Thursday, August 20, 2015

''"ဗမာပြည်ရဲ့ နိုင်ငံရေးပြသနာ""


by: မြင့်သူအောင်မောင်
၁။ စစ်အုပ်စုကို အပျော့အမာ ခွဲတယ်။ ကောလဟာလတွေကနေ နိုင်ငံရေးရည်မှန်းချက်ဆီ သွားချင်တယ်။ ဟိုလူနဲ့ ဟိုအကောင်တော့ မတည့်ဘူးတို့ ဖိုးခင်ညွန့်လေးက အိုကေလောက်တယ်တို့က တခေတ်လုံး ဖြတ်သန်းနေခဲ့ကြတယ်။ လူကြီးတွေ ပိုသိပါတယ်။
၂။ ဒီမိုကရေစီရဲ့ အဆောင်အယောင်တွေ ရှိတာနဲ့ ဒီမိုကရေစီရဲ့ အနှစ်သာရတွေ ပြည့်ဝတော့မယ် ထင်နေတာ ။ လွှတ်တော်တို့ မဲရုံတို့ သမ္မတအိမ်တို့ဟာ ဒီမိုကရေစီ မဟုတ်တာကို မေ့တတ်ကြတယ်။
၃။ စစ်အုပ်စုဟာ အဲဒီ အပြင်ပန်းအပြောင်းအလဲကိုတောင် စေတနာရှိလို့မဟုတ်ပဲ ခြိမ်းခြောက်လာတဲ့ လူထုတိုက်ပွဲတွေကြောင့် လုပ်လာရတယ်ဆိုတဲ့ အရှိတရားကို မျက်ကွယ်ပြုတာ။
၎။ လူထုတိုက်ပွဲကြောင့် နာမည်ရလာတဲ့ ခေါင်းဆောင်ဆိုသူတွေက လူထုတိုက်ပွဲကို ဆန့်ကျင်လာတာ (ဒီနေရာမှာ အီးဂရက်ထွက်တွေ ပြောပုံနဲ့ ကိုအောင်ဒင်ကြီး ဟိုတခါက ပြောပုံတူနေတာ သတိထားမိတယ်) လူထုတိုက်ပွဲဟာ နှစ်ဖက်နစ်နာမှာတဲ့။
ကျနော်ကတော့ လူထုဟာ ဒီ့ထက်နာစရာမရှိတော့ဘူးလို့ ထင်တယ်။ သာကေတ၊ လှိုင်သာယာ အစရှိတဲ့နေရာတွေက ကျူးရပ်ကွက်တွေကို ရောက်ဖူးရင် ၊ ငါးဆယ်တန် မြို့ပတ်ရထား စီးဖူးရင် သူတို့နဲ့ ကျနော်ကြားမှာ လူထုကို အဓိပ္ပါယ်ဖွင့်ပုံ မတူတာ သဘောပေါက်ကြမယ် ထင်ပါတယ်။ ရွာတွေမှာ စာသင်ကျောင်း၊ ဆေးပေးခန်း၊ လျှပ်စစ်မီး ဘာမှမပြည့်စုံဘူး။ တနိုင်ငံလုံးရဲ့ ခုနှစ်ဆယ်ရာခိုင်နှုန်းလောက်က မသန့်တဲ့ဆီတွေစားနေရတယ်။ သေတာကသေနေတာပဲ ဗြုန်းခနဲသေတာနဲ့ ရောဂါနှစ်ရှည်ခံပီး သေတာပဲ ကွာတယ်။
၅။ စစ်တပ်က လူထုကို ဂုတ်ခွစီးထားတာကို မပြောရဲဘူး။ ပွဲလမ်းသဘင် ကျင်းပခွင့်နဲ့ နိုင်ငံခြားခရီးသွားခွင့်လေးတွေကို ကာကွယ်နေသလားပဲ။ စစ်တပ်က နာဂစ်ခြေဥကို အသည်းအသန်ကာကွယ်နေတာဟာ ၄င်းတို့ ခိုးဆိုးလုယက်ထားတဲ့ တဦးချင်းပိုင် ဥစ္စာဓနတွေနဲ့ ဘုံအကျိုးစီးပွါးဖြစ်တဲ့ ဦးပိုင်လို အရာမျိုးအတွက် ဖြစ်တယ်ဆိုတာကို ပြည်သူကို ချမပြဘူး။ ရောလိမ်တယ်။
