Monday, September 29, 2014
ဘာဖြစ်လို့ တရုတ်အကျိုးစီးပွားထိရင် နည်းနည်းမှ သည်းညည်းမခံတာလဲ
Published on: September 28, 2014
Written by: နေထွန်းနိုင်
ဝမ်ပေါင်ကုမ္ပဏီမှ တရုတ်နိုင်ငံသားနှစ်ဦးကို ဖမ်းဆီးမှုတွင် ပါဝင်သည်ဟုဆိုကာ တရားစွဲဆို ခံနေရသော မဖြူနှင်းထွေးအား ရုံးထုတ်စဉ် အထက်မြန်မာပြည် ဗကသအဖွဲ့ဝင် များက ပြန် လွှတ်ပေးရေး တောင်းဆိုနေစဉ် (၀ဲ)၊ တောင်စောက်ဓာတ်ငွေ့တွန်းစက်ရုံ တည်ဆောက်ရေး လုပ်ငန်းခွင်မှ အရိုချင်းတိုင်းရင်းသားများအား အမ်းမြို့နယ်တရားရုံးတွင် ရုံးထုတ်လာသည် ကို တွေ့ရစဉ် (ယာ)
ရုပ်ရှင်ထဲက စစ်ပွဲတွေ ခဏနားကြတဲ့အခါ ..
 ရုပ်ရှင်ထဲက စစ်ပွဲတွေ ခဏနားကြတဲ့အခါ နှစ်ဖက်တပ်ဗိုလ်တပ်သားတွေဟာ ကိုယ့်တပ်ကိုကိုယ် လူစစ်၊ ကျည်စစ်၊ ဒဏ်ရာရလူနာကောက်၊ ကျဆုံးရဲဘော်အလောင်း ကောက်ကြတယ်။
 ..........   ........ .........  ........
 ကျောင်းသားတပ်တွေ အပစ်ရပ်မယ်လို့  စဉ်းစားကြတဲ့အခါမှာ ဦးစားပေးစဉ်းစားချက်တွေထဲက အရေးကြီးဆုံးက ထောင်ထဲက တပ်ဖွဲ့ ဝင်ခွပ်ဒေါင်းရဲဘော်ခေါင်းဆောင်တွေ လွတ်မြောက်ရေးကို ဦးစားပေးနံပါတ်တစ်နေရာမှာ ထားတယ်။ ငါတို့ အပစ်ရပ်ကြရင် ထောင်ထဲက ဒို့ ရဲဘော် ခေါင်းဆောင်တွေကို ဆွဲထုတ်နိုင်မှ၊ ထောင်ထဲက ဒို့ ရဲဘော်တွေ လွတ်မြောက်မှ၊ လွတ်မြောက်ဖို့ သေချာမှ အပစ်ရပ်ကြမယ်လို့  ဆုံးဖြတ်ကြတယ်။
ငြိမ်းချမ်းရေးစစ်တမ်း (၈)။ ဖက်ဒရယ် တပ်မတော် ဖွဲ့ စည်းရေး နဲ့  ငြိမ်းချမ်းရေး ဆက်စပ်မှု
ဖက်ဒရယ်ပြည်ထောင်စု တပ်မတော် ဖွဲ့ စည်းရေး ကို လာမည့် နိုင်ငံရေးဆွေးနွေးပွဲတွင် ထည့်သွင်း ဆွေးနွေးရန် သဘောတူထားခဲ့ပြီးမှ မြန်မာ့တပ်မတော်ဘက်က ပြန်လည်ဖျက်သိမ်း လိုက်ကြောင်းကြားရသည်။ စစ်အစိုးရ နှင့် မြန်မာ့တပ်မတော် စစ်ခေါင်းဆောင်များကတိမတည်ဟု တဘက်က အဆိုးမြင်နိုင်သော်လည်းအခုရှုပ်မှ နောင်ရှင်း ဟူသည့် မြန်မာဆိုရိုးစကားရှုဒေါင့်မှ ကြည့်လျှင်မူအကောင်း မြင်နိုင်ပါမည်။တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ များပါ ပါဝင်ဖွဲ့ စည်းမည့်အခြေခံတွင် ဖက်ဒရယ် ပြည်ထောင်စုတပ်မတော် ဖွဲ့ စည်းရေးကို ၄င်းတို့အနေဖြင့် အတိအကျ သဘောတူနိုင် မတူနိုင်ဟူသည့်အပေါ် ရှင်းရှင်းလင်းလင်းရှိစေရန် ဆက်လက်ဆွေးနွေးခွင့်ရမည် ဖြစ်သောကြောင့်ပင်။ ယခုကဲ့သို့ ဘက်နှစ်ဘက် ဆွေးနွေးခွင့်ရနေသည့် အချိန်တွင် ယင်းကိစ္စအာမခံချက်ရရှိထားမှ သာလာမည့် နိုင်ငံရေး ဆွေးနွေးပွဲမှာ အကျိုးရှိပါမည်။
သစ်ထူးလွင် သတင်းစုစည်းမှု (၂၈-၉)
သစ်ထူးလွင်
Sunday, September 28, 2014
အမျိုးသမီးများအခွင့်အရေးနှင့် ဘာသာရေးအမြင် (ပထမပိုင်း)
ဘာသာအများအပြားသည် အမျိုးသမီးများကို နှိမ့်ချဆက်ဆံခြင်းပြုကြသည်ကို ထင်ရှားစွာတွေ့ရသည်၊ ခရစ်ယန်၊ ဂျူးဒစ်ဇင်၊ အစ္စလမ်၊ ဟိန္ဒူ၊ ဗုဒ္ဓဘာသာဝင်တို့သည်လည်း မိန်းမများကိုနှိမ့်ချပြီး နေရာမပေးခဲ့ပေ။ မိန်းမများ နေရာရလာသော ယနေ့ခေတ်တွင်ပင် မိန်းမများသည် ယောက်ျားများနှင့် တန်းတူအခွင့်အရေးရရှိရေးအတွက် ဆက်လက် တိုက်ပွဲဝင်နေဆဲဖြစ်သည်။ အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာက သူ၏  “တန်းတူညီမျှရေးအတွက် ငါ့ရဲ့ ဘာသာရေးကို စွန့်လွှတ်မယ်” (Losing my religion for equality…by Jimmy Carter) ဆိုသည့် ဆောင်းပါးသည် ကျနော့်အတွေးအခေါ်နှင့် အံ့သြစွာ တထပ်တည်းကျနေသည်ကို တွေ့လိုက်ရသည်။
Saturday, September 27, 2014
ကျမတော်တော်ညံ့ခဲ့ပါတယ် (ဂျူး)
ကြွရောက်လာကြတဲ့ ပါမောက္ခများ၊ ဆရာ ဆရာမများ၊ စာပေ၀ါသနာရှင်များ၊ ကျောင်းသူကျောင်းသားများကို အခုလို မျက်နှာချင်းဆိုင်ပြီးတော့ ရင်းနှီးစွာ စကားပြောခွင့်ရတဲ့အတွက် အထူးပဲ ကျေးဇူးတင် ၀မ်းမြောက်တယ်ဆိုတာ ပထမဦးစွာ ပြောကြားလိုပါတယ်။ (သြဘာသံများ)
ဒီကနေ့ည ကျမ ဟောပြောဖို့ ရွေးချယ်ထားတဲ့ခေါင်းစဉ်က 'ကျမ တော်တော်ညံ့ခဲ့ပါတယ်' ဆိုတဲ့ ခေါင်းစဉ် ဖြစ်ပါတယ်။ ဒီခေါင်းစဉ်ကို ကြားလိုက်ရတဲ့အခါမှာ ဒီစာပေဟောပြောပွဲကို တကူးတကန့် လာရောက်နားထောင်လိုတဲ့ ပရိသတ်အနေနဲ့ အံ့သြချင် အံ့သြမိမယ်။ စိတ်ပျက် လက်ပျက် ရီမိချင် ရီမိလိမ့်မယ်။ ဒီစာပေဟောပြောပွဲကို လာပြီးတော့ နားထောင်တာဟာ နင်တို့တွေ၊ ခင်ဗျားတို့တွေဆီက တော်တာတွေများ ကြားရမလား၊ အဲဒီမျှော်လင့်ချက်ကလေးနဲ့ လာပြီးနားထောင်တာ၊ ညံ့တာတွေတော့ ငါတို့ မကြားချင်ဘူး၊ စိတ်ပျက်လက်ပျက် ရီမိချင် ရီမိလိမ့်မယ်။ ကျမကလဲ ကျမ သိတ်တော်တဲ့အကြောင်းကို ပြောပြချင်ပါတယ်။ ဒါပေမယ့် ကံဆိုးချင်တော့ ကျမဟာ ဘ၀မှာ တခါမှ မတော်ခဲ့ဘူးသေးပါဘူး။ (အော်ဟစ်သံများ)
