Monday, March 31, 2014


Published on: March 30, 2014

(၁)
ဖြတ်လေးဖြတ် နည်းဗျူဟာနဲ့ ရန်သူကို အပြီးတိုင် ချေမှုန်းမယ်ဆိုတာ မြင်းလောင်းတဲ့နေရာမှာ ကျွမ်းကျင်တဲ့ အာဏာရှင်ဟောင်း ဦးနေ၀င်း ကျင့်သုံးခဲ့တဲ့ နည်းလမ်းဖြစ်ပါတယ်။ ၁၉၆၅ ခုနှစ်ကစလို့ ၁၉၈၃ ခုနှစ်အထိ ဗမာပြည်ကွန်မြူနစ်ပါတီ (BCP) နဲ့ ကရင်အမျိုးသား အစည်းအရုံး (ုKNU) ကို ဒီနည်းလမ်းအတိုင်း ချေမှုန်း ခဲ့ပါတယ်။

ကျွန်တော် ကန့်ကွက်ပါတယ် ..

၂၀၁၄- ဧပြီလမှစတင်ပြီး လူဦးရေစာရင်းကောက်ယူတဲ့အခါ ရိုဟင်ဂျာလူမျိုးဆိုပြီး သတ် မှတ်ကောက်ယူမည့်အကြောင်းကြားသိရတဲ့အခါ ကျွန်တော် အလွန်ဘဲ စိတ်ပျက်၊ စိတ်ညစ်သွား မိတယ်။အလွန် အန္တရာယ်ကြီးပြီး မဆုံးနိုင်တဲ့ နောက်ဆက်တွဲပြဿနာများ ဆက်တိုက်ဖြစ် လာနိုင်တယ်လို့ ကျွန်တော်ယုံပါတယ်။
မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ ကျွန်တော်စိုးရိမ်ပူပန်မှု့ကို ရှင်းလင်းတင်ပြပါရစေ၊
ကျွန်တော်တို့ တိုင်းရင်းသား ကရင်၊ရှမ်း၊ မွန်၊ ကချင်စတဲ့လူမျိုးများဟာ အိမ်နီးချင်း တရုပ်၊ထိုင်းနိုင် ငံများမှာလဲ ရှိနေပြီး သူတို့နိုင်ငံထဲမှာ တိုင်းရင်းသားဖြစ်နေကြပါတယ်။ တိုင်းပြည်နယ်နိမိတ် ဆိုတာ ခြံစည်းရိုးမခတ်ခင်က လူသားများ ပြန့်နှံနေထိုင်ကြတဲ့အတွက် အခုလိုရှိနေခြင်းပါ။ ရိုဟင်ဂျာလူမျိုးဆိုတာ ကျွန်တော်တို့ရဲ့ အိမ်နီးချင်းနိုင်ငံများနဲ့ ဘင်္ဂလားဒေရှ့်မှာလုံးဝ မရှိဘဲ မြန် မာနိုင်ငံအတွင်းမှာသာ ရှိနေတဲ့ ထူးဆန်းတဲ့ လူမျိုးဖြစ်နေပါတယ်။

သစ်ထူးလွင် သတင်းစုစည်းမှု (၃၀-၃)

သစ်ထူးလွင်


Sunday, March 30, 2014

ဒီဘ၀ရောက်မှ သမတ ဖြစ်ချင်သေးလားကွယ်..

ဒီဘ၀ရောက်မှ သမတ ဖြစ်ချင်သေးလားကွယ်..

ဒီဘ၀ရောက်မှ..သမတဖြစ်ချင်သေးလားကွယ်
သူတို့လိုရာ ကပြ 
ဇာတ်လမ်းမှ မစသေးခင်
ဇာတ်အိမ်ကပြိုပြီး၊
ဇာတ်မသိမ်းခင်ငိုရတယ်၊
ဘုရားမပြီးပဲ  ငြမ်းက အဖျက်ခံရတာကိုး..။

ရန်သူက ချကျွေးမလိုလိုနဲ့ 
နှစ်ကောင်စား ကင်းယူသွားတာကိုမှ
သစ္စာပွား၊ ကျေးဇူးစကား ထပ်ဆိုနေသေးရင်လည်း
ကိုယ့်အယူနဲ့ကိုယ်ပဲပေါ့..
ဒါဟာ..ပြည်သူ့အပူမှ မဟုတ်တော့တာ။ 

ကျနော့်ရဲ့ညီအကိုတတွေ
၈၈ကသေခဲ့တာ၊
ဒီလောက်နဲ့ကျေနပ်ဖို့မဟုတ်။

သူတို့.မသထာရေစာကို
ဥပက္ခာမပြုနိုင်ခဲ့ရင်
ဟိုကတည်းက ဒေါက်တာမောင်မောင်နဲ့
ကျေနပ်လိုက်မှာပေါ့..။

