Friday, March 13, 2015

သမီးဖြစ်သူနဲ့တွေ့ဘို့ တရားရုံးကိုလာခဲ့တဲ့ မဖြိုးဖြိုးအောင်ရဲ့ဖခင် ဒေါက်တာနေဝင်း


အကိုနေဝင်း ကို မန်းလေး အိုးဘိုထောင် ၃တိုက်ထဲက အခန်းတခုထဲမှာ တယောက်ထဲထားတာကို ၁၉၉၈ မှာ ဆုံခဲ့ဘူးပါတယ်။ ပိန်ပိန်ပါးပါး အသားဖြူဖြူနဲ့ အရာရာကိုစိတ်ရှည် အနစ်နာခံ စာနာပေးတတ်ပြီး ကူညီတတ်သူတဦးမို့ ကျနော်တို့ ပုဒ်မ၅-ည(နိုင်ကျဉ်း)တွေက ခင်မင်လေးစားကြပါတယ်။
၁၉၈၉ ကတည်းကနိုင်ငံရေးမှုနဲ့ အကျဉ်းကျနေပြီး ၁၀နှစ်ခန့်နေသားဖြစ်နေပါပြီ။ ဆရာဝန်တဦးလဲဖြစ် တာကြောင့် သူ့အခန်းဆီသွားလည်ဖြစ်ရင် ကျန်းမာရေးနဲ့ပတ်သက်တာတွေ ထောင်တွင်းနေထိုင်မှု အခက်အခဲတွေအတွက် အကြံပေးလေ့ရှိပါတယ်...
ရာဇဝတ်အကျဉ်းသားတွေ တိုက်ဝင်းထဲလာအလုပ်လုပ်တဲ့အခါ သူ့မှာရှိတဲ့ စားစရာဟင်း အကြော်အလှော်ထောင်အဝတ်အစားကအစ သူ့အတွက် အပိုမထားဘဲ ပေးကမ်းစွန့်ကြဲတဲ့သူတယောက်ပါ။
ကိုနေဝင်းရဲ့အခန်းကို ကျနော် မကြာခဏသွားလည်ဖြစ်ပါတယ်...

သူ့မှာအမြတ်တနိုး တယုတယသိမ်းထားတဲ့ဓာတ်ပုံလေးတပုံရှိပါတယ်။ မကြာမကြာထုတ်ပြတတ်ပါတယ်...
အဲဒီပုံလေးက ၈နှစ်အရွယ်လောက်သမီးလေးပုံပါ
ကျောင်းစိမ်းဝတ်စုံလေးနဲ့ အိုက်တင်ပေးနေတဲ့အသား ဖြူဖြူ
မျက်နှာသွယ်နဲ့ချစ်စရာကောင်းတဲ့ သမီးလေးပုံကိုကြည့်ပြီး ပီတိဖြစ်နေတတ်ပါတယ်
အစ်ကို့ကိုလာတွေ့လားဆိုတော့
တနှစ်မှာ ၂ခါလောက်လာပါတယ်တဲ့
သတိတရ မျက်လုံးတွေနဲ့ပြောပြပါတယ်...
၂၀၀၀ခုမေလကစပြီး ကျနော်ပခုက္ကူ ထောင်ပြောင်းခဲ့ရပြီး မဆုံဖြစ်တော့ပါဘူး
၂၀၀၄ မှာထောင်ကလွတ်အပြီး ကိုနေဝင်းနဲ့ပြန်မဆုံဖြစ်တော့ပါဘူး...
၂၀၀၈ နာဂစ်မုန်တိုင်းမှာ သေဆုံးသူတွေကို အလောင်းကောက်ယူပြီး မြေမြှုတ်သင်္ဂြုလ်ပေးတဲ့ လူမှုရေးအလုပ်ကိုလုပ်လို့ ကိုနေဝင်းနဲ့သမီးဖြစ်သူ မဖြိုးဖြိုးအောင်တို့ကို အာဏာကိုင်တွေက ထောင်ချပစ်လိုက်တာကို စိတ်မကောင်းစွာကြားသိရပါတယ်
ဓာတ်ပုံထဲမှာသာတွေ့ခဲ့ဘူးတဲ့ သမီးဖြစ်သူရဲ့ စိတ်ဓာတ်နဲ့ ခံယူချက်က ဖခင်နဲ့ထပ်တူပါလားလို့ တဖြည်းဖြည်းသိလာခဲ့ပါတယ်...
မဖြိုးဖြိုးအောင်တယောက် ဗကသတာဝန်/ ဒီမိုကရေစီပညာရေးစစ်ကြောင်း ဦးဆောင်ကော်မတီဝင် အလုပ်တွေနဲ့ တက်ကြွလှုပ်ရှားနေတဲ့အချိန် ဖခင်ဖြစ်သူကိုနေဝင်း ဂုဏ်ယူပီတိဖြစ်နေမယ်လို့ တွေးနေမိပါတယ်...
မထင်မှတ်ပါဘဲ လက်ပတန်းမှာ ဒီမိုကရေစီပညာရေးသပိတ်မှောက်စစ်ကြောင်းရက်စက်စွာ ဖြိုခွဲခံလိုက်ရပြီး မဖြိုးဖြိုးအောင် နဲ့ကျောင်းသားလူငယ် ၅၀ကျော် သာယာဝတီအကျဉ်းထောင်ထဲရောက်ရှိသွားကြပါတယ်... အဖမ်းခံရချိန်က မဖြိုးဖြိုးအောင်ရဲ့ပုံတွေ အကျဉ်းထောင်ကိုလိုက်လာတဲ့အကို ဒေါက်တာနေဝင်းရဲ့ပုံတွေမြင်လိုက်ရတဲ့အခါမှာ တခါကသားအဖ၂ဦးရဲ့ ပုံရိပ်အချို့ကိုတွေးမြင်မိပြီး တစုံတစ်ခု ပြောချင်စိတ်ဖြစ်ပေါ်လာတာနဲ့ ယခု status ကိုရေးလိုက်မိပါတယ်..
မဖြိုးဖြိုးအောင်နဲ့ကျောင်းသားများ
မိဘပြည်သူများ ၁၂၇ဦးလုံး အာဏာရှင်အချုပ်အနှောင်လက်ထဲမ
အမြန်ဆုံးလွတ်မြောက်ပါစေ..
Share via William Apro

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...