သစ်ထူးလွင် သတင်းစုစည်းမှု (၂၇-၉)
သစ်ထူးလွင်
“အသံလေးရယ်တဲ့…အို…မမြည်
“အသံလေးရယ်တဲ့…အို…မမြည်”
အဖွဲ့အစည်းတစ်ခုသည် မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ သူ့လူနှင့်သူမှာ ချိန်သားစေ့သား ကိုက်နေတတ်သည်ကို ကျွန်တော်တို့ ရံဖန်ရံခါ တွေ့ရပေလိမ့်မည်။ တစ်စုံတစ်ရာ ပြဿနာဟု ထူးထူးခြားခြား မတွေ့ရတတ်ပေ။ အရပ်စကားဖြင့် ပြောရသော် မည်သည့်အသံမျှ မထွက်ခြင်းပင်ဖြစ်သည်။ သို့သော် ထိုစနစ်/အဖွဲ့အစည်း၏ တန်ဖိုးထားမှု၊ မူဝါဒ၊ စံသတ်မှတ်ချက်၊ အစဉ်အလာနှင့် လုပ်ထုံးလုပ်နည်းများဖြင့် မကိုက်ညီသော ပုဂ္ဂိုလ်တစ်ဦးဦး ၀င်ရောက်လာသည့်အခါ ပြဿနာတစ်စုံတစ်ရာ တက်ပေပြီ။ အသံထွက်ပေပြီ။ ထိုသို့သော ဖြစ်ရပ်မျိုးကို စီမံခန့်ခွဲမှုရှုထောင့်မှ ကြည့်သော် ပတ်ဝန်းကျင်နှင့် တသားတည်းကျမှု (Person-Environment Fit) မရှိခြင်းဟု သတ်မှတ်နိုင်ပေသည်။
ပညာရှင် Dawis (1992)က Person-Environment Fit (P-E Fit) (ပတ်ဝန်းကျင်တွင် နေသားတကျရှိမှု) ဟူသည် လူတစ်ဦးတစ်ယောက်၏ သွင်ပြင်လက္ခဏာနှင့် ၄င်းပုဂ္ဂိုလ် ကျင်လည်ရှင်သန်ရာ ပတ်ဝန်းကျင်တို့၏ သွင်ပြင်လက္ခဏာတို့ ကိုက်ညီမှုဖြစ်သည့် အတိုင်းအတာဟု သတ်မှတ်ခဲ့ပေသည်။ လူတစ်ဦးတစ်ယောက်၏ သွင်ပြင်လက္ခဏာကို သတ်မှတ်ရာတွင် ၄င်း၏ အခြေခံလိုအပ်ချက် (Basic Needs)၊ တန်ဖိုးထားမှု (Values)၊ ပန်းတိုင် (Goals)၊ လုပ်ဆောင်နိုင်စွမ်း (Abilities) နှင့် ကိုယ်ရည်ကိုယ်သွေး (Personality) စသည်တို့ကို ထည့်သွင်း စဉ်းစားလေ့သည်။ ပတ်ဝန်းကျင်၏ သွင်ပြင်လက္ခဏာကို သတ်မှတ်ရာတွင်မူ ထိုပတ်ဝန်းကျင်၏ တန်ဖိုးထားမှု (Values)၊ ထိုပုဂ္ဂိုလ်အပေါ် အသိအမှတ်ပြုမှု (Rewards)၊ လုပ်ပိုင်ခွင့်နှင့် တာဝန်ယူရမှု အခန်းကဏ္ဍ (Roles & Responsibilities)နှင့် ထိုပတ်ဝန်းကျင်ရှိ အခြားပုဂ္ဂိုလ်များ၏ စရိုက်လက္ခဏာ (Others’ Characteristics) တို့ကို ထည့်သွင်းစဉ်းစားလေ့ရှိကြသည်။
Person-Environment Fit (P-E Fit)ကို ထပ်မံခွဲခြားရာတွင် (၁) Person-Organization Fit (P-O Fit) (အဖွဲ့အစည်းနှင့် နေသားတကျရှိမှု)၊ (၂) Person-Job Fit (P-J Fit) (အလုပ်နှင့် နေသားတကျရှိမှု)၊ (၃) Person-Group Fit (P-G Fit) (အုပ်စုနှင့် နေသားတကျရှိမှု) နှင့် Person-Person Fit (P-P Fit) (လူပုဂ္ဂိုလ်ချင်း နေသားတကျရှိမှု) ဟူ၍ ထပ်မံခွဲခြား နိုင်ပေသည်။
(၁) Person-Organization Fit (P-O Fit)သည် Person-Environment Fit (P-E Fit)၏ အကျယ်ပြန့်ဆုံး အပိုင်းပင်ဖြစ်သည်။ P-O Fit ဟူသည် လူတစ်ဦးတစ်ယောက်၏ ခံယူချက်သည် အဖွဲ့အစည်းတစ်ခု၏ တန်ဖိုးထားမှုနှင့် ကိုက်ညီသည့်အခါတွင် တွေ့ရလေ့ရှိသည်။ ဥပမာအားဖြင့်ပြရသော် ပညာရေးအဖွဲ့အစည်း တစ်ခုတွင် တာဝန်ထမ်းဆောင်နေသည့် ဆရာ/မတစ်ဦးသည် ထိုအဖွဲ့အစည်း၏ တန်ဖိုးထားမှုဖြစ်သည့် ပညာရေးဖြင့် ပတ်ဝန်းကျင် မြှင့်တင်မှုကို သဘောကျ လက်ခံသဖြင့် ထိုအဖွဲ့အစည်းတွင် နေသားတကျ လုပ်ကိုင်ဆောင်ရွက်ခြင်းမျိုးဖြစ်သည်။ ထိုအခါ အခြားအချက်များဖြစ်သည့် လစာနည်းပါးခြင်းနှင့် အလုပ်ချိန်များခြင်းစသည့် အချက်များကို လစ်လျူရှူကာ ထိုအဖွဲ့အစည်းတွင် ရပ်တည် နေနိုင်ခြင်းကို ဆိုလိုခြင်းဖြစ်သည်။ ထိုအဖွဲ့အစည်းသို့ ပညာရေးအပေါ် သဘောထားသေးသိမ်သည့် အမြင်ရှိသူမျိုးက ၀င်ရောက်ဆက်သွယ် လုပ်ဆောင်ပါက ကြာရှည်ကြာမြဲ လုပ်ဆောင်နိုင်မည် မဟုတ်ဘဲ ပဋိပက္ခဖြစ်ပေလိမ့်မည်။
(၂) Person-Job Fit (P-J Fit) ဟူသည် လူတစ်ဦးတစ်ယောက်၏ လုပ်ဆောင်နိုင်မှုသည့် ထိုအဖွဲ့အစည်း၏ လုပ်ဆောင်ချက် နှင့် ကိုက်ညီသည့်အခါတွင် နေသားတကျ လုပ်ဆောင်နေခြင်းမျိုးကို ဆိုလိုပေသည်။ ဥပမာအားဖြင့် ဆိုရသော် လျှပ်စစ်ပညာရပ် တွင်ကျွမ်းကျင်သည့် လျှပ်စစ်အင်ဂျင်နီယာတစ်ဦးသည် လျှပ်စစ်ပစ္စည်းဆိုင်ရာ အဖွဲ့အစည်းမျိုးတွင် စိတ်ရောကိုယ်ပါ နှစ်မြှုပ်ပြီး လုပ်ဆောင်ခြင်းမျိုးဖြစ်သည်။ ၄င်း၏ ကျွမ်းကျင်မှုကို အသုံးချခွင့်ရသည့် အဖွဲ့အစည်းတွင် စွန့်စားရခြင်း၊ အန္တရာယ်များခြင်းနှင့် အခြားသော အချက်များကို လစ်လျူရှူပြီး အလုပ်တွင် ပျော်ရွင်စွာဖြင့် နေသားတကျရှိနေခြင်းကို ဆိုလိုသည်။ ထိုအဖွဲ့အစည်း သို့ ဆရာဝန်တစ်ဦး ၀င်ရောက်ဆက်သွယ် လုပ်ဆောင်ပါက ၄င်း၏ လုပ်ဆောင်နိုင်မှုသည် အဖွဲ့အစည်းနှင့် အံဝင်ဂွင်ကျ မဖြစ်သဖြင့် ပဋိပက္ခဖြစ်နိုင်ပေသည်။