အခုတော့ ..
မြွေပါလည်းဆုံး၊ သားလည်းဆုံး၊
အလုံးစုံပျက်သုန်းနေတာကိုလည်း
ဖုံးကွယ်လို့ မထားချင်တော့ပါဘူး
မုန်းချင်လည်း၊ မုန်းကြပေတော့
ဒီဘ၀ရောက်မှ သမတဖြစ်ချင်သေးလားလို့သာ
မေးပရစေ..မေမေ..။

(ပုံ..သမတမုန်းတဲ့ငညို)
၃၀မတ် ၂၀၁၄

ဒီဘ၀ရောက်မှ..သမတဖြစ်ချင်သေးလားကွယ်
သူတို့လိုရာ ကပြ
ဇာတ်လမ်းမှ မစသေးခင်
ဇာတ်အိမ်ကပြိုပြီး၊
ဇာတ်မသိမ်းခင်ငိုရတယ်၊

မဆလစိတ်ဓါတ်က ရုန်းမထွက်နိုင်တဲ့ မြန်မာပြည်


Bo K Nyein March 28, 2014 at 7:33pm


ကျနော်တို့မြန်မာလူမျိုးတွေရဲ့ အကျင့်ကကြီးကြီးကျယ်ကျယ်ပြောတတ်ကြတယ်။ သခင်စိုးလက်ထက်က တည်းမာ့က်စ်ဝါဒကိုမြန်မာမှုပြုရာမှာလူနားမလည်နိုင်တဲ့ပုတ်လောက်ရှိတဲ့ဧရာမစကားလုံးကြီးနဲ့လူအထင် ကြီးအောင်ခက်ပဆိုတဲ့ပါဠိ စကားလုံးကြီးတွေကိုဆွဲယူလာကြတယ်။အမှန်တကယ်တော့ဖတ်ရတဲ့သူတွေ လူအများစုလည်းနားလည်ကြတာမဟုတ်ပါဖူး။များများနီတာနဲ့ရဲရဲနီတာသာကွာကြတဲ့ခေတ်မှာမာ့က်စ်က
ဘာပြောတယ် လီနင်ကဘာပြောတယ်၊ စတာလင်ကဘာပြောတယ်ဆိုပြီး ဟိတ်နဲ့ဟန်နဲ့ သာဖြီး စားနေကြတာပါ၊ တကယ်မူရင်းစာတွေဖတ်ပြီးနားလည်ကြတာလူနဲစုလောက်ပဲရှိတာပါ။ အများကတော့
ယောင် ယောင်တွေပါပဲ။ ဘာကြောင့်လဲဆိုတော့ ဘယ်သူမှဆိုရှယ်လစ်စနစ်ကိုတကယ်လက်တွေ့၊ အတွေ့အကြုံ ရှိကြတာမဟုတ်။ စိတ်ကူးနဲ့ရမ်းသန်း (နီ)နေကြတာပါ။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၉-၃)

သစ်ထူးလွင်


Friday, March 28, 2014

စိတ်ကျရောဂါဖြင့် သေဆုံးသွားရသော ဆရာဝန်တစ်ယောက်အကြောင်း



ဆရာဝန်တစ်ယောက် တောရွာတွေဖက်ကို အလုပ်ရှာထွက်တယ်။
သဘာဝကျကျတွေးလိုက်တယ်၊ ရွာရှိရင်လူတွေနေကြမယ်၊ လူရှိရင်ဖျားနာသူရှိမယ်၊
ဖျားနာသူရှိရင်ဘာပဲဖြစ်ဖြစ် ဆရာဝန်တစ်ယောက်အတွက် အလုပ်ရပီ၊ ဘာလိုသေးလဲ၊
အတွေးမမှားဘူး၊ ရွာတစ်ရွာတွေတယ်၊ ထူးထူးခြားခြားရွာပတ်ဝန်းကျင်နဲ့ ရွာထဲမှာ
သန့်ရှင်းတယ်၊ အနံ့သက်ဆိုးတွေမနံဘူး၊ရေတွင်းတွေလည်းသန့်သန့်ပြန့်ပြန့်မြင်ရတယ်၊

သစ်ထူးလွင် သတင်းစုစည်းမှု (၂၈-၃)

သစ်ထူးလွင်


မြန်မာပြည်မှာ ဖွင့်တဲ့ဆိုင် မြန်မာမ၀င်ရဘူး ဆိုတာ ခင်ဗျားတို့ ကြားဖူးကြလား?


