Tuesday, March 17, 2015

ငါစစ်ခွေးဟုတ်တယ်မဟုတ်ဘူးဆိုတာ ကိုယ်ရပ်တည်ချက် ကိုယ့်လုပ်ရပ်နဲ့သာ သက်ဆိုင်ပါတယ်ဗျာ

ဒီမိုတွေကငါကိုစစ်သားတွေကိုစစ်ခွေးတွေလိုပြောတယ်ဆိုပြီး
ရဲမိုးဆိုတဲ့စစ်ခွေးအစစ်က အောက်ခြေရဲဘော်တွေနဲ့
လှည့်ပြီးရန်တိုက်ပေးနေတယ်၊
တကယ်တော့ကျနော်တို့ပြောတဲ့စစ်ခွေးဆိုတာ
စစ်သားဖြစ်ခြင်းမဖြစ်ခြင်းနဲ့မဆိုင်ပါဘူး၊
အာဏာရှင်အခိုင်းခံရတာထက်ပိုပြီး အာဏာရှင်
အကြိုက်ပြောပြီး အကြိုက်လုပ်ပြီးအကျိုးစီးပွါးရယူနေသူအပြင်
အာဏာရှင်စနစ်ဆက်လက်တည့်တန့်အောင်
တမင်တကာအားပေးနေသူများကိုဆိုလိုတာပါ၊

ဥပမာပြောရရင် ဦးအောင်မင်းရဲ့ငြိမ်းချမ်းရေးစင်တာမှာ
ဒေါ်လာနဲ့ရတဲ့လခကိုစားပြီး ဒိမိုကရေစီဘက်တော်သားတွေကို
ဖင်လှန်ပြသွားကောင်တွေ အေးနေ၀င်းလိုကောင်တွေ
ရဲထွဋ်၊ဇော်ဌေးမှူးဇော်၊ဗူးလက်လိုလူစားတွေ
အာဏာရှင်နဲ့ပေါင်းပြီးကြီးပွါးချမ်းသာနေကြတဲ့ခရိုနီတွေ
အာဏာရှင်အလိုတော်ကျ စီရင်ချက်ချပေးနေတဲ့တရားသူကြီးတွေ
စနစ်ဆိုးကိုထောက်ပို့ထားတဲ့ အထွေထွေအုပ်ချုပ်ရေးမှူးဆိုသူတွေ
ရိုက်ဆိုရိုက် သတ်ဆိုရင်သတ်မဲ့ စွမ်းအားရှင်လူမိုက်တွေ
အခုလက်ပံတောင်းတောင်မှာ လိုတာထက်ပိုပြီ
ရိုက်နှက်ခဲ့တဲ့ရဲတွေအားလုံးဟာ စစ်ခွေးတွေချည်းပါပဲ၊
တကယ်ဆိုရင် တောထဲတောင်ထဲအာဏာရှင်ရဲ့
စေခိုင်းခြင်းကိုခံရတဲ့စစ်သားတွေကို
စစ်ခွေးလို့သမုတ်ရလောက်အောင် ဒီမိုဘက်ကလူတွေမညံပါဘူး၊
တကယ်တော့ ခွေးတွေဆိုတာ သခင်ကောင်းရင်ခွေးကောင်း
ဖြစ်သလို သခင်ဆိုးရင်ခွေးဆိုးဖြစ်တာဓမ္မတာပါ၊
မိမိတို့ကိုယ်တိုင်ထာဝရစစ်ခွေးမဖြစ်လိုဘူးဆိုရင်တော့
သခင်ဆိုးအောက်ကရုန်းကန်ထွက်ခဲ့ကြပေါ့၊ မဟုတ်ဘူးလား၊
စစ်ခွေးရဲမိုးလိုတောထဲတောင်ထဲ သေကျေရတဲ့စစ်သားပုံတွေတင်၊
အစားဆင်းရဲတဲ့ စစ်သားပုံတွေတင်ပြီး မျက်ရည်ချူနေတာကတော့
ငြိမ်းချမ်းရေးကိုပိုပြီးအလှမ်းဝေးအာင် တပ်မတော်နဲ့ပြည်သူ
ဘယ်သောအခါမှမျှ မပေါင်းစည်းမိလေအောင် စနစ်တကျ
သွေးခွဲနေတာဖြစ်တယ်၊
ဒီလိုစနစ်တကျသွေးခွဲနိုင်အောင်ကိုလည်း အထက်ကဆိုတဲ့
အာဏာရှင်လူကြီးမင်းများကိုယ်တိုင် စစ်ခွေးပိုင်ရှင်ကြီးများကိုယ်တိုင်
သဘောတူအာပေးနေတဲ့အချက်ကပိုပြီးသိသာထင်ရှားတယ်၊
ဒေါက်တာဆိတ်ဖွါးကိုကျတော့မရမကရှာမယ်
လွတ်တော်မှာအဆိုတင်ပြီးအရေးယူဖို့ကြိုးစားမယ်
ဆိုတာတွေတွေ့ခဲ့ရဘူးပေမဲ့ အခုလိုစစ်ခွေးရဲမိုးတစ်ယောက်
ရေးချင်ရာရေးနေတာကိုကျတော့ လွတ်ထားပေးတာဟာ
စစ်သားစုဆောင်းရေးလုပ်နေတာမဟုတ်ဘူး၊
ဒါဟာ..စစ်ခွေးစုဆောင်းရေးလုပ်နေတာပဲဖြစ်တယ်၊
အဓိကကတော့ ငါစစ်ခွေးဟုတ်တယ်မဟုတ်ဘူးဆိုတာ
ကိုယ်ရပ်တည်ချက်ကိုယ့်လုပ်ရပ်နဲ့သာသက်ဆိုင်ပါတယ်ဗျာ၊

ကိုကိုဦး(သူပုန်မျိုးဆက်)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...