Friday, February 28, 2014

ရှင်နည်းရာ အဂ္ဂလူထွက်



လွှတ်တော် ကိုယ်စားလှယ် ဖြစ်ပြီးမှသာ သမ္မတ၊ ဒုသမ္မတမှစပြီး ပြည်ထောင်စုဝန်ကြီးများ ဖြစ်ခွင့်ရှိသည် ဟူသော မူတစ်ရပ်ကို ဖော်ဆောင်မည်ဟု ကြားလိုက်၊ ဖတ်လိုက်ရသည်။ ရွေးကောက် တင်မြှောက်ခံရပြီး မှသာ အုပ်ချုပ်ရေးပိုင်းတွင် ရာထူးကြီးများ ရမည်ဆိုသည့်သဘော။ ထိုမူသာ အတည်ဖြစ်သွားလျှင် ရှင်နည်းရာ အဂ္ဂလူထွက်ကိန်း ဆိုက်လိမ့်မည်။

"မြန်မာ့ယဉ်ကျေးမှုမြို့တော် ဘယ်သူတွေဝါးမျိုသွားလဲ"


ကျွန်တော်တို့ အညာသူအညာသား အထူးသဖြင့် မန္တလေး သူ၊သားတွေကို အခြားဒေသက
လူတွေက ဒေသစွဲ၊ ဇာတိစွဲကြီးတယ်လို့ပြောကြတယ်။ သူတို့ပြောမယ်ဆိုလည်းပြောလောက်စရာပါ ကျွန်တော်တို့ မန္တလေးသားတွေက အခြားဒေသကလူတွေ မျက်စိဆံပင်မွေးစူးလောက်အောင် ကို ဒေသအပေါ် ချစ်စိတ်၊ စွဲလန်းစိတ်ကြီးလွန်းပါတယ်။

ကတုံးနဲ့လူ သတိထား...



ကတုံးနဲ့လူ သတိထား...။ (တချိန်က နယ်စပ်မှာ ခေတ်စားတဲ့ ဦးအေးဆောင်စကားကို ငှားသုံးထားတာပါ)
Aljazeera သတင်းထောက်လွှတ်ပေးရေး တောင်းဆိုတဲ့ DVB အုပ်စုထဲ ကိုခင်သန်းပုံကို မြင်ရတော့ အတော် အံ့သြသွားပါတယ်။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၈-၂)

သစ်ထူးလွင်


ရုန်းရင်း နစ် ... ဖောင်ပေါ် က ရေငတ်နေသူများး

Essential Moe added 2 new photos.
Essential Moe's photo.
Essential Moe's photo.
တကယ်တော့ !!
  ခေါင်းငုံ့နေတာ ဦးညွှတ်ချင်လို့မဟုတ်ပါ။
အရာရာတို့၌ ခံပြင်းစွာ နာကျည်းစွာ
ဒေါသဖြစ်စွာ အရှုံး မမည် သော အရှုံး သံသရာ မှာ သူတို့ ကူးခတ်ဆဲ
  ငွေကြေးချမ်းသာသူများ ပိုချမ်းသာပြီး ဆင်းရဲသူများ ပိုဆင်းရဲလာကြောင်း လွှတ်တော်ကော်မတီ အစီရင်ခံစာ၌ ဖော်ပြထားကြောင်း သိရှိရပါသည် ။

၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် ပထမခြောက်လအတွင်း အစိုးရ၏ တစ်နှစ်လုံး စီမံချက်များအပေါ် ၃၂ ရာခိုင်နှုန်းကျော်သာ အကောင်အထည် ဖော်နိုင်ခဲ့ပြီး လက်ရှိပကတိ အခြေအနေမှာ ငွေကြေး ချမ်းသာသူများ ပို၍ချမ်းသာလာပြီး ဆင်းရဲသူများ ပို၍ဆင်းရဲလာကြောင်း ပြည်ထောင်စုလွှတ်တော်၊ စီမံကိန်းများနှင့် ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

အမျိုးစောင့်တယ်ဆိုတာ


အာဏာရှင်လက်ထက်တွင်..
တစ်နှစ်လျှင် သတို့သမီး သန်း ၂၀ ခန့်လိုအပ်နေသောနိုင်ငံသို့
ကျွန်တော်တို့နိုင်ငံမှ တိုင်းရင်းသူများ..
လျိုအလျို လူမှောင်ခိုကူးခံကြရ သည်။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၇-၂)

သစ်ထူးလွင်


Thursday, February 27, 2014

ခေါင်းဆောင်မှုနှင့် စိတ်စွမ်းအင် (၂)

Job Seekers Journal vol.2,No.38

စိတ်စွမ်းအားဖြင့် ဦးဆောင်ခြင်း
ခေါင်းဆောင်မှုဆိုတဲ့ ဖြစ်စဉ်တွေအားလုံးထဲကို စိတ်ရဲ့ အစွမ်းသတ်္တိတွေ ထည့်သွင်းပြီး ဦးဆောင်တဲ့ အခါမှာ အောင်မြင်မှုတွေဟာအလွယ်တကူဖြစ် ထွန်းလာစေမှာဖြစ်ပါတယ်။ အောင်မြင်ကျော်ကြား တဲ့ခေါင်းဆောင် ကြီးတွေ လုပ်ဆောင်ကြတဲ့အချက်ကြီးနှစ်ချက်ရှိပါတယ်။ ပထမအချက်ကတော့ သူတို့ ဘယ်ကိုဦးတည်သွားနေတယ်ဆိုတာကို ပြတ်ပြတ်သားသား သိတယ်။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၆-၂)

သစ်ထူးလွင်


Wednesday, February 26, 2014

Miss Myanmar ခင်ဝင့်ဝါအတွက် ဆုနှစ်ဆုကို Global Beauties နှင့် Missosology တို့ မှ မြန်မာနိုင်ငံတွင် လာရောက်ပေးအပ်မည်


Miss Supranational Myanmar ခင်ဝင့်ဝါကို ကမ္ဘာ့အအောင်မြင်ဆုံး အလှမယ် Website များဖြစ်သည့် Global Beauties နှင့် Missosologyတို့ မှ ကမ္ဘာ့အကောင်းဆုံး အလှမယ် စာရင်းဝင် အဖြစ် ဆုများချီးမြှင့်ကြမည်ဟု သိရသည်။

Tuesday, February 25, 2014

- လက်တွေ့ကျသူ ခေါင်းဆောင် (ခိုင်မာသော ပန်းတိုင်၊ ပြောင်းလွယ်ပြင်လွယ် နည်းလမ်း)

November 15, 2011 at 6:05pm
ဗိုလ်ချုပ်နှင့်ပတ်သတ်လာလျှင် သူ့အားဝေဖန်သူများက သူ့ခေတ်သူ့အခါက ထုတ်လေ့ရှိသော မေးခွန်းတခုမှာ “ဗိုလ်ချုပ်တို့ ဖက်ဆစ်ဂျပန်တွေကို ပေါင်းခဲ့သင့်သလား” တနည်း “ဖက်ဆစ်ဂျပန်တို့ အကူအညီကို ယူခဲ့သင့်သလား” ပင် ဖြစ်သည်။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၅-၂)