(၃) Person-Group Fit (P-G Fit) ဟူသည် လူတစ်ဦးတစ်ယောက်အနေဖြင့် ၄င်းနှင့်အတူတကွ လုပ်ကိုင်ဆောင်ရွက်ရသည့် လုပ်ဖော်ကိုင်ဖက်များ၏ လွှမ်းမိုးမှုကို သဘောကျနှစ်သက်သဖြင့် အဖွဲ့အစည်းတွင် နေသားတကျရှိနေခြင်းကို ဆိုလိုသည်။ ဥပမာအားဖြင့် ဆိုရသော် ပျော်ပျော်နေတတ်သည့် လူတစ်ဦးသည် အတည်အတံ့ဖြင့် နေထိုင်သည့် အုပ်စုတွင် မည်သို့မျှ အံဝင်ဂွင်ကျ ဖြစ်လိမ့်မည် မဟုတ်ပေ။ သူ၏ စရိုက်နှင့်ကိုက်ညီသည့် ခပ်ပျော်ပျော်နေတတ်သည့် အစုအဖွဲ့နှင့်သာ နေသားတကျ ရှိပေလိမ့်မည်။ ရလဒ်မှာ စည်းလုံးညီညွတ်မှု ရှိသကဲ့သို့ အုပ်စုကွဲခြင်းမျိုးလည်း ဖြစ်ပေါ်တတ်ပေသည်။
(၄) Person-Person Fit (P-P Fit) ဟူသည် လူတစ်ဦးတစ်ယောက်၏ တန်ဖိုးထားမှု၊ စရိုက်လက္ခဏာ၊ စိတ်ဓာတ်ရေးရာနှင့် အယူအဆတို့သည် အခြားသူတစ်ဦးတစ်ယောက်နှင့် တန်ဖိုးထားမှု၊ စရိုက်လက္ခဏာ၊ စိတ်ဓာတ်ရေးရာနှင့် အယူအဆတို့ တူညီသည့်အခါတွင် နေသားတကျရှိနေခြင်းကို ဆိုလိုခြင်းဖြစ်သည်။ ဥပမာအားဖြင့်ဆိုသော် နူးညံ့သိမ်မွေ့စွာ နေတတ်သူတစ်ဦး သည် သူနှင့် စရိုက်တူသည့် နူးညံ့သိမ်မွေ့သူနှင့်သာ နေသားကျစွာ နေနိုင်ပေလိမ့်မည်။ ပညာတတ်မြောက်မှုကို တန်ဖိုးထားသူ သည် ပညာတတ်မြောက်သူနှင့် နေသားကျစွာ နေနိုင်ပေလိမ့်မည်။ ငွေကြေးကိုသာ တန်ဖိုးထားစရာအဖြစ် ရှုမြင်သူနှင့် ပညာကို တန်ဖိုးထားသူတို့သည် ကြာရှည်ကြာမြင့် ချိန်သားစေ့ကိုက်စွာ နေနိုင်လိမ့်မည် မဟုတ်ပေ။ လူတစ်ဦးချင်းစီး၏ တန်ဖိုးထားမှု မတူညီမှုသည် အချင်းချင်းကြား ပဋိပက္ခကို ဖြစ်ပေါ်စေလိမ့်မည်။
အထက်ဖော်ပြပါ အချက်အလက်များနှင့် မကိုက်ညီသည့်အခါ လူတစ်ဦးတစ်ယောက်နှင့် စနစ်တစ်ခု/အဖွဲ့အစည်းတစ်ခုကြား ချိန်သားစေ့သား မကိုက်ညီဘဲ ပဋိပက္ခများ ဖြစ်ပွားလေ့ရှိတတ်ပေသည်။ လူရှိလျှင် ပြဿနာရှိသည်မှာ မှန်သော်လည်း အဖွဲ့အစည်းများအနေဖြင့်လည်း တစ်ဦးချင်းတစ်ယောက်ချင်း၏ စိတ်သဘောထား၊ ခံယူချက်၊ လုပ်ဆောင်နိုင်စွမ်း၊ စိတ်ပါဝင် စားမှုနှင့် တန်ဖိုးထားမှု စသည်တို့ကို ကြိုတင်အကဲဖြတ်နိုင်ဖို့ လိုအပ်ပေသည်။ လူပုဂ္ဂိုလ်တစ်ဦးချင်စီ အနေဖြင့်လည်း အဖွဲ့အစည်း၏ တန်ဖိုးထားမှု၊ လုပ်ဆောင်ချက်၊ လမ်းစဉ်၊ မူဝါဒနှင့် အနာဂတ်ဗျူဟာ စသည်တို့သည် မိမိတို့နှင့် ကိုက်ညီမှု ရှိ/မရှိ ဆန်းစစ်ဖို့ လိုအပ်ပေသည်။
အဖွဲ့အစည်းများ အနေဖြင့်ရော ၀န်ထမ်းများအနေဖြင့်ပါ သတိပြုစေလိုသည်မှာ မှားခြင်း/မှန်ခြင်းကို တစ်ဖက်သတ် ဆုံးဖြတ်ခြင်းနှင့် ရှုမြင်ခြင်းမျိုး မဖြစ်စေရန်ပင်။ ပဋိပက္ခများသည် တိုးတက်မှုကို ဖြစ်စေနိုင်သလို ဆုတ်ယုတ်မှုလည်း ဖြစ်စေနိုင်ပေသည်။ ခြုံငုံသုံးသပ်ရသော် မည်သည့်ပဋိပက္ခမျှ မဖြစ်ဘဲ (မည်သည့် အသံမျှ မထွက်ဘဲ) ရှိနေခြင်း (Fitting) သည်လည်း ကောင်းကျိုးဖြစ်နေသည်လား/ ဆိုးကျိုးဖြစ်နေသည်လားကို အပေါ်ယံခွဲခြားရန် အခက်အခဲ ရှိနေတတ်ပေသည်။ ထို့ကြောင့်ပင် Person-Environment Fit (P-E Fit) ဖြစ်နေရုံမျှဖြင့် ရလဒ်ကောင်းများ ရရှိလိမ့်မည်ဟု တစ်ထစ်ကျ မမှတ်ယူနိုင်သကဲ့သို့ ပဋိပက္ခများဖြစ်ပေါ်နေခြင်းဖြင့် ရလဒ်များ ဆုတ်ယုတ်လိမ့်မည်ဟုလည်း ပုံသေကားချ တွက်ဆလျှင် မှန်ကန်မည် မဟုတ်ပေ။ နိဂုံးချုပ်ဆိုရသော် အဖွဲ့အစည်းများ တိုးတက်မှု ရလဒ်ကောင်းလိုသော် မိမိတို့ အဖွဲ့အစည်း၏ တိုးတက်မှု အခြေအနေကို ဘက်ပေါင်းစုံ/ရှုထောင့်ပေါင်းစုံမှ ဆန်းစစ်အကဲဖြတ်မှု (Assessment)ကို စနစ်တကျ ပြုလုပ်သင့်ပေသည်။
လျှံဇွဲကို(စီးပွားရေးတက္ကသိုလ်)
၂၁.၉.၂၀၁၄ (အခွင့်အလမ်းဂျာနယ်) အဖွဲ့အစည်းတစ်ခုသည် မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ သူ့လူနှင့်သူမှာ ချိန်သားစေ့သား ကိုက်နေတတ်သည်ကို ကျွန်တော်တို့ ရံဖန်ရံခါ တွေ့ရပေလိမ့်မည်။ တစ်စုံတစ်ရာ ပြဿနာဟု ထူးထူးခြားခြား မတွေ့ရတတ်ပေ။ အရပ်စကားဖြင့် ပြောရသော် မည်သည့်အသံမျှ မထွက်ခြင်းပင်ဖြစ်သည်။ သို့သော် ထိုစနစ်/အဖွဲ့အစည်း၏ တန်ဖိုးထားမှု၊ မူဝါဒ၊ စံသတ်မှတ်ချက်၊ အစဉ်အလာနှင့် လုပ်ထုံးလုပ်နည်းများဖြင့် မကိုက်ညီသော ပုဂ္ဂိုလ်တစ်ဦးဦး ၀င်ရောက်လာသည့်အခါ ပြဿနာတစ်စုံတစ်ရာ တက်ပေပြီ။ အသံထွက်ပေပြီ။ ထိုသို့သော ဖြစ်ရပ်မျိုးကို စီမံခန့်ခွဲမှုရှုထောင့်မှ ကြည့်သော် ပတ်ဝန်းကျင်နှင့် တသားတည်းကျမှု (Person-Environment Fit) မရှိခြင်းဟု သတ်မှတ်နိုင်ပေသည်။