၆။ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ဆိုပီး အော်တယ်။ စစ်အုပ်စုက တဖက် တနိုင်ငံလုံးက တဖက် ဖြစ်နေတဲ့ ပဋိပက္ခမှာ နှစ်ဖက်စလုံးကို နားချသလိုလို အနာဂါမ်တည်သလိုလို နိုင်ငံရေးဘိက္ခုနီဝတ်တယ်။ စစ်အုပ်စုကသာ ကိုယ့်နေရာကိုယ်နေရင် လက်နက်အားကိုးနဲ့ အနိုင်ကျင့်တာမျိုးမလုပ်ရင် ဘယ်သူကမှ အားအားယားယား စစ်တပ်ကို ခုခံမနေဖူးဆိုတဲ့ အမှန်တရားကို ဖုံးတာပဲ။ အဲဒီလူတွေဟာ ကုသိုလ်ကံအကြွင်းအကျန်လေးတွေရှိနေလို့သာ ခွေးမဖြစ်သေးတာ နိုင်ငံရေးပါရာဇိက ကျနေပီ။
၇။ စောနကပြောတဲ့ တဖက်သက်ရင်ကြားစေ့ ဆိုတာလိုမျိုး စစ်အုပ်စုဖန်တီးထားတဲ့ စည်းကမ်းပြည့်ဝသောဒီမိုကရေစီ ဆိုတဲ့ မိုးရေကို ဆေးအမှတ်နဲ့ အတင်းထိုးခိုင်းနေတဲ့ တရားဥပဒေစိုးမိုးရေးဆိုတဲ့ ပြဿနာလည်း ရှိတယ်။ ပုဒ်မ ၁၈လို ဟာမျိုးကို အသိအမှတ်ပြုတာမျိုး။ စီတန်းလှည့်လည်ဖို့ စာတင်ဖူးတဲ့ မပေါက်မမြောက် နယ်ကလူတွေဆို သိပ်ခံရတယ်။ကြွေးကြော်သံတွေကန့်တယ်။ ကြိုးတန်းကြီးနဲ့ မျောက်ပွဲလှည့်ရသလိုပဲ။ အဲဒီ ငြိမ်းစုစီဥပဒေဆိုတဲ့ ကြိမ်လုံးက ဒလန်ထည့်ပီး ရိုက်ခိုင်းလို့ရတဲ့ဟာကြီး။ ဒါက သာဓကအနေနဲ့ပြောတာ ဥပဒေဆိုင်ရာ ပြဿနာတွေက ဗမာပြည်မှာ အများကြီး။ ကျနော်တို့ဟာ ဥပဒေစိုးမိုးရေး ဆိုတဲ့ ကြိုးကွင်းနဲ့ လည်ပင်းအချည်ခံနေရတယ်။
၈။ ရန်သူအပေါ်ကို အမြင်ကွဲတော့ ဘုံတူညီချက်ကို မတည်ဆောက်နိုင်ဘူး။ ကာလုံသည် အစိတ်သားသည် ကြံဖွတ်သည် တူညီနေတဲ့အရာလို့ မမြင်ကြသူတွေက အားကောင်းနေတယ်။ ဒါကထားအုံး ကြံဖွံ့ထဲမှာတောင် ရွှေမန်းနဲ့ သိန်းစိန်ကို ခွဲကြည့်ချင်တာက ပိုဆိုးတယ်။ ရုပ်သာမတူတာ စစ်အုပ်စုရဲ့စောက်ကျင့်က အတူတူပဲဆိုတာကို အသိခေါက်ခက် အဝင်နက်နေကြတာမျိုး။ စစ်အုပ်စုစောက်ကျင့်ဆိုတာက ဆွေမျိုးသားချင်းကောင်းစားရေးဝါဒပဲ။ ဒီကောင်တွေဆီမှာ ပြည်ချစ်စိတ်တို့ ဒီမိုကရေစီကို လိုလားတဲ့စိတ်တို့ လူစိတ်တို့ ခပ်သေးသေးရှိရင်တောင် တပ်တွင်းအကွဲအပြဲ ပေါ်ပီး ဒီဘက်အင်အားစုနဲ့ လက်တွဲတာကြာပြီပေါ့။ ဗမာပြည်ကြီးကို မွေးနေ့ကိတ်လိုခွဲပီး ဘယ်သူမှ ဝဖီးမနေဘူး။
