Saturday, December 20, 2014

ကျနော်ကိုယ်တိုင်အကျဉ်းကျပြီမို့ အကျဉ်းသားမစောင့်ရှောက်တော့ပါ။



တလောကဘဲ ရှစ်ဆယ့်ရှစ်တွေအကြားမှာ မင်္ဂလာဆောင်တစ်ခု
တွေ့လိုက်မိတယ်၊ ဟဲဟဲ..ရယ်စရာတော့အကောင်းသားဗျ၊
မဲဆောက်ကနေပြီး အကျဉ်းသားစောင့်ရှောက်ရေးလုပ်ပြီးတော့
စစ်ခွေးတွေ ဟပေးတဲ့ဂယ်ပေါက်ကနေ အထုတ်ကလေးပိုက်ပြီး
ပြည်တော်ပြန်သွားတဲ့ငတိပေါ့..
ဘယ်လောက်နိုင်ငံရေးပြင်းထန်သလည်းတော့မမေးနဲ့
စောင့်ရှောက်စရာအကျဉ်းသားမရှိတော့ ရင်ခွင်ပိုက်စောင့်ရှောက်မဲ့
သူရှာလေသလားမပြောတတ်ပါ၊


မဲဆောက်မှာဆီမလာပဲမလာဖြစ်ပြီး ပြည်တော်ပြန်ပြေး အမ်ဂျီအို
မောင်လုပ်စားတွေကိုမှ လက်တွဲလိုသူတွေမရှားဘူးဆိုတာ
မျက်မြင်ကိုယ့်တွေ့မို့ မလုပ်စားမကိုင်စားတတ်တဲ့ သြဇီက
သူငယ်ချင်းဘော်ဘော်တွေ ကနေဒါနဲ့အမေရိကန်ကဘော်ဘော်တွေ
ဘာကြောင့်လက်တွဲဖေါ်ရှားတာလည်းလို့ စဉ်းစားရင်း ဒေါ်သထွက်မိတယ်၊
ပြည်တွင်းမှာပြည်ပကအကျင့်ပျက်တွေကို သယ်ဆောင်သွားပြီး
ငြိမ်းချမ်းရေးခေါင်းစဉ်အောက်မှာ ကြည်နူးနေကြတဲ့ဂိုဏ်းသားတွေကို
တွေ့လေ..ဒေါသကထွက်လေဘဲ၊
တကယ်တော့..မသိမသာဒူးထောက်အညံ့ခံခြင်းဆိုတာထက်အပြင်
ပြည်တွင်းပြန်ဝင်ပြီး ဆီများပဲများထပ်ရလေဦးမလားဆိုတဲု့မျှော်လင့်ချက်တွေက
ပိုပြီးဖြစ်နိုင်ချေ၇ှိပါတယ်၊
ဖြူနှင်းဖွေးတုန်းကလည်းအသံမထွက်
ကိုပါကြီးတုန်းကလည်းအသံဗလာ
ဒီနေ့စာရေးဆရာထင်လင်းဦးကို မသဘတွေဆုတ်ဖြဲနေချိန်မှာလည်း
ပြည်တော်ပြန်တွေ အားစေးမိနေတာဟာ သိပ်ကိုရှင်းတယ်၊
ဒေါ်လာကျည်ဆံမှန်ထားတဲ့မင်းတို့တတွေ ရှက်တတ်ရင်
မင်းတို့ကြွားလုံးထုတ်ထားတဲ့ပုံတွေနောက်မှာ စာတန်းထိုးထားပေတော့၊
ကျနော်ကိုယ်တိုင်အကျဉ်းကျပြီမို့ အကျဉ်းသားမစောင့်ရှောက်တော့ပါ။

ကိုကိုဦး (သူပုန်မျိုးဆက်)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...