Tuesday, January 13, 2015

အံ့သြပါပေ့ အရူးတိုင်းပြည်ရယ်

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ထဲမှာ တရုတ်နိုင်ငံက သစ်ခိုးထုတ်တဲ့လုပ်ငန်းကို ဖမ်းတယ်လို့သတင်းတွေ ထွက်လာတော့ သတင်းတွေကို လိုက်ရှာဖတ်မိပါတယ် သစ်ခိုးတဲ့လူတွေကိုတော့ ဘယ်လောက်များတယ်တော့ မဖေါ်ပြကြပါဘူး ဒါပေမယ့် သစ်တင်တဲ့ကား ယန္တရား စုစုပေါင်း အစီးရေ ၄၇၀ တောင်ရှိတယ်ဆိုဘဲ။
ဒါဆို ဒရိုင်ဘာတောင် တစ်စီးနှုန်းနဲ့တွက်ရင် လူပေါင်း ငါးရာဗျာ အထွေအလုပ်သမား သစ်ခုတ်သမား ဘာညာ သရကာပေါင်းလိုက်ရင် မဟုတ်မှလွဲရော လူပေါင်း ၁၅၀၀ ကျော်မှာဘဲလေ ဒါတောင် ဖမ်းမိတာ တစ်ရာ ကျော်တဲ့။
ဒီလောက်များတဲ့ စက်ယန္တရား နဲ့လူထုကို နိုင်ငံတစ်နိုင်ငံ ပိုင်နက်ထဲကို ဝင်ရောက် သစ်ခိုးထုတ်တဲ့အလုပ်ကိုလုပ် ဖို့ဆိုတာ ကန်ထရိုက်ပေးထားခြင်းမှတစ်ပါး အခြား ဖြစ် နိုင်ပါ့မလားဗျာ။

တိုင်းရင်းသား လက်နက်ကိုင်တွေ ပြည်တွင်း နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို နိုင်ငံတော် ပုံကန်မှု နိုင်ငံ အန်တုမှုနဲ့ ပုဒ်မတပ် ဖမ်းချင်ရင်တော့ မြေတွင်းထဲ ဝင် ရောက် ပုံးအောင်းနေရင်တောင်မလွတ်ဘူးဗျ။
ဒီလောက်များပြားတဲ့ လူထုကိုနဲ့သစ်ခိုးထုတ်နေတာကို မိတာတောင် ဘယ်လောက်ကြာပြီ သစ်တန်ပေါင်း ဘယ်လောက် တရုတ်ပြည်ထဲကိုရောက်သွားပြီ ခန့်မှန်း ခြေပေါ့ မြန်မာနိုင်ငံက ဘယ်သူတွေနဲ့ ချိတ်ဆက် လုပ် ကိုင်တယ်ဆိုတာကို ခုထိ သတင်းမထုတ်ပြန်သေးဘူး။
မသိလို့လား ထုတ်ပြန်ဖို့ကြောက်လို့လား ဒီလောက်ကြီး မားတဲ့ မှောင်ခိုဂိုဏ်းကို တွေ့တာတောင် လူပေါင်း တစ်ရာကျော်ဘဲဖမ်းမိတယ် ဆိုတာလည်း ဘာကြောင့်ပါလိမ့်လို့ ဘယ်သူမှ မေးခွန်းမထုတ်ကြပါ လားဗျာ။
ပြည်တွင်းမှာသာ ကျည်ဆံတွေ အမြောက်တွေသုံးပြီး ဖြိုးခွင်းနေတာ သစ်ခိုးတဲ့ တရုတ်တွေထွက်ပြေးတော့ သေနက်နဲ့ ပစ်ဖမ်းတာတွေကောမလုပ်ကြဘူးဗျာ။
မဟုတ်မှလွဲရော နိုင်ငံသား အခွင့်အရေးထက် နိုင်ငံခြား သားကို အခွင့်အရေးပိုပေးသင့်တယ်ဆိုတဲ့ ဥပဒေကို များ ထုတ်ပြန်အတည်ပြုလိုက်ကြပြီလားဗျာ။
အိုမြန်မာ
နိုင်ငံသားတွေ သစ်ဖြူနဲ့ အိမ်တစ်လုံး ဆယ်ပေလောက် ဆောက်ဖို့ သိန်းငါးဆယ်လောက်ကုန်ကျနေပါသည်။
ကျွန်း နဲ့ ပျဉ်းကတိုးကို မြန်မာတွေစိုက်ကြပြီး မြန်မာတွေ အနံ့ကို မရှူဖူးကြတော့ပါ။
ဒီနိုင်ငံ ဒီလူမျိုးက ကြာရင် သေတာတောင် အခေါင်လုပ် စရာ သစ်မရှိလို့ တရုတ်က အော်ဒါမှာရမယ့်ကိန်း တစ် ချိန်ချိန်ရောက်လာပါတော့မယ်လို့ မြင်ယောင်မိနေပါသ တည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...