အစ်ကိုကြီးရေ.. သတင်းထူးပါတယ်၊ သတင်းထူး" လို့ အော်ပြီး မနက် စောစောကြီး ရောက်လာသူ ကတော့ တပည့်ကျော် မောင်ဆိတ်သိုးပေါ့ ခင်ဗျာ။
ဒါနဲ့"ကဲ ဆိုစမ်းပါဦး၊ မင်းရဲ့ ကိုယ့်လူမျိုးကို စော်ကားခံရတဲ့ ကိစ္စကြီး။ ငါတို့လူမျိုးက အစော်ကား ခံနေရတာ ကြာပါပြီ"

MH370 နဲ့ပတ်သက်ပြီး နောက်ဆုံး သတင်းရတာကတော့

MH370 နဲ့ပတ်သက်ပြီး နောက်ဆုံး 
သတင်းရတာကတော့ကွာ
*****************

လေယျာဉ် ပျံသန်းဖို့ အခက်အခဲ ဖြစ်နေချိန် မြန်မာပြည်ကို ဆင်းသက်ခွင့်တောင်းခဲ့ကြတယ်တဲ့။

ဟဲဟိုးလေဆိပ်မှာ ဆင်းခိုင်းမလို့ဟာကို ဆိုင်ကယ်တွေက များတော့ ဆိုင်ကယ်တိုက်မိမှာကို စိုးတာက တကြောင်း

ပဲခူးဟံသာဝတီ လေဆိပ်ကျပြန်တော့ သမီးလေးနဲ့နီးတော့ ဘူဒိုဇာကြီးတကားကားရှိနေတော့

မြစ်ကြီးနားလေဆိပ်မှာ ဆင်းဖို့ကျပြနတော့ ကေအိုင်အေကကောင်တွေ လက်ကအယားမပြေသေး ပစ်ချခံရမှာကြောက်

ကုလားလူမျိုးတွေလဲ လေယာဉ်ပေါ်ပါတဲ့ အခါကျတော့ မန်းလေးတံတားဦး လေဆိပ်ကျပြန်တော့ ၉၆၉ကိုကြောက်ရပြန်ရော

အဲ့ဒါနဲ့ အဲ့ဒါနဲ့ အမိမဲ့သားလို ပျောက်ချင်းမလှ ပျောက်သွားတာနေမှာ ပေါ့ကွယ်

Tsawra Tsaw 
==========

လေယျာဉ် ပျံသန်းဖို့ အခက်အခဲ ဖြစ်နေချိန် မြန်မာပြည်ကို ဆင်းသက်ခွင့်တောင်းခဲ့ကြတယ်တဲ့။
ဟဲဟိုးလေဆိပ်မှာ ဆင်းခိုင်းမလို့ဟာကို ဆိုင်ကယ်တွေက များတော့ ဆိုင်ကယ်တိုက်မိမှာကို စိုးတာက တကြောင်း

သစ်ထူးလွင် သတင်းစုစည်းမှု (၂၇-၃)

သစ်ထူးလွင်


Thursday, March 27, 2014

"Democracy"


- စိတ်အ၀င်စားဆုံးယဉ်ကျေးမှုက ဂရိ အင်ပါယာမို့ ဂရိတွေအကြောင်း ရှာဖွေကြည့်မိတယ်..။ အေသင်ရဲ့ တိုက်ရိုက်ဒီမိုကရေစီနဲ့ စပါတန်တို့ ရဲ့ လူနေမှုဘ၀ အကြောင်းက တော်တော်စိတ်ဝင်စားစရာကောင်းတယ်...။

- အေသင်ရဲ့ ဒီမိုကရေစီမှာ နိုင်ငံသားတိုင်း (full citizen) ဟာ တိုင်းပြည်ရေးရာတွေမှာ ပါဝင် ဆောင်ရွက်ခွင့်အပြည့်ရှိပြီး။ တစ်ဦးတစ်ယောက်တည်းက အာဏာ မောင်ပိုင်စီးသွားမှာ အာဏာရှင်စံနစ်ကို ဦးတည်သွားမှာကို ကာကွယ်ကြသတဲ့..။

ပညာရေးစနစ်စနစ်ကို ဖျက်ဆီးပစ်တာ စစ်အစိုးရအဆက်ဆက်ပါ

Bo K Nyein March 24, 2014 at 6:32pm
မဆလ..ခေတ်ကိုမမှီလိုက်ကြတဲ့ လူငယလေးတွေကို သိစေချင်တာက....
မြန်မာနိုင်ငံကို (စ) တင်ဖျက်စီးသွားတဲု့သူတွေကို သိထားစေချင်တယ်
စစ်အာဏ်ရှင်စနစ်ထောင်ပြီး မြန်မာနိုင်ငံတစ်ခုလုံးကို (စ)
ဖျက်သွားတာက......                                                             ဗိုလ်ချုပ်နေ၀င်း စီးပွားရေးကို ဖျက်စီးသွားတာက                                             မာ့က်စစ် ဦးဘငြိမ် ပညာရေးကိုဖျက်စီးသွားတာက                                               ဒေါက်တာညီညီ                                                                                          တပ်ဦးကျောင်းသားဟောင်း

