Friday, March 6, 2015

"ယိုးဒယားစွမ်းအားရှင်နဲ့ ဗမာစွမ်းအားရှင်"



ပုံ၁။လွန်ခဲ့တဲ့နှစ်ပေါင်း၄၀ကျော်လောက်ကယိုးဒယားနိုင်ငံရဲ့သမိုင်းမှာနာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ (RedGaurs)ပြောင်နီတပ်ဖွဲ့ ဝင်တွေ၁၉၇၆ခုနှစ် အောက်တိုဘာအရေးတော်ပုံအတွင်းက ဘန်ကောက်သာမာဆတ်တက္ကသိုလ်ကျောင်းသားလှုပ်ရှားမှုကိုအကြမ်းဖက်ဖြိုခွဲမှုအတွင်းသပိတ်မှောက်ကျောင်းသားတဦးကိုမသေမချင်းရိုက်သတ်၊ကြိုးဆွဲချ သတ်နေတဲ့ ပုံပါ။

။ပြောင်နီတပ်ဖွဲ့ တွေကို ၁၉၇၃အောက်တိုဘာလ ယိုးဒယားကျောင်းသားများရဲ့ ဒီမိုကရေစီတော်လှန်ရေးဖြစ်ပွားပြီးနောက်ပိုင်းမှာ ယိုးဒယားစစ်တပိုင်း အစိုးရတွေကနောင်မှာကျောင်းသားတွေရဲ့ ဒီမိုကရေစီလှုပ်ရှားမှုတွေဖြစ်လာခဲ့ ရင်တန်ပြန်ဖို့ ယိုးယားတပ်မတော်ရဲ့ Internal Security Operation Command အောက်မှာဖွဲ့ စည်းခဲ့တာပါ။ဦးဆောင်ဖွဲ့ စည်းခဲ့သူကတော့ ဗိုလ်ချုပ်ဆူဆိုင်ဟာဇာဒင်းဖြစ်ပါတယ်။ ဗိုလ်ချုပ်ဆူဆိုင်ဟာ ယိုးဒယားနိုင်ငံရေးသမိုင်းမှာနာမည်ဆိုးနဲ့ ကျော်ကြားခဲ့သူပါ။အဲဒီပြောင်နီတွေဟာအစပိုင်းမှာကျောင်းသားဆန္ဒပြမှုတွေကို နှိမ်နှင်းရေးအတွက် ခါးပိုက်ဆောင်တပ်ဖွဲ့ တွေအဖြစ်သာပါဝင်ခဲ့ ရာကနေ ၁၉၇၄ နောက်ပိုင်းမှာလက်နက်ကိုင်ခါးပိုက်ဆောင်တပ်ဖွဲ့ တွေဖြစ်လာပြီးယိုးဒယားစစ်တပ်ရဲ့အတိုက်အခံဆန့် ကျင်ရေးမှာအရက်စက်ဆုံး၊လူမဆန်ဆုံးလုပ်ရပ်တွေအများအပြားကျူးလွန်ခဲ့ ကြတယ်။ ယိုးဒယားပြည်သူတွေဟာ ပြောင်နီတပ်ဖွဲ့ တွေရဲ့ဒါဏ်ကိုဆယ်စုနှစ်တခုကျော်လောက်ခံခဲ့ ရဖူးတယ်။
ပုံ၂။ဗမာပြည်ကစွမ်းအားရှင်တွေ၊သပိတ်မှောက်ကျောင်းသူတဦးကိုမတရားဖမ်းဆီးနေတဲ့ ပုံ။အခုဗမာပြည်ကစွမ်းအားရှင်ဆိုတာယိုးဒယားကပြောင်နီတပ်ဖွဲ့ ကိုပုံတူယူထားတာပါ။အများသူငှာရှေ့ မှောက်မှာမဟာမျိုးချစ်ကြီးတွေအဖြစ်ဟန်ဆောင်ပြနေတဲ့ ဗမာစစ်ခေါင်းဆောင်တွေဟာ ယိုးဒယားနောက်လိုက်တွေပါ။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...