန် မဖြစ်နိုင်သော်လည်း ကြားဖြတ်အစိုးရသည် အိန္ဒိယတွင် လုပ်သလိုလုပ်မည်။
ဒိုနိုမီနီယမ် အစိုးရကို ဘုရင်ခံက တိုင်ပင်ဖွဲ့စည်းရပါမည်။ နိုင်ငံအုပ်ချုပ်ရေးတွင် အမှုဆောင်ကောင်စီက အစိုးရအကြီးအကဲကို လွတ်လွတ်လပ်လပ်ရွေးချယ်ပေးရမည်။
ကာကွယ်ရေး၊ နိုင်ငံခြားရေးကိစ္စရပ်များကို အမှုဆောင်ကောင်စီအစိုးရက တင်သွင်းရမည်။
ထိုကိစ္စများ ဆောင်ရွက်ရန် ဘုရင်ခံက ကာကွယ်ရေးနှင့် နိုင်ငံခြားရေးဝန်ကြီးများကို တာဝန်လွှဲမည်။ အမှုဆောင်ကောင်စီအစိုးရသည် စီမံကိန်းနှင့်အုပ်ချုပ်မှုကိစ္စရပ်များကို ကင်းလွတ်ခွင့်ရမည်။
ကုလသမဂ္ဂ၀င်ခွင့်
နိုင်ငံခြားရေးကိစ္စရပ်များ ဆောင်ရွက်ရန် လန်ဒန်တွင် မဟာမင်းကြီးတစ်ဦး ခန့်ထားရမည်။ မြန်မာနိုင်ငံ ကုလသမဂ္ဂ၀င်ဖြစ်ရေး အချိန်အခါအရ ဘုရင့်အစိုးရက ထောက်ခံချက်ပေးမည်။ ဤနေရာ၌ UN အတွင်းရေးမှူးချုပ်ကိုလည်း တိုင်ပင်ရမည်။
အခြားသော နိုင်ငံတကာအဖွဲ့အစည်းများအတွင်းသို့ မြန်မာဝင်လိုလျှင် ခွင့်ပြုချက်ရရေး ဘုရင့်အစိုးရအဖွဲ့ထံ ချဉ်းကပ်လုပ်ဆောင်မည်။
ကာကွယ်ရေး
(က) မြန်မာနိုင်ငံ၌ထားသည့် စစ်သည်များသည် အင်္ဂလိပ်အစိုးရ အုပ်ချုပ်မှုအောက်၌ ရှိသည်။
(ခ) မြန်မာစစ်သည်အားလုံး မြန်မာအစိုးရအုပ်ချုပ်မှုအောက်၌ ရှိသည်။
(ဂ) လက်နက်ကိုင်အဖွဲ့များ၏ အကြီးအကဲသည် ဘုရင်ခံနှင့်မြန်မာအစိုးရ လက်အောက်ခံဖြစ်ရမည်။
(ဃ) မဟာမိတ်အချင်းချင်း စစ်ဘက်လုပ်ငန်းများ မပြီးသေး၍ လက်နက်ကိုင်အားလုံး၊ အရှေ့တောင်အာရှတပ်မှူးအောက်၌ ရှိနေလိမ့်မည်။
(င) နှစ်ဖက်အစိုးရတို့က ကာကွယ်ရေးအတွက် ကူညီရန်တာဝန်ရှိသည်။
(စ) အုပ်ချုပ်ရေးအသစ်ထူထောင်ပြီးလျှင် ဗြိတိသျှ စစ်တပ်များအတွက် ထားရေး၊ မထားရေး ဗြိတိန်အစိုးရနှင့် မြန်မာအစိုးရညှိနှိုင်းလုပ်ဆောင်မည်။
နယ်ခြားကိစ္စရပ်များ
နှစ်ဖက်အစိုးရ သဘောတူပြီး ဖြစ်သည့်အတိုင်း တောင်တန်း မြေပြန့်အကျိုးရှိအောင် ပူးတွဲလုပ်ကိုင်မည်။
ပြည်နယ် ပြည်မ လွတ်လပ်စွာကူးသန်းခွင့်ရှိသည်။
မကြာမီ ကျင်းပမည့် ပင်လုံညီလာခံ ခေါင်းဆောင်များထံ နယ်ခြားအုပ်ချုပ်ရေးအတွက် အမှုဆောင်ဝန်ကြီးတစ်ဦးစီခန့်ထားရေးလုပ်ဆောင်မည်။
ပင်လုံကွန်ဖရင့်ပြီးလျှင် ဗြိတိသျှအစိုးရ နှင့် မြန်မာအစိုးရတို့အကြား တောင်တန်းသားများဆိုင်ရာ သဘောတူညီချက်ယူမည်။
နယ်ခြားဒေသများနှင့် ပေါင်းစည်းရန် စုံစမ်းရေးကော်မရှင်ထူထောင်မည်။ ထိုကော်မရှင်တွင် ပြည်နယ်၊ ပြည်မကိုယ်စားလှယ်များ အချိုးကျပါဝင်မည်။
ဥက္ကဋ္ဌမှာ မြန်မာပြည်ပြင်ပမှ ကြားနေပုဂ္ဂိုလ်ဖြစ်ရမည်။
ဘဏ္ဍာရေးသဘောတူညီချက်
မြန်မာနိုင်ငံတော်က ကိုယ်ပိုင်ဘဏ္ဍာရေး အုပ်ချုပ်ခွင့်ရှိသည်ကို ဗြိတိသျှအစိုးရက သဘောတူသည်။
နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့နှင့် ကမ္ဘာ့ဘဏ် World Bank တွင် မြန်မာအဖွဲ့ဝင်ဖြစ်ရေး ဗြိတိသျှအစိုးရက တာဝန်ယူခဲ့ပြီး ဖြစ်၏။
၄၅ ခု အောက်တိုဘာလမှ ၄၆ ခု စက်တင်ဘာလအထိ အတိုးလွတ်ငွေဒင်္ဂါး နှစ်သန်းရခဲ့ပြီး ၄၆ ခု အောက်တိုဘာမှ ၄၇ ခု စက်တင်ဘာအထိ ၇၅ သန်း ရရန်သဘောတူညီချက်ရသည်။
ဗြိတိသျှအစိုးရက ပရောဂျက်စီမံကိန်း ဘတ်ဂျက်ကို အချုပ်အချယ်ကန့်သတ်မှု မပြုသတ်မှတ် ချေးငွေရရန် ဗြိတိသျှတို့က စုံစမ်းပေးမည်။
တစ်ဦးအပေါ်တစ်ဦးက တာဝန်မထားဘဲ ဘဏ္ဍာရေးကို ထပ်မံတွဲဖက်စစ်ဆေးကြရန်။
အခြားလုပ်ငန်းအချို့
ဗြိတိသျှအစိုးရနှင့် မြန်မာအလုပ်အမှုဆောင်အစိုးရတို့သည် ယခုနည်းအတိုင်းရိုင်းပင်းခြင်း၊ တိုင်ပင်ခြင်းကို ဓနသဟာယ သို့ ၀င်သည်ဖြစ်စေ၊ မ၀င်သည်ဖြစ်စေ တိုးတက်အောင်ပြုလုပ်ရမည်။ မြန်မာနိုင်ငံ အုပ်ချုပ်ရေးအသစ်မစမီ အနာဂတ်တွင်ဖြစ်ပေါ်မည့် ကိစ္စရပ်တိုင်းကို တစ်ဦးနှင့်တစ်ဦး ရိုင်းပင်းကူညီရန်တို့ ပါရှိသည်။
(ပုံ) စီအာအက်တလီ
၂၀ ဒေါင်းနင်းလမ်း
၁၉၄၇ ခု ဇန်န၀ါရီ ၂၇ ရက်
(ပုံ) အောင်ဆန်း
မြန်မာအဖွဲ့ခေါင်းဆောင်
ဗမာပြည်
၂၇-၁-၁၉၄၇
ဤအောင်ဆန်းအက်တလီစာချုပ်ကြီး ကိုဦးစောနှင့် သခင်ဗစိန်တို့က သဘောမတူသဖြင့် Note of dissent by ဦးစော U Saw and Tha khin Ba Sein ဟူသော အင်္ဂလိပ်လို ထည့်ရေးခဲ့သည်။ အောင်ဆန်းအက်တလီ စာချုပ်ရေးရာတွင်အပါးတော်မြဲ၊ ဗိုလ်ထွန်းလှက အချိန်ပြည့် လိုက်လံဆောင်ရွက်ပေးသည်။ ထို့နောက် ဗိုလ်ချုပ်တို့အားလုံး ၃၁-၁-၁၉၄၇ ရက်တွင် လန်ဒန်မှ မြန်မာနိုင်ငံသို့ ပြန်ရောက်ခဲ့ကြောင်း စုဆောင်းပါရှိသည့် သတင်းဟောင်းများကို တင်ပြအပ်ပါသည်။
ကျမ်းကိုး
- ဗိုလ်ချုပ်နှင့်မောင့်ဗက်တန် (ကိုဝမ်း)
- မြန်မာ့သမိုင်းပုံရိပ်များ (လာဘ်မိုးဆွေ ဦးသန့်)
- မြန်မာ့စွယ်စုံကျမ်းကောက်နုတ်ချက်
((၀ဲမှယာ) မစ္စတာ အက်တလီ၊ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးစော (မျက်မှန်)၊ ဦးတင်ထွဋ်)
https://www.facebook.com/ElevenMediaGroup
(Written by - နီငြိမ်း)