သစ်ထူးလွင်


တရုတ် မှောင်ခို ဈေးကွက် မှာ တန်ဖိုး မြင့်တက် လာတဲ့ လူ့ခန္ဒာကိုယ် အစိတ်အပိုင်းများ... အရှိန် အဟုန်နဲ့ ကြီးထွားလာတဲ့ လူသား မှောင်ခို ဈေးကွက်



တိုင်းပြည်ဆင်း၇ဲလွန်းလို့ နေစရာ စားစရာ မရှိဖြစ်နေတဲ့  သာမန်ပြည်သူတွေ,,, နယ်စပ်ဒေသတွေမှာ စွန့် စား သွားရောက်လုပ်ကိုင်နေသူများ.သတိထားဖို့ပါ
ငွေကြေးမပြည်စုံသူတွေရဲ့  အများဆုံးထွက်ပေါက်ဖြစ်တဲ့ တရားမ၀င် အလွယ်ဆုံးနည်းလမ်းကနေ သွားနေကြတဲ့သူတွေမှာ ရင်ဆိုင်ရမယ့် အရမ်းအန္တရယ်ကြီးမားတဲ ပြသနာတွေရှိနေပါတယ်၊...

ခေါင်းဆောင်မှုနှင့် စိတ်စွမ်းအင်

Photo: ခေါင်းဆောင်မှုနှင့် စိတ်စွမ်းအင်

ဖူးကျော်ဇင် (Future Wave)

Job Seekers Journal vol.2,no.37

လောကကြီးကို ဦးဆောင်နေတာ ဘယ်ခေါင်းဆောင်မှ မဟုတ်ပါဘူး။ စိတ်က သာလျှင် တစ်လောကလုံးကို ဦးဆောင်နေတာ ဖြစ်တယ်လို့ ဗုဒ္ဓဘုရားရှင် က ဟောကြားခဲ့ပါတယ်။ စိတ်မှာ ထူးခြားတဲ့စွမ်းအင်တွေ၊ သတ်္တိတွေ အများ ကြီးရှိပါတယ်။ စိတ္တ (စိတ်)ဆိုတာဟာ ထူးခြားဆန်းကြယ်ခြင်းလို့ အဓိပ္ပါယ် ရပါတယ်။ 

ကျွန်တော်တို့ သက်ရှိလူသားတွေအားလုံးမှာ စိတ်တွေကိုယ်စီ ရှိနေကြပြီး သားပါ။ ကျွန်တော်တို့အားလုံးမှာဘယ်အလုပ်မျိုးကိုမဆိုလုပ်ဆောင်နိုင်တဲ့၊ ဘယ်ပြဿနာအခက်အခဲကိုမဆိုရင်ဆိုင်ဖြေရှင်း ကျော်လွှားနိုင်တဲ့၊ ဘယ်လို ပန်းတိုင်မျိုးကိုမဆိုရောက်ရှိပိုင်ဆိုင်နိုင်တဲ့စူပါ့စူပါ အထူးစွမ်းအားတွေရှိနေ ကြပါတယ်။ စိတ်ရှိတဲ့သူတိုင်း စွမ်းအင်ရှိပါတယ်၊ သတ်္တိထူးတွေ ရှိကြပါတယ်။ အားလုံးအတူတူပါပဲ။ ဒါပေမယ့်မတူတာကဒီစွမ်းအင်သတိ္တတွေကို ထုတ်သုံး တဲ့သူနဲ့၊ ထုတ်မသုံးတဲ့သူဆိုပြီး ကွာခြားကြတာပါပဲ။

စိတ်ကိုအထူးလေ့ကျင့်ပြီးစွမ်းအင်ထုတ်ရင်စွမ်းအားဆိုတာ ထွက်ပါတယ်။ စိတ်ရဲ့ထူးကဲတဲ့ စွမ်းအင်တွေကိုအသုံးချနိုင်ပြီဆိုရင်မိမိအလိုရှိတဲ့ အောင်မြင် မှုအသီးသီးကိုအမြန်ဆန်ဆုံးအကောင်အထည်ဖော်နိုင်ပါတယ်။ စိတ်စွမ်းအင် ကိုအသုံးချပြီးလူဆင်းရဲဘ၀မှ သန်းကြွယ်သူဌေးကြီးတွေဖြစ်လာအောင်၊ သာမန်အညတြဘ၀မှ ကျော်ကြားတဲ့ ထိပ်တန်းခေါင်းဆောင် ကြီးတွေဖြစ် လာအောင် ပြောင်းလဲပစ်နိုင်ကြတဲ့ ဖြစ်ရပ်ပေါင်းများစွာကို ကမ္ဘာ့သမိုင်း တစ်လျှောက်မှာလေ့လာမြင်တွေ့ခဲ့ရမှာပါ။ လက်ရှိကမ္ဘာပေါ် မှာအောင်မြင်ကျော်ကြားနေတဲ့သန်းကြွယ်သူဌေးကြီးတွေ၊ထိပ်တန်းအောင်
မြင်သူတွေ၊ သြဇာတိက္ကမကြီးမားတဲ့ခေါင်းဆောင်ကြီးတွေအားလုံးဟာလည်း စိတ်စွမ်းအင်တွေကို ကောင်းစွာအသုံးချခဲ့ကြတဲ့သူတွေပါပဲ။

ထက်မြက်တဲ့ခေါင်းဆောင်တွေရဲ့ခေါင်းဆောင်မှုတွေမှာစိတ်စွမ်းအင်တွေ အထူးပါဝင်ပါတယ်။ ခေါင်းဆောင်ကြီးတွေအတော်များများဟာ စိတ်စွမ်း အားရှိကြသူတွေပါပဲ။ သူတို့ခေါင်းဆောင်မှုတွေပေးတဲ့ အခါမှာ၊ ဆုံးဖြတ် ချက်ချတဲ့အခါမှာ၊ နောက်လိုက်တွေကို ပန်းတိုင် ရောက်အောင် ဦးဆောင်တဲ့ အခါမှာစိတ်စွမ်းအင်တွေကိုအထူးထည့်သုံးကြပါတယ်။သမားရိုး ကျခေါင်းဆောင်မှုနဲ့ စိတ်စွမ်းအင်ပါတဲ့ ခေါင်းဆောင်မှုဟာ ထိရောက်မှုခြင်း လုံးဝကွာခြားပါတယ်။

 ခေါင်းဆောင်ဖြစ်အောင် လေ့ကျင့်ပျိုးထောင်ခြင်းမှာ စိတ်စွမ်းအင်ကို တိုးတက်လာအောင်ပျိုးထောင်ခြင်းလည်းပါဝင်ပါတယ်။ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်စေဖို့ စွမ်းအားပြည့်ဝတဲ့ စိတ်ခွန်အားတွေ ဖွံ့ဖြိုးလာအောင် ကြိုးပမ်းတည်ဆောက်ယူထားရပါမယ်။ စိတ်အင်အားတွေ ထက်မြက် လာအောင် သွေးယူကြရပါမယ်။ စိတ်အရည်အသွေးတွေ တိုးတက်ကြီးထွား လာအောင် လေ့ကျင့်ယူရပါမယ်။

