Wednesday, April 30, 2014

မှန်ကန်သော ပြုစုပျိုးထောင်သူတွေ ဖြစ်ကြပါစေ


မလေးရှားမနက်ခင်း က ဒီနေ့မှာတော့ သာသာယာယာ ရှိနေပါသည် ။ မသာယာသည်က ကျွန်မမြင်နေရသော မြင်ကွင်း ။ ကျွန်မရောက်နေသည်က ဘဏတစ်ခုမှာပါ ။ ဒီနေ့ ကြားရက်ဖြစ်နေတာမို့ ဘဏ်မှာ လူရှင်းနေသည် ထင်ပါရဲ့  ။ ကျွန်မဘဏ်ထဲသို့ဝင်လိုက်စဉ် လူတစ်ယောက် ဘဏ်ထဲကနေ ခပ်တွက်တွက်လေးထွက်သွားပါသည် ။ သူကိုကြည့်ရတာ ပျာယီးပျာယာပုံစံမို့ စိတ်ဝင်စားသွားမိသည် ။ ပိုက်ဆံထုတ်ချိန် password မှားနေသည်မို့ ငွေကထုတ်လို့မရပြန်ဘူး ။

“မျိုးချစ်ပြည်သူ့ တပ်နှင့် ခါးပိုက်ဆောင်တပ်”



၁၉၅၇ ခုနှစ်၊ စက်တင်ဘာလ (၉) ရက်နေ့  ဗမာ့တပ်မတော် တပ်မှူးများ
ညီလာခံတွင် နိုင်ငံတော်ဝန်ကြီးချုပ်၏မိန့် ခွန်းသည် အရေးကြီး၍ အချက်အခြာ
ကျလှပေသည်။ ကျွန်တော်တို့ အဖို့ မှာ တပ်မတော်ကြီးအတွက် တပါတီ တပုဂ္ဂိုလ်
သံယောဇဉ်ကင်းသော မျိုးချစ်ပြည်သူ့ တပ်မတော်ကြီးအဖြစ် ထာဝစဉ် လိုလားခဲ့ရာ
ဝန်ကြီးချုပ်၏ မိန့် ခွန်းသည် မျိုးချစ်တပ်မတော်အဖြစ် လိုလားကြသောပုဂ္ဂိုလ်တိုင်း
ဆန္ဒနှလုံးကို တိုက်ရိုက် နှိုးဆော်ပေးရာ ကျပေမည်။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၉-၄)

သစ်ထူးလွင်


Tuesday, April 29, 2014

"အံဝင်ဂွင်ကျမဖြစ်တော့တဲ့ ဟောင်းနွမ်းအက်ဥပဒေများနဲ့ ဥပဒေထက်အရေးပါ အရာ ရောက်နေတဲ့ နည်းဥပဒေများ"


ဒီနေ့ ပြောချင်တာမှ လျှာကို ယားနေတဲ့ အကြောင်းအရာလေး တစ်ခုပြောပြမယ်...။
ဥပဒေကိစ္စပါ...။

လူတော်တော်များများက ပြောလေ့ရှိကြတယ်...(အဲ့ဒီလူတွေထဲမှာ ပညာရှင်ဆိုသူများ
လည်း ပါကြပါတယ်။)မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ဖို့ ခြေလှမ်းတွေထဲမှာ ဥပဒေပြုရေး
ကိစ္စတွေက ထိပ်ဆုံးက ပါတယ်လို့...။

အဲ့ဒီအဆိုကို ကျွန်တော်မငြင်းပါဘူး...။ ဒါပေမယ့် တော်တော်များများ သတိမထားမိတဲ့
ကိစ္စတစ်ခုရှိနေပါသေးတယ်...။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၈-၄)

သစ်ထူးလွင်


Monday, April 28, 2014

ရွာသူဌေး တိုက်ဆောက် ဒီမိုကရေစီ

( ၁ )

( ၂၀၁၂ ) ခုနှစ်၊ နှစ်ဦးပိုင်းလောက်က အလုပ်ကိစ္စ တစ်ခု နဲ. စင်္ကာပူ ကို သွားဖြစ်ခဲ့တယ်။ရေနံ ကုမ္ပဏီကြီးတစ်ခုက ၀န်ထမ်း နှစ်ယောက် နဲ.အတူတူ သွားရတာပါ ။ အမျိုးသားတစ်ယောက် အမျိုးသမီးတစ်ယောက်၊ ကိုယ်နဲ. မတိမ်းမယိမ်း သက်လတ်ပိုင်းတွေပါပဲ…။
စင်္ကာပူရောက်တော့ အလုပ်ကိစ္စသွားကြလာကြရင်း စင်္ကာပူ ရဲ. လူနေမှုအဆင့်အတန်း ၊ အုပ်ချုပ်ပုံ၊ မြို.ပြတည်ဆောက်ပုံတွေ ကိုလဲ အကဲခတ်လေ့လာမိတာပေါ့ ။အဲလို လေ့လာမိတော့ ထုံးစံအတိုင်း ကိုယ့်နိုင်ငံ ကိုယ့်အစိုးရ ရဲ. တလွဲတချော် တွေ ကို ဝေဖန်ကြရော…၊အဓိက ဝေဖန်တာက ကျွန်တော် နဲ. ရေနံကုမ္ပဏီက အမျိုးသား ၀န်ထမ်း နဲ.ပေါ့ဗျာ…။
အဲဒီလို ကျွန်တော်တို. နှစ်ယောက် ဝေဖန်ပြောဆိုနေကြတာကို အတူပါတဲ့အမျိုးသမီးက စိတ်ဝင်တစား နားထောင်နေရင်း မေးခွန်းတစ်ခုမေးတယ်…….

