Friday, January 31, 2014

စစ်တပ်နဲ့ နိုင်ငံရေး (၁၂)

January 28, 2014 at 5:01pm

စစ်တပ်များဖွဲ့စည်းပုံ။

စစ်တပ်တိုင်း ရှေ့ကဦးဆောင်တိုက်ရတဲ့ ပြည်သိမ်းတပ်တွေနဲ့ နယ်မြေထိန်းရတဲ့တပ် တွေဆိုပြီးခွဲခြားထား ကြတယ်။စစ်ဖြစ်ရင် အရင်ဆုံးရှေ့ကထွက်တိုက်ရတာက ပြည်သိမ်းတပ်လို့ပြောနိုင်တဲ့ တိုက်ခိုက်ရေးတပ် တွေပဲ။ ဥပမာအမေရိကန်နိုင်ငံဟာ အီရတ်ကို(၂)ခါဝင်သိမ်းရတယ်။ ဒီလိုဝင်သိမ်းရင်တိုက်ခိုက်ရေးတပ် တွေနဲ့ဝင်သိမ်းတာပဲ။ အမေရိကန်နိုင်ငံကကမ္ဘာ့အင်အားကြီးနိုင်ငံဖြစ်တာကြောင့် တိုက်ခိုက်မှုလိုအပ် ချက် အပေါ်မူတည်ပြီး တပ်မတွေကိုဖွဲ့စည်းထားတယ်။ဥပမာ ရှေ့တန်းရန်သူ့နယ်မြေကို အလျှင်အမြန်ဝင် သိမ်း တော့မယ်ဆိုရင် တင့်ကားတွေမပါတဲ့ပေါ့ပါးတဲ့ 82 Light Airborne Division ကိုသုံးပြီး၊တင့်ကား တွေ၊ အားမတ်ကားတွေ ပါတဲ့ တပ်မတွေကနောက်မှ ၀င်နေရာယူရမယ်။

အဖိနှိပ်ခံ ပြည်သူအချင်းချင်းကြား အပြန်အလှန် စာနာထောက်ခံကြ



လက်တွေ့နိုင်ငံရေးအတွင်း အတွေးအခေါ် အမှားရော အမှန်ရော ပေါ်ပေါက်တတ်တာ သဘာဝပဲ။ တော်လှန်တဲ့ ဒါမှမဟုတ် မှန်ကန်တဲ့ အတွေးအခေါ်ကို အများစုက ဆုပ်ကိုင်နိုင်မှ ပြည်တွင်း နိုင်ငံရေးအခြေအနေ ရှေ့တလှမ်းတိုးမယ် ထင်မိတယ်။
ကချင် တိုင်းရင်းသားခေါင်းဆောင်တဦးက တော်လှန်ရေးလုပ်တာ မိမိလူမျိုးအခွင့်အရေးအတွက် စနစ်ကို တော်လှန်တာပဲ။ လူမျိုးကို တော်လှန်တာ မဟုတ်ဘူးလို့ ပြောဆိုတာဟာ ယေဘုယျ မျှတသင့်လျော်တဲ့ ပြောကြားချက်ပါ။
ဒီလိုတော့လည်း ရှိတာပေါ့။ တော်လှန်ရေးလုပ်တာ တိုင်းရင်းသား လူမျိုးတမျိုးအတွက် မဟုတ်ဘဲ အလုပ်သမား၊ လယ်သမား၊ မြို့နေဆင်းရဲသားဆိုတဲ့ အဖိနှိပ်ခံ ပြည်သူလူထုတရပ်လုံးအတွက် ဆိုတဲ့ ယုံကြည်ချက်နဲ့ တိုက်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေလည်း ရှိကြပါတယ်။

သစ်ထူးလွင် သတင်းစုစည်းမှု (၃၀-၁)

သစ်ထူးလွင်


Thursday, January 30, 2014

( ဂူဂယ်မပ်မှာ 18.534378,94.989107 ရိုက် ရှာရန် )

( ဂူဂယ်မပ်မှာ 18.534378,94.989107 ရိုက် ရှာရန် )

May Popa

ကချင်ကို ထိုးစစ်က ပြန်စ၊ ဒေါ်လာ ၁၁ ဘီလီယံ က ပေါ်လာ၊ ကျမ တို့ တွေ အားလုံး မေ့နေတဲ့ အကြောင်းအရာ လေး ပြန်အစဖော်ပေးပါဦးမယ်။ မြန်မာနိုင်ငံနဲ့ ဓာတုလက်နက်တွေ အကြောင်းပါ။ ပြီးခဲ့တဲ့ နှစ်ရက်လောက်က နိုင်ငံတကာသတင်းတွေ မှာ ဆီးရီးယားမှာ အဖော်တွေ ရှိကြောင်း အဖော်တွေ ထဲမှာ မြန်မာ ပါပါတယ်၊ ဆိုတဲ့ သတင်း လေးပါလာပါတယ်။ အဲဒါနဲ့ ဒီအကြောင်းသုတေသန နည်းနည်းလိုက်လုပ်၊ ဟိုမေးဒီမေးပေါ့၊ စစ်ရေးဆိုတော့ ကိုယ်က လည်း စမရေးချင် ဟိုလူ ရေးနိုးနိုး ဒီ လူရေးနိုးနိုး နဲ့ စောင့်နေတာ ဘယ်သူမှလည်း မရေးတာနဲ့ နည်းနည်းလေး အစဖော်လိုက်ပါရစေ။
ဓာတုလက်နက်ဆိုင်ရာ သဘောတူညီချက် အရ ၂၀၁၂ မှာ ဓာတုလက်နက်တွေ ဖျက်သိမ်းရမယ် ဆိုတာကို အတည်ပြုသဘောတူလက်မှက်ရေးထိုး မထားတဲ့ နိုင်ငံ ၈ နိုင်ငံ ထဲမှာ ကိုယ့်နိုင်ငံက ဂုဏ်ယုဖွယ်ရာပါနေကြောင်းပါ။ ပြီးတော့ လက်ရှိအချိန်ထိ ဓာတုလက်နက်အစီအစဉ်တွေ၊ လက်နက်အများအပြားရှိ နေတဲ့ နိုင်ငံ ၁၇ နိုင်ငံ ထဲမှာ မြန်မာ က ထိပ်ဆုံးနားက ပါ၊ ဒါတွေ ဘာအတွက် လုပ်နေတာလဲ။ ဘယ်သူတွေကို သုံးဖို့လဲ။ တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိ မည်၊ပြည့်အင်အား သည် ပြည်တွင်းမှာ သာရှိ သည် ဆိုတဲ့ စကားလုံးတွေ ကိုပြန်လည်ကြားယောင်မိ ပြန်တော့ ဒါတွေ ပြည်တွင်းအားတွေကို နှိပ်ကွပ်ရာမှာ သုံးဖို့လား လို့ သံသယဖြစ်ဖွယ်ရာပါ၊ ၂၀၁၁ မှာ ကချင် ထိုးစစ်မှာ သုံးခဲ့တယ် လို့ သံသယရှိခဲ့သလို၊ ၉၀နှစ်များ က ကချင်၊ ကရင် နဲ့စစ်ပွဲတွေ ခွန်ဆာနဲ့ စစ်ပွဲတွေမှာ သုံးခဲ့တယ် လို့ လည်း နိုင်ငံတကာ က လက်ခံယုံကြည်ထားကြပါတယ်။ ပြီးခဲ့တဲ့ လက်ပတောင်း အရေးမှာ သံဃာတော်တွေ အပေါ်မှာ ပိတ်ပင်ထားတဲ့ မီးစုံးဓာတ်ပါဝင် တဲ့ လက်နက်တွေကို သုံးခဲ့တာလည်း အများသိကြပါတယ်။ ၁၉၉၅ က ကောမူးရာ တိုက်ပွဲမှာ ဓာတုလက်နက်သုံးခဲ့ တာကို တွင်း(2) ဗိုလ်ချုပ် တင်ဦးက မသေခင်မှာ ဝန်ခံပြောကြားခဲ့ဖူးပါတယ်။
၂၀၀၅ ခုနှစ်မှာ ကရင်နီတွေကို ဓာတု လက်နက်နဲ့ တိုက်ခိုက်ခဲ့ လို့မျက်လုံး၊လည်ချောင်း၊အဆုတ်၊ အရေပြားတွေ ထိခိုက်ခဲ့ သလို သွေးအန်၊ကြွက်သား ပျော့ပြောင်းသွားမှုတွေ လည်းဖြစ်ခဲ့ကြပါတယ်။ ၂၀၀၉ ခုနှစ် မှာ ကိုးကန့် နဲ့ မတည့်စဉ်က ဓာတုလက်နက်သုံးခဲ့ပေမဲ့ ဘိန်းသူဌေးတွေက ဓာက်ငွေ့ကာ ဝတ်စုံ၊ မျက်နှာဖုံးစွပ်တွေ နဲ့ ကြိုတင်ကာကွယ် နိုင်ခဲ့ပါတယ်။
ဒီလို လက်နက်တွေ ကို မြန်မာ နိုင်ငံက ဘယ်လို နေရာတွေမှာ ထုတ်လည်း သိုလှောင်ထားလည်း ဆိုတာတွေကို နိုင်ငံတကာ က လေ့လာစောင့်ကြည့်သူများက လေ့လာပြီး ဖြစ်လို့ ဓာက်ပုံတွေ နဲ့တကွ ရှိနေကြပါတယ်။ ဒါပေမဲ့ စစ်ရေးကိစ္စဖြစ်နေလို့ ဓာတ်ပုံတွေကို မရှယ်တော့ပါဘူး။ ဒီလို လက်နက်တွေကို ပန်းတောင်း၊ သရက်၊ ထုံးဘို၊ မကွေး အနီးတဝိုက်၊မင်းလှ၊ မလွန်၊ ဆင်တဲ၊ တို့က ကပစ စက်ရုံတွေ မှာ ထုတ်လုပ်တယ် လို့ လက်ခံယူဆထားကြပါတယ်။ ကျမတို့ မြန်မာနိုင်ငံက ဒီလို လူအများအပြားသေကြေပျက်စီးနိုင်တဲ့ လက်နက်တွေကို ပိုင်ဆိုင်၊ ထုတ်လုပ်၊ ကြိုးပမ်းအားထုတ်နေ တဲ့ ရည်ရွယ် ချက်ကို စဉ်းစားလို့ မရနိုင်ပါဘူး။ ဓာတုလက်နက်ဆိုင်ရာ သဘောတူညီချက်ကို အခုထိအတည်ပြု လက်မှတ်ထိုးမထားတာက လည်းအဓိပ္ပယ်မ ရှိပါဘူး၊ ငြိမ်းချမ်းရေး ဖော်ဆောင်နေတဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်လျှောက်နေတဲ့ အစိုးရအဖွဲ့ကို ဒီလို လက်နက်တွေ အမြန်ဆုံး ဖျက်ဆီး ပစ်ဖို့ တောင်းဆိုပါရစေ။
မေပုပ္ပား
၂၀၁၃ စက်တင်ဘာ ၁၄ ရက်
May Popa