မသိစိတ် (Subconscious Mind)
စိတ်ကိုစွမ်းအင်တွေထွက်ပေါ်လာအောင် မလေ့ကျင့်မပျိုးထောင်ဘူးဆိုရင် စိတ်စွမ်းအင်တွေဟာငုပ်လျှိုးနေတတ်ပါတယ်။ ထွက်ပေါ်လာမှာ မဟုတ်ပါ ဘူး။ ဒါဆိုဒီစွမ်းအင်တွေကဘယ်အပိုင်းမှာငုပ်လျှိုးနေတာလဲ ဆိုတာသိဖို့ လိုပါတယ်။ တကယ်တော့ ဒီစွမ်းအင်တွေ၊ သတိ္တတွေ၊ တန်ခိုးတွေဟာ စိတ်ရဲ့အတွင်းအနက်ရှိုင်းဆုံးအပိုင်းဖြစ်တဲ့နေရာမှာ သွားရောက် ခိုအောင်းနေတတ်ပါတယ်။ ဒါကိုအလွယ်ဆုံးခေါ်မယ်ဆိုရင်တော့ "မသိစိတ်" (subconscious mind) ပေါ့။

ဟုတ်ပါတယ်။ လူတိုင်းရဲ့ မသိစိတ်ထဲမှာ ထူးခြားတဲ့ စွမ်းအင်တွေ၊ တန်ခိုး သတိ္တတွေ အထူးကိန်းအောင်နေတတ်ပါတယ်။ ဒါ့အပြင် အတိတ် ကာလ က လေ့လာခဲ့တာတွေ၊ သိမြင်ခဲ့တာတွေ အားလုံးဟာ မသိစိတ် အတွင်းမှာ အစုအပေါင်းအနေနဲ့ စုစည်းကိန်းအောင်းနေတတ်ပါတယ်။ ဒီလိုမသိစိတ် ထဲမှာ ကိန်းအောင်းနေတဲ့ စွမ်းအင်တွေ၊ အသိပညာတွေ အသီးသီးကို လူတိုင်းကရယူထုတ်ဖော်ကာသုံးစွဲနိုင်တယ်လို့ သြစတြီးယန်း လူမျိုးစိတ်ကု ပညာရှင်ကားလ်ယွန်းကဆိုခဲ့ဖူးပါတယ်။ သာမန်လူတစ်ဦးဘ၀မှရုန်းထွက်နိုင် တဲ့ စွမ်းအားတွေနဲ့ အောင်မြင်မှုအားလုံးတို့ဟာ မသိစိတ်ရဲ့ စွမ်းအင်တွေကို အခြေခံကျကျသုံးစွဲပြီးရရှိခဲ့တာဖြစ်တယ်လို့သူက ယူဆခဲ့ပါတယ်။

အမေရိကန်လူမျိုးအောင်မြင်ရေးသုတေသီကြီးနပိုလီလံဟေးလ်ကဒီစွမ်းအား ကို"အနန္တအသိဥာဏ်"လို့သုံးပါတယ်။ မသိစိတ်အတွင်းကဒီအနန္တ အသိ ဥာဏ်တွေကိုထုတ်ယူသုံးစွဲသူတွေဟာသူတို့ရဲ့ဘ၀ကိုအကြီးအကျယ်
 အောင်မြင်စေခဲ့တယ်လို့လည်းဆရာကြီးက ကောက်ချက်ချခဲ့ပါတယ်။
ဒီစိတ်နဲ့ဒီစွမ်းအားတွေ၊ ဒီလိုအနန္တအသိဥာဏ်တွေ အားလုံးဟာ လူတိုင်း အတွက် အမြဲအသင့်ရှိနေပါတယ်။ မသိစိတ်ထဲက ဒီစွမ်းအားတွေကို ထွက်ပေါ်လာအောင်ဆွဲထုတ်တတ်ရမှာကတော့ အောင်မြင်လိုသူ လူသား အားလုံးရဲ့တာဝန်ပါပဲ။ ဒီလိုစွမ်းအားတွေကိုမသိစိတ်ထဲကထွက်လာပြီး ပြင်ပ မှာ အသုံးချတတ်အောင်တော့ စိတ်ကိုအထူးလေ့ကျင့်ရမှာဖြစ်ပါတယ်။
မသိစိတ်ရဲ့ စွမ်းအားဟာတီထွင်ဖန်တီးနိုင်မှု လုပ်ရပ်တွေ အားလုံးရဲ့ အနှစ် သာရရင်းမြစ်တစ်ခုဖြစ်ပါတယ်။ ကမ္ဘာလောကကြီးမှာရှိတဲ့ အသစ် အဆန်း ဖန်တီးမှုမှန်သမျှဟာဒီစွမ်းအင်ကြောင့်ဖြစ်တည်လာကြတာတွေပါပဲ။ သမိုင်း တစ်လျှောက်လုံးပေါ်ပေါက်လာခဲ့တဲ့ တီထွင်ပါရဂူကြီးတွေ၊ စာရေးဆရာ ကြီးတွေ၊ ပန်းချီအကျော်အမော်ကြီးတွေ၊ တွေးခေါ် ပညာရှင်ကြီးတွေအားလုံး တို့ဟာဒီမသိစိတ်ထဲကစွမ်းအင်တွေနဲ့ ပြောင်မြောက်ခမ်းနားတဲ့အနုပညာတွေ၊တီထွင်ဖန်တီးမှုတွေ၊ သီအိုရီတွေကို မွေးထုတ်ခဲ့ကြတာဖြစ်ပါတယ်။

အလိုလိုသိစိတ် (Intuition)
စိတ်ရဲ့ စွမ်းအင်ဟာ အင်မတန်ထူးခြားဆန်းပြားပါတယ်။ သင် တစ်ခါမှမတွေး ဖူးတဲ့ အကြံဥာဏ်ကောင်းတွေ တခြားသူဆီက မဟုတ်ဘဲ သင့်စိတ်ထဲက အလိုလိုသိမြင်လာတာမျိုး မကြာခဏ ကြုံဖူးမှာပါ။ ဒါကို အလိုလိုသိစိတ် (Intuition)လို့ခေါ်ပါတယ်။တခါတရံသင်ကသင့်မိတ်ဆွေတစ်ဦးရဲ့အကြောင်း ကိုစဉ်းစားနေချိန်မှာသူ့ဆီက ဖုန်းဝင်လာတာတို့၊ မကြာခင်သူရောက်လာ တို့ကြုံခဲ့ရဖူးမှာပါ။ ဒါဟာမသိစိတ်က ကြိုတင်သိနေတဲ့ အလိုလိုသိစိတ်ရဲ့ စွမ်းအင်တစ်ခုပါပဲ။

