Saturday, August 29, 2015

တူမောင်ကြီး သိန်းစိန်သို့ ပေးစာ - ၉


သို့ ..
တူမောင်ကြီး သိန်းစိန် ဘကြီး စာရေးလိုက်တယ်။
အကြောင်းကတော့ အခုတလော ဟော့နေတဲ့ ဆိုင်းဘုတ်ကိစ္စပါ။
အနုပညာရှင်တော်တော်များများက
"ပြောင်းလဲချိန်တန်ပြီ၊ NLD ကို မဲပေးစို့ " ဆိုတဲ့ ဆိုင်းဘုတ် တချပ်စီနဲ့ အတော်ကို မျက်စိနောက်စရာကောင်းလို့ပါကွယ်။

သူတို့က အဲလိုပြောတော့ ရေဘေးကာလကြီးမှာ ရေဘေးရောက်နေသူတွေအတွက် မကူညီသေးပဲ အနုပညာရှင်တွေအတွက် ရန်ကုန်နဲ့ မန်းလေးမှာ ကဇာတ်ရုံဆောက်ပေးပါ့မယ်လို့ ပြည်သူတချို့ အဆဲခံပြီး အာချောင်ထားတဲ့ ငါ့တူကြီးက ခွေးဖြစ်ရောပေါ့ကွယ်
ဒါသက်သက် လူပါးဝကြတာကွယ့်
နောက်နှစ်တွေ အကယ်ဒမီပေးရင် အဲလူတွေ အကုန်တယောက်မှ မပါစေနဲ့ကွယ်
ငါ့တူကြီးက ဒီလောက်ရေလာမြောင်းပေး မဲဆွယ်ပြီးပြောနေတာကို သဘောမပေါက်ကြဘူး
သူတို့က ငါ့တူကြီးပြောစကားကို ခွေးဟောင်တာလောက်တောင် အရေးမထားဘူးဆိုတာ ပြတာကွယ့်
မခံနဲ့ငါ့တူကြီးရေ..
ခွေးလားဘာလား ကွဲပြားသွားအောင်တော့ တချက်လောက် ကိုက်ပြလိုက်စမ်းပါကွယ်
ဒါနဲ့
ငါ့တူကြီးတို့အတွက် အောင်နိုင်ရေးရိုက်ပေးမယ့် အနုပညာရှင်လေးဘာလေး မရှိဘူးလားကွယ်
မရှိရင်လည်း ငါ့တူကြီး စာသင်ဆုပေးထားတဲ့ ဇွန်သင်ဇာကို ခေါ်ရိုက်လေကွယ်
နဲနဲပါးပါး ပြလိုက်ရင် ယောက်ျားတွေ တန်းစီလာမယ့်အရေးကွဲ့
ငါ့တူကြီးလူတွေကိုသာ နိုင်အောင်ထိန်းကွယ့်
ငါ့တူကြီးရဲ့ နွားအိုမျက်နုကြိုက်တွေက အကုန်ဆွဲဆွဲစားလွန်းလို့ ဘကြီးတောင် အိမ်က နွားမလေး တောထဲသွားပို့ထားရတယ်ကွယ့်
အခုချိန်မှာ ငါ့တူကြီးဘက်က ရပ်တဲ့လူဆိုလို့ ဘကြီးနဲ့ နလပိန်းတုန်းတချို့ပဲ ရှိမယ်ထင်တယ်ကွယ့်
တော်ပါသေးတယ်..