၁၉၄၈ ခုနှစ်တွင် မြန်မာတစ်နိုင်ငံလုံး လွတ်လပ်ရေးရခဲ့သည်မှာ နု-အက်တလီ စာချုပ်ကြောင့်ဟု လူသိများသည်။ သမိုင်းကို စစ်စစ်ပေါက်ပေါက် လေ့လာလျှင် လွတ်လပ်ရေးရခြင်း သည် အောင်ဆန်းအက်တလီစာချုပ် အပေါ်၌ အခြေခံသည်။ မြန်မာနိုင်ငံအနေဖြင့် ဗြိတိသျှစနစ် ဓနသဟာယအတွင်း နေသည်ဖြစ်စေ၊ မနေသည်ဖြစ်စေ ဆောလျင်စွာ လွတ်လပ်ရေးရဖို့ ဗိုလ်ချုပ်က မျှော်မှန်းသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးနှင့် ကျွန်တော့်ဘဝ တစ်စိတ်တစ်ဒေသ - နဝမပိုင်း
Htun Aung Gyaw December 19, 2013 at 5:19am
ကေအင်န်ယူနယ်စပ်ရေးရာတာဝန်ခံ ဗိုလ်မှူးစိုးစိုးထံ အကူအညီသွားတောင်းသည့်အခါကြမှသာ ရည်ရည်လည်လည် သဘောပေါက်သွားသည့်အပြင် စိတ်မကောင်း ကြီးစွာလည်း ဖြစ်ရသည်။ ဗိုလ်မှူးစိုးစိုးအား စခန်းအသီးသီးသို့ သွားရောက်ရန် ကားစီစဉ်ပေးပါဟု အကူအညီတောင်းသောအခါသူက “ခင်ဗျားတို့က ဟိုးအပေါ်ကို ရောက်နေတယ်၊
သစ်ထူးလွင် သတင်းစုစည်းမှု (၂၇-၁၂)
သစ်ထူးလွင်
Friday, December 27, 2013
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးနှင့် ကျွန်တော့်ဘဝ တစ်စိတ်တစ်ဒေသ - အဋ္ဌမပိုင်း
Htun Aung Gyaw December 12, 2013 at 4:50am
“ပြည်လုံးဆိုင်ရာ စစ်အစိုးရဆန့်ကျင်ရေး ညီလာခံ”ကြီးသို့ ကိုယ်စားလှယ်များအဖြစ် ပြည်တွင်းမှ GSC (General Srtike Committee) အထွေထွေသပိတ်ကော်မတီမှ ကျောင်းဆရာမြင့်လှိုင်နှင့် ဂျီအက်စ်စီဥက္ကဋ္ဌ ဆေးကျောင်းသား ကိုဇော်ထွန်းတို့လည်း တက်ရောက်ကြသည်။
ဆရာကြီးတွေ နေတဲ့နိုင်ငံ
ခက်တော့လည်း အခက်သား
လူတိုင်းနီးပါးက
တစ်ထွာလုပ်ပြီးရင် တစ်တောင်ပြချင်နေတဲ့ခေတ်။
ဒီမိုကရေစီဆိုတာ ဘာလဲ (ဗိုလ်ချုပ်အောင်ဆန်း)
Zaw Win's photo.
Photo: ဒီမိုကရေစီဆိုတာ ဘာလဲ (ဗိုလ်ချုပ်အောင်ဆန်း)
လူတွေက တိုင်းသူပြည် သားတွေက “အစိုးရ”အာဏာအပ်လိုက်တုန်းက ကျုပ်တို့အတွက်ကောင်းအောင်လုပ်ပေးပါဆိုပြီး အာဏာအပ်လိုက်တာဘဲ။ ဒါပေမယ့် ကျုပ်တို့ကို ခင်ဗျားတို့ အုပ်စိုးတဲ့လူတွေအတွက် နှိပ်ကွပ်အုပ်ချုပ်ပါဆိုတဲ့အချက်သာ ဖြစ်နေတာဘဲ။
    လူတွေက တင်မြှောက်ပြီး လူတွေရဲ့အကျိုးကို လုပ်တဲ့ လူတွေရဲ့အစိုးရသာလျှင် ဒီမိုကရေစီ ဖြစ်နိုင်မယ်။ အခြားဟာတွေဒီမိုကရေစီ အစစ် မဖြစ်နိုင်ဘူး။ အတုတွေ သာဖြစ်တယ်။
အဲဒီလို စံနစ်မျိုးနဲ့သမ္မတ အစိုးရမျိုးမှသာ ကျုပ်တို့ တိုင်းသူပြည်သားတွေကို အကျိုးထိရောက်စွာ ဆောင်ရွက်ပေးနိုင်မှာဘဲ။ ဒီမိုကရေစီ တိုင်း ဒီမိုကရေစီတာမဟုတ်ဘူး။ ဒီမိုကရေစီ ခေတ်စားလာတဲ့အခါမို့ ရောယောင်ပြီးသံဖမ်းပြောကြတာတွေလဲ အများကြီးဘဲ။
ဒါဖြင့် ဒီမိုကရေစီဆိုတာ ဘာလဲ? လူလူချင်း၊ လူတန်းစား အချင်းချင်း။ လူမျိုးအချင်းချင်း အစရှိသည်အားဖြင့် အခွင့်အရေးတန်းတူ ကျပ်ပြည့်မရှိသမျှ ကာလပတ်လုံး ဒီမိုကရေစီကျပ်ပြည့် တင်းပြည့် မဟုတ်သေးဘူး။
အခု ဒီမိုကရေစီ ခေါ်နေတဲ့ တိုင်းပြည်တွေ အများဟာ တကယ့်ဒီမိုကရေစီ မဟုတ်သေးဘူး။ ငါးမူး၊ သုံးမူး၊ တပဲ လောက်ဘဲ ဒီမိုကရေစီ တွေဖြစ်ကြသေးတယ်။
    အဲဒီ ဒီမိုကရေစီတွေဟာ အရင်းစစ်လိုက်တော့ အရင်းရှင်ခေါ်တဲ့ပစ္စည်းရှင် အရင်းရှင်တွေ စီးပွားရေးခြယ်လှယ်တဲ့ စနစ်အခြေခံတဲ့ ဒီမိုကရေစီတွေ ဖြစ်တယ်။ တနည်းအားဖြင့် အရင်းရှင်တွေရဲ့ အာဏာရှင် စနစ်အုပ်ချုပ်ရေး၊ ဒီမိုကရေစီဆိုတဲ့ ဗန်းပြပြီး ထားတဲ့ အုပ်ချုပ်ရေးဘဲ။
ဗမာပြည် လွတ်လပ်ရေးရတဲ့အခါ တိုင်းသူပြည်သားတွေသာလျှင် အဓိက လိုလားပြီး တိုင်းပြည်တည်ထောင်ချင်တယ်ဆိုယင် ဒီမိုကရေစီ စနစ်ရမှ ဖြစ်နိုင်မယ်။ ဒီမိုကရေစီ အရင်းခံဘဲ။ ဆိုရှယ်လစ်ဝါဒ ကွန်မြူနစ်ဝါဒဆိုတာတွေဟာ စင်စစ်တော့ ဒီကနေ ဖြာထွက်သွားတာဘဲ။ ဘယ်ဟာမှ ဒီမိုကရေစီ မစစ်သေးဘူး။ နိုင်ငံရေးတွင်မက စီးပွားရေးပါ ပါမှ ဒီမိုကရေစီစစ်နိုင်မယ်လို့ ဒီမိုကရေစီ သဘောတရားတွေကို လိုက်ရှာပြီး လုပ်နေကြခြင်းသာဖြစ်တယ်။
ဒီတော့ ဒီမိုကရေစီ ဆိုတာ ဘယ်လို အင်္ဂါမျိုးနဲ့ ညီညွတ်ရမလဲ။ အဲဒီလို ကျပ်ပြည့်တင်းပြည့် ဒီမိုကရေစီမျိုးကို ကျုပ်တို့ ဘယ်လိုတည် ဆောက်ရမလဲ။ ချက်ချင်း ဖြစ်မလား။ ဘယ်လောက်ကြာမလဲ။ ဘယ်နည်းအကောင်းဆုံးလဲ ဆိုတာတွေကို အခု ကျုပ်တို့ တိုင်းပြည် တည် ထောင်ရမဲ့အခါ အထူးစဉ်းစားရမဲ့အချက်တွေဘဲ။
နိုင်ငံရေးဟာ စီးပွားရေး အခြေခံပေါ်မှာ တည်တယ်။ နိုင်ငံရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွေကလည်း စီးပွားရေးသဘောတရားတွေ နှင့်ကင်းလို့ မဖြစ်နိုင်ဘူး။ အရင်းရှင် ဒီမိုကရေစီသမား သက်သက် မျက်စိနဲ့ကြည့်ပြောယင်တော့ ဒါမမှန်ဘူးလို့ ပြောရမှာဘဲ။ ဒါပေမဲ့ ကမ္ဘာအရပ်ရပ်မှာ ရှိတဲ့ နိုင်ငံအသီးသီး ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေတွေကို အတွင်းကျကျလေ့လာယင် စီးပွားရေးသဘောတရားတွေ မူတည်ပြီး လုပ်ကြတယ်ဆိုတာ တွေ့ရလိမ့်မယ်။