ခေါင်းဆောင်ကြီးတွေဟာအလိုလိုသိစိတ်ကိုသုံးပြီး ဦးဆောင်လေ့ရှိကြ ပါတယ်။ တစ်ခါတစ်ရံမှာ အောင်မြင်လိမ့်မယ်၊ကျရှုံးလိမ့်မယ်ဆိုတဲ့အဖြေတွေ ကို အလိုလိုသိနေပြီးသားပါ။ သူတို့နဲ့ ပတ်သက်ဆက်ဆံကြမယ့် လူတွေကို လည်း အလိုလိုသိစိတ်နဲ့အကဲဖြတ်တတ်ကြပါတယ်။ သမ္မတ ဂျွန်ဆင်က "သင်အခန်းတစ်ခန်းထဲကို ၀င်သွားပြီးနောက် ဘယ်သူက ခင်ဗျားကိုထောက်ခံသူဖြစ်တယ်၊ ဘယ်သူကခင်ဗျားကို ဆန့်ကျင်မယ့် သူ ဖြစ်တယ်ဆိုတာအကဲမခတ်တတ်ပါကသင်ဟာ နိုင်ငံရေးသမားကောင်း မဖြစ်နိုင်ချေ" လို့ ပြောခဲ့ဖူးပါတယ်။

ဒီအဆိုအမိန့်အရ ခေါင်းဆောင်ကောင်းတွေဟာ အလိုလိုသိစိတ် ကိုရှေ့တန်း တင်ပြီး ဆုံးဖြတ်အကဲခတ်တဲ့စွမ်းအင်လိုကြောင်း ဖော်ပြပါတယ်။ အလိုလိုသိ စိတ်ကို အမြဲလေ့ကျင့်နေရင် အလိုလိုသိစိတ်က ပိုပြီး စွမ်းအားထက်မြက် လာနိုင်ပါတယ်။ အလိုလိုသိစိတ်ရှိတဲ့ ခေါင်းဆောင်တွေဟာ အနာဂတ်ကိုကြို သိမြင်၊ အခက်အခဲတွေကိုကြိုသိမြင်၊ ပြဿနာတွေ၊ ဖြေရှင်းပုံတွေကိုချက် ချင်းလိုလို အာရုံခံစားသိမြင်နိုင်စွမ်းရှိကြပါ တယ်။ ဒါဟာ အလိုလိုသိစိတ်ရဲ့ စွမ်းအင်ကို အသုံးချတာပါပဲ။

"မသွားခင်က ရောက်နှင့်သည့် စိတ်စွမ်းအင်"
စိတ်ဟာ လူကိုယ်တိုင်သွားစရာမလိုဘဲ နေရာမျိုးစုံကို လျင်မြန်စွာ သွားရောက်နိုင်တာသိပြီးဖြစ်မှာပါ။ ဒီလိုသိကြပေမယ့်ဒီစိတ်ရဲ့အဝေးသွားနိုင် မှုကို လူအတော်များများက ထိထိရောက်ရောက်အသုံးမပြုကြ ပါဘူး။ အောင်မြင်သူတွေနဲ့ ခေါင်းဆောင်ကြီးတွေဟာ စိတ်ရဲ့အဝေး သွား ရောက်နိုင်မှုကို လက်တွေ့ဘ၀မှာ အသုံးချကြပါတယ်။ နမူနာအနေ နဲ့ ပြောရရင် ခေါင်းဆောင်တစ်ယောက်ဟာ လက်ရှိမှာရုံးခန်းထဲ ထိုင်နေပေ မယ့်သူ့ရဲ့ စိတ်အာရုံကို သူသွားရောက်ချင်တဲ့ပန်းတိုင်ဆီကို ပို့လွှတ်ပြီး အရင်ရောက်နှင့်နေစေပါတယ်။ "မသွားခင်က ရောက်နှင့်သည်" ဆိုတဲ့ စကားလိုပေါ့။

ဒါဟာ ပန်းတိုင်အတွက်စိတ်စွမ်းအင်ကိုသုံးတဲ့နည်းလေးတစ်ခုပါပဲ။ မိမိ ကိုယ်တိုင်ရွေးချယ်ထားတဲ့ပန်းတိုင်တစ်ခုဆီကိုစိတ်နဲ့ စွဲစွဲမြဲမြဲ ရည်မှန်းချီ တက်နေတဲ့အခါမှာ ကိုယ်ရည်မှန်းထားတဲ့ ပန်းတိုင်ဟာ ပိုမိုနီးကပ်လာ မှာဖြစ်ပါတယ်။ ဒီလိုရည်မှန်းခြင်းဟာမသိစိတ်ထဲကစွမ်းအင်တွေ၊ စိတ်ကူး စိတ်သန်းတွေ၊ တန်ခိုးတွေဟာအစွမ်းထက်လာပြီးပန်းတိုင်ကို မရမက ဆွဲဆောင်တော့တာပါပဲ။

ဒီအချက်ကို ထိပ်တန်းခေါင်းဆောင်ကြီးတွေ သုံးလေ့ရှိကြပါတယ်။ ဒါဟာ အောင်မြင်တဲ့ခေါင်းဆောင်မှုရဲ့လျှို့ဝှက်ချက်တစ်ခုပါပဲ။ နောက် လိုက်တွေကိုဆွဲဆောင်တဲ့နေရာမှာလည်း စိတ်စွမ်းအင်ပါသလို ပန်းတိုင် ကိုချီတက်တဲ့နေရာမှာလည်းစိတ်စွမ်းအင်ကိုအထူး ထည့်သွင်းကြပါတယ်။ 
စိတ်ဟာလွတ်လပ်တယ်။ ကြိုက်တဲ့နေရာ၊ ဖြစ်ချင်တဲ့အရာကို ချက် ချင်း စက္ကန့်မခြား တွေးတောနိုင်တယ်။ လွတ်လပ်တဲ့ ဒီစိတ်စွမ်းအင်ဟာ တစ်စုံ တစ်ခုကိုရယူဖို့၊ လုပ်ဆောင်ဖို့ဆန္ဒပြင်းပြလာတဲ့အခါမှာ ထွက်ပေါ်လာ တတ် ပါတယ်။ ဒီအခါမှာပင်ပန်းနွမ်းနယ်မှုလုံးဝမရှိဘဲ နာရီပေါင်း များစွာအလုပ် လုပ်နိုင်တယ်။ တစ်ခါတစ်ရံ အလုပ်တွေများလို့ အစားမမှန်၊ အအိပ်မမှန်တဲ့ ကြားကအားအင်တွေဖြစ်ထွန်းနေတတ်တယ်။ ပန်းတိုင်ရောက်ရင် အရုပ် ကြိုးပြတ်ပြိုလဲချင်လဲကျသွားမယ်။ ဒါပေမယ့်ပန်းတိုင်ကို သွားနေစဉ်မှာ စွမ်းအင်တွေ၊ စိတ်အားတက်ကြွမှုတွေဟာကိုယ့်ခန္ဓာဆီသို့ အဆက်မပြတ် စီးဝင်နေတတ်တယ်။
 
ဒီသဘောတွေကိုခေါင်းဆောင်ကြီးတွေက ကောင်းကောင်းသဘော ပေါက်ပြီးသူတို့ရဲ့ခေါင်းဆောင်မှုခရီးစဉ်မှာကောင်းကောင်း အသုံးချတော့တာပဲ။ ဒါကြောင့် အောင်မြင်ကျော်ကြားတဲ့ ထိပ်တန်းခေါင်းဆောင်ကြီး တွေဟာ ဘယ်သူမှ လိုက်မမီတဲ့ ပြောင်မြောက်တဲ့ခေါင်းဆောင်မှုတွေကို ပေးနိုင် တာပေါ့။

