Friday, August 28, 2015

ဘာ....ဒေါ် အောင် ဆန်း စု ကြည် ကို မဝေဖန်ဘူး.. ဟုတ်စ (ပြောသင့်သူ များကို တိုက်ရိုက်ပြောသည်)

အေး..မဝေဖန်ဘူး။ ဘာဖြစ်လို့လဲ သိလား၊ တိုင်းပြည်ကို ချစ်လို့ ၊ လူထုကို နစ်မွန်းမယ့်အရေး လူထုကို နင်းပြားဘ၀က လွတ်မြောက်အောင် မနည်းရုန်းကန်နေရတဲ့ ပွဲ မှာ ကျူပ် စာတကြောင်းကြောင့် မဲ တပြား အပွန်းမခံနိုင်ဘူး။
ဒီအသကိအရွယ်နဲ့ မိုးထဲလေထဲ အပင်ပန်းခံပြီး လူထုရှိက မဲတပြားရအောင် သန့်သန့်ရှင်းရှင်းနဲ့ အသက်ကိုရင်းပြီး လုပ်နေတဲ့ သူကို ဘေးကထိုင်ပြီး ထွက်လာတဲ့ စကားတွေ အကျကောက် တတ်ယောင်ကား လိုက်ပြောနေတဲ့ အစားထဲ ကျူ ပ် မပါဘူး။

သူခမျာ ကိုယ့်ထက် အဆမတန် အင်အားကြီးပြီး ကောက်ကျစ်တဲ့ နေရာမှာ ကမ်းကုန်တဲ့ လူတွေကို အနိုင်တိုက်နေရတဲ့ပွဲ။ ဒီပွဲဟာ ဘယ်လိုမှ ကြည့်မကောင်းဘူး။ ၀င်မကူကြတဲ့အပြင် သူခိုး ဓါးရိုးကမ်း လုပ်ချင်ကြတယ်။

တသက်လုံး စစ်အစိုးရ အဆက်ဆက် လုပ်သမျ ခေါင်းငုံခံ့ နူနူဝဲ၀ဲ လက်ခံခဲ့ရပြီးမှ အခု NLD က လောင်းတဲ့ ကိုယ်စားလှယ်ကျတော့ သူတော်စင် လောက် မှန်းနေတယ်။ တရားကျဘို့ ကောင်းကွာ။
လွတ်လပ်စွာ ကွဲပြားခွင့် ရှိပါတယ်။ ကိုယ့်အချင်းချင်း ကွဲပြားဘို့ အချိန် မကျသေးဘူး၊ အများသူငှာလို၊ တိုင်းပြည်ကြီးက သိတ်သာယာနေတယ်ပေါ့၊ ကိုယ့်မှာက ခုထိ စစ်အာဏာရှင် လက်အောက်က မလွတ်သေးဘူး၊
အကျိုး နဲ့ အကြောင်းနဲ့ မပြောတတ် မဆိုတတ်တဲ့ စစ်လော်ဘီကောင်တွေ အခု ခင်ဗျားတို့ကို အရမ်းအားကိုးလာပြီး ခင်ဗျားတို့ ပြောတာ ဆိုတာတွေ ကို သူတို့ Page တွေမှာ ဖေါ်ပြနေကြတာများ တခမ်းတနားပဲ၊
အခုတော့ဗျာ..မဲခိုးဘို့ အကွက်ချောင်းနေတဲ့သူတွေက ခင်ဗျားတို့ရဲ့ ပေါက်ပန်းဈေး စကားတွေကြောင့် မဲတောင် ခိုးစရာ မလိုအောင် ဖြစ်တော့မယ်။ ဒူးနှံ့နေယုံပဲ။
အခု ဘာဖြစ်လဲ ကိုကိုကြီး မပါလို့ အရေမရ အဖတ်မရ ပြောနေတဲ့သူတွေ ..ဟော ဒီချူ ပ် နဲ့ ၈၈ ပူးတွဲ ကြေငြာချက် ထုတ်ပြီ။ ကဲ..နိုင်ငံရေးမှာ ကိုယ်သိတာ နှမ်းစိလောက်နဲ့ ဂွင်ထဲ ၀င်လာရင် လူအထင်ကြီးအောင် လက်ခမောင်းခတ်ပြီး ကြိုးဝိုင်းထဲ ၀င်ချင်တဲ့သူက များနေတယ်။ ဒါ ..ဗမာအကျင့်လို့ပြောရင် လွန်အုံးမလား။
ရွှေမန်း နဲ့ ပြသာနာ တက်တယ်။ လုပ်ပေါက်က မူမမှန်ဘူး ဆိုတာ ခွေးတောင်သိတယ်။ ကြံ့ဖွတ်ဆီက ဘာစကား ထွက်လဲ။.ဘယ်ကောင် ဆန္ဒပြလဲ။ မလုပ်ဘူး။ ဒီစားဖါး အလိုတော်ရိတွေက သိတယ်။ ခင်ဗျားတို့ထက် စဉ်းစားညဏ် ရှိတယ်။ သူတို့ သက်ဇိုးရှည်အောင် လုပ်နေကြမှန်း ဆယ်အိမ်မှုးဆိုတဲ့ အကောင်က အစ သိတယ်။
ခင်ဗျားတို့ကို ထပ်ပြောပြအုန်းမယ်။ ဒီရွေးကောက်ပွဲမှာ ဒီချူ ပ်က နိုင်ရင်တောင် လူထုတရပ်လုံး ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်မယ့် လွတ်လပ်တဲ့ ဒီမိုကရေစီ ခေတ် မရောက်သေးဘူး။
ဒါဟာ ပွဲဦးထွက်ပဲ ရှိသေးတယ်။ တိုင်းပြည်ရဲ့ လွှတ်တော်ထဲမှာ လူထုရဲ့ မဲတပြားတောင်မပါပဲ အခန့်သား လာထိုင်နေတဲ့ အစိတ်သားကို မဖယိရှားနိုင်မချင်း တိုက်ပွဲက မပြီးသေးဘူး။ အဝေးကြီး လိုသေးတယ်။
တိုက်ပွဲပြီးသွားတဲ့ အချိန်ကျ ခုန လို လာမေးလှဲ့။
"Justice and judgement lie often a world apart — Enmeline Pankhurst
တရားမျတမှု နဲ့ ဝေဖန် ပိုင်းခြားနိုင်စွမ်းရှိမှု ဆိုတာ တကမ္ဘာ လောက် ခြားနေတတ်တယ်။
HSW

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...