ကချင်ကို ထိုးစစ်က ပြန်စ၊ ဒေါ်လာ ၁၁ ဘီလီယံ က ပေါ်လာ၊ ကျမ တို့ တွေ အားလုံး မေ့နေတဲ့ အကြောင်းအရာ လေး ပြန်အစဖော်ပေးပါဦးမယ်။ မြန်မာနိုင်ငံနဲ့ ဓာတုလက်နက်တွေ အကြောင်းပါ။ ပြီးခဲ့တဲ့ နှစ်ရက်လောက်က နိုင်ငံတကာသတင်းတွေ မှာ ဆီးရီးယားမှာ အဖော်တွေ ရှိကြောင်း အဖော်တွေ ထဲမှာ မြန်မာ ပါပါတယ်၊ ဆိုတဲ့ သတင်း လေးပါလာပါတယ်။

ငြိမ်းချမ်းရေးစစ်တမ်း (၃)။ ဒဿမပိုင်း ငြိမ်းချမ်းစွာ အဖြေရှာရေး လမ်းကြောင်း

Aung Htoo January 25, 2014 at 11:40pm
ငြိမ်းချမ်းစွာ အဖြေရှာရေး လမ်းကြောင်းကိုသာ အဘယ်ကြောင့် ဦးတည်သင့်သလဲ။
မြန်မာ့ တပ်မတော်၏ သမိုင်းကို မှန်ကန်စွာ ပြန်လည်သုံးသပ်ရန် လိုသည်။ ဗိုလ်ချုပ်အောင်ဆန်း ကျ ဆုံးခဲ့ပြီးနောက် နိုင်ငံခြား ကျူးကျော်စစ်ကို ခုခံတိုက်ခိုက်နိုင်ခဲ့ခြင်းနှင့်စပ်လျှဉ်း၍ ဗိုလ်ချုပ်ကျော်ဇော ခေါင်းဆောင်လျက် တရုတ်ဖြူ ချေမှုန်းရေးတိုက်ပွဲကို ဆင်နွှဲနိုင်ခဲ့၍သာ မြန်မာ့တပ်မတော် နံမည်တက်ခဲ့ခြင်းဖြစ်သည်။ ယင်းနောက်ပိုင်း တွင် မည်သည့် နိုင်ငံခြားကျူးကျော်စစ်ကိုမျှ ခုခံတိုက်ခဲ့ရခြင်း မရှိ။ ဗမာပြည်ကွန်မြူနစ်ပါတီ သေနတ်သံ တိတ်သွားခဲ့ ခြင်းမှာ ၀ အမျိုးသားများက အာဏာသိမ်းခဲ့ သောကြောင့်သာ။ မြန်မာ့တပ်မတော်က စစ်ရေးအရ ချေမှုန်းနိုင်၍ မဟုတ်။

သူတို့ရင်ထဲက နိုင်ငံတော် သူတို့ရင်ထဲက နိုင်ငံရေး



(လယ်သမားတွေနဲ့ ဆွေးနွေးညှိနှိုင်းတာ မလုပ်ဘဲ စိုက်ခင်းတွေကို သံဆူးကြိုးနဲ့ ခြံခတ်တာ လာလုပ်ရင် အသက်နဲ့ လဲလိုက်မယ်။ မယုံရင် စောင့်ကြည့်ထားလိုက်။)
လက်ပံတောင်းက ကျေးလက်နေ အမျိုးသမီး ပြောလိုက်တဲ့ စကားအပေါ်ကို ကြားရတဲ့ ဗမာပြည်သားတွေသာမက နိုင်ငံခြားက လူတွေကတောင် ဒါမှ ဗမာ့သတ္တိရယ်လို့ ချီးမွမ်းလေးစားကြတယ်။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၉-၁)

သစ်ထူးလွင်


Wednesday, January 29, 2014

ငြိမ်းချမ်းရေးစစ်တမ်း(၃)။ မြန်မာ့တပ်မတော်သည် ပြည်နယ်များမှနေ၍ တပ်ဆုတ်သင့်သလား။

Aung Htoo January 24, 2014 at 12:32am
နဝမပိုင်း။             မြန်မာ့တပ်မတော်သည် ပြည်နယ်များမှနေ၍ တပ်ဆုတ်သင့်သည် ဟူသော အမြင်။
ရှမ်းတပ်မှ အမှတ် ၇၀၁ စစ်ဒေသမှူး ဒု-ဗိုလ်မှူးကြီး စွမ်မိဏ်း က ၂၉ မေလ ၂၀၁၃ ရက်နေ့တွင် ပြောကြားခဲ့သည်ကို သတိပြုမိသည်။ “မြန်မာအစိုးရကသာ တကယ်စေတနာရှိရင် တိုင်းရင်းသားနယ်မြေကနေ မြန်မာ့ တပ်မတော်အားလုံး တပ်ဆုတ် ရုပ်သိမ်းလိုက်လေ။ အဲလိုဆိုရင် တိုင်းရင်းသားတွေနဲ့ တိုက်ပွဲ ဖြစ်စရာအကြောင်းလည်း မရှိတော့ဘူး။ တခါတည်း ပွဲပြတ်ပြီပေါ့။ ငြိမ်းချမ်းရေးဆိုတာ လိုက်ရှာမနေနဲ့ သူ့ဟာသူအလိုလိုပေါ်လာလိမ့်မယ်။”