    အရင်းရှင်ဒီမိုကရေစီသမားတွေအဖို့ ဆိုယင် အရင်းရှင်စနစ်သာလျှင် စီးပွားရေးစနစ်မှန်ဖြစ်တယ်။ ဒီ စံနစ်သာလျှင်တည်တံ့ရမယ်။ အဲဒီစနစ်ဟာ အမြဲတမ်းတည်တံ့သလိုလို ယူဆပြီး အလုပ်လုပ်ကြတယ်။ အမှန်မတော့ ဘယ်နိုင်ငံရေး၊ စီးပွားရေးစနစ်မှာမှ အမြဲတည်တံ့တာမရှိဘူး။ သူ့အချိန် သူ့အခြေအနေလိုက်ဖြစ်လာကြတာဘဲ။
ဒီတော့ ကျွန်တော်တို့ ဗမာပြည်အဖို့မှာ အရင်းရှင်စံနစ်ထက်တောင်အောက်ကျနောက်ကျဖြစ်နေတဲ့ ကျွန်ဘ၀က လှမ်းတက်ရမယ်ဆို တော့ အလယ်အလတ်အဆင့်မှာရှိတဲ့ ဒီအရင်းရှင်စံနစ်ကို ကျော်မသွားနိုင်သေးပေမဲ့ အဲဒီစနစ်တွင်သာမလုပ်နိုင်ဘဲ ဒီစံနစ်ကို အမြန်ဆုံး ကျော်သွားနိုင်မဲ့ စီးပွားရေးသဘောတရားတွေကို အခြေခံထားပြီး တိုင်းပြည်တည်မှသာလျှင် တကယ့်ဒီမိုကရေစီနိုင်ငံကို ရောက်အောင် သွားနိုင်လိမ့်မယ်။
    တကယ့်ဒီမိုကရေစီဆိုတာ နိုင်ငံရေးသဘောတရားအရ ပြည်သူတွေရဲ့အကျိုးအတွက် ပြည်သူတွေက တင်မြှောက်တဲ့ ပြည်သူတွေရဲ့အစိုးရဖြစ်ရုံနဲ့မပြီးသေးဘူး။
    အဲဒီအစိုးရဟာ ပြည်သူတွေရဲ့ လက်ငင်းစီးပွားရေးအဆင့်အတန်းကို အခွင့်အရေးတန်းတူရနိုင်တဲ့အခြေအထိ မြှင့် တင်နိုင်အောင်ဆောင်ရွက်ပေးမှ တကယ့် ဒီမိုကရေစီ အထိတက်လှမ်းနိုင်မယ်။
ဒါဖြင့် အဲဒီလိုဒီမိုကရေစီ အဆင့်အတန်းရောက်အောင် ဘယ်လို အခြေခံတွေ ချရမလဲ။
    ၁။ အရေးကြီးတဲ့ စက်မှုလက်မှု ပစ္စည်းလုပ်ငန်းတွေကို အစိုးရသိမ်းနိုင်ရမယ်။ သို့မဟုတ် သိမ်းနိုင်အောင် အခြေခံပျိုးထားရမယ်။
    ၂။ အလုပ်သမားတွေရဲ့ နေရေး၊ ထိုင်ရေး၊ စားရေး၊ သောက်ရေး၊ ကျန်းမာရေး၊ စည်းရုံးရေး၊ အိုနာစာအရေးအစရှိသဖြင့် အခွင့်အရေးတွေ ရှိရမယ်။
    ၃။ လယ်လုပ်တဲ့ လူတွေရဲ့ လက်ထဲ လယ်ရောက်အောင် စီစဉ် နိုင်ရမယ်။လယ်အမြောက်အမြားကို တသီးပုဂ္ဂလ ပိုင်ဆိုင်တဲ့စံနစ်ကို ပယ်ဖျက်နိုင်ရမယ်။
    ၄။ လူမျိုးအသီးသီးဟာလဲ သူတို့ရထိုက်တဲ့အခွင့်အရေးတွေ ရအောင်စီစဉ်ထားရမယ်။
    ၅။ တိုင်းသူပြည်သားတွေသာလျှင် အာဏာပိုင်အစစ်ဖြစ်တယ်ဆိုတဲ့ သဘောတရားကို ခိုင်ခိုင်မာမာဖြစ်အောင် စီစဉ်တတ်ရမယ်။
    ၆။ လူမျိုးဘာသာ လိင်မရွေးတိုင်းပြည်ကြီးသားတိုင်း ရသင့်ရထိုက်တဲ့အခွင့်အရေးတွေ ပါရမယ်။
    ၇။ တိုင်းပြည်ကာကွယ်ရေးဟာ ပြည်သူ့အစိုးရတာဝန်ဖြစ်တယ်။ အခုကျွန်ဘ၀မှာလို ရှေးကလို အပျော်ထမ်း ရဲအဖွဲ့ အစရှိတဲ့အခု ပြည်သူ့ရဲဘော်တပ်ဖွဲ့ဆိုတဲ့ အဖွဲ့မျိုးတွေကို တသီးတခြား တည်ထောင်ရတဲ့ အခြေအနေမျိုး မရှိစေရဘူး။
    ၈။ တိုင်းပြည်ဥပဒေတရားရုံး စံနစ်ဟာလဲ ပြည်သူတွေရဲ့အကျိုး ရှေ့ ရှုမဲ့ ပြည်သူ့တရားရုံးစနစ်မျိုး ဖြစ်ရမယ်။
အဲဒီလို အချက်တွေ ပါမှသာလျှင် တကယ့်ဒီမိုကရေစီ အခြေခံတွေ ချ ရာရောက်မယ်။ ဒါမှသာလျှင် သူ့အချိန်အခါ ရောက်တဲ့အခါ ဒီမိုကရေစီဆိုတဲ့အဆောက်အအုံကြီးကို မားမားမတ်မတ်တည်ဆောက်နိုင်မယ်။
ဒီအချက်တွေကို ထပ်ပြီး ကျွန်တော်ရှင်းပြပါဦးမယ်။
ပဌမ အချက်သဘောကတော့ ကုန်ပစ္စည်း လုပ်နည်း (Means of Production) များတွင် အချက်အချာ ဖြစ်တဲ့ သစ်တော၊ သတ္တု အစရှိတဲ့ မြေပေါ်ပစ္စည်း မြေတွင်းပ စ္စည်းများ၊ ရေတွင်း ရေပေါ် သက်ဆိုင်ရာများ၊ သဘာဝအား၊ လျှပ်စစ်အား၊ မီးရထား၊ လေကြောင်းသွားလာရေး၊ စာပို့တိုက်၊ သံကြိုးစကားပြောကြေးနန်း၊ အသံလွှင့်ရုံတို့ဟာ တိုင်းပြည်ရဲ့ကိုယ်စား အစိုးရပိုင်ဖြစ်ရလိမ့်မယ်။ တ ခြား ပစ္စည်းလုပ်ငန်းတွေကိုလဲ တတ်နိုင်သမျှ ပြည်သူ့သမ၀ါယမအသင်းများက ပိုင်ဆိုင်အောင်ကြိုးစားရလိမ့် မယ်။ အစိုးရသိမ်းသမျှ ပစ္စည်းလုပ်ငန်းများကို အစိုးရ ကိုယ်တိုင် လုပ်နိုင်ယင် လုပ်၊ မလုပ်နိုင်သေးယင် အခြားလူ တွေကို ငှားရမ်းတဲ့သဘောသာ ဖြစ်ရလိမ့်မယ်။ နိုင်ငံခြားကူးသန်းရောင်းဝယ်ရေး ကိစ္စဆိုယင် အစိုးရ အုပ်ချုပ်နိုင်အောင်စီစဉ်ရမယ်။ ဒီဟာတွေကို ဘာပြုလို့ အခြေခံချရမလဲဆိုယင် ပြည်သူတွေ အများအကျိုး ရှိနိုင်ဖို့ဘဲ။
ဒီလိုမဟုတ်ယင် အရင်းရှင်တွေက ခြယ်လှယ်ချင်တိုင်း ခြယ်လှယ်တဲ့အဖြစ်မျိုးရောက်ပြီး တိုင်းသူပြည်သားတွေ အပေါ်အရင်းရှင်တွေက လက်ဝါးကြီးအုပ်သွေးစုပ်နိုင်တဲ့ အခြေအနေမျိုးရောက်သွားမယ်။ အဲဒီလို အရင်းရှင်တွေကြီးစိုးရုံတွင်မကတသီးပုဂ္ဂလအရင်းရှင်ပိုင်ကုမ္မဏီကြီး တွေ (Monopoly) တဦးတည်းပိုင် သဘောမျိုးဖြစ်သွားပြီး ဈေးနာအရပ်ရပ်နဲ့ နိုင်ငံစီးပွားရေးအရပ်ရပ်ကို သူတို့စီမံရာ ခံရမယ်ဆိုတဲ့ စံနစ်မျိုး ရှိလာမယ်ဆိုယင် ကျွန်တော်တို့ဒီကမ္ဘာကြီးဟာ မနေ့တနေ့ကအလွန်အော့နှလုံးနာပြီး ရွံ့ မုန်းစရာဖြစ်တဲ့ ဖက်ဆစ်စံနစ်ကြီးဖြစ်ပေါ်လာဖို့ စီးပွားရေးအခြေခံကြီးကို ခွင့်ပြုရာကျတယ်။
ဒါကြောင့် အဲဒီလို (Monopoly) လက်ဝါးကြီးအုပ် အရင်းရှင်ကုမ္ပဏီကြီးများဖြစ်တဲ့ (Cartels, Syndicates,Trusts) အစရှိတဲ့ တသီး ပုဂ္ဂလ ပစ္စည်းလုပ်ငန်းကြီးတွေကိုတော့ ကျုပ်တို့ရဲ့ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေမှာ အတိအလင်းပိတ်ပင်ထား ရလိမ့်မယ်။