ပညာရှင် Dawis (1992)က Person-Environment Fit (P-E Fit) (ပတ်ဝန်းကျင်တွင် နေသားတကျရှိမှု) ဟူသည် လူတစ်ဦးတစ်ယောက်၏ သွင်ပြင်လက္ခဏာနှင့် ၄င်းပုဂ္ဂိုလ် ကျင်လည်ရှင်သန်ရာ ပတ်ဝန်းကျင်တို့၏ သွင်ပြင်လက္ခဏာတို့ ကိုက်ညီမှုဖြစ်သည့် အတိုင်းအတာဟု သတ်မှတ်ခဲ့ပေသည်။ လူတစ်ဦးတစ်ယောက်၏ သွင်ပြင်လက္ခဏာကို သတ်မှတ်ရာတွင် ၄င်း၏ အခြေခံလိုအပ်ချက် (Basic Needs)၊ တန်ဖိုးထားမှု (Values)၊ ပန်းတိုင် (Goals)၊ လုပ်ဆောင်နိုင်စွမ်း (Abilities) နှင့် ကိုယ်ရည်ကိုယ်သွေး (Personality) စသည်တို့ကို ထည့်သွင်း စဉ်းစားလေ့သည်။
သစ်ထူးလွင် သတင်းစုစည်းမှု (၂၆-၉)
သစ်ထူးလွင်
Friday, September 26, 2014
ဒေါ်အောင်ဆန်းစုကြည်ဝတ္ထု (မင်းဒင်)
(၁)
အမလေး၊ခေါင်းစဉ်ကို ဖတ်ပြီး ကျုပ်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို မျက်စိမှိတ်၊ ဇန်းတင်မဲ့သူလို့ ကိုရင်၊ထင်ရင်ဖြင့် အလွဲကြီး လွဲပါ လိမ့်မဗျာ။ အေးလေ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘုန်းတော်ဘွဲ့တွေက ပြည်တွင်းနဲ့နိုင်ငံတကာမှာ ဖတ်လို့မကုန်အောင်ရှိနေပြီပဲ ။အော်၊  ဒေါ်အောင်ဆန်းစုကြည်လို့ နာမည်အပြည့်အစုံ ချရေးလိုက်တာကို၊ ကိုရင် အထွန့်တက်ချင်ပြန်ပြီထင်တယ်။
သစ်ထူးလွင် သတင်းစုစည်းမှု (၂၅-၉)
သစ်ထူးလွင်
Thursday, September 25, 2014
ဘယ်တက္ကသိုလ် သတ္တိရှိသလဲ
ဘယ်တက္ကသိုလ် သတ္တိရှိသလဲ
စိန်ခေါ်ခြင်းမဟုတ်ပါ။ စိန်ခေါ်ရမည့်အရာ လည်း မဟုတ်ပါ။ တက္ကသိုလ်များကိုယ်ပိုင်အုပ်ချုပ် ခွင့်စနစ်သို့ ချဉ်းကပ်နေဆဲအခြေ အနေတွင် လက်ရှိတက္ကသိုလ်များ ၏ရပ်တည်စီမံမှုများက အလွန် တရာအရေးကြီးကြောင်းကိုပေါ် လွင်စေရန် ဤသို့ခေါင်းစဉ်တပ် လိုက်ရခြင်းဖြစ်ပါတယ်။ အဆင့် မြင့်ပညာရေးကဏ္ဍမှာ ၂၀၁၃-၁၄ ပညာသင်နှစ်ရဲ့ နောက်ဆုံး ကာလကိုရောက်ရှိနေပြီလည်း ဖြစ်ပါတယ်။ လာမယ့် ၂၀၁၄-၁၅ ပညာသင်နှစ်က ဒီဇင်ဘာ တွင်စတင်တော့မှာဖြစ်ပါတယ်။
အဆင့်မြင့်ပညာဦးစီးဌာန (အောက်မြန်မာပြည်)က တက္က သိုလ်၊ ဒီဂရီကောလိပ်နဲ့ ကော လိပ်များတွင် တာဝန်ထမ်းဆောင် ရန်အတွက် နည်းပြ၊ သရုပ်ပြရာ ထူးများ လစ်လပ်လျက်ရှိကြောင်း  မိမိတာဝန်ထမ်းဆောင်လိုသော တက္ကသိုလ်များသို့ တိုက်ရိုက် လျှောက်ထားနိုင်ကြောင်း ကြေ ညာခဲ့ပါတယ်။ ဒီသတင်းကို 7Day Daily သတင်းစာက ယခုလ၁၄ ရက်မှာဖော်ပြခဲ့ပါတယ်။ ၁၅ ရက်နေ့ထုတ် ကြေးမုံသတင်းစာ မှာတော့ ဘယ်တက္ကသိုလ်မှာ ဘယ်ဘာသာရပ် များကိုလျှောက်ထားနိုင်တယ်ဆိုတဲ့ကြော်ငြာဖော် ပြခဲ့ပါတယ်။
နိုင်ငံခြားဘာသာစကားဘာ သာရပ်များမှလွဲ၍ မဟာဘွဲ့၊ မဟာသုတေသနဘွဲ့၊ ပါရဂူဘွဲ့ ရပြီးသူများ လျှောက်ထားနိုင် တယ်လို့ဆိုပါတယ်။ ပါရဂူဘွဲ့ ရပြီးသူများအနေနဲ့ ရေးဖြေစာမေး ပွဲဝင်ဖြေစရာမလိုဘဲ လူတွေ့စာ မေးပွဲသာ ဝင်ဖြေရမှာ ဖြစ်ပါ တယ်။ အောက်မြန်မာပြည်မှာရှိ တဲ့ တက္ကသိုလ် ၁၉ ခုနဲ့ကောလိပ် နှစ်ခုတို့က လိုအပ်တဲ့ဘာသာရပ် များအတွက် ခေါ်ယူခြင်းလည်း ဖြစ်ပါတယ်။ အဆင့်မြင့်ပညာ ဦးစီးဌာန(အထက်မြန်မာပြည်) က ဘယ်တော့ခေါ်မလဲဆိုတာကို လည်း စိတ်ဝင်စားသူများက စောင့်မျှော်စုံစမ်းနေကြပါတယ်။
ဒီနေရာမှာ တက္ကသိုလ်များ ရဲ့လုပ်ပိုင်ခွင့်၊ လုပ်နိုင်စွမ်းအားနဲ့ လက်ရှိလုပ်နေတဲ့ပုံစံတွေကို တင် ပြဆွေးနွေးမှာဖြစ်ပါတယ်။ ဒီစာ ကို ပိုပြီးရေးဖြစ်သွားတာက ဂျပန်ကသူငယ်ချင်းတစ်ယောက် ကြောင့်ပါ။ 7 Day Daily ထဲက ကျူတာတွေခေါ်မယ်ဆိုတဲ့ သတင်းက တကယ်ပဲလားဆိုပြီး မေးပါတယ်။ ဒါနဲ့ စာရေးသူလည်း ၁၅ ရက်နေ့ထုတ် ကြေးမုံသတင်း စာဒေါင်းလုတ်ရယူနိုင်မယ့်လိပ်စာကိုညွှန်လိုက်ပါတယ်။
သူနဲ့စာရေးသူက အသက် ရွယ်တူပါပဲ။ ၁၉၉၆ ခုနှစ်မှာ ဆယ်တန်းအောင်တယ်။ အဲဒီကာလမှာ တက္ကသိုလ်တွေ ပိတ်ထားလို့ ၂၀၀၀ ပြည့်နှစ်ဇူလိုင်လရောက်မှ ပထမနှစ်စပြီးတက်ခဲ့ ကြရတယ်။ ၂၀၀၅ ခုနှစ်မှာ တက္ကသိုလ်နည်းပြ၊ သရုပ်ပြရာထူးတွေခေါ်တော့ ဝင်လျှောက်ကြတယ်။ စာရေးသူ ရတယ်။ သူကမရခဲ့ဘူး။ ၂၀၀၆ ခုနှစ်မှာ မဟာဘွဲ့ရတယ်။ အဲဒီနှစ်မှာပဲ PSC ကခေါ်တာကို သူကဝင်ဖြေပြီး ဝန်ကြီးဌာနတစ်ခုမှာ ဦးစီးအရာရှိဖြစ်သွားတယ်။
၂၀၁၁ ခုနှစ်မှာ သူကဝန် ထမ်းအနေနဲ့ ပညာသင်ဆုရပြီး ဂျပန်ကိုသွားရတယ်။ သူ့ရဲ့ဝန်ကြီးဌာနကသုတေသနကျောင်းသား အဖြစ် ၂ နှစ်ပဲခွင့်ပြုလိုက်တယ်။ ဂျပန်ကပေးတဲ့ပညာသင်ဆုရဲ့ မူလအစီအစဉ်အရ သူလည်း ကြိုးစားတာကြောင့် နောက်ထပ် တစ်နှစ်ခွဲပါရဂူဘွဲ့သင်တန်းကို ဆက်တက်ခွင့်ရသွားတယ်။ ဒါပေမဲ့ ဝန်ကြီးဌာနက နောက်ထပ်နှစ်တိုးခွင့်မပြုခဲ့ဘူး။ သူအလုပ်ထွက်လိုက်ရတယ်။ ဂျပန်မှာ ကျောင်းဆက်တက်တယ်။ အခု ပါရဂူဘွဲ့ရပြီး ဂျပန်ကပြန်လာတော့မယ်။