ဝိယောဓိ နှင်းဆီ



၁။ ၁၉၉၄-ခု၊ ဇူလိုင်လ ... ။
“ထူးရာစိုး” လ္ဘက်ရည်ဆိုင်၊ ဒေါ်အောင်ဆန်းစုကြည်လမ်းဆုံ၊ မာနယ်ပလော။

“ကိုငြိမ်းဝေဆိုတာ ခင်ဗျားလား”
မေးမြန်းနှုတ်ဆက်သူကို ကျနော်ကြည့်သည်။ ကောင်းဘွိုင်ဦးထုပ်၊ ပြောက်ကျားစစ်အင်္ကျီ၊ စစ်ဘောင်းဘီ၊ ရာဘာညှပ်ဖိနပ်။ အသားဖြူဖြူ၊ ပါးရိုးနားရိုး ကျကျ၊ ခန္ဓာကိုယ် ခပ်ပါးပါး။ “ဟုတ်ပါတယ်၊ ခင်ဗျားက ကိုတိုက်မောင်းလား”

ဝင်းယော်မှာ မိုးတွေသည်းနေပြီ … ကိုငြိမ်း



(က)

တန်ခူးနွေက ပူ၏။ အပူလှိုင်းကြောင့် … တန်ခူးနွေသည် ပို၍ပူပြင်းလွန်းနေသည်။ နေပူပြင်းပြင်းအောက်တွင်ပင်၊ သူ … ကျနော့်အိမ်သို့ ရောက်လာ၏။ ကျနော်က အိမ်တွင် မရှိ …။ သူ စတင်တည်ထောင်ထားခဲ့သည့် စာကြည့်တိုက်လေးတွင် ရောက်နေသည်။ အိမ်နှင့်စာကြည့်တိုက်က မဝေး …။ သူ … စာကြည့်တိုက်သို့ လိုက်လာ၏။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၇-၄)

သစ်ထူးလွင်


Sunday, April 27, 2014

ကိုငြိမ်းသို့ ... (ဇော်မင်း)



၁။
ဧပြီလ ၂၉ ရက်နေ့၊ ၂၀၁၀ ခုနှစ်။ မနက်ကိုးနာရီလောက် ဖုန်းမြည်လာလို့ ကောက်ကိုင်လိုက်တယ်။ တဖက်က ဆက်လာသူက ကဗျာဆရာ ကိုလွမ်းဏီ။
“ဟေ့လူ ... ကိုငြိမ်း ဆုံးသွားပြီ။ ဒီမနက် သုံးနာရီလောက်မှာ ဆုံးသွားတာလို့ ပြောတယ်”

သစ်ထူးလွင် သတင်းစုစည်းမှု (၂၆-၄)

သစ်ထူးလွင်


ဒိုက်ဦးမြို့တွင် ရိုးရှင်းစွာ ကျင်းပနေသော ၁၉ နှစ်ပြည့် ရဲဘော်တိုက်မောင်း ကျဆုံးခြင်း အထိမ်းအမှတ် အခမ်းအနားသို့ ပေးပိုံ့လိုက်သော သ၀ဏ်လွှာ


Saturday, April 26, 2014

ဒိုက်ဦးမြို့တွင် ရိုးရှင်းစွာပဲ ကျင်းပနေသော ၁၉ နှစ်ပြည့် ရဲဘော်တိုက်မောင်း ကျဆုံးခြင်း အထိမ်းအမှတ် အခမ်းအနားတွင် ဝေငှနေသော Flyer .

တိုင်းပြည်အတွက် ခရီးသည် ဒေါ်သောင်းငွေ



ဧရာဝတီမြစ်ဆုံဆည် တည်ဆောက်ရေး စီမံကိန်း အပြီးအပိုင် ရပ်ဆိုင်းရေးအတွက် ရန်ကုန်ကနေ ကချင်ပြည်နယ် မြစ်ဆုံကို ခရီးရှည် လမ်းလျှောက် ဆန္ဒဖော်ထုတ်နေတဲ့
ကိုသီဟ ဦးဆောင်တဲ့ ၄၅ ယောက်အဖွဲ့ က စိတ်ဆန္ဒပြင်းပြစွာနဲ့  လိုက်ပါချီတက်နေတဲ့ အသက်အကြီးဆုံး ၇၇ နှစ်အရွယ် ကို ဒီကနေ့ တွေ့ ခဲ့ရပါတယ်။

လက်ခုပ်သံနိုင်ငံရေး

Friday, April 25, 2014


သင်္ကြန်ကာလအတွင်း အခြားအလုပ်မရှိသည်နှင့် စာရေးစာဖတ် အလုပ်လုပ်ပြီးလျှင် Sky Net ရုပ်မြင်သံကြားမှ တိုက်ရိုက်ထုတ်လွှင့်သော သင်္ကြန်ဖျော်ဖြေရေးမဏ္ဍပ်များ အစီအစဉ်ကိုကြည့်ဖြစ်ပါသည်။ တိုက်ရိုက်ထုတ်လွှင့် မှုမှာ ရုပ်သံလိုင်းသုံးလိုင်းမှ ထုတ်လွှင့်နေခြင်းဖြစ်ပြီး ရန်ကုန်၊ နေပြည်တော်၊ မန္တလေးမြို့များရှိ Sky Net ရေကစားမဏ္ဍပ်များတွင် ဖျော်ဖြေတီးမှုတ်သီဆိုနေကြသည်များကို တိုက်ရိုက်ရှုမြင်ရပါသည်။

ဆရာကြီးဦးဝင်းတင်၏ နောက်ဆုံးခရီးသို့  ဂါရ၀ပြုခြင်း


ဆရာကြီး ဦးဝင်းတင်ကိုခန်းခန်းနားနား လူထုဈာပန ဖြစ်စေချင်တာ ကျနော်ဆန္ဒပါ။ တတ်နိင် ရင်သူ့ခန္ဓာကိုယုတသန်ခန်းမမှာ လူထုဈာပန အဖြစ် ကျင်းပချင်ပါတယ်။ ယုဒဿန်ခန်းမက သိက္ခာတော်ရဆရာတော်ကလဲခွင့်ပြုပါတယ်။ဒါပေမဲ့ ကျနော်ဆန္ဒမပြည့်ဝခဲ့ဘူးပေါ့နော်။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၅-၄)

သစ်ထူးလွင်


Friday, April 25, 2014

အမြင်နှင့် ရှုရပ်.....