    အခု ကျွန်တော်တို့ ပြောနေတဲ့ အချက်အလက်တွေဟာ ဆိုရှယ်လစ်ဝါဒအရလားလို့ မေးချင်မေးကြလိမ့်မယ်။ မဟုတ်သေးဘူး။ အမှန်ကတော့ ကျွန်တော်တို့ဗမာပြည်မှာ ဆိုရှယ်လစ်စံနစ်ကို ကျွန်တော်တို့ ဘယ်လောက်ဘဲ ထူထောင်ချင်ပေမဲ့ အခု ဗမာပြည်မှာ ဖြစ်နေတဲ့ စီးပွားရေးအခြေအနေအရ ဘယ်နည်းနဲ့မှမဖြစ်နိုင်သေးဘူး။
ကျုပ်တို့ပြည်မှာ အရင်းရှင်စံနစ်ဆိုတာတောင် ကောင်းကောင်းမရှိသေးဘူး။ အရင်းရှင်စံနစ်ထက် နောက်တစ် ဆင့်ကျတဲ့စီးပွားရေးစံနစ်မှာ ကျုပ်တို့ရောက်နေတယ်။ ဒီတော့ ကျုပ်တို့ဟာအရင်းရှင်စနစ်ကို မလွှဲမရှောင်သာ လို့ ခွင့်ပြုသင့်သလောက်ခွင့်ပြုရမှာဘဲ။ အရင်းရှင်စနစ်ကို ခွင့်ပြုထားတော့ ကိုယ်ပိုင်တသီးပုဂ္ဂလပစ္စည်း၊ ကိုယ် ပိုင်လုပ်ငန်းတွေရှိအုံးမှာဘဲ။
ဒါပေမဲ့ ကျွန်တော်တို့ဟာအရင်းရှင်စနစ်ကို မတက်သာလို့ခွင့်ပြုရပေမဲ့ တတ်နိုင်သမျှ ချုပ်ချယ် ရလိမ့်မယ်။ ကိုယ်ပိုင် ပစ္စည်း၊ ကိုယ်ပိုင်လုပ်ငန်းတွေဆိုယင် အများအကျိုးကို မထိခိုက်စေရဘူး။ ကိုယ်ပိုင်ပစ္စည်း၊ ကိုယ်ပိုင် လုပ်ငန်းတွေကို လိုတဲ့အခါ အစိုးရက တိုင်းပြည်ကိုယ်စားသိမ်းနိုင်မဲ့ အခြေခံမျိုးတွေ ဖွင့်ထားရလိမ့်မယ်။
    အလုပ်သမားအခွင့်အရေး ကာကွယ်မယ် အရင်းရှင်စံနစ်ကို ခွင့်ပြုထားတော့ အလုပ်သမားတွေရဲ့ အခွင့်အရေးတွေကို ကောင်းကောင်း သတ်မှတ်ပြီး သူ များသွေးစုပ်ချင်တိုင်း မခံရအောင် စီမံဖန်တီးပြီး အခြေခံတရားတွေ ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေမှာ ထည့်ထားရလိမ့် မယ်။
    လယ်လုပ်သူသာ လယ်ပိုင်ရမယ် လယ်ယာမြေ ပိုင်ဆိုင်မှု ကိစ္စမှာဆိုလဲ လယ်ယာမြေလုပ်တဲ့လူတွေ လယ်ယာမြေရအောင် အခြေခံတွေချရလိမ့် မယ်။ လယ်မြေဧက အမြောက်အများပိုင်တဲ့ လယ်ရှင်ကြီးစံနစ်ကိုတော့ ဥပဒေအရ ကန့်သတ်ချုပ်ချယ်ဖျက်ပယ် ပစ်ရလိမ့်မယ်။ နောက်ပြီးဘယ်လို ကိုယ်ပိုင်လယ်ယာမြေမျိုးဖြစ်ဖြစ်၊ ဘယ်နှစ်ဧကထက်မပိုစေရ အစရှိသည် အားဖြင့် ဥပဒေအရကန့်သတ်ရလိမ့်မယ်။
ဒီလိုမှမလုပ်ယင် လယ်ပိုင်ရှင်စံနစ်ကြီးဟာ ရှိနေတာကိုမဖျက်နိုင်ရုံ တင်မဟုတ်ဘူး၊ ပြန်ဖြစ်အောင်လုပ်တာဖြစ်လိမ့်မယ်။ လယ်ယာမြေများကို အမှန်အားဖြင့်ဆိုယင် နောက်ဆုံး တိုင်းပြည်ပိုင် (အစိုးရနှင့် သမ၀ါယမအဖွဲ့ပိုင်) လုပ်နိုင်ယင် ကောင်းမှာဘဲ။
    သို့သော်လဲ အဲဒီဟာ မလုပ်မီ လယ် ယာမြေလုပ်သူတိုင်း မြေလက်ရှိရအောင် လုပ်နိုင်ရမယ်။ ဒီအခါမျိုးမှာ အစိုးရက အလယ်အလတ်တန်းနှင့် အောက်တန်းကျတဲ့တောင်သူလယ်သမားတွေကို တတ်နိုင်သမျှ ကူညီရလိမ့်မယ်။ အဲဒီလို စီးပွားရေး အခြေခံတ ရားတွေကို ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေမှာ ထည့်ဖို့လိုလိမ့်မယ်။
အခုနပြောခဲ့တဲ့ စီးပွားရေး အခြေခံသဘောတရားတွေဟာ အရင်းရှင်စံနစ်နဲ့ မကင်းသေးပေမဲ့ အမှန်ကတော့ အ ရင်းရှင်စံနစ်လဲမကဘူး။ ဆိုရှယ်လစ်စနစ်လဲ မကျသေးဘူး။
နိုင်ငံရေးဆိုတာ စီးပွားရေးအခြေခံသဘောတရား တွေကို ခေါင်ချုပ်သရုပ်ဆောင်တဲ့အတိုင်း ဒီလိုစီးပွားရေးအခြေခံတဲ့ အရင်းရှင်ဒီမိုကရေစီနိုင်ငံရေးဟာ အရင်းရှင်သက်သက် ဒီမိုကရေစီလို အရင်းရှင်တွေရဲ့ အာဏာရှင်စံနစ်ကို ကာဆီးမထားဘဲ ပဒေသရာဇ်စံနစ် (Feudalism)ကို တွန်းလှန်ဖြိုဖျက်ပြီး
ပြည်သူတွေရဲ့အခွင့်အရေးကို ဆောင်ရွက်မဲ့ ပြည်သူ လူတန်းစားပေါင်းစုံအာဏာရှင်စနစ် ပုံသဏ္ဍာန်ဆောင်ထားတဲ့ ဒီမိုကရေစီသစ်နိုင်ငံရေးဖြစ်ရမယ်။
    အခု အချို့ နိုင်ငံတွေမှာ ကျုပ်တို့ ကြားသိတွေ့မြင်ရတဲ့ ဒီမိုကရေစီဆိုတာတွေဟာ အမှန်ကတော့ (Oligarchy) ခေါ်တဲ့ အရင်းရှင်ဖြစ်ဖြစ်၊ အရင်းရှင်လို လူတန်းစားတွေဖြစ်ဖြစ် လူတစုလောက်က ကြိုးကိုင်ထားတဲ့အာဏာရှင် လုပ်နေတဲ့စံနစ်တွေဖြစ်တယ်။
လူအများဆုံး အကျိုးရှိမှုရှေ့ ရှုတယ် ကျုပ်တို့ လုပ်ချင်တာကတော့ (Greatest Happiness of the Greatest Number) လူအများဆုံး အကောင်းဆုံး ချမ်းသာ သုခရအောင် အဲဒီလို လူအများဆုံးက ကြိုးကိုင်တဲ့ အာဏာရှင် လုပ်တဲ့ ဒီမိုကရေစီမျိုးကိုသာ လိုချင်တာဘဲ။
အကုန်လုံး အကျိုးရှိတဲ့ ဒီမိုကရေစီ ဆိုတာတော့ ခုလိုအရင်းရှင် အလုပ်သမား၊ လယ်ရှင်အစရှိတဲ့ လူတန်းစား ကွဲပြားမှုတွေရှိနေသမျှကာလပတ်လုံး မဖြစ်နိုင်သေးဘူး။ လယ်ရှင် အကျိုးရှိတိုင်း လယ်သမားအကျိုးမရှိနိုင်ဘူး။ အလုပ်ရှင်အကျိုးရှိတိုင်း အလုပ်သမားအကျိုးမရှိနိုင်ဘူး။ သုတို့အချင်းချင်းအကျိုးတွေဟာ တခါတခါ စေ့စပ်လို့မရနိုင်ဘဲ တဦးအကျိုးရှိယင် တဦးထိမယ်။ ဆိုတဲ့အခြေမျိုးဖြစ်လာတဲ့အခါ အစိုးရဟာ တဖက်ဖက်က ပင်းမှဖြစ် နိုင်မယ်။
    အဲဒီတော့ ဒီမိုကရေစီသစ်ဆိုတာ
    အစိုးရက လူများစု ဖြစ်တဲ့ လူဆင်းရဲတွေဖက်က ထုံးစံတော့ ပင်းမယ် ဆိုတဲ့သဘောဘဲ။
    လူများစု အာဏာပိုင်အုပ်ချုပ်ရေး ဒီမိုကရေစီသစ်အရ လုပ်မဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေမျိုးဟာ ဘယ်လိုဖြစ်ရမလဲဆိုယင်....