ဆက်လက်ဖော်ပြပါမည်။
Let's Fly Together!
ဖူးကျော်ဇင် (Futue Wave)


Job Seekers Journal vol.2,no.37

ေ လောကကြီးကို ဦးဆောင်နေတာ ဘယ်ခေါင်းဆောင်မှ မဟုတ်ပါဘူး။ စိတ်က သာလျှင် တစ်လောကလုံးကို ဦးဆောင်နေတာ ဖြစ်တယ်လို့ ဗုဒ္ဓဘုရားရှင် က ဟောကြားခဲ့ပါတယ်။ စိတ်မှာ ထူးခြားတဲ့စွမ်းအင်တွေ၊ သတ်္တိတွေ အများ ကြီးရှိပါတယ်။ စိတ္တ (စိတ်)ဆိုတာဟာ ထူးခြားဆန်းကြယ်ခြင်းလို့ အဓိပ္ပါယ် ရပါတယ်။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၄-၂)

သစ်ထူးလွင်


Monday, February 24, 2014

မြန်မာနိုင်ငံမှ ဂန္ထဝင်ဇာတ်လမ်း တစ်ပုဒ်

မြန်မာနိုင်ငံမှ ဂန္ထဝင်ဇာတ်လမ်း တစ်ပုဒ်၏ မြေး အေးနေဝင်းနှင့် အမေးအဖြေ
 ၂ဝဝ၂ ခုနှစ်တွင် ဦးနေဝင်း၏ ထို မြေးများသည် ထိုစဉ်က အုပ်ချုပ်ခဲ့သော ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ စစ်အစိုးရကို ဖြုတ်ချ ဖယ်ရှားရန် ကြံစည် မှုဖြင့် သေ ဒဏ်ချ မှတ်ခံခဲ့ရသည်။ ထောင်ထဲတွင် ၁၁ နှစ် ကျော်နေ ပြီးနောက် သူတို့၏ ဖခင်နှင့် ညီအငယ်ဆုံး တို့သည် ၂ဝ၁၂ ခုနှစ် ဇန်နဝါရီလက သူတို့ထက် အရင် ပြန်လည် လွတ်မြောက်လာခဲ့ကြသည်။ ဦးနေဝင်း ကိုယ်တိုင်ကိုလည်း ၂ဝဝ၂ ခုနှစ် မတ်လတွင် အထက်ပါ နိုင် ငံတော် ပုန်ကန်မှုနှင့် ပတ်သက်၍ အပြစ်မကင်း ကြောင်း တွေ့ ရှိသဖြင့် နေအိမ် အကျယ် ချုပ် ချမှတ်ခဲ့သည်။ နောက် ၉ လအကြာ တွင် ဦးနေဝင်း ကွယ်လွန်သွားသောအခါ အများပြည်သူ သိခွင့်မရ ခဲ့ပေ။ နိုင်ငံတော် ဈာပန အခမ်းအနားနှင့် သတင်းကြေ ညာချက် များ ထုတ်ပြန်ရန်လည်း ပျက် ကွက်ခဲ့ကြသည်။ အကျဉ်းကျ ခံခဲ့ရစဉ်က အသက် ၂၆ နှစ်သာ ရှိသေးသော အေးနေဝင်း သည် ယနေ့ အချိန်အခါတွင်မူ အင်းစိန် အကျဉ်းထောင်၏ သံတိုင်များ ကြားမှ လွတ်မြောက် လာပြီ ဖြစ်ပြီး ရန်ကုန်တွင် ပြင်ပလောကနှင့် သဟဇာ တ ဖြစ်အောင် နေထိုင် လေ့လာနေသည်။ သူ ထောင်က လွတ်ပြီး နှစ်လ ခွဲခန့် အကြာတွင် ဝေါစတြိ ဂျာနယ်မှ အရာရှိ ရှိဘာနီး မတားနီးနှင့် တွေ့ဆုံ ကာ မြန်မာနိုင်ငံ ပြုပြင်ပြောင်း လဲရေး လုပ်ငန်းစဉ်၊ ထောင်တွင်း အတွေ့ အကြုံနှင့် သူတို့ မိသားစု၏ သမိုင်းမော် ကွန်းတို့နှင့် ပတ်သက်၍ သူ၏ အမြင်များ ကို ထုတ်ဖော် ပြောကြားခဲ့သည်တို့မှ ကောက်နုတ် တင်ဆက်လိုက်ပါသည်။ မေး။ ။ အပြောင်းအလဲတွေကို တွေ့လာ ရတော့ အံသြလားရှင့်။ ♦ ဖြေ။ ။ ကျွန်တော်ကတော့ အခုထက် ပြောင်းလဲမနေတာကို အံ့သြတာဗျ။ အ တော်များများ အရင်အတိုင်းတွေ့နေရ တုန်းပဲ။ အထူးသဖြင့် နိုင်ငံရေး မိုးလေ ဝသလေ။ ကျွန်တော့်ကို နိုင်ငံတော် ပုန်ကန် မှုနှင့် စွပ်စွဲထောင်ချခဲ့တာ ဆိုတော့ဘာ ပဲပြောပြော နိုင်ငံရေး အခြေအနေကို တော့ ပို သတိထားမိတာပေါ့။ ဟုတ်ပါ တယ်။ ပြောင်းလဲ မှုတွေ အများ အပြား ရှိခဲ့ပါတယ်။ အချို့ ဆိုရင် မျှော်လင့် ချက် ကောင်းတွေကို ပေးနေပြီ၊ အားရကျေ နပ်စရာ အကောင် အထည်ဖော်နိုင်နေ ပြီ။ ခက်တာက စိုးရိမ် စရာတွေ ကိုလည်း ကျွန်တော်တွေ့နေရတယ်ဗျာ။ နောင်နှစ်ဆိုရင် ကျွန်တော် တို့ဆီမှာ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက် ပွဲ ကျင်းပကြတော့မယ်။ အဲ့ဒီ့ အခါကျရင် ပါတီတွေ၊ ခေါင်းဆောင်တွေက တစ် ဖက်နှင့် တစ်ဖက် ဝေဖန် တိုက်ခိုက် တာ တွေ မလုပ်မဖြစ် လုပ်ရတော့မှာပေါ့ဗျာ။ ဒါကိုပဲ အောက် လက်ငယ် သားတွေ၊ လူထု ပရိသတ်တွေက သူတို့လေးစား ယုံ ကြည်ရာ ကို စော်ကားတယ် လို့မြင်ပြီး မကျေမနပ် ဖြစ်လာနိုင်တယ်။ ကျွန်တော် တို့ဆီမှာ အခုလို တစ်တစ် ခွခွဝေဖန်တာ ကို ကျင့်သား မရသေးတာကြောင့် လူထု ပရိသတ်တွေ ထဲမှာ ခံစားချက်တွေ ပေါက် ကွဲပြီးရုန်းရင်းဆန်ခတ်၊ ဆူဆူပူပူ ဖြစ်မှာ စိုးရိမ်မိတယ်။ အဲလိုစိုးရိမ်ရတာ နိုင်ငံ ရေးခေါင်းဆောင်တွေ လိုအပ်ချက်ကြောင့် တို့ မဟုတ်ပါဘူး။ မေး။ ။ ထောင်ထဲမှာနေရတဲ့ အတွေ့အ ကြုံလေး တစ်ဆိတ်လောက်မေးပါရစေ။ နှစ်ပေါင်းများစွာတိုင်အောင် တက်တက် ကြွကြွနှင့် အဆက်မပြတ်ဖြစ်နေအောင် ဘယ်လို အားထုတ်ခဲ့သလဲရှင်။ ♦ ဖြေ။ ။ အရေးကြီး တာကတော့ စိတ် ဓာတ်ခွန်အားနှင့် ရင်ဆိုင်ဖို့အသင့် ရှိနေရမယ်လေ။ စိတ်ကဆောင်နေရင် တော် တော်တန်တန် လောကဓံ ဆိုတာ အလို လိုကျော်ပြီး သား ဖြစ်သွားပြီပေါ့ဗျာ။ ကျွန်တော်တို့က ကိုယ် မဟုတ်တဲ့ အပြစ် လုပ်ထားတာ မရှိဘူးဆိုတဲ့ လိပ်ပြာသန့် သန့်ဖြစ်နေတာ ကိုက ပမာဏ အားကြီး တဲ့ စိတ်ခွန်အားရဲ့ အရင်း အမြစ်ပဲလို့ ဆို ချင်တယ်။ ကျွန်တော်တို့ သားအဖ လေးယောက် ကို ၁၁ နှစ်လုံးလုံး ပြင်ပလောကနှင့် အ ဆက်ဖြတ် ထားခဲ့ကြတာကိုက အထူးအ ဆန်းလို့ ပြောရလိမ့်မယ်။ အလောင်း တွေ စီအောင် လူသတ်ထားတဲ့သူ၊ ရွာမီး ရှို့တဲ့သူတွေတောင် ထောင်ဝင်စာ ဆိုတာ ခွင့်ပြုရသေးတာ မဟုတ်လား။ ကျွန်တော်တို့မှာ လိုအပ်တဲ့ အစား အသောက် ဆေးဝါး ကိုတော့ အပြင်က လာပို့လို့ရပါ တယ်။ လူတော့ လုံးဝတွေ့ခွင့်မပေးခဲ့ဘူး။ လူတော်တော် များများ ကျွန်တော်တို့ ထောင်ထဲမှာ အခွင့်အရေး အထူးရခဲ့သ လား လို့ မေးချင်ကြတယ်။ ဟုတ်ပါတယ်။ ကျွန်တော်တို့ကို အညစ်အကြေး ထမ်း ခိုင်းတာ ရှင်းခိုင်းတာလိုမျိုး ကာယ အလုပ်ကြမ်းမျိုးတော့ ထောင်ဝန်ထမ်းတွေ က ခိုင်းတာမရှိပါဘူး။ ၁၁ နှစ်လုံးလုံး ထောင်ဝင်စာ တွေ့ခွင့် မရတာကတော့ နှိပ်စက်ခြင်းတစ်မျိုးလို့ ဆိုရလေမလား ပဲ။ ကျွန်တော် တို့ အမေကိုလည်း ၂ဝဝ၈ အထိ အကျယ်ချုပ် ချထားရာကနေ လွှတ် ပြီးတဲ့နောက်ပိုင်းလည်း လာတွေ့ခွင့် မရခဲ့ဘူး။ မေး။ ။ အဲဒီ့အချိန်တုန်းက အစိုးရက ရှင်တို့မိသားစု အပေါ်မှာ ဘာဖြစ်လို့ အဲဒီ လောက်တောင် အကြောက်ကြီးကြောက် ခဲ့ရတာလဲ။ မိသားစု ကိုတောင် လာတွေ့ ခွင့် မပေး ရဲတာဆိုတော့။ ♦ ဖြေ။ ။ အဖြစ်နိုင်ဆုံး အဖြေကို ပြော ကြည့်မယ်နော်။ ကျွန်တော်တို့ကို ရာဇသတ် ကြီးထဲက အကြီးလေးဆုံး ပြစ်မှုနှင့် တရားစွဲလိုက်ကြတယ်။ ကျွန်တော်တို့တရား စီရင် တာကို ကျယ်ကျယ်ပြန့်ပြန့် သတင်း ထုတ်ပြန်ခဲ့တယ်။ ဓာတ်ပုံတွေ လည်း ဝေဝေဆာဆာ ရိုက်ကူး ခွင့်ပေးခဲ့ တယ်။ တစ်ဖက်က ကျပြန်တော့လည်း ကျွန်တော်တို့ အပြစ် မရှိကြောင်း ရုံးတော် မှာ ထုချေတာကို ပြင်ပက သိမှာကို အလွန်စိုးရိမ်ခဲ့ကြတယ်၊ တရား စီရင်သွားတဲ့ တစ်လျှောက် ကျွန်တော် တို့ထုချေချက် ဆိုတာ ဘယ်သူမှ ကြား ခွင့်မရအောင် သတင်းမထုတ်ပြန်ဘဲလုပ်ခဲ့ကြပြန်တယ်။ ကျွန်တော် ထင်တာတော့ အပြစ် မရှိတဲ့ မိသားစုတစ်ခုကို ထောင်ထဲဖမ်း ထည့်တယ် ဆိုတဲ့ကိစ္စ ပေါ်သွားမှာကို သူတို့ အတော်လေး အနေအထိုင် ခက် အောင်ကို စိုးရိမ်ခဲ့ ကြလို့ဖြစ်မယ်။ ၂ဝ၁၂ ဇန်နဝါရီမှာ အဖေနှင့် ညီ လေးကို အရင်ပြန် လွှတ်ပေးလိုက်တာ ကိုပဲကြည့်လေ။ နှစ်ယောက်ကို လွှတ် ကြည့်ပြီး ဘာတွေ လုပ်လာမလဲ လို့စောင့် ကြည့်လိုက်တဲ့ သဘောပေါ့ဗျာ။ အရင်အစိုးရက ရန်သူတော်တော် များများ မွေးခဲ့တာဗျ။ ကျွန်တော်တို့ ကိစ္စကျတော့ သူတို့ ဘယ်လို ကိုင်တွယ်ရ မှန်းမသိဘူး ဖြစ်ကုန်ရော။ သူတို့နှင့် တခြားရန်သူတွေ ကျတော့ ရန်-ငါမျဉ်း က သိသိသာသာ ခြားနေတယ်။ ကျွန် တော်တို့ ကျပြန်တော့ အချင်းချင်းထဲက ကို ဘယ်သူတွေက ကျွန်တော်တို့ အပေါ် စိတ်ယိုင်နေတယ် ဆိုတာ သိဖို့ သိပ်ကို ခက်နေပြီလေ။ အဲတော့လည်း စွပ် ကြောက်တော့တာပေါ့ဗျာ မေး။ ။ ထောင်ထဲမှာ စာပေတော့ တော်တော် ဖတ်ခွင့်ရမယ်ထင်တယ်။ စာအုပ်နှင့် အခြားသင်ကြားရေး ပစ္စည်း တွေ ဘယ်လိုဆည်းပူးခဲ့ သလဲ။ ပြင်ပက အကြောင်းတွေ ကို အခုလောက် အဆက်မပြတ်လိုက် မီနေအောင်လေ။ ♦ ဖြေ။ ။ ထောင်ထဲမှာ ကန့်သတ်တဲ့စည်း ကမ်းတွေက ကြောင်တောင်တောင် ဗျ။ တစ်ဆောင် ထဲနေခဲ့ရတဲ့ ဒီချုပ်ခေါင်း ဆောင်ကြီး တစ်ဦးဖြစ်တဲ့ ဦးဝင်းတင် ဆို ရင် ထောင် ဝင်စာ တွေ့ခွင့်ရတယ်။ အရင်က အင်္ဂလိပ်လိုရေးတဲ့ စာအုပ်သွင်း ခွင့်မရဘူး။ ကျွန်တော်တို့ ကျတော့ ထောင်ဝင်စာ မတွေ့ရဘူး။ အင်္ဂလိပ်စာ ဖတ်လို့ရတယ်။ အဲတော့ ကျွန်တော်တို့ က အဘ ဦးဝင်းတင်ဆီကနေ တစ်ဆင့် သိချင်တာ ရှိရင် သူ့ထောင်ဝင်စာကိုမေး ခိုင်းတယ်။ သူဖတ်ဖို့ အင်္ဂလိပ်စာအုပ် တွေကျတော့ ကျွန်တော် တို့အိမ် က မှာမှာပေးတယ်။ မေး။ ။ အဲလို အချိန်မှာ တစ်ခုခုပြန် တွေးပြီး ယူကျုံးမရ ဖြစ်ခဲ့တာရော ရှိလား ရှင်။ မိသားစု အနေနဲ့ဘယ်အချိန်က ဘာလုပ်ခဲ့ ရင်ပြီးရော ဆိုပြီး ပြန်တွေးမိ ၊ နောင်တ ရမိတာမျိုးပေါ့။ ♦ ဖြေ။ ။ ကိုယ့်လုပ်ရပ် အပေါ် နောင်တ ကတော့ ရစရာ အကြောင်းမရှိတာ အမှန်ပဲ။ သို့သော် အားမလို အားမရဖြစ် တာတော့ ရှိတာပေါ့။ နှစ်ဖက် အင်အားစု တွေ ရင် ကြားစေ့အောင် ကျွန်တော်တို့ ပိုပြီးကြောင့်ကြဝါယမ စိုက်ခဲ့ဖို့ကောင်း တာပေါ့။ ကျွန်တော်တို့က အတိုင်းအတာ တစ်ခုအထိတော့ လုပ်ခဲ့ကြတာပဲ။ ဒါပေမဲ့ တစ်ဖက် ကခေါင်းမာပြီး မလိုလား