Friday, May 15, 2015

လင်ပျောက်နေသောဆပ်ပြာသည်များ



(ဆြာမင်းဒင်၏ ပို့စ်အား ပြန်လည် တင်ပြသည်)
၁။ ကိုးကန့်မှာ ဒီညနေ (၁၂၊ ၀၅၊ ၂၀၁၅) အထိ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဆက်ဖြစ်နေတုန်းပဲတဲ့။ ရှည်ကြာလွန်းလှတဲ့ ဒီတိုက်ပွဲမှာ ကျဆုံးဒဏ်ရာရတဲ့ အကြပ်စစ်သည်အရာရှိတွေလည်း သောက်သောက်လဲ။ အုတ်ဂူတွေ မြင်မကောင်းအောင် တန်းစီကုန်ပြီ။ ဆင်းရဲမွဲတေနေတဲ့ နိုင်ငံတစ်ခုအနေနဲ့ စစ်စားရိတ်တွေ မနည်းလှတော့ဘူး။

၂။ အခြေအနေအရပ်ရပ်ကို ဆန်းစစ်လိုက်ရင် ဒီစစ်ပွဲဟာ သာမန်စစ်ပွဲမဟုတ်ဘူး။ တရုတ်အစိုးရရဲ့ ဗျူဟာမြောက်အစီအမံ ဖြစ်တယ်။ကိုးကန့်နယ်မြေက ပြည်သူလူထု အစိုးရဖက်မှာ မရပ်တည်တာကို ကောင်းကောင်းအသုံးချတယ်။ပန်ဆန်းညီလာခံလို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အင်အားတွေနဲ့ ဖိအားပေးထားတယ်။ ကုန်ကုန်ပြောရရင် လာမဲ့ (၂၀၁၅) ရွေးကောက်ပွဲမှာ ဘယ်အစိုးရတက်တက် မြန်မာပြည်တွင်းမှာရှိနေတဲ့ တရုတ်အကျိုးစီးပွားတွေကို မထိပါးရဲအောင် စစ်တုရင်သဘောအရ လှမ်းချက်ထားတဲ့သဘော။နိုင်ဖဲကို ကိုင်ထားတဲ့သဘော။
၃။ ဒီလောက်ရှုပ်ထွေးတဲ့ကိစ္စရပ်ကို လက်ရှိတိုင်းပြည်ခေါင်းဆောင်တွေ ကိုင်တွယ်နေပုံကိုကြည့်။
သမ္မတက ဖုန်းကြားရှင်သားမက်ကို သွားတွေ့ပြီး မရှက်နိုင်မကြောက်နိုင် ချွေးသိပ်နေရရှာတယ်။
ကာကွယ်ရေးဦးစီးချုပ်က ဘီလာရုဇ်၊ ပါကစ္စတန်၊ ဆာဗီးယားစတဲ့နိုင်ငံတွေကို လှည့်ပြီး ဈေးကွက်မဝင်တဲ့ စစ်လက်နက် အစုတ်အပြတ်တွေကို လိုက်ဝယ်နေတယ်။ (လက်နက်ကောင်းတွေ ဝယ်ဖို့ကလည်း နိုင်ငံတကာပိတ်ဆို့မှုတွေကြောင့် ဝယ်ချင်တိုင်းဝယ်လို့မရ။)
ငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင် ဦးအောင်မင်းက အပစ်ရပ်ဖို့ လိပ်ခေါင်းထွက်အောင်အော်နေတယ်။
၅။ ဒီကြားထဲမှာ အွန်လိုင်းနာမည်ကျော် လေမင်းသားတွေက ဟိုတောင်ကုန်းသိမ်းပြီ၊ ဒီတောင်ကုန်းသိမ်းပြီ၊ ဘာကြီးနဲ့လှမ်းပစ်နေပြီ၊ ဘယ်လိုလှံစွပ်ထိုးနေပြီဆိုပြီး မဟုတ်တမ်းတရား အာကျယ်နေကြတာက ရှိသေး။ သေချာစဉ်းစားရင် ဒီအာကျယ်တွေဟာ ရှေ့တန်းကစစ်သည်တွေကို အလိမ္မာနည်းနဲ့ သေတွင်းပို့နေကြတာပဲ။
၆။ မသေမချင်း မှတ်ကြပါဗျာ။ စစ်ပွဲတပွဲကို အောင်နိုင်သူဆိုတာ အဲဒီစစ်ပွဲနဲ့ပတ်သက်တဲ့ အရေးအရာ၊ အကြောင်းချင်းရာမှန်သမျှ အကုန်အစင်သိပြီး အကောင်းဆုံးဗျူဟာကို အသုံးပြုနိုင်သူကို ဆိုလိုတာပါ။ တောင်ကုန်းတစ်ရာ သိမ်းနိုင်လည်း ဒီနေ့သိမ်း၊ မနက်ဖန်ပြန်ပါသွားရင် ကာလနာတိုက်ရတာသာ အဖတ်တင်ပါလိမ့်မယ်။
၇။ အခုလို အရူးမီးဝိုင်းအခြေအနေမှာ စစ်ဗိုလ်ချုပ်ကြီးတွေနဲ့၊ လက်ရှိအစိုးရအနေနဲ့ စစ်ပွဲအပေါ် မဟာဗျူဟာမြောက် မဆင်ခြင်မစဉ်းစားမကိုင်တွယ်ဘဲ
ဆပ်ပြာသည်လင်ပျောက်သလို လျှောက်လုပ်နေကြတာဟာ တကယ်ပဲ ဥာဏ်မရှိ တာလား၊ ရည်ရွယ်ချက်ရှိရှိ တမင်ကြံစည်ပြီး တိုင်းပြည်ကို ဖွတ်သထက်ညစ်အောင် လုပ်နေကြတာလား။
၈။ စစ်ဧတဒဂ်အမည်ခံများဖြေကြစမ်းပါဗျာ။ ။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...