Saturday, May 16, 2015

ဘာလုပ်သင့်လဲ


မတ်လ ၁၀ နေ့က ကျောင်းသားလှုပ်ရှားမှုကြီးအား ရက်ရက်စက်စက် ဖိနှိပ်ဖြိုခွဲခဲ့ပြီးနောက် နာမည်ဆိုးဖြင့် ကျော်ကြားလှသော သာယာဝတီ အကျဉ်းထောင်ကြီးတွင် ယခုအချိန်အထိ ဆက်လက်ဖမ်းဆီးထားဆဲဖြစ်သည်။
သို့အတွက် ဆန်ဖရန်စ္စကို ရှိ အနုပညာရှင် Kenneth Wong မှ ၎င်းတို့အား ဂုဏ်ပြုသည့်အနေဖြင့် ခွင့်ပြုချက်ရယှူု၍ Digital Images များ ဖန်တီးကာ Global Voices website တွင် တခမ်းတနား ဖေါ်ပြခဲ့သည်။

နိမ့်ကျလှနေသော ပညာရေးစနစ်အား ပြုပြင်ပြောင်းလဲပေးရန် နှင့် ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရရန် ငြိမ်းချမ်းစွာ လမ်းလျောက် ဆန္ဒထုတ်ဖေါ်ခဲ့ကြသော ကျောင်းသားလူငယ်များအား လမ်းတလျောက် နည်းမျိုးစုံဖြင့် အကြမ်းမဖက်ဖက်အောင် ရန်စလာခဲ့ကြပြီး ဆက်လက်ဆွေးနွေးမည်ဟူသော ၎င်းတို့၏ ကတိကို ယုံစား၍ လက်ပန်တန်းတွင် စခန်းချ ရပ်နားခဲ့ကြချိန်တွင် နံပါတ်တုတ်များဖြင့် ရဲများ၏ အတင်းဝင်ရောက် ရိုက်နှက်ဖမ်းဆီးခြင်း ခံခဲ့ရသူများ ဖြစ်သည်။
အဆိုပါ ရိုက်နှက်ပြီးယုံဖြင့် အားမရသေးပဲ စစ်ဆေးရန် အကြောင်းပြချက်ဖြင့် ထောင်သွင်းအကျဉ်းချခဲ့ယုံမက အရေးမယူပါဟူသော ၎င်းတို့၏ ကတိကို ပြောင်ပြောင်တင်းတင်း ဥပက္ခာပြုကာ ပုဒ်မ မျိုးစုံဖြင့် စွဲ ချက်တင်ခဲ့ကြသည်။ ပြင်ဆင်ပေးပါမည်ဟူသော ပညာရေး ဥပဒေကား ဘယ်နားရောက်သွားမှန်ပင် မသိတော့၊
ယင်းအဖြစ်ကား တိုင်းပြည်၏ အနာဂါတ်ခေါင်းဆောင်များ အဖြစ်ပေါ်ထွန်းလာကြပြီး ၎င်းတို့၏ စည်းစိမ်ဥစ္စာများကို ထိပါးလာကြမည့် အဆိုပါ အညွန့်ထွက်စ ကျောင်းသားများအား တမင် အညွန့်ချိုးသည့် လုပ်ရပ်အဖြစ် မသတ်မှတ်က အခြားဘာများ ပြော၍ ရနိုင်အုန်းပေမည်နည်း။ ယင်းအဖြစ်က သေချာ စဉ်းစားက တိုင်းပြည်အတွက် လွန်စွာနစ်နာလှပေသည်။
တဦးတယောက်ကောင်းစားရေးအတွက် မဟုတ်ပဲ အများအကျိုးအတွက် ဆောင်ရွက်ခဲ့ကြသူများသည် ယခုအခါတွင် မတော်တရော်အဖြစ်များ ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များ အထူးသဖြင့် ကျောင်းသူတွေမှ ကြုံတွေလာရန်ရှိနေသည်ဟု မကြာခင်က တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားသွားခဲ့ပြီး သူတို့အတွက် အဆိုပါ ဘေးရန်များ မကျရောက်စေရေး လူထုကြီးမှ ၀ိုင်းဝန်းစောင့်ရှောက်ပေးကြပါရန် မေတ္တာရပ်ခံသွားခဲ့သည်ကို ကြားလိုက်ရပေသည်။
၎င်းတို့အဖို့ကား ထိုကဲ့သို့ ဖြစ်လာကလည်း ထုံးစံအတိုင်း စုံစမ်းရေးကော်မရှင် ဖွဲ့လိုက်ကြအုန်းမည်သာတည်း၊ ကိုယ့်ကိုကိုယ် အနိုင်နိုင် အသက်ရှင်ရေးအတွက် ရုန်းကန်နေကြရရှာသော လူထုကြီးကကော စိတ်မကောင်းယုံကလွဲ၍ ဘာများ တတ်နိုင်ဦးမည်နည်း၊
သို့သော် စစ်ရုပ်သေး လူရမ်းကားများသာ ဆက်လက်အာဏာရရှိသွားခဲ့ပါမူ အဆိုပါ ကျောင်းသားများ၏ ကံကြမ္မာကား တွေးရက်စရာမရှိအောင် ဆိုးရွားသွားမည့် အဖြစ်ကား ဗေဒင်မေးစရာပင် မလိုပေ။
ဂုဏ်ပြုမှတ်တမ်းတင်ခံရသူများမှ မအိသင်ဇာမောင်၊ မပိုပို ၊ မင်းသွေးသစ်၊ မဖြိုးဖြိုးအောင် ၊ မဟန်နီဦး တို့ဖြစ်ပါတယ်၊
HSW

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...