ဆိုတော့ ဒီမှာပြောချင်တာ က သူတစ်ဦးတည်းအတွက် မဟုတ်ပါဘူး။ တက္ကသိုလ်ဆရာ၊ ဆရာမအလုပ်ဆိုတာ မဟာဘွဲ့၊ မဟာသုတေသနဘွဲ့၊ ပါရဂူဘွဲ့ ရပြီးထားသူတိုင်းလိုလို စိတ်ကူး ယဉ်အိပ်မက်မက်ကြပါတယ်။ မျှော်လင့်လုပ်ကိုင်လိုကြပါတယ်။ တက္ကသိုလ်ဆရာ၊ ဆရာမအလုပ် လျှောက်လွှာတွေ ခေါ်တိုင်း အကြိမ်ကြိမ် ဝင်ဖြေခဲ့သူတွေရှိပါ တယ်။ ကန့်သတ်ချက်တွေနဲ့ကိုက် ညီနေသရွေ့ ဝင်ဖြေနေဦးမယ့်သူ တွေလည်းရှိနေဆဲဖြစ်ပါတယ်။
အခုဆိုရင် မြန်မာ့ပညာရေး စနစ်ဟာ ပြောင်းလဲဆန်းသစ်မှုဆီ ကိုရွေ့နေပြီလို့ဆိုပါတယ်။ အမျိုး သားပညာရေး ဥပဒေကလည်း ရက်ပိုင်းအတွင်းအတည်ဖြစ်လာ တော့မယ်။ ပြီးရင် နောက်ဆက်တွဲ အဆင့်မြင့် ပညာရေးဥပဒေကို လည်း ရေးဆွဲပြဋ္ဌာန်းကြတော့ မယ်။ တက္ကသိုလ်များသည်လည်း လွတ်လပ်သောကိုယ်ပိုင်စီမံခန့်ခွဲ မှုကို ကျင့်သုံးကြရတော့မယ်။ ဒီအတွက် ခြေလှမ်းတွေလည်း စနေပြီလို့ဆိုချင်ပါတယ်။
စီးပွားရေးတက္ကသိုလ်ကြီး သုံးခုနဲ့ ပညာရေးတက္ကသိုလ်ကြီး နှစ်ခုကို Institute ဟုအသုံးပြုနေ ရာကနေ University လို့ပြောင်း လဲခေါ်ဝေါ်ဖို့ ကြိုတင်ပြင်ဆင်မှု အနေနဲ့ ပြီးခဲ့တဲ့ဇွန်လထဲမှာ ညွှန် ကြားထားခဲ့ပါတယ်။ အခုလည်း နည်းပြ၊ သရုပ်ပြရာထူးများအ တွက် ယခင်လိုမဟုတ်တော့ဘဲ ကိုယ်လျှောက်ချင်တဲ့တက္ကသိုလ် မှာ တိုက်ရိုက်လျှောက်ဖို့ ပုံစံ ပြောင်းလိုက်ပြီဖြစ်ပါတယ်။
ရွေးချယ်ခန့်အပ်ခြင်းဆိုင်ရာ ကိစ္စများသည် သက်ဆိုင်ရာ တက္ကသိုလ်အကြီးအကဲများရဲ့ တာဝန်ဖြစ်သွားပြီလို့ဆိုချင်ပါ တယ်။ အဲဒီအပိုင်းနဲ့ပတ်သက်ပြီး စာရေးသူတို့အဆင့်နဲ့ မဝေဖန်နိုင်၊ မဆွေးနွေးနိုင်တာကိုလည်း ဝန်ခံ လိုပါတယ်။ ဒါပေမဲ့ ဖြတ်သန်းခဲ့ရ တဲ့တက္ကသိုလ်ကျောင်းသားဘဝ ငါးနှစ်တာ၊ တက္ကသိုလ်ဆရာဘဝ ကိုးနှစ်တာကြုံခဲ့၊ သိခဲ့၊ မြင်ခဲ့ရတာလေးတွေကိုအခြေခံပြီး တွေးမိ သလောက် တင်ပြလိုက်ရတာ လည်းဖြစ်ပါတယ်။
၂၀၀၅ ခုနှစ် တက္ကသိုလ် ဆရာစပြီးဖြစ်တော့ တပ်မတော် အစိုးရလက်ထက်ဖြစ်ပါတယ်။ ဘာကြောင့်မှန်းမသိ။ တက္ကသိုလ် ဆရာ၊ ဆရာမတွေလုံခြုံရေးတာ ဝန်ကို ဦးစားပေးထမ်းဆောင်ခဲ့ ကြရတဲ့အချိန်လည်းဖြစ်ပါတယ်။ ဒီနေရာမှာ ကြုံတုန်း လုံခြုံရေးတာ ဝန်ချထားမှုဘယ်လောက်မြန် သလဲပြောပြချင်ပါတယ်။ အတူ အလုပ်ဝင်တဲ့ ဆရာမတစ်ယောက်ဆိုရင် သူ့ရဲ့တက္ကသိုလ်မှာ စတင်တာဝန်ထမ်းဆောင်တဲ့ ညနေမှာပဲ နောက်နေ့မနက် ကျောင်းရှေ့အဝင်ပေါက်မှာ နံနက် ၆ နာရီကနေ မွန်းတည့် ၁၂ နာရီအထိ လုံခြုံရေးချထားတာကို ခံခဲ့ရပါတယ်။
တက္ကသိုလ်ဆရာ၊ ဆရာမ ဖြစ်ခါစ ကျူတာလောကမှာ ကျူတာကို ကျူတာလို့မခေါ်ဘဲ ‘ပြာတာ’လို့အပျော်အပြက်ပြော တတ်ကြပါတယ်။ သင်ကြားရေးက လွဲပြီး ကျန်တဲ့တောက်တိုမည်ရကိစ္စမှန်သမျှ လုပ်ကြရပါတယ်။ ရုံးကိစ္စ၊ ဌာနကိစ္စ၊ ကျောင်းသား ကိစ္စ၊ ရာထူးကြီးလုပ်သက်ကြီး ဆရာ၊ ဆရာမတွေ၊ ပါမောက္ခ၊ ဌာနမှူးတွေရဲ့ခိုင်းတာမှန်သမျှ ကိုယ်ရေးကိုယ်တာ ဝေယျာဝစ္စ တွေအထိ လုပ်ပေးကြရပါတယ်။ တချို့ဆို ပြန်ပြောရင်ယုံနိုင်ဖွယ် မရှိအောင် ဆိုးဆိုးရွားရွားလုပ်ပေး ခဲ့ကြရတဲ့သူတွေရှိပါတယ်။
တက္ကသိုလ်ဆရာ၊ ဆရာမ ဘဝကို အထင်ကြီး၊ လေးစားအား ကျခဲ့သူတွေ အထင်နဲ့အမြင်တက် တက်စင်လွဲတာကိုကြုံခဲ့ကြရသူ တွေရှိပါတယ်။ ဘယ်လိုမှသည်း မခံနိုင်တော့လို့ ကိုယ်ရည်ရွယ် စိတ်ကူးခဲ့တဲ့ တက္ကသိုလ်ဆရာ၊ ဆရာမအလုပ်မှ စွန့်ခွာခဲ့ရသူတွေ ရှိပါတယ်။ ဒီလိုပြောလို့ အပျက် သဘောနဲ့ချည်း ရွေးပြောနေတာ မဟုတ်ပါဘူး။ ဖြစ်ခဲ့ရှိခဲ့တာကို ကဏ္ဍတစ်ခုအနေနဲ့ တင်ပြခြင်း သာဖြစ်ပါတယ်။
ဘယ်သူ့ကိုမှ အရေးယူဖို့ မဟုတ်သလို ဘယ်သူ့မှာတာဝန် ရှိတယ်ဆိုပြီး အပြစ်ဖို့နေတာ လည်းမဟုတ်ပါ။ တိုင်းပြည်ရဲ့ ကဏ္ဍအရပ်ရပ် ပြုပြင်မြှင့်တင်ရ မယ့်အချိန်မှာ အရေးကြီးလှတဲ့ ပညာရေးမှာ ထည့်သွင်းစဉ်းစား သုံးသပ်သင့်တဲ့ အချက်တွေကို အပြုသဘောနဲ့ရည်ရွယ်ရေးသား ရခြင်းဖြစ်ပါတယ်။
တက္ကသိုလ်အများစုမှာ အခု ထိကိုယ်ပိုင်ဝက်ဘ်ဆိုက်မရှိသေး ဘူး။ ဒါကြောင့် ဆရာ၊ ဆရာမ တွေအနေနဲ့ ကိုယ့်တက္ကသိုလ် နာမည်နဲ့တွဲပြီး e-mail လိပ်စာ မဖွင့်နိုင်ကြဘူး။ နိုင်ငံတကာ တက္ကသိုလ်အများစုမှာတော့ တစ် နှစ်စာသင်ကြားရေးအစီအစဉ် တွေကအစ ပါမောက္ခတွေရဲ့ ကိုယ်ရေးအကျဉ်း၊ ဌာနတွေရဲ့ ဖွဲ့စည်းဆောင်ရွက်မှု၊ စာတမ်း များ၊ ရည်ရွယ်ချက်များ၊ လည် ပတ်မှုပုံစံများကို အသေးစိတ်ဖော် ပြထားတတ်ကြပါတယ်။ ၂၄ နာရီ ဆက်သွယ်နိုင်မယ့် ပါမောက္ခတွေ၊ဌာနတွေကိုလည်း ထားရှိပေးကြ ပါတယ်။ ပညာသင်ဆုတွေလည်း ပေးအပ်နိုင်ကြပါတယ်။