၂၀၁၄ ခုမတ်လဆန်းမှာ အမေရိကန်ပြန် ၈၈ ကျောင်းသားခေါင်းဆောင်ဟောင်းတဦးက လွဲမှားစွာ အလွပ်ကျက်တဲ့ အကျင့်ကြောင့် မြန်မာနိုင်ငံရေးပညာရေးနိမ့်ကျလာတယ်လို့ ဆိုမိန့်လာတဲ့အတွက်၊ ထင် ယောင်ထင်မှားဖြစ်စရာတွေဖြစ်လာပါတယ်။ ထို့အတွက်၊အများအနေနဲ့ အမြင်ရှင်းရအောင် ဤဆောင်းကိုရေး ရသည်ပါ။

မြန်မာ့ရိုးရာ အမွေအနှစ်ဓလေ့များကို မှတ်ပုံတင်နိုင်တော့မည်



မြန်မာ့ရိုးရာ အမွေအနှစ်နှင့် ရိုးရာဓလေ့များတွင်အပါအဝင်ဖြစ်သော အင်းသားများ၏ လှေကိုခြေဖြင့်လှော်သည့် ရိုးရာဓလေ့ကို အင်းသားများဆုံစည်းရာနေ့တွင် တွေ့ရစဉ်။ ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
မြန်မာ့ရိုးရာအမွေ အနှစ်ဓလေ့များဖြစ်သည့် ဆိုင်း ၀ိုင်း၊

သစ်ထူးလွင် သတင်းစုစည်းမှု (၂၆-၃)

သစ်ထူးလွင်


Tuesday, March 25, 2014

သိသင့်သမျှ သိကြပါစေ

<<<<  သိသင့်သမျှ သိကြပါစေ  >>>>

ရွေးကောက်ပွဲ အကြိုကာလ၊ မဲဆွယ်စည်းရုံးရေး အကြိုကာလတွင် လှုပ်ရှားမှုများ စတင်လာကြပါပြီ။

ထိုလှုပ်ရှားမှုများတွင် တစ်နိုင်ငံလုံးအတွက် (သို့မဟုတ်) နိုင်ငံတော်အတွက် ဟူသော  ဟစ်ကြွေးသံများ စီစီညံနေပါသည်။

ပြည်သူများလည်း မျှော်လင့်နေကြပါသည်။

ထိုသူသာ သမ္မတဖြစ်ခဲ့လျှင်.... 

ချမ်းသာစွာ နေထိုင်နိုင်ရေး၊ ကမ္ဘာနှင့် ရင်ပေါင်တန်းနိုင်ရေး၊ အဆင့်မြင့်မြင့် နေထိုင်နိုင်ရေး၊ နောင်ရေး စိတ်အေးဖွယ်တို့အား စိတ်ကူးယဉ် မျှော်လင့်နေကြပါသည်။

လွတ်တော်ကိုယ်စားလှယ် ဖြစ်ရန်မှာ လူတစ်ဦးတစ်ယောက်သည် ပါတီ တစ်ခုခုမှ (သို့မဟုတ်)တစ်သီးပုဂ္ဂလအဖြစ်  မြို့နယ်တစ်ခုမှနေ၍ လွှတ်တော်တစ်ခုအတွက် ကိုယ်စားပြုပြီး ရွေးကောက်ပွဲဝင်ရပါသည်။

ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်သူသည် ထိုရွေးကောက်ပွဲတွင် မိမိနှင့်အတူ ယှဉ်ပြိုင်သူများအား အနိုင်ရရန် လိုပါသည်။

ထိုသို့ ရွေးကောက်ပွဲတွင် အနိုင်ရသည်ဆိုပါစို့၊ ၄င်းသည် သက်ဆိုင်ရာ လွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ်အဖြစ် သတ်မှတ်ခံရပါသည်။

သက်ဆိုင်ရာ လွှတ်တော် ဆိုသည်မှာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်(သို့မဟုတ်) တိုင်းဒေသကြီး လွှတ်တော်များကို ဆိုလိုပါသည်။

ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်မှ ကိုယ်စားလှယ်များ အားလုံးသည် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး(သို့မဟုတ်) အခမ်းအနား ကျင်းပချိန်များတွင် အတူတက်ရောက်ခွင့် ရကြပြီး ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်သွားကြပါသည်။