ကော်မရှင် တင်အေးက ငါ့တူကြီးဘက်ကမို့လို့ပေါ့
အဲဒီကောင်သာ မျှမျှတတတကယ်လုပ်ရင် ငါ့တူကြီးတော့ ထိုင်ခုံပေါ်က ခွေးကျ ဝက်ကျကို ကျမှာကွယ့်
အခုသူက ငါ့တူကြီးဘက်ကနေ တဘက်ပါတီကို အတင်းညစ်ပေးနေလို့သာ အသက်ရှုချောင်နေတာမို့
ကျေးဇူးတင်ထိုက်သကွယ့်
နောက်ပြီး
ငါ့တူကြီးတို့ ဆာဗာအဟက်ခံရတယ်လို့ သတင်းလွှင့်ပြီး ကိုယ့်ဟာကို ဖောက်နေကြတဲ့ ကိစ္စက မလှုပ်ရှားသေးဘူးလားကွယ်
ဘယ်သူမှ စိတ်မဝင်စားတဲ့ အကြွေးသံသရာ ဆာဗာကြီး အဖောက်ခံရတယ်လို့ ကြေငြာရတာကတော့ အတော်ကို မျက်နှာပြောင်ရတယ်ဟေ့
ဘာလို့လဲဆိုတော့ ဒါတွေက ငါ့တူကြီးတို့ပဲ ကိုင်ထားကြတာမို့လား
နောက်ပြီး ဖောက်တဲ့လူကလည်း တဖက်ပါတီဟာတွေပဲ ယူသွားတယ်လို့ လိမ်ပြီး ပြောရတာ အရမ်းများ သိသာနေမလားလို့ပါကွယ်
မဟုတ်က ဟုတ်က စာတွေထုတ်ပြီး ဒါက တဖက်ပါတီရဲ့ စာပါ၊ ဘာညာလို့ ပြောရတာတော့ သိပ်တော့ မကောင်းဘူးကွယ့်
တော်ရုံ လူဦးနှောက်အဆင့်မှီပြီး အသိဉာဏ်ရှိတဲ့လူတွေလောက်သာ ဒီလိုစာမျိုးက ဒီလိုမျိုးပို့မှာမဟုတ်ဘူးဆိုတာ သိကြမှာပါ
ဦးနှောက်မရှိတဲ့သူတွေကတော့ ယုံကြမှာပေါ့ကွယ်
လုပ်သာလုပ်ကွယ့်.. တယောက်တလေ ပါလာလည်း မနည်းဘူးလေ
ငါ့တူကြီးတို့အနေနဲ့ကတော့ ဒါမျိုးလုပ်မှ နေရာမြဲမှာဆိုတော့လည်း ဆက်သာလုပ်ကြပါကွယ်.. ဘကြီးအားပေးတယ်
ဘယ်သူသေသေ ငါ့တူကြီး မာဖို့က အဓိကကွယ့်
အခါတိုင်းလည်း ဒီလိုပဲ လုပ်နေကြတာပဲဆိုတော့ အထူးအဆန်းတော့ မဟုတ်ပါဘူးကွယ်
မဟုတ်တာက လုပ်နေကျမို့လားကွယ့်
ဘကြီးကတော့ စပြီး လုပ်သင့်ပြီလို့ မြင်တယ်ကွယ်.. ဘာလို့လဲဆိုတော့
တဖက်ပါတီခေါင်းဆောင်က ဘယ်သွားသွား လူထုပင်လယ်ဝေနေတဲ့အချိန်မှာ ငါ့တူကြီးတို့က တသောင်းတန်ဝေပြီး စည်းရုံးနေရတာ သိက္ခာတော့ အတော်ကျသကွယ့်
နယ်တွေသွားပြန်တော့လည်း ပိုက်ဆံပေးခေါ်ရတာနဲ့၊ တအိမ်တယောက်ဆင့်ခေါ်ရတာနဲ့၊ ဝန်ထမ်းတွေကို အမိန့်ပေးအကြိုခိုင်းရတာနဲ့ဆိုတော့ ရှက်တတ်ရင်တော့ သေလို့ရတယ်ဟေ့..
တော်သေးတယ်..