    တိုင်းသူပြည်သား လူများစုတွေ အာဏာပိုင်အဖြစ် အုပ်ချုပ်နိုင်အောင် သူတို့ ရွေးကောက်တဲ့ ကိုယ်စားလှယ်တွေဟာ အောက်ကနေပြီး ထိပ်အထိ တိုင်းပြည်အုပ်ချုပ်ရေး တိုင်းပြည်အစိုးရအာဏာကို ကိုင်ထားရမယ်။
    သူတို့ရွေးကောက်လိုက်တဲ့ ကိုယ်စား လှယ်တွေကို မကြိုက်လို့ရှိယင်ပြန်ခေါ်နိုင်ရမယ်။ 
ဒီတော့ အခုဗမာပြည်မှာ ရှိနေတဲ့ အရာရှိ ဗျူရိုကရက် အုပ်ချုပ်ရေးမျိုး မရှိနိုင်တော့ဘူး။ တိုင်းပြည် သစ္စာမဖောက်တဲ့ တိုင်းပြည် ပြည်ကြီးသားတွေဟာ ပြည်သူ့လွတ်လပ်ခွင့်ကို အများအကျိုးအတွက် လုပ်မဲ့နေရာတွေမှာ ရရှိလိမ့်မယ်။
ဒီနေရာမှာ လူများစုလို့ ဆိုတာဟာ ပစ္စည်းအခြေအနေ ရာထူးအခြေအနေကို အကြောင်းပြုပြီးသား လူများစု၊လူနည်းစု ဖြစ်ကြတဲ့ လူတွေကိုသာ ဆိုလိုတယ်။ လူမျိုးရေးအရ ကွဲပြားနေတဲ့ လူများစု၊လူနည်းစု ကိစ္စတွေမှာတော့ လူများစု လူမျိုးစုက လူနည်းစုမျိုးတွေအပေါ် လွှမ်းမိုးမှုမရှိစေမှ ဒီမိုကရေစီ မှန်မယ်။ လူမျိုးအရ၊ဘာသာအရ၊လိင်အရ အခွင့်အရေး ခွဲခြားမှု၊နှိမ့်ချမှုတွေကို ဥပဒေအရ ပယ်ဖျက်ပြီး ဒီလိုနှိမ်နင်းတာမျိုးတွေ့ယင် ဥပဒေအရ အပြစ်ပေးတာမျိုးတောင် စီမံရမယ်။ ဒါမှ ဒီမိုကရေစီ ပီသမယ်။ လူမျိုးရေးနှင့် ပတ်သက်၍ ထပ်မံပြီး ကျွန်တော် ဆွေးနွေးပါအုံးမယ်။
ဗျူရိုကရက် အုပ်ချုပ်ရေး ဖျက်ရမယ် အထက်မှာ ပြောခဲ့တဲ့ အထဲမှာ အခု ဗမာပြည်မှာ ရှိနေတဲ့ အရာရှိ ဗျူရိုကရက် အုပ်ချုပ်ရေးမျိုး မရှိနိုင်တော့ဘူးဆိုတာဟာ ဘာဆိုလိုတာလဲ။ ကျွန်တော် ရှင်းပြလိုပါသေးတယ်။
လွတ်လပ်မဲ့ ဗမာပြည်ကြီးမှာ အခု အစိုးရ အရာထမ်း အမှုထမ်းတွေ၊လောကဓါတ်ဆရာ၊ပညာသည်၊စက်ဆရာ၊ဆေးဆရာ၊ အစရှိတဲ့ လူတွေကို မလိုတော့ဘူးလားဆိုယင် သူတို့ကိုလိုလိမ့်မယ်။ သူတို့အထဲက (Technicians) ခေါ်တဲ့ အထူး သင်ကြားမှု တက်တဲ့ လူတွေဆိုယင် အစိုးရက ကောင်းကောင်း မြှောက်စားရမှာဘဲ။
    ဒါပေမယ့် သူတို့ဟာ ပြည်သူ့အစိုးရ ပြည်သူ့ မိတ်ဆွေတွေ ဖြစ်ရမယ်။ ပြည်သူတွေကို ဂရုမစိုက်ဘဲ အထက်လူကြိုက်ပြီးရော လုပ်တဲ့ လူစားတွေ မဖြစ်ရဘူး။ တိုင်းပြည်နဲ့ ပြည်သူတွေရဲ့ သစ္စာကို စောင့်ထိန်းတဲ့ လူတွေ ဖြစ်ရမယ်။
အဲဒီလိုလူတွေ အမှန်မတော့ တချို့လခတွေ ဘာတွေမှာ နည်းချင် နည်းလာပေမယ့် လွတ်လပ်မယ့် ဗမာပြည်မှာ ပိုပြီးအခွင့်အရေးတွေ ပေးလာနိုင်ပါလိမ့်မယ်။ အခုအခါ အင်္ဂလိပ်တွေသာ လုပ်နေရတဲ့ နေရာမျိုးတွေ ကျွန်နိုင်ငံ ဖြစ်နေလို့၊ သခင်နိုင်ငံလုပ်ရတဲ့နေရာမျိုးတွေမှာ သူတို့ ၀င်ခွင့်၊လုပ်ခွင့်ရှိလာကြမှာဘဲ။ သို့သော်လည်း ရှေးက အရာရှိ စံနစ်အတိုင်း ပြည်သူတွေနှင့် တခြားစီတော့ နေလို့ မဖြစ်နိုင်ဘူး။
တိုင်းပြည်ကာကွယ်ရေး အစိုးရ တာဝန် ပြီးတော့ ဂျပန်ပြည်မှာလို စစ်တပ်က နိုင်ငံအုပ်ချုပ်ရေးမှာ ခြယ်လှယ်တာမျိုး၊ ဂျာမနီမှာ ဟစ်တလာတို့ တက်လာ တာမျိုးကို စီးပွားရေး ၊နိုင်ငံရေးအရ နှိမ်နင်းတဲ့နေရာမှာ လွတ်လပ်တဲ့ ဗမာပြည်တွင် တိုင်းပြည်က ကာကွယ်ရေးဟာ အစိုးရရဲ့ တာဝန်၊တတိုင်းပြည်လုံးရဲ့ တာဝန် ဖြစ်လာတဲ့ အတိုင်း ကာကွယ်ရေး လုပ်ငန်းမှန် သမျှ အစိုးရသာလျှင် လုပ်နိုင်မယ်။ တသီးအခြား ကိုယ်ပိုင် အဖွဲ့တွေကလုပ်ဖို့လဲမလိုဘူး။ အခွင့်လဲ ပြုနိုင်မှာ မဟုတ်ဘူး။ အခုလို ကျွန်ဘ၀မှာတော့ တိုင်းပြည်ကာကွယ်တဲ့ တာဝန်က သခင်လူမျိုး အစိုးရ တာဝန်လို ဖြစ်ပြီး သူတို့ကလဲ ကောင်းကောင်းမလုပ်တော့ ကျွန်တော်တို့ ဖာသာ ကျွန်တော်တို့ တတ်သမျှ။မှတ်သမျှ၊ ဖြစ်သမျှ ပြည်သူ့ရဲဘော် တပ်ဖွဲ့ အစရှိတဲ့ အဖွဲ့မျိုးတွေ ဖွဲ့ပြီး လုပ်နေရတယ်။ ဒီလိုအဖွဲ့တွေဟာ လွတ်လပ်တဲ့ ဗမာနိုင်ငံမှာ မရှိတော့ဘူး။ သို့မဟုတ်ယင် လွတ်လပ်တဲ့ ဗမာပြည်မှာ ဒီလိုအဖွဲ့မျိုးဟာ စစ်သဘော နိုင်ငံရေးပါတီမျိုး ဖြစ်တက်ပြီး ဖြစ်လာတဲ့အခါ ဖက်ဆစ်ဝါဒတွေ မွေးမြူလာတက်တယ်။ ဒါကိုလဲ ကောင်းကောင်း သတိပြုရမယ်။
အထူးသဖြင့် ဖက်ဆစ်ဝါဒ ဗမာပြည်မှာ မပေါ်နိုင်အောင် စီးပွားရေး ၊ နိုင် ငံရေးအရ၊ အဖက်ဖက်က နေပြီး တားရလိမ့်မယ်။ ဖက်ဆစ်စံနစ် ဖက်ဆစ် ၀ါဒဆိုလို့ ဗမာပြည်မှာ ယောင်ဝါးဝါး တွေ အများကြီးဖြစ်နေကြတယ်။
    ဖက်ဆစ်စံနစ်ဆိုတာ ဘာလဲ။ ကြမ်းသင့်လို့ ကြမ်းတာကို ဖက်ဆစ် စံနစ်လို့ခေါ် တာ မဟုတ်ဘူး။
    ငွေပင်ငွေရင်းရှင် (Financial Capitalists) ကြီးတွေက လက်ကိုင်ဒုတ် လုပ်ထားတဲ့ တပည့် တွေနဲ့ တိုင်းသူပြည်သား လူအများကို အကြမ်းပတမ်း ဖိနှိပ်ပြီး အင်မတန် ကျဉ်းမြောင်းမှားယွင်းတဲ့ လူမျိုးရေး တရား လက်ကိုင်ထားတဲ့ ၀ါဒဟာ ဖက်ဆစ်ဝါဒပဲ။