ထို ကိုယ်စားလှယ်အပါအ၀င် တစ်နိုင်ငံလုံးမှ ကိုယ်စားလှယ်များအား လွှတ်တော်ကိုယ်စားလှယ်များ၏ သဘောတူညီချက်(မဲစနစ်ဖြင့်) ပြည်သူ့လွှတ်တော် ဥက္ကဌ၊ ဒုဥက္ကဌ၊ အမျိုးသားလွှတ်တော် ဥက္ကဌ၊ ဒုဥက္ကဌများ၊ သမ္မတ၊ ဒုသမ္မတများအဖြစ် ထပ်ဆင့် ရွေးချယ်ရပါသည်။

ထိုသို့ ရွေးချယ်ခံရမှသာ ထိုသူသည်  ပြည်သူ့လွှတ်တော် ဥက္ကဌ၊ ဒုဥက္ကဌ၊ အမျိုးသားလွှတ်တော် ဥက္ကဌ၊ ဒုဥက္ကဌများ၊ သမ္မတ၊ ဒုသမ္မတများအဖြစ် ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

ထို့နောက် သမ္မတ (သို့မဟုတ်) ဒုသမ္မတများ ဖြစ်သွားခဲ့လျှင်လည်း ပါတီဝင်ဖြစ်ပါက တာဝန်ထမ်းဆောင်စဉ် ပါတီဝင်အဖြစ်မှ နှုတ်ထွက်ပေးရပါသည်။

ထို့ကြောင့် မိမိနှစ်သက်သဘောကျသူ ဖြစ်တိုင်းလည်း မိမိတို့ မဲပေးခွင့်မရပါ။
မိမိနှစ်သက်သဘောကျတိုင်းလည်း မဲနိုင်မည်ဟု မပြောနိုင်ပါ။

၎င်းယှဉ်ပြိုင်သည့်နေရာမှ မဲနိုင်ပါသော်လည်း လွှတ်တော်အတွင်း မဲနိုင်မည်ဟု တစ်ထစ်ချ ပြောကြား၍ မရပါ။

လွှတ်တော်အတွင်း မဲနိုင်သော်လည်း သမ္မတနှင့် ဒုသမ္မတများ ဖြစ်ရမည်ဟု တစ်ထစ်ချ ပြော၍ မရပါ။

သမ္မတနှင့် ဒုသမ္မတများ ဖြစ်ခဲ့ပါကလည်း မိမိတို့ မျှော်လင့်သလို စိတ်ရှိတိုင်း ဆောင်ရွက်ခွင့်မရပါ။

စိတ်ရှိတိုင်း ဆောင်ရွက်၍ ရလျှင်လည်း အရွယ်လွန်နေခြင်းကြောင့် မိမိကိုယ်တိုင်ပင် ကောင်းစွာစောင့်ရှောက်ရန် ခက်ခဲတတ်ပါသည်။

ဒီမိုကရေစီ နိုင်ငံတိုင်းတွင် ပြည်နယ် (သို့မဟုတ်) တိုင်းဒေသကြီးအလိုက် အာဏာခွဲဝေမှုရှိပါသည်။

နိုင်ငံတော်သမ္မတသည် တစ်နိုင်ငံလုံးအား လုပ်ပေးချင်သလို လုပ်ပေးခွင့် မရှိပါ။ လုပ်ပေးနိုင်သမျှ လုပ်ပေးခွင့်လည်း မရှိပါ။ အားလုံးကို မျှမျှတတ ဆောင်ရွက်ပေးရပါသည်။

ထို့အတူ ကဏ္ဍအလိုက်လုပ်ငန်းများကိုလည်း သီးခြား အခွင့်အရေးအနေဖြင့် ဆောင်ရွက်ပေးခွင့်မရှိပါ။

သတ်မှတ်ချက်အတိုင်း၊ ပြဌာန်းချက်များအတိုင်း သီးခြားဖြစ်ပါက ပြည်ထောင်စုလွှတ်တော်၏ သဘောတူ ခွင့်ပြုချက်ဖြင့်သာ ဆောင်ရွက်ပေးနိုင်ပါသည်။

ပြည်နယ်(သို့မဟုတ်) တိုင်းဒေသကြီး အစိုးရ၏ လုပ်ပိုင်ခွင့်ကို ကျော်လွန်သော လုပ်ငန်းရပ်များကိုသာ ပြည်ထောင်စုအစိုးရအနေဖြင့် ထောက်ပံ့ပေးခြင်း ဖြည့်ဆည်းပေးခြင်းများ ညှိနှိုင်း ဆောင်ရွက်ပေးရပါသည်။