၉။ နိုင်ငံတကာမျက်နှာကို သိပ်ကြည့်တယ်။ နိုင်ငံတကာက အရေးမပါတာတော့ မဟုတ် ဒါပေသိ နိုင်ငံတကာက ဖြစ်စေချင်တဲ့အတိုင်း လိုက်ကစားနေကြတာ။ ခပ်ရိုင်းရိုင်း ပြောရရင် အမေကိုရိုက်ပီး အပျိုအရွယ် သမီးကို မျက်စောင်းထိုးနေတဲ့ လိင်စိတ္တဇပထွေးကို ဘေးအိမ်ကနေ ဟဲ့ နင့်သမီး နို့လေးပေးနှိုက်လိုက်ရင် နင့်လင် စိတ်ပြောင်းနိုင်တယ် ဆိုတိုင်း လိုက်လုပ်တာမျိုး။ ကိုယ်ခံရမယ့် ဒုက္ခကို ကိုယ်မကြည့်ကြဘူး။ သူများခိုင်းတိုင်း လျှောက်လုပ်တယ်။
၁၀။ တိုင်းရင်းသားတွေကို လူမထင်ကြဘူး။ တိုင်းရင်းသား အရေးဆိုတာ ငါတို့အာဏာရရင် ဖြေရှင်းနိုင်တယ်လို့ လွယ်လွယ်ထင်ကြတယ်။ ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုတာကို သတင်းစာထုတ်တာလောက်သိရုံ အတွေးအခေါ် ညံ့တယ်။ အဲဒီတော့ တိုင်းရင်းသားတွေ စစ်တိုက်နေတာကို အားမပေးဘူး။
၁၁။ ခေါင်းဆောင်ဆိုသူ အများစုက လူပါးသိပ်ဝတယ်။ ကိုယ်ဘာလုပ်နေလည်းဆိုတာကို လူထုကို ပေးမသိဘူး။ ငါခိုင်းတာလုပ် အားလုံးကောင်းဖို့ဆိုတာမျိုးနဲ့ လူပါးဝတာမျိုးပေါ့။ လူထုဟာ သတင်းမှန်ကို မသိရတော့ မမြင်တော့ဘူး။ မကြားတော့ဘူး။ အမှောင်ထုထဲမယ် စုံလုံးကန်းရတယ်။ လူထုက အသေခံပီး တွန်းတင်လို့ စင်ပေါ်ရောက်ကြပေမယ့် နိုင်ငံရေးအပေးအယူဆိုတာတွေကို နှစ်ကိုယ်ကြား ရည်းစားစကားလို သဘောထားနေတယ်။
အချုပ်အားဖြင့်ဆိုရသော် လူထုကြီးဟာ သိပ်တာဝန်ကျေတယ်။ အသေခံပီးလမ်းပေါ်ထွက်လား ထွက်ရဲ့။ လက်မှတ်တွေထိုးဆိုထိုးလား ထိုးရဲ့။ ဒါတောင် ဗမာပြည် ဘာလို့ အမှောင်ခေတ်ထဲနေနေရတုန်းလည်းလို့မေးရင် ဖြေစရာက တခုထဲပါ။ နာမည်ရှိပြီး ထောက်ခံမှုကြီးကြီးရထားတဲ့နိုင်ငံရေးသမားတွေ တွေဝေပြီး စောက်သုံးမကျလို့။
မြင့်သူအောင်မောင်
========
Credit : Ank Minzaw

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...