Tuesday, August 25, 2015

စောစောကသာ သိခဲ့ရရင်......

ဒီအကြောင်းကို တပ်မတော်သားတယောက်ကပြောပြခဲ့တာပါ။
သူက ကိုယ့်တူမ တစ်ယောက်ရဲ့ခင်ပွန်းလည်း ဖြစ်တယ်။
သူပြောပြတာက..
တပည့်တော်တို့အဲဒီမသွားခင်
တပည့်တော်တို့ရဲ့ဗိုလ်မှူးက ..
မင်းတို့သိထားရမှာ တစ်ခု ပြောလိုက်မယ်


သွားရမယ့်နေရာက သိပ်အရေးကြီးတယ်
ကုလားကိုယူထားတဲ့မိန်းမတယောက်လဲရှိတယ်
သူကိုစောင့်ကြည့်ရမယ်
ဘယ်မှမသွားစေနဲ့
ဘယ်သူနဲ့မှလည်းမတွေ့စေနဲ့
မင်းတို့လည်းစကားမပြောနဲ့
လိုအပ်ရင်#*#@$>><
လို့မှာပြီးလိုက်ပို့တယ် ။
တနေရာရောက်တော့...
လမ်းထိပ်မှာပိတ်ထားတဲ့
သံဆူးတားတွေဖွင့်ဝင်ပြီး
မကြာခင်မှာဘဲ
အနီရောင်အလံတွေလွှင့်ထားတဲ့ခြံတခုကို ကားပေါ်က လှမ်းတွေ့ရတယ် ။
ကားပေါ်ကဆင်းတဲ့အခါမှာတော့...
အာဇာနည်တိုင်း သမိုင်းမသေ ဆိုတဲ့
အနီရောင်ဆိုင်းဘုဒ်ကြီးတစ်ခု
ဝင်းတံခါးမှာဆွဲထားတဲ့ အိမ်ကိုရောက်တယ်။
တခါးရဲ့ ညာဘက်က အိမ်လေးမှာ တပည့်တော်တို့ တပ်ချတယ် ။
အဲဒီနောက်တော့..
အမိန့်အတိုင်း အိမ်ကြီးကို တာဝန်အရ စောင့်ကြရတယ် ။
ခြံနေရာအသီးသီးမှာပါ။
များသောအားဖြင်တော့....
ခြံကတိတ်ဆိတ်လို့ပါဘုရား ။
တခါတလေ
အိမ်ဖက်ဆီက..
စန္ဒရားသံ သဲ့သဲ့ကြားရတတ်တယ် ။
တခါတခါ ခပ်သွယ်သွယ်နဲ့အမျိုးသမီးတယောက်
်ပန်းပင်လေးတွေ ရေလောင်းနေတာတွေ့ရတတ်ပါတယ်။
တခါခါတော့ ...
သူဟာနေဆာလှုံရင်း စာဖတ်နေတတ်သလို..
တခါတလေ တပည့်တော်တို့ကို ပြုံးနှုတ်ဆက်တတ်တယ် ။
ဒါပေမယ့်..
ဘယ်သူမှ ..
သူ့ကိုစကားမပြောရဲကြပါဘူး။
အမိန့်က ရှိနေတာကြောင့်ပါ။
ညည တာဝန်အရ အိမ်ဘက်ကို ပတ်ကြည့်တဲ့ အခါ
ဘုရားခန်းဆီမှာ တရားထိုင်နေတာ
မှန်ပြတင်းပေါက်တွေကနေပြီး မြင်တွေ့ရတာများတယ် ။
တရား တော်တော်ထိုင်တဲ့သူပါလားလို့လည်း
အံ့သြမိပါတယ် ဘုရား။
ညနက်မှ နောက်တခါ ပတ်ကြည့်လည်း
ထိုင်နေတုန်းပါပဲ။
တခါတလေတော့..
သူက စာရေးနေတတ်တယ်။
နေ့စဉ်လိုလို..
ဒီလိုချည်းတွေ့နေရတော့
တပည့်တော်တို့အားလုံးရဲ့စိတ်ထဲမှာ
သူ့ကိုရန်သူလို့မထင်တော့ပါဘူး။
တနေ့..
သူက တပည့်တော်တို့ရဲ့ ဂိတ်နားကိုလာပြီး