အခွန် သတ်မှတ်ခွင့် အခွန်လျှော့ပေါ့ခွင့်လည်း မရှိပါ။

တကယ်တမ်း မိမိတို့ မြို့ကလေးများအတွက် တိတိကျကျ တာဝန်ယူပေးနိုင်သူများသည် ပြည်ထောင်စု အစိုးရမဟုတ်ပါ၊ မိမိတို့၏ ပြည်နယ်(သို့မဟုတ်) တိုင်းဒေသကြီး အစိုးရအဖွဲ့သာ ဖြစ်ပါသည်။

ဒေသတွင်း အခွန်လျော့ပေါ့ခွင့်နှင့် အခွန်တိုးမြှင့်ခွင့် ဆောင်ရွက်နိုင်သူများမှာလည်း  ပြည်ထောင်စု အစိုးရမဟုတ်ပါ၊ ပြည်နယ်(သို့မဟုတ်) တိုင်းဒေသကြီး အစိုးရအဖွဲ့သာ ဖြစ်ပါသည်။

စားရေရိက္ခာနှင့် ဆေးဝါးများ၊အဆောက်အဦများ၊၊ ပညာရေးဆိုင်ရာ အဆောက်အဦနှင့် သင်ထောက်ကူပစ္စည်းများ၊ လမ်းပန်းဆက်သွယ်ရေး ကဏ္ဍများ စသည်ဖြင့် မလောက်ငှမှုများအား ကြည့်ရှု စိစစ်၍ တင်ပြတောင်းခံပေးနိုင်သည်မှာလည်း  ပြည်ထောင်စု အစိုးရမဟုတ်ပါ၊ မိမိတို့၏ ပြည်နယ်(သို့မဟုတ်) တိုင်းဒေသကြီး အစိုးရအဖွဲ့သာ ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ လူတစ်ဦးတစ်ယောက် ပည်သူ့လွှတ်တော် ဥက္ကဌ၊ ဒုဥက္ကဌ၊ အမျိုးသားလွှတ်တော် ဥက္ကဌ၊ ဒုဥက္ကဌများ၊ သမ္မတ၊ ဒုသမ္မတများ၊ ပြည်ထောင်စု ၀န်ကြီးများ ဖြစ်ခွင့်သည် မိမိတို့နှင့် တိုက်ရိုက် မပတ်သက်ပါ။

မိမိတို့နှင့် တိုက်ရိုက်ပတ်သက်သူများသည် လွတ်တော်တွင်း၌ မိမိတို့ မြို့  အကြောင်း တင်ပြပေးမည့် လွှတ်တော်ကိုယ်စားလှယ်များနှင့် မိမိတို့၏ ဘ၀နှင့် အနီးကပ်တစ်သားတည်းကျမည့်  ပြည်နယ်(သို့မဟုတ်) တိုင်းဒေသကြီး အစိုးရအဖွဲ့သာ ဖြစ်ပါသည်။

ထို့ကြောင့် တစ်ဦးတစ်ယောက်ကို  ပြည်သူ့လွှတ်တော် ဥက္ကဌ၊ ဒုဥက္ကဌ၊ အမျိုးသားလွှတ်တော် ဥက္ကဌ၊ ဒုဥက္ကဌများ၊ သမ္မတ၊ ဒုသမ္မတများနှင့် ပြည်ထောင်စု ၀န်ကြီးများ ဖြစ်စေရန် တစ်နိုင်ငံလုံးအတွက် အာရုံထား ကြိုးစားနေကြခြင်းထက် မိမိတို့မြို့ နှင့် မိမိတို့ ဒေသကို ကောင်းမွန်စွာ စေတနာထား  စောင့်ရှောက်နိုင်ရေး အတွက် မိမိမြို့  မှ  ရွေးကောက်ပွဲ ၀င်ရောက်မည့် ပါတီဝင်များ၊ တစ်သီးပုဂ္ဂလ လူပုဂ္ဂိုလ်များကိုသာ သေသေချာချာ စောင့်ကြည့်လေ့လာ၍ ကြိုတင် ရွေးချယ်ထားသင့်သကဲ့သို့ အမှန်တကယ် မိမိတို့ ဘ၀နှင့် နီးစပ်သော အစိုးရအဖွဲ့မှာ  ပြည်ထောင်စု အစိုးရမဟုတ်ပဲ ပြည်နယ်(သို့မဟုတ်) တိုင်းဒေသကြီး အစိုးရအဖွဲ့သာ ဖြစ်ပါကြောင်း တင်ပြရင်း.....