၎င်း၏ အဆိုတွင် နှစ်ပိုင်း ရှိသည်။ တိုင်းရင်းသားပြည်နယ်များမှနေ၍ မြန်မာ့တပ်မတော်တပ်များဆုတ် လိုက်လျှင် တိုက်ပွဲဖြစ်စရာ အကြောင်းမရှိတော့ ဟူသည်က ပထမ ပိုင်းဖြစ်သည်။

နှလုံးသားဒိုင်ယာရီ (၂၂)

January 28, 2014 at 12:29am


၂၀၀၂ခုနှစ်၊မတ်လ
အေးရွာသို့သတင်းဆိုးတစ်ခုဝင်ရောက်လာခဲ့ပြန်သည်။ ယုံကြည်စိတ်ချရသောမိတ်ဆွေတစ်ဦးမှ “အကိုရေ ရန်ကုန်မြို့ထဲမှာတော့ အခြေအနေတွေက ယောက်ယက်ခတ်နေပြန်ပြီဗျ” ဟုဆိုလာသော ကြောင့် ကျနော်ကလည်း “ဘာတွေဖြစ်ပြန်ပြီလဲဗျာ၊မထိတ်သာမလန့်သာရှိလိုက်တာ” ဟုဆိုလိုက် သောအခါ

သစ်ထူးလွင် သတင်းစုစည်းမှု (၂၈-၁)

သစ်ထူးလွင်


Tuesday, January 28, 2014

"Social Protection"

- လာမည့်အစိုးရတွေ လက်ထက်မှာ ဘယ်သူတက်တက် လူမှုစောင့်ရှောက်ရေး (social protection) မူဝါဒတွေ ကို ကောင်းကောင်းစီမံ သွားနိုင်တဲ့ အစိုးရ ဖြစ်ရင် နတ်လူသာဓုခေါ်တဲ့ အစိုးရဖြစ်မယ်....မြန်မာပြည်ကို တခေတ်ဆန်းစေနိုင်မယ့် ခေါင်းဆောင်မှုဖြစ်ပေလိမ့်မယ်...

- ဒီမူဝါဒတွေနဲ့ သာလျှင် ပြည်သူရဲ့ မျှော်လင့်ချက်ကို ကောင်းကောင်း စီမံနိုင်လိမ့်မယ်..(Expectation management)။...အခြားနည်းမရှိ။ မဟုတ်ရင် ဒီမိုကရေစီကိုပင်လျှင် လူထုက မျက်စိစပါးမွှေးစူးလာလိမ့်မယ်..။..နိုင်ငံနဲ့ ပြည်သူ (state and the public) ကြားက အပြန်အလှန် အလေးထားမှု (mutual respect) ကို ဒီမူဝါဒတွေကတဆင့် ထူထောင်မှဖြစ်မယ်...

သစ်ထူးလွင် သတင်းစုစည်းမှု (၂၇-၁)

သစ်ထူးလွင်


Monday, January 27, 2014

" မြန်မာတရားရေးကို စိန်ခေါ်လာတဲ့ ဆေးဝါးကျောင်းသူလေး နော်မေသူသူဇော် သေဆုံးမှု "

 
 2013 ဧပြီလ လောက်က ဆေးဖက်ကျောင်းသူလေး တစ်ယောက်ဟာ ဘုရင့်နောင် တံတားပေါ်က ခုန်ချပြီး သတ်သေသွားတယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ် ။ အဲ့ဒီကျောင်းသူလေးနာမည်က နော်မေသူသူဇော်ဖြစ်ပြီး အသက် ၁၉ နှစ်သာရှိပါ သေးတယ် ။

ငြိမ်းချမ်းရေးစစ်တမ်း (၃)။ အဌမပိုင်း တို့တာဝန်အရေးသုံးပါး ဘောင်အတွင်း ပြန်လည်ဆွဲသွင်းခြင်း

Aung Htoo January 21, 2014 at 6:36pm
စနစ်ဟောင်းကို တော်လှန်ပြောင်းလဲလိုသည့် အင်အားစုများနှင့် စနစ်ဟောင်းကို ဖက်တွယ်ထားလို သော အင်အားစုများအကြား လက်နက်ကိုင်တိုက်ပွဲမဆင်နွှဲဘဲ အခြားနည်းလမ်းရှာကာ လူ့ အဖွဲ့အစည်းအား တိုးတက် ကောင်းမွန်အောင်လုပ်ဆောင်သွားကြမည် ဟူသော သဘောထားအခြေခံဖြင့်  ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပေါ်ပေါက် လာခြင်း ဖြစ်သည်။ ယင်းမှာ ခြွင်းချက် နိုင်ငံတချို့ မှ လွဲ၍ များသောအားဖြင့် တကမ္ဘာလုံး အသွင်လက္ခဏာဆောင် သည်။ အထူးသဖြင့် မြန်မာ နိုင်ငံတွင် ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်း ပြီးနောက်ပိုင်းမှစ၍ ပေါ်ပေါက်ခဲ့သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများသည် ဤ သဘောတွင် လုံးဝပင် အခြေခံသည်။ သို့ရာတွင် စစ်အာဏာရှင် စနစ်ဟောင်းကို ဖက်တွယ် ထားလိုသူများက အကြောင်းအမျိုးမျိုးပြကာ ဆွေးနွေးပွဲများကို ဖျက်ဆီးခဲ့ကြသော ကြောင့် မအောင်မမြင် ဖြစ်ခဲ့ရခြင်း ပင်။

ဒီမိုကရေစီအရူးထောင်ဖွင့်ပွဲကြီး မဖြစ်ရလေအောင် --

Myint Shwe October 8, 2011 at 7:08pm

ဒီမိုကရေစီအရူးထောင်ဖွင့်ပွဲကြီး - စစ်ဗိုလ်လူထွက်များနှင့် ပတ်ဘလစ်ရီလေးရှင်း

အင်းစိန်တောရနှစ်များအတွင်းအလံနီထောင်ကျအဘိုးကြီးတစ်ဦးထံမှစကားတစ်ခွန်း ကြားခဲ့ဘူးသည်။
သူသည် ၁၉၇၀ ခုနှစ်အထိယောချောင်(ယောနယ်)တွင်သခင်စိုးနှင့် အတူရှိခဲ့သည်။ တနေ့ သ၌သူကမေးခွန်းတစ်ခုသခင်စိုးအားမေးလေသည်။
“အခုနေများဗြုံးကနဲဒီမိုကရေစီပြန်ဖြစ်သွားရင်ဘယ်လိုနေမလဲဆရာကြီး”
သူ့ မေးခွန်းကိုသခင်စိုးသည်စက္ကံ့ အနည်းငယ်မျှစဉ်းစားပြီးမှပြန်ဖြေလေသည်။
“ဘယ်လိုနေရမလဲ - အရူးထောင်ဖွင့်ပွဲကြီးဖြစ်လာမှာပေါ့”
၁၉၇၀ ခုနှစ်မှရေတွက်သော်အနှစ်လေးဆယ်ကျော်ခဲ့ပြီဖြစ်သည်။ ယနေ့ တိုင်းပြည်၏ ကံကြမ္မာသည်ထိုနှစ်များတ၀ိုက်လောက်ကမွေးဖွားခဲ့သူများ၏လက်ထည်းသို့ ရောက်
လာနေပြီဟုဆိုရမည့်အချိန်ဖြစ်သည်။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၆-၁)