သင်ခန်းစာများ၊ သုတေသန များနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ်၊ ဝန် ထမ်းဆိုင်ရာကိစ္စများအတွက်ပဲ ဖြစ်ဖြစ် မိတ္တူကူးချင်ရင်ဖြစ်စေ၊ ပရင့် (print) ထုတ်ချင်ရင်ဖြစ်စေ တက္ကသိုလ်အပြင်ကို ထွက်ပြီး လမ်းဘေးဆိုင်ကိုအပြေးအလွှား သွားနေကြရတဲ့ တက္ကသိုလ် ဆရာ၊ဆရာမတွေလည်း ပြည်တွင်း တက္ကသိုလ်တိုင်းလိုလိုမှာရှိနေဆဲ ဖြစ်ပါတယ်။ စာနဲ့ပတ်သက်ပြီး အင်တာနက်မှာလေ့လာဖို့ အပြင် ပုဂ္ဂလိကဆိုင်တွေကို အားကိုးနေ ကြရဆဲဖြစ်ပါတယ်။ အခမဲ့ဝိုင်ဖိုင် မရှိ၊ မြန်နှုန်းမြင့်အင်တာနက်ချိတ် ဆက်မှုမရှိသေးတာကြောင့် ကိုယ်ပိုင်ဖုန်း၊ ကိုယ်ပိုင်ကွန်ပျူတာနဲ့ လိုင်းကောင်းတဲ့အချိန်၊ လိုင်း ကောင်းတဲ့နေရာမှာ ပညာရှာဖွေ နေရတဲ့ တက္ကသိုလ်ဆရာ၊ ဆရာမတွေလည်းရှိပါတယ်။
ကိုယ်တိုင်တက္ကသိုလ်ပရိ ဝုဏ်မှာ ကျင်လည်ဖြတ်သန်းပြီး နှစ်ရှည်လများပညာတွေသင်ယူခဲ့ ကြသူတွေအနေနဲ့ ဂုဏ်ယူမြတ်နိုး စွာတက္ကသိုလ်ဆရာ၊ ဆရာမအ လုပ်လျှောက်ကြမှာကို ကြိုဆို အားပေးလိုပါတယ်။ တစ်ဖက်မှာ လည်း လစ်ဟာလွဲချော်မှုအမျိုး မျိုးနဲ့ ရပ်တည်နေကြရတဲ့အရှိ တရားတွေကိုမြင်တွေ့ပြီး စိတ် ပျက်အားငယ်သွားမှာကိုလည်း စိုးရိမ်မိပါတယ်။ ဆရာကောင်း၊ သမားကောင်း၊ တက္ကသိုလ်ပတ် ဝန်းကျင်ကောင်းနဲ့ ဆုံတွေ့ခဲ့ကြ ပြီး ထူးချွန်ထက်မြက်ကမ္ဘာပတ် နေကြတဲ့ တက္ကသိုလ်ဆရာ၊ ဆရာမတချို့ကိုလက်ညှိုးထိုးပြ ပြီး တိုက်တွန်းရမှာပဲဖြစ်ပါတယ်။
စာရေးသူထက်ပိုပြီး လုပ် သက်ရင့်၊ နယ်စုံတက္ကသိုလ်စုံကို ရောက်ဖူးသူတွေအနေနဲ့ပြောစရာ အတွေ့အကြုံတွေ၊ အတွေးအ မြင်တွေအများကြီးရှိမယ်လို့ ယုံ ကြည်ပါတယ်။ သက်ဆိုင်ရာ တက္ကသိုလ်အသီးသီးမှာ တာဝန် ထမ်းဆောင်ဖို့ရောက်လာသူတွေ အနေနဲ့ တက္ကသိုလ်၊ ပညာရေး စနစ်နဲ့ လူသားအရင်းအမြစ်ဖွံ့ဖြိုး စေရန် အားစိုက်ဖို့လိုပါတယ်။ သူတို့တစ်တွေ စွမ်းစွမ်းတမံကြိုး ပမ်းနိုင်ဖို့ကိုလည်း ဆိုင်ရာတာဝန် ရှိသူများက လမ်းဖွင့်ပံ့ပိုးပေးထား ရပါလိမ့်မယ်။
ဖော်ပြခဲ့တဲ့ စာရေးသူရဲ့ သူငယ်ချင်းဆိုရင် သူကိုယ်တိုင် ရော၊ သူ့မိဘကပါ တက္ကသိုလ် ဆရာမဖြစ်ချင်၊ ဖြစ်စေချင်ကြ တာပါ။ နိုင်ငံ့ဝန်ထမ်းအလုပ်တစ် ခုကထွက်ထားတာရယ်၊ ပြည်ပ ကပါရဂူဘွဲ့ကိုကိုယ့်အစီအစဉ်နဲ့ ရယူထားခဲ့တာကြောင့် ထည့် မစဉ်းစားဘဲနေမလားဆိုပြီး ချီတုံ ချတုံဖြစ်နေရပါတယ်။ သူ့လိုပဲ ဝါသနာစိတ်ဆန္ဒပြင်းပြသူတွေက အသက်တွေကြီးသွား၊ အလုပ်ရာ ထူးတွေရထားကြပေမယ့် သူတို့ အတွက်ရော လျှောက်ထားရနိုင် မယ့်အခွင့်အလမ်းတွေပေါ်ထွက် လာမလား မျှော်လင့်နေကြပါ တယ်။
တက္ကသိုလ်တချို့ရဲ့ပါမောက္ခ တချို့ကတော့ သူတို့ရဲ့တပည့် မဟာတန်းပြီးခါစ ကျောင်းသား၊ကျောင်းသူလေးတွေက ဆရာ၊ ဆရာမစကားကို အတိအကျနား ထောင်တယ်။ ခိုင်းတာမှန်သမျှ ဘာဖြစ်ဖြစ် အကုန်လုပ်ပေးတယ်။ဌာနအတွက်၊ ကျောင်းအတွက် အားကိုးရတယ်။ ပွဲလမ်းသဘင်၊ အခမ်းအနားမှန်သမျှမှာ အင်အား ပြတက်ရောက်ဖို့ခေါ်တိုင်းလည်း မပျက်မကွက်လာတယ်။ သူတို့တစ်တွေကို တက္ကသိုလ်ဆရာ၊ ဆရာမအလုပ်ရဖို့ ထောက်ခံကူညီပေးဖို့ အဆင်သင့်ဖြစ်နေ ကြပါတယ်။
ဆိုတော့ ဒီနှစ်အတွင်းမှာခန့် အပ်နိုင်ဖွယ်ရှိတဲ့ တက္ကသိုလ်နည်း ပြ၊ သရုပ်ပြရွေးချယ်ပွဲကြီးမှာ ဘယ်စံ၊ ဘယ်နှုန်း၊ ဘယ်ထုံး၊ ဘယ်နည်းများကိုကျင့်သုံးကြမလဲ ဆိုတာ အကဲခတ်ခွင့်ရမှာလည်း ဖြစ်ပါတယ်။ ဘယ်တက္ကသိုလ်က ဘယ်လိုသတ္တိရှိစွာနဲ့ မြန်မာ့ပညာ ရေးယန္တရားမှာ အားကောင်း မောင်းသန်ထိန်းကျောင်းမောင်း နှင်နိုင်မယ့် ဆရာ၊ ဆရာမငယ် လေးတွေကို ဘယ်လိုသတ်မှတ် ချက်၊ ဘယ်လိုအာမခံချက်တွေနဲ့ ရွေးချယ်ခန့်အပ်ကြမလဲဆိုတာ သက်ဆိုင်ရာတက္ကသိုလ်များ အပေါ်မူတည်မှာဖြစ်ပါတယ်လို့ ထင်မြင်ယူဆ ရေးသားတင်ပြ လိုက်ရပါတယ်။
လွင်ချန်ဖြိုး(နတ်မောက်)
စိန်ခေါ်ခြင်းမဟုတ်ပါ။ စိန်ခေါ်ရမည့်အရာ လည်း မဟုတ်ပါ။ တက္ကသိုလ်များကိုယ်ပိုင်အုပ်ချုပ် ခွင့်စနစ်သို့ ချဉ်းကပ်နေဆဲအခြေ အနေတွင် လက်ရှိတက္ကသိုလ်များ ၏ရပ်တည်စီမံမှုများက အလွန် တရာအရေးကြီးကြောင်းကိုပေါ် လွင်စေရန် ဤသို့ခေါင်းစဉ်တပ် လိုက်ရခြင်းဖြစ်ပါတယ်။ အဆင့် မြင့်ပညာရေးကဏ္ဍမှာ ၂၀၁၃-၁၄ ပညာသင်နှစ်ရဲ့ နောက်ဆုံး ကာလကိုရောက် ရှိနေပြီလည်း ဖြစ်ပါတယ်။
ပထဝီဝင်နိုင်ငံရေး အပေါ် အားပြှိုင်မှုများ၊