ကြောင်း တွေ့ ရတဲ့ အခါမှာ အင်အား သုံး ပြီိး မတွန်းဖြစ်ခဲ့ဘူး။ ကျွန်တော်တို့ မိသားစုက ထူးခြား တဲ့ အနေအထားမှာ ရှိနေတယ် ဆိုတာနှင့် ပတ်သက် လို့ပြောရရင် တိုင်းပြည်နှင့် ချီတဲ့ ပြောင်းလဲမှု တစ်ရပ်ကို နေ့ချင်းည ချင်း အကောင် အထည်ဖော်နိုင်ဖို့တော့ အင်အား ရှိချင်မှ ရှိလိမ့်မယ်။ သို့သော် မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ် နေတဲ့ ဗိုလ်ချုပ်ကြီးတွေ ရဲ့အနေအထား နှင့် အခင်း အကျင်း ကိုတော့ ပြောင်းလဲမှု တစ်စုံတစ်ရာ ရှိအောင် လုပ်နိုင်ဖို့ အတွက်ကတော့ သူများတွေ ထက် လွယ် ကူခဲ့တာအမှန်လေ။ ဆိုတော့ကာ ကျွန် တော်တို့သာ စွန့်စွန့် စားစား လုပ်ဖို့ စော စောကထည်းက အကြံရခဲ့မယ် ဆိုရင် အခုချိန် အပြောင်းအလဲတွေဟာ ပို အောင်မြင်နေမှာပေါ့။ မေး။ ။ အခုအချိန်မှာ မိသားစုနှင့် ပတ် သက်တဲ့ သမိုင်းကြောင်း မော် ကွန်းအ ပေါ်မှာရော ကျေနပ်မှုရှိလားရှင့်။ ♦ ဖြေ။ ။ အားရ ကျေနပ်တာပေါ့ဗျာ။ အဲ ဒါဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော် တို့ မြန်မာ လူမျိုးတွေ ဆိုတာ အလွန်ကို ဆင် ခြင်တုံ တရားနှင့် ပြည့်စုံ လို့ပါပဲ။ မြန်မာ လူမျိုးတွေ ဟာ သူတို့ အပေါ်မှာ ကျွန်တော်တို့ မဟုတ်တာ တစ်ခုခု လုပ်ထား မိမယ်၊ လှည့်စားဖို့ ကြိုးစားခဲ့မယ် ဆိုရင် လည်း သိနေမှာပဲ။ ကျွန်တော်တို့က တိုင်းပြည် အ တွက် စေတနာ ထားပြီးလုပ် ခဲ့မယ်၊ အနာဂတ် အတွက် ကောင်းကျိုး တွေ ဆောင်ရွက်ပေးခဲ့မယ် ဆိုရင်လည်း အသိအမှတ်ပြုကြမှာပါပဲ။ ကျွန်တော်တို့ မိသားစုကို ရန်သူအ ဖြစ် မြင်နေတဲ့ လုပ်ရည်ကိုင်ရည် ရှိတဲ့လူ တွေအချို့ ရှိနေမှာ ကတော့ အဆန်း မဟုတ်ပါဘူး။ နိုင် ငံရေး လောကမှာ နှစ် ပေါင်း ၆ဝ ကျော် လှုပ်ရှားခဲ့တဲ့ မိသားစု တိုင်းမှာ ရန်ပြုလိုသူ ရှိစမြဲပါပဲ။ သို့သော် သူတို့ ကျွန်တော်တို့ အပေါ် ထားရှိတဲ့ အကျိတ်အခဲ၊ အမုန်းတရားကိုပဲ တက တည်း မြန် မာပြည်သူ လူထုကြီးကပဲ လိုက်မုန်း နေတဲ့ ပုံမျိုးဖမ်းဖမ်းပြီး သူတို့က လျှောက် ပြောတတ်ကြ၊ ကြိုးပမ်း ပုံဖော်တတ်ကြ တယ်။ အဲဒါ ကျတော့ တန်ဖိုး မရှိတဲ့ ပေါ့ ပျက်ပျက် ကြိုးပမ်းချက် တစ်ခုလို့ပဲ ကျွန် တော်မြင်တယ်။ ဒါကြောင့် အခုလို ကြိုး ပမ်းမှုနှင့် ကျွန်တော်တို့ မိသားစုအ ကြောင်း သွားပုပ်လေလွင့် ပြော ကြတာ တွေကို ကျွန်တော်က မှုကိုမမှုတာ။ မေး။ ။ ထောင်က လွတ်လာပြီးနောက်ပိုင်း နေ့ရက်တွေကို ဘယ်လို ဖြတ်သန်းမိနေ ပါသလဲ။ ♦ ဖြေ။ ။ ထောင်က လွတ်လာပြီးနောက် တော့ မြန်မာနိုင်ငံ မှာ ဖြစ်ပျက်နေ တာ တွေကို လေ့လာ သုံးသပ်နေပါတယ်။ လေ့လာရုံနဲ့တင် မရတာတွေ ကျတော့ တီးခေါက် ကြည့်ရတာပေါ့။ တစ်ဖက်က လည်း မိသားစု လက်ငုတ် လက်ရင်းလုပ် ငန်းတွေမှာ ကူလုပ်နေပါတယ်။ ကျွန် တော် လွတ်တာမှ နှစ် လပဲ ရှိသေးတယ် လေဗျာ။ ဒါနှင့် စကား စပ်လို့ ကျွန်တော့် ရဲ့အလွန် ချစ်ခင်ရင်းနှီးတဲ့ မိတ်ဆွေပြော တဲ့ ကျွန်တော်နှင့် ပတ်သက်တဲ့ မှတ် က်တစ်ခုရှိတယ်။ ‘သူကိုကြည့်ရတာ ဘာအလုပ်လုပ်နေ လဲ ပြောဖို့ သိပ်ခက် တယ်။ လုပ်စရာ ရှိတာ အကုန်လုံး လုပ် နေပြီလို့လည်း မြင်မိ တယ်။ သေချာတာ ကတော့ သူက အမြဲ အလုပ်တွေနှင့် မအားဘူး ဆိုတာပဲ’ တဲ့။ ညီမ တို့ မေးလာ တဲ့မေးခွန်းကို ကျွန်တော် သူ့စကား လေးငှား ပြီး ဖြေလိုက်တာ ပဲကောင်းမယ် ထင်တယ်နော်။ <<< ၂ဝ၁၄ ဖေဖော်ဝါရီ ၁၈ ရက်နေ့ ထုတ် The Wall Street Journal ပါ Q&A: Aye Ne Win, Grandson of a Burmese Legend by SHIBANI MAHTANI ကို ဘာသာပြန်ဆိုပါသည်။ >>> [မှတ်ချက်။ ။ ဦးမြတ်ခိုင် ရေးသား ထုတ်ဝေသော 'သမ္မတဟောင်း ဦးနေဝင်း၏ သေရွာပြန်မြေးများ ဖွင့်ချ လိုက်သည့် စစ် အစိုးရကို အာဏာ သိမ်းရန် ကြံစည်မှုကြီး' စာအုပ်တွင် အေးနေဝင်းက အဘိုးဖြစ်သူ ဦးနေဝင်းကို နေအိမ် အကျယ်ချုပ် ချမှတ်ခဲ့ ခြင်းမရှိဟု ရှင်းလင်းချက်အား ထိုစဉ်က ပြည်ထဲရေး ဝန်ကြီး ဦးတင်လှိုင် ကလည်း အ တည်ပြု ရှင်းလင်းထားပါသည်။
မြန်မာနိုင်ငံမှ ဂန္ထဝင်ဇာတ်လမ်း တစ်ပုဒ်၏ မြေး အေးနေဝင်းနှင့် အမေးအဖြေ ၂ဝဝ၂ ခုနှစ်တွင် ဦးနေဝင်း၏ ထို မြေးများသည် ထိုစဉ်က အုပ်ချုပ်ခဲ့သော ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ စစ်အစိုးရကို ဖြုတ်ချ ဖယ်ရှားရန် ကြံစည်မှုဖြင့် သေဒဏ်ချ မှတ်ခံခဲ့ရသည်။