သစ်ထူးလွင်


Sunday, January 26, 2014

ဒုက္ခအစစ်

January 19, 2014 at 3:39am
သူ့အဖေ ဖမ်းခံရစဉ်က သူတို့မောင်နှမက ဒီအရွယ်လေး -- အမွှာထဲက အငယ် သမီးလေး အေးမြတ်စုဝေ ရဲ့ ရင်တွင်းဖြစ်ကဗျာနဲ့အတူ သူတို့မောင်နှမပုံလေးပါ တင်လိုက်ပါတယ် -လူသား အားလုံး ကိုယ်ချင်းစာ တရား ထွန်းကားသော နေ့ရက်များကိုတည်ဆောက်နှိုင်ကြပါစေ---

 ရှင့်အတွက်
သစ်ခွပန်းရောင်းရတဲ့ဘဝဟာ
ကြီးစွာသော ဒုက္ခတဲ့လား။…

ငြိမ်းချမ်းရေး စစ်တမ်း (၃)။ ဆဌမပိုင်း မြေယာပြဿနာ နှင့် တိုင်းရင်းသားကိုယ်ပိုင်ပြဌာန်းခွင့် (၂) နှင့် (၃)

Aung Htoo January 20, 2014 at 6:25pm

၁၉၅၃ ခုနှစ် လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေး ဥပဒေတွင် “တောင်သူလယ်သမား” ဟူသည်ကို အောက်ပါ အတိုင်းဖွင့်ဆိုခဲ့သည်။  [1]
(က) လယ်ယာမြေကို မိမိ၏ အဓိက အသက်မွေးဝမ်းကျောင်းအဖြစ်ဖြင့် မိမိလက်ဖြင့် လုပ်ကိုင်သူကို          သို့တည်းမဟုတ် မိမိလက်ဖြင့် အစဉ်တစိုက်လုပ်ကိုင်သူကို သို့တည်းမဟုတ် ကိုယ်တိုင်ကြီး                     ကြပ်လုပ်ကိုင်သူ

            (ခ) ဆိုင်ရာနှစ်တွင် လယ်ယာမြေကို မိမိ၏ အဓိက အသက်မွေးဝမ်းကျောင်းအဖြစ်ဖြင့် လုပ်ငန်းလုပ်ကိုင်ချိန် တလျှောက်လုံး ကိုယ်တိုင်ကြီးကြပ်လုပ်ကိုင်သူကို ဆိုလိုသည်။

၂၀၁၂  ခုနှစ် လယ်ယာမြေဥပဒေတွင် “တောင်သူလယ်သမား” ဟူသည်ကို အောက်ပါ အတိုင်းဖွင့်ဆို       ထားသည်။  

"ပေါက်ကရ ဘာသာပြန်ဟာသများ"

"ပေါက်ကရ ဘာသာပြန်ဟာသများ"

===========
1. တစ်ရက်ထဲလားလို့
===========
ကျောင်းက ပြန်လာတဲ့ သူငယ်တန်းကျောင်းသားလေးကို သူ့အမေက မေးတယ်... ...
"ပထမဆုံးကျောင်းတက်ရက်မှာ ပျော်ရဲ့လား သားသား"
"ဂျာ... ပထမဆုံးရက် ဟုတ်လား၊ ဒါဆို နောက်ရက်လည်း သွားရအုံးမယ်လို့ ဆိုလိုတာလား"

======
2. မေ့တယ်
======
ဒေါက်တာဂျွန်က အသက်ကြီးလာတော့ မေ့လျော့တတ်နေပြီ။
တစ်ရက်က...
လူနာကို အဖျားတိုင်းထားတုန်း ဆေးကုသမှုမှတ်တမ်းကို စစ်ဆေးတယ်။
ပြီးတာနဲ့ လက်မှတ်ထိုးမလို့ လုပ်လိုက်တော့ ဘောလ်ပင်က မင်မထွက်ဘူး။
ဒါနဲ့ သေချာကြည့်လိုက်တော့...
"ဟာ... မင်မထွက်ပါဘူး အောက်မေ့နေတာ၊ဒါ စအိုထဲထည့်ပြီး အဖျားတိုင်းရတဲ့ သာမိုမီတာကြီးဘဲ၊ ဒါဆို င့ါဘောလ်ပင်က ဘယ်မှာပါလိမ့်"... တဲ့။

=======
3. ကိုကပ်စေး
=======
ကိုကျေးညို အခက်တွေ့နေတယ်။
ကားပါတ်ကင်မှာ သူ့ကားရပ်ဖို့နေရာရှာနေတာ လုံးဝနေရာလွတ်မရှိဘူး ဖြစ်နေတယ်။
ဒါနဲ့...
စိတ်ညစ်ညစ်နဲ့ ဆုတောင်းမိတယ်... ...

"သမာဒေဝ နတ်ကောင်းနတ်မြတ်များကို တိုင်တည်ပါတယ်၊ ကျွန်ုပ်ကို ကားရပ်စရာ တစ်နေရာ ဖန်တီးပေးပါ၊ မီးဘေးဒုက္ခသည်တွေ အတွက် ဒေါ်လာ 500၊ ရေဘေးဒုက္ခသည်တွေ အတွက် ဒေါ်လာ 500၊ ကလေးများ ပညာသင်ကြားရေး ရံပုံငွေ ဒေါ်လာ 1000 လှူပါမယ်"

အဲလို ဆုတောင်းလို့လည်းပြီးရော...
သူ့ရှေ့ မလှမ်းမကမ်းမှာ ကားရပ်ဖို့ တစ်နေရာကို ဖြတ်ကနဲ တွေ့လိုက်တယ်။
ကိုကျေးညိုက ကမန်းကတန်းပြင်ပြောတယ်... ....

"အဲ... အဲ... ရပြီ ရပြီ၊ ကိုယ့်ဟာကိုယ် ရှာတွေ့ပြီ"... တဲ့။ 


သန်၎ကို-ဘာသာပြန်သည်။
https://www.facebook.com/thanlayko
===========
1. တစ်ရက်ထဲလားလို့
===========
ကျောင်းက ပြန်လာတဲ့ သူငယ်တန်းကျောင်းသားလေးကို သူ့အမေက မေးတယ်... ...
"ပထမဆုံးကျောင်းတက်ရက်မှာ ပျော်ရဲ့လား သားသား"
"ဂျာ... ပထမဆုံးရက် ဟုတ်လား၊ ဒါဆို နောက်ရက်လည်း သွားရအုံးမယ်လို့ ဆိုလိုတာလား"

သစ်ထူးလွင် သတင်းစုစည်းမှု (၂၅-၁)

သစ်ထူးလွင်


Saturday, January 25, 2014

"All-inclusiveness" -

 တိုင်းပြည်ရဲ့ ကံကြမ္မာအ၀၀ ကို လူတစ်ဦးတစ်ယောက်တည်းအပေါ် ပုံအပ်ထားတာဟာ မြန်မာနိုင်ငံရဲ့  မှားယွင်းသလောက် ကြောက်စရာ ကောင်းတဲ့ နိုင်ငံရေးဓလေ့ပဲ...။ မဆလ ခေတ်က ဦးနေ၀င်း၊ စစ်အစိုးရခေတ်မှာတော့ တပ်ချုပ်ကြီးပေါ့လေ...။ ဒီလူတွေက အာဏာရှင်မို့ အာဏာရှင်ပီပီသသ အာဏာကို မောင်ပိုင်စီး လုပ်ချင်ရာလုပ်တာက အာဏာရှင်သဘာဝ ကျတယ်ပြောရမှာပေါ့... - ဒါပေမယ့်....အခု ဒီမိုကရေစီ သွားမယ်လို့ ပြောတဲ့ခေတ်မှာ တိုင်းပြည်ရဲ့ အနာဂါတ်ကို ဒေါ်စု တစ်ယောက်တည်းအပေါ် ၀ကွက်အပ်ထားတာ ကလည်း စစ်ဗိုလ်ချုပ်ကြီးတွေ လမ်းကြောင်းပဲ...။ ဒေါ်စု တစ်ချက်မှားတာနဲ့ အားလုံးဂျွမ်းပြန်ကုန်တော့မယ်..။ ငါးပါးမက သံဃာစင်ပါ မှောက်မယ့်ကိန်းတော့ မြင်လာနေရပြီ...