ငါ့တူကြီးက မရှက်တတ်လို့ပေါ့
မဟုတ်ရင် သေတာကြာပြီ
ကံကောင်းတာက သုံးဖို့ကလည်း
ဝါဇီစက်ရုံမှာ ပိုက်ဆံက လိုသလောက်ရိုက်ထုတ်ပြီး သုံးနေရလို့သာ တော်တော့တယ်
မဟုတ်လို့ အိတ်ထဲကသာ ထုတ်သုံးပြီး မဲဆွယ်ရမယ်ဆိုရင် ငါ့တူကြီးတော့ အမွေးနှုတ်ခံထားရတဲ့ လဒကြီးလို ငေါင်စင်းစင်းနဲ့ တကောင်တည်း ဖြစ်နေလောက်ပြီ
ငါ့တူကြီးလည်း ကျမ္မာရေး ဂရုစိုက်ပါကွယ်
တော်ကြာ ရွေးကောက်ပွဲ မဝင်ဘူးပြောခိုင်းလိုက်
တော်ကြာ အဲ့သတင်း မမှန်ဘူး ပြန်ပိတ်ခိုင်းလိုက်
တော်ကြာ ပြိုင်စရာမလိုဘူး ပြောလိုက်
ခနနေ ဝင်မပြိုင်တော့ဘူးလို့ ပြန်ပိတ်လိုက်
ခနနေ သမ္မတဖြစ်ချင်ပါသေးတယ်ပြောလိုက်ဆိုတော့ အတော်မောနေရော့မယ်
ရေလေးဘာလေးလည်းသောက်အုံး..
ငါ့တူကြီးက အမျိုးမျိုးပြောနေရတော့ တကယ်မလွယ်ဘူးနော်.. အတော်ဖာကျရသကိုးကွယ့်
သမ္မတမို့လို့ပေါ့ကွယ်
ဖာသယ်မသာဆိုရင် တညထဲနဲ့ ဗိုက်ကြီးပြီး ကလေးပါတခါတည်း မွေးလောက်တယ်ကွယ့်
အတော်ကို မျက်နှာပြောင်တိုက်ရတဲ့ ကိစ္စနော်..
တော်ရုံ အရှက်နည်းရုံနဲ့ မရဘူးကွယ့်
ငါ့တူကြီးက ပါရမီရှင်မို့သာ လုပ်နိုင်တာကွယ့်
အာ့ကြောင့်ရွှေမန်းပြောတာ ပြန်သတိရမိတယ်
တော်ရုံအကုသိုလ်နဲ့ လွတ်တော်ဥက္ကဌမဖြစ်ဘူးဆိုတာလေ...
ငါတူကြီးလို သမ္မတဆိုရင် ပိုပြီး အကုသိုလ်ကြီးရမှာပေါ့ကွယ်
ဘကြီးကြားဖူးတာကတော့ ဘုရားအဖြစ်ကို ရဖို့ လေးသင်္ချေနဲ့ ကမ္ဘာတသိန်း ပါရမီဖြည့်ရတယ်တဲ့ကွယ့်
ငါ့တူကြီးလို သမ္မတဖြစ်ဖို့ဆိုရင် အဲလောက်မလိုပေမယ့် ရွှေမန်းထက်တော့ အကုသိုလ်ကြီးရမှာ အမှန်ပဲမို့လား
အာ့ကြောင့် ငါ့တူကြီးက ပါရမီဖြည့်တဲ့အနေနဲ့ ဘုန်းကြီးထောင်ချ၊ တရားပွဲပိတ်၊ လယ်တီသိမ်ဖျက်၊ ရင်ပြင်ပေါ် ဖိနပ်စီးပြီး စိန်ဖူးတော်ပင့်၊ ဘုန်းကြီးကျောင်းဖျက်၊ ဘုန်းကြီးတွေ မီးလောင်ဗုံးနဲ့ထု၊ သန္တိသုခကျောင်း ညဝင်စီးနဲ့ အတော်ကို ကြိုးစားခဲ့ရတာကိုးကွယ့်
လေးစားလိုက်တာကွယ်
ဒါမျိုးက တော်ရုံ ဇွဲသတ္တိနဲ့မရဘူးကွယ်