<<<<<  အမြင်နှင့် ရှုရပ်.....>>>>>

မျက်မမြင်ပုဏ္ဏား ခြောက်ဦး ပုံပြင်နှင့် ဆင်တူယိုးမှား ပုံပြင်များသည် သမိုင်းအစဉ်အလာကြီးမားသော  ကမ္ဘာ့နိုင်ငံအတော်များများတွင်  ရေပန်းစားရုံမျှမက စံပြုပုံပြင်များ အဖြစ်တည်ရှိကြပါသည်။

ထိုပုံပြင်ထဲတွင် ပြဆိုထားသော ဇာတ်ဆောင်များသည် မျက်မမြင်များဖြစ်ကြပြီး၊ ဇာတ်လမ်း၏ အသက်သည် အမြင် တစ်နည်းအားဖြင့် အယူအဆဖြစ်ပါသည်။

ထိုဇာတ်ဆောင် မျက်မမြင်များဆိုသည်မှာ လူတို့၏ သေချာစွာ မသိခြင်းသဘော.. တစ်နည်းအားဖြင့် လိုအပ်သော ပညာဗဟုသုတ မပြည့်စုံခြင်းကို ညွှန်းဆိုထားပါသည်။

ထို့အတူ ဆင်၏ ၀မ်းဗိုက်နံပါးသည် အုတ်နံရံအဖြစ်လည်းကောင်း၊ ဆင်၏နားရွက်သည် ယပ်တောင်အဖြစ်လည်းကောင်း စသည်ဖြင့် ဖွဲ့ဆိုမှုသည် မျက်မမြင်ပုဏ္ဏားတို့၏ စမ်းသပ်သည့်နေရာ တစ်နည်းအားဖြင့် ရှုရပ်ကို ဆိုလိုပါသည်။

ထိုရှုရပ်မှ အမြင်သည် ဆင်တစ်ကောင်တည်းကိုပင် ကွဲပြားမှုပေါင်းများစွာ...၊ ငြင်းချက်ပေါင်းများစွာ၊ အယူအဆပေါင်းများစွာ၊ အမြင်ပေါင်းများစွာ ကွဲထွက်သွားစေရုံမျှမက ကိုယ်တိုင်ကန့်သတ်လက်ခံထားသော အမြင်များအား မိမိ၏ အ၀န်းအ၀ိုင်းအတွင်းမှ စီးဆင်းနိုင်သည့် အခြားသူများထံသို့ မပြည့်စုံစွာ ဆက်လက် စီးဆင်းသွားစေပါသည်။

မမှားသော်လည်း ပြည့်စုံမှန်ကန်မှုမရှိသည့် အယူအဆများအဖြစ် ကာလကြာရှည်စွာ ဆက်လက် ရှင်သန်နေစေမည်ဖြစ်ပါသည်။

ထိုကြောင့် ထို မျက်မမြင်ပုဏ္ဏားခြောက်ယောက်နှင့် ဆင်တူယိုးမှား ပုံပြင်လေးများသည် အကြောင်းအရာတစ်ခုကို သေချာ ဂဏ လေ့လာသုံးသပ်၍ ဆုံးဖြတ်နိုင်ကြစေရန် ဖော်ညွှန်းထားသော ပုံပြင်လေးများ ဖြစ်ပါသည်။

ထို့အတူ ၀တ်ကောင်းစားလှကို သပ်ရပ်စွာ ၀တ်ဆင်ထားသော ရှုချင်စဖွယ် အမျိုးသားငယ်တစ်ဦး သို့မဟုတ် အမျိုးသမီးငယ်တစ်ဦး အား ရှေ့တည့်တည့်မှသော် လည်းကောင်း၊ ဘေးဘီဝဲ/ယာမှသော်လည်းကောင်း ကြည့်ရှုသော် မြင်ရသူနှလုံးစိတ်ဝမ်း ကြည်လင်၍ ချစ်ခင်မြတ်နိုးစိတ် သို့မဟုတ် လေးစားအားကျစိတ် ဖြစ်လာနိုင်ပါသည်။

သို့သော် ထို အမျိုးသမီးငယ်နှင့် အမျိုးသားငယ်တို့အား အောက်တည့်တည့်မှ အပေါ်သို့ မော့၍ လှန်၍ကြည့်သော် အတွင်းခံ ၀တ်မထားပါက ငယ်ပါများ မိန်းမကိုယ်များကို မူလအတိုင်း တွေ့မြင်ရမည်ဖြစ်ပြီး အတွင်းခံများ ၀တ်ထားပါကလည်း ထိုအတွင်းခံများနှင့် မူလပုံသဏ္ဍာန်များကို တွေ့မြင်ရမည်ဖြစ်ပါသည်။

ထိုသို့တွေ့မြင်ခြင်းကြောင့် စိတ်သဘောထား ပြောင်းလဲမှုများလည်း ဖြစ်ပေါ်လာမည် ဖြစ်ပါသည် အမှန်တကယ်တွင်ကား ထိုတွေ့မြင်မှုများသည် ဖုံးကွယ်၍ထားသော ပကတိတွေ့မြင်မှုများ အမှန်တရားများပင် ဖြစ်ပါသည်။ 

သို့ရာတွင် ထိုသို့ လူတိုင်းတွင်ရှိနေသော ထိုပကတိ အမှန်တရားကိုပင် ကြီးသည် သေးသည်၊ ဖြူသည် မဲသည် စသည်ဖြင့် ငြင်းချက်ထုတ်နေကြလျှင် ထိုငြင်းချက်သည် အကျိုးမဲ့ရုံမျှမက စည်းကမ်းမဲ့သော....  သူတစ်ပါး၏  လျှို့ ၀ှက်ထားအပ်သော ကိုယ်ရေးကိုယ်တာအား ၀င်ရောက်စွက်ဖက်ခြင်း ဖြစ်သကဲ့သို့ အခြားသူများထံသို့လည်း ဤအမြင်များအား ဆက်လက်၍ အတင်းအဖျင်းအဖြစ် ဆက်လက်ပြောကြားနေပါက  ထိုသူသည် လူထက်တစ်ဆင့်နိမ့်သည့် အသိဥာဏ်ကို ပိုင်ဆိုင်ထားသူဖြစ်သည်ဟု ယူဆရမည်ဖြစ်ပါသည်။

ထို့ကြောင့် မည်သည့်ကိစ္စမဆို မတူကွဲပြားသည်၊ ခြားနားသည် စသည့် ငြင်းချက်များ ဖြစ်ပေါ်လာပါက ရှုမြင်သုံးသပ်သူများ၏ ရှုရပ်များ ကွာခြားခြင်းကြောင့်သာ ဖြစ်ကြောင်းနှင့် မိမိ၏ ရှုမြင်ရာ အရပ်သည် မွန်မြတ်သည့် သဘောကိုဆောင်သော ၊ စိမ်းစိုလှပသော၊ လောကဓမ္မနှင့် ညီမျှသော ရှုရပ်များဖြစ်ပါစေကြောင်း နှင့် မိမိ၏ ပြည့်စုံခြင်းမရှိသော ကျဉ်းမြောင်းသော အယူအဆများအား မျိုးဆက်သစ်များသို့ မှားယွင်းစွာ ကန့်သတ်ဖြန့်ကျက်ခြင်း ကင်းကြပါစေကြောင်း ဆန္ဒပြုလျှက်.....