    အဲဒီတော့ စီးပွားရေး၊နိုင်ငံရေး၊လူမျိုးရေးတရားတွေနှင့် ပတ် သက်ပြီး ကျုပ်တို့ဟာ ဖက်ဆစ်အားပေးတရားတွေ မပေါ်အောင် တိုင်းပြည်ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေလုပ် ကတည်းက စီမံထားရလိမ့်မယ်။
ဗိုလ်ချုပ်အောင်ဆန်း
( နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေကို လွှတ် တော်သို့ မတင်သွင်းမီ ပြည်သူ့ကိုယ်စားလှယ်များပါဝင်သော ဂျူဗလီဟောညီလာခံကြီးတွင် တင်ပြခဲ့သည်။အထက်ပါမိန့်ခွန်းမှာ ဂျူဗလီဟောပဏာမ ပြင်ဆင်မှု ညီလာခံတွင်မိန့်ကြားခဲ့သော မိန့်ခွန်းမှ ကောက်နှုတ်ဖော်ပြပါသည်။ မိန့်ခွန်းပြော သောနေ့မှာ ၁၉၄၇ ခု၊ မေလ ၁၉ ရက်နေ့ ဖြစ်သည်။)
လူတွေက တိုင်းသူပြည် သားတွေက “အစိုးရ”အာဏာအပ်လိုက်တုန်းက ကျုပ်တို့အတွက်ကောင်းအောင်လုပ်ပေးပါဆိုပြီး အာဏာအပ်လိုက်တာဘဲ။ ဒါပေမယ့် ကျုပ်တို့ကို ခင်ဗျားတို့ အုပ်စိုးတဲ့လူတွေအတွက် နှိပ်ကွပ်အုပ်ချုပ်ပါဆိုတဲ့အချက်သာ ဖြစ်နေတာဘဲ။
လူတွေက တင်မြှောက်ပြီး လူတွေရဲ့အကျိုးကို လုပ်တဲ့ လူတွေရဲ့အစိုးရသာလျှင် ဒီမိုကရေစီ ဖြစ်နိုင်မယ်။
သစ်ထူးလွင် သတင်းစုစည်းမှု (၂၆-၁၂)
သစ်ထူးလွင်
Thursday, December 26, 2013
"မခေါ်ဘဲ၊ မမျှော်ဘဲ ရောက်လာသော ဧည့်သည်ကြီး ဦးနေဝင်း"
Sett Maw's photo.Sett Maw's photo.Merry Christmas in advance. (Silent Night.....Opps....sorry....BLODDY NIGHT) "Newineon anger" has been coined ever since.
Christmas ရောက်လာတိုင်း အမြဲသတိရတဲ့ ကျနော့ကိုယ်တွေ့ မှတ်တမ်းလေး တခုကိုတင်ပြပါရစေ....။ ဒီလိုပါ..၁၉၇၅လောက်ကအင်းယားလိပ်ဟော်တယ်မှာ အထူးအစီအစဉ်အဖြစ် ခရစ်စမတ်အကြိုဖျော်ဖြေရေးမှာ ကျနော်တို့ ELF အဖွဲ့နဲ့ ဧည့်သည်တော်တီးဝိုင်း Electronic Machine တို့တီးခတ်ရမှာဖြစ်ပါတယ်။ ထူးထူးခြားခြား အဲဒီနှစ်က ဖျော်ရေးကို အပြင်ရေပန်း ရှိရာဘက်ရင်ပြင် (ဦးနေဝင်းအိမ်ကိုမြင်နေရပြီး အင်းယားရေပြင်သာခြားတယ်) မှာကျင်းပပါတယ်။
နှလုံးသားဒိုင်ယာရီ (၁၈)
December 19, 2013 at 2:54am
၂၆-၂-၂၀၀၂
အညတြသူပုန်တစ်ဦး စီးနင်းလိုက်ပါခဲ့သော သာစည်-ရန်ကုန်အမြန်ရထားကြီးမှာ အရှိန်အဟုန် ခပ်ပြင်းပြင်းဖြင့် သူ့ရည်မှန်းချက်ပန်းတိုင်သို့ ဦးတည်ခုတ်မောင်းလျက်ရှိသည်။ ခရီးစဉ်တစ်လျောက် ပင်ပမ်းနွမ်းနယ်မှု ဒဏ် ကြောင့် မည်မျှကြာကြာ ကျနော်အိပ်ပျော်သွားသည် မသိ၊
ပြင်ရေး မပြင်ရေးနှင့် နိုင်ငံသားတစ်ဦး၏ သုံးသပ်မှု (အပိုင်း ၁)
December 13, 2013 at 1:01am
နိဒါန်း
ပြည်သူလူထု တစ်ရပ်လုံး၏ အမှန်စင်စစ် ပကတိ လိုလားချက်မှာ Democracy ဆိုသည့် လူထု အခြေပြု အုပ်ချုပ်ရေး စနစ်ချည့် သက်သက် မဟုတ်သကဲ့သို့ စစ်အာဏာရှင် ဖြုတ်ချရေးနှင့် နောက်ကြောင်း မပြန်ရေး လည်း မဟုတ်ပါ။ ပကတိ ငြိမ်းချမ်းရေးလည်း မဟုတ်သလို၊ အမျိုး၊ ဘာသာ၊ သာသနာဆိုပြီး အမျိုး စောင့်စည်းရေး လည်း မဟုတ်ပါ။ ထို့အတူ ခရိုနီ (ဝါ) မင်းကပ်ပါး လုပ်ငန်းရှင် များ ပပျောက်ရေးနှင့် ပြည်ထောင်စု စနစ် စစ်စစ် ဖြစ်ပေါ် လာရေးလည်း မဟုတ်ချေ။
အမှန်တကယ် ပြည်သူလူထု၏ လိုလားချက်မှာ တစ်ချက်တည်းသာ ဖြစ်သည်။ မည်သို့ပင် မည်သည့် ရှုထောင့်မှ ဆိုစေကာမူ ၎င်း၏ နယ်ပယ်မှ လွတ်မြောက်မည်မဟုတ်ပါ။
သစ်ထူးလွင် သတင်းစုစည်းမှု (၂၅-၁၂)
သစ်ထူးလွင်
Wednesday, December 25, 2013
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်များ အဆက်ဆက် နှိုင်းယှဉ်လေ့လာခြင်း - အပိုင်း (၁)
December 24, 2013 တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်များအကြောင်း သူတို့ရဲ့ တစိတ်တဒေသ အကျင့်စရိုက်၊ အသွင်ပြင် လက္ခဏာ၊ လှုပ်ရှားမှု ဓလေ့စရိုက်၊ အခြေအနေတွေကို စစ်ဖက်လေ့လာသူများ သိရှိနိုင်စေဖို့ စည်းလုံးခြင်းရဲ့အင်အားက နှိုင်းယှဉ် တင်ပြပေးလိုက်ပါတယ်။
ကဗျာ ၂ ပုဒ်ရဲ့ ပဋိပက္ခ
ခံယူချက်ရင်မတူရင် အသိအမြင်တွေ ကွဲလွဲတက်ပါတယ်။ကမ္ဘာကျော် အီစွတ်ပုံပြင်များအထဲက
ရွှေယုန်၊ရွှေကျားပုံပြင် ဟာ သဘာဝယုတ္တိမကျဘူးဆိုပြီး စာရေးဆရာတစ်ယောက်ကအီစွတ်ပုံပြင်ရဲ့ ဆန့်ကျင်ဖက် ရွှေယုန် ရွှေကျား ပုံပြင်ကိုရေးခဲ့ပါတယ်။
`` အဖြူရောင် ကွန်မန်ဒို´´
`` အဖြူရောင် ကွန်မန်ဒို´´
ကွန်မန်ဒိုတွေ အမျိုးမျိုးရှိကြတယ်..
သာမန်အားဖြင့် အစိမ်းရောင် ပျောက်ကြား......
ပင်လယ်ထဲမှာတော့ အပြာရောင် ပျောက်ကြား......
သဲကန္တာရမှာတော့ အ၀ါရောင် ပျောက်ကြား......
ရုရှား ရေခဲပြင်ထဲမှာတော့ အဖြူပေါ့...... ဒီလို အဖြူရောင် ကွန်မန်ဒိုတွေက ရုရှားမှာ ရှိတယ်ဗျ...
ကွန်မန်ဒိုတိုင်းက ဒါမျိုးလေးတွေနဲ့ သဘာဝကို အကာအကွယ်ယူထားကြတာလေ...