သူကိုယ်တိုင်ဖုတ်တဲ့ ကိတ်မုန့်တဲ့ လာပေးပါတယ် ။
တပည့်တော်တို့
စားချင်ပေမယ့်ဘယ်သူမှမယူရဲခဲ့ပါဘူး။
သူထားသွားမှ လုစားလိုက်ကြတာ..
သိပ်ကောင်းတာပဲ ဘုရား။
နောက်လည်း..
မကြာမကြာ စားစရာလေးတွေ သူက လာပေးတတ်ပါတယ်။
တခါတခါ
နေရထိုင်ရတာ အဆင်ပြေကြလားလို့
သူကတောင်ပြန်မေးနေတတ်သေးတယ်။
သူက စေတနာကောင်းတယ်
စာနာတတ်တယ် ဆိုတာ
ကြာလာတော့ တပည့်တော်တို့ အားလုံး သိလာကြတယ်။
သူ့ဟာ ...
ဘာအန္တရာယ်မှမရှိတာ သိလာပြီး
အစ်မလို
အန်တီလို တပည့်တော်တို့က
ခင်လာကြပါတယ်။
သူ မနိုင် ဝန်တွေ မ နေရင်လဲ တပည့်တော်တို့ ဝင်ကူပေးမိပါတယ်
အော်..
တပည့်တော် မေ့ လို့ ...
သူနဲ့အတူနေတဲ့ ဒေါ်ခင်ခင်ဝင်းဆိုတဲ့..
အမကြီးတယောက်လည်းရှိသေးတယ်။
အဲလို သူတို့နဲ့ ရင်းနှီးလာတော့
သူတို့ဟာ တပည့်တော်တို့ အပေါ် စေတနာထားတယ်။
တပည့်တော်တို့ကို နစ်နာအောင်တော့
လုပ်မှာ မဟုတ်ဘူးဆိုတဲ့ အသိနဲ့
တပည့်တော်တို့ အပြင်တွေ ဘာတွေအလှည့်ကျထွက်ရဲလာတယ် ။
အမှန်ပြောရရင်..
တပည့်တော်တို့ အောက်ဆိုက် ထွက်ရှာကြတာဘုရား။
နောက်တော့ ..
တပည့်တော်တို့ရင်းနှီးမှုကို အထက်က.သိသွားပြီး တာဝန်ချိန်းခံရတယ် ။
နောက်လာတဲ့လူတွေလဲ
ကြာကြာမထားတော့ဘူးဘုရား။
တလနဲ့ ချိန်းသတဲ့ ။
တပည့်တော်တို့လဲ
ပြောင်းကာနီးမှ အဲဒီအမျိုးသမီးကြီးဟာ
ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီး ဒေါ်အောင်ဆန်းစုကြည်ဆိုတာသိလိုက်ရတာ။
တကယ်တော့..
တပည့်တော်တို့ကို အထက်က အရာရှိတွေက လိမ်ခဲ့တာပါ ဘုရား။
ဒီလောက်သဘောထားကြီးပြီး
အကြင်နာတရား ကြီးမားတဲ့သူ
စိတ်ရင်း သဘောကောင်းပြီး
ဘုရားတရား ကြည်ညိုကိုင်းရှိုင်းတဲ့သူဟာ
ဒေါ်အောင်ဆန်းစုကြည်လို့
တပည့်တော်တို့
စောစောကသာသိခဲ့ရရင်.......
မှတ်ချက်။
တီဗီဖန်သားပြင်နှင့် မီဒီယာလောကတွင် ဒေါ်အောင်ဆန်းစုကြည်၏
ရုပ်ပုံလွှာကို ဖျောက်ဖျက်ထားသော အချိန်ကာလ တစ်ခုဆီက အကြောင်းသာ ဖြစ်ပြီး
ဆရာတော် Dhamma Yanant
စာသားများအား ကူးယူဖော်ပြခြင်းသာ ဖြစ်ပါသည်။
ဘုန်းထက်ကြယ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...