အာရှအလယ်ပိုင်းဒေသ နိုင်ငံတခုဖြစ်တဲ့ Kyrgyzstan နိုင်ငံဆိုတာ အမေရိကန်ပြည်ထောင်စုအတွက် အရေးပါခဲ့တဲ့နိုင်ငံတခုဖြစ်တယ်။ စက်တင်ဘာ (၁၁) ရက်တိုက်ခိုက်မှုအပြီးမှာ နေတိုးစစ်အုပ်စု နဲ့ အမေရိကန်ပြည်ထောင်စုက အာဖကန်နစ္စတန် စစ်ပွဲကို ဆင်နွဲဖို့အတွက် ကာဂျစ်စတန်နိုင်ငံရဲ့ Manas လေတပ်စခန်းကို အသုံးပြုခွင့်ရခဲ့တယ်။
တကယ်တော့ အဲ့ဒီကာလတုံးက ရုရှားသမ္မတ ပူတင် နဲ့ အမေရိကန်သမ္မတ ဂျော့ဘုရှ် ရဲ့ ဆက်ဆံရေးတွေက သိပ်ကောင်းခဲ့တယ်။ ရုရှားတွေကလည်း စက်တင်ဘာ (၁၁) တိုက်ခိုက်မှုအပေါ် အမေရိကန်ပြည်ထောင်စု နဲ့အတူတူရပ်တည်ခဲ့တယ်။ သူတို့ရဲ့ လမ်းကြောင်းတွေကို အသုံးပြုဖို့ခွင့်ပေးခဲ့တယ်။
သစ်ထူးလွင် သတင်းစုစည်းမှု (၂၄-၉)
သစ်ထူးလွင်
Wednesday, September 24, 2014
မြ န် မာ ပြ ည် မှာ Sex Worker
လှုပ်လီလှုပ်လဲ့ဖြင့် မြွေတစ်ကောင်က ခါးလယ်မှဖြတ်ကာ တစ်ဆင့်ချင်း တစ်ရစ်ချင်းတက်လာနေသလို ခံ စားရသည်။ ခန္ဓာကိုယ်ပေါ် မှိန်ပြပြမီးရောင် အောက်တွင် သိုင်းဖက်ထားသော လက်တစ်စုံ က မြွေတစ်ကောင်လို သူ့ကိုရစ်ပတ်သိုင်းဖက် ထားသည်။ သူမျက်လုံးလေး မှေးပြီးကြည့်တော့ သူမ၏မျက်လုံးများက ရမ္မက်ခိုးများဖြင့် တောက်ပနေသည်။
ဥပဒေအထောက်အကူပြုကွန်ရက်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် ဥပဒေစိုးမိုးရေး နှင့် လူ့ အခွင့်အရေးရှုဒေါင့်မှ သုံးသပ် ထုတ်ပြန်ချက် (၁)
                               ”ကြားကာလ အတွင်း သဘာဝသယံဇာတများကိုစီမံခန့် ခွဲခြင်း”                                                             
သစ်ထူးလွင် သတင်းစုစည်းမှု (၂၃-၉)
သစ်ထူးလွင်
Tuesday, September 23, 2014
အဟောင်းတွေကြားမှာဆက်မနေချင်ဘူး သရ၀ဏ် (ပြည် )
မြန်မာ.နိုင်ငံရေးအခင်းအကျင်းသည်တဖြည်းဖြည်းနှင်.ဇာတ်ရှိန်မြင်.လာပါသည် ။ ၂၀၁၅ ကလည်းတဖြည်းဖြည်းနီးလာပါပြီ ။ မြန်မာနိုင်ငံကိုခေါင်းဆောင်မည်. ခေါင်းဆောင်သစ် (သို့မဟုတ် ) သမ္မတသစ်သည်မဝေးလှသော ၂၀၁၅ နှစ်ကုန်ခန်.တွင်ပေါ်ပေါက်လာပါတော.မည် ။ လက်ရှိအုပ်ချုပ်နေသော သမ္မကြီးဦးသိန်းစိန်သည် မူလက သူ၏သမ္မတသက်တမ်း ကုန်လျှင်နောက်ထပ်သက်တမ်း တစ်ခါထပ်ပြီး တာဝန်မထမ်းဆောင်လိုတော.ပါဟုပြောခဲ.ဖူးသည် ။ ထို.နောက်ပြည်ပခရီးစဉ်တစ်ခုတွင်ပြည်သူလူထုကလိုလားလျင် နောက်ထပ်သက်တမ်းတစ်ကြိမ်
ထပ်မံတာဝန်ထမ်းဆောင်ပါဦးမည်ဟုဆိုလာပြည်သည် ။ ၂၀၁၀ ရွေးကောက်ပွဲအပြီးကတည်းက သမ္မတဖြစ်မည်ဟု လူများစုခန်.မှန်းခဲ.ကြပြီးမှ ပြည်သူ. လွှတ်တော်ဥက္ကရာထူးနှင်.ကြေနပ်ခဲ.ရသော (ယခုပြည်ထောင်စုလွှတ်တော်နာယကကြီး ) သူရဦးရွှေမန်းကရော သူသမ္မတဖြစ်ချင်သည်ဟုတရားဝင်ထုတ်ဖော်ကြေငြာထားဖူးသည် ။
သစ်ထူးလွင် သတင်းစုစည်းမှု (၂၂-၉)
သစ်ထူးလွင်
Monday, September 22, 2014
စစ်မှန်သော ငြိမ်းချမ်းရေးဆီသို့
ခုတလော ကျွန်မတို့ပတ်ဝန်းကျင်မှာ မကြာခဏကြားနေရတဲ့စကားလုံးက ငြိမ်းချမ်းရေး ဆိုတဲ့ စကားလုံးသုံးလုံးပါပဲ ။ စကားလုံးသုံးလုံးတည်းဆိုပေမဲ့ အကျိုးသက်ရောက်ခြင်းများစွာပါဝင်နေတဲ့ ငြိမ်းချမ်းရေး ကို လူတိုင်းတောင်းတနေကြပါတယ် ။ မငြိမ်းချမ်းတဲ့ နေရာဒေသတစ်ခု ၊ မငြိမ်းချမ်းတဲ့ မိသားစုတစ်ခုမှာ ဘယ်သူမှ မနေပျော်တတ်ကြပါဘူး ။
သစ်ထူးလွင် သတင်းစုစည်းမှု (၂၁-၉)
သစ်ထူးလွင်
Sunday, September 21, 2014
ငြိမ်းချမ်းရေး စစ်တမ်း (၇)။ ကေအင်ယူ၏ ရပ်တည်မှု နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး
ယူအင်န်အက်ဖ်စီ တပ်ပေါင်းစုမှ ကေအင်ယူထွက်ရေး၊ မထွက်ရေးသည်  ကေအင်ယူတဖွဲ့ တည်းနှင့်သာမက ပြည်ထောင်စုတခုလုံး၏ ငြိမ်းချမ်းရေးကို တိုက်ရိုက်သက်ရောက်နိုင်သည့် ကိစ္စဖြစ်လာသည်။အဘယ်ကြောင့် ဆိုသော် ယူအင်န်အက်ဖ်စီ တပ်ပေါင်းစုနှင့် ပူးပေါင်းဆောင်ရွက်ရာတွေ့ ကြုံရသည့် အခက်အခဲများကိုရှင်းပြရာတွင်ကေအင်ယူ အဖွဲ့ အစည်းကြီး ဟူသည့် နောက်ခံကို ယူလျှက် ခေါင်းဆောင်တဦးစ၊ နှစ်ဦးစ၏ လွဲမှားနေသည့်ထောက်ပြချက် အချို့  ကို အခြားအဖွဲ့ အစည်းများကပါ အမှန်ဟူ၍ လိုက်ပါ စဉ်းစားမိပါက ငြိမ်းချမ်းရေးသည် ရေစုန်တွင်မျောတော့မည့် ကိန်း ဖြစ်လာသည်။ ဤသည် တို့ ကို ပြည်တွင်းအခြေအနေတခုလုံးနောက်ခံ နှင့်သာမက နိုင်ငံတကာ အခြေအနေများနှင့်ပါ ဆက်စပ်ကာ အသေးစိပ် ဆန်းစစ်ရန်လိုလာသည်။