အနှစ်ချုပ် အဓိပ္ပါယ်ကတော့ အနိုင်ရဖို့ပေါ့...
စီနီယာတစ်ယောက်ကပြောတယ်....
`` မင်း မသိလို့ ဟေ့ကောင်.... ရုရှားမှာ ဘောရစ်ယဲ့လ်ဆင်က သူ့တပည့် ပူတင်ကို သူ လုပ်ချင်တာတွေ... မလုပ်နိုင်တာတွေကို အစီအစဉ်တကျ ရေးပေးခဲ့တာ..။
ပူတင်ကလည်း ထိထိရောက်ရောက်ကို အကောင်အထည်ဖော်တာကွ
ပူတင် စက်ဘီးစီးပြနေပြီ... ကရာတေး ကစားပြနေပြီဆိုရင် သေချာတယ်... တစ်နေရာမှာ လူမသိ သူမသိ  သူ.... ရက်စက်နေပြီ´´ တဲ့။
အင်း ဒီလို KGB ထွက် နိုင်ငံ့ခေါင်းဆောင်တစ်ယောက်မှာလည်း အခြေခံ အကြောင်းတရားတွေ တည်တံ့နေတာ အမေရိကန်ကတောင် လက်လျှော့ထားရတယ်.... အံ့သြပါရဲ့ဗျာ....... 
အဖြူရောင် ကွန်မန်ဒိုကြီး(ဗလာဒီမာ ပူတင် )ကိုလေ....
(ကွန်ဆူးမား)(၂၂-၁၂-၂၀၁၃)
ကွန်မန်ဒိုတွေ အမျိုးမျိုးရှိကြတယ်..
သာမန်အားဖြင့် အစိမ်းရောင် ပျောက်ကြား......
ပင်လယ်ထဲမှာတော့ အပြာရောင် ပျောက်ကြား......
သဲကန္တာရမှာတော့ အ၀ါရောင် ပျောက်ကြား......
ရုရှား ရေခဲပြင်ထဲမှာတော့ အဖြူပေါ့...... ဒီလို အဖြူရောင် ကွန်မန်ဒိုတွေက ရုရှားမှာ ရှိတယ်ဗျ...
သစ်ထူးလွင် သတင်းစုစည်းမှု (၂၄-၁၂)
သစ်ထူးလွင်
Tuesday, December 24, 2013
အင်စတီကျူးရှင်း နှင့် နိုင်ငံရေးဗျူဟာ
December 23, 2013 at 6:44pm
စစ်တိုက်ရင် အရမ်းတိုက်လို့မရပါဖူး။ စစ်တိုက်ကျွမ်းတဲ့ စစ်ဗိုလ်စစ်သားတွေရှိရမယ်။ ရှေ့တန်းမှာရန်သူနဲ့ ရင်ဆိုင်တိုက်နေတဲ့ ရှေ့တန်းကစစ်သားတွေကိုအထောက်အကူပြုဖို့ အကူစစ်သည်တွေရှိရမယ်။ လက်နက်ရိက္ခာမပြတ်အောင်ထောက်ပံ့ပေးနိုင်ရမယ်။ ရန်သူတွေထွက်မပြေးနိုင်အောင် ပိတ်စို့မှုတပ်တွေရှိရမယ်။ ဒါတွေအားလုံးကို ထောက်ပံ့ကူညီရုံမက စနစ်တကျ တက်မိန့်-ဆုတ်မိန့်ပေးနိုင်ဖို့ ရှေ့တန်းအမိန့်ပေးဌါချုပ် (Command and Control) ရှိရမယ်။ဒီကနေ့ စစ်မြေပြင်မှာ ဆက်သွယ်မှုတွေကကောင်းလွန်းတဲ့ အတွက် (Network Centric Warfare) ကြောင့် စစ်မြေပြင်မှာ ဖြစ်ပျက်နေတာကိုရှေ့တန်းစစ်ဦးစီး ဗိုလ်ချုပ်တွေဟာ ချက်ချင်းထိုက်ရိုက် (သိ)ရှိနိုင်ရုံကမ တီဗီပေါ်မှာပါကြည့်ရှုနိုင်ကြပြီ။
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး အစီရင်ခံစာအတွက် အာဏာရ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေး ယနေ့ပြုလုပ်မည်
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး အစီရင်ခံစာအတွက် အာဏာရ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေး ယနေ့ပြုလုပ်မည်
Eleven Media Group/Tuesday, 24 December 2013 02:22 
ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး အစီရင်ခံစာအတွက် အာဏာရပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးကို ယနေ့(ဒီဇင်ဘာ ၂၄ ရက်) တွင်ပြုလုပ်မည်ဟု သိရသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးကို နေပြည်တော်ရှိ ပါတီရုံးချုပ်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်တွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေလေ့လာသုံးသပ်ရေးဆိုင်ရာ အစီရင်ခံစာများကို ပါတီအလိုက်တင်သွင်းနိုင်ရန် ပြင်ဆင်နေသည့်အချိန်ဖြစ်ရာ ယခုအစည်းအဝေးတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးဆိုင်ရာကိစ္စများ ပါဝင်နိုင်သည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဗဟိုအလုပ်အမှုဆောင်များက ပြောကြားခဲ့သည်။
လက်ရှိအချိန်မှာ ပြည်ခိုင်ဖြိုးပါတီရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့ လေ့လာသုံးသပ်ရေးဆိုင်ရာ အစီရင်ခံစာက လွှတ်တော်ကော်မတီကို မတင်ရသေးဘူး။ ဘာတွေတင်မယ်ဆိုတာ မသိရသေးဘူး . . .
"လက်ရှိအချိန်မှာ ပြည်ခိုင်ဖြိုးပါတီရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့ လေ့လာသုံးသပ်ရေးဆိုင်ရာ အစီရင်ခံစာက လွှတ်တော်ကော်မတီကို မတင်ရသေးဘူး။ ဘာတွေတင်မယ်ဆိုတာ မသိရသေးဘူး။ အခုအစည်းအဝေးမှာ အဲဒီကိစ္စတွေ ဆွေးနွေးနိုင်တယ်"ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဗဟိုအလုပ်အမှုဆောင်တစ်ဦးက ပြောကြားသည်။
ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းပုံအခြေခံ ဥပဒေလေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီကို ဖွဲ့စည်းထားပြီး အဆိုပါပူးပေါင်းကော်မတီက ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက်ဌာန၊ အသင်းအဖွဲ့ပါတီများနှင့် ပြည်သူများထံမှ အကြံပြုချက်များ တောင်းခံထားသည်။ ထိုသို့တောင်းခံထားရာတွင် ဒီဇင်ဘာ ၅ ရက်ထိ အကြံပြုစာပေါင်း ၄၄၀ စောင်ရရှိခဲ့ပြီး အကြံပြုချက် ၂၅၁၂ ရရှိခဲ့သည်။
အကြံပြုစာများကို ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီသို့ ဒီဇင်ဘာ ၃၁ ရက်မတိုင်မီ ပေးပို့နိုင်ပြီး အဆိုပါပူးပေါင်းကော်မတီက လေ့လာတွေ့ရှိချက်များကို ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၃၁ ရက်မတိုင်မီ ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းမည်ဖြစ်ကြောင်း သိရသည်။
Eleven Media Group/Tuesday, 24 December 2013 02:22
ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး အစီရင်ခံစာအတွက် အာဏာရပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးကို ယနေ့(ဒီဇင်ဘာ ၂၄ ရက်) တွင်ပြုလုပ်မည်ဟု သိရသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးကို နေပြည်တော်ရှိ ပါတီရုံးချုပ်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အာဏာရှင်တွေရဲ့ Brain Wash ကိုတွန်းလှန်ခြင်း
December 21, 2013 at 8:19am
Ko Oo
မြန်မာပြည်က အတိုက်အခံအဖွဲ့အစည်းအချို့တွေကတော့
မတရားသော၊ မလွပ်လပ်သော၊ မမျှတသော
(၂၀၁၅)မှာလုပ်ပေးမဲ့ ဇတ်ဆရာအလိုကျရွေးကောက်ပွဲကိုပဲ
ခေါင်းငုံ့ပြီးဝင်ကြတော့မယ်အနေအထားပါပဲ၊
သစ်ထူးလွင် သတင်းစုစည်းမှု (၂၃-၁၂)
သစ်ထူးလွင်
Monday, December 23, 2013
နိုးပြီလား
မင်္ဂလာပါ
အားလုံး(တကယ်ပဲ)နိုးကြပြီလား
နိုးပြီဆို
ဆီးဂိမ်းလွန်
ဒီကနေ့
ရဲရင့်လွန်း တဲ့သူရဲကောင်းလား ၊ သိပ်မိုက်မဲတဲ့သူလား
Troy ရုပ်ရှင်ကား ကို ကျွန်တော်ခဏခဏပြန် ကြည့်ဖြစ်တယ် ။ ရောမခေတ် စစ်ကားဆိုပေမဲ့ ... ရသတွေ ၊ အတွေးတွေ ၊ သံဝေဂတွေ အများကြီးပေးလို့ပါ ။ အဲဒီ ဇာတ်ကား ထဲ က ဇာတ်ဝင်ခန်းအတော်များများကို ကျွန်တော့် စိတ်ထဲ စွဲနေတယ် ။ ထွိုင်မြို့ ကို ဂရိတို့ရဲ့ အာဂါမီနွန် ဘုရင် က စစ်သွားတိုက်တော့ စစ်သူကြီး အားခီးလက်စ် ဦးစီးတဲ့ တပ်တွေဟာ အပိုလို ဘုရားကျောင်းကို အရင်ဆုံး တိုက်ပစ်လိုက်ကြတယ် ။ အဲဒီချိန် ထွိုင်မင်းသား ဟက်စ်တာ ရဲ့ ထရိုဂျန်တပ်ကလည်း ဘုရားကျောင်းကို ကာကွယ်ဖို့လာကြ တယ် ။ ဘုရားကျောင်းကိုအရင်ရောက်နှင့် နေပြီးသား အာခီးလက်စ် တပ်တွေရဲ့ ချေမှုန်းခြင်း ကို ခံလိုက်ရပီး မင်းသား ဟက်စ်တာ နဲ့ စစ်သား အနည်းငယ်သာကျန်တော့တယ် ။ ဘုရားကျောင်းထဲ ဝင်သွား တဲ့ စစ်သူကြီး အာခီးလက်စ် နောက်ကို ဓားကိုင်ပြီး ပြေးလိုက်လာ တဲ့ မင်းသား ဟက်စ် တာ ကို ... အာခီးလက်စ် ကနေ အော်မေးလိုက်တယ် ...။
`` ဆက်ရန်...´´
ဆီးဂိမ်းပြိုင်ပွဲကြီးကတော့ ခြိမ့်ခြိမ့်သဲသဲ အောင်ပွဲများနှင့်အတူ ပြီးဆုံးခဲ့ပြီဖြစ်ပါသည်။
လှပဆန်းသစ်စွာ......