(ကွန်ဆူးမား)(၂၃-၄-၂၀၁၄)
မျက်မမြင်ပုဏ္ဏား ခြောက်ဦး ပုံပြင်နှင့် ဆင်တူယိုးမှား ပုံပြင်များသည် သမိုင်းအစဉ်အလာကြီးမားသော ကမ္ဘာ့နိုင်ငံအတော်များများတွင် ရေပန်းစားရုံမျှမက စံပြုပုံပြင်များ အဖြစ်တည်ရှိကြပါသည်။
ထိုပုံပြင်ထဲတွင် ပြဆိုထားသော ဇာတ်ဆောင်များသည် မျက်မမြင်များဖြစ်ကြပြီး၊ ဇာတ်လမ်း၏ အသက်သည် အမြင် တစ်နည်းအားဖြင့် အယူအဆဖြစ်ပါသည်။

စစ်ကြောရေး….

……………………
တခြမ်းပဲ့လမင်းကို ငေးရင်း….
ဘီယာဆိုင်က မသဲမကွဲသီချင်းသံကို နားစွင့်
အိပ်မက်မက်နေတဲ့ ကင်းသမားထံ…
ဆေးလိပ်တို တောင်းသောက်ခဲ့ရသော..တရားခံ…

Breakfast မပါတဲ့ နံနက်ခင်းကို
အိပ်စက်ခြင်းထောပတ်သုတ်ပြီး စားသုံးခဲ့..
အရပ်ခြောက်မျက်နှာ…

သစ်ထူးလွင် သတင်းစုစည်းမှု (၂၄-၄)

သစ်ထူးလွင်


Thursday, April 24, 2014

ဟယ်လို ဟယ်လို့ ...

အစိုးရ စေတနာ
ပင်စင်စားတွေ
ဖုန်းကဒ်တွေ ချပေးတယ်
ပြောတာပဲ ...

ဟာသ အသုတ်စုံ (၄)

"အတိုလေးတွေကို တမ်းတနေကြသူများ အတွက်"

=========
1. အကြံဆိုးကြီးနဲ့
=========
ကိုကျေးညိုက သူ့ကောင်မလေး မိစိန်ဆီ ဖုန်းဆက်တယ်... ...
"ဟလို... စိန်"
"ဟားလို ကိုကိုညို"
"ဒီတစ်ပတ် တနင်္ဂနွေ ကိုယ်တို့ ၂ယောက်တော့ လွတ်လွတ်လပ်လပ်တွေ့ရပြီကွ"
"ဘာလို့လဲ ကိုကိုညို"
"ရုပ်ရှင်လက်မှတ် သုံးစောင် ဝယ်ထားလိုက်တယ်လေ"
"သုံးစောင်? ဘယ်သူတွေကြည့်မှာလဲ"
"စိန့် ဖေဖေရယ်၊ စိန့် မေမေရယ်၊ စိန့် မောင်လေးရယ်"
"ငင်..."

==========
2. ကိုယ်ထူကိုယ်ထ
==========
လမ်းခရီးတစ်ခုမှာ ကားပျက်လို့ အနားမှာ အိမ်လေးတစ်လုံးတွေ့တာနဲ့ တံခါးသွားခေါက်တယ်... ...
"အိမ်ရှင်တို့... အိမ်ရှင်တို့"
အဖိုးကြီးတစ်ယောက် တံခါးလာဖွင့်ပြီးမေးတယ်... ...
"ဘာတုန်း... ညဉ့်နက်သန်းကောင်ကြီင်္း"
"ကျနော် ကားပျက်သွားလို့၊ ဒီမှာ တစ်ညလောက် အိပ်ပါရစေ"
"ရတယ်လေ... ဒီမှာ ငါတစ်ယောက်ထဲနေတာ၊ အားလုံးကိုယ်ထူကိုယ်ထနော်၊ မင်း အိပ်ရာ မင်းဟာမင်း ပြင်ရမယ်"
"ရပါတယ် ခင်ဗျ"
"ဒါဆိုလည်း ရော့...."
... ဆိုပြီး အဖိုးကြီးက ပေးတယ်... ....
-တူရယ်
-လွှရယ်
-သံရယ်
-သစ်သားတွေရယ်

=========
3. အတွေးအခေါ်
=========
"သွားဆရာဝန်နဲ့ လယ်သူမ အတူတူပဲကွ"
"ဘာတူလို့လဲ ဟ"
"နှစ်ယောက်လုံး စိုက်လည်းစိုက်တယ်၊ နှုတ်လည်းနှုတ်တယ်လေ"
"ငင်..."

သန်၎ကို-ရမ်းချသည်။
https://www.facebook.com/thanlayko
=========
1. အကြံဆိုးကြီးနဲ့
=========
ကိုကျေးညိုက သူ့ကောင်မလေး မိစိန်ဆီ ဖုန်းဆက်တယ်... ...
"ဟလို... စိန်"
"ဟားလို ကိုကိုညို"
"ဒီတစ်ပတ် တနင်္ဂနွေ ကိုယ်တို့ ၂ယောက်တော့ လွတ်လွတ်လပ်လပ်တွေ့ရပြီကွ"
"ဘာလို့လဲ ကိုကိုညို"

သစ်ထူးလွင် သတင်းစုစည်းမှု (၂၃-၄)

သစ်ထူးလွင်


Wednesday, April 23, 2014

သစ်ထူးလွင် သတင်းစုစည်းမှု (၂၂-၄)

သစ်ထူးလွင်


Tuesday, April 22, 2014

ရွာထဲကို ဂျပန်တွေ ၀င်လာပြီဟေ့

“သိမ်းကွာ . .  အကုန်သိမ်း၊ လမ်းထဲကခုံတွေပါ ဝင်ဆွဲကြကွာ . . .”