မြင်သင့်သည်ကို သေချာစွာ မြင်တွေ့ကြပါစေကြောင်း ဆန္ဒပြုအပ်ပါသည်။

(ကွန်ဆူးမား)(၂၃-၃-၂၀၁၄)

ရွေးကောက်ပွဲ အကြိုကာလ၊ မဲဆွယ်စည်းရုံးရေး အကြိုကာလတွင် လှုပ်ရှားမှုများ စတင်လာကြပါပြီ။
ထိုလှုပ်ရှားမှုများတွင် တစ်နိုင်ငံလုံးအတွက် (သို့မဟုတ်) နိုင်ငံတော်အတွက် ဟူသော ဟစ်ကြွေးသံများ စီစီညံနေပါသည်။ ပြည်သူများလည်း မျှော်လင့်နေကြပါသည်။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၅-၃)

သစ်ထူးလွင်


သမိုင်း၏ လစ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရခြင်း နောက်ကွယ်မှာ ဦးနေ၀င်း ပါဝင်ပတ်သက်နေသလား



(၁)
တိုင်းပြည်ကို ချောက်ထဲဆွဲချပြီး စနစ်ဆိုးကို လက်ဆင့်ကမ်း အမွေပေးခဲ့သူတွေ၊ သူတို့နဲ့ ဆက်နွှယ်သူတွေက ဒီအချိန်မှာ တစ်ကျော့ပြန်ခေါင်းထောင်ဖို့ ကြိုးစားနေကြတာကို တွေ့နေရပါတယ်။
ပြည်သူလူထုက သူတို့ရဲ့ ဆိုးမွေးတွေကို အခုချိန်ထိ ခါးစည်းခံနေ ကြရတုန်းပါ။ ဆင်းရဲမွဲတေမှုနဲ့ ဒုက္ခတရားတွေက ပြည်သူလူထုကို ဖိစီးထားဆဲ ဖြစ်ပါတယ်။

သဘောတရား နဲ. လက်တွေ.များ။





ဒို.လူကလေးများ ဆိုသလေး။

သဘောတရားရေးဆရာ ကြီး ( Aristotal 384 BCE – 322 BCE) က Democracy is when the indigent, and not the men of property, are the rulers. In a democracy the poor will have more power than the rich, because there are more of them, and the will of the majority is supreme. Inferiors revolt in order that they may be equal, and equals that they may be superior. Such is the state of mind which creates revolutions. ဘာသာ ပြန်ခြင်သလိုသာ ပြန်ကြပေ တော. အဓိပါယ် ဖေါ်ခြင်သလိုသာ ဖေါ်ကြပေတော့။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၄-၃)

သစ်ထူးလွင်


Monday, March 24, 2014

မန္တလေးကို ကယ်တင်ဖို့

ဘာပဲပြောပြော လက်ရှိအနေနဲ့ မန္တလေးဟာ မြန်မာနိုင်ငံမှာ ဒုတိယအကြီးဆုံးမြို့ဖြစ်တယ်။ စီးပွားရေးအရရော၊ ယဉ်ကျေးမှုအရရော အချက်အချာကျတယ်ဆိုတာလည်း မငြင်းနိုင်ပါဘူး။ ဒါပေမယ့် အဲဒီ အချက်အချာကျတဲ့ စီးပွားရေးနှင့် ယဉ်ကျေးမှုမှာ မကြာခင် ကုန်းကောက်စရာမရှိတော့အောင် ချွတ်ခြုံ ကျတော့မယ် ဆိုတာလည်း အသေအချာပါပဲ။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၃-၃)

သစ်ထူးလွင်


Sunday, March 23, 2014

မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း


ဘင်္ဂလီပြဿနာအတွက် လူထုဆန္ဒခံယူပြီး စစ်တွေနဲ့မောင်တောဒေသတွေကို ရခိုင်ပြည်နယ်ကနေ ခွဲထုတ်လို့ ဘင်္ဂလားဒေ့ရှ်ရဲ့ စစ်တကောင်းဒေသထဲ သွပ်သွင်းခြင်းဟာ အဖြေတစ်ခုဖြစ်နိုင်တယ်လို့ ဖော်ပြထားတဲ့ ဘင်္ဂလားဒေ့ရှ်အခြေစိုက် Dhaka Tribune သတင်းစာရဲ့ ဆောင်းပါးရှင် Zeeshan Khan ရေးသားတဲ့ A referendum in Rakhine state? ဆိုတဲ့ဆောင်းပါးကို ၀ံသာနုမှ ဆီလျော်အောင် ဘာသာပြန်ဆို တင်ပြသွားပါမယ်။

Saturday, March 22, 2014

သစ်ထူးလွင် သတင်းစုစည်းမှု (၂၂-၃)

သစ်ထူးလွင်


ကျာင်းသားသမဂ္ဂများ ထားရှိရေးအဆို လွှတ်တော်မှာ ရှုံးနိမ့်


အမျိုးသားပညာရေး ဥပဒေကြမ်းထဲမှာ ကျောင်းသားသမဂ္ဂတွေ ပြန်လည်ထားရှိဖို့
အတွက် ထည့်သွင်းရေးဆွဲပေးဖို့ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွှန့်က ဒီကနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော်မှာ အဆိုတင်သွင်းခဲ့ရာမှာ ရှုံးနိမ့်ခဲ့ပါတယ်။