ဒါမှလည်း
ပါးစပ်က ဘုရား
လက်က ဓား
သေနတ်ကတော့ အသင့်အနေအထား ဆိုတဲ့ အမျိုးစားခေါင်းဆောင်ကြီး ဖြစ်မှာကွယ့်
ငါ့တူကြီး အခုလို မကောင်းတာတွေလုပ်ပြီး သမ္မတဖြစ်နေတာကို သိတဲ့လူ သိပ်မရှိပါဘူးကွယ်
တတိုင်းပြည်လုံးကလည်း စာမဖတ် ပေမဖတ်တဲ့ ငပိန်းတွေများနေတာမို့ ထောက်ခံမယ့်လူတွေမရှားပါဘူးကွယ့်
ဟို ထောက်လှမ်းရေးက ပြုတ်လာတဲ့လူက သူ့ကိုယ်သူ အငြိမ်းစားလို့ပြောတာကို ယုံနေတဲ့ ငပိန်းတွေတောင်ရှိသေးတာပဲကွယ်
ငါ့တူကြီးအနေနဲ့ ဘာမှ အားမငယ်နဲ့..
မျက်စိပွင့်နားပွင့်နဲ့ ပညာတတ်တွေလောက်ပဲ တဖက်ပါတီကို မဲပေးကြပါလိမ့်မယ်ကွယ့်
ကျန်တဲ့ ငထူငအငပိန်းတွေကတော့ ငါ့တူကြီးမှ ငါ့တူကြီးကွယ့်
ဘကြီးတော့ အားရသဟေ့...
တနေ့က တပ်မတော်က ဘင်္ဂလီသွင်းတယ်လို့ ဖတ်ရတယ်
အဲဒါဘယ်လိုဖြစ်တာလဲကွယ်
အခါတိုင်းသွင်းနေတာ ဘာသံမှမကြားရပါဘူးကွယ်
မြန်မာပြည်အလယ်ပိုင်းတောင် ဘင်္ဂလီတွေတောင်လိုပုံနေအောင် သွင်းပြီးကြပြီ၊ အခုမှ ဘာထဖြစ်ကြတာလဲကွယ်
အလကားနေ ငါ့တူကြီးကို သိက္ခာကျစေတာပဲကွယ့်
ဘကြီးဖြင့် စိတ်တိုလိုက်တာ အရမ်းပဲကွယ်
ဒီအချိန်ကြီးကျမှ ဘာတွေထဖြစ်နေကြမှန်းမသိဘူး
ဟော ရှမ်းပြည်ဘက်မှာလည်း စစ်သားတယောက်က ကားစပယ်ယာကို သေနတ်နဲ့ပစ်သတ်လို့တဲ့
ဟော Eleven က CEO ကိုလည်း လုပ်ကြံတာ စစ်တပ်က စရဖ ကတဲ့
ဟောအခုလည်း ဘင်္ဂလီသွင်းကြပြန်ပြီတဲ့
အတော်တော့ ခေါင်းခြောက်စရာကြီးပါလားကွယ်
ငါ့တူကြီးလို ဘာမှမသိသလိုနေနိုင်ဖို့ ဘကြီးကြိုးစားရအုံးမယ်ကွယ်
ဒါနဲ့ မောင်လှဆွေသတင်းရော ဘာကြားသေးလဲ
ဒီကောင်က ငပေါပါကွယ်
ဒီကောင့်ကို ဗွေမယူပါနဲ့
မဟုတ်လည်း တယောက်တည်း ရန်ဖြစ်နေတဲ့ကောင်ကွယ့်
ကာတွန်းဆရာနဲ့တောင် ရန်ဖြစ်တယ်ဆိုတာ အတော်ကို ရူးတယ်ပြောရမယ်
ကာတွန်းပါဆိုမှတော့ ရီစရာပဲရေးမှာပေါ့ကွယ်
ဒါကိုသွားရန်လုပ်နေတာဆိုတော့ လေတိုက်လို့ သစ်ရွက်လှုပ်တာကို မော့ပြီးဟောင်နေတဲ့ ခွေးငတုံးပဲဖြစ်မှာပေါ့ကွယ်