ဒီဗွီဘီ လာဘ်စားမှုသတင်းအကြောင်း အမြီးသဘောလောက်ပြောပြမယ်။

 ဒီဗွီဘီ သတင်းဌာန ပိုင်ရှင်တစ်ဦးဖြစ်တဲ့ ကိုခင်မောင်ဝင်း က မြန်မာနိုင်ငံ နိုင်ငံရေးနဲ့ မီဒီယာလောက အခြေအနေကို အော်စလိုမှာ လာအာလိမ့်မယ်။ စိတ်ဝင်စားရင် သွားကြပေါ့..ကျနော့ဆီရောက်လာတဲ့ ဖိတ်စာလေး ထပ်တင်ပေးလိုက်တယ်။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၃-၂)

သစ်ထူးလွင်


Saturday, February 22, 2014

"ဒီမိုကရေစီရဲ့ညှို့ဓာတ်"

၁၉၉၉ခုနှစ်မှာ နယူးယောက်မြို့က ဗဟိုမီးရထားဘူတာရုံသစ်စီမံကိန်း တရားဝင်အကောင်အထည်ဖော်တဲ့အနေနဲ့ ဖွင့်ပွဲအခမ်းအနားတစ်ခု ကျင်းပခဲ့ပါတယ်။ ဖိတ်ကြားထားတဲ့ အထူးဧည့်သည်တော်တွေထဲမှာ အဲဒီအချိန်က အမေရိကန်သမ္မတဖြစ်နေတဲ့ ကလင်တန်လည်းပါဝင်ခဲ့ပါတယ်။ နောက်တစ်ဦးက ဒီစီမံကိန်းကို အင်တိုက်အားတိုက်လှုံ့ဆော်ခဲ့တဲ့ နယူးယောက်ပြည်နယ်လွှတ်တော်အမတ် Moynihanဖြစ်ပါတယ်။

အခမ်းအနားကျင်းပတဲ့တည်နေရာက ခန့်နားထည်ဝါတဲ့ ဟိုတယ်ကြီးမှာမဟုတ်ခဲ့ပါဘူး။ ဗဟိုမီးရထားဘူတာရုံဟောင်းထဲမှာ ဖြစ်ပါတယ်။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၂-၂)

သစ်ထူးလွင်


၂၀၁၅ အလွန် နိုင်ငံရေးဟောစာတမ်း


သရ၀ဏ်(ပြည်)

ကျွန်တော်သည် ဗေဒင်ဆရာလည်းမဟုတ် ၊ ဘိုးတော်လည်းမဟုတ် ၊ အကြားအမြင်ရသူလည်းမဟုတ်ပါ ။ သို.သော် တိရိစ္ဆာန်များတွင် မိုးရွာမည် ရေကြီးမည် ၊ငလျင်လှုပ်မည်ကိုကြိုတင်သိတတ်သော မွေးပါဥာဏ် ( Instinct ) ရှိသကဲ.သို.လည်းကောင်း ၊ မြန်မာနိုင်ငံတွင် (၄၆)နှစ်ခန်.နေထိုင်လာခဲ.ပြီးသော နိုင်ငံသား တစ်ယောက်အနေနှင်.လည်းကောင်း ၊
Related Posts Plugin for WordPress, Blogger...