Tuesday, February 10, 2015

ပြည်ထဲရေးဝန်ကြီး ဦးကိုကို သို့

ပြည်ထဲရေးဝန်ကြီး ဦးကိုကိုခင်ဗျား၊
ဆန္ဒမပြဘဲ ရက်ပေါင်း(၆၀) ကြာ စာရေးတောင်းဆိုခဲ့တယ် လေ။
ခင်ဗျားတို့  ဘာလုပ်ခဲ့သလဲ?
ရက် (၆၀) ကျော်သွားလို့  မကြေနပ်လို့ ဆန္ဒ ပြကြတာကို
ခင်ဗျားတို့  ဘက်က
ဘာပြဿနာမှ မရှင်းပေးဘဲ၊
လိုတာတွေ ပေးမယ်ဆိုတဲ့ ကတိမျိးတွေဘာမှ မပေးဘဲ
ဆန္ဒပြတာရပ်လိုက်ပါလို့ 
လုပ်လို့  ရမလား၊
အဲဒီလိုဆန္ဒမပြစေချင် ရင်
ဘာဖြစ်လို့  ရက်ပေါင်း(၆၀ ) မတိုင်မီ က
စကားပြောဆိုပြီးမရှင်းပေးခဲသလဲ၊

ခင်ဗျားတို့  (၅၉ )ရက် လစ်လှူရှု့  ခဲ့ကြတယ် မဟုတ်လား၊?
ပြဿနာ ကြီးလာမှ ခင်ဗျာတို့  က ရပ်လိုက်ပါဆိုလို့  ရမလား?
ခင်ဗျားတို့  ကဒီမိုကရေစီနည်းကျကျ ပြဿနာရှင်းတတ်လို့  လား?
အပ်နဲ့  ထွင်းရမဲ့ နေရာ
ပုဆိန်နဲ့  ထွင်းရအောင် ခင်ဗျားတို့  လုပ်ကြတယ်၊
ဘာဖြစ်လို့  လဲဆိုတော့
ခင်ဗျားတို့  ကသေနတ်ရှိနေလေတော့
ကျေနပ်နပ်၊ မကျေနပ်နပ် ခင်ဗျားတို့  ကြိုက်သလိုရှင်းမယ်
နောက်ပိတ်ဆုံး သေနတ်နဲ့ ရှင်းမယ်၊
ခင်ဗျားတို့  အဲဒီလောက်ဘဲ အရေအချင်းရှိတယ်။
ခင်ဗျားတို့  ညံ့ ဖျင်းလို့  ဒီတောင်းဆိုမှုတွေ ဖြစ်ပေါ်လာတာ၊
ဒိမိုကရေစီ နိုင်ငံမှာ ဒီမိုကရေစီ ပညာရေးစနစ်ကို ထူထောင်ရင်
ဘယ်သူကဆန္ဒပြမျာတုံး၊?
ခင်ဗျားတို့ ကို ကျောင်းသားတွေကထိုင်ကတော့လိုက်ကြဦးမယ်။
ထစ်ကနဲဖြစ်ရင် အစွန်းရောက် လို့  စွပ်ဆွဲခြင်သေးတယ်၊
ခင်ဗျားတို့  သိထားဘို့ 
ပြည်သူကို ခင်ဗျားတို့ 
လိမ်လို့  မရတော့ဘူး၊
ညာလို့ မရတော့ဘူး
ပြည်သူတွေ ဟာ ခင်ဗျားတို့  မရိုသားတဲ့ အပြင်
ဘယ်လောက်ညံ့ဖျင်းတယ်၊ ဆိုတာ သိပြီးသား၊
ခင်ဗျားတို့  ကို ပြည် သူကမယုံဘူး၊
ကြောက်လဲ မကြောက်ဘူး၊
ခင်ဗျားတို့ မြဲမြဲမှတ်ထား
ခင်ဗျားတို့ 
စစ်ယူနီဖေါင်းတွေ နဲ့  တိုင်းပြည်ကို အုပ်ချုပ်နေသမျှ
(၂၅%) လွတ်တော်ထဲရှိနေသမျှ
တိုင်းပြည် ဘယ်တော့မှ မငြိမ်းချမ်းဘူး
အဲဒါ ခင်ဗျားတို့  မြဲမြဲမှတ်ထား
ခင်ဗျားတို့  အေးအေးဆေးဆေး
ကိုယ်နဲ့  ဆိုင်တဲ့အလုပ်ဘဲလုပ်ကြပါ၊
မဆိုင်တာတွေ မလုပ်နဲ့ ။
ဒီမိုကရေးစီနိုင်ငံလို့  လည်းပြောတယ်၊
ယူနီဖေါင်းကြီးလည်း မချွတ်သေးဘူး
ဘယ်လိုဖြစ်နေကြတာတုံး
မရှက်ဘူးလား၊
ယူနီဖေါင်းကြီးနဲ့ တိုင်းပြည်အုပ်ချုပ်ရေးထဲပါတေတာ
ဘာနဲ့ တူသလဲသိလား
ကျမ ဖါသယ်ပါ ဒါပေမဲ့  အပျိုစစ်ပါတယ် လို့  ပြောနေတာနဲ့  တူနေတယ်၊
ရှက်ပါ၊
စစ်တပ်ကို ခင်ဗျားတို့  ခုတုံးမလုပ်နဲ့ 
နိုင်ငံရေးလုပ်ဘို့ ဖိတ်ခေါ်ပါတယ်၊
တပ်မတော်ကို ဂုဏ်သရေရှိရှိထားခဲ့ပါ။
နိုင်ငံကို အုပ်ချုပ်ချင်ရင်
စစ်ယူနီဖေါင်းကို ချွတ်လိုပ်ပါ။
တပ်မတော်ကို အသုံးမချပါနဲ့ 
၁၉ ၈၈ မှာ မဆလ ပါတီဘာဖြစ်သွားသလဲခင်းဗျားတွေ့ တယ် မဟုတ်လား၊
ကိုယ်နဲ့ တိုက်တန်တဲ့ နေရာမှာ ကိုယ် နေပါ။ မနေရင်
ကျောင်းသားတွေက ခင်ဗျားတို့  ကို
ထိုက်တန်တဲ့ နေရာကိုပို့ ကြ လိမ့်မယ်၊
ကျောင်းသားတွေ ဟာခင်ဗျားကို စစ် အာဏာရှင်တွေကို
နိုင်ငံရေးအတွေးအခေါ်အရ
အမြဲစိန်ခေါ်ခဲ့တယ်၊
စိန်ခေါ်နေဆဲ၊
စိန်ခေါ်နေဦးမှာဘဲ၊
ကိုကိုလေး

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...