အင်း
ငါ့တူကြီးလည်း ဂျိုးကြိုးနားရွက်ပဲ့တွေကို သီးခံပြီး ခေါင်းဆောင်လုပ်နေရတာဆိုတော့ ဦးနှောက်တော့ စားမှာပဲနော်
အာ့ကြောင့်လည်း ထိပ်က ဒီလောက်ပြောင်နေတာဖြစ်မယ်
ငါ့တူကြီးတို့ အဆိုးရအဖွဲ့ဝင်တွေကတော့ တကယ့် အော့ကြောလန်တွေချည်းပဲနော်
တယောက်မှ ပြည်သူ့မေတ္တာမရရှာကြဘူး
ဒါနဲ့တောင် မြန်မာပြည်တိုးတက်ဖို့ သူတို့ကိုမဲပေးဖို့ အော်ရဲတာ အတော်အံ့သြဖို့တော့ ကောင်းသားကွယ့်
သူတို့ဟာက ဟင်းခိုးစားတဲ့ခွေးကို အိမ်မှာမွေးဖို့ ပြောနေသလိုပဲ
ထားပါတော့ကွယ်
ငါ့တူကြီးလည်း အဲ့ကောင်တွေနဲ့ ကြည့်ပေါင်းနော်
အဲ့ကောင်တွေက ကောင်းတဲ့ကောင်တွေ မဟုတ်ဘူးကွယ့်
မှာသာမှာရတယ်
ငါ့တူကြီးက သူတို့ခေါင်းဆောင်ဆိုတော့ သူ့တို့မကောင်းဘူးဆိုတာ ငါ့တူကြီး အိပ်နေသလောက်ပဲ ရှိမယ်ဆိုတာ ဘကြီးသိပြီးသားပါကွယ်
ကျယ်ကျယ်ဟောင်တဲ့ခွေးက ဒုတိယ ခေါင်းဆောင်ဖြစ်ပြီး
အကိုက်သန်တဲ့ခွေးကတော့ ခေါင်းဆောင်ဖြစ်တယ်ဆိုတာ ဘကြီးသိပါတယ်ကွယ်
ရွှေမန်းအကိုက်ခံလိုက်ရတာ သက်သေပဲလေ
သူက စားခွက်လုချင်တာကိုးကွယ့်
ထပ်ပြီးမမှာလိုတော့ပါဘူးကွယ်
ငါတူကြီးသွားလေရာ လာလေရာ ခလုတ်မထိ ဆူးမငြိပဲ အမြန်ဆုံး လိုရင်းရောက်ပါစေကွယ်
ငါ့တူကြီးရဲ့ တောကဘကြီး
Yae TayZa
====================================
တူမောင်ကြီး သိန်းစိန်သို့ ပေးစာများစုစည်းမှု
(အပိုင်း ၁ မှ ၈ ထိ). pdf
PDF ဖိုင်ဖြင့် သိမ်းထားချင်သူများ
တစုတစည်းထဲ ဖတ်ချင်သူများ
အောက်ပါလင့်များမှ အဆင်ပြေရာတခုဖြင့် (မရမချင်း) ဒေါင်းနိုင်ပါသည်။
pcloud link
=========
http://pc.cd/ATzrtalK
Dropbox link
==========
https://db.tt/Xu5g1tOZ
Mega link
========
https://mega.nz/…
Mediafire link
===========
http://www.mediafire.com/…/%E1%80%90%E1%80%B0%E2%80%8B%E1%8…

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...