“ ၀ူးးးးးးး ”ခနဲ ထိုးရပ်လာသည့် ကားပြာကြီး၏ ခေါင်းခန်းမှ ဆင်းလာသည့် လူဝကြီး၏
 နှုတ်ဖျားမှ လျှံကျလာသည့်  စကားသံအချို့ ဖြစ်၏။

နံနက်စောစော ၃၉လမ်းထိပ်က လက်ဖက်ရည်ဆိုင်လေးတွင် ကျွန်တော်နှင့် ရုံးကတစ်ယောက်
စကားစမြည်လေးပြောရင်း စားသောက်နေချိန် လက်ဖက်ရည်တစ်ဝက် မကုန်သေးခင် ဆိုင်ရှင်က
“ လာပြီ . . လာပြီ . . သိမ်းကြ . . သိမ်းကြ”ဟု ရုတ်တရက် ထိတ်ထိတ်ပျာပျာ အော်ဟစ်ရင်း
လက်ကလည်း ကျွန်တော်တို့ လက်ဖက်ရည်စားပွဲကို ဆွဲယူမတင်ပြီး ပလက်ဖောင်းပေါ်ကနေ
လမ်းထဲကို ပြေးသွင်းသွား၏။

အမှောင်ခေတ်ကြီးတစ်ခုလုံးကို စိမ်ခေါ်ခဲ့သူ ကွယ်လွန်ခြင်း ဂုဏ်ပြုကဗျာ



ငါတို့ခေတ်မှာ
သူလိုလူတစ်ယောက် ရှိနေခဲ့တာကိုက
ငါတို့ခေတ်ရဲ့ မာန်မာနကိုပြတဲ့ မဟာသင်္ကေတပါပဲ။

သိပ္ပံနဲ့ ဘာသာရေးရဲ့ ဆက်ဆံရေး

သိပ္ပံပညာဆိုတာဟာ ကျနော်တို့ အာရုံနဲ့ ခံစားလို့ရတဲ့ လောကကြီးထဲက သဘာဝဖြစ်စဉ်တွေကို သဘာဝကျတဲ့ ဖြေရှင်းမှုမျိုး ပေးဖို့ဆိုတဲ့ လူသားရဲ့ ကြိုးပမ်းချက်ပါ။ သိပ္ပံပညာရှင်တွေဟာ သူတို့ ကဏ္ဍအလိုက် သဘာဝဖြစ်စဉ် အမျိုးမျိုးကို ရှုစားလေ့လာကြတယ်။ ဒီ့နောက်မှာတော့ ဒီဖြစ်စဉ်တွေကို ရှင်းပြဖို့ စနစ်ကျတဲ့နည်းလမ်းတွေကို အသုံးပြုပါတယ်။

သိပ္ပံနည်းလမ်း
သိပ္ပံပညာမှာ အခြေခံအားဖြင့် သိပ္ပံနည်းလမ်း (Scientific Method) ဆိုတာ ရှိပါတယ်။ သူ့မှာ အကြမ်းဖျင်း အဆင့် (၅)ဆင့် ရှိတယ်။
အဆင့် (၁) ရှုမြင်မှတ်သားခြင်း။ ဖြစ်စဉ်တစ်ခုကို ကြည့်ရှုလေ့လာရုံ အဆင့်ပါ။
အဆင့် (၂) အနုမာန တည်ဆောက်ခြင်း။ သင့်တင့်လျောက်ပတ်တဲ့ အတွေးစဉ်မျိုးနဲ့ ဘာက ဘယ်လိုဖြစ်နိုင်တယ်လို့ ဆင်ခြင်တဲ့အဆင့်ပါ။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၁-၄)

သစ်ထူးလွင်


Posted: 21 Apr 2014 12:23 AM PDT
သျှမ်းပြည်မြောက်ပိုင်း ၊ တရုတ်-မြန်မာနယ်စပ် နမ့်ခမ်းမြို့တွင် တရုတ်ပြည်သားပိုင် သတ္တုကျောက် တင် ကားများမှ တန်ပိုတင် စည်းကမ်းမဲ့ မောင်းနှင်မှုကြောင့် ဒေသတွင်းလမ်းမကြီးနှင့်လမ်း သွယ်များပျက်စီးနေ သည်ဟု ဒေသခံများကပြောသည်။တရုတ်နိုင်ငံသား များသာမောင်းနှင်သော တရုတ်လိုင်စင်ရှိ အဆိုပါ ကားကြီးများသည် နမ့်ခမ်းမြို့ နယ် အတွင်း ထွက်သော သတ္တုကျောက်များကို တန်ချိန်ပို တင်ဆောင်ကာ နေ့ညမပြတ် တရုတ်နိုင်ငံသို့

သတ္တိရှင် ဆရာကြီး ဦးဝင်းတင်သို့ ဂုဏ်ပြုတမ်းချင်း


လူဆိုတာ သေမှ ချီးမွမ်းရတယ် ကွ ဟု စာရေးသူ၏ ဖခင်က သင်ကြားဆုံးမခဲ့ဘူးပါသည်။ မသေခင် ချီးမွမ်းမိလျှင် အကယ်၍ ထိုသူသည် ငွေကြေး၊ အာဏာ၊ အရှိန်အ၀ါ၊ စာရိတ္တ နှင့် ရပ်တည်ချက်များ ၌ ဖေါက်ပြန် ပျက်စီး သွားမည်ဆို ပါက ချီးမွမ်းထားမှုမှာ အချည်းနှီး ဖြစ်နိုင်သောကြောင့်ပင်။ သို့ ရာတွင် မသေခင်မှာပင် စာရေးသူတန်ဘိုးထား ချီးမွမ်း လိုသော၊ ဂုဏ်ပြုလိုသော၊ ထိုသို့ ချီးမွမ်း ဂုဏ်ပြု ကြောင်းလဲ ကြားသိစေလိုသောပုဂ္ဂိုလ်အချို့အနက် ဆရာကြီး ဦးဝင်း တင်သည် ထိပ်ဆုံးမှပါရှိပါသည်။