Friday, March 21, 2014

ဖက်ဆစ်တော်လှန်ရေးနေ့ ၊ ၂၇ ရက်နေ့  ဘယ်လိုဖြစ်လာပါသလဲ။


မေးခွန်း ၁။ ဖက်ဆစ်တော်လှန်ရေးနေ့ ၊ ၂၇ ရက်နေ့  ဘယ်လိုဖြစ်လာပါသလဲ။

ဖြေ။ တော်လှန်ရေးနေ့ ကို မတ်လ၊ ၂၇ ရက်နေ့ မှာ သတ်မှတ်ဖို့ 
ဆုံးဖြတ်လိုက်သူများဟာ ဗမာပြည် တိုင်း (၄) ရဲ့  စစ်ကော်မတီဝင်တွေပါ။
ကျွန်တော် မှတ်မိသလောက်တော့ သခင်ချစ်၊ ဗိုလ်သိန်းဒန်၊ သခင်ဗတင်၊
ဗိုလ်အောင်ရွှေ (ယခု NLD ဥက္ကဌ) နှင့် ကျွန်တော်တို့ ပါဘဲ။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၁-၃)

သစ်ထူးလွင်


မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ဒဿမအကြိမ်ညီလာခံ ထုတ်ပြန်ကြေညာချက်

March 19, 2014 at 4:10am

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ကျောင်းသားတပ်မတော်)၏ ဒဿမအကြိမ် ညီလာခံကို ၂၀၁၄ ခုနှစ်၊ မတ်လ ၇ ရက်မှ ၁၅ ရက်နေ့ထိ မကဒတ ဗဟိုဌာနချုပ် (ဒေါင်းတမန်) စခန်းတွင် အောင်မြင်စွာ ကျင်းပ ခဲ့သည်။

ကားလ်မာ့က်စ်

ဒီစာအုပ်ကို အဆုံးထိဖတ်တဲ့ စာဖတ်ပရိသတ်ဟာ မာ့က်စ်ရဲ့ မူရင်းကျမ်းတွေ အားလုံးကို ဖတ်ဖို့ သတ္တိရှိလာလိမ့်မယ်။ ဖတ်ပြီးရင်လည်း ကျွန်တော့်ထက် ပိုနားလည်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ 

မောင်လှဝင်း (မြင်းခြံ)

ကားလ်မာ့က်စ် - မောင်လှဝင်း (မြင်းခြံ)

@[155425037914770:274:Burma Marxist Learner] ပြည်တွင်း၊ ပြည်ပ ရဲဘော်များက စီစဉ်တင်ဆက်တယ်။

Download Here: http://www.mediafire.com/download/mn96y4xye7hl7ij/Karl+Marx.pdf
နာမည် ကြည့်ပြီး ကျော်မသွားစေချင်ဘူး။ ဖတ်ဖြစ်အောင် ဖတ်စေချင်။ ဘာလို့လဲဆိုတော့ သင့်အတွက် တန်ဖိုး တစ်စုံတရာ ဖြစ်စေနိုင်လို့ပဲ။
ဒီစာအုပ်ကို အဆုံးထိဖတ်တဲ့ စာဖတ်ပရိသတ်ဟာ မာ့က်စ်ရဲ့ မူရင်းကျမ်းတွေ အားလုံးကို ဖတ်ဖို့ သတ္တိရှိလာလိမ့်မယ်။ ဖတ်ပြီးရင်လည်း ကျွန်တော့်ထက် ပိုနားလည်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၀-၃)

သစ်ထူးလွင်


Thursday, March 20, 2014

ရုရှား-ယူကရိန်း ခရိုင်းမီးယားအရေးပြီးတော့ မြန်မာ-တရုတ် ‘၀’ အရေးလား


ရုရှား-ယူကရိန်း ခရိုင်းမီးယားအရေးပြီးတော့ မြန်မာ-တရုတ် ‘၀’ အရေးလား၊ ကျောက်ဖြူ-ကူမင်း အမြန်ရထားလမ်းဖောက်လုပ်ရေး စီမံကိန်း အပါအ၀င် တရုတ်၏ မဟာဗျူဟာ လမ်းကြောင်းများကြောင့်
မြန်မာနိုင်ငံ၏ ပြည်ထောင်စု တည်တံ့ခိုင်မြဲရေးအတွက် စိုးရိမ်စရာဖြစ်လာ

Related Posts Plugin for WordPress, Blogger...