ငြိမ်းချမ်းရေးစစ်တမ်း (၃) ပဉ္စမပိုင်း။ မြေယာပြဿနာနှင့် တိုင်းရင်းသားကိုယ်ပိုင်ပြဌာန်းခွင့် (၁)

Aung Htoo January 20, 2014 at 5:05am
                                 
          အဖွဲ့အားလုံး ပါဝင်သည့်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းခေါင်းဆောင်များနှင့် အစိုးရ အာဏာပိုင်များတွေ့ဆုံဆွေး နွေးကြပြီးနောက် တပြည်လုံး လက္ခဏာဆောင်သည့်ငြိမ်းချမ်းရေးစာချုပ်ကို လက်မှတ်ရေးထိုး ချုပ်ဆိုနိုင်ပါက သက်ဆိုင်ရာပြည်နယ်များ၌ အခြေခံလူထု ရရှိမည့် အဓိကနိုင်ငံရေး အခွင့်အရေးသည် အဘယ်နည်း။ ဤမေးခွန်းကိုမေးရခြင်းမှာ တဖွဲ့ချင်းအလိုက် အပစ်ရပ်လက်မှတ် များ ရေးထိုးခဲ့ကြသော်လည်း တိုင်းရင်းသားအခြေခံ လူထုအနေဖြင့် မည်သည့်အခွင့်အရေးမျှ ဟုတ္တိပတ္တိ မရခဲ့သောကြောင့်ဖြစ်သည်။

အပစ်အခတ်များ ယာယီရပ်သွားသဖြင့် အသက်ဘေးအန္တရာယ်အတွက် စိုးရိမ်စိတ်လျော့ပါးသွား သည်။ ခရီးသွားလာရေးတစုံတရာ အဆင်ပြေလာသည်။ ကုန်ရောင်းကုန်ဝယ်လုပ်ငန်းများ အတန်အသင့်ဖြစ်ထွန်း လာသည်။ အလုပ်အကိုင်အခွင့်အလမ်းကလေးများ ယခင်ကထက် တစုံတရာ ပို၍ ရလာသည်။

နှလုံးသား ဒိုင်ယာယီ (၁၆)

October 18, 2013 at 5:39am



၂၁-၂-၂၀၀၂

ကျေးလက်ဒေသများ၏ ဖွံ့ဖြိုးတိုးတက်မှု(ဝါ) ဆုတ်ယုတ်မှုတို့ကို လေ့လာကြည့်ခြင်းအားဖြင့် တိုင်းပြည်၏ အခြေအနေတို့ကို အကဲခတ်နိုင်သည်ဟု ဆိုရမည်။ ကျနော် ရွှေလင်အင်း ရွာသို့ရောက်ရှိပြီး နောက် တရက် ကျေးရွာလေးအတွင်း လှည့်ပတ်ကြည့်ရှုလေ့လာမိသည်။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၄-၁)

သစ်ထူးလွင်


Friday, January 24, 2014

လူ့ အခွင့်အရေးအတွက် လှုပ်ရှားစွမ်းဆောင်ရင်း လူ့ အခွင့်အရေးချိုးဖေါက်ခံနေရသူ ဒေါ်ဘောက်ဂျာ

January 22, 2014 at 5:46am
       ဖါးကန့် မြို့ နယ်တရားရုံး၌ ဒေါ်ဘောက်ဂျာရင်ဆိုင်နေရသော အမှုတွင် သက်သေတဦးဖြစ်သူ ဓမ္မဆရာ ဦးအင်ဂန်ကန်ဆိုင်းက အောက်ပါအတိုင်း ထွက်ဆိုသွားခဲ့သည်။                
“ဒေါ်ဘောက်ဂျာမှာ ကျွန်တော်တို့ နေထိုင်သော ဒေသတွင် လယ်သိမ်းခံ တောင်သူ လယ် သမားများ ဘက်မှ မားမားမတ်မတ်ရပ်တည်ပေးခြင်းကြောင့် ဒေသခံ အာဏာပိုင်များ၏ ငြိုငြင်မှု ကို မကြာ ခဏခံခဲ့ရသည်။
       အာဏာပိုင်များ၏ ခြိမ်းခြောက်သွေးဆောင်ကာ တရားစွဲခိုင်းခံခဲ့ရသော တရားလိုဒေါ်ကိုင်ထန် ကိုယ်တိုင်က အမှု ရုပ်သိမ်းလွှာ တင်ခဲ့သည့်အပြင် မည်သည့်တရားလိုပြသက်သေကမျှ ဒေါ်ဘောက်ဂျာ အပေါ်ငြိစွန်းအောင် ထွက်ဆိုနိုင်ခဲ့ခြင်းမရှိသဖြင့် ဒေါ်ဘောက်ဂျာ ဆေးထိုးကုသ၍ လူသေပါသည်ဟု လုပ်ကြံ အမှုဖွင့်ပြီး ပြစ်မှု ပုဒ်မ ၃၀၄ (က) ဖြင့်စွဲဆိုထားသော အမှုအား ရုပ်သိမ်းကြောင်းဖြင့် တရားရုံးက ၂၀၁၄ ခုနှစ် ဇန်န၀ါရီလ ၁၆ ရက်နေ့ တွင် အမိန့် ချမှတ်ခဲ့သည်။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၃-၁)

သစ်ထူးလွင်


Thursday, January 23, 2014

သွေးဆုံးကဗျာ

"လွတ်လပ်မှုဟာ လူတိုင်းနဲ့ မတန်ဘူး".. တဲ့
ဒီလိုပဲ ပြောခဲ့ကြတာ
ငါ့အဘ ဂွေးတန်းလန်းကာလကတည်းက...။

ငြိမ်းချမ်းရေး စစ်တမ်း (၃)။ စတုတ္ထပိုင်း - အစိုးရငြိမ်းချမ်းရေးစာချုပ်တွင် ပဋိပက္ခကို ဖေါ်ပြပုံ လွဲချော်ခြင်း။

Aung Htoo January 14, 2014 at 12:48am
                                                                 
အစိုးရအဆိုပြုစာချုပ်၏ ခေါင်းစဉ်တွင် “ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်နှင့် လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့အစည်းများအကြား ------- သဘောတူစာချုပ်” ဟု ဖေါ်ပြထားသည်။ ယင်းမှာဥပဒေသဘောအရ လွဲချော်နေပါသည်။ “နိုင်ငံတော်” ဟူသည့် ဝေါဟာရ ပါရှိသောကြောင့်ဖြစ်သည်။  ပြည်တွင်းစစ်တွင် ဘက်နှစ်ဘက်ရှိသည်။ တဘက်တွင် အာဏာရအစိုးရဖြစ်၍ အခြားတဘက်တွင် (တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အပါအ၀င်) အစိုးရကိုဆန့်ကျင် တိုက်ပွဲဝင်ခဲ့သည့် လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများဖြစ်သည်။ ၄င်းတို့သည်နိုင်ငံတော်ကို ဆန့်ကျင်နေခြင်း မဟုတ်။ အစိုးရကို ဆန့်ကျင်တိုက်ပွဲဝင်ခဲ့၊ ၀င်နေခြင်းသာဖြစ်သည်။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၂-၁)

သစ်ထူးလွင်


Wednesday, January 22, 2014

မြစ်ဆုံလို ထပ်မမှားစေချင်ပါ. . .


ပြည်သူကိုချမပြသေးတဲ့ နောက်ထပ်စီမံကိန်း လေးခု၊ မေခမြစ်သို့ စီးဝင်သည့် နော်ချမ်းခမြစ် တစ်လျှောက် ရေအားလျှပ်စစ် စီမံကိန်းလေးခုကို တရုတ်ကုမ္ပဏီက ၈၃ ရာခိုင်နှုန်း၊ မြန်မာနိုင်ငံက ၁၅ ရာခိုင်နှုန်းနှင့် IGE ကုမ္ပဏီက နှစ်ရာခိုင်နှုန်း ရှယ်ယာများဖြင့် တည်ဆောက်ရေးအတွက် လက်မှတ်ပြင်ဆင်ရေးထိုးရန် စီစဉ်

Tuesday, January 21, 2014

သစ်ထူးလွင် သတင်းစုစည်းမှု (၂၁-၁)

သစ်ထူးလွင်


နှလုံးသားဒိုင်ယာရီ(၂၀)

December 31, 2013 at 3:37am



၃၀-၃-၂၀၀၂
ကရက်သို့ရောက်ရှိပြီးနောက် ရွာဟောင်းဖက်သို့ခြေဆန့်ကြည့်ခဲ့မိသည်။ ရွာဟောင်းရှိ အထင်ကရနေရာ အတော်များများပျောက်ဆုံးနေသည်ကိုတော့ သတိထားမိသည်။ နတ်စင်ကြီးများ၊ ထန်းပင်များနှင့် ကုက္ကိုလ်ပင် ကြီးများမှာတော့ မျိုးတုံးပျောက်ကွယ်နေပြီ။ ၀မ်းသာစရာဟူ၍ ရွာဦးစေတီနှင့် ဆရာတော်ကျောင်းမှာတော့ ရှေးမူ မပျက်တည်ရှိနေဆဲဖြစ်သည်။

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်တွင် ပြည့်တန်ဆာအဖြစ် အဓမ္မစေခိုင်းသူကို ဖမ်းဆီး။

Kyaw Swar Myint's photo.
ပဲခူးတိုင်းမှ အသက် ၁၇ နှစ်အရွယ် အမျိုးသမီးကို အတင်းအဓမ္မပြည့်တန်ဆာ
ပြုလုပ်ခိုင်းစေသဖြင့် နေပြည်တော်ရှိ မနေခြည်အေးဆိုသူ အမျိုးသမီးကို လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေအရ ဖမ်း ဆီးအရေးယူလိုက်သည်ဟု လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဇန်န၀ါရီ ၁၈ တွင် မဇ္ဈိမကို ပြောသည်။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၀-၁)

သစ်ထူးလွင်


Monday, January 20, 2014

နှလုံးသား ဒိုင်ယာယီ (၁၅)

October 8, 2013 at 6:20am

၁၈-၂-၂၀၀၂
ပြည်တော်ပြန်ခရီး

စပ်စပ်စုစုနှင့် မေးမြန်း ၍ ခရီးသွားခြင်းသည်လည်း ပညာရပ်တမျိုးဟု ဆိုရမည်။ မြန်မာပြည်အတွင်းပိုင်းသို့ ထိုဒေသမှ တခါတရံမှ မသွားဘူးသောကြောင့် သွေးတိုးစမ်း ၍ သွားရခြင်းဖြစ်သည်။ ဆီးဘူးဈေးသို့ ရောက်ပြီး မကြာမီ “တောင်ငူသွားမယ့် ခရီးသည်တွေ ကားပေါ်တက်လို့ရပြီ” ဟု ကားသမား အော်ဟစ်သတိပေး သံကြောင့် ကျနော်တို့ ၃ ဦး ကားပေါ်တက်ရောက်နေရာယူကြသည်။

သစ်ထူးလွင် သတင်းစုစည်းမှု (၁၉-၁)

သစ်ထူးလွင်


Sunday, January 19, 2014

ဖယ်ဒရယ်အကြောင်း သိထားစရာများ။။။ မျိုးသန့်

September 15, 2013 at 2:23am
 
သမိုင်းကြောင်းနှင့် မျက်မှောက်ကာလများတွင် နိုင်ငံတွေမှာ အချုပ်အချာအာဏာ တည်ရှိနေပုံတို့သည် အကြမ်းဖျင်းအားဖြင့် (၅) မျိုးကို တွေ့ရှိနိုင်တယ်။ (၁) ကွန်ဖယ်ဒရေးရှင်း (ကွန်ဖယ်ဒရယ် (ခေါ်) ပြည်များစု) ၊ (၂) ဖယ်ဒရေးရှင်း (ဖယ်ဒရယ် (ခေါ်) ပြည်ထောင်စု) နှင့် (၃) ယူနစ်ဒရယ် (ခေါ်) တပြည်ထောင် တို့သည် မိမိနိုင်ငံအတွင်းမှာသာ အချုပ်အချာအာဏာက တည်ရှိနေပြီး၊ (၄) အင်ပါယာနှင့် (၅) ဟီဂျမ်မိုနီ တို့ကတော့- နိုင်ငံတခုကနေ အခြားနိုင်ငံတခုကို လက်အောက်ခံပြုပြီး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ အုပ်ချုပ်ရေးနှင့် စစ်ရေးဖြင့် လွှမ်းမိုးခြယ်လှယ်နေမှုတို့ ဖြစ်ကြတယ်

"သင်္ကြန်စာ"

 - ၂၀၁၅ တွင် သမ္မတဖြစ်လာခဲ့သည်ရှိသော် ဒေါ်စုအတွက် ဤရာထူးသည် ပန်ဒိုရာအိုးဖြစ်လိမ့်မည်။ လက်ရှိအခြေအနေသည် ဂုဏ်သိက္ခာတာင်ထိပ် (prime of honor) ဖြစ်၍ ပထမဦးဆုံး နိုင်ငံဥသျှောင်အမျိုးသမီးကြီးအတွက် အဆင်းလမ်းကြမ်းပေအံ့။

သစ်ထူးလွင် သတင်းစုစည်းမှု (၁၈-၁)

သစ်ထူးလွင်


Saturday, January 18, 2014

ကိုရင်တာ ကျွဲခတ်ခံရခြင်း

ဦးနေ၀င်းလက်ထက်မှာ ပိတ်ဆို့ထားခဲ့တဲ့ အုတ်တံတိုင်းတွေနဲ့ နောက်အစိုးရလက်ထက်မှာ ထပ်မြှင့်လာတဲ့ သွပ်ဆူးကြိုးတွေကြောင့် ရွာထဲကလူတွေ ရွာအတွေး၊ ရွာအမှန်တရား၊ ရွာစံနှုန်းပေတံတွေနဲ့ ထွက်ပေါက်မဲ့နေတဲ့အချိန် ကိုတာလို့ခေါ်တဲ့ ကိုရင်တာဟာ (ကျွန်တော် လက်လှမ်းမီချိန် ၂၀၀၀ ခုနှစ်တွေလောက်က စပြီး) သူကြားတဲ့ ဧ၀ံဂေလိသတင်းစကားကို လူထုဆီ ယူဆောင် ပြောကြားပေးခဲ့တယ်။

“ကမ္ဘာပေါ်မှာ ကျွန်တော်တို့ တစ်ရွာပဲ ရွာရှိတာမဟုတ်ဘူးဗျ၊ အခြားရွာတွေ အများကြီး ရှိသေးတယ်၊ တစ်ခြားရွာကလူတွေဟာ တစ်ခြားနည်းတွေ တွေးကြခေါ်ကြသမို့ ဤသို့ဤနှယ် လွတ်လွပ်ဖွင့်ဖြိုးပြီး ဤကဲ့သို့ တိုးတက်နေကြတယ်...” စသဖြင့်။

သစ်ထူးလွင် သတင်းစုစည်းမှု (၁၇-၁)

သစ်ထူးလွင်


Friday, January 17, 2014

၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေ ဖြစ်ပေါ်လာပုံ


 ၁။ ၁၈၈၅ခုနှစ်တွင် အင်္ဂလိပ်-မြန်မာ တတိယစစ်ပွဲဖြစ်ပွားပြီးနောက် .... မြန်မာတစ်ပြည်လုံးကို ... ၁၈၈၆ ခုနှစ် ဇန်န၀ါရီလ (၁)ရက်နေ့ တွင် ... အပြီးအပိုင်သိမ်းယူပြီးကြောင်း ကြေငြာခဲ့သည်။ ထို့ နောက် (၉-၄-၁၈၉၇)ရက်နေ့ တွင် ... မြန်မာနိုင်ငံအား အိန္ဒိယနိုင်ငံ၏ ပြည်နယ်တစ်ခုအဖြစ် ... သတ်မှတ်အုပ်ချုပ်ခဲ့ပါသည်။

ရှက်တတ်သောအမျိုးဆိုပါက ရှက်စရာကောင်းလေစွ။

ဒီကိစ္စမျိုးက အင်းဝမြို့ဟောင်းမှာရော ဦးပိန်တံတားမှာရော အကြိမ်ကြိမ်ဖြစ်ခဲ့လို့ အကြိမ်ကြိမ်လည်းတင်ပြခဲ့ပြီးပါပြီ။ သက်ဆိုင်ရာတို့က ကြပ်ကြပ်မတ်မတ်နဲ့ အရေးတယူ မဆောင်ရွက်ပေးသရွေ့ ထပ်ဖြစ်နေဦးမှာပါ။ ယနေ့ (၁၄.၁.၂၀၁၄) ရက်နေ့မှာလဲ ထပ်မံဖြစ်ပွားခဲ့ပြန်ပါပြီ။ နောက်ထပ်လဲဖြစ်ပွားဖို့ အလားအလာတွေများစွာပင် ရှိနေပါသေးတယ်။ အကယ်၍ အသေးအဖွဲကလေးကနေ ကြီးထွားလာပါက သက်ဆိုင်ရာတို့၏ တာဝန်သာဖြစ်ကြောင်း ထပ်လောင်းအသိပေးအပ်ပါသည်။

သစ်ထူးလွင် သတင်းစုစည်းမှု (၁၆-၁)

သစ်ထူးလွင်


Wednesday, January 15, 2014

ခဏလောက်အချိန်ပေးဖတ်ကြည့်ပါ။ ဒါမျိုးတွေရှိနေသေးသရွေ့ဘယ်တော့မှ တိုင်းပြည်မတိုးတက်ပါ



ကျွန်တော် သည်နေ့ ရွှေတိဂုံဘုရားကို အပေါင်းအသင်းတွေနဲ့ရောက်ဖြစ်ပါတယ်။ အချိန်က ည(၈)နာရီလောက်ရှိပါပြီ၊ ကျွန်တော်တို့သွားတဲ့ကားက Hijet လို့ခေါ်တဲ့ light Truck လေးနဲ့ပါ။ ကျွန်တော်တို့ ဘုရားတောင်ဘက်မုဒ် ကိုရောက်သွားပါတယ်။ ကားကို ပါတ်ကင်ထိုးဖို့နေရာအခက်အခဲလေးရှိတော့ လွတ်နေတဲ့ ဓာတ်လှေကားနားကနေရာလေးမှာထိုးပါတယ်။

သစ်ထူးလွင် သတင်းစုစည်းမှု (၁၅-၁)

သစ်ထူးလွင်


Tuesday, January 14, 2014

လက်ရှိနိုင်ငံရေးအခြေအနေ အဓိကကျသောပုဂ္ဂိုလ်များနှင့် ကျနော့်အမြင်------

 
 
ဒီနေရာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီးသီးခြားဖော်ပြနေစရာမလိုပဲ ကျန်သောပုဂ္ဂိုလ်တွေရဲ့ဒေါ်စုအပေါ်ထားတဲ့ သဘောထားဟာ ဒီကနေ့နိုင်ငံရေးကိုအဓိကပုံဖော်နေ တာပဲဖြစ်ပါတယ်...မြန်မာ့နိုင်ငံရေးဟာ အာဏာရပါတီ အတိုက်အခံပါတီ ပြည်သူလူထု အားလုံးဟာ ဒေါ်စုကိုဗဟိုပြုနေတာပါ...ဒေါ်စုဗဟိုပြုနိုင်ငံရေးဖြစ်ပါတယ်...

အမေရိကန်သမ္မတအိုဘားမားစတိုင် အင်ဒိုနီးရှားခေါင်းဆောင်


JOKOWI ပိုစတာဖြစ်ပါသည်။ အင်ဒိုနီးရှား၊ လက်ရှိ ဂျာကာတာမြိုတော်ဝန် ဂျိုကိုဝီ ဟု လူသိများပြီး၊ အင်ဂျင်နီယာတစ်ဦးလဲ ဖြစ်ပါသည်။
လောလောဆယ် ၁၃ ဇန္နဝါရီ ၂၀၁၄ ဂျာကာတာ ရေလွှမ်းမိုးကာ အိမ်ပေါင်း ၇ထောင်ကျော် ရေမြုတ်နေပြီး၊ လူပေါင်း ၂၅၀၀၀ ရေဘေးဒုက္ခရောက်နေပါသည်။ 

သစ်ထူးလွင် သတင်းစုစည်းမှု (၁၄-၁)

သစ်ထူးလွင်


ဒါလေး မမေ့ကြဖို့

ဒါလေး မမေ့ကြဖို့ .....>>>>>>


သိပ် အထင်ကြီးနေတဲ့ ပုဂ္ဂိုလ်တွေ.... အဖွဲ့အစည်းတွေကို ပြောချင်တယ်ဗျ။

ဒီလောကကြီးမှာ အကုန်လုံးကြိုက်တဲ့ ပုဂ္ဂိုလ် ဆိုတာ မရှိသလို.....
အကုန်လုံး သဘောမကျတဲ့ ပုဂ္ဂိုလ် ဆိုတာလည်း မရှိဘူး။

နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေး ယန္တရားကို မောင်းနှင်နေတာက သမ္မတလည်း မဟုတ်ဘူး... 
ပြည်ထောင်စု ၀န်ကြီးလည်း မဟုတ်ဘူး... 
တိုင်းဒေသကြီးနဲ့ ပြည်နယ် အစိုးရလည်း မဟုတ်ဘူး.. 

ဘယ်သူတွေလည်း သိလား ၀န်ထမ်းတွေပေါ့ဗျ...

ဝန်ထမ်းဆိုတဲ့ နေရာမှာ မြို့နယ် အုပ်ချုပ်ရေးမှူးအဆင့်လောက်က သောက်တလွဲ လုပ်ရင်တောင် နိုင်ငံရေးသမားက အစိုးရကို  လက်ညှိုးထိုးစရာ အစိုးရမှာ တာဝန်ရှိတယ် ဆိုတော့ကာ..

ဝန်ထမ်းဆိုတာကလည်း အကျင့်စာရိတ္တကောင်းမွန်ကြောင်း ထောက်ခံချက်ရယ်....၊
ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံချက်တွေရယ်..၊
မြန်မာနိုင်ငံသား မိဘနှစ်ပါးက ဖွားမြင်သူ မြန်မာနိုင်ငံသား ဖြစ်ရမည် ဆိုတာရယ်... ပြီးတော့ ပညာအရည်အချင်းဖော်ပြချက်  (မိတ္တူလေး တစ်ချို့ မူရင်း) တင်ပြပြီးမှ သက်ဆိုင်ရာ ကဏ္ဍအလိုက် သင်တန်းတွေတက်ပြီးမှ ၀န်ထမ်း ဖြစ်ရတာလေ...။

ပါတီဝင် ကတော့ ထောင်ပဲထွက်ထွက် တိုင်းရင်းသားအစစ် ဟုတ်ဟုတ် မဟုတ်ဟုတ် အကုန် လက်ခံတာ... 
အကျင့်စာရိတ္တလည်း ကောင်းစရာ မလိုဘူး...
ထောင်ကျထားလည်း အေးဆေးပဲ.. ဟုတ်တယ် မဟုတ်လား ????

အဲဒီတော့ သေသေချာချာ ပြောချင်တာက ၀န်ထမ်းတွေက ထောင်ထွက်တွေရယ်၊ တိုင်းရင်းသားမဟုတ်တဲ့ နိုင်ငံသားတွေရယ် ဆိုရင် လက်ခံပြီး ဆက်ဆံနေရရင်တောင်  ကြည့်မရဘူးဗျ။  ဒီထက် ဆက်ပြောရရင်လည်း မကောင်းတော့ဘူး.....။

အာဏာရချင်တဲ့ ပါတီတွေအနေနဲ့  ဘူးလုံးနားမကွဲတဲ့ ပြည်သူတွေကို ဟုတ်နိုးနို၊ ရနိုးနိုး မဟုတ်တရုတ်တွေ ပြောရင်း စည်းရုံးနေသလို.... ၀န်ထမ်းတွေကိုလည်း ယုတ္တိရှိရှိပြောပြီး စည်းရုံးဖို့လည်း မမေ့ကြနဲ့နော်...။

ပေါက်ကရတော့ မပြောနဲ့ဗျ.. ၀န်ထမ်းတွေက အတွေ့အကြုံရော.. မာနရော၊ အုပ်ချုပ်မှု အတွေ့အကြုံရော ရှိကြတယ်...။

လူကောင်းသူကောင်းနဲ့ အယောင်ဆောင်တွေကိုလည်း ခွဲတတ်ကြတယ်...။ ဘာကိုရည်ရွယ်လာသလဲဆိုတာလည်း ပါးစပ်ဟတာနဲ့ သိကြတယ်။

အခုခေတ်က ၀န်ထမ်းတွေကို ဖြုတ်လိုက်မယ်.... သတ်လိုက်မယ် ဆိုပြီး ခြိမ်းခြောက် အုပ်ချုပ်လို့လည်း မရတော့ဘူး...၊ ပါတီက ထုတ်သလို ထုတ်ပစ်လို့လည်းမရဘူး၊ ပယ်ထားလို့လည်း မရဘူး... သူတို့မှာ... တစ်ဦးချင်း သီးသန့် တာဝန်တွေလည်း ရှိကြလို့ဗျ...။

နောက်ပြီး စည်းမျဉ်းစည်းကမ်းတွေ၊  လုပ်ထုံးလုပ်နည်းတွေ... 
အားနည်းချက် အားသာချက်တွေ...
ဖြစ်သင့် မဖြစ်သင့်တွေ... မေးခွန်းတွေ... ချေပချက်တွေ... 
ဥပဒေနဲ့ အကျုံးဝင်/ မ၀င်ဆိုတာတွေ သိကြတယ်ဗျ...။  ဟုတ်ပြီနော်....

အဲဒီတော့... ၀န်ထမ်းတွေ လေးစားအောင်လည်း လုပ်ကြဦး... 
တင်ပြစာလေးတစ်စောင်တောင် စနစ်ကျကျ မရေးတတ်တဲ့... ထောင်ထွက်တွေ အမိန့်ပေးရင် ၀န်ထမ်းတွေ နာခံပါ့မလားဆိုတာလည်း စဉ်းစား..

နောက်တစ်ခုက တိုင်းရင်းသား စစ်စစ် မဟုတ်တဲ့ နိုင်ငံသားတွေ အမိန့်ပေးရင် နာခံမလား ဆိုတာလည်း စဉ်းစား.... 
ဝန်ထမ်းဖောက်ရင် လူလဲဖို့ ခက်တယ်... 
ဘာဖြစ်လို့လည်း သိလား ကဏ္ဍအလိုက် အသိပညာနဲ့ အတတ်ပညာတွေကို ကျွမ်းကျင်တာက ၀န်ထမ်းတွေ ဖြစ်နေလို့ပဲ.... 

နောက်တစ်ချက်ကလည်း ၀န်ထမ်းတွေ ဦးထိပ်ပန်ဆင်ထားတာ နိုင်ငံတော် ဖြစ်နေလို့ပဲ.... သဘောပေါက်တယ်နော်...။


(ကွန်ဆူးမား)(၁၃-၁-၂၀၁၄)

သိပ် အထင်ကြီးနေတဲ့ ပုဂ္ဂိုလ်တွေ.... အဖွဲ့အစည်းတွေကို ပြောချင်တယ်ဗျ။
ဒီလောကကြီးမှာ အကုန်လုံးကြိုက်တဲ့ ပုဂ္ဂိုလ် ဆိုတာ မရှိသလို.....
အကုန်လုံး သဘောမကျတဲ့ ပုဂ္ဂိုလ် ဆိုတာလည်း မရှိဘူး။

●ဗိုလ်ချုပ်၏ တိတ်တဆိတ် ကြေကွဲမျက်ရည်၊ မြန်မာ့နွေဦးနှင့် မြန်မာ့မော်ဒယ်လ်●

Hmuu Zaw

● တိတ်တဆိတ်ကြေကွဲမျက်ရည် ●

တစ်နေ့သောအခါတွင် အင်္ဂလိပ်ဘုရင်ခံ ဆာဒေါ်မန်စမစ်၏ ရင်းနှီးနွေးထွေးမှုကြောင့် သင်းကွဲအထီးကျန် စိတ်ခံစားမှုများ ပေါက်ကွဲထွက် ခဲ့ရသော ဗိုလ်ချုပ်အောင်ဆန်းသည် တစ်ကိုယ်တည်း အထီးကျန်နေရ သည့်အကြောင်း၊ အမြဲတမ်းလိုလိုပင် အထီးကျန်နေ ခဲ့ရသော ဘဝတွင် မိတ်ဆွေစစ်၊ မိတ်ဆွေမှန်များ လိုလားတောင့်တပြီး ရှာဖွေခဲ့သော်လည်း တစ်ဦးတလေပင် တွေ့ရှိရန် ခက်ခဲကြောင်း ရင်ဖွင့်ခဲ့သည်။

သစ်ထူးလွင် သတင်းစုစည်းမှု (၁၃-၁)

သစ်ထူးလွင်


ငြိမ်းချမ်းရေး စစ်တမ်း (၃)။ တတိယပိုင်း - ငြိမ်းချမ်းရေးစာချုပ်ကအာမခံရမည့် ဥပဒေစိုးမိုးရေး အခြေခံ။

Aung Htoo January 11, 2014 at 3:04pm
                                                            
စာချုပ်၏ ရေးသားဟန်မှာ အသွင်သဏ္ဍာန်အရဥပဒေသဘွယ်ဖြစ်ရမည်သာမက အနှစ်သာရအရ အစမှအဆုံး ဥပဒေစိုးမိုးရေးကိုအားဖြစ်စေရပါမည်။ နိုင်ငံတကာစံထားချက်များအခြေခံတွင် ဥပဒေအထောက်အကူ ပြုကွန်ရက်မှ လက်ခံထားသော ဥပဒေစိုးမိုးရေးဆိုင်ရာ အခြေခံအကျဆုံးမူ(၁၀) ချက်အနက် နံပါတ် (၅) အချက်မှာ “ဥပဒေကို အတည်ပြုသည့် အဖွဲ့အစည်းများ[1]၊တိုင်းပြည် အဆောက်အအုံများ[2] တို့သည်ဘက်လိုက် ခြင်း မရှိ၊ အဂတိတရားမလိုက်စား၊ ကျောသားရင်သား မခွဲခြားဘဲ အရေးယူ ဆောင်ရွက်ခြင်းနှင့်ကာကွယ်စောင့်ရှောက်ခြင်း။” ဖြစ်သည်။
Related Posts Plugin for WordPress, Blogger...