ပြီးခဲ့သည့် စက်တင်္ဘာလ ဒုတိယ ပတ်အတွင်းတွင် သမတ ဦးသိန်းစိန်သည် ယင်း၏ ဥရောပခရီးစဉ်အတွင်း ဂျာမနီ နိုင်ငံသို့ အရောက်သွား၍ ၀န်ကြီးချုပ် အင်ဂလာ မာကဲလ် နှင့်တွေ့ ကာရင်းနှီးမြှုပ်နှံမှု ပိုမိုဝင်ရောက်လုပ်ကိုင်ရန် နှင့် တိုးတက်ဖွံ့ ဖြိုးမှု ဆိုင်ရာအကူအညီပိုမိုပေးအပ်ရန်တောင်းခံခဲ့သည်။ ပြည်ပအားကိုးပုဆိန်ရိုး ဟု တချိန်လုံး ကြွေး ကြော်ခဲ့သော စစ်ခေါင်းဆောင်ဟောင်းတဦးဖြစ်သည့် ဦးသိန်းစိန်သည် ၂၀၁၀ ရွေးကောက်ပွဲအပြီး တည်ဆောက် လိုက်ရသည့် ကြီးမားလှသော အုပ်ချုပ်ရေးယန္တယားသစ်ကြီးလည်ပတ်နိုင်ရေးအတွက် မိမိကိုယ်တိုင် ပုဆိန်ရိုးဘ၀ကို အရောက်ခံလိုက်ရပါပြီ။
သစ်ထူးလွင် သတင်းစုစည်းမှု (၂၀-၉)
သစ်ထူးလွင်
Saturday, September 20, 2014
နှင်းဆီခြေသံ ဝေ (စီးပွားရေးတက္ကသိုလ်)
     အတိတ်ဟူသည်.... လွမ်းမောဖွယ်ရာ တေးတစ်ပုဒ်ကိုဆွတ်ပျံ့စွာကြားလိုက်ရသည်နှင့် တူပါသလား။ သတင်းစာထဲမှ ကြော်ငြာလေးတစ်ခုသည် မော့်ရင်ကိုဆွတ်ပျံ့လွမ်းမောသွားစေခဲ့၏။ “ ၁၉၉၃-ခုနှစ် ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ ဘွဲ့ရ ကျောင်းသူ၊ကျောင်းသားများ၏ပထမအကြိမ်မိတ်ဆုံစားပွဲ ဖိတ်ကြားစာ....။” မော်သည် သတင်းစာကို ဖတ်ပြီး ၀မ်းနည်း ၀မ်းသာခံစားနေရ၏။
သစ်ထူးလွင် သတင်းစုစည်းမှု (၁၉-၉)
သစ်ထူးလွင်
Friday, September 19, 2014
" သူခိုးဓါးရိုးကမ်းတဲ့ သစ္စာဖေါက်မှုကြီး " ဆောင်းပါးရှင် (ဒေါက်တာလှိုင်မြင့်)
ရေးရတာလဲ တချိန်လုံး ကလော်ဆဲတာတွေချည်း ဖြစ်နေတော့ ကြာရင်စာဖတ်သူတွေ ကတောင် ကျနော်စိတ်မှ မှန်သေးရဲ့လားထင်စရာ ရောက်နေပြီ။ ခက်တာကလဲ ဗိုလ်သန်းရွှေက လုပ်လိုက်ရင် တိုင်းပြည် နာစေတာချည်းလုပ် ကျနော်ကလဲ ဓါးခုတ်ရာလက်ဝင်လျှိုလို့ ပြောစရာကလဲ ရှိဆိုတော့ ၀င်ဝင်ပါတတ်မိတယ်။ ရှေးရေစက်လားလို့တောင် ထင်ရတယ်။ အရေးထဲ အမျိုးကတော်လိုက်သေးတယ်။ တော်တော့လဲ ကျနော့်စကား သူ့ကိုဆော်ကားမိလျှက်သားဖြစ်သွားတယ်။ ကျနော် ခယ်မက ပထမ အိမ်ထောင်ရှိတယ်။ ပထမအိမ်ထောင်နဲ့ ဟိုက ခယ်မထက် အသက်၁၉-နှစ်ကြီးတယ်။ အရေးအခင်းပြီးစ န.၀.တ လက်ထက် ပထမဆုံး နိုင်ငံခြားလုပ်ငန်း ကန်ထရိုက်ကို ရသူပါ။ ပြီးရုပ်ရှင်မင်းသမီးပေါက်စ နာမည်ကျော်နဲ့တွဲ မယားကို အရာမသွင်းတော့ ကွဲကြတာပေါ့။
သေသွားတဲ့လူတွေကိုသနားပါ
ဖေ့စ်ဘွတ်အကောင့်တစ်ခုရထားပြီး ပို့စ်တင်တတ်ရုံ ၊ ဖုန်းတစ်လုံးရှိရုံနဲ့
သတင်းထောက်လုပ်နေတဲ့သူတွေအတွက် ဒီပို့စ်ကိုရေးဖြစ်တာဖြစ်ပါတယ်။
ခုတလော တချို့ယာဉ်တိုက်မှူဖြစ်စဉ်တွေ ၊ အနိုင်ကျင့်နှိပ်စက်ခံရတဲ့ဖြစ်စဉ်တွေ
လူသေမှူဖြစ်စဉ်တွေကို ကို ဖေ့စ်ဘွတ်သတင်းထောက်တွေ ရေးတင်ရိုက်တင်လို့
လူတော်တော်များများသိခွင့်ရလာတာတွေ့ရပါတယ်။
သစ်ထူးလွင် သတင်းစုစည်းမှု (၁၈-၉)
သစ်ထူးလွင်
Thursday, September 18, 2014
စစ်တပ် မပါတဲ့ နိုင်ငံရေးအလှည့်အပြောင်း
မနက်ဖြန် ဆို စကော့တလန်သားတွေ  လွတ်လပ်ရေးယူပြီး ယူနိုက်တက်ကင်းဒန်း ကနေ ခွဲထွက်သွားတော့မလား ။ ယူကေမှာပဲဆက်နေမလားဆိုတာ စကော့တလန်လူထုမဲနဲ့ အဆုံးအဖြတ်ရယူတော့မှာဖြစ်ပါတယ်။ ဒီကိစ္စဟာ စကော့တလန်အတွက်ကော အင်္ဂလန်အတွက်ကော အလွန့် အလွန်အရေးကြီးတဲ့နိုင်ငံရေးအလှည့်အပြောင်း။ နိုင်ငံမြေပုံ နိုင်ငံအလံ နိုင်ငံတကာဆက်ဆံရေးကအစ စီးပွါးရေး-ကာကွယ်ရေးအကုန်ပြောင်းလဲမယ့်ကိစ္စပါ ။အကြမ်းဖြင်း တ၀က်တ၀က်စီလို့ပြောလို့ရအောင် လွတ်လပ်တဲ့ စကော့တလန်ဖြစ်ချင်သူ ၅၀ရာနှုန်း။ ယူကေ မှာပဲဆက်နေတာကောင်းတယ်လို့ မြင်သူ ၅၀ ရာခိုင်နှုန်း ။  အလွန်ပြင်းထန်တဲ့ ရပ်တည်ချက်ကိုယ်စီ ကွဲပြားခြင်းတွေနဲ့ အကြီးအကျယ် အကြိတ်အနယ်မဲပေးဘို့ ပြင်ဆင်နေကြပါပြီ။
           မြန်မာ့နိုင်ငံမှာ တက်ခဲ့သမျှစစ်အစိုးရအဆက်ဆက်လေနဲ့ပြောမယ်ဆို နိုင်ငံပြိုကွဲခြင်းလို့ ပြောရမယ့် အလှည့်အပြောင်းမျိုးပါ
သစ်ထူးလွင် သတင်းစုစည်းမှု (၁၇-၉)
သစ်ထူးလွင်
Wednesday, September 17, 2014
အများကြီး မျှော်လင့် ခဲ့ ကြတယ်...
အမေစုဆိုတဲ့  ဗိုလ်ချူပ်သမီး မလွတ်ခင်က သားတို့  အများကြီး မျှော်လင့် ခဲ့ ကြတယ်။
အကျယ်ချူပ်က လွတ်များလွတ်ရင်တော့ လားကွာ..........။
အမေစု အကျယ်ချူပ်ကလွတ်တော့  သားတို့ 
အများကြီး မျှော်လင့် ခဲ့ ကြတယ်...လွှတ်တော်ထဲများ ရောက်လို့ ကတော့ ကွာ...........။
တခါစစ်သားဖြစ်ဖူးရင် တသက်လုံးစစ်သားဆိုတဲ့ ဗိုလ်မင်းတို့
တခါစစ်သားဖြစ်ဖူးရင် တသက်လုံးစစ်သားဆိုတဲ့ ဗိုလ်မင်းတို့
ခင်ဗျားတို့ သောက်နေတဲ့ ဘီယာတခွက်ဟာ
ရဲဘော်တယောက်ရဲ့မိသားစု အတွက် တနေ့ဈေးဖိုး ....
သစ်ထူးလွင် သတင်းစုစည်းမှု (၁၆-၉)
သစ်ထူးလွင်
Related Posts Plugin for WordPress, Blogger...