Monday, April 21, 2014

ဟံသာဝတီဦးဝင်းတင် ကွယ်လွန်


သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်
သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်
21.04.2014
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယက သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ဟာ ဒီကနေ့ တနင်္လာနေ့ နံနက် ၆ နာရီခွဲ အချိန်  ရန်ကုန် ဆေးရုံကြီးမှာ ကွယ်လွန်အနိစ္စ ရောက်သွားပါတယ်။ ကျန်းမာရေးအခြေအနေ အထူးစိုးရိမ်ရတဲ့အတွက် ရန်ကုန်ဆေးရုံကြီး အရေးပေါ် အထူးကြပ်မတ် ကုသဆောင်မှာ ကုသမှုခံယူနေရင်း ကွယ်လွန်သွားတာပါ။

သစ်ထူးလွင် သတင်းစုစည်းမှု (၂၀-၄)

သစ်ထူးလွင်


Sunday, April 20, 2014

အမေလည်းအိုပြီ နေလည်းညို ပြီ၊

အမေလည်းအိုပြီ နေလည်းညို ပြီ၊
ကိုကိုဦး(သူပုန်မျိုးဆက်)

ဖွဲ့စည်းပုံပြင်ရေးကိုစိတ်ကူးယဉ်နေကြတာဟာအချိန်ကိုဖြုန်းနေတာနဲ့အတူတူပဲ၊
စိတ်သာချ ဘာမှဖြစ်မလားဘူး၊ ဒေါ်စုက တပ်မတော်ကို ဗိုလ်ချုပ်ခြေရာ
လိုက်ဖို့စည်းရုံးတာလည်း အနှစ်နှစ်ဆယ်ကျော်၊ အချည်းအနှီးပဲ၊
ဘာမှဖြစ်မလာဘူး၊ ခြေရာလိုက်တော့လိုက်ပါတယ်၊
ဗိုလ်ချုပ်အောင်ဆန်းခြေရာမဟုတ်ဘဲ နေ၀င်းနဲ့သန်းရွှေခြေရာနောက်
လိုက်လေတော့ အမေစုရဲ့စိတ်ကူးယဉ်လဲ ပျက်ကရောဘဲ၊
နောက်ဆုံး မင်းအောင်လှိုင်ရဲ့တပ်မတော်နဲ့ နွားနို့ဝန်ကြီးချုပ်တို့
ဖွဲ့စည်းပုံကိုပြင်လိုစိတ်မရှိဘူးလို့ နိုင်ငံတကာသိအောင်အော်ပြန်ရော၊
ခက်တာကမိမိကိုယ်တိုင်သိအောင်မလုပ်ဘဲ သူများသိအောင်အော်ပြောနေလို့
စစ်ဗိုလ်ချုပ်ကြီးတွေကပြောင်းလာမယ်လို့မျှော်လင့်နေတုန်းပဲလား၊
ကိုယ်က driver seat မှာထိုင်နေပြီး ရှေ့ကဂျောက်ကိုကြိုပြီးမြင်အောင်
မကြည့်ဘဲနဲ့ ကားဂျောက်ထဲကျခါနီးကျတော့မှ ဂျောက်ထဲကိုကျတော့မယ်လို့
ခရီးသည်တွေကိုအော်ပြောသတိပေးနေသလိုပါဘဲ၊ ဒီတော့နောက်ကလိုက်ပါလာတဲ့ခရီးသည်တွေရဲ့ ကံကြမ္မာကတော့တွေးကြည့်ပေတော့၊

ကျနော်တို့အနေနဲ့ လူထုခေါင်းဆောင်တစ်ယောက်ကို ကြည်ညိုလေးစားပြီးသားပါ၊
သို့ပေမဲ့ အနူးညံ့ဆုံးနိုင်ငံရေးအပြောင်းအလဲမှာ ခေါင်းဆောင်ကို ပိုပြီးပြတ်ပြတ်သားသား
ရှင်းရှင်းလင်းလင်းမြင်ချင်တာတစ်ခုဘဲ၊ ဝေဖန်တယ်ဆိုတာကလည်း အပြုသဘောနဲ့
အားမလိုအားမရဖြစ်စိတ်တစ်ခုတည်းပါ၊ လက်ပန်းတောင်းတောင်အရေးလို
ဦးပိုင်အကျိုးစီးပွါးကိုကြားဝင်တန်ဆာခံပေးသလို ထပ်မဖြစ်စေချင်တာလည်းပါပါတယ်၊
ဒီအချိန်ဟာ စစ်ဗိုလ်ချုပ်လူလယ်တွေနဲ့ ပြဒါးတစ်လမ်းသံတစ်လမ်းသွားသင့်နေပါပြီ၊
တကယ်စစ်ဗိုလ်ချုပ်ကြီးတွေနဲ့အတူတွဲသွားလည်းကျနော်တို့ဖြစ်ချင်တဲ့ ဒီမိုကရေစီမျိုးကို
သူတို့ပေးမှာမဟုတ်တာကို ရင်ထဲကအလိုလိုယုံကြည်နေမိလို့ပါ၊

NLD အပါအ၀င် အတိုက်အခံပါတီတွေ တော်တော်များများရွေးကောက်ပွဲကို
ဝင်ကြတော့မယ်ဆိုတာ ထင်းထင်းကြီးပေါ်နေပါပြီ၊
ခြေလှမ်းကတော့ တော်တော်ကိုကျွံနေပြီပေါ့လေ၊ 
ဒါပေမဲ့ ၂၀၁၅ ကိုကျော်ဖြတ်ပြီးရင်အဖြူအမဲကွဲယုံမက 
ဒီမိုကရေစီအတုအယောင်ကလည်း ထင်ထင်ရှားရှား
ဖြစ်လာမှာမုချဘဲ၊ ဖွဲ့စည်းပုံပြင်ရေးကို အောက်ကျခံ အသနားခံတောင်းလို့
မရမဲ့အတူတူ မပြင်ရင် ၂၀၁၅ရွေးကောက်ပွဲကို သပိတ်မှောက်မယ်လို့
တင်းမခံသင့်ပေဘူးလား၊ ၂၀၁၅ ဂျောက်ထဲကိုကျပြီးရင် ပြန်တက်ဖို့တော့
လွယ်မယ်မထင်တော့ဘူး၊ အမေလည်းအိုပြီ နေလည်းညို ပြီ၊

ဘာပဲပြောပြော ဂျေက်ထဲကျခါနီးကားလေးကိုအချိန်မှီရှောင်ရှားပြီး 
လမ်းမပေါ်ပြန်တက်နိုင်ဘို့ Driver Seat မှာထိုင်နေသူကသာ အလှည့်အပြောင်းလုပ်နိုင်မယ်လို့ထင်ပါတယ်၊
တွဲရေး ကွဲရေးမဟုတ်ပေမဲ့ ပြတ်သားဘို့တော့လိုနေပြီ၊

ဖွဲ့စည်းပုံပြင်ရေးကိုစိတ်ကူးယဉ်နေကြတာဟာအချိန်ကိုဖြုန်းနေတာနဲ့အတူတူပဲ၊
စိတ်သာချ ဘာမှဖြစ်မလားဘူး၊ ဒေါ်စုက တပ်မတော်ကို ဗိုလ်ချုပ်ခြေရာ
လိုက်ဖို့စည်းရုံးတာလည်း အနှစ်နှစ်ဆယ်ကျော်၊ အချည်းအနှီးပဲ၊
ဘာမှဖြစ်မလာဘူး၊ ခြေရာလိုက်တော့လိုက်ပါတယ်၊

ငြိမ်းချမ်းရေး စစ်တမ်း (၅)

 နိုင်ငံအမည် Burma ဆိုတဲ့ ဝေါဟာရနဲ့ ငြိမ်းချမ်းရေး ဘယ်လိုဆက်စပ်နေသလဲ။

ဒေါ်အောင်ဆန်းစုကြည်သည် ဂျာမနီ နိုင်ငံခရီးစဉ်အတွင်း မိမိတို့ နိုင်ငံ၏ အမည်အား အင်္ဂလိပ်ဘာသာ ဖြင့် Burma ဟူ၍သာ သူမက ဘာကြောင့်ခေါ်ဝေါ်ရခြင်းဖြစ်ကြောင်း ရှင်းပြချက်အရသူမကိုယ်တိုင်တစုံတရာ စတင် ပြောင်း လဲလာပြီလားဟု မြှော်မှန်းသူများရှိ
လာသည်။ သေချာသည်မှာ နိုင်ငံအမည် Burma သုံးစွဲခြင်းအား မဟာမြန်မာလူမျိုး ကြီး ၀ါဒကို ကျင့်သုံးလျှက်ရှိသော စစ်ခေါင်းဆောင် ဟောင်း သစ်များက မကြိုက်။ မကြိုက်မှန်းလဲ သူမကိုယ်တိုင် ကောင်းစွာ သိသည်။ ၂၀၁၂ ခုနှစ် ဇွန်လ (၁) ရက်နေ့ ရက်စွဲဖြင့် ရွေးကောက်ပွဲကော်မရှင်က စာထုတ်ကာ နိုင်ငံအမည်  အား Myanmar ဟူ၍သာသုံးရန် သူမကိုသတိပေးခဲ့ပြီး ဖြစ်သောကြောင့်ပင်။[1] ဤသည်ကိုသိသိကြီး နှင့် သူမသည် အဘယ်ကြောင့် ယခုမှ Burma ကို ပြန်လည်ဖေါ်ထုတ်နေသနည်း၊ ယင်းသို့ ဖေါ်ထုတ်မှုသည် ငြိမ်းချမ်းရေးပြသနာ နှင့် မည်သို့ ဆက်စပ်သနည်း၊

သစ်ထူးလွင် သတင်းစုစည်းမှု (၁၉-၄)

သစ်ထူးလွင်


Saturday, April 19, 2014

တစ်ကျော့ပြန်လာသည့် ရုရှားတပ်မတော်


ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲ သွားမှု နှင့်အတူ တစ်ချိန်က အနောက် အုပ်စုက ဖိန့်ဖိန့် တုန်အောင် ကြောက်လန့် ခဲ့ရသော ဆိုဗီယက် တပ်မတော် ကြီးလည်း ပျောက်ကွယ် သွားခဲ့ ရသည်။ ဆိုဗီယက် ပြည်ထောင်စု ထံမှ အမွေ ဆက်ခံ ခဲ့သော ရုရှား တပ်မတော်ကား ဟန်သာ ရှိပြီး အဆန် မရှိသည့် သင်္ကြန် အမြောက်သာ ဖြစ်နေ ခဲ့သည်။

သစ်ထူးလွင် သတင်းစုစည်းမှု (၄-၁၈)

သစ်ထူးလွင်


Friday, April 18, 2014

ABSDF ( မြောက်ပိုင်း ဗဟိုမှ ) ခေါင်းဆောင်ဟောင်းတစ်ဦး ကြိုးဆွဲချ သေဆုံး


ABSDF ( မြောက်ပိုင်း ) မှ ခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်သူ ကိုနေဒွန်း ( ခေါ် ) ကိုအောင်ထွန်းသည် ပြီးခဲ့သည့် မတ်လအကုန်တွင် သူနေထိုင်ရာ အမေရိကန်နိုင်ငံ ၊ နယူးယောက်ပြည်နယ်၊ ဘတ်ဖဲ
လိုးမြို့တွင် သူ့ကိုယ်သူ ကြိုးဆွဲချပြီး သေဆုံးသွားကြောင်း Classic Burma News မှ သတင်းရရှိပါသည်။

... ( ယုံချင်ယုံ မယုံချင်နေ ) ငါးထောင်တန် ကိစ္စ ဆေးအထိုးခံနေရပြီ

Myo Sam were tagged in Nga Thant's photo.

မင်းတို့ကို အရေးကြီးလို့ ဒီကိုခေါ်လိုက်တာ ဖုံးဆက်ပြီး ပြောမကောင်းလို့ လာခိုင်းလိုက်တာကွ ၊
နေပြည်တော်လာပြီး သမ္မတအိမ်တော် မဏ္ဍပ်မှာ ရေလာကစားတယ်ဆိုတာ အလကားလာတာများ မှတ်နေလားမသိဘူး ၊ သတင်းလာစုံစမ်းတာကွ ၊ သတင်းလာစုံစမ်းတာ ၊
ဒီမှာ မင်းတို့ ချက်ခြင်းပြန်ရမယ် ၊

သစ်ထူးလွင် သတင်းစုစည်းမှု (၁၇-၄)

သစ်ထူးလွင်


Thursday, April 17, 2014

ပါဝင်ပြီးတော့ သင်ယူလိုက်ပါ

မနေ့တစ်နေ့က ဖတ်လိုက်ရတဲ့ သတင်းတစ်ပုဒ်မှာ“မြန်မာနိုင်ငံတွင် အသက် (၁၅) နှစ်နှင့် အသက် (၂၀) အကြား လူငယ်ဦးရေ (၁၀) သန်းကျော် ရှိနိုင်ပါကြောင်း ခန့်မှန်းထားပါသည်” ဆိုတာတွေ့လိုက်ရတယ်။
နည်းနည်းနောနောအင်အားမဟုတ်ဘူး။ မြန်မာနိုင်ငံ လှလှပပ တိုးတက်လာဖို့ မျှော်လင့်စရာ အင်အားတွေပဲလို့ ခံစားမိပါတယ်။
ကဲ… လှလှပပ ကိုယ့်အမိနိုင်ငံ တိုးတက်ဖို့ ဘယ်လိုဖြစ်နိုင်ချေတွေများ ရှိသလဲ့ ။ တတ်နိုင်သမျှ အတွေးဆန့်မိတယ်။
လူငယ်တွေဆိုတော့ (၁) ပညာတတ်ဖို့ ကျောင်းမှန်မှန်တက်ကြမယ် ဒါမှမဟုတ် ပြင်ပမှာ သင်ယူနိုင်စရာ အတတ်ပညာတွေ သင်ယူကြမယ်။ (၂) လုပ်ငန်းအသီးသီးမှာ စတင်ပြီးအလုပ်သင်ပဲဖြစ်ဖြစ် ဝန်ထမ်းငယ် အနေနဲ့ဖြစ်ဖြစ် စလုပ်မယ်။ (၃) ကိုယ်ပိုင်လုပ်ငန်း တစ်ခုကို သေးသေးလေး ပဲ ဖြစ်ဖြစ် စလုပ်ကြည့်မယ် ဆိုပြီး တွေးမိပါတယ်။

သစ်ထူးလွင် သတင်းစုစည်းမှု (၁၆-၄)

သစ်ထူးလွင်


ကလေးစစ်သားပြီးရင်၊ကလေးအလုပ်သမားပပျောက်ရေး


မြန်မာ့တပ်မတော်နဲ့လက်နက်ကိုင်လူမျိုးစုများ ကလေးစစ်သားပပျောက်ရေးကို အမေရိကန်နဲ့ကမ္ဘာ့ လူ့အခွင့်ရေးအသင်းကြီးများ တွန်းအားပေးမှုကြောင့် စစ်သားစုဆောင်းမှုတွေရပ်တံ့သွားကြတာ အင်မတန်ကောင်းတဲ့ ငြိမ်းချမ်းရေးလုပ်ရပ်တစ်ခုဖြစ်လို့ အထူးကြိုဆိုလိုက်ပါတယ်။ ဆက်ပြီး လုပ်ရမဲ့ ငြိမ်းချမ်းရေးလုပ်ရပ်များစွာ ရှိနေပါတယ်။

သစ်ထူးလွင် သတင်းစုစည်းမှု (၁၅-၄)

သစ်ထူးလွင်


Tuesday, April 15, 2014

သစ်ထူးလွင် သတင်းစုစည်းမှု (၁၄-၄)

သစ်ထူးလွင်


Monday, April 14, 2014

သစ်ထူးလွင် သတင်းစုစည်းမှု (၁၃-၄)

သစ်ထူးလွင်


Sunday, April 13, 2014

ငြိမ်းချမ်းရေး စစ်တမ်း (၄)

    
၂၀၁၄ ခုနှစ် ပြီလ ၅ မှ ၈ ရက်နေ့ အထိ ရန်ကုန်တွင် အစိုးရကိုယ်စားလှယ်များနှင့် တိုင်းရင်းသား တော်လှန် ရေး အဖွဲ့ အစည်းများအကြား အပစ်ရပ်ရေးဆွေးနွေးပွဲသည် မူပိုင်းဆိုင်ရာအရ သဘောတူညီချက် အတိအကျ မရဘဲ ရွှေ့ ဆိုင်းလိုက်ရသည်။ ယင်းဆွေးနွေးပွဲမှာ ဘာတေးလ်လစ်တနာပြောသလို နွားရှေ့ ထွန်ကျူး ဖြစ်နေသည်။ နိုင်ငံရေး ဆွေးနွေးပွဲများအရင်ကျင်းပကာ သဘောတူညီချက်ရအောင်ယူရမည့်အစား အပစ်အခတ်ရပ်စဲရေး သက်သက်ကိုသာ အရင် ဦးစွာလက်မှတ်ထိုးရပြန်ဦးတော့မည်လား၊ ၁၉၈၉ မေလက စတင်လုပ်ခဲ့သလိုမျိုးထပ်လုပ် ရပြီး နောက်ထပ် နှစ်ပေါင်း ၂၅ နှစ်ကြာ ဆိုးသွမ်းသံသရာ ပြန်လည်ဦးတော့ မည်လား စိုးရိမ်ဘွယ် ရှိလာသည်။

တိုင်းရင်းသားပေါင်းစုံလူထုကြီးတရပ်လုံးသည် ငြိမ်းချမ်းရေးပြသနာများကို ထဲထဲ ၀င်ဝင်လေ့လာပြီး၊ အင်တိုက် အားတိုက် ပါဝင်လှုပ်ရှားမှသာ စစ်မှန်သည့် ငြိမ်းချမ်းရေးရနိုင်ဘွယ်ရှိပါသည်။ ယခုမူဤသို့ ဖြစ်မနေသေးပါ။ အကြောင်း နှစ်ချက်ကြောင့်ဖြစ်သည်။ ပထမ တကြောင်းမှာ ခေါင်းဆောင် အဆင့်ဆွေးနွေးပွဲများကိုသာ အဓိကထားနေခြင်းကြောင့် ပင်။ နှစ်ဘက်အင်အားစုများ ၏ အောက်ခြေ တပ်ထုများ၊ သက်ဆိုင်ရာတိုင်းရင်းသားလူထုများနှင့် လူထုအဖွဲ့ အစည်းများ အတွင်းချပြ ဆွေးနွေးခြင်း၊ သဘောထားအမြင်တောင်းခံခြင်းတို့ မှာ လွန်စွာပင်နည်းလွန်းနေသည်။

သစ်ထူးလွင် သတင်းစုစည်းမှု (၁၂-၄)

သစ်ထူးလွင်


Related Posts Plugin for WordPress, Blogger...