ခန့်ငြားထယ်ဝါစွာ.....
အစီအစဉ်ကျနစွာ...
ကျေနပ်ဂုဏ်ယူဖွယ်ရာ အောင်မြင်ပြီးမြောက်စွာ.... ကျင်းပနိုင်ခဲ့ပါသည်..
Sunday, December 22, 2013
သစ်ထူးလွင် သတင်းစုစည်းမှု (၂၂-၁၂)
သစ်ထူးလွင်
“ ကြေး 'အစစ်'ဆိုတာ ရွှေ 'အတု'ထက်သာတယ် ”
“ ကြေး 'အစစ်'ဆိုတာ ရွှေ 'အတု'ထက်သာတယ် ”
တို့တွေ ဒါကို
သက်တောင့်သက်သာ ရခဲ့တာ မဟုတ်ဘူး။
ဘုတ်ပေါ်တင်ပြီးတဲ့ ဂိုးကို ပြန်အဖြုတ်ချခံရပြီးမှ
ဒါဏ်ရာများစွာနဲ့ နာကျင်ရင်းနှီးပြီးမှ
အနှိမ်ခံ အိမ်ရှင်ဘ၀ကို အံကြိတ်ခံပြီးမှ
ထိုက်ထိုက်တန်တန်ဆိုတဲ့ စကားလုံးထက် မကအောင် 
ရင်းပြီး ရခဲ့တာ။
ဒီဆုကလေးဆီသွားတဲ့ လမ်းမှာ
မျက်နှာကိုလည်း ဖြတ်အရိုက်ခံခဲ့ရတယ်။
မျက်ရည်တွေ တွေတွေကျခဲ့တယ်။
ဒိုင်မပီသတဲ့ အိန္ဒိယသူရဲ့ညစ်ပတ်မှုကြောင့် အသည်းတွေကွဲကြေခဲ့ရတယ်။
ဒါပေမဲ့ ဒို့တွေ အလံမလှဲခဲ့။
ဗိုလ်ချုပ်စိတ်ပူသလို
ပန်းတိုင်မရောက်ခင် တက်, မထောင်ခဲ့တဲ့ 
မြန်မာ့သမီးကောင်းတွေလေ။
ဒုတိယဆိုတာကို အကောင်းဆုံးရှုံးသူလို့ သမုတ်ရင်
တတိယဆိုတာ ကံအခေဆုံး အောင်မြင်သူ ဖြစ်လိမ့်မယ် ထင်ရဲ့။
ဒါတင်မက အနှိမ်ခံရဆုံး အားထုတ်သူ။
သနပ်ခါးပါးကွက်ကြားလေးတွေဟာ
နိုင်ငံ့ဂုဏ်ဆောင်တွေ ဖြစ်ခဲ့တယ်။
ပုခက်လွှဲသောလက်ဟာ
မြန်မာတစ်မျိုးသားလုံးရဲ့ နိုင်ငံချစ်စိတ်ကို နိုးထစေခဲ့။
တစ်လုံးပြီးတော့ ... နောက်တစ်လုံး
ပြီးတော့ နောက်တစ်လုံး
ဘယ်တော့မှ မရပ်တန့်တော့မယ့်အတိုင်း သွင်းနေတဲ့ဂိုးတွေ
ကျနော်တို့တိုင်းပြည်ရဲ့ အလှပဆုံးသော ဂိုးသွင်းစက်ကလေးတွေ
အောင်မြင်မှုကို ဆာလောင်လွန်းနေခဲ့
တစ်တိုင်းပြည်လုံး ငတ်မွတ်နေတဲ့ မော်ကြွားခွင့်ကို
အားလုံးကိုယ်စား ရယူပေးနေခဲ့ကြတာ။
ဒီခြေကို ရွှေမရနိုင်ဘူးလို့ ဘယ်သူပြောမလဲ
ဒီခြေကို ချန်ပီယံမဖြစ်နိုင်ဘူးလို့ ဘယ်သူပြောမလဲ
အပြည်ပြည်ဆိုင်ရာပြိုင်ပွဲကြီးတစ်ခုမှာ သူတို့သွင်းခဲ့တာ
Double hat-trick
တစ်ဘက်အသင်းသားတွေမှာ ခြေထောက်မပါတော့တဲ့အတိုင်း
တစ်ဘက်အသင်းသားတွေက လက်ပိုက်ရပ်ကြည့်နေကြတဲ့အတိုင်း
ဒီညနေရဲ့ ဘောလုံးကွင်းကြီးတစ်ခုလုံးကို သူတို့အပိုင်စီးသိမ်းပိုက်ခဲ့
ဒို့အားလုံးရဲ့ နှလုံးသားတွေကိုလည်း သူတို့သိမ်းပိုက်နိုင်ခဲ့ပြီ။
ရီရီဦး၊ ခင်မိုးဝေ၊ သန်းသန်းထွေး၊ စန်းစန်းမော်၊ မြင့်မြင့်အေး
ဒီနာမည်တွေဟာ သမိုင်းစဉ်အဆက်ဆက် တို့နှလုံးသွေးတွေထက်
ဆက်လက် စီးဆင်းသွားတော့မှာ
ညီညာတဲ့ တွဲလက်
မခိုမကပ်တဲ့ ကြိုးစားမှု
တစ်ကိုယ်ကောင်းမဆန်တဲ့စိတ်ထားနဲ့
'မြန်မာ' ဟာ ဘယ်လိုအစားတွေဆိုတာ
ကမ္ဘာသိအောင် ပြသခဲ့။
ကိုယ့်မြေကိုယ့်ကွင်းမှာပေမယ့်
အားလုံးက ၀ိုင်းနှိမ်ကြပေမယ့်
ဘာဆိုဘာမှလည်း မပြည့်စုံကြပေမယ့်
သူတို့ဖြစ်အောင် လုပ်နိုင်ခဲ့တယ်။
တကယ့်အရည်အချင်းအစစ်မှန်ကို သူတို့ဒီည 'ပြ' နိုင်ခဲ့တယ်။
ဘယ်လို ညစ်ပတ်မှုမှ မပါ။
ဘယ်လို ဟန်ဆောင်မာယာမှမပါတဲ့ အောင်မြင်မှုအစစ်နဲ့
ဖိနှိပ်မှုပေါင်းများစွာကြားက သီးပွင့်ခဲ့ရတဲ့ အလင်းပေါ့
ဟုတ်ပါတယ်
ဒို့ရလိုက်တာ ကြေးပါပဲ။
ဒါပေမဲ့ သန့်စင်တဲ့ ကြေး၊ ဘက်လိုက်မှုမပါတဲ့ ကြေးမို့
ကြေးစစ်တယ်။
ဒါကြောင့် ....
ကမ္ဘာတုန်လောက်အောင် ကြော်ငြာမောင်းခတ်လိုက်ချင်တာက ...
တကယ်စစ်တဲ့ ကြေးဆိုတာ 
ရွှေအတုထက်သာတယ်။
( Thorn Nay Soe သွန်းနေစိုး )
တို့တွေ ဒါကို
သက်တောင့်သက်သာ ရခဲ့တာ မဟုတ်ဘူး။
ဘုတ်ပေါ်တင်ပြီးတဲ့ ဂိုးကို ပြန်အဖြုတ်ချခံရပြီးမှ
ဒါဏ်ရာများစွာနဲ့ နာကျင်ရင်းနှီးပြီးမှ
အနှိမ်ခံ အိမ်ရှင်ဘ၀ကို အံကြိတ်ခံပြီးမှ
Related Posts Plugin